Sex is Art

Sex is Art
ရေးသားသူ – Nwe Hnin Myue (နွယ်နှင်းမြူ)

(အတွေးပင်လယ်ပြာတွင် ရေးသားသည်)

တငြိမ့်ငြိမ့် ပြေးနေသည့် ကားပေါ်မှာ မျက်လုံးမှိတ်ပြီး သီချင်းနားထောင်နေပေမယ့် အတွေးတွေကြောင့် နားကြပ်တပ်ထားသော်လည်း သီချင်းသံကို ကြားတစ်ချက် မကြားတစ်ချက်ရယ်။ ဒီရက်ထဲ သီချင်းနားထောင်တိုင်း မမြင်ဖူးသည့် သူ့ကို သတိရတတ်တာကြောင့် အဲ့ဒီသီချင်းလေးကိုပဲ ထပ်ခါထပ်ခါ နားထောင်ခဲ့သည်။ အခုလည်း သီချင်းနားထောင်ရင်း အတွေးတွေနှင့် ရှက်ပြုံးလေး ပြုံးမိတတ်သလို နွယ့်ကိုမြင်ရင် ပထမဆုံး တုန့်ပြန်လာမည့် သူ့ရဲ့ တုန့်ပြန်မှုတွေကို တွေးရင်း ရင်တွေခုန်လာသည်။ သူရော နွယ့်လိုပဲ ရင်ခုန်နေမှာလားဆိုတာ တွေးရင်း နွယ် ပြုံးမိသည်။

သီချင်းထဲက စာသားလေးတွေ နားထောင်ပြီး သူ့ကို ရည်ရွယ်ပြီး ပို့စ်လေးတစ်ခု တင်ဖြစ်ခဲ့သည်။ နွယ့်ထက် တစ်နှစ်ပဲ ကြီးသည့်သူမို့ သမ္ဘာအရ၊ ဝါအရ အစ်ကိုလို့ ခေါ်ခဲ့ပေမယ့် နွယ့်အတွေးတွေထဲမှာ “မင်း” လို့ နာမ်စားလေး ပေးထားခဲ့သည်။ တစ်ခါမှ မသုံးနှုန်းခဲ့ဖူးသည့် ကိုယ်နဲ့မင်းလို့ သုံးနှုန်းခဲ့တာ သူ့ကို ရည်ညွှန်းမှန်း သူ… သိမှသိပါ့မလား။

နွယ်တို့ သိခဲ့သည့် အချိန်ဟာ သိပ်ကို တိုတောင်းလွန်းသည်။ နွယ် ယုံကြည်ရင်းနှီးရတဲ့ အသိမိတ်ဆွေတစ်ယောက်၏ မိတ်ဆက်ပေးမှုကြောင့် သူ့အကောင့်လေးကို ဝင်ကြည့်ဖြစ်ခဲ့သည်။ ထူးခြားမှုမရှိဘဲ ပျော်ပျော်နေတတ်ပုံရသည့် အကောင့်တစ်ခုဆိုတာကလွဲရင် နွယ့်အတွက်တော့ သူသည် ပုံမှန်မျှသာ။ ဒါပေမဲ့လည်း သူ့အကောင့်ကို ခဏခဏ ဝင်ကြည့်မိခဲ့သည်။ Search Bar ကို ဝင်လိုက်တိုင်း သူ့အကောင့်လေး အရင်ဆုံးပေါ်လာတတ်သည်အထိ။ နွယ့်ဆီက စိတ်ဝင်စားလက်ခံကြောင်း တစ်ဖက်ကို ပြောထားသော်လည်း သူကတော့ နွယ့်ဆီကို ရောက်မလာခဲ့ဘူး။ အားမလို အားမရဖြစ်နေသည့် နွယ်ကပဲ အရင်ဆက်သွယ်ဖို့အထိ ဆန္ဒရှိနေခဲ့ပေမဲ့ သူကတော့ မီးစိမ်းလေးနဲ့ ပို့စ်လေးတွေ ပုံမှန်တင်တာကလွဲရင် အရာရာဟာ ပုံမှန်လိုပါပဲ။ နွယ့်မှာသာ သူ့အကောင့်လေးထဲ ဝင်ကြည့်ရင်း သူ့ Reply တွေကိုကြည့်ပြီး ကြောက်မိသည်။ သူလည်း နွယ့်လိုပဲ စိတ်မထင်ရင် မထင်သလို ဆက်ဆံတတ်သူမို့။

ဧပြီ ၁၇ ရက်နေ့ထဲက စောင့်ကြည့်ခဲ့ရသည့် မီးစိမ်းလေးသည် ၂၂ ရက်နေ့မှာတော့ နွယ့်ကို စတင်ဆက်သွယ်လာသည်။ နွယ် မျှော်နေသည်ဆိုတာ ပြောပြစရာမလိုအောင် သူစာပို့တဲ့အချိန်မှာ Reply ချက်ချင်းပြန်တာကို သတိထားမိရင် သူ သိမှာပါ။ စပြီး စကားပြောသည့် နေ့မှာပင် နွယ်တို့တွေ ဖုန်းပြောဖြစ်ခဲ့ကြတယ်။ အသွင်တူသူ နှစ်ယောက်မို့ ထင်ပါရဲ့။ စကားပြောရတာ အဆင်ပြေခဲ့သည်။ သူ့ရဲ့ ဟာသတွေဟာ နွယ့်အတွက် ရယ်မောခဲ့ရသလို နွယ့်အတွက်တော့ သူသည် စကားပြောရ အဆင်ပြေပြီး စနောက်လို့ကောင်းသည့် လူတစ်ယောက်ရယ်ပါ။

အဲ့ဒီလိုနှင့် သူအားသည့်အချိန်တိုင်း နွယ်နှင့် စကားပြောတတ်သလို နွယ်အားသည့်အချိန်တွေမှာ ဖုန်းပြောဖြစ်ခဲ့ကြသည်။ ဘဝမှာ ပထမဆုံးအဖြစ် မနက် ၄ နာရီခွဲအထိ စကားတွေ ပြောဖြစ်ခဲ့ကြသည်။ တွေ့မည့်နေ့အတွက် နွယ့်ဘက်မှ Plan တွေ ပြောတိုင်း ဒေါ်စနစ်တကျကြီးဟု ခေါ်တတ်ပြီး သူ့ဘက်ကတော့ ဘာကိုမှ မစီစဉ်ထားသလို နွယ်လာလျှင် တွေ့ပြီး နွယ်မလာလျှင် မတွေ့ဖြစ်ရုံဟုသာ သူပြောတတ်သည်။ သူပြောခဲ့သည့် မတွေ့ဖြစ်ရင်တောင် စာဖတ်ရတာ အမြတ်ဆိုလို့ နွယ့်မှာ သူ့ကို သဘောကျမိသေးသည်။

နွယ်တို့ စကားတွေ စပြောကတည်းက နွယ့် ဦးတည်ချက်သည် သူနှင့်တွေ့ပြီး လိင်ဆက်ဆံဖို့ အဓိကဖြစ်ခဲ့သော်လည်း သူ့စကားတွေကတော့ အဲ့ဒီလို မတွေ့ဖြစ်ခဲ့ရင်တောင် မိတ်ဆွေအဖြစ် ဆက်သွားရန် ရည်ညွှန်းပြောဆိုခဲ့သည်။ နွယ်တို့တွေ့သည့်အချိန်မှာ အဆင်မပြေတာမျိုး မဖြစ်စေလိုတာကြောင့်ရယ် နွယ့်အကြောင်း သိပြီးမှ သူ လက်မခံတာမျိုး၊ ရှေ့ဆက်တိုး/မတိုး စဉ်းစားနိုင်အောင်ရယ် နွယ့်အကြောင်းတွေအား သူ့ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သည်။ နွယ် ကြိုက်နှစ်သက်တတ်သည့် အရာတွေကို ပြောဆိုဆွေးနွေးနေခဲ့သော်လည်း သူကတော့ မအားလပ်စွာ နွယ့်ပို့စ်တွေကို နွယ် ပို့မှသာ ဖတ်ဖို့ အိမ်စာအဖြစ် အကြွေးမှတ်ထားတတ်သည့်သူ၊ သူရဲ့ ကြိုက်နှစ်သက်မှုတွေကို ဘာတစ်ခုမှ ထုတ်ဖော်မပြသည့်အပြင် အမှတ်တရဆိုတာ အမှတ်တမဲ့ ရတာမျိုးဆိုပြီး သင်ပေးခဲ့သူ၊ အရာရာကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေသော ပုံမှန်လူတစ်ယောက်အဖြစ်သာ တွေ့ခဲ့ရသည်။

သူ့အကြောင်း ဘာမှ တိတိကျကျမသိရသော်လည်း ယုံကြည်ရသူ၏ မိတ်ဆက်ပေးမှုကြောင့် သူ့အပေါ်ကိုလည်း ယုံကြည်မိခဲ့သည်။ စကားပြောချိန် ကြာလာသည်နှင့်အမျှ သူ့အပေါ် ပိုပြီး ရင်းနှီးသလို ခံစားခဲ့ရသည်။ သူနှင့် စကားပြောတိုင်း အမြဲ ရယ်မောခဲ့ရသလို သူပြောနေကြ “မဆုံခင်က လွမ်းရတဲ့ နွယ်” ဆိုသည့် စကားလေးကိုတော့ သူမရှိသည့်အချိန် နွယ် သတိရသည့်အခါ ပြန်ဖတ်ကြည့်ပြီး စိတ်ထဲ တစ်မျိုးလေး ခံစားခဲ့ရသည်။

သူ့ကို စ,နောက်ချင်သောကြောင့် နွယ့်ခန္ဓာကိုယ်နှင့်ပတ်သက်ပြီး လက်ပုံလေးကအစ သူ့ကို မပြဘဲ နွယ့်ကိုယ်နွယ် ခပ်ဝဝ အမျိုးသမီးပုံစံမျိုး ပြောထားခဲ့သည်။ နွယ် ဘယ်လိုပြောပြော သူကတော့ နွယ့်ကို နွယ်မို့ တွေ့တာဖြစ်ပြီး အကယ်၍များ နွယ့်ကို လက်မခံနိုင်လျှင် ကန်တော့ပြီး ပြန်လွှတ်ဖို့ ကန်တော့ချိုးတွေ ကျင့်နေသည့်အကြောင်း ပြောလို့ ကြံကြံဖန်ဖန် ပြောတတ်သည့် သူ့ကြောင့် ရယ်ခဲ့ရသည်။

အစကတော့ နွယ်ရှိရာ သူ့ကို လာခေါ်ဖို့ ပြောထားခဲ့သော်လည်း အသွားအပြန် ခရီးဝေးတာရယ်၊ တွေ့ရမည့်အချိန် နည်းသွားမှာရယ်၊ အပြန်လမ်းခရီးတွင် တစ်ယောက်တည်း ကားမောင်းပြီး ပြန်ရမည့်သူ့ကို စိတ်မချတာရယ်ကြောင့် သူရှိရာ မန္တလေးသို့ နွယ် သွားတွေ့ရန် ဆုံးဖြတ်ခဲ့သည်။ မန္တလေးကို နွယ်တစ်ယောက်တည်း တစ်ခါမှ မရောက်ဖူးသူမို့ တွေ့ဖို့ စချိန်းကတည်းက သွားချင်သည့်နေရာတွေ၊ တည်းမည့်နေရာ၊ တွေ့မည့်အချိန်ကိစ္စတွေ ပြောတိုင်း အလွယ်ပြောတတ်သော သူနှင့် သေချာတိကျချင်သော နွယ်တို့ ခဏခဏ Plan ပြောင်းခဲ့ရသည်။

မန္တလေးမှာ ညအိပ်ဖို့ကိစ္စပြောသည့်အခါ ကိုယ်မသိသည့်အရပ်မှာ တစ်ယောက်တည်း ညအိပ်ရမှာဖြစ်သောကြောင့် နည်းနည်းအားငယ်သလို ခံစားခဲ့ရသော်လည်း အဲ့ဒီနည်းလမ်းကပင် နွယ်တို့အတွက် အဆင်အပြေဆုံးဖြစ်သောကြောင့် မန္တလေးမှာ ညအိပ်ရန် နွယ် ဆုံးဖြတ်ခဲ့သည်။ အစီအစဉ် အသေးစိတ် ဆွဲတတ်သူမို့ သွားမည့်နေရာတွေအား Google Map ထောက်ရင်း သူ ပြောသည့် Guest House ကို ဖုန်းဆက်စုံစမ်းသည်အထိ နွယ် ဟန်မဆောင်နိုင်ခဲ့ဘူး။ သူကတော့ သူ့အိမ်နဲ့ နီးသည့်နေရာမို့ စိတ်ချ၍ရကြောင်းတွေ၊ Guest House ဆိုသော်လည်း Hotel လိုပင် Service ကောင်းပြီး လုံခြုံစိတ်ချရကြောင်းတွေ ရှင်းပြခဲ့သော်လည်း နွယ့် စိတ်ထဲမှာတော့ အေးမနေခဲ့ဘူး။ ဒါပေမဲ့လည်း သူရှိရာအရပ်ကို နွယ်သွားမှ တွေ့ခွင့်ရမှာမို့ နွယ် သွားတွေ့မည်ဟု ဆုံးဖြတ်ခဲ့တယ်။

မန္တလေးတွင် ညအိပ်သည့်အခါ နွယ် တစ်ယောက်တည်းဖြစ်မည့် အချိန်ကိုတွေးပြီး လိုအပ်မည်ထင်သည့် ပစ္စည်းတွေကို ထည့်ထားခဲ့သည်။ အပျင်းပြေဖတ်ဖို့ စာအုပ်တစ်အုပ်မှအစ ကော်ဖီ ၊ Note Book ၊ နောက်နေ့ဝတ်မည့်ဝတ်စုံသာမက ညအိပ်ဝတ်စုံအပြင် ခေါင်းလျှော်ရည်မှစပြီး Feminine Wash အထိ သုံးနေကျ အသုံးလိုမည်ထင်သည့် ပစ္စည်းတွေကို ပြင်ဆင်ပြီး ထည့်ထားခဲ့သည်။ သူ့ကို စ,နောက်ရန် Sleep Mask ကိုပါ နွယ် ထည့်ထားခဲ့သည်။ နွယ့်ဘက်မှ ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီး ဘာမှ မပြောပြဖြစ်ဘဲ နွယ်သည် အသားမဲမဲ စည်ပိုင်းမလေးအဖြစ်သာ သူ့ကို စ,နောက်ရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်လာခဲ့သည်။

လိင်ဆက်ဆံတာနှင့်ပတ်သက်ပြီး နွယ်တို့ ဆွေးနွေးသည့်အချိန်မှာတော့ နွယ်သည် တုံ့ပြန်မှုမရှိသော၊ Service မကောင်းသော၊ BJ မပေးတတ်သော သူတစ်ယောက်ဖြစ်ကြောင်း သူ့အား ပြောပြခဲ့သလို သူသည်လည်း အားကျမခံ ကောင်မလေးတွေအပေါ် အကျင့်မကောင်းခဲ့ပုံတွေအား ပြောပြရင်း ရမ္မက်၏နောက်ဆက်တွဲ အပိုင်း (၂) မှ မန္တလေးသားအစား လက်စားချေမည်ဟု ပြော၍ နွယ်တို့ ရယ်ခဲ့ရပြန်သည်။

စကားပြောရတာ အဆင်ပြေပြီး သူ့ကို သဘောကျသလို ရှိခဲ့သော်လည်း တကယ်တမ်း သူ့မှာ နွယ် မကြိုက်ဆုံး အချက်တစ်ချက် ရှိနေခဲ့သည်။ သူကိုယ်တိုင် ဝန်ခံပြောပြခဲ့သည်မို့ အဲ့ဒီအကြောင်းကို စသိသည့်အချိန် သူနှင့် တွေ့သင့်လားဟု ကိုယ့်ကိုယ်ကို မေးမိသည်အထိ အဲ့ဒီအချက်သည် နွယ့်အတွက် ပထမဆုံး သူ့အပေါ် စိတ်ကွက်မိသည့်အချက် ဖြစ်စေခဲ့သည်။ သူသည် ကွမ်းစားတတ်သူဖြစ်ကြောင်း စသိရသည့်အချိန် သူ့အပေါ်မှာ အနည်းငယ် စိတ်ကွက်နေတာကို ရိပ်မိပုံရသည့် သူသည် နွယ် စိတ်ဝင်စားနိုင်မည့် နောက်တစ်မျိုးဖြင့် နွယ့်အား သွေးဆောင်ခဲ့သည်။ သူ၏ မွေးရာပါလေးကို မြင်ပြီးချိန်မှာ နွယ့် ဆုံးဖြတ်ချက်တွေ ပိုပြီး ခိုင်မာလာခဲ့သည်။ ဓာတ်ပုံသည် ရှုထောင့်အမျိုးမျိုး ကစားနိုင်၍ မယုံကြည်နိုင်ဘူးဟု ပြောသည့် နွယ့်ကို Video Call ခေါ်ပြီး လက်ဖြင့် ရေသန့်ဘူးနှင့် တိုင်းပြခဲ့သည့် သူ့ကြောင့် နွယ့်ရဲ့ စိတ်ဝင်စားမှုတွေ သူ့အပေါ် ပြန်ရောက်သွားခဲ့သည်။

သူနှင့်တွေ့ရန် ပြောသည့်နေ့ကစပြီး နွယ် ဝိတ်ပြန်ထိန်းခဲ့တယ်။ ညနေတိုင်း လေ့ကျင့်ခန်း လုပ်ဖြစ်ခဲ့သလို အစာကိုလည်း ထိန်းစားခဲ့သည်။ သူနှင့် တွေ့သည့်အချိန်မှာ နွယ့်ကို သဘောကျစေချင်၍ နွယ့်ရဲ့ အားထုတ်မှုတွေအကြောင်း သူ့အား နွယ် မပြောပြခဲ့ဘူး။ အသားမဲမဲ စည်ပိုင်းမလေးအဖြစ် သူစိတ်ပျက်အောင် စ,နောက်နေခဲ့သော်လည်း ဘယ်လိုပင်ပြောပြော စိတ်မပျက်သည့်သူ့ကို အားနာပါးနာ စိတ်ပျက်ပေးပါဦးဟု နွယ် ပြောမှသာ စိတ်တွေ အရမ်းပျက်နေပါပြီဟု သူ ပြော၍ နွယ်တို့ ရယ်ခဲ့ရပြန်သည်။ လူတွေမှာ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်း ဒွန်တွဲနေသလို ကံကောင်းခြင်းချည်းပဲ မလာတတ်သလို ကံဆိုးတာချည်းပဲလည်း မဖြစ်နိုင်ကြောင်း ပြောရင်း နွယ်တို့တွေ့ဆုံမှုကို ကံကောင်းသည်ဟု နွယ် သတ်မှတ်ခဲ့သည်။ ဘာလို့လဲဆိုတော့ လူတွေ အများကြီးထဲမှာမှ တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံမှုကို ကံကောင်းသည်ဟု နွယ် ထင်သည်။ အဲ့ဒီထဲကမှ မြို့ချင်းဝေးကွာသူနှစ်ယောက် တွေ့ဆုံရသည်မို့ နွယ်တို့ ပိုပြီး ကံကောင်းသည်ဟု ခံစားရသည်။

ကံဆိုးမှုတွေ ရောက်မလာရန် နွယ် ဆုတောင်းနေသည့်ကြားမှ တကယ်ကိုပဲ ကံဆိုးမှုသည် အချိန်တိကျစွာ နွယ့်ထံ ရောက်လာခဲ့သည်။ သူနှင့်တွေ့ဆုံရန် ချိန်းဆိုထားသည့်နေ့ မတိုင်မီမှာ နွယ် ဓမ္မတာလာခဲ့သောကြောင့် ချိန်းထားသည့်ရက်ကို ရွှေ့ပြီး တွေ့မည့်နေ့မှာ မသေချာတော့သောကြောင့် နွယ် ငိုချင်သွားမိသည်။ ရက်မှန်ပြီး အလာနည်းတတ်သည့် နွယ့် ဓမ္မတာသည် အဲ့ဒီရက်မှာတော့ အလွန်ကို ကောင်းမွန်ရွှဲစိုကာ လာနေသောကြောင့် စိတ်ပျက်မိသလို သူ့အား အချိန်မပေးနိုင်တော့မည်ကို စိတ်ပူရင်း နွယ်တို့ မတွေ့ဖြစ်တော့မှာကို စိုးရိမ်နေခဲ့မိသည်။ သူ့ဘက်ကတော့ အတူတူမနေရလည်း ကိစ္စမရှိတာမို့ ဒီအတိုင်းလာတွေ့ရန် ပြောခဲ့သော်လည်း နွယ့် ဦးတည်ချက်သည် သူနှင့် လိင်ဆက်ဆံဖို့ဖြစ်သောကြောင့် တခြားအတွက်နှင့် အချိန်ကုန်မခံလိုကြောင်း၊ မျက်နှာမပြချင်ကြောင်းပြောရင်း တကယ်ကို စိတ်ထဲ ငိုချင်မိခဲ့သည်။ သို့သော်လည်း ကံဆိုးမှု ရောက်လာပြီးပြီမို့ နောက်တစ်ကြိမ်သည် ကံကောင်းမှုဖြစ်နိုင်ကြောင်းနှင့် ထိုကံကောင်းမှုသည် ကုတင်ပေါ်ဖြစ်နိုင်ကြောင်း ပြောရင်း အတူတူရယ်ခဲ့ကြရပြန်သည်။

စာတွေ အပြန်အလှန်ပို့ရင်း သူအားသည့် အချိန်လေးတွေမှာ နွယ်တို့ ဖုန်းပြောဖြစ်ခဲ့ကြသည်မို့ စာပို့သည်ထက် စကားပြောခြင်းသည် သူနှင့်ပိုပြီး ရင်းနှီးသလို ခံစားခဲ့ရသည်။ သူပို့ဖူးသည့် သူ့ပုံလေးကို ခဏခဏ ချဲ့ကြည့်မိသည်။ နွယ့်ဘက်မှ နွယ့်ပုံကို မပြခဲ့သလို သူသည်လည်း သူ့ပုံကို ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည့်ပုံကိုသာ ပို့ပေးသည်မို့ ကိုယ်နေဟန်ထားနဲ့ မျက်လုံးပုံစံကိုသာ အဓိက ကြည့်ထားခဲ့သည်။ သူကတော့ သူ့ကိုယ်သူ အညာသား အသားမဲမဲ ကွမ်းတရဲရဲဟုပြော၍ နွယ်က ပြန်ကန်တော့ရမည့်အနေအထား ရောက်သွားခဲ့သည်မို့ ကိုယ့်ကိုစိတ်ပျက်စေချင်လို့ သူ့အား ပြောထားသမျှ သူ ပြောမှသာ ကိုယ်ကချည်း စိတ်ပျက်နေရသည်မို့ အပြန်အလှန် စ,နောက်ရင်း နွယ်တို့ ရယ်မောနေခဲ့ရတာ များသည်။

အဲ့ဒီလို အလွဲလွဲလေးတွေနှင့်ပဲ နွယ်တို့တွေ့မည့်နေ့ကို ရောက်လာခဲ့သည်။ စရောက်သည့် မနက်ခင်းမှာပဲ စ,လွဲခဲ့သည်။ မနက် ၇ နာရီ ခေါ်ထားသည့် ကားသည် မနက် ၈ နာရီကျော်မှ နွယ့်အိမ်ကို လာကြိုခဲ့သည်။ ကားပေါ်လိုက်မည့် နောက်ထပ် ၂ ယောက်အား ကြိုပြီးချိန်မှာ မနက် ၉ နာရီထိုးခါနီးမို့ စိတ်စောနေသည့် နွယ့်အတွက်တော့ နာရီကို အဖတ်လုပ်မိသည့် နေ့တစ်နေ့အဖြစ် စတင်ခဲ့ရသည်။ နွယ်တွေးထားသည်မှာ သူနှင့် ချိန်းဆိုထားသည့်အချိန်ထက် နွယ် စောရောက်နေပြီး သူဝင်လာသည်ကို ထိုင်စောင့်ချင်သောကြောင့် အိမ်မှ စောစောထွက်ရန် ကြံရွယ်ထားခဲ့သော်လည်း ယခုပုံစံအတိုင်းဆိုလျှင် သူ ကြိုရောက်နိုင်သည်။

နွယ် စိတ်ကူးထားတာသည် နွယ့်ကို သူ မမှတ်မိစေရန် အဓိကဖြစ်သည်။ နွယ် Mask တပ်ထားမည်ပြောထားသောကြောင့် Mask မတပ်ခဲ့ဘဲ သနပ်ခါးလိမ်းထားသည်ကို သူ သဘောကျကြောင်း ပြောဖူးသည့်အတွက် နွယ် သနပ်ခါးပါးကွက်လေး လိမ်းခဲ့သည်။ ဂါဝန် အဝတ်များကြောင်း သူ့အား ပြောထားခဲ့သော်လည်း တကယ်တမ်း တွေ့မည့်နေ့မှာ မြန်မာရင်ဖုံးဝမ်းဆက် ခါးတိုလေးကိုသာ နွယ် ဝတ်ဆင်ခဲ့သည်။ နွယ့်ကိုယ်နွယ် ဝတယ်ဟု သူ့အား ပြောထားသည်မို့ သူသည် ဝသည့်သူတွေကိုသာ လိုက်ကြည့်နိုင်ကြောင်း တွေးမိပြီး နွယ် တစ်ယောက်တည်း ရယ်မိသည်။

ဆိုင်ရှေ့မှာဆင်းလျှင် သိသာမည်စိုးသောကြောင့် ဆိုင်နှင့် နည်းနည်းလှမ်းသည့်နေရာတွင် ကားအား ရပ်စေခဲ့သည်။ ဆိုင်ထဲရောက်သည့်အချိန် သူ မရောက်သေးသည်မှာ သေချာသလောက်ပင်။ အဘယ့်ကြောင့်ဆိုသော် ဆိုင်ထဲရှိ စားပွဲတိုင်းတွင် တစ်ယောက်တည်းထိုင်နေသော အမျိုးသားမရှိသလို စားပွဲတိုင်းရှိ လူအားလုံးမှာလည်း သူ့အဖော်နှင့်သူ စကားပြောရင်း စားသောက်နေသည်မှာ ပုံမှန်အတိုင်းပင်။ တစ်စုံတစ်ယောက်အလာကို စောင့်မျှော်နေသော မျက်ဝန်းမျိုး မတွေ့ရ၍ ဆိုင်အတွင်းဘက်မှ ဝင်ပေါက် ၂ ဖက်စလုံးအား မြင်နိုင်သော စားပွဲတွင် နွယ် ဝင်ထိုင်လိုက်သည်။ ဆိုင်ဝန်ထမ်း၏ ဖော်ရွေယဉ်ကျေးမှုကို အသိအမှတ်မပြုဘဲ မနေနိုင်စွာ ဝန်ထမ်းမိန်းကလေး နှုတ်ဆက်ချိန်မှာ သဘောကျစွာ ပြုံးပြမိသည်။ ဆိုင်လာသည့် Customer ကိုသာ ထိုသို့ဆက်ဆံသည်ဟု ထင်နေသော်လည်း ဝန်ထမ်းအချင်းချင်း ပြောဆိုဆက်ဆံရာမှာလည်း အံ့သြမိတဲ့အထိ ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေကြသည်ကို တွေ့ခဲ့ရသည်။ ရန်ကုန်မှာဆိုလျှင် ယခုလိုဆက်ဆံမှုမျိုး အတော်ရှားမည်ဟု တွေးမိသည်။ ဆရာသက္ကမိုးညိုကို သတိရ၍ ထပ်တရာအား မှာစားဖြစ်ခဲ့သည်။ ပလာတာနဲ့ ထပ်တရာ ဘာကွာလဲဆိုတာ မန္တလေးရောက်တုန်း စားဖူးကြည့်ချင်ရုံမျှသာ။

နွယ် ထိုင်နေရာ စားပွဲ၏ ဆန့်ကျင်ဘက် ဝင်ပေါက်မှ မျက်မှန်နဲ့ အမျိုးသားတစ်ဦး ဝင်လာသည်ကို တွေ့လိုက်ရသည်။ Mask တပ်ထားသော်လည်း သူ့မျက်ဝန်းသည် ဆိုင်ထဲတွင် တစ်စုံတစ်ယောက်အား ရှာဖွေနေကြောင်း တွေ့မိသလို မျက်မှန်တပ်ထားသော သူ့မျက်နှာနှင့် ဝတ်စားဆင်ယင်ပုံ ကိုယ်ဟန်အနေအထားတို့ကြောင့် သူမှန်း နွယ် သိလိုက်သည်။ Mask တပ်ထားသော်လည်း သူ့ပုံစံသည် တည်ကြည်သည့်ပုံ ပေါ်သည်။ အဖြူဝတ်ထားသည့်အတွက် သန့်ပြန့်နေသည်။ လမ်းလျှောက်ပုံမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသည့်ပုံစံ ရှိသည်။

ဆိုင်ထောင့်ဆုံးစားပွဲတွင် သူ ဝင်ထိုင်ပြီး စားပွဲတွေအား လိုက်ကြည့်ချိန်မှာ နွယ် ကြည့်နေသည်ကိုမြင်ပြီး နွယ့်ကို ပြန်ကြည့်နေသည်ကို တွေ့ရသည်။ ခပ်တည်တည် မျက်နှာလွဲပြီးမှ နွယ့် စိတ်ထဲ ရယ်ချင်လာသည်။ Chat Box မှ “နွယ်တွေ့တယ်” ဟု စာပို့လိုက်သည့်အချိန် သူပြန်ပို့သည့် Emoji ကို ကြည့်ပြီး နွယ် ရယ်မိသည်။ သူ မမြင်စေရန် သူနှင့် နွယ့်ကြားမှာ ထိုင်နေသည့် လူနှင့်ကွယ်ကာ နွယ် သဘောကျစွာ ရယ်ပြီးမှ “လာခဲ့လေ နွယ့်ဆီ” ဟု သူ့အား စာပြန်ပို့လိုက်သည်။ နွယ် လှမ်းကြည့်သော နှစ်ကြိမ်စလုံးမှာ သူနှင့် မျက်လုံးချင်းဆုံပြီးပြီမို့ နွယ်ဆိုတာ သူလည်း ရိပ်မိလောက်ပါပြီ။ နွယ် မအားဟန်ဆောင်ကာ တခြားအလုပ်ကိစ္စအား ဖုန်းဆက်ပြီး စကားပြောနေလိုက်သည်။

နွယ် ဖုန်းပြောနေချိန်မှာပင် သူသည် နွယ့်စားပွဲရှေ့ကို ရောက်လာသည်။ ခပ်တည်တည် ဖုန်းပြောရင်း သူ့အား လက်ကာပြလိုက်သည်။ သူသည် ဆက်ထိုင်သင့် မထိုင်သင့်ပုံစံမျိုးဖြင့် မတ်တတ်ရပ်နေသလို သူ့စားပွဲရှိ လက်ဖက်ရည်ခွက်နှင့် ရေနွေးအိုးကိုင်ထားသော ဝန်ထမ်းလေးပါ ရပ်နေသောကြောင့် အားနာပြီး သူ့အား ဆက်မစတော့ဘဲ ထိုင်ပါဟု လက်ဖြင့် ပြပြီးမှ နွယ် ဖုန်းဆက်ပြောနေလိုက်သည်။ နွယ် ဖုန်းပြောလို့ပြီးမှ သူက

“နွယ်…မလား”

လို့ ခေါင်းလေးရှေ့တိုးကာ တိုးတိုးလေးမေးသည်။ ရယ်ချင်စိတ် များနေတာမို့ ဟန်မဆောင်နိုင်ဘဲ သဘောကျစွာ ရယ်ရင်း

“နွယ့်ကို ရှာတွေ့သားပဲ”

လို့ ပြောတော့

“ကျွန်တော် သိပါတယ်။ တမင်မေးတာပါ”

“အယ် ဘယ်လိုသိတာလဲ။ နွယ် ကြည့်တာ တွေ့လို့မလား”

“မဟုတ်ပါဘူး။ နွယ့်ဆီ Emoji ပို့တုန်းက နွယ် ရယ်နေတာ ကျွန်တော် တွေ့တယ်။ သေချာအောင် ကျွန်တော် ဖုန်းဆက်သေးတယ်။ နွယ် ဖုန်းပြောနေတော့ လိုင်းမအားသေးပါဆိုမှ ထလာတာ။ နောက်ပြီး နွယ် သနပ်ခါးပါးကွက်လေးနဲ့မို့”

“အမ် လူကွယ်ပြီး ရယ်နေတာလေ။ ဘယ်လိုမြင်သွားတာလဲ”

“ဒီလိုပဲ မြင်အောင် ကြည့်ရတာပေါ့။ နွယ်က ဖုန်းကြည့်ပြီးလည်း ရယ်တတ်တယ်နော်”

သူ့ကို မျက်စောင်းထိုးပြီးမှ

“ရယ်စရာမြင်နေရတာကို မရယ်ဘဲ နေရမှာလား”

“အဲ့လိုမဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဖုန်းထဲ ရယ်စရာတွေ့လည်း အပြင်မှာ မရယ်ဘူးဗျ။ မနွယ်ကြ သဘောကျရင် ဟန်မဆောင်တတ်ဘူးထင်တယ်”

နောက်တစ်ကြိမ် မျက်စောင်းထပ်ထိုးရပြန်သည်။

“ရယ်စရာတွေ့ပြီး မရယ်တဲ့သူဆိုလို့ အစ်ကို့ပဲ တွေ့ဖူးသေးတယ်။ ဒါနဲ့ အခု နွယ့်ကို မြင်ဖူးပြီမလား။ ဘယ်လိုမြင်လဲ”

“လူကို လူလို့ပဲ မြင်ပါတယ်နွယ်”

သူ့ကို ဘုကြည့် ကြည့်လိုက်မိသည်။ ဟုတ်တယ်လေ။ ဒီက သူ သနပ်ခါးလိမ်းတာ သဘောကျတယ်ဆိုလို့ သနပ်ခါးပါးကွက်လေး လိမ်းလာတာကို လူကို လူလို့ပဲ မြင်တယ်ဆိုတော့…။

“အဲ့တော့ သနပ်ခါးလိမ်းတာ ကြိုက်တယ်ဆိုတော့ အသားမဲမဲ အန်တီကြီး လိမ်းထားလည်း ကြိုက်တာပဲလား”

“သနပ်ခါးကိုပဲ ကြိုက်တာလေ။ ဘယ်သူလိမ်းတယ်ဆိုတာက သပ်သပ်”

“လူလည်ကြီး”

နွယ်ပြောတော့ သဘောကျစွာ သူ ရယ်သည်။ စိတ်ထဲ ပြောစေချင်တာက သနပ်ခါးလေးနဲ့ နွယ့်ကို ကြည့်ကောင်းတယ်လောက်တော့ ပြောစေချင်တာ။ အခုကြ လူကို လူလိုတဲ့။ ဒါ သပ်သပ် လူကို မရိုးမရွဖြစ်အောင် လုပ်တာလို့ပဲ စိတ်ထဲ တနုံ့နုံ့ တွေးနေမိသည်။ နွယ် တွေ့ဖူးသည့် အမျိုးသားအများစုသည် နွယ့်ကို အားနာ၍လား တကယ်လားတော့ မသိပါ။ နွယ့်ကို တွေ့ရင် သဘောကျတတ်ကြသည်မို့ သူ့ကိုလည်း နွယ့်ကို သဘောကျစေချင်မိသည်။ နွယ်ကပဲ လောဘကြီးခဲ့လေသလား။

“ဒါနဲ့ နွယ် Mask တပ်လာမယ် ပြောထားသားပဲ”

“နွယ် သနပ်ခါးလိမ်းလာမှာ ကျွန်တော် ကြိုသိနေတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က သနပ်ခါးလိမ်းတာ သဘောကျတယ် ပြောဖူးသလို နွယ်ကလည်း တစ်ဖက်လူ သဘောကျတာကို လုပ်ပေးချင်တဲ့သူဆိုတော့ လိမ်းလာမယ်ဆိုတာ သိတယ်။ ပြီးတော့ ဒီအခန်းထဲမှာ သနပ်ခါးနဲ့ နွယ် တစ်ယောက်ပဲရှိတယ်။ မယုံရင် နွယ် ရှာကြည့်ပါလား။ သနပ်ခါးပါးကွက်နဲ့ ဘယ်နှစ်ယောက်တွေ့လို့လဲ”

သူပြောမှ ပတ်ဝန်းကျင်ကို သတိထားကြည့်မိသည်။ နွယ် တစ်ယောက်သာ သနပ်ခါးပါးကွက်ကြားနဲ့။ ဒါပေမယ့် သူ့ကို အရှုံးမပေးချင်သေးပါဘူး။

“နွယ်လည်း အစ်ကို ဝင်လာကတည်းက မှတ်မိပါတယ်။ မျက်မှန်နဲ့ မျက်လုံးကို နွယ် မှတ်မိတယ်။ ဒါနဲ့ နွယ် ဝတယ် ပြောထားတာပဲ”

“နွယ်ကလေ ကိုယ်ပြောပြီး ကိုယ်မေ့နေတယ်။ နွယ် ပုံတစ်ပုံ ပို့ဖူးတယ်လေ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကပုံဆိုတာ”

“အွန်း အဲ့တော့…”

“ပြီးတော့ နွယ်ပဲ ပြောတယ်။ နွယ့်ခန္ဓာကိုယ်က ၁၀ နှစ်ကျော်လည်း မပြောင်းသွားဘူး။ သူငယ်ချင်းတွေက ဒီအတိုင်းပဲလို့ ပြောတယ်ဆို”

“အယ်… အာ့က စ စကားပြောခါစက ပြောဖူးတာလေ”

“အင်းလေ။ ကျွန်တော့်ကို ဟိုတယ်ခန်းထဲက မှန်ထဲကပုံလည်း ပြသေးတယ်လေ။ ညအိပ်ဝတ်စုံနဲ့။ အဲ့ပုံက ဝမှမဝတာ။ ကျွန်တော်က ဉာဏ်ကောင်းတယ်ဗျ။ အစပိုင်းက အတည်ပြောပြီး နောက်ပိုင်းမှ နောက်နေမှန်းသိလို့ တမင်ဘာမှမပြောဘဲ လွှတ်ထားတာ”

“အာ အကျင့်ပုတ်ကြီး။ သိရင်သိတယ် ပြောပါလား။ အခုကြ တောက်လျှောက် နွယ်က စလာတာ။ အဲ့လိုမှန်းသိရင် မနောက်ပါဘူး။ အခုကြ နွယ် နောက်ထားသမျှ အလကားပဲ”

“မဖြစ်ပါဘူး နွယ်ရဲ့။ အစ်ကိုတို့ ရယ်ခဲ့ရတာပဲလေ”

“လှောင်ရယ်နေတာမလား။ ဘယ်လောက်တောင် နွယ့်ကို ကွယ်ရာမှာ ရယ်နေလဲ မသိဘူး”

“မလှောင်ပါဘူး နွယ်ရယ်။ နွယ် အဲ့လို စနေတာလေးကို သဘောကျလို့ ပြန်စတာပါ။ နွယ်က စကလည်း စချင်သေးတယ်။ ပြီးရင် ကိုယ့်ဘာသာ ပြောထားပြီး မေ့ပြီး ပြောနေတော့ ပြန်နောက်ချင်လာတာ”

“ဒါနဲ့ ကွမ်းစားတယ်ဆို အခုကြ ဟုတ်လည်းဟုတ်ဘဲနဲ့”

“အွန်း စားတယ် တစ်နေ့မှ တစ်ယာ၊ နှစ်ယာပါ။ ကိုယ့်အလုပ်က ဘယ်အဆင်ပြေမလဲ နွယ်ရဲ့။ နွယ် မကြိုက်မှန်းသိလို့ တမင်နောက်လိုက်တာ။ အဲ့ဒါကြားပြီး စိတ်ခုသွားတယ်မလား။ နွယ် စကားပြောတဲ့ပုံစံ ပြောင်းသွားတယ်။ Video Call လည်းကြရော တံတွေးမျိုချသံပါ ကြားရတယ် ဟီး”

“အာ…ဟုတ်လည်းဟုတ်ဘဲနဲ့”

“ဟုတ်တယ်လေ။ အဲ့ကိစ္စပြောပြီးနောက်ပိုင်း နွယ် စကားပြောတာ သိသာတယ်။ နွယ် မကြိုက်မှန်းသိလို့ တမင်နောက်လိုက်တာပါ။ အရင်ရက်တွေ စားတော့စားတယ်။ ဒါမဲ့ ဒီနေ့ လုံး၀ မစားထားဘူး”

“စားချင်စားလေ။ မစားနဲ့လို့ နွယ်မှ မတားတာ။ ဟီး… စားပြီးရင်တော့ နွယ့်ကို လာမနမ်းရဘူး”

“မနမ်းဘဲတော့ ဘယ်ရမလဲ နွယ်ရဲ့။ အာ့က ဆားမပါတဲ့ဟင်းလို ဖြစ်သွားမှာပေါ့”

စကားပြောနေချိန်မှာပဲ သူ့ဆီ ဖုန်းလာလို့ သူ စကားပြောနေတဲ့အချိန် ထပ်တရာ စားကြည့်လိုက်သည်။ သိပ်မထူးခြားပါဘူး။ ဒါပေမယ့် ပလာတာထက် အလွှာထူပြီး ပိုနူးညံ့သလိုမျိုး ခံစားရသည်။ မုန့်ကုန်သွားမှ ရေနွေးသောက်ရင်း သူ့ကို စောင့်နေလိုက်သည်။ သူဖုန်းပြောပြီးချိန်မှာတော့ နွယ်လည်း လက်က နာရီကြည့်ရင်း

“၁၂ ကျော်ပြီနော် နွယ်တို့ သွားတော့မလား”

နွယ်ပြောတော့ သူ သဘောကျစွာ ရယ်ရင်း

“မနွယ်ရယ်။ အချိန်တွေ ရှိပါသေးတယ်။ ဘာလဲ သွားချင်နေပြီလား”

သဘောကျစွာ ရယ်ရင်း သူ ပြောတော့ စနေမှန်းသိပေမယ့် မျက်စောင်းထိုးမိပြန်သည်။

“မဟုတ်ပါဘူး။ သွားမှာလာမှာနဲ့မို့ ပြောတာပါ”

“အချိန်ရှိပါသေးတယ် နွယ်ရဲ့”

ပလာတာနဲ့ ထပ်တရာကွာခြားရာကနေ ပလာတာဆင်းသက်ပုံတွေ ရှင်းပြနေတဲ့သူ့ကို သေချာကြည့်မိသည်။ ဗဟုသုတပြည့်ဝသလို စိတ်ရှည်ပုံရတဲ့အပြင် သူ့မျက်လုံးတွေမှာ ကြင်နာတတ်သလို၊ ဂရုဏာထားတတ်သူလို ခံစားမိသည်။ စကားတွေ အပြန်အလှန်ပြောရင်း သူ ရေနွေးငှဲ့တဲ့အချိန် နွယ့် ရေနွေးပန်းကန်လေးကို သူ့နားချလိုက်သည်။ ရေနွေးဖြည့်ပေးဆိုသည့်သဘောနှင့်။ မျက်လုံးပင့်ကြည့်ပြီးမှ သူ ရေနွေးငှဲ့ပေးသောကြောင့်

“ဘာလဲ။ မလုပ်ပေးချင်လို့လား”

“မဟုတ်ပါဘူး။ ဒါလေးလုပ်ပေးရတာ ဘာမှမဖြစ်ပါဘူး”

ဒီလိုနဲ့ စကားတွေပြောရင်း နာရီဝက်လောက်ကြာတော့ သူကပင်

“နွယ် သွားချင်ပြီလား။ အစ်ကို ပိုက်ဆံရှင်းလိုက်မယ်”

“နွယ့်ဖိုး နွယ် ရှင်းပါ့မယ်”

“အစ်ကို ပြောထားတယ်လေ။ နွယ် စားသမျှ ရှင်းပါမယ်လို့။ ပြောတော့ အများကြီးစားမှာဆို။ အခုကြ ဘာမှလည်း မစားပါလား”

“ဗိုက်မဆာလို့ပါ။ ပုံမှန်တော့ စားပါတယ်”

“အာ့ဆို ခဏလေး။ ပိုက်ဆံ ရှင်းလိုက်ဦးမယ်”

ပြောပြီး ပြုံးစိစိနဲ့ သူ့ကို မျက်စောင်းထိုးရင်း

“သဘော”

လို့ နွယ် ပြောတော့ သူ ရယ်နေပြန်သည်။ ပိုက်ဆံရှင်းပြီး ဆိုင်အထွက်မှာတော့ သူ့နောက်နားကနေ နွယ် လျှောက်လာစဉ် ဆိုင်အပြင်မှာ ထိုင်နေသည့် သနပ်ခါးလိမ်းထားသူ သုံးယောက်ကို ထပ်တွေ့ကြောင်း သူ နောက်လှည့်ပြောပြရင်း အဲ့ဒီ သုံးယောက်သာ မတွေ့ပါက နွယ် တစ်ယောက်သာ သနပ်ခါးနဲ့ ဖြစ်နိုင်ကြောင်းပြောပြီး ရယ်နေသည်။

ကားပေါ်ရောက်တော့ သူ့ကို ခွင့်တောင်းပြီး ကျောပိုးအိတ်ကို ကားနောက်ခန်းဘက် ပို့လိုက်သည်။ ကားနောက်ခန်းထဲမှာ ပစ္စည်းအပြည့်ပေမယ့် ဘာတွေလဲဆိုတာ မကြည့်မိလိုက်ဘူး။ စပ်စုရာကျမှာ စိုးတာရယ်၊ ကိုယ်နဲ့မဆိုင်ရင် စိတ်မဝင်စားတတ်သူမို့ ဘာမှကို မမြင်မိဘူး။ နွယ် ခါးပတ်ပတ်နေချိန်မှာပဲ သူ စကားပြောရင်း ကားမောင်းထွက်လာခဲ့သည်။

“နွယ့်ကို သင်ပေးစရာ တစ်ခုရှိတယ်”

“ဘာကြီးလဲ”

“တဖြည်းဖြည်း သိရမှာပေါ့။ အဲ့တော့ အခု ဘယ်အရင်ပို့ပေးရမလဲ။ သူငယ်ချင်းဆီ အရင်သွားမလား”

“ဟင့်အင်း….သွားတော့ဘူး”

“ဘာလို့”

“အခုပဲ တစ်နာရီထိုးတော့မယ်လေ။ သွားမှာလာမှာနဲ့။ ပြီးတော့ အစ်ကိုက ညနေ ၆ နာရီ ပြန်မှာမလား”

စကားပြောရင်း ကားပြတင်းပေါက်ဘက် မျက်နှာလှည့်လိုက်မိသည်။ နွယ့်မျက်ဝန်းတွေ သူ့ကို မမြင်စေချင်ခဲ့ဘူး။

“အချိန်ရပါတယ် နွယ်ရဲ့။ မန်းလေးရောက်တုန်း သူငယ်ချင်းဆီ သွားလည်လေ။ လိုက်ပို့ပေးမယ်”

“အာ…မသွားတော့ပါဘူးဆို”

တစ်ဖက်လှည့်ရင်း နွယ်ပြောတော့

“အာ့ဆိုလည်း ဘာစားဦးမလဲ။ နေ့လယ်စာ စားချိန်ရောက်နေပြီ”

“စားတော့ဘူးလေ။ ဗိုက်မဆာသေးဘူး”

“အင်းပါ။ အာ့ဆိုလည်း ဗိုက်ဆာမှ မှာစားကြတာပေါ့”

ကားမောင်းရင်း ဟိုတယ်တွေ တစ်ခုပြီးတစ်ခု သူ ဖုန်းတွေ ဆက်နေခဲ့သည်။ ဟိုတယ်တွေ ဖုန်းဆက်စုံစမ်းနေတာမို့ သူ ဖုန်းမပြောတော့မှ

“အခုထိ အခန်း Booking မလုပ်ထားတာလား”

စူပုပ်ပုပ် မျက်နှာပေးနှင့် နွယ်ပြောတော့ သူ ရယ်ရင်း

“နွယ်က ခဏခဏ Plan ပြောင်းတော့ မသေချာမှာစိုးလို့ပါ”

“အာ… လာပါ့မယ် သေချာပြောထားတာကို။ ပြီးတော့ နွယ့်ကိုပြောထားတဲ့ Guest House ကရော အခန်းမရလို့လား”

“အာ့…စတာ။ ဟီး။ ဟိုတယ်ပဲ သွားမှာ”

သူ့ကို မျက်စောင်းထိုးရင်း

“နွယ်ကတော့ တကယ်ထင်ပြီး အဲ့ကိုတောင် ဖုန်းဆက်လိုက်သေးတယ်။ အခု အခန်းမရရင် ဘယ်လိုလုပ်မှာလဲ။ အချိန်လည်း မရဘဲနဲ့”

“စိတ်မပူပါနဲ့။ မန်းလေးမှာ ဟိုတယ် ပေါပါတယ်ဗျ”

“ပေါတာတော့ သိတာပေါ့။ အချိန်မရှိဘူးလေ။ တော်ပြီ နွယ့်ကို ကားဂိတ်ပဲ ပြန်ပို့ပေးတော့။ ပြန်တော့မယ်”

မျက်စောင်းနှင့် စူပုပ်ပုပ်ဖြစ်နေသော နွယ့်ကို သူကတော့ စိတ်မဆိုးဘဲ ရယ်ပဲ ရယ်နေသည်။ စကားပြောရင်း ကားမောင်းနေပေမယ့် ဘယ်ကို သွားနေလဲဆိုတာ နွယ် မသိခဲ့ဘူး။

“နွယ်… ကျွန်တော် ဂိတ်တစ်ခု ခဏဝင်မယ် ရတယ်မလား။ အရုပ်တွေ မှာထားတာ။ ရောက်ပြီပြောလို့”

“မကြာဘူးမလား။ သွားလေ။ ရပါတယ်”

“အင်း မကြာပါဘူး။ ရွေးရုံပဲ”

ကားမောင်းရင်း စကားပြောရင်း သူစနောက်သမျှကို မျက်စောင်းထိုးပြီး လက်သီးတရွယ်ရွယ်ဖြစ်နေတဲ့ နွယ့်ကို သူကတော့ ရယ်မောရင်း စနောက်နေခဲ့သည်။ ဂိတ်တွေတွေ့တော့ သူသွားမယ့်ဂိတ် ကူရှာပေးခဲ့သည်။ သွားမယ့်ဂိတ်တွေ့တော့ ကားရပ်လိုက်ပြီး ခါးပတ်ဖြုတ်ရင်း နွယ့်ကို ခေါ်သောကြောင့် ပြတင်းပေါက်ဘက် လှည့်နေရာမှ သူ့ဘက် လှည့်လိုက်သည်။

“နွယ်”

“ဟင်..”

“နွယ် အိမ်ပြန်ရင် အရုပ်သယ်သွားလို့ ရလား။ သိပ်မကြီးပါဘူး။ ၂ ပေလောက်ပေါ့”

“အမ်…ဘာလို့”

“မေးတာပဲ ဖြေကွာ။ သယ်လို့ ရလား။ မရဘူးလား”

“အွန်း…ရတော့ ရပါတယ်”

“အာ့ဆို…ရော့ အစ်ကို့ကိုယ်စား ဒီအရုပ်လေး ထည့်ပေးလိုက်မယ်”

နွယ့်ခုံနောက်တည့်တည့်ကနေ လှမ်းယူပြီး နွယ့် လက်ထဲကို အမဲရောင် အရုပ်ကလေး တစ်ရုပ် ရောက်လာသည်။

“အယ်…နွယ် အရုပ်ကြိုက်တယ် မပြောဖူးပါဘူး”

“နွယ် မကြိုက်ဘူးလား”

“ကြိုက်တာပေါ့။ ဒါမဲ့ နွယ် အရုပ်ကြိုက်တာ မပြောဖူးဘူးလေ။ ဘယ်လိုသိတာလဲ”

“ကိုယ်နဲ့ အကြိုက်တူမှန်း သိလို့။ သဘောကျတယ်မလား”

“ကျတာပေါ့”

သူ့မေးခွန်းကို ဖြေရင်း အရုပ်လေးအား ဖက်ထားလိုက်သည်။

“ကိုယ်နဲ့ တူတယ်မလား။ အသားမဲမဲလေး”

“တူပါဘူး။ နွယ်နဲ့ ပိုတူတယ်။ မျက်လုံးပြူးပြူးလေး”

ပြောပြီး အရုပ်လေးအား သေချာကြည့်ပြီးမှ ထပ်ဖက်ထားမိသည်။ ပြီးမှ သူ နောက်တတ်တာကို သတိရပြီး သူ့ကို ပြန်နောက်ချင်လာသည်။

“ဒါနဲ့ နွယ် ယူသွားလို့ မရရင် ဒီအရုပ်ကို ဘာလုပ်မှာလဲဟင်”

“ဘာမှမလုပ်ဘူးလေ။ သူ့ကောင်မလေးနဲ့ ဒီကားပေါ်ပဲထားမှာ”

နောက်ထပ် အဖြူရောင် အရုပ်လေးတစ်ရုပ် လက်ထဲ ရောက်လာသည်။ ချစ်ဖို့ကောင်းလိုက်တာ။ အရုပ်နှစ်ရုပ်ကို တစ်ဖက်စီပွေ့ပြီး အရုပ်နှစ်ရုပ်ကြား ခေါင်းဖွက်ထားမိသည်။

“သဘောကျလား နွယ်”

ခေါင်းလေးပုတ်ပြီး သူမေးတော့ ခေါင်းညိတ်ပြရင်း

“အရမ်းသဘောကျတယ်။ ဟီး။ ဖက်တောင် နမ်းချင်သွားပြီ”

“အမ်”

“ဘာမှမဟုတ်ပါဘူး။ သွားလေ။ နွယ် စောင့်နေမယ်”

သူဆင်းသွားမှ အရုပ်လေးနှစ်ရုပ်ကို သေချာကြည့်ပြီး ဖက်နမ်းလိုက်သည်။ အဖြူရောင်အရုပ်ကလေးကို ဖက်နမ်းရင်း

“ချစ်ဖို့ကောင်းလိုက်တာ”

တစ်ယောက်တည်း စကားပြောရင်း အပြင်ကို လှမ်းကြည့်တော့ ဂိတ်ကဝန်ထမ်းနှင့် သူ ပိုက်ဆံရှင်းနေတုန်းရယ်။

“နင်တို့နှစ်ယောက်ကို ခွဲရတာတော့ စိတ်မကောင်းပါဘူး။ ဒါမဲ့ ငါလည်း နင်တို့လိုပါပဲ”

ပြောချင်ရာတွေပြောပြီး အရုပ်အား တစ်လှည့်စီ ဖက်နမ်းမိသည်။ အစ်ကိုလာနေပြီမို့ မျက်နှာပိုးသတ်ပြီး ခပ်တည်တည် ပြန်နေလိုက်သည်။ နောက်ခန်းထဲ စက္ကူပုံးအကြီးကြီးထည့်ပြီးမှ ကားပေါ်ပြန်တက်လာသည်။

“ဒီနား နွယ့်သူငယ်ချင်းနဲ့ နီးတယ်။ သွားမလား”

သူမေးတော့ မကျေနပ်သလို မျက်လုံးထောင့်ကပ်ကြည့်ပြီး

“တစ်နာရီကျော်နေပြီ။ အခုထိ အခန်းလည်း မရသေးဘူး။ ပြီးရင် ညနေကြ အစ်ကိုက ပြန်ရဦးမှာ။ အချိန်လည်း မရဘဲနဲ့”

နွယ် ပွစိပွစိပြောတာကို ကားမောင်းရင်း လှည့်ကြည့်နေလို့

“ကားပဲ ဂရုစိုက်မောင်းပါဗျာ။ ပြောတော့ဘူး”

သူ့ကိုပြောပြီး အရုပ်မလေးအား နဖူးချင်းဆိုင်ပြီး ဖက်ထားလိုက်သည်။

“ကဲပါ စိတ်မဆိုးပါနဲ့။ View ကောင်းတဲ့ ဟိုတယ် ရှာနေလို့ပါ။ အခု ဒီနားက ဟိုတယ်ပဲ ဝင်လိုက်မလား”

“သိဘူးလေ။ နွယ်မှ မန်းလေး မကျွမ်းတာ။ ခေါ်တဲ့နောက် လိုက်ရမှာပဲ။ ရောင်းတော့ မစားဘူးမလား”

“အာ့တော့ စိတ်ချ။ ကိုယ်ပဲစားမှာ။ ဟားဟား”

စကားပြောရင်း သူ့လက် နွယ့်ပခုံးပေါ် ရောက်လာသည်။ အလိုက်သင့် သူ့ပခုံးကို မှီလိုက်တော့ နွယ့်မျက်နှာကို သူ့လက်နဲ့ လိုက်ထိနေသည်။ ထိရုံသာမက လက်က ငြိမ်ငြိမ်မနေဘဲ နဖူးက ဝက်ခြံကို လာကိုင်နေလို့ သူ့လက်ကို ကိုင်ပြီး ထိန်းထားလိုက်သည်။

“အကြံဘယ်လောက်ကောင်းလဲ တွေ့လား။ ကိုယ် လက်ကိုင်ချင်တာ လူမသိတော့ဘူး။ ကိုယ်လည်း တောင်းစရာမလိုဘဲ လက်အကိုင်ခံရတယ်”

“အာ… ဟင်းနော်။ စိတ်တိုရင် အဲ့လက် ကိုက်ပစ်မှာဗျ”

ပြောပြီး သူ့ပခုံးမှီထားရာကနေ ရုန်းထွက်လိုက်သည်။

“မလုပ်ပါနဲ့။ ဒီလက်လေးနဲ့ လုပ်စားနေရတာ။ ဟားဟား”

သဘောကျစွာ ရယ်ရင်း နွယ့်ကို နောက်တစ်ကြိမ် ထပ်ဖက်နေပြန်သည်။

“အစ်ကို အဆင်ပြေရဲ့လား။ တော်ကြာ အသိတစ်ယောက်ယောက် တွေ့သွားရင် အစ်ကို့အတွက် မကောင်းဘူး”

ပြောပြီး နွယ် ရုန်းပေမယ့် မလွှတ်ပေးဘဲ

“မှန်စတစ်ကာကပ်ထားပါတယ် နွယ်ရဲ့။ မပူပါနဲ့။ ဘယ်သူမှမမြင်ပါဘူး”

“အကြံဆိုးကြီးနဲ့ပါလား။ အင်းပါ။ အစ်ကို့အတွက်ပြောတာပါ။ အစ်ကို အဆင်ပြေရင် ပြီးရော”

ဒီတစ်ခါတော့ မရုန်းတော့ဘဲ နွယ့် Safety ခါးပတ်ကို ဖြုတ်လိုက်သည်။

သူဆွဲဖက်လိုက်သောကြောင့် နွယ် သူ့ရင်ခွင်ထဲ ရောက်သွားခဲ့သည်။

“ကားမောင်းရတာ အဆင်မပြေဘဲ နေဦးမယ်”

နွယ်ပြောတာကို ဂရုမစိုက်ဘဲ နွယ်ကို ဖက်ထားရင်းမှ သူ့လက်ဖျားက နွယ့်ခါးဆီမှာ။ အင်္ကျီက ခါးတိုမို့ ခါးမှာ နည်းနည်းဟပြီး လွတ်နေသည်။ အဲ့ဒီလွတ်နေတဲ့ နေရာလေးကိုပဲ သူ့လက်ထိပ်လေးတွေနဲ့ လိုက်ထိနေသည်။

“နွယ် ယားတယ်။ ဖယ်ပါ။ ကားမောင်းရတာ အဆင်မပြေဘဲ နေလိမ့်မယ်”

နွယ်ပြောတော့ သူ နွယ့်ကိုကြည့်ပြီး

“ငြိမ်ငြိမ်နေကွာ အခုလိုလေး ဖက်ထားချင်လို့”

သူများကု ငြိမ်ငြိမ်နေလို့ပြောပြီး သူကြ ကားမောင်းနေတာတောင် လက်က တစ်ချက်မှ ငြိမ်ငြိမ်မနေဘဲနဲ့လို့ စိတ်ထဲက ပြောရင်း သူ့ကို မော့ကြည့်မိသည်။ မျက်မှန်နဲ့ လက်တစ်ဖက်တည်း ကားမောင်းရင်း သူ့ရင်ခွင်ထဲ ဖက်ထားခံရတာကို သဘောကျလာသည်။ ခေါင်းလေးမော့ပြီး သူ့လည်တိုင်နား ခေါင်းမှီရင်း အသက်ရှူသလိုနှင့် သူ့လည်ပင်းလေးကို ခိုးနမ်းလိုက်သည်။ သူ့ဆီက ဘာတုန့်ပြန်မှုမှ မတွေ့ရတာမို့ သူမသိလောက်ဘူးလို့ တွေးမိသည်။ သူ့လက်ထိပ်လေး ခါးကို လာထိတိုင်း တွန့်သွားတာကလွဲရင် သူ့ရင်ခွင်ထဲ မှီပြီး ရှေ့ကိုကြည့်နေပေမယ့် ဘာကိုမှ မမြင်ခဲ့ဘူး။ ဟိုတယ်တစ်ခုရှေ့ရောက်တော့ ကားပါကင်ဝင်နေပြီမို့ သူ့ရင်ခွင်ထဲက ထွက်လိုက်သည်။

“ခဏလေးနော် နွယ်။ ကိုယ် သွားမေးလိုက်ဦးမယ်”

“အင်း”

သူဆင်းသွားတော့ အမဲရောင် အရုပ်အား ကားနောက်ခန်းထဲ ပို့လိုက်သည်။ အဖြူရောင်အရုပ်လေးဖက်ပြီး ထိုင်စောင့်နေတုန်းမှာပဲ အပေါက်ဝမှာ အခြားတစ်ယောက်နဲ့ စကားပြောပြီး သူ ပြန်လာသည်။ စိတ်စောတတ်တဲ့ နွယ်ကပဲ မနေနိုင်စွာ သူ ကားပေါ်ရောက်တာနဲ့ မေးလိုက်မိသည်။

“အခြေအနေ ဘယ်လိုလဲ။ အခန်း မရဘူးလား”

Mask ချွတ်ရင်း နွယ့်ကိုကြည့်နေသည်မို့

“၁ နာရီခွဲတောင် ကျော်နေပြီ။ အခန်းက မရသေးဘူးလား။ တော်ပြီ နွယ့်ကို ကားဂိတ်ပဲ ပြန်ပို့တော့။ နွယ် ပြန်တော့မယ်”

“ငါ…ဒီဟာလေး ဖက်နမ်းချင်လာပြီ”

“အယ်…ဟီး။ ဘာလို့လဲ”

“အချိန်မရမှာ အရမ်းကြောက်နေလို့လေ။ တွေ့ထဲက နာရီပဲ ကြည့်နေပြီးတော့”

ကားမောင်းထွက်လာခဲ့ပြီမို့ အခန်းမရတာ သေချာသလောက်ပင်။

“အဲ့လိုမဟုတ်ပါဘူး။ ညနေ အစ်ကိုက ပြန်မှာဆိုတော့ အချိန်မရမှာစိုးလို့ပါ။ အခုထိ အခန်းက မရသေးဘူးလေ”

လေသံပျော့နဲ့ နွယ်ပြောတော့

“ဒီဟာလေးနဲ့ ငါမနိုင်ဘူးဟ။ အစက မပြောဘဲ နေမလို့ပဲ။ ဘယ်လိုမှမရဘူး။ ညကြ အစ်ကို မပြန်ဘူး ဟုတ်ပြီလား။ ဒီလောက် ချစ်ဖို့ကောင်းတာလေးကို တစ်ယောက်တည်း အိပ်ခိုင်းရမှာလား”

နွယ့်မေးလေးညှစ်ရင်း သူပြောတာ ကြားကြားချင်း နွယ့်မျက်နှာ၊ နွယ့်အသံ ချက်ချင်းပြောင်းသွားခဲ့သည်။

“တကယ်။ ဟီး။ ဝမ်းသာလိုက်တာ။ အာ့… စောစောကတော့ မပြောဘူး။ သူများက စိတ်ပူနေတာကို”

“ညနေမှ ခပ်တည်တည် ပြန်မယ်တွေးထားတာ။ ပြီးမှ တံခါးလာခေါက်ပြီး နောက်မလို့။ အဲ့လိုဆို နွယ် ပိုပျော်ရမှာ အခုတော့ မပြောရင် စိတ်ကောက်ပြီး ငိုတော့မယ့်ရုပ်မို့ ပြောပြတာ”

“အာ… ဘယ်လိုဖြစ်ဖြစ် အခုသိရတော့ ပျော်သွားပြီ။ ဟီး”

သူ့လက်မောင်းကို ဖွဖွထုရင်း အသည်းယားလာလို့

“ဖက်တောင်နမ်းချင်လာပြီ”

အရုပ်လေးအား တင်းကြပ်အောင် ဖက်ရင်း နွယ်ပြောတော့

“နွယ်က အခုမှပါ အစ်ကိုက ဟိုတယ်ရှေ့မှာကတည်းက ပြောတာ”

“အံမယ် နွယ်က အရုပ်ရွေးတဲ့ ဂိတ်မှာထဲက နမ်းချင်တယ် အရင်ပြောတာပါနော်”

နွယ် မျက်စောင်းထိုးတော့ သဘောကျစွာ သူ ရယ်ရင်း

“သိသားပဲ။ နွယ် ပြောတာကြားချင်လို့။ ဟားဟား”

“အာ… အကျင့်ပုတ်ကြီး။ တကယ် သူများကို ဘယ်လိုအရှက်ခွဲရမလဲဘဲ ကြံနေတာလားမသိဘူး”

“မဟုတ်ပါဘူး နွယ်ရယ်။ နွယ်က စလို့ကောင်းတာကို။ အသည်းယားတဲ့ပုံလေးကို သဘောကျလို့”

“ထားပါတော့။ ညနေမပြန်ဘူးဆိုလို့ ခွင့်လွှတ်လိုက်မယ်။ ဟီး”

“တကယ်က အခန်းရတယ်။ သိလား။ ဟီး။ ၂ နာရီကျော်မှ မီးစက်နှိုးမယ်ဆိုလို့ ပြန်ထွက်လာတာ။ ပိုင်ရှင်ကိုတော့ ကောင်မလေးကို အခန်းမရဘူးပြောပြီး ကားပတ်မောင်းပြီး ပြန်လာခဲ့မယ်လို့ ပြောခဲ့တယ်”

“အာ… ခင်ဗျားကြီး နည်းနည်းများသွားပြီ။ ဘယ့်နဲ့ ရောက်ကတည်းက နွယ်ချည်း ခံလာရတာ”

“မပူနဲ့။ ပြီးရင်လည်း နွယ်ပဲ ခံရဦးမှာ။ ဟားဟား”

“ဟွန်းနော် အဲ့လောက်တောင် သူများကို စရတာ ပျော်နေတယ်ပေါ့။ ဟုတ်လား”

“ဟီးဟီး။ ဟီးဟီး”

အဲ့ရယ်သံကြားမှ ပိုအသည်းယားလာသည်။ ခါးပတ်ဖြုတ်ပြီး သူ့ဘက်ကို ကိုယ်ကိုင်းကာ သူ့ပါးကို တစ်ချက်ရှိုက်နမ်းလိုက်သည်။ ရယ်နေတာ ရပ်သွားသော သူ့ကို ဘယ်လိုလဲဆိုသည့်သဘောဖြင့် မျက်လုံးစွေကြည့်လိုက်သည်။ သူ့ရင်ခွင်ထဲ မှီပြီး သူ့ခါးကို ဖက်ထားလိုက်သည်။ လမ်းဘေးကပ်ပြီး ကားရပ်လိုက်ကာ သူပါ ခါးပတ်ဖြုတ်ပြီး နွယ့်ဘက်လှည့်လာသည်။ နွယ့်မျက်နှာကို အုပ်ကိုင်ပြီး ပထမဆုံး နွယ့်ပါးကို အနမ်းချွေခဲ့သည်။ ပါးပြင်ကို နမ်းပြီးမှ နွယ့်နှုတ်ခမ်းကို နမ်းလာသည်။ ညင်သာသော၊ ကြင်နာသော အနမ်းနုနုလေးတွေကြားမှာ နွယ့်မျက်လုံးတွေ မှိတ်သွားခဲ့သည်။ သူ့လက် ဘယ်ဆီရောက်နေသလဲဆိုတာထက် သူ့အသက်ရှူသံ၊ သူ့ရင်ခုန်သံ၊ သူ့နှုတ်ခမ်းတွေကသာ နွယ့်စိတ်ကို ဆွဲဆောင်နေခဲ့သည်။

၂ မိနစ်နီးပါးလောက် နမ်းပြီးချိန်မှာ သူလွှတ်ပေးတော့မှ နွယ့်မျက်လုံး ပြန်ပွင့်လာသည်။ ဘာစကားမှ ပြောစရာမရှိသူတွေလို နွယ်တို့ တိတ်ဆိတ်သွားခဲ့ပြန်သည်။ ကားပြန်ထွက်တော့ သူဖက်ထားသည်မို့ သူ့ရင်ခွင်ထဲ ကိုယ်တစ်ခြမ်းမှီပြီး သူ့ပခုံးပေါ် ခေါင်းမှီရင်း ငြိမ်နေခဲ့သည်။ ကားမောင်းရင်း ကားရှေ့ အမြင်မတော် လာလုပ်သူတွေကို ကားပေါ်ကနေ ပြောဆိုနေသော သူ့ကို မော့ကြည့်မိသည်။

“ဒင်းတို့ကွာ ဒီမှာ ချစ်သူလေးနဲ့ သာယာနေတာကို”

“ဒီဘဲ ငစားပဲ။ လမ်းအရှင်းကြီးကို ရှေ့ကနေ ကိုးလိုးကန့်လန့်တွေ လာလုပ်နေတယ်။ ရင်ခွင်ထဲ ချစ်သူရှိလို့ မဟုတ်ရင် ဒင်း… မလွယ်ဘူး”

သူ့ပါးပြင်ကို နမ်းလိုက်ပြီး

“အာဘွား…စိတ်မဆိုးနဲ့တော့နော်”

နွယ့်အပြုအမူကို သဘောကျစွာ ပြုံးရင်း

“အစ်ကို စိတ်မဆိုးပါဘူး။ တမင်ပြောနေတာ။ ဟီး”

“ကြည့် သူများဆို သူ စ,စရာ တိရိစ္ဆာန်များ မှတ်နေလားမသိဘူး”

မျက်စောင်းနဲ့ နွယ်ပြောတော့

“ဟုတ်ပါဘူးကွာ။ ချစ်ဖို့ကောင်းလို့၊ အသည်းယားလို့၊ စလို့ကောင်းလို့ ဟီး”

ကားမောင်းရင်း လမ်းမှာ သူက အပြင်ကို ပြောလိုက် နွယ်က သူ့ပါးလေးကို နမ်းလိုက်နဲ့ မီးပွိုင့်မိတော့ သူက

“နွယ် ကျုံးကြည့်မလား”

“အမ်”

“ရှေ့မှာ ကျုံးရောက်ပြီလေ။ ဟီး”

“အာ…”

မျက်စောင်းထိုးရင်း။

“နွယ် မန်းလေးကျုံး တစ်ခါမှ မရောက်ဖူးဘူး”

“အင်း… အာ့ဆို အစ်ကို ကျုံးပြမယ်။ ဟားဟား။ ကောင်မလေး ကျုံးကြည့်ချင်နေပြီမလား”

“အစ်ကိုနော်…”

တကယ်တမ်း မီးပွိုင့်ကနေ ကျုံးဘက်ကို ချိုးကွေ့ပြီးချိန်မှာ လမ်းရှင်းနေခဲ့သည်။ သူကလည်း တအားစနေသလို နွယ့်မှာလည်း အသည်းယားပြီး စိတ်တိုတိုင်း သူ့ပါးကိုချည်းပဲ နမ်းနေရင်းမှ တစ်ကြိမ်မှာတော့ သူ့နှုတ်ခမ်းနားကပ်ပြီးမှ

“အစ်ကို…နွယ်…နမ်းချင်တယ်”

တုံ့ဆိုင်းခြင်းမရှိဘဲ သူက ခေါင်းလေးညိတ်ပြပြီး နွယ့်ဘက်ကို ခေါင်းနည်းနည်းစောင်းပေးသည်။ သူ့နှုတ်ခမ်းကို နမ်းရင်း မျက်လုံးဖွင့်ကြည့်မိသည်။ သူ့မျက်လုံးကို စိုက်ကြည့်ရင်း စိတ်တို့၏စေရာကို လိုက်နေသူနှစ်ယောက်မှာ အန္တရာယ်များမှန်း သိသော်လည်း လုပ်ချင်တာလုပ်သူနှင့် လုပ်ဖို့ ခွင့်ပြုပေးသူနှစ်ယောက် ဆုံမိကြခြင်းကြောင့် ယခုအနမ်းသည် ချိုမြိန်သည်ထက် ထူးကဲမှုကိုပါ ခံစားရသည်။ တစ်မိနစ်လောက် ခဏတာ အချိန်ဆိုသော်ငြားလည်း ရင်ခုန်ကြည်နူးရသူတို့အဖို့ လုံလောက်ခဲ့သည်။

“တော်တော်ဆိုးနော်…။ ပြောတော့ နွယ်က မနမ်းတတ်ဘူးဆို”

“အာ… အစ်ကိုက အသည်းယားအောင် လုပ်တာကို။ မယုံလို့လား တကယ်ပြောတာ။ နွယ် ကိုကိုကလွဲရင် ဘယ်သူ့ကိုမှ စ,မနမ်းဖူးဘူး။ အခုက သူ့ဘာသာ နမ်းချင်လို့ နမ်းတာ။ ဘာလဲ… မနမ်းရဘူးလား”

“နမ်းပါဗျာ… နွယ် ကြိုက်တာလုပ်ပါ”

နောက်တစ်ကြိမ် မီးပွိုင့်မိချိန်မှာတော့

“နွယ်”

“ဟင်”

“၈ လက်မဆိုတာ ယုံလား”

“အမ်… ယုံပါဘူး။ Video Call မှာ ကြည့်တာတော့ ရှိပါဘူး။ အပိုတွေ”

“ကျန်းမာရေးကောင်းချင်ရင် အရည်ရွှမ်းတဲ့အသီး စားရတယ် နွယ်ရဲ့။ ဥပမာ ငှက်ပျောသီးပေါ့။ ဟီး”

“အမ်…ငှက်ပျောသီးက အရည်ရွှမ်းလို့လား”

“အဲ့လို ပြောမှပြောပါ့မလားလို့။ အစ်ကို့ငှက်ပျောသီးကတော့ ရွှမ်းတယ်။ ဟားဟား”

“အာ… အကောင်းမှတ်လို့ နားထောင်နေတာကို။ တကယ်လည်း ဟုတ်ဘဲနဲ့”

“ရော် တကယ်ပြောနေတာကို”

“မယုံဘူး။ ကိုင်ကြည့်မယ်။ ဟီး”

“ကိုင်ပါဗျာ။ မနွယ် သဘော။ မနွယ် သဘော။ ဟုတ်ပြီလား”

“အယ်…ဟုတ်တယ်။ အရည်တွေ ပုဆိုးမှာတောင် ကွက်နေပြီရော်။ အပေါ်ကနေပဲ ကိုင်ရမှာလား။ ဟီး”

နွယ်ပြောတော့ သူ့ပုဆိုးခါးပုံစကို ဖြည်ပေးသည်။ ပထမဆုံးတွေ့လိုက်ရတဲ့ သူ့ရဲ့ မပျော့မမာ ဖွားဖက်တော်လေးကို လက်နဲ့ညှစ်ကြည့်လိုက်သည်။

“ဒီမှာလေ မရှိပါဘူး။ ပြောသားပဲ။ အစ်ကိုက ဇွတ်ငြင်းနေတာကို။ ဟီး”

“အေးပါ။ အဲ့ရယ်သံမှတ်ထားနော်။ ပြီးမှ ခင်ဗျားလေး မအော်နဲ့။ တွေ့မယ်”

“ဟီးဟီး။ ဟီးဟီး”

သူ့ရယ်သံအတိုင်း ရယ်ပြပြီး သူ့ကို နောက်လိုက်သည်။

“အေးအေး… အဲ့ရယ်သံ မှတ်ထား။ တွေ့မယ်။ ငါ့ကို ရယ်ထားတာ တွေ့မယ်။ ဒေါ်နွယ် ခင်ဗျား မှတ်ထားနော်။ ဟင်းဟင်း”

“ဟားဟား။ စတာကို စိတ်မဆိုးရဘူးလေ။ သူများကြ သူပဲ တစ်လမ်းလုံး စလာပြီးတော့”

စကားတွေ အပြန်အလှန်ပြောနေသော်လည်း သူ့ဖွားဖက်တော်ကိုတော့ မလွှတ်ပေးဘဲ တစ်လမ်းလုံး ကိုင်လာခဲ့သည်။ ရှေ့တိုးနောက်ဆုတ် ကစားရင်း ကော့တက်လာချိန်တိုင်းမှာ အရည်တွေ စိမ့်ထွက်လာတာကို ကိုင်ကြည့်ရင်း ကျုံးပတ်လည်လမ်းကို ဘယ်လိုဖြတ်သန်းသွားလဲဆိုတာ နွယ် သတိမထားမိခဲ့ဘူး။

“နွယ် ကျုံး တွေ့လိုက်သေးလား”

“အမ်”

“စောနက မီးပွိုင့်အထွက်ကွေ့တော့ နမ်းတဲ့လမ်းကိုပဲ ပြန်ရောက်တယ်လေ။ အဲ့ဒါ နွယ် ကျုံးကြည့်လိုက်သေးလားလို့။ ဟီး”

“အာ…အကျင့်ပုတ်ကြီး။ သူများကို သူ့ဟာကြည့်ခိုင်းပြီးတော့။ ကျုံးလည်း မပြဘဲနဲ့။ သိဘူး။ ဘယ်လမ်းမှမတွေ့လိုက်ဘူး။ ဟီး”

စကားတွေပြောရင်း တစ်နေရာရောက်တော့ သူ ကားရပ်လိုက်သည်။

“ကွိုင်သွားဝယ်လိုက်ဦးမယ်။ နွယ် ဘာစားချင်သေးလဲ”

“ဟင်…ပြောတော့ ဆောင်ထားတယ်ဆို။ အခုမှ ဝယ်မှာလား။ အစ်ကိုက နွယ်လာမယ်ဆိုတာကို တကယ်မယုံဘူးပဲ”

“မဟုတ်ပါဘူး။ နွယ် ကြိုက်တယ်ပြောတဲ့ဟာ ဝယ်မလို့”

“ဘာဟာလဲ”

“ဗြုတ်နဲ့ဟာလေ။ ကြိုက်တယ်မလား”

“အင်း။ ကြိုက်တယ်။ ဟီး”

“တကယ်မနိုင်တဲ့ဟာလေး”

ပြောပြောဆိုဆို ကားပေါ်က သူဆင်းသွားသည်။ သူ ကားပေါ်က ဆင်းသွားပေမယ့် ချက်ချင်းမသွားသေးဘဲ ကားဘေးမှာ ပုဆိုးလှည့်ဝတ်နေတာ တွေ့ရသည်။ အရည်ရွှမ်းသူ နှစ်ယောက်တော့ တွေ့ကြပြီလို့တွေးရင်း ကိုယ့်ဘာသာ ရယ်မိသေးသည်။

သူဆိုင်ထဲ ဝင်ခါနီးမှ မှန်ချပြီး သူ့ကို လှမ်းခေါ်မိသည်။ ရေငတ်လာသည်မို့ ရေဝယ်ဖို့ မှာမလို့ရယ်ပါ။ အသံအကျယ်ကြီးလည်း အော်မခေါ်ချင်သလို ဆိုင်ထဲမှာလည်း အတူတွဲပြီး သူများမြင်မှာစိုးလို့ ကားပေါ်က မဆင်းတော့ဘဲ သူပြန်အလာကိုသာ စောင့်နေလိုက်သည်။ သူပြန်ရောက်လာတော့မှ

“နွယ် ခေါ်သေးတယ်။ အစ်ကို မကြားလိုက်လို့။ နွယ် ရေဆာလို့”

“ရေဆာတာမဟုတ်ဘူး နွယ်ရဲ့။ အာ့ ရေငတ်လာတာ။ အာခေါင်ခြောက်လာတာ။ ဟားဟား”

“ကြည့် အကောင်းပြောနေတာကို။ သူများကိုပဲ စ,နေတယ်”

“နွယ်က စ,ချင်စရာလေးကို။ သွားဝယ်လိုက်ရမလား”

“ဟိုတယ်သွားတော့မှာမလား။ ဟိုရောက်မှပဲ သောက်တော့မယ်”

“အောက်က အရည်ထွက်ရင်လည်း အပေါ်မှာ ရေငတ်တတ်တယ် နွယ်ရဲ့။ ဟားဟား”

ဘာမှပြန်မပြောတော့ဘဲ သူ့ကိုသာ မျက်စောင်းထိုးမိသည်။ ဟိုတယ်ရှေ့ ကားရပ်တော့

“အစ်ကို…နွယ် အရုပ်လေး ယူသွားလို့ ရလား”

“အော် ဒီကလေးနှယ်။ အဲ့အရုပ် ထားခဲ့လိုက်။ အပေါ်ကြ အရုပ်ဖက်ချိန် မရှိဘဲနဲ့”

“ဟီး။ အင်းပါ”

“ဒါနဲ့ နွယ် လှေကားတက်နိုင်လား။ ၈ လွှာထိ တက်ရမှာ”

မီးစက်နိုးချိန် ဓာတ်လှေကားသုံးမရလို့ လှေကားကနေ တက်ရမယ်ထင်တယ်။ ဒါကြောင့် သူမေးတာကို

“အော်…ရပါတယ်။ နွယ် တက်နိုင်ပါတယ်ဗျ”

သူအရင်ဆင်းသွားသလို နွယ့်မှာ အရုပ်နေရာချပြီးမှ ကျောပိုးအိတ်လွယ်ပြီး အစ်ကို့နောက်ကို လိုက်သွားခဲ့သည်။ ဟိုတယ်ထဲဝင်တော့ ဓာတ်လှေကားရှေ့ သူရပ်လိုက်သည်မို့ သူ့အနားရပ်ပြီး

“အစ်ကို…လှေကားက ဟိုဘက်မှာလေ”

လှေကားကို လက်ညှိုးထိုးပြရင်း နွယ်ပြောတော့

“စတာ။ ဟီး။ ဓာတ်လှေကားကပဲ တက်မှာ”

သူရယ်နေသလို ဘေးက ဟိုတယ်ပိုင်ရှင်အစ်ကိုကပါ ပြုံးနေသည်မို့ ရှက်ရှက်နဲ့ သူ့လက်မောင်းကို လက်သီးဆုပ်နဲ့ ဖွဖွထုရင်း မျက်စောင်းထိုးလိုက်သည်။ ဓာတ်လှေကားက ထွက်ပြီး အခန်းဆီကို ရောက်တော့ ကျောပိုးအိတ်ချပြီး ရေအရင်သောက်မိသည်။ ပြီးမှ လိုက်ကာဖွင့်ပြီး ရှုခင်းတွေ ကြည့်နေတုန်း နွယ့်ကို အနောက်ကနေ လာဖက်ပြီး ရှုခင်းအား အတူတူရပ်ကြည့်ဖြစ်သည်။ ရှုခင်းအား ရပ်ကြည့်ရင်း သူ စကားဆိုလာသည်။

“နွယ်တို့ ရန်ကုန်မှာ ဒီလို မြင်ကွင်းမျိုး မထူးဆန်းပေမယ့် ဒီကနေကြည့်ရင် ရှုခင်း လှမယ်ထင်လို့ ဒီကိုပဲ လာခဲ့လိုက်တာ”

“နွယ် အထပ်မြင့်မှာ နေတာမှမဟုတ်ဘဲ အစ်ကိုရယ်။ ဒီလိုအပေါ်စီးက မြင်ကွင်းမျိုးတော့ အမြဲမမြင်ရပါဘူး”

“ဒါမဲ့ ရန်ကုန်မှာက တိုက်ခန်းများတော့ မထူးဆန်းဘူးပေါ့။ ကိုယ့်အတွက်ကြ အခုလိုလာမှ မြင်ရတာ”

“အတူတူပါပဲ။ နွယ်လည်း အခုမှ မြင်ရတာ။ အဲ… ဟိုမှာ ရှဉ့်လေးတစ်ကောင်။ မြင်ရလား”

“ဘယ်မှာလဲ နွယ်ရဲ့”

“ဟိုမှာလေ အိမ်ခေါင်မိုးအစွန်းမှာ။ ချစ်စရာလေး။ လူတွေနဲ့နီးတဲ့နေရာကို ရှဉ့်လာတယ်။ ရန်ကုန်မှာတော့ အဲ့လိုမတွေ့ရဘူး”

“ရန်ကုန်က အပင်မှမရှိတာ နွယ်ရဲ့။ ဒီမှာက အပင်နဲ့ အိမ်နဲ့ နီးတော့ လာတာပေါ့”

အဲ့ဒီလို စိတ်ရှည်လက်ရှည် ရှင်းပြပေးနေတဲ့ သူ့ကို လှည့်ကြည့်လိုက်သည်။ မျက်နှာချင်းဆိုင်ဖြစ်သွားတော့ သူ့ပါးပြင်ကို နွယ် နမ်းရင်း

“နွယ်ချည်းပဲ နမ်းနေရတယ်နော်”

မျက်စောင်းလေးနဲ့ နွယ်ပြောတော့

“အစ်ကိုက နမ်းချင်စရာကောင်းလို့ နွယ် နမ်းတာမဟုတ်ဘူးလား”

သူ့ဆီက စကားသံအဆုံးမှာပဲ နွယ့်ထံမှ နောက်ထပ် မျက်စောင်းတစ်ခု ထပ်လွှတ်လိုက်သည်။ နွယ် မျက်စောင်းထိုးတာကို သဘောကျပုံရတဲ့သူက နွယ့်ပါးပြင်ကို အနမ်းတွေပေးရင်း နွယ့်နှုတ်ခမ်းလေးကိုပါ နမ်းခဲ့သည်။ ပြီးမှ သူက

“ရေချိုးတော့မလား နွယ်”

“အင်း… ချိုးကြမယ်လေ”

နွယ် ကျောပိုးအိတ်ထဲက ပစ္စည်းတွေ ထုတ်နေချိန်မှာ သူကတော့ အဝတ်အစားလဲပြီး ရေချိုးခန်းထဲ ဝင်သွားသည်။ ရေသုံးနေတဲ့ အသံကြားလို့ ကုတင်အစွန်းလေးမှာ ထိုင်ပြီး သူ့ကို နွယ် စောင့်နေလိုက်တယ်။ နည်းနည်းကြာတော့ သူ ပြန်ထွက်လာပြီး နွယ်အတွက် ပဝါပါ ယူလာခဲ့သည်။

“နွယ် ရေတူတူမချိုးချင်လို့လား။ အတူတူမချိုးချင်ရင် အစ်ကို အရင်ချိုးလိုက်မယ်လေ”

“ချိုးမှာပါ။ အစ်ကို့ကို စောင့်နေတာ”

အဝတ်အစားတွေချွတ်ချိန်မှာ ကျန်တာ ဘာမှမထူးခြားသော်လည်း နွယ့်အောက်ပိုင်းအတွင်းခံရဲ့ ပန်းဖူးအုပ်တဲ့နေရာ လေးထောင့်ဖြတ်တစ်ခုလုံး စိုရွှဲနေတာကိုတွေ့ပြီး ကိုယ့်ဘာသာ အံ့သြမိသည်။ တစ်ကြိမ်တစ်ခါမှ အဲ့ဒီလောက် မစိုရွှဲဖူးသည်မို့ အံ့သြမိခြင်းရယ်ပါ။ နွယ် အဝတ်အစားလဲချိန် သူ ရေချိုးခန်းထဲ ပြန်ဝင်သွားသည်။ ပဝါပတ်ပြီး နွယ် ဝင်သွားတော့ ရေချိုးခန်းထဲက မှန်ရှေ့မှာ သွားရပ်ပြီး မှန်ကြည့်မိသည်။ သူကတော့ ရေပန်းနဲ့ ရေ စ,ချိုးနေပြီဖြစ်သည်။

“အယ်…နွယ့်သနပ်ခါးတွေ မရှိတော့ဘူးရော်”

“အခုမှသိတာလား။ အစ်ကို အကုန်ယူပစ်လိုက်ပြီလေ”

သနပ်ခါးအတုံးကို သွေးလူးထားသည်မို့ တော်ရုံဖျက်မရသည့် သနပ်ခါးကို တစ်စက်မှမကျန်အောင် ဘယ်လိုများ ပျက်သွားပါလိမ့်လို့တွေးရင်း သူ့ကို နွယ် အံ့သြမိတဲ့ ကိစ္စအကြောင်း ပြောမိသည်။

“စောနက နွယ့် အတွင်းခံချွတ်လိုက်တာ တစ်ခါမှ အဲ့လောက် မရွှဲဖူးဘူးရော်”

“အချစ်ရည်တွေလေ နွယ်ရဲ့။ ထွက်မှာပေါ့”

“ထွက်တာတော့ သိတာပေါ့။ အခုက အတွင်းခံ လေးထောင့်ကွက်နေရာလေး သိတယ်မလား။ အဲ့နေရာ တစ်ခုလုံးရွှဲနေတာ။ တစ်ခါမှ အဲ့လိုမရွှဲဖူးတာ”

“အစ်ကိုက စွမ်းတယ်မလား”

သူအဲ့လိုပြောမှ နွယ် မျက်စောင်းထိုးမိသည်။ စကားအကောင်းကို ဘယ်လိုမှ ပြောမရဘူးရယ်။

“နွယ် ရေမချိုးဘူးလား”

သူမေးတော့ နွယ် ရေချိုးခန်းထဲ မျက်လုံးဝေ့ကြည့်မိသည်။ အခန်းထဲ လင်းထိန်နေတာမို့ ပဝါဖြည်ဖို့ကို စိတ်ထဲ နည်းနည်းရှက်သလိုမို့ ဒီအတိုင်း ရပ်နေမိခြင်းရယ်။ အလိုက်သိတဲ့သူက နွယ့်မျက်လုံးအပြောင်းအလဲကအစ သိနေခဲ့သည်။ ကိုင်ထားလက်စ ရေပန်းကို ချကာ အပြင်ထွက်ပြီး မီးပိတ်ပေးခဲ့သည်။ ရေချိုးခန်းမှောင်မိုက်သွားချိန်မှ ပဝါကို ကြွေဘေစင်ပေါ်တင်ပြီး သူ့အနားကို သွားခဲ့သည်။ ရေချိုးကန်ပါသော်လည်း ရေဖြည့်ရင် ကြာမှာစိုးလို့ ထင်သည်။ ရေပန်းကိုင်ပြီး ဒီအတိုင်း ချိုးနေတာ တွေ့ရသည်။

သူ့အနားရောက်လာတဲ့ နွယ့်ကို ရေပန်းနဲ့ ရေချိုးပေးရင်း နွယ့်ခန္ဓာကိုယ်ကို ပွတ်သလို နွယ့်ရင်သားကိုလည်း ပွတ်သပ်ရင်း နွယ့်နှုတ်ခမ်းကို နမ်းခဲ့သည်။ ရေချိုးရင်း နမ်းနေစဉ် ပထမဆုံး သတိထားမိလိုက်တာသည် ရေချိုးခန်းထဲမှာ အအေးပိုလာခြင်းပင်ဖြစ်သည်။ အခန်းတွင်း အမှောင်လျော့ကျစေရန် ရေချိုးခန်းတံခါးကို ဖွင့်ထားခြင်းကြောင့် အဲကွန်းလေအေးဝင်ပြီး ရေချိုးခန်းထဲ အေးလာခြင်းဖြစ်မည်။ သူကတော့ နွယ့်ကို နမ်းပြီးချိန်မှာ ရေပန်းကို နွယ့်လက်ထဲ ထည့်ပေးသည်။ အမှောင်ထဲမှာ ဆပ်ပြာဘူးကို စမ်းရင်း မမြင်မစမ်းနဲ့ ဆပ်ပြာတွေယူနေလို့ မျက်မှန်သမားနဲ့ အမှောင်နဲ့တော့ တိုင်ပတ်နေပြီတွေးရင်း သူ့ကို အားနာမိသေးသည်။

နွယ့်ခန္ဓာကိုယ်ကို ဆပ်ပြာတွေ တိုက်ပေးနေတဲ့ သူ့ကို နွယ် ရေပန်းနဲ့ ရေချိုးပေးရင်း သူ့ခန္ဓာကိုယ်ကို ပွတ်ပေးနေချိန်မှာ ရုတ်တရက် သူထိုင်ချလိုက်တော့ နွယ် ကြောင်သွားခဲ့သည်။ နွယ့်ခြေထောက်ကို ဆပ်ပြာတိုက်ပေးမှန်း သိတော့မှ

“အယ်…အစ်ကို မလုပ်ပါနဲ့”

“ငြိမ်ငြိမ်လေးနေ။ ချော်လဲနေမယ်။ ကိုယ်လုပ်ပေးမယ် ပြောထားတယ်လေ”

“ငရဲကြီးနေပါ့မယ် အစ်ကိုရယ်။ တော်ပြီ မလုပ်နဲ့တော့။ နွယ် အားနာလို့”

“ဘာမှမဖြစ်ပါဘူး နွယ်ရယ်။ ကိုယ်စားမယ့်အသီးကို ပြောင်အောင်ဆေးနေတယ်လို့ မှတ်လိုက်။ ဟားဟား”

“ကြည့်…စကားကလည်း အရမ်းတတ်။ အာ့ကြောင့် ကောင်မလေးတွေ ကြွေနေတာမလား”

“နွယ် ယုံပါ့မလားတော့မသိဘူး။ ကိုယ် အရုပ်ပေးဖူးတာရယ်၊ အခုလိုလုပ်ပေးတာ နွယ် ပထမဆုံးပဲ။ ချစ်ဖို့ကောင်းလို့၊ လုပ်ပေးချင်လို့ ဟုတ်ပြီလား။ ကိုယ့်ကလေးလေးကို ကိုယ်တိုင် ရေချိုးပေးချင်လို့”

တားမရမယ့်အတူတူ ငြိမ်နေလိုက်မိသော်လည်း အခန်းတွင်း အအေးက ရေနဲ့ထိတွေ့နေတာမို့ ပိုအေးလာတယ်လို့ ခံစားရသည်။ နွယ် ဆပ်ပြာတွေ ဆေးနေချိန်မှာ သူခေါင်းလျှော်၊ ဆပ်ပြာတိုက်ပြီး နွယ့်ကိုလာဖက်သည်။

“နွယ် ချမ်းနေတာလား”

“မချမ်းပါဘူး။ ရပါတယ်”

နှုတ်ကသာ ရပါတယ် ဖြေလိုက်ပေမယ့် ခန္ဓာကိုယ်ချင်းပူးပြီး ဖက်ထားသူမို့ သူကတော့ သိနေခဲ့သည်။

“ပြောတော့ မချမ်းပါဘူးတဲ့။ သူ့ကြည့်တော့ တုန်နေပြီ။ မြန်မြန်ချိုးတော့။ တော်ကြာ အပတ်တွေ အေးနေမယ်။ ဟားဟား”

သူ့ဆီက ရယ်သံကြားသော်လည်း နွယ် လိုက်မရယ်ဖြစ်ဘူး။ သူ့ကို ရေပန်းနဲ့ ဆပ်ပြာတွေဆေးပေးရင်း လူတုန်ရုံမက စကားပြောရင် နှုတ်ခမ်းရိုက်သံပါ ထွက်လာသည်။

“ကဲ… ဒေါ်နွယ်။ ခင်ဗျားက မချမ်းပါဘူးဆိုပေမယ့် ခင်ဗျားအသံက ပုံမှန်တောင် မဟုတ်တော့ဘူး။ ပေး… ရေပန်း”

သူ့ဘာသာပြောပြီး နွယ့်လက်ထဲက ရေပန်းကို ယူကာ နွယ့်ကို ဆပ်ပြာတွေပြောင်အောင် ဆေးပေးသည်။ နွယ် ပဝါယူပြီး ရေသုတ်နေချိန်မှာ သူကတော့ အပြင်ထွက်ပြီး အဲကွန်း သွားလျှော့ပေးသည်။ အလိုက်သိပြီး ဂရုစိုက်တတ်တဲ့ သူ့ကို လိုက်ကြည့်ရင်း သဘောကျစွာ နွယ် ပြုံးမိသည်။

သူရေချိုးပြီး ပြန်ထွက်လာတော့ နွယ် ရေသုတ်ပြီး ထိုင်ခုံလေးမှာ ထိုင်နေတာမို့ သူ့ကို ရေဝိုင်းသုတ်ပေးခဲ့သည်။ Dryer ယူပြီး ကိုယ်တစ်ဝက်ကုန်းကာ သူ့ဆံပင်ကို မှုတ်နေသည်မို့ သူ့ဆီက Dryer ယူပြီး နေရာရွှေ့လိုက်သည်။

“အဲ့လို ကုန်းပြီးလုပ်နေတော့ ခါးလည်း ညောင်းတယ်။ အခန့်မသင့်ရင် မူးတတ်တယ်။ ထိုင်နေ နွယ် လုပ်ပေးမယ်”

သူ့ကို ကုတင်ပေါ်ထိုင်ခိုင်းကာ Dryer ကို ကုတင်ဘေးက ပလပ်မှာထိုးပြီး သူ့ဆံပင်တွေကို လက်ချောင်းနဲ့ထိုးဖွပြီး မှုတ်ပေးခဲ့သည်။ ကုတင်ပေါ်ထိုင်နေသည့် သူ့ရှေ့မှာ နွယ် ရပ်လိုက်သည်မို့ နွယ့်ခါးကို သူဖက်ထားခဲ့သည်။ သူ့ခေါင်းကို Dryer မှုတ်နေချိန်မှာ နွယ့်ကို မော့ကြည့်နေသည်မို့ သူ့ခေါင်းကို နွယ့်ရင်ခွင်ထဲ အပ်ထားစေပြီး နောက်စေ့တွေကို Dryer မှုတ်ပေးခဲ့သည်။ ဒီလိုကြတော့လည်း သူသည် ကလေးလေးတစ်ယောက်လို လုပ်ပေးသမျှကို ငြိမ်နေခဲ့သည်။

“နွယ် ဗိုက်ဆာပြီလား”

“ဟင့်အင်း။ ဆာသေးဘူး။ ဆာနေတာ တခြားဟာ။ ဟီး”

“ခင်ဗျားလေး တကယ်မနိုင်ဘူး။ အေးဆေးပေါ့။ တစ်ညလုံး အချိန်ရှိပါသေးတယ်။ ဒါနဲ့ နွယ် တကယ် ဗိုက်မဆာဘူးလား။ ဘာမှလည်း ဟုတ်တိပတ်တိ မစားထားဘဲနဲ့”

“နွယ့်ကြ ပြောတယ်။ အစ်ကိုကြ လက်ဖက်ရည်ပဲ သောက်ခဲ့တာမလား။ အစ်ကိုရော ဗိုက်မဆာဘူးလား”

“ရင်တွေပြည့်ပြီး ဗိုက်ကမဆာဘူး။ နွယ် ချမ်းနေသေးတယ်မလား။ လာ… ကုတင်ပေါ်သွားမယ်”

နွယ့်ကို ကုတင်ပေါ်လှဲစေကာ စောင်ခြုံပေးသည်။ ပဝါမှာ ရေစိုထားတာမို့ ပဝါကို ဖယ်ပြီး အပြင်ထုတ်ထားလိုက်သည်။ သူလည်း ပဝါဖယ်ပြီး နွယ့်အနား တိုးလာကာ နွယ့်ကို ဖက်ထားခဲ့သည်။ သူ့ရင်ခွင်ထဲ ဖက်ထားပြီး အသားချင်းထိရင်း စကားပြောဖြစ်ခဲ့ကြသည်။ သူ့ရင်ခွင်ထဲ မှီနေရာမှ ရုတ်တရက် နွယ် ထ,ထိုင်လိုက်သည်။ စောင်ကို တစ်ဝက်လှန်ကာ

“အစ်ကို့ညီလေး အခြေအနေ ဘယ်လိုလဲ သိချင်လို့။ ဟီး”

ပြောလည်းပြော လက်နဲ့လည်း ကိုင်ကြည့်လိုက်သည်။ အပြည့်အဝ မထောင်မတ်သေးသော်လည်း အရည်လေးတွေ စို့နေတဲ့ လိပ်ထီးလေးကြောင့် သူ့ကို စ,ချင်လာသည်။ သူ့ဖွားဖက်တော်ကို ကိုင်ရင်း ဆော့ကစားလေ အရည်တွေ ထွက်လာလေဖြစ်တာကြောင့် ဘေးချင်းယှဉ်ရှိနေရာမှ နွယ် သူ့ခါးနားကို တိုးသွားလိုက်သည်။ သူ့ဖွားဖက်တော်နား နွယ့်မျက်နှာ ရောက်ချိန်မှာ ဆတ်ခနဲ ထောင်သွားတဲ့ သူ့ဖွားဖက်တော်ကို ရှေ့တိုးနောက်ဆုတ်လုပ်ရင်း လက်နဲ့ တဖတ်ဖတ်ရိုက်ပြီး

“ဘာတွေ မျှော်လင့်နေတာလဲ အယ်ကို”

လျှာလေး တစ်လစ်လုပ်ပြကာ သူ့ကို နောက်လိုက်သည်။

“မမျှော်ပါဘူးလို့ပြောရင် လိမ်ရာကျမှာပေါ့ နွယ်ရယ်။ ဒါမဲ့ ကာယကံရှင် စိတ်မပါရင် ဘာမှမလိုချင်ဘူး။ စိတ်ပါလို့ သူ့ဆန္ဒအရ လုပ်ပေးတာမျိုးပဲ ကိုယ်လိုချင်တာ။ အဲ့ဒါ တကယ်ပြောတာ”

“နွယ် ပြောထားသားပဲ။ BJ မပေးဘူးလို့လေ”

“အင်းလေ။ အစ်ကိုကလည်း လုပ်ပေးပါလို့ မတောင်းဘူးလေ။ အားလုံး နွယ့်သဘော။ နွယ် ကြိုက်တာလုပ်။ အဓိကက နွယ် ပျော်ရွှင်ဖို့ အရေးကြီးတယ်။ အခု နွယ် ပျော်တယ်မလား။ အဲ့ဒါဆို ရပြီ”

“အွန်း။ ပျော်တာပေါ့”

အရည်တွေ စိမ့်စိမ့်လာတဲ့ သူ့ဖွားဖက်တော်လေးက နွယ့်လက်ထဲမှာ ကြီးလာခဲ့သည်။ ကြည့်ရင်း စိတ်ထဲ သိချင်လာတာနဲ့ သူ့အရည်ကြည်ကို လက်နဲ့ယူပြီး ရှူကြည့်လိုက်သည်။ ဘာအနံ့မှ မရတာကြောင့် လျှာဖျားနဲ့ တို့ကြည့်လိုက်သည်။

“ဘာလို့လဲ နွယ်”

“ဘာမှမဖြစ်ပါဘူး။ သိချင်လို့ စမ်းကြည့်တာ။ ဘာအနံ့မှလည်း မရဘူး။ ငန်လည်း မငန်ဘူးရော်”

သူ့ဖွားဖက်တော် ဆတ်ခနဲ ဖြစ်ဖြစ်သွားတာကို ခံစားမိရင်း သဘောကျလာတာနဲ့ နွယ့် နှုတ်ခမ်းလေးနဲ့ ပြွတ်ခနဲမြည်အောင် တစ်ချက်နမ်းလိုက်သည်။ ကိုယ်ကို ပြန်မတ်ပြီး သူ့ကို ကြည့်လိုက်တော့ ပုံမှန်လိုပါပဲ။ သူ့မျက်လုံး၊ သူ့နှုတ်ခမ်း၊ သူ့မျက်နှာ အမူအရာသည် သူ့စိတ်ကို မှန်းဆရခက်လောက်အောင် တည်ငြိမ်နေသည်။ နောက်တစ်ကြိမ် နွယ် ခေါင်းပြန်ငုံ့မိသည်။ သူ့ဆီးခုံလေးကို အနမ်းတစ်ချက်ပေးပြီးမှ သူ့ဥလေးကို ကိုင်လိုက်သည်။ အဲ့ဒီအချိန်ကြမှ သူ့ဆီက အသံထွက်လာသည်။ ကိုယ်ကို တွန့်ရင်း သူတားသည်။

“အဲ့ဒါတော့ မရဘူး နွယ်။ ကိုယ် ယားတတ်လို့။ ဟီး”

သူတားလို့ ဆက်မကိုင်တော့ဘဲ သူ့လိင်တံကို ဖွဖွကိုင်ပြီး ထက်အောက်တိုက်ရင်း လျှာဖျားလေးနဲ့ အတံပတ်လည်တစ်လျှောက် လျက်လိုက်တော့ မတ်မတ်ထောင်လာတဲ့ သူ့လိင်တံမှာ ထိပ်ဖူးလေး ကားလာသည်။ လည်ရစ်လေးကို လျှာအလယ်လေးနဲ့ လျက်ပြီးမှ လျှာဖျားလေးနဲ့ လိပ်ထီးလေးကို ပတ်လိုက်သည်။ နွယ် မျက်လုံးလှန်ကြည့်လိုက်တော့ မျက်လုံးမှိတ်ပြီး နူးညံ့မှုကို ခံစားရယူနေသော သူ့ပုံစံကြောင့် ဆက်လုပ်ပေးမိသည်။ လိပ်ထီးလေးကိုပဲ အဓိကထားပြီး လျှာနဲ့ ဆော့ကစားခဲ့သည်။ တစ်ချောင်းလုံးကို ငုံလိုက်တဲ့အချိန်မှာတော့ သူ ထ,လာသည်။

“တော်ပြီ နွယ်။ နွယ် လှဲလိုက်”

နွယ့်နေရာ ပြန်သွားပြီး နွယ် ပက်လက်လှဲချိန်မှာ သူ ကွန်ဒုံး ဖောက်ပြီး စွပ်နေသည်။

“နွယ် စွပ်ပေးရမလား”

ခေါင်းခါပြရင်း သူ နွယ့်ကို ခေါ်သည်။

“နွယ်… ”

လက်ထောက်အားပြုရင်း သူ နွယ့်အပေါ် ရောက်လာသည်။

“ဟင်…”

တိုးညှင်း ညင်သာစွာ နွယ် ထူးတော့ နွယ့်နှုတ်ခမ်းကို သူ အနမ်းတွေ ပေးလာသည်။ သူနဲ့နမ်းရတာ ထူးခြားမှုတစ်ခုကို ခံစားရသလိုပါပဲ။ ခံတွင်းအနံ့မရှိသလို နမ်းနေချိန်မှာ ရမ္မက်တွေ လှိုက်တက်လာတဲ့ ခံစားမှုမျိုး။ နမ်းနေရင်း ကြွတက်လာတဲ့ နွယ့်ခန္ဓာကိုယ်ကို သူထိန်းရင်း နွယ့်ပန်းဖူးလေးရှေ့မှာ တံခါးလာခေါက်နေတဲ့ သူ့ဖွားဖက်တော်လေးမှာ ယောက်ယက်ခတ်နေသည်။

စ,ဝင်လာချိန်မှာ မာမာအချောင်းကြီးရယ်၊ ဘုလေးတွေရယ်ကို စိတ်က ခံစားသိလိုက်ရသည်။ မြန်ဆန်တာလည်းမဟုတ် နှေးကွေးတာလည်းမဟုတ်ဘဲ လမ်းတစ်လျှောက်လုံး ပွတ်တိုက်သွားတဲ့ ထိမိမှုကို နွယ် သိနေခဲ့သည်။ အဆုံးနားထိ ဝင်ပြီးချိန်မှာ သူ နွယ့်ကို စကားဆိုလာသည်။

“ဘယ်လိုလဲ နွယ်။ ယုံပြီလား”

“ဘာကိုလဲ”

“ကိုယ့်ညီလေး ဘယ်အထိရောက်နေလဲ သိလား”

“အာ…သိဘူးလေ”

ပြောရင်း ရှက်သလိုမို့ ခေါင်းကို တစ်ဖက်စောင်းလိုက်တော့ နွယ့်ကို ပြုံးစိစိနဲ့ကြည့်ပြီး

“နွယ်ကလေ ရှက်ချင်လည်း ဘာမှမဟုတ်တာကို ရှက်နေတယ်။ ပွင့်လင်းတော့လည်း နှစ်ယောက်မရှိဘူး။ မရှက်ပါနဲ့ကွ”

ပြောရင်း နွယ့်မျက်နှာကို ပြန်လှည့်စေပြီး နွယ့်နှုတ်ခမ်းကို ထပ်နမ်းခဲ့သည်။ နွယ်တို့အနမ်းတွေမှာ အားပါလာလေ နွယ့်အထဲမှာ စိမ်ထားတဲ့ သူ့လိင်တံကလည်း သိသိသာသာ တိုးလာသလို ခံစားမိသည်။ တဖြည်းဖြည်း အထုတ်အသွင်းလုပ်နေတဲ့ သူ့လှုပ်ရှားမှုတိုင်းမှာ သူ့ခါးကို ကိုင်ရင်း နွယ်သည်လည်း စီးမြောလိုက်ပါလျက်။ နမ်းနေရင်း အထုတ်အသွင်းလှုပ်ရှားမှုသည် စိတ်ကို တစ်ဆင့်ချင်း အမြင့်ဆုံး ဆွဲခေါ်ခံခဲ့ရသည်။ ရင်တို့ မို့မောက်လာသည်။ အသက်ရှူသံတွေ ပြင်းလာသည်။ တိုးသဲ့သဲ့ ညည်းညူသံတွေ နွယ့်ထံမှ ထွက်လာခဲ့သည်။

အရှိန်တက်စဉ်အခါက တဖြည်းဖြည်းချင်း တက်သွားခဲ့သော်လည်း ပြန်ကျသည့်အခါ မြန်ဆန်တဲ့ အရှိန်နဲ့ ပြုတ်ကျချိန်မှာတော့ နွယ့်ထံမှာ မောဟိုက်မှုကို မြင်တွေ့ရသည်။ နွယ် ငြိမ်သက်သွားသော်လည်း သူကတော့ နွယ့်အပေါ်မှာ စိမ်ထားရင်း လက်ထောက်ထားပြီး ငြိမ်နေခဲ့သည်။

“နွယ် ပြီးသွားတာလား”

“ဟင်…သိဘူးလေ”

“အာ့ဆို ဘာလို့မောနေတာလဲ”

“သိဘူးလေ။ လှုပ်ရှားရလို့ နေမှာပေါ့။ ဘာတွေ လာမေးနေတာလဲ။ နွယ်မှ မပြီးဖူးတာ။ ပြီးတဲ့ ခံစားချက်ကို နွယ် မသိဘူး”

“အောက်မှာနေပြီး လှုပ်ရှားရလို့ မောတယ်တဲ့။ ဒေါ်နွယ် ခင်ဗျား တော်တော်တတ်”

“အာ…သူ့ဘာသာ မောတာ။ ဟန်ဆောင်မောလို့ ရတာမှမဟုတ်ဘဲ”

“ထားပါ။ ထားပါ။ ဘယ်အချိန်ထိ ငြင်းမလဲ စောင့်ကြည့်ဦးမယ်။ ဒါနဲ့ နွယ် ကောင်းလား။ ကိုယ့်ငှက်ပျောသီးလေး ချိုရဲ့လား”

“အင်း။ ကောင်းတယ်။ ဟီး”

နောက်တစ်ကြိမ် သူ နွယ့်နှုတ်ခမ်းကို ထပ်နမ်းခဲ့သည်။ နွယ့်ခေါင်းအောက်က ခေါင်းအုံးကို နွယ် ဖယ်လိုက်တော့ နွယ့်ဇက်အောက်ထဲကို သူ့လက်ထည့်ပြီး နွယ့်ကိုဖက်ထားရင်း နမ်းခဲ့ကြသည်။ အနမ်းတို့မှာ နူးညံ့ညင်သာနေသည်။ အနမ်းမှာ အဆက်မပြတ်သလို သူ့ခါးမှာလည်း စတင်လှုပ်ရှားလာသည်။ သူ့အနမ်းတွေကြားမှာ နွယ့်စိတ်တွေ အရှိန်နဲ့ တဖြည်းဖြည်း ပြန်တက်လာခဲ့သည်။ ဒီတစ်ကြိမ်မှာတော့ သူ့လှုပ်ရှားမှုထက် နွယ့်လှုပ်ရှားမှုက ပိုပြီး ပြင်းပြသလို ပြင်းထန်ခဲ့သည်။

မီးရထား စတင်ခုတ်မောင်းရာကနေ အမြန်နှုန်းဖြင့် မောင်းသွားသည့် အရှိန်လိုပဲ နွယ်တို့မှာလည်း နမ်းရင်း တဖြည်းဖြည်း အရှိန်တက်လာရာမှ မြန်ဆန်လာသလို စည်းချက်ညီညီ လှုပ်ရှားမှုတွေ၊ အသက်ရှူသံပြင်းပြင်းတွေ၊ ညည်းညူသံတွေကြားထဲမှာ နွယ့်ခန္ဓာကိုယ်မှာ အောက်ကနေ အပေါ်ကို ပင့်ပင့်တက်လာတတ်သည်။

“ကောင်းလိုက်တာ။ နွယ်…”

နွယ့်ထံမှ တိုးလျလျ အသံသည် တစ်ချက်တစ်ချက် ထွက်လာတတ်သည်။ တစ်ခါတလေ သူမလှုပ်ရှားတော့ဘဲ အပေါ်ကနေ ချိန်ထားရုံနဲ့ နွယ့်ကို အောက်ကနေ စိတ်ကြိုက်ကစားခွင့် ပြုထားခဲ့သည်။ နွယ့်ပေါင်ညှစ်အားနဲ့ နွယ်လှုပ်ရှားမှုတွေကြားမှာ သူ မထိန်းနိုင်စွာ အပြင်ကို ဆွဲထုတ်သွားသည်။

“အရမ်း… အရမ်း… ကောင်းနေပြီ။ အား… နွယ် ထပ်လိုချင်သေးတယ်။ နွယ်… နွယ်… လိုချင်သေးတယ်”

နွယ့်ထံမှ ငိုသံစွက်နေတဲ့ အားမလို အားမရ အသံတွေကြားမှာ သူကတော့ ပြန်ဝင်မလာခဲ့ဘူး။ ရင်ထဲမှာ လစ်ဟာသွားသလို တစ်စုံတစ်ခု ဝင်လာဖို့ကို လိုချင်တပ်မက်စွာ သူအပြင်ကို ထုတ်ထားမှန်းသိပေမယ့် သူ့ကိုခွလျက် အောက်ကနေပင့်ပြီး လှုပ်ရှားနေတာကို နွယ် ရပ်တန့်လို့ မရခဲ့ဘူး။ နွယ့် လှုပ်ရှားမှု စည်းချက်တွေကြားမှာ သူပြီးသွားခဲ့သည်။

သူပြီးသွားတာသိပေမယ့် နွယ် သူ့ကို တင်းကြပ်အောင် ဖက်ရင်း အောက်ကနေ ပင့်ကော့နေရင်းပင် နွယ့်အရှိန်သည်လည်း တစ်ဟုန်ထိုး ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ နွယ် မောဟိုက်ပင်ပန်းစွာ ငြိမ်သက်သွားသော်လည်း သူကတော့ နွယ့်အပေါ်မှာပဲ ဆက်နေနေသည်။ နည်းနည်း အမောပြေချိန်မှာတော့

“အစ်ကို ဆင်းတော့လေ”

“ဘာလို့လဲ နွယ်ရဲ့။ လေးလို့လား”

“မဟုတ်ပါဘူး။ အစ်ကို မဆင်းမချင်း နွယ် အဲ့လိုထပ်လုပ်မိနေမှာစိုးလို့”

“ဒါနဲ့ နွယ်…တော်တော်မောနေတယ်နော်။ ဟီး”

ဆင်းခါနီး နွယ့်ကို ခနဲ့သွားသော သူ့ကို မျက်စောင်းထိုးရင်း နွယ် ရုတ်တရက် ထ,ထိုင်လိုက်သည်။

“ဟာ…အဲ့လို ရုတ်တရက် မထရဘူးလေ။ မူးတတ်တယ် နွယ်ရဲ့”

နွယ့်ကို စိုးရိမ်သံနဲ့ လှမ်းပြောတဲ့ သူ့ကို

“အာ့ဆိုလည်း မရိုမသေ ရေဘူးလေးပေးပါလား။ နွယ် ရေသောက်ချင်လို့”

အမောမပြေသေးတဲ့ အသံနဲ့ နွယ်ပြောတော့ ရေဘူးယူပြီး နွယ့်ကို လာပေးရင်း

“ဒါနဲ့ နွယ် တော်တော်မောတယ်နော်။ ဟီး”

“လှုပ်ရှားလို့ မောတာပါဆို။ ဘယ့်နဲ့ အာ့ပဲပြောနေတာလဲ”

မျက်စောင်းနဲ့ နွယ်ပြောတဲ့ပုံကို သဘောကျစွာ ရယ်ရင်း သူ ရေချိုးခန်းဘက် ထွက်သွားသည်။ သန့်ရှင်းရေးလုပ်ပြီး သူ ပြန်ရောက်လာသည်။ နွယ် ခေါင်းအုံးပြန်ယူပြီး လှဲနေပေမယ့် လူက အမောမပြေသေးသလို တစ်ချက်တစ်ချက် တွန့်သွားတတ်သည်။

“ဒေါ်နွယ်တို့များ ဒီလောက်ဖြစ်ပြီးတာတောင် မပြီးသေးဘူးပဲ။ ကိုယ်သိသလောက် မောတာနဲ့တွက်ရင် နွယ် နှစ်ကြိမ်တောင် ပြီးသွားတယ်”

ကုတင်ပေါ်မှာ ထိုင်နေသော သူ့ကို စောင်ခြုံပြီး ပက်လက်လှဲနေရင်းဖြစ်တဲ့ နွယ်က မျက်လုံးထောင့်ကပ်ကာ မျက်လုံးလှန်ကြည့်ရင်း မျက်စောင်းထိုးလိုက်သည်။

“ပြီးရင် အရည်တွေ အဖြူနှစ်တွေ ထွက်မှာပေါ့။ နွယ်မှ မထွက်တာ”

“မဆိုင်ဘူးနွယ်ရဲ့။ မိန်းကလေး တစ်ယောက်နဲ့တစ်ယောက် ပြီးတဲ့အခါ ပြီးပုံပြီးနည်း မတူသလို ခံစားပုံချင်းလည်း မတူဘူး”

“အာ့တော့ နွယ် မသိဘူးလေ”

“ဒီလောက် လူက တုန်နေတာတောင် ငြင်းနေတုန်း”

“ဘယ်မှာတုန်လို့လဲ”

“ဒီမှာလေ”

ပြောပြီး သူ့ခြေထောက်ကို နွယ့်ခြေထောက်အပေါ် ကန့်လန့်ဖြတ် တင်လိုက်သည်။ ဟုတ်ပါသည်။ နွယ့် ဒူးတွေ တဆတ်ဆတ် တုန်နေခဲ့သည်။

“အာ…သိဘူးလေ။ သူ့ဘာသာ တုန်နေတာ”

“ခင်ဗျား ခြေထောက်တင်တုန်နေတာ မဟုတ်ဘူး။ ခန္ဓာကိုယ်ကပါ တစ်ချက်တစ်ချက် တွန့်နေသေးတာ”

“နည်းနည်းများသွားပြီ။ ဟုတ်လို့လား။ အချိန်က ၁၅ မိနစ်လောက်ပဲ ကြာသလားလို့။ ပြောတော့ ၄၅ မိနစ်တဲ့။ အာကြီးလား မသိ”

“အမယ်။ ၁၅ မိနစ်တောင် ခင်ဗျား နှစ်ကြိမ်ဆက်တိုက်ပြီးထားတာ။ ဒီလောက် မောပြီး တုန်လိုက် တွန့်လိုက်နဲ့ ၄၅ မိနစ်သာဆို နွယ် စလိုင်းချိတ်နေရမယ်။ ဟားဟား”

“အာ…မဖြစ်နိုင်တာ။ တော်ပြီ။ နွယ် အမောပြေပြီ။ ထလို့ရလောက်ပြီမလား”

“ရတယ်။ ဖြည်းဖြည်းထ။ မူးလဲနေမှာစိုးလို့”

စောင်ကိုလှန်ပြီး နွယ် ထလိုက်ချိန်မှာ နွယ့်တင်ပါးအောက်က အိပ်ရာခင်းမှာ အကွက် အကြီးကြီးတစ်ကွက်ကို တွေ့လိုက်ရသည်။ ရုတ်တရက် လန့်တာရယ်၊ ရှက်တာရယ်နဲ့ သူမမြင်အောင် စောင်ကို ချက်ချင်းပြန်အုပ်လိုက်သော်လည်း သူကတော့ မြင်ဖြစ်အောင် မြင်သွားပါသည်။ နွယ် ရှက်နေမှန်း သိလို့ထင်ပါရဲ့။ သူမြင်သော်လည်း ဘာမှ မပြောဘဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။

သန့်ရှင်းရေးလုပ်ချိန်မှာ ပန်းဖူးသာမက ချွေးထွက်ထားလို့ ကိုယ်လက်တွေကိုပါ ရေဖြင့် ဆေးလိုက်ချိန် တံတောင်မှာ ရုတ်တရက် စပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရသည်။ ရေချိုးခန်းထဲကနေ နွယ် သူ့ကို လှမ်းပြောမိသည်။

“အယ်… အစ်ကို နွယ့်တံတောင် ဘာဖြစ်တာလဲ မသိဘူး။ စပ်နေတယ်ရော်”

နွယ် ပြောတော့ သူ နွယ့်ဆီကို ထ,လာသည်။ နွယ့်တံတောင်ကို ကြည့်ပြီး

“ဒေါ်နွယ် ခင်ဗျား သိုင်းကွက်ကို ဘယ်လိုတွေတောင် သုံးလိုက်တာတုန်း။ တံတောင်တောင် ပွန်းသွားတယ်”

“အာ…ဟုတ်လို့လား။ နေဦး မှန်ထဲ ကြည့်ဦးမယ်”

ဟုတ်ပါတယ်။ တကယ့်ကို တံတောင်ပွန်းရာမှာ သွေးပါ စို့နေသည်။ သွေးပြောင်အောင် ရေနဲ့ အသာပွတ်ဆေးပြီးမှ ရေချိုးခန်းထဲက ပြန်ထွက်ခဲ့လိုက်သည်။ ကုတင်ပေါ် ပြန်နားချိန်မှာတော့

“နွယ်… နွယ်ပြောတော့ ကျွန်မက ခံရုံပဲ ခံတတ်တာပါ။ Service မကောင်းဘူး။ BJ မပေးဘူးဆို”

“အာ…အာ့က သူ့ဘာသာ အလိုလိုဖြစ်သွားတာ”

“သူ့သိုင်းကွက်တွေကြား ဆွဲထုတ်ထားတာတောင် မရဘူး။ နွယ် အဲ့လို အောက်ကပင့်ပြီးလုပ်တာကို စိတ်ထဲဘယ်လိုမှ ထိန်းမရဘူး။ ငထန်လေး”

“ဟီး”

“ကိုယ်တော့ ပထမဆုံးတွေ့ဖူးတာပဲ”

“ဘာကိုလဲ”

“အောက်က နေပြီး တံတောင်ပွန်းတဲ့သူကိုလေ”

“အာ…အကောင်းမှတ်လို့ နားထောင်နေတာကို”

“ဒါနဲ့ နွယ်။ နွယ် ပြီးသွားတယ်နော်။ ဟီး”

“သိဘူးလေ”

“ကြည့်။ သူ့လောက်မောတာလည်း သူ၊ တုန်တာ တွန့်တာလည်း သူ၊ အောက်ကနေပြီး ဒဏ်ရာရတာလည်း သူ၊ အကွက်ကြီးမြင်တာတောင် ပြန်ဖုံးပြီးတော့ ဒါကို သူက ငြင်းကောင်းနေတုန်း”

“ဟီး”

“နွယ် သတိမထားမိလို့။ အဲ့အချိန်တုန်းက နွယ့်လက်က ညှစ်တဲ့အချိန် လက်ဆစ်သံလေးတွေပါ ကြားရတယ်”

“တကယ်ကြီး”

“တကယ်ပါဆို။ ဒါနဲ့ ကိုယ် ၈ လက်မဆိုတာ ယုံပြီလား”

“အာ…ရှိပါဘူးဆို”

“အခုထိ ငြင်းနေတုန်း”

“ဟီး။ သိချင်လို့လား”

“အင်း”

“ရှိဘူး။ ဟားဟား”

“အေး အေး ရယ်ထား”

သူ့ကို နောက်ချင်တာမို့ အမှန်ဝန်မခံဘဲ တမင် စနောက်နေမှန်း သူလည်း သိပုံပါပဲ။ ဒါ့ကြောင့် နွယ့်နှုတ်က ဝန်မခံမချင်း မေးနေခြင်းဖြစ်မည်။ ကုတင်ပေါ်မှာ လှဲရင်း နွယ်တို့ စကားတွေပြောဖြစ်ခဲ့ကြသည်။ တစ်ချက်တစ်ချက် ခန္ဓာကိုယ် တွန့်သွား၊ တုန်သွားတတ်တာကလွဲရင် တဖြည်းဖြည်း နွယ် အမောပြေလာသည်။

“နွယ် ဗိုက်ဆာနေပြီလား”

“ဟင့်အင်း ဆာသေးဘူး။ ဆာတာ တခြားဟာ။ နွယ်မှ မဝသေးတာ။ ဟီး”

“ကိုယ်က တစ်ကြောင်းပြီးသွားရင် ၂ နာရီ၊ ၃ နာရီလောက် ပြန်မထတော့ဘူး နွယ်ရဲ့”

“ဟင်…တကယ်ကြီးလား”

ပြောရင်း စိတ်ထဲ ငိုချင်သွားမိသည်။

“တကယ်ပေါ့။ အာ့တောင် နွယ့်မို့။ ပုံမှန်ဆို အစ်ကိုက တစ်ကြောင်းပဲနေတာ။ နေတဲ့ တစ်ကြောင်းကိုပဲ တစ်ဖက်လူ ကျေနပ်လောက်တဲ့အထိ နေတာ။ အဲ့နောက်ပိုင်း ပြီးသွားပြီဆို ပြီးပြီ။ ထပ်မနေတော့ဘူး”

“ဟာ…အဲ့လိုတော့ မရဘူးလေ။ နွယ်မှ မဝသေးတာကို”

စူပုပ်ပုပ် ငိုမဲ့မဲ့ဖြစ်လာသည့် နွယ့်ကို သူက

“အမယ်။ ပြောလိုက်ရင် မဝသေးဘူးနဲ့။ အခုလည်း သွားလေးစိ၊ လက်သီးလေးဆုပ်ဆုပ်ပြီး တွန့်လိုက်၊ တုန်လိုက်နဲ့ အမောတောင် ပြေသေးရဲ့လား။ အချိန်တွေ ရှိပါသေးတယ် နွယ်ရယ်။ အမောပြေအောင်ပဲ အရင်နားပါဦး”

“အာ…အမောက ပြေနေပါပြီ”

ပြောရင်း လှဲနေရာမှ ထပြီး သူ့အပေါ် ခွထိုင်လိုက်သည်။

“အစ်ကို…နွယ် နေချင်သေးတယ်”

တိုးတိုးလေး အနားကပ်ပြောရင်း သူ့ပါးပြင်ကို တစ်ချက် နမ်းလိုက်သည်။

“ရော်…ဒီကလေးနှယ်။ မရတာကို ဘယ်လိုလုပ်မှာတုန်း”

“သိဘူးဟာ။ နွယ် လိုချင်သေးတယ်”

သူ့အပေါ် အုပ်မိုးပြီး သူ့ပါးပြင်လေးကို ထပ်နမ်းလိုက်သည်။ သူ့ဖွားဖက်တော်ပေါ် ခွထိုင်ထားတာမို့ အောက်ကနေ သူ လှုပ်လာသည်။

“နွယ်…စူးတယ်။ ဟီး”

“အယ်…Sorry နွယ် မလာခင် ရှင်းလာခဲ့တာ။ ကြားထဲ ရက်တွေရွှေ့ရင်း ပြန်ထွက်လာတာ”

ပြောပြီးပြီးချင်း သူ့အပေါ်ကနေ ဆင်းခဲ့လိုက်သည်။ သိပ်မကြာခင်မှာပဲ ဗိုက်ထဲက ဆန္ဒပြလာသည်။

“အစ်ကို နွယ် ဗိုက်ဆာလာပြီ”

“အွန်း ဘာစားမလဲ”

“ဘာရမှန်းမှမသိဘဲ။ အရင်မေးကြည့်မယ်လေ”

သူ ဖုန်းခေါ်ပြီး ရနိုင်တဲ့ စားစရာတွေ ပြောချိန်မှာ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ကြာဇံကြော်တွေထက် ကြေးအိုးဆီချက် ကြားချိန်မှာတော့ နွယ့်စိတ်ထဲ စားချင်စိတ် ပေါ်လာသည်။

“နွယ် ကြေးအိုးဆီချက် စားချင်တယ်”

“ဟုတ်…ကြေးအိုးဆီချက် ဝက်နဲ့ နှစ်ပွဲပဲ။ နွယ် ဘာသောက်ဦးမလဲ”

တစ်ဖက်နဲ့ ဖုန်းပြောရင်း နွယ့်ကို လှည့်မေးသည်။

“နွယ် အအေးမသောက်တတ်ဘူး။ အစ်ကိုသောက်ချင် မှာလိုက်လေ”

“ဟုတ်။ တခြား မမှာတော့ဘူးခင်ဗျ။ ကြေးအိုးဆီချက် ၂ ပွဲပဲ”

“အချိုမှုန့်မထည့်ဖို့နဲ့ ဆီလျှော့ဖို့ပါ မှာပေး”

နွယ် မှာတာတွေအပြင် အငန်လျှော့ဖို့ပါ မှာပေးနေလို့ နွယ်နဲ့ပတ်သက်ပြီး မှတ်ထားတတ်တဲ့ သူ့ကို ပိုသဘောကျမိသည်။ သဘောကျမိတာနဲ့အတူ ဖုန်းပြောနေတဲ့ သူ့ကို တစ်ခါ ထပ်နမ်းရင်း

“အရမ်းတွေ အလိုက်သိတာနော်။ အဲ့လိုကြောင့် ကောင်မလေးတွေ သဘောကျနေတာ နေမှာ”

“ဘယ်သူမှ မရှိပါဘူး နွယ်ရယ်။ ပြောရင် နွယ် ယုံမှာမဟုတ်ဘူး”

“မဖြစ်နိုင်တာ။ နွယ်တောင် သဘောကျသေးတာပဲ”

“နွယ်က နွယ်လေ။ မတူဘူး။ အရင်ကောင်မလေးတွေနဲ့က နွယ့်လို မဟုတ်ဘူးလေ”

“ဆိုင်ပါဘူး။ အစ်ကိုကတော့ ထင်မှာပဲ။ နွယ့်ကို လွယ်တယ်လို့လေ။ ဒါမဲ့ နွယ် တော်ရုံ လူတစ်ယောက်ကို သဘောကျခဲတယ်။ နွယ် တွေ့ဖူးသမျှထဲ ကိုကို့ကိုပဲ သဘောကျခဲ့ဖူးတာ”

စားစရာမှာထားတာကို စောင့်ရင်း စားပွဲနဲ့ ထိုင်ခုံတွေ နေရာချပြီး ထိုင်ခုံမှာပဲ ထိုင်ကာ စကားပြောဖြစ်ခဲ့ကြသည်။ တံခါးခေါက်သံကြားတော့မှ နွယ် ရေချိုးခန်းထဲ ဝင်နေလိုက်သည်။ လာပို့တဲ့လူ ပြန်သွားမှ ရေချိုးခန်းထဲက ထွက်ခဲ့ပြီး စားစရာတွေ ပြင်ဆင်ကာ အတူတူစားရင်း ရန်ကုန်သူကို ကြေးအိုးဆီချက် ကျွေးတယ်လို့ နွယ်ပြောတော့ သူ ရယ်နေခဲ့သည်။ တကယ်တမ်း နွယ် စားချင်တယ်ပြောလို့ မှာပေးခဲ့တယ်ဆိုတာကို သူမေ့နေတာတော့ မဟုတ်လောက်ပါဘူး။ ဘာလို့လဲဆိုတော့ သူက နွယ်နဲ့ပတ်သက်ရင် တော်တော်များများကို အသေးစိတ်ကအစ မှတ်မိတတ်သူမို့ရယ်ပါ။ စားသောက်ပြီး ဘူးခွံအမှိုက်တွေ သိမ်းဆည်းနေတဲ့ နွယ့်ကို ကြည့်ပြီး

“ထားလိုက်ပါ နွယ်ရဲ့။ ပြီးမှ အစ်ကိုပြန်ရင်း ယူသွားလိုက်မယ်”

“အလုပ်ရှုပ်နေမှာပေါ့။ အမှိုက်ပုံးထဲ ဆံ့နေတာပဲ။ အခန်းထဲ အလုံပိတ်မို့ ညကြ အနံ့ထွက်နေမှာစိုးလို့။ သေချာထုပ်ပိုးပြီး ပစ်တော့ အနံ့မထွက်တော့ဘူးပေါ့”

ဘူးတွေရော၊ အိတ်ခွံတွေ အားလုံးကို စုပြီး တစ်ထုပ်တည်းဖြစ်အောင် ထည့်ချည်ပြီးမှ အမှိုက်ပုံးထဲ သွားထည့်လိုက်သည်။ လက်ဆေးပြီး ပြန်ရောက်ချိန်မှာတော့ သူထိုင်နေတဲ့ ထိုင်ခုံလက်ရန်းပေါ် ထိုင်ပြီး သူ့ပါးပြင်ကို နမ်းရင်း

“ဟီး။ ဗိုက်တော့ ဝသွားပြီ”

“အဲ့တော့…”

“ကော်ဖီသောက်ဦးမလားလို့။ ဟီး”

“ကော်ဖီလည်း မရှိဘဲနဲ့”

“နွယ့်မှာ ရှိတယ်။ နွယ် ညကြ တစ်ယောက်တည်း စာဖတ်ရင်း သောက်မလို့ ၂ ထုပ်ထည့်လာတယ်။ အစ်ကို သောက်မယ်ဆို ဖျော်ပေးမယ်လေ”

လက်ကလေး ၂ ချောင်းထောင်ပြီး စကားပြောရင်း ထိုင်ခုံလက်ရန်းကနေ သူ့ပေါင်ပေါ်ကို ဆင်းထိုင်လိုက်သည်။ သူ့ပခုံးပေါ် တွဲခိုဖက်ထားရင်း သူ့ကို နမ်းလိုက်သည်။

“နွယ်ချည်းပဲ နမ်းနေရတယ်နော်”

သူ့ကို မျက်စောင်းဖြင့် ကြည့်ရင်း နွယ်ပြောတော့

“သူ့ဘာသာ အသည်းယားပြီး လိုက်နမ်းနေပြီးတော့။ ကိုယ်က ချစ်ဖို့ကောင်းလို့မလား။ ဒါနဲ့ နွယ်… ကိုယ် မရတော့ဘူး”

“ဘာမရတာလဲ။ ဟီး”

“ပေါင်နာလာတာ။ ဟားဟား”

သူ ရယ်တော့မှ ကိုယ့်ဘာသာ ရှက်မိသေးသည်။ သူ့ဆီက ထွက်လာပြီး ရေနွေးအိုးတည်ဖို့ ရေဖြည့်ပြီး တည်ကာ ကော်ဖီဖျော်ဖို့ ခွက်တွေ ဇွန်းတွေ ဆေးပြီး ရေနွေးစောင့်ရင်း သူ့ရှေ့မှာရှိတဲ့ ထိုင်ခုံမှာ ထိုင်လိုက်သည်။ ရေနွေးရတော့မှ ကော်ဖီထုပ် ဖောက်ထည့်ရင်း

“အစ်ကို ရေ ဘယ်လောက် ထည့်ပေးရမလဲ”

“ရတယ်။ နွယ် အဆင်ပြေသလို လုပ်ပါ”

“မဟုတ်ဘူးလေ။ အစ်ကို သောက်နေကြ ပုံစံကိုမေးတာ။ နွယ်ကြတော့ ရေထည့်တာ နည်းတတ်တယ်။ အစ်ကို ဘယ်လိုကြိုက်မှန်း နွယ်မသိလို့”

“ရတယ်။ အစ်ကိုက ဘယ်လိုဖြစ်ဖြစ် သောက်တယ်”

“အာ့ဆိုလည်း ပြီးရော”

မျက်စောင်းထိုးရင်း နွယ် ပြောလိုက်သည်။ နွယ် ဖျော်ပေးတဲ့ ကော်ဖီကို ကောင်းသည် ဆိုးသည် ဘာတစ်ခုမှမပြောဘဲ စကားပြောရင်း အရယ်အပြုံးမပျက် ကုန်အောင်တော့ သူ သောက်သည်။

“အစ်ကို ဘယ်အချိန် ပြန်မှာလဲ”

“၆ နာရီလောက်မှ။ အိမ်ကို ခဏတော့ ပြန်ရမယ် နွယ်။ ပြီးမှ ပြန်ထွက်ခဲ့မယ်”

ပြောနေစဉ်မှာပဲ သူ့မေမေဆီမှ ဖုန်းဝင်လာသည်။ ညစာ ထမင်းဟင်းချက်ပြီးကြောင်း၊ ဘာဟင်းတွေ ချက်ထားကြောင်းနှင့် အိမ်အတွက် အသုံးလိုတာတွေ ဝယ်လာခဲ့ဖို့ မှာနေတာ ကြားလို့ အမေနှင့်သား နွေးထွေးတဲ့ ဆက်ဆံရေးကို ကြားပြီး သဘောကျစွာ နွယ် ပြုံးမိသည်။ သူ ဖုန်းပြောနေတုန်းမှာပဲ နွယ် ထသွားပြီး ရှုခင်းကြည့်ရင်း ပြတင်းပေါက်မှာ ရပ်နေခဲ့သည်။ ဖုန်းပြောပြီးချိန်မှ နွယ့်ဆီလျှောက်လာပြီး သူ့ခေါင်းလေး နွယ့်ပခုံးပေါ် တင်ပြီး အနောက်ကနေ နွယ့်ကို သိုင်းဖက်ထားသည်။ သူ့ပါးသိုင်းမွေးလေးတွေကို နွယ့်ပါးပြင်နဲ့ ပွတ်သပ်ရင်း

“အစ်ကို…အရင်ကရော ညအိပ်အပြင်ထွက်နေကြလားဟင်”

“ဒီလိုပဲ လှည့်ရတာပေါ့ နွယ်ရဲ့။ အဆင်ပြေပါတယ်”

“သြော်”

ညဘက် အပြင်ထွက်နေကြမို့ သူ ထွက်နေကြအတိုင်းပဲ ထွက်တာနေမှာလို့ တွေးရင်း အခုလို နွယ်နဲ့ လာအိပ်ပေးတာ သူ့အတွက်တော့ မထူးဆန်းလောက်ဘူးလို့ တွေးမိသည်။ နွယ့်အတွက်သာ ပထမဆုံး အပြင်မှာ ညအိပ်ထွက်ဖူးခြင်းမို့ သူလာအိပ်ပေးခြင်းသည် နွယ့်အတွက် အလွန်ကို ကျေနပ်ကြည်နူးရပါတယ် ဆိုတာကိုတော့ သူ့ကို မပြောပြဖြစ်ခဲ့ဘူး။ နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်မယ်ပြောရင်း နွယ်တို့ ကုတင်ဆီကို ပြန်သွားခဲ့ကြသည်။

နွယ် ရှက်တတ်မှန်းသိသူမို့ မီးအိမ်လေးကလွဲရင် ကျန်တဲ့မီးတွေ ပိတ်ပြီးမှ ကုတင်ပေါ် သူတက်လာခဲ့သည်။ နွယ့်ကို စောင်သေချာခြုံပေးပြီးမှ သူ လှဲသည်။ စောင်ထဲရောက်သွားပြီမို့ ပဝါကို ဖယ်ပြီး အပြင်ထုတ်ထားလိုက်သည်။ သူ့ရင်ခွင်ထဲ ဖက်ထားပြီး စကားပြောရင်း နည်းနည်းကြာတော့ နွယ် ထ,ထိုင်ကာ စောင်ကို တစ်ဝက်လှန်လိုက်သည်။ သူ့ရဲ့ မွေးရာပါ ပျော့ဖတ်လေးကို ကြည့်ပြီး စိတ်တောင်ညစ်သွားသည်။

“အစ်ကို…နွယ် BJ ပေးတာ မကောင်းဘူးမလား”

“ကောင်းပါတယ်။ ဘာလို့”

“ဒီလိုပဲ မေးကြည့်တာ။ အစ်ကိုက ထပ်လည်းမတောင်းဘူးမို့”

“သြော်…ကိုယ်ပြောသားပဲ။ ကိုယ့်ကို ချစ်လို့ လုပ်ပေးတာပဲ လိုချင်တာလို့။ ကိုယ့်ဘက်က ဘယ်တော့မှ မတောင်းဘူး နွယ်ရဲ့”

“အွန်း”

သူ့အပြောကို တုန့်ပြန်ရင်း သူ့ပေါင်နားကို နွယ့်လက်နဲ့ ပွတ်သပ်ရင်း သူ့ဖွားဖက်တော်ကို ကိုင်ကြည့်လိုက်သည်။ ပျော့ဖတ်ဖတ် သူ့ဖွားဖက်တော်မှာ နွယ် ကိုင်ထားတုန်းမှာပဲ နည်းနည်းတင်းလာသည်။ အောက်ကို နည်းနည်းဆင်းပြီး သူ့ဒူးနားမှာ ပဆစ်တုပ်ထိုင်ရင်း သူ့ဆီးခုံနားကို ခေါင်းငုံ့ပြီး နမ်းလိုက်သည်။

“ဟိတ်…ထတော့ ထတော့…”

ပျော့ဖတ်လေးကို လှုပ်ခါပြီး နွယ် ပြောတော့ ဆတ်ခနဲ လှုပ်လာသည်။ သူ့ကိုကြည့်တော့ ပြုံးနေသည်။ သူ့အပြုံးမှာ ကလေးတစ်ယောက်ကို ထိုင်ကြည့်နေသလို ဘာမှမပါဘဲ ကြည်နူးပြုံးမို့ နွယ် မရှက်မိခဲ့ဘူး။ သူ့ဖွားဖက်တော်လေးကို နှုတ်ခမ်းလေးနဲ့ အသာအယာနမ်းရင်း လိပ်ထီးလေးကို ထက်အောက် ဆော့ကစားနေလိုက်သည်။ ထိပ်ဖူးလေး ကားလာတာကို သဘောကျလာတာနဲ့ လျှာလေးနဲ့ သပ်ရင်း သူ့ကို ကြည့်လိုက်တော့ ပြုံးပြီး ကြည့်နေတာမို့ မျက်လုံးအကြည့်တွေကို လိပ်ထီးလေးဆီ ပြန်ပို့ပြီး ဆက်နမ်းဖြစ်သည်။ အဆင်သင့်ဖြစ်လာတဲ့ သူ့ဖွားဖက်တော်လေးကြောင့် လှဲနေရာမှ သူ ထကာ ကွန်ဒုံး ယူပြီး ခုတင်ပေါ် သူ ပြန်တက်လာသည်။ လက်တစ်ဖက်နဲ့ သူ့ဖွားဖက်တော်ကို ကိုင်ဆွရင်း နောက်လက်တစ်ဖက်မှာ ကွန်ဒုံးထုပ်ကို ပါးစပ်နဲ့ ကိုက်ဖောက်နေသည်။

“အာ…ကွန်ဒုံးကို ပါးစပ်နဲ့ ကိုက်မဖောက်ရဘူးလေ”

သူ့လက်ထဲက ကွန်ဒုံးထုပ်ကို ယူပြီး ဖောက်ပေးရင်း နွယ် ကိုယ်တိုင်ပဲ သူ့ဖွားဖက်တော်လေးကို စွတ်ပေးလိုက်သည်။

“ဟုတ်ကဲ့ မှတ်ထားပါ့မယ်။ ဘာတဲ့။ ကွန်ဒုံးကို ပါးစပ်နဲ့ ကိုက်မဖောက်ရဘူး။ ဟားဟား”

“ကြည့်။ အကောင်းပြောနေတာကို”

နွယ် ပြောတော့ သူ ရယ်နေသည်။ ကွန်ဒုံး စွပ်ပြီးချိန်မှာ နွယ့်အပေါ်ကို အုပ်မိုးပြီး သူ အနမ်းတွေ ပေးလာသည်။ စဝင်လာတဲ့ သူ့ဖွားဖက်တော်လေးရဲ့ အထိအတွေ့သည် ထင်ထားသည်ထက် လမ်းကြောင်းပိုရှည်စွာ ဖြည်းဖြည်းချင်း တိုးဝင်လာတာကို သတိထားမိသည်။ ဖြည်းညှင်းစွာ ဝင်လာပြီး အဆုံးနားရောက်ချိန်မှာ သူ ရပ်ထားခဲ့သည်။ ရပ်တန့်သွားလို့ သူ့ကို ကြည့်လိုက်တော့ နွယ့်မျက်နှာကို ကြည့်နေသည်။

အနမ်းလေးတွေပေးရင်း နွယ် လှေကလေးဖြစ်သွားချိန်မှာ ကော့ကော့တက်လာတဲ့ နွယ့်ကြောင့် တစ်တီတူးပုံစံပြောင်းပြီး ဆက်ဆံခဲ့ကြသည်။ နွယ် မကြိုက်ပေမယ့် လုပ်နေတဲ့ သူ့ကို မတားမိခဲ့သလို သူ့ကို ကြည့်နေတဲ့ နွယ့်ကို သူကလည်း ပြန်ကြည့်နေခဲ့သည်။ နည်းနည်းကြာတော့ ထမ်းထားတဲ့ နွယ့်ခြေထောက်ကို အောက်ချပေးသည်။ တစ်ပေါင်ကျော်ပုံစံ ပြောင်းလိုက်သော်လည်း နွယ့်အထဲမှာ စိမ်ထားတဲ့ သူ့ဖွားဖက်တော်ကိုတော့ မချွတ်ခဲ့ဘူး။ ပြုံးပြီး သူကြည့်နေသည်မို့ ရှက်ပြီး မျက်နှာကို နောက်မှီခေါင်းအုံးနဲ့ ဖွက်ပြီး ခါးကို ကော့လိုက်မိသည်။

သူ ခါးတစ်ချက် လှုပ်သွားတိုင်း အထဲမှာ တစ်ခုခုကို ထိမိသလို အောင့်သွားတတ်သည်။ ခေါင်းအုံးလေးကို ဆုပ်ကိုင်ညှစ်ရင်း တစ်ချက်တစ်ချက် နာညည်းသံလေးထွက်တိုင်း သူ ရပ်သွားတတ်သည်။ နွယ့် နာကျင်မှု သက်သာစေရန် သူ ရပ်ထားတယ်ဆိုတာ နွယ် သိပါသည်။

“နွယ်…ခေါင်းအုံးကြီးက နာတယ်တဲ့”

“အာ…”

ခေါင်းအုံးညှစ်ထားတဲ့ နွယ့် လက်ကို လွှတ်လိုက်သည်။ နွယ့်လက်ကို ဆုပ်ကိုင်ပြီး သူ နွယ့်အပေါ် အုပ်မိုးလာသည်။ တစ်ပေါင်ကျော်ခွလျက် နွယ့်အထဲမှာ စိမ်ထားရင်း နွယ့်နှုတ်ခမ်းကို နမ်းလာသည်မို့ သူ့ကို တုံ့ပြန်နမ်းရင်း အထဲမှာ တိုးလာတာကို ခံစားမိသလို နမ်းရသည့် ခံစားမှုက လူကို ငြိမ့်ခနဲဖြစ်စေသည်။ ခံစားမှုတွေ စီးမျောလေ နွယ့်အထဲမှာ သူ့ဖွားဖက်တော်ရဲ့ ဝင်ထွက်ပွတ်တိုက်မှုကို အတွင်းသားနဲ့ ညှစ်ဆွဲထားမိသည်။ တဖြည်းဖြည်း အသက်ရှူသံပြင်းလာတဲ့ နွယ့်ကို နမ်းနေတာလွှတ်ပြီး နွယ့် လက်တစ်ဖက်ကို ဆွဲယူပြီးနောက် သူ့ခါး လှုပ်ရှားမှုမှာ မြန်ဆန်လာသည်။ ဆွဲထားတဲ့ နွယ့်လက်ရဲ့ လက်မောင်းကို သူ့ နှုတ်ခမ်းနဲ့ စုပ်လိုက်ချိန်မှာ ရုတ်တရက်မို့ နွယ် သူ့ကို ကြည့်လိုက်မိသည်။ သူ့မျက်လုံးနဲ့ ဆုံမိချိန်မှာ သူပြုံးနေသည်မို့ အကြည့်ကို ပြန်လွှဲပြီး မျက်လုံးမှိတ်ထားမိသည်။

ခါးအလှုပ်မပြတ်သလို လက်မောင်းစုပ်ခံရတဲ့ အရှိန်ကြောင့် ကြက်သီးထရင်း အသည်းတွေယားလာခဲ့သည်။ ဆောင့်ချက်တွေမှာ စီးမျှောရင်း လက်ကို သူလွှတ်ပေးချိန်မှာ တစ်ခုခုကို လွှတ်ကျသွားသလို ခံစားရသည်။ သူကတော့ တုန်ခါနေတဲ့ နွယ့် တင်နဲ့ ခါးကို ကိုင်ထိန်းရင်း လှုပ်ရှားမှုကို ဆက်လုပ်နေခဲ့သည်။ မြန်ဆန်ရာမှ ဖြည်းဖြည်း အသွင်းအထုတ်လုပ်ရင်း

“နွယ်”

“ဟင်”

“ချစ်လား”

နွယ် ဘာမှပြန်မဖြေဘဲ မျက်နှာကို ခေါင်းအုံးဘက် ပိုစောင်းမိသည်။

“ချစ်လားလို့”

နွယ့်ဆီက အဖြေမကြားရတော့လို့ သူထပ်မမေးဘဲ ခါးလှုပ်ရှားမှုကိုသာ ရပ်လိုက် နားလိုက်ဖြင့် လှုပ်ရှားနေခဲ့သည်။ နောက်တစ်ကြိမ် နွယ့်ကို ထပ်ခေါ်ပြန်သည်။

“နွယ်”

“ဟင်”

“ညှစ်ထားပေးဦး”

“ဟင်”

“ညှစ်ထားပေးလို့ နွယ့်ညီမလေး ညှစ်ပေးတာကောင်းတယ်”

နွယ့်အာရုံကို အတွင်းသားညှစ်တဲ့ဆီကို ပြောင်းလိုက်သည်။ ဖြည်းဖြည်းဆွဲထုတ်သွားတဲ့ သူ့လိင်တံတစ်လျှောက်ကို ညှစ်ထားရင်း ထွက်သွားတဲ့အချိန်နဲ့ ပြန်တိုးဝင်လာတဲ့အချိန် ပွတ်သပ်မှုတို့ အရှိန်သည် ကျလိုက် တက်လိုက်ပင်။ သူ့ဆီက ညှစ်လို့ ပြောနေပေမယ့် နွယ့်ဆီမှာ ညှစ်နိုင်တဲ့ အားအင် မရှိတော့ဘူးဆိုတာ အထဲမှာ စိမ်ထားတဲ့ သူလည်း သိမှာပါ။ အဲ့ဒီလိုနဲ့ နွယ့်ဆီက နာညည်းသံတွေ စိပ်လာတဲ့အခါမှာတော့ သူ ရပ်လိုက်သည်။

“အစ်ကို မပြီးသေးဘူးမလား။ ဘာလို့ရပ်လိုက်တာလဲ”

“တော်ပြီလေ။ နွယ် အောင့်နေတယ်မလား။ နွယ် စိတ်ကျေနပ်ရင် ရပြီ”

“အာ…အောင့်ပါဘူး။ ဟီး”

“ခေါင်းအုံးလေး မေးကြည့်လိုက်ရမလား”

ခေါင်းအုံးကို မေးငေါ့ပြပြီး သူပြောတော့ နွယ့်ဆံနွယ်တွေကြားထဲ မျက်နှာကို ဖွက်လိုက်မိသည်။ မခံမရပ်နိုင်အောင် အောင့်တာမျိုးမဟုတ်ပေမယ့် နည်းနည်းတော့ တစ်ခုခုကို ခံစားမိသည်။ နာကျင်မှုမဟုတ်တဲ့ နာကျင်မှုဆိုပေမယ့် နွယ် ခံနိုင်ရည်ရှိသလို သူ့ကိုလည်း ပြီးစေချင်တာမို့ ဆက်လုပ်စေချင်ခဲ့သည်။ သူကတော့ ကွန်ဒုံးပါချွတ်ပြီး သန့်ရှင်းရေး လုပ်နေပြီ။ နွယ့်မှာသာ စောင်ထဲ ပြန်ဝင်ပြီး လှဲရင်း နားနေခဲ့သည်။ ခဏကြာတော့ နွယ်လည်း ပဝါပတ်ပြီး ရေချိုးခန်းထဲဝင်ပြီး မှန်ရှေ့ရပ်လိုက်သည်။ မှန်ကြည့်ရင်း လက်မောင်းက အကွက်ကိုတွေ့မှ

“အယ်…လက်မောင်းမှာ အကွက်ကြီး”

“အင်းလေ…ကိုယ် အမှတ်တရပေးလိုက်တာ။ မကြိုက်လို့လား”

“ကြိုက်တာပေါ့။ လက်မောင်းဆိုတော့ အဝတ်အစားနဲ့ လူမှမမြင်ရဘဲ။ လူလည်ကြီး”

“အမှတ်တရက လက်နှစ်ဖက်တော့ ပြည့်သွားပြီ။ ဟီး”

“ဟုတ်ပါ့။ တံတောင်ကိုမေ့နေတာ”

“နွယ်က မေ့နေပေမယ့် ကိုယ်က သတိရတယ်။ စောနက နွယ် ကြွကြွလာလို့ တံတောင်ထပ်ထိမှာစိုးလို့ တစ်တီတူးလိုက်ရတာ။ သူ့ခြေထောက်ကြီး ထမ်းထားရတာ လွယ်..မှတ်လို့”

“အာ…အာ့ပြောပေါ့။ နွယ်လည်း အားနာလို့။ တစ်တီတူး သိပ်မကြိုက်ဘူး။ ဟီး”

“မကြိုက်လို့သာပဲ။ မျက်လုံးလေးကို မှိတ်လို့။ ဇိမ်ခံကောင်လေး”

သန့်ရှင်းရေးလုပ်ပြီး အခန်းအပြင်ထွက်ကာ အဝတ်အစားလဲနေတဲ့ သူ့ကို ကူညီပေးခဲ့သည်။ ပုဆိုးကို ခါပေးရင်း ပုဆိုး ပေါ်အောက်ခွဲမှတ်နည်း သူ့မေမေသင်ပေးခဲ့တာကို ရှင်းပြနေတဲ့သူ့ကို မျက်နှာလေးကိုင်ပြီး သူ့ပါးပြင်ကို နမ်းလိုက်သည်။

“အာ့ဆို ကိုယ် သွားတော့မယ်။ နွယ် ဘာမှာဦးမလဲ”

“နွယ့်အတွက် ဘာမှ မလိုပါဘူး။ အစ်ကိုရှိရင် ရပြီ ဟီး”

နွယ့်ခေါင်းလေးပုတ်ရင်း “မနိုင်စိန်လေး” လို့ ချစ်စနိုးနဲ့ခေါ်ရင်း ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ကားသော့ယူကာ သူ ထွက်သွားသည်။ ကုတင်စွန်းမှာ ထိုင်ရင်း သူလုပ်သမျှ လိုက်ကြည့်နေတဲ့ နွယ့်အတွက်တော့ တံခါးပိတ်ပြီး သူ ထွက်သွားချိန်မှာ အခန်းထဲ ချက်ချင်းတိတ်ဆိတ်သွားသလို ခံစားရသည်။ ချက်ချင်းထကာ တံခါးလေးဟပြီး သူ့ကို သွားကြည့်မိသည်။ ဓာတ်လှေကားအလာကို ရပ်စောင့်ရင်း တံခါးဖွင့်သံကြားလို့ထင်သည်။ အခန်းဘက်ကို လှမ်းကြည့်ပြီး ဓာတ်လှေကားနံပါတ်ကို ကြည့်ရင်း နွယ်ရှိရာ မြန်မြန်လျှောက်လာသည်။

နွယ့်ဆီ လျှောက်လာတဲ့သူ့ကို ပြုံးပြနေတုန်းမှာပဲ ပြွတ်ခနဲ နွယ့်နှုတ်ခမ်းကို နမ်းနေချိန်မှာ ဓာတ်လှေကားဆီမှ အသံထွက်လာသည်။ နွယ့်ကိုနမ်းပြီး ဓာတ်လှေကားဆီ ခပ်သွက်သွက် လျှောက်သွားသည်။ ဓာတ်လှေကားထဲ ဝင်သွားပြီးမှ နွယ့်ကို တာ့တာပြနေချိန် ဓာတ်လှေကားတံခါးပိတ်သွားသည်။ ရုတ်တရက်ဆိုပေမယ့် အခုလို အနမ်းခံလိုက်ရတာလေးကိုပဲ ရင်ထဲ ကြည်နူးမှုနဲ့အတူ နွယ့်မျက်နှာမှာ အပြုံးပန်းတို့ ဝေဆာလျက်။

အခန်းတံခါးလော့ချပြီး ထိုင်ခုံမှာ ခဏထိုင်နားဖြစ်သည်။ ၈ နာရီကျော်မှ ပြန်လာမယ်ပြောခဲ့တာမို့ ၂ နာရီနီးပါး အချိန်ရသေးတာကြောင့် ခဏ ထိုင်နေခြင်းရယ်ပါ။ လုပ်စရာရှိတာတွေနဲ့ ရေချိုးဦးမှာမို့ ကျောပိုးအိတ်ထဲက ရေချိုးတဲ့အခါ လိုအပ်မယ့် ပစ္စည်းတွေယူပြီး ရေချိုးခန်းထဲ ဝင်ခဲ့လိုက်သည်။ ကံကောင်းစွာပဲ ဟိုတယ်က ပေးထားသည့် Service ထဲတွင် Razor ၂ ခုပါ ထည့်ပေးထားသည်။ လိုအပ်နေတဲ့ နွယ့်အတွက်တော့ အရမ်းကို အဆင်ပြေခဲ့သည်။ သူစူးတယ်ပြောတာမို့ ရှင်းလင်းပြီးမှ ရေချိုးခဲ့သည်။ ရေချိုးခန်းတံခါး ပိတ်ပြီးမှ ချိုးတာမို့ ယခုတစ်ကြိမ်မှာတော့ စိမ်ပြေနပြေချိုးရုံသာမက ခေါင်းပါ လျှော်ဖြစ်ခဲ့သည်။

ရေချိုးပြီးချိန် Dryer မှုတ်ရင်း သူ့ကို သတိရလိုက်သေးတယ်။ သူသာရှိရင် နွယ့်ဆံနွယ်တွေကို Dry မှုတ်ပေးမည်ကိုတွေးရင်း တစ်ယောက်တည်း ပြုံးမိသည်။ အဝတ်အစားလဲချိန်ကျတော့လည်း သူ့ကို သတိရမိတာပါပဲ။ တစ်ယောက်တည်း ညအိပ်မှာမို့ ပေါ့ပေါ့ပါးပါး ညအိပ်ဝတ်စုံကို ထည့်လာမိသော်လည်း Hello Kitty အရုပ်လေးတွေနဲ့ လိမ္မော်ရောင် ဒူးတိုဘောင်းဘီဝမ်းဆက်မို့ ကလေးဆန်တဲ့ပုံ ပေါက်နေသောကြောင့် သူမြင်ရင် ရယ်နေမလားပဲ။ အခန်းထဲမှာပဲ နေမှာမို့ ကိစ္စမရှိဘူးလို့ တွေးရင်း အတွင်းခံမဝတ်ဘဲ ညအိပ်ဝတ်စုံကိုသာ ဝတ်ထားလိုက်သည်။ အားလုံးပြီးချိန် အားနေတာနဲ့ စားပွဲပေါ်ရှင်းလင်းပြီးမှ Note Book လေးထုတ်ပြီး အလုပ်အကြောင်း စဉ်းစားရင်း ရေနွေးသောက်နေချိန်မှာပဲ မိုးရွာလာသည်။

သူ… အိမ်က ပြန်ထွက်လို့မှ ရရဲ့လားဟု တွေးမိသည်။ အချိန်ကလည်း ည ၇ နာရီခွဲ ကျော်လာပြီမို့ သူလာဖို့ အဆင်မှပြေပါ့မလား။ လိုင်းပေါ်ကြည့်တော့လည်း ၆ ခွဲလောက်ကသာ ဟာသပုံလေးပို့ပြီး မီးစိမ်းလေးပျောက်နေတာမို့ အိမ်မှာ အခုထိရှိနေသေးတဲ့ပုံပါပဲ။ ၇ နာရီ ၄၅ လောက်မှာ သူ့အကောင့်လေး မီးစိမ်းလာသည်။ နွယ်ပြောတာတွေဖတ်ပြီး ပြန်ပျောက်သွားပြန်သည်။

၈ နာရီခွဲမှာ သူပြန်ပေါ်လာသည်။ မျက်မှန်သမားမို့ ညဘက်ကားမောင်းရတာ အန္တရာယ်များသလို မိုးရွာနေချိန် အိမ်က ပြန်ထွက်ရတာ အဆင်မပြေမှာ စိုးရိမ်တာကြောင့် မလာနိုင်ရင် မလာတော့ဖို့ နွယ် စာပို့လိုက်သော်လည်း သူကတော့ ဘာမှပြန်မပြောဘဲ မီးစိမ်းလေး ပျောက်သွားပြန်သည်။ သူ့ကို အဆင်မပြေရင် မလာနဲ့လို့ ပြောခဲ့ပေမယ့် တကယ်တမ်း ပြတင်းပေါက်မှာ မတ်တတ်ရပ်ရင်း နွယ် မျှော်နေမိသည်။ ဖုန်းကို သီချင်းဖွင့်ထားပြီး ဟိုတယ်ရှေ့ကို ကားဝင်လာတိုင်း သူ့ကားများလားလို့ အောက်ကို ငုံ့ကြည့်ဖြစ်သည်။ ပြတင်းပေါက်မှာ ရပ်ရင်း မျှော်နေရာမှ ရှုခင်းလှတာနဲ့ ဓာတ်ပုံရိုက်ပြီး Profile Cover Photo လေး ပြောင်းဖြစ်ခဲ့သည်။ လွမ်းတာမျိုးမဟုတ်ပေမယ့် သတိရနေတာပါပဲ။

၈ နာရီ ၅၀ ကြမှ သူ ဖုန်းဆက်သည်။ ထွက်လာပြီဖြစ်ကြောင်းနဲ့ ညစာ ဘာစားမလဲမေးရင်း ကျုံးကြည့်ချင်သေးလားဆိုလို့ မန်းလေး ညရှုခင်းကြည့်ချင်ကြောင်း ပြောမိသည်။ ဖုန်းပြောနေရင်းမှာပဲ သူ့ကားဝင်လာတာကို အပေါ်ကနေ တွေ့လိုက်ရသည်။ သူစောင့်နေမှာမို့ အေးဆေးဆင်းခဲ့ဖို့ မှာပေမယ့် နွယ်ကတော့ အတွင်းခံမြန်မြန်ဝတ်ပြီး ဆင်းသွားဖြစ်သည်။

ညအိပ်ဝတ်စုံကိစ္စကို ဓာတ်လှေကားထဲရောက်မှ သတိရမိသည်။ နွယ့်ကို တွေ့ရင် ရယ်နေမယ်ထင်ထားသော်လည်း သူကတော့ မထူးဆန်းတဲ့ပုံနဲ့ အရယ်အပြုံးမပျက် ပုံမှန်အတိုင်းသာ တွေ့ရသည်။ နွယ့်မှာသာ သူပြန်လာတာကို ဝမ်းသာနေမှန်း သိသာစေတဲ့အထိ သူ့ဆီကို မပြေးရုံတမယ် သွားမိသည်။ ည ၉ နာရီဆိုသော်လည်း ဆိုင်အတော်များများပိတ်ထားပြီး လမ်းပေါ်မှာလည်း ကားမရှိသလောက်ပင်။ ကျုံးပတ်လမ်းတစ်လျှောက်မောင်းနေရင်း ကျုံးလမ်းတစ်လျှောက် ယခင်က သာယာခဲ့ပုံတွေပြောရင်း စိတ်တိုလာတဲ့သူ့ကို ပါးလေးနမ်းပြီး ချော့ဖြစ်သည်။ ကားကို ဂရုစိုက်မောင်းနေရကြောင်း ပြောလို့ မနက်ကလို မလုပ်ဘူးမို့ စိတ်မပူဖို့ပြောရင်း အတူတူ ရယ်ခဲ့ကြသည်။

နွယ် ကားလျှောက်စီးရတာ သဘောကျသည်။ ရိုးရိုးထိုင်စီးရတာထက် ကားပြတင်းအပြင် ခေါင်းဖြစ်စေ၊ လက်ဖြစ်စေ ထွက်ကာ လေညှင်းခံပြီး စီးရတာမျိုးကို ပိုနှစ်သက်သည်။ အခုလည်း ကားပြတင်းအပြင်ထွက်ပြီး လေညှင်းခံနေတဲ့ နွယ့်ကို အထဲကနေ စကားတွေ ပြောနေတာမို့ ခေါင်းပြန်ဝင်ပြီး သူနဲ့ စကားပြောလိုက်၊ အပြင်ပြန်ထွက်လိုက်နဲ့ နွယ့်ပုံစံမှာ တော်တော်တော့ ပျော်နေတဲ့ပုံ ပေါ်နေမည်ထင်သည်။ ဘာစားမလဲခေါင်းစဉ်သည် ဆိုင်တွေပိတ်ကုန်ပြီမို့ အဖြေမရှိသလို သူသည် အိမ်မှာ ထမင်းစားခဲ့ပြီးဖြစ်သလို နွယ်သည်လည်း ဗိုက်မဆာဘူးမို့ ဆက်မပြောဖြစ်ခဲ့ဘဲ ဗိုက်ဆာမှ ဟိုတယ်မှာ ခေါက်ဆွဲခြောက်ရနိုင်သည်ဆိုတဲ့နေရာမှာပင် အဆုံးသတ်သွားခဲ့သည်။

ဟိုတယ်ပြန်ရောက်တော့ ဝန်ထမ်းကောင်လေးမှ နွယ့်မှတ်ပုံတင် တောင်းသောကြောင့် သူ့မှတ်ပုံတင်နဲ့ အဆင်မပြေနိုင်ဘူးလားလို့ နွယ့်အစား မေးပေးရှာသည်။ ညအိပ်မှာမို့ နှစ်ယောက်စလုံးရဲ့ မှတ်ပုံတင်လိုအပ်ကြောင်း ရှင်းပြနေတာမို့ နွယ့်မှတ်ပုံတင်ကို ထုတ်ပေးလိုက်သည်။ အခန်းတံခါးပြန်ပိတ်ပြီး ရေချိုးခန်းထဲ သူ ဝင်သွားသည်။ နွယ့်ပစ္စည်းတွေထဲက Feminine Wash ဘူးကို ကိုင်ကြည့်ပြီး

“ဒါဘာလဲ။ မျက်နှာသစ်ဆေးလား”

“အာ…သိရဲ့နဲ့ လျှောက်မေးမနေနဲ့။ အဲ့ထဲဘာလုပ်နေတာလဲ”

“အဝတ်လဲမလို့လေ”

“ဪ…ခဏနားဦးလေ။ ရေတော့ မချိုးတော့ဘူးမလား။ နွယ်တော့ ချိုးပြီးပြီ”

“အိမ်မှာချိုးခဲ့တယ် နွယ်”

စကားပြောရင်းပင် အဝတ်တွေချွတ်ပြီး ပဝါပတ်ကာ သူ ပြန်ထွက်လာသည်။ နွယ် ကုတင်ပေါ်မှာ ထိုင်နေတာမို့ သူလည်း နွယ့်အနား လာထိုင်သည်။ ပြီးမှ မီးပိတ်ဖို့ သတိရပြီး သူ ထ,ကာ မီးအိမ်လေးပဲချန်ပြီး မီးပိတ်ပြီးမှ နွယ့်အနား ပြန်ရောက်လာသည်။ နွယ့်ရင်ဘတ်နား အင်္ကျီအပေါ်ဆုံးကြယ်သီးကို လာကိုင်သည်မို့ နွယ် ခေါင်းငုံ့ကြည့်မိသည်။ ကြယ်သီးဖြုတ်နေတဲ့ သူ့လက်တစ်ဖက်နဲ့ နွယ့်မျက်နှာကိုမော့စေပြီး နွယ့်ပါးပြင်ကို အနမ်းတွေ ခြွေခဲ့သည်။ ပါးပြင်မှတစ်ဆင့် နွယ့်နှုတ်ခမ်းကို နမ်းလာချိန်မှာ နှုတ်ခမ်းပါးနှစ်ခု စိုစွတ်မှုကို ခံစားရသည်။ နှုတ်ခမ်းနမ်းနေပေမယ့် အင်္ကျီကြယ်သီးဖြုတ်နေတဲ့ သူ့လက်မှာ ရပ်တန့်မသွားသည့်အပြင် နွယ့်အတွင်းခံဘော်လီချိတ်ကိုပါ ဆက်ဖြုတ်နေခဲ့သည်။ အင်္ကျီဘယ်လို ချွတ်လိုက်လဲ မသိလိုက်ခင်မှာပဲ နွယ့်ရင်သားနှစ်မြွှာမှာ အတွင်းခံနဲ့လွတ်ပြီး နူးညံ့တဲ့ ထိတွေ့ကိုင်တွယ်မှုကို ခံစားရသည်။

နမ်းနေရင်းပင် အလိုက်သင့်နေရင်း နွယ့်ခေါင်းအောက်ကို ခေါင်းအုံးရောက်လာသည်။ နှုတ်ခမ်းချင်း လွတ်သွားတဲ့အချိန် နွယ် မျက်လုံးဖွင့်ကြည့်လိုက်တော့ မျက်နှာကြက်ဖြူဖြူကို မြင်တွေ့မှ နွယ် လှဲနေမှန်း သိလိုက်ရသည်။ နွယ့်ဘောင်းဘီကို ကိုင်နေသည်မို့ ချွတ်ရလွယ်စေရန် နွယ့်တင်ပါးကို ကြွပေးမိသည်။ ဘောင်းဘီချွတ်ပြီးချိန်မှာ နွယ့်ကို စောင်ခြုံပေးပြီး သူ စောင်ထဲဝင်ကာ နွယ့်အပေါ်ကနေ နွယ့်မျက်နှာကို ငုံ့ကြည့်နေခဲ့သည်။

“နွယ်”

မေးလေးဆတ်ပြီး နွယ် ထူးလိုက်သည်။

“ဟင်”

“သောက်လေ သောက်လေ ငတ်မပြေက ဘာလဲ သိလား”

“လိုးတာ ဟီး”

နွယ့်နဖူးလေးထုပြီး သူ သဘောကျစွာ ရယ်နေသည်။

“အဲ့လိုတွေ ပွင့်လင်းလို့ နွယ့်ကို ပိုသဘောကျတာ။ ရှက်ချင်လည်း ဘာမဟုတ်တာကို သူ့ဘာသာရှက်နေတယ်”

ပြောရင်း နွယ့်နှုတ်ခမ်းလေးကို နမ်းလာသည်။ မိနစ်ပိုင်းလောက် နမ်းပြီးချိန်ကျမှ

“နွယ်…ပြတင်းပေါက်ဆီ သွားကြမလား”

စိတ်ထဲ ထင်လိုက်တာက ပြတင်းပေါက်မှာ ရှုခင်းကြည့်ဖို့လို့တွေးရင်း

“အင်း…အစ်ကို သွားချင်သွားလေ”

ပဝါပတ်ပြီး ကုတင်ပေါ်က နွယ် အရင်ဆင်းခဲ့လိုက်သည်။ ပြတင်းပေါက်ဝမှာ နွယ် ရပ်လိုက်တော့ သူလည်း မီးအိမ်လေးပါပိတ်ပြီးမှ နွယ့်အနားကို ရောက်လာသည်။ နွယ့်ကို အနောက်ကနေ သိုင်းဖက်ပြီး ရှုခင်းကြည့်ရင်း စကားမဆိုဖြစ်ဘဲ မတ်တတ်ရပ်ခဲ့ကြသည်။ အခန်းတစ်ခုလုံး မီးအားလုံးပိတ်ထားတာမို့ အခန်းထဲမှာ လရောင်ကျနေပြီး နွယ်တို့ အဲ့အတိုင်းလေးပဲ ငြိမ်ငြိမ်လေး ရပ်နေခဲ့သည်။ အဲကွန်းရှေ့ရပ်နေတာမို့ သူ့လက်မောင်းကို စမ်းမိတဲ့အချိန်မှာတော့ အေးစက်နေတာနဲ့ သူ့လက်ကိုဖယ်ပြီး နွယ့်ကျောပိုးအိတ်ဆီ လျှောက်ခဲ့လိုက်သည်။ အခန်းထဲအေးရင် လိုလိုမယ်မယ် သုံးရအောင် ပဝါတစ်ထည် ထည့်လာခဲ့သည်မို့ အဆင်ပြေသွားခဲ့သည်။ ပဝါကိုဖြန့်ပြီး သူ့ကို ခြုံပေးလိုက်သည်။ ခါးမှာ မျက်နှာသုတ်ပဝါအဖြူပတ်ထားပြီး အပေါ်က ပဝါခြုံထားတဲ့ပုံမှာ ဘယ်လိုမှ ကြည့်ရသည်မှာ အဆင်မပြေပုံကို မှန်ထဲမှာကြည့်ပြီး သဘောကျစွာ အတူတူ ရယ်ခဲ့ကြသည်။

အမှောင်မှာ ကျင့်သားရလာတာနဲ့အမျှ အခန်းတွင်းမှာ လရောင်ကြောင့် လင်းနေသလို ခံစားရသည်။ အရင်ပုံစံအတိုင်း နွယ့်ကို အနောက်ကနေ သိုင်းဖက်ပြီး အပြင်ကို ငေးကြည့်ရင်း အတွေးကိုယ်စီနဲ့ ငြိမ်နေမိသည်။ တိတ်ဆိတ်မှုကို သူကပင် စတင်ဖြိုခွဲခဲ့သည်။

“နွယ်…ပျော်ရဲ့လား”

“အွန်း ပျော်ပါတယ် ဘာလို့”

“နွယ် ပျော်ဖို့အဓိကပဲ။ ကိုယ့်မှာ နွယ် ပျော်ဖို့ အစီအစဉ်တွေ မနည်းဆွဲထားရတာ”

“ဪ”

“အဲ့ထဲမှာ အရုပ်ကလေးကတော့ ကိုယ့်ပေးဆပ်မှုပဲ။ အဲ့ အရုပ်လေးက ကိုယ် ချစ်လို့ဝယ်ထားတာ။ ပေးဖို့မဟုတ်ဘူး။ ပြီးတော့ ဘယ်သူ့ကိုမှ ကိုယ် အရုပ်မပေးဖူးဘူး”

“အင်း။ အာ့ဆို နွယ့်ကြ ဘာလို့ပေးတာလဲ”

“ချစ်ဖို့ကောင်းလို့။ ပြီးတော့ ကိုယ့်ကို လွမ်းဖို့ ထည့်ပေးလိုက်တာ”

“ဪ…”

“ဒီခရီးမှာ နွယ့်ကို ပျော်စေချင်တယ်”

“ဘာလို့”

“အဓိကက နွယ် ကိုယ့်ဆီလာတာ ငွေကြေးကြောင့် မဟုတ်ဘူး။ စိတ်ခံစားမှုကြောင့်။ အဲ့ဒါက ကိုယ့်အတွက် တာဝန်အရမ်းကြီးတယ်။ နောက်… ကိုယ့်ကိုယုံကြည်ပြီး တစ်ယောက်တည်း ခရီးမသွားဖူးတဲ့ သူက မန်းလေးထိ ညအိပ်လာခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ရင်းနှီးပေးဆပ်မှုတွေ၊ ပြီးတော့ နွယ့်ကို သနားတယ်”

သူပြောတဲ့ နောက်ဆုံးက သနားတယ်ဆိုတာကြားတော့ နွယ့်အတွက် တစ်မျိုးကြီးလိုပဲ ခံစားလိုက်ရသည်။

“နွယ်က သနားစရာ ကောင်းနေလို့လား”

“ဘုချင်စရာကောင်းတာ ကိုယ်က သနားပြီး ဘုတာ”

“ကောင်မလေးတိုင်းကို သနားနေတာမလား”

နွယ့်မျက်နှာကို သူမမြင်ရပေမယ့် နွယ့်အသံကြားပြီး နွယ် မျက်စောင်းထိုးနေမှာကို သိတဲ့ပုံပါပဲ။ နွယ့်လည်ပင်းလေး ယားသွားခဲ့သည်။ ခေါင်းကို ဘေးစောင်းလှည့်ပြီး သူ့ပါးပြင်နဲ့ နွယ့်ပါးပြင်ကို ပွတ်သပ်ရင်း နွယ့်အပေါ် တွေးပေးတတ်သည့် သူ့ကို ပွတ်ချွဲလေး ချွဲရင်း သူ့ပါးကို ပွတ်သပ်နေမိသည်။ နွယ့်အနောက်မှာ ကပ်လျက် နွယ့်ကို သိုင်းဖက်ထားတာမို့ နွယ့်တင်ပါးကြားမှာ တစ်စုံတစ်ရာသည် အရာထင်လာခဲ့သည်။ ခန္ဓာကိုယ်ကို အနောက်ဆုတ်ပြီး သူ့ဘက်လှည့်ကာ ရင်ချင်းအပ် ဖက်ထားမိသည်။ သိုင်းဖက်ထားတဲ့ သူ့လက်ကိုလွှတ်ပြီး နွယ် ရုတ်တရက် ထိုင်ချလိုက်သည်။ ရုတ်တရက်မို့ အံ့သြသံဖြင့်

“နွယ်…ဘာဖြစ်လို့လဲ။ မူးလို့လား”

“ဟုတ်ဘူး။ ဟီး”

သူ့အမေးကို ပြန်ဖြေရင်း သူ့ခါးက ပဝါကို နွယ့်လက်နဲ့ ဖြည်လိုက်သည်။ နွယ် ပဆစ်တုပ်ပုံစံပြင်ထိုင်ရင်း နွယ့်မျက်နှာရှေ့မှာ ပေါ်လာတဲ့ သူ့ဖွားဖက်တော်လေးကို ကိုင်လိုက်သည်။ နွယ် ဘာလုပ်မှာလဲဆိုတာ သိပုံရသွားတဲ့ သူက ပဝါတွေကိုယူပြီး မှန်တင်ခုံပေါ် တင်လိုက်သည်။ အမှောင်မှာ လရောင်ဖြာကျနေတာမို့ မြင်ကွင်းကို ရှင်းလင်းစွာ မြင်နေရသည်။ မထူးဆန်းလှတဲ့ ယောက်ျားတန်ဆာကို မြင်တွေ့လိုက်ရသော်လည်း ဘာ့ကြောင့်များ ဒီအမျိုးသားကျမှ နွယ်သည် လုပ်ပေးချင်ခဲ့သနည်း။ မည်သည့်တိုက်တွန်းမှုမှမပါဘဲ ယခုအကြိမ်သည် တတိယအကြိမ်မြောက်ပင် ရောက်ခဲ့သည်အထိ နွယ့်ဘက်က လုပ်ပေးခဲ့မိသည်။

မတ်တတ်ရပ်နေတဲ့ သူ့ကို မော့ကြည့်ရင်း လိပ်ထီးလေးကို နမ်းလိုက်သည်။ နွယ့်ထံမှ အနမ်းတွေကြောင့် သူ့ဖွားဖက်တော်မှာ ပိုမိုမာတင်းလာသလို ပိုမိုဆန့်ထွက်လာသည်။ အခန်းတွင်း အေးမြမှုကို နွေးထွေးသွားစေရန် အာငွေ့ပေးနေသော်လည်း သွားရည်ကြောင့် ပိုအေးခဲ့စေသလားပင်။ သူ့လိပ်ထီးလေးမှာ အေးလိုက် နွေးလိုက် ခံစားမိသလို လိင်တံပတ်လည်တစ်လျှောက် လျက်နမ်းနေရာမှ ထိပ်ဖူးလေးအား လျှာထိပ်လေးနှင့် ဆော့ကစားလိုက်သည်။ သွားနဲ့မထိမိစေရန် ပါးစပ်ကို ကျယ်ကျယ်ဟပြီး လိင်တံအောက်ခြေကို လျှာပေါ်တင်ပြီး ပွတ်တိုက်ရင်း ထိပ်ဖူးနားရောက်ချိန်မှ လျှာဖျားလေးနဲ့ ကော့ထိုးရင်း…။ ပါးစပ်အတွင်းထဲထည့်ပြီး ကစားချိန်တွေမှာတော့ အာခေါင်ကိုထိတဲ့အချိန်မှာ နွယ့်ဆီက ပျို့အန်သံထွက်လာတတ်သည်။

“တော်တော့ နွယ်”

“ဘာလို့”

“တော်ပြီလေ ဒီလောက်ဆို ရပြီ”

အောက်ကနေ သူ့ကို မျက်လုံးလှန်ကြည့်ရင်း

“မကောင်းလို့မလား”

“မကောင်းစရာလား။ ဒီလောက်လုပ်ပေးရင် တော်ပါပြီ”

နွယ် မတ်တတ်ရပ်တော့ နွယ့်ကို ပြတင်းပေါက်ဘက်လှည့်ပြီး နွယ့်လက်ကို ဘောင်ပေါ်မှာ ထောက်ခိုင်းသည်။ သူ ဘာလုပ်မှာလဲဆိုတာ နွယ် သိနေပြီမို့

“ခဏလေး”

သူ့ကိုပြောပြီး မှန်တင်ခုံရှေ့က ထိုင်ခုံဝိုင်းလေးကို သွားယူလိုက်သည်။ ပြီးမှ ခုံပေါ်မှာ နွယ့်ခြေထောက်တစ်ဖက်ကို တင်ပြီး ခါးကို ညွှတ်ပေးမိသည်။ နွယ် ပြင်ဆင်နေချိန်မှာ သူကတော့ ကွန်ဒုံးစွတ်ပြီး အနောက်ကနေ စောင့်ကြည့်နေခဲ့သည်။ နွယ့်ဆီက အဆင်သင့်ဖြစ်တာနဲ့ နွယ့်အနောက်မှာ နေရာယူပြီး နွယ့်ခါးကို ကိုင်လာသည်။ နွယ့်ခြေတစ်ဖက် မြှောက်ထားတာမို့ သူ သွင်းရတာ လွယ်ကူခဲ့သည်။

(Position အနေအထားအရ မိန်းကလေးက ခြေတစ်ချောင်းမြှောက်ထားလျှင် သွင်းရလွယ်ကူစေသလို မိန်းကလေး တင်ပါးမြင့်နေပါက နောက်က ဆက်ဆံမည့် ယောက်ျားလေးမှာ ပိုပြီး လှုပ်ရှားရကောင်းစေသည်။ ဒူးကို တအားမညွှတ်ရသည့်အတွက် ကြာရှည် ဆက်ဆံစေနိုင်သည်)

သူ့ဖွားဖက်တော်လေး ဝင်ပြီးချိန်မှာ နွယ် ခြေထောက်ကို အောက်ပြန်ချလိုက်သည်။ ပေါင်စေ့လိုက်သလိုဖြစ်သွားသည်မို့ သူ လှုပ်ရှားရတာ နည်းနည်းခက်နိုင်သည်။ ဒါကြောင့် ခြေထောက်ကားပြီး ခြေဖျားထောက်ကာ ရှေ့ကို ပိုကိုင်းပြီး တင်ပါးကို နည်းနည်းမြင့်ထားပေးလိုက်သည်။ နွယ့်အတွင်းသားထဲကို ဖြည်းဖြည်းချင်း တိုးဝင် တိုးထွက်နေတာကို သိပေမယ့် မှန်ပေါ် လက်ထောက်ထားရသည့်အတွက် အရှိန်လွန်ပြီး မှန်ကွဲသွားမှာကို စိုးရိမ်သောကြောင့် နွယ့်လက်ကို နေရာတစ်နေရာတည်း မထောက်ဘဲ ဘောင်ပေါ်တစ်ဖက်ထောက်လိုက် မှန်ပေါ်တစ်ဖက်ထောက်လိုက်ဖြင့် ပြောင်းနေမိသည်။

သူ့ထံမှ ဆောင့်ချက်တိုင်းသည် အရှိန်မပါဘူးလားဆိုတော့လည်း မဟုတ်ပါ။ တစ်ချက်တစ်ချက် ကော့ညွှတ်လိုက်သည့် သူ့ခါးကြောင့် နွယ့်ထံမှ အသံတွေ ထွက်လာတတ်သည်။ နွယ်အသံထွက်တိုင်း သူ့ခါးမှာ နောက်ကို ပြန်ဆုတ်သွားတတ်သည်။

“နွယ် တအားနာနေလား”

သူ့မေးခွန်းကို ခေါင်းခါပြလိုက်သည်။ နွယ့်အဖြေကြောင့် သူ ပြန်လှုပ်ရှားလာသည်။ အဝင်အထွက်တိုင်း သိမိထိနေအောင် သူဘယ်လိုများ လှုပ်ရှားနေပါလိမ့်။ ပြန်ထွက်နေသည့် သူ့ဖွားဖက်တော်လေးကို ညှစ်ဆွဲထားမိသည်။ နွယ့်ဆီက ညှစ်ဆွဲခံရတိုင်း သူ၏ လှုပ်ရှားမှုတို့မှာ မြန်ဆန်လာတတ်သည်။ အသက်ရှူသံ ပြင်းလာတတ်သည်။ နွယ့်ခါးကို ကိုင်ထားတဲ့ သူ့လက်တစ်ဖက် လွှတ်သွားတဲ့အခါ နွယ့်တင်ပါးလေး အရိုက်ခံရသည်။ နာကျင်စေလိုသည့်သဘော မပါဝင်သည့် ရိုက်ချက်မို့ နွယ့်အတွက် နာကျင်မှုမရှိခဲ့သလို သူသည်လည်း ထိုကဲ့သို့ ပြုလုပ်ရတာကို သဘောကျမည်ထင်ပါသည်။

သူ့ဆောင့်ချက်တိုင်းမှာ နွယ့်ထံမှ အသံထွက်တာ စိပ်လာတဲ့အခါမှာတော့ နွယ့်တင်ပါးလေးကို ပုတ်ပြီး နွယ့်ကို ပြန်မတ်စေခဲ့သည်။ ဘေးက ခုံဝိုင်းလေးယူပြီး ခုံပေါ်မှာ သူ ထိုင်လိုက်သည်။

“ကိုယ့်အပေါ်လာထိုင်”

သူပြောတဲ့အချိန် နွယ့် နဖူးမှာ ချွေးတွေပင် ထွက်နေပြီ။ သို့သော်လည်း နွယ် သဘောကျသလို လိုလည်းလိုချင်သေးသည်မို့ သူနှင့်မျက်နှာချင်းဆိုင် ခွထိုင်ကာ သူ့ကို ဖက်ထားရင်း နားနေခဲ့သည်။ နွယ့်မျက်နှာကိုကိုင်ပြီး နွယ့်နှုတ်ခမ်းကို အနမ်းတွေ ခြွေလာသည်။ သူနဲ့နမ်းတိုင်း စိတ်ကို အမြဲကြွစေတတ်သလို အခုလည်း နမ်းနေရင်း နွယ့်စိတ်တွေ အရှိန်တက်လာသည်။ အထဲမှာ ထည့်ထားတဲ့ သူ့ဖွားဖက်တော်လေးမှာလည်း အတွင်းသားနံရံမှာ ထိတွေ့မှုကို ပိုသိလာသည်။

ထိုင်နေရာမှ နွယ် လှုပ်ရှားလာသည်။ သူ့ပခုံးကို ကိုင်ပြီး နွယ် လှုပ်ရှားနေသည်မို့ နှုတ်ခမ်းနမ်းနေတာကိုလွှတ်ပြီး နွယ့်ဘယ်ဘက်ရင်သားကို နမ်းရင်း နို့စို့နေသလို ညာဘက်ရင်သားကိုလည်း အုပ်ကိုင်ညှစ်နေသည့် ခံစားမှုကို နွယ် အတော်လေး သဘောကျမိသည်။ သူကသာ ဘယ်ဘက်ကနေ ညာဘက်ကိုပြောင်းပြီး နို့စို့နေသော်လည်း နွယ်ကတော့ အပေါ်မှာ စည်းချက်ညီညီ လှုပ်ရှားနေပေမယ့် သူ့ပေါင်ပေါ်ခွထိုင်ပြီး ခြေကားထားတာမို့ ထင်သလောက် မဆောင့်နိုင်ဘဲဖြစ်နေချိန်မှာ ထိုင်ခုံအောက်ခြေတန်းကို ခြေထောက်စမ်းမိချိန်ကျမှ နွယ့်စိတ်တိုင်းကျ လှုပ်ရှားနိုင်သွားသည်။

စိတ်တိုင်းကျ လှုပ်ရှားမှုနဲ့အတူ နွယ့်ထံမှ ရမ္မက်သံလေးတွေ ထွက်ရင်း သူ့ကို ဖက်ထားမိသည်။ နွယ့်ရင်ခွင်ထဲ ရောက်နေတဲ့သူကတော့ နွယ့် ရင်နှစ်မြွှာအလယ်တည့်တည့်ကို အနမ်းတွေပေးရင်း မော့ကြည့်လာသည်။ အဲ့ဒီအချိန်လေးမှာပဲ နွယ့်ထံမှ

“အား… အရမ်း… အရမ်း… ကောင်းတယ်။ နွယ်… အရမ်းကြိုက်တယ်”

နွယ့်ထံမှ အားမလို အားမရ အသံအပြင် နွယ့်ရဲ့ တိုးလျလျ ညည်းညူသံတွေကြားမှာ သူ့ထံမှ အသံထွက်လာခဲ့သည်။

“နွယ်…”

“နွယ်…”

“ခဏ”

“ခဏလေး”

“ခဏလေး နွယ်”

နွယ့်ကို သူ တားနေတာ ကြားပေမယ့် နွယ့်စိတ်အရှိန်ကြောင့် တားနေတာသိပေမယ့် နွယ် ရပ်မရခဲ့ဘူး။

“ဟင့်အင်း… နွယ် ရပ်လို့မရဘူး။ အရမ်း… အရမ်း… ကောင်းနေပြီ။ နွယ်… နွယ်… ကြိုက်တယ်။ နွယ်… နွယ်… မရပ်ချင်ဘူး….”

နွယ့်နှုတ်ကလည်းပြောရင်း ခန္ဓာကိုယ်ကလည်း ထက်အောက် လှုပ်ရှားရင်း နွယ့်စိတ်တွေ အမြင့်ဆုံးကို တောက်လျှောက်တက်နေသလို သူကလည်း နွယ့်တင်ပါးကို ကိုင်ထိန်းရင်း နွယ့်ကို ရပ်တန့်ဖို့ တားနေခဲ့သည်။ ဘယ်လိုမှ တားရသည့်အဆုံးမှာတော့ နွယ့်ခါးကို တင်းတင်းဖက်ပြီး သူ… ပြီးသွားခဲ့သည်။

သူပြီးသွားပေမယ့် နွယ်ကတော့ သူ့အပေါ်မှာ ဆက်လှုပ်ရှားနေရင်းပင် အမြင့်ကနေ ပြုတ်ကျသလို ခံစားပြီးချိန်မှာ နွယ့်လှုပ်ရှားမှုတို့ တဖြည်းဖြည်း ငြိမ်သက်လာသည်။ နွယ်တို့နှစ်ယောက်စလုံး အသက်ရှူသံပြင်းပြင်းတွေနဲ့ ချွေးတွေကြားထဲမှာ ခဏနားနေရင်း ရှက်ပြုံးလေးဖြင့် သူ့ကို ငုံ့ကြည့်ပြီး သူ့နဖူးလေးကို ဖွဖွနမ်းပြီးမှ နွယ် သူ့အပေါ်မှ ဆင်းခဲ့လိုက်သည်။

သူ့အပေါ်က ဆင်းလာတော့ နွယ့်မှာ ပင်ပန်းတာမျိုးလည်းမဟုတ်ဘဲ မောဟိုက်မှုနဲ့အတူ နည်းနည်းနုံးသွားသလို ခံစားရသည်။ သူလည်း ပင်ပန်းသွားပြီမို့ သူ့နဖူးလေးနမ်းရင်း နှစ်သိမ့်ခဲ့ပေမယ့် သူကတော့ သိမယ်မထင်ပါဘူး။ အသက်ကိုသာ ပြင်းပြင်းရှူရင်း ခုတင်ပေါ်မှာ လှဲပြီး နွယ် နားနေလိုက်တယ်။ သူကတော့ ရေချိုးခန်းထဲသွားကာ သန့်ရှင်းရေးလုပ်ပြီးမှ ပြန်ရောက်လာသည်။ သူပြန်ရောက်လာတဲ့အချိန် နွယ်လည်း အမောပြေနေပြီမို့ ထပြီး ရေချိုးခန်းထဲ သွားကာ သန့်ရှင်းရေး လုပ်ဖြစ်သည်။ နွယ် ပြန်ရောက်ချိန်မှာတော့ ကုတင်ပေါ်ထိုင်နေတဲ့ သူ့အနား သွားထိုင်လိုက်သည်။ နွယ့်ကိုတွေ့တာနဲ့

“နွယ် တော်တော်မောတယ်နော်။ ဟီး”

“အွန်း လှုပ်ရှားရတာကိုး မောမှာပေါ့”

“အဲ့လို မဟုတ်ဘူးလေကွာ။ လှုပ်ရှားရတာကြောင့် မောတာဆို နွယ် ထိုင်ထ လုပ်ကြည့်ပါလား”

“ဘာဆိုင်လို့လဲ။ အခုက နွယ်က အပေါ်က လှုပ်ရှားရတာလေ”

“ထိုင်ထလုပ်ရင် အဲ့လောက် မမောဘူးလေ။ နွယ်လည်း လေ့ကျင့်ခန်း လုပ်ဖူးတာပဲ သိမှာပေါ့။ မောတာ တူလို့လား”

“မသိဘူးလေ”

“ဟားဟား။ လူလည်။ သူမဖြေချင်ရင် မသိဘူးဆိုတာချည်းပဲ”

နွယ့်ကို စနောက်ရင်းနဲ့ သူ့ဖုန်းကို ယူကြည့်ပြီးမှ

“နွယ်…ကိုယ် ဒီနေ့ ဂိမ်း လုံးဝ မဆော့ဖြစ်ဘူး”

“အဲ့တော့”

“သြော်…နွယ်က ပြောဖူးတယ်လေ။ ဟိုတယ်ရောက်ရင် ဖုန်းမသုံးဘူး။ TV မကြည့်ဘူးဆိုလို့”

“အင်း”

“အာ့ ဂိမ်းလေး ခဏဆော့ချင်လို့လေ။ မစ်ရှင်လုပ်ဖို့ရှိလို့”

“သြော်…ဆော့လေ။ အားနေတာပဲ ရပါတယ်”

နွယ့်ဆီက ခွင့်ပြုချက်ရတော့မှ သူ့ဖုန်းကို ဖွင့်ပြီး ဂိမ်းဆော့ဖို့ လုပ်နေတုန်းမှာပဲ

“အစ်ကို အခုလို လာအိပ်ပေးတာနဲ့တင် နွယ်က ကျေးဇူးတင်နေတာပါ။ မဟုတ်ရင် နွယ် ကော်ဖီခွက်နဲ့ အခုလိုမျိုး ပြတင်းပေါက်ကိုငေးရင်း တစ်ညလုံး ထိုင်ချင် ထိုင်နေမှာ”

“နွယ့်ကို အံ့သြသွားစေချင်လို့ အစ်ကိုက ကြိုမပြောခဲ့တာပါ။ နွယ် ဂျီကျပြီး ငိုတော့မယ့်ပုံမို့ ပြောပြလိုက်ရတာ။ မဟုတ်ရင် ညနေ အစ်ကိုပြန်လာမှဆို နွယ် ဒီ့ထက်ပျော်ရမှာ”

“အခုလည်း ပျော်ရတာပဲလေ။ ငိုတော့ မငိုပါဘူးဗျာ။ အပိုတွေက”

ပြောရင်း အပြုံးတွေနဲ့အတူ သူ့လက်မောင်းကို ခေါင်းမှီတော့ နွယ့်ပခုံးကို သိုင်းဖက်ပြီး သူ့ဂိမ်းကို ပြရင်း

“ဒီမစ်ရှင်လေး တစ်ခုပဲ လုပ်မှာ။ အရင်ကဆို တစ်နေ့လုံး အားတာနဲ့ ဂိမ်းပဲ ဆော့နေတာ။ ဒီနေ့တော့ မှတ်မှတ်ရရ ဂိမ်းမဆော့ဘူး။ ကွမ်းလည်း မစားဘူး”

“နွယ် မတားဘူးနော်”

“အမယ်…မတားတာဘဲရှိတာလေ”

“အင်းပါ။ ဆော့လေ နွယ် သီချင်းဖွင့်ထားရင် အဆင်ပြေလား”

“ရတယ်လေ။ နားထောင်ရတာပေါ့”

သူ့အနားက ထထွက်လာပြီးမှ ဖုန်းကို လိုက်ရှာရသေးသည်။ ဟိုတယ်ပြန်ရောက်ကတည်းက ဖုန်းကို ဘယ်နားတင်မိမှန်း မမှတ်မိဘူးရယ်။ မီးအားလုံးပိတ်ထားတာမို့ လရောင်ဖျော့ဖျော့အားကိုးဖြင့် အခန်းတွင်း ဝှေ့ကြည့်ရင်း နွယ့်ဘက်ခြမ်း ကုတင်ဘေးက စားပွဲပေါ်မှာ တွေ့လိုက်ရသည်။ ဖုန်းသွားယူရင်း ကုတင်ပေါ်မှာပဲ လှဲလိုက်သည်။ သီချင်းဖွင့်ထားတာ နားထောင်ရင်း သူပါ ဂိမ်းဆော့နေရင်း ကုတင်ပေါ် လှဲလာသည်။ ပြီးမှ တစ်ဖက်ခြမ်းမှာ လှဲနေတဲ့ နွယ့်ကို သူ့ရင်ခွင်ထဲဖက်ထားကာ ဂိမ်းဆော့နေရင်း သီချင်းလိုက်ညည်းနေသောကြောင့် ယွန်းမြတ်သူသီချင်းရဲ့ စာသားတွေပါ ရနေတဲ့ သူ့ကို အံ့သြစွာ မော့ကြည့်မိသည်။ ဂိမ်းဆော့ပြီးချိန်မှာ သူ့ Messenger ကို ဖွင့်တော့ နွယ် မျက်နှာလွှဲလိုက်သည်။

“ကြည့်ပါကွ။ ပြမို့”

“အာ…သူများ ကိုယ်ရေးကိုယ်တာကြီး”

“ဒီမှာ တွေ့လား ဘယ်သူနဲ့မှ စကားမပြောထားဘူး”

သူပြတော့လည်း ဘာရယ်မဟုတ်ပါဘူး။ သူ့ဖုန်း Screen ကို ဖျတ်ခနဲကြည့်လိုက်တော့ ဂရုတွေ Noti ကလွဲရင် နွယ်အကောင့်ပဲ တွေ့ရသည်။

“အွန်း…အဲ့တော့”

“ကိုယ် အရင်ကဆို လိုင်းသိပ်မသုံးဖြစ်ဘူး။ ဂိမ်းပဲဆော့တာ။ ပို့စ်တင်ချင်တာ တင်၊ မန့်ချင်တာ မန့် ပြီးရင် Out ပြီ”

“အခုကြ”

“အခုကြ နွယ် ရှိတယ်လေ။ နွယ်နဲ့ စကားပြောနေလို့ လိုင်းသုံးဖြစ်နေတာ”

“သြော်…”

သူ့ကို မော့ကြည့်ရင်း သဘောကျစွာ သူ့ပါးလေးကို နမ်းလိုက်သည်။ သူ့ဘက်ကို တစောင်းလှဲနေတာမို့ သူ့ကိုကျော်ပြီး ပြတင်းပေါက်က မြင်ကွင်းကို တွေ့လိုက်ရသည်။ လိုက်ကာ ပိတ်မထားတာမို့ အပြင်ရှုခင်းမှာ မီးရောင်စုံလေးတွေနဲ့ ကြည့်ချင်စရာဖြစ်နေတာကြောင့် နွယ် ထထိုင်လိုက်သည်။ နွယ် ရှုခင်းကြည့်ရတာကို သဘောကျသည်။ ဘယ်သူ့ကိုမှ လွမ်းတာမျိုးမဟုတ်ဘဲ လှပတဲ့ ရှုခင်းဖြစ်စေ၊ ကောင်းကင်ကိုဖြစ်စေ ထိုင်ကြည့်နေရသည့် ခံစားမှုကို သဘောကျတတ်တာကြောင့် ယခုလည်း ညရှုခင်းလေးကို ကြည့်ချင်လာသည်။

“နွယ် ပြတင်းပေါက်ကို ခဏသွားမယ်နော်။ ညရှုခင်းလေး ကြည့်ချင်လို့”

“အင်း သွားလေ”

သူ့ရင်ခွင်ထဲမှ ထထိုင်လိုက်ကာ ပဝါပတ်ပြီး နွယ် ပြတင်းပေါက်ဘက် ထသွားလိုက်သည်။ ပြတင်းမှန်တံခါးကို အသာတွန်းဖွင့်တော့ မိုးဖွဲဖွဲရွာနေတာမို့ ပြတင်းဝမှာ မိုးရေတွေ ကျနေသည်။ အခန်းတွင်း လေအေးထက် ပြတင်းက ဝင်လာတဲ့ ပြင်ပလေနုအေးနဲ့ ထိတွေ့ရတာကို သဘောကျလို့ ပြတင်းတံခါးကို ပြန်မပိတ်ဘဲ ဖွင့်ထားပြီး အဲ့နားလေးမှာပဲ မတ်တတ်ရပ်နေလိုက်သည်။ နွယ့်ဘေးမှာ ကပ်ရပ်ရင်း နွယ့်ပခုံးပေါ်ကနေ သူ့လက်နဲ့ သိုင်းဖက်လိုက်ချိန်မှာ နွယ့်လည်ပင်းကို သူ့လက်နဲ့ ခွေသလိုဖြစ်သွားပြီး နွယ့်ဆံပင်ကို ဖိသလိုဖြစ်နေတာမို့ ဆံပင်တွေကို ပခုံးတစ်ဖက်သို့ ဖယ်ရင်း သူ့အနားလေး တိုးကပ်ရပ်လိုက်သည်။ ဘေးချင်းယှဉ်ရပ်နေရာမှ သူ့ကိုမှီရင်း ပါးပြင်နှစ်ခု ပွတ်သပ်ထိတွေ့ရင်း တိတ်တိတ်လေး သက်ပြင်းချမိသည်။ တိတ်ဆိတ်နေရာမှ နွယ် တိုးတိုးလေး စကားဆိုလိုက်သည်။

“ဘာလိုလိုနဲ့ မနက်ဖြန်ဆိုရင် နွယ် ပြန်ရတော့မယ်”

သူ့ကို ပြောသလိုလို၊ ကိုယ့်ဘာသာ ပြောသလိုလိုဖြင့် နွယ် ပြောမိသည်။ သူ့ဆီက ဘာသံမှ မကြားရတာမို့ နွယ်တို့ကြားမှာ တိတ်ဆိတ်မှုကသာ ကြီးစိုးနေခဲ့သည်။ ပြင်ပမှာ တိတ်ဆိတ်နေပေမယ့် စိတ်ထဲမှာတော့ အတွေးတွေနဲ့ ဝမ်းနည်းသလိုလို ခံစားရသည်။

“နွယ်တို့ ဒီတစ်ခါတွေ့ပြီးရင် နောက်တစ်ကြိမ်ဆိုတာ မသေချာတော့ဘူးနော်”

“ကံပေါ့ နွယ်ရယ်။ တွေ့ဖို့ကံပါရင် တွေ့ရမှာပေါ့။ ဒါမယ့် နောက်တစ်ကြိမ်ဆိုတာ ၆ လလည်း ဖြစ်နိုင်တယ်။ တစ်နှစ်လည်း ဖြစ်နိုင်တယ်။ မတွေ့ဖြစ်တော့တာမျိုးလည်း ဖြစ်နိုင်တယ်”

“အင်း”

“အင်း” တစ်လုံးတည်းသာ အသံတိုးတိုးထွက်နိုင်သည်။ ရင်ထဲ လှိုက်ခနဲဖြစ်လာသလို မျက်ရည်က မျက်လုံးထဲမှာ ပြည့်လာသည်။ မျက်တောင်ခတ်ပြီး ပုတ်ထုတ်နေပေမယ့် မျက်ရည်တွေ ဆက်တိုက်ကျလာချိန်မှာတော့ ပါးပြင်ကနေတစ်ဆင့် သူ့လက်ပေါ်ကို စီးကျကုန်သည်။ မျက်ရည်သုတ်လိုက်ရင် သူသိမှာစိုးလို့ ဒီအတိုင်းလေး ထားလိုက်သည်။ တစ်ပေါက်၊ နှစ်ပေါက်မှာ မသိသာပေမယ့် ဆက်တိုက်ကျနေတာမို့ သူ့လက်က စိုစွတ်မှုကို သတိထားမိချိန်ကြမှ

“ပြတင်းပေါက်ကနေ ရေတွေ ကျနေတယ်ထင်တယ်။ ကိုယ့်လက်ပေါ် ကျနေတယ်။ နွယ့်ဆံပင်တွေရော စိုကုန်ပြီလား”

ပြောရင်း သူ့လက်ကို သုတ်ချိန်ကြမှ နွယ် ငိုနေတာ သူသိသွားသည်။

“မငိုပါနဲ့ နွယ်ရယ်။ ကိုယ်က နွယ့်ကို ပျော်စေချင်တာလေ”

သူ့လက်ကို ဖယ်ရင်း နွယ့်ကို ကြည့်ပြီး နှစ်သိမ့်နေတဲ့ သူ့ကို မျက်ရည်တွေသုတ်ရင်း ပြန်ကြည့်မိသည်။

“မငိုပါဘူး။ သူ့ဘာသာ မျက်ရည်က ကျလာတာ”

“ဟောဗျာ။ ငိုတာနဲ့ မျက်ရည်ကျတာ မတူဘူးလား”

“အင်း။ မတူဘူး”

“ဟုတ်ပါပြီဗျာ”

“ဟိုးက မီးတန်းလေးတွေက စစ်ကိုင်းတောင်ထင်တယ်။ နေဦး မျက်မှန်မပါတော့ မမြင်ရဘူး”

နွယ့်အာရုံတွေ ပြောင်းသွားစေရန် စကားလမ်းကြောင်းပြောင်းရင်း သူ မျက်မှန်သွားယူနေသည်။ ပြန်ရောက်လာတော့ တစ်နေရာကို လက်ညှိုးထိုးပြရင်း

“ဟိုးမှာတွေ့လား မီးလင်းနေတဲ့နေရာကနေ ဟိုးဘက်ထိ အဲ့ဒါ စစ်ကိုင်းတောင်ဖြစ်မယ်”

“နွယ်တော့ မရောက်ဖူးဘူး။ သိလည်း မသိဘူး။ သွားမယ့်သူကတော့ ကြည့်ထားပေါ့။ ကိုယ်ရောက်မယ့်နေရာဆိုတော့ ဟီး”

“အေးပါ။ သူများပြောရရင် မျက်နှာကြီးကိုဖြီးလို့”

နွယ့်ကိုပြောရင်း ခုံဝိုင်းလေးမှာ သူထိုင်လိုက်သည်။ ပြီးမှ နွယ့်လက်ကိုဆွဲပြီး နွယ့်ခါးကို ဖက်လာသည်။

“ဒါနဲ့ နွယ်တောင် ရန်ကုန်ပြန်ရောက်ရင် ရင်သားကင်ဆာစစ်မလို့”

“ဟင်…ဘာလို့”

“ဒီလိုပဲ ရင်သားမှာ အကျိတ်ဖုလေးတွေ စမ်းမိသလားလို့”

“ဪ…ကိုယ်စမ်းပေးမယ်လေ”

ပြောလည်းပြော လက်ကလည်း နွယ့်ပဝါကိုဖြည်ပြီး ရင်သားနှစ်ဖက်စလုံးရဲ့ ပတ်လည်ကို လက်ဖဝါးနဲ့ ပွတ်သပ်စမ်းပြီးမှ

“ဘာမှမရှိပါဘူး နွယ်ရဲ့”

တကယ်မရှိတာလား သူပဲ မတွေ့တာလားမသိပေမယ့် ရင်သားနှစ်ဖက်တော့ ပယ်ပယ်နယ်နယ် အကိုင်ခံလိုက်ရသည်။ ဒါပေမယ့် စိတ်ပူပြီး စမ်းပေးတဲ့အတွက်ကြောင့် စိတ်ထဲ သဘောကျမိသည်။

“အင်း…အခုလို စစ်ပေးမယ့်သူရှိတော့လည်း ကောင်းသား ဟီး”

ပြောရင်း သူ့ကို ရင်ခွင်ထဲထည့်ပြီး ဖက်ထားမိသည်။ ပြီးမှ သတိရပြီး ပဝါပြန်ပတ်ချိန်မှာတော့ နွယ့်ကို သူ့ပေါင်ပေါ်မှာ ထိုင်စေသည်။

“လေးနေပါ့မယ် အစ်ကိုရဲ့”

“ထိုင်ဆို ထိုင်လေကွာ။ မလေးပါဘူး”

“ကော်ဖီမသောက်ခင်ကကျ ပေါင်နာတယ်ဆို”

“ဟီး…အာ့က စတာ”

သူ့ကို မျက်စောင်းထိုးရင်း သူ့ပခုံးကို ဖက်ကာ သူ့ပေါင်ပေါ်မှာပဲ ထိုင်ရင်း သူကတော့ နွယ့်ခါးကို ဖက်ထားရင်း နွယ့် ဗိုက်ခေါက်လေးကို လိုက်ကိုင်နေသည်။ ခုံသေးသေးလေးပေါ်မှာ သူ့ပေါင်ပေါ် ထိုင်နေရတာမို့ လက်တစ်ဖက်ဖြင့် ပြတင်းဘောင်ကို ကိုင်ထိန်းရင်း ကိုယ်ဖော့ပြီး ထိုင်နေပေမယ့် ထိုင်ရတာ အားနာတာရယ်၊ ကြာတော့ ညောင်းလာသလိုမို့ နွယ် ထလိုက်ပြီး သစ်သားခုံ နောက်တစ်ခုံကို ပြတင်းပေါက်ဘက် ရွှေ့ပြီး ထိုင်လိုက်သည်။ နွယ်ယူလာတဲ့ သစ်သားခုံမှာ ကြီးပြီး လက်တန်းနဲ့ နောက်မှီပါတဲ့အတွက် သက်သောင့်သက်သာ ထိုင်နိုင်လို့ သူ့ကို ထိုင်စေချင်ပေမယ့် ခုံက နိမ့်နေတာမို့ အကြီးကို နိမ့်ရာမှာ ထိုင်ခိုင်းဖို့ မသင့်တော်ဘူးလို့တွေးရင်း နောက်မှီကို မမှီဘဲ ရှေ့နားလေးမှာပဲ မတ်မတ်လေးထိုင်ရင်း သူ့ကို ခေါ်လိုက်သည်။

“အစ်ကို”

နွယ့်ဘက်ကို လှည့်ကြည့်ရင်း

“ပြောလေ နွယ်”

“ပြောတော့ ၄၅ မိနစ်ဆို။ အခုကျ နွယ် အပေါ်တက်တာ ၅ မိနစ်တောင် မကြာလိုက်ဘူး။ ဟီး”

“မတ်တတ်ရပ်တုန်းက နွယ် နာနေမယ်ထင်လို့ အပေါ်တင်လိုက်တာ ကိုယ် မှားသွားတယ်။ မမနွယ်က သိုင်းကွက်တွေ စွတ်သုံးတာကိုး။ ပြောတော့ ကျွန်မက ခံပဲ ခံတတ်တာဆို”

“အာ…အဲ့အချိန်က အရမ်းကောင်းနေတာကို”

“အင်းလေ။ နွယ်သာ ကိုယ်ရပ်ခိုင်းတဲ့အချိန် ရပ်လိုက်ရင် ဒီ့ထက်ကြာကြာ ပိုကောင်းရမှာ။ အခု နွယ်က ကိုယ့်စကားမှ နားမထောင်ဘဲ”

“ရော်…ကောင်းနေတာကြီးကို ဘယ်လိုရပ်လို့ရမှာတုန်း။ သူ့ဘာသာ မခံနိုင်တာကို။ နွယ် အဲ့ချိန်လေးကို တကယ်သဘောကျတာ။ ဒါတောင် ဇကောဝိုင်း မမွှေ့လိုက်ရဘူး ဟီး”

“အေးပါ။ မတ်တတ်ရပ်တဲ့အချိန်နဲ့ပေါင်းရင် ၁၅ မိနစ်တော့ ကျော်မှာပါ။ ကိုယ်လည်း နွယ်နဲ့ကြမှ အရှက်ကွဲတာပဲ”

“အာ…ဘာလို့ အရှက်ကွဲရမှာလဲ။ နွယ် တကယ်ကြိုက်တာ။ အရမ်းကောင်းတယ်။ နွယ် မဝသေးဘူး။ ဟီး”

“အခုကတော့ မရတော့ဘူးလေ။ အာ့ကြောင့် နောက်တစ်ခါကျ ကိုယ် ရပ်ဆို ရပ်လိုက်။ နွယ် ဘာမှလုပ်စရာမလိုဘူး။ ငြိမ့်ငြိမ့်လေး ခံစားရအောင် လုပ်ပေးမယ်”

“လူက သူ့ဘာသာ အလိုလိုလုပ်တာလေ။ အဲ့ချိန်ငြိမ့်တာထက် စိတ်တက်နေတုန်း လုပ်ချင်ရာ လုပ်မှာ။ ကိုယ့်ဘာသာ ခံနိုင်အောင် ကြိုးစားပေါ့။ ဟီး”

“မခံနိုင်လို့ တားနေတာပေါ့ နွယ်ရယ်။ နွယ့်ပုံစံကြောင့် ဘယ်လိုမှ မထိန်းနိုင်တာ။ ကိုယ့်ဘာသာဆို အချိန်ကြိုက်သလောက် ဆွဲဆန့်လို့ရတယ်”

“နွယ့်ပုံစံကြီးက ဘာဖြစ်နေလို့တုန်း”

“မမနွယ်က မျက်လုံးကြီးစွတ်မှိတ်ပြီး အသံတွေထွက်ပြီး ဇွတ်ထင်ရာစိုင်းနေတာလေ။ ကိုယ့်ဘာသာလည်း သိမယ့်ပုံမပေါ်ပါဘူး”

“ဟီး။ နွယ် စိတ်က အတက်အကျမြန်တတ်တော့ တက်တဲ့အချိန်လေး ကိုယ်ကြိုက်တာ လုပ်မိတာပါ။ အစ်ကို့ဘာသာ ခံနိုင်ရည်မရှိတိုင်း သူများပဲ ပြောနေတယ်”

“ဒါနဲ့ စာရေးရင်ရော ဒါတွေ ထည့်ရေးမှာလား”

“အစ်ကိုက စာရေးခံချင်လို့ နွယ်နဲ့တွေ့ခဲ့တာလား”

“အဲ့လိုတော့ မဟုတ်ပါဘူး။ နွယ့်သဘောပါ။ နွယ်က ကိုယ်တွေ့တွေ ရေးတတ်တော့ မိတ်ဆက်ပေးတဲ့သူက စာအသစ်တွေ ဖတ်ရမယ်ထင်တယ်ဆိုပြီး စနေလို့”

“နွယ်စိတ်ပါရင်တော့ ရေးဖြစ်မှာပေါ့။ တော်ရုံ နွယ့်စိတ်ထဲ မခံစားရရင် မရေးဖြစ်လောက်ဘူး”

“ရေးရင်တော့ အစ်ကို အရှက်ကွဲပြီပဲ”

“ဘာလို့”

“နွယ့်သိုင်းကွက်တွေကြားမှာ ရှုံးသွားလို့လေ”

“အာ…အနိုင်အရှုံးရယ် ရှိမလား။ နွယ့်အတွက်တော့ အစ်ကို့ကို သဘောကျတယ်လေ”

“အစ်ကိုလည်း နွယ့်ကို သဘောကျတာပဲ”

“တကယ်…” (နွယ့်မျက်လုံး အရောင်တောက်သွားမည်ထင်သည်)

“မယုံလို့လား”

“အဲ့လိုလည်း မဟုတ်ပါဘူး။ အစ်ကို့ပုံစံက နွယ့်ကို သဘောကျတဲ့ပုံမှ မဟုတ်တာ”

“အမှန်ဝန်ခံရရင် နွယ့်ကို စတွေ့ထဲက သဘောကျတာ။ နွယ်ပုံစံကိုတော့ မတွေ့ခင်ထဲက သိသားပဲ။ တမင်နောက်နေမှန်းသိလို့ မပြောခဲ့တာ”

“တော်တော်ဟန်ဆောင်နိုင်တာပဲ။ နွယ့်မှာတော့ နွယ့်ကို တွေ့ရင် သဘောကျစေချင်တာကို သူက ရုပ်တည်ကြီးနဲ့။ ကားပေါ်ရောက်မှ စနောက်ရင်း မျက်နှာပြောင်တာပဲရှိတယ်။ နွယ့်ကို သဘောကျတဲ့ပုံမှ မပေါ်တာ”

“ကားပေါ်မှာ နွယ် ကိုယ့်ကိုကြည့်နေတာ ကိုယ်သိသားပဲ”

“အာ…ကားမောင်းရင်း အရှေ့ပဲ ကြည့်နေတာ ဟုတ်ဘူးလား”

“နွယ် ခေါင်းလှည့်လာကတည်းက မြင်တယ်။ ကိုယ့်ကို ငေးနေတာ”

“အမ်…အာ့ဆို အရှက်က နွယ်ကွဲတာပဲ”

“လည်ပင်းကို နမ်းတာလည်း သိတယ် ဟီး”

“ဟင်…နမ်းမိလို့လား”

“အမလေး မမနွယ်ရယ် ကိုယ့်လည်ပင်းကို လာနမ်းတာ မသိစရာလား။ ပြီးတော့ နွယ်ပဲ ကိုယ့်ပါးကို အရင်စနမ်းတာနော်”

“အာ့က နမ်းအောင် တမင်အသည်းယားအောင် ဘယ်သူလုပ်တာလဲ”

“နွယ်က စလို့ကောင်းတော့ ကိုယ်က စချင်တာလေ။ ဟိုတယ်က ပြန်ထွက်လာတော့ ငိုမဲ့မဲ့နဲ့ ဟားဟား”

“အင်းပါ။ ရယ်ပါ။ နွယ်… အစ်ကိုနဲ့ နေရတာကို တကယ် သဘောကျတာ”

“အစ်ကိုလည်း နွယ့်ကို သဘောကျတာပါပဲ။ ကိုယ်နဲ့ဘက်ညီတယ်လို့ ခံစားရတယ်။ ပြီးတော့ နွယ်က အစ်ကို့ဒဏ် ခံနိုင်တယ်”

“အစ်ကို့ဒဏ်…။ ဘာကြီးတုန်း။ အခုထိတော့ နွယ် ဘာမှမဖြစ်ပါဘူး။ ကြိုက်တယ်။ လိုချင်သေးတယ်။ မဝသေးဘူး။ ဟီး။ အခု အစ်ကိုအဆင်သင့်ဆို ကုတင်ပေါ်သွားရုံပဲ။ မယုံရင် စမ်းကြည့်။ ဟီး”

“မမနွယ်ရယ်။ မရပါဘူးဆို ဇွတ်။ တခြားသူတွေတုန်းက အစ်ကို့ဒဏ် မခံနိုင်ဘူး။ အာ့ကြောင့် တစ်ကြောင်းပဲ နေဖြစ်တာများတယ်။ တစ်ယောက်ဆို ထပ်လုပ်ဦးမှာလား မေးတဲ့အထိ။ အဲ့လိုမေးခံရရင် စိတ်မပါတော့ဘူး”

“ဪ…နွယ်တော့ ဘာမှမဖြစ်ပါဘူး”

“နွယ့်တင်ပါးဆိုဒ်နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ သားအိမ်လမ်းကြောင်းရှည်မယ့်ပုံ။ အတွင်းနက်တာပေါ့။ ဟီး”

“အာ့ကြောင့်နေမှာ ချစ်သူနဲ့ နေရတာနဲ့ မတူဘူး။ အစ်ကိုနဲ့နေရတာကို ပိုသဘောကျတယ်”

“အင်း”

“နွယ် လူအများကြီးနဲ့လည်း မတွေ့ချင်တော့ဘူး။ အာ့ကြောင့် ကိုကိုနဲ့ပဲတွေ့ပြီး လူသစ်ထပ်မတွေ့တော့တာ”

“ဒါမဲ့ နွယ် အခုလုပ်နေတာတွေက မှန်တယ်လို့ ပြောလို့မရဘူးလေ”

“နွယ် သိတာပေါ့။ အဲ့ဒါကြောင့်လည်း နွယ်စိတ်ကျေနပ်သွားရင် လိုင်းမသုံးဘဲ နေဖြစ်တာ။ ၃ လလောက်တော့ နွယ် နေနိုင်ပါတယ်။ ဒါမဲ့ လိုချင်လို့ လိုင်းပြန်သုံးရင် လူသစ်ပြန်ရှာရရော။ ဖြစ်ချင်တော့ နွယ် လိုင်းမသုံးဘဲ ပျောက်တဲ့အချိန်တွေမှာ ကိုကိုတစ်ယောက်ကပဲ စာတွေ ပို့ထားတတ်တယ်။ အာ့ကြောင့်လည်း သူနဲ့တွေ့ဖြစ်သွားတာ။ လူသစ်မရှာချင်တာရယ်၊ နွယ့်အပေါ်မှာ ကြင်နာပြီး ဂရုစိုက်ပေးတာရယ်၊ ကိုကိုနဲ့တွေ့ပြီးရင် နွယ့်စိတ် ကျေနပ်သွားတာရယ် အာ့တွေကြောင့် ကိုကိုနဲ့ပဲ တစ်လတစ်ကြိမ် ဆက်တွေ့ဖြစ်သွားတာ”

“ဪ…။ ကိုကိုနဲ့အကြောင်းတွေဖတ်ရတာတော့ အဆင်ပြေနေတဲ့ပုံပါပဲ။ ဒါနဲ့ ကိုကိုနဲ့ အစ်ကိုဆို ဘယ်သူနဲ့နေရတာ သဘောကျလဲ”

“မေးခွန်းကြီးက အဖေနဲ့အမေ ဘယ်သူ့ပိုချစ်လဲလို့ မေးနေသလိုပဲ။ အစ်ကို့ရှေ့မို့ ပြောတာ မဟုတ်ပါဘူး။ အစ်ကို့ကို ပိုသဘောကျတယ်။ တစ်ခါမှ အခုလို မခံစားဖူးဘူး”

“အစ်ကို့အနေနဲ့ပေါ့လေ…ပြောရရင် နွယ် အခုလိုတွေ့နေတာမျိုး မလုပ်စေချင်ဘူး။ မလုပ်လည်း မလုပ်သင့်တော့ဘူး”

“အင်း…။ ဒါမဲ့ အပြင်ဘဝမှာထက် အခု နွယ်နှင်းမြူဘဝမှာ ပိုပျော်နေပြီ အစ်ကိုရဲ့”

“လိုင်းမသုံးနဲ့လို့ ပြောတာ မဟုတ်ဘူးလေ။ လိုင်းသုံးလို့ရတယ်။ နွယ် စာတွေရေးတာ ကောင်းတာပဲ။ တချို့ဟာတွေဆို သင်ပေးထားတာတွေတောင် ပါတယ်။ ဒါမျိုးကျ ကောင်းတယ်လေ။ ကိုယ် ဆိုလိုချင်တာက အပြင်မှာ သွားမတွေ့ဖို့ ပြောချင်တာ”

“ဘာသင်ပေးမိလို့လဲ”

“နူးနပ်တာတွေ ဘယ်နေရာကစ ဆိုတာတွေပေါ့။ ဒေါ်မေ့ ကိုယ်ရေးပြီး ကိုယ်မမှတ်မိဘူးလား”

“ဪ… အာ့လား။ အာ့က သင်တာရယ်မဟုတ်ပါဘူး။ ကိုယ်ခံစားရတာတွေကို မိန်းကလေးတွေလည်း သဘောကျမယ်ထင်လို့ ရေးခဲ့တာ”

“အင်းလေ။ ကောင်းတယ်လေ။ လူတွေ့တာကျ အန္တရာယ်လည်းများတယ်။ တစ်ချိန်မဟုတ်တစ်ချိန် တစ်ယောက်ယောက်ဖြစ်စေ၊ ချစ်သူကိုယ်တိုင်ဖြစ်စေ တွေ့သွားရင် နွယ် ဘယ်လိုလုပ်မလဲ။ စဉ်းစားဖူးလား”

“စဉ်းစားဖူးတာပေါ့။ ကြောက်လည်းကြောက်တယ်။ အာ့ကြောင့် ကိုကိုနဲ့ပဲ တွေ့ဖြစ်တာ။ ဒါမဲ့ ကိုကိုနဲ့ကလည်း တွေ့သာတွေ့တာပါ။ အရင်လိုမဟုတ်တော့ဘူး။ သူမအားလို့ လိုင်းမသုံးတာက များတယ်။ နွယ့်အတွက် အချိန်မပေးနိုင်သလို စိတ်ဖိစီးမှုများလို့ထင်တယ်။ အဲ့အပိုင်းမှာ အရင်လောက် စိတ်မပါနိုင်ဘူး။ ကျန်တာတော့ Friend အဖြစ် တွေ့တာ ၂ ယောက်လောက်ပါပဲ။ သူတို့ကတော့ နွယ့်အပေါ် တော်တော်ကောင်းတဲ့သူတွေပါ။ စိတ်ရှည်သည်းခံတာရော၊ နွယ်မကြိုက်တာမျိုး မလုပ်တဲ့သူတွေမို့ တွေ့ဖြစ်နေတာ။ အဲ့တော့ အစ်ကို ဆိုလိုချင်တာက သူတို့ကိုပါ မတွေ့သင့်ဘူးပေါ့”

“ဒါပေါ့။ မတွေ့သင့်ဘူး။ အကယ်၍များ အဲ့လိုတွေ့နေတုန်း မျက်နှာချင်းဆိုင် ဆုံမိရင် နွယ် ဘယ်လိုရှင်းပြမှာလဲ။ နွယ်က ကြောက်တယ်သာပြောတာ။ တကယ်မကြောက်သေးဘူး။ နွယ်က တွေးကြည့်ရုံနဲ့တင် သိနိုင်တဲ့သူပါ။ နွယ့်အတွက်ပြောပြတာ”

“နွယ်သိပါတယ်။ နွယ့်ချစ်သူနဲ့တုန်းက…….”

နွယ့်ဘဝအကြောင်းတွေ၊ နွယ့်ချစ်သူအကြောင်းတွေ၊ နွယ်ဖြတ်သန်းခဲ့ဖူးတဲ့အကြောင်းတွေ သူ့ကို ပြောပြဖြစ်သည်။ နွယ်ပြောသမျှကို စိတ်ရှည်လက်ရှည် အလေးအနက်ထား နားထောင်ပေးပြီး အကြံဉာဏ်ပေးနေတဲ့ သူ့ပုံစံက အခုကြတော့လည်း မနက်ကနဲ့ တခြားစီပင်။ လူကြီးဆန်သလို တည်ငြိမ်တဲ့ပုံစံမို့ သူ့ကို ငေးကြည့်နေမိသည်။

“အစ်ကိုပြောတာ မှန်ပါတယ်။ အင်းပါ။ နွယ် အတတ်နိုင်ဆုံး ထိန်းမယ်။ ဒါနဲ့ နွယ် လိုအပ်လာရင် ဘယ်လိုလုပ်ရမှာလဲ။ အခုက အစ်ကို့ကို ကြိုက်နေပြီလေ။ ကိုကိုနဲ့လည်း မတွေ့ချင်တော့ဘူး။ အစ်ကိုနဲ့ပဲ တွေ့ချင်တာ။ အစ်ကို့ပဲ စားချင်တာ။ ဟီး”

ပြောရင်း သူ့ခုံနား တိုးသွားပြီး သူ့ဖွားဖက်တော်ကို ကိုင်လိုက်သည်။

“အယ်…”

“ဘာလို့”

“အဆင်သင့်ဖြစ်နေတယ်ရော်။ ဟီး”

“နည်းနည်းတောင်ကြာပြီ”

“ကြည့်…မပြောဘူး။ သူများ မဝသေးပါဘူး။ စားချင်ပါတယ်လို့ ဒီလောက် ခဏခဏ ပြောနေတာကို”

“ဟုတ်ကဲ့ပါဗျာ”

နွယ့်ကို ပြောရင်း ထရပ်လိုက်ပြီး ကုတင်ဘေးက စားပွဲဆီကို သူ ထွက်သွားသည်။ သူ့ကို လိုက်ကြည့်ရင်း ဆက်ထိုင်နေတဲ့ နွယ့်ကို လှည့်ကြည့်ပြီး

“မဝသေးဘူးဆို။ ဘာထိုင်ကြည့်နေတာလဲ။ ဒီကိုလာခဲ့လေ”

“သိဘူးလေ။ ဘာမှမပြောဘဲ ထသွားတော့ လိုက်ကြည့်နေတာပေါ့။ စောစောကပြောပါလား ဟီး”

နွယ် သူ့အနားရောက်တော့ သူလည်း ကွန်ဒုံးစွတ်ပြီးပြီမို့ နွယ့်ကို ကုတင်ပေါ် လှဲခိုင်းပြီး နွယ့်အပေါ် တက်လာသည်။ နွယ့်နှုတ်ခမ်းကို နမ်းရင်း သူ့ဖွားဖက်တော်ကို နွယ့်ပန်းဖူးလေးထဲ ထည့်ချိန်မှာတော့ သွင်းလို့မရဘဲ ပြန်ပျော့သွားသည်။ နမ်းနေရင်း ကြိုးစားကြပေမယ့် ဘယ်လိုမှ ထူးခြားမလာလို့ သူလက်လျှော့သွားချိန်မှာတော့ နွယ် သူ့ကို မလွှတ်ပေးဘဲ ပေါင်နဲ့ညှပ်ထားရင်း

“အာ…စားချင်ပါတယ်ဆိုမှ ဘာလို့ကျသွားတာလဲ။ မရဘူးဟာ သူများမဝသေးပါဘူးဆို”

“ဒီကလေးနှယ် မရတာကို ဘယ်လိုလုပ်ရမှာတုန်း။ စောနကသာ စကားနားထောင်ရင် ကောင်းမှာ။ အခုမှတော့ လွှတ်ပါ။ အချိန်ရှိပါသေးတယ် နွယ်ရဲ့။ ထပ်ကြိုးစားကြည့်တာပေါ့”

“ကတိနော်။ ဟီး”

သူခေါင်းညိတ်ပြတော့မှ လွှတ်ပေးလိုက်သည်။ သူထသွားတော့မှ နွယ်လည်း နွယ့်ကုတင်ဘက်ခြမ်းကို လျှောက်သွားလိုက်သည်။

“နွယ် ရေသောက်ချင်တယ်”

နွယ် ပြောသံကြားတော့ သူဘေစင်မှာ လက်ဆေးနေရင်း လှမ်းဖြေသည်။

“ရေဘူးက မှန်တင်ခုံပေါ်မှာ နွယ်ရဲ့”

“ရတယ်။ နွယ် သွားယူလိုက်မယ်”

ကုတင်ပေါ် ထိုင်နေရာက ထကာ ခုတင်ကို ပတ်ပြီး လျှောက်တဲ့အချိန်မှာ ရုတ်တရက် ကိုယ့်ခြေသံ ကိုယ်ပြန်ကြားလိုက်ရလို့ ငုံ့ကြည့်လိုက်တော့ ခြေလှမ်းက ပုံမှန်မဟုတ်ဘဲ ခြေထောက်ကို မထိန်းနိုင်ဘဲ ယိုင်ပြီး လမ်းလျှောက်နေတာကို သိလိုက်ရသလို ခေါင်းထဲ ရိပ်ခနဲဖြစ်ပြီး အမြင်က မကြည်ချင်တော့ဘူးမို့ နှုတ်ကနေ ပြောမိလိုက်သည်။

“အဲ…ငါမူးနေတာလား”

နွယ့်အသံကြားတော့ သူ လှမ်းပြောသံကြားလိုက်ရသည်။

“နွယ် မူးလဲမယ်နော်။ မူးနေရင် ထိုင်ချလိုက်”

သူလက်ဆေးနေတုန်းမို့ နွယ့်ဆီချက်ချင်းမလာနိုင်လို့ နွယ့်ကို လှမ်းပြောရင်း ကြည့်နေတာ မြင်လိုက်သည်။ သူပြောတာကို ကြားပေမယ့် မှန်တင်ခုံဆီ ရောက်အောင်သွားပြီး ရေဘူးကို ပိုက်ကာ ပဝါကိုလှမ်းယူပြီး နွယ့်ခုတင်ဘက်ခြမ်းကို ခြေလှမ်းယိုင်တိုင်တိုင်၊ ခြေသံတဘတ်ဘတ်နဲ့ ရောက်အောင် လျှောက်သွားပြီး ကုတင်ပေါ် လှဲနေလိုက်သည်။ သူရောက်လာတော့ ကုတင်ပေါ်လှဲနေတဲ့ နွယ့်ကိုကြည့်ကာ ပြုံးပြီး ရယ်နေသည်။

“သက်သာလားနွယ်။ ဘယ်လိုနေသေးလဲ”

“အင်း…။ ရုတ်တရက်ကြီး။ နွယ် တစ်ခါမှ မမူးဖူးဘူး”

“အာ့ကြောင့် အစ်ကို ပြောပါတယ်။ မမနွယ် မူးမယ်လို့ ပြောပြောနေတာကို ဒါတောင် သူက မဝဘူးချည်းပဲ”

နွယ့်ကိုပြောရင်း အဲကွန်းကိုလျှော့ပြီးမှ ကုတင်ပေါ်တက်လာကာ နွယ့်ကို စောင်သေချာခြုံပေးသည်။ ဘယ်ဘက်ကိုပဲ စောင်းအိပ်တတ်သူမို့ သူ့ကို ကျောပေးပြီး ကုတင်အစွန်းဘက်နားတိုးကာ တစောင်းအိပ်နေရင်း နွယ် မှေးခနဲ အိပ်ပျော်သွားသည်။ ခဏလေး မှေးခနဲအိပ်ပျော်နေချိန်မှာပဲ အောက်ပြုတ်ကျသလို ခံစားရပြီး ခန္ဓာကိုယ် ဆတ်ခနဲတွန့်ကာ နွယ် နိုးလာသည်။ နွယ့်ကျောကို အသာပုတ်ပေးပြီး နွယ့်ကိုလှမ်းဆွဲပြီး သူ့ရင်ခွင်ထဲ ထည့်ကာ

“လာ…အစ်ကို့နားတိုးခဲ့။ ကလေးလေးက စိတ်မဖြောင့်တာလား စိတ်မချတာလား။ အိပ်တာတောင် လန့်နိုးနေတယ်။ ဒီညတော့ စိတ်ဖြောင့်လက်ဖြောင့် အိပ်လိုက်တော့”

ပြောပြောဆိုဆိုပင် သူ့လက်မောင်းပေါ် ခေါင်းအုံးစေပြီး သူ့ရင်ခွင်ထဲအိပ်နေတဲ့ နွယ့်နဖူးလေးကို နမ်းခံလိုက်ရတာ နောက်ဆုံးသိလိုက်သည်။ နွယ့်မျက်လုံးတွေ ဖွင့်မရအောင် လေးလံနေသလို စကားပင်မပြောနိုင်ဘဲ နွယ် အိပ်ပျော်သွားခဲ့သည်။

ပူလောင်အိုက်စပ်မှုနဲ့အတူ နွယ် နိုးလာခဲ့သည်။ အရင်ဆုံး သတိထားမိတာ နွယ့်တစ်ကိုယ်လုံး ချွေးတွေရွှဲနေသည်။ သူ့ရင်ခွင်ထဲ အိပ်ပျော်စဉ်ကအတိုင်း နိုးလာတော့လည်း သူ့ရင်ခွင်ထဲမှာပင်။ ပူလောင်အိုက်နေတာရယ်၊ ချွေးတွေရွှဲနေတာရယ်ကြောင့် နွယ် စောင်ကို ဖယ်လိုက်ချိန်မှာ သူပါ နိုးလာခဲ့သည်။

“ပူလို့လား နွယ်”

“အင်း။ နွယ့်တစ်ကိုယ်လုံး ချွေးတွေချည်းပဲ”

“နွယ် အေးမှာစိုးလို့ အစ်ကို အဲကွန်းလျှော့ထားတာ။ ခဏလေး မထနဲ့ဦး။ အစ်ကို တစ်သျှူးယူပေးမယ်”

ကုတင်ခြေရင်းက စားပွဲမှာ တင်ထားတဲ့ တစ်သျှူးဘူးဆီသွားကာ တစ်သျှူးတွေယူပြီး နွယ့်ကို ပေးပြီးမှ အဲကွန်း Speed ကို တင်ကာ ကုတင်ပေါ် ပြန်ရောက်လာသည်။ ရင်ဘတ်နဲ့ ခန္ဓာကိုယ်ပေါ်က ချွေးတွေသုတ်ပြီး တစ်သျှူးပစ်ဖို့ မထချင်တာနဲ့ နွယ့်ဘက်ခြမ်း ကုတင်ဘေးကို ပစ်ချပြီး နွယ် လှဲအိပ်နေလိုက်သည်။ သူ ပြန်ရောက်လာတော့လည်း နွယ့်ကို လက်တစ်ဖက်က ဖက်ထားရင်း ကျန်လက်တစ်ဖက်နဲ့ စောင်သေချာပြန်ခြုံပေးနေတာ သိလိုက်သည်။

နွယ် ထပ်ပြီး အမှောင်ထုထဲကို လျင်မြန်စွာ ရောက်သွားခဲ့သည်။ ဘာဆိုဘာမှ မသိလိုက်ဘဲ အမှောင်ထုမှာ တဖြည်းဖြည်း လင်းလာခဲ့ပြီး နွယ့် မျက်လုံး ပွင့်လာခဲ့သည်။ မျက်လုံးဖွင့်ဖွင့်ချင်း ပထမဆုံး တွေ့လိုက်ရတာ မျက်နှာကြက်ဖြူဖြူ။ မီးသီးအလှဆင်ထားတဲ့ အကွက်လေးတွေ တွေ့ရသည်။ မနေ့က သတိမထားမိခဲ့တဲ့ မျက်နှာကြက်ဖြူဖြူလေးက အခုတော့လည်း လှနေတယ်လို့ ခံစားမိသည်။

ဒုတိယ သတိထားမိတာ နွယ့်လည်ပင်း။ သူ့လက်မောင်းပေါ် ခေါင်းအုံးထားသလို နွယ့်လည်ပင်းကို သူ့လက်ဖြင့် သိုင်းဖက်ထားသည်။ ခေါင်းလေး ငုံ့ကြည့်လိုက်ချိန်မှာတော့ နွယ့်လည်ပင်းနားမှာ သူ့လက်နှစ်ဖက်ကို လက်ချောင်းလေးတွေ ယှက်ထားတာ တွေ့လိုက်ရသည်။ ညအိပ်တဲ့အချိန်မှာ နွယ် ဘယ်ဘက်စောင်းအိပ်နေကျမို့ ခန္ဓာကိုယ်လှည့်မှာစိုးလို့လား၊ ဒါမှမဟုတ် ကုတင်တစ်ဖက်စွန်းကို လှိမ့်ရင်း ပြုတ်ကျမှာစိုးလို့များ နွယ့်ကို အခုလို ဖက်ထားခဲ့သလားပင်။ အိပ်ပျော်နေတဲ့ သူ့ကို မော့ကြည့်လိုက်တော့လည်း သူ့အသက်ရှူသံကြောင့် သူအိပ်ပျော်နေသည်မှာ အသေအချာပင်။

အိပ်ပျော်နေတာတောင် လက်ကိုမလွှတ်ဘဲ ယှက်ထားဆဲဖြစ်သလို သူ့လက်မောင်းပေါ်မှာ တစ်ညလုံး နွယ် ခေါင်းအုံးအိပ်ခဲ့သည့် နာကျင်မှုဒဏ်ကို ဘယ်လိုများ သည်းခံခဲ့ပါလိမ့်လို့တွေးရင်း အအိပ်ဆတ်ပုံရတဲ့ သူ့ကြောင့် နွယ် မလှုပ်ဘဲ ငြိမ်နေလိုက်သည်။ နည်းနည်းလေးကြာတော့ နွယ့်ခေါင်းရင်းနားမှာ တင်ထားတဲ့ ဖုန်းကို လက်နဲ့ စမ်းပြီး ယူလိုက်သည်။ ကင်မရာကိုဖွင့်ပြီး သူ့လက်ယှက်ထားတာလေးကို သဘောကျလို့ ဓာတ်ပုံရိုက်ဖို့ ချိန်လိုက်ပေမယ့် သူ့ကို ခွင့်မတောင်းဘဲ မရိုက်ချင်သလို အခုလို ဓာတ်ပုံရိုက်တာကို သူလည်း မကြိုက်လောက်ဘူးလို့တွေးပြီး မျက်နှာကြက်ကိုသာ ရိုက်လိုက်သည်။ နွယ့်လှုပ်ရှားမှုကြောင့် ထင်သည်။ သူ နိုးလာခဲ့သည်။

“နွယ် သက်သာလား”

နိုးလာလာချင်း နွယ့်ကို အရင်ဆုံး မေးလာတဲ့ မေးခွန်းကြောင့် သဘောကျတဲ့ အပြုံးတွေနဲ့အတူ သူ့ကို ခေါင်းညိတ်ပြလိုက်သည်။ သူ့လက် ဖြည်လိုက်တော့မှ သူ့ရင်ခွင်ထဲက ထွက်ပြီး တစ်ဖက်ကို လှိမ့်ကာ ခုတင်ဘေးမှာ ကျနေတဲ့ တစ်သျှူးစတွေကို ဓာတ်ပုံရိုက်ရင်း သူ့ကို မေးလိုက်သည်။

“နွယ့်ကြောင့် နိုးလာတာလား”

“မဟုတ်ပါဘူး။ အခန်းက လင်းနေတော့ အလိုလို နိုးလာတာထင်တယ်”

သူပြောမှ သတိထားမိသည်။ ပြတင်းပေါက်မှာ လိုက်ကာ မပိတ်ထားသည့်အတွက် အခန်းမှာ မီးမထွန်းထားသော်လည်း နံနက်ခင်းအလင်းရောင်ကြောင့် လင်းနေခဲ့သည်။ သူ့ဖုန်းမှ ဖုန်းဝင်လာသောကြောင့် သူ့ရင်ခွင်ထဲဝင်ကာ နွယ် ငြိမ်နေလိုက်သည်။

“ထူးထူးဆန်းဆန်း မနက် အစောကြီး ဆက်လို့ပါလား”

တစ်ဖက်က ဘာပြောလဲ မကြားရသော်လည်း သူပြောတာကိုတော့ အတိုင်းသား ကြားနေရသည်။

“အခုလား။ ဟိုတယ်မှာလေ။ ချစ်သူလေးနဲ့”

ဖုန်းပြောရင်း နွယ့်ကို ငုံ့ကြည့်ပြီး နွယ့်နဖူးက ဆံစလေးတွေကို လက်ချောင်းလေးနဲ့ တို့ထိဆော့ကစားနေသည်။

“တွေ့မယ်လေ။ နေ့လယ် ဆိုင်ထိုင်ခါနီး ဖုန်းဆက်လိုက်မယ်”

တွေ့မယ်ဆိုသည့်စကားကြားရ၍ သူ့ကို မော့ကြည့်မိသည်။ နွယ့်ကိုယ်နွယ် လက်ညှိုးထိုးပြရင်း နှုတ်မှ အသံမထွက်ဘဲ “နွယ်ရောလား” လို့ မေးလိုက်သည်။ နွယ့်ကို ခေါင်းညိတ်ပြရင်းမှ

“အာ့ဆို ဒါပဲလေ။ တွေ့မှပဲ မိတ်ဆက်ပေးတော့မယ်”

နွယ့် စိတ်ထဲ လန့်သွားပြီး သူ့ကို မျက်လုံးပြူးကြည့်မိသည်။ သူဖုန်းပြောလို့ ပြီးသွားပြီမို့

“အစ်ကို့ သူငယ်ချင်းလား”

“အင်း။ မတွေ့တာကြာပြီ။ အခုမှ ဘာစိတ်ကူးပေါက်ပြီး ဖုန်းဆက်လဲ မသိဘူး”

“ဒါနဲ့ တကယ် နွယ်နဲ့ ပေးတွေ့မလို့လား။ ကောင်းပါ့မလား။ တော်ကြာ အစ်ကို့အတွက် မကောင်းဘူးနော်”

“ရပါတယ်။ ဆိုင်ထိုင်မှာဆိုတော့ နှစ်ယောက်တည်းထက်စာရင် အဖော်ပါတော့ ပိုကောင်းတာပေါ့။ နွယ် အဆင်ပြေတယ်မလား”

“ပြေတာက ပြေပါတယ်။ မန်းလေးမှာ နွယ့်ကို သိတဲ့သူမှ မရှိဘဲ။ အစ်ကို အဆင်ပြေရင် ရပြီ”

“အင်း။ အာ့ဆို အခု နွယ် ဘာစားမှာလဲ”

“အစ်ကို အဆင်ပြေရာပဲ မှာလိုက်ပါ။ ရတယ်။ နွယ်က ဘာဖြစ်ဖြစ် စားပါတယ်”

“အာ့ မေးတာမဟုတ်ဘူး။ လူအရင်စားမှာလား၊ မုန့်အရင် စားမှာလားမေးတာ”

“သြော်…နွယ်က အကောင်းမေးနေတယ်ထင်တာ။ အစ်ကိုက လာနောက်နေတာပဲ။ ဒါနဲ့ အစ်ကိုကရော ဘယ်အချိန်ပြန်မှာလဲ”

“၈ နာရီကျော်လောက်မှ ပြန်မယ်။ ပြီးမှ လာပြန်ခေါ်မယ်လေ။ နွယ် အဆင်ပြေတယ်မလား”

“နွယ်က ပြေပါတယ်။ အစ်ကို ပြန်လာမှာတော့ သေချာတယ်မလား”

“ဒီတစ်ခါ အရှက်ကွဲရင်တော့ ပြန်မလာတော့ဘူးလေ။ ဟီးဟီး”

“အမ်။ အဲ့လိုတော့ မလုပ်နဲ့လေ။ နွယ် မန်းလေး မသွားတတ်ပါဘူးဆို”

“နောက်တာပါခင်ဗျာ။ ပြန်လာခေါ်မှာပါ။ စိတ်ချ။ အိမ်ကိုတော့ ခဏပြန်မှ ရမယ် နွယ်ရဲ့”

“အင်း အာ့က ရပါတယ်။ ပြန်လာခေါ်ရင် ပြီးရော။ ဟီး”

သူ့ကိုပြောပြီး ခုတင်ပေါ်မှဆင်းကာ ရေချိုးခန်းဘက် နွယ် ထွက်ခဲ့လိုက်သည်။ နွယ် ရေချိုးခန်းက ပြန်လာတော့ သူလည်း ရေချိုးခန်းဘက် ထသွားတာနဲ့ ခုတင်ပေါ်မှာပဲ စောင်ခြုံပြီး သူ့ကို စောင့်နေလိုက်တယ်။ ရေချိုးခန်းထဲမှာ ဖုန်းပြောရင်း မုန့်မှာနေသံ ကြားရသည်။ သူ ပြန်လာတော့ ကုတင်ပေါ် တက်မလာဘဲ ကုတင်ခြေရင်းက ထိုင်ခုံမှာ ထိုင်ပြီး မုန့်လာပို့တာ စောင့်ရင်း နွယ်တို့ စကားပြောဖြစ်ကြသည်။

တံခါးခေါက်သံကြားတော့ နွယ် စောင်ထဲဝင်ကာ ခေါင်းမြီးခြုံနေလိုက်သည်။ လာပို့တဲ့သူ ပြန်သွားမှ ကုတင်ပေါ်က ဆင်းခဲ့လိုက်တယ်။ နံနက်စာ စားဖို့ ပြင်ဆင်နေတုန်းမှာပဲ ကော်ဖီထုပ် တွေ့တာကြောင့် သူ့ကို မေးလိုက်သည်။

“အစ်ကို ကော်ဖီသောက်ဦးမှာလား”

“အင်း သောက်မယ်လေ။ အတူတူသောက်ရအောင် ကော်ဖီပါ မှာလိုက်တာ”

“အင်း။ အာ့ဆို နွယ် ရေနွေးတည်ဖို့ လုပ်လိုက်မယ်”

စားပွဲပေါ်တွင် ရှိနေသော (၃)မိနစ် ရေနွေးအိုးယူပြီး ရေဖြည့်ဖို့အသွား သူ့အနားရောက်ချိန်မှာ နွယ့်လက်ကို လှမ်းဆွဲပြီး

“နွယ်…ကိုယ့်ကို ချစ်လား”

ရုတ်တရက် သူ့အမေးကို ဘာမှ ပြန်မဖြေဘဲ နွယ့် လက်ကို ဖြည်ကာ သူ့အနားက ထွက်ခဲ့လိုက်သည်။ ဘေစင်မှာ ရေဖြည့်နေရင်း နွယ် သဘောကျစွာ ရယ်နေမိသည်။ နောက်တစ်ကြိမ် နွယ့်ကို သူထပ်မေးပြန်သည်။

“နွယ်…ကိုယ့်ကို ချစ်လားလို့”

သူ့မေးခွန်းကို ဘာမှပြန်မဖြေဘဲ ဘေစင်က မှန်ကိုကြည့်ရင်း နွယ် ထပ်ပြုံးမိသည်။ ယခုအချိန်ထိ သူ့ကို သဘောကျပေမယ့် ချစ်တယ်လို့ ဖြေရလောက်အောင် နွယ့်စိတ်ထဲမှာ မခံစားမိသေးတာ သေချာသည်။ ပြီးတော့ သူ့ကို ချစ်တယ်လို့ ပြန်မဖြေချင်သေးသလို သူ အခုလို ခဏခဏ မေးနေတာလေးကို သဘောကျလို့ တမင်ပြန်မဖြေဘဲ မသိချင်ယောင် ဆောင်နေခြင်းပင်။ နွယ့်ထံမှ မည်သည့်အဖြေမှ မကြားရတဲ့အခါ သူ လက်လျှော့သွားပုံ ရသည်။

ဆေးထားတဲ့ ကော်ဖီခွက်ကို စားပွဲပေါ်တင်ပြီး ရေနွေးအိုးတည်ပြီးမှ သူ့ရဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ သူနယ်ပေးထားတဲ့ မုန့်ပန်းကန်ကို ကမ်းပေးတာကြောင့် လှမ်းယူပြီး မုန့်နယ်ထားတာ မနှံ့သေးလို့ တူ ၂ချောင်းကို တစ်ဖက်စီ ခွဲ,ကိုင်ကာ မုန့်မွှေရင်း

“မုန့်က တစ်ပွဲတည်းရော်။ အစ်ကို မစားဘူးလား”

“စားပါ။ နွယ် ကြိုက်တယ်မလား”

“အွန်း။ နွယ် တို့ဟူးနွေးကြိုက်တယ်လို့ မပြောမိပါဘူး။ ဒါလည်း သိတာပဲလား”

“နွယ်က ရှမ်းခေါက်ဆွဲ၊ မြီးရှည် ကြိုက်တတ်တာမို့ တို့ဟူးနွေးလည်း ကြိုက်လောက်မယ်ထင်လို့ပါ”

“အင်း။ ကြိုက်တယ်။ ဒါနဲ့ တစ်ပွဲတည်း။ အစ်ကို မစားဘူးလား”

သူ့ကိုမေးပြီးချိန်မှာ မုန့်နယ်လို့ပြီးသွားတော့ ပထမဆုံး တစ်လုတ်ကို သူ့အား ခွံ့ကျွေးလိုက်သည်။

“စားဦးစားဖျားလေး မြည်းကြည့်”

သူ့ကို ကျွေးပြီးမှ နွယ် စားကြည့်သည်။ မထင်ထားလောက်အောင် အရသာမှာ စားကောင်းနေခဲ့သည်။

“အဲ…စားကောင်းတယ်ရော်”

“စားကောင်းရင် စားပါ။ နွယ် ကြိုက်တယ်ဆို ရပြီ”

အဲ့ဒီလိုနဲ့ သူ့ကို တစ်လုတ် ခွံ့ကျွေးလိုက်၊ နွယ် တစ်လုတ် စားလိုက်ဖြင့် တို့ဟူးနွေး တစ်ပွဲကို နှစ်ယောက်အတူတူ စားဖြစ်ခဲ့သည်။ နောက်ဆုံး တစ်လုတ်မက နှစ်လုတ်စာမကျ ကျန်ချိန်မှာတော့ တစ်ဝက်စီခွဲကာ သူ့ကို ခွံ့ကျွေးပြီး ကျန်တာကို နွယ် စားလိုက်သည်။

“မုန့်တောင် အတိအကျ ခွဲစားတာနော်။ မတ်မတ်နွယ်က တကယ် စနစ်တကျကြီး”

“အမ်…သူ မဝမှာစိုးလို့လည်း ခွဲကျွေးရသေးတယ်။ အဲ့တစ်ပွဲလုံး နွယ် တစ်ယောက်တည်းလည်း ကုန်တယ်နော်။ အစ်ကို ဗိုက်ဆာနေမှာစိုးလို့ ခွဲကျွေးတာ”

“အင်း။ သိတယ်လေ။ အာ့ကြောင့် တမင် တစ်ပွဲပဲ မှာလိုက်တာ။ ခွံ့ကျွေးတာ စားချင်လို့။ ဟီး”

“အမ်…”

သူ့အား မျက်စောင်းထိုးရင်း

“ဉာဏ်ချည်းပဲ။ ပုံမှန်ဆို နွယ် စားမယ့်အထဲက အခုလို ခွဲမကျွေးတတ်ပါဘူး။ နွယ်က တစ်ကိုယ်ကောင်းသမား။ ကျွေးချင် တစ်ပွဲသပ်သပ်ဝယ်ကျွေးတာ။ နွယ်စားမယ့်အထဲကတော့ ခွဲမကျွေးတတ်ဘူး”

“မတူဘူး နွယ်ရဲ့။ အာ့က သူများကို။ အခု နွယ်က ကိုယ့်အပေါ်မှာ လုပ်ပေးမှာ သေချာတယ်။ ဘာလို့လဲဆိုတော့ နွယ်က အစ်ကို့ကို ဂရုစိုက်ချင်တာ။ လုပ်ပေးချင်တာလေ။ ပြီးတော့ မိန်းကလေးတွေမှာက မိခင်စိတ်ရှိတယ်။ ကိုယ်ချစ်တဲ့သူဆို ဂရုစိုက်ပေးချင်တယ်။ လုပ်ပေးချင်တတ်ကြတယ်လေ။ အခုလည်း အဲ့လိုပဲ။ နွယ့်ကို လုပ်ခွင့်ရအောင်လို့ လုပ်ပေးတာ”

“အရမ်းတွေ အလိုက်သိနေတာနော်”

ရေနွေးရနေပြီမို့ ရေနွေးအိုး သွားယူပြီး ထိုင်ခုံဆီ ပြန်ထိုင်လိုက်သည်။

“အစ်ကို။ ရေဘယ်လောက်ထည့်ပေးရမလဲ”

“နွယ် အဆင်ပြေသလို ဖျော်ပါ။ ရတယ်”

“အဲ့လိုမဟုတ်ဘူးလေ။ အစ်ကို ဘယ်လိုကြိုက်လဲမေးတာ။ ညကလည်း မဖြေဘူး။ အစ်ကို ကြိုက်တဲ့ပုံစံ ဖျော်ပေးတော့ ပိုသောက်လို့ ကောင်းတာပေါ့”

“နွယ် ဖျော်ပေးတာကို ကြိုက်တာလေ။ ဘယ်လိုဖျော်ဖျော် ရတယ်။ နွယ်ကိုယ်တိုင် ဖျော်ပေးတာမို့ ကြိုက်တာ”

ထိုင်ခုံနောက်မှီကို မှီကာ နွယ့်ကို ပြောနေတဲ့ သူ့ကိုကြည့်ရင်း နွယ့်မျက်နှာမှာ ကျေနပ်အပြုံးတို့ ပြုံးမိမယ်ထင်ပါတယ်။ သူ အဲ့ဒီလို ဖြေတာလေးကို နွယ် သဘောကျတယ်လေ။ ကော်ဖီတစ်ခွက်ပဲ ဖျော်ပြီး တစ်ခွက်ကို ရေနွေးအဖြူပဲ ထည့်လိုက်သည်။

“ကော်ဖီက တစ်ခွက်ပဲလား။ နွယ် မသောက်တော့ဘူးလား”

“နွယ် 3in1 ကော်ဖီတွေ မကြိုက်ဘူးအစ်ကိုရဲ့။ အစ်ကို့အတွက်ပဲ ဖျော်ပေးတာ။ နွယ် မသောက်တော့ဘူး”

ကော်ဖီသောက်ရင်း နွယ့်ကို ကြည့်ကာ

“နွယ်…ကိုယ် တော်တော်ကံကောင်းတာပဲနော်”

“ဘာလို့”

“သြော်…နွယ်က ကော်ဖီတောင် မကြိုက်ရင် လုံး၀ မသောက်ဘူးဆိုတော့လေ။ အခုက ကိုယ် ကံကောင်းတာပေါ့။ နွယ်က ကိုယ့်ကို စားတယ်လေ”

“သြော်…ဟီး။ အာ့တော့ ဟုတ်တယ်။ နွယ် သဘောမကျတဲ့သူဆိုရင်တော့ လက်မခံလောက်ဘူး။ ဒါမယ့် အစ်ကို့ကိုတော့ ဘာလို့မှန်းမသိ လူမမြင်ဖူးခင်တည်းက စိတ်ထဲ လက်ခံမိနေတာ။ ဗိုလ်ထိုင်နဲ့ ပုံပို့တုန်းက မှိုပွင့်လေးမြင်ပြီး တွေးမိသေးတယ်”

“ဘာတွေးမိတာတုန်း”

“ဟီး။ bj ပေးမယ်လို့လေ”

“အမ်။ ပြောတော့ တေးတေးလေးဆို။ မထူးခြားဘူးဆို”

“ဟုတ်တယ်လေ။ မထူးခြားဘူးလေ။ ဟီးဟီး”

“နွယ်က တစ်ယောက်တည်းပါနော်”

“ဘာလို့”

“နွယ် ၁၅ ကိုယ်များ ရှိသလားလို့လေ”

“အမ်။ နှစ်ယောက်မရှိနိုင်တဲ့ တစ်ဦးတည်းသော နွယ်ပါရှင်။ ဘာလို့တုန်း”

“ဟုတ်တယ်လေ။ မကြိုက်ဘူးလို့ ပြောတာလည်း နွယ်၊ တေးတေးလေးလို့ ပြောတာလည်း နွယ်၊ ပုံပြပြီးမှ လက်ခံမယ်ပြောတာလည်း နွယ်၊ ပြီးမှ ပုံက ရှုထောင့်ကစားလို့ရတယ်ပြောလို့ ဝရံတာမှာ video call နဲ့ ပြောရင်း တံတွေးမြိုချသံကြားရတာလည်း နွယ်ပဲ။ ဒါတောင် Video Call ပြီးမှ လေသံပြောင်းသွားတုန်းက ဝန်မခံတာလည်း နွယ်ပဲ။ အပြင်မှာ ကိုင်ကြည့်ပြီးမှ ယုံမယ်ပြောတာလည်း နွယ်။ ပြောတော့ ဘာမှမခံစားရပါဘူးဆိုပြီး လာတဲ့လမ်းမှာလည်း ရွှဲလို့ ရေဝင်ဆေးခဲ့တယ်ပြောတာလည်း နွယ်။ ညကလည်း မဝသေးဘူးပြောပြီး အခုကျ မထူးခြားဘူးပဲပြောလို့ နွယ် အစစ်မှဟုတ်ရဲ့လားလို့ပါ။ အခုလည်း လူမမြင်ဖူးခင်ထဲက bj ပေးမယ် စိတ်ကူးထားတယ်တဲ့။ တော်တော် တတ်လည်း တတ်နိုင်တဲ့ နွယ်”

“ဟီး…မကြိုက်ဘူးလား”

“ကြိုက်တယ်လေ”

“အင်းလေ။ အာ့ အဓိကပဲလေ။ အစ်ကို ကြိုက်ရင် ပြီးတာပဲ”

“မမနွယ်ပဲ အမျိုးမျိုး ပြောနေတာ။ ကျွန်တော်က ကြိုက်တယ်ပဲ ပြောခဲ့တာခင်ဗျ”

“ဘာလဲ။ ငြိုငြင်တာလား”

“မငြိုငြင်ပါဘူးဗျာ။ မတ်မတ်နွယ် စကားတွေက ရှေ့နောက်မှ မညီဘဲ။ သူများကို စကလည်း စချင်။ စိတ်ပျက်သွားမှာလည်း ကြောက်သေးတယ်။ နွယ်က ကလေးလေးနဲ့တူတယ်။ သိသာတယ်။ ဟန်မဆောင်တတ်ဘူး။ သဘောကျရင် မျက်နှာကို ပြုံးဖြီးနေရော။ ဒါတောင် ညက ထပ်နေမယ်ချည်း ဂျစ်တိုက်နေတာ။ မဝသေးဘူးချည်းအော်ပြီး အိပ်ပျော်သွားတာလည်း နွယ်ပဲနော်”

“ညက မူးသွားလို့ပါဗျ။ အခုက အေးဆေးဖြစ်သွားပြီ။ ဗိုက်လည်း ဝသွားပြီဆိုတော့ အားအပြည့်ပဲ။ ဟီးဟီး”

“ဒီလောက် မူးသွားတာတောင် မပြီးဘူးပြောခဲ့တာလည်း နွယ်ပဲနော်။ ဟားဟား”

နွယ်တို့ ကော်ဖီသောက်ရင်း စကားတွေ အပြန်အလှန်ပြောပြီးမှ သူ ထိုင်ခုံကနေ ထ,သွားခဲ့သည်။ ဘေစင်သွားပြီး သူ မျက်နှာသစ် သွားတိုက်နေသောကြောင့်

“နွယ်ဆို ပိတ်ရက်တွေ နေ့လယ်ထိ အိပ်တာ။ တစ်ခါတလေ မုန့်သာ ထစားလိုက်တယ်။ မျက်နှာလည်း မသစ်ဘူး။ သွားလည်း မတိုက်ဘူး။ ဟီး”

“ကိုယ်လည်း အတူတူပဲ။ ပိတ်ရက်ဆို မလုပ်ဖြစ်တာ များတယ်”

သူ ပြန်ဖြေသံ ကြားမှ နွယ် စဉ်းစားမိသည်။ နွယ်တို့ နောက်တစ်ကြိမ် နေမှာမလို့ သူ သန့်ရှင်းရေး လုပ်နေတာများလားလို့ပေါ့။ အဲ့ဒီလို အတွေးနဲ့အတူ သိမ်းစရာရှိတာတွေ သိမ်းဆည်းကာ ဘေစင်ရှိရာလိုက်သွားပြီး သူ့အနား ရပ်နေလိုက်သည်။

“ပြောတော့ ပိတ်ရက်တွေ မလုပ်ဘူးဆို။ အခု ဘာစိတ်ကူးပေါက်လို့ အနားရောက်လာတာလဲ”

“သိဘူးလေ။ အစ်ကို သန့်ရှင်းရေးလုပ်နေတော့ နွယ်လည်း လာလုပ်တာပေါ့။ ဘာလဲ မလုပ်ရဘူးလား”

“လုပ်ပါဗျာ။ မတ်မတ်နွယ် သဘော”

သူ့ကို ပြောနေတုန်းမှာပဲ နွယ့်ကို ဖြေရင်း ဘေစင်ကနေ သူ ထွက်သွားသည်။ နွယ်လည်း မျက်နှာသစ်၊ သွားတိုက်ပြီး ကုတင်ဆီရောက်တော့ အောက်ပိုင်းကို စောင်ခြုံထားပြီး သူ ကုတင်ပေါ် လှဲနေသည်။ စောင်ကို လှန်ကာ နွယ် စောင်ထဲဝင်ပြီး လှဲလိုက်သည်။ ခဏအကြာမှာတော့

“ဒါနဲ့ အစ်ကို့ ညီလေး အခြေအနေရော”

မေးလည်းမေး လက်ကလည်း စောင်ကို လှန်ကာ သူ့ဖွားဖက်တော်အား ကြည့်လိုက်သည်။ ပုံမှန်အတိုင်းသာ ရှိနေသေးသောကြောင့်

“တွေ့လား တေးတေးလေးပါဆို။ ဟီး”

“ပြောင်တယ်နော်။ ရယ်ထားပါ”

“ရော်။ တကယ်ပြောတာလေ။ ဒီမှာ ကြည့်ပါလား။ ဘယ်မှာလဲ ၈ လက်မ ရှိမှမရှိဘဲနဲ့။ ဟီးဟီး”

“ကိုယ်က ကိုယ်သူခိုး နွယ်ရဲ့။ အဝတ်အစားနဲ့ကြည့်ရင် လူကောင်မကြီးသလိုပဲ။ အခု ကြည့်ပါလား။ ကိုယ့်ပုံစံက မထင်ရဘူးမလား။ အဲ့လိုပဲ ကိုယ့်ညီလေးကလည်း သူခိုးပဲ။ ထလာမှ ကြီးတာမျိုး”

“ယုံပါဘူး။ ဟီးဟီး”

“ငါနော်။ ဒီကလေး ဘယ်လိုလုပ်ရမလဲ”

“ဘယ်လိုမှ မလုပ်နဲ့။ နွယ် အရင်လုပ်မယ်။ ဟီးဟီး”

“မနိုးသေးတော့လည်း နှိုးရမှာပေါ့”

နွယ် အဲ့ဒီလို ပြောလိုက်ချိန်မှာပဲ သူ့လိင်တံမှာ ဆတ်ခနဲဖြစ်သွားသောကြောင့် သူ့လိင်တံကို ဘယ်ညာရမ်းရင်း သူ့မျက်နှာကိုကြည့်ကာ

“အယ်ကို…ဘာတွေ မျှော်လင့်နေတာလဲ။ နွယ် bj မပေးဘူးလို့ ပြောထားတယ်လေ။ ဟီးဟီး”

“ဟောဗျာ။ နွယ်ပဲ ပုံမြင်ထဲက ပေးမယ်လို့ စိတ်ကူးထားတယ်ဆို။ အခုကြည့် ဘာတွေမျှော်လင့်နေတာလဲတဲ့။ မမနွယ်ပဲ အမျိုးမျိုး။ သဘောပါဗျာ။ ကြိုက်တာလုပ်ပါ”

အငြင်းအခုံလုပ်ရင်း လိင်တံကို ဆော့ကစားနေတုန်းမှာပဲ ထောင်မတ်လာသည်။ သူ့ခါးအလယ်လောက်မှာ နွယ် ထိုင်လိုက်သည်။ နွယ့်ဆံပင်တွေကို ဘယ်ဘက်ခြမ်းမှာ စုပြီး ချလိုက်ပြီးမှ ကိုယ်ကို ကိုင်းကာ သူ့လိင်တံအား တစ်ချက် နမ်းလိုက်သည်။ သူ့ကို လှမ်းကြည့်တော့လည်း နွယ့်ကိုကြည့်ပြီး ပြုံးနေသည်မို့ နွယ့် မျက်လုံးအကြည့်တွေကို သူ့လိင်တံဆီ ပို့လိုက်ပြီး လက်နဲ့ဆော့ကစားနေခဲ့သည်။

တဖြည်းဖြည်း ထောင်မတ်ပြည့်တင်းလာတဲ့ သူ့လိင်တံကို လျှာဖျားလေးနဲ့ အရင်ထိလိုက်သည်။ တင်းရင်းနေတဲ့ လိင်တံထိပ်ဖူးလေးကို သဘောကျစွာ နမ်းမိသည်။ လက်နဲ့ လျှာတို့ရဲ့ လှုပ်ရှားမှုတွေကြားမှာ သူ့လိင်တံလေး ထောင်မတ်စိုစွတ်နေဆဲ။ သူ့ကို တစ်ချက်တစ်ချက် လှမ်းကြည့်ရင်း လိင်တံတစ်လျှောက် လျှာနဲ့ ပွတ်တိုက်ရင်း ထိပ်ဖူးလေးရဲ့ အဝကိုတော့ ကျင်မှာစိုးလို့ လျှာဖျားလေးနဲ့သာ ဆော့ကစားခဲ့သည်။ တစ်ခါတလေ သူ့လိင်တံနဲ့ နွယ့်ပါးပြင်ကို တဖတ်ဖတ်ရိုက်ရင်း ဆော့ကစားခဲ့သည်။

“နွယ် ခဏလေး”

နွယ် ရပ်တန့်လိုက်ချိန်မှာ သူ ကုတင်ပေါ်က ဆင်းသွားသည်။ ကွန်ဒုံးဘူးယူကာ သူ ကုတင်ပေါ် ပြန်တက်လာခဲ့သည်။ သူ့လက်ထဲက ကွန်ဒုံးဘူးကို ယူပြီး နွယ် ဖောက်လိုက်သည်။ အချိန်ဘယ်လောက်မှ မကြာလိုက်သော်လည်း သူ့လိင်တံကို ပြန်ကြည့်လိုက်ချိန်မှာ နွယ် ငိုချင်သွားသည်။

“ဟင်…ပြန်ကျသွားတာလား”

နွယ့်ရဲ့ အားလျော့တဲ့ စကားသံကြောင့် သူ စိတ်ညစ်သွားမလားလို့ စိတ်ပူမိသည်။ ထို့ကြောင့် နောက်တစ်ကြိမ် သူ့လိင်တံကို ကိုင်ဆွရင်း bj ထပ်လုပ်ပေးဖြစ်ခဲ့သည်။ တကယ်တော့ နွယ့်စိတ်ထဲမှာ ညကလိုအဖြစ်မျိုး ထပ်ဖြစ်မှာကို စိုးရိမ်နေခဲ့တာပါ။ နွယ် ထပ်လိုချင်သေးသည်။ သူနဲ့ လိင်ဆက်ဆံရတဲ့ ခံစားမှုမျိုး နွယ့်စိတ်ထဲမှာ လိုချင်သေးသည့်အတွက် ညကလို ထပ်မရတော့မှာ စိုးရိမ်နေကြောင်းကိုတော့ သူ့ကို မပြောပြဖြစ်ခဲ့ဘူး။ bj ပေးနေတဲ့ နွယ့်ကို ကြည့်နေရင်းမှ

“နွယ်…လက်ထဲပြည့်ရဲ့လား”

“ပြည့်ဘူးလေ။ ဒီမှာကြည့်ပါလား။ ဘယ်မှာ ပြည့်လို့လဲ။ ဟီး”

သူသည် တမင်မေးခြင်းဖြစ်နိုင်သလို နွယ်သည်လည်း တမင်ပင် သူ့ကို စ,ချင်သောကြောင့် ဆန့်ကျင်ဘက်တွေသာ ပြောခဲ့သည်။ သူ့ကို bj လုပ်ပေးရင်း သူ့ထံမှ “ရလောက်ပြီ” ဟု ဆိုသောကြောင့် နွယ်ကိုယ်တိုင် သူ့လိင်တံအား ကွန်ဒုံးစွတ်ပေးလိုက်သည်။ ကွန်ဒုံးစွတ်ပြီးမှ သူ ထ,လာကာ နွယ့်ကို လှဲခိုင်းသည်။

နွယ့်အပေါ် အုပ်မိုးပြီး နှုတ်ခမ်းချင်း နမ်းရင်း စိတ်အရှိန်တွေ တက်လာချိန်မှာတော့ နွယ့် ခန္ဓာကိုယ်မှာ လွန့်လူးလာသည်။ အသက်ရှူသံတွေ၊ တရှိုက်မက်မက် အနမ်းတွေကြား ပျော်ဝင်စီးမျောနေချိန်မှာ နမ်းနေတာကို ရုတ်တရက် သူ ရပ်လိုက်တာကြောင့် သူ့ကို ကြည့်နေစဉ်မှာပဲ သူကတော့ သူ့ဖုန်းကို ယူပြီး ကြည့်နေသည်။

“ဘာလုပ်နေတာလဲ”

“အချိန်မှတ်မလို့လေ။ အရှက်တော့ ထပ်အကွဲမခံနိုင်ဘူး။ ဒီတစ်ခါ အချိန် သေချာမှတ်ထားမလို့”

“သြော်…ဟီး။ အခု ဘယ်နှစ်နာရီလဲ”

“၇ နာရီအတိ”

နွယ့်ကိုဖြေရင်း သူ့ဖုန်းကို နွယ်တို့နဲ့လွတ်ရာ ခေါင်းရင်းဘက်ကို လှမ်းထားပြီးမှ နွယ့်အပေါ် အုပ်မိုးပြီး ဆက်နမ်းခဲ့ကြသည်။ နွယ့်အပေါ် ခွထားရာကနေ နမ်းနေရင်း နွယ့်ပေါင်ကြားထဲကို သူ့ခြေထောက်ဝင်လာသည့်အခါ နွယ် အလိုက်သင့် ပေါင်ကားပေးလိုက်သည်။ နမ်းနေတာရပ်ပြီး ခန္ဓာကိုယ် မတ်သွားသည့် သူ့ကို လိုက်ကြည့်နေမိသည်။ နွယ့်အောက်ပိုင်းကို ငုံ့ကြည့်ပြီး သူ့လိင်တံကို တေ့လိုက်ပြီးမှ စောင်ကို အပေါ်ဆွဲတင်ကာ နွယ့်အပေါ် အုပ်မိုးလာသည့် သူ့ကို ပြုံးပြရင်း ဆက်နမ်းခဲ့ကြသည်။ တိုးဝင်လာသည့် သူ့လိင်တံကြောင့် သူ့ခါးကို ကိုင်ပြီး နွယ့် တင်ပါးကို ကော့ပေးမိသည်။

အနမ်းတွေမှာ စီးမျောရင်း နွယ့်အပေါ် အုပ်မိုးနေသည့် သူ့မျက်ဝန်းတွေကို စိုက်ကြည့်မိသည်။ ဆွဲငင်အားပြင်းတဲ့ အနမ်းတွေနဲ့အတူ သူ့ခါးလှုပ်ရှားမှုတို့ကြောင့် နွယ့်အသက်ရှူသံတွေ ပြင်းလာခဲ့သည်။ စည်းချက်မှန် လှုပ်ရှားမှုတွေကြားမှာ နွယ့်ရင်တို့ မို့မောက်လာသည်။ လိုချင်တပ်မက်မှုတွေ ပြင်းပြလာသည့်နောက် နွယ့် ခေါင်းအောက်က ခေါင်းအုံးကို ဆွဲထုတ်လိုက်သည်။ နွယ့်ခေါင်းအောက်ကို သူ့လက်ဖြင့် လျှို၍ နွယ့်ကို ဖက်ထားသည့်အခါ နမ်းရသည့် ခံစားမှုမှာ ပိုပြီး ခံစားသက်ဝင်မှု ကောင်းစေခဲ့သလို နွယ့်ကုပ်ပိုးအောက်ကို သူ့လက် ခံလိုက်သည်မို့ နွယ်မျက်နှာမှာ မော့သလိုဖြစ်သွားပြီး နမ်းရသည်မှာ ပိုပြီး စိတ်ကို ကြွစေခဲ့သည်။ စိတ်အရှိန်တက်လာသည်နှင့်အမျှ နွယ့်တင်ပါးမှာလည်း အလိုလို ကြွလာခဲ့သည်။

“နွယ်”

“ဟင်”

“တံတောင်ထပ်ပွန်းနေမယ်နော်။ အရမ်း အားမစိုက်နဲ့”

“ဟီး”

တားမြစ်နေသည့် သူ့ကြောင့် သဘောကျစွာ ရယ်ရင်း နွယ့်လှုပ်ရှားမှုတွေကို ရပ်လိုက်သည်။ အနမ်းတွေနဲ့ ရှေ့ဆက်ရင်း သူ့ခါးမှာ ပြန်လည်လှုပ်ရှားလာခဲ့သည်။ ဒီတစ်ခါမှာတော့ နွယ် မလှုပ်ရှားတော့ဘဲ မျက်လုံးလေးမှိတ်ကာ သူ့လိင်တံ အဝင်အထွက်ဆီ စိတ်အာရုံကို ပို့ထားလိုက်သည်။ ဝင်လာသည့် လမ်းကြောင်းတစ်လျှောက်ကို သိနေခဲ့သလို ပြန်ထွက်သွားသည့် ခံစားမှုကိုလည်း သိနေခဲ့သည်။ ပြန်ထွက်ချိန်မှာ အဆုံးထိ ထွက်သွားခြင်းမျိုးမဟုတ်ဘဲ တစ်လက်မလောက် အထဲမှာ ကျန်နေတတ်ပြီး ပြန်ဝင်လာချိန်တွေမှာလည်း တစ်ခါတလေ အတွင်းလမ်းကြောင်းရဲ့ တစ်ဖက်နံရံသားတွေကို ဖြည်းညှင်းစွာ ပွတ်တိုက်သွားတတ်သည်။ ထိုကဲ့သို့ ခံစားမှုကောင်းလေ နွယ့်အတွင်းသားတွေဖြင့် သူလိင်တံအား ညှစ်ထားမိလေပင်။

သူ့လှုပ်ရှားမှုများသည် ကြမ်းတမ်းခြင်းမရှိ၊ ကျွတ်ထွက်ခြင်းမရှိ၊ ချွတ်ချော်ခြင်းမရှိဘဲ တထစ်ထစ်အရသာကို တစ်ချက်ချင်း ခံစားရသည်အထိ နွယ် သိနေခဲ့သည်။ မျက်လုံးမှိတ်ထားရင်းမှ နွယ် သဘောကျစွာ ပြုံးမိသည်။

“နွယ်…ကြိုက်လား”

သူ့အသံကြားမှ နွယ် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့ကို ခေါင်းညိတ်ပြရင်းမှ

“အင်း…။ ကြိုက်တယ်။ ဟီး”

“နွယ် ငြိမ်ငြိမ်လေးပဲနေ။ သက်သောင့်သက်သာ ဇိမ်ခံနေရုံပဲ။ ကိုယ့်ကို ခါးလေးပဲကော့ပေး”

ထိုသို့ပြောပြီး သူသည် ဆက်လက်လှုပ်ရှားသလို နွယ်သည်လည်း မျက်လုံးလေးမှိတ်ကာ ခံစားလျက်။ သူသည် တစ်ချက်ချင်းလှုပ်ရှားမှုမှသည် တဖြည်းဖြည်း မြန်ဆန်လာသော်လည်း သူ့မြန်ဆန်မှုကို ကြမ်းတမ်းမှုအဖြစ် မခံစားရဘဲ တသိမ့်သိမ့် ခံစားရုံသာ။ ခံစားမှုတွေရဲ့ အမြင့်ဆုံးကို ရောက်ပြီးချိန်မှာ နွယ့်လှုပ်ရှားမှုတို့ ငြိမ်သက်သွားသလို မောပန်းမှုတွေနဲ့အတူ နွယ့်မျက်လုံးတွေ ပွင့်လာသည်။ ခန္ဓာကိုယ်မှာ ပူအိုက်သလို ခံစားရတာကြောင့် ရှက်တာကို မေ့လျော့ပြီး စောင်ကို ခြေဖျားဖြင့်ခတ်ကာ အောက်ကို လျှောချပစ်လိုက်သည်။

“နွယ် မောတယ်နော်”

“အမ်…။ လှုပ်ရှားရလို့ပါဗျ”

သူ့ကို မျက်စောင်းထိုးရင်း နွယ် ဖြေခဲ့သည်။

“ဝပြီလား”

သူ တမင်မေးခြင်းဖြစ်သလို နွယ်သည်လည်း ဖြေနေကျအတိုင်းသာ ဖြေဖြစ်ခဲ့သည်။

“ဟင့်အင်း။ မဝသေးပါဘူး”

နွယ်တို့ အပြန်အလှန် စကားတွေပြောနေကြသော်လည်း သူ့လိင်တံကို အပြင်မထုတ်ဘဲ နွယ့်အထဲမှာပင် စိမ်ထားရင်း သူသည် လက်ထောက်ထားကာ နွယ့်အပေါ်မှာပင်။ နွယ် အမောပြေသွားသည့်အချိန်မှာ နွယ့်နှုတ်ခမ်းကို ထပ်နမ်းရင်း သူ့လိင်တံသည် အထဲမှာပင် တင်းလာသလိုမျိုး ခံစားရသည်။ သူ့လှုပ်ရှားမှုအားလုံးကို ခံစားသိနေသည့်အပြင် ထိုခံစားမှုကို နွယ် သဘောကျနေခဲ့သည်။ သူ့ခါးလှုပ်ရှားသွားတိုင်း နွယ့်စိတ်အရှိန်တို့ ပြန်တက်လာတတ်သလို သူ့အနမ်းတို့ကြောင့် နွယ့်စိတ်တွေ ပိုပြီး လှိုက်မောနေခဲ့သည်။

နွယ့်စိတ်တွေ တက်လာတိုင်း နွယ့်တင်ပါး ကြွလာတတ်သလို သူကလည်း နွယ့်ကို စိတ်လျှော့ဖို့ တားတတ်သည်။ ရင်ထဲမှာ လှိုက်ခနဲ ခံစားမှုနဲ့အတူ နမ်းနေသည့် နွယ့် နှုတ်ခမ်းမှာ ဆက်မနမ်းတော့ဘဲ နှုတ်ခမ်းလေးဟပြီး အသက်ရှူရင်း မောနေသည့် နွယ့်ကို သူကတော့ အပေါ်စီးမှ ကြည့်ကာ ရယ်နေခဲ့သည်။

“နွယ်…မောပြန်ပြီနော်”

“ဟီး”

“ကိုယ် ပြီးလိုက်ရတော့မလား”

“ဟင့်အင်း။ နွယ် လိုချင်သေးတယ်”

နွယ့်ထံမှ အဖြေစကားကြားရချိန်မှာ သူ့လှုပ်ရှားမှုကို ပြန်လည်အသက်သွင်းခဲ့သည်။ ဒီတစ်ခါတော့ နွယ့်ဒူးခေါက်ခွက်ထဲ သူ့လက်ထည့်ကာ လက်ထောက်လိုက်ပြီးမှ သူ့လှုပ်ရှားမှုကို ပြောင်းလဲခဲ့သည်။ အရင်အခါတွေထက် ယခုတစ်ခါမှာတော့ နွယ့်ထံမှ အသံထွက်လာခဲ့သည်။ နွယ့်အသံသည် နွယ်ပင် သတိမထားမိဘဲ သူ့ခါးအလှုပ် သူ့လိင်တံ ထိုးသွင်းချက်တွေတိုင်းမှာ စည်းချက်ညီစွာ ထွက်နေခြင်းဖြစ်သည်။ သို့သော်လည်း ယခုဆက်ဆံပုံမျိုးကို ကြာရှည်စွာ နွယ် မခံနိုင်ခဲ့သလို သူ့လှုပ်ရှားမှုတွေကြားမှာ ရင်တုန်မောဟိုက်စွာ နွယ် ငြိမ်သက်သွားခဲ့ပြန်သည်။ နွယ့်ခြေထောက်ကို လွှတ်ပေးရင်း သူကတော့ နွယ့်အပေါ်မှာပင် နွယ့်မျက်နှာကို အုပ်မိုးကြည့်ရင်း ပြုံးနေဆဲ။

“နွယ်က အော်လည်း အော်တတ်တယ်နော်”

“အမ်…”

“စောနက အော်သံလေး ထပ်အော်ပြပါလား”

“အာ…အာ့က တမင်လုပ်အော်တာမှမဟုတ်ဘဲ ဒီအတိုင်းကြီးတော့ မအော်တတ်ပါဘူး”

နွယ့်စကား ဆုံး,ဆုံးခြင်းမှာပဲ သူ့ခါးလှုပ်ရှားမှုနဲ့အတူ နွယ့်အတွင်းထဲ စိမ်ထားသော သူ့လိင်တံထိပ်ဖူးမှာ နွယ် တစ်ခါမှ မသိ မထိခဲ့ဖူးသော နေရာလေးတစ်ခုကို လာထိခဲ့သည်။

“အ့”

“နွယ်က လိမ်မာသားပဲ။ ကိုယ်အော်ခိုင်းတဲ့အတိုင်း အော်တယ်”

“အာ…။ အာ့က လာထိတာကို”

“နွယ် အော်ပြပါဦး”

“အာ…ဟန်ဆောင် အော်ပြလို့ မရ…အ့”

နွယ့်စကား မဆုံးခင်မှာပဲ သူ့ခါးကို လှုပ်ရှားလိုက်တာကြောင့် နွယ့်အသံသည် ချိန်သားကိုက်ထားသလို ထွက်လာခဲ့သည်။

“ပြောသားပဲ။ နွယ်က လိမ်မာပါတယ်လို့။ ကိုယ်အော်ခိုင်းတိုင်း အော်တယ်။ ဟီး”

သူ့ကို မျက်စောင်းထိုးနေစဉ်မှာပဲ သူကတော့

“နွယ်…အော်သံလေး”

“ဒီအတိုင်း…အ့”

သူလှုပ်ရှားလိုက်တိုင်း နွယ့်ထံမှ အော်သံထွက်လာရုံသာမက အဲ့ဒီခံစားမှုရဲ့ နောက်ဆက်တွဲအဖြစ် နွယ့်စိတ်တွေ ထပ်မံ ထကြွစေခဲ့သည်။

“အစ်ကို…နွယ် မဝသေးဘူး။ ထပ်လိုချင်သေးတယ်”

“ဘယ်လောက်လိုချင်တာလဲ။ ပြောကြည့်”

“ကျို့ကုမန်း”

“အမ် ဘာကြီးတုန်း”

“နည်းနည်းလို့ပြောတာ။ ကျို့ကုမန်း ဟီးဟီး”

သူ့ခါးတစ်ချက်လှုပ်တိုင်းမှာ နွယ့်ထံမှ အော်သံထွက်တတ်သလို ရင်ထဲမှာလည်း လှိုက်ခနဲပင်။ အဲ့ဒီခံစားမှုကို ဖော်ပြရရင် ပွဲဈေးမှာ အတွဲနည်းနည်းသာ ပါသည့် ရဟတ်ကို စီးဖူးသူဆိုပါက သိနိုင်ပါသည်။ အလားတူပင် ရိုလာကိုစတာ စီးတဲ့အချိန် လျှပ်တစ်ပြက် ဇောက်ထိုးဖြစ်သွားတဲ့ ခံစားမှုမျိုးနဲ့လည်း ဆင်တူသည်။

နွယ့်အတွက်တော့ ၄ တွဲ (သို့မဟုတ်) ၆ တွဲသာ ပါသည့် ရဟတ်ကို စီးရသည်နှင့် ခံစားမှုချင်း ပိုတူခဲ့သည်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီခံစားမှုကိုရဖို့ အချိန်အနည်းငယ်သာ လိုအပ်ပြီး ရဟတ်လည်သလိုပင် ခဏလေးနဲ့ ငြိမ့်ခနဲ သိမ့်ခနဲ ခံစားခဲ့ရသည်။ သူ့ခါးလှုပ်ရှားလိုက်တိုင်း နွယ့်ရင်ထဲမှာ ရဟတ်စီးသည့်အခါ အမြင့်ကို တက်သွားသည့် ခံစားမှုမျိုးကို ထပ်ခါထပ်ခါ ဆက်တိုက်ခံစားခဲ့ရသည်။

ထိုကဲ့သို့ အမြင့်တက်ရသော ခံစားမှုမျိုး သုံး၊ လေးကြိမ် ဆက်တိုက်ခံစားပြီးချိန်မှာ သူ့ကျောပြင်ကို တင်းကြပ်အောင် ဖက်ထားရင်း နွယ် လိုချင်သေးကြောင်း တောင်းဆိုမိတတ်သည်။ တစ်ခါတစ်ရံ သူ့ကျောပြင်အား လက်သည်းဖြင့် ကုပ်မိတတ်သလို တစ်ခါတလေ သူ့ခါးကို ကိုင်ရင်း အောက်ကနေ နွယ့်ခါးကို ပင့်ကော့ပေးမိတတ်သည်။ တစ်ခါတစ်ခါလည်း နွယ့်ခြေထောက်ကို လက်ဖြင့် ထိန်းကာ သူ့လှုပ်ရှားမှုတို့ကို တုန့်ပြန်ရင်း နှုတ်ခမ်းမှာလည်း အနမ်းများဖြင့် ဆက်လျက်။

ထိုကဲ့သို့ အမြင့်တက်ရသော ခံစားမှုကို တစ်ချက်ချင်း ဆက်တိုက်ခံစားပြီး အမြင့်ကနေ ပြုတ်ကျသကဲ့သို့ ရဟတ်အောက်ကို ပြန်ဆင်းသည့်အခါ ကျသည့်အရှိန်မျိုး ရင်ထဲ သိမ့်ခနဲ ခံစားရချိန်တွေမှာတော့ နွယ် မောပန်းစွာ ငြိမ်သက်သွားတတ်သည်။ နွယ် ငြိမ်သက်သွားသော်လည်း သူကတော့ နွယ့်အပေါ်မှာပင် သူ့လိင်တံအား စိမ်လျက်။

နောက်တစ်ကြိမ် နွယ့်နှုတ်ခမ်းကို ထပ်နမ်းခဲ့ပြန်သည်။ အပေါ်ကအတိုင်းပင် သူ့လှုပ်ရှားချက်တိုင်း နွယ့်အော်သံလေး စည်းချက်ညီစွာ ထွက်လျက် အမြင့် (၇) ကြိမ်မက ဆက်တိုက်တက်ပြီးချိန်တွေမှာ အဆင်းကို ခံစားရပြီး နွယ် မောပန်းသလို ငြိမ်သွားတတ်သည်။ သူ့အနမ်းတွေနဲ့ သူ့လှုပ်ရှားမှုတွေကြား နွယ့်ခံစားချက်တို့ အမြင့်ကို တက်နေချိန်

“နွယ်…”

“ဟင်…”

“ကိုယ့်ကို ချစ်လား”

“အင်း…”

“ကိုယ့်ကို ချစ်လားလို့”

“အင်း…ချစ်တယ်။ နွယ်…အစ်ကို့…ကို…ချစ်တယ်”

လှုပ်ရှားမှုတွေနဲ့ တုန်ရီလှိုက်မောနေတဲ့ကြားက သူ့မေးခွန်းကို နွယ် ဖြေခဲ့သည်။ တကယ်လည်း အဲ့ဒီအချိန်မှာ ရင်တုန်စိတ်လှုပ်ရှားမှုတွေကြောင့် နွယ် သူ့ကို ချစ်တယ်လို့ ခံစားမိပြီး ပထမဆုံး ပြန်ဖြေဖြစ်ခဲ့သည်။

“အစ်ကို…နွယ်…နွယ်…လိုချင်သေးတယ်”

သူ့ကို ဖက်ထားရင်း နွယ် ထပ်တောင်းဆိုမိပြန်သည်။

နှုတ်ကလည်းပြောရင်း ခန္ဓာကိုယ်မှာလည်း ကြွလာပြီး သူ့ခါးကို ဖက်ကာ နွယ် အောက်ကနေ ခါးကော့ရင်း သူ့ကို ထပ်တောင်းဆိုနေမိသည်။ ဒီတစ်ကြိမ် အဆင်းမှာတော့ နည်းနည်းပိုမြင့်သည့် နေရာမှ ပြုတ်ကျသလို ကြာကြာခံစားရပြီး နွယ် တော်တော်လေး ဟိုက်သွားသည်။

“နွယ်…ကိုယ် ပြီးလိုက်ရတော့မလား”

သူ့ကို ခေါင်းခါပြရင်း

“ဟင့်အင်း။ နွယ် လိုချင်သေးတယ် အစ်ကိုရဲ့။ နွယ်…သဘောကျတယ်။ မဝသေးဘူး”

သူ့ရင်ဘတ်ကို ပွတ်သပ်ရင်း နွယ် ပြောမိသည်။

“နွယ် ပြီးတာ အကြိမ်ရေ အရမ်း များနေပြီ။ ဒီအတိုင်း ဆက်သွားရင် နွယ် ပုလင်းချိတ်နေရမယ်”

“သိဘူးကွာ။ မဝသေးပါဘူးဆို။ နွယ် တကယ်ပြောတာ။ အခုလိုခံစားမှုမျိုး နွယ် တစ်ခါမှ မရဖူးဘူး။ နွယ် ထပ်လိုချင်သေးတယ်”

“မမနွယ် သဘော။ ညကလည်း မူးပြီးပြီ။ အခုထပ်မူးနေလို့ ပုလင်းချိတ်ရရင် ဒီညပါ မန်းလေးမှာ အိပ်နေရမယ်”

“ချိတ်ချင်တာ ချိတ်ရပါစေ။ အဲ့ဒါနောက်ပိုင်းကိစ္စ။ အခုကတော့ အသေပဲ ခံမယ်။ ဟီးဟီး”

နောက်တစ်ကြိမ် သူက အမြင့်ကို ဆွဲခေါ်လိုက်၊ နွယ့်မှာ အမြင့်ရောက်သွားလိုက်ဖြင့် အဆင်းပြန်ကျချိန်တွေမှာတော့ နွယ်မလှုပ်နိုင်တော့ဘူး။

“ဘယ်နဲ့တုန်း နွယ်။ နွယ်က လေချည်းပဲနော်။ အခုက တစ်ခါတစ်ခါကို ၅ မိနစ်တောင် မကြာဘူး။ နွယ်ချည်း ပြီးနေတာ”

“အမ်…သိဘူးလေ။ ကောင်းတာပဲ နွယ် သိတယ်။ ဟီး။ ပြီးတော့ နွယ် လိုချင်သေးတယ်”

နွယ် မောပြီး ငြိမ်သွားသည့်အခါ နွယ့်ကို စကားတွေပြောပြီး အမောဖြေစေခဲ့သည်။ ပြီးမှ နွယ့်နှုတ်ခမ်းကို နမ်းရင်း သူ့လှုပ်ရှားမှုတွေကို ပြန်လည်စတင်တတ်သည်။ အနမ်းတွေနဲ့ သူ့လှုပ်ရှားမှုတွေကြားမှာ နွယ် လိုက်ပါစီးမျောခဲ့ပြန်သည်။ အတက်တွေချည်း လှိုက်ခနဲ လှိုက်ခနဲ ခံစားပြီးမှ အဆင်းကို ခံစားရသည့် ခံစားမှုမျိုးမှာ လည်ပတ်ရင်း ဒီတစ်ကြိမ် ခံစားပြီးချိန်မှာတော့ နွယ် လက်တွေ ခြေတွေပင် မသယ်ချင်လောက်အောင် မောပန်းနွမ်းလျသွားသည်။

“နွယ်…ကိုယ် ပြီးလိုက်ရတော့မလား”

မောပန်းနွမ်းလျနေသည့် နွယ့်အတွက် သူ့မေးခွန်းကို နှုတ်ဖြင့်ပင် ပြန်မဖြေနိုင်တော့ဘဲ မျက်လုံးမှိတ်ထားရင်းမှ ခေါင်းသာ ညိတ်ပြလိုက်သည်။ အသံပင် မထွက်နိုင်တော့တဲ့ နွယ့်အတွက် သူ့လှုပ်ရှားမှုမှာ တုံ့ပြန်မှုပင် မလုပ်နိုင်သော်လည်း သူဆွဲခေါ်ရာ အမြင့်ကို ထပ်တက်ချိန်မှာတော့ သူ့နှုတ်ခမ်းအား အားပြင်းပြင်းဖြင့် စုပ်ဆွဲရင်း တင်းကြပ်စွာဖက်ထားပြီး နွယ် သူ့ကို အားကုန်ညှစ်ထားမိသလို နွယ့်ခြေချောင်းလေးတွေ ကုပ်သွားတာ သတိထားမိလိုက်သည်။

သူ့ထံမှ “ပြီးပြီ။ ကိုယ်…ပြီးပြီ နွယ်” လို့ ကြားချိန်မှာ သူ့ကို ညှစ်ထားတဲ့ နွယ့်လက်နဲ့ ခြေထောက်အားကို ဖြေလျှော့ပေးလိုက်သည်။ နွယ့်အပေါ်မှာ ခဏသာ အမောဖြေပြီး နွယ့်ဘေးကို သူ ဆင်းသွားသည်။ နွယ် မျက်လုံးမဖွင့်ဖြစ်သော်လည်း မောသံစွက်နေတဲ့ သူ့အသက်ရှူသံကို ကြားနေရသည်။ ခဏအကြာမှာတော့

“၈ နာရီထိုးဖို့ ၅ မိနစ် လိုသေးတယ်”

နွယ် အမောမပြေသေးသော်လည်း သူ့အသံကြောင့် မျက်လုံးဖွင့်လိုက်သည်။ နွယ့်အသိစိတ်တွေ ဝင်လာချိန်မှာတော့ နွယ့်ကိုယ်ပေါ်မှာ သူ စောင်ခြုံပေးထားသည်။ ဘယ်အချိန် နွယ့်ကို စောင်ခြုံပေးထားလဲဆိုတာပင် နွယ် မသိခဲ့ဘူး။

“အယ်… ၅၅ မိနစ်တောင် ကြာသွားတာလား”

“နွယ်… ၄၅ မိနစ်ဆိုတာ လက်ခံပြီနော်”

“အင်း…။ ဟီး။ ဒါမယ့် နွယ် မဝသေးဘူးလေ”

“ဒီတစ်သက် ဝတယ်ပြောဦးမှာလား နွယ်။ နောက်ဆုံးတစ်ခေါက်က နွယ် အသံတောင် မထွက်နိုင်တော့တာကို”

နွယ် ရေသောက်ပြီးမှ

“အာ့က အာ့လေ။ နွယ် ကြိုက်ပါတယ်ဆို။ ပြီးတော့ ထပ်လိုချင်သေးတယ်။ ဒီတစ်ခါ နွယ် ပြန်ပြီးရင် အစ်ကိုနဲ့က အခုလို နောက်တစ်ကြိမ်ထပ်တွေ့ဖို့ဆိုတာ ဘယ်တော့မှန်းမှမသိဘဲ။ အဲ့တော့ ရသလောက်လေး နွယ် လိုချင်သေးတယ်”

“အင်းပါ။ အခုတော့ အမောပဲ အရင်ဖြေပါဦး။ နွယ် တော်တော်အားကုန်ထားတယ်။ ရုတ်တရက် မထလိုက်နဲ့။ လှဲနေဦးနော်”

နွယ့်ကိုပြောပြီး သူ ကုတင်ပေါ်မှ ထ,သွားသည်။ ရေချိုးခန်းထဲမှ ရေသံ ကြားရသည်မို့ သူ သန့်ရှင်းရေးလုပ်နေတာ ဖြစ်မည်။ နွယ် မျက်လုံးမှိတ်ထားပြီး အမောဖြေနေသော်လည်း လူကတော့ တော်တော်လေး နုံးလာသည်။ ကုတင်နား သူ ပြန်ရောက်လာသည်။ ပဝါဖြင့် ရေသုတ်ပြီးမှ စောင်ထဲ ဝင်လာသည်။ နွယ့်အနားရောက်လာတဲ့ သူ့ကို

“အစ်ကို…အာဘွားပေး”

နွမ်းလျလျ ခပ်တိုးတိုးအသံဖြင့် နွယ် ဆိုတော့ နွယ့် ပါးပြင်ကို အနမ်းတွေ သူ ပေးခဲ့သည်။ ရင်ထဲမှာ တစ်စုံတစ်ခု အားအင်ရလိုက်သလို ခံစားလိုက်ရသည်။ ကိုယ်ချစ်တဲ့သူဆီက အနမ်းတွေ တောင်းဆိုတတ်သလို အဲ့ဒီလိုအချိန် အနမ်းခံရသည့် ခံစားမှုကို နွယ် သဘောကျတတ်သည်မို့ သူ့ကိုလည်း မရည်ရွယ်ဘဲ တောင်းဆိုမိခဲ့ခြင်းဖြစ်သည်။

နည်းနည်းလေးကြာတော့ နွယ် ထ,ထိုင်လိုက်သည်။ ခေါင်းမမူး၍ စောင်ကိုဖယ်ကာ မတ်တတ်ရပ်လိုက်သည်။ အိပ်ရာခင်းမှ အကွက်ကြီး နှစ်ကွက်ကိုမြင်မှ ချက်ချင်း စောင်ကို ပြန်ဖုံးရင်း သူ့ကို ကြည့်လိုက်တော့ သူလည်း တွေ့သွားပုံပင်။ ပြုံးနေသော်လည်း နွယ့်ကို ဘာမှမပြော၍ ရေချိုးခန်းဘက်ကိုသာ ထွက်ခဲ့ပြီး သန့်ရှင်းရေးလုပ်ပြီးမှ ကုတင်ဆီ ပြန်လာခဲ့သည်။ သူ့ရင်ခွင်ထဲ နွယ့်ကို ဖက်ထားရင်း နွယ်တို့ လှဲနေခဲ့သည်။

“နွယ်…အော်သံလေး လှတယ်နော်”

“အာ…အသံပါဆိုမှ လှမလား အစ်ကိုရဲ့”

“မဟုတ်ဘူးလေ နွယ်ရဲ့။ နားထောင်ရတာ ကောင်းလို့ လှတယ်ပြောတာ”

“သြော်…သိဘူးလေ။ အရင်က နွယ် ရိုးရိုးညည်းသံပဲ ထွက်ဖူးတာ။ အခုမှ အဲ့လိုအသံထွက်ဖူးတာ။ ဟီး”

“နွယ်က လိမ်မာတယ်။ ကိုယ် အော်ခိုင်းတိုင်း အော်တယ်”

သူ့အား မျက်စောင်းဖြင့် ကြည့်လိုက်သည်။

“နွယ် အမောပြေပြီဆို ကိုယ် သွားတော့မယ်။ ၁၁ လောက် ကိုယ် ပြန်ထွက်ခဲ့မယ်”

သူ ခုတင်ပေါ်မှ ထ,တော့ နွယ်ပါ လိုက်ထ,ခဲ့သည်။ သူ့ကို အင်္ကျီကြယ်သီးတွေ တပ်ပေးရင်း နွယ် သူ့ပါးကို နမ်းလိုက်သည်။ ဖုန်းနဲ့ ကားသော့တွေ ယူပြီး သူ့ကို အခန်းတံခါးပေါက်၀ လိုက်ပို့သည့် နွယ့်ပါးပြင်ကို နမ်းရင်း

“နွယ် ပြန်အိပ်လိုက်ဦးနော်။ ကိုယ် ရောက်ခါနီးမှ ဖုန်းဆက်လိုက်မယ်”

“ဟုတ်”

အခန်းတံခါးဝမှာ သူ့ကို စောင့်ကြည့်ရင်း ဓာတ်လှေကားထဲ ဝင်ကာ နွယ့်ကို လက်ဝှေ့ယမ်းပြရင်း မြင်ကွင်းမှ သူ ပျောက်ကွယ်သွားသည်။ အဲ့ဒီတော့မှ အခန်းတံခါးကို လော့ချပြီး ခုတင်ပေါ်တက်ကာ စောင်ခြုံလိုက်သည်။ သိပ်မကြာခင်မှာပဲ နွယ် အိပ်ပျော်သွားခဲ့သည်။

(၁၀) နာရီခွဲလောက်မှာ လန်းဆန်းစွာ နွယ် နိုးလာခဲ့သည်။ သူ့ဆီကို အိပ်ရာနိုးပြီဖြစ်ကြောင်း စာပို့ကာ ရေချိုးပြီး ပစ္စည်းတွေ သိမ်းဆည်းလိုက်သည်။ အခန်းတွင်း ဖွထားသမျှ တစ်သျှူးတွေကို သိမ်းဆည်းရင်း ခုတင်ကို ကြည့်မိရာမှ သဘောကျလာတာနှင့် ဓာတ်ပုံရိုက်မိသည်။ နံနက်ခင်း သူနဲ့ ချစ်ရည်လူးရင်း အရည်တွေ ကွက်နေသည့် အိပ်ရာခင်းလေးကိုလည်း သတိတရ ဓာတ်ပုံရိုက်ဖြစ်သည်။ နွယ် အဲ့ဒီလောက် အရည်တွေ မကွက်ဖူးသလို အခုလို ထွက်တတ်မှန်းပင် ယခုမှ သိခဲ့ရသည်။

ညကတည်းက နေရာမရွှေ့ခဲ့သော သစ်သားထိုင်ခုံအဝိုင်းလေးကို ဓာတ်ပုံရိုက်ခဲ့သလို ပြတင်းပေါက်ကိုကြည့်ရင်း ညက ပြတင်းပေါက်မှန်ပေါ်မှာ လက်ထောက်ခဲ့တာလေးကို သတိရလို့ ပြတင်းပေါက်လေးကိုလည်း ဓာတ်ပုံရိုက်ခဲ့သည်။ ကျောပိုးအိတ်ထဲ ပစ္စည်းတွေ အားလုံးသိမ်းဆည်းပြီးမှ သူနဲ့ လိုင်းပေါ်မှာ စနောက်စကားပြောရင်း ထိုင်နေခဲ့သည်။

၁၁ နာရီ ၁၀ မိနစ်လောက်မှာ သူ့ထံမှ ထွက်လာပြီဖြစ်ကြောင်း စာရောက်လာချိန်မှ ပြတင်းပေါက်နားဆီ မတ်တတ်ရပ်ရင်း သူ့ကို စောင့်နေမိသည်။ ကားတစ်စီးဝင်လာတိုင်း သူ့ကားလားဟု အောက်ကို ငုံ့ကြည့်ရင်း ခေါင်းထဲ မူးလာသည်။ ပြတင်းပေါက်နားမှာ မတ်တတ်ရပ်ရင်း မှီနေကြည့်သေးသည်။ ခေါင်းမူးသည်မှာ ပိုဆိုးလာသည်မို့ ကုတင်ဆီ ဖြည်းဖြည်းချင်းသွားကာ ကုတင်အစွန်းနားမှာ လှဲနေလိုက်သည်။ ဖုန်းဝင်လာသောကြောင့် ဖုန်းကို စပီကာဖွင့်လိုက်ပြီး

“ဟယ်…လို”

“အဲ…အသံကြီးက ဘာဖြစ်နေတာလဲ”

“ခေါင်းနည်းနည်းမူးလို့ လှဲနေတာ”

“သြော်…။ ကိုယ်ပြောသားပဲ။ နွယ် မူးမယ်နော်ဆို ဘယ်တော့မှ လက်မခံဘူး။ အခုမူးပြီမလား”

“မဟုတ်ပါဘူး။ အောက်ကို ငုံ့ကြည့်တာများလို့ နေမယ်။ အခုလှဲနေတာတော့ သက်သာပါတယ်”

“အင်း။ အာ့ဆို လှဲနေဦး။ ခဏနေ ကိုယ် ရောက်တော့မယ်”

“တက်လာဦးမို့လား။ ၁၂ ထိုးတော့မယ်။ အချိန်လည်း မရှိဘဲနဲ့။ နွယ် ဆင်းခဲ့မယ်လေ”

“ကိုယ် တက်ခဲ့ပါ့မယ်။ ဖုန်းသာမချနဲ့။ မျက်လုံးမှိတ်ပြီး ငြိမ်ငြိမ်သာနေ။ အခန်းတံခါးခေါက်မှ လာဖွင့်ပေး”

“ဟုတ်”

“အာ့ဆို ခဏနားလိုက်ဦး”

သိပ်မကြာခင်မှာပဲ တံခါးခေါက်သံကြားရသည်။ ဖုန်းထဲမှ

“နွယ်…ကိုယ် ရောက်နေပြီ”

သူ့အသံကြားမှ နွယ် တံခါး သွားဖွင့်ပေးလိုက်သည်။ နွယ့်မှတ်ပုံတင်ကို မှောက်လျက်လေး ယူလာတာ တွေ့ရသည်။ နွယ့်လက်ထဲကို မှတ်ပုံတင် ထည့်ပေးရင်း

“သက်သာလား နွယ်”

နွယ့်ကို မေးရင်း နွယ့်နဖူးကို စမ်းကြည့်ပြီးမှ

“အဖျားတော့ မရှိပါဘူး”

နွယ့်ကို ကုတင်ဆီ ခေါ်သွားပြီး ကုတင်စွန်းမှာ ထိုင်ခိုင်းသည်။

“ရင်ရော တုန်သေးလား”

“ဟင့်အင်း။ မတုန်ပါဘူး”

“အရင်က နှလုံးရောဂါတို့ ဘာတို့ရော ရှိလား”

“မရှိပါဘူး။ ရောဂါခံ ဘာမှကို မရှိတာ။ ပြီးတော့ အခုလိုလည်း မမူးဖူးပါဘူး”

နွယ့်လက်ကောက်ဝတ်ကို စမ်းကာ

“သွေးခုန်နှုန်းလည်း ပုံမှန်ပါပဲ။ နွယ် ပြီးတာများလို့ ပင်ပန်းသွားတာနေမယ်”

“ဟုတ်လောက်ပါဘူး။ အောက်ငုံ့ကြည့်တာ များပြီး မူးတာနေမှာပါ။ အခုတော့ နည်းနည်း သက်သာပါတယ်”

“အင်း။ နွယ် ဗိုက်ဆာနေပြီလား။ နေ့လယ်စာ ဘာစားချင်သေးလဲ”

“မြီးရှည်လိုက်ကျွေးမယ်ဆို။ အာ့ပဲ သွားစားမယ်လေ”

နွယ့်ပခုံးကို ကိုင်ပြီး

“နွယ်…”

နွယ့်ကို သူခေါ်သည်မို့ သူ့ကို မော့ကြည့်လိုက်သည်။

“ပျော်အောင်နေနော်”

ခေါင်းညိတ်ပြရင်းမှ

“အင်း”

“ကျန်းမာအောင်နေ”

“ဟုတ်”

“လှအောင်နေ”

“ကိုလှအောင်နဲ့လား ဟီး”

“အကောင်းပြောနေတာကို ကြည့်”

“အင်းပါ။ ဒါမယ့် နွယ် မပျော်တော့ရင်ရော”

“ပြန်လာခဲ့”

“ဘယ်နှစ်ရက် တာဝန်ယူမှာလဲ”

“တစ်ရက်ပေါ့ နွယ်။ ဒါမဲ့ ကိုယ့်ကို ကြိုတော့ပြော။ ကိုယ်အံ့သြအောင် ဘာမှမပြောဘဲ ရောက်လာခဲ့ရင် ကိုယ်က ထွက်ရခက်တော့ နွယ့်ကို အချိန်မပေးနိုင်မှာစိုးလို့။ ဒါမယ့် နွယ် ပျော်နေမယ်ထင်ပါတယ်”

“အင်းပါ။ နွယ်…ပျော်မှာပါ။ ပြီးတော့ အစ်ကို့ကို သတိရနေမှာ”

“သတိကတော့ ကိုယ်လည်း ရနေမှာပါ။ နွယ်သာ ကိုကိုနဲ့တွေ့ပြီး ကိုယ့်ကို မေ့သွားမှာ”

“အာ…နွယ် ဘယ်သူနဲ့မှ မတွေ့တော့ပါဘူးဆို။ ပြီးတော့ တွေ့လည်း မတွေ့ချင်တော့ပါဘူး…”

“နေနိုင်ရင်တော့ အကောင်းဆုံးပေါ့နွယ်။ မနေနိုင်တဲ့အခါကြတော့လည်း ချစ်သူကို ဆွဲစားပစ်”

“ဟီး”

“အာ့ဆို သွားကြတော့မလား”

“အင်း။ သွားမယ်လေ။ အချိန်လည်း ပြည့်တော့မှာ”

ပြောရင်း နွယ် မတ်တတ်ထရပ်လိုက်သည်။ မျက်နှာချင်းဆိုင်ဖြစ်သွားသည့် သူ့ကို လှမ်းဖက်ထားလိုက်သည်။ ခဏလောက် ငြိမ်နေပြီးမှ လူချင်းခွာကာ သူ့ပါးပြင်ကို နမ်းလိုက်ပြီးမှ သူ့ကို မျက်စောင်းဖြင့်ကြည့်ရင်း ပါးလေး ထိုးပေးလိုက်သည်။ နွယ့်ပါးပြင်ကို သူနမ်းပြီးမှ နွယ့်ကျောပိုးအိတ်ရှိရာ စားပွဲဆီ နွယ် သွားလိုက်သည်။ သူ့သူငယ်ချင်းဆီ ဖုန်းဆက်ပြီးမှ နွယ်တို့ အခန်းထဲက ထွက်ခဲ့လိုက်သည်။

ဓာတ်လှေကားထဲရောက်တော့ တံခါးပိတ်အပြီး ဓာတ်လှေကားအဆင်းတွင် ငြိမ့်ခနဲ လှုပ်ရှားသွားသည့်အချိန်မှာ သူ့လက်ကို ရုတ်တရက် လှမ်းကိုင်လိုက်မိသည်။ နွယ့်ကို လှည့်ကြည့်ပြီး

“မူးလို့လား နွယ်”

“အင်း။ ဓာတ်လှေကား အလှုပ်မှာ တစ်ချက် မိုက်ခနဲဖြစ်သွားလို့”

ကားပေါ်ရောက်တော့ ခေါင်းထဲ မူးလာသလိုမို့ ခါးပတ်ပတ်ပြီး နွယ် မျက်လုံးမှိတ်နေလိုက်သည်။

“နွယ်…ရရဲ့လား”

“ရပါတယ်။ နွယ် နည်းနည်းမူးနေလို့ မျက်လုံးမှိတ်ထားတာပါ”

တစ်ချက်တစ်ချက် မျက်လုံးဖွင့်ကြည့်မိချိန်တွေမှာ နွယ့်ကို စိုးရိမ်နေတဲ့ မျက်ဝန်းတွေနဲ့ ကားမောင်းရင်း လှည့်ကြည့်နေတာ တွေ့ရသည်။

“ကားပဲ ဂရုစိုက်မောင်းပါ အစ်ကိုရဲ့။ နွယ် သက်သာပါတယ်”

“တစ်ခုခုဖြစ်မှာစိုးတာ နွယ်။ လိုအပ်ရင် ဆေးပုလင်းချိတ်ရအောင်”

“အာ…အဲ့လောက်တော့ မဟုတ်ပါဘူးအစ်ကိုရဲ့”

မဟုတ်ပါဘူးလို့ ပြောနေသည့် နွယ့်အသံမှာ အားမပါတာ သူလည်း ရိပ်မိမှာပါ။ သိပ်မကြာခင်မှာပဲ ကားရပ်သွားတာ သိလိုက်သည်။

“ရောက်ပြီ နွယ်။ သက်သာရဲ့လား”

သူ့ အသံကြားမှ နွယ် မျက်လုံးဖွင့်ကြည့်လိုက်တော့ အရိပ်ရသည့် နေရာမှာ ကားရပ်ထားသည်။

“အွန်း။ သက်သာပါတယ်”

ကားပေါ်မှ ဆင်းပြီး ဆိုင်မှာ ထိုင်နေတုန်းမှာပဲ သူ့သူငယ်ချင်းဆိုသူ ဆိုင်ကယ်ဖြင့် ရောက်လာခဲ့သည်။ နွယ်တို့နဲ့ မျက်နှာချင်းဆိုင်ခုံမှာ ထိုင်လိုက်တော့ နွယ်တို့နှစ်ယောက်ကို သူ အပြန်အလှန် မိတ်ဆက်ပေးသည်။

“နွယ် ဒါ ကိုယ့်သူငယ်ချင်းလေ။ နာမည်က …….. ။ သားကြီး သူက နွယ်တဲ့”

သူ့သူငယ်ချင်းအား ပြုံးပြရင်း

“ဟုတ်ကဲ့။ တွေ့ရတာ ဝမ်းသာပါတယ်”

သူ့သူငယ်ချင်းမှ နွယ့်ကို ခေါင်းညိတ်ပြီး ပြုံးပြသည်။

“မင်း ဘာစားမှာလဲ”

သူငယ်ချင်းအား ပြောရင်း စားပွဲထိုးအား သူ လှမ်းခေါ်လိုက်သည်။ စားပွဲထိုးမှ ရနိုင်သည့် Menu တွေ ရွတ်ပြပြီးချိန်မှာ

“နွယ် ဘာစားမလဲ”

“အသားစုံနဲ့ပဲ စားကြည့်မယ်လေ”

“မင်းရော”

ဖုန်းကြည့်နေသည့် သူ့သူငယ်ချင်းမှ

“အတူတူပဲ မှာလိုက်။ ရတယ်”

“အာ့ဆို မြီးရှည်ကို အသားစုံနဲ့ (၃) ပွဲ။ ဆားငံသီးဖျော်ရည် တစ်ခွက်။ ဖျော်ရည်ကို အရင်လုပ်ပေး”

“သံပရာရည်တစ်ခွက်” (သူ့သူငယ်ချင်းမှာသံ)

စားပွဲထိုးမှ

“ဟုတ်ကဲ့ အစ်ကို။ မုန့်ပွဲက တစ်ခါတည်း နယ်မလား”

“အင်း။ နယ်လိုက်မယ်။ ဖျော်ရည်တော့ မြန်မြန်လေး လုပ်”

“ဟုတ်။ မြီးရှည် အသားစုံ (၃) ပွဲဟေ့။ တစ်ခါတည်းနယ်မယ်။ ဆားငံသီးနဲ့ သံပရာ တစ်ခွက်စီ မြန်မြန်လေး”

အော်ပြောပြောရင်း စားပွဲထိုးလေး အနားမှ ထွက်သွားသည်။

“အစ်ကို့ ဆားငံသီးဖျော်ရည်က ဘယ်သူ့အတွက်လဲ”

“နွယ့်အတွက်လေ”

သူ့သူငယ်ချင်းမှ

“မင်း မမေးဘဲ မှာလိုက်တာလား။ သူ ကြိုက်လား မကြိုက်လားတော့ အရင်မမေးဘဲ”

“မကြိုက်လည်း သောက်ရမယ်။ တိုက်ရင် သောက်”

သူ့နား,နားကပ်ပြီး

“အစ်ကို သောက်ခိုင်းတာမို့ မကြိုက်လည်း သောက်မှာပါ”

နွယ်ပြောတာကို သဘောကျပုံဖြင့် သူ ရယ်နေခဲ့သည်။

အလုပ်အကြောင်းတွေ၊ ကိုယ်ကျွမ်းကျင်ရာ နယ်ပယ်အကြောင်းတွေပြောနေရင်း သူ့သူငယ်ချင်းမှ နွယ့်မျက်နှာကိုကြည့်ပြီး

“မျက်နှာလည်း သိပ်မလန်းဘူး။ နေမကောင်းဘူးလား”

သူ့ကို နွယ် လှမ်းကြည့်တော့မှ နွယ့်အစား သူ ဖြေပေးသည်။

“အိပ်ရေးမဝလို့နေမှာပါ”

သူ့သူငယ်ချင်းနဲ့ သူ စကားတွေ ပြောနေချိန်မှာ ရုတ်တရက် နွယ် မူးလာလို့ ဘေးမှာထိုင်နေသည့် သူ့ပေါင်ပေါ် လက်တင်လိုက်မိသည်။

“နွယ် ရရဲ့လား”

“တစ်ချက် မိုက်ခနဲဖြစ်သွားတာ။ ရပါတယ်”

လူမြင်ကွင်းမို့ လက်ကို ဆက်တင်ထားလို့ မကောင်းတာနဲ့ နွယ့်လက်ကို ကိုယ့်ပေါင်ပေါ်တင်ရင်း သူတို့စကားဝိုင်းကို နားထောင်နေလိုက်သည်။ နားထောင်နေပေမယ့် ကြားတစ်ချက် မကြားတစ်ချက်ရယ်။ ဖျော်ရည်ရောက်လာတော့ နွယ့်ရှေ့ကို ချပေးသည်။ နွယ် ခွက်ကို ကောက်ကိုင်လိုက်သည်။ နွယ့်လက်တွေ တုန်နေတာ ပထမဆုံး သတိထားမိသည်။ ဖုန်းကို ပေါင်ပေါ်တင်ထားလိုက်ပြီး အအေးခွက်ကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး သောက်နေမိသည်။

အအေးသောက်နေရင်းမှ ထပ်မူးလာသလို ခွက်ကိုင်ထားတဲ့လက်မှာ ဆက်မကိုင်နိုင်တော့လို့ ခုံပေါ် ပြန်ချထားလိုက်သည်။ နွယ့်ကို သူလှည့်ကြည့်ပြီး

“ရရဲ့လား”

“အင်း။ နည်းနည်းမူးလာလို့ပါ”

တိုးတိုးလေး နွယ် ပြောတော့ သူ့နှုတ်ခမ်း ပြုံးသွားသည်။

“ကုန်အောင် သောက်လိုက်နော်။ ဓာတ်ဆားမရသေးလို့ ဆားငံသီး တမင်တိုက်တာ”

“ဟုတ်”

ခွက်ကို ထပ်ကိုင်လိုက်သည်။ ဖျော်ရည်ခွက်မှာ အကြည်မို့ အထဲက အရည်ကို မြင်နေရသည်။ နွယ့်လက်တုန်သလို အထဲက အရည်မှာလည်း နည်းနည်းလှုပ်လျက်။ ဖျော်ရည်ခွက်ကို သောက်ခါနီးယူလိုက်၊ မသောက်တဲ့အချိန် ပြန်ချလိုက်ဖြင့် ဖျော်ရည်ခွက်နှင့် နွယ်တစ်ယောက် အလုပ်ရှုပ်နေခဲ့သည်။ ဖျော်ရည်သောက်လို့ မကုန်ခင်မှာပဲ မုန့်ပွဲများ ရောက်လာသည်။ နွယ့်ရှေ့ကို မုန့်ပွဲတစ်ပွဲချပေးပြီး အသီးသီး စားနေချိန် မုန့်ပွဲကိုကြည့်ပြီး နွယ် စဉ်းစားနေမိသည်။ ပန်းကန်ကို ဘယ်လိုကိုင်ရမလဲလို့ပေါ့။

သူ မုန့်စားရင်း နွယ့်ကို လှည့်ကြည့်နေသည်မို့ မုန့်ပန်းကန်ကို ကောက်ကိုင်လိုက်သည်။ မူးတာနည်းနည်းသက်သာသလို လက်တုန်တာလည်း သက်သာလာသောကြောင့် အခြေအနေ ကောင်းတာမို့ ဖုန်းယူပြီး မုန့်ပန်းကန်ကို ဓာတ်ပုံရိုက်လိုက်သည်။ ဓာတ်ပုံရိုက်ပြီး ဖုန်းကို ပေါင်ပေါ်တင်ကာ မုန့်ပန်းကန်ကို ကိုင်ပြီး မုန့်ကိုဖွလိုက်သည်။ တူကိုင်တဲ့လက်မှာ တုန်လာပြီး ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာသည်။ မျက်လုံးကို စုံမှိတ်ကာ အားယူပြီး တူကို ထပ်မ,လိုက်ချိန်မှာ လက်ကြားထဲကနေ တူတစ်ချောင်း လွတ်ကျသွားသည်။

နွယ့်ကို သူ လှည့်ကြည့်ပြီး စားပွဲထိုးအား လှမ်းခေါ်ကာ တူအသစ် ထပ်တောင်းပေးသည်။ မြီးရှည်ကို တူနဲ့ တစ်ဖတ်ချင်းစီ ညှပ်ကာ စားကြည့်လိုက်သည်။ ပါးစပ်ထဲမှာ ဘာအရသာမှ မခံစားခဲ့ရဘူး။ မုန့်ဖတ်မို့ အရသာမရှိတာလားဆိုပြီး အသားတွေ တစ်ခုပြီးတစ်ခု ယူစားကြည့်သည်။ ဘာအရသာမှ မရှိခဲ့ဘူး။ နှမြောတာနှင့် အသားတွေချည်း ဖြည်းဖြည်းချင်း ရွေးစားမိသည်။

“နွယ်…စားမကောင်းဘူးလား”

သူတို့နှစ်ယောက်လုံး စားပြီးသွားချိန်ထိ နွယ့်ပန်းကန်ထဲမှာ ပုံစံမပျက်နီးပါး မုန့်တွေကျန်နေသည်မို့ သူ မေးခြင်းဖြစ်မည်။

“နွယ် မစားနိုင်တာ”

“ထပ်မစားတော့ရင် ကိုယ် ပိုက်ဆံရှင်းလိုက်တော့မယ်။ ဖျော်ရည်တော့ ကုန်အောင်သောက်လိုက်နော်”

“ဟုတ်”

စားပွဲထိုးအားခေါ်ကာ ကျသင့်ငွေရှင်းပြီး နေရာမှ အသီးသီး ထွက်ခဲ့ကြသည်။ ကားရပ်ထားရာ နေရိပ်သည့်နေရာသို့ သွားလိုက်ကြပြီး သူ့သူငယ်ချင်းမှ

“အာ့ဆို ငါသွားဦးမယ်။ သူ့လည်း ဂရုစိုက်လိုက်ဦး။ မျက်နှာက တော်တော်အားမရှိတဲ့ပုံ။ ကျွန်တော် သွားဦးမယ်နွယ်။ နောက်မှ ဆုံတာပေါ့”

“ဟုတ်။ နောက်ကြုံတော့ ဆုံကြတာပေါ့”

နွယ်တို့ကို နှုတ်ဆက်ပြီး သူ့သူငယ်ချင်း အရင်ပြန်သွားခဲ့သည်။ ပြီးမှ နွယ်တို့ ကားပေါ်တက်ခဲ့ကြပြီး ကားအား စက်နှိုးကာ အဲကွန်းဖွင့်ပေးသည်။

“နွယ် သက်သာလား။ ဘယ်လိုလုပ်ချင်လဲ”

“နည်းနည်းတော့ မူးနေသေးတယ်။ ရပါတယ်။ နွယ့်ကို ကားပေါ်ပဲ တင်ပေးလိုက်ပါ။ ကားပေါ်အိပ်ပြီး လိုက်သွားရင် သက်သာမှာပါ”

“ခုလိုပုံနဲ့တော့ ကားပေါ်တင်ပေးလို့ ဘယ်ရမလဲ နွယ်ရဲ့။ လမ်းမှာ တစ်ခုခုဖြစ်နေရင် ဘယ်လိုလုပ်မလဲ”

“ဘာမှမဖြစ်လောက်ပါဘူး။ ပြီးတော့ ကားက အိမ်အထိ လိုက်ပို့မှာပဲကို။ စိတ်ချရပါတယ်”

“မဖြစ်သေးပါဘူးကွာ။ အခုတော့ နွယ် မျက်လုံးမှိတ်ပြီး ခဏနားနေဦး”

နွယ့်ကို ပြောပြီး ကားမောင်းကာ နေရာမှ ထွက်လာခဲ့သည်။ ခါးပတ်ပတ်ပြီး နွယ် မျက်လုံးမှိတ်ကာ အိပ်လိုက်သည်။ နားထဲမှာ Westlife သီချင်းသံ တိုးတိုးလေး ကြားနေရသည်။ မျက်လုံးမှိတ်ထားလိုက်မှ ပိုမူးလာသလို ခံစားရသည်။ အမှောင်ထုထဲ ခဏတော့ နွယ် ရောက်သွားသည်။ သတိရလို့ မျက်လုံးဖွင့်ကြည့်ချိန် နွယ်လှုပ်လာလို့ထင်သည်။ သူ နွယ့်ကို လှည့်ကြည့်ရင်း

“သက်သာလား နွယ်”

“အင်း။ ခဏ အိပ်ပျော်သွားတယ်”

သူ့ကိုဖြေပြီး သိပ်မကြာခင်မှာပဲ နောက်တစ်ကြိမ် နွယ် ပတ်ဝန်းကျင်နဲ့ အဆက်ပြတ်သွားပြန်သည်။ နွယ် နိုးလာတော့ ကားရပ်ထားပြီး အပြင်မှာ ရေသန့်ဘူးထဲကို အမှုန့်တွေ ထည့်နေသည့် သူ့ကို ဘက်မှန်ကနေ တွေ့လိုက်ရသည်။ ရေဘူးကို ထက်အောက်လှုပ်ပြီးမှ အဖုံးဖွင့်ပေးပြီး

“နိုးပြီလား နွယ်။ ရော့ ဓာတ်ဆားသောက်လိုက်”

“အမ်။ ဓာတ်ဆားသောက်ဖို့ လိုလို့လား အစ်ကိုရဲ့”

“ကိုယ်က လိုအပ်လို့တိုက်တာလေ။ သောက်လိုက်။ ဒီပုံစံနဲ့ နွယ် ပြန်လို့ မဖြစ်သေးဘူး”

ရေဘူးကို အဖုံးဖွင့်ပြီး သူ လှမ်းပေးနေသည်မို့ ရေငတ်နေတာနှင့် နွယ် ယူသောက်လိုက်သည်။ နည်းနည်းငန်တာလေးကလွဲရင် ရေအေးအေးလေးမို့ သောက်ရတာ သိပ်တော့ အဝင်မဆိုးခဲ့ဘူး။ သူ့လက်ထဲမှ အဖုံးကိုယူပြီး ပြန်ပိတ်ကာ နွယ့်နံဘေးနား ချထားလိုက်သည်။

“အဲ့ဒါ ကုန်အောင်သောက်နော်။ မြန်မြန်ကုန်လေ နွယ် မြန်မြန်သက်သာလေပဲ”

“အင်း”

နွယ့်နားကနေ ကားကို တစ်ပတ် ပတ်ပြီး သူ ကားပေါ် ပြန်တက်လာခဲ့သည်။ နွယ်လည်း ခါးပတ် ပတ်လိုက်ပြီး နောက်ကိုမှီကာ မျက်လုံး မှိတ်ထားလိုက်သည်။ မူးနေဆဲဖြစ်သော်လည်း သူ စိတ်ပူနေမှာစိုးလို့ သူ့ကို လှမ်းကြည့်ရင်းမှ ပြုံးပြလိုက်သည်။ မူးနေဆဲဖြစ်သလို သတိရတစ်ချက် မရတစ်ချက် ဖြစ်နေသော်လည်း သတိရတဲ့အချိန် ဓာတ်ဆားဘူးယူသောက်ပြီး နွယ့်မှာ စကားပင်မပြောနိုင်သလို သူ့ကိုလည်း ကြည့်ရုံသာ ကြည့်ပြီး နွယ့်မျက်လုံးတွေ ပြန်ပြန်ပိတ်သွားသည်။

ဓာတ်ဆားဘူး တစ်ဝက်လောက်ကုန်ပြီးချိန်မှာ နွယ် နည်းနည်းသက်သာလာသည်။ အိပ်ရာနိုးကာစ လူတစ်ယောက် အိပ်ရေးမဝသလို ခံစားရသည်။ သို့သော်လည်း မူးတာ၊ လက်တုန်တာ မရှိတော့သလို ရင်တုန်တာလည်း မဖြစ်တော့ဘူးမို့ တော်တော်လေး သက်သာလာသလို ခံစားရသည်။ ဓာတ်ဆားသောက်ရင်းမှ သူ့ဘက်လှည့်ကြည့်လိုက်သည်။ သူ့ကို ပြုံးပြရင်း

“နွယ် တော်တော်လေး အိပ်ပျော်သွားတယ်။ ဟောက်နေသေးလားဟင်”

“မဟောက်ပါဘူး။ ဘာလို့လဲ။ ရှက်လို့လား”

“အင်းလေ။ ရိုးရိုးအိပ်ပျော်တာနဲ့ မတူဘူးမို့။ လုံးဝကို သတိလွတ်သွားတာ”

“နွယ် သက်သာပြီထင်တယ်။ ဆိုင်မှာတုန်းကနဲ့ တခြားစီပဲ။ မျက်နှာ ပြန်လန်းလာပြီ”

“အင်း။ အိပ်ရေးပျက်တာလည်း ပါမယ်ထင်တယ်။ တစ်ခါမှ အခုလို မမူးဖူးဘူး”

“အမလေး။ အခုထိ ပြီးတာကို လက်မခံသေးဘူး။ မသိရင် အိပ်ရေးမပျက်ဖူးတဲ့သူ ကျနေတာပဲ”

“ဟုတ်ဘူးလေ။ အိပ်ရေးက အစ်ကိုနဲ့ မတွေ့ခင်ညကလည်း အိပ်မပျော်ဘူး။ ဟီး။ ရင်တွေခုန်ပြီး အတွေးတွေနဲ့မို့”

“ကိုရီးယားကားကြည့်ရင် မိုးလင်းထိ မအိပ်ဘဲ ကြည့်နိုင်တာလည်း သူ၊ ဟိုတစ်ခါလည်း မနက် ၄ နာရီခွဲထိ စကားပြောပြီး ရုံးသွားတက်တော့ အလတ်ကြီး။ အခုမှ အိပ်ရေးပျက်လို့တဲ့။ ဒေါ်နွယ် ဟာသတွေ အရမ်းပြောတတ်တာပဲ။ ဟားဟား”

“ဟီး”

သူ့ကို ရယ်ပြရင်း နွယ် ခါးပတ်ဖြုတ်လိုက်သည်။

“အစ်ကို”

သူ့ကို ခေါ်ရင်း သူ့ပခုံးကိုမှီကာ သူ့ခါးကို ဖက်လိုက်သည်။

“အင်း။ ပြောလေ”

“နွယ် မဝသေးဘူး”

“မတ်မတ်နွယ်ကတော့ လုပ်ပြီ။ အမူးပြေတာနဲ့ ထန်းပင်မော့ကြည့်တော့တာပဲ။ ဟားဟား”

“ဟီး။ တကယ်ပြောတာ။ နွယ် မဝသေးပါဘူးဆို”

“ဓာတ်ဆားပဲ ကုန်အောင်သောက်ပါဦး နွယ်ရယ်”

“အင်းပါ။ ဒါနဲ့ နွယ် အိပ်ပျော်နေချိန် ကားကို တောက်လျှောက်မောင်းနေတာလား”

“အင်း။ မရပ်ထားချင်လို့ ပတ်မောင်းနေတာ”

“အယ်…။ ဆီဈေးကြီးနေတာကို အားနာစရာကြီး။ အာ့ကြောင့် နွယ် ပြောပါတယ်။ ကားပေါ်ပဲ တင်ပေးလိုက်ပါဆိုတာကို”

“မသက်သာတာကို ဘယ်လိုပြန်ခိုင်းရမှာလဲ နွယ်ရယ်။ တော်ကြာ လမ်းမှာ တစ်ခုခုဖြစ်သွားရင်ရော”

“ဘာမှမဖြစ်လောက်ပါဘူး။ အခုလို အိပ်ပျော်ရာက နိုးလာမှာပဲကို။ ဘာပဲဖြစ်ဖြစ် နွယ့်အပေါ် ဂရုစိုက်ပေးတာလေးတော့ ချစ်ဖို့ကောင်းတယ်”

သူ့ပါးပြင်ကို နမ်းပြီး သူ့ရင်ခွင်ထဲ မှီနေလိုက်သည်။

“အစ်ကို”

“အင်း”

“နွယ် လိုချင်သေးတယ်။ ဟီး”

“အစက ဟိုတယ်ပြန်ရောက်ရင် နေဦးမို့ပဲ။ မတ်မတ်နွယ်က မူးနေတာကိုး”

“အာ့များ ပြောတာမဟုတ်ဘူး။ နေမှာပေါ့။ ဟီး”

“အမလေး။ တကယ်မနိုင်တဲ့ဟာလေး။ ဒီလောက် အရုပ်ကြိုးပြတ် မူးနေတာကို။ သေချင်လို့လား”

“အာ…သေစရာလား။ အခုက ပြန်ရတော့မယ်လေ။ ထပ်မှ မရနိုင်တော့တာကို”

“ကံမကုန်ရင် ပြန်ဆုံမှာပေါ့ နွယ်ရယ်။ ကိုယ် ရန်ကုန် လာနိုင်မှာပါ”

“အဲ့… ၂ နာရီတောင် ကျော်ပြီရော်။ ကားက ၃ နာရီနောက်ဆုံးပဲ”

နာရီကြည့်ပြီး အံ့သြစွာ နွယ်ပြောမိသည်။ ကားဂိတ်ကို ဖုန်းဆက်ပြီး စောင့်နေမည့် လမ်းနာမည်ကို ပြောကာ လမ်းထိပ်လေးမှာ ကားရပ်ထားလိုက်သည်။ နွယ်က တောင်းလိုက် သူက ငြင်းလိုက်နဲ့ သူ့ပါးပြင်ကိုသာ အနမ်းတွေ ပေးခဲ့မိသည်။

“နွယ်”

“…”

“ကိုယ် တံတောင်လေးကို အမှတ်တရ ဓာတ်ပုံရိုက်ထားချင်တယ်”

“ဘာလို့လဲ။ ဟီး”

“တစ်ခါမှ မကြုံဖူးလို့လေ။ အောက်ကနေပြီး တံတောင်ပွန်းရတယ်လို့။ ကိုယ်က ငြိမ့်ငြိမ့်လေးပဲ ခံစားတတ်တာ။ ဒါမျိုး အရင်ကလည်းမရှိဘူး။ နောက်လည်းမရနိုင်ဘူး”

“ဪ…။ ဟီး။ ရိုက်လေ။ ရပါတယ်”

နွယ့်တံတောင်ကို ပင့်ပြီး သူ့ဖုန်းဖြင့် ဓာတ်ပုံရိုက်နေသည်။

“အစ်ကို…”

“ဟင်”

“နွယ်တို့ ထပ်တွေ့ဖြစ်မှာပါနော်”

“ကံပေါ့ နွယ်ရယ်။ တွေ့ဖို့ကံပါရင် ထပ်တွေ့ရမှာပေါ့”

“နွယ်ကတော့ ကံကိုမယုံဘူး။ ကံဆိုတာ လူက ဖန်တီးရတာ။ အခုပဲကြည့် နွယ် ဖန်တီးလို့ မန်းလေးထိ ရောက်လာတာ။ ကံကိုပုံချပြီး ဘာမှမလုပ်ကြည့်ပါလား။ အစ်ကိုနဲ့တောင် မတွေ့ရဘူး”

“တွေ့ဖို့ကံပါလာရင် တွေ့ကိုတွေ့ရမှာပါနွယ်ရယ်”

နွယ်တို့ စကားပြောနေချိန်မှာပဲ နွယ့်ဖုန်းကို ဖုန်းဝင်လာခဲ့သည်။ ကားရောက်နေပြီဖြစ်ကြောင်းပြောပြီး နွယ့်တည်နေရာကိုမေး၍ ပြောပြချိန်ကြမှ နွယ်တို့နောက်မှာ ရပ်ထားတာတွေ့ရသည်။ ဖုန်းချပြီး ကျောပိုးအိတ်လွယ်ကာ အရုပ်ပိုက်ပြီး သူ့ကို နောက်ဆုံးနှုတ်ဆက်အနမ်းပေးကာ ကားပေါ်မှ ဆင်းခဲ့လိုက်သည်။ နွယ် ကားပေါ်မတက်ခင် သူ့ကို လှမ်းကြည့်ချိန်မှာတော့ သူ့ကား လမ်းလေးထဲက ချိုးကွေ့ပျောက်ကွယ်သွားသည်။

သူထွက်သွားသည်ကို ငေးကြည့်ရင်း နွယ် ပြန်သည်အထိ မစောင့်ဘဲ သူအရင်ပြန်သွားသည်မို့ စိတ်ထဲ နည်းနည်း ဝမ်းနည်းသလို ခံစားခဲ့ရသည်။ ကျောပိုးအိတ်ထဲမှ ဖုန်းနှင့် ပိုက်ဆံအိတ်ကိုယူကာ ကားခေါင်းခန်းမှာ ဝင်ထိုင်လိုက်ပြီး ဖုန်းနှင့် ပိုက်ဆံအိတ်ကို ကား Dash Box ထဲထည့်လိုက်သည်။ ခါးပတ်ပတ်ပြီး အရုပ်ကို ဖက်ထားရင်း နောက်ကျောကို မှီလိုက်သည်။ နွယ် ထိုင်ပြီး သိပ်မကြာခင်မှာပဲ ကားထွက်လာခဲ့သည်။ ကားဆရာမှ

“အစ်မ။ ကျွန်တော် နောက်နှစ်ယောက်ကို သွားကြိုရဦးမယ်။ နေရာက တစ်နေရာစီဆိုတော့ မန်းလေးမှာတင် နည်းနည်းကြာမှာ။ အစ်မ အဆင်ပြေတယ်မလား”

“အင်း။ ရပါတယ်။ ဆင်းရင်တော့ ကျွန်တော် နောက်ဆုံးမလား”

“ဟုတ်။ အစ်မကို အိမ်ထိပို့ဖို့ မှာထားပါတယ်”

“အင်း။ ကျွန်တော် အိပ်ချင်နေလို့။ အကယ်၍ လမ်းမှာ တစ်ခုခုဆို ကျွန်တော့်ကို နှိုးလိုက်ပါ။ အားနာပြီး မနှိုးမှာစိုးလို့”

“ဟုတ်။ ရတယ်အစ်မ။ စိတ်ချလက်ချသာ အိပ်။ အဝေးကြီးပြန်ရမှာဆိုတော့ အေးဆေးအိပ်လို့ရတယ်”

“အင်း”

‘အင်း’ တစ်လုံးသာ နွယ် ဆိုလိုက်နိုင်သည်။ အရုပ်အား ဖက်ပြီး တစ်လမ်းလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ ကားရပ်တာ မသိခဲ့သလို ကားပေါ် လူတက်/ဆင်းလည်း နွယ် မသိလိုက်ဘူး။ တစ်ရေးနိုးလာတော့ ကားရှေ့မြင်ကွင်းကို မြင်ပြီး နွယ် လန့်သွားမိသည်။

“အယ်…ကျွန်တော်တို့ သွားနေတာ….ပါနော်”

“ဟုတ်ပါတယ် အစ်မ။ ဘာဖြစ်လို့လဲ”

“ဒီမြင်ကွင်း တစ်ခါမှမမြင်ဖူးလို့လေ။ တော်ကြာ ကားမှားစီးတာ ဖြစ်မှာစိုးလို့”

“သြော်…မမှားပါဘူး အစ်မရယ်”

“ရုတ်တရက်မြင်လိုက်တော့ လန့်သွားတာ။ ကျွန်တော် တော်တော် အိပ်ပျော်သွားတယ်”

“အစ်မ ကြည့်ရတာ ခရီးပန်းလာပုံပဲ။ တစ်လမ်းလုံး အိပ်နေတာ လှုပ်တောင်မလှုပ်ဘူး။ ကျွန်တော်က အစ်မကို အားနာနေတာ။ နောက်ထပ် တက်လာတဲ့အထဲမှာ အရက်သမားပါလာလို့။ သူတက်လာတော့ အရက်နံ့ကို ထောင်းနေတာပဲ။ လူမပြည့်ရင်လည်း ကားထွက်တာ နောက်ကျမှာစိုးသလို သူကလည်း Booking လုပ်ထားတာဆိုတော့ လူတွေ့ပြီးမှ မတင်ရင် ပြဿနာရှာမှာစိုးလို့ တင်လိုက်ရတာ”

“သြော်။ ကျွန်တော်ဖြင့် သိတောင်မသိလိုက်ဘူးရယ်။ အိပ်ရေးပျက်ထားတော့ အိပ်ပဲ အိပ်ချင်နေတာ”

ကားဆရာနှင့် စကားမပြောဖြစ်တော့မှ ဖုန်းကို ယူကြည့်လိုက်သည်။ သူပို့ထားသည့် ငိုမဲ့မဲ့ စတစ်ကာလေးတွေ့ပြီး စိတ်ပူသွားမိသည်။

သူထံ ‘ဘာဖြစ်တာလဲ’ ဟု စာပို့လိုက်ပြီး ဖုန်းကို ပြန်သိမ်းထားလိုက်သည်။ အိပ်ရေးဝသွားပြီမို့ လမ်းခရီးရှုခင်းတွေကြည့်ရင်း ကားဆရာနှင့် အလုပ်အကြောင်း၊ စီးပွားရေးအကြောင်း စပ်မိစပ်ရာတွေ ပြောပြီး စီးလာခဲ့လိုက်သည်။ ည ၇ နာရီခွဲကျော်မှ အိမ်ကို ပြန်ရောက်သည်မို့ တော်တော်ပင် မှောင်နေပြီဖြစ်သည်။ အားလုံးက ဝိုင်းမေးကြသည်မှာ နွယ့်လက်ထဲမှ အရုပ်အကြောင်းပင်။

အရုပ်လေးကို သဘောကျ၍ နွယ် ဝယ်ခဲ့ကြောင်း ရှင်းပြရင်း အဝတ်အစားပင် မလဲတော့ဘဲ အထုပ်တွေ ချကာ ထမင်းစားခန်းသို့ သွားလိုက်သည်။ တစ်နေကုန် ဟုတ်တိပတ်တိ ဘာမှမစားထားသောကြောင့် ဗိုက်ထဲမှာ ဆန္ဒပြနေပြီဖြစ်သလို ဝိုင်းမေးနေသည့် စကားတွေကို ရှောင်ချင်သောကြောင့် ထမင်းစားပွဲမှာ ထိုင်ပြီး ညစာ ပြင်ပေးသည်ကို စောင့်နေလိုက်သည်။

ညစာစားရင်းမှ သူနှင့် စကားပြောဖြစ်သည်။ ပြောဖြစ်သည့် စကားအများစုမှာ လွမ်းသည့်အကြောင်းများပင်။

နွယ့်အတွက် ခံစားမှုအသစ်တွေ ပေးခဲ့သည့် သူ့ကို ချစ်ခင်မိသလို နွယ့်လုပ်ရပ်တွေကို ရပ်တန့်ဖို့တွေးရင်း မည်သူနှင့်မှ ထပ်မတွေ့တော့မည့်အကြောင်း နွယ် ပို့စ်လေး တင်ဖြစ်ခဲ့သည်။ ကိုကို့ထံသို့ နွယ့် ဆုံးဖြတ်ချက်တွေကို ပြောပြပြီး နွယ့်ကို နားလည်ပေးဖို့ပြောချိန်မှာတော့ ကိုကိုသည် နွယ့်ကို အပြစ်မမြင်ခဲ့သလို နွယ် အဆင်ပြေပျော်ရွှင်ဖို့ကို လိုလားသူမို့ နွယ့်အပေါ် နားလည်ကြောင်းနှင့် နွယ့်ကို ကျန်းမာရေး ဂရုစိုက်ဖို့တွေ မှာခဲ့သည်။

စားသောက်ပြီး နားချိန်မှာတော့ ကိုယ်လက်တွေ ကိုက်ခဲလာသလို သားအိမ်အတွင်းမှာလည်း အောင့်သလို ခံစားရကြောင်း သူ့ကို ပြောပြမိသည်။ ထုံးစံအတိုင်း နွယ့်ကို စနောက်ပြီး သူ ရယ်နေခဲ့သည်။ ထိုနေ့က နွယ် ဆေးသောက်ပြီး စောစောအိပ်ဖြစ်ခဲ့သည်။

မှတ်မှတ်ရရ အဲ့ဒီနေ့လေးဟာ နွယ့်အတွက်တော့ အိပ်ရေးဝသည့် နေ့လေးတစ်နေ့ဖြစ်ခဲ့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

နံနက် ၅ နာရီခွဲကျော်မှာ နွယ် နိုးလာခဲ့သည်။ ထူးဆန်းစွာ ဖုန်း Alarm မမြည်ခင် ပထမဦးဆုံး နိုးထခဲ့ဖူးသော နံနက်ခင်းလေးဖြစ်သည်။ အိပ်ရေးဝပြီး ကြည်လင်စွာ နိုးထလာသော နံနက်ခင်းလေးမို့ မျက်နှာမှာ ကြည်လင်ပြုံးရွှင်နေခဲ့သည်။

မျက်လုံးဖွင့်သည်နှင့် အရင်ဆုံး တွေးမိတာသည် သူ့အကြောင်းပင်။ သူ့အကြောင်းတွေးတိုင်း နွယ့်နှုတ်ခမ်းတွေ ပြုံးသွားတတ်သလို နွယ့်မျက်ဝန်းကိုပါ ရွှန်းလဲ့တောက်ပစေခဲ့သည်။ အဲ့ဒီနေ့ကစပြီး နွယ့်မျက်နှာ၊ နွယ့်အပြုံး၊ နွယ့်လှုပ်ရှားမှု၊ နွယ့်ဝတ်စားဆင်ယင်မှု၊ နွယ့်လမ်းလျှောက်ပုံကအစ ပြောင်းလဲသွားခဲ့သည်။

ယခင်က စိတ်အလိုမကျမှုအပေါ် မူတည်ပြီး နွယ့်မျက်နှာမှာ ပြောင်းလဲတတ်သလို ခပ်တည်တည်နေတတ်သူမို့ အရယ်အပြုံး နည်းသည့်သူများထဲတွင် နွယ်သည်လည်း အပါအဝင်ဖြစ်ခဲ့ဖူးသည်။ ယခုတော့ ဘယ်အချိန်ကြည့်ကြည့် နွယ့်မျက်နှာမှာ အပြုံးတို့ ဝေဆာလျက်။

လူတစ်ယောက်၏ အပြုံးကို ကြည့်ခြင်းအားဖြင့် ထိုအပြုံးသည် အဓိပ္ပာယ်များစွာကို ပုံဖော်စေနိုင်သည်။ အားနာသည့် အပြုံး၊ မဲ့ပြုံး၊ ရွဲ့ပြုံး၊ ခနဲ့ပြုံးတွေအပြင် အသက်မပါသည့် အပြုံး စသည်တို့ကို စာဖတ်သူတို့ မြင်ဖူးကြမည်ထင်ပါသည်။ ယခု နွယ့်မျက်နှာပေါ်တွင် မြင်တွေ့နိုင်သည့် အပြုံးကတော့ ရင်ထဲမှ ဖြစ်ပေါ်လာသည့် ကြည်နူးပီတိကို မြင်နိုင်သလို ဖြည်းညှင်းစွာ မျက်လွှာချတတ်သည့် မျက်တောင်ကော့လေးတွေနှင့် လိုက်ဖက်စွာ ရွှန်းလဲ့တောက်ပနေသည့် မျက်ဝန်းတစ်စုံကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။ တစ်ခါတစ်ရံ ရှက်ပြုံးလေး ပြုံးတတ်သလို အတွေးနှင့် လှုပ်ရှားနေသည့် အရုပ်လေးတစ်ရုပ်လို။ သူနှင့်တွေ့ဆုံစဉ်က အကြောင်းတွေ စဉ်းစားသည့်အခါ နွယ့်ပါးလေးတွေ မို့မောက်လာတတ်သလို မျက်ဝန်းလေးတွေ ကွေးညွှတ်ကာ သွားလေးတွေပေါ်သည်အထိ ပြုံးမိတတ်သည်။

ပထမဆုံး နွယ့်ပါးပြင်ကို သူနမ်းသည့်အချိန်နှင့် နွယ့်နှုတ်ခမ်းကို နမ်းခဲ့သည့်အချိန်များကို ပြန်တွေးမိသည့်အခါမျိုးတွေမှာ နွယ့်ရင်ခုန်သံတွေ မြန်လာတတ်သလို နွယ့်ခန္ဓာကိုယ်မှာ နွေးလာတတ်သည်။ တစ်ခါကတော့ ကိုယ့်နှလုံးခုန်နှုန်းကို သိချင်သည်နှင့် နာရီမှာ နှလုံးကြိမ်နှုန်းမှတ်ပြီး မျက်လုံးမှိတ်ကာ နွယ်တို့ နမ်းနေသည့်အချိန်ကို တွေးခဲ့ဖူးသည်။ စမှတ်စဉ်က နှလုံးကြိမ်နှုန်း ၇၄ သာရှိသည့် နွယ့်နှလုံးသားလေးမှာ ၁၃၂ အထိ မြင့်တက်သွားခဲ့သည်။ ဘဝမှာ ပထမဆုံး အတွေးနှင့် နှလုံးကြိမ်နှုန်း အမြင့်ဆုံးအဖြစ် မှတ်တမ်းတင်ထားခဲ့သည်။ (ယခင် ထိုကဲ့သို့ လုပ်ဖူးသော်လည်း အဖြေသည် ယခုလောက် မရောက်ခဲ့ဖူးပါ)

နံနက်ခင်းတိုင်း ဖုန်း Alarm မမြည်မီ နံနက် ၅ နာရီခွဲမှ ၆ နာရီအတွင်းတွေမှာ နွယ် ကြည်လင်စွာ နိုးထလာတတ်သည်။ ယခင်က ဖယ်ရီမီအောင် ပြေးရတတ်သော နွယ်တစ်ယောက် ယခုဆို ဣန္ဒြေနှင့် ဖြည်းဖြည်းသက်သာ ဘေးဘီဝဲယာကိုငေးရင်း လမ်းလျှောက်သွားရသည့် နေ့ရက်တွေ ဖြစ်လာခဲ့သည်။ အချိန်သက်သာစေရန် ဆံပင်ကို အပြောင်သိမ်းပြီး နောက်တွင် စည်းတတ်သည့် နွယ်တစ်ယောက် ယခုတော့ ရောင်စုံကလစ်လှလှလေးတွေ၊ ခေါင်းစည်းကြိုးလှလှလေးတွေနှင့် ဆံပင်ကို အလှဆင်တတ်လာသည်။ ယခင်က ရုံးရောက်မှ ခေါင်းဖြီးတတ်သည့် နွယ်သည် ယခုတော့ ဆံပင်ကို သေသပ်လှပစွာ ပြင်ဆင်ပြီးမှ ရုံးသို့ သွားဖြစ်ခဲ့သည်။

ဝတ်စားဆင်ယင်မှုမှာလည်း ယခင်က ပေါ့ပေါ့ပါးပါးနှင့် ခပ်ပွပွ အဝတ်အစားများကိုသာ ဝတ်ဆင်တတ်သော်လည်း ယခုအခါ မြန်မာဝတ်စုံတွေကိုသာ ဦးစားပေး ရွေးချယ်ဝတ်ဆင်ခဲ့သလို ယခင်ကဲ့သို့ ဖြစ်သလို ဝတ်စားသွားလာခြင်းအား ရှောင်ကြဉ်တတ်လာသည်။

ယခင်က ကျောပိုးအိတ်နှင့် ကြိုးသိုင်းဖိနပ်သာ စီးတတ်သည့် နွယ်သည် ကြိုးသေးသေးအိတ်လေးတွေ၊ မိန်းမကိုင် ပိုက်ဆံအိတ်တွေ ပြောင်းလဲအသုံးပြုခဲ့သလို ဖိနပ်ကိုလည်း ဒေါက်မြင့်ဖိနပ်တွေ၊ လေဒီရှူးလေးတွေ ပြောင်းစီးဖြစ်ခဲ့သည်။

ယခင်က လမ်းမြန်မြန်လျှောက်တတ်သော နွယ်သည် ယခုတော့ တွေးရင်း ငေးရင်း ပြုံးရင်း ဖြည်းဖြည်းအေးဆေးစွာ သွားလာတတ်ခဲ့သည်။

ယခင် မျက်နှာပြောင်နှင့် ရုံးတက်တတ်သည့် နွယ်သည် ယခုတော့ သနပ်ခါးပါးကွက်လေးဖြင့် နေ့စဉ် မြင်ရတတ်သည်။ ယခင်က ဓာတ်ပုံမရိုက်တတ်သည့် နွယ်တစ်ယောက် ယခုတော့ ဖယ်ရီပေါ်ဖြစ်စေ၊ အလုပ်စားပွဲရောက်လျှင်ဖြစ်စေ ဓာတ်ပုံတွေ ရိုက်တတ်လာသည်။

နွယ့်ကို သနပ်ခါးလိမ်းဖို့ သူ မတောင်းဆိုခဲ့သလို နွယ်သည်လည်း သူ့ကို သနပ်ခါးလိမ်းပါ့မယ်လို့ ကတိမပေးခဲ့ဖူးပါ။ သို့သော်လည်း နွယ့်ကို သနပ်ခါးလေးနဲ့ မြင်ချင်သလို သနပ်ခါးနှင့် ပုံလေးတွေကိုပဲ သိမ်းထားချင်သည်ဟု သူပြောခဲ့သည့်နေ့မှစပြီး နွယ် တစ်ရက်မပျက် သနပ်ခါးလိမ်းဖြစ်ခဲ့သည်။

ယခင်ကထက် ထူးခြားစွာ နွယ့်မျက်နှာမှာ ပိုပြုံးလာသလို ပိုပြီး ကြည့်ကောင်းလာခဲ့သည်။ နွယ့်မျက်နှာသာမက နွယ့်ဆံနွယ်လေးတွေပါ လှလာသလို နွယ့်ခန္ဓာကိုယ်မှာလည်း သိသိသာသာ ပြောင်းလဲလာခဲ့သည်။ နောက်ဆုံး ခင်မင်ရင်းနှီးသူတွေမှာ နွယ့်ကို ချစ်သူရနေပြီလားဟုပင် မေးခဲ့သည်အထိ နွယ့်ပြောင်းလဲမှုမှာ ထူးခြားစွာ သိသာစေခဲ့သည်။

နွယ် စကားပြောဆိုသည့်အခါ ယခင်က လိုအပ်သလောက်နှင့် ပြတ်တောင်းစွာ အေးစက်စက်ပြောဆိုတတ်သလောက် ယခုအခါ လက်ဟန်ခြေဟန်လေးတွေ၊ မူနွဲ့နွဲ့ဟန်ပန်လေးတွေကြောင့် နွယ့်ကို ပဲများလာသည်ဟု ပြောသည်အထိ နွယ့်ပြောင်းလဲမှုမှာ သိသိသာသာ မိန်းမဆန်လာခဲ့သည်။ ရုံးမှ လုပ်ဖော်ကိုင်ဖက်နှင့် သူငယ်ချင်းတွေသည် နွယ့်ပြောင်းလဲမှုတွေကို သတိထားမိလာသည်အထိ နွယ်သည် နွယ်မဟုတ်သကဲ့သို့ ပြောင်းလဲလာခဲ့သည်။

ထိုအရာတွေအပြင် နွယ် ထင်ထားခဲ့ဖူးသော၊ နွယ် သိခဲ့ဖူးသော နွယ့်ထင်မြင်မှုတွေ နွယ့်ခံယူချက်တွေပါ ပြောင်းသွားခဲ့သည်။

အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒပြည့်ဝခြင်း Orgasm (အော်ဂဇင်)အကြောင်း နွယ် မသိခဲ့ဖူးသလို ထိုပြီးမြောက်ခြင်း၏ ခံစားမှုသည် မည်သို့သော ခံစားမှုဖြစ်ကြောင်းလည်း နွယ် မသိခဲ့ဘူး။ ယခင်က စိတ်ဆန္ဒတောင့်တမှုနှင့်အတူ ကိုယ်ခန္ဓာ လိုလားမှုတို့ကြောင့် လူတချို့နှင့် နွယ် လိင်ဆက်ဆံဖြစ်ခဲ့သည်။ လိင်ဆက်ဆံပြီးနောက်ပိုင်း နွယ့်ရဲ့ လိုချင်တောင့်တစိတ်တွေ ငြိမ်သက်သွားတတ်သလို စိတ်ကျေနပ်မှုကိုလည်း ခံစားခဲ့ရသည်။ ထိုသို့ ခံစားရမှုအပေါ် နွယ့်ထင်မြင်ယူဆချက်မှာ အမျိုးသမီးတစ်ယောက်သည် ပြီးမြောက်ခြင်းထက် လိင်ဆက်ဆံပြီး လိင်စိတ်ဆန္ဒပြည့်ဝဖို့၊ စိတ်ကျေနပ်မှုရဖို့သည် ပိုပြီး အဓိကကျသည်ဟု နွယ် ထင်ခဲ့ဖူးသည်။

အမျိုးသမီးတွေမှာ ပြီးမြောက်ဖို့ အချိန်ကြာမြင့်တတ်သလို မပြီးမြောက်တာမျိုးလည်း ဖြစ်တတ်ကြောင်း သိထားခဲ့သော်လည်း ယခုကဲ့သို့ ပြီးမြောက်ခြင်းကို မြန်မြန်နှင့် ဆက်တိုက်နီးပါး ပြီးမြောက်နိုင်ကြောင်း ကိုယ်တွေ့ကြုံဖူးမှသာ နွယ် သိခဲ့ရသည်။ ထိုအချိန်ကလေးမှာ နွယ့်စိတ်သည် သိပ်ကို နူးညံ့သိမ်မွေ့နေသလို လိုချင်တောင့်တမှုတို့ ထပ်မံဖြစ်ပေါ်စေပြီး ကိုယ့်ရဲ့ဆက်ဆံဖော်ကို ပိုပြီး သဘောကျနှစ်ခြိုက်မိလာသည်။

ယခုတစ်ကြိမ်မှာတော့ နွယ်သည် ကြုံတွေ့ခဲ့ရသော ပြီးမြောက်ခြင်း ခံစားမှုကို သိရှိသွားခဲ့သလို သဘောကျ ကြိုက်နှစ်သက်မိခဲ့သည်။ ထို့အတူ သူ့အပေါ်ကိုလည်း မတူညီသည့် စိတ်ခံစားမှုမျိုးဖြင့် ချစ်ခင်မိခဲ့သည်။ လိင်ဆက်ဆံပြီးနောက်ပိုင်း စိတ်ခံစားမှုတို့ကြောင့် လူတစ်ယောက်သည် အရာရာပြောင်းလဲနိုင်ကြောင်းကိုလည်း နွယ် သိခဲ့ရသည်။

နွယ့်ဘဝမှာ နွယ့်ကို “ချစ်တယ်” ဟု မပြောဘဲ “ချစ်လား” ဟု မေးခဲ့သည့် သူ့ကို နှလုံးသားဖြင့် ခံစားပြီးမှ “ချစ်တယ်” ဟု နွယ့်နှုတ်ကနေ ဝန်ခံခဲ့သည်။ ချည်နှောင်မှုတွေမပါဘဲ သူ့ကို ချစ်ခဲ့သလို သူ လက်ဆောင်ပေးခဲ့သည့် အရုပ်လေးကိုတော့ ချည်နှောင်စရာ အသစ်ကလေးအဖြစ် နွယ် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် အရုပ်ကလေးကို “ချည်သစ်” ဟု အမည်ပေးခဲ့သည်။

နွယ် ပေးခဲ့သော နာမည်ကလေးတွင် အခြားအဓိပ္ပာယ်တစ်ခု ရှိပါသေးသည်။ ထိုအရာသည် “ချည်သစ်”၏ ပြောင်းပြန်မှာ “ချစ်သည်” ဖြစ်ကြောင်းကိုလည်း သူသိနေခဲ့ပြန်သည်။

နူးညံ့သိမ်မွေ့သော ခံစားမှုတို့၏ စေစားရာနောက်သို့ လိုက်ပါစီးမျောရင်း ဘယ်အချိန်ပြန်ဆုံနိုင်မည် မသိရသည့် သူ့ကို လွမ်းလျက်…။ ။

ပြီးပါပြီ။

နွယ်