ချစ်ခြင်း၏ပန်းတိုင်ဆီသို့ နှလုံးသားတစ်စုံ

ချစ်ခြင်း၏ပန်းတိုင်ဆီသို့ နှလုံးသားတစ်စုံ
ရေးသားသူ – Amara

🏵️အခန်း (၁)🏵️

“နင်ကြိုက်သလို လုပ်ပါကွာ… ငါ့ကို အသုံးပြုလို့… မိုက်မဲစွာ မီးတောက်ထဲ… ခုန်ဆင်းစွာ စတေးလိုက်တော့မယ်”

ငြိမ်သက်နေသော iphone လေးထံမှ စည်သူလွင်ရဲ့ အပြင်းစားသီချင်းသံ ပေါ်ထွက်လာလျှင် အကြင်နာက display ပေါ် ငုံ့ကြည့်လိုက်ကာ နှုတ်ခမ်းတစ်ချက် စုတ်သပ်လိုက်မိပြီးနောက် ဘေးမှာ စာဖတ်နေသော ဂင်္ဂါကို လက်လှန်းတို့လိုက်သည်။ ဂင်္ဂါက ဘာလဲဟူသော အကြည့်မျိုးဖြင့် မေးဆတ်ပြလျှင်

“ဒီဇယားကို ရှင်းပေးစမ်းပါဦးဟာ …. နင်ဖြတ်မှ ပြတ်မှာမို့ပါ”

“အခုမှ လာပြီး ရှင်းပေးပါ လုပ်မနေနဲ့… ကိုယ့်ဟာကိုယ်ပြော… ဒီဇယားစတုန်းက ငါပါခဲ့လို့လား”

“ဪ ဂါဂါကလည်းဟာ… နင်မပါပေမယ့် သိတော့သိနေတာပဲမလားလို့… လုပ်ပါဟာ… ခပ်ကြမ်းကြမ်းလေး ပွဲသိမ်းလိုက်စမ်းပါ…”

“လူမိုက်လုပ်ရမယ့် အခန်းဆို ငါ့ကိုခိုင်းပြီ… ကြင်နာစုတ်”

ဂင်္ဂါ မျက်စောင်းတစ်ချက်ထိုးရင်း ဖုန်းကို ကောက်ယူကာ နားထောင်လိုက်သည်။ မရှင်းပေးလို့လည်း ရမည့်ပုံ မပေါ်ပါ။

“ဟယ်လို”

“ကြင်နာလား”

“မဟုတ်ဘူး… ကြင်နာ ရှင်နဲ့ ဖုန်းမပြောချင်လို့ ရှောင်နေတယ်”

“ရှောင်လို့ရမလား … ကိုယ်က ကြင်နာ့ချစ်သူပါ… ကိုယ် ကြင်နာနဲ့ပဲ ဖုန်းပြောချင်တယ်… ကြားလူတွေနဲ့ မပြောချင်ဘူး”

“ဒီမယ် ကိုယ့်လူ… ရှင်ဘယ်သူလဲတော့ မသိဘူး… ကြင်နာ့မှာ ရည်းစားတွေက ပေါမှပေါ… ပြီးတော့ ဖုန်းမကိုင်ချင်လို့ ရှောင်နေတယ် ဆိုရင် ရှင်သိဖို့ကောင်းပြီ… ယောင်္ကျားသိက္ခာ မထိခိုက်ချင်ရင် နောက်ဆုတ်လိုက်တော့… နောက်လည်း ဆက်မနေနဲ့တော့… ကြင်နာက ဖြတ်ပြီးသား ဇယားတစ်ခုကို ပြန်မဆက်တတ်ဘူး… ပေါက်တယ်နော်”

“တောက်”

“လာ တောက်ခေါက်မနေနဲ့… ကိုယ့်ဟာကို အဖြစ်မရှိဘဲနဲ့…”

“မင်း…. မင်း.. ဘယ်သူလဲ”

ဟိုဘက်က သကောင့်သားက ရှူးရှူးရှဲရှဲ ဒေါသထွက်လာလျှင်တော့ ဂင်္ဂါက ဟက်ခနဲ ရယ်လိုက်ရင်း

“မင်းက ကြင်နာ့ရဲ့ boyfriend လို့လည်းဆိုသေးတယ်… ငါ့ကို ဘယ်သူမှန်းမသိရင်တော့ မင်းတော်တော်ညံ့သွားပြီ”

ဟု ပြောလည်းပြော ဖုန်းလည်းချပစ်လိုက်ကာ ကြင်နာ့ဘက်သို့ ပစ်ပေးလိုက်တယ်။

“ကဲ ဒီတစ်ခါရဲ့ ကံဆိုးသူမောင်ရှင်က ဘယ်သူလဲ… ငါ့ကိုပြောပြစမ်းပါဦး ကြင်နာမ”

“ဟို ဇော်ထိန် ဆိုတဲ့ hiphop အဆိုတော်လိုလို ဘာလိုလို အကောင်ပေါ့ဟာ… ပြောတော့ဖြင့် လေတစ်လုံး မိုးတစ်လုံးနဲ့… ကြင်နာ ဖီးလ်လာအောင် လုပ်ပေးမယ်လေး ဘာလေးနဲ့… အာပလာ”

“ဘယ်လိုဖြစ်လို့လဲ… သေးသေးလေးလား”

“ဂါဂါ… နင်ကလေ… ရည်းစားမထားဖူးမှန်း သိပ်သိသာတာပဲ… မသေမခြင်း မှတ်ထား… လက်နက်ဆိုတာ ကြီးဖို့မလို၊ ဗျူဟာသိဖို့သာ လိုသည်တဲ့… သူ့ဟာကြီးက ကြီးတော့ကြီးပါရဲ့… တပ်ထွက်ကြီးဖြစ်နေတော့ ငါ့မှာ ဟတ်ကော့ကြီး ဖြစ်နေတယ်… သူနဲ့ ရည်းစားဖြစ်တဲ့ နှစ်လအတွင်းမှာ ငါမပြီးတာကြာပြီ… အဲဒီတော့…”

“အဲဒီတော့ ဘာဖြစ်လဲ”

ဂင်္ဂါ မေးခွန်းဆုံးအောင်တောင် မမေးလိုက်ရချေ။ ဂင်္ဂါ နှုတ်ခမ်းတွေကို ကြင်နာက နမ်းဖို့ ကြိုးစားလာတော့ ဂင်္ဂါ ရယ်ပြီးရှောင်လိုက်တယ်။ ဂင်္ဂါရှောင်လို့မရအောင် ကြင်နာက သူ့လက်နှစ်ဖက်နဲ့ ဂင်္ဂါ ခေါင်းကို ညှပ်ကိုင်ထားရင်း နောက်တစ်ကြိမ်ထပ်နမ်းဖို့ ကြိုးစားပြန်တော့ ဂင်္ဂါ ကြင်နာရဲ့ အနမ်းတွေကို တုံ့ပြန်မိတယ်။

ပထမတော့ ကြင်နာစိတ်ကျေနပ်အောင် တုံ့ပြန်ရာကနေ နောက်တော့လည်း ကြင်နာရဲ့ ဂင်္ဂါနှုတ်ခမ်းတွေကို မက်မက်မောမော ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်မှုအောက်မှာ စိတ်တွေ လွတ်ထွက် သွားပြီး လိုလိုလားလားနဲ့ အသက်ရှူမှားလောက် အောင်ကို ပြန်နမ်းနေမိပါသည်။ ကြင်နာ့ကိုယ်လေးကို ဂင်္ဂါ ခပ်ဖြေးဖြေးလေး တွန်းထုတ်လိုက်တော့ ကြင်နာက ကုတင်ပေါ် ပက်လက်ကလေး ဖြစ်သွားသည်။ ဂင်္ဂါ ကြင်နာ့မျက်လုံးထဲကို စူးစူးစိုက်စိုက်လေး တစ်ချက်ကြည့်ရင်း မပွင့်တပွင့်လေးဖြစ်နေတဲ့ ကြင်နာ့ရဲ့ နှုတ်ခမ်းပါး နှစ်လွှာထဲကို ဂင်္ဂါ လျှာလေးထိုးထည့်ပေးလိုက်ရင်း လျှာချင်းကစားနေလိုက်တာပေါ့။ ဂင်္ဂါ လက်တွေကို ကြင်နာ့ရဲ့ အိမ်နေရင်း ဂါဝန်အောက်က ဘရာဝတ်မထားတဲ့ ရုန်းကန်နေတဲ့ ရင်သားတွေပေါ်ကို တင်ထားလိုက်ကာ ပွတ်ချေပေးနေလိုက်သည်။ မြုပ်နေတဲ့ ကြင်နာရဲ့ ဘယ်ဘက်နို့သီးခေါင်းလေးတွေကို လက်မနဲ့ လက်ညှိုးညှပ်ပြီး ဆွဲထုတ်လိုက် ပွတ်ချေလိုက်နဲ့ ဂင်္ဂါ ညာဘက်လက်က အလုပ်ရှုပ်နေခဲ့ချိန်မှာ ကြင်နာ့ဆီက ငြီးငြူသံလေးတွေ နှုတ်ခမ်းပါးထက်ဆီက ထွက်ကျလာခဲ့ပြီ။

ကြင်နာရဲ့နှုတ်ခမ်းတွေဆီကနေ ဂင်္ဂါ အနမ်းတွေကို နို့လေးတွေဆီ ပို့လွှတ်လိုက်တော့ ကြင်နာ လူးလွန့်လာသည်။ နို့တွေကို စိတ်ပါလက်ပါစုတ်ပေးရင်း ဂင်္ဂါ လက်တွေကို ဂါဝန်အောက်က ပေါင်တံသွယ်သွယ်လေးတွေပေါ် ပြေးလွှားနေစေခဲ့သည်။ တဖြည်းဖြည်းနဲ့ အပေါ်ကို ရွရွလေးတက်လာပြီး ကြင်နာရဲ့ ညီမလေးဆီ ရောက်အောင်သွားကာ လက်ချောင်းတွေကို ခပ်သွက်သွက်ကလေး ကစားနေခဲ့သည်။

ကြင်နာ့ဂါဝန်လေးကို သွက်သွက်ကလေး ချွတ်လိုက်ပြီး ဂင်္ဂါရဲ့နှုတ်ခမ်းတွေက ဘယ်ဘက်နို့သီးခေါင်းမှ ညာဘက်နို့သီးခေါင်း တစ်လှည့်စီစုပ်ရင်း အောက်ဘက်သို့ဆင်းအလာ ရွှေကွင်းတက်ထားတဲ့ ချက်ကလေးနားအရောက်မှာတော့ လျှာလေးနဲ့တစ်ချက်ထိုးကာ လှမ်းကျီစယ်လိုက်သေးသည်။ သူမညီမလေးဆီမှ အရည်ကြည်များကတော့ အိပ်ရာခင်းအထိပါ စိုရွှဲနေပြီဖြစ်သည်။ ချက်ကို မွှေနေတဲ့ ဂင်္ဂါရဲ့လျှာဖျားလေးက သူမကို ပိုမိုဖီးလ်တက်လာစေသည် ထင်ပါသည်။ ငြီးငြူသံများက ခပ်စိတ်စိတ်နဲ့ကျယ်လောင်လာသည်။

ပေါင်လေးနှစ်ဖက်ကို ဂင်္ဂါက လက်တွေနဲ့တွန်းထုတ်လိုက်ပြီး ပေါင်အတွင်းသားလေးတွေကို ဖွဖွလေးလျက်ပေးချိန်မှာတော့ ကောင်မလေးတစ်ယောက် ဘယ်လိုမှ မနေနိုင်တော့ဘဲ ဂင်္ဂါရဲ့ခေါင်းကို သူမလက်နှစ်ဖက်နှင့် အတင်းကိုင်ထားပြီး သူမညီမလေးနှင့် ကြားလေမသွေးအောင် ကပ်ထားတော့သည်။ သူမရဲ့ စောက်စိလေးကို နှုတ်ခမ်းနှင့် ခပ်ကြမ်းကြမ်းစုပ်ယူလိုက်ပြီး လျှာဖျားလေးနှင့် ခပ်ကြမ်းကြမ်းလေး ကလိနေလိုက်တော့ ခါးလေးက ထိန်းမနိုင်သိမ်းမရ ကြွတက်လာချိန်ကာ

“အား…ဂါဂါ… အင့်… အား… ရှီး….”

လက်ကလည်း စအိုဝလေးကို ကစားပေးလိုက်ချိန်မှာတော့ ဘာမှန်းမသိသော အသံစုံမြည်တွန် တောက်တီးရင်း ကြင်နာရဲ့ စောက်ရည်တို့က လာပက်ဖြန်းကြသည်။ သူမ ပြီးသွားပြီပေါ့။ ဂင်္ဂါမော့ကြည့်လိုက်တော့ တော်တော်လေးပင်ပန်းသွားပုံရတဲ့ ကြင်နာဟာ မျက်စေ့လေးမှိတ်ရင်း အသက်ပြင်းပြင်းရှူနေသည်။ ဂင်္ဂါလည်း သူမဘေးနား ကိုယ်ကိုလှဲချရင်း ဝင်အိပ်လိုက်ပြီး မျက်စိမှိတ်ထားလိုက်သည်။ ဂင်္ဂါလည်း မောနေပြီလေ။ ခဏအကြာမှာတော့ ဂင်္ဂါရဲ့ နှုတ်ခမ်းတွေကို သူမနှုတ်ခမ်းတွေ လာဖိနမ်းနေတာ ခံစားရသည်။ တစ်ဆက်တည်းမှာပင် သူမလက်တွေက ဂင်္ဂါရဲ့ ညီမလေးဆီ တိုးဝင်လာတော့

“မလုပ်နဲ့”

ဟု တားမိသည်။

“ဂါဂါကလည်း… ငါတစ်ယောက်တည်း မတရားရာကျတယ်.. အမြဲတမ်းဒီလိုပဲ… အမှန်ဆို နင်မှ ရည်းစားမထားဘူးတော့ လုပ်တတ်မှာ မဟုတ်ဘူး… ငါကသာ ငါ့အတွက် နင့်ကို သင်ပေးပြီး လုပ်ခိုင်းသလိုကြီး ဖြစ်မနေဘူးလား… နင်လည်း ဖီးလ်မလာချင်ဘူးလား”

“ရှူး… ငါတို့နှစ်ယောက်ကြား ဒါတွေမပြောကြေး … နင်ကောင်းဖို့က အဓိကလေ… ငါ ရည်းစားမထားဘူးဆိုတာ ငါ အချစ်ကို မယုံလို့… နင်ပြန်လုပ်ပေးချင်တဲ့စိတ်ကို နားလည်ပါတယ်… ရှေးရိုးဆန်တယ်လို့ ဆိုချင်ဆိုဟာ… တစ်ချိန်ချိန်မှာ တွေ့လာနိုင်မလား မသိတဲ့ ငါ့လက်တွဲဖော်ကို အကောင်းဆုံး ပေးဆပ်ချင်လို့…”

“ပြောတော့ အချစ်ကို မယုံဘူးလည်း ပြောသေးတယ်… တစ်ချိန်ချိန်မှာ တွေ့လာနိုင်မလားမသိတဲ့ လက်တွဲဖော်တဲ့… ခစ်ခစ်”

“တော် တန် တိတ်…. ပြောနဲ့တော့…ဗိုက်ဆာပြီ… coffee circle ဒိုးရအောင်”

ဒါတောင် အဝတ်အစားလဲနေရင်းနှင့် ကြင်နာက

“ဟဲ့… နင့်ကိုလိုက်နေတဲ့ ဟိုတစ်ယောက်ကို စိတ်မဝင်စားဘူးလား… အဲဒီအဆင်လေး မိုက်တယ်နော်”

“ဘယ်တစ်ယောက်လဲ။ ငါ့ကိုလိုက်နေတာတွေလည်း နင့်ကိုလိုက်နေတာတွေလောက်နီးနီးရှိတာပဲလေ”

ဂင်္ဂါက အေးအေးဆေးဆေး ပြန်ပြောလိုက်တာ ဖြစ်သော်လည်း ကြင်နာကတော့ သဘောတကျဖြင့် လက်ခုပ်ထတီးသည်။ တကယ်လည်း ဂင်္ဂါဆီမှာ အဲဒီလောက်ပင်ရှိသည်။ သူမတို့နှစ်ယောက်ယှဉ်သွားလျှင် ဂင်္ဂါရဲ့ရုပ်ရည်က လက်တင်အမေရိကသူလိုလို မလေးရှားတရုတ်မလိုလိုဖြင့် ဗမာမဆန်သောထူးခြားသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ကြင်နာကတော့ ကိုရီးယားမင်းသမီးလေးလို ဖြူဖွေးနုဖတ်ချောမောသူဖြစ်သည်။ လှပုံလှနည်းကတော့ တစ်ယောက်နှင့်တစ်ယောက် မတူကြဘဲ ကြင်နာက သူ့အလှပုံရိပ်နှင့် လိုက်ဖက်သည့် ပြုံးချို မြမြ ညုတုတု မျက်လုံးမျိုးကို ပိုင်ဆိုင်ထားကာ ဂင်္ဂါကတော့ ခပ်တည်တည် အေးစက်စက် မျက်နှာထားမျိုး ဖြစ်သည်။ ငါးပေခြောက်လက်မရှိသော အရပ်မြင့်ကြီးနှင့် သွယ်လျလျခန္ဓာကိုယ်ပိုင်ရှင် ဂင်္ဂါသည်လည်း ဖြူနွဲ့၍ချစ်စရာကောင်းသူ ကြင်နာလိုပင် ကောင်လေးများ ဝိုင်းဝိုင်းလည်နေသော်လည်း ဘယ်သူ့သားဖြစ်ကာ ဘာကောင်ကြီးဖြစ်နေပါစေ သူမကတော့ လှည့်မကြည့်ချေ။ ဂင်္ဂါမှာ ရည်းစားမရှိပေမယ့် ယောင်္ကျားလေးမိတ်ဆွေအပေါင်းအသင်းတော့ပေါပါသည်။ သူတို့က ဘာစိတ်ညာစိတ်မရှိဘဲ တကယ့်ကို ဘော်ဒါစိတ်ဓာတ် မောင်နှမစိတ်ဓာတ်ဖြင့် ပေါင်းတာမို့ စိတ်ချမ်းသာစရာကောင်းလှသည်။

” ဇွဲမာန်ကို ပြောတာလေ။ အဲဒီဘဲ မိုက်တယ်ဆရာ”

ကြင်နာက စိတ်ပျက်သလိုနှင့် ကားသော့ကောက်ကိုင်လိုက်ကာ

“မြန်မြန်လုပ်။ ဗိုက်ဆာပြီ”

ဟု ပြောပြီး ထွက်လာခဲ့တော့သည်။

—————————————————-

🏵️အခန်း(၂)🏵️
တုမရ နှင့် ဂင်္ဂါမေ

ကန်တော်ကြီး ကန်စပ်တစ်နေရာ၌

“ကဲကွာ… အပိုတွေသိပ်မပြောချင်ဘူး… မင်းတို့မိန်းမတွေ သိပ်ဇယားရှုပ်တာပဲ… ပြတ်ပါပြီဆိုမှ အေးအေးဆေးဆေး ပြတ်ကြစမ်းပါ… ဒီတော့ ကိုယ့်လမ်းကိုယ်လျှောက်ကြတာပေါ့… မင်းလည်းသွားတော့… ငါလည်းသွားတော့မယ်”

တုမရက ပြောပြီးတာနှင့် ချက်ချင်းကားပေါ်တက် ကာ မောင်းထွက်လာခဲ့လျှင် မေမီတစ်ယောက် ဒေါသတကြီးနှင့် ခြေဆောင့်အော်ဟစ်ကာ ကျန်ခဲ့သည်။ သူသည် အဲဒီပုံစံကို နောက်ကြည့်မှန်မှ တစ်ဆင့် ကြည့်ကာ သဘောတကျရယ်မောရင်း ကားကို အရှိန်တင်ကာ မောင်းနှင်လာခဲ့သည်။

အင်း… ရည်းစားတစ်ယောက်တော့ သွားရှာပြီပေါ့…

သူသည် CD ထဲမှ သီချင်းကို လှမ်းဖွင့်လိုက်သောအခါ စိုင်းစိုင်းခမ်းလှိုင်သီဆိုနေသော သီချင်းက မြူးကြွဝမ်းနည်းစွာ ထွက်ပေါ်လာသည်။

“ပိုးသားလေကြောင်းနဲ့ အဝေးသို့ထွက်ခွာခဲ့၊ ရေမြေခြားခဲ့ပြီ ဘဝတွေလည်း… ငါလက်ပြလို့နှုတ်ဆက် ရင်မှာဆို့လာဆဲ… ကြိုးစားပြီး ထိန်းထားလည်း ယောင်္ကျားတန်မဲ့ မျက်ရည်စို့ပါတယ်…”

သီချင်းကတော့ သူ့အတွက်ခံစားလို့ တော်တော်ကောင်းသည်။ ဒါပေမယ့် မျက်ရည်စို့ရလောက်တဲ့အထိ ချစ်ရတဲ့မိန်းကလေးမျိုးတော့ တုမရ မတွေ့ဖူးသေးပေ။ သူက ကားမောင်းနေတုန်းမှာပဲ ဘော်ဒါတွေဆီက ဖုန်းဝင်လာသဖြင့် နားထောင်လိုက်လျှင်

“ပြော…ဟေ့ကောင်”

“ငါတို့ coffee circle ရွေ့မလို့… မင်းရော ဘယ်မှာလဲ… ဇယားနဲ့လား”

“On the way ပဲ ဟေ့ကောင်.. ဇယားလည်း ရှင်းခဲ့ပြီ”

“ဝိုး…. မိုက်လှချည်လား… မေလေးကို ရှင်းလိုက်ပြီပေါ့”

“ya… တွေ့မှပြောပြမယ် ဟေ့ကောင်”

“အိုကေ…အိုကေ… ဆီးယူ”

သူသည် ဖုန်းပိတ်လိုက်ပြီးသောအခါ ကားကို မြန်နှုန်းမြင့် မောင်းလာခဲ့သည်။ သူ့ကားသည် မြှားလေးတစ်စင်းလို ပြည်လမ်းမကြီးပေါ် တလှစ်လှစ်ပြေးနေသည်။ ကားများရှုပ်လာသောကြောင့် ကားအရှိန်နည်းနည်း လျှော့လိုက်စဉ် နောက်မှကားတစ်စင်းက စိတ်မရှည်သလို အချက်ပြကာ လမ်းတောင်းသည်မို့ ပွစိပွစိရေရွတ်မိသည်။ လမ်းက အကျယ်ကြီး၊ ကျော်ချင်လျှင် အလွတ်ကြီးဖြစ်သည်။

“ဟ… ဘာလဲဟ… ကျော်ချင်ရင် အလွတ်ကြီးပဲဟာကို”

တုမရက တင်းသွားကာ နောက်ကြည့်မှန်မှတစ်ဆင့် နောက်ကားကို လှမ်းရှိုးလိုက်တော့ CELICA အနီလေးပါလား…။ ကားမောင်းသူကိုတော့ မမြင်ရသောကြောင့် မိန်းကလေးလား ယောင်္ကျားလေးလား မသိသေးချေ။ ဒါပေမယ့် မိန်းကလေးဖြစ်ဖြစ် ယောင်္ကျားလေးဖြစ်ဖြစ် တုမရတို့ရာဇဝင်မှာ အလျှော့ပေးရိုးထုံးစံမရှိ။ တုမရ နှုတ်ခမ်းတွန့်ရုံပြုံးကာ လေတစ်ချက်ချွန်လိုက်ပြီး ကားကို တမင်သူ့ဘက်ပိုယူလိုက်သည်။ နောက်ကားက ဟွန်းတစ်ချက်အကျယ်ကြီး တီးကာ ကျော်တက်ဖို့ပြင်သည်။ အဟက်… နောက်ကကောင်တော့ ဒေါကီးနေပြီ။ သူကတော့ လမ်းဖယ်ပေးဖို့ လုံးဝစိတ်ကူးမရှိဟန်ဖြင့် ပိတ်ကာ မောင်းနေလိုက်တော့ နောက်ကားက စိတ်လျှော့လိုက်ပုံဖြင့် နောက်က အသာကပ် မောင်းလာသည်။

“တုမရတဲ့ကွ… ကားပြိုင်မောင်းလာတာကြာပြီ … ဟ ဟ”

သူ သဘောတကျရယ်မောရင်း လမ်းကိုပြန်အာရုံစိုက်လိုက်ချိန်မှာတော့ နောက်ကားက ဝူးခနဲကျော်တက် သွားသည်။ ဒါ သူ့ကို လူလည်လုပ်သွားတာပဲ။ သူ မကျေနပ်စိတ်ဖြင့် ထို CELICA ကောင်ကို ပြန်ကျော်တက်ရန် ကြိုးစားသည်။ မဟုတ်လို့ကတော့ သူ့ရဲ့ ရှုံးပွဲမရှိ ကားပြိုင်မောင်းလာသော ရာဇဝင်ရိုင်းစေသည်။ သို့ပေမယ့် ထို CELICA မောင်းသူကလည်း ခေသူမဟုတ်။ အရှိန်မလျှော့ဘဲ ပိုတင်ပစ်လိုက်ရုံမက သူလုပ်သွားသော ဒီဇိုင်းအတိုင်း ရှေ့မှ ပိတ်မောင်းနေသည်။ လမ်းကြောကလည်း သူသွားမည့် COFFEE CIRCLE အတိုင်း လိုက်ပိတ်မောင်းနေသည်။ နောက်ဆုံး သူဘယ်လိုမှ ကျော်တက်မရတော့။ COFFEE CIRCLE ရှေ့သို့ရောက်လျှင် CELICA က အဲဒီထဲသို့ပင် ချိုးဝင်သွားသဖြင့် သူ မျက်ခုံး တစ်ချက်ပင့်မိသည်။ အပြန်လမ်းတွင် လိုက်ပြီး ပြိုင်မောင်းဦးမည်ဟု တေးမှတ်ထားလိုက်သည်။

တုမရကားကို ထို CELICA ဘေးတွင်ပင် အမြန်ဝင်ရပ်ကာ ကားပေါ်က မဆင်းသေးဘဲ CELICA ပေါ်မှ ဆင်းလာမည့် သကောင့်သားကို စောင့်ကြည့်နေလိုက်သည်။ သူ့ရာဇဝင်ကို ရိုင်းစေသော အကောင်ရဲ့မျက်နှာကို သူမှတ်ထားရမည်။ CELICA ကားတံခါးတစ်ချက်ပွင့်လာကာ ခြေဖဝါးဖြူဖြူလေးတစ်ဖက်ဆင်းလာကာ သူ့မျက်လုံးတွေကို ဆန်တက်လိုက်မိတဲ့အခါမှာတော့

“ဝိုး U r a girl babe”

သူ ဘာရယ်မဟုတ်ဘဲ ထိုမိန်းကလေးအား စူးစူးစိုက်စိုက် ငေးကြည့်မိသွားသည်။ မိန်းကလေးသည် ကျောလယ်လောက်ရှိမည့် ဆံပင်အခွေတွေကို အပြောင်သိမ်းပြီး စုစည်းထားပုံက ရိုးရိုးရှင်းရှင်းရှိကာ မျက်နှာတွင် ဘာအပြင်အဆင်မှ မရှိသော်လည်း ပြောင်ရှင်းရှင်းနှင့် style တစ်ခုရှိတတ်သည့် တရုတ်မင်းသမီးဂေါင်လီအတိုင်းပင်။ သူ ငေးကြည့်နေစဉ်မှာပင် ကားတစ်ဖက်ခြမ်းမှ ကိုရီးယားအလန်းဇယားလေး ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။ အခုခေတ် အခုကာလတွင် ထိုကဲ့သို့မယ်မဒီမျိုးသည် တုမရရင်ကို သိပ်မခုန်စေတော့ပါ။ ယခုသူ့ကို ရင်ခုန်စေသည်က ဂေါင်းလီ။ သူသည် ဘာကြောင့်မှန်းမသိ ထိုကောင်မလေးကို ကြည့်ရင်းကြည့်ရင်းနှင့် စိတ်ဝင်စားခြင်းကြီးစွာဖြစ်မိသည်။ ထိုမိန်းကလေးနှစ်ယောက်ကတော့ သူ့အား ယောင်လို့တောင် လှည့်မကြည့်ဘဲ အထဲဝင်သွားသည်။ သူသည် မေးကြောတွေကို တစ်ချက်ဆွဲကာ ကားပေါ်မှဆင်းလိုက်သည်။ ဘာပဲပြောပြော သူကတော့ သူမကို အာရုံထဲမှာ မှတ်ထားလိုက်ပြီဖြစ်သည်။ ပြင်ဆင်ခြယ်သမှုမရှိဘဲ အရိုးရှင်းဆုံးပုံစံလေးဖြင့် သူမကို သူပြန်တွေ့ချင်ပါသေးသည်။

Coffee circle ထဲရောက်သောအခါ ထိုလေဒီလေးနှစ်ယောက်ကို မတွေ့ရဘဲ သူ့ဘော်ဒါများကိုသာတွေ့ ရသည်။ ကြည့်ရတာ အပေါ်ထပ်တွင် သွားထိုင်နေသည် ထင်ပါသည်။ သူ့ဘော်ဒါတွေက မေမီနှင့် သူရှင်းလာခဲ့သော ဇယားကို တစ်ယောက်တစ်ပေါက်နှင့် ဝိုင်းမေးနေကြသဖြင့် သူ့အာရုံထဲမှ ဂေါင်လီကို ခဏမေ့သွားသည်။ သူပြန်ခါနီး ကြည့်လိုက်သောအခါ celica အနီရဲလေးမရှိတော့ပေ။ ဘယ်အချိန်ပြန်သွားကြပါလိမ့်။

—————————————

🏵️အခန်း (၃)🏵️

ဒစ္စကိုမီးရောင်စုံဆလိုက်များ ၊ DJ ရဲ့မြူးကြွတဲ့တီးလုံးများအောက်မှာ လူတွေက အပူအပင်မဲ့စွာ ကခုန်နေကြသည်။ တုမရက ပေါ့ပါးသွက်လက်စွာကခုန်နေကြသော ကောင်လေးတွေ ကောင်မလေးတွေကို တစ်ချက်ဝေ့ကြည့်ကာ

“ဇေရဲ… ဘားမှာ သွားထိုင်မယ်ကွာ”

“မကတော့ဘူးလားကွ”

“မကချင်ပါဘူးကွာ။ ပျင်းတယ်”

“မင်းရင်ဘတ်ကိုထိတဲ့ ဆော် မတွေ့သေးလို့လား”

တုမရတစ်ယောက် ဘာရယ်မဟုတ်ဘဲ Celica လေးကို တွေးလိုက်မိပြီး ပြုံးမိသည်။ ဇေရဲနှင့်တုမရ ဘားမှာထိုင်ရင်း club ထဲကမြင်ကွင်းတွေကို ရှိုးလိုက် တီးတိုးဝေဖန်လိုက်ရှိနေစဉ် တုမရဘေးတွင် အရိပ်ကလေးတစ်ခု ကျလာသောကြောင့် ကြည့်လိုက်တော့

“ဟာ… celica”

ဟုတ်ပါသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က တုမရကို ရင်ခုန်အောင် လုပ်နိုင်သော celica လေးပင်။ ဒီနေ့တော့ ဟိုနေ့က တွေ့ခဲ့ရသလို ဆံပင်အဖြောင့်အစင်းမဟုတ်ဘဲ အခွေအလိပ်တွေနှင့် ဆက်တင်ကောက်ထားပုံရသည်။ လက်တစ်ဖက်မပါသော အနက်ရောင်ကိုယ်ကျပ်ဂါဝန်နှင့် သူမက ဝိုင်ခွက်တစ်ခွက်ကိုင်ကာ ဘေးတိုက်ရပ်နေသောကြောင့် တစောင်းအနေအထားကိုသာ မြင်ရသည်။ ဘေးတိုက်မကျတကျမြင်ရသော မျက်နှာထားကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်သော မျက်နှာထားမျိုးနှင့်ဖြစ်သည်။ ခဏနေတော့ ဝိုင်ခွက်ကိုကိုင်ကာ လှည့်ထွက်သွားသော လုံးဝန်းနေသော တင်သားများ၏အလှက ရင်သပ်ရှုမောဖွယ်ကောင်းသည်ကို တုမရ ငြင်းမရနိုင်ချေ။ ဇေရဲက ပခုံးကို ပုတ်ကာ

“ဘာလဲ ငြိသွားပြီလား”

“သွားမလုပ်နဲ့ကိုယ့်လူ… တကယ့် ဆရာမကြီး”

“ဘာလဲ…ရှုပ်လို့လား”

“နိုးနိုး… ရည်းစားမထားဘူးဆရာ… ဒါပေမယ့် သူ့ကို လိုက်တဲ့လူတွေတော့ အများကြီး… သူ့ကိုကြည့်လိုက်လျှင် ပါဝါတစ်မျိုးရှိနေသလိုပဲ”

“မင်းက သိလှချည်လား”

“သိဆို old flame လေးရဲ့ ဘော်ဘော်လေကွာ”

“old flame? မင်း old flame က ကိုရီးယားအလန်းပုံစံလေးနဲ့လား”

“ကြည့်ရတာ မင်းနဲ့ဆုံပြီးပြီထင်တယ်… ဟုတ်တယ်… သူက မင်းမြင်တဲ့အတိုင်း ညှို့အားပြင်းတယ်၊ sexy ဆန်တယ်… ဟိုတစ်ယောက်ကတော့ အိညှက်အိညှက်နဲ့ ကြောက်စရာကောင်းတယ်… ယောင်္ကျားတွေကို ကစားနေတာပေါ့”

Celica ကတော့ ဆိုဖာပေါ်တွင် ခြေထောက်ချိတ်ထိုင်လျက် ဇေရဲ၏ old flame ကတာကို ရှုစားနေသည်။ သီချင်းတစ်ပုဒ်ဆုံးသွားချိန်မှာတော့ ဇေရဲ၏ ရည်းစားဟောင်းလေးက မျက်စိတစ်ချက်ဝေ့အကြည့် ဇေရဲကို မြင်သွားပုံရသည်။ လှုပ်လီလှုပ်လဲ့နှင့် ဇေရဲရှိရာသို့ တစ်လှမ်းချင်းစီ လှမ်းလာနေသည်။ အနားနားသို့ရောက်လာလျှင် Old flame က

“ဇေ… မတွေ့တာကြာပြီနော်… လာ… တစ်ပုဒ်လောက် တွဲကရအောင်”

Old flame က အေးအေးဆေးဆေးပြောနေသလောက် ဇေရဲကတော့ ရည်းစားဟောင်းနှင့် ပြန်တွေ့သည့်အတွက် စိတ်လှုပ်ရှားနေဟန်ရှိသည်။

“တော်ပါပြီ… ကိုယ့်သူငယ်ချင်းက တစ်ယောက်ထဲကျန်ခဲ့မှာပေါ့”

Old flame က သူမ၏ညှို့မျက်ဝန်းတွေနှင့် ခပ်အီအီလေး စိုက်ကြည့်ကာ

“ဪ… ဒါများ…”

“အဖော်မမဲ့ချင်ရင် အဖော်ရှာပေးမယ်… လာ… ကြင်နာနဲ့ မိတ်ဆက်ပေးထားခဲ့မယ်… ရှင့်အစွမ်းရှိသလောက် ကြိုးစားချင် ကြိုးစားလို့ရတယ်”

စကားကို အနှောင့်အသွားမလွတ်စွာ ပြောရင်းနှင့် တုမရလက်ကိုလာဆွဲသော ထိုမိန်းကလေးသည် ရဲတင်းလွန်းသောကြောင့် တုမရပင် ဖျားချင်သွားသည်။ တုမရရဲ့ celica လေးထိုင်နေသော ဆိုဖာနားရောက်လျှင်

“ဂါဂါ”

အမ်… ဘာနာမည်ပါလိမ့်.. ဂါဂါတဲ့… ချစ်စနိုးခေါ်သော နာမည်ပြောင်များလား။ ဂါဂါဆိုသော celica လေးက သူမ နာမည် ကြား၍ထင်သည်။ ဖျတ်ခနဲမော့ကြည့်လိုက်သော သူမ၏မျက်ဝန်းများနှင့် ဆုံခိုက်တွင် သူ့ရင်ထဲ လင်းခနဲလက်သွားသည်။ သူမ၏မျက်ဝန်းများသည် ညိုရည်လဲ့ကာ ဝိုင်းစက်နေပြီး မျက်တောင်တွေက အံ့ဩစရာကောင်းလောက်အောင်ကို ကော့ညွှတ်ယှက်နေသည်။ တုမရတစ်သက်တွင် မျက်တောင်ကော့ဆေး သုံးထားတာမျိုး မဟုတ်ဘဲ ဒီလောက်လှပထူထဲ စိပ်မည်းသော မျက်တောင်များကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ဂါဂါဟူသော ကောင်မလေး၏ မျက်လုံးများက မိမိကိုယ်မိမိ ယုံကြည်စိတ်ချဟန်အပြည့်ရှိတာကိုလည်း တုမရ နှစ်သက်မိသည်။ တကယ့်ကို ဘာမှပြင်ဆင်ခြယ်သထားခြင်းမရှိသော Natural Beauty Princess ပါပေ။

ဂင်္ဂါက တုမရနောက်မှ ကပ်လျက်ပါလာသော ဇေရဲကို တစ်ချက်လှမ်းကြည့်လိုက်ကာ

“ဇေ… သူ့နာမည် ဘယ်သူလဲ”

“တုမရ”

“ဂါဂါ… ဒါ တုမရတဲ့… ငါ ဇေရဲနဲ့သွားကမလို့… ခဏစကားပြောနေပေးနော်”

“တုမရ… ဒါ ကြင်နာ့သူငယ်ချင်း ဂင်္ဂါမေ… အဖော်ရှာပေးပြီးပြီနော်… ဇေရဲကို ခေါ်သွားလို့ရပြီဟုတ်”

တကယ့်ကို မလွယ်ကြောပါလား… သူသည် ဂင်္ဂါမေရှိရာသို့ ကြည့်လိုက်လျှင် သူမက သူ့ကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ချေ။ ကနေသူတွေကိုကြည့်လိုက် ဝိုင်သောက်လိုက်နှင့် သူမတစ်ယောက်တည်း ဟုတ်နေသည်။ ဒီလိုနေရာ ဒီလိုအချိန်မျိုးမှာ တွေ့ရသော မိန်းကလေးသည် သူ့ကို လှိုက်လှိုက်လှဲလှဲ ဆက်ဆံမည်ဟု ထင်ထားသမျှ တလွဲဖြစ်နေသောကြောင့် တုမရ ဘာဆက်လုပ်ရမှန်းမသိ။ ဒါပေမယ့် တုမရပဲလေ…

“ဂင်္ဂံါမေ… မင်း ကားပြိုင်မောင်းတာ စိတ်ဝင်စားတယ်မလား”

“ဒီလိုပါပဲ”

“ကိုယ်မင်းကို ဘယ်လိုခေါ်ရမလဲ”

“အဲဒါကို အဲလောက် ခေါင်းစားနေစရာလိုလို့လား… ဦးနှောက်အပူခံလို့ … I don’t care”

“ဟား ကြိုက်သွားပြီကွာ.”

“ကျွန်မတော့ ရှင့်ကိုမကြိုက်ဘူး”

သူ့ကို ခပ်စူးစူးပြန်ကြည့်ကာ ပြောလိုက်သော သူမ၊ သူ့ကို ဘယ်မိန်းကလေးကမှ ထိုသို့ မကြည့်ဖူးသေးချေ။ သူနှင့်သူမ အကြည့်ချင်းအားပြိုင်နေစဉ် အကြင်နာက ဇေရဲခါးကို ဖက်လျက် ပြန်ရောက်လာသည်။ ဇေရဲကတော့ ပြုံးဖြီးဖြီးနှင့် ကျေနပ်နေပုံပင်။ ဂင်္ဂါမေက ဝိုင်ခွက်ကို ကုန်အောင် တစ်ကျိုက်တည်းမော့ချလိုက်ပြီး

“ကြင်နာ.. let’s go”

“ဇေရဲ… ငါတို့လည်းပြန်မယ်”

ဇေရဲက သူ့အထာကို ပေါက်ဟန်ဖြင့် ခေါင်းတစ်ချက်ဆတ်ပြပြီးနောက် သူမတို့နှင့် သူတို့ club ထဲမှ
ရှေ့ဆင့်နောက်ဆင့် ထွက်ခဲ့ကြသည်။ Celica အနီလေးပေါ်မောင်းထွက်သွားသော သူမက သူ့ဘက်ကို စွေစွေလေးတောင် လှည့်မကြည့်ခဲ့ချေ။

တုမရ ကောင်းကင်သို့မော့ကြည့်ကာ အတွေးထဲ နစ်ဝင်နေမိသည်။ ဂင်္ဂါမေ၏ မျက်ဝန်းများကို ရင်ဆိုင်ရတဲ့ခဏမှာ သူ့စိတ်ထဲ ထိုကောင်မလေးကို ပိုင်ဆိုင်ချင်စိတ် ဖြစ်ပေါ်လာမိသည်။ ထိုပိုင်ဆိုင်ချင်စိတ်ကလည်း တစ်ခဏတာအတွက်သာမဟုတ်ဘဲ တစ်ဘဝလုံးအတွက် ဖြစ်ချင်ပါသည်။ ကြယ်ရောင်စုံတို့ဖြင့် လင်းလက်ခမ်းနားနေသော ကောင်းကင်ကို ကြည့်ရင်း တုမရနှုတ်ခမ်းမှ “ဂင်္ဂါမေ…ဂင်္ဂါမေ” ဟုရေရွတ်မိတော့ ဇေရဲက

“ဘာလဲ… ငြိသွားပြီလား ငတု”

“ငြိသလိုလိုပဲကွာ… ဒါပေမယ့် သူ့ကြည့်ရတာ ဘယ်သူ့ကိုမှ စိတ်မဝင်စားတဲ့ဒီဇိုင်းပဲ… လွယ်လွယ်နဲ့တော့ ရမှာမဟုတ်ဘူး”

“မင်းကိုမှ မဟုတ်ဘူးကွ… ဒါ ဂင်္ဂါမေရဲ့စတိုင်ပဲ… ဒီလိုနေရာမျိုးမှာတွေ့လို့ လိုက်ရလွယ်မယ်လို့ မထင်ထားနဲ့… သူ့ ဘော်ဒါဘဲတွေကလွဲလို့ အားလုံးကို ဒီအတိုင်းပဲ”

သူ သက်ပြင်းချမိသည်။ ဂင်္ဂါမေဟူသော ကောင်မလေးကို တုမရ၏ဘဝထဲသို့ သိမ်းသွင်းဖို့ ဘယ်နည်းလမ်းကိုသုံးရပါမလဲ ဂင်္ဂါမေရေ… ကိုယ့်ကို လမ်းပြပေးပါလားကွာ။

———————————————

🏵️အခန်း(၄)🏵️

ကြင်နာ အိမ်ပြန်ရောက်တော့ ကုတင်ပေါ်တွင် ပြန်စဉ်းစားရင်း ရင်ခုန်သံတွေ မြန်ဆန်လာသည်။ သူပေါ့… ဇေရဲလေ… Club ရဲ့ မီးရောင်စုံအောက်မှာ ဆည်းဆာတစ်ကိုယ်လုံးကို ကိုင်တွယ်သွားလိုက်တာ ရစရာကို မရှိဘူး။ ဟွန့် လူဆိုး… ကြင်နာ သူ့လက်ကိုဆွဲပြီး club ရဲ့ ကပွဲကြမ်းပြင်နေရာကို သွားတော့ ပထမတော့ သူနည်းနည်း စိတ်ခုနေသေးပုံပါပဲ။ ကြင်နာ့နောက်ကနေ ကပ်ပါလာတယ်။ ဒါပေမယ့် ညနက်လာတာမို့ ကနေတဲ့လူတွေကလည်း များတော့ ကြင်နာ ဘယ်လိုမှ မတိုးနိုင်
တော့ပါဘူး။ သူ့လက်တွေက ကြင်နာ့ရဲ့လက်တွေကို အုပ်ကိုင်လိုက်ပြီး ကြင်နာ့ကို ရှေ့ကို တွန်းပို့လိုက်တယ်။ လူနည်းနည်းရှင်းတဲ့နေရာလေးရောက်တော့ DJ သီချင်းနှင့်အတူ ကြင်နာ့ခါးနေရာလေးကို နောက်ကနေဖက်ထားရင်း ကတော့တာပဲ။

အို …. ကြင်နာ့တင်ပါးလေးတွေကို သူ့ပေါင်တွေနှင့်ပွတ်နေတယ်။ တဖြည်းဖြည်းနှင့် သူ့ဒုတ်ကြီး မာလာတာ ခံစားမိသလိုပဲ။ ဇေလည်း စိတ်တွေထလာပြီထင်တယ်။ အရင်ကဆို သူနဲ့ ကြင်နာနဲ့က အရမ်းကို အတိုင်အဖောက်ညီခဲ့ကြတာ။ အဲလိုကရင်းနဲ့ သူက ကြင်နာ့တင်ပါးတွေကို လက်နှင့် ပွတ်ပေးမယ် ၊ ရင်သားတွေကို မထိတထိ ချေမယ် ၊ ဂုတ်သားလေးကို နမ်းမယ်၊ ကြင်နာကလည်း ဇေ့ညီလေးကို တင်ပါးနှင့် ကရင်း ပွတ်မယ်၊ ခါးလေးကို ရှိတ်မယ်၊ အဲဒီလိုနဲ့နှစ်ယောက်သား စိတ်တွေအရမ်းထလာပြီဆို ကားထဲသွားပြီး တစ်ချီလောက်ဆွဲဖို့ ဝန်မလေးတဲ့ စုံတွဲပေါ့။

နောက်ပိုင်း ကြင်နာက သူ့ကို သဝန်တိုမိလို့ ရန်တွေဖြစ်ပြီး ပြတ်သွားကြတာ။ ကြင်နာလည်း မှားမှန်းသိပေမယ့် ဇေ့ကို ပြန်မတောင်းပန်ချင်ဘူး။ ဇေကလည်း သူမကို စိတ်နာပြီးတော့ ဘယ်ရှောင်သွားသလဲမသိပါဘူး။ ကြင်နာတို့ဆုံနေကြ club မှာ ဇေ့ကို တွေ့လိုတွေ့ငြား ခဏခဏရောက်ပါတယ်။ ဒီနေ့မှ ဇေ့ကိုပြန်တွေ့တော့ ကြင်နာ အရမ်းပျော်သွားပြီး ကိုယ်ကပဲ စခေါ်လိုက်မိတယ်။ မထားသင့်တဲ့ မာနကြောင့် နောက်တစ်ကြိမ် ဇေနှင့် မဝေးချင်ဘူးကွယ်။ ဟုတ်တယ်… ကိုယ်တကယ်ချစ်တဲ့ ချစ်သူကို ဘာလို့ မာနထားနေရမှာလဲ။ ဇေ့ဆီ ဖုန်းခေါ်ပြီး ကြင်နာ တောင်းပန်ရမယ်။

ထိုအခိုက် ဝိုင်းဆုခိုင်သိန်းရဲ့ ချစ်ခဲ့တာလား ရူးခဲ့တာလား တီးလုံးလေး ထွက်ပေါ်လာတော့ ဇေတစ်ယောက်တည်းအတွက် ရည်ရွယ်ခဲ့တဲ့ တီးလုံးလေးမို့လို့ ဖုန်းခေါ်သူ ဘယ်သူလဲဆိုတာ ကြည့်စရာမလိုဘဲ သိနေခဲ့တယ်။ ကြင်နာနှင့် ဇေ စိတ်ချင်းဆက်နေတာလားဟင်။ ဒီတစ်ညတော့ ညလုံးပေါက်တော့မယ်ထင်ပါတယ်။ ကြင်နာ့ရင်ထဲမှာ ဇေနှင့် ရည်းစားမဖြစ်ခင် တစ်ညလုံးဖုန်းပြောကြတာ တွေးမိပြီး အပျိုဖြန်းလေးလို ရင်တွေခုန်နေပါပြီ။ ကြင်နာနှင့် ဇေ ပြန်အဆင်ပြေချင်ပါပြီ။ မိုးနတ်မင်းကြီး ကြင်နာ့ကို ကံကောင်းမှုတွေ ဆောင်ကြဉ်းပေးပါ။

————————————————

🏵️အခန်း(၅)🏵️

ညက အိမ်ပြန်နောက်ကျသွားတော့ ဂင်္ဂါ မနက်နိုးတော့ ကိုးနာရီခွဲပြီး ဆယ်မိနစ်တောင်ရှိနေပြီဖြစ်သည်။ ဆိုင်သွားဖို့ မြန်မြန်ပြင်ရတော့မည်။ Amara Spa ကို ဂင်္ဂါ မေမေတို့ရှိစဉ်နေခဲ့သော အင်းလျားမြိုင်ထဲတွင် ဖွင့်ပြီး ဂင်္ဂါကတော့ ကွန်ဒိုတစ်ခုတွင် တစ်ယောက်တည်းလာနေခဲ့သည်။ အင်းလျားမြိုင်အိမ်က ဂင်္ဂါလို တစ်ယောက်တည်းသမား အဖို့တော့ ကြီးကျယ်လွန်းလှသည်ပဲလေ။ မေမေတို့ချန်ထားခဲ့သော အမွေပမာဏက ဂင်္ဂါအတွက် လုံလုံလောက်လောက် ရှိနေခဲ့ပေမယ့် ဂင်္ဂါကိုယ်ပိုင်လုပ်ငန်းတွေ ထောင်ထားခဲ့သည့်အပြင် ဖေဖေ၏အသိ ကုမ္ပဏီများမှာလည်း အစုရှယ်ယာ ဝင်ထားခဲ့သည်။

နီညိုရောင် အကွက်စိပ်စိပ် ရှပ်အင်္ကျီကို လက်ခေါက်ဝတ်လိုက်ပြီး အင်္ကျီစကို ဘောင်းဘီထဲထည့်ဝတ်လိုက်ကာ ခါးပတ်တစ်ခု ခါးထက်တွင် ဆင်မြန်းပြီးသောအခါ ဂင်္ဂါမေအတွက် ပြီးပြည့်စုံသွားပြီဖြစ်သည်။ ဂင်္ဂါသည် ပြင်ဆင်ခြယ်သမနေတတ်သော်လည်း အဝတ်အစားကိုတော့ ကြည့်ကောင်းအောင် လိုက်ဖက်အောင် ဝတ်ဆင်တတ်သူတစ်ယောက်ဖြစ်သည်။ ဆိုင်မရောက်တာကြာပြီဆိုတော့ ကောင်မလေးတွေအတွက် မုန့်လေးဘာလေးဝယ်သွားမှဟူသော အတွေးနှင့်အတူ ကားကို Market Place သို့ ကွေ့ဝင်လိုက်မိသည်။

တုမရသည် မေမေမှာလိုက်သော ပစ္စည်းစာရင်းကို လှည်းထဲကောက်ထည့်လိုက် စာရင်းကြည့်လိုက် လုပ်နေရင်း တစ်နေရာသို့ အရောက်တွင်တော့ ထောင့်ချိုးတစ်ခုကို အဖြတ်မှာ တစ်ဖက်မှ ကွေ့ဝိုက်ပြီး တွန်းလာသော တွန်းလှည်းတစ်စီးနှင့် တိုက်မိမလို ဖြစ်သွားသည်။ သူကလည်း ဆောရီး၊ ဟိုကလည်း ဆောရီး။ ဒါပေမယ့် ဟိုဘက်က ဆောရီးပိုင်ရှင်က သူ့ကို မော့ကြည့်ဖော်တောင်မရ။ သူကလည်း အမှတ်တမဲ့ပင်။ ဒါပေမယ့် သူ့စိတ်ထဲတွင် လှစ်ခနဲဖြစ်သွားကာ သူမကို ကမန်းကတန်း ငဲ့ကြည့်ဖြစ်သည်။ ဟာ… ဂင်္ဂါမေ။

သူသည် သူမအနောက်မှ တဖျတ်ဖျတ်ခုန်နေသော ရင်အစုံဖြင့် အသာအယာ လိုက်လာခဲ့သည်။ ကြည့်စမ်း… သူမက country design ဝတ်ထားတာပါလား။ ချပ်ရပ်ကာ အဆီပိုမရှိသော ဗိုက်သားပြင်နှင့် အလောတော် ညီညွတ်လှပသော သူမ၏ အိုးလှလှလေးကို နောက်မှ တစိမ့်စိမ့်ကြည့်ရခြင်းသည် နောက်တစ်ကြိမ် သူမနှင့်တွေ့ဆုံအောင် ဖန်တီးပေးသော ဘုရားသခင်၏ ကောင်းချီးပေးမှုပင် ဖြစ်ပါမည်။

သူမနောက်က တကောက်ကောက်လိုက်လာသော သူ့ကို သတိထားမိပုံမပေါ်။ အိုကေ… လက်တွေ့ တရားကိုမှ နှစ်သက်ခုံမင်သော တုမရသည် သူသည် သိပ်ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ ကောင်တာမှ ငွေရှင်းပြီး ထွက်လာသော သူမအနားသို့ လျှောက်သွားလိုက်သည်။ သူ့ရင်ထဲတွင် သူမသည် သူ့ကိုမှတ်မိလား၊ မမှတ်မိလား သိချင်ပါသေးသည်။

“ဒီမှာ… ဂင်္ဂါမေ”

သူမမျက်ဝန်းထဲတွင် တစ်ချက် လက်ခနဲဖြစ်သွားပုံထောက် သူမကလည်း သူ့ကို မှတ်မိဟန်ရှိပါသည်။ ဘာလဲဟူသော သဘောဖြင့် သူမက မေးဆတ်ပြလျှင် သူက

“မနက်စာ ဘာစားပြီးပြီလဲ… အောက်မှာ မုန့်စားရအောင်… ကိုယ်ကျွေးပါ့မယ်”

“ဆောရီးပဲ… ကျွန်မ ချိန်းထားတာလေးရှိလို့ နောက်တစ်ခေါက်မှပေါ့”

ပြောပြီးသည်နှင့်တပြိုင်နက် သူမက သူ့ကိုဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘဲ မြို့လယ်ကောင်မှာ ကြော်ငြာစာရွက်ဝေသူကို အဖက်မလုပ်သလို ခေါင်းမော့ခါးကော့ကာ လျှောက်သွားသည်။
ဟား ကြိုက်ပြီ မိန်းကလေး… ဒီလိုမျိုးကိုမှ ခိုက်တာ…

သူသည် စက်နှိုးပြီး ကားကို ပါကင်ထဲမှထုတ်နေစဉ် သူမကားက ဘေးအစွန်မှာမို့လို့ အလွယ်တကူမောင်းထွက်သွားနိုင်သည်။ ဒါပေမယ့် ကားမောင်းကျွမ်းကျင်သော သူကလည်း သူ့ကားကို ပါကင်ထဲမှ အမြန်ထုတ်ကာ သူမကားနောက်မှ တရစပ်မောင်းထွက်သွားနိုင်သည်။ သူ့ကားပါလာသော သူမက သူ့ကို မျက်ခြေဖြတ်နိုင်ရန် ကြိုးစားသည်။ သူမ ဘယ်လောက်ပဲ ကားမောင်းကျွမ်းကျင် ကျွမ်းကျင် သူ့ကိုတော့ ဖြတ်ချထားခဲ့လို့ မရချေ။ သူ့ကိုဖြတ်ချထားခဲ့ချင်သော ဂင်္ဂါမေဆိုသော ကောင်မလေးကို သူ သဘောကျစိတ်ဖြင့် လေတချွန်ချွန် ခေါင်းတညိတ်ညိတ် ဖြစ်ရသည်။

သိပ်မကြာသော အချိန်လေးအတွင်းမှာပင် သူမ၏ celica အနီလေးသည် Amara Spa ဖွင့်ထားသော ခြံထဲသို့ဝင်သွားတာ တွေ့ရသည်။ သူသည် မလှမ်းမကမ်းမှာ ငါးမိနစ်ခန့်မျှ စောင့်နေပြီးနောက် သူမ ပြန်ထွက်မလာတာ သေချာလျှင် သူ ကားမောင်းကာ ပြန်လာခဲ့သည်။ အမှန်တော့ ညက ဇေရဲဆီမှ သူမအကြောင်းအတော်များများ သူစနည်းနာပြီးပြီဖြစ်သည်။ မိဘတွေမရှိတော့ကြောင်း ၊ MBA နှင့် ကျောင်းပြီးထားကြောင်း ၊ Spa ဖွင့်ထားကြောင်း ၊ Amara Spa သည် ဝန်ဆောင်မှုရော ကျွမ်းကျင်မှုရောရှိသဖြင့် လူကြိုက်များကြောင်း သိရသည်။ အဆစ်အနေဖြင့် ဇေရဲက ကြင်နာထံမှ ဂင်္ဂါမေ၏ ဖုန်းနံပါတ်တောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

————————————————

🏵️အခန်း(၆)🏵️

အဲဒီတစ်ယောက်ကို ဂင်္ဂါ ကြည့်မရပါဘူး။ ဘဝင်မြင့်တဲ့ဒီဇိုင်း။ ဘဝင်ကမှ နည်းနည်းနောနော ဘဝင် မဟုတ်ဘူး။ သူ့မြင်တာနှင့် မိန်းမတွေကပဲ ပျာပျာသလဲ welcome လုပ်ရတော့မယ့်ပုံစံ။ သူ့မျက်လုံးတွေက စည်ဘီယာ ဒီဇိုင်းနှင့် ဂင်္ဂါကို ဆွဲဆောင်နေတာကိုတော့ ငြင်းမရ။ ယောင်္ကျားလေးဖြစ်ပြီး ရီဝေဝေမျက်လုံးတွေနဲ့၊ သူစကားပြောနေလျှင် မျက်လုံးတွေကပါ အသက်ဝင်ကာ ပြုံးနေပုံကို သူမငေးမောသွားတော့မလို ဖြစ်လို့ ကိုယ်ဖာသာ သတိပေးနေရသည်။

တစ်နေ့လုံး customer တွေများလွန်းသောကြောင့် ဂင်္ဂါ သူ့အကြောင်းတွေးဖို့အချိန်တောင် မရတော့။ ဂင်္ဂါသည် Spa ကို အဖြစ်သဘောသာဖွင့်ထားရုံမဟုတ်ဘဲ ဂင်္ဂါကိုယ်တိုင် နိုင်ငံခြားတွင် သွားလေ့လာကာ ဒီပလိုမာ ယူထားသောကြောင့် ဂင်္ဂါဆိုင်မှာရှိလျှင် ကိုယ်တိုင်ဝင်လုပ်ပေးနိုင်သည်။ အချို့သော ကတော်များကမူ ဂင်္ဂါလုပ်ပေးတာကို ပိုမိုသဘောကျနှစ်ခြိုက်တတ်သောကြောင့် ဂင်္ဂါဆိုင်ထိုင်မည့်ရက်ကို မေးမြန်းပြီး အပွိုင့်မင့်လုပ်ကြသည်။ ထိုသို့သော customer မျိုးအတွက် ဂင်္ဂါသည် တစ်ပတ်တွင် သုံးရက်တော့ မဖြစ်မနေ ဆိုင်ထိုင်ပေးရသည်။ ကျန်သောရက်များတွင်တော့ ဂင်္ဂါကိုယ်တိုင် ရွေးချယ်လေ့ကျင့်ပေးထားသော ဝန်ထမ်းများနှင့် မန်နေဂျာ မမချယ်ရီတို့နှင့် လွှဲထားလို့ဖြစ်သည်။

ဒီနေ့တော့ အပွိုင့်မင့်တွေများလွန်းသောကြောင့် ဂင်္ဂါကိုယ်တိုင်တောင် ညောင်းညာကိုက်ခဲလာသည်။ အိမ်ပြန်ရောက်တာနှင့် ရေအမြန်ချိုးပြီး အိပ်တော့မယ်အလုပ် ဂင်္ဂါရဲ့ဖုန်းက ထမြည်လာသည်။ Display ပေါ်မှာ ထင်နေသော နံပါတ်တစ်ခုကို စိုက်ကြည့်ကာ သိလည်းမသိဘူးဟု တွေးမိသည်။ မသိသောဖုန်းနံပါတ်များကိုဆို ဂင်္ဂါ မကိုင်ချင်ပေ။ ဖုန်းကို ကောက်ယူပြီး ဟယ်လိုဟု ထူးလိုက်သည်နှင့် တစ်ဖက်မှ “ဂင်္ဂါမေလား” ဆိုသည့် ချိုမြိန်ဩရှသည့် ယောင်္ကျားတစ်ယောက်၏ ပိုင်နိုင်စွာ မေးလိုက်သည့်အသံကို ကြားရသည်။ ဂင်္ဂါ၏နာမည်ကို ပိုင်နိုင်စွာမေးလာသည့် အသံပိုင်ရှင်မှာ စိမ်းလှသဖြင့် ဘယ်သူဟု မခန့်မှန်းတတ်အောင် ဖြစ်သွားသည်။

“ဟုတ်ပါတယ်.. အခုပြောနေတာ ဘယ်သူပါလဲရှင်”

တစ်ဖက်မှ တိတ်ဆိတ်နေသောကြောင့် ဂင်္ဂါ မျက်ခုံးတွန့်ကာ ဘယ်သူလဲဟု စဉ်းစားနေစဉ်

“ကိုယ်ပါ… တုမရ”

သူ … ဂင်္ဂါဖုန်းနံပါတ်ကို ရသွားပြီပေါ့။ ဒီခေတ်ကြီးမှာ ဖုန်းနံပါတ်တစ်ခု စုံစမ်းသိလာခြင်းကို ထူးပြီး မအံ့ဩသော်လည်း ဂင်္ဂါဆီ သူဘာကိစ္စဖုန်းဆက်ရတာပါလိမ့်ဟု သိချင်စိတ်ပြင်းပြမိသည်။ ရုတ်တရက်ကြီး သူ့ရဲ့ညှို့ မျက်ဝန်းတွေကို သတိရမိသွားသည်။ wave ပါသော ခပ်ပွပွပုံစံ ဆံပင်ထူထူအုပ်အုပ်နှင့် ခန္ဓာကိုယ်ထွားထွား ရင်အုပ်တောင့်တောင့် ယောင်္ကျားတစ်ယောက်ဟာ ဂျစ်ကန်ကန်မျက်နှာပေးနှင့် စွဲမက်စရာကောင်းသည်ကိုတော့ ဝန်ခံရပေမည်။

“ဟုတ်ကဲ့…ပြောပါ”

“အိမ်ပြန်ရောက်ပြီလား”

“ခန့်မှန်းကြည့်လေ”

“တိတ်ဆိတ်နေတာဆိုတော့ ပြန်ရောက်လောက်ပါပြီ… အိပ်တော့မှာလား”

မေးပြီးမှ သေစမ်းဟဟု ကိုယ့်ဟာကို ကျိန်ဆဲမိသည်။ အဝင်မလှလိုက်တာနော်… ထင်သည့်အတိုင်းပင်…

“ဒီမှာ တုမရ… ရှင် ရှည်ရှည်ဝေးဝေး လျှောက်မေးမနေနဲ့… ကျွန်မ သိပ်စိတ်မရှည်ဘူး”

“အင်း… ကိုယ်က intro သိပ်မဝင်တတ်ဘူးကွ… ဒီလို ကိုယ့်ဘက်ကစပြီး ဘယ်မိန်းကလေးကိုမှ မဆက်ဖူးတော့လေ”

ဂင်္ဂါနှုတ်ခမ်းမဲ့ရွဲ့မိသည်။ ဒီ တုမရဆိုတဲ့ ယောင်္ကျားဟာ တော်တော်စိတ်ကြီးဝင်နေတာပဲ။

“ဂင်္ဂါ ကိုယ်မင်းနဲ့ခင်ချင်တယ်… ခင်ခွင့်ရနိုင်မလား”

အင်း… မဆိုးပါဘူး… တစ်ဖက်သားကို လေးစားတတ်သားပဲ။

“အိုကေ… ရပါတယ် တုမရ”

“ကိုယ့်ကို မင်းအကြောင်းပြောပြလို့ရမလား”

“ဟင်… ရှင့်ကို ဇေရဲက ဒေတာအကုန် မပေးလိုက်ဘူးလား”

“မင်းကိုယ်တိုင်ပြောပြတဲ့ မင်းအကြောင်းကို နားထောင်ရမှာ ပိုရင်ခုန်တယ် ဂင်္ဂါမေ”

“ရှင်… ဘာကြောင့် ကျွန်မအကြောင်းတွေ သိချင်နေရတာလဲ”

“ရှင်းရှင်းလေးပဲ… မင်းကို စိတ်ဝင်စားလို့ပေါ့ကွာ”

သူပြောလိုက်သည်က ရိုးရိုးလေးပင် ဖြစ်သော်လည်း ဂင်္ဂါကတော့ ရင်ထဲ ရှိန်းခနဲဖြစ်သွားသည်။ ဒီလိုဖီလင်မျိုး မခံစားရတာကြာပြီဖြစ်သည်။

“ကျွန်မနာမည်က ဂင်္ဂါမေ။ မိဘတွေ ငယ်ငယ်ထဲက ဆုံးသွားလို့ အဖိုးနဲ့ ကြီးပြင်းခဲ့ရတယ်။ အခုတော့ အဖိုးလည်း မရှိတော့လို့ တစ်ယောက်တည်းနေတယ်။ Spa တစ်ခုဖွင့်ထားတယ်။ ဒီလောက်ပါပဲ။ ကျွန်မအကြောင်းက သိပ်စိတ်ဝင်စားစရာမကောင်းပါဘူး”

“နိုး … ကိုယ်သိချင်တာ မပါသေးဘူး…မင်းမှာ ရည်းစားရှိပြီလား”

“ဒါတော့ ကိုယ့်ဟာကိုပဲ စုံစမ်းတော့ရှင်.. ကျွန်မ အိပ်ချင်ပြီရှင့်”

“အိုကေ… မင်းအတွက် ကောင်းသောညဖြစ်ပါစေ”

ထိုနေ့ညက မထင်မှတ်ဘဲ ဖုန်းပြောဖြစ်သွားခဲ့သည့် အဖြစ်ကို ဂင်္ဂါတွေးရင်း ပြုံးပြုံးလေးပဲ ကျေနပ်စွာဖြင့် အိပ်ပျော်သွားခဲ့သည်။

————————————————

🏵️အခန်း(၇)🏵️

“ကြင်နာ့ကို လွမ်းနေပြီ… ပြီးတော့ ကြင်နာ့ပိပိလေးကိုရော… နောက်တော့ ပိပိလေးကထွက်လာတဲ့ ကြင်နာ့ ကာမရေလေးတွေ”

“အင်း… ကြင်နာလည်း ဇေ့ကို လွမ်းတယ်… ဟို ဟို ဇေ့ကောင်လေးကိုရောပဲ”

ကြင်နာနဲ့ဇေရဲ ကွဲကွာခဲ့ရသော နေ့ရက်များအတွက် အတိုးချကာ တူတူနေရန် ဇေရဲပိုင်သော ကွန်ဒိုတိုက်ခန်းတစ်ခုတွင် လာချိန်းတွေ့နေကြခြင်းဖြစ်သည်။

“အိုး…ဇေ”

ကြင်နာ့ နှုတ်ခမ်းလုံးလုံး ထူထူလေးကို ဇေ့နှုတ်ခမ်းအစုံက ငုံစုပ်လိုက်လေသည်။ ကြင်နာ၏ လက်တစ်ဖက်က ကယောင်ကတမ်းနှင့် ဇေရဲ ရင်ဘတ်တွေကို တွန်းထားမိသည်။

“အင်း… ဟင်း …ဟင်း”

ကြင်နာရဲ့ငြီးသံလေးတွေ ထွက်ပေါ်လာပြီး နွေးထွေးပူလောင်သော ဇေ့အနမ်းများက ကြင်နာ့သွေးကြော တစ်လျှောက် စီးဝင်သွားကြသည်။ ကြင်နာ့ကို ဟိုဘက်လှည့်ခိုင်းလိုက်ပြီး ဇေရဲရဲ့သန်မာတဲ့လက်အစုံက ကြင်နာ့အနောက်ဖက်မှ သိုင်းဖက်လာသည်။ မာကြောတင်းရင်းနေသော အရာတစ်ခုက ကြင်နာ့တင်ပါးလုံးလုံးလေးတွေကြားသို့ ဖိကပ်ထိုးသွင်းလာသည်ကို ကြင်နာ ပြုံးပြုံးလေးခံယူနေမိသည်။

“အာ…ကျွတ်”

ကြင်နာ လှည့်ကာ ဇေ့ညီလေးကို လက်ဖြင့် ထိုးနှိုက်ဆုပ်ကိုင်လိုက်ကာ တစ်ချက်နှစ်ချက်မှသည် သုံးလေးချက် ပွတ်ပေးမိသည်။ စက္ကန့်နှင့်အမျှ တဖြည်းဖြည်းနှင့် ပိုပိုကြီးလာတာကို ကြင်နာ့လက်ထဲမှာ ခံစားသိရှိနေရတော့ ကြင်နာရင်ခုန်သံတွေ ပိုမိုလျင်မြန်လာသည်။ ကြင်နာ့လည်ပင်းကို နောက်မှ ဖိကပ်ကာ အနမ်းကြမ်းတွေပေးနေသော ဇေရဲ၏ လက်အစုံက ကြင်နာ့နို့လေးနှစ်လုံးကို ဆုပ်ကိုင်ကာ ချေမွပေးနေပြန်သလို သူ့ညီလေးကိုလည်း ကြင်နာ့ညီမလေးထဲသို့ ထိုးသွင်းရန် ကြိုးစားနေလေသည်။

“အင့်..အင့်”

“ပြည့်ကြပ်နေတာပဲ ဇေရယ်”

“အင့်… ရှီး”

ဇေရဲသည်လည်း ကြင်နာနှင့် ပြတ်ပြီးကတည်းက စိတ်နာနာနှင့် ဘယ်‌ဆော်ကိုမှ မချခဲ့သမျှ အရသာအရှိကြီးရှိကာ သူ့ညီလေးကို တစ်ရစ်ချင်း ထိုးသွင်းနေမိသည်။ လီးတန်ကြီးက ကြင်နာ့စောက်ပတ်ထဲကို ထိုးဝင်နေမှုနှင့်အတူ အော်ညည်းသံလေးများကလည်း ကြင်နာ့နှုတ်ခမ်းဖျားထက်ဆီမှ ထွက်ကျနေသည်။ နောက်ဆုံး ဇေရဲ၏ ဒုတ်ထိပ်က ကြင်နာ၏သားအိမ်ဝကို သွားထောက်နေပြီး ချစ်သူနှစ်ဦး၏ အသားများမှာလည်း နေရာလပ်မရှိအောင် ပူးကပ်နေကြသည်။ ဇေရဲသည် ကြင်နာ့ပေါင်တံသွယ်သွယ်အား လက်ဖြင့်ဖေးမထားလိုက်ပြီး နောက်မှ ခပ်ကြမ်းကြမ်း ဆောင့်ချနေသလို ကြင်နာကလည်း အားကျမခံ သူမဖင်လုံးလေးကို နောက်သို့ပစ်ကာ ကောက်ကောက်ပေးတတ်သည်။

ချစ်သူနှစ်ဦး၏ ကိုယ်မှထွက်လာသည့် အရည်ကြည်လေးတွေ စိမ့်ထွက်နေမှုကြောင့် တစွတ်စွတ် တဖတ်ဖတ်နှင့် မြည်သံစွဲလင်္ကာများ အိပ်ခန်းထဲတွင် ပျံ့လွင့်နေတော့သည်။ နောက်ဆုံးတွင်တော့ ဇေရဲ၏ လီးတန်ကြီးတလျှောက် တင်းကာဖောင်းလာပြီး အရသာအထွတ်အထိပ်ရောက်ကာ လရည်တွေအား ကြင်နာ့စောက်ဖုတ်ထဲသို့ အရှိန်ပြင်းပြင်း ပန်းထုတ်လိုက်တော့သည်။ လူလည်း အတော်မောဟိုက်သွားသည်။ ပြီးတော့ ကြင်နာ့ကိုယ်လေးကို ဆွဲလှည့်ကာ နဖူးလေးအား ဖွဖွနမ်းရင်း ကြင်နာ့ကို ရင်ခွင်ထဲထည့်ကာ အနားယူနေလိုက်သည်။ ကြင်နာကတော့ ဇေရဲကို ကာမဆန္ဒပြည့်ဝသွားသည့် မျက်နှာပြုံးပြုံးလေးနှင့် ကြည့်နေလေသည်။

အဲဒီညက ကြင်နာနှင့် ဇေရဲ နှစ်ချီလောက် ထပ်ဆွဲဖြစ်ကြသေးသည်။ ကြင်နာရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့ ဇေ့ကို ကြင်နာ တိုးလို့စွဲလန်းမိသွားပြီ ဇေရယ်။

“ကြင်နာလေး… ကိုယ်တို့မြန်မြန်လက်ထပ်ရအောင်နော်”

ကြင်နာ ရုတ်တရက်ငြိမ်သွားကာ မျက်ရည်များစို့လာသည်။ ဇေရဲလည်း အံ့ဩကာ

“ကြင်နာ… ဘာဖြစ်လို့လဲ… ကိုယ့်ကို လက်မထပ်နိုင်ဘူးလား”

“မဟုတ်ပါဘူး… ကြင်နာ့အတိတ်ကို ဇေ ခွင့်လွှတ်ပေးလို့ရလို့လား”

“ကြင်နာရယ်… ပစ္စုပ္ပန်နဲ့ အနာဂတ်သာ အရေးကြီးတာပါ… သေချာတာက ကြင်နာနဲ့ပဲ ကိုယ့်အနာဂတ်ကို လျှောက်လှမ်းချင်တယ်”

ကြင်နာ ကြည်နူးမှုနှင့်အတူ ခေါင်းညိမ့်ပြလိုက်တော့သည်။

————————————————

🏵️အခန်း(၈)🏵️

မနက်ခင်းအိပ်ရာထလျှင် သင်ဘာကို အရင်ဆုံးသတိရမိပါသလဲ။ သေချာတာကတော့ သင့်စိတ်ကို အလွှမ်းမိုးနိုင်ဆုံးအရာကိုသာလျှင် သင် ပထမဆုံးသတိရမိနေလိမ့်မည်။ တုမရ ဒီနေ့နံနက် ၇ နာရီ အိပ်ရာမှ နိုးသည်။ နိုးနိုးချင်း သူ သတိရမိသွားသည်က ညက ဂင်္ဂါမေနှင့် ဖုန်းပြောခဲ့သော ကိစ္စဖြစ်ပြီး သူမရော ကောင်းကောင်းအိပ်ရရဲ့လား၊ နိုးနေပြီလား စသည်ဖြင့် သိချင်လာသည်။ သူသည် ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ သူမဆီ ဖုန်းခေါ်လိုက်သည်။ သူမနိုးနေလျှင်လည်း သူမနှင့် တစ်နေ့တာ အစီအစဉ်တွေကို ဖုန်းပြောမည်။ သူမ မနိုးသေးလျှင်လည်း သူနှိုးလိုက်မှ နိုးသွားသော အိပ်ချင်မူးတူးအသံလေးကို ကြားချင်လှသည်။

“ဟယ်လို”

ထင်သည့်အတိုင်းပင် ဂင်္ဂါမေ၏ မှုန်အစ်အစ် အသံလေးကို စကြားရသည်။

“ဘာကိစ္စလဲ… အိပ်နေတာကို”

“မင်းနိုးပြီလားလို့ ဆက်ကြည့်တာပါ ဂင်္ဂါ…”

“အခု မနိုးသေးဘူးဆိုတာ သိပြီမလား … ဒါပဲ”

သူမ အိပ်ပျော်နေတာကို နှိုးလိုက်လို့ စိတ်တိုနေဟန်ရှိသည်။

“နေပါဦး.. ဂင်္ဂါ”

“ကျွတ်”

“မင်း မနက်စာ ဘာစားချင်လဲလို့ပါ… ကိုယ် ဆိုင်မသွားခင် မင်းဆီ ဝင်ပို့ပေးချင်လို့ပါ… မင်းမနိုးသေးလည်း ကိုယ်တံခါးမှာ ချိတ်ခဲ့ပါမယ်”

“မလိုပါဘူး…ဒါပဲ”

ဖုန်းချသွားသော သူမကို သူ စိတ်မတိုရက်ပါ။ ဒါပေမယ့် သူမရဲ့မနက်စာအတွက် သူတစ်ခုခု စီစဉ်ပေးချင်သည်။ သူ အတွေးနှင့်အတူ သူမအတွက် Dim Sum ဝယ်ပြီး သူမကွန်ဒိုရှိရာသို့ ကားကို ချိုးဝင်လိုက်သည်။ သူမရှိရာ ၉ လွှာသို့ တက်လာရင်း သူပျော်နေမိသည်။ ဒီလိုသာ မနက်တိုင်း မုန့်ဝယ်လာ၊ မနက်စာတူတူစား၊ ပြီးလျှင် သူအလုပ်သွားခါနီး နှုတ်ဆက်အနမ်းခြွေ၊ ဒီလိုသာ အမြဲတမ်းဆိုပါက တုမရရဲ့ မနက်ခင်းတိုင်းဟာ သာယာကြည်နူးဖွယ် အတိပင်ဖြစ်သည်။ အဲဒီအတွေးနှင့်တင် ရင်ခုန်နှုန်းက အဆမတန် မြင့်တက်လာကာ ချစ်တဲ့စိတ်သည် နှလုံးသားမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းသွားလေသည်။

ကြင်နာနှင့် ရေသွားကူးပြီးသည်နှင့် ပြန်ရန် ကားပါကင်ဆီအရောက် တုမရဆိုသောလူနှင့် ဇေရဲကို ကားတစ်စီးကိုမှီကာ စကားပြောနေသည်ကို တွေ့ရသည်။ ဂင်္ဂါသည် ထိုသူကို မြင်လိုက်သည်နှင့် ဆုံရပြန်ပြီဟု အတွေးဝင်သွားသော်လည်း သူကတော့ အံ့ဩဝမ်းသာသွားဟန်တွေ့ရသည်။ ကြင်နာက သူ လှမ်းလျှောက်လာပုံကို လက်တို့ကာ “အမိုက်စားပဲ” ဟု ကပ်ပြောသည်။ သူသည် ကြေးဥစိမ်းရောင်အောက်ခံပေါ်မှာ အနက်ရောင်ရွှေမှုန်ကြိုးမျှင်လေးပါဝင်သော Alter ရှပ်အင်္ကျီလက်တိုကို ကာကီရောင်စတိုင်ပန်နှင့် သပ်ရပ်စမတ်ကျစွာ တွဲဖက်ဝတ်ဆင်ထားသည်။ သူ့တစ်ကိုယ်လုံးမှာ အထူးခြားဆုံးကတော့ ယောင်္ကျားပီသသည့် ရင်အုပ်ခပ်မြင့်မြင့်များဖြစ်သည်။

“ဂင်္ဂါ…ထမင်းစားပြီးပြီလား… မစားရသေးရင် ကိုယ်နဲ့အတူစားပါလား… ဘယ်လိုလဲ”

“သွားလေ… ဂင်္ဂါရဲ့… ငါက ဇေနဲ့အပြင်သွားမလို့… လိုက်သွားလိုက်ပါ… ဒီခေတ်ကြီးထဲ ထမင်းတစ်နပ် အလကားစားရလည်း နည်းလား”

ကြားထဲက ဇာတ်ညွှန်းရေးနေသော ကြင်နာ့ကို မျက်စောင်းထိုးလိုက်လျှင် သူက သဘောတကျနှင့် အိုကေ အိုကေ ဟု ရေရွတ်သည်။ ကြင်နာက ကားပေါ်မှ သူ့အိတ်ကို လိုက်ယူလျှင်

“အကြင်နာမ… နင် ဘာဝင်ရှည်ပြန်ပြီလဲ… ဇာတ်ညွှန်းတွေ ဝင်မရေးနဲ့ကွာ”

“ဘာရှုပ်စရာရှိလဲ… သူ့ကြည့်ရတာ နင့်ကို ငြိနေမှန်းအသိသာကြီးကို … ဒီလိုဘဲမျိုးနဲ့ မတွဲချင်ဘူးလား… ဂင်္ဂါ… မှန်မှန်ပြောစမ်း”

“သူက သူများတွေနဲ့မတူတာတော့ အမှန်ပဲ”

“အင်းလေ… မတူတာကို နင်သိတယ်ဆိုထဲက နင့်အတွက် ထူးခြားလို့ပေါ့… ထူးခြားရင် လှုပ်ရှားကြည့်သင့်တာပေါ့… ဟုတ်ဘူးလား”

အဲဒီနေ့က သူနှင့်သူမ အတိုင်းအတာတစ်ခုထိ ရင်းနှီးမှုရရှိသွားသည်ဟု ထင်ပါသည်။ သူမသည် သူထင်သလောက် ဆက်ဆံရမခက်ပါ။ ဂင်္ဂါမေ၏ရင်ထဲက ငတ်မွတ်နေသော မေတ္တာကွက်လပ်ကို သူ၏ချစ်ခြင်းများဖြင့် ဖြည့်စွက်ပေးချင်ပါသည်။

နံနက်နိုးလာတိုင်း ဂင်္ဂါရဲ့ဖုန်းထဲမှာ သူ sms တစ်ခုခုတော့ ပို့ထားလိမ့်မည်။ တံခါးဝတွင် ဂင်္ဂါစားရန် မုန့် တစ်ခုခု သူပို့ထားပေလိမ့်မည်။ ဂင်္ဂါနိုးလာလျှင် သူ့ဆီ sms ပို့ကာ အသိပေးမည်။ ပြီးလျှင် ဂင်္ဂါ Spa သို့သွားမည်။ တချို့ ညတွေမှာ ကြင်နာတို့အတွဲနှင့် Club သို့ရွေ့ကြမည်။ ဒီလိုနှင့် တစ်ယောက်တည်း Lonely ဖြစ်ခဲ့ရသော ဂင်္ဂါရဲ့ဘဝထဲသို့ တုမရဆိုသော ကောင်လေးတစ်ယောက်သည် နေ့စဉ်နှင့်အမျှ အရှိန်အဟုန်ပြင်းစွာဖြင့် ချဉ်းနင်း ဝင်ရောက်လာနေပြီ ဖြစ်သည်။

————————————————

🏵️အခန်း(၉)🏵️

ယနေ့သည် ဂင်္ဂါ၏ ၂၄ နှစ်ပြည့် မွေးနေ့ဖြစ်သောကြောင့် ဘုရားသို့ စောစောတက်ပါမည်။ ဂင်္ဂါရဲ့မွေးနေ့တိုင်း ဂင်္ဂါ မနက်ခြောက်နာရီတွင် ဘုရားတက်လေ့ရှိကာ သဒ္ဒါယုံကြည်စိတ်အပြည့်ဖြင့် ဂုဏ်တော်ကိုးပါး ပုတီးစိပ်ပါသည်။ ဖုန်းလေးကို ဂင်္ဂါလက်ကိုင်အိတ်ထဲသို့ ထည့်မည်အပြု ဖုန်းလေးထမြည်လာလို့ ကြည့်လိုက်တော့ တုမရ။ ဒီအချိန် သူ ဂင်္ဂါကို ဆက်နေကြမဟုတ်ပါဘူး။ အခုမှ ခြောက်နာရီထိုးဖို့ ဆယ်မိနစ်တောင် လိုသေးတာပဲ။ သူ့ကို တွေးလိုက်မိသည်နှင့် ဂင်္ဂါနှုတ်ခမ်းတွေက အလိုလိုနေရင်း ပြုံးသွားရကာ စိတ်ထဲမှာလည်း မြူးကြွသွားသည်။ တုမရမှာ ဂင်္ဂါကို ဆွဲဆောင်နိုင်သော Attraction တစ်ခုခုတော့ ရှိမည်ဟုထင်သည်။ ဒါကြောင့် သူ့ကို ပြန်ဆက်ဆံပုံမှာ သူများတွေနှင့်မတူဘဲ အခွင့်အရေး ပိုပေးမိသည်ကို သူတော့ သိမည်မထင်ပါ။

“ဟယ်လို”

“ဂင်္ဂါ”

“ဘာကိတ်… အစောကြီးဆက်နေပါလား”

“အင်း… ကိုယ်ဒီချိန်ကြီး နိုးနေကြမဟုတ်ဘူး၊ ရုတ်တရက်နိုးလာတော့ ဂင်္ဂါကိုလည်း အရမ်းသတိရတယ်။ ဂင်္ဂါအသံကိုလည်း ကြားချင်လာတာနဲ့ ဖုန်းဆက်လိုက်တာ။ အခု ကိုယ် ဂင်္ဂါအခန်းကို မြင်နေရတယ်”

“မြင်နေရတယ်? ဘာလဲ… ရှင်ဘယ်မှာလဲ”

“ကိုယ် မင်းတို့ကွန်ဒိုအောက်မှာ… မင်း အခန်းကို မြင်နေရတယ်”

ဂင်္ဂါ သူ့ကို ဝရန်တာကနေ ထွက်ကြည့်လိုက်တော့ ဂင်္ဂါရော သူရော အံ့ဩမှုတွေနှင့်။ ဘာလို့လဲဆိုတော့ ဂင်္ဂါက ဘုရားတက်မှာမို့လို့ ထမီနက်ပြာပေါ်မှာ အဖြူရောင် အလုံးလေးတွေပါသော ထမီနှင့် အင်္ကျီအဖြူလေးကို ဝတ်ထားသလို သူကလည်း ဘာစိတ်ကူးနှင့်မှန်းတော့မသိ၊ စတစ်ကော်လာအဖြူလက်ရှည်နှင့် ပုဆိုးကို မြန်မာဆန်ဆန် ဝတ်ထားသောကြောင့်ဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် အတော်ကြာကြာ ငေးကြည့်နေရာမှ သူက

“ဝိုးးး ဂင်္ဂါ မိုက်တယ်ကွာ… ဒီ ဒီဇိုင်းကို လုံးဝမတွေ့ဖူးဘူး… ဘယ်သွားမလို့လဲ”

“နေပါဦး ကျွန်မမေးတာ အရင်ဖြေပါဦး… ရှင်ကရော ဘာလို့ဒီလိုဝတ်လာတာလဲ”

“ကိုယ် မင်းဆီလာပြီးရင် ဘုရားသွားမလို့… မနက်နိုးတော့ ဘုရားတက်ချင်စိတ်ပေါက်လာလို့”

သူ့ကြည့်ရတာ လိမ်နေတဲ့ပုံမပေါက်ပါ။ ဒါဟာ လိမ်ညာမှုတစ်ခုမဟုတ်ဘူးဆိုတာ ဂင်္ဂါရင်ထဲက ယုံသည်။ တိုက်ဆိုင်တာ မဟုတ်ဘဲ ဆန်းကြယ်သော တစ်စုံတစ်ရာ၏ ဆက်သွယ်မှုဟု တွေးထင်ယုံကြည်မိရလျှင် ကြက်သီးတွေ ဖြာထလာရလေသည်။

“ကဲ… မင်းအလှည့်”

“ကျွန်မရဲ့ မွေးနေ့တိုင်းမှာ မနက်အစောကြီး ဘုရားတက်၊ ပုတီးစိတ် လုပ်လေ့ရှိတယ်ရှင့်”

“ဒါဆို ဒီနေ့မင်းမွေးနေ့ပေါ့… မနေ့ညက ကိုယ်နဲ့ဖုန်းပြောတော့ ဘာလို့ထည့်မပြောရတာလဲ”

“ဘာပြောစရာလိုလဲ… မွေးနေ့ဆိုတာ လူတကာကို လျှောက်ပြောစရာလား”

“ဒါဆို ကိုယ့်ကို အထူးအခွင့်အရေးအနေနဲ့ မင်းနဲ့အတူတူ ဘုရားတက်ခွင့်ပေးကွာ… နော်”

တစ်စုံတစ်ရာသည် ဂင်္ဂါရဲ့ နှလုံးသားရှိရာသို့ တိုးဝင်ပြီးလာနေသည်ဟု ခံစားရသည်။ ဘယ်လောက်ကြာလို့ ကြာသွားမှန်းမသိသော အချိန်မှာ ဂင်္ဂါရဲ့နားထဲသို့ ခေါ်သံတစ်ခုက တိုးဝင်လို့လာသည်။ ဂင်္ဂါလည်း ရုတ်တရက် ပြောမိပြောရာ ပြောထွက်သွားသည်။

“ရှင် ပုဆိုးနဲ့လိုက်သားပဲ”

“ဟုတ်လား… ဒါပေမယ့် မင်းက မွေးနေ့ရှင်ဆိုတော့ မင်းပဲ နံနက်စာကို တာဝန်ယူရလိမ့်မယ်”

“အိုကေ… ကျွန်မ ကျွေးမှာပေါ့”

ပြီးတော့ သူ့ကားနှင့်ပင် ဂင်္ဂါတို့ ရွှေတိဂုံဘုရားတက်ကြသည်။ ဂင်္ဂါ ပုတီးစိပ်နေတုန်း သူလည်း ဘေးမှာ တရားထိုင်ပါသည်။ ဂင်္ဂါ ပုတီးစိပ်ပြီး မျက်လုံးဖွင့်လိုက်တော့ သူက ဂင်္ဂါကို စိုက်ကြည့်နေသောကြောင့် ရှိုးတိုးရှန်းတန်း ဖြစ်သွားသည်။ ရှက်ရှက်နှင့်

“အာ… ဘာကြည့်နေတာလဲ.. သွားမယ်”

ထဖို့ပြင်နေသော ဂင်္ဂါသည် ခြေထောက်ကျဉ်နေသောကြောင့် ယိုင်ခနဲဖြစ်သွားလျှင် သူက ဂင်္ဂါရဲ့ လက်မောင်းကို အလျင်အမြန် ဆွဲထားလိုက်ပြီး

“ဂင်္ဂါ… မင်းအနားမှာ ကိုယ်တစ်သက်လုံးရှိချင်တယ်… အဲဒီအတွက် ကိုယ့်ကိုလိုအပ်ပေးပါ။ လိုအပ်မယ်မဟုတ်လားဟင်”

ဒါ သူ့ရဲ့ ရည်းစားစကားလို့ မှတ်ယူလို့ရမလားဟင်။ သူ့ရည်းစားစကားကလည်း အဆန်းပင်။ သူ့ကို မလိုအပ်ဘူးလို့ ကျွန်မ ပြောမထွက်ရက်ပါ။

“မွေးနေ့လက်ဆောင်အဖြစ် ကိုယ့်နှလုံးသားကို ပေးချင်တယ်။ လက်ခံပေးပါနော်… မင်းနဲ့အတူ သာယာတဲ့ ချစ်ခြင်းတစ်ခုကို တည်ဆောက်ချင်လို့ပါ”

သူကပဲ အပြောကောင်းလို့လား၊ ဂင်္ဂါကပဲ ဟတ်ထိသွားတာလား မပြောတတ်တော့။ သူ့မျက်နှာကိုတစိမ့်စိမ့်ကြည့်နေရင်းမှ နှုတ်ခမ်းတွေက တဖြည်းဖြည်း ပြုံးလာမိသည်။

“ရှင်ရဲ့မွေးနေ့လက်ဆောင်က တစ်သက်လုံးအတွက်ဆိုရင်တော့ ငြင်းစရာမရှိပါဘူး”

ဂင်္ဂါရဲ့လက်ကလေးကို ဂင်္ဂါကိုယ်တိုင်ကပဲ သူ့ဆီကမ်းပေးလိုက်လျှင် သူကလည်း ချက်ချင်းပင် ဂင်္ဂါလက်ကို ဆုပ်ကိုင်လျက် ချစ်သူတွေဆိုသော ပတ်သက်မှုကတော့ ဂင်္ဂါတို့နှစ်ယောက်ကြားထဲသို့ လှပစွာ ချဉ်းကပ်ဝင်ရောက်လာခဲ့ပြီ ဖြစ်တော့သည်။

————————————————

🏵️အခန်း (၁၀)🏵️

ချစ်သူမရှိသော ဒီနေ့နှင့် ချစ်သူရှိသော မနက်ဖြန်သည် အခြားနားကြီး ခြားနားသွားသည်ဟု ထင်သည်။ သူမကိုကြည့်ကာ ဒါ ငါ့ချစ်သူဆိုသော အသိက သူ့ရင်ကို အတိုင်းမသိ အေးချမ်းစေသည်။ တောက်ပရွှန်းလက်သော မျက်ဝန်းများကို သူ အနှစ်သက်ဆုံးဖြစ်သည်။ တစ်ခါတစ်လေတော့လည်း သူမ၏ ပမာမခန့်ပုံစံတွေကို သူ အမြင်ကပ်မိသည်။

“ဒီနားလာဦး”

ကန်တော်ကြီးထဲတွင် သူတို့ရောက်ရှိနေပြီး ဂင်္ဂါမေကတော့ ကားတံခါးကို မှီကာ ဖုန်းမှ ဂိမ်းဆော့နေသည်။ တုမရကတော့ ကားစက်ဖုံးပေါ်တွင် ထိုင်လျက်ရှိနေသည်။

“ဘာလဲ…ပြောစရာရှိရင် ပြောပါလား”

“ပြောစရာက ဒီနားလာမှ ပြောလို့ရမှာ”

“အာ…လာဘူးကွာ… ဒီမှာ ကောင်းနေပြီ”

သူက သူမအနားသို့ လျင်မြန်စွာ ရောက်သွားလျက် သူမလက်ထဲမှ ဖုန်းကို ဆတ်ခနဲဆွဲယူကာ ကူရှင်ပေါ်သို့ လွှင့်ပစ်လိုက်သည်။ ပြီးတော့ ကားတံခါးကို မှီရပ်နေသော သူမကို ခါးမှပွေ့ကာ ကားဘောနပ်ပေါ်သို့ တင်လိုက်လျှင် သူဒီလို လုပ်လိမ့်မည်ဟု ထင်မထားသော သူမမှာ အငိုက်တွေ့သွားလျက် ဘာမှမတတ်နိုင်ချေ။ ဆက်ပြီးတော့ သူက သူမမျက်နှာလေးကို ဆွဲယူပြီး အနမ်းတွေတသီကြီးပေးလိုက်လျှင် သူမမျက်တောင်လေးတွေ မှေးကြလာသည်။ သူမက တကယ့်အရိုင်းပန်းလေးပင်။

တစ်နေ့ သူ အလုပ်ကအပြန် ခါတိုင်းဖုန်းခေါ်နေကြအတိုင်းခေါ်လျှင် သူမဖုန်းက ဆက်ပိတ်ထား၍ လူကြီးမင်းနှင့်တိုးနေသည်။ သူ အလိုမကျဖြစ်သွားသည်။ ဘာကိစ္စနှင့် စက်ပိတ်ရတာလဲ။ သူ့မှာတော့ အလုပ်ပြီးပြီးချင်း သူမအသံလေးကြားချင်၍ ဖုန်းဆက်ရသည်။

ဟာကွာ… သူ ဒေါသထွက်ထွက်နှင့် ကားကို သူမရှိရာ ကွန်ဒိုသို့ ဦးတည်လိုက်သည်။ သူမအခန်းရှေ့သို့ ရောက်သွားလျှင် သူက တံခါးဘဲလ်ကို ခပ်နာနာဖိနှိပ်ပစ်လိုက်သည်။ ခဏနေတော့ အခန်းတံခါးပွင့်လာကာ သူမရဲ့ မျက်နှာပေါ်လာသည်။ သူမက အနွေးထည်ခပ်ပါးပါးကို အပေါ်ထပ်ထပ်ဝတ်ထားကာ မျက်နှာနီမြန်းမြန်းနှင့်။ မြင်လိုက်တာနှင့်ကို နေမကောင်းမှန်းသိသာစေသော ဒီဇိုင်းဖြစ်သည်။

“အထဲကိုဝင်လေ… ဘာလုပ်နေတာလဲ”

မထင်မှတ်သော ဖိတ်ခေါ်သံကြောင့် သူ အံ့ဩသွားရသည်။ မောင်းတင်လာသမျှ ဘာပြောရမှန်းတောင် မသိတော့ချေ။ သူမနှင့် ချစ်သူဖြစ်လာသော သုံးလတာကာလမှာ သူမအိမ်ထဲသို့ သူ တစ်ခါမှ မရောက်ဖူးချေ။ မရောက်ဖူးဆို သူမကလည်း အိမ်ထဲဝင်ဖို့ ဘယ်တုန်းကမှ မဖိတ်ခေါ်ဖူးသောကြောင့်ဖြစ်သည်။ အခုတော့…

“ဂင်္ဂါ… နေမကောင်းဘူးလား”

သူမက ဝေဒနာတစ်ခုကို ခံစားနေရဟန်ဖြင့် နှုတ်ဆိတ်နေသည်။ သူသည် သူရဲ့ celica ဘုရင်မလေး နေမကောင်းဖြစ်နေပုံကို ကြည့်ကာ သနားစိတ်က ရင်ထဲမှာ အပြည့်ဖြစ်လာသည်။ သူသာ နေမကောင်းဖြစ်လျှင် အိမ်မှာ ပြုစုပေးမည့် မေမေက အသင့်ရှိသည်။ သူ့ရဲ့ တစ်ကောင်ကြွက် ချစ်သူလေးကြတော့ အနားမှာ ဘယ်သူမှမရှိ။

“နေမကောင်းဖြစ်နေတာ ဘာလို့ဖုန်းမဆက်လဲ… ဘာဆေးသောက်ထားလဲ… ဆေးခန်းသွားမလား”

“တု အလုပ်လုပ်နေတာ မနှောင့်ယှက်ချင်လို့ပါ… ပါရာစီတမောလ် သောက်ထားတယ်”

ကြည့်လိုက်လျှင်တော့ အသည်းမာသလိုလိုနှင့် အလိုက်သိလွန်းသော ဂင်္ဂါကို သူ တိုးလို့ချစ်ရသည်။
သူက အိမ်ထဲသို့ လှမ်းဝင်လိုက်ရင်း

“ဘာစားထားပြီးပြီလဲ… ထမင်းတော့ မစားတာကောင်းမယ်ထင်တယ်”

သူက ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်ရှုနေတုန်းမှာပဲ သူမက သူ့ရဲ့လက်မောင်းနှစ်ဖက်ကို ဆွဲလှည့်လိုက်ကာ သူ့ ရင်ခွင်ထဲသို့ ခေါင်းလေးတိုးဝင်လာသည်။ သူမ အားငယ်နေတာဖြစ်မည်။ သူ သူမကျောလေးကို ဖက်ထားရင်း မျက်နှာလေးကို ဆွဲမော့လိုက်တော့ အဖျားရှိန်ကြောင့် မျက်နှာလေးက နီမြန်းနေသည်။ သူ သူမကို အားပေးမှဖြစ်တော့မည်။ အနီးကပ်ကြည့်ရင်း စိတ်ထဲဘယ်လိုဖြစ်လာမှန်းမသိခင်ပဲ နဖူးလေးကို ညင်ညင်သာသာ နမ်းလိုက်မိသည်။ သူမကိုယ်လေးကို ပွေ့ချီလိုက်ပြီး သူမအခန်းလို့ထင်တဲ့ အခန်းကို ဝင်လိုက်ပြီး ကုတင်ပေါ်မှာ ပက်လက်လှန်ချပေးလိုက်တော့ ဂင်္ဂါက သူ့မျက်နှာကို လိုက်ကြည့်နေတာ တွေ့ရသည်။

“ခေါင်းမူးလား ဂင်္ဂါလေး”

“ဟင့်အင်း”

ဂင်္ဂါက သူမဘေးကို ပုတ်ပြလိုက်တော့ သူလည်း သူမဘေးမှာ ဝင်လှဲနေလိုက်သည်။ သူ့စိတ်ထဲမှာ ဂင်္ဂါကို ချစ်ချင်နေပြီဖြစ်သော်လည်း ဂင်္ဂါကို သူတန်ဖိုးထားသည်။ သူ အရင်ထားခဲ့ဖူးသော ဆော်တွေလို သဘောထားတယ်လို့ ထင်မှာ သူ အထင်မခံနိုင်ချေ။ သူ့လက်မောင်းကို သူမခေါင်းအောက် ထိုးထည့်ပေးလိုက်ရင်း သူ့လက်မောင်းကို ခေါင်းအုံးအိပ်စေသည်။ သူမကျောလေးကို အသာပွတ်သပ်ပေးလိုက်ရင်း

“အိပ်လိုက်လေ… ကိုယ် စောင့်ပေးမယ်”

မျက်လုံးလေးမှိတ်ကာ အိပ်ဖို့ကြိုးစားနေသော ဂင်္ဂါကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေပုံပဲ။ မျက်ခွံအောက်က လှုပ်စိလှုပ်စိ ဖြစ်နေတာရယ်၊ အသက်ရှုသံမြန်နေတာရယ် ပေါင်းလိုက်တော့ ဂင်္ဂါစိတ်လှုပ်ရှားနေတာ သေချာသွားသည်။ သူ သူမနှုတ်ခမ်းလေးတွေကို ဖိကာ ကပ်နမ်းလိုက်တော့ မျက်လုံးလေးတွေ ခဏပွင့်လာပြီး ပြန်လည်မှေးစင်းသွားကြသည်။ ဂင်္ဂါကျောပြင်လေးကို သိုင်းဖက်ထားသည့် သူ့လက်တွေကလည်း ပွတ်သပ်နေရင်း အောက်သို့ဆင်းသွားကြသည်။

တုရဲ့လက်တွေက မြွေတစ်ကောင်ကဲ့သို့ ဂင်္ဂါရဲ့ကိုယ်လုံးလေးကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသလို အနမ်းတွေကလည်း တဖြည်းဖြည်းနှင့် အရှိန်တက်လာကြသည်။

“အင့်…အင့်”

ဂင်္ဂါရဲ့လက်တွေကို တုမရလည်တိုင်ဆီဝယ် ပြန်လည်သိုင်းဖက်ကာ ရီးလေးခိုထားလိုက်သည်။ တုမရကတော့ စတွေ့စကတည်းက အမြဲရင်ခုန်သံမြန်ခဲ့ရသော ဂင်္ဂါရဲ့ တင်သားလုံးလုံးလေးတွေကို ဆုပ်နယ်ကစားနေလိုက်သည်။ အနွေးထည်အောက်က အင်္ကျီလေးကို အပေါ်မတင်လိုက်တော့ ဂင်္ဂါက တုမရရင်ခွင်ထဲမှ အနည်းငယ် ရုန်းကာ သူမ၏ရင်ဘတ်ကို လက်နှစ်ဖက်နှင့် ယှက်ကာထားသည်။ တုမရက တစ်ချက်တောင်းဆိုသလို ကြည့်လိုက်ပြီး သူမ၏လက်နှစ်ဖက်ကို ကိုင်လိုက်ကာ တစ်ချက်နမ်းပြီးမှ ဆွဲဖယ်လိုက်သည်။ လှပဖွေးဥနေသော ရင်သားနှစ်မွှာသည် အနီရောင်ဇာဘရာလေးအတွင်းမှ လျှံကာကျနေသည်။ တုမရသည် ဂင်္ဂါကိုယ်ပေါ်သို့ မှောက်ချလိုက်ပြီး ဖြူနုနေသော ရင်ညွန့်လေးကို စတင်နမ်းလိုက်သည်။

“ပြွတ်”

ဂင်္ဂါကိုယ်လေး ကြွတက်အလာတွင် တုမရရဲ့လက်တွေက ဂင်္ဂါရဲ့ကျောဘက်ကနေ ဘရာချိတ်တွေကို ပိုင်နိုင်ကျွမ်းကျင်စွာ ဖြုတ်လိုက်သည်။ ထွက်ပေါ်လာသည့် နို့လေးတစ်ဖက်ကို တုမရ ပါးစပ်နှင့် အသာလေးငုံကာ စို့လိုက်သည်။ ဂင်္ဂါရဲ့လက်တွေက တုရဲ့ခေါင်းကို ဆုပ်ကိုင်လျက်

“အင့် …အင့်… ရှီး”

ဂင်္ဂါရဲ့နို့သီးဖျားလေးအပေါ် သူ့ရဲ့လျှာအထိအတွေ့တွင် ဂင်္ဂါမျက်စိလေးတွေ အလိုလို မှေးမှိတ်သွားရသည်။ ဂင်္ဂါဝတ်ဆင်ထားသော ချည်သားဘောင်းဘီပွပွအဖြူကို သူ ဘယ်အချိန်က ဆွဲချွတ်လိုက်မှန်းပင် ဂင်္ဂါမသိတော့။ သူ့ရဲ့လက်တွေက ဂင်္ဂါ၏ ပင်တီလေးပေါ်သို့ ရောက်လာမှ ဂင်္ဂါ သတိဝင်လာသည်။ သူက ပင်တီလေးကို ပေါင်တံသွယ်သွယ်တစ်လျှောက် ဆွဲချဟန်ပြင်တော့ ဂင်္ဂါ မငြင်းတော့ပါချေ။ ဂင်္ဂါ သူ့ကိုယုံကြည်သည်။ ဂင်္ဂါရဲ့အပျိုစင်ဘဝကို သူ့ကိုသာ ပေးချင်သည်။

တုမရ သူမရဲ့ပိပိလေးဆီသို့ လက်လှမ်းလိုက်တော့ ခြေထောက်ကို အရမ်းစိထားသည်။ သူမရဲ့ ခြေထောက်ကြားထဲ တုမရခြေထောက် ထည့်ကာထိုးခွဲလိုက်တော့ နည်းနည်းလေး ဟသွားသည်။ ဖောင်းဖောင်းဖွေးဖွေးလေး ဖြစ်နေသည့် ဂင်္ဂါ၏ ရတနာရွှေကြုပ်လေးကို မျက်တောင်မခတ်တမ်းစိုက်ကြည့်မိသည်။ စောက်ပတ်နှုတ်ခမ်းသားလေးတွေက တင်းတင်းစိကပ်နေသဖြင့် တုမရ ဘာမှမမြင်ရသေးပေ။ သူမရဲ့ပေါင်နှစ်ဖက်ကို တွန်းထုတ်လိုက်တော့မှ စောက်ပတ်အကွဲကြောင်းလေးက ဟတတ ဖြစ်သွားသည်။ တုမရ အကွဲကြောင်းလေးအတိုင်း အထက်အောက် စုံဆန်ဆွဲပေးရင်းနှင့် အစိလေးကို ရှာနေသည် ။ ဟော… အစိလေးကို စမ်းမိပါပြီ။

“အ…”

ဂင်္ဂါ ရှက်နေမိသည်။ သူ့လက်ချောင်းတွေက အပေါက်ဝလေးထဲ နည်းနည်းသွင်းလိုက် အစိလေးပွတ်လိုက်နှင့် အလုပ်တွေရှုပ်နေမိသည်။ ဂင်္ဂါမျက်လုံးလေးတွေမှိတ်ကာ အံကြိတ်နေမိသည်။ ဂင်္ဂါသိတယ်… အရည်တွေ တဖြည်းဖြည်းနှင့် တော်တော်ရွှဲနေပြီဆိုတာ… သူ့ လက်ချောင်းတွေက စောက်စိလေးကို ခလုတ်တိုက် ပွတ်သပ်နေတာမို့ ဂင်္ဂါ တဆတ်ဆတ် တုန်သွားရသည်။ သူ ဂင်္ဂါနို့တွေကိုလည်း စို့ပေးနေရင်းကနေ ဂင်္ဂါရဲ့ဗိုက်သားချပ်ချပ်လေးကို လျှာကြီးနှင့် ယက်ပေးနေပြန်သည်။ တရွေ့ရွေ့နှင့် ချက်ရဲ့အောက်ဖက်ကို ဆင်းလာပြီး လျှာကြီးက အပြားလိုက် စောက်စိလေးကို ပင့်ကော်လိုက်လျှင်

“အိုး…ရှီး”

ဂင်္ဂါ ဘယ်လောက်ပင် အံကြိတ်ကာ ထိန်းထားထိန်းထား နှုတ်ဖျားထက်ဆီမှ ခံစားမှုအသံလေးတွေ ထွက်ပေါ်လာရသည်။ သူ့လှုပ်ရှားမှုတွေ ရပ်သွားလို့ကြည့်လိုက်တော့ သူက ဂင်္ဂါပါးလေးကို လာနမ်းပြီး သူ့ကိုယ်ပေါ်က အဝတ်အစားတွေ ချွတ်ပစ်နေသည်။ ပြီးတော့ သူ့စတိုင်ဘောင်းဘီကို ချွတ်လိုက်တယ် ပင်တီလေးကောပေါ့ ။ သူက သူ့ ကိုယ်ကို ရွှေ့ကာ ဂင်္ဂါရဲ့ပေါင်ကြားမှာ နေရာဝင်ယူနေသည်။ ဂင်္ဂါမျက်လုံးတွေက သူ့ပေါင်ကြားထဲကအချောင်းကြီးကို မြင်လိုက်သည်တွင် မျက်လုံးလေးဝိုင်းစက်သွားသည်။

တုမရ ဂင်္ဂါ၏ အဖုတ်လေးကိုကြည့်လိုက်တော့ လှလိုက်တာ။ ခုနက သူလျှာစွမ်းရော လက်စွမ်းရော ပြထားတဲ့ အရှိန်နှင့် ဖောင်းကားနေသည်။ ကာမအရည်လေးတွေကလည်း ပြောင်လက်နေသည်။ ဆန့်ကျင်ဘက် လိင်အင်္ဂါများ၏ အထိအတွေ့တွင် သူမတွန့်ခနဲဖြစ်ပြီး ပေါင်လေးပိုကားသွားသည်။ သုံးလေးငါးချက်လောက် ပွတ်ပေးပြီးတော့ သာသာလေးသွင်းလိုက်တော့ မဝင်ဘူး။ သေသေချာချာ ကိုင်ပြီးတေ့ကာ ဖိချလိုက်တော့မှ ပြွတ်ဆိုတဲ့ အသံလေးတိုးတိုးလေးနှင့်အတူ ဒစ်လေးမြုုပ်သွားသည်။ ဖွဖွလေး တရစ်ချင်း ဆက်သွင်းလိုက်တော့ စောက်ပတ်ဝလေးနားက အရစ်လေးတွေက တုမရ၏ လိင်တန်ထိပ်ပိုင်းကို တင်းခနဲနေအောင် ဆွဲညှစ်ထားသည်။

“အီး…”

ဂင်္ဂါကတော့ ဆောက်တည်ရာမဲ့ အိပ်ရာခင်းကို တင်းတင်းပင် ဆုပ်ကိုင်ထားမိသည်။ တစ်ခုခုနှင့် တိုးတဲ့အရသာ ခံစားမိပြီး ဒစ်ထိပ်တစ်ခုလုံး တအားတင်းကြပ်သွားသည်။ တုမရ ရင်တွေခုန်လာသည်။ ဒါဆို သူမက အပျိုစင်စစ်စစ်ပေါ့။ သူမကို အထင်သေးတာ မဟုတ်ပေမယ့် ၂၁ ရာစုခေတ်မှာ ယောင်္ကျားလေးများက တော်တော်လက်သွက်ကြပြီး အပျိုစစ်စစ်မိန်းကလေး အတော်ရှားနေပြီလို့ သူသိထားသည်ပဲလေ။ အင်း… ဒီတိုင်းဆို ဂင်္ဂါတော့ တော်တော်နာတော့မှာပဲ။

တုမရ အရမ်းမသွင်းရဲ။ မတော်ကွဲပြဲသွားလျှင် ဘယ်လိုလုပ်မလဲ။ သူ ညီလေးကို အသာစိမ်ထားရင်း ခဏလောက် သွင်းချည်ထုတ်ချည် လုပ်ပေးလိုက်သည်။ နို့လေးပြန်စို့လိုက် နားရွက်ကြားထဲ လျှာလေးထိုးယက်လိုက်နှင့် ဝေဒနာကို သူမ မေ့လောက်သည့်အချိန်ကို ချိန်ကိုက်၍ သူမ၏ခါးကျဉ်ကျဉ်လေးကို အမိအရကိုင်ကာ သူ့ညီလေးကို တွန်း၍ဖိချလိုက်သည်။

“အ….နာတယ် တု”

“အင်းပါ ချစ်ရယ်.. အားလုံးဝင်သွားပြီ…”

မျက်ရည်လေးဝဲကာ အံကြိတ်ထားသည့် ချစ်ရသူလေးကို သူ အနမ်းမိုးတွေ ရွာသွန်းကာ ချော့မိသည်။ တုမရသည် သူ့ညီလေးကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်တော့ စောက်ပတ်နှုတ်ခမ်းသားများကပါ ကပ်လျက်ပါလာသည်။ တုမရ သူ့ညီလေးကို နှုတ်လိုက် ပြန်သွင်းလိုက် နှင့် ဂင်္ဂါမျက်နှာလေးကို ကြည့်နေသည်။ အံကြိတ်ပြီးခံနေသော်လည်း တစ်ချက်တစ်ချက် ပြုံးသွားသည်ကို သူ တွေ့လိုက်ရသည်။ သူမလည်း ကောင်းလာပြီထင်သည်၊ မကော့တတ် ကော့တတ်နှင့် ဖင်လေး ကော့ကော့ပေးလာသည်။ သူလည်း သူမခါးကို ပင့်ကိုင်ကာ ဆွဲဆောင့်ပေးနေလိုက်သည်။

တုမရဆောင့်လိုက်တိုင်း စောက်ပတ် အတွင်းသားတွေကို ထိုးသွင်းပွတ်တိုက်သွားသလို ဂင်္ဂါရဲ့ညီမလေးကလည်း တစ်ချက်တစ်ချက် ညှစ်ပေးခြင်းဖြင့် သူမတာဝန်ကိုကျေပြွန်အောင် ဆောင်ရွက်နေပေသည်။ ဆောင့်ချက်များစွာ ဆောင့်လိုက်ပြီးနောက်တွင်တော့ တုမရလည်း ဂင်္ဂါ၏စောက်ပတ်အသစ်စက်စက်လေးထဲသို့ လရည်များကို အရှိန်ပြင်းပြင်းနှင့် ပန်းထည့်ပေးလိုက်တော့သည်။ အရည်ကုန်သွားပြီးတာတောင် သူမလေးကို ဖက်ကာ ဆန့်ကျင်ဘက်လိင်အင်္ဂါချင်း ထိကပ်ထားမိသည်။
ပြီးမှ သူမမျက်နှာလေးကို ကြည့်မိတော့ အို… လှလိုက်တာ… ချွေးသီးလေးတွေစို့နေသော အလှနတ်ဘုရားမလေးကို သူ ကြင်ကြင်နာနာဖြင့် အမောပြေအနမ်းလေး နဖူးထက်ဆီသို့ခြွေလိုက်သည်။ ရင်သားတွေက နိမ့်လိုက်မြင့်လိုက်နှင့် သူမ မောနေတာပဲ။ သူမ မျက်လုံးလေးတွေ ပွင့်လာပြီး

“ဟွန့် နေမကောင်းတဲ့လူကို အနိုင်ကျင့်တယ်”

ဟု မျက်စောင်းလေးထိုးပြီး ပြောတော့ ဟုတ်သားပဲ… သူမ နေမကောင်းဖြစ်နေခဲ့တာပဲ…။ သူ တစ်ချက်ရယ်လိုက်ပြီး

“ဂင်္ဂါ နေမကောင်းဘူးဆိုလို့ ချွေးထုတ်ပေးတာလေ… အခု ကောင်းသွားပြီဟုတ်”

ဂင်္ဂါလည်း သူ့ကို မျက်စောင်းထိုးလျက် ရေချိုးခန်းသွားမည်ဟု ကုတင်ပေါ်မှအထ မိုက်ခနဲဖြစ်ကာ ကုတင်ဘောင်ကို လှမ်းကိုင်ထားလိုက်ရသည်။ ဒါကို သူတွေ့သွားတော့ ဂင်္ဂါရှိရာသို့ရောက်လာပြီး စွေ့ခနဲပွေ့ချီသွားကာ သန့်ရှင်းရေးလုပ်ပေးသည်။ ပိပိလေးကိုပါ ရေစိုအဝတ်လေးနှင့် သန့်ရှင်းရေးလုပ်ပေးတော့ စပ်လိုက်တာ။ ဂင်္ဂါ သူလုပ်သမျှ ငြိမ်နေပြီး လိုက်ကြည့်နေမိသည်။ ပြီးတော့ သူကပဲ ပြန်ချီခေါ်လာပြီး အဝတ်အစားလဲပေးသည်။ အနွေးထည်ပြန်ဝတ်ပေးပြီးတော့ သူမကို သူက ခဏအိပ်ခိုင်းကာ သူကိုယ်တိုင်ကတော့ သူမနိုးလာလျှင် အံ့ဩမှုတစ်ခုပေးရန် ထွက်လာခဲ့သည်။

သူမအား လက်ထပ်ခွင့်တောင်းရန် စိန်နှင့်ပလက်တီနမ် လက်စွပ်ကလေးနှင့် ပန်းစည်း၊ ကိတ်နှင့် ဖယောင်းတိုင်တို့ကို သွားဝယ်ရင်း သူ ကြည်နူးနေမိသည်။ သူ့ဘဝကို လွှမ်းမိုးထားနိုင်သော သူ့ချစ်သူလေး၏ လက်ထဲသို့ သူ့ဘဝကို ကျေကျေနပ်နပ် ပေးအပ်လိုက်ချင်ပါသည်။ ထို့အတွက် လူပျိုဘဝကို စွန့်လွှတ်လိုက်ရ၍ သူ နောင်တမရမိပါ။ သူမနှင့် လွဲသွားရင်သာ……

ပြီးပါပြီ။