ရေခြားမြေခြား သူ့ဘဝ (အပိုင်း ၈) ဇာတ်သိမ်း

ရေခြားမြေခြား သူ့ဘဝ (အပိုင်း ၈ ဇာတ်သိမ်း)
ရေးသားသူ – Nat Thar

(အချစ်တက္ကသိုလ်တွင် ရေးသားသည်)

ခန်းဆီးစပေါ်ကို ထိုးကာကျနေသည့် အလင်းရောင်သည် ရွှေရောင်တောက်ပစွာ ဝင်းလက်လျက်ရှိသည်။ ထိုအလင်းရောင်အားနှင့်ပင် အခန်းထဲရှိ ပစ္စည်းပစ္စယတွေကို သဲသဲကွဲကွဲ မြင်နိုင်နေသည်။ ဒီအတိုင်းဆို နေတော်တော်မြင့်နေလောက်ပြီမှန်း မင်းမင်း တွက်မိသည်။ သူတို့တွေ ညတုန်းက သောင်းကျန်းချင်တိုင်း သောင်းကျန်းခဲ့ကြရာ တော်တော်ကြီး ညဉ့်နက်လို့ လူတွေလည်း တုတ်တုတ်မျှ မလှုပ်နိုင်တော့မှ မီးပိတ် အိပ်ယာဝင်ခဲ့ကြသည်။ တစ်နေ့ခင်းလုံး ရေထဲစိမ်၊ တစ်ညခင်းလုံး ကျွင်းစိမ်ထားခဲ့သည့် အရှိန်နှင့်မို့ ကိုယ်တွေလက်တွေတောင်မှ နဲနဲကိုက်ချင်သလို ဖြစ်နေသည်။ မင်းမင်း ခန်းဆီးစဘက်ကို ငေးနေရာမှ ခေါင်းကို အသာလှည့်လိုက်သည်။ ဖြူဝင်းနေသည့် မျက်နှာလေးတွင် ရွှေရောင်ဆံနွယ်လေးတွေ ကနွဲ့ကလျနှင့် ခွေကျနေသည့် မိန်းမချောလေး တစ်ဦးက သူ့ဘေးတွင် နှစ်ခြိုက်စွာ အိပ်မောကျနေရှာသည်။ လှပနုနယ်သည့် မျက်နှာလေးကို ငေးနေရာမှ စိတ်ထဲမချင့်မရဲ ဖြစ်လာသည်နှင့် ပါးပြင်ပေါ် အုပ်မိုးနေသလို ဖြစ်သော ဆံနွယ်လေးတချို့ကို လက်နှင့်သပ်တင်ပေးလိုက်သည်။ သူ့လက်ဖဝါးနှင့် နူးညံ့သည့် ပါးပြင် အထိအတွေ့တွင် ဖူးသစ်စု တစ်ချက်တွန့်သွားသည်။

“အင်း .. အင်း …ကိုကို နိုးနေပြီလား …”

မျက်တောင်လေးတွေ ပုတ်ခတ်ပုတ်ခတ် ဖြစ်လာသည့် ဖူးသစ်စု ခေါင်းအုံးပေါ်တွင် သူမ မျက်နှာလေးကို ဟိုမှဒီကို လှိမ့်ကာလူးသည်။

“အိပ်ပုတ်လေး … ထတော့ .. နေမြင့်နေပြီ ..”

“အင်းပါ .. ထပါ့မယ် .. ကစ်ပေးဦး .. အဲဒါမှ မျက်စိဖွင့်လို့ရမှာ ..”

“ရော့ဗျား … ပြွတ် ..”

နှုတ်ခမ်းချင်း ထိတွေ့သွားရာမှ ပြန်ခွာလိုက်တော့ ဖူးသစ်စုက သူ့ကို ကျေကျေနပ်နပ် ပြုံးကြည့်နေသည်။

“ဘယ်အချိန်ရှိပြီလဲ ..”

“မသိဘူး .. နေဦး ကြည့်လိုက်ဦးမယ် …”

မင်းမင်း ဖူးသစ်စုအပေါ်ကနေ ကျော်ကာ ကုတင်ဘေးက ခုံပုလေးပေါ် တင်ထားသည့် လက်ပတ်နာရီကို လှမ်းကြည့်သည်။ အဲဒီတော့မှ တစ်ဖက်ကုတင်တွင် ပုံ့ပုံ့ မရှိမှန်း သတိထားမိသည်။ အစောပိုင်းတုန်းက စောင်ကြီး ကွယ်နေသဖြင့် သူမ အိပ်နေသည်ဟုပင် သူက ထင်ထားသည်။ အခန်းထဲ မျက်စိကစားလိုက်ရာ ရေချိုးခန်းဘက်မှ မီးအလင်းအရောင်က ကြမ်းပြင်ထက်တွင် အစွန်းထွက်နေသည်ကို တွေ့သည်။

“၉ နာရီခွဲနေပြီ .. ပုံ့ပုံ့လည်း နိုးနေတယ် ထင်တယ် .. ရေချိုးခန်းထဲမှာလား မသိဘူး ..”

“ဟင် .. ၉ နာရီခွဲနေပြီလား .. ဒါဆို ထမှ ဖြစ်တော့မယ် .. စုက ကမ်းခြေမှာ လမ်းနဲနဲလျှောက်ချင်သေးတယ် ..”

“ကမ်းခြေ ဆင်းဦးမလို့လား … နံနက်စာစားပြီး ဒီမှာပဲ ပြန်နှပ်နေရတာပဲကို …”

Random Image

“မနှပ်ချင်ပါဘူး … အခန်းထဲမှာ ပျင်းစရာကြီး …”

ပျင်းစရာမကောင်းအောင် ကိုကို ဧည့်ခံမယ်လေ .. ဟီး ”

“အံမယ် ..တော်ပြီ ကိုကိုရယ် … စုတော့ ကိုယ်တွေလက်တွေ နာနေပြီ ..တော်ကြာနေ ပြန်သွားရင် နေမကောင်းဖြစ်နေဦးမယ် .. ဘာလဲ .. ကိုကို့ညီလေးက နိုးနေပြန်ပြီလား … ”

ဖူးသစ်စု လက်တစ်ဖက်က စောင်အောက်ကို ရောက်လာသည်။ ညတုန်းက ဘယ်လောက်ပဲ ဦးကျိုးအောင် လုပ်ထား၊ လုပ်ထား မနက်ဘက်ဆို တာဝန်ကျေတတ်သည့် မင်းမင်း လိင်တံက မာတာတာ ဖြစ်နေလေသည်။

“အယ် .. မာနေတာပဲလား ..ကိုကိုကတော့နော် .. မနိုင်ဘူး .. ဖြတ်ပစ်လိုက်တော့မယ် .. ဟိ .. ဟိ ..”

“ဖြတ်တော့မဖြတ်ပစ်ပါနဲ့ကွယ် .. ဒါလေးနဲ့ လုပ်စားနေရတာ … အရှိန်ကျသွားအောင် ရေချိုးခန်းထဲပဲ ပြေးလိုက်ပါတော့မယ် …”

မင်းမင်းက သဘောရိုးနှင့် ပြောလိုက်ပေမယ့် ဖူးသစ်စုက ဘာကို စဉ်းစားမိသည်မသိ။ မွေ့ယာပေါ်က ထတော့မလို ဖြစ်သည့် မင်းမင်း လက်ကို လှမ်းဆွဲသည်။

“လုပ်ချင်လည်းလုပ် … ကိုကို .. ဒါပေမယ့် အကြာကြီးတော့ စွဲမလုပ်နဲ့နော် … စု ဒီအတိုင်းပဲ စောင်းပေးထားမယ် ..”

“အာ .. စုကလည်း …ကိုကိုက ဘယ်လိုသဘောနဲ့မှ ပြောတာ မဟုတ်ပါဘူး … ပုံ့ပုံ့ ရှိနေလို့ ပြောတာ မဟုတ်ဘူး .. တမျိုးမထင်နဲ့ ..”

“အင်းပါ .. စုသိပါတယ် .. စုကလည်း စုရှိနေလျက်သားနဲ့တော့ ကိုကို့ကို ပစ်မထားချင်လို့ … သိပြီလား .. လုပ်မှာလုပ်တော့ .. အဲဒါနဲ့ပဲ အချိန်ကုန်နေမယ် …”

ဖူးသစ်စုက တခြားဘက်ကို ပြန်လှည့်သွားပြီး တင်ကလေးကို နောက်ပစ်ပေးသည်။ စောင်အောက်တွင် ရှိနေသည့် သူ့ခါးအောက်ပိုင်းကို လုံးလုံးကျစ်ကျစ်အရာလေးနှစ်ခုက အိခနဲ လာထိသည်။ မင်းမင်း သူမကိုယ်ပေါ်ရှိ ဖဲသား ညအိပ်ဝတ်စုံလေးကို အပေါ်သို့ မတင်လိုက်သည်။ နူးညံ့သည့် အသားဆိုင်တွေ၏ အထိအတွ့က အခန်းထဲရှိ အဲယားကွန်းဓါတ်နှင့် ဆန့်ကျင်စွာ နွေးထွေးနေလေသည်။ မမာ့တမာဖြစ်နေသည့် သူ့ကောင်ကို တင်အိုးလေးနှစ်လုံးကြားထဲ ထိုးညှပ်လိုက်သည်။

“အင်း ..ကိုကို … ခြောက်တောက်တောက်ကြီး … စပ်နေဦးမယ် ..”

“တံတွေးနဲနဲ ဆွတ်လိုက်မယ်လေ … ခန ..”

“အမေ့ … အေးတာ …”

တံတွေးတွေနှင့် စိုနေသည့် မင်းမင်းလက်က သူမအဝလေးကို လာထိတော့ ဖူးသစ်စုကိုယ်ကလေး တွန့်သွားယုံမက ကြက်သီးမွေးညင်းလေးတွေတောင် ထသည်။ မင်းမင်း တံတွေးတွေ အငွေ့ပျံပြီး ခြောက်သွားမှာစိုးလို့ လက်ပြန်အရုတ်တွင် တခါထဲ သူ့ထိပ်ဖူးကို တေ့ကာထောက်သည်။ ဖူးသစ်စုက အလိုက်တသိနှင့် ခြေထောက်တစ်ချောင်းကို ကြွကာ နောက်ပြန်ချိတ်ပေးရာ အဝလေးနှင့် အံကိုက်ဖြစ်သွားသဖြင့် လိင်တံကို လွတ်လွတ်ကျွတ်ကျွတ် ထိုးထည့်လို့ရသည်။ ပြွတ်ခနဲ မတိုးမကျယ် အသံက စောင်အောက်ကနေ သဲ့သဲ့လေး ထွက်လာသည်။

“ကိုကို .. နဲနဲ ညှောင့်ပေးဦးနော် …”

အဝလေးတွင် တံတွေးဓါတ်နှင့် စိုနေပေမယ့် အတွင်းထဲတွင်တော့ ခြောက်သွေ့နေသေးသည်။ ဖိုမှထုတ်ထားသည့် မုန့်ပေါင်းတစ်ခုနှယ် နွေးနွေးလေး ဖြစ်နေသည်ကို မင်းမင်း လိင်တံထိပ်ဖူးမှ တဆင့် သိလိုက်ရသည်။ ပြန်ကျွတ် မထွက်သွားအောင် သတိထားပြီး လက်တစ်ဖက်ကို ခါးကျဉ်ကျဉ်လေးမှ ကျော်ကာ ဝမ်းပြင်သားရှေ့ကိုပို့သည်။ ကျန်သည့်တစ်ဖက်ကိုတော့ ဖူးသစ်စု၏ လည်တိုင်ကျော့ကျော့အောက်မှ ထိုးသွင်းကာ ကိုယ်ကို သိုင်းဖက်လိုက်သည်။ ကိုယ်လုံးအိအိလေးက ရင်ခွင်ထဲရောက်လာမှ သူ စတင်ပြီး ညှောင့်သည်။ ဖြေးဖြေးမှန်မှန် အောင်ပွဲခံဆိုသည့် စကားအတိုင်း ညှောင့်လိုက် ဆောင့်လိုက်နှင့် ကြိုးစားလိုက်ရာ ဖူးသစ်စု တင်သားလုံးလုံးလေးနှစ်ခုက သူ့ဆီးစပ်နှင့် ထိသည်အထိ ဖြစ်လာသည်။

“ကို ..ကို!! …”

ဖူးသစ်စု မျက်နှာလေးက လည်ပြန်လှည့်လာပြီး သူ့ကို ရီဝေဝေနှင့် ကြည့်သည်။ သွေးရောင်လွှမ်းနေသည့် မျက်နှာကြောင့် ချစ်သူလေး စိတ်ထနေပြီဆိုတာကို နားလည်သည်။ မဟတဟ နှုတ်ခမ်းလေးကို အမိအရလှမ်းနမ်းလိုက်ပြီး ဆောင့်ချက်အရှိန်ကို မြှင့်သည်။ တင်အိုးလေးနှစ်လုံးကြားမှ လျှောတိုက်ကာ အဝင်အထွက်ဖြစ်သည့် အကြိမ်အရေအတွက် များသထက်များလာသလို၊ မြန်သထက်လည်း မြန်လာသည်။ အရှိန်ရလာပြီ ဖြစ်ရာ ဖူးသစ်စု၏ အတွင်းသားတွေက လှိုက်ကာစိုလာသလို၊ လိင်တံကိုလည်း တင်းတင်းဖျစ်ညှစ်စပြုသည်။ ထို့အပြင် တတ်နိုင်သမျှ ခါးကလေးကို ခွက်ကာ တင်လေးကို ကော့ပေးထားသေးသည်။

“စု …ကို … အရမ်းချစ်တယ် .. သိလား ..”

“ချစ်တယ် …ကိုကို ..ကိုကိုလုပ်တာ အကုန်လုံးကို ချစ်တယ် ..”

ဖူးသစ်စု၏ တုံ့ပြန်မှုက ပြည့်စုံလှပါသည်။ အချစ်နှင့်ပြည့်နေသော ကြည်နူးမှုအပေါင်းက သူ့ရင်ထဲအထိ စီးဆင်းသွားသောအခါ သူ့ကိုယ်ထဲမှလည်း တန်ပြန်အဖြစ် အချစ်ရည်များကို သူမကိုယ်လေးထဲ စီးဆင်းစေလိုက်သည်။ စိတ်ထဲမှလည်း မနက်ခင်းတိုင်း မနက်ဖြန်တိုင်းကို အခုလိုမျိုး နိုးထခွင့်ရလျှင် ဘယ်လောက်တောင်များ ကောင်းမလဲမသိဆိုကာ မင်းမင်း စိတ်ကူးယဉ်နေမိသည်။ မိမိအပေါ် အလိုက်သိသူ၊ နားလည်ပေးတတ်သူ၊ ချစ်ရသူ ချစ်သူလေး သူ့ရင်ခွင်ထဲ ရှိနေခြင်းသည်ပင် သူ့အတွက် ကမ္ဘာပေါ်တွင် အလိုအပ်ဆုံး ဆုတစ်ခု ဖြစ်တော့သည်။ ထိုဆုရော၊ ဒီစုပါ မင်းမင်း ထာဝရပိုင်ဆိုင်အောင် ပြုလုပ်ရမည်ဟုလည်း သန္ဒိဌာန်ချမိလိုက်ပါတော့သည်။

“မင်းသားနဲ့ မင်းသမီး .. နိုးနေလျှင်လည်း ထကြတော့ .. ဒီမှာ ဗိုက်ဆာနေပြီ …”

တစ်ယောက်နှင့်တစ်ယောက် ကိုယ်ချင်းထပ်ကာ မှိန်းနေကြသည့် ချစ်သူနှစ်ဦး ရေချိုးခန်းထဲက ထွက်လာသည့် ပုံ့ပုံ့၏ လောဆော်သံကြားမှ လူချင်းခွာဖြစ်သည်။ အချိန်လည်း မရှိတော့ပြီမို့ နှစ်ယောက်တူတူပင် ရေချိုးခန်းဝင်လိုက်ကြရသည်။ မင်းမင်းတို့ ပြန်ထွက်လာတော့ ပုံ့ပုံ့က ပစ္စည်းတွေတောင် သိမ်းပြီးနေပြီ ဖြစ်သည်။ နာရီကိုကြည့်လိုက်ရာ ၁၀ နာရီကျော်နေပြီမို့ ဟိုတယ်ကကျွေးတဲ့ မနက်စာကို မှီအောင် သူတို့တွေ အပြေးအလွှားသွားရသည်။ နံနက်စာ ဘူဖေးစား၊ ကမ်းခြေမှာ လမ်းခဏလျှောက်ပြီး ပြန်လာတော့ အပြန် ဖယ်ရီအချိန်နှင့် ကပ်နေပြီမို့ တခါထဲ အခန်းသော့ ပြန်အပ်ပြီး ထွက်လာခဲ့ကြလေသည်။

အပြန်လမ်းတွင်မူ သူတို့ သုံးယောက်စလုံး နွမ်းနေမှု အရှိန်နှင့်ရော၊ လွမ်းသလို ဆွေးသလို ခံစားချက်ကိုယ်စီကြောင့်ရော စကားသိပ်မပြောဖြစ်ပေ။ သုံးယောက်သား စင်္ကာပူအပြန် ဖယ်ရီသင်္ဘောပေါ်အရောက်၌ ဘင်တန်ဘက်ခြမ်းကို သံယောဇဉ် မကုန်သေးသည့်ဟန်နှင့် သင်္ဘောထွက်ခွာသည့်တိုင် တကြည့်ကြည့် ဖြစ်ကာနေသည်။ ရေခြားမြေခြားမှ တစ်ညတာ ဖြစ်ရပ်ကလေးသည် လူသားသုံးဦး၏ အတွေးထဲတွင် မည်မျှကြာအောင် စိုးမိုးထားမည် မသိဆိုတာတော့ ထိုလူများသာလျှင် သိပေလိမ့်မည်။

သင်္ဘောဦးက ရေလှိုင်းတွေကို ထိုးခွဲလိုက်သောအခါ အဖြုရောင်လှိုင်းတွေသည် ဘေးနှစ်ဖက်ကို ဖွားခနဲ ဖွားခနဲ လွင့်စင်ကာ ထွက်ပြေးကြရသည်။ အပြောကျယ်လှသည့် ပင်လယ်ပြင်ကို ငေးကြည့်နေရင်း မင်းမင်း စိတ်ထဲတွင် နေရစ်ခဲ့တော့ ဘင်တန်ရယ်ဟုသာ တွေးနေမိပါတော့သည်….။

*** *** *** *** ***

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး တစ်နှစ်ခန့် ကြာမြင့်သော် …

မြန်မာပြည်၏ နာမည်ကျော် ချောင်းသာကမ်းခြေရှိ ပင်လယ်ဘက် ခပ်ကျကျတွင် ဆောက်ထားသော ဘန်ဂလိုတစ်လုံး …၊ ရုတ်တရက် ဟူးခနဲ တိုက်ခိုက်သွားသော ပင်လယ်လေ၏ အရှိန်ကြောင့် ဘန်ဂလို၏ ဝရံတာဘက်တွင် ရပ်ကာ ပင်လယ်ဘက်ကို ငေးနေကြသော စုံတွဲဆီမှ အဖြူရောင်ဝတ်စုံနှင့် ကောင်မလေး၏ ဂါဝန်သည် တလူလူလွန့်ကာသွားသည်။ အနားသတ်တွေ လန်သွားသည့် ဂါဝန်စတွေကို သိမ်းကာနေသော ဇနီးလေးတစ်ဖြစ်လည်း ချစ်သူလေး၏ ကပိုကယို ပုံစံအား ဝိုင်အရက်ကိုမော့သောက်ရင်း မင်းမင်း ပြုံးကာကြည့်နေမိသည်။ ကိုယ်ကလေးကိုကိုင်း၊ ခေါင်းကလေးကို ငုံ့ကာ ဂါဝန်အနားစတွေကို လက်နှင့်သပ်ချနေသဖြင့် ရွှေရောင်ဆံနွယ်လေးတွေက ဖူးသစ်စု မျက်နှာပေါ်တွင် ဝဲကာကျနေသည်။ ထိုဆံနွယ်လေးတွေ၏ အဆုံးသတ်ရှိ ရင်မို့မို့က အခုလို အနေအထားတွင် ဂါဝန်လည်ဟိုက်ထဲမှ ရုန်းထွက်ကာ အလှပြလျက်ရှိသည်။ ဘယ်တော့ကြည့်ကြည့် ဒီမြင်ကွင်းတွေက မင်းမင်းကို ရိုးမသွားနိုင်စေပါ။

“အယ် ..တော်တော်ကြည့်ကောင်းနေတယ်ပေါ့ …”

ဖူးသစ်စုက ဆံပင်တွေကို တစ်ပတ်လျှိုသိမ်းလိုက်ပြီး ခေါင်းပြန်အမော့တွင် မင်းမင်း မျက်လုံးတွေ၏ လားရာကို တွေ့သွား၏။ မျက်စောင်းခပ်ပျော့ပျော့ တစ်ချက်ထိုးလိုက်ပြီး ဝရံတာလက်တန်းပေါ်တွင် တင်ထားသည့် ဝိုင်ခွက်ကို လှမ်းယူသည်။ ဝိုင်ခွက်လှလှလေးနှင့် နှုတ်ခမ်းလှလှလေးတို့ မိတ်ဆက်သွားပြီးနောက် သွယ်လျသည့် လည်တိုင်ကျော့ကျော့လေးက လှုပ်ရှားသွားသည်ကို မင်းမင်း စူးစူးစိုက်စိုက် ကြည့်နေသည်မို့ သေချာမြင်လိုက်ရသည်။

“ဘယ်လိုတွေ ဖြစ်နေတာလဲ .. တကယ်တဲ .. လူကို မမြင်ဖူးတာကြနေတာပဲ ..”

“မဟုတ်ပါဘူးကွာ .. ဒီလောက်လှတဲ့ ချစ်သူလေး ကိုကို့အနားမှာ အမြဲရှိနေတော့မယ်ဆိုတာ စဉ်းစားမိပြီး အိပ်မက်မက်နေတာလားလို့ သေချာကြည့်နေတာ …”

“ဟွန်း ..တော်ပါ အပိုတွေ ..”

မူနွဲ့နွဲ့နှင့် ဆိုပြီးနောက် ဖူးသစ်စုကိုယ်ကလေးကို လှည့်ကာ လှိုင်းပုတ်သံတွေ ကြားနေရသည့် ပင်လယ်ဘက်သို့ လှမ်းကြည့်သည်။ မင်းမင်းကိုယ်တိုင်လည်း သူမနည်းတူ လိုက်ကာငေးမိသည်။ ခပ်လှမ်းလှမ်းရှိ ပင်လယ်လှိုင်းတွေက တရိပ်ရိပ်နှင့် ကမ်းခြေဆီသို့ ပြေးလာသည်ကိုမြင်တော့ ဘာရယ်မဟုတ်ပဲ သူ့အတွင်းစိတ်က တစ်စုံတစ်ယောက်ကို ဖြတ်ခနဲ သတိရသည်။ အစောက ခပ်ပြုံးပြုံး ဖြစ်နေသည့် သူ့မျက်နှာသည် တည်တည်တန့်တန့် ဖြစ်သွားမိသည်။ ဒီလိုမျိုး မျက်နှာ အပြောင်းအလဲကို သူ့ဘက် မျက်နှာပြန်လှည့်လာသည့် ဖူးသစ်စု မြင်သွားရှာသည်။

“ကိုကို .. ဘာတွေ စဉ်းစားနေတာလဲ …”

“ဪ .. ဘာရယ်မဟုတ်ပါဘူး .. ပင်လယ်ကြီးကို မြင်တော့ မနှစ်က ဒီအချိန်လောက်တုန်းက ဘင်တန်သွားခဲ့တာကို တွေးမိသွားလို့ပါ ..”

ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသည့် စကားကြောင့် ဖူးသစ်စု ပြုံးမိသည်။ ကိုကို ပုံ့ပုံ့ကို သတိရနေမှန်း သိသွားပေမယ့် သူမစိတ်ထဲတွင် သဝန်တိုမှုမဖြစ်ပါ။ အမှန်အတိုင်း ပြောရလျှင် သူမလည်းပဲ အချစ်ဆုံးသူငယ်ချင်းကို သတိရမိသည်သာ။ သူမဦးလေးရှိရာ အော်ဇီကို လွန်ခဲ့တဲ့ လေးလလောက်ကတည်းက ပြောင်းသွားခဲ့သည်မို့ ဖူးသစ်စုတို့၏ မင်္ဂလာပွဲကို ပုံ့ပုံ့တစ်ယောက် မတက်ရောက်နိုင်ခဲ့ပါ။ စလုံးမှာသာ သူမနှင့်အတူရှိနေသေးသည်ဆိုလျှင် သေချာပေါက် ပုံ့ပုံ့ သူမတို့နှင့် အတူ ရန်ကုန်လိုက်လာဖြစ်မည် ထင်ပါသည်။ ဒါတောင် သူမရှိရာ မဲလ်ဘုန်းကို ဟန်နီးမွန်းသဘောမျိုးနှင့် အလည်လာခဲ့ကြဖို့ တဖွဖွလှမ်းခေါ်နေခဲ့သေးသည်။ အခုလိုမျိုးကိုကိုနှင့် နှစ်ယောက်သား ချောင်းသာကို ဟန်နီးမွန်းထွက်လာခဲ့သည်ဆိုလျှင် ဘာပြောမလဲ မသိ။

“စု .. စိတ်ထဲ တမျိုးမဖြစ်နဲ့နော် …ကိုကိုက ဘာသဘောနဲ့မှ ပြောတာ မဟုတ်ဘူး .. စိတ်ကောက်မသွားနဲ့ဦး ..”

ပြုံးနေရာမှ တအောင့်အကြာတွင် တွေတွေလေး ဖြစ်သွားသည့် မျက်နှာလေးကြောင့် မင်းမင်း ဖူးသစ်စုကို ပြာပြာသလဲ ချော့မိသည်။ သူမ စိတ်ကောက်လို့ မဖြစ်။ မနေ့ညက မင်္ဂလာပွဲအရှိန်နှင့် ပင်ပန်းထားလေရာ သူတို့ ကောင်းကောင်း အလုပ်မဖြစ်လိုက်။ ဒီနေ့ညမှ တကယ့်အချစ်ပွဲကို ချောင်းသာမှာ အေးအေးဆေးဆေး ကျင်းပဖို့ သူက ကြံထားရှာသည် မဟုတ်လား။

“စိတ်မကောက်ပါဘူး ..ကိုကို … ကိုယ့်ယောကျ်ားအကြောင်း ကိုယ်အသိဆုံးပါ … စုလည်း ပုံ့ပုံ့ကို သတိရသွားလို့ပါ ..”

ဒီတော့မှ မင်းမင်း သက်ပြင်းချရသည်။ ဒီအကြောင်းတွေကို ဆက်မပြောတော့ပဲ စိတ်အပြောင်းအလဲဖြစ်အောင် တစ်ခုခုလုပ်ရင် ကောင်းမည်ဟု တွေးသည်။ ကမ်းခြေဘက်ကို လှမ်းကြည့်ရာ ညနေဘက်မရောက်သေး၍ လူသိပ်မရှိပဲ ဖြစ်နေသည်ကို တွေ့ရသည်။ တိမ်ကင်းစင်နေသည့် ကောင်းကင်ကြောင့် ပင်လယ်ဘက်တွင် နေကျဲကျဲတောက် ပူနေရာ ရေကူးလို့လည်း ကောင်းဦးမည်မထင်။ ကြည့်နေရင်း ခပ်လှမ်းလှမ်းရှိ ဘော်လီဘောကစားနိုင်သည့် နေရာတွင်မူ ဘေးပတ်ဝန်းကျင်ရှိ အုန်းပင်ရိပ်တွေကြောင့် နေသိပ်မထိုးတာကို သတိထားမိသည်။

“အပျင်းပြေ .. ဘော်လီဘောဆော့မလား …ဧည့်ခန်းထဲမှာ ဘော်လီဘောတစ်လုံး ကျန်နေတာ ခုနကတုန်းက တွေ့တယ်မလား ..”

မင်းမင်း၏ ကြံကြံဖန်ဖန် အကြံပြုချက်ကို ဖူးသစ်စု သွားဖြူတန်းလေးပေါ်အောင်ပင် ရယ်သည်။ သို့ပေမယ့် သူမကိုယ်တိုင်လည်း ရေထဲဆင်းဖို့ အဆင်မပြေလှသေးသည်ကို တွက်မိသည့်အတွက် ကန့်ကွက်ဖို့ စိတ်ကူးမရှိပါ။ ဘယ်သူ့ဆီက ကျန်ခဲ့မှန်းမသိသည့် ဘောလီဘောတစ်လုံးကို အသုံးချဖို့ စဉ်းစားမိသည့် ကိုကို့ကို စချင်လို့သာ ရယ်နေခြင်း ဖြစ်သည်။

“ကိုကိုကတော့လေ မနိုင်ဘူး .. အချောင်ရတာကို အသုံးချဖို့ စဉ်းစားနေတယ် … ဟီး ဟီး .. ဒါပေမယ့် ဆော့ပါ .. ဒီအတိုင်းဆိုလည်း ကိုကိုက တခြားဘောဆော့ခိုင်းမှာပဲမလား .. ဟီး .. ဟီး ..”

“လမ်းကြောင်းပေးနေတယ်ပေါ့ .. ဟုတ်လား ကောင်မလေး .. ဒီမှာ ဝိုင်အရှိန်လေးနဲ့ အခန်းထဲပဲ ထိုးအိပ်လိုက်တော့မှာနော် ..”

“အမလေး .. မလုပ်ပါနဲ့ ကိုကိုရယ် .. အစောကြီးရှိသေးတယ် .. ညကြမှသာ လုပ်တော့ .. စု အခုချက်ချင်း အဝတ်လဲပြီး ပြန်ထွက်လာခဲ့မယ် .. ခနလေးပဲစောင့် .. ဟုတ်လား ..”

တကယ်ခနလေးဆို ခနလေးပဲ ဖူးသစ်စု ကြာလိုက်ပါသည်။ မင်းမင်း လက်ကျန်ဝိုင်ကို မော့သောက်ပြီးချိန်တွင် သူ့လိုပဲ ကွာတားဘောင်းဘီအတိုလေးနှင့် ပြန်ထွက်လာသည်။ မင်းမင်း ဝိုင်ခွက်နှင့် ပုလင်းကို အခန်းထဲရှိ စားပွဲပေါ်တွင် တင်ထားလိုက်ပြီး ရောက်ကတည်းက အခန်းထောင့်တွင် တွေ့ထားသည့် ဘောလီဘောကို ပိုက်ကာ ထွက်လာခဲ့သည်။ ထိုဘောလီဘောက ဆိုဖာထောင့်နှင့် ကွယ်နေသည်မို့ ဟိုတယ်သန့်ရှင်းရေးက မျက်စိရှန်းကာ မတွေသွားတာဖြစ်မည် ထင်သည်။ ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ်တော့ အပျင်းပြေ သူတို့နှစ်ယောက် ဆော့ဖို့အတွက် နည်းတစ်ခုရသွားသည်သာ။ နှစ်ယောက်သား လက်ချင်းတွဲကာ ဘန်ဂလိုမှ ဆင်းလာခဲ့ကြသည်။

“ကိုကို .. စုရှိရာကိုပဲ ပေးနော် … နေပူကြီးထဲ မပြေးခိုင်းနဲ့ …”

“အေးပါ .. စိတ်ချ.. လာပြီ .. ဒီမှာကြည့်တော့ ..”

မင်းမင်း ညာဘက်လက်သီးကိုဆုပ်ပြီး အောက်ကနေ ထိန်းကာ ပင့်ရိုက်လိုက်သည်။ ဖောင်းခနဲ မြည်သံနှင့်အတူ ဘော်လီဘောက ပိုက်ပေါ်ကခုန်ကာ တစ်ဖက်သို့ ကူးသည်။ သဲသောင်ပြင်ပေါ်၌ ဘော်လီဘောကစားခြင်းကို သူတို့နှစ်ယောက် စင်္ကာပူမှာကတည်းက ကျွမ်းနေပြီမို့ ဖူးသစ်စု သူ့ရိုက်ချက်ကို ကောင်းကောင်း တုန့်ပြန်နိုင်သည်။ ဘော်လီဘောက သူ့ဘက်ကို ပြန်ရောက်လာသည်။ သို့ပေမယ့် လားရာကတော့ သူ့တည့်တည့်မဟုတ်။ သူ့ဘက်မကျချင်သည့် ဇောနှင့် မင်းမင်း ကမန်းကတမ်း ပြေးလိုက်ရသည်။

“ဟေ့ … မညစ်နဲ့လေ .. ဘယ်တွေကို ပုတ်ထုတ်တာလဲ ..”

“အယ် ..ကိုကိုက ယောကျ်ားလေးပဲ အဲဒီလောက်တော့ လိုက်ပေါ့ …”

“သြော် .. ဒီလိုလား … ရတယ် ..”

သူ့ကို ဟိုပြေးခိုင်း၊ ဒီပြေးခိုင်း လုပ်နေသည့် ကောင်မလေး မှတ်လောက်အောင်ဆိုပြီး နောက်အချက်တွေမှာတော့ မင်းမင်းလည်း လူတည့်တည့် မပေးတော့ချေ။ ဖူးသစ်စုကလည်း လျှော့ပေးမည် မထင်နှင့်။ မရမက လိုက်ကာပင် ပြန်ရိုက်ထုတ်သည်။ ပြေးလွှားက လိုက်ရသဖြင့် ဟန်ချက်ကမမှန်သလို၊ ထိချက်ကလည်း မပြင်းပေ။ သို့ပေမယ့် ဘော်လီဘောကတော့ မင်းမင်းဘက်ကိုပဲ လာပြန်ပြန်ကျသည်။ ဒီတော့ သူချည့်ပဲ ကောက်ကောက်နေရသည်။ ဖူးသစ်စု မျက်နှာက အပိုးမသေပဲ စပ်ဖြဲဖြဲ ဖြစ်နေသည်။

“ကောင်မလေး ..တော်တော်ညစ်တယ် .. ကိုကို့ကိုပဲ ကောက်ခိုင်းနေတယ် ..”

“ခိုင်းမှာပဲ ..ကိုကိုကလည်း .. စုကို မောင်းတာကိုး ..”

မင်းမင်း ဖူးသစ်စု အကြံကို ရိပ်မိသွားသဖြင့် ငြီးစူစူနှင့် ကန့်ကွက်ပေမယ့် ဖူးသစ်စုကလည်း အလျော့မပေးပါ။ လျှာတောင် ထုတ်ပြလိုက်သေးသည်။ တွေ့မယ်။ စိတ်ထဲမှ ကျိန်းဝါးရင်း နဖူးတွင် ရွှဲစိုလာသည့် ချွေးတွေကို လက်နှင့်သုတ်ကာ ဖူးသစ်စု နေရာယူထားသည်ကို သေချာကြည့်သည်။ ကောင်မလေး ရှေ့နဲနဲ ရောက်နေသည်ကို တွေ့သည်နှင့် လက်ကိုမြှောက်ကာ ဘော်လီဘောကို နောက်ဘက်သို့ ရိုက်ထုတ်လိုက်သည်။ ဖူးသစ်စုကလည်း ဒါကို ရိပ်မိသည်ထင်သည်။ ဘောလုံးတက်လာသည်နှင့် နောက်ကို အဆောတလျင် ပြေးသည်။ အပေါ်ကို မော့ကြည့် မော့ကြည့်နှင့် ပြေးသည့် ဖူးသစ်စု၊ ဘော်လီဘောကွင်း၏ အနောက်ဘက်ရှိ အုန်းပင်တန်းမှ ထွက်လာသည့် လူရိပ်တစ်ခုကို မြင်လိုက်ပေမယ့် မရှောင်နိုင်ပါ။ “အမေ့” ဆိုသည့် အသံနှင့်အတူ တိုးထွက်လာသည့်လူနှင့် တိုက်မိကာ လဲကျသွားသည်။

“စု !!! ..”

မင်းမင်း အပြေးအလွှားပင် ရောက်သွားသည်။ စိုးရိမ်စိတ်နှင့် ပြေးလာခဲ့ပေမယ့် လဲကျနေသူနှစ်ဦးနား အရောက်တွင် သူ စက္ကန့်ပိုင်းမျှ ကြက်သေသေသွားရသည်။ ဖူးသစ်စုနှင့် ထပ်ကာ လဲနေသူက ကောင်မလေးတစ်ဦး ဖြစ်သည်။ ရိုးရိုးတန်းတန်း ကောင်မလေးတောင်မဟုတ်ပဲ တော်တော်ချောသည့် ကောင်မလေး ဖြစ်မှန်းကို မြင်မြင်ချင်း မင်းမင်း သတိထားမိသည်။ ထို့ထက်ပို၍ သူ့ကို ခြေမကိုင်မိလက်မကိုင်မိ ဖြစ်စေသော အကြောင်းအရာက ဖူးသစ်စုနှင့် ထပ်ကာလဲသည့် အရှိန်ကြောင့်ထင်သည်။ ဝတ်ထားသည့် ဂါဝန်တိုတိုလေးက ပေါင်ရင်းလောက်ထိ လန်တက်နေရာ အတွင်းခံစိမ်းနုရောင်လေးကို တစွန်းတစတောင် မြင်နေရသည်။ ဒိတ်ခနဲခုန်သွားသည့် ရင်ခုန်သံကို ချက်ချင်းထိန်းလိုက်ရပြီး မျက်စိကို တခြားနေရာသို့ လွှဲလိုက်ရာ ပုလင်းပြားတစ်လုံးကို ကောင်မလေး၏ လက်၌ ဆုပ်ကိုင်ထားသည်ကို တွေ့ရသည်။ တအံ့တသြ ဖြစ်သွားမှုနှင့်အတူ နှာခေါင်းထဲကို ဝင်လာသည့် အနံ့ကြောင့် ကောင်မလေး အခြေအနေကို မင်းမင်း အကဲခတ်မိသွားသည်။

“ကိုကို!! .. စုကိုထူဦး ..”

“အင်း ..လာ .. ထ .. စု ..”

ကောင်မလေးပေါ်မှာ ဖိမိထားသလိုဖြစ်သည့် ဖူးသစ်စုကို အရင်ဆွဲထူရသည်။ ဖူးသစ်စုကိုယ်ပေါ်မှာ ကြွအသွားတွင် အောက်ကကောင်မလေးက ကိုယ်ကိုကွေးကာ နောက်ဆုတ်သွားသဖြင့် စိမ်းနုရောင်လေးက လူမြင်ကွင်းမှ ပြန်ပျောက်သွားသည်။ မင်းမင်း ဆက်ကြည့်မနေတော့ပဲ ဖူးသစ်စုကိုယ်တွင် ပေနေသည့် သဲတွေကို ဝိုင်းခါပေးသည်။ ဖူးသစ်စုက အပေါ်ကဖြစ်သည်မို့ ဘာမှ ထူးထူးခြားခြား ထိခိုက်မိတာ မရှိပေ။ ကိုယ့်မိန်းမ အခြေအနေကောင်းသည်ကို တွေ့မှ မင်းမင်း ကောင်မလေးဘက်ကို ပြန်ကြည့်ဖြစ်သည်။ တိုက်မိသည့် အရှိန်ကြောင့်ပဲလား၊ သောက်ထားသည့် အရှိန်ကြောင့်ပဲလားတော့မသိ။ ကောင်မလေးသည် ငုတ်တုတ်ကလေးထိုင်နေရာမှ မထနိုင်သေးပေ။ ဆန့်တန်းထားသည့် ခြေထောက်နှစ်ဖက်မှ ဘယ်ဘက်ခြေသလုံးကို လက်တစ်ဖက်နှင့် နှိပ်ကာနေသည်။ ဖြောင့်စင်းနေသည့် ခြေတံလေးတွေက အချိုးကျလှသည့်အပြင် အမာရွတ်၊ အမဲစက်အစရှိသည်တို့ ဘာမှ မရှိ။ တော်တော်ဖြူသည့် အသားအရည်အပြင် မျက်နှာပေါက်ကျပုံကြောင့် တရုတ်မလား၊ ရှမ်းမလား တစ်ခုခုတော့ တစ်ခုခုဟု မင်းမင်းတွေးမိသည်။ နုနုနယ်နယ် မျက်နှာလေးနှင့်မို့ ဖူးသစ်စုထက်တော့ ငယ်ချင်ငယ်နေဦးမည် ထင်သည်။ ဒီလိုမျိုး ကောင်မငယ်ငယ်လေးက ပင်လယ်ကမ်းခြေမှာ တစ်ယောက်တည်း ပုလင်းဆွဲ၍ ရှိနေသည်ဆိုသော အချက်က ထူးဆန်းအံ့သြဖွယ်ရာမို့ မင်းမင်း ဘာစကားမှ မဆိုဖြစ်သေးပဲ ကြောင်ငေးနေမိသည်။

“ညီမလေး ဘာဖြစ်သွားသေးလဲ ..”

“မသိဘူး အစ်မ .. ခြေထောက်တော့ နာနေတယ် … ကျွတ် .. ကျွတ် ..”

ဖူးသစ်စုအမေးကို ကောင်းကောင်း ပြန်ဖြေနိုင်ပေမယ့် ကောင်မလေး အသံက လျှာလေး အာလေးသံ စွက်နေသည်။ လူမှန်းသူမှန်း မသိတတ်အောင်တော့ မဟုတ်သေးသဖြင့်သာ တော်တော့သည်။ ဒီ့ပြင်ဆို မင်းမင်းတို့ ဘာလုပ်ရမည်မှန်းသိမှာမဟုတ်။

“ဟုတ်လား … လမ်းလျှောက်လို့ရမလား .. အစ်မတွဲပေးရမလား …”

“ရမယ် ထင်တယ် အစ်မ … စိတ် .. မပူပါနဲ့ .. ဘာမှ မဖြစ် … လောက်ပါဘူး … လူချင်း .. ထပ်မိတော့ နဲနဲတော့ အောင့်သွားတယ် ”

“ဆောရီး ညီမရယ် … ဟောဒီက ကိုကိုပေါ့ … ဆာဗင်ပေးတာကို အဝေးကြီးရောက်အောင် ပုတ်လိုက်တယ်လေ .. အဲ့ဒါ အစ်မက လိုက်ရင်း ..နဲ့ ..”

“ညီမတွေ့တယ် … အစ်မတို့ စကစားနေကတည်းက ညီမက ဒီဘက်မှာ ထိုင်နေတာ .. အစ်မတို့သာ အုန်းပင်တွေ ကွယ်နေလို့ မတွေ့သာ ..”

“ဪ .. ဟုတ်လား .. ဒါနဲ့ ညီမလေးက တစ်ယောက်တည်း ထိုင်နေတာလား .. အဖော်မပါဘူးလား ..”

ဖူးသစ်စုက စပ်စပ်စုစု မေးလိုက်ပေမယ့် ဒီအမေးကို မင်းမင်း ကျေနပ်သွားသည်။ သူလည်းပဲ ဒီအချက်ကို သိချင်နေသည်။ ကောင်မလေးသည် မင်းမင်းတို့ကို ကြည့်နေရာမှ မျက်ဝန်းတွေက ခပ်ဝေဝေလေး ဖြစ်သွားရှာသည်။ ရှေ့တူရှူကို ကြည့်နေပေမယ့် သူမ၏ အမြင်ထဲတွင် မင်းမင်းတို့ကို မြင်ပုံမပေါ်ချေ။ မျက်နှာသွယ်သွယ်လေးကလည်း ခပ်မှိုင်းမှိုင်းဖြစ်သွားသည်ကို မင်းမင်း သတိထားမိသည်။

“အဖော်မပါပါဘူး .. အစ်မရယ် .. တစ်ယောက်ထဲပါပဲ ..”

“ဪ … တစ်ယောက်တည်း ဒီကိုထွက်လာတာလား .. ဟိုတယ်မှာရော ..”

“ဟိုတယ်မှာလည်း မရှိဘူး .. အစ်မ .. ချောင်းသာကို ကေသီဘာသာ ကေသီ တစ်ယောက်တည်း ထွက်လာတာ …”

“ဟင် !! ”

ဖူးသစ်စု အာမေဋိတ်တမိသလို မင်းမင်းလည်း မျက်ခုံးနှစ်ခု ပင့်တက်သည်။ ဘယ်ကလာသည်မှန်း မသိသော်လည်း ချောင်းသာလိုနေရာမျိုးကို တစ်ယောက်တည်း ထွက်လာသည်ဆိုသည့် အချက်က တော်တော် မျက်ခုံးလှုပ်စရာကောင်းနေသည်။ အိမ်ပြေးမလေးများလား။ ဖူးသစ်စုနှင့် မင်းမင်း တစ်ယောက်ကိုတစ်ယောက် ကြည့်မိသည်။ ထိုအခိုက် ရှိုက်သံလိုလို ကြားလို့ ကမန်းကတမ်း ပြန်လှည့်ကြည့်ရာ ကောင်မလေး၏ မျက်ဝန်းတွင် မျက်ရည်စတွေ ဝေ့နေသည်ကို တွေ့ရသည်။

“ဘာစိတ်မကောင်းစရာ ရှိလို့လဲ .. ညီမ .. အစ်မကို ပြောပြနိုင်ရင် ပြောပြပါလား ..”

“စိတ်မကောင်းစရာ ဟုတ်လား … အစ်မ .. ဟင့် … စိတ်မကောင်းစရာ ရှိတာပေါ့ အစ်မရယ် .. ဒါကြောင့်လည်း တစ်ယောက်တည်း အေးအေးဆေးဆေး လာပြီး ကွဲနေတာပေါ့ ..”

“ဘာဖြစ်လို့လဲ ညီမ .. ဒီလောက်ထိ စိတ်ညစ်ဖို့ ကောင်းလို့လား ..”

“ကောင်းတယ် .. အစ်မ .. ကေသီ ရည်းစား ယောက်ျားယူသွားတယ်လေ .. အဲဒါ စိတ်မညစ်ရဘူးလား ..”

ဗုဒ္ဓေါ .. ကြားလိုက်သည့် စကားက သိပ်ထူးဆန်းဖို့ ကောင်းလှသည့် မဟုတ်ပေမယ့် ပြောလိုက်သူကမိန်းကလေးတစ်ယောက် ဖြစ်နေသည့်အတွက် မင်းမင်း ကိုယ့်နားကိုတောင် မယုံနိုင်။ သူ့နည်းတူ ဖူးသစ်စုလည်း ခံစားရသည်ထင်သည်။ မတိုင်ပင်ပဲ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်မိကြသည်။ ကြံကြံဖန်ဖန် မိန်းကလေးအချင်းချင်း ကြိုက်တတ်တဲ့သူနဲ့မှ လာတိုးနေရတယ်လို့။ သူကပဲ သူ့ရည်းစားကို လျှာကျွေးနေတာလား၊ ယောကျ်ားယူသွားသည့် သူ့ရည်းစားကပဲ သူ့ကို လျှာကျွေးနေတာလားမသိ။ ဟိုတစ်ယောက်က ယောကျ်ားယူသွားသည်ဆိုသည့်အတွက် လက်စ်စစ်စ်ကြီးပဲတော့ မဟုတ်နိုင်။ ကြည့်ရတာ နှစ်ဘက်ချွန်များလား၊ မင်းမင်း စိတ်ထဲ တမျိုးဖြစ်လာသည်နှင့်အမျှ သူ့မျက်လုံးတွေက အရောင်လက်လာသည်။ ထိုရောအခါ သူ့အတွင်းစိတ်ကို ဖူးသစ်စု ရိပ်မိသွားသည်လားမသိ။ မျက်လုံးချင်း စုံကြည့်နေသော သူမ၏ မျက်ဝန်းတွင်လည်း အဓိပ္ပါယ်တစ်မျိုးနွယ်သော အကြည့်တစ်ချက် ယှက်သမ်းသွားသည်။

“ညီမလေးရဲ့ရည်းစားက ယောကျ်ားယူသွားတယ် .. ဟုတ်လာ.. အစ်မနားကြားလွဲတာတော့ မဟုတ်ပါဘူးနော် ..”

“သြော် .. အစ်မကလည်း ခက်တော့တာပဲ .. အခုမှ တွေ့တဲ့လူကို ဘာဖြစ်လို့ ညာပြောရမှာလဲ .. ကေသီရည်းစား ရွှေရည်ာယောကျ်ားယူသွားတယ် … ရှင်းပြီလား .. ယောကျ်ားတွေများ ဘာကောင်းတာမှတ်လို့ .. အစ်မလည်း အတူတူပဲ ..”

“ဟင် .. အစ်မလည်း အတူတူပဲ ?? ..”

“ဟုတ်တယ် .. အစ်မတို့က တခစ်ခစ် တဟီးဟီးနဲ့ ပျော်နေကြတာတွေ့တော့ ကေသီက တစ်ယောက်တည်းလာကွဲနေတဲ့ ဖီးလ်ပျက်သွားရော … အဲဒါနဲ့ ထလာပြီး အခန်းပြန်မယ်လုပ်တော့ အစ်မနဲ့ ဝင်တိုက်တာပဲလေ ..”

“သြော် .. ဒီလိုလား .. အစ်မနဲ့ ကိုကိုက မနေ့ကမှ လက်ထပ်ထားတာ .. အဲဒါကြောင့်ပါ ..”

“ဟူး .. အတူတူပဲ .. ယောကျ်ားတွေများ ဘာကောင်းတာမှတ်လို့ .. ဘာဖြစ်လို့ တစ်ယောက်ပြီးတစ်ယောက် လင်ယူနေကြတာလဲ မသိဘူး ..”

မင်းမင်း ဘယ်လိုမှ မအောင့်နိုင်တော့ပဲ တဟားဟားနှင့်ကို ရယ်မိတော့သည်။ ကြုံပဲကြုံရသည်လို့။ သူရယ်တော့ ဖူးသစ်စုလည်း မနေနိုင်ပဲ လိုက်ရယ်သည်။ မင်းမင်းတို့ ရယ်နေကြသည်ကို မြင်တော့ ကေသီဆိုသည့် ကောင်မလေးခင်မျာ မျက်စောင်းတခဲခဲနှင့် ဖြစ်နေသည်။ မေးတာကို ဖြေရင်းနှင့် ရင်ဖွင့်သလို ဖြစ်သွားမိသည့် သူမကိုယ်သူမလည်း စိတ်ထဲမှ ကြိတ်ကာ အပြစ်တင်နေပုံရသည်။

“တော်ပြီ ..တော်ပြီ .. ကေသီပြန်တော့မယ် … အစ်မတို့က ချစ်စခင်စဆိုတော့ အသည်းကွဲတာတွေ ပြောနေလို့လည်း အလကားပဲ ..”

“အမေ့ .. အို ….”

ဇိုးဇိုးဇတ်ဇတ်နှင့် လူးလဲကာ ထမတ်တပ်ရပ်ပေမယ့် ခြေထောက်ကပဲ နာတာလား၊ သောက်ထားသည့် အရှိန်ကြောင့်ပဲလားမသိ ဟန်ချက်ပျက်ကာ ယိုင်သည်။ မင်းမင်း ခြေမြန်လက်မြန်နှင့် အရှေ့ဘက်ယိုင်လာသည့် ကေသီကိုယ်ကလေးကို ဝင်ထိန်းသည်။ ပုခုံးကို မှန်းကာ လှမ်းဆွဲလိုက်ပေမယ့် သူမက ဟန်ချက် အပျက်နှင့်မို့ သူ့လက်က ရင်သားတစ်ဖက်ကို မရည်ရွယ်ပဲ ဆုပ်ကိုင်မိသည်။ ကောင်မလေးကိုယ်ကလေး တွန့်ကာသွားပြီး မင်းမင်းကို မျက်တောင်လေးပင့်၍ ကြည့်သည်။ ပြီးတော့ နှုတ်ခမ်းထောင့်ကလေး ကွေးတွန့်ကာ မထီတရီ ပြုံးသည်။ သူမ၏ အကြည့်က သွေးတိုးစမ်းသလို၊ စိန်ခေါ်သလို အကြည့်နှယ် ခပ်ထွေထွေလေးနှင့်မို့ မင်းမင်း လက်ကိုတောင် ပြန်လွှတ်ဖို့ မေ့နေသည်။

“ကိုကို .. စုပဲ လိုက်ပို့လိုက်မယ် …ကိုကို ဘန်ဂလိုမှာပဲ ပြန်နေလိုက်လေ ..”

ဖူးသစ်စုက ကောင်မလေး၏ ပုခုံးတစ်ဖက်ကို ဝင်တွဲသည်။ မင်းမင်းလက်က ဘယ်ကိုကိုင်ထားသည်ဆိုတာ ဖူးသစ်စု မမြင်မှာ မဟုတ်။ မြင်မှာ သေချာသည်။ သို့သော် သူမက မသိလိုက်မသိဘာသာနှင့်ပင် ကေသီ၏ တခြားတစ်ဖက်မှ ဝင်တွဲသည်။ မင်းမင်း အသိဝင်လာပြီး တင်းတင်းအိအိထိနေသည့် ခပ်လုံးလုံးလေး အရာလေးထံမှ သူ့လက်ကို လွှတ်သည်။ ကေသီတို့ သွားလို့ရအောင်လည်း ကိုယ်ကိုဘေးသို့ ဖယ်ပေးသည်။ ဖူးသစ်စု ကေသီကို တွဲကာ စလျှောက်သည်။ ကေသီသည် ဖူးသစ်စု ခေါ်ဆောင်ရာ ဟိုတယ်ဘက်သို့ တွဲကာပါသွားပေမယ့် မင်းမင်းကို ၁၀ ပေလောက် ကွာသည်အထိ လည်ပြန်လှည့်၍ ကြည့်နေသေးသည်။ သူမ၏ အကြည့်တွေက တမျိုးဆိုတာ နားလည်ပေမယ့် မင်းမင်း အတည်ယူရမှာလား၊ မယူရမှာလားကို မဝေခွဲနိုင်ပါ။ တစ်ယောက်နှင့်တစ်ယောက် တွဲ၍ သွားသော ကေသီတို့နှစ်ယောက် ဟိုတယ်ဘက်သို့ သွားရာလမ်းကလေးအနီးရှိ အုန်းပင်တစ်ပင်နား အရောက် ရပ်သွားသည်ကို တွေ့သည်။ မင်းမင်းက ဘာများဖြစ်လဲမသိဆိုကာ လိုက်၍သွားမည်အပြုတွင် ဖူးသစ်စုက ပြန်လှည့်ကာ သူ့ဘက်သို့ လျှောက်လာသည်။ သူတို့နှစ်ယောက် လမ်းတစ်ဝက်မှာပင် တွေ့ကြသည်။

“ဘာဖြစ်လို့လဲ .. စု ..”

“ဘာမှ မဖြစ်ပါဘူး ..ကိုကို့ကို ပြောစရာရှိလို့ ..”

“ဘာပြောမလို့လဲ .. စု ..”

“မနေ့ညက ကိုကို့သူငယ်ချင်းတွေနဲ့ ဘက်ချလာနိုက် လုပ်ကြသေးတယ် မှတ်လား ..”

ဖူးသစ်စုမေးပုံက ထူးဆန်းနေသလို သူမ မျက်နှာက မချိုမချဉ်ဖြစ်နေလို့ တစ်ခုခုတော့ တစ်ခုခုပဲဟု မင်းမင်း တွေးမိသည်။ ဘယ်လိုသဘောနှင့် လာမေးနေတာလဲ ဆိုတာကိုတော့ သူ နားမလည်ချေ။

“ဟုတ်တယ်လေ .. ”

“ဪ .. စုကလည်း .. ကိုကို့အတွက် ဆန်းဆန်းပြားပြား ဘက်ချလာပါတီတစ်ခု လုပ်ပေးရင် ကောင်းမလားလို့လေ .. အဲဒါ ..”

“ဘယ်လို .. ဘယ်လို ..”

မင်းမင်း အံ့သြတကြီးနှင့် မျက်လုံးပြူးကာ ပြန်မေးလိုက်ပေမယ့် ဖူးသစ်စု သူ့အမေးကို မဖြေတော့ပဲ အနားက ပြန်ပျောက်သွားသည်။ မင်းမင်းတို့နှစ်ယောက် စကားပြောနေသည်ကို ရပ်စောင့်နေဟန်ရှိသော ကေသီနားအရောက်တွင် သူမတို့နှစ်ဦး တစ်စုံတစ်ခုကို ကပ်ကာ စကားပြောကြသည်။ ဖူးသစ်စု ဘာပြောသည်မသိ။ ကေသီသည် သူ့ဘက်ကို တော်တော်လေးကြာအောင် စိုက်ငေးနေပြီမှ ဖူးသစ်စုကိုမှီကာ မင်းမင်းကို ကျောခိုင်း၍ လမ်းပြန်လျှောက်သည်။

တရိပ်ရိပ်နှင့် ထွက်ခွာသွားကြသော ကေသီနှင့် ဖူးသစ်စုတို့၏ နောက်ကျောများကို ငေးကြည့်ပြီး ဖူးသစ်စု ပြောသွားသည့် စကား၏ အနက်အဓိပ္ပါယ်ကို မင်းမင်း စဉ်းစားခန်း ဝင်နေမိတော့လေသည် …။

ပြီးပါပြီ။