ကျွန်တော့် သူနာပြုဆရာမလေး (အပိုင်း ၄)

ကျွန်တော့် သူနာပြုဆရာမလေး
ရေးသားသူ – ချမ်းကို (Chan Ko)

🏵️ အပိုင်း (၄) 🏵️

ဖြူလွလွဖျော့တော့တော့ လရောင်ဟာ အခန်းထဲကို ဖြာကျနေတယ်။ ပြူတင်းပေါက်နားကပ်လျှက်က ကုတင်လေးပေါ်မှာ ခပ်ကွေးကွေးလေး လှဲအိပ်နေတဲ့ ဆရာဝန်မလေးကို ကျနော်ဖက်ရင်း ဘေးတစောင်းခွထားတယ်။ လရောင်အောက်က ကမ္ဘာဦး သမီးရည်းစားတွေပေါ့ဗျာ။ နွေနှောင်းညတစ်ခုမှာ ပူလောင်အိုက်စပ်မှုအစား နေလို့ကောင်းရုံ ရာသီဥတုလေးနဲ့အတူ လေပြေလေးတွေက ပြူတင်းပေါက်ကနေ အခန်းထဲတိုးဝင်လာတယ်။ ကျနော်တို့နှစ်ယောက်စလုံးရဲ့ ကိုယ်ခန္ဓာတွေက တုန်ခါပြီး ရင်ခုန်သံတွေမြန်နေဆဲပဲ။ သနပ်ခါးနံ့သင်းသင်းလေးရနေတဲ့ ကိုယ်လုံးလေးက ငြိမ်ငြိမ်လေး ကျနော့်ရင်ခွင်ကျယ်ထဲမှာပေါ့။

ညဦးပိုင်းက လူကြီးတွေ အိပ်ပျော်သွားတာနဲ့ ကျနော် အသာလစ်ထွက်ခဲ့ပြီး ပုံ့ပုံ့အခန်းထဲကို ရောက်လာခဲ့တယ်။ လရောင်မှိန်မှိန်လေးလင်းနေတဲ့ အခန်းလေးထဲမှာ ညအိပ်ရင်ဝတ်လေ့ရှိတဲ့ ခပ်ပါးပါးစွပ်ကျယ်နဲ့ ထမီအနွမ်းလေးဝတ်ထားတဲ့ ကောင်မလေးက ကျနော့်ကိုမြင်တာနဲ့ အတင်းဖက်ပြီး နမ်းတော့တာပဲ။ အိမ်အပေါ်ထပ်မှာ အိပ်နေတဲ့ အိမ်ဖော်မလေးကိုတောင် ဂရုမစိုက်တော့ပဲ.. အသားကုန်ဆွဲရမ်းပြီး ချစ်ခဲ့မိကြတာပေါ့လေ။

ကျနော်နဲ့တွေ့ရဖို့စောင့်ရင်း စိတ်ကအလိုလို ကြွနေဟန်တူတဲ့ ပုံ့ပုံ့ကို ထမီလေးဆွဲချွတ်ချပြီး သူ့အဖုတ်လေးကို စမ်းကိုင်ကြည့်ရုံနဲ့ အရည်တွေ စိုရွှဲနေတာဗျ။ အမှန်အတိုင်းပြောရရင် ကျနော်ကိုယ်တိုင်ကလည်း လူကြီးတွေ အိပ်အောင်စောင့်ရင်း တော်တော်လေး ဂျိုကြွနေခဲ့တာပေါ့။ ဒါကြောင့် တွေ့တာနဲ့ ဘာမှပျိုးတာတွေဘာတွေ မလုပ်တော့ပဲ မတ်တပ်ရပ် နံရံကပ်၊ ပေါင်တစ်ချောင်းဆွဲမပြီး ခပ်ကြမ်းကြမ်း ချစ်ခဲ့မိတာပေါ့။ ညနေကလုပ်သလို မြန်မြန်မပြီးအောင်ထိန်းတာ၊ အရှိန်ကို ချလိုက်တင်လိုက် လုပ်တာတွေ မလုပ်တော့ပဲ.. အသားကုန် အဆက်မပြတ် မရပ်မနား ဆက်တိုက်ဆောင့်လိုးခဲ့မိတာပေါ့ဗျာ။ ပုံ့ပုံ့ကလည်း ငြိမ်ငြိမ်ကလေးခံနေတယ် မထင်ပါနဲ.။ တက်ညီလက်ညီ အသားကုန်ကော့ပေး၊ ပြန်ဆောင့်ပေးနဲ့ အတွဲညီညီလုပ်ကြရင်း တစ်ချီပြီးသွားတယ်။

၁၅ မိနစ်လောက်ပဲ ခဏအမောဖြေရသေးတယ် ကုတင်ဇောင်းမှာ ကျနော့်ကို ဒူးထောင်ပေါင်ကား ပက်လက်အိပ်ခိုင်းပြီး ပုံ့ပုံ့က ကုတင်အောက်မှာထိုင်ရင်း ကျနော့်အငယ်ကောင်ကို သေသေချာချာ ကျကျနန စုပ်ပေး လျက်ပေးပြန်တယ်။ ပြန်ပြီး မာတောင့်လာပြီဆိုတာနဲ့ ကျနော့်ကိုတက်ခွပြီး တဟင်းဟင်းနဲ့ တက်လိုးပြန်တယ်။ လရောင်အောက်မှာ ဆံပင်ရှည်ဖားလျားချပြီး ကျနော့်ကို တက်လိုးနေတဲ့ ချစ်သူလေးဟာ ပြင်းထန်တဲ့ အလယ်ခေတ်က ခရူးဆိတ်စစ်ပွဲတစ်ခုရဲ့ စစ်မြေပြင်အလယ်မှာ တိုက်ပွဲဝင်နေတဲ့ မြင်းသည်တော်လေးအလားပဲ။ ကျနော့်ချစ်သူ မြင်းသည်တော်မလေးပေါ့ဗျာ။

သူ အားရပါးရ တက်လိုးလို့ အဆုံးထိရောက်ပြီး ကျနော့်ကိုယ်ပေါ် မှောက်ကျလာတော့မှ ကျနော်သူ့ကို ပုဇွန်ထုပ်ကွေးပုံစံမျိုးနေခိုင်းပြီး ဇိမ်ဆွဲရင်း ကုတင်အောက်ကနေ မတ်တပ်ရပ်ပြီး တစ်ချက်ချင်း ဆောင့်တယ်။ ပြီးဆုံးသွားတဲ့ သူ့အရည်တွေရွှဲနေတဲ့ စောက်ဖုတ်ဖောင်းဖောင်းလေးကို ကျနော် မွှေမွှေပေးရင်း အထဲနံရံနဲ့ ကျနော့်ဒစ် သွားပြီးပွတ်တိုက်မိတာတွေကို သေချာတစ်ချက်ချင်း ဖီးလ်ခံရင်း လိုးနေခဲ့တာပေါ့။ နောက်ဆုံး သူပြီးချင်လာတဲ့ အမူအရာပြလာတော့မှ ကုတင်ဇောင်းမှာ လေးဘက်ကုန်းခိုင်းပြီး နို့တွေကိုလှမ်းဆွဲပြီး ဆောင့်၊ တင်ပါးတွေကို ဆုပ်ချေရင်း ဆောင့်၊ အဲ့လိုလုပ်ရင်း ပြိုင်တူပြီးပစ်လိုက်ခဲ့တာပေါ့လေ။

စိတ်ရှိလက်ရှိ နောက်ထပ်နှစ်ခါလောက် ထပ်ချစ်ဖြစ်သေးတယ်။ အခု သူရော ကျနော်ပါ ကုတင်ပေါ်မှာ အမောဖြေနေရလို့ စကားမပြောပဲ မှိန်းနေကြသေးတယ်။ ခန္ဓာကိုယ်က ဆက်တိုက်ထပ်လုပ်ဖို့ မစွမ်းနိုင်တော့လို့သာ အခုလို နားနေကြတာ။ အမှန်က ဝကိုမဝသေးဘူးဗျ။ အချစ်ကိစ္စဆိုတာက သိတဲ့အတိုင်းပဲ ဆားငံရည်ကိုး။ ရင်ခွင်ထဲမှာ ကြောင်ပေါက်စကလေးလို ခွေနေတဲ့ ချစ်သူလေးကို ကျနော် နမ်းပေးနေမိတယ်။ ရင်ခွင်ထဲကို အတင်းထပ်ပြီး တိုးဝင်လာရင်း ကျနော့်ကို တအားဖက်ထားရှာတယ်။ အခု ကျနော့်ရင်ခွင်ထဲက ကောင်မလေးဆိုတာ ခင်ဗျားတို့သိတဲ့ ဟော့ဒီမြို့က ဒေါက်တာရီရီ မဟုတ်တော့ဘူးဗျ။ ချစ်သူနဲ့ ချစ်စခန်းဖွင့်ပြီးလို့ ကြည်နူးငြိမ်သက်နေတဲ့ ကျနော့်ရဲ့ငယ်ငယ်က ပုံ့ပုံ့လေးပေါ့ဗျာ။

“မောင်.. ပုံ့တော့… မောင့်ကို သေလောက်အောင်.. စွဲနေမိပြီ.. သိလား…”

လေသံတိုးတိုးလေးနဲ့ ကျနော့်ကိုမော့ကြည့်ရင်း ပြောတယ်..။

“တူတူပါပဲ… ငါ့အချစ်ကလေးရာ..”

“မောင် ပုံ့ကို လက်ထပ်မှာလားဟင်”

“အင်း..”

ကျနော် စိတ်မသက်မသာ ဖြစ်လာပြန်တယ်ဗျ။

“ပြွတ်..အွန်း…ပြွတ်..”

ပုံ့ပုံ့ ကျနော့်နှုတ်ခမ်းတွေကို စုပ်နမ်းနေတယ်။

“ပုံ့လေ.. မောင့်ကို အကြာကြီးမျှော်ခဲ့ရတာပါ..။ ပုံ့ ယုံကြည်ခဲ့တာ တစ်ခုရှိတယ်..။ တစ်နေ့နေ့မှာ ဖိုးသက်နဲ့ ပြန်ဆုံပြီး.. ချစ်သူတွေဖြစ်မယ်လို့…”

အဲ့လိုပြောရင်း အသံလေးက တိမ်ဝင်သွားရှာတယ်..။ ဝမ်းနည်းနေပြန်ပြီ။ ကျနော်သူ့ကို ချော့တဲ့အနေနဲ့ ကျောလျားရှည်ရှည် ပြောင်ချောချောကလေးကို ဖွဖွပွတ်ပေး၊ တင်ပါးအိုးကျစ်ကျစ်လေးကို လက်နဲ့ သာသာပုတ်ပေးရင်း ကလေးတွေကိုချော့သလို ချော့လိုက်မှ သက်သာရာရသွားရှာသလို သက်ပြင်းမျင်းမျင်းလေးချပြီး

“ပုံ့မောင့်ကို အရမ်းချစ်တယ်ဆိုတာ.. မောင် ယုံသလားဟင်..”

“သနားစရာကောင်းတဲ့ ပုံ့ကလေးရာ..။ မောင် ပုံ့ကို အရမ်းသနားတယ်..။ ပြီးတော့ ချစ်ပါတယ်ကွာ.. ဟုတ်ပြီလား..”

“ဒါဆို.. ငယ်ငယ်တုန်းက ဖိုးသက်လေးနဲ့တူတဲ့ ကလေးလေးတွေ ပုံ့နဲ့တူတူမွေးမှာနော်..”

ဆိုပြီး အသံလေးက တက်ကြွသံလေးပေါက်လာပြန်တယ်။

“အေးပါ အချစ်ကလေးပုံ့ရာ..”

လို့ ကျနော်က ပြန်ဖြေလိုက်တော့… ကျနော့်နှုတ်ခမ်းတွေကို တပြွတ်ပြွတ်နမ်းစုပ်ရင်း…

“ပုံ့ ပျော်လွန်းလို့ သေတော့မလားမသိဘူး”

ဆိုပြီး ကျနော့်လက်ကိုယူပြီး သူ့ရင်ဘတ်ပေါ်တင်ပေးလိုက်တော့ သူ့ရင်ခုန်သံလေး မြန်နေရှာတာကို သတိထားမိတယ်။ ပူဆာတာရသွားတဲ့ ပေါက်စနလေးလိုပဲ.. အပျော်လွန်နေတဲ့အသံနဲ့ ငယ်ငယ်က ကျနော်တို့အကြောင်းတွေ တတွတ်တွတ်နဲ့ ပြန်ပြောနေရှာတယ်ဗျာ။ နည်းနည်းလေးကြာတော့မှ..

“မောင်.. ပုံ့ ခဏမှိန်းလိုက်ဦးမယ်..။ မောင်အချစ်ကြမ်းလို့ နည်းနည်းပင်ပန်းထားတယ်ကွယ်..။ မိုးလင်းခါနီးပြန်ရင်.. ပုံ့ကိုနိုးနော်..။ တစ်ခါလောက်ချစ်ပြီးမှ ပြန်ရမယ်..။ အခု ပုံ့ကိုဖက်ထားပေး..”

ဆိုပြီး ရင်ခွင်ထဲ တအားတိုးဝင်လာပြန်တယ်။ ၅ မိနစ်လောက်နေတော့ အသက်ရှူသံမှန်မှန်လေးနဲ့ အိပ်မောကျသွားရှာပြီ။ ကျနော့်မှာတော့ ရင်ခွင်ထဲက ချစ်စရာ၊ သနားစရာ ဆရာဝန်မလေးကို လရောင်အောက်မှာ ဖက်ထားရင်း ငေးကြည့်နေမိတယ်။ သက်ပြင်းတွေခိုးချရင်း ကျနော်ဟာ မိန်းမနှစ်ယောက်ကို တပြိုင်နက်ချစ်မိနေတဲ့ တွေဝေတတ်တဲ့ ကောင်တစ်ကောင် ဖြစ်နေပြီဆိုတာ တွေးမိပြီး ရင်မောနေမိတယ်။

မိုးလင်းတော့ ဘွားလေးမေ ပြင်ထားပေးတဲ့ နန်းကြီးသုပ်ကို နှစ်ယောက်သား မီးဖိုချောင်ထဲမှာ တူတူစားနေကြရင်း ပုံ့ပုံ့မျက်နှာလေးက မချင့်မရဲဖြစ်နေဟန်လေး ဖြစ်နေတယ်။ အလိုမကျ ဖြစ်နေဟန်ကလေးက တော်တော်သိသာနေတယ်။ မနက်ရောင်နီသမ်းတော့ ညက သူမှာထားသလို နိုးပြီး ထပ်မလုပ်ဖြစ်ခဲ့ပါဘူးဗျာ။ ကုတင်ပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေရှာတဲ့ ချစ်သူလေးကို စောင်ပါးပါးလေးခြုံပေးပြီး နဖူးလေးကို ဖွဖွမွှေးပြီး ကျနော် တိတ်တိတ်လေး ဒီဖက်အိမ်ကို ပြန်လာခဲ့တာကိုး။ သူလေးအိပ်ပါစေဆိုပြီး ကျနော် ဘယ်လိုမှ မလုပ်ရက်တာပါ။ ဒါကို ကောက်နေပြန်ပြီ နေမှာဗျ။

ကျနော်အတင်း မျက်လုံးချင်းဆိုင်မိအောင် ကြည့်လိုက်တိုင်း မျက်နှာလွှဲလွှဲဖယ်နေတာဗျ။ ကျနော်ပြုံးပြနေတာကို မသိချင်ယောင်ဆောင်ပြီး နှုတ်ခမ်းလေးက စူတူတူလေး လုပ်ထားတယ်။ ရယ်လည်းရယ်ချင်တယ်၊ အမြင်ကပ်စရာလည်းကောင်းတဲ့ ကျနော့်ဆရာဝန်မလေးပေါ့။ ဘွားလေးမေ အဘိုးလေးကို မနက်စာသွားကျွေးဖို့ ထွက်သွားတော့ ကျနော်တို့နှစ်ယောက်လုံး စားသောက်ပြီးလို့ ပုံ့ပုံ့က ဘေစင်မှာ ဆေးကြောနေတယ်။ ကျနော်က အသာလေး အနောက်နားကနေ လက်ကိုင်ပုဝါနဲ့ ချည်ထားတဲ့ သူ့ဆံပင်တွေကို လက်နဲ့သပ်ဖယ်လိုက်ပြီး လည်တိုင်ကျော့ကျော့လေးကို နမ်းရင်း ..

“ပုံ.!! မောင့်ကို ချိတ်ကောက်နေတာပေါ့”

လို့ ရယ်သံစွက်ရင်း တိုးတိုးမေးလိုက်တော့.. ဘာမှပြန်မပြောပဲ အနားကပ်မလာခဲ့နဲ့ဆိုတဲ့ သဘောနဲ့ တံထောင်နဲ့ ကျနော့်ကို တွန်းထုတ်နေတယ်။

“ဒါလား.. ချာဝန်မကြီးရီရီချိုဆိုတာ.. ကလေးမပေါက်စနလေး ကြနေတာပဲ..”

လို့ ထပ်ပြီးစလိုက်တော့…

“မောင်သက်.. မောင်သက်.. ကျုပ်စိတ်အရမ်းတိုနေတာနော်…။ ထပ်ပြီး ဒေါသထွက်အောင် လာမလုပ်နဲ့… ကောက်ထုပစ်လိုက်မယ်”

ဆိုပြီး ဆေးလက်စ ပန်းကန်လုံးကို ထောင်ပြတယ်။

“ဒေါ်ရီရီခင်ဗျ.. ကျနော်က အိပ်ရေးပျက်မှာစိုးလို့ တမင်ပြန်သွားတာပါ..။ လုပ်ချင်တာမှ တစ်ပိုင်းကို သေနေတာနော်..”

“ကဲပါဗျာ!! အခုလို နှုတ်ခမ်းထော်ထားတာ.. ဘယ်လိုမှမလှဘူး …။ ငယ်ငယ်က ကျနော့်သူငယ်ချင်း မဲတူမလေးနဲ့ ပြန်တူလာပြီ ခစ်ခစ်..”

ဆိုပြီး စလိုက်တော့ နှုတ်ခမ်းကို တင်းတင်းကိုက်ရင်း..

“မောင်နော်..”

လို့ ခြေဆောင့်ပြီး အော်လာတယ်။

“ပုံ့နော်..”

လို့ ကျနော်က သူ့အမူအရာအတိုင်း ခြေဆောင့်ပြီး ပြန်အော်ပြလိုက်တော့.. မအောင့်နိုင်တော့ပဲ တခစ်ခစ် ရယ်သွားတယ်..။ ပြီးတော့မှ..

“အိပ်ယာကနိုးလာတော့ မောင့်ကိုမတွေ့ရတာ… ပုံ့ ဘယ်လိုကြီးမှန်းမသိ ဖြစ်သွားတာနော်.. ဟင်း..။ သူများသေချာမှာထားရက်နဲ့ အကျင့်ပုတ်တယ်…”

“သနားလို့ပါ ပုံ့ရာ.. ဟုတ်ပြီလား..”

“ပြီးရော.. အခု ပုံ့ ဆေးရုံသွားတော့မှာ.. မောင်လိုက်ပို့…။ ဒါပေမယ့် အခုချက်ချင်း ပုံ့ အိမ်ပြန်သွားတာနဲ့ နောက်ကမြန်မြန်လိုက်လာပြီး တစ်ခါချစ်ပေး.. ဒါပဲ…”

လို့ ရှက်ပြုံးလေးနဲ့ ပြောရင်း မီးဖိုချောင်နောက်ပေါက်ကနေ သူအိမ်ဖက်ကို လှစ်ကနဲ ပြေးသွားရောဗျ။ ကျနော်လည်း ရေမိုးချိုး အဝတ်အစားလဲပြီး သူ့အိမ်ဖက်ကို စက်ဘီးလေးတွန်းပြီး ထွက်လာခဲ့တယ်။ ကျနော့်ဆရာဝန်မလေး အခုဆို သူ့အိပ်ခန်းတံခါးကို ခပ်ဟဟလေးဖွင့်ထားရင်း ရင်ခုန်စွာနဲ့ ကျနော့်ကို မျှော်နေပြီနေမှာဗျ။

…………………………………………

ပုံ့ပုံ့ကို ဆေးရုံလိုက်ပို့ပေးပြီးတာနဲ့ ကမ်းနားလမ်းဖက်ကို စက်ဘီးဆက်နင်းလာခဲ့တယ်။ ဟိုဖက်ကမ်းကလာမဲ့ ကူးတို့စက်လှေဆိုက်မယ့် ဆိပ်ခံနားမှာ သွားစောင့်နေမိတယ်။ ဒီနေ့ အနီလေး ပြန်လာမှာလေ။ သူပြောသလိုဆို ၁၀ နာရီလောက်ဆိုက်မယ့် ကူးတို့နဲ့ ပြန်လာတတ်တယ်တဲ့။ အခု ၉:၃၀ လောက်ပဲ ရှိသေးတော့ မလာသေးဘူး။ ကမ်းပါးမှာလုပ်ထားတဲ့ သစ်သားခုံတန်းလေးပေါ်မှာ ထိုင်ရင်း မြစ်ပြင်ကျယ်ကိုငေးမောရင်း ကျနော် စီးကရက်ထိုင်ဖွာနေမိတယ်။

ဘဝမှာ ဘာတစ်ခုမှ ဟိုလိုလိုဒီလိုလို မလုပ်ခဲ့ဖူးတဲ့ကျနော် အခု မိန်းမနှစ်ယောက်လုံးကို တွယ်တာမိနေပြီဆိုတာတွေးရင်း ဘယ်လိုဆက်စခန်းသွားရမလဲ ရင်မောနေမိတယ်။ ကျနော် တမင်တကာ ပွေရှုပ်ချင်တာ မဟုတ်ရပါဘူးဆိုတာ ကျိန်တွယ်ပြီး ပြောဝံ့ပါရဲ့ဗျာ။ တစ်ယောက်ယောက်ကို စွန့်ပစ်လိုက်ရင်ကော ဘယ်လိုနေမလဲ..။ ဟင့်အင်းဗျာ.. သနားစရာ ကျနော့်သူနာပြုဆရာမလေး.. ဟင့်အင်း.. တွေးတာနဲ့တင် ကျနော့်ရင်ထဲမှာ ကျဉ်တက်လာတယ်။ မလုပ်ရက်ပါဘူးဗျာ။

ဒါဆို ဆရာဝန်မလေး ရီရီ…။ ဖူးးးးးးးးး ဟင့်အင်းဗျာ.. တကယ်မလုပ်ရက်တော့ဘူး..။ ကျနော်သူ့ကို ဘာမှန်းမသိခင်က ကျူးလွန်ခဲ့မိတာ မှန်ပါတယ်။ ဒါပေမယ့် ဒီဆရာဝန်မလေးဟာ နှစ်ပေါင်းများစွာ ကျနော့်ကို မျှော်လင့်နေခဲ့ရှာတာဆိုတာ တွေးလိုက်တိုင်း ကျနော် အရမ်းဝမ်းနည်းရပြန်တယ်လေ။ ပိုဆိုးတာက ကျနော်တို့ကျောင်းတက်စဉ်က သူကျနော့်ကို တိတ်တိတ်လေး လာချောင်းကြည့်ပြီး ဆွေးရတာတွေ ပြောပြတော့ ဒီလောက်ကြီးတောင် သံယောဇဉ်တွယ်တာရှာတဲ့ ကောင်မလေးဆိုပြီး.. ကဲ.. ကျနော် ဘာလုပ်ရမလဲဗျာ။

“ဟေး.. ချစ်ချစ်..”

ဆိုပြီး ကျနော့်ပုခုံးပေါ် လက်လာတင်တော့မှ တွေတွေငေးနေတဲ့ ကျနော် သတိဝင်လာတယ်။ ထိုင်နေရာက မော့ကြည့်လိုက်တော့ အနီလေးရယ်လေ.. ထမီအဝါဖျော့လေးနဲ့ ဘလောက်စ်လက်ပြတ်လေးကို ဝတ်ထားတော့ လက်မောင်းဖြူဝင်းဝင်းလေးက ထင်းနေတယ်။ မျက်နှာဝိုင်းစက်စက်လေးက ပြုံးချိုနေတာဗျ။ လက်ထဲကကိုင်လာတဲ့ ကြိမ်ခြင်းလေးကို ထိုးပေးရင်း..

“ချစ်ချစ်က အနီ့ကိုလွမ်းပြီး ဆွေးနေတာလား.. မျက်နှာက မကောင်းဘူး”

ဆိုပြီး ကျနော်ပါးကို လက်ချောင်းလေးတွေနဲ့ ချစ်စနိုးဖျစ်ညှစ်ရင်း ..

“ဒီနေ့ အစ်ကို့လက်ရာ ရှမ်းဟင်းလေးတွေ စားမယ်နော်..။ ဈေးသွားဝယ်စို့”

ဆိုပြီး ပြောလာတယ်။ ကျနော့်ရင်ထဲမှာ စိတ်ညစ်နေတာတွေ ပြေပျောက်သွားရင်း..

“စိတ်ချပါ ကျနော့်အချစ်ကလေးရာ..။ ဒီနေ့ သေသေချာချာကို ပြုစုမလို့ လာစောင့်နေတာပါဟ..။ ထမင်းဟင်းကော.. ဟိုဒင်းကော..”

လို့ နောက်လိုက်တော့.. အနီကလေးက ချစ်စဖွယ်မျက်နှာလေးနဲ့ လျှာလေးတစ်လစ် ထုတ်ပြရင်း ..

“အစားအသောက်က အရေးကြီးတယ်.. မောင်ရင်..။ စားနိုင်မှ လုပ်နိုင်မယ်..။ ထမင်းမြိန်ဖို့လိုတယ်.. လက်စွမ်းပြတော့..”

လို့ ပြောရင်း ရယ်နေပြန်တယ်။ နှစ်ယောက်သား ဈေးထဲကို စက်ဘီးလေးနဲ့ ရောက်သွားပြီး ချက်ပြုတ်စရာတွေ တူတူဝယ်ခြမ်းနေကြတော့ အနီလေးက ကျနော့်လက်မောင်းကို မလွှတ်ဘူး..။

“အစ်ကို.. အစ်ကို.. အနီတို့က တကယ့်လင်မယားတွေလိုပဲနော်..။ သူများတွေက တအားလိုက်ဖက်တဲ့ စုံတွဲလေးဆိုပြီး ဝိုင်းငေးနေကြတယ်… တွေ့လား”

ဆိုပြီး ကပ်ပြောနေလို့ ကျနော်က

“ငပေါ…”

ဆိုပြီး အနီ့နဖူးဝင်းဝင်းလေးကို လက်ဖဝါးနဲ့ မနာအောင် ပတ်! ပတ်! ဆိုပြီး ဖွဖွရိုက်တော့.. တခစ်ခစ်နဲ့ သဘောတွေကျနေရှာတယ်ဗျာ။

ဟုတ်ပါတယ်..။ ကျနော့်ချစ်သူ သူနာပြုဆရာမလေး ပြောသလိုပါပဲ..။ ဈေးကနေ ချက်စရာပြုတ်စရာ ဝယ်ခြမ်းပြီး တူတူပြန်လာ..။ အနီ့အိမ်ကို ရောက်တာနဲ့ နှစ်ယောက်လုံး ပေါ့ပေါ့ပါးပါး အိမ်နေရင်းအဝတ်တွေကို လဲပြီးတာနဲ့ ကျနော်က မီးဖိုချောင်ထဲမှာ ကြော်လှော်ချက်ပြုတ်၊ အနီလေးက တစ်အိမ်လုံးကို သီချင်းလေးတကြော်ကြော်နဲ့ သန့်ရှင်းတိုက်ချွတ်၊ တက်ညီလက်ညီနဲ့ တကယ့် အိမ်ထောင်သည်တွေလို သာသာယာယာ ဘဝကလေးပေါ့ဗျာ။

“ဆရာ.. မြန်မြန်လေးချက်ပါရှင့်..။ ဟင်းအနံ့တွေက မွှေးလာလို့ ဗိုက်အရမ်းဆာလာပြီ..”

လို့ မီးဖိုချောင်ထဲဝင်လာပြီး ချစ်သူလေးက လာလာညောင်ရင်..

“ရတော့မယ်.. ရတော့မယ်.. ဝမ်းကစ်စ်ပေး…”

လို့ ကျနော်ကတောင်းတိုင်း..

“အင့်ဟယ်..အင့်ဟယ်..”

ဆိုပြီး ရယ်ကျဲကျဲနဲ့ ကျနော့်ပါးပြင်ကို ခြေဖျားလေးထောက်ပြီး နမ်းရော..။ အားလုံးပြီးတာနဲ့ ရေတူတူချိုးရင်း မတွေ့ရတဲ့နေ့အတွက် အကြွေးဆပ်တယ်ဆိုပြီး ရေချိုးခန်းထဲမှာရေချိုးရင်း တက်မက်စွာနဲ့ နှစ်ယောက်သား ချစ်မိပြန်တယ်။ ပြီးတော့မှ ထမင်းတူတူစား (အခုနောက်ပိုင်း ထမင်းစားရင် ကျနော်ခွံ့ကျွေးတာပဲ စားမယ်ဆိုပြီး ညောင်လို့ ကလေးပေါက်စလေးလို အမြဲခွံ့နေရတယ်) ဆေးကြောသန့်စင်ပြီးတာနဲ့ ရေနွေးကြမ်းမတ်ခွက် တစ်ခွက်ယူ ဧည့်ခန်းက ဆက်တီခုံရှည်မှာ နှစ်ယောက်သား တူတူ ပူးကပ်ထိုင်ရင်း စာအုပ်တစ်အုပ်လောက် တူတူဖတ်ကြ၊ ငြင်းခုန်ကြ.. စကြနောက်ကြ..။ အဲ့ဒီအချိန်မှာ ကျနော့်ရင်ထဲမှာ သောကရယ်လို့ မြူမှုံလောက်တောင်မရှိပဲ အေးချမ်းနေလိုက်တာဗျာ။ အနီကလေး အကျွမ်းတဝင်မရှိတဲ့ ဂီတနဲ့ ပတ်သက်တာတွေ ကျနော်က ပြောပြပြီဆိုရင် မသိနားမလည်တဲ့ ကလေးလေးလို ငေးပြီးနားထောင်တတ်သလို၊ သူရော ကျနော်ပါ အကျွမ်းတဝင်ရှိတဲ့ စာအကြောင်းပေအကြောင်း ပြောပြီဆို အင်မတန် အငြင်းသန်တဲ့ ကောင်မလေးမို့ ကျနော်အရမ်းသဘောကျရတယ်လေ။ (ကျနော်က စာအများကြီးဖတ်တယ်လို့ ကိုယ့်ကိုယ်ကို မထင်ပေမယ့် တသက်လုံး အခုလို သူတင်ကိုယ်တင် ငြင်းခုန်နိုင်တဲ့ မိန်းမဆိုတာ မကြုံခဲ့ဖူးဘူးဗျ)

ပြီးတော့ သူ့အမြင်တွေက ကျနော့်အတွက် ထူးဆန်းတာတွေပါ ပါလာတတ်တာကိုး။ ဥပမာဗျာ.. ခင်ဗျားတို့သိတဲ့ ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလီးယက်ပြဇာတ်ကို.. အနီလေးက ဘယ်လိုပြောသလဲဆိုတော့…

“ရိုမီယိုကော ဂျူးလီးယက်ပါ သောက် အ တွေပါ အစ်ကိုရာ..”

“ဟင်”

“ဟုတ်တယ်လေ.. သူတို့ဆင်ခြင်ဉာဏ်မရှိလို့ သေကုန်တာ..။ အမှန်က ဒီလောက်မခက်ပါဘူး.. ဥပမာ..”

ဆိုပြီး ဘယ်လိုဘယ်လို လုပ်လည်း ရတာပဲဆိုပြီး ဆက်ပြောနေတယ်..။

“အနီသာ ဂျူးလီးယက်ဆို ရိုမီယို မသေစေရဘူးလို့ အာမခံတယ်… ခစ်ခစ်..”

“ဟ.. ဒါကတော့ ဒီဇတ်လမ်းက Romance လေ အနီရ..”

“နိုး.. လက်မခံဘူး.. ဒါမျိုးနွယ်စုနှစ်ခုရဲ့ ရန်ငြှိုးတွေကြားထဲမှာ အသက်ပေးသွားတဲ့ အပြစ်မဲ့ လူသားနှစ်ယောက်ရဲ့ ရင်နင့်စရာ အဖြစ်အပျက်ကလေး..။ အာဃာတတွေ.. အမုန်းမီးတွေဆိုတာ… မကောင်းဘူးလို့ စာရေးဆရာက ပြောသွားတာ..။ ဒါကြောင့် Realism လို့ သတ်မှတ်သင့်တယ်..”

“ဟိုက်!!”

“ရိုမီယိုဖိုးသက်ရေ မပူနဲ့ ဂျူးလီယက်အနီချိုလေးနဲ့ တွေ့နေမှပဲ… ညားစေရမယ်.. စိတ်ချ.. ခစ်ခစ်..”

စကားတအားတတ်တဲ့ ကောင်မလေးကို ကျနော်ပြောလို့ မနိုင်တော့ရင် ဆက်မငြင်းတော့ဘူးဗျ။ ဆွဲဖက်လိုက်ပြီး မျက်နှာဝိုင်းဝိုင်းလေးကို တရွှတ်ရွှတ်နဲ့ နမ်းပေးလိုက်တာပါပဲလေ။ ငြိမ်ငြိမ်လေးပြုံးပြီး အနမ်းခံပြီးရင်.. လက်ကလေးနှစ်ဖက်မြှောက်ပြီး..

“ဝါး… အိပ်ချင်လာသလိုပဲ..။ ထမင်းကလည်း ဝပြီ..။ ဗိုက်ကလေးလည်း ချောင်ပြီ..။ အိပ်ယာပေါ်သွားစို့လား ..”

လို့ မျက်လုံးတစ်ဖက်မှိတ်ပြီး မချိုမချဉ် မျက်စလေးပစ်ပြတယ်။

“မောင်လို နှမလို.. အိပ်ပါ့မယ်လို့ ဂတိပေးမှ ..”

လို့ ကျနော်က ပြန်စလိုက်ရင်.. ချက်ချင်း မျက်နှာကို တင်းဟန်ဆောင်ပြီး..

“ရမလား..ရမလား.. ဟွန်း..။ အစ်ကို.. ရှင်နော်.. လာ.. အခုလိုက်ခဲ့”

ဆိုပြီး အိပ်ခန်းဖက်ကို အတင်းဆွဲခေါ်တာကို ကျနော်က..

“အမလေးဂျာ.. ကျနော့်ဘဝလေး နစ်မွန်းရပါတော့မယ်.. ကယ်ကြပါ”

လို့ အော်ရင်း တဟားဟားနဲ့ အခန်းထဲ ပါသွားတာပေါ့ဗျာ။ အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြသလဲဆိုတာ ခင်ဗျားတို့သိပြီးသားမို့ ကျနော် ပြန်မရေးပြတော့ဘူးနော်။

….. ……. ……… ……….. …….

ဟိုးအရင်ကဆို ချစ်သူနှစ်ယောက် တပြိုင်နက်ထဲထားတာမျိုးကို ကျနော် ခါးခါးသီးသီး မုန်းခဲ့ဖူးတာပေါ့။ အခု ကျနော်လုပ်နေတာက တရားမျှတရဲ့လားဗျာ။ မိန်းမနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ကျနော်ဟာ လိမ်ညာနေခဲ့မိပြီလား။ အဲ့ဒါတော့ မဟုတ်ရပါဘူး..။ ကျနော် တစ်ယောက်ကိုမှ ဟန်ဆောင်ပြီး ချစ်နေတာမျိုးမှ မဟုတ်တာကိုး။ အနီ့ကို ကျနော် သံယောဇဉ်ပိုမိပေမယ့် ပုံ့ပုံ့လေးကိုလည်း ချစ်တယ်ဗျ။ ဘယ်လိုရှေ့ဆက်လုပ်ရမလဲဆိုတာ တွေးလိုက်တိုင်း ရင်မောရတယ်ဗျာ။ ဟိုဖက်ပြေးလိုက်၊ ဒီဖက်ပြေးလိုက်.. ချစ်သူနှစ်ယောက်လုံးကို ကြင်နာပြနေရတာလည်း မောလှပြီ။

မောတယ်ဆိုတာ သူတို့နဲ့အိပ်ရတာ ယုယပြရတာတွေကို ပြောတာ မဟုတ်ဘူးနော်။ ဘယ်နေ့မှာ ဘာတွေ ဖြစ်လာမလဲဆိုတာရယ်.. မိတော့မလားဆိုတဲ့ စိုးရိမ်စိတ်ကြောင့် မောနေတာပေါ့။ ဆေးရုံတစ်ခုထဲမှာ ရှိနေတဲ့ မိန်းမနှစ်ယောက်ကို ဒီလိုလှည့်ဖျား ရှောင်တိမ်းနေတာ ဘယ်လောက်ကြာကြာခံနိုင်မှာလဲဗျာ။ တခါတလေ သူတို့နှစ်ယောက် ဂျူတီချိန်တိုက်နေတဲ့ ရက်မျိုးဆိုရင် ကျနော် ပတ်ကိုပြေးနေရတော့တာပေါ့။ အကြောင်းပြချက်တွေလည်း အမျိုးမျိုးပေးရပေါင်း များလာပြီ။ ကုလားဖြူဘာသာစကားမှာ ဆိုရိုးစကားတစ်ခု ရှိတယ်ဗျာ။ Crime does not pay တဲ့။ ရာဇဝတ်ဘေး ပြေးမလွှတ်လို့ ဆိုလိုတာပေါ့။ ဟုတ်တယ်.. ချစ်သူအပေါ် သစ္စာမဲ့တာဟာ ရာဇဝတ်မှု ကျူးလွန်တာဗျ။ ငမိုက်သား ကျနော်မျိုးအတွက် စီရင်ချက်ချမယ့် နေ့တစ်နေ့ဟာ သိပ်မကြာလိုက်ဘူး ရောက်လာခဲ့တာပါပဲလေ…။

အဲ့ဒီနေ့မနက်က ခါတိုင်းနေ့တွေလိုပါပဲဗျာ..။ နိမိတ်မကောင်းတာဆိုလို့ မနက်ခင်းစောစောကြီး အိမ်ခေါင်းရင်းက ကျီးပြိုသံတွေ ဆူဆူညံညံကြောင့် နိုးလာတာတစ်ခုပဲ။ နွေရာသီကုန်လို့ မိုးတောင်ဝင်စပြုလာပြီဗျ။ ခပ်အုံ့မှိုင်းမှိုင်း နေမသာတဲ့နေ့တွေ ကြုံလာရပေမယ့် မိုးနည်းတဲ့ဒေသမို့ မိုးရွာတဲ့နေ့တော့ မကြုံရသေးဘူး။ ဘာလိုလိုနဲ့ ကျနော် ဒီမြို့ကိုရောက်နေတာ တော်တော်ကြာလာပါပေါ့လား။

ရောက်စက မုန်းစရာကောင်းတဲ့ မြို့ကြီးဟာ အခုတော့ ကိုယ့်အိမ်ကိုယ့်ယာလို အခြေကျစတောင်ပြုလာပြီ။ ခင်မင်တတ်တဲ့ ကာတွန်းဆရာတွေနဲ့လည်း တဟားဟားနဲ့ အဖွဲ့ကျတတ်လာသလို၊ ဆံပင်ရှည်ညှင်းသိုးသိုး နှုတ်ခမ်းမွှေးရှည်တွေနဲ့ ခေတ်ပေါ်ကဗျာဆရာတွေနဲ့လည်း အလွမ်းသင့်သင့်ဖွဲ့စည်း (ရှပ်ကီချတာကို ဖွဲ့စည်းတယ်လို့ သူတို့ပြောလေ့ရှိတယ်) မိတဲ့ ညနေခင်းတွေ များလာတယ်။ ပြီးတော့ ကျနော့်မှာ တစ်ယောက်တစ်မျိုးစီ ချစ်စရာကောင်းတဲ့ ချစ်သူနှစ်ယောက် ရှိနေပြီလေ။

တစ်ယောက်က ကြင်နာတတ်တဲ့ ဖြူဖြူနုနု နာ့စ်မပိစိကွေးလေး.. အမြဲချိုပြုံးနေတတ်ပြီး လူနာတွေချစ်တဲ့ သူနာပြုဆရာမလေးပေါ့။ နောက်တစ်ယောက်က အနေတည်တယ်လို့ ထင်ရပေမယ့်.. အင်မတန်မနောဖြူပြီး ကျနော်အနိုင်ကျင့်သမျှ ခေါင်းငုံ့ခံတတ်တဲ့ ဆရာဝန်မလေးပေါ့။

အိပ်ယာကနိုးလာတာနဲ့ မျက်နှာသစ် သွားတိုက်ပြီး ရေမချိုးသေးပဲနဲ့ ခြံထဲဆင်းပြီး အရိပ်လက်သီး ထိုးကျင့်နေလိုက်သေးတယ်။ ရာသီဥတုက အေးစိမ့်စိမ့်ဖြစ်နေတော့ ချွေးနည်းနည်းထွက်မှ ရေချိုးမယ်ဆိုပြီးပေါ့။ ပြီးမှ ရေတဝုန်းဝုန်း လောင်းချိုးပစ်လိုက်ပြီး အဝတ်အစားလဲ၊ မီးဖိုချောင်ဖက် မနက်စာစားဖို့ ဝင်လာတော့ ပုံ့ပုံ့က မနက်စာအတွက် ထမင်းကြမ်းနဲ့ ပဲပြုတ်ကို ကျနော့်အကြိုက် နနွင်းစိုစို ဆီစိုစိုနဲ့ ဝါဝါလေးဖြစ်အောင် မီးဖိုပေါ်မှာ ကြော်နေတုန်း။ နှပ်ထားတဲ့ ကော်ဖီချိုင့်ထဲက ကော်ဖီတစ်ခွက်လောက် ငှဲ့ပြီး တစ်စိမ့်စိမ့်သောက်ရင်း စီးကရက်တစ်လိပ်လောက် ထုတ်ဖွာနေရင်း ထမင်းကြော်ကို စောင့်နေလိုက်တယ်။ ထမင်းကြော်ပန်းကန်ကို ကျနော့်ရှေ့ကိုလာချပေးရင်း ကျနော့်လက်ထဲက စီးကရက်ကို ဖျတ်ကနဲလုပြီး လွှင့်ပစ်လိုက်တယ်။

“မောင်နော်.. စာမတတ်ပေမတတ်လည်း မဟုတ်ပဲနဲ့နော်..။ ပုံ့ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ မဖြစ်ချင်ဘူး..။ ကျန်းမာရေးထိခိုက်မယ်လို့ ပြောရတာ လျှာတိုတော့မယ်..”

ဆိုပြီး ဟောက်တယ်။

“အေးပါ.. ဆရာဝန်မလေးရာ..။ ကျုပ်က ခင်ဗျားလူနာ မဟုတ်ဘူးဆိုတာလေးတော့ သတိထားပါ..”

လို့ ပြန်ပြောရင်း ထမင်းကြော်ပန်းကန်ကို ဆွဲယူပြီး စားနေမိတယ်။ ကြက်သွန်နီတွေကို အကွင်းလိုက်လှီးထားပြီး သံပုရာညှစ်ထားတဲ့ အချဉ်ပန်းကန်ကို ကျနော့်ဖက်တိုးပေးရင်း ပုံ့ပုံ့ပါဝင်ထိုင်ပြီး ထမင်းကြော်ဝင်စားတယ်။

“မောင်.. အခုမနက် ဆေးရုံမသွားခင် မြို့ထဲ အရင်သွားရအောင်ကွာ..”

“အွင်း!! ဘာလုပ်ဖို့…”

“မောင့်အတွက် ဂစ်တာတစ်လက်လောက် လိုက်ဝယ်ပေးချင်တယ်..။ ဒီနေ့ညကြရင် ပုံ့ကို လက်စွမ်းပြပြီး တီးပြလေ.. ဘယ်လိုလဲ…”

“ဟ..ဟ..တီးပြမယ်.. တီးခက ဘာရမှာလဲဗျ..”

ဘာမှပြန်မပြောပဲ ပြုံးစစနဲ့ အသံတိတ်ပါးစပ်ကလေး လှုပ်ပြတယ်..။

“ဟို..ဟာ..”

တဲ့။ ကျနော်တို့နှစ်ယောက် အိမ်ကထွက်လာပြီး မြို့ထဲဖက် အရင်သွားလိုက်ကြတယ်။ ဂစ်တာရောင်းတဲ့ စတိုးဆိုင်ထဲဝင်ပြီး ဟိုရွေးဒီရွေးလုပ်၊ ခုံတစ်လုံးပေါ်ထိုင်ရင်း ရွေးထားတဲ့ ဂစ်တာကို စမ်းပြီး ခပ်ကြမ်းကြမ်း လျှောက်တီးနေလိုက်တယ်။ ဘေးနားမှာ လက်ကလေးပိုက်ပြီး ငေးနေတဲ့ ကျနော့်ဆရာဝန်မလေးက အံ့သြသဘောကျနေတဲ့ဟန်လေးနဲ့ လက်ကွက်ပြားပေါ် ပြေးလွှားနေတဲ့ ကျနော့်လက်ချောင်းတွေကို ကြည့်နေတယ်။ ဂစ်တာဆိုင်ပိုင်ရှင် အစ်ကိုကြီးကလည်း ဘေးနားမှာ လာငေးရင်း..

“ဟ..ဆရာကြီးပါလားဗျ..။ ဂစ်တာကို ပီယာနိုသံတွေလို သံစုံထွက်အောင် တီးနေပါလား”

ဆိုပြီး လက်ခုတ်တီးပြီး အားပေးနေတော့ ကျနော့်မှာ မနေတတ်မထိုင်တတ်ဖြစ်ပြီး တီးနေတာ ရပ်
လိုက်တယ်။ ဂစ်တာဖိုး ပိုက်ဆံချေတော့ ဆိုင်ရှင်အစ်ကိုကြီးက ဈေးတွေဘာတွေ လျှော့ပေးလိုက်သေးတယ်။ ပုံ့ပုံ့နဲ့ကျနော် ဂစ်တာဆိုင်အပြင်ဖက်ကို ထွက်လာတော့… သူက ကျနော့်လက်မောင်း တစ်ဖက်ကို မှီတွယ်ထားရင်း..

“ပုံ့တော့ ဒီညမအိပ်ဘူး ဆရာ..။ ဆေးရုံကလည်း ဂျူတီစောစော ထွက်လာမယ်..။ အားရပါးရကို မောင့်ဂစ်တာသံတွေ နားထောင်ပစ်လိုက်မယ်”

ဆိုပြီး ပျော်နေရောဗျ..။ ဆိုင်ရှေ့ပလက်ဖောင်းနားမှာ ထောင်ထားခဲ့တဲ့ စက်ဘီးနားရောက်တော့ ကျနော့်လက်တစ်ကမ်းလောက်မှာ လူရိပ်တွေ့လို့ ပုံ့ပုံ့နဲ့ ရယ်မောနေရာကနေ ဖျတ်ကနဲ မော့ကြည့်မိလိုက်တယ်။

အ..နီ..က…လေး!!

နွမ်းလျလျမျက်နှာလေးနဲ့ ညဖက်ဂျူတီကပြန်လာတဲ့ ကျနော့်သူနာပြုဆရာမလေးပါလားကွယ်။ ယူနီဖောင်းတောင် ဝတ်ထားလျက်ကလေး။ ပိုက်ကွန်အနက်ကလေးနဲ့ ဆံပင်တွေကို ထုံးထားတဲ့ ထမီနီနီ၊ ခါးတိုအင်္ကျီအဖြူရောင်လေးနဲ့ ကျနော့် အသက်ဗူးကလေး။ ရုတ်တရက် အနီးကပ်မြင်လိုက်တော့ ဘာမှန်းသတိထားမိဟန်မတူဘူး။ ဒါပေမယ့် သူချစ်တဲ့ကျနော်၊ သူယုံကြည်ကိုးစားရတဲ့ ကျနော့်ကို မိန်းမတစ်ယောက်နဲ့ လက်ချင်းချိတ်ပြီး ရယ်မောပျော်ရွှင်နေတာကို မထင်မှတ်ပဲ မြင်လိုက်ရတော့ ဆောက်တည်ရာမရ ဖြစ်သွားရှာတယ်နေမှာ။ ညာလက်နဲ့ ဆုပ်ကိုင်ထားတဲ့ သူ့ကြိမ်ခြင်းလေး လက်ထဲက လွှတ်ကျသွားရှာတယ်။ ပလက်ဖောင်းပေါ် လွှင့်စင်သွားတဲ့ ခြင်းထဲက ပစ္စည်းလေးတွေကို လိုက်မကောက်ပဲ ကြောင်တောင်တောင်လေး မှင်တက်နေရှာတယ်။

“ဟယ်!! ကျကုန်ပါပြီ”

ဆိုပြီး ပုံ့ပုံ့က ကျနော့်လက်မောင်းကို ကိုင်ထားရာကနေ ပလက်ဖောင်းပေါ်က ပစ္စည်းတွေကို ချက်ချင်း ထိုင်ချပြီး လိုက်ကောက်ပေးနေတဲ့အထိ အနီလေး ကျနော့်မျက်နှာကို တွေတွေလေး ငေးနေတုန်းပဲ။ ကျောက်ဆစ်ရုပ်ကလေးလို တုတ်တုတ်မလှုပ်ပဲ ရပ်နေရှာတယ်။ ကြည့်နေတဲ့ မျက်ဝန်းလေးက အရောင်တွေအမျိုးမျိုး ပြောင်းလို့ဗျာ။

ကျနော့်ရင်ဘတ်ထဲမှာလည်း မုန်တိုင်းထန်လာပြီ။ ကျနော် ဘာလုပ်ရတော့မလဲဗျာ။ ပြောကြပါဦး… နားမလည်နိုင်တဲ့ မျက်ဝန်း၊ နားလည်သွားတဲ့မျက်ဝန်း၊ နာကျဉ်သွားတဲ့မျက်ဝန်း၊ ဆုံးရှုံးရပြီဆိုတဲ့ ယူကြုံးမရတဲ့မျက်ဝန်း၊ အားတင်းလိုက်တဲ့မျက်ဝန်း၊ စက္ကန့်ပိုင်းလေးအတွင်း အဆင့်အဆင့် ပြောင်းလဲသွားတဲ့ အနီ့မျက်လုံး ဝိုင်းစက်စက်ကလေးတွေကို ကျနော်အနီးကပ် မြင်နေရတယ်။

“မောင်!! ကောက်ကူပေးဦး..”

ဆိုပြီး ပုံ့ပုံ့က ထိုင်နေရာကနေမော့ပြီး အော်လာမှ အနီကော ကျနော်ပါ သတိဝင်လာပြီး ပြန့်ကျဲနေတဲ့ ပစ္စည်းတွေကို လိုက်ကောက်နေမိတယ်။ ဟင်းချက်ဖို့ ကျနော်ဝယ်ဖို့မှာထားတဲ့ အသီးအရွက်တွေ၊ တရုတ်မဆလာ အထုပ်ကလေးတွေ၊ ထမင်းစားပြီးတိုင်း အချိုတည်းတဲ့အခါ ကျနော်ကြိုက်တတ်တဲ့ ကရေကရာ မုန့်ထုတ်ကလေးတောင် ပါပါသေးလားဗျာ။ ရင်ဘတ်ထဲမှာ စူးကနဲ ကျဉ်တက်လာတဲ့အထိ စိတ်ထိခိုက်သွားတယ်။ ပစ္စည်းတွေကို ကောက်နေတဲ့ အနီ့လက်ချောင်း ဖြူသွယ်သွယ်လေးတွေက တဆတ်ဆတ် တုန်ခါနေရှာတယ်ဆိုတာ ကျနော်မြင်နေရတယ်။

“ညီမလေး နီနီချို.. ဂျူတီပြန်တာလားဟ”

“ဟုတ်ကဲ့ မမ!!”

“ဒါ မမရဲ့ ဟိုဒင်းလေ.. သိလား ခစ်ခစ်..။ ဂစ်တာတီး တအားတော်တယ်လို့ နာမည်ကြီးလွန်းလို့ ဂစ်တာလာဝယ်ပေးတာ..။ ဒီည မမအိမ်မှာ စတိတ်ရှိုးရှိမယ်.. လာကြည့်ပါလား..”

“မမရဲ့အစ်ကိုကြီးက လူချောကြီးပါလားရှင့်”

အနီလေးဟာ အရွယ်နဲ့မလိုက်အောင် ဟန်ဆောင်တတ်ပါလားဗျာ..။ ဘာမှမဖြစ်သလို လုပ်နေပြန်ပြီ။

“မုန့်ကျွေးမယ်ကွာ… ညီမလေးကို..ခစ်ခစ်..”

သူတို့နှစ်ယောက် စကားတွေ အဆက်မပြတ် ပြောနေတဲ့ကြားထဲမှာ ဆောက်တည်ရာမရ တုန်လှုပ်စွာနဲ့ ကျနော်ရပ်နေရတာ တစ်ကမ္ဘာလောက်တောင် ကြာနေသလိုပဲဗျာ။ တတ်နိုင်ရင် ဖတ်ကနဲ ရပ်နေတဲ့နေရာမှာ ကိုယ်ပျောက်သွားချင်တယ်။ နောက်ဆုံး နှုတ်ဆက်ပြီးတော့ ကျနော့်ကို မသိမသာ တစ်ချက်လောက် အနီလေး လှမ်းကြည့်တယ်။ ကြည့်ရင်းနဲ့ နှုတ်ခမ်းပါးပါးလေးကို တွန့်ကွေးကွေးလေး လှစ်ကနဲမဲ့ပြီး ပုံ့ပုံ့ကို…

“သွားတော့မယ် မမရေ..။ အိမ်မှာ ချက်ပြုတ်မယ့်လူ မရှိဘူး။ ညီမလေးက တစ်ယောက်ထဲ”

လို့ ပြောရင်း လှည့်ထွက်သွားရှာတယ်။ ပုံ့ပုံ့ကို ဆေးရုံရှေ့မှာ ချပြီးတာနဲ့ ကျနော် ဂစ်တာကို လက်တစ်ဖက်က ကိုင်ထားရင်း အနီလေးရဲ့အိမ်ဖက်ကို စက်ဘီးအရှိန်ပြင်းပြင်း နင်းထွက်လာခဲ့မိတယ်။ ရင်ဘတ်ထဲမှာ ဗလောင်ဆူနေပြီဗျာ။ အနီ့အကြောင်း ကျနော်အသိဆုံး။ အင်မတန် စိတ်ကြီးတဲ့ ကောင်မလေး..။ ကျနော့်ကို မုန်းပြီဆိုတာ ကျနော် အလိုလိုသိနေတယ်။ ဘယ်နည်းနဲ့မှ ကျနော် အသည်းပေါက်အောင်ချစ်ရတဲ့ ကျနော့်သူနာပြုဆရာမလေးကို အဆုံးရှုံးမခံနိုင်ဘူးဗျာ။

ပူလောင်ပြင်းပြပြီး ဗလောင်ဆူနေတဲ့ ကျနော် တစ်ထပ်ပျဉ်ထောင်အိမ်ကလေးရဲ့ တံခါးဝကို ရောက်သွားတော့ အမောဆို့သွားတယ်။ သော့ခလောက်ကြီးခတ်ထားတဲ့ တံခါးကြီးက ကျနော့်ကို ဆီးကြိုနေပြီကောဗျာ။ စက်ဘီးကို ဒေါက်ထောက်ပြီး ထောင်ထားလိုက်ရင်း လက်နဲ့ကိုင်လာတဲ့ ဂစ်တာကို စက်ဘီးမှာမှီပြီး ထောင်ထားလိုက်တယ်။ သော့ခလောက်မှာ ညှပ်ထားတဲ့ စာရွက်ပိုင်းလေးတစ်ခုတွေ့တာနဲ့ တုန်ရင်နေတဲ့ လက်ချောင်းတွေနဲ့ ဆွဲယူပြီး ဖတ်လိုက်တော့..

“အများသမုတ် သစ်ငုတ်သော်မှ..
စုန်းဖြစ်ရသည့်.. လောကဇတ်ပွဲ.. ချစ်ငရဲကို..
အမြဲဆန့်ကျင်… တော်လှန်ချင်သည်..
မုန်းလျှင်ခါးခါးသီးသီးတည်း…”

ဆိုတဲ့ ဒေါင်းနွယ်ဆွေရဲ့ ကဗျာ ၃ ကြောင်းကို လက်ရေးဝိုင်းစက်စက်ကလေးနဲ့ ရေးထားပြီး အောက်မှာ

“တသက်မမြင်လိုတော့ပါ”

နီနီချို….။

ဆိုပြီး လက်မှတ်ထိုးထားတယ်။ ကျနော့်မျက်လုံးတွေ ပြာဝေသွားတယ်။ လက်ထဲက စာရွက်ပိုင်းလေးကို ဆုပ်ချေပြီး ပါးစပ်က “အနီလေး.. အနီလေး.. ဘယ်မှာလဲ.. အနီလေး” ဆိုပြီး ကယောင်ကတမ်းတွေ မြည်တမ်းရေရွတ်မိနေတယ်။ မတ်တပ်မရပ်နိုင်တော့အောင် တစ်ကိုယ်လုံး တုန်ခါလာလို့ ဆောင့်ကြောင့်ထိုင်ချလိုက်ရတယ်။ စိတ်ကိုနည်းနည်းငြိမ်အောင် ထိန်းနိုင်လာတော့မှ စဉ်းစားလိုက်တယ်။

အနီ ဘယ်ကိုထွက်သွားနိုင်သလဲ..။ သူ့အိမ်ပြန်သွားသလား…။ ဟိုဖက်ကမ်းကို ပြန်မယ်ဆိုရင်တောင် အနည်းဆုံး အဝတ်အစားတော့လဲမှာပဲ…။ အခု ကျနော်လိုက်လာတာ ဒီလောက်မြန်တာ ဘယ်နည်းနဲ့မှ ပြန်ထွက်သွားတာ မဖြစ်နိုင်ဘူး။ အိမ်တံခါးမကြီးကို သော့ခတ်ပြီး အနောက်ပေါက်ကနေ ပြန်ဝင်ပြီး ရှောင်နေတာ မဖြစ်နိုင်ဘူးလား။ ဟိုတစ်ခါ စိတ်ထိခိုက်တုန်းက ကြောင်တောင်တောင်ဟန်ပန်လေးနဲ့ ရေချိုးခန်းထဲမှာ ရေတွေလောင်းချနေတာ ကျနော် အမှတ်ရမိလို့ ချက်ချင်း အိမ်အနောက်ဖက်ကို ခြံထဲကနေပတ်ပြီး ပြေးသွားနေမိတယ်။

နောက်ဖေးမီးဖိုချောင် တံခါးပေါက်က ပိတ်ထားတယ်။ မီးဖိုချောင်နဲ့ကပ်လျှက် ရေချိုးခန်းနံရံဖက်ကို ကပ်ပြီး နားထောင်လိုက်တော့ ရေတွေတဗွမ်းဗွမ်း လောင်းချနေသံ ကြားနေရတယ်။ သေချာပြီ.. အနီကလေး ဘယ်မှမပြေးဘူး အိမ်ထဲမှာရှိနေတယ်။ မီးဖိုချောင်အနောက်ပေါက် တံခါးမကြီးက သွပ်ပြားနဲ့လုပ်ထားတဲ့ တံခါးဗျ။

“ဝုန်းဝုန်း..”

“အနီလေး..”

“ဗြုံးဗြုံး..”

“အနီလေးရေ.. တံခါးဖွင့်ပေးပါ.. အစ်ကိုရှင်းပြမယ်.. ဟေး.. အခုဖွင့်ပေး.. အနီလေးးးးးး”

တံခါးကို အသားကုန်ထုပြီး ကျနော် သံကုန်ဟစ် အော်ပစ်လိုက်တယ်။ ရေချိုးခန်းထဲက ရေကျသံတွေ ရပ်သွားတယ်။ ၁-၂ မိနစ်လောက် ကျနော် စောင့်ကြည့်သေးတယ်။ လာမဖွင့်ပေးဘူး။ ဘာအသံမှလည်း မပေးဘူး။ ဘုရားဘုရား!! တစ်ခုခုများ ဖြစ်နေပြီလား…။

“အနီလေး.. မဖွင့်ပေးဘူးလား..။ အစ်ကို တံခါးကို ဖျက်ပစ်လိုက်တော့မယ်နော်.. ဖွင့်ပေးးးးး”

“ဝုန်းဝုန်း !!”

ဘာမှမတုန့်ပြန်ဘူးဗျ။ ကျနော် စိတ်မထိန်းနိုင်တော့ဘူး ..။ အနောက်ကို ခြေ ၄-၅ လှမ်းလောက် ဆုတ်၊ အားနဲ့ပြေးလာပြီး မီးဖိုချောင်သွပ်ပြား တံခါးမကြီးကို ကိုယ်စောင်းတိုက်ပြီး ဆောင့်ပစ်လိုက်တယ်။ ကလန့်ကျိုးပြီး ဝုန်းကနဲ ပွင့်ထွက်သွားတယ်။

“အနီလေး..အနီလေး..”

ဆိုပြီး အော်ရင်းလိုက်ရှာလိုက်တော့ မီးဖိုအုတ်ခုံနားမှာ ရပ်နေတဲ့ ကျနော့်သူနာပြုဆရာမလေးကို တွေ့တယ်။ ခုနက မြင်လိုက်တဲ့ ယူနီဖောင်းလေးကို မလဲရသေးဘူး။ မီးပွင့်ထွက်မတတ် မျက်လုံးလေးတွေနဲ့ ကျနော့်ကို ခါးထောက်ပြီး စိုက်ကြည့်နေတာ နဂါးမလေးအတိုင်းပဲ။ တစ်ကိုယ်လုံးလည်း ရေတွေလောင်းချထားလို့ စိုရွှဲနေရှာပြီ။ ရေစိုနေတဲ့ ဆံပင်ရှည်လေးတွေက အချောင်းအချောင်းလိုက်ကလေး မျက်နှာပေါ်ဖုံးလို့။

“အနီလေး..အစ်ကိုလေ..”

“အနားကို မကပ်ခဲ့နဲ့”

ငယ်သံပါအောင် အော်တယ်။ ကျနော် သူ့အနားကပ်ဖို့ ခြေတစ်လှမ်း ရှေ့ကိုတိုးလိုက်တယ်။ လှစ်ကနဲ ကျနော့်မျက်နှာနားကို တစ်ခုခုပျံလာလို့ အကျင့်ပါနေတဲ့လက်က လက်ပြန်ရိုက်ချလိုက်မိတော့ ခွမ်းကနဲ မြည်သံနဲ့အတူ ပန်းကန်လုံးတစ်ခု ဖြစ်နေတယ်။ ရိုက်ချလိုက်မိတဲ့ ကျနော့်လက် ပူကနဲဖြစ်သွားတယ်။ ပန်းကန်စင်ပေါ်က ပန်းကန်တွေနဲ့ အနီလေး ကျနော့်ကို ပစ်ပေါက်နေတာဗျ။ ဒေါသအရမ်းထွက်နေတဲ့ ကလေးလေးလို ငိုရှိုက်သံတွေကလည်း အကျယ်ကြီးနဲ့လေ။

ပထမတစ်ချက်ပဲ ကျနော်လက်နဲ့ ပုတ်ချလိုက်တယ်။ နောက်ထပ်ပစ်ပေါက်တာတွေကို လုံးဝမရှောင်တော့ပဲ မျက်လုံးစုံမှိတ်ပြီး တောင့်တောင့်ရပ်ရင်း ကျနော် ပေခံနေလိုက်တယ်။ ပန်းကန်ခွက်ယောက်တွေက ကျနော့်တစ်ကိုယ်လုံးကို ဆက်တိုက် လာထိမှန်နေတယ်။ ကျနော့်ပုခုံးတွေ၊ ရင်အုပ်တွေ၊ ခြေထောက်တွေ။ မီးဖိုချောင်ထဲမှာတော့ ပန်းကန်တွေကျကွဲသံ တစ်ခွမ်းခွမ်းသံတွေရယ်၊ အနီကလေးရဲ့ ရှိုက်ငိုနေသံ တအီးအီးရယ် ဆူညံနေတယ်။ ပစ်ပေါက်စရာ ပန်းကန်တွေ ကုန်တော့မှ ရပ်သွားတယ်။ ကျနော် မျက်လုံးဖွင့်ကြည့်
လိုက်တော့ ကျနော့်မျက်ခွံပေါ်မှာ၊ မျက်နာပြင်ပေါ်မှာ သွေးတွေ တစ်စက်စက်ဖြစ်နေပြီ။ မျက်ခုံးအပေါ်နားမှာ ကွဲသွားလို့ စီးကျလာတဲ့ သွေးတွေက ကျနော်ဝတ်ထားတဲ့ martin ရှပ်အဖြူလက်ရှည်ရဲ့ ရင်ဘတ်ပေါ်မှာ ချင်းချင်းနီနေပြီ။

“ရှင်..ထွက်သွားနော်.. ဒီမှာတွေ့လား”

“အနီလေး..ချလိုက်စမ်း.. အရူးမထနဲ့ အစ်ကိုပြောနေတယ်နော်.. မလုပ်နဲ့”

ပန်းကန်စင်ပေါ်က သားလှီးဓါးအချွန်ကို ဆွဲယူပြီး ကျနော့်ဖက်ကို ချိန်ထားတယ်ဗျ။ တဖြေးဖြေးနဲ့ စိုးရိမ်စိတ်တွေနဲ့ ကျနော် ဒေါသတွေထွက်စပြုလာပြီ။ သွေးတွေပေလူးနေတဲ့ ကျနော့်ရှပ်အင်္ကျီကို ကော်လာအောက်နားကနေကိုင်ပြီး အားနဲ့ဆွဲဖွင့်ဖြဲပစ်လိုက်တယ်။ အင်္ကျီဗလာဖြစ်သွားတော့မှ ရင်ဘတ်ကိုကော့ပြီး …

“ထိုးစမ်းကွာ.. လာ.. အနီလေးသတ်မယ်ဆို.. အစ်ကိုသေရဲတယ်..။ ထိုးချင်ရင် ထိုးပစ်လိုက်..”

ဆိုပြီး သူ့ဆီကို တရွေ့ရွေ့ကပ်သွားတော့.. ချက်ချင်း ကျနော့်ဖက်ကို ချိန်ရွယ်ထားတဲ့ ဓါးဦးချွန်ကို သူ့ဘယ်ဖက်ရင်အုံပေါ် ပြောင်းပြန်ထောက်ထားလိုက်ပြီး..

“ရှင်.. ကပ်မလာနဲ့နော်.. တွေ့တယ်မလား..။ ကျမ သေရဲတယ်..။ တကယ်ပြောတာနော်.. မလုပ်ရဲဘူး မထင်နဲ့…။ သွားသွား မလာခဲ့နဲ့…”

“အနီလေး.. မလုပ်နဲ့..။ ဒါ ပြဿနာရဲ့ အဖြေမဟုတ်သေးဘူးဆိုတာ အနီလေးသိတယ်နော်..”

“ဟင့် ဟင့် ဟင့်”

“အစ်ကို အနီ့ကို ရင်နင့်အောင်ချစ်တာနော်..။ အစ်ကို မညာခဲ့ဘူး..။ ဒီလိုလုပ်လိုက်လို့ အားလုံးပြီးသွားမယ်မထင်နဲ့။ စိတ်ကိုလျှော့.. အစ်ကိုရှင်းပြမယ်..။ အစ်ကို့ကို ချစ်တယ်ဆို.. လိမ္မာတယ်..”

ကျနော့်ရင်ထဲမှာ တအားစိုးရိမ်နေပြီဗျ။ ပါးစပ်က တဖွဖွ တောင်းပန်ရေရွတ်ရင်း လက်တစ်ကမ်းအကွာကို ရောက်သွားပြီ။ ဖြစ်နေတဲ့ အခြေအနေထဲကနေ ကျနော့်စိတ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် စုစည်းပြီး ညာလက်ဖျားဆီ စိတ်ကိုပို့လိုက်တယ်။ ပါးစပ်က အာရုံလွှဲတဲ့အနေနဲ့ တဖွဖွစကားတွေပြောရင်း ဆတ်ကနဲ သိုင်းပြောင်းပြန်အခြေခံတိုက်နည်းထဲကလို ညာလက်ကပုတ်၊ ဘယ်လက်က ဓါးကိုဆွဲယူပြီး နောက်ပြန်လှဲအိပ်လိုက်တော့ ကံကောင်းထောက်မစွာနဲ့ ကျနော့်လက်ထဲ ဓါးဦးချွန်လေး ပါလာတယ်။ ပက်လက်လှဲနေရာက ခုန်ထလိုက်ရင်း လက်ထဲက ဓားကို ပွင့်ထွက်နေတဲ့ နောက်ဖေးမီးဖိုချောင်တံခါးကနေ ခြံထဲကို အားကုန်လွှင့်ပစ်လိုက်တယ်။ ကျနော့် အနီလေးကတော့ ကြောင်တောင်တောင်လေး မျက်ရည်တွေတွေကျလို့ ငေးနေတုန်းပဲ။

အတင်းပြေးဝင်သွားပြီး အနီ့ကိုယ်လုံးလေးကို ကျနော် ဆွဲဖက်ထားမိတယ်။ ဖျော့တော့အားနည်းနေတဲ့ ငါးရံ့ကိုယ်လုံးလေးဟာ ကျနော့်ရင်ခွင်ထဲမှာ ပျော့ခွေပြီး မတ်တပ်မရပ်နိုင်တော့လို့ ကျနော် ဆွဲပွေ့ထားရတယ်။ ကျနော်ကိုယ်တိုင်လည်း စိတ်တအားလှုပ်ရှားလွန်းလို့ မျက်ရည်ကျလို့ကျမှန်းမသိ ဖြစ်နေပြီဗျ။

ပြင်းပြင်းထန်ထန် တိုက်ခတ်နေတဲ့ မုန်တိုင်းက ခဏအားပျော့သွားသလိုပဲလေ။ စကားတစ်ခွန်းမှ မပြောဖြစ်သေးဘူး။ ခုနက ပူလောင်ပေါက်ကွဲမှုတွေက ဘာမှမဖြစ်တော့သလိုပဲ။ ဆူဝေနေတဲ့စိတ်တွေ ငြိမ်သက်သွားပြန်တယ်။ အခု ကျနော့်မျက်ခုံးပေါ်မှာ ကွဲသွားတဲ့ ဒဏ်ရာကို ၃ ချက်လောက် ချုပ်ပီးသွားပြီ။ အင်း .. အနီလေးကိုယ်တိုင် တအင့်အင့်ရှိုက်ရင်း ချုပ်ပေးထားတာ။ ပထမဆုံး ပန်းကန်နဲ့ ပစ်လာတုန်းက ရိုက်ချလိုက်မိတဲ့ လက်ဖမိုးမှာလည်း ရှရာတွေကြောင့် သွေးတစိမ့်စိမ့် ထွက်နေတာကို အရက်ပြန်နဲ့ ဆေးကြောပြီး အနီလေးကိုယ်တိုင် ပတ်တီးစည်းနှောင်ထားပေးတယ်။ မျက်နှာပေါ်နဲ့ ရင်ဘတ်ပေါ်မှာ သွေးတွေပေလူးနေတာလည်း ဆေးကြောပြီးပြီ။

အဲ့ဒါတွေမလုပ်ခင်.. အဝတ်တွေဝတ်လျှက်နဲ့ ရေတွေစိုရွှဲနေတဲ့ ကျနော့်သူနာပြုဆရာမလေးကို ကျနော်ကိုယ်တိုင် ဇိုးကနဲဆတ်ကနဲ အဝတ်စိုတွေဆွဲချွတ်ပြီး အဝတ်ခြောက်သန့်သန့်လေး လှဲပေးထားတာပေါ့။ မီးဖိုခန်းထဲက ထမင်းစားပွဲမှာ ကုလားထိုင်နဲ့ ထိုင်နေရင်း အနီလေးကတော့ ရှိုက်နေတုန်းပဲ။ ကျနော့်ကိုလည်း တချက်တချက် မျက်လုံးလေးလှန်ပြီး သနားစဖွယ်အကြည့်လေးနဲ့ လှမ်းလှမ်းကြည့်နေတယ်လေ။

မီးဖိုခန်းထဲက ကြမ်းပြင်ပေါ်မှာ ပေပွနေတဲ့ ပန်းကန်အကွဲတွေကို ကျနော်သိမ်းဆည်း၊ ပြုတ်ထွက်နေတဲ့ မီးဖိုအနောက်ပေါက်တံခါးမကြီးရဲ့ ကလန့်ကို သေချာပြန်ရိုက်.. အားလုံးနေသားတကျဖြစ်သွားအောင် ကျနော် တိတ်တိတ်ဆိတ်ဆိတ် လုပ်နေမိတယ်။ အနီလေးရဲ့ရှိုက်သံ တအင့်အင့်ဟာ အခုထိ မရပ်သေးဘူးဗျ။

အားလုံးပြီးမှ ကျနော် ရေမိုးချိုးပြီး အနီ့အိမ်မှာ ကျနော်ဝတ်နေကြ ဘောကန်ဘောင်းဘီတိုအနက်ရောင်နဲ့၊ မြင်းခေါင်းစွပ်ကျယ်ကို ကောက်ဝတ်လိုက်တယ်။ ပြီးမှ အနီ့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်တယ်။ ကုလားထိုင်ပေါ်က အနီ ကျနော့်ကိုမကြည့်ပဲ မျက်နှာလွှဲထားတယ်ဗျာ။

“အနီလေး!! ဒီကိုကြည့်ပါဦးဗျာ…။ အစ်ကိုပြောတာလေး.. နားထောင်ပေးနော်..။ ဒီကိုကြည့်..။ အစ်ကို့မျက်လုံးတွေကို စိုက်ကြည့်ပြီး နားထောင်..။ အစ်ကိုညာတာ ဟုတ်မဟုတ်.. သေချာကြည့်…”

ကျနော် အတတ်နိုင်ဆုံးနဲ့ အရိုးသားဆုံးဖြစ်အောင် ကျနော့်ရဲ့ ဖောက်ပြန်တဲ့ဇာတ်လမ်းကို ဖြေးဖြေးချင်း ရှင်းပြနေမိတယ်။ ကျနော်ပြောတာတွေက တစ်လုံးတစ်ပါဒမှ ဖုံးကွယ်တာမျိုး မပါစေရဘူးဆိုပြီး နာမည်တောင်မသိသေးပဲနဲ့ ကျနော် ရေတွင်းမှာ လုပ်မိတဲ့အဖြစ်အပျက်တွေ၊ ကျနော့်ငယ်သူငယ်ချင်းဟာ ဒေါက်တာရီရီဖြစ်နေမှန်း သိလိုက်ရတဲ့နောက်မှာ စိတ်ထိခိုက်သွားပြီး စိတ်ယိုင်ခဲ့မိတာတွေ၊ ဘယ်နေ့ဘယ်ရက်မှာ ဘယ်လိုအိပ်မိပြန်တာတွေ၊ နောက်ဆုံး ကျနော်ကိုယ်တိုင်က သံယောဇဉ်တွယ်မိသွားတာတွေကို တတ်နိုင်သလောက် မချွင်းမချန် ဆက်တိုက်ရှင်းပြလိုက်မိတယ်။

“အဲ့ဒါပါပဲ.. အနီကလေးရာ..။ အစ်ကိုလေ.. အစ်ကို လူကောင်းမဟုတ်ပါဘူးဟာ..။ ဒါပေမယ့်.. တမင်ပွေရှုပ်ဖို့ မရည်ရွယ်ရိုး အမှန်ပါ…”

ငြိမ်ကျသွားတဲ့ ကျနော့်ချစ်သူဆရာမလေး ကျနော်ပြောသမျှကို နားထောင်ပြီး မျက်လုံးလေးတွေက ချက်ချင်းနူးညံ့ပျော့ပျောင်းလာသလို ဖြစ်စပြုလာတယ်ဗျ။ သူ့ရှေ့မှာ ဒူးထောက်ပြီး ခေါင်းမော့ထားတဲ့ ကျနော့်မျက်နှာကို သူ့လက်ဖဝါးလေးနှစ်ခုနဲ့ ညှပ်ကိုင်ပြီး စိုက်ကြည့်နေရှာတယ်။ ပြီးမှ တိုးတိုးညင်သာလေး စကားစပြောတယ်..။

“အစ်ကိုရယ်.. အနီလေး.. အစ်ကို့ကို ဆုံးရှုံးရပြီဆိုပြီး သေတောင်သေချင်သွားတယ်.. သိလား”

“အစ်ကို..သိပါတယ်ကွယ်…သိပါတယ်..”

ကျနော့်မျက်နှာကို အတင်းဆွဲယူပြီး နေရာအနှံ့ တရွှတ်ရွှတ်နဲ့ နမ်းနေပြန်တော့ ကျနော်မျက်လုံးစုံမှိတ်ပြီး မော့ထားပေးလိုက်တယ်။ သူအားရအောင် နမ်းပြီးတော့မှ ကျနော် မတ်တပ်ထရပ်လိုက်ရင်း အနီ့ကိုယ်လုံးလေးကို ဆွဲပွေ့ချီလိုက်တယ်။ အိပ်ခန်းထဲက ကုတင်ပေါ်ကိုချီသွားပြီးမှ ငြင်ငြင်သာသာလေးချပေးရင်း ဖက်ပြီး တူတူလှဲအိပ်နေလိုက်တယ်။ အနီလေးက ကလေးပေါက်စနလေးလို ကျနော့်တစ်ကိုယ်လုံးကို ဖက်တွယ်ထားတယ်။ နှစ်ယောက်သား ဘာစကားမှမဆိုဖြစ်သေးပဲ အတင်းဖက်ပြီး တုန်ခါနေကြတယ်။ ကျနော့်မေးစိကို ရင်ခွင်ထဲက အနီလေးမော့ပြီး နှုတ်ခမ်းနဲ့ ဖိကပ်နမ်းရင်း…

“အစ်ကို.. အနီ့ကို ပစ်မပြေးရဘူးနော်..။ မမရီကိုချစ်တယ်ဆိုလည်း အနီ ဘာမှမပြောရက်ဘူး…။ အနီ့ကိုတော့ မပစ်ပြေးသွားနဲ့…။ အနီ သေလိမ့်မယ်”

လို့ ဆို့နင့်နေတဲ့ အသံလေးနဲ့ တောင်းပန်နေရှာပြန်တယ်။ ဖြစ်ရလေဗျာ.. ဘယ်လောက်သနားစရာကောင်းတဲ့ ကောင်မလေးလဲ။ ကျနော် သနားစိတ်တွေ အရမ်းကြီးစိုးလာလို့ ငုံ့ပြီး ချစ်သူလေးကို မြတ်မြတ်နိုးနိုး မွှေးကြူနေမိတယ်။

“အစ်ကို တသက်လုံး အနီ့ကို ထားမသွားဘူးလို့ ဂတိပေးပါတယ်ဗျာ..။ ဟုတ်ပြီလား..”

လို့ ပြောလိုက်မှ ခပ်ယဲ့ယဲ့လေး ပြုံးသွားရှာတယ်။

“အစ်ကိုရေ.. မြက်ခင်းစိမ်းစိမ်းနဲ့ အိမ်ကလေးတစ်လုံး..၊ အစ်ကိုရယ် အနီကလေးရယ်..၊ ယုန်ကလေးတွေရယ်ဆိုတာ.. ဘယ်တော့မှ မရတော့ဘူးလို့တွေးပြီး ဝမ်းနည်းလိုက်ရတာ သိလား..”

“အာ!! အဲ့ဒါ တကယ်ရမှာလို့ အစ်ကိုဂတိပေးတယ်ကွာ.. ဟုတ်ပြီလား”

“အင်း.. အခု အနီ့ကို တအားဖက်ထားပေး အစ်ကို..”

ခုနက အဖြစ်အပျက်တွေကြောင့် နှစ်ယောက်စလုံး စိတ်ရောကိုယ်ပါ နွမ်းလျပြီး ဖက်ရင်း အိပ်ပျော်သွားလိုက်တာ နေ့လည်ခင်းဖက်ရောက်မှ ကျနော် လန့်နိုးလာတယ်။ ကျနော့်ရင်ခွင်ထဲမှာ အနီ့ကို ရှာမတွေ့တော့ ရင်ထိတ်သွားပြီး အခန်းအပြင်ဖက်ကို ဝုန်းကနဲ ထွက်လာမိတယ်။ မီးဖိုချောင်ဖက်ကို ရောက်သွားတော့ ကျနော့်ချစ်သူလေးက ထမင်းပွဲပြင်နေရာက ပြုံးပြတယ်။

“ထမင်းဟင်းတွေ ထွက်ဝယ်လိုက်တယ်.. အစ်ကိုရ…”

“ပန်းကန်တွေက ဘယ်ကရလာတာလဲ”

“စတိုခန်းထဲက ပန်းကန်သေတ္တာတွေထဲက အသစ်ထုတ်လာတာလေ..။ လာ တူတူစားမယ်..။ အစ်ကို့ကို အနီလေးခွံ့မယ်..။ အနာတွေက ကိုက်ခဲနေတယ်မလား အခု..”

အနီက ကျနော့်ကို ခွံ့ကျွေးလိုက်၊ သူ့ဖာသာစားလိုက်နဲ့ လုပ်နေရင်း…

“ကန်တော့နော်.. အစ်ကို..။ အနီလေး လူကြီးကို ကိုယ်ထိလက်ရောက်လုပ်မိတာ.. ခွင့်လွှတ်..”

“အာ!! ဒါ အနီ့အပြစ်မှ မဟုတ်တာဗျ..။ အစ်ကိုသာ အနီ့နေရာမှာဆို ပလက်ဖောင်းပေါ်မှာ မျက်နှာချင်းဆိုင်ကတည်းက ဆွဲရိုက်ကောင်းရိုက်မိမှာဟ..”

“အစ်ကို့ကို အနီ ဓါးနဲ့ထိုးမှာ မကြောက်ဘူးလားဟင်…”

“အဟက်.. အနီလား ထိုးရက်မှာ.. ကျုပ်ကို ဒီလောက်ချစ်တာ သိပါ့…”

“အစ်ကို.. အနီ့လက်ထဲက ဓါးကိုဆွဲယူသွားတာ မြန်လွန်းလို့ သိတောင်မသိလိုက်ဘူး သိလား..”

“အင်း.. အစ်ကိုတော်တော် ကြောက်သွားတယ်ဟ..။ အနီလေး ကိုယ့်ကိုယ်ကို ထိုးလိုက်လို့ကတော့ ဆိုပြီး.. ဟင်းးးးးး”

“ဟေ့ကောင်..အနီလေး..။ ငါက လမ်းသရဲဟ.. ခွီး…။ တသက်လုံး လမ်းပေါ်မှာ ရိုက်ပွဲတွေချလိုက်နှက်လိုက် လုပ်လာတာ.. သွေးထွက်သံယို မခံခဲ့ရဘူး..။ ဒီဆရာမလေးကြမှ လက်သံပြောင်လို့ ကွဲရတယ်”

“ခစ်ခစ်.. … … ချစ်လို့ပါ အစ်ကိုကြီးရာ…”

နေ့လည်စာ စားသောက်ဆေးကြောပြီးတော့ အရာရာဟာ ပုံမှန်နေ့တွေလို ပြန်ဖြစ်သွားတယ်။ ကျနော် သိနေတယ်ဗျ။ ကျနော့်သူနာပြုဆရာမလေးဟာ ကျနော့်ကို အသည်းနင့်အောင် ချစ်ရှာတယ်ဆိုတာ။ ကျနော့်နောက်ရည်းစားအကြောင်း မေးလည်းထပ်မမေးတော့ဘူး။ သူလိုချင်တာက ကျနော်သူ့ကို ပစ်မပြေးဘူးဆိုတဲ့ ဂတိ။ ပြီးတော့ ကျနော်သူ့ကို ဘယ်လိုမှမခွဲနိုင်ဘူးဆိုတာ သိနေပြီမှန်း ဖန်ဂေါ်လီလုံးလေးတွေနဲ့တူတဲ့ မျက်လုံးလေးတွေက ပြောပြနေသလိုပဲလေ။ ကျနော်ကိုယ်တိုင်လည်း ဝန်ခံပါတယ်..။ အနီလေးဆိုတဲ့ သူနာပြုဆရာမလေးကို ဟော့ဒီကမ္ဘာကြီးမှာ ကျနော် အတွယ်အတာဆုံးဆိုတာ ကျိန်တွယ်ပြောဝံ့ပါတယ်လေ။

ထမင်းစားသောက်ပြီးလို့ ဧည့်ခန်းထဲရောက်သွားတော့လည်း ကျနော့်ကို ပျောက်သွားမှာစိုးတဲ့အတိုင်း တစ်ချိန်လုံး ဖက်တွယ်ထားပြီး မကြာမကြာ..

“အစ်ကို..အစ်ကို.. အနီလေးကို ချစ်တယ်လို့ ပြောပါ”

ဆိုပြီး ပြောပြောခိုင်းနေရှာတယ်။ သိပါတယ်.. သူကလေး ကျနော့်ကို အဆုံးရှုံးမခံတော့ဘူးဆိုတာကို။

အဲ့ဒီအဖြစ်အပျက်ရဲ့နောက်ပိုင်းမှာ နောက်ထပ်မယုံကြည်နိုင်စရာ အဖြစ်အပျက်တွေဟာ ဆက်တိုက်ဆိုသလို ကပ်ပါလာတော့တာပါပဲဗျာ။ ညနေစောင်းတော့ ဆေးရုံကို ဂျူတီဝင်မယ့် ကျနော့်သူနာပြုဆရာမလေးကို ကျနော် ပြန်လိုက်ပို့ဖို့ပြင်တယ်။ အိမ်ကမထွက်ခင် အဝတ်အစားလဲရင်းပြင်ဆင်ကြတော့ ချစ်သူလေးကို ကျနော်ကိုယ်တိုင် အဝတ်တွေလဲဖို့ ပြင်ဆင်ပေးသေးတယ်။ သူ့ယူနီဖောင်းလေးကို ကြေးမီးပူကြီးနဲ့ ကုတင်ပေါ်မှာ မီးအိုးထိုးပေးနေတဲ့ ကျနော့်ကို ပင်တီအနီရဲရဲနဲ့ ဘရာအနက်ရောင်ကလေးပဲ ဝတ်ထားတဲ့ အနီလေးက ဆံပင်တွေကို ထုံးဖွဲ့ပြင်ဆင်နေရင်းနဲ့ ပြုံးစိစိ လှမ်းလှမ်းကြည့်ရင်း

“မဖြစ်ပါဘူး.. ဒီလူကြီးကို မြန်မြန်ရအောင်ကြံမှ..။ ဒီလောက်သိတတ်ပြီး ယုယတတ်နေမှတော့ ရည်းစားများတာလည်း အပြစ်မဆိုသာတော့ဘူးပေါ့လေ..”

ဆိုပြီး စနေနောက်နေပြန်သေးတယ်။ မီးပူတိုက်ထားတဲ့ ယူနီဖောင်းကို အအေးခံထားတုန်း ဝတ်ဖို့စောင့်နေရင်း ကုတင်ပေါ်ကနေ ခြေထောက်ချပြီး ထိုင်နေတဲ့ ကျနော့်ရင်ခွင်ထဲကို မတ်တပ်ရပ်ပြီး လာမူနွဲ့နေတဲ့ အနီရဲ့ ဘရာအနက်လေးအောက်က ရင်သားထွားအိအိလေးနှစ်မြွှာကို သူ့တင်ပါးဝိုင်းဝိုင်းလေးတွေကို စုံကိုင်ညှစ်ရင်း ကျနော် ဘယ်ပြန်ညာပြန် မွှေးကြူလိုက်သေးတယ်။ ဒီနေ့ ရန်ဖြစ်ပြီး ချထားနှက်ထားရတော့ ခါတိုင်းလို ချစ်ရည်တောင် မလူးလိုက်ရဘူးလေ။ ဒါကြောင့် မချင့်မရဲဖြစ်ပြီး ကျနော် သူ့တစ်ကိုယ်လုံးကို ဆွဲညှစ်နေမိတာပေါ့။

ဘရာအနက်ကလေးအလယ်က အမြောင်းလိုက်ကလေးပေါ်နေတဲ့ ရင်သားနှစ်ခုရဲ့ကြားထဲကို ရှလူးဆိုပြီး မွှေးကြူနေရင်း စိတ်က မရိုးမရွဖြစ်လာတော့ တင်ပါးကိုကိုင်ညှစ်နေတဲ့ ကျနော့်လက်အစုံက အနီ့ကျောပြင်ပေါ်က ဘရာချိတ်ကလေးဆီ ဖတ်ကနဲရောက်ပြီး ဖြုတ်ချလိုက်မိတယ်။ အနက်ရောင်ဘရာလေးကို ဆွဲဖယ်လိုက်တော့ ဝါဝင်းပြီး စိုပြေလှတဲ့ နို့ထွားထွားလေး ဝိုင်းဝိုင်းလေးနှစ်လုံးက ဝင်းကနဲပေါ်လာတယ်။ ပန်းနုရောင် နို့သီးခေါင်းလေးတွေက ထောင်ထပြီး တန်းနေတယ်။ စိတ်မထိန်းနိုင်တော့ပဲ တပြွတ်ပြွတ်နဲ့ နို့ဆာနေတဲ့ ကလေးလေးလို ကျနော် အဆက်မပြတ် ဘယ်ညာပြောင်းပြီး ကောက်စို့ပေးနေမိတယ်။ အနီလေးက ဘာမှမပြောပဲ ကျနော့်ဆံပင်တွေကို လက်ချောင်းတွေနဲ့ ကိုင်ဆုပ်ရင်း “အင်းးးး” ဆိုပြီး ညည်းသံလေး ထွက်လာတယ်။

“အကို!! အနီလေး အလုပ်သွားချိန်ရောက်ပြီကွယ်.. တော်စို့နော်..။ တော်ကြာ အနီ့အဖုတ်လေး အရည်တွေ ရွှဲလာတော့မယ်..။ ဒေါ်လေးလည်း ပြန်လာခါနီးနေပြီ..။ နက်ဖြန်မှကွာ.. နော်.. အစ်ကို..”

အဲ့လို တိုးတိုးလေး တောင်းပန်လာတော့မှ ကျနော် သတိဝင်လာပြီး ဘရာလေးကို ပြန်ဝတ်ပေးလိုက်တယ်။ မတ်တပ်ထရပ်လိုက်တော့ ဘောင်းဘီတို အောက်က ကျနော့်အငယ်ကောင်က ငေါက်တောက်လေး ထောင်ထနေတာ သိသာနေတော့.. အနီက ပြုံးစိစိနဲ့

“လူကသာ ထိပ်ပေါက်ခေါင်းကွဲဖြစ်နေတာ..။ သူ့ဟာကြီးကတော့ မာန်ဖီတုန်း”

ဆိုပြီး ဘောင်းဘီပေါ်ကနေ ခပ်ဖွဖွအုပ်ကိုင်ပြီး ပွတ်ပေးနေသေးတယ်။ ပြီးမှ ယူနီဖောင်းလေးကို မြန်မြန်ဝတ်၊ သူ့ပစ္စည်းလေးတွေကို ကြိမ်ခြင်းထဲထည့်ပြီးတာနဲ့ အပြင်ကိုထွက်ဖို့ပြင်တယ်။ ကျနော့်ကို ရင်ချင်းအပ်ဖက်ရင်း ကျနော့်နှုတ်ခမ်းကိုစုပ်ပြီး ပြွတ်ကနဲ ပြွတ်ကနဲ နမ်း၊ ခပ်တင်းတင်းတစ်ချက် တွယ်ဖက်ပြီးမှ..

“အစ်ကို.. ဂတိတည်ရမယ်နော်.. အနီလေး ပြောပြီးပြီ.. လုပ်ချင်တာသွားလုပ်ချေ..။ အနီ့ကို မပစ်သွားရဘူး…”

လို့ ကျနော့်မျက်လုံးထဲကို စိုက်ကြည့်ပြီး ပြောတယ်။

“အင်းပါဆို.. ကျနော့်သူနာပြုဆရာမလေးရာ..”

လို့ ဂတိပေးလိုက်မှ ပြုံးချိုတဲ့ မျက်နှာလေးနဲ့

“သွားစို့”

လို့ ပြောတယ်။

………. ……….. ……….. …………..

ကျနော် အိမ်ပြန်ရောက်သွားတော့ ဘွားလေးမေက

“မြေး မျက်နှာက ဘာဖြစ်လာတာလဲ”

လို့ အံ့သြတကြီး မေးတယ်။

“စက်ဘီးလှဲတာ ခင်ဗျ”

လို့ ပြန်ဖြေရင်း ရေလဲအဝတ်တွေ တဘက်တွေ ဆပ်ပြာတွေယူပြီး ရေကိုခပ်မြန်မြန် သွားချိုးလိုက်တယ်။ ရေမိုးချိုး အဝတ်အစားတွေလဲပြီးတော့ မိုးတောင် တော်တော်ချုပ်စပြုနေပြီ။ မီးဖိုချောင်ထဲဝင်ပြီး ညစာစားရင်း..

“ပုံ့ပုံ့ကော”

လို့ ဘွားလေးမေကို မေးမိတော့

“ညနေက အစောကြီးပြန်လာပြီး မြေးကိုမတွေ့တော့ စိတ်တိုနေတယ်နေမှာ။ နှုတ်ခမ်းစူပြီး တဗြစ်တောက်တောက်တွေ ပြောနေတာပဲကွယ့်..။ အခုထိလည်း ထမင်းလာမစားဘူး”

လို့ ပြန်ဖြေတယ်။ ထမင်းစားပြီးတော့ အဘိုးလေးအခန်းထဲဝင်ပြီး စကားစမြည်လေး ၁ နာရီလောက် ထိုင်ပြောနေလိုက်သေးတယ်။ ၈ နာရီခွဲလောက်ရောက်တော့.. လူကြီးတွေ အိပ်ဖို့ပြင်တော့မှ မနက်ကဝယ်လာတဲ့ ဂစ်တာလေးကို ကောက်ကိုင်ပြီး ဟိုဖက်ခြံဖက်ကို ထွက်လာခဲ့တယ်။ အိမ်ရှေ့တံခါးမကြီးက ပိတ်ထားပြီဗျ။ အောက်ထပ် ပုံ့ပုံ့အိပ်ခန်းပြူတင်းပေါက်နားမှာ ကျနော်ရပ်ပြီး အထဲကိုကြည့်လိုက်တော့ ကုတင်ပေါ်မှာ ခွေခွေလေး လဲလျောင်းရင်း ပြူတင်းပေါက်ကနေ ကောင်းကင်ထဲက ကြယ်လေးတွေကို ငေးမောနေဟန်နဲ့ ကျနော့်ဆရာဝန်မလေးကို တွေ့တယ်။ ထုံးစံအတိုင်း ညဝတ်အိပ် စွပ်ကျယ်အပါးလေးနဲ့ တပတ်နွမ်းထမီလေးကို ဝတ်ထားတယ်။

ပြူတင်းပေါက်ကနေ ဘွားကနဲပေါ်လာတဲ့ ကျနော့်မျက်နှာကို မြင်လိုက်တော့ အောက်နှုတ်ခမ်းကို ကိုက်ပြီး ဆတ်ကနဲ တဖက်ကို စောင်းလှည့်သွားပြီး ခွေခွေလေး အိပ်သွားတယ်။ ကျနော့်ခါးကျော်ကျော်လောက်ပဲရှိတဲ့ ပြူတင်းပေါက်ဘောင်ပေါ်ကို ကျနော်ခွကျော်ရင်း.. ပြူတင်းပေါက်နဲ့ကပ်လျှက် ပုံ့ပုံ့ကုတင်ပေါ်ကို ကျနော် လွှားကနဲ တက်သွားလိုက်တယ်။ လက်ထဲမှာကိုင်လာတဲ့ ဂစ်တာကို ကုတင်အောက်ကိုချပြီး မှီထားရင်း.. ပုံ့ပုံ့ဘေးမှာ ထိုင်နေရင်း ကျနော်စကားစတယ်..။

“ဟေ့ကောင်.. ငါ့ကိုစိတ်ကောက်နေတာလား..”

….. …… …… …… ……..

“ငါ့ဆီကို အမြန်ပြေးလာတာ.. မတွေ့လို့ စိတ်ကောက်နေတာဆို.. ဟုတ်လား..”

…….. ……. ……. …… …

“ဟောဗျ.. ကလေးလေးကြနေတာပဲ… ပုံ့ကလေး..”

ဘာမှပြန်မပြောပဲ ဟိုဖက်လှည့်ပြီး ခွေခွေလေး အိပ်နေတယ်ဗျ။ ကျနော်လည်း တော်တော်အကြံအိုက်သွားပြီး ဘာဆက်ပြောရမှန်း မသိတော့ဘူး ဖြစ်နေတာဗျ။ ဒီကြားထဲ မိုးလေးက တဖြောက်ဖြောက်နဲ့ တဖွဲဖွဲရွာကျလာပြန်ပြီ။ မိုးကျသံကြားလိုက်ရမှ ကျနော် လှစ်ကနဲ အကြံရသွားလို့ ဂစ်တာကို ချက်ချင်းဆွဲယူပြီး.. ပါးစပ်က

“အဟမ်း အဟမ်း”

ဆိုပြီး အသံပြုလိုက်တော့ ထွန်းထားတဲ့ ၂ ပေမီးချောင်း အလင်းရောင်အောက်က ကျောပြင်လေး တွန့်ကနဲ တစ်ချက်ဖြစ်လာတယ်။ ဒီဖက်ကိုတော့ လှည့်မလာသေးဘူး။ ဂစ်တာအသံကို မြန်မြန်လေးစမ်းပြီး တီးချလိုက်တယ်။

ကိုင်ဇာရဲ့ မိုးသီချင်း…

မိုးကလေးညိုလာရင် လွမ်းမျက်ရည်လေးလည်..
ငယ်ငယ်တုန်းက သူငယ်ချင်းကို သတိရပါတယ်..
ကျောင်းသွားတူတူ.. ကစားလည်းအတူပဲကွယ်…
နှောင်းအတိတ်မှာ ပျော်စရာ.. အောက်မေ့ပါသေးတယ်….
အဖြူစင်ဆုံးဘဝမှာ… အကြင်နာဆုံး တစ်ယောက်ရယ်… …. … ….

……… …… …… ……..

မိုးရွာရင် မိုးရေချိုးမယ်….
မေမေလာရင်.. နို့စို့မယ်…
ဖေဖေလာရင်.. အုန်းသီးခွဲစားမယ်…

ခပ်သောသော ခပ်ရွှင်ရွှင် တီးခတ်ရင်း သီချင်းအော်ဆိုနေတဲ့ ကျနော့်မျက်နှာက ပြုံးစိစိဖြစ်နေမယ်ဆိုတာ ကျနော်သိနေတယ်။ ကျနော့်ကို ကျောပေးထားတဲ့ ကိုယ်လုံးသွယ်လျလျလေးခင်မျာ ချက်ချင်းလှည့်လာပြီး ရီဝေေ၀လေး ကျနော့်ကို မြတ်မြတ်နိုးနိုး ငေးကြည့်နေရှာပြီကောကွယ်။

သီချင်းဆုံးသွားတာနဲ့ အတိတ်ကိုပြန်သတိရပြီး ကြည်နူးနေရှာတဲ့ ကျနော့်ဆရာဝန်မလေး.. ဘေးတစောင်းလေးလှဲအိပ်ပြီး ငေးကြည့်နေရာက ရုတ်တရက် ထထိုင်လာပြီး ကျနော့်ပါးပြင်ကို သူ့လက်ချောင်းရှည်ရှည်လေးတွေနဲ့ ဆွဲညှစ်ရင်း စကားတွေ တတွတ်တွတ် ပြောလာတယ်ဗျာ။

“ဖိုးသက်လေးရေ.. မောင်ရေ.. ပုံ့ အရမ်းချစ်တယ် သိလား..”

ဆိုပြီး မွတ်သိပ်နေတဲ့ အနမ်းတွေဟာ ကျနော့်မျက်နှာပြင်ပေါ်ကို အပြင်ဖက်မှာ ရွာကျနေတဲ့ မိုးပေါက်လေးတွေနဲ့အပြိုင် တဖွဲဖွဲရွာကျလာတယ်။ ကျနော်ကလည်း မြတ်နိုးစိတ်တစ်ဝက်၊ ရမ္မက်စိတ်တစ်ဝက် ရောနေတဲ့ အနမ်းတွေနဲ့ တုန့်ပြန်မိခဲ့တယ်လေ။ အပြန်အလှန် အနမ်းတွေ ဖလှယ်နေကြတဲ့ ချစ်သူနှစ်ဦးပေါ့။ ကျနော့်ပေါင်ပေါ်တင်ထားတဲ့ ဂစ်တာကို အသာလေး ကုတင်ခြေရင်းကို တွန်းပို့လိုက်ရင်း ချစ်သူလေးကို ကျနော့်ရင်ခွင်ထဲ တင်းတင်းဖက်ထားမိခဲ့တယ်။ ကြည်ကြည်နူးနူး ထွေးပွေ့ထားရင်း ချစ်သူရဲ့ ဆံနွယ်ရှည်တွေကို.. သူ့ကျောပြင်ပေါ်မှာပဲ အသာအယာ အမြတ်တနိုး သပ်ပေးရင်း ကြင်နာကြောင်းပြနေမိတယ်။ ခဏနေမှ ချစ်သူက ကိုယ်လုံးချင်း ဆတ်ကနဲခွာလိုက်ရင်း စကားစပြောတယ်။

“မောင်.. မျက်ခုံးက ဘာဖြစ်လာတာလဲမှန်း…”

“ဘာမှမဖြစ်ပါဘူး ပုံ့ရာ.. စက်ဘီးလဲပြီး လက်ကိုင်နဲ့ ဆောင့်မိတာပါ..”

“လက်ကရော.. ပတ်တီးနဲ့ပါလား..။ လာစမ်း ဒီနားကို..”

ဆိုပြီး မီးချောင်းအောက်တည့်တည့်ကို ဆွဲခေါ်ရင်း ကျနော့်ဒဏ်ရာတွေကို စစ်ဆေးနေပြန်တယ်။ မျက်ခုံးအပေါ်နားက ချုပ်ရာကိုတွေ့သွားတော့ မျက်လုံးလေးက တမျိုးဖြစ်သွားတယ်။

“မောင်.. ဒါဘယ်သူချုပ်ပေးတာလဲ..”

“အာ.. မြို့ထဲကဆေးခန်းမှာ ဝင်ပြရင်း ချုပ်ပေးခဲ့တာပါ ပုံ့ရာ..”

လို့ ပြောလိုက်တော့ မျက်နှာက မသင်္ကာသလိုဖြစ်စပြုလာတယ်။ ကျနော့်ဒဏ်ရာတွေကို သေချာကြည့်နေတဲ့အချိန်မှာ ကျနော့်လက်တွေက အငြိမ်မနေမိဘူး။ အခုအခံမဝတ်ထားတဲ့ ပုံ့ပုံ့စွပ်ကျယ်အောက်က နို့နှစ်လုံးကို မျက်နှာချင်းဆိုင် ထိုင်နေရင်း ကျနော် အင်္ကျီအောက်ကို လက်နှိုက်လျှိုပြီး ကိုင်နေမိတယ်။ ချုပ်ရာတွေကို ကြည့်နေတဲ့ ပုံ့ပုံ့က မျက်မှောင်တစ်ချက်ကျုံ့လိုက်ရင်း …

“မောင်.. ငြိမ်ငြိမ်နေစမ်း”

လို့ ငေါက်တယ်။

“ဟေ့ကောင်.. မိပုံ့…။ အဲ့ဒီကိစ္စထက် ဟော့ဒီကိစ္စကို အရင်ကုပေးတော့”

လို့ ပြောင်ချော်ချော်ပြောရင်း ဖြေချထားတဲ့ ပုဆိုးအောက်မှာ ထောင်ထပြီး မာန်ဖီနေတဲ့ ကျနော့်အငယ်ကောင်ဆီ သူ့လက်ကို ဆွဲယူပြီး ကိုင်ခိုင်းလိုက်တော့ ပုံ့ပုံ့တစ်ယောက်..

“ဟမ်.. မောင်နော်..”

ဆိုပြီး လန့်သွားရှာတယ်။ ဒါပေမယ့် သူ့အာရုံက နှစ်ပေမီးချောင်း အလင်းရောင်အောက်မှာ မာတင်းပြောင်လက်ပြီး အရည်ကြည်လေးတွေစို့နေတဲ့ ကျနော့်လီးဆီ ရောက်နေပြီဗျ။ ဆုပ်ကိုင်ထားယုံတင်မကဘူး အထက်အောက် ဂွင်းထုပေးသလို ကစားပေးနေပြီ။ ကျနော့်လက်တွေကလည်း ဖျိုးကနဲဖျတ်ကနဲ သူ့စွပ်ကျယ်လေးကို လှန်ပြီးချွတ်ပေးလိုက်ပြီး ခါးကထမီတပတ်နွမ်းလေးကို ဖြေချပြီးနေပြီ။ ကျနော်နဲ့ ပုံ့ပုံ့ အခုလိုမချစ်ရတာ ၂-၃ ရက် ရှိသွားပြီမို့ နှစ်ယောက်လုံးကလည်း ဆာလောင်နေကြတာ သိသိသာသာကိုးဗျ။

ကျနော့်လက်တွေကလည်း ရှေ့မှာ ဒူးတစ်ဖက်ထောင်ပြီး ခြေတစ်ဖက်ဆင်းထိုင်နေတဲ့ ပုံ့ပုံ့ပေါင်ကြားထဲက စောက်ဖုတ်ကို လှမ်းနှိုက်ပြီး ကလိပေးနေတယ်။ ဘာမှတောင် သေချာမနူးနှပ်ရသေးဘူး ပုံ့ပုံ့တစ်ယောက်

“ရပြီ..ရပြီ”

လို့ ပါးစပ်က တိုးတိုးပြောရင်း ကျနော့်ကို တွန်းလှဲပြီး ပက်လက်အိပ်ခိုင်း၊ သူ့ထမီလေးကို ဂွင်းလုံးချွတ်ပစ်လိုက်ရင်း ကျနော့်လီးကို ပြွတ်ကနဲ ပြွတ်ကနဲ ၄-၅ ချက်လောက် ဆက်တိုက်ကုန်းစုပ်ပြီးတာနဲ့ ပက်လက်အိပ်နေတဲ့ ကျနော့်အပေါ်ကို တက်ခွလာတယ်။ ဖရိုဖရဲဖြစ်နေတဲ့ သူ့ဆံပင်ရှည်တွေကို လက်နဲ့သိမ်းလိုက်ပြီး ပုခုံးအရှေ့ဖက်ကနေ ဘယ်ဖက်ရင်ဘတ်ပေါ် ချလိုက်တယ်။ ပြီးမှ ကျနော့်လီးကို လက်ကလေးနဲ့ကိုင် ဒူးထောက်၊ ခါးကလေးကို မတ်မတ်ထားရင်း သူ့စောက်ဖုတ်အဝမှာတေ့ရင်း ကျနော့်ကို တစ်ချက်စိုက်ကြည့်လိုက်သေးတယ်။ ပြီးမှ ဖိထိုင်ချလိုက်တယ်။

ပူနွေးနွေး စိုအိအိ အရသာလေးက တစ်ထစ်ချင်း ခံစားလိုက်ရတယ်။ ဖြေးဖြေးချင်း အဝင်ချောအောင် အသွင်းအထုတ် အထိုင်အထလေး လုပ်နေတုန်းမှာပဲ ခုနက တဖွဲဖွဲကျနေတဲ့မိုးက သည်းသည်းမဲမဲ ရွာချလာပြန်ပြီ။ မိုးသံတဝေါဝေါနဲ့အတူ ပုံ့ပုံ့တစ်ယောက် ကျနော့်လီး သူ့စောက်ဖုတ်ထဲ အဆုံးထိဝင်အောင် ဆောင့်ချပစ်လိုက်တော့ ကျနော့်မှာ အင့်ကနဲ ဖြစ်သွားတယ်။ ကျနော့်အပေါ်ကို ထပ်လျှက်မှောက်အိပ်လာပြီး ကျနော့်နှုတ်ခမ်းတွေကို သေသေချာချာ စုပ်နမ်းရင်း ခါးအားကိုသုံး၊ ကိုယ်လေးကော့ကော့ပြီး ကျနော့်ကို လိုးနေပြန်တယ်ဗျာ။

တော်တော်ကြာကြာ အဲ့လိုကော့လိုးလေး လိုးနေတာကို ပက်လက်အိပ်နေရင်း သူ့တင်ပါးလေးတွေကို ဆုပ်ချေရင်း ကျနော် ငြိမ်ငြိမ်လေးခံနေလိုက်တယ်။ ခဏနေတော့မှ ပုံ့ပုံ့ကိုယ်လုံးလေး ပြန်မတ်သွားရင်း.. မိုးသံတွေကြားထဲမှာ…

“မောင်ရေ.. ပုံ့ တအားချစ်မယ်နော်.. ကောင်းလာပြီ..”

လို့ အော်ရင်း.. ကျနော့်ရင်ဘတ်ကို သူ့လက်နှစ်ဖက်နဲ့ သေချာထောက်ပြီး အားယူရင်း အသားကုန်ဆောင့်ချပြီး လိုးတော့တာပဲဗျာ။ ကိုယ်လုံးအားလေးနဲ့ တဖောက်ဖောက် ဆောင့်ချလိုက်၊ ညောင်းလာရင် ကြက်ဖခွပ်သလို ကော့ကော့လိုးလိုက်နဲ့ ကျနော့်ကို စိတ်ကြိုက်လိုးနေတာကို အောက်ကနေ တုန်ခါနေတဲ့ သူ့နို့ညိုစိုစိုအိအိကြီးတွေကို ပင့်ကိုင်ထားရင်း နို့သီးခေါင်းစူစူလေးတွေကို ချေလိုက်၊ နို့တစ်အုံလုံးကို ဆုပ်ချေလိုက်လုပ်ရင်း ကျနော့်မှာ မီးပွင့်မတတ် ကောင်းနေတာပေါ့ဗျာ။

ကျနော့် လီးတစ်ချောင်းလုံးတစ်လျှောက် တုန်ခါကျင်ဆိမ့်လာပြီး အရမ်းကောင်းတဲ့ ဖီလင်တွေ တက်လာတော့မှ ပက်လက်လဲနေရာက လက်ပြန်ထောက်ထထိုင်လိုက်ပြီး ပုံ့ပုံ့ကိုယ်လုံးလေးကို တင်းတင်းဖက်ရင်း ဘေးတိုက်ဆွဲလှဲချလိုက်တယ်။ ပုံ့ပုံ့တစ်ယောက် အောက်ဖက်ကိုရောက်သွားမှ သူ့ပေါင်နှစ်လုံးကို တွန်းပြီးထောင်၊ ကျနော်က ဆောင့်ကြောင့်ထိုင်ပြီး အသားကုန် ဆောင့်လိုးနေမိပြန်တယ်။ ထောင်ထားတဲ့ ပေါင်နှစ်လုံးအောက်မှာ ဖင်အိအိကြီးကို တဖန်းဖန်းမြည်အောင် ရိုက်ခတ်မိတဲ့အထိ ကျနော် ဆောင့်လိုးနေမိတယ်။ မီးချောင်းရဲ့ အလင်းရောင်အောက်မှာ အရည်တွေစို့နေတဲ့ စောက်ဖုတ်ဖောင်းဖောင်းလေးထဲ ကျနော့်လီးအဝင်
အထွက် မှန်မှန်လုပ်နေတာကို မြင်နေရတော့ တမျိုးဖီလင်တက်စေပြန်တယ်။

အချိန်တော်တော်ကြာ စိတ်လွှတ်ကိုယ်လွှတ် ဆောင့်လိုးနေမိတော့ ကျနော်ကြာကြာ အောင့်မထားနိုင်တော့ဘူး။ ပေါင်နှစ်ချောင်းကို တွန်းထားတဲ့ ကျနော့်လက်နှစ်ဖက်ကို တုန်ခါလှုပ်ရှားနေတဲ့ ပုံ့ပုံ့နို့ကြီးနှစ်လုံးဆီပို့ပြီး အားနဲ့ဆုပ်ကိုင်ထားရင်း စိတ်ရှိလက်ရှိ ဆောင့်လိုးရင်း ချစ်သူဆရာဝန်မလေးရဲ့ စောက်ဖုတ်ဖောင်းဖောင်းလေးထဲမှာ အချစ်ရည်ပူပူတွေကို ညှစ်ထုတ်ပစ်လိုက်မိတယ်ဗျာ။

“အားးးးးး ရှီးးးးးးးး … ကောင်းလိုက်တာ ပုံ့ပုံ့ရာ…”

မိုးသံလေသံတွေကြားထဲမှာ ခပ်ကြမ်းကြမ်း ချစ်ခဲ့မိကြတာပေါ့လေ။ မနက်မိုးလင်းခါနီး ၄ နာရီကျော်လောက်မှာ ဟိုဖက်အိမ်ကိုပြန်ဖို့ ကျနော် အသာလေးထတော့ ကျနော့်ကိုဖက်ပြီး အိပ်နေတဲ့ ပုံ့ပုံ့က အိပ်မှုန်စုံမွှားနဲ့ မလွတ်တမ်း ဖက်တွယ်ရင်း..

“အင်.. မောင်.. ပြန်တော့မလို့လား..။ မပြန်ခင် တစ်ခါချစ်ဦးကွာ”

ဆိုပြီး တောင်းဆိုလို့ ခပ်သွက်သွက်လေး အဝတ်အစားတွေ သေချာမချွတ်ပဲ ထမီလေးကိုလှန်တင်၊ ကုတင်ဇောင်းမှာ လေးဖက်ကုန်းခိုင်းပြီး ဆံပင်ရှည်တွေကို မြင်းဇက်ကြိုးကိုင်သလို ကိုင်ရင်း တစ်ခါလိုးခဲ့ရသေးတယ်။ အိမ်ပြန်ရောက်တော့ ခဏလေးမှေးလိုက်တာ မနက် ၈ နာရီကျော်မှ နိုးလာတယ်။ ကျနော်ထပြီး ကိုယ်လက်သန့်စင်နေတုန်းမှာ အပြင်ကပြန်လာတဲ့ဟန်နဲ့ ပုံ့ပုံ့ရောက်လာတယ်။ မျက်နှာလေးက မဲ့တဲ့တဲ့လေး ပြုံးနေတော့ ကျနော့်စိတ်ထဲ တမျိုးဖြစ်သွားသေးတယ်။

“ဘယ်သွားတာလဲ..ဟကောင်!!”

လို့ မေးလိုက်တော့..

“မြို့ထဲခဏသွားတာ”

လို့ပြောရင်း ကျနော့်ကို အဓိပ္ပါယ်ပါပါ စိုက်ကြည့်နေတော့ ကျနော် လိပ်ပြာမလုံသလို ဖြစ်သွားတယ်ဗျာ။

“ဒီနေ့ ပုံ့ ဆေးရုံမသွားဘူး..။ မောင်နဲ့ ချက်ပြုတ်စားသောက်ကြတာပေါ့”

လို့ စကားစလာတော့ အနီလေးဆီ လစ်မလို့ စိတ်ကူးနေတဲ့ ကျနော် ဘာပြန်ပြောရမှန်းမသိ ဖြစ်နေတယ်။ သက်ပြင်းကြိတ်ချရင်း ခေါင်းငြိမ့်ပြလို့ သူဝယ်လာတဲ့ အသားငါးတွေကို ချက်ပြုတ်ဖို့ လှီးချွတ်တုံးတစ်နေဖို့ ပြင်လိုက်တယ်။ မီးဖိုချောင်ထဲမှာ စိတ်အိုက်အိုက်နဲ့ ပုံ့ပုံ့နဲ့ နှစ်ယောက်သား ချက်ပြုတ်လုပ်ကိုင်နေမိတယ်။ ဘွားလေးမေတစ်ယောက် မီးဖိုခန်းထဲရောက်လာပြီး

“အမယ်မယ်… ဒီနှစ်ကောင် တက်ညီလက်ညီပါလား”

လို့ ပြောရင်း

“ဘယ်သူက အိုးသူကြီးတုန်း”

လို့ မေးတော့ ပုံ့ပုံ့က…

“အရီးမေရေ.. ဖိုးသက်က အချက်အပြုတ်မှာ ကျွမ်းကျင်တယ်ဆိုတာ.. ဒီမနက်မှ သိလာရလို့… သူ့လက်ရာလေး မြည်းမလို့ ရှင်…”

လို့ သရော်တော်တော်လေသံလေးနဲ့ ရယ်သလို မောသလို ပြောလာတော့ ကျနော်ခေါင်းနပန်း ကြီးသွားတယ်။ ပုံ့ပုံ့ ဘာကိုဆိုလိုဘာလိမ့်ဆိုပြီး နဝေတိမ်တောင်ဖြစ်စ ပြုလာပြီ။ ပြီးတော့ ကျနော် သတိထားမိနေတာက အခုမနက် ပုံ့ပုံ့ ကျနော့်ကို စကားသေချာမပြောပဲ စိုက်စိုက်ကြည့်နေတာ ခဏခဏရှိနေပြီဗျ။ ကြည့်လိုက်တိုင်းလည်း မျက်နှာက ပြုံးမဲ့မဲ့နဲ့ဆိုတော့ ကျနော့်ရင်ထဲမှာ နေရထိုင်ရ ခက်လာတယ်။ ဒါပေမယ့် အပြစ်လုပ်ထားမိတဲ့လူဆိုတော့ မလုံမလဲ ဖြစ်နေတာပါဆိုပြီး ကိုယ့်ကိုယ်ကို အားပေးနေရတယ်။ ပြီးတော့ ပုံ့ပုံ့ စကားသိပ်မပြောတာကလည်း သူ့နဂိုက အဲ့လိုခပ်အေးစက်စက် နေတတ်တာကိုး။ တီတီတာတာ ပြောတတ်တဲ့ အနီလေးနဲ့ မတူဘူးလေ။ ကျနော်ချက်ပြုတ်နေတဲ့ အနားကို လာလာရပ်ရင်း

“ရှမ်းဟင်းလေးတွေနော် အနံ့လေးတွေကလည်း မွှေးကြိုင်နေတာပဲ ဟင်းဟင်း”

ဆိုပြီး လာကပ်ပြောပြန်တယ်။ ကျနော် ဆတ်ကနဲ တုန်သလို ဖြစ်သွားတယ်။ အဲ့ဒီ ဟင်းဟင်း ဆိုတဲ့ အသံက ကျနော့်ကို ခြောက်ခြားစေတယ်ဗျာ။ မသိချင်ယောင်ဆောင်ပြီး ခပ်တည်တည် လုပ်နေလိုက်တယ်။ ချက်ပြုတ်စားသောက်ပြီးတော့

“ခဏနားဦးမယ်”

ဆိုပြီး ပုံ့ပုံ့ သူ့အိမ်ဖက် ပြန်သွားတယ်။ နေ့လည် ၃ နာရီကျော်လောက်ရောက်တော့ ဒီဖက်အိမ်ကို ပြန်ကူးလာပြီး

“အပြင်သွားမလို့ လိုက်ပို့ပါ”

ဆိုပြီး အဝတ်အစားတွေ လဲခိုင်းရောဗျ။ သူ့ကိုကြည့်ပြီး ကျနော်က

“ဘာပွဲသွားတက်မလို့တုန်းဟ”

လို့တောင် မေးမိလိုက်သေးတယ်။ ဝတ်ထားတာလည်း ကြည့်ဦးလေ..။ တင်ပါးကျော်ကျော်လောက်ထိရှည်တဲ့ ဆံပင်ကို ကျစ်ဆံမြီးတုတ်တုတ်ကြီး ကျစ်ပြီး အဖျားမှာ လက်ကိုင်ပုဝါ အဖြူဆွတ်ဆွတ်ကလေးနဲ့ ချည်ထားတယ်။ ခါးတိုအင်္ကျီကော ထမီပါ အနက်ရောင်ပေါ်မှာ ကြယ်ဖြူဖြူလေးတွေပါတဲ့ ဝမ်းဆက်ကလေးနဲ့ဆိုတော့ ကြည့်လို့ကောင်းလိုက်တာဗျာ။ မျက်နှာသွယ်သွယ်လေးကို မိတ်ကပ်ရည်ပါးပါးလေး ပွတ်ပြီး၊ နှုတ်ခမ်းဆိုးဆေး အရောင်ရင့်ရင့်ဆိုးထားတော့ ကြွတက်နေတာပဲ။ လက်ထဲမှာ ခေါက်ထီးအနက်ကလေးကို ကိုင်လို့ ပြုံးစိစိငေးကြည့်နေတဲ့ ကျနော့်ရှေ့မှာ ရင်ကလေးချီ တင်ကလေးနောက်ပစ်ပြီး..

“တော်တော်လှတယ်ပေါ့ ဟုတ်လား ဆရာလေး”

လို့ ရယ်ကျဲကျဲမေးရင်း ကိုယ်ဟန်ပြနေတာကို..

“ကမ္ဘာမှာ အလှဆုံးလို့တောင် ထင်နေပြီဗျာ”

လို့ ပြန်ပြောလိုက်မိသေးတယ်။ ရှပ်လက်ရှည်အဖြူတစ်ထည် ကောက်စွပ်လိုက်ပြီး ပုဆိုးကို ဂျင်းပန်အပြာနဲ့ ကောက်လဲလိုက်တယ်။ ပြီးတာနဲ့

“သွားစို့”

ဆိုပြီး ပုံပုံ့ကို စက်ဘီးနဲ့တင်ပြီး အိမ်ကထွက်လာခဲ့တယ်။ ကျနော်တို့လမ်းထဲက ထွက်လာတာနဲ့ အနောက်ကနေ စွေ့ကနဲ ကျနော့်ခါးကိုဖက်ပြီး ကျော်ပြင်ကို ပါးနဲ့အပ်ထားရင်း မှီတွယ်လာတယ်။

“ကမ်းနားလမ်းဖက်ကိုနင်း”

ဆိုပြီး လှမ်းပြောလို့ ကမ်းနားလမ်းဖက်ကို ဦးတည်လိုက်တယ်။ နေ့လည်ပိုင်းဖြစ်ပေမယ့် မိုးကတော်တော်လေး အုံ့နေတော့ စက်ဘီးနင်းရတာ ခြေခင်းလက်ခင်းသာနေတယ်။ ခပ်မှန်မှန်ဖြေးဖြေးလေး နင်းနေရာက ဟိုးအရင်က ကျနော်တို့နှစ်ယောက် ထိုင်ဖူးတဲ့ မန်ကျည်းဖျော်ရည်ဆိုင်ကလေးရှေ့ရောက်တော့..

“မောင်.. ရပ်တော့”

ဆိုလို့ ဘရိတ်ဆွဲပြီး ရပ်လိုက်တယ်။ မန်ကျည်းဖျော်ရည်ဆိုင်ရဲ့ အစွန်ကမ်းပါးထိပ် လူရှင်းတဲ့ စားပွဲအပြာလေးဆီကို ရောက်သွားကြရင်း ထိုင်ချလိုက်တယ်။ အနားမှာ လူသူလေးပါး မရှိတဲ့အပြင် မိုးနံ့ပါတဲ့ လေညှင်းလေးက တိုက်ခတ်နေတယ်။ မန်ကျည်းဖျော်ရည် တစ်ယောက်တစ်ခွက်စီမှာရင်း တစိမ့်စိမ့် ကျိုက်နေကြရင်း စကားမပြောဖြစ်ကြသေးဘူး။

လေအဝှေ့မှာ ချစ်သူလေးရဲ့ နဖူးပြောင်တင်းတင်းလေးအပေါ် ဝဲကျနေတဲ့ ဆံမြိတ်ကလေးတွေ တလွှင့်လွှင့်ဖြစ်နေတာကို ကျနော် ကြည့်ကောင်းကောင်းနဲ့ ငေးရင်း အိပ်ထောင်ထဲက စီးကရက်တစ်လိပ်ကို ထုတ်ပြီး မီးငြှိဖွာရှိုက်နေမိတယ်။

“ဒေါက်တာရီရီ.. ဒီအအေးဆိုင်ကလေး လာဖို့အရေး ဒီလောက်တောင် အလှပြင်လာရသလားဟ”

ဆိုပြီး ကျနော်က စကားစတော့.. ဘာမှပြန်မပြောပဲ စိုက်ကြည့်နေသေးတယ်..။ ပြီးမှ..

“မောင်က ပုံ့ပုံ့ကို လှတပတလေး မမြင်ချင်ဘူးလား”

လို့ ငေါ့တော့တော့ ပြန်ပြောလာတော့.. ကျနော်က

“ဟုတ်ပါပြီ.. ဟုတ်ပါပြီ”

လို့ စကားနည်းရန်စဲ လုပ်လိုက်ရတယ်။ အဲ့ဒီအချိန်မှာပဲ…

“ဟော..”

ဆိုပြီး ကျနော့်ကျောဖက်ကို လှမ်းမော့ကြည့်ဟန်ပြုလိုက်တော့ ကျနော်ခေါင်းငဲ့ပြီး လှည့်ကြည့်လိုက်မိတယ်။

ဘုရားဘုရား… ကျနော်တို့စားပွဲဝိုင်းဆီကို လျှောက်လာနေတာ .. ကျနော့်ချစ်သူ အနီလေးပါလား…။ အပြုံးချိုဆုံး မျက်နှာလေးနဲ့ ကျနော်နဲ့ ပုံ့ပုံ့ဆီကို လာနေပြီဗျ။ ပုံစံလေးကိုလည်း ကြည့်လိုက်ဦး…။ အိုမီဂါပုံစံ ပုခုံးထိရုံ ဆံပင်လေးတွေကို ဖားလျားချထားလို့ ဘီးကုတ်ဝါဝါလေးမှာ ကံကော်ပန်းအဖြူလေး ပန်ထားတယ်။ အနီရင့်ရင့် လက်ပြတ်အင်္ကျီလေးနဲ့ သုံးဘီးကားရောင် ထမီလေးကို ခါးမှာ ကျစ်ကျစ်ပါအောင် စည်းနှောင်ထားတော့ ရုပ်ကလေးနဲ့ ဟပ်နေအောင် ကြည့်ကောင်းလိုက်တာဗျ။ ဒီနေရာကို သူဘာလာလုပ်တာလဲလို့ ချက်ချင်း ကျနော် စဉ်းစားလိုက်မိတော့.. အတွေးတစ်ခု ပေါက်သွားလို့ ပုံ့ပုံ့ဖက်ကို ဆတ်ကနဲ လှည့်ကြည့်လိုက်တယ်။

“စိတ်ကိုငြိမ်အောင်ထိန်းနော်.. မောင်..”

လို့ အောင်နိုင်သူအပြုံးနဲ့ ဆရာဝန်မလေးက ကျနော့်ကို ပြောလာရောဗျာ။

🏵️ ကျွန်တော့် သူနာပြုဆရာမလေး (အပိုင်း ၅) ဇာတ်သိမ်း ဆက်ဖတ်ရန် ဒီကိုနှိပ်ပါ 🏵️