စောဆ (အပိုင်း ၁)

စောဆ
ရေးသားသူ – ပန်းရိုင်း

🏵️အပိုင်း (၁)🏵️

၁၉၄၉ ခုနှစ် နှစ်ဆန်းခါစ ။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးတာ တစ်နှစ်တာ ကာလ ။

တိုင်းပြည်က နုနု … မုန်တိုင်းက ထန်ထန် အချိန် ။

တိတ်ဆိတ်တဲ့ သာယာတဲ့ မနက်ခင်းလေး ။

အင်းစိန်မြို့က ခြံကျယ်ကြီးထဲက သွပ်မိုး အုတ်ခံ နှစ်ထပ်အိမ်ကြီး တစ်အိမ်ထဲမှာ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက် ပန်းချီဆွဲနေသည် ။

ဖြူဆွတ်ဆွတ် အသား၊ နက်မှောင်တဲ့ ခါးအထိ ရှည်တဲ့ ဆံပင်၊ မျက်လုံး ဝိုင်းဝိုင်းနက်နက်၊ မျက်ခုံးမွေးနက်နက်၊ နှာတန်ပေါ်ပေါ်၊ နှုတ်ခမ်းဖေါင်းဖေါင်းလေးတွေ နဲ့။ ဒီကောင်မလေးရဲ့ နာမည်က နော်စောဆ လို့ ခေါ်ပါသည် ။ မြင်သူတကာ ရင်သပ်ရှုမောရတဲ့ မိန်းမချောလေး ။ မှုံနေအောင် ချောတဲ့ လှတဲ့ ကရင်မလေး ။ ကရင်လူမျိုး သစ်တောဝန်ထောက် ဦးစောဂေါ်ဒွင်.. ဒေါ်အက်စ်သာတို့ရဲ့ တစ်ဦးတည်းသော သမီးလေး ဖြစ်သည် ။ တစ်ဦးတည်းသော သမီးလေးမို့ မိဘတွေက ဖူးဖူးမှုတ် အလိုလိုက်ထားတဲ့ မိန်းကလေး ။

နော်စောဆသည် အဖေ ဦးစောဂေါ်ဒွင်က သစ်တောဌာန တာဝန်နဲ့ ပျဉ်းမနားနဲ့ တောင်ငူနယ်တဝိုက်က သစ်တောကြိုးဝိုင်းကြီးတွေထဲမှာ အလုပ်လုပ်ကိုင်နေတဲ့အချိန် အမေ ဒေါ်အက်စ်သာလည်း လိုက်ပါသွားတာကြောင့် ဒေါ်အက်စ်သာရဲ့ ညီမအရင်း ဖြစ်တဲ့ ဒေါ်ဂျူလီယာနဲ့ အင်းစိန်မြို့က သူတို့ရဲ့ ဘိုးဘပိုင် အိမ်ကြီးမှာ ကျန်ရစ်ခဲ့သည် ။ သူတို့မှာ အိမ်မှုရေးရာ ဝေယျာဝစ္စတွေကို ကူညီမစပေးဖို့ နော်ဖော ဆိုသည့် အိမ်အကူ မိန်းကလေးတစ်ယောက် ရှိသည် ။

ဒေါ်ဂျူလီယာသည် သူနာပြုဆရာမတစ်ယောက် ဖြစ်သည် ။ ဇီးကုန်း… သာယာဝတီနဲ့ ပြည်မြို့တွေမှာ အလုပ်လုပ်ခဲ့သည် ။ ဒေါ်အက်စ်သာက စောဆလေးကို စောင့်ရှောက်ဖို့ အတင်းခေါ်တာနဲ့ အလုပ် ထွက်လိုက်ပြီး သူတို့နဲ့ လာနေသည် ။ တူမလေးကို ဂျူလီယာ တအားချစ်သည် ။ ထမင်းဟင်း ချက်ပြုတ်တာကို ဝါသနာပါတဲ့ ဒေါ်ဂျူလီယာက သူမကိုယ်တိုင် ချက်ပြုတ်သည် ။ နော်ဖောက လိုအပ်တာရှိရင် ကူညီ လုပ်ကိုင်ပေးသည် ။ နော်စောဆ ကတော့ အဒေါ်ဖြစ်သူ ချက်ပြုတ်ပေးတာတွေကို ဇိမ်နဲ့ ထိုင်စားနေတဲ့ အလိုလိုက်ခံထားရတဲ့ ကောင်မလေးပါ ။

ငယ်ငယ်လေးထဲက ပန်းချီဆွဲ ဝါသနာပါခဲ့တဲ့ နော်စောဆသည် အားလပ်ချိန်တွေမှာ ပန်းချီရေးဆွဲနေလေ့ ရှိသည်။ ယခုလည်း မြစ်ဝကျွန်းပေါ်ဖက်က အမေ့ဆွေမျိုးတွေဆီကို အလည်အပတ်သွားခဲ့စဉ်က ရိုက်ခဲ့တဲ့ ရှုခင်းဓါတ်ပုံတစ်ပုံကို ကြည့်ပြီး ရေဆေးနဲ့ ရေးဆွဲနေသည် ။ ဒေါ်ဂျူလီယာက နော်စောဆ ပန်းချီရေးနေတဲ့ အခန်းထဲကို ကော်ဖီခွက်လေးနဲ့ ဝင်လာသည် ။

” သမီး .. စောဆ … နင့်အဖေနဲ့ အမေတော့ ဒီကို တော်တော်နဲ့ ပြန်မလာနိုင်ဘူးလို့ ပြောတယ်…”

လို့ စောဆကို ပြောလိုက်ပြီး ကော်ဖီမတ်ခွက်ကို စောဆ ပန်းချီရေးနေတဲ့ နေရာက စားပွဲဝိုင်းလေးအပေါ်မှာ တင်ပေးလိုက်သည် ။ စောဆသည် ရေးနေတဲ့ ပန်းချီကားအပေါ်မှာ အာရုံစိုက်နေသည် ။ မျက်တောင်လေးတွေက ကော့ပြီး မျက်လုံးဝိုင်းစက်စက်တွေက လှလွန်းနေသည် ။ ဆေးမဆိုးဘဲ ရဲနေတဲ့ နှုတ်ခမ်းလေးတွေက နှင်းဆီဖူးလေးတွေလိုဘဲ နုဖတ်ပြီး ဖေါင်းဖေါင်းအိအိလေးတွေ ။

“စောဆ..အန်တီပြောတာ ကြားလား….”

ချောင်းကလေးဘေးက တဲလေးတစ်လုံးနဲ့ ချောင်းထဲကို ငိုက်ထိုးပေါက်နေတဲ့ စိန်ပန်းပင်ကြီး တစ်ပင်ရဲ့ ရှုခင်းပုံ ။ စိမ်းညိုညို့ တောတန်း… ညိုဝါဝါ တဲလေးနဲ့ နီရဲနေတဲ့ စိန်ပန်းပွင့်တွေ ။

” စောဆ….”

“အင်း..ကြားပါတယ်…အန်တီ…..”

စောဆသည် စိန်ပန်းပွင့် အနီရောင်လေးတွေ နေရာကို စုတ်တန်ထိပ်ဖျားနဲ့ တို့ကာတို့ကာ ရေးဆွဲနေသည် ။ ဒက်ဒီနဲ့ မာမီတို့ အင်းစိန်ကို ပြန်လာတာ မလာတာကို စောဆက ပူမှမပူဘဲ ။ အမေတစ်ယောက်လိုဘဲ သူမကို အစစ ကျွေးမွေး စောင့်ရှောက်နေတဲ့ အန်တီဂျူလီယာ တစ်ယောက်လုံး ရှိနေသည်လေ ။ အဝတ်လျှော်ပေး မီးပူတိုက်ပေး ရှင်းလင်းပေးတဲ့ နော်ဖောလေးလည်း ရှိနေတော့ စောဆ ဘာကိုမှ ပူပန်စရာ မရှိဘူး မဟုတ်လား ။

စောဆရဲ့အဖေက သူ့ရဲ့ ဖို့ဒ် အင်၈လီကာ ကားကြီးကို ထားခဲ့လို့ အင်းစိန်မြို့ထဲနဲ့ ကမာရွတ်လှည်းတန်းဖက်က ဈေးတွေကို ဈေးဝယ်ထွက်ချင်ရင်လည်း အန်တီဂျူလီယာက အိမ်နားမှာနေတဲ့ စစ်ပြန်အဖိုးကြီး စောဖိုးစီကို ဒရိုင်ဘာအဖြစ် ကားမောင်းခိုင်းတတ်သည် ။ စောဖိုးစီကို အမြဲတန်း ဒရိုင်ဘာအဖြစ် မငှားထား ။ လိုအပ်တဲ့အချိန်ကြမှ ခေါ်ကာ မောင်းခိုင်းတတ်သည် ။ သူ့ကို အဖိုးအခ နည်းနည်းပါးပါး ပေးလေ့ရှိသည် ။

အန်တီ ဂျူလီယာသည် အသက် သုံးဆယ်ကျော်ကျော် ဆိုပေမယ့် အိမ်ထဲမှာဘဲနေ.. အလုပ် ကြမ်းကြမ်းတမ်းတမ်း မလုပ်ရဘဲ ကိုယ့်ကိုယ်ကို ဂရုအမြဲစိုက်ပြီး ကျော့ကျော့လေး နေနေခဲ့တာမို့ အမြဲလို ဖြူသန့်ကျော့ရှင်း လှပနေတဲ့ မိန်းမတစ်ယောက် ဖြစ်သည် ။ ငယ်စဉ်က ဂျူလီယာကို ချစ်ကြိုက် လိုချင်ကြတဲ့ ယောက်ျားသားတွေ ဝိုင်းဝိုင်းလည် နေခဲ့ပေမယ့် ဂျူလီယာက အရိုးများသည် ချေးခါးသည် ဆိုပြီး ငြင်းပယ်ခဲ့တာကြောင့် ယခုတိုင် အပျိုကြီး ဖြစ်နေခဲ့သည် ။ သို့ပေမယ့် ဂျူလီယာသည် ဝမ်းမနည်းဘူး ။ တူမချောလေး စောဆကို အမေတစ်ယောက်လို ပြုစုစောင့်ရှောက် သင်ကြားပေးရင်း အစ်မဖြစ်သူနဲ့ အစ်မယောက်ျားတို့ အလုပ်တာဝန်ကျရာကို သွားနေကြရတဲ့အချိန်မှာ သူတို့အိမ်ကြီးကိုလည်း စောင့်ရှောက်ပေးလျက် နေရတာကို ကျေနပ်ဂုဏ်ယူနေပေသည် ။

စောဆက သူမရေးနေတဲ့ ပန်းချီကားကလွဲပြီး ဘာကိုမှ စိတ်မဝင်စားပေမယ့် ဒေါ်ဂျူလီယာကတော့ မငြိမ်သက်တဲ့ တိုင်းရေးပြည်ရေး အခြေအနေတွေကြောင့် အစ်မနဲ့ အစ်မယောက်ျားတို့ကလည်း အဝေးမှာ တကွဲတပြားဆီ ဖြစ်နေလို့ စိတ်က လေးလံပူပန်နေသည် ။

ရခိုင်ပြည်နယ်၊
မောင်းတောမြို့အနီး

တောတန်းလေးတစ်ခုထဲ ။

သဲအိတ်တွေဆင့်ကာ ကာရံထားတဲ့ ကတုတ်ကျင်းထဲမှာ ဒေါက်ထောက်ထားတဲ့ ဘရင်းဂန်းကြီးပေါ် လက်တင်ထားရင်း ထွန်းအုံ ကင်းစောင့်နေသည် ။ ထွန်းအုံသည် ဗမာ့သေနတ်ကိုင်တပ်ရင်း တစ်ခုက စစ်သားလေး တစ်ယောက်ပါ ။ ငယ်ငယ်လေးထဲက ကာယဗလကို လိုက်စား လေ့ကျင့်ခဲ့တဲ့ ထွန်းအုံသည် ရင်အုပ်ကားကား ကြွက်သားဖုထစ်နေတဲ့ လက်မောင်း လက်ဖျန်တွေကြောင့် သူ့ကို တပ်ထဲက ဘဝတူ ရဲဘော်တွေက ဗလကြီး.. တာနောကြီး ဆိုပြီး ချစ်စနိုး ခေါ်ဝေါ်တာကို ခံရသူ ဖြစ်သည် ။ ကတုံးဆံတောက် စစ်သားဆံပင်တိုနဲ့ ရိုးသားတည်ကြည်တဲ့ လူတစ်ယောက် ဖြစ်သည် ။

ကြောက်စိတ် လုံးဝမရှိတဲ့ ထွန်းအုံသည် တိုက်ပွဲတိုင်းမှာ ရှေ့ဆုံးကနေ ရဲရဲဝန့်ဝန့်နဲ့ တိုက်ခဲ့သူ တစ်ယောက်မို့ အထက်ဗိုလ်တွေက အားကိုးအားထား ပြုရတဲ့ စစ်သားကောင်းတစ်ယောက် ဖြစ်သည် ။ မမှိတ်မသုန် မျက်လုံးအစုံက သူတို့ စခန်းချထားတဲ့ တပ်စခန်း အနားကို ကပ်လာမယ့် ရန်သူတွေကို အမှောင်ထဲမှာ ရှာဖွေနေသည် ။ ဗလတောင့်သူမို့ သူ့တပ်ရင်းမှူးက သူ့ကို ဒေါက်ထောက်ပြီး ပစ်ခတ်ရတဲ့ ဘရင်းသေနတ်ကြီးကို ကိုင်ခိုင်းသည် ။

သူတို့တပ်သည် ထကြွသောင်းကျန်းနေတဲ့ မူဂျာဟစ် သောင်းကျန်းသူတွေကို နှိမ်နင်းဖို့အတွက် ဒီရခိုင်ပြည်နယ် မောင်းတောဒေသကို ရောက်ရှိနေကြတာ ဖြစ်သည် ။ တစ်ရွာဝင် တစ်ရွာထွက် သောင်းကျန်းသူတွေကို ရှင်းလင်းနှိမ်နင်းနေခဲ့တာ လအတန်ငယ် ကြာမြင့်ခဲ့ပြီ ။ နယ်စပ်မျဉ်းပေါ်က မူဂျာဟစ်တို့ရဲ့ ဌာနချုပ် ” တောင်ပြိုစခန်း “ကို သိမ်းပိုက်အောင်မြင်ခဲ့ပြီး နယ်မြေဒေသ တစ်ခုလုံးကို ထိန်းသိမ်းနေတဲ့အချိန် ဖြစ်သည် ။

မနက်မိုးစင်စင်လင်းပြီ ။
မိုးက တဖြောက်ဖြောက် ရွာနေဆဲ ။

တပ်မှူးက သူတို့ရှိတဲ့ ကင်းပုတ် ကတုတ်ကျင်းတွေဆီကို ရောက်လာသည် ။ သူ့လက်ထဲမှာက ကြေးနန်းစာရွက် တစ်ရွက်နဲ့..။ တပ်မှူးရဲ့စကားကြောင့် ထွန်းအုံ အပါအဝင် စစ်သားတွေ အကုန်လုံး အံ့အားသင့်သွားကြသည် ။

” ငါတို့ အရေးကြီး စစ်တာဝန်နဲ့ ဒီနယ်မြေကို စွန့်ခွာပြီး ရန်ကုန်မြို့ကို လေယာဉ်နဲ့ သွားကြရမယ်…၊ အားလုံးအသင့်ပြင်ကြ … အခု .. ပြင်မယ်….”

တဲ့ ။ အမိန့်ကို အတိအကျ လိုက်နာကြရတဲ့ ထွန်းအုံတို့အားလုံး ချက်ချင်း ပစ္စည်းတွေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းကြ အသင့်ပြင်ကြရသည် ။ ထွန်းအုံတို့သည် စစ်သားဘဝ ကျရာနေ စေရာသွား ထောင်ကျကျ ပြားကျကျမို့ တိုက်ခိုင်းတဲ့နေရာကို သွားတိုက်မည် ။ ရွှေ့ခိုင်းတဲ့နေရာကို ရွှေ့မည် ။ ကြောက်စိတ်က စိုးစဉ်းတောင် မရှိဘူး ။ မောင်းတောမှာ မူဂျာဟစ်တွေနဲ့ တိုက်ပွဲဝင်နေတဲ့ ထွန်းအုံတို့သည် ရန်ကုန်မှာ ဘာတွေ ဖြစ်ပျက်နေသည်ကို မသိ။

စောဆ ခြံထဲမှာ ပန်းခူးနေသည် ။ နှင်းပန်းဖြူဖြူတွေကို ပန်းအိုးထိုးဖို့ ခူးနေသည် ။ နော်ဖောက စောဆ ခူးဖြတ်လိုက်တဲ့ နှင်းပန်းတွေကို ကိုင်ထားပေးသည် ။

” ဖောဖောရေ… နှင်းဆီတွေလည်း နည်းနည်း ခူးကြရအောင်….”

လို့ စောဆ ပြောလိုက်ရင်း နှင်းဆီပင်တွေရှိတဲ့ အိမ်အနောက်ဖက်ကို လျှောက်သွားလိုက်သည် ။ နော်ဖောက အနောက်က လိုက်လာသည် ။

” စောဆရေ……ဖိုးမူ . . ”

အန်တီဂျူလီယာက မီးဖိုချောင် ပြုတင်းပေါက်ကနေ ခေါင်းပြူပြီး ခေါ်သည် ။

” အန်းတီ…ဘာလဲ…ဘာလိုလဲ…၊ စောဆ ပန်းခူးနေတယ်…..”

အောက်ကနေ ပြန်အော်ပြောလိုက်တဲ့အခါ အန်တီဂျူလီယာက

” အပေါ် အမြန်တက်ခဲ့စမ်း.. အရေးတကြီး ပြောစရာတွေရှိလို့….”

လို့ ခေါ်လိုက်လို့ စောဆလည်း ပန်းဆက်မခူးတော့ဘဲ အိမ်အပေါ်ထပ်ကို တက်ခဲ့သည် ။

” နင့်ဒယ်ဒီဆီက စာရတယ်…..။ ခုနဘဲ လူကြုံနဲ့ ပေးလိုက်တာ…။ တိုင်းပြည် အခြေအနေ မကောင်းဘူး..။ စစ်ပွဲတွေ ဖြစ်လိမ့်မယ် …။ ဒို့တတွေ မြစ်ဝကျွန်းပေါ်ဖက်ကို ပြေးရမယ် ထင်တယ်….။ အင်းစိန်က စစ်တလင်း ဖြစ်တော့မယ်တဲ့….။ နင့်ဒယ်ဒီက စောဖိုးစီကိုတောင် အောက်ထပ်မှာ လာနေပေးဖို့ ပြောခိုင်းတယ်…။ ဒို့သုံးယောက်က မိန်းမသားတွေချည်း ဆိုတော့ စစ်ပွဲတွေဖြစ်ရင် ယောက်ျားသား တစ်ယောက်ယောက် အိမ်မှာရှိဖို့ လိုအပ်တယ်တဲ့……။ တောမီးလောင် တောကြောင် လက်ခမောင်းခတ် ဆိုတာမျိုး ဖြစ်တတ်တယ်တဲ့….။ ကဲ… ဖောဖောရေ.. စောဖိုးစီကြီးကို သွားခေါ်စမ်းဟာ…..”

ဒေါ်ဂျူလီယာသည် စစ်ပွဲရဲ့ အငွေ့သက်ကို ရနေတာ တော်တော်လေး ကြာခဲ့ပြီ ။ ကတုတ်ကျင်းတွေ ကြိုတင်တူးနေကြတာတွေကိုလည်း တွေ့ခဲ့လို့ ။ နော်ဖော အိမ်ကနေ ထွက်သွားလိုက်သည် ။ စောဆလည်း

” မြစ်ဝကျွန်းပေါ်တော့ မသွားချင်ပါဘူး…။ စောဆတို့ ဒီအိမ်ကြီးမှာဘဲ ပုန်းနေလို့ မရဘူးလား…..။ အောက်ဖက်မှာ မြေတိုက်ခန်းလည်း ရှိတာဘဲ….။ တစ်ခုခုဆို မြေတိုက်( ဗုံးခိုကျင်း အဟောင်း ) ထဲ ဆင်းပုံးကြမယ်လေ.. အန်တီ…..”

လို့ အန်တီဂျူလီယာကို ပြောလိုက်သည် ။

” အင်းလေ.. ဒို့တတွေအတွက် စောဖိုးစီကြီး လာနေပေးရင်တော့ အကောင်းဆုံးဘဲ…. စောဆ….”

” အန်တီ့သဘောဘဲလေ…။ စောဆကတော့ ပန်းချီဆွဲနေရရင် ကျေနပ်တာပါဘဲ …။ စစ်ပွဲတွေဖြစ်တာလည်း စောဆ နားမလည်ဘူး.. စိတ်လည်းမဝင်စားဘူး…. ငြိမ်းချမ်းတာကိုဘဲ လိုလားတာ အမှန်ဘဲ အန်းတီရယ်….”

နော်ဖော ပြန်လာတာကို အန်တီဂျူလီယာက တွေ့လို့

” နော်ဖော… တွေ့ခဲ့လား.. စောဖိုးစီကို….”

လို့ လှမ်းမေးလိုက်သည် ။

” အိမ်တံခါးကြီး သော့ပိတ်ထားတယ်… အန်တီ….။ သူမရှိတော့ဘူးလို့ ဘေးအိမ်က စောဖိုးခွားက ပြောတယ် ”

” ဟေ..ဘယ်သွားတယ်တဲ့လဲ….”

” သူပြောတာတော့ မကြာခင်ဖြစ်မယ့် စစ်ပွဲထဲ လိုက်သွားတာ ဖြစ်မယ်တဲ့..။ စောဖိုးစီက လူမျိုးရေး စိတ်ဓါတ် ပြင်းတယ်လေ”

” အင်း.. ဒို့တတွေတော့ ကူမယ့်လူမရှိ ဖြစ်နေပြီ…”

စောဆသည် ဘာမှမပူပင်သလိုပုံနဲ့ ရေးဆွဲလက်စ ပန်းချီကားကို ဆက်ရေးဆွဲနေသည် ။ ဒီတခါတော့ စောဆ ရေးနေတာက သံလွင်ခက်လေးကို ကိုက်ချီထားတဲ့ ဂျိုးငှက်အဖြူရောင်လေး တစ်ကောင်ရဲ့ပုံ ။

” အားလုံး ငြိမ်းချမ်းကြပါစေ…..”

လို့ စောဆ နှုတ်ဖျားကနေ တိုးတိုးလေး ဆုတောင်းလိုက်သည် ။

စောဆရဲ့ ဆုတောင်း မပြည့်ခဲ့ပါ ။ အင်းစိန်မြို့ကို အခိုင်အမာ နေရာယူထားတဲ့ ကရင်တပ်များနဲ့ အစိုးရစစ်တပ်တွေ စတင်တိုက်ခိုက်ကြပြီ ။ စိန်ပြောင်းတွေ အမြောက်တွေ တဗုံးဗုံး တဒိန်းဒိန်း ပစ်ခတ်သံတွေက အင်းစိန်မြို့ တစ်မြို့လုံးကို တုန်ခါစေသည် ။ သေနတ်သံတွေက နေ့ရောညပါ တထိန်းထိန်း တဒိုင်းဒိုင်း ဆူညံနေသည် ။ နှစ်ဖက်တိုက်ခိုက်နေတဲ့ ကျည်ဆံတချို့က စောဆတို့ အိမ်ကြီးရဲ့ သွပ်မိုးကို လာထိမှန်တဲ့ အသံတွေလည်း ကြားနေရသည် ။ စောဆတို့ သုံးယောက်သည် အပေါ်ထပ်မှာ မနေရဲကြတော့ဘဲ အောက်ထပ်မှာ ဆင်းနေကြရပြီး တိုက်ပွဲပြင်းထန်နေတဲ့ အချိန်တွေမှာ ဗုံးထိမှာစိုးလို့ မြေတိုက်ခန်းထဲကို ဆင်းပုန်းကြရသည် ။

ထွန်းအုံတို့ လေယာဉ်ကွင်းကနေ ထရပ်ကားကြီးတွေနဲ့ ချက်ချင်း စစ်မြေပြင် ရှေ့တန်းကို သွားကြရသည် ။ အင်းစိန်စစ်မျက်နှာကို ရောက်သွားကြတဲ့အခါ ကျည်သင့် ထိခိုက်ဒဏ်ရာတွေ ရထားတဲ့ စစ်သည်တွေကို စစ်ကားတွေနဲ့ရော အရပ်ကားတွေနဲ့ရော သယ်ဆောင်ပြီး မင်္ဂလာဒုံစစ်ဆေးရုံနဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်နေကြတာတွေကို မြင်ကြရသည် ။

ထွန်းအုံတို့သည် စစ်မျက်နှာရဲ့ ရှေ့ဆုံးက ကတုတ်ကျင်းတွေဆီကို ရောက်ရှိ နေရာယူလိုက်ကြရသည် ။ အင်းစိန်မြို့ထဲက မီးခိုးလုံးမဲမဲကြီးတွေ တလူလူနဲ့ လွင့်တက်နေတာတွေကို တွေ့ရသည် ။

( ရန်သူ အင်အားက များတယ်…..။ အခိုင်အမာ တပ်စွဲထားကြတဲ့ ရန်သူတွေက နေရာကောင်းတွေမှာ အကာအကွယ် ယူထားကြသလို မှန်ပြောင်းတပ် စနိုက်ပါ ရိုင်ဖယ်ကိုင်တဲ့ လက်ဖြောင့်တပ်သားတွေလည်း ရှိနေတယ် . .)

လို့ တပ်မှူးတစ်ယောက်က ရှင်းပြသည် ။ တစ်လက်မချင်း တစ်အိမ်ချင်း တိုက်ခိုက်ပြီး ရှေ့တိုး သိမ်းပိုက်ရမယ့် စစ်ပွဲတစ်ခု ဖြစ်သည်တဲ့ ။ အမြှောက်ကောင်းကောင်း မရှိလို့ ရန်ကုန်မြစ်ထဲက မေယုစစ်သင်္ဘောကနေ အမြှောက်တွေနဲ့ ပစ်ကူပေးသလို ရေတပ်က ( တံမြက်စီးလို့ ခေါ်ကြတဲ့ ) ဘော်ဖါအမြှောက်ကို ဖြုတ်ယူလာပြီး ပစ်ခတ်ပေးနေသည် ။ အမြှောက်တွေ စိန်ပြောင်းတွေက တထိန်းထိန်း ဆက်တိုက် ပစ်ခတ်နေသည် ။ တပ်မှူးက အမှောင်ထုကို အကာအကွယ်ယူပြီး ညသန်းခေါင်ကျော် ထိုးစစ်လုပ်မည်လို့ သူတို့ကို ပြောထားသည်။ အသက်ကို ပဓာနမထားဘဲ စွန့်စွန့်စားစား တိုက်ကြလို့ ကျဆုံးသူတွေလည်း များပြားခဲ့ပြီး ယခု ထွန်းအုံတို့ လူစုသည်လည်း ရှေ့ကိုတိုးပြီး ရန်သူ ခြေကုတ်ယူထားတဲ့ တောင်ကုန်းလေးကို သိမ်းပိုက်ကြရတော့မည် ။ ရန်သူတွေဖက်က မှန်ပြောင်းတပ် စနိုက်ပါတွေနဲ့ တစ်ယောက်ပြီးတစ်ယောက်ကို ဇီဝိန်ချွေနေလို့ သူတို့ ခေါင်းမဖေါ်ရဲကြ ။

ထွန်းအုံသည် ဘရင်းဂန်းကြီးကို ဒေါက်နဲ့ထောက် ပစ်ခတ်နေတုန်း ရန်သူဖက်က သံချပ်ကာ ဘရင်းကယ်ရီယာတွေ တက်လာတာ တွေ့လိုက်ရသည် ။ တပ်မှူးက ဒီသံချပ်ကာကားတွေရဲ့ ဘီးနေရာတွေကို ဘရင်းနဲ့ ကပ်လိုက် ဆွဲဖို့ အမိန့်ပေးသည် ။ ထွန်းအုံလည်း ဘရင်းဂန်းနဲ့ ဒလစပ်ဘဲ တကပ်ပြီး တကပ် ပစ်ခတ်ရသည် ။ ရှေ့ဆုံးက သံချပ်ကာကား ရပ်တန့်သွားသည် ။

” ဟေး…. ရပ်သွားပြီကွ…. ဗလကြီးကွ……. ဆော်ထား..”

သူ့ရောင်းရင်း ရဲဘော်မောင်ဒွန်းရဲ့ အားရပါးရ အော်လိုက်တဲ့အသံကို သေနတ်သံတွေကြားက ကြားလိုက်ရသည် ။ တခဲနက် ကြွေးကြော်သံတွေနဲ့ သောသောညံနေတဲ့ သေနတ်စိန်ပြောင်းသံတွေ ဆူညံလို့နေသည် ။ ထွန်းအုံထင်တာက မောင်းတောမှာ တိုက်ခဲ့ရတဲ့ ရန်သူ မူဂျာဟစ်တွေက အခု တိုက်နေရတဲ့ တောခို ကရင်တပ်တွေလောက် လက်နက်မကောင်းကြ ။ အထက် ဗိုလ်တွေက မှန်ပြောင်းတွေနဲ့ အင်းစိန်မြို့ထဲ ဖက်ကို လှမ်းကြည့်ပြီး အမြှောက်တပ်သားတွေကို ပစ်ရမယ့် ရန်သူ့တည်နေရာတွေကို အသေးစိတ် ညွှန်ပြနေကြသည် ။

ညသန်းခေါင်ကျော်အချိန်မှာ ထွန်းအုံတို့ တပ်စုသည် အမှောင်ကို အကာအကွယ်ယူပြီး ရန်သူ့နယ်မြေကို ချဉ်းနင်း ဝင်ရောက်ကြသည် ။ နေ့ဖက်လောက် မြင်ကွင်း မကောင်းလို့ ပစ်ခတ်မှုတွေ လျော့နည်းသွားတဲ့အချိန် ဖြစ်သည် ။ ထွန်းအုံသည် ဘရင်းဂန်းကို မကိုင်ရဘဲ ရိုင်ဖယ်သေနတ်နဲ့ တိုက်ပွဲဝင်ရသည် ။ သစ်ပင်အုပ်ထဲကနေ ရန်သူတွေရဲ့ ခြေကုပ်ယူထားတဲ့ တောင်ကုန်းလေးပေါ်ကို တက်ခဲ့ကြသည် ။ တစ်ညလုံး တိုက်ပွဲ အပြင်းအထန် ဖြစ်သည် ။ နားကွဲမတတ် ကျယ်လောင်ဆူညံတဲ့ ပစ်ခတ်သံတွေ ဗုံးသံတွေကြောင့် စိတ်ခြောက်ခြားစရာ ည ဖြစ်သည် ။

အန်တီဂျူလီယာက တတွတ်တွတ်နဲ့ ကျမ်းစာတွေ ရွတ် ဆုတောင်းနေသည် ။ နော်ဖောကတော့ ကြောက်လွန်းလို့ တုန်နေသည် ။ စောဆလည်း ကြောက်တာပါဘဲ ။ မြေကြီးတွေ တုန်ခါသွားရအောင် ဗုံးဆန်တွေက ပေါက်ကွဲနေသည် ။ အိန်းကနဲ အိန်းကနဲ အမြောက်သံတွေ ကြားနေရသည် ။ မနက် သုံးနာရီကျော်လောက် ရောက်တော့ ဗုံးသံ သေနတ်သံတွေ နည်းနည်းစဲသွားသည် ။ ပန်းသွားကြပြီလား။ မနက်ကြမှ ဆက်တိုက်ကြမလား မသိဘူးလို့ ဒေါ်လေးက စိတ်ပျက်တဲ့လေသံလေးနဲ့ တိုးတိုးလေး ပြောလိုက်တာကို စောဆ ကြားသည် ။ စောဆ မျက်လုံးတွေကို ပိတ်ထားသည် ။

” ဘုရားသခင်…. စစ်ပွဲတွေ ပြီးဆုံးပါစေ…. အားလုံး အဆင်ပြေကြပါစေ….”

လို့ စိတ်ထဲမှာ ဆုတောင်းနေသည် ။ သေနတ်သံတွေ စဲသွားပြီး သူတို့သုံးယောက်စလုံး အိပ်ပျော်သွားကြသည် ။ ညဦးပိုင်းက လုံးဝ မအိပ်ကြရတော့ ပင်ပန်းနေကြတာနဲ့ ခဏအတွင်း အိပ်မောကျသွားကြသည် ။

ဒိုင်း.. ဒက်ဒက်ဒက်…. ဒိုင်း… ဒိုင်း…… ဒက် ဒက်… ဒက်………

နီးနီးကပ်ကပ် သေနတ်သံတွေကြောင့် လန့်နိုးလာရသည် ။ အိုး.. ချကုန်ပြီ… အိမ်နား ကပ်ရက် နေရာတွေက ကြားရတဲ့ သေနတ်သံတွေ …။

” ဒုန်း..ဒုန်း..ဒုန်း…ဒုန်းဒုန်း….”

အိမ်ရှေ့ တံခါးမကြီးကို ထုရိုက်လိုက်တဲ့ အသံတွေ ပါ ။

” ဂျူလီယာ…….နော်ဂျူလီယာ ……..”

သူတို့သုံးယောက် အရမ်းကြောက်သွားကြသည် ။ အန်တီဂျူလီယာက ရှေ့ဆုံးက လက်နှိပ်ဓါတ်မီးနဲ့ တံခါးဆီကို သွားလိုက်တဲ့အချိန်

” ဘယ်သူလဲ ”

လို့ အော်မေးသည် ..။ အပြင်က

” ငါတို့ မိုးဇက်တို့ သောမတ်စ်တို့ပါ…။ ခဏ တံခါး ဖွင့်ပါဦး…….”

လို့ အော်ပြောပေမယ့် အန်တီဂျူလီယာက တံခါးကို မဖွင့်ဘဲ..

“အချိန်မတော်ကြီး… ဘာကိစ္စလဲဟဲ့….”

လို့ အော်မေးလိုက်သည် ။

” ရန်သူတွေ တက်လာလို့ ငါတို့ လိုက်တိုက်ထုတ်လိုက်တာ ကစဉ့်ကလျား ဆုတ်ပြေးသွားကြတယ်..။ နင်တို့ ခြံထဲကိုများ ရန်သူ ဝင်လာသလားလို့ လာမေးတာ…”

” ဘာမှမလာဘူး…. သောမတ်စ်….။ ဘာသံမှလည်း မကြားကြဘူး……”

အန်တီဂျူလီယာက တံခါးဖွင့်မပေးဘဲ ပြောလိုက်တာကို သောမတ်စ်တို့ သိပ်မကျေနပ်ကြပေမယ့် ဘာမှမပြောဘဲ ခြံထဲကနေ ထွက်သွားကြသည် ။ သောမတ်စ်တို့ မိသားစုသည် စောဆရဲ့အဖေ ဦးဂေါ်ဒွင်ရဲ့ ကျေးဇူးမကင်းဘူး…။ ဦးဂေါ်ဒွင်ကို လေးစားကြရလို့ ဒီအိမ်ကိုလည်း သိပ်ဗိုလ်မကျရဲဘူးလို့ အန်တီဂျူလီယာက စောဆနဲ့ နော်ဖောဖောကို ပြောပြသည် ။ မိန်းမသားတွေချည်း နေကြတဲ့ အိမ်ကို အချိန်မတော် သန်းခေါင်ကျော် လာတာကို မဖွင့်ပေးတာ စောဆတို့အမှားမှ မဟုတ်တာလို့ စောဆက တွေးနေသည် ။

သောမတ်စ်တို့ မိုးဇက်တို့ လာသွားပြီး ဆယ့်ငါးမိနစ်လောက် ကြာတဲ့အချိန် အိမ်အနောက်ဖေး ထင်းရုံနားက အသံဗလံ ကြားလိုက်ရသည် ။ နော်ဖောဖောက စောဆကို တိုးတိုးလေး လာပြောသည် ။

” စောဆ…လူ..လူ…အိမ်နောက်ဖက်မှာ……”

” ဟင်.. ဟုတ်လား…. နင် ဘယ်လိုသိလဲ…… ကရင်စစ်သားလား……”

” ဘာလဲတော့ မသိဘူး…။ လူတစ်ယောက် လဲနေတယ်……။ ပါးစပ်ကလည်း ညည်းနေတယ်…..။ ဒဏ်ရာရထားတယ်နဲ့ တူတာဘဲ . …….”

” ဟင်……ဟုတ်လား……”

မီးဖိုချောင်က ပြူတင်းပေါက်ကနေ စောဆ ချောင်းကြည့်လိုက်သည် ။ နော်ဖောပြောတာ ဟုတ်သည် ။ လူတစ်ယောက် ဘေးတစောင်း လဲနေသည် ။ သောမတ်စ်တို့လို ကရင်စစ်သားတော့ ဟုတ်ဟန်မတူဘူး ။ အစိုးရတပ်က စစ်သားဘဲ ဖြစ်မည် ..။

” အန်းတီကော နော်ဖော…..”

” အန်းတီ အပေါ်ထပ်မှာ ဘုရားဆုတောင်းနေတယ်……”

စောဆသည် ခြံအရှေ့ဖက် အနောက်ဖက်မှာ လူရိပ်လူရောင် မီးရောင် ရှိမရှိ နော်ဖောနဲ့အတူ သေသေချာချာ ကြည့်လိုက်သည် ။ သောမတ်စ်တို့ မိုးဇက်တို့ ရှိနေမှာ စိုးလို့ပါ ။ ဒဏ်ရာရနေတဲ့ လူကို သွားကြည့်ချင်သည် ..။ နော်ဖောက

” ဖြစ်ပါ့မလား.. စောဆ..။ တော်ကြာ သေနတ်နဲ့ ပစ်ထည့်နေဦးမယ်…..”

လို့ သတိပေးသည် ။

” မပစ်လောက်ပါဘူး..။ ကြည့်ရတာ ဒဏ်ရာ ပြင်းပုံရတယ်….။ သတိတောင် မေ့သွားပြီလား မသိဘူး..။ ညည်းတဲ့အသံ မကြားရတော့ဘူး..။ ငြိမ်လည်း ငြိမ်သွားပြီ……”

” ဟုတ်တယ်… ငြိမ်သွားပြီ.. သတိမေ့နေသလား မသိဘူး….”

တော်တော်လေးကြာအောင် စောင့်ကြည့်ကြသည် ။ မျက်လုံးများသည် အမှောင်ထဲမှာ ကျင့်သားရလာတော့ ထင်းရုံနားမှာ လဲကျနေတဲ့ စစ်သားကို စောစောကထက် သဲသဲကွဲကွဲ မြင်လာရသည် ။

” နော်ဖော… ငါ သူ့ကို အိမ်ထဲ ခေါ်သွင်းလိုက်ချင်တယ်…”

နော်ဖောရဲ့ ပါးစပ်လေး ဟသွားသည် ။

” အိုး.. ဘုရားသခင်…. အမလေး…. စောဆ…. ရယ်…. အံ့ရော….”

” ဟုတ်တယ်… သူ့ကို ကယ်ချင်တယ်….။ မနက်လင်းလို့ သောမတ်စ်တို့ သူ့ကို တွေ့သွားရင် သတ်ပစ်ကြမှာ….။ ဒါမှမဟုတ် သူ့ကို ညှင်းပန်းနှိပ်စက်ကြမှာ…..”

” စောဆရယ်… ကြည့်လည်းလုပ်ဦး..။ တော်ကြာ သူက ဒို့တတွေကို ရန်သူတွေဆိုပြီး သတ်ပစ်နေဦးမယ်…”

” အို.. နော်ဖောရယ်…။ သူ့ကိုကယ်တဲ့ လူတွေကို သူက လုပ်ပါ့မလား….။ လူတိုင်းကို မကောင်း မထင်ပါနဲ့ဟာ….။ နင်မပါချင်နေ..။ ငါ တစ်ယောက်ထဲ သွားဆွဲလာမယ်….”

” အို.. အဲလိုတော့ တစ်ယောက်ထဲ မလုပ်ပါနဲ့ …။ နော်ဖောလည်း ကူပါမယ်…..”

စောဆနဲ့ နော်ဖောဖောတို့ အမှောင်ကြီးထဲမှာ လဲကျနေတဲ့ စစ်သား အနားကို သွားလိုက်ကြသည် ။ အို… လုံးဝ သတိလစ်နေတာဘဲ…..။ သူ့မှာ ဘာလက်နက်မှလည်း မရှိနေဘူး …… ။

ထောင်ထောင်မောင်းမောင်းနဲ့ စစ်သားကြီးတစ်ယောက် တကိုယ်လုံး ဖုံတွေ သဲတွေ သွေးတွေ ပေရေနေသည် ။ နော်ဖောဖော အကူအညီနဲ့ ဒီစစ်သားကြီးကို အိမ်ထဲကို ဆွဲသွင်းခဲ့ကြသည် ။ သူ့အင်္ကျီကနေ တရွတ်တိုက် ဆွဲကြတာ ။

” စောဆ…. အန်တီတော့ အသေဆဲတော့မှာဘဲ..။ နင်လုပ်ချင်တာက မိုးမီးလောင်မယ့်ဟာကြီး….။ နောက်ပြီး ရန်သူ ဗမာစစ်သားဟဲ့…..”

” နော်ဖော… သူတို့ ဘာကြောင့် စစ်ဖြစ်ကြသလဲလည်း ငါတို့ သေသေချာချာ သိတာ မဟုတ်ဘူး..။ သူတို့ကို ဗမာလို့ မခေါ်လိုက်ပါနဲ့ဟယ်….။ လူမျိုး မခွဲခြားစမ်းပါနဲ့….”

စောဆရဲ့ကျောင်းမှာ ကျောင်းသားအများစုသည် မြန်မာတွေ ဖြစ်ပေမယ့် ကချင်ရော ချင်းရော တရုတ် ကုလား လူမျိုးပေါင်းစုံနဲ့ တစ်တန်းထဲ နေခဲ့ရလို့ စောဆသည် လူမျိုးခွဲခြားတဲ့စိတ်.. မုန်းတီးစိတ် လုံးဝမရှိခဲ့ ။

” စောဆ.. သူ့ကို ဘယ်မှာထားမလဲ….”

” အိပ်ခန်းလွတ်လေးထဲ ခေါ်သွားကြမယ်…..”

စစ်သားကြီးရဲ့ ဒဏ်ရာတွေကို စောဆနဲ့ နော်ဖောဖောတို့ စစ်ဆေးကြည့်ကြသည် ။ သွေးတွေထွက်နေတဲ့ ဒါဏ်ရာကို အဝတ်စတစ်ခုနဲ့ စည်းပေးကြသည် ။ နော်ဖောဖောက ရေနွေးတွေကို ဇလုံကြီးနဲ့ ထည့်ယူလာသည် ။ စစ်သားကြီးကို ရေပတ်တိုက်ပေးကြသည် ။ သွေးတွေ ရွှံ့တွေနဲ့ လူးပေညစ်ပတ်နေတဲ့ သူ့စစ်ယူနီဖေါင်းကို သူ့ကိုယ်ပေါ်ကနေ ဖယ်ခွာ ချွတ်ပစ်လိုက်ကြရသည် ။

ကိုယ်အပေါ်ပိုင်းက ယူနီဖေါင်းရှပ်ကို ချွတ်ဖယ်တဲ့အချိန်က ကိစ္စမရှိပေမယ့် ကိုယ်အောက်ပိုင်းက စစ်ဘောင်းဘီကြီးကို ချွတ်ပစ်ရတဲ့အခါတော့ အပျိုမလေး နှစ်ယောက်အတွက်က အခက်နဲ့ ရင်ဆိုင်ရသည် ။ အရေးထဲ ဒီစစ်သားကြီးသည် အတွင်းခံဘောင်းဘီ ဝတ်မထားဘူး ။ ညစ်ပေစုတ်ခြာနေတဲ့ ဘောင်းဘီရှည်ကြီးကို နှစ်ယောက်သား ဆွဲချွတ်ပစ်ကြတဲ့အချိန် သူတို့မျက်နှာလေးတွေကို စစ်သားကြီးရဲ့ ကိုယ်အောက်ပိုင်းကနေ လွှဲဖယ်ထားမိကြသည် ။ သူ သတိရ နိုးလာရင် တိုက်ဖို့ အကိုက်အခဲပျောက် ဆေးပြားတွေကို ဆေးမျိုးစုံထည့်ထားတဲ့ ဆေးအိတ်ထဲမှာ စောဆ ရှာနေတဲ့အချိန် နော်ဖေါဖေါက

“အိုး… စောဆရေ….. ဘုရား.. ဘုရား..”

လို့ ခပ်တိုးတိုးလေး ပြောလိုက်တဲ့ အသံကြောင့် စောဆ လှည့်ကြည့်လိုက်သည် ။

“ဟင်”

စစ်သားကြီးရဲ့ ပေါင်တန်တုတ်တုတ်တွေကြားက အမွှေးမဲမဲအုံကြီးထဲက ယောက်ျားတန်ဆာကြီးကို စောဆ တွေ့လိုက်ရပါသည် ။ ယောက်ျားတန်ဆာကို ပထမဆုံး တွေ့ဖူးရခြင်းပါ ။ ကလေးငယ်လေးတွေ ကိုယ်တုံးလုံးနဲ့ မိုးရေထဲမှာ ပြေးနေကြတာတွေကို တွေ့ဖူးခဲ့ပေမယ့် အခုလို ယောကျ်ားကြီးတစ်ယောက်ရဲ့ တန်ဆာကြီးကို တခါမှ မတွေ့ဖူးသေးဘူး ။ နော်ဖောဖောရော စောဆရော သူ့အတန်ချောင်းကြီးကို တော်တော်ကြာကြာ ငေးမောမိနေကြသည် ။ သတိဝင်လာတာက နော်ဖောဖော ။ စောင်နဲ့ ဖုံးပစ်လိုက်သည် ။

“အမလေး… ရင်တုန်လိုက်တာ ဖောဖောရယ်”

စောဆသည် ပြုံးတုံးတုံးနဲ့ ရင်ဘတ်ကို လက်နဲ့ ဖိထားရင်း နော်ဖောဖောကို ပြောလိုက်သည် ။ နော်ဖောဖောက

” အကြီးကြီးဘဲနော်…..”

လို့ လေသံလေးနဲ့ ပြောလိုက်တဲ့အခါ စောဆလည်း

” ဟုတ်တယ်.. ဖောဖော……. အကြီးကြီးဘဲ..”

လို့ ပြန်ပြောလိုက်သည် ။ စောဆနဲ့ နော်ဖောဖောတို့ စစ်သားကြီးကို ထားခဲ့ပြီး သူတို့အခန်းတွေဆီကို ပြန်လိုက်ကြသည် ။ ခဏကြာတော့ နော်ဖောဖော စောဆအခန်းကို ခြေဖေါ့နင်းပြီး ရောက်လာသည် ။

” ဘာလဲ ဖောဖော…..”

” သူ့ကို မြေတိုက်ထဲမှာ ထားရင် ကောင်းမယ်ထင်တယ် စောဆ . .။ ကရင်တပ်သားတွေက ထမင်းထုပ် လာတောင်းရင်း အိမ်ထဲကို ရေတောင်းသောက်ဖို့ လာတတ်ကြတယ်….။ မတော်တဆ စစ်သားကြီးကို သူတို့ တွေ့သွားရင် ခက်ကုန်မယ်နော….”

” အေး…နင်ပြောတာလည်း ဟုတ်တာဘဲ …”

မနက်မိုးလင်းတော့ တစ်ညလုံး စစ်သားကြီးနဲ့ အလုပ်များနေခဲ့ကြတဲ့ စောဆနဲ့ နော်ဖောဖောတို့သည် အိပ်ရာက မထနိုင်ကြဘူး ။ အန်တီဂျူလီယာက အင်းစိန်ကနေ ပုသိမ်ဖြစ်ဖြစ် မြောင်းမြကို ဖြစ်ဖြစ် ပြေးကြဖို့ သူတို့ကို တိုင်ပင်တဲ့အခါ သူတို့လည်း အန်တီဂျူလီယာ့စကားကို စိတ်သိပ်မဝင်စားကြလို့ အန်တီဂျူလီယာက နည်းနည်းစိတ်ဆိုးသွားသည် ။

” ဘာလဲ….. နင်တို့နှစ်ယောက်က ဒီအင်းစိန်မှာဘဲ ဗုံးထိခံပြီး သေချင်ကြလို့လား….”

လို့ ခပ်စွာစွာနဲ့ ပြောလိုက်သည် ။ နောက်ပြီး အန်တီဂျူလီယာက စောဆနဲ့ နော်ဖောဖောတို့ရဲ့ မျက်နှာတွေကို စေ့စေ့ကြည့်လိုက်ပြီး

” နင်တို့နှစ်ယောက် အမူအရာ နည်းနည်း ပျက်နေကြသလိုဘဲ….. ဘာဖြစ်နေကြတာလဲ….. ပြော….. ပြော…။ ငါမသိအောင် ဘာတစ်ခုခု မဟုတ်တာ လုပ်ထားသလဲ……”

လို့ မေးသည် ။

” အိပ်ရေးမဝလို့ပါ အန်တီဂျူလီယာ……”

လို့ စောဆက ပြောလိုက်ပြီး ဝါးကနဲ သမ်းလိုက်သည် ။ အန်တီဂျူလီယာရဲ့ အလစ်မှာ သူတို့နှစ်ယောက် စစ်သားကြီးကို ပြေးကြည့်ကြသည် ။ မနက်စောစော သွားကြည့်တုန်းက စောင်ခြုံပေးထားတဲ့အတိုင်း ရှိပေမယ့် နောက်တစ်ကြိမ် သွားကြည့်တဲ့အခါမှာ စောင်က ကြမ်းပေါ်ကို ပုံရက်သားလေး ကျနေပြီး ဟိုဟာကြီး မတ်မတ်ထောင်နေတာကို သူတို့နှစ်ယောက် တွေ့လိုက်ရပြန်သည် ။

ဒါကြီးကို တွေ့ရတိုင်း စောဆရဲ့ စိတ်တွေ တမျိုးကြီး ဖြစ်သွားသည် ။ ကြက်သီးတွေထ ရင်တွေ တအားခုန်သည် ။ စစ်သားကြီးကတော့ သတိလစ်နေဆဲ ။

” ကိုယ်တွေလည်း ပူခြစ်နေတာဘဲ စောဆ..။ ဒို့ အန်တီဂျူလီယာကို ပြောပြရင် ကောင်းမယ်ထင်တယ်….။ သူက နပ်စ်ဆိုတော့ လူနာအကြောင်း နားလည်မယ်…..။ ပြောလိုက်ရင် ကောင်းမလား….”

” အင်း…. အန်တီဂျူလီယာကတော့ ဒီစစ်သားကြီးကို သောမတ်စ်တို့ လက်ထဲကို အပ်မယ်တော့ မထင်ပါဘူး…..။ ခဏလေး နော်ဖော…. စောဆ စဉ်းစားလိုက်ဦးမယ်…..”

ဒါပေမယ့် ညနေစောင်းလာတဲ့အထိ စောဆနဲ့ နော်ဖောဖောတို့သည် သူတို့ခြံထဲမှာ လဲနေတဲ့ ဒဏ်ရာရ စစ်သားကို ကယ်ထားတယ်ဆိုတာ အန်တီဂျူလီယာကို မပြောဖြစ်ကြဘူး ။ သူတို့နှစ်ယောက် အန်တီဂျူလိယာက

” ထမင်းစားကြစို့… စောစောစားထားတာ ကောင်းတယ်…။ တော်ကြာ တိုက်ပွဲတွေ ပြင်းထန်လာရင် မြေအောက်ထဲ ဆင်းပုန်းနေရလို့ ထမင်းငတ်နေဦးမယ်…..”

လို့ လာပြောလို့ စောဆနဲ့ နော်ဖောဖောတို့လည်း ဗိုက်မဆာပေမယ့် အန်တီဂျူလီယာနဲ့အတူ ထမင်း စားလိုက်ကြသည် ။ အန်တီဂျူလီယာက သူတို့နှစ်ယောက်ရဲ့ မျက်နှာတွေကို အကဲခတ်နေသည် ။

” ဟေ့…. နင်တို့နှစ်ယောက် တစ်ခုခု ဖုံးထားကြသလား…။ နင်တို့ရဲ့ မျက်နှာတွေမှာ တစ်ခုခု ပေါ်လွင်နေတယ်.. ပြနေတယ်….။ ကဲ.. မှန်မှန်ပြောကြ…. ဘာဖွက် ဘာဖုံးထားကြလဲ……”

ဒီအချိန်မှာ ညက ရန်သူအင်အားများများနဲ့ ဖိဝိုင်းတိုက်တာကို ခံလိုက်ရလို့ မိမိတို့ စစ်ကြောင်းမျဉ်းဆီကို ပြန်ဆုတ်လာခဲ့ရတဲ့ ထွန်းအုံတို့ တပ်စုသည် လူစစ်လိုက်တဲ့အခါ ထွန်းအုံတစ်ယောက် ပြန်ပါမလာတာကို သိသွားကြသည် ။ တပ်မှူးက ရဲဘော်မောင်ဒွန်းကို

“ထွန်းအုံကျသွားတာ မင်းမြင်လား…။ မင်းတို့ အတူတူ တိုက်ကြတာ မဟုတ်ဘူးလား….”

လို့ မေးသည် ။ မောင်ဒွန်းက

“ထွန်းအုံလည်း သူ့ဖက် ကျည်တွေ တဖွဲဖွဲလာနေတာကို မကြောက်ဘဲ စွတ်တက်ပြီး ပစ်တာ ..။ ရန်သူက ပတ်ခြာဝိုင်းတိုက်တော့ သူက အတွင်းထဲကို ကျွံသွားတယ် တပ်မှူး…..။ သူ ကျန်နေခဲ့သလား…. ကျည်ခသွားလား… ရန်သူဘဲ ဖမ်းသွားတာခံရလား… တစ်ခုခုဘဲ”

လို့ တပ်မှူးကို ပြန်ပြောလိုက်သည် ။ တပ်မှူးလည်း

” ငါတို့ နောက်တချီ ထိုးစစ်နဲ့ ဝင်တိုက်ကြဦးမယ်…..။ ထွန်းအုံအတွက် စိတ်မကောင်းဘူး…။ သူ မသေပါစေနဲ့ ငါ ဆုတောင်းတယ်ကွာ…..။ ရန်သူအဖမ်းခံရတာ ဖြစ်နိုင်ပါတယ်…..”

လို့ ပြောသည် ။ တိုက်ဖော်တိုက်ဖက် ရဲဘော်တွေက စိတ်မကောင်းကြ ။ ထွန်းအုံသည် လူချစ်လူခင်များပြီး တိုက်ပွဲတွေမှာ ရဲရဲဝံ့ဝံ့ ရှေ့က ထွက်တိုက်တဲ့ စစ်သားကောင်းတစ်ယောက် မဟုတ်လား ။

ဒီအချိန်မှာ စောဆတို့ အိမ်ကြီးထဲမှာလည်း အန်တီဂျူလီယာနဲ့ စောဆ နော်ဖောဖောတို့ အခြေအနေတွေ တင်းမာနေသည် ။ စောဆက စစ်သားကို ကယ်လိုက်တဲ့အကြောင်း အန်တီဂျူလိယာကို ဖွင့်ပြောလိုက်သည် ။ အဓိကက စစ်သားကြီးသည် သေနတ်ဒဏ်ရာကြောင့်ဖြစ်မည် ။ အပြင်းဖျားနေတာ စိုးရိမ်ရတဲ့ အခြေအနေရှိနေတော့ အချိန်မှီ ကုသမှ ဖြစ်မည် ။ နောက်လည်း သိမယ့်အတူတူ အန်တီဂျူလီယာကို ဖွင့်ပြောလိုက်သည် ။ အန်တီဂျူလီယာ အခုလောက် စိတ်ဆိုးတာ သူတို့ တခါမှ မတွေ့ဘူး ။

” မိုက်လိုက်တဲ့ ကောင်မလေးတွေ….။ နင်တို့ သိပ်မိုက်တယ်…။ နင်တို့ မိုက်ရူးရဲတွေ….။ နင်တို့ ကိုယ့်သေတွင်းကိုယ်တူးတဲ့ အမိုက်မတွေ….”

လို့ အကြိမ်ကြိမ် တတွတ်တွတ်နဲ့ ဆူသည် ။ ဆဲသည် ။

” နင်တို့ ဒီလိုလုပ်တာ သောမတ်စ်တို့ ကရင်တပ်သားတွေသာ သိသွားရင် ငါလည်း မတွေးရဲအောင်ဘဲ.. စောဆ..။ ဒါ နင့်လက်ချက်…။ ဟိုကောင်မ ဖောဖောက နင်ခိုင်းလို့ လုပ်ရတာဘဲ….။ ဘရိန်းရှိတဲ့ကောင်မ မဟုတ်ဘူး…..။ အဓိက တရားခံက စောဆ……။ စောဆ…. နင်က ဘာလဲ….. ဖလောရင့်စ်နိုက်တင်ဂေး လုပ်ချင်တာလား….. သူတော်ကောင်းမလေးလား…..”

အန်တီဂျူလီယာ ဘယ်လောက်ဆဲဆဲ စောဆတို့ ဖြစ်စေချင်တဲ့ဟာကို လုပ်ပေးသည် ။ စစ်သားကြီးရဲ့ ဒဏ်ရာကို စစ်ကြည့်ပြီး ကျည်ဆံကို ထုတ်ပေးတာ၊ ဆေးလည်း ထိုးပေးသည် ။ ဒီအတိုင်းဆိုရင် စစ်သားကြီး သက်သာလာမှာပါ တဲ့ ။ ဒါပေမယ့် ခက်တာက ဒီလောက် တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန် သူ့ကို သူတို့ဖက်ကို ပြန်ရောက်အောင် ဘယ်လို ပြန်ထုတ်ပေးမလဲ… ဆိုတဲ့ မေးခွန်းကို အန်တီဂျူလီယာက စောဆနဲ့ နော်ဖောဖောတို့ကို အထပ်ထပ်မေးသည် ။ မြေတိုက်ထဲကို ရွှေ့ဖို့ကိုလည်း အန်တီဂျူလီယာက သဘောတူသည် ။

” သူ သတိရလာမှရွှေ့နိုင်မယ်….။ နင်တို့ သူ့အခြေအနေကို အမြဲ အကဲခတ်ကြ….။ ငါလည်း ကြည့်ပေးမယ်….။ ကရင်စစ်သားတွေ ထမင်းထုပ် လာတောင်းရင် အထဲ မလာစေနဲ့…။ နင်တို့ဘဲ တံခါးဖွင့်ပြီး ပေး ”

အန်တီဂျူလီယာရဲ့ ကျေးဇူးကြောင့် စစ်သားကြီးသည် မကြာခင်မှာဘဲ အဖျားကျလာပြီး မျက်လုံးတွေ ပွင့်လာလေသည် ။

ထွန်းအုံသည် နက်ရှိုင်းတဲ့ ဂျောက်နက်ကြီးထဲကို ထိုးစိုက် ကျသွားသည်လို့ အိပ်မက်ဆိုးတွေ မက်နေသည် ။ သစ်ပင်သစ်ကိုင်းတွေနဲ့ ရိုက်ခတ်ပြီး ဝုန်းကနဲ မြေကြီးပေါ်ကို ပက်လက်ကျပြီးတဲ့အချိန် အနက်ရောင် ရန်သူတစ်အုပ်နဲ့ ရင်ဆိုင်ရသည် ။ ထွန်းအုံသည် ကြောက်တတ်သူ မဟုတ် ။ ကိုယ်လက်တွေ နာကျင်နေတဲ့ကြားက ဒီ ရန်သူတွေကို ရင်ဆိုင်သည် ။ ရန်သူတွေက ပြေးဝင်လာပြီး အတင်းကြီး တိုက်ခိုက်ကြသည် ။ အနီးကပ် ထိတွေ့တိုက်ခိုက်တဲ့အခါ ဒီရန်သူတွေရဲ့ ကြောက်မက်ဖွယ်ရာ မျက်နှာကြီးတွေမှာ အစွယ် ဖွေးဖွေးတွေကို တွေ့လိုက်ရသည် ။

ထွန်းအုံလည်း ဒီ လူလိုလို ခွေးအလိုလို ရန်သူမဲမဲကြီးတွေကို ရှိသမျှ ခွန်အား အကုန်သုံးပြီး တိုက်ခိုက် တွန်းလှန်နေပေမယ့် အင်အားခြင်းက အဆမတန် ကွာဟနေလို့ အလူးအလဲ ခံနေရသည် ။ ဒီအချိန်မှာ နားထဲမှာ…..( ပြေး… ပြေး….. တဖက်ကမ်းကို ပြေး…….) လို့ အသံတစ်သံက အော်ပြောနေတာကို ကြားလိုက်ရသည် ။ တဖက်ကမ်း ဆိုတာကို လှမ်းကြည့်လိုက်သည် ။ ကူးသွားစရာ ဘာလှေမှ မရှိ ။ ထွန်းအုံလိုကောင်က တော်ရုံ အခက်အခဲကို ဂရုစိုက်တာမှ မဟုတ်တာ ။ လက်ပစ်ကူးသွားလိုက်သည် ။

တဖက်ကမ်းက မြက်ရိုင်းတောရှည်ကြီးတွေထဲက တစ်စုံတစ်ယောက်က လက်ကမ်းပေးနေသည် ။ ထွန်းအုံက ဒီလက်ကို လှမ်းဆွဲလိုက်ပြီး ကမ်းပေါ်ကို ကြိုးစား တက်လိုက်သည် ။ လက်ကလေးသည် နူးညံ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ လက် ဖြစ်နေသည် ။ ဖြူဖွေးဆွတ်နေတဲ့ ချောမွတ်တဲ့ လက်ကလေး ။ မော့ကြည့်လိုက်တော့ နက်မှောင်ပြောင်လက်နေတဲ့ ဆံပင်ရှည်ကြီးနဲ့ ဖြူဆွတ်ဆွတ် အသားအရည်နဲ့ ချောလှတဲ့ ကောင်မလေးတစ်ယောက် ။

( ကျေးဇူးတင်တယ် . . . .)

ထွန်းအုံရဲ့ နှုတ်က ထွက်သွားတဲ့ စကားလုံးတွေ . .။ နွေးထွေးတဲ့ အထိအတွေ့ကို ထွန်းအုံရဲ့ ရင်ဘတ်တွေက ရလိုက်သည် ။ သူ့လက်တွေက ဒီအထိအတွေ့ကို စမ်းကြည့်မိသည် ။ ဂွမ်းစောင် တစ်ထည်ပါလား ။ ထွန်းအုံရဲ့အသိတွေ ပိုပြီး ပီပြင်လာသည် ။ အင်းစိန်မြို့ထဲကို ရဲရဲဝံ့ဝံ့ ဝင်တိုက်တာကို ဖျတ်ကနဲ သတိရလိုက်သည် ။

ဟင်.. ငါ ဘယ်ရောက်နေတာလဲ….။

ညာဖက်ပေါင်က စူးစူးကြီး နာနေတာကို သိလိုက်သည် ။ ငါ… ငါ . . . ဒဏ်ရာ ရနေတာပါလား… အို… အိပ်ရာပေါ်မှာ ပက်လက် အိပ်နေတယ် ဆိုတာကိုလည်း သိလာသလို တကိုယ်လုံးမှာ အဝတ်ဆိုလို့ ချည်တမျှင်တောင် မရှိနေဘူး ဆိုတာကိုလည်း သိလာသည် ။

ငါ….. ရန်သူ့လက်ထဲ ကျနေတာလား . . .။

မျက်လုံးတွေကို ကြိုးစားပြီး ဖွင့်ကြည့်လိုက်သည် ။ သူ့ကို စိုက်ကြည့်နေတဲ့ ကောင်မလေးတစ်ယောက် ။ ထွန်းအုံရဲ့ ဘဝတသက်တာမှာ ဒီလောက်ချောလှတဲ့ မိန်းမကို မတွေ့ဖူးသေးဘူး ။

အိုး…. လှလိုက်တဲ့ ကောင်မလေး ။

“ငါ…… ငါ….. ဘယ်ရောက်နေတာလဲ….. မင်း….. မင်း ဘယ်သူလဲဟင်……”

ထွန်းအုံ ကြိုးစားပြီး မေးလိုက်သည် ။ ထထိုင်ဖို့လည်း ကြိုးစားလိုက်ပေမယ့် ညာဖက်ပေါင်က နာကျင်မှုကြောင့် ထလို့မရဘူး ။ ကောင်မလေးသည် ကရင်မလေး ဖြစ်နိုင်သည် ။ ဒါ.. ဒါ……. ဒါဆို ငါ့ကို ဖမ်းထားကြတာများလား…။

“ငါ့ကို ဖမ်းထားကြတာလားဟင်……”

လို့ သူ မေးလိုက်သည် ။

“မဟုတ်ဘူး… ရှင့်ကို ကျမတို့ ကယ်ထားတာ…..။ ကျမနာမည်က စောဆ ….. နော်စောဆ …. ကရင်လူမျိုး . .. ”

“ဟင်… ဒါ… ဒါဆို ရန်သူ.. ရန်သူတွေရော…….။ ငါ့.. ငါ့ သေနတ်ကော…… ဘယ်မှာလဲဟင် . . .”

စစ်သားဆိုတော့ ရန်သူကို ချက်ချင်း သတိရသလို ကိုယ်နဲ့ မကွာတမ်း ရှိရမယ့် သေနတ်ကိုလည်း ရှာဖွေလိုက်မိသည် ။

“ရန်သူ ဆိုတာက ကရင်စစ်သားတွေလေ….။ ကျမတို့က တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ ပိတ်မိနေတဲ့မိသားစု…..။ ရှင်က ကျမတို့ခြံထဲမှာ သတိမေ့ လဲကျနေလို့ ကျမတို့ အိမ်ထဲကို ဆွဲသွင်းလာတာ….။ ဒါတောင် သိပ်စိတ်မချရသေးဘူး..။ မြေအောက်ခန်းထဲကို ရှင် သတိရလာရင် ရွှေ့ပေးမလို့…..”

စောဆဆိုတဲ့ ကောင်မလေး ရှင်းပြတာကြောင့် ထွန်းအုံ အခြေအနေကို သဘောပေါက်လာသည် ။ စောဆကို သေသေချာချာ ကြည့်မိသည် ။ အသားက ဖြူဆွတ်လွန်းလို့ နုဖတ်လွန်းလို့ အကြောစိမ်းလေးတွေ ယှက်ဖြာနေတာကို တွေ့နိုင်သည် ။ နက်မှောင်တဲ့ ဆံပင်ရှည်ကြီးနဲ့ မျက်တောင်ကော့ကော့လေးတွေနဲ့ ဖြောင့်စင်းတဲ့ နှာတန်၊ လုံးဖောင်းနေတဲ့ နှုတ်ခမ်းလှလှလေးတွေကြောင့် ဥရောပသူလေး တစ်ယောက်နဲ့ တူသယောင်ယောင် ။

ရင်သားလုံးလုံးလေးတွေက ပါးလျတဲ့ ခါးတို ရှန်သား အင်္ကျီကြောင့် ထင်းထင်းလေး သိသာနေသည် ။ ခါးသေးသေးလေးနဲ့ တင်ကားကားလေးကိုလည်း ထွန်းအုံရဲ့ မျက်လုံးရိုင်းတွေက သတိထားမိလိုက်သည် ။ ထွန်းအုံရဲ့ အကြည့်ရဲရဲတွေကြောင့် ကောင်မလေး အနောက်ကို ဆုတ်သွားသလိုဘဲ ။

“ခဏနော်.. ကျမ အဒေါ်ကို ပြေးခေါ်လိုက်ဦးမယ်….။ သူက သူနာပြုဆရာမလေ…။ ရှင့်ပေါင်က ကျည်ဆံကို သူဘဲ ခွဲထုတ်ပေးတာပေါ့…”

လို့ နော်စောဆက ပြောပြီး အခန်းထဲက ပြေးးထွက်သွားသည် ။ နောက်ထပ် ဝင်လာတာက စောဆထက် နည်းနည်းပိုကြီးမယ်လို့ ထင်ရတဲ့ မိန်းကလေး တစ်ယောက် ။ သူက

“အစ်ကိုကြီး.. ရှင့်သေနတ်ကို ကျမ မြက်တောထဲမှာ တွေ့လို့ အိမ်ထဲကို ယူထားပေးတယ်…။ ဘာမှမပူနဲ့…..။ အစ်ကိုကြီး နေကောင်းသက်သာလို့ အစ်ကိုကြီးရဲ့ တပ်ဆီကို ပြန်ရင် ကျမ ပြန်ပေးလိုက်မယ်…..”

လို့ ပြောသည် ။

” မင်း…နာမည်က ဘယ်သူလဲ…..”

လို့ ထွန်းအုံက မေးလိုက်သည် ။

“ကျမ….. နော်ဖောဖော ….။ စောဆတို့ တူအရီးကို ဝိုင်းကူဖို့ ဒီမှာနေတာ…..။ ကျမတို့က ပုသိမ်ဇာတိ . . .”

” ဪ ….”

ခြေသံတွေ ကြားရသည် ။ ထွန်းအုံ အတွက်ကတော့ ဘာတွေဖြစ်လာမယ် ဆိုတာကို မသိတော့။ ရန်သူတွေများလားလို့ ထင်မိပြီး ရင်တွေ အရမ်းခုန်သည် ။

အခန်းထဲ ဝင်လာတာက စောစောက မိန်းကလေးချောချောလေး စောဆနဲ့ အဒေါ်လို့ ထင်ရတဲ့ မိန်းမတစ်ယောက် ။ သူလည်း စောဆလိုဘဲ တော်တော် ချောသည် ။ သူကတော့ စောဆလို သွယ်လျလျ မဟုတ်ဘဲ နည်းနည်း ပြည့်ပြည့် တောင့်တောင့် ။

” သတိရလာပြီလား…..ရဲဘော်ကြီး …..”

“ဟုတ်ကဲ့.. ကျနော့်ကို ကယ်ထားတဲ့အတွက် ကျေးဇူးပါဘဲ…. ဒီက….”

“ကျမ နော်ဂျူလီယာပါ..။ ဒီက စောဆရဲ့အဒေါ် …။ ရှင့်ကို ကယ်ချင်တာက စောဆနဲ့ နော်ဖော….။ ကျမကတော့ ရှင့်ပေါင်က ကျည်ဆံကို ထုတ်ပေးပြီး တကိုယ်လုံးက ဒဏ်ရာတွေကို ဆေးထည့် ပတ်တီးစည်းပေးခဲ့တယ်…..။ ရှင် သတိရလာလို့ ဝမ်းသာတယ်…။ ဒီအခန်းက သိပ်မလုံခြုံဘူး…။ ရှင့်ကို မြေတိုက်ထဲကို မကြာခင် ရွှေ့ပေးမယ်။ ကျမတို့ အိမ်ကို ကရင်တပ်သားတွေ လာနိုင်တယ်..။ ထမင်းထုပ် ဆင့်ဖို့လေ..။ တခါတလေ… တစ်ခုခု တောင်းဖို့လည်း ဝင်လာနိုင်တယ်…”

“ဟုတ်ကဲ့…..”

“နာမည် ဘယ်လိုခေါ်လဲ….. ဘာအဆင့်လဲ…”

“ကျနော် ထွန်းအုံပါ ..။ ဗမာ့သေနတ်ကိုင် တပ်ရင်းက တပ်သားအဆင့်ပါ…..”

နော်ဂျူလီယာက ထွန်းအုံကို စမ်းသပ်စစ်ဆေးပေးသည် ။ ဒီအချိန်မှာ အိမ်ရှေ့က တံခါးမကြီးကို တဘုံးဘုံးထုတဲ့ အသံတွေကို ကြားလိုက်ရသည် ။

” ဂျူလီယာ..ဂျူလီယာ……ရှိလား . . . .”

” ဘယ်သူလဲ…..ဘာလိုလဲ…..”

နော်ဂျူလီယာ အိမ်ရှေ့က တံခါးဆီကို ပြေးသွားရင်း စောဆနဲ့ နော်ဖောတို့ကို ရဲဘော်ကြီးကို မြေအောက်ခန်းထဲကို ခေါ်သွားဖို့ ပြောလိုက်သည် ။

” နော်ဂျူလီယာ…. ဖထီဖိုးတေပါ….. ငါတို့ကို ကူပါဦး . . . ”

ဖထီဖိုးတေက နော်ဂျူလီယာတို့ရဲ့ အိမ်နားနီးခြင်း ။ အရင်က နော်ဂျူလီယာတို့ လိုတာတွေကို ကူနေကြ အဖိုးကြီး ။ အခု သူက လူမျိုးရေးစိတ်ပြင်းထန်ပြီး တိုက်ပွဲမှာ ကရင်တပ်တွေဖက်က တိုက်နေတဲ့ ဂျပန်တော်လှန်ရေး ရဲဘော်ဟောင်း စစ်ပြန်ကြီး ။

” ဖထီ….ကျမတို့ ဘာကူရမလဲ…….”

စောဖိုးတေက တံခါးကို နည်းနည်းဘဲ ဖွင့်ပြီး ကာထားတာတောင် အိမ်ထဲကို ဝင်လာချင်နေသည် ။

” ငါတို့ တပ်သားတွေအတွက် စားစရာ လိုနေတယ်…။ ထမင်းထုပ် လုပ်ပါဦး…..”

” ဟုတ်ပြီ ဖထီ…. ကျမ လုပ်ပေးမယ်….. ခဏနော်……”

” ငါ အိမ်ထဲ ဝင်ထိုင်စောင့်လို့ မရဘူးလား….”

” ရပါတယ်….ဖထီ……..”

ဒီအချိန်မှာ နော်ဖောဖောနဲ့ စောဆသည် ထွန်းအုံကို တဖက်တချက်ကနေ တွဲပြီး မြေတိုက်ခန်းထဲကို ဆင်းသွားကြသည် ။ ယောက်ျားတစ်ယောက်ကို တခါမှ ဒီလို တွဲလားကိုင်လား မလုပ်ဖူးတဲ့ နော်ဖောဖောရော စောဆရော စိတ်တွေ လှုပ်ရှားနေကြသည် ။ ထွန်းအုံလည်း ဒီလိုပါဘဲ ။ ပျိုမြစ်နုနယ် ချစ်စဖွယ် မိန်းမပျိုလေးတွေနဲ့ ဖက်တွယ်ပြီး မြေတိုက်ထဲကို လှေခါးကနေ ဆင်းရတာ ရင်တွေခုန်နေသည် ။ တိုက်ပွဲတွေ တိုက်နိုင်တဲ့ စစ်သားကြီးတစ်ယောက် ဖြစ်ပေမယ့် ဒီကိစ္စမှာတော့ ထွန်းအုံကြီးသည် အတွေ့အကြုံ မရှိလှဘူးလေ ။

စောဖိုးတေကြီး အိမ်ထဲကို ဝင်လာတဲ့အချိန် နော်ဖောဖောနဲ့ စောဆတို့က ထွန်းအုံကို အောင်မြင်စွာနဲ့ မြေတိုက်ထဲကို ခေါ်သွားနိုင်ခဲ့သည် ။ နော်ဖောဖော က မြေတိုက်ထဲကို ဆင်းတဲ့ လှေခါးထိပ်က တံခါးကို ဂျက်ထိုး ပိတ်လိုက်သည် ။

” သီသီလေးဘဲနော်…တော်ပါသေးတယ်…..”

နော်ဖောဖောက ရင်ဘတ်ကို ဖိပြီး မျက်လုံးလေး ပြူးလို့ ပြောလိုက်သည် ။ ထွန်းအုံက

” အစစအတွက် ကျေးဇူးပါ ညီမတို့..။ အခုလို…. အစ်ကို့ကို ကယ်တာ ကျေးဇူးကို တသက် မမေ့ပါဘူး …”

လို့ တိုးညှင်းတဲ့ လေသံနဲ့ ပြောလိုက်သည် ။ နော်ဖောဖောက ထွန်းအုံကို စောင်တစ်ထည် ခြုံပေးပြီး

” အစ်ကို ဒဏ်ရာ သက်သာတဲ့အထိ နားနေ….။ စားစရာနဲ့ရေ ညီမတို့ လာလာပို့ပေးမယ်…..”

လို့ ပြောသည် ။ စောဆကတော့ မျက်လုံးဝိုင်းဝိုင်းစက်စက်တွေနဲ့ ထွန်းအုံကို စိုက်ကြည့်နေတာက လွဲပြီး ဘာတစ်ခွန်းမှ ဝင်မပြော ။

နော်ဂျူလီယာသည် ဖထီဖိုးတေ တောင်းခံတဲ့ ထမင်းထုပ်တွေကို ရှိတာတွေနဲ့ စီမံပေးနေရင်း ဖထီဖိုးတေကို စစ်ပွဲအကြောင်း စပ်စုလိုက်သည် ။

” ဖထီ…. တိုက်ပွဲအခြေအနေ ဘယ်လိုလဲ……။ ပိုပြီး ပြင်းထန်လာမယ့် သဘော ရှိလားဟင်….”

” ဟာ……နော်ဂျူလီယာရယ်…. ရှိတာပေါ့….။ စစ်တပ်ကလည်း အသေအကြေတိုက်မှာဘဲ…..။ သူတို့ မတိုက်လို့လည်း မဖြစ်တော့ဘူးလေဟာ…..။ ငါတို့ဘက်ကလည်း ချမှာဘဲ….။ နင်တို့ ဒီမှာ မနေသင့်တော့ဘူး…။ နင်တို့အိမ် ဗုံးထိ မီးလောင်လိမ့်မယ်…။ နင်တို့ ပုသိမ်ဖက် ပြေးကြတော့လေဟာ…..”

” ဟုတ်ကဲ့ ဖထီ….။ ကျမလည်း သောမတ်စ်တို့နဲ့ တိုင်ပင်နေပါတယ်…။ မကြာခင်…. ပြေးကြမှာပါ……”

” ဟာ… ပြေးစရာရှိ မြန်မြန်ပြေး…..။ စစ်ပွဲဆိုတာ ပြောမရဘူး…..။ အသေအကြေ ဆော်ကြတော့မှာ….”

” ဟုတ်ကဲ့ ဖထီ…..။ ကဲ ဒီမှာ ထမင်းထုပ်တွေ….။ ဟင်းတော့ မကောင်းဘူး….. ဗိုက်ပြည့်ဖို့ဘဲလေ…။ ထမင်းနဲ့ ငပိချက်.. ဘဲဥကြော်…… လုပ်ပေးလိုက်တယ်……”

” ကျေးဇူးဘဲ နော်ဂျူလီယာ…။ ဘုရားသခင် ကောင်းကြီးပေးပါစေ……။ သွားလိုက်ဦးမယ်….”

နော်ဂျူလီယာလည်း တံခါးကို ပြန်ပိတ်ပြီး ရင်ဘတ်ကို လက်နဲ့ဖိရင်း ( တော်ပါသေးရဲ့…..) လို့ တီးတိုးရေရွတ်လိုက်သည် ။

ညနေဖက် ထမင်းစားကြတော့ နော်ဂျူလီယာက စောဆနဲ့ နော်ဖောဖောကို ဒီအိမ်ကို စွန့်ခွာကြရမယ်လို့ စပြောလိုက်သည် ။ စောဆလည်း တတ်နိုင်ရင် ဒီအိမ်ကနေ မသွားချင်ဘူး အန်တီရယ် လို့ ပြောသည် ။ နော်ဂျူလီယာက

” တိုက်ပွဲတွေက တအားကြီး ပြင်းလာလိမ့်မယ် ဖိုးမူ…။ ဒို့တွေ သေလိမ့်မယ် ကြားညပ်ပြီး…..။ ဒို့တတွေ မြစ်ဝကျွန်းပေါ်ကို ပြေးကြရမယ်…..”

လို့ ထပ်ပြောလိုက်သည် ။

” မပါမဖြစ် ပစ္စည်းလေးတွေ ထုပ်ကြပိုးကြ…..။ အဲဒီကို ပြေးဖို့တောင် လွယ်တာမဟုတ်ဘူး …။ ကန်လမ်းက ဒေါ်မတေးလ်ဒါတို့မိသားစုကို သွားပြီး အကူအညီတောင်းရဦးမှာ…..။ အဲဒီကို ကန်လမ်းကို သွားဖို့တောင် မလွယ်ဘူး….။ ဒီအိမ်ကနေ အဲ့ကို ရောက်ဖို့ လမ်းခရီးမှာ ကတုတ်ကျင်းတွေ သံစူးကြိုးတွေ စစ်သားတွေကို ဖြတ်သန်းသွားရမှာမို့ သောမတ်စ်တို့နဲ့ ပြောကြည့်ရဦးမှာ ….”

သူတို့သည် ဒီကနေ ပြေးကြဖို့ တိုင်ပင်နေကြတာနဲ့ မြေတိုက်ခန်းထဲက စစ်သားကြီးကို ညနေစာ ကျွေးဖို့ကိုတောင် မေ့နေကြသည် ။

ထွန်းအုံသည် ဒဏ်ရာတွေ ပျောက်ချင်လှပြီ ။ ကိုယ့်တပ်ဆီ ကိုယ်ပြန်ပြီး မပြီးပြတ်သေးတဲ့ တိုက်ပွဲကို ဝင်နွှဲချင်သည် ။ မိမိ သေဆုံးပြီလို့ တိုက်ဖေါ်တိုက်ဖက်တွေနဲ့ အထက်ဗိုလ်တွေက ထင်နေကြမှာဘဲလို့လည်း တွေးနေမိသည် ။ ဗိုက်ထဲက တဂွီဂွီနဲ့ မြည်နေသည် ။ အစားတောင်းနေတဲ့ ကိုယ့်ဗိုက်ကိုယ်ကို ကျိန်ဆဲလိုက်မိသည် ။ အလိုက်မသိတဲ့ ဗိုက် ။ စစ်မြေပြင်ထဲ တနေရာမှာ ရောက်နေလည်း အစားတောင်းနေလို့ ။

အပေါ်ထပ်က ကယ်တင်ရှင် မမလေးတွေလည်း ဘာတွေ အလုပ်များနေကြသလဲ မသိဘူး ။ ထမင်း လာမပို့ပေးသေးဘူး ။ သူ့ခြေကလည်း မကောင်းသေးတော့ အပေါ်ထပ်ကို လှေခါးကနေ တက်သွားပြီး ထမင်းတောင်းစားဖို့က မဖြစ်နိုင်သေး ။

ထွန်းအုံသည် သူ ဒီလို ဖြစ်ပျက်လိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထား ။ ဒဏ်ရာရလိမ့်မည် ကျည်ထိမှန်လိမ့်မည်လို့ မမျှော်လင့်ထား။ အရင် တိုက်ပွဲတွေတုန်းက ဘယ်လောက် ကျည်တွေဟာ ပျားပိတုံးကောင်တွေလို တဝီးဝီးနဲ့ ကိုယ့်ဖက်ကို လာနေပေမယ့် မကြောက်မရွံ့ နောက်မတွန့်ဘဲ ရဲရဲဝန့်ဝန့်နဲ့ ပြေးတက်ခဲ့ပေမယ့် ဘာမှ မထိမခိုက်ခဲ့ဘူးလေ ။

ချောချောလှလှကောင်မလေး စောဆသည် ရုပ်ချောလှသလိုဘဲ စိတ်ထားလေးက ဖြူစင်လွန်းသည် ။ စောဆက သတိလစ် လဲနေတဲ့ သူ့ကို အတင်းကြီး ကယ်ချင်ပြီး အိမ်ထဲကို ဆွဲသွင်းလို့ နော်ဖောဖောက စောဆကို မလွန်ဆန်နိုင်ဘဲ ကူရတဲ့အတွက် သူသည် အခုလို အသက်ချမ်းသာရာရနေရတာပါ ။

ခြေသံလေး တဖျတ်ဖျတ် ကြားရသလို မြေတိုက်ထဲကို ဆင်းတဲ့ လှေခါးထိပ်က တံခါးကို ဂျက်ဖွင့်သံကိုလည်း ကြားလိုက်ရသည် ။ ဟော… တစ်ယောက်ယောက် ဆင်းလာတော့မယ် ..။ လှေခါးထစ်တွေကို နင်းဆင်းလာတဲ့ အသံတွေ တကျွိကျွိ ကြားရသည် ။ ဘယ်သူလာသလဲ….။ သူ့ဆီကို လင်ပန်းလေးနဲ့ ရောက်လာတဲ့ စောဆ ။ စောဆကိုယ်တိုင် ထမင်းလာပို့ပါလား ။ စောဆရဲ့ အပြုံးလေးကို ထွန်းအုံ ရလိုက်သည် ။

” အစ်ကို့အတွက် ထမင်းလာပို့တာ….။ နောက်ကျသွားတာ ခွင့်လွှတ်နော်…။ ညီမတို့တတွေ အလုပ်တွေ နည်းနည်းများနေလို့….”

“ကျနော့်အတွက် ဒုက္ခပိုနေကြပြီ ထင်တယ်…. အားနာပါတယ်ဗျာ…..”

” မဟုတ်ဘူး….. မဟုတ်ဘူး… အစ်ကို့ကြောင့် အလုပ်များတာ မဟုတ်ဘူး…..။ စောဆတို့ ဒီကနေ ရွှေ့ကြဖို့ တိုင်ပင်နေကြလို့ ထမင်းပို့ဖို့ မေ့နေကြတာ….။ အခုလည်း အန်တီဂျူလီယာနဲ့ နော်ဖောတို့ ကန်လမ်းကို သွားကြတယ်….။ ကျမတို့ ပုသိမ်ဖက်ကို ပြေးကြဖို့ ပြင်ဆင်နေကြတာ….”

” ဪ…..”

” ကဲ.. စားလိုက်ဦး အစ်ကို…… ထမင်းဟင်းလေး ပူတုန်း……”

ထွန်းအုံလည်း တအားလှတဲ့ စောဆကို ငေးမောနေမိသည် ။ စိတ်ထဲမှာလည်း ဒီကောင်မလေးကို သဘောကျနေသည် ဆိုတာကို ထပ်မံ အတည်ပြုလိုက်သည် ။ ငါ..ငါ…. ဒီကောင်မလေးကို ချစ်နေမိပြီ… လို့ သိလိုက်သည် ။ မဖြစ်နိုင်တာတွေကို ငါ လုပ်နေတာဘဲလို့လည်း တဆက်တည်း တွေးလိုက်မိသည် ။ သူနဲ့ ငါ့ဘဝက ပြဒါးတလမ်း သံတလမ်း ဆိုသလိုဘဲ ထွန်းအုံ…. မချစ်နဲ့…မချစ်နဲ့…. ခေါင်းထဲက ထုတ်ပစ်လိုက်…. လို့လည်း သူ့ဖာသာ ပြောဆိုနေမိသည် ။ ထမင်းစားရင်း

” ကောင်းတယ်…. ညီမ… ဒီကနေ ရွှေ့လိုက်တာ…..။ မကြာခင် အစ်ကိုတို့ အကြီးအကျယ် စစ်တိုက်ကြတဲ့အခါ ညီမတို့အိမ်က စစ်မြေပြင်ထဲ အလယ်ခေါင်မှာ ဖြစ်နေလိမ့်မယ်……”

လို့ ပြောလိုက်သည် ။ စောဆသည် ထွန်းအုံ ထမင်းစားပြီးတာတောင် အပေါ်ထပ်ကို ပြန်တက်မသွားသေးဘဲ ထိုင် စကားပြောနေသည် ။ ထွန်းအုံလည်း နှုတ်ခမ်းရဲရဲ လှလှလေးနဲ့ အသံဝဲတဲတဲနဲ့ သူပန်းချီဆွဲတဲ့အကြောင်းတွေကို ကလေးတစ်ယောက်လို ပြောပြနေတဲ့ စောဆလေးကို မဖြစ်နိုင်မှန်း သိရက်နဲ့ အချစ်စိတ်တွေ ပွားများလို့နေသည် ။

” အစ်ကို တကယ် ကျေးဇူးတင်တာပါ…။ တနေ့ စစ်ပွဲတွေ ပြီးသွားတဲ့အခါ အစ်ကို စောဆတို့ကို ပြန်လာတွေ့မယ်…..။ ကျေးဇူး ဆပ်မယ်….”

လို့ ထွန်းအုံ ပြောလိုက်တော့ စောဆက

” မလိုပါဘူး.. အစ်ကို…။ အစ်ကို အဆင်ပြေပါစေ… ထိခိုက်ဒဏ်ရာ မရပါစေနဲ့ ဆိုတာကို စောဆ အမြဲ ဆုတောင်းပေးနေမယ်..”

လို့ ပြောလေသည် ။

ကန်လမ်းဖက်ကို စောသောမတ်စ်တို့ အကူအညီနဲ့ သွားလိုက်တဲ့ နော်ဂျူလီယာ နဲ့ နော်ဖောဖောတို့သည် ညနေပိုင်းမှာ ထိုးစစ်ဆင်လာတဲ့ အစိုးရစစ်တပ်တွေကြောင့် အိမ်ကို ပြန်လာလို့ မရတော့ပါ ။ ကျမ်းစာသင်ကျောင်း တဝိုက်မှာ ပြင်းပြင်းထန်ထန် ပစ်ခတ်မှုတွေ ဖြစ်ပွားသလို ရေတပ်က ပစ်ခတ်တဲ့ အမြောက်ကျည်ဆံတွေက အင်းစိန်မြို့ထဲကို တဒုန်းဒုန်းနဲ့ ထိမှန်ပေါက်ကွဲနေသည် ။ စောဆကိုယ်တိုင်လည်း ထွန်းအုံ ရှိနေတဲ့ မြေတိုက်ခန်းထဲကို ဆင်းနေရသည် ။ သူတို့အိမ်ကြီးရဲ့ ခေါင်မိုးကို ကျည်ဆံတွေ တဖေါက်ဖေါက်နဲ့ ထိမှန်လာသလို ပြူတင်းပေါက်မှန်တွေလည်း တခွမ်းခွမ်းနဲ့ ကွဲထွက်နေတာမို့ စောဆလည်း မြေတိုက်ခန်းထဲကို ဆင်းပြေးသွားခဲ့ရတာ ။ ထွန်းအုံသည် စောဆကို

” အစ်ကိုပြောသားဘဲ… ညီမလေးတို့ အိမ်ကြီးက စစ်ပွဲတိုက်ပွဲရဲ့ အလယ်မှာ ရှိနေတာ…..။ ညီမလေးတို့ ဒီအိမ်ကြီးကို စွန့်ခွာဖို့ ဆုံးဖြတ်တာ နည်းနည်း နောက်ကျနေတယ်လို့ အစ်ကိုတော့ ထင်မိတာဘဲ …”

လို့ ပြောလိုက်သည် ။ စောဆလည်း

” ဟုတ်တယ် အစ်ကို…..။ အန်တီဂျူလီယာက ပြေးကြဖို့ ပြောပါတယ်…။ စောဆရဲ့ မိဘတွေကလည်း အိမ်ကြီးကို ထားခဲ့ပြီး မြစ်ဝကျွန်းပေါ်ကို ပြေးကြဖို့ ပြောခဲ့ပါတယ်……။ စောဆက ဒီမှာဘဲ နေချင်လို့..။ စောဆရဲ့ အပြစ်ပါ….”

လို့ မျက်ရည်ဝဲပြီး ပြောလိုက်ပါသည် ။ ထွန်းအုံလည်း သူတို့တပ်တွေ ရခိုင်ပြည် မောင်းတောမှာ မူဂျာဟစ်သူပုန်တွေနဲ့ တိုက်ခဲ့တဲ့ တိုက်ပွဲတွေအကြောင်းကို စောဆကို ပြောပြသည် ။ ရန်ကုန်မြို့ကို ကာကွယ်ဖို့ မောင်းတောကနေ လေယာဉ်နဲ့ လာကြတော့ သူတို့ တပ်မှူးက

” လေးရက်နဲ့ အင်းစိန်မြို့ထဲမှာ ဈေးဝင်ဝယ်ကြမည်”

လို့ ပြောခဲ့ပေမယ့် တကယ်တမ်း တိုက်တော့ လက်နက်လည်းကောင်း တိုက်ရည်ခိုက်ရည်လည်းကောင်းပြီး နေရာကောင်းတွေကို ခြေကုပ်ယူထားတဲ့ ကရင်တပ်တွေရဲ့ တိုက်အားက ပြင်းထန်လို့ အခုထိ အကျအဆုံးများပြီး ကြန့်ကြာနေသည်လို့ ပြောပြသည် ။

စောဆလည်း စစ်ပွဲတွေ ပြီးစေချင်သည်…။ တစ်ယောက်နဲ့တစ်ယောက် သဘောထား မတိုက်ဆိုင်လို့ စစ်တိုက်ကြတဲ့အတွက် နှစ်ဖက်စစ်သားတွေအပြင် အရပ်သားတွေပါ ထိခိုက်သေကြေကြရတာ စိတ်မကောင်းစရာဘဲလို့ ညည်းသလို ပြောလိုက်ပြီး အပေါ်ထပ်ကို တက်ပြီး ငှက်ပျောသီးဖီးကြမ်းတွေနဲ့ ထညက်ခဲတွေကို ယူလာပြီး ထွန်းအုံကို ကျွေးသည် ။

” အန်တီဂျူလီယာတို့တော့ ပြန်လာလို့မရဘူး ထင်တယ် အစ်ကို…..”

” သေချာတာပေါ့ ညီမလေးရယ် . . .။ ဗုံးဆန်တွေက တအုံးအုံးနဲ့ ကျကွဲနေတာ……..။ စစ်မြေပြင်ကြီးထဲ ဘယ်လိုလာလို့ ရပါ့မလဲ……။ မနက်ကြလို့ စစ်ပွဲတွေ ငြိမ်သွားတဲ့အခါ သူတို့ ပြန်လာပါလိမ့်မယ်….. စိတ်မပူနဲ့….. ညီမလေး . . .”

စောဆတို့ အိမ်ကြီးသည် နှစ်ဖက် ပစ်ခတ်နေတဲ့ကြား ခလယ်မှာ ရှိနေတာကြောင့် ခေါင်မိုးကို ကျည်ဆံတွေ တဖေါက်ဖေါက်နဲ့ ထိမှန်သံတွေ ကြားနေရသည် ။ ပြူတင်းပေါက်မှန်တွေလည်း တခွမ်းခွမ်း ကွဲနေသည် ။ တချက်တချက် အိမ်ကြီးတစ်ခုလုံး သိမ့်သိမ့်တုန်သွားအောင် ဗုံးထိမှန်တာတွေက နီးကပ်လွန်းသည် ။

ဆန့်ကျင်ဖက်ယောက်ျားနဲ့ မထိတွေ့ဖူးတဲ့ စောဆသည် ထွန်းအုံနဲ့ ပတ်သက်လို့ စိတ်လှုပ်ရှားမိရတာ အရမ်းပါ ။ ထွန်းအုံကို ဘုရားသခင်ကများ ငါ့ဆီကို စေလွှတ်လိုက်လေသလား… သူဟာ ငါ့ဖူးစာရှင်များလားလို့ အပျိုပေါက်မလေးပီပီ စိတ်ကူးတွေ ယဉ်လိုက်မိသည် ။ ထွန်းအုံမှာလည်း နတ်မိမယ်လေးလို ဖြူနုချောလှတဲ့ စောဆလေးကို အခုလို နီးစပ် ပတ်သက်မိရတာကို ရင်တွေခုန် စိတ်တွေ ပြင်းပြင်းထန်ထန် လှုပ်ရှားမိနေသည် ။ စောဆနဲ့ ခွဲခွာရမှာကို စိတ်ထဲ ဝေဒနာ ခံစားမိနေသည် ။ တတ်နိုင်ရင် ဒီအချောအလှလေးနဲ့ မခွဲချင်တော့ဘူး ။ ဒါပေမယ့် သူသည် တိုင်းပြည်အတွက် အသက် စွန့်လှူထားတဲ့ စစ်သားတစ်ယောက် ။ မိသားစု ချစ်သူနဲ့ ခွဲခွာခြင်းဆိုတာ သူတို့ စစ်သားတွေ အတွက်က မဆန်း ။

” စောဆ … ”

” အစ်ကို…ဘာလိုလဲဟင် …”

” အစ်ကိုလိုနေတာ တကယ်ပြောရမလား…”

” ပြောလေ…စောဆ ဘာလုပ်ပေးရမလဲ…..”

” အစ်ကို လိုနေတာ…စောဆ…..လေ….”

” ဟင်…..ဘာ….စောဆ……အစ်ကိုက နောက်ပြောင်နေပြန်ပြီ …”

” တကယ်ပြောတာ…အစ်ကိုလေ.. စောဆနဲ့ ခွဲမသွားချင်တော့ဘူး…..”

” အစ်ကိုရယ်….. အစ်ကိုက အစ်ကိုတို့ တပ်ဆီကို ပြန်ရဦးမှာ မဟုတ်လား…။ စောဆတို့လည်း ပုသိမ်ကို ထွက်ပြေးကြရမှာ…..”

” စောဆနဲ့ အစ်ကို စစ်ပွဲပြီးရင် ပြန်ဆုံချင်တယ် …”

ထွန်းအုံက အရဲစွန့်ပြီး စောဆရဲ့ လက်ကလေးကို ဆုပ်ကိုင်လိုက်သည် ။

” ဒါကတော့ ဘုရားသခင် စီမံရာဘဲ အစ်ကို…..။ ဘာတွေဖြစ်လာမယ် ဆိုတာ စောဆတို့လည်း ကြိုတင်မသိကြဘူးလေ . .”

” ဟုတ်ပါတယ် ညီမလေးရယ်……။ အစ်ကိုလည်း ညီမလေးနဲ့ မခွဲချင်လို့….”

” စောဆလည်း ဒီလိုပါဘဲ အစ်ကိုရယ်..။ အစ်ကို့ကို သံယောဇဉ် တွယ်မိပါတယ်……။ အစ်ကိုနဲ့ ပြန်တွေ့ချင်ပါတယ်…..။ အစ်ကို့ကို စောဆရဲ့ မိဘနာမည်.. တောင်ငူက လိပ်စာ.. အကုန်ပေးထားမယ်…။ အစ်ကို တနေ့ အေးချမ်းသွားတဲ့အခါမှာ စောဆဆီကို လာခဲ့ပေါ့…”

ဖြူနုချောမွတ်တဲ့ စောဆရဲ့ လက်ကလေးကို ထွန်းအုံ ဆုပ်ထားတာကို စောဆကလည်း မရုန်းဘူး ။

” တကယ်လို့များ အချိန်တွေက ထင်တာထက် ပိုကြာသွားခဲ့ရင် စောဆ အစ်ကို့ကို မေ့များသွားမှာလား”

တိုက်ပွဲတွေ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့တဲ့ စစ်သားကြီးက အသံတုန်တုန်နဲ့ ဝမ်းနည်းတဲ့ လေသံနဲ့ ပြောလာတာကို စောဆ အံ့ဩမိသည် ။ စောဆက

” အစ်ကို့ကို မမေ့သွားပါဘူးလို့ စောဆ ဂတိပေးပါတယ်….. အစ်ကို….”

လို့ ပြန်ပြောလိုက်သည် ။ ထွန်းအုံက

” စောဆကို အစ်ကို ချစ်တယ်….”

လို့ တုန်ရီတဲ့ အသံနဲ့ ပြောလိုက်သည် ။ စောဆရဲ့ မျက်နှာဖြူဖြူလေး နီမြန်းသွားသည် ။ ဒါဟာ စောဆအတွက် ပထမဆုံး ချစ်စကား အပြောခံရတာလေ ။

ဒီအချိန်မှာ လောင်စာခမ်းသွားတဲ့ မီးအိမ်လေးက ဖျတ်ကနဲ ငြိမ်းသွားသည် ။ မှောင်မဲသွားတဲ့ မြေတိုက်ခန်းထဲမှာ ထွန်းအုံနဲ့ စောဆတို့ နှစ်ယောက်ထဲ ။

စောဆ အိပ်မက်တွေ မက်ပြီး လန့်နိုးလာသည် ။ အဝေးဆီက သေနတ်သံတွေ တချက်တချက် ကြားနေရသည် ။ မနေ့ထဲက တိုက်ပွဲတွေ ပြန်ပြီး ပြင်းထန်လာတာကို သတိထားမိသည် ။ ညက မြေအောက်ခန်းထဲမှာ စစ်သားကြီး ကိုထွန်းအုံနဲ့ အမှောင်ထဲမှာ ဖြစ်ခဲ့တာတွေကို စောဆ ပြန်သတိရမိတိုင်း ကြက်သီးတွေ ထရသည် ။

ညက မီးအိမ်လေး ငြိမ်းသွားတဲ့အချိန် သူ…. သူ…. စောဆကို ဖက်သည် ။ နမ်းသည် ။ သူ အရမ်းချစ်တယ်လို့ တတွတ်တွတ် ပြောသလို သူ့ကို ပြန်ချစ်ပါ လို့ ပြောသည် ။ သူ့ကို ချစ်ပါတယ်လို့ ပြန်မပြောသေးဘဲ စောဆ နဖူးလေးကို သူ နမ်းလိုက်၊ ပါးလေးကို နမ်းလိုက် လုပ်နေတာက မကဲလွန်းဘူးလား ။

စောဆလည်း သူ့ရင်ခွင်ထဲကနေ ရုန်းထွက်လိုက်ပြီး မှောင်မဲမဲထဲမှာဘဲ လှေခါးကနေ အပေါ်ကို ပြေးတက်ခဲ့မိသည် ။ အမှောင်ထဲမှာမို့ ခလုပ်တိုက်လဲသေးသည် ။ အိပ်ရာထဲမှာ ရင်တွေခုန်တာ မြန်လွန်းလို့ အကြာကြီး လှဲနေရသည် ။ ယောက်ျားတစ်ယောက်ရဲ့ အဖက် အနမ်းကို ပထမဆုံး ကြုံဖူးတာလေ ။ စောဆလည်း သူ့ကို ချစ်မိသလား ဝေခွဲလို့ မရဘူး ။ သူ့ကို သံယောဇဉ် ဖြစ်မိတာတော့ အမှန်ဘဲ ။ သူ့ကို ကရင်စစ်သားတွေ သတ်လိုက်မှာကို စိုးရိမ်မိသလို သူ နေပြန်ကောင်းသွားပြီး သူ့တပ်ဆီကို ပြန်သွားခဲ့ရင် သူနဲ့ ထပ်မတွေ့ရတော့မှာကိုလည်း တွေးမိပြီး စိတ်ထဲမှာ ဝမ်းနည်းသလိုဘဲ ။

သူ့ကို ရင်ခုန်မိတာတွေထဲ သူ ရောက်လာခါစ သတိမေ့နေတဲ့အချိန် ရွံ့တွေ ရေတွေ ပေစိုနေတဲ့ သူ့ယူနီဖေါင်းတွေကို ချွတ်ပစ်ကြရတော့ သူ့ယောက်ျားတန်ဆာကြီးကိုလည်း မြင်ဖူးခဲ့ရတာကြောင့်လည်း ပါမည်ထင်သည် ။ စောဆရော နော်ဖောရော ယောက်ျားတစ်ယောက်ရဲ့ တန်ဆာကို မြင်ဖူးခဲ့တာ မဟုတ်ဘူးလေ ။ တော်တော်နဲ့ အိပ်လို့ မရဘူး ။ လူးလိုက်လှိမ့်လိုက် ထထိုင်လိုက် ရေထသောက်လိုက်နဲ့ ။

စောဆ ဒီလိုဖြစ်နေသလိုဘဲ မြေအောက်ခန်းထဲက ထွန်းအုံလည်း တော်တော်နဲ့ အိပ်လို့ မပျော်နိုင်ပါဘူး ။ စောဆကို ဖက်နမ်းပြီး ပြန်ချစ်ဖို့ တတွတ်တွတ်နဲ့ တောင်းခံမိခဲ့တာတွေ စောဆ အပေါ်ထပ်ကို တက်ပြေးသွားတာတွေက မျက်စိထဲမှာ ပြန်မြင်ယောင်နေမိတာ အကြိမ်ကြိမ်ဘဲ ။ အမှောင်ထုထဲမှာ စောဆလေးကို တင်းတင်းကြပ်ကြပ် ဖက်လိုက်ရတာတွေ နဖူးလေးနဲ့ ပါးမွတ်မွတ်လေးကို နမ်းခဲ့ရတာတွေက ထွန်းအုံကို ရင်တွေခုန်စေတာ တညလုံးဘဲ ။

စောဆ အိပ်ရာကထ မျက်နှာသစ် သွားတိုက်ပြီး မီးဖိုခန်းထဲ ဝင်ပြီး ဆန်ပြုတ်ပြုတ်သည် ။ ရေနွေးတည်သည် ။ ကိုထွန်းအုံကို ဆန်ပြုတ် သွားပို့ပေးချင်ပေမယ့် ညက ဖြစ်ထားတာတွေကြောင့် ရှက်စိတ်က ပိုနေသည် ။ သူနဲ့ မျက်နှာချင်းဆိုင်ရမှာကို ရှက်နေသည် ။ ကြောက်နေသည် ။ အန်တီဂျူလီယာနဲ့ နော်ဖောတို့လည်း တိုက်ပွဲတွေကြောင့် အိမ်ကို ပြန်လာလို့ မရတော့ဘူး ။ သူနဲ့ စောဆနဲ့ နှစ်ယောက်ထဲ ။ ဒီအတိုင်းဆိုရင် သူ စောဆကို ထပ်များ နမ်းလာဦးမလား ။ စောဆလည်း သူ့အနမ်းတွေကို သာယာမိခဲ့သလား ။ ဘာဘဲဖြစ်ဖြစ် လမ်းမလျှောက်နိုင်ဘဲ အိပ်ရာထဲနေနေရတဲ့ သူ့ကို ဆန်ပြုတ်သွားပို့ရမှာဘဲ ။

ဆန်ပြုတ်ပန်းကန်နဲ့ ကော်ဖီကြမ်း တစ်ခွက်ကို လင်ပန်းနဲ့ထည့်ပြီး မြေအောက်ခန်းကို ဆင်းခဲ့လိုက်သည် ။ ထွန်းအုံက

” စောဆ…..”

လို့ ဝမ်းသာအားရ ခေါ်လိုက်သည် ။ စောဆက လင်ပန်းလေးကို ကုတင်ပေါ် ချလိုက်ပြီး တကျိုးထဲ ပြန်လှည့်သွားဖို့ ပြင်သည် ။

” နေပါဦး…စောဆရယ်…..။ အစ်ကို့ကို စိတ်ဆိုးသွားတာလား…..”

လို့ ထွန်းအုံက ပြောလိုက်ပြီး ကုတင်ပေါ်ကနေ ထဖို့ ကြိုးစားလိုက်သည် ။

” အိုး..ကျွတ်ကျွတ်……”

ထွန်းအုံရဲ့ ခြေထောက်က ထောက်လို့ မရသေးဘူး ။ စောဆလည်း သူ့ကို လှည့်ကြည့်သည် ။

” ဟင်.. စောဆ…. အစ်ကို့ကို စိတ်ဆိုးလားဟင်….. ညက….”

စောဆက ခေါင်းခါပြသည် ။

” ခြေထောက်က နာနေသေးတာလား….”

” ဟုတ်တယ်…. စောဆ….. ထောက်လို့ မရသေးဘူး . . .”

ဒီအချိန်မှာ ဂျိမ်းကနဲ အသံကြီးနဲ့ သူတို့ ရှိနေတဲ့ မြေအောက်ခန်း တစ်ခုလုံး တုန်ခါသွားသည် ။ မော်တာဗုံးတစ်လုံး အနီးကပ်ကျတာ ဖြစ်မည် ။ စောဆလည်း

” အမေ့…”

ဆိုပြီး ယောင်လိုက်ရင်း ထွန်းအုံကို ဖက်လိုက်မိသည် ။ ထွန်းအုံရဲ့ ရင်ခွင်ထဲကို ရုတ်တရက် ရောက်သွားတဲ့ စောဆ ။ ထွန်းအုံက သန်မာတဲ့ သူ့လက်ကြီးတွေနဲ့ ဖက်သိုင်းထားလိုက်သည် ။

” အစ်ကို့ကို စိတ်မဆိုးနဲ့နော်…. ချစ်လို့ နမ်းမိတာ…. တကယ်ချစ်တာပါ…. ကလေးရယ်….။ အစ်ကိုလေ စောဆကို တသက်လုံး မခွဲဘဲ လက်ထပ်ချင်တယ် သိလား…..”

ထွန်းအုံရဲ့ ရင်ခွင်ထဲကနေ မရုန်းဘဲ ငြိမ်နေမိတဲ့ စောဆရဲ့ မျက်နှာအနှံ့ကို ထွန်းအုံ အနမ်းမိုးတွေ ရွာချပြန်ပြီ ။

” ပြော….အစ်ကို့ကို ချစ်တယ်လို့…..”

စောဆက မျက်လုံးတွေကို ပိတ်ထားပြီး သူပြောခိုင်းတာကို မပြောဘူး ။ ထွန်းအုံက မရုန်းကန်တော့ဘဲ ငြိမ်နေတဲ့ စောဆရဲ့ နှုတ်ခမ်းလှလှလေးတစ်စုံကို သူ့နှုတ်ခမ်းကြီးတွေနဲ့ ဖိကပ် စုပ်ယူလိုက်သည် ။

စောဆသည် သူ့ရင်ခွင်ထဲမှာ သူပြုသမျှကို နုနေမိသည် ။ ငြိမ်ပြီး ခံယူနေမိသည် ။ သူ့အနမ်းတွေ သူ့အကိုင်အတွယ် အထိအတွေ့တွေကို သာယာနေမိသည် ။ ထွန်းအုံသည် စောဆကို သူ အချစ်စစ်နဲ့ ချစ်မိနေသည်။ အထိအတွေ့က အဓိက မဟုတ်လို့ ထင်ခဲ့မိပေမယ့် ဒီလောက်လှပြီးတဲ့ စိုပြေဝင်းဖန့်နေတဲ့ ကောင်မလေး တစ်ယောက်ကို သူ မနမ်းဘဲ မကိုင်ဘဲ မနေနိုင် ။ အချစ်သန့်သန့်လေးနဲ့ နဖူးလေးကိုဘဲ နမ်းမည်လို့ စိတ်ကူးထားတာတွေက စောဆလည်း သူ့ရင်ခွင်ထဲကို ရောက်လာရော မနေနိုင်တော့ဘဲ တကိုယ်လုံးကို ပွတ်သပ်ကိုင်တွယ်မိတော့သည် ။ စောဆကလည်း သူ့ကို ကြည်ဖြူတာကိုး ။ သူလုပ်သမျှကို ငြိမ်လို့ ခံယူနေတော့ စောဆရဲ့ ဘလောက်စ်လေးရဲ့ နှိပ်ကြယ်သီးတွေကို တထောက်ထောက်နဲ့ ဖြုတ်ပစ်လိုက်မိပြီး ရင်စည်းလေးပေါ်ကို လျှံထွက်နေတဲ့ ရင်မို့မို့ရဲ့ အပေါ်ပိုင်းတွေကို နမ်းရှုံ့နေမိသလို ခါးသေးသေးလေးရဲ့ အောက်ဖက်က တင်ပါးအိအိတွေကိုလည်း လက်ဖဝါးကြီးနဲ့ ဆုပ်နယ်နေမိသည် ။

” ချစ်လားဟင်….”

ထွန်းအုံရဲ့ အမေးကို ခေါင်းလေးညှိမ့်ပြီး ဖြေလိုက်တဲ့ စောဆရဲ့ နှုတ်ခမ်းဖေါင်းဖေါင်းအိအိလေးတွေသည် စိတ်လှုပ်ရှားမှုကြောင့် တဆတ်ဆတ် နဲ့ တုန်နေသည် ။

” အို… စောဆရယ်….. မင်းကို တအားချစ်တယ်…. ချစ်မိတယ်…. မင်းနဲ့ တသက်လုံး ပေါင်းချင်တယ်…..”

တတွတ်တွတ်ပြောနေတဲ့ ထွန်းအုံသည် စောဆကို နမ်းလို့ မဝ ။ စောဆရဲ့ ဘော်လီရင်စည်းလေးကို ချွတ်ဖို့ ကြိုးစားလိုက်တော့ စောဆက

” ခဏ ”

လို့ တိုးတိုးလေး ပြောလိုက်ရင်း ဘော်လီကို ချွတ်ပေးလိုက်သည် ။

” အို…အချစ်ရယ်…… သိပ်လိမ္မာ အလိုက်သိတဲ့ ကလေး…..”

ထွန်းအုံသည် တသက်မှာ ပထမဆုံး တွေ့ဖူးတဲ့ ရင်သားတစ်စုံကို အံ့ဩတုန်လှုပ်စွာနဲ့ ငေးမောရင်း လက်ချောင်းတွေနဲ့ ဖွဖွလေး ထိကြည့် ကိုင်ကြည့်လိုက်သည် ။ သူကိုင်လိုက်တဲ့အချိန် စောဆရဲ့ မျက်လုံးလေးတွေက ပိတ်ကျသွားသည် ။ ပါးစပ်လေး မဟတဟနဲ့

” အို ”

လို့ တိုးတိုးလေး အသံလေး ထွက်သည် ။ ရင်သီးလေးတွေက နီနီရဲရဲလေးတွေ ။ အသားက ဖွေးဖွေးဖြူနေသည် ။ ထွန်းအုံ ဖွဖွလေး နမ်းမိသည် ။ စောဆရဲ့ ထမိန်လေးကလည်း ပြေလုလု ။ ကျွတ်ခါနီး လျော့ရည်းရည်း ။ ဗိုက်သားဝင်းဝင်းလေး ပေါ်နေတာက ထွန်းအုံအတွက် အချစ်စိတ်ဒီရေတွေ ပိုတက်စေသည် ။

” ချစ်တယ် အချစ်ရယ်….. အစ်ကို သိပ်သိပ်ချစ်တယ်….”

သူ့လက်တဖက်က စောဆရဲ့ ထမိန်ထဲကို မြက်ရှောမြွေတစ်ကောင်လို တိုးဝင်သွားသည် ။ ချစ်သူရဲ့ ဖုံးကွယ်ထားတဲ့ အတွင်းသားလေးတွေကို သူ့လက်ဖဝါးနဲ့ လက်ချောင်းတွေက ထိတွေ့မိတဲ့အခါ ထွန်းအုံရဲ့ သွေးသားတွေ အရမ်းကို ဆူကြွလာသည် ။ စောဆသည် သူ့ကို ချစ်မိသွားသည် ။ သူမေးတော့ ချစ်တယ်လို့လည်း ခေါင်းညှိမ့်ပြခဲ့သည် ။ သို့သော် အခုလို အဆုံးစွန်အထိ တဖြည်းဖြည်း တိုးလာတဲ့ လုပ်ရပ်တွေကို ကြောက်သလိုလို ဖြစ်မိပြီး မိမိ မိန်းမကိုယ်အပေါ်မှာ ခြယ်လှယ်နေတဲ့ သူ့လက်ကို ကြောက်လန့်တကြား တွန်းဖယ်မိသည် ။ အမေဖြစ်သူ ပြောဆို ဆုံးမခဲ့တာတွေကို ရုတ်တရက် ပြန်လည် ကြားယောင်မိသည် ။

လက်ထပ်တဲ့အချိန်အထိ ယောက်ျားနဲ့ စောင့်စည်းဖို့ ဆိုတာ ။ အချိန်မတန်ဘဲ ကိုယ်ဝန်ရတတ်သည်……။ မိဘမျက်နှာကို အိုးမဲမသုတ်ဖို့ သတိထားပါ ဆိုတာတွေရော ။

ထွန်းအုံရဲ့ လက်ကြီးက အကွဲကြောင်း နှုတ်ခမ်းသားထူထူလေးတွေကို ပွတ်သပ် ဆော့ကစားနေလို့ ကာမရှေ့ပြေး စောက်ရည်ကြည်တွေ အရမ်း ယိုစီးထွက်ကျနေရသည်လေ ။ ဒီအတိုင်းဆိုရင် သူ သတိမေ့နေတုန်းက တွေ့ဖူးခဲ့တဲ့ သူ့အတန်ချောင်းကြီးနဲ့ ကိုယ့်အကွဲကြောင်းနဲ့ ပေါင်းစည်းသွားတော့မှာမို့ ကာမရေယာဉ်ကြောထဲ မျောပါနေရာက သတိဝင်ပြီး သူ့ကို တွန်းထုတ်ဖို့ ကြိုးစားလိုက်တာပါ ။ ဒါပေမယ့် ထွန်းအုံက စောဆကို ဖက်ထားတာကို မလွှတ်ဘဲ သူ ဘယ်လောက် ချစ်တယ် လက်ထပ်ယူမယ် ဆိုတာတွေကို တတွတ်တွတ် ပြောတော့ စောဆလည်း ကြည်နူးကျေနပ်နေရင်း သူ့ကို ပြန်ဖက်ထားလိုက်သည်။

ထွန်းအုံက ကော့တင်းလုံးကြွနေတဲ့ စောဆရဲ့ ရင်သားစိုင် နှစ်မွှာကို ပြန်နမ်းရင်း ပြေကျွတ်နေတဲ့ ထမိန်ကို ဆွဲချွတ်ပစ်လိုက်သည် ။

အို . . .

အဝတ်မဲ့သွားတဲ့ ကိုယ်အောက်ပိုင်းကို အငမ်းမရ ငေးကြည့်နေတဲ့ ထွန်းအုံကြောင့် စောဆလည်း ရှက်စိတ်ဝင်လာပြီး မိမိရဲ့ ပေါင်ကြားဂွဆုံနေရာကို လက်ကလေးနဲ့ ယှက်ကာလိုက်ပြီး

“မကြည့်နဲ့ကွယ်…ရှက်တယ်……”

လို့ ပြောလိုက်သည် ။ ထွန်းအုံက

“သိပ်လှလွန်းလို့ စောဆရယ်……”

လို့ ပြောရင်း နှုတ်ခမ်းလေးတွေကို သူ့နှုတ်ခမ်းတွေနဲ့ ဖိကပ် စုပ်ယူရင်း ကုတင်ပေါ်ကို လှဲချလိုက်သည် ။ စောဆက အောက်က.. ထွန်းအုံက အပေါ်က ..။

ထွန်းအုံရဲ့ ပေါင်ကြားက ရှည်လမျော တုတ်ခဲခဲ အတန်ကြီးက စောဆရဲ့ အဝတ်မဲ့နေတဲ့ ပေါင်တန်တဖက်ကို ထိုးမိနေသည် ။ ပူနွေးနွေး အတန်ချောင်းကြီး လာထိမိထိုးမိတာကို စောဆ သတိထားမိသည် ။ မရဲတရဲနဲ့ အောက်ဖက်ကို ငုံ့ကြည့်လိုက်သည် ။ ဘုရား ဘုရား….. သူ သတိမေ့နေတုန်းက ပေါင်ကြားမှာ တွေ့ဖူးရတဲ့ အတန်ကြီးဟာ အခုတော့ ဧရာမကြီး ကြီးထွားပြီး မာတောင့်နေတာကို စောဆ တွေ့လိုက်ရသည်။

” အို ”

ထွန်းအုံက လုံးတင်းနေတဲ့ ရင်သားနှစ်မွှာကို နှာခေါင်းနဲ့ နမ်းသလို နှုတ်ခမ်းတွေနဲ့ ငုံစုပ်နေရာက ကိုယ်အောက်ဖက်ကို လျှောဆင်းသွားလိုက်သည် ။ ဝမ်းပျဉ်သား ဖွေဖွေးရှပ်ရှပ်လေးကို နမ်းသည် ။

“ဟင့်..အကိုး……”

နောက်ထပ် ဆက်ဆင်းသွားတော့ အမွှေးနုနုပါးပါးလေးတွေကို နမ်းမိနေပြီ ။ စောဆရဲ့ ညည်းသံလေးတွေ ထွက်လာသည် ။ သူမကိုယ်လုံးလေးကို အနောက်ကို ဆုတ်ထွက် ရုန်းပြေးဖို့ ကြိုးစားသည် ။ ထွန်းအုံရဲ့ လက်နှစ်ဖက်က သူမရဲ့ ကိုယ်လုံးလေးကို ခါးသိမ်လေးကနေ ဆွဲကိုင်ထားလို့ ဆုတ်ပြေးလို့ မရဘူး ။ ထွန်းအုံရဲ့ အနမ်းတွေက ဆီးခုံမို့မို့ကို ရောက်နေတဲ့အချိန် စောဆ ထွန့်ထွန့်လူးနေသည် ။ အကွဲကြောင်းတလျှောက် ဖိနမ်းပစ်တော့ စောဆ ကျောလေးကော့ပြီး နှုတ်ခမ်းလှလှလေးတွေ မဟတဟနဲ့

” တော်ပြီ အစ်ကို….”

လို့ ထွန်းအုံကို ပြောလိုက်သည် ။ ကာမအရှိန်တက်နေတဲ့ ထွန်းအုံကို တားဆီးနိုင်ဖို့က မလွယ်ဘူး ။ နှာခေါင်းနဲ့ နမ်းရှုံ့နေရာကနေ လျှာနဲ့ ယက်ပေးလာသည် ။

” အား…….. အင်း…. အကို… အကို…. တော်… တော်…… တော်ပြီ….. အို့…….. အူး…….”

စောဆရဲ့ အဓိကနေရာလေးကို ဖိယက်ပေးနေတာ စောဆလည်း ဆက်မရုန်းကန်တော့ဘဲ မိန်းမောသွားသည် ။ ရသာဖူးစိလေးကို လျှာထိပ်နဲ့ ကလိပေးနေတဲ့အချိန် အိမ်ရှေ့တံခါးမကြီးကို တဒေါက်ဒေါက်နဲ့ ခေါက်တဲ့အသံတွေကို သူတို့ ကြားလိုက်ရသည် ။

” ဟင်…. အန်တီဂျူလီယာတို့ ပြန်လာပြီ ထင်တယ်……”

စောဆ ဝုန်းကနဲ ထထိုင်ပြီး အဝတ်အစားတွေကို အမြန် ပြန်ဝတ်သည် ။ တံခါးခေါက်သံတွေက ဆက်တိုက် ကြားနေရသည် ။ ကြည့်ရတာ အန်တီဂျူလီယာတို့ အိမ်သော့ ပါသွားပုံမရဘူး ။ အပေါ်ကို အမြန်ပြေးတက်သွားလိုက်တဲ့ စောဆသည် အိမ်ရှေ့ကနေ

“စောဆရေ.. ဘယ်ရောက်နေလဲ ”

လို့ အော်ခေါ်နေတဲ့ အန်တီဂျူလီယာနဲ့ နော်ဖောတို့ အသံတွေကို ကြားရသည် ။ အပြေးအလွှား တံခါးကို ဖွင့်လိုက်သည် ။

” အန်တီတို့ တိုက်ပွဲတွေကြောင့် ပြန်လာလို့ မရဘူး… စောဆ….။ ဒို့ကို ခေါ်သွားပေးမယ့်လူတွေ ရှိလို့ မနက်ဖြန် ဒီကနေ ထွက်ရမယ်….။ မပါမဖြစ် မယူမဖြစ် ပစ္စည်းတွေ ထုပ်ပိုးကြမယ်…….။ ဒို့တတွေ ကျုံမငေးဘဲကို ပြေးကြမယ်….။ ဒို့အိမ်နေရာက တကယ့် တိုက်ပွဲရဲ့ အလည်ဗဟိုတည့်တည့် ဖြစ်နေတယ်တဲ့ ”

အန်တီဂျူလီယာရဲ့ စကားကြောင့် စောဆ တအားငိုချင်မိသွားသည် ။ ချစ်သူ အသစ်ချပ်ချွတ်နဲ့ အချစ်မီးလျှံတွေ တဟုန်းဟုန်း တောက်လောင်နေကြတဲ့အချိန်မှာ ခွဲခွာကြရမယ် ဆိုတာက ဆိုးလွန်းလှသည် ။ မသွားချင်ဘူးလို့လည်း ပြောလို့မရတော့ ။ တိုက်ပွဲက ပြင်းထန်သထက် ပြန်းထန်လာပြီ ။ လေတပ်ကလည်း လေယာဉ်နဲ့ ဗုံးတွေ ကျဲချနေသည်လို့ အန်တီဂျူလီယာက ပြောပြသည် ။

” စောဆတို့ ပြေးကြရင် ကိုထွန်းအုံကို ဘယ်လိုလုပ်ကြမလဲ…”

” သူ့ကို အန်တီ ခြေထောက်နာတုန်းက သုံးတဲ့ ချိုင်းတောက် ပေးလိုက်မယ်….။ ညဖက် မှောင်နေတဲ့အချိန် သူ ထွက်သွားနိုင်ဖို့ အန်တီတို့ ကူညီကြတာပေါ့…..”

ဒီအချိန်ဟာ စောဆအတွက် ရင်ဘတ်ထဲမှာ စူးစူးရှရှ နာကျင် ခံစားသွားရသည် ။ သူနဲ့ ခွဲကြရတော့မယ် ။ ဘယ်တော့ ပြန်တွေ့ကြမယ် ဆိုတာလည်း မသိနိုင်ဘူး ။ သူဟာ စောဆရဲ့ အချစ်ဦးပါ ။ စစ်ပွဲအတွင်း မထင်မှတ်ဘဲ ဆုံကြ ချစ်မိကြသလို ရုတ်တရက်ကြီး သူနဲ့ ခွဲရဖို့ဆိုတာက နုနယ်လွန်းတဲ့ စောဆရဲ့ နှလုံးသားအတွက် ပြင်းထန်လွန်းတဲ့ ရိုက်ချက်တစ်ခု မဟုတ်ပါလား ။

ဒီည ။ ဒီညကို စောဆ ဘယ်တော့မှ မေ့နိုင်လိမ့်မယ် မထင်ဘူး ။ ထွန်းအုံနဲ့ ခွဲကြရတဲ့ ည ။ ညဦးပိုင်းမှာ အမြောက်သံ စိန်ပြောင်းသံတွေကလည်း တထိန်းထိန်းနဲ့ ။ မြေပြင်က သွက်သွက်ခါသွားတာ ခဏခဏ ။

သေနတ်သံတွေ ဖြောင်းဖြောင်း ကြားနေရသည် ။ ညနက်လာတော့ သေနတ်သံတွေ ကျဲလာသည် ။ နှစ်ဖက်စလုံး နားသွားကြတဲ့ပုံရှိသည် ။ စစ်ပွဲကလည်း ရှည်ကြာနေပြီလေ ။

ထွန်းအုံလည်း ချိုင်းတောက်နဲ့ အမှောင်ကို အကာအကွယ်ယူပြီး သူတို့တပ်တွေ ရှိနေတဲ့ ဖက်ကို သွားရတော့မည် ။ အန်တီဂျူလီယာတို့ အပေါ်ထပ်မှာ ပစ္စည်းသိမ်းထုပ်နေတဲ့အချိန် စောဆသည် မြေတိုက်ခန်းထဲကို ပြေးဆင်းသွားပြီး ချစ်သူကို ဖက်သည် ။ နမ်းသည် ။ ထွန်းအုံသည် စောဆကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး

” စစ်ပွဲတွေပြီးရင် အစ်ကို စောဆကို မတွေ့တွေ့ အောင် လိုက်ရှာမယ်…..။ ဒို့နှစ်ယောက် လက်ထပ်ကြမယ်…”

လို့ နမ်းရှုံ့ရင်း ပြောလိုက်သည်။ စောဆက ထွန်းအုံကို မော့ကြည့်ပြီး

” စောဆ အစ်ကို့ကို တကယ်ချစ်တယ်….။ အချစ်စစ်နဲ့ ချစ်တဲ့ အစ်ကိုနဲ့ စောဆတို့ တနေ့မှာ ပြန်ဆုံကြမယ်လို့ စောဆ ယုံကြည်တယ်.. အစ်ကို…..”

လို့ တိုးတိုးလေး ပြောလိုက်ပါသည် ။ လူမျိုးမတူ ဘာသာမတူတဲ့ သူတို့နှစ်ယောက်သည် စောဆ ယုံကြည်သလို ပြန်ဆုံနိုင်ပါ့မလား ။ ထွန်းအုံရဲ့ ခေါင်းထဲမှာ သူ့တပ်တွေဆီကို ပြန်ရောက်ပြီး ရန်သူကို အပြီးသတ်ခြေမှုန်းရမည် ဆိုတဲ့ စိတ်ကလည်း ရှိနေသည် ။

သူတို့ မကြုံချင်တဲ့ အချိန်ကို ရောက်လာရပြီ ။ နော်ဖောက ဖွက်ထားပေးတဲ့ ထွန်းအုံရဲ့ သေနတ်ကို ထုတ်ယူလာပြီး ထွန်းအုံရဲ့ လက်ထဲကို လာထည့်ပေးသည် ။ အန်တီဂျူလီယာက

” ကိုထွန်းအုံ……. အန္တရာယ်ကင်းပါစေ…. ဆုတောင်းပေးနေမယ်……”

လို့ ပြောလိုက်သည် ။ ထွန်းအုံက သေနတ်ကို ပုခုံးမှာ လွယ်လိုက်ပြီး ချိုင်းတောက်နဲ့

” အားလုံးကို ကျေးဇူးတင်ပါတယ်……. ကျနော့်ကို အသက်ကယ်ပေးတာ…။ တနေ့ကြ ပြန်ဆုံကြမယ်….. ကျေးဇူးပြန်ဆပ်မယ်….”

လို့ ကြေကွဲတုန်ခါတဲ့ အသံကြီးနဲ့ ခပ်တိုးတိုး ပြောရင်း အိမ်ကြီးရဲ့ မလွယ်ပေါက်လေးကနေ အမှောင်ထဲကို ထွက်သွားလိုက်သည် ။ စောဆရဲ့ မျက်ဝန်းတွေမှာ မျက်ရည်စတွေ တွဲခိုနေတာကို အန်တီဂျူလီယာက မြင်ပေမယ့် မမြင်ဟန်ဆောင်လိုက်သည် ။ ဒီ အင်းစိန်မြို့ကနေ အမြန်ဆုံး ထွက်ခွာနိုင်ဖို့က အရေးကြီးနေသည် ။

ပိန်းပိတ်အောင် မှောင်မဲလွန်းတဲ့ညကြောင့် ထွန်းအုံသည် မိမိတို့တပ်တွေ တပ်စွဲထားတဲ့ဖက်ကို ထော့နဲ့ထော့နဲ့ နဲ့ သွားနေတဲ့အချိန် သူ့နဲ့ မလှမ်းမကမ်းမှာ ရန်သူ့ကင်း ကတုတ်ကျင်း ရှိနေတာကို သိလိုက်ရသည် ။ ရန်သူတွေက သူ့ကိုလည်း သူတို့လူဘဲ ထင်ပြီး ကရင်လို လှမ်းပြောလိုက်တာကို ကြားလိုက်ရသည် ။ သူက ကရင်စကားတတ်သူ မဟုတ်တော့ ဘာပြန်ပြောရမလဲ မသိလို့ ချောင်းဆိုးပြလိုက်သည် ။

စောဆတို့ ဘုရားဆုတောင်းပေးလိုက်ကြလို့ ဖြစ်မည် ။ ကံကောင်းထောက်မစွာနဲ့ ထွန်းအုံသည် မိမိတို့ တပ်ဖက်ကို ပြန်ရောက်သွားသည် ။ လွယ်လွယ်ကူကူတော့ မဟုတ် ။ နှစ်ဖက် တပ်တွေရဲ့ကြား ( No Mans land ) ကို ဖြတ်ရတဲ့အခါ အရမ်း အန္တရာယ်များသည် ။ နှစ်ဖက်စလုံးက လှမ်းပစ်နိုင်သည် ။ ရန်သူဖက်က စနိုက်ပါ လက်ဖြောင့်တပ်သားတွေက အရမ်းကောင်းနေသည် ဆိုတော့ သူ့ကို နောက်ကျောကနေ ပစ်ချနိုင်သည် ။ မိမိဖက်က အထက်ဗိုလ်တစ်ယောက်က ညကြည့်မှန်ပြောင်းနဲ့ ကြည့်နေတာနဲ့ တိုးပြီး

” ဟာ…. ဗလကြီးကွ.. ထွန်းအုံ…. ထော့နဲ့ထော့နဲ့ နဲ့ ပြန်ရောက်လာတယ်… တက်ဆွဲကြကွာ…..”

လို့ အော်ပြီး ခိုင်းလိုက်တာနဲ့ မိမိဖက်က တပ်သားတွေ ထွက်လာသည် ။ ရန်သူဖက်က မပစ်လို့ အံ့ဩနေကြရသည် ။ ထွန်းအုံကို ဆေးရုံကိုပို့ဖို့ လုပ်ကြသည် ။ ထွန်းအုံက မလိုတော့.. သက်သာနေပြီ….။ အကျအဆုံးများနေချိန်မှာ လူအင်အား လိုနေချိန်မှာ ဝင်တိုက်ချင်သည်လို့ တောင်းဆိုသည် ။ လတွေနဲ့ ချီလာနေပြီ ဖြစ်တဲ့ အင်းစိန်တိုက်ပွဲကို တပ်မှူးတွေက အပြီးသတ်လိုက်ချင်ကြသည် ။ ထွန်းအုံအပါအဝင် ရဲဘော်တွေကလည်း တိုက်ဖို့ အဆင်သင့်ဘဲ ။

တပ်စခန်းကို ပြန်ရောက်ခါစမှာ ထွန်းအုံသည် ရှေ့တက် မတိုက်နိုင်သေးပေမယ့် ကင်းတာဝန်ယူနိုင်ပြီး ဘရင်းဂန်းကို ပိုက်လို့ တက်လာမယ့် ရန်သူမှန်သမျှကို ချေမှုန်းဖို့ အဆင်သင့်ဘဲ ။ သူ့ရဲ့ တပ်မှူးက အလုပ်များနေလို့ သူဘယ်လိုဖြစ်ခဲ့လဲ ဆိုတာတွေကို သူ့ကို အသေးစိတ် မမေးအားသေး ။ အင်းစိန်မြို့သိမ်းတိုက်ပွဲကြီးအတွက် လုံးပန်းနေကြသည် ။

ထွန်းအုံသည် စောဆလေးကို တချိန်လုံး သတိရနေသည် ။ သူ ခွင့်မတောင်းဘဲ ခိုးယူလာတဲ့ စောဆရဲ့ ဓါတ်ပုံလေးကို လူလစ်ရင် ထုတ်ထုတ်ကြည့်သည် ။ ကမာရွတ်ထဲက စစ်သားတွေ သွားစားနေကြ တရုတ်စားသောက်ဆိုင်က အစားအစာတွေ လာပို့ ကျွေးမွေးသည် ..။ စားသောက်ဆိုင်မှာ လုပ်တဲ့ ကောင်မလေးတစ်ယောက်က ထွန်းအုံကို အထာပေးသည် ။ ရေလာမြောင်းပေးတွေ လုပ်သည် ။ ဇာတ်လမ်းလုပ်ချင်သည် ။ သို့သော် ထွန်းအုံသည် စောဆလေးကို ငါ သစ္စာရှိရမည်လို့ ဆုံးဖြတ်ချက် ချထားတာကြောင့် ဒီကောင်မလေးကို ရနိုင်တာကို သိရက်နဲ့ အရောတဝင် မလုပ်ဘူး ။ ကောင်မလေး နာမည်က မြင့်မြင့်ခိုင် တဲ့ ။

လနဲ့ချီ ကြာလာတဲ့ တိုက်ပွဲကြီးကို ဖြည်းဖြည်းချင်း တိုက်နေရင် အထိအခိုက်များမှာမို့ ဒလစပ် သတ္တိရှိရှိနဲ့ မိုးမွှန်အောင် ပစ်ခတ်ပြီး တက်တိုက်ကြဖို့ သူတို့ တပ်မှူးက ရဲဘော်တွေကို ပြောလိုက်သည် ။ ထွန်းအုံလည်း ဒဏ်ရာတွေ သက်သာလာပြီမို့ မီးရထားစက်ခေါင်းရုံ သိမ်းတိုက်ပွဲမှာ ဝင်တိုက်ခွင့်ရသည် ။ လေတပ်က လေယာဉ်နဲ့ အပေါ်ကနေ စက်သေနတ်နဲ့ ပစ်ပေးတဲ့အချိန် ထွန်းအုံတို့တပ်တွေ တဟုန်ထိုး ပြင်းပြင်းထန်ထန် ပစ်ခတ်ပြီး တက်တိုက်ကြသည် ။ ဘရင်းကယ်ရီယာနဲ့ အာမတ်ကားတွေပါ ပါသည် ။သူသေကိုယ်သေ သူ့ဖက်လည်းကျ ကိုယ့်ဖက်လည်းကျ အသေအကျေ တိုက်ကြသည် ။

ဘရင်း..စတင်း အသားကုန်ပစ် လက်ပစ်ဗုံးတွေ များများပစ်သွင်းပြီး တိုက်ကြတာ နောက်ဆုံးတော့ မီးရထား ခေါင်းတွဲတန်းကြီးကို သူတို့ ရလိုက်သည် ။ ရန်သူတွေ ဆုတ်သွားသည် ။ ဒါပြီးတော့ ဆက်တိုက် တိုက်ကြတာက ကျမ်းစာသင်ကျောင်းသိမ်း တိုက်ပွဲ ။ ပြီးတော့ တိရိစ္ဆာန်ဆေးကျောင်းသိမ်းတိုက်ပွဲ ။ မနက်လင်း အာရုဏ်အချိန် တိုက်တဲ့ တိုက်ပွဲ ။

တပ်မှူးက ” ငါတို့ သေသေကျေကျေ တိုက်မယ်…. လက်ကုန်ပစ်ပြီးတက်.. လက်တကမ်းတိုက်ပွဲဘဲ … အတင်းပစ်တက်…. လက်ပစ်ဗုံးတွေ များများသုံး..” လို့ သူတို့ကို ပြောသည် ။

ထွန်းအုံလည်း ဘရင်းဂန်းကို ရင်ခွင်ပိုက်ကိုင်ပြီး ပစ်ခတ်ရင်း ပြေးတက်သည် ။ အုတ်နံရံကို ကျောကပ်မိတော့ လက်ဗစ်ဗုံးတွေ ဆက်တိုက် ပစ်သွင်းကြသည် ။ ပြင်းထန်တဲ့ တိုက်ပွဲပါ ။ ရှားမင်းတင့်ကားက သူတို့ကို လာကူ ပစ်ခတ်ပေးသည် ။ ကျားကုတ်ကျားခဲ မြေတစ်လက်မချင်း တိုက်ရတဲ့ တိုက်ပွဲတွေပါ ။ နောက်ဆုံးတော့ ရန်သူတွေ အကျအဆုံးများစွာနဲ့ အင်းစိန်မြို့ကနေ ဆုတ်သွားကြသည် ။

ထွန်းအုံတို့လည်း ရန်သူဖက်က ရလိုက်တဲ့ ဂျစ်ကားတစ်စီးနဲ့ နယ်မြေလိုက်ရှင်းရင်း စောဆတို့ အိမ်ကြီး ရှိတဲ့ဖက်ကို ပြန်ရောက်သွားခဲ့သည် ။ စောဆတို့ အိမ်ကြီးသည် ခေါင်မိုးနဲ့ နံရံတွေမှာ ကျည်ပေါက်ရာ ဗလပွနဲ့ ထီးထီးကြီး ကျန်နေသည် ။ လူသူကင်းမဲ့နေတဲ့ အိမ်ကြီးကို ထွန်းအုံ ငေးကြည့်ရင်း ချစ်သူလေးကို အထူးသတိရ အောက်မေ့သည် ။ စောဆလေး လိုရာခရီးကို ခလုပ်မထိ ဆူးမငြိဘဲ ရောက်သွားပါစေလို့ စိတ်ထဲက သူ ဆုတောင်းပေးနေသည် ။ တိုက်ပွဲတွေပြီးရင် စောဆရှိတဲ့နေရာကို လိုက်သွားမည်လို့ သူ တွေးနေသည် ။

🏵️ စောဆ (အပိုင်း ၂) ဇာတ်သိမ်း ဆက်ဖတ်ရန် ဒီကိုနှိပ်ပါ 🏵️