ရေခြားမြေခြား သူ့ဘဝ (အပိုင်း ၅)

ရေခြားမြေခြား သူ့ဘဝ (အပိုင်း ၅)
ရေးသားသူ – Nat Thar

(အချစ်တက္ကသိုလ်တွင် ရေးသားသည်)

ဖူးသစ်စု တကယ် မုန့်ဟင်းခါး ချက်တတ်ပါသည်။ မင်းမင်းက ဘေးကနေ လုပ်တာကိုင်တာကို ကြည့်ရင်း၊ လိုအပ်သည်တွေကို ဝင်လုပ်ပေး (အမှန်ကတော့ သူမ ခိုင်းသည်များကိုသာ လုပ်ပေးခြင်းသာ) သဖြင့် သွက်သွက်လက်လက် ဖြစ်ယုံမက အစီအစဉ်တကျနှင့် ချက်သွားသည်ကို တွေ့နေရသည်။ ကြက်သွန်ဥကိုတောင် အရည်ပျော်သွားမှာစိုးလို့ သပ်သပ်ပြန်ဆယ်ပြီး ဟင်းသောက်ပန်းကန်တစ်လုံးထဲ ထည့်ထားကတည်းက မင်းမင်း အမှတ်ပြည့်ကို ပေးမိသည်။ အရသာက မစားကြည့်ရသေး၍ မသိသော်လည်း အနံ့နှင့်ပင် အိမ်မှာ ရှိနေသူ အန်ကယ်ဝေါင်ရော၊ ဂျိမ်းစ်ကပါ လာချီးကျူးကြသည်အထိ ဆွဲဆောင်မှုရှိနေသည်ဟု ဆိုရမည်။ ထမင်းစားပွဲမှာ ထိုင်ပြီး လေးယောက်အတူ စားကြတော့လည်း တကယ်ကို စားလို့ကောင်းမှန်း မင်းမင်းသာမက ကျန်သူတွေက ချီးမွမ်းကြသည်။ ဂျိမ်းစ်ကတော့

“စု .. နင့်ဘာသာနင် ဆိုင်ဖွင့်လို့ရပြီ”

ဆိုပြီး နောက်နေသည်။ အစကတည်းက ပြောခဲ့သလို ကိစ္စဝိစ္စပြီးကြတော့လည်း ထုံးစံအတိုင်း သူတို့နှစ်ဦး မင်းမင်း၏ စက်ရာခန်းသို့ ရောက်လာကြသည်သာ။ ဂျိမ်းစ်ရော သူ့အဖိုးကြီးပါ ရှိနေသဖြင့် ဖူးသစ်စုက တံခါးကို သေချာအောင် လော့ချထားယုံမက မင်းမင်း ကွန်ပျူတာဆီသွား၍ သီချင်းတွေပါ ဖွင့်ထားသည်။ နှစ်ဦးသား အရှိန်တက်လို့ အသံတွေ ဘာတွေ ထွက်မိသော် မျက်နှာပူနေရာမှာ စိုးလို့မှန်း မင်းမင်း သိပါသည်။ ထို့အတွက်ကြောင့်လည်း ဖူးသစ်စု ဆီမှ အသံကို ပိုမို ထွက်ကျလာစေတတ်သည့် အပေါ်ကနေ တိုက်စစ်ဖွင့်ကာ ကစားခြင်းမျိုးကို သူမလုပ်ပဲ ဖူးသစ်စု၏ ကစားကွက်အတိုင်းသာ သူကမျှော၍ လိုက်ကစားသည်။ ဒီလိုကြောင့်ပဲလား မသိ၊ ဖူးသစ်စု ပန်းတိုင်ကို ရောက်သွားသည့် အချိန်တွင် မင်းမင်းက အရှိန်တက်နေတုန်းသာ ရှိသေးသည်။

“ကိုကို မပြီးသေးဘူးလား …”

“လိုသေးတယ် … စု ”

“ဒါဆိုလည်း ပြီးအောင် လုပ်နေ … ဘယ်လိုမျိုး လုပ်ချင်လဲ ..”

“စု မောနေပြီမလား … လှဲနေလိုက်လေ ..ကိုကို အပေါ်က တစ်လှည့်ပေါ့ ..”

မင်းမင်း ပြောပြီးသည်နှင့် ဖူးသစ်စုကို ဖက်ထားရင်း ကိုယ်ကိုလှည့်လိုက်သည်။ လူချင်းမကွာသလို တသားတည်း ဖြစ်နေသည့် အနေအထားပါ မပျက် ဖူးသစ်စုက အောက်က မင်းမင်းက အပေါ်ကနေ ဖြစ်သွား၏။ ထို့နောက်တွင်တော့ ဒုတိယပိုင်း၏ တိုက်စစ်ကို ဦးဆောင်ကစားသူက မင်းမင်းဖြစ်ပြီး ဖူးသစ်စုကတော့ မင်းမင်း၏ ကျောပြင်ကို သွယ်လျသည့် လက်ကလေးနှစ်ဖက်နှင့် ဖက်တွယ်ထားခြင်း၊ အချက်ကျကျနှင့် တန်ပြန်ကော့ကာပေးခြင်း၊ အားပေးအားမြှောက်သည့် သဘောနှင့် ညည်းသံသဲ့သဲ့လေးများ ဖန်ဆင်းခြင်းဖြင့် ပံ့ပိုးနေသည်။ ထို့အတွက်ကြောင့်လည်း မင်းမင်း အားသွန်ခွန်စိုက် ကြိုးစားကစားသည်မှာ နဖူးကချွေးသည် ခြေမအထိ မရောက်ပေမယ့် မျက်ခုံးလောက်အထိတော့ ရောက်နေပြီ ဖြစ်သည်။ သို့ပေမယ့် မင်းမင်း ကစားရတာ အဆင်မပြေပါ။ ကစားကွက်အမျိုးမျိုး ပြောင်းကာ ဘက်စုံထောင့်စုံကနေ တိုက်စစ်ဆင်သော်လည်း သူထင်သလို ဖြစ်မလာပေ။ မင်းမင်း နားမလည်နိုင်ပါ။ ဖူးသစ်စုသာ ဒုတိယအကြိမ်အဖြစ် ပန်းတိုင်ကို တကျော့ပြန် ဝင်သွားသော်လည်း သူက ပန်းတိုင်ကို ရေးရေးတောင် မမြင်သေးပါ။ တစ်စုံတစ်ရာက သူ့ကို ကားဆီးထားသလို ခံစားရပြီး ထိုတံတိုင်းကို မင်းမင်း ဘယ်လိုမှ ထိုးဖောက်၍ မရပါ။ သူ စိတ်ပျက်လက်ပျက်နှင့် သူမကို ဖက်၍သာ အမောဖြေနေရသည်။ ဒါမျိုး သူတစ်ခါမှ မဖြစ်ဖူးသေး၍ ဘာလုပ်ရမှန်းလည်း မသိပေ။

“ကိုကို ဘယ်လိုဖြစ်နေတာလဲ … အရမ်း ကြာနေတယ် … ”

“မသိဘူး .. စုရယ် .. ဒီနေ့ ဘယ်လိုဖြစ်မှန်း မသိဘူး …ကိုကိုလည်း လုပ်တာပဲ ”

“အလုပ်က stress တွေ ဖြစ်နေလို့လား …”

ကောင်မလေးသည် သူ့နဖူးက ဆံပင်တွေကို လက်ဖြင့်သပ်ရင်း ပြောသည်။ အောက်ကနေရသူ ဖြစ်ပေမယ့် နှစ်ကြိမ်တိုင်တိုင် ရှိသွားပြီမို့ ဖူးသစ်စု၏ နွမ်းနယ်မှုက ဖုံးကွယ်မထားနိုင်ပဲ ထင်ကျန်နေရစ်၏။ မင်းမင်း ချစ်သူလေးကို သနားသွားပြီ သူမကိုယ်ပေါ်မှ ကြွလိုက်သည်။ ခါတိုင်း ဒါမျိုးဖယ်ခွာလိုက်လျှင် သူ့လိင်တံက အနည်းငယ်ပျော့သွားပြီမို့ အေးအေးသက်သက် ထွက်လာသော်လည်း ဒီနေ့တော့ တစ်ခုခုကို အလိုမကျသလို တင်းတင်းမာမာနှင့် အပြင်ကို ရောက်လာသည်။ အချိန်ကြာမြင့်စွာ အဆုံးသတ်ကို မရောက်နိုင်ခဲ့သည့်အတွက် မင်းမင်း အနည်းငယ်တောင် ကျင်နေသလို ခံစားနေရသည်။ မင်းမင်း စိတ်ပျက်လက်ပျက်နှင့် မျက်လုံး မှိတ်ထားလိုက်၏။

“ကိုကို နေ့လယ်က အဖြူမလေးကို စိတ်ကူးကြည့်ပါလား …”

Random Image

သူ့ပါးပြင်ကို ဖွဖွလေးနမ်းရင်း နားနားကပ်ကာ ပြောလိုက်သည့် ဖူးသစ်စု၏ စကားက မင်းမင်း မျက်လုံးနှစ်ဖက်ကို ဖြတ်ခနဲ ဖွင့်ကာ ကြည့်စေမိသည့်အဖြစ် ဖြစ်စေသည်။ ဖူးသစ်စု၏ မျက်ဝန်းတွေက သူ့ကိုနားလည်ရခက်သည့် အဓိပ္ပါယ်တစ်မျိုးနှင့် ပြန်ကာ စိုက်ကြည့်နေ၏။

“စု လေးဘက်ထောက်ပေးမယ်လေ .. ကိုကို နောက်ကလုပ်ပေါ့ … စုဆံပင်တွေကလည်း ရွှေရောင်ပဲ မဟုတ်လား …”

“စု …”

မင်းမင်း တုံနိဘာဝေဖြစ်နေရာမှ တစ်ခုခုပြောမည် ပြုတော့ ဖူးသစ်စုက သူ့ဘေးကနေ ခွာသွားပြီ ဖြစ်သည်။ သူမဘက်ကခေါင်းအုံးကို ဆွဲယူပြီး မျက်နှာရှိရာအောက်ကို ထိုးထည့်လိုက်ယုံမက ကိုယ်ကိုပါ အနေအထားပြင်ပေးလိုက်သည်။ ဖြူဝင်းကျော့ရှင်းသည့် ကိုယ်ဟန်ပိုင်ရှင်မို့ ဒီလိုအနေအထားက မင်းမင်းကို ဘယ်လိုမှ ငြင်းဆန်လို့ မရအောင် ဆွဲဆောင်ထားသည်။

“လာလေ .. ကိုကို … မိန်းကလေးတွေက နောက်ဘက်က ကြည့်လျှင် အကုန်လုံး ဆင်တူပဲ မဟုတ်လား ..”

ဒီစကားကို မင်းမင်းတစ်ခါက သူမအား ပြောပြထားဖူးတာ ဖြစ်သည်။ သူတို့ရှေ့က အရွယ်တူ အပျံစားကောင်မလး နှစ်ယောက် လမ်းလျှောက်သွားတော့ သူတို့နှစ်ယောက် ဘာရယ်မဟုတ်ပဲ ကြည့်ဖြစ်ကြသည်။ တစ်ထွာလောက် ရှိမည့် ဘောင်းဘီတိုလေးတွင် ထိုစလုံးမလေးနှစ်ယောက်သည် နောက်ကမြင်ရတုန်းကတော့ ဘယ်လိုမှ ပြစ်ချက်ရှာတွေ့စရာ မရှိအောင်ကို တောင့်လွန်းဖြောင့်လွန်းပါသည်။ သို့ရာတွင် လျှောက်လာကြရင်း လမ်းတွင် သူတို့အကြောင်းနှင့်သူတို့ ရပ်ကာ တစ်ယောက်နှင့်တစ်ယောက် စကားပြောကြသည်တွင် မင်းမင်းနှင့် ဖူးသစ်စုတို့ သူမတို့နှစ်ဦး မျက်နှာကို မြင်ခွင့်ရလိုက်သည်။ တိုင်ပင်မထားပဲ သူတို့ တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်ဖြစ်ကြပြီး ပြိုင်တူ ခေါင်းခါကြ၏။ ပြိုင်တူလည်း ရယ်ကြ၏။ ထိုတုန်းက မင်းမင်းက မျက်နှာမမြင်လိုက်ရလျှင် အကောင်းသားလို့ နောက်ပြီး အထက်ပါစကားကို ဆိုဖူးသည်။ အခုတော့ ဖူးသစ်စုက ဒါကို မှတ်မှတ်ရရ ပြန်ကာပြောနေပြီ။

မင်းမင်း ကျကျနန ကုန်းပေးထားသည့် ဖူးသစ်စု၏ နောက်တွင် နေရာဝင်ယူသည်။ အနေအထားက မှန်သည်မို့ အမွေးအမျှင်မရှိသော “စုဟာလေး”ဟု မကြာမကြာ တင်စားပြောလေ့ရှိသည့် အရာသည် ထင်ထင်ရှားရှားပင် မျက်စပစ်ပြနေသည်။ ပကတိရှင်းလင်းနေမှုတွင် ပထမပိုင်းရော၊ ဒုတိယပိုင်းပါ ကစားထားသည့် အရှိန်နှင့် အရည်တွေက ရွှန်းရွှန်းစိုနေယုံမက အနားသားတွေပါ အနည်းငယ် နီမြန်းနေသလိုမျိုး ဖြစ်နေ၏။ မင်းမင်း စိတ်ထဲ ထောင်းခနဲ ဖြစ်သွားသလို ချစ်သူလေးကိုလည်း သနားသွားသည်။ ဒီတစ်ချီတော့ ပြီးအောင်ကို လုပ်မှ ဖြစ်တော့မည်။

“ဖက်ခ်မီ ဟန်ဆန်း စတရိန်ဂျာ ပလိစ် …”

တိန် .. လည်ပြန်လှည့်ကာ ကြည့်ပြီး မခို့တယို့နှင့် မျက်စိတစ်ဖက်မှိတ်ပြသည့် ကောင်မလေးကို ကြည့်ပြီး မင်းမင်း ပြောဖို့ စကားလုံး ရှာမရ။ ဖူးသစ်စုသည် တကယ်ပင် သူမကို နေ့လည်တုန်းက ကောင်မလေးအဖြစ် မှတ်ယူစေချင်နေသည် ထင်သည်။ ဒီကောင်မလေး role play လုပ်ဖို့ စိတ်ဝင်စားတာလား။ မင်းမင်း ရုတ်တရက်တော့ ဝေခွဲမရပါ။ သို့သော် စဉ်းစားဖို့၊ တွေဝေနေဖို့ အချိန်မဟုတ်လို့ မြန်မြန်ဆန်ဆန်ပင် တဆတ်ဆတ်ဖြစ်နေသည့် သူ့အကောင်ကို အရည်တွေလဲ့နေသည့် အပေါက်လေးထဲ ထိုးသွင်းလိုက်သည်။

“အိုး .. ဂွတ် … ယူအာ ဆိုးဟုဂျ် ..ဖက်ခ်မီမိုး ”

ဒုက္ခပဲ။ ခါတိုင်းဆိုလျှင် ဘယ်လောက်ကာမစိတ်တက်ကာ အရှိန်မြင့်မြင့် ကြမ်းကြမ်းတမ်းတမ်း စကားလုံးတွေ သုံးရမှာရှက်သည်ဆိုသည့် ကောင်မလေးက အခုကြတော့ တခြားဘာသာရပ်နှင့် ပွင့်ပွင့်လင်းလင်း တောင်းဆိုနေချေသည်။ မလှိမ့်တပတ်လုပ်တာပဲလား၊ တကယ်ပဲ မင်းမင်းကို ဟိုအဖြူမလေးအတိုင်း စိတ်ကူးလို့ရအောင် ဖန်တီးပေးနေတာလားတော့ မသိ။ ဘယ်လိုပဲဖြစ်ဖြစ် သူမပြောသလို နောက်ပိုင်းကပဲ မြင်နေရသည့်အနေအထားတွင် သူဆောင့်လိုက်တိုင်း ရွှေရောင်ဆံပင်လေးတွေ လှုပ်ခါသွားသည့် သူမဟန်က မင်းမင်းစိတ်ကို ဖြန့်ထွက်မြင်ယောင်စေတာကတော့ အမှန်ပင်။

“သတ်အစ် .. ဟက်ဒါး ဟက်ဒါး …အိုး .. အိုး … အင့် … အင့် ”

“ယူ လိုက်သစ် (မင်းကြိုက်လား)? …”

တဖွဖွ ပြောနေသည့် ဖူးသစ်စု၏ စကားတွေနှင့် မချင့်မရဲ ညည်းသံတွေ၏ နောက်တွင် မင်းမင်း၏ အသိတွေလည်း လွတ်ထွက်သွားရ၏။ သူကိုယ်တိုင်ပင် သူမကို English လို ပြန်ပြောဖြစ်ပြီး ကျုံးကာလုပ်ပစ်လိုက်ရာ မျက်ဝန်းထဲက အဖြူမလေးသည် ကော့ပျံကာပင်နေသည်။ ဒုတိယပိုင်းတုန်းက ကစားခဲ့သည့် ပုံစံထက်ပို၍တောင် ထိထိရောက်ရောက်လုပ်မိသည်။ အားပါးသည့် ထိုးဆွဆောင့်ထိုးချက်တွေကြောင့် ဖူးသစ်စု နောက်ထပ်စကားတွေတောင် ထုတ်ဖော်မပြောနိုင်တော့ပဲ မျက်နှာအပ်ထားသည့် ခေါင်းအုံးကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရသည်။ ထိုသို့ မျက်နှာက ခေါင်းအုံးနှင့်အပ်ထား၍ ညည်းတွားသည့်အသံများက တိုးကာသွားပြီး မင်းမင်းဆီးစပ်နှင့် သူမ၏ တင်ပါး ထိရိုက်သည့် အသံများက ပို၍ ကျယ်လောင်စွာ ထွက်ပေါ်သည်။ သို့ပေမယ့် အကြာကြီးတော့ ဖြစ်မနေပါ။ ဖူးသစ်စု၏ ရိုးပလေးလုပ်မှုက ထိရောက်လှသည်မို့ မင်းမင်း ပင်နယ်တီအထိ ဆက်ကန်စရာမလိုတော့ချေ။

“အိုင်မန် ကန်းမင်း ကန်းမင်း .. ကန်းမင်း အင်ဆိုက် ”

အထဲမှာပြီးပြီ ဆိုသည့်အကြောင်းကို ထုတ်ဖော်ကာ အော်ညည်းပြီးနောက် တစ်ဆို့ကာ နေသည်ဟု ထင်ရသော သူ့ထိပ်ကနေ အသားကုန် ပွင့်ထွက်သွားတော့သည်။ စိတ်ကလည်း အရမ်းတက်ကြွနေသည်မို့ အရည်တွေ ပန်းထွက်တာတောင် မလျှော့နိုင်သေးပဲ ဆက်ပြီး ဆောင့်မိနေသေး၏။ လုံး၀ စိတ်ကျေနပ်တော့မှ ဖူးသစ်စု၏ ခါးကျင်ကျင်လေးကို မညှာတမ်းကိုင်ထားမိရာမှ လွှတ်ပေးလိုက်မိ၏။ ကောင်မလေးသည် ဘယ်လိုမှ တောင့်ခံမထားနိုင်တော့ပဲ ပျော့ခွေကာ ကြသည်။ မင်းမင်းက တစ်ခုခုများ ဖြစ်သွားမလားလို့ စိုးရိမ်စိတ်တစ်ဝက်နှင့် လိုက်ကြည့်နေသဖြင့် နှစ်ဦးသား ပေါင်းစပ်ထားသည့် အချစ်ရည်ဖြူဖြူများက ရေခဲမုန့်တစ်ခု အရည်ပျော်ကြလာသလိုနှယ် စိမ့်ကာထွက်ကျနေသည်ကို တွေ့သည်။ မင်းမင်း ကုတင်စွန်းတွင် ရောက်နေသည့် တစ်ရှူးဗူးထဲက တစ်ရှူးရွက်တွေကို ဆွဲထုတ်ကာ ကပ်ပေးလိုက်ရသည်။ အထိအတွေ့ကြောင့် မှိန်းကာနေသည့် ဖူးသစ်စု .. သူ့လက်ထဲက တစ်ရှူးရွက်တွေကို လက်ပြောင်းယူသည်။

“ဘယ်လိုလဲ ..ကိုကို … အဖြူမလေးကို အားရပါးရ ချစ်ပြီးသွားပြီး မှတ်လား ..”

“ဟာကွာ .. စုကလည်း ..”

“အမလေး ..ကိုကိုက ရှက်နေသေးတယ် .. စုက နားလည်ပါတယ် … စိတ်ကူးယဉ်တာပဲ ကိုကိုရယ် … စုက ဘာမှ မပြောပါဘူး .. ယောကျ်ားလေးတွေနဲ့ စိတ်ကူးယဉ်တာ မကင်းမှန်း စု သိနေတာပဲ ..”

“အမ် .. အဲဒီလို Gender bias ဖြစ်အောင် မပြောနဲ့လေကွာ … မိန်းကလေးတွေလည်း ဒါမျိုးရှိကြတာပဲ .. စု ကော မလုပ်ဖူးဘူးလား ..”

“မပြောဘူး .. သတ်ချင်သတ် … ဟီး .. ဟီး ..”

ဖူးသစ်စု ရယ်ကျဲကျဲ မျက်နှာနှင့် သူ့အမေးကို မဖြေပဲ မလှိမ့်တပတ်လုပ်နေ၏။ မင်းမင်း မချင့်မရဲ ဖြစ်သွားသည်မို့ ခါးကိုတို့ကာ ကလိထိုးသည်။

“မလုပ်နဲ့ ..ကိုကို … ယားတယ် … ဒီမှာမောနေတဲ့ဟာကို …ကိုကို !! မလုပ်နဲ့ဆို …”

ကိုယ့်ကို တွန့်ကာ တွန့်ကာ ရှောင်ရင်း သူ့လက်ကို တဖန်းဖန်းရိုက်ကာ ပြောနေသည့် ဖူးသစ်စု၏ အဆက်မပြတ် ရယ်မောသံက သူ့အခန်းလေးထဲတွင် ပျံ့လွင့်ကာ ရှိနေလေတော့သည်။

*** *** ***

ထို့နေ့မှ အစပြု၍ မင်းမင်းနှင့် ဖူးသစ်စု၏ အချစ်ခရီးစဉ်သည် မှတ်တိုင်အသစ် စိုက်ထူခဲ့သည်ဟု ဆိုရပေမည်။ အခုနောက်ပိုင်း သူတို့နှစ်ဦး အပြင်မှာ လျှောက်သွားဖြစ်လို့ ကောင်မလေး ချောချောလှလှလေးများ တွေ့ပြီဆိုလျှင် ဖူးသစ်စုကိုယ်တိုင်ကပင် မင်းမင်းကို လက်ကုတ်ပြီး ပြတတ်သည်။ တစ်ခါတစ်ခါလည်း မျက်စပစ်ကာ အချက်ပေးတတ်သည်။ ပြောရမည်ဆိုလျှင် နှစ်ယောက်ပေါင်းပြီး ငမ်းကြသည်နှင့်တောင် တူနေသေးသည်။

“စုက …ကိုကို ကောင်မလေးတွေကို လိုက်ကြည့်တာ သဝန်မတိုဘူးလား ..”

မင်းမင်း ပွင့်ပွင့်လင်းလင်းပင် ဖူးသစ်စု သဘောထားကို ဆန်းစစ်ကာမေးတော့ ဖူးသစ်စုက ဘာမှမပြောသေးပဲ အရင်ပြုံးသည်။ ပြီးတော့မှ ..

“သဝန်တိုတယ်ဆိုတာ ကိုကိုက စုနောက်ကွယ်မှာ မဟုတ်တာ လုပ်မှ သဝန်တိုရမယ်လေ .. အခုက စုခွင့်ပြုချက်နဲ့ ကိုကိုက ရှိတ်တာဆိုတော့ စုက ဘယ်လိုမှ မဖြစ်ပါဘူး .. ”

“ကိုကိုတော့ တခါတခါ စုကို ဘယ်လိုနားလည်ရမှန်းတောင် မသိတော့ဘူး ..”

“မခက်တာကို ခက်အောင် မလုပ်စမ်းပါနဲ့ ကိုကိုရယ် … စိတ်ကူးပဲဟုတ်စာ …ကိုကို ဘယ်သူ့ကိုပဲ မျက်စိထဲမှာမြင်မြင် ကိုကိုချစ်နေတဲ့လူက စု မဟုတ်ဘူးလား … နောက်ပြီး စုကို မှန်မှန်ပြောစမ်းပါဦး .. ကိုကိုကရော တကယ် တခြားကောင်မလေးတစ်ယောက်ကို အတွေးနဲ့တောင် စိတ်ကူးမယဉ်တော့ဘူးတဲ့လား .. ကိုကိုပဲ သူ့အကြောင်းတွေ ပြောတုန်းက ပြောထားပြီးတော့ ..”

ဖူးသစ်စု ဒီလိုပြောတော့ မင်းမင်း ဘာမှ ထပ်မပြောနိုင်တော့ပါ။ ဟုတ်တော့လည်း ဟုတ်သည်။ ဒီလိုမျိုးကိစ္စ စပြီးနောက် မင်းမင်း သူ့အတိတ်က ဇာတ်လမ်းဟောင်းတွေကို ပြောပြထားရာ ဘဏ်မှာလုပ်နေသည့် ကောင်မလေးနှင့် ချစ်မိတဲ့အကြောင်းမှစ၍ အဆိုတော် ကောင်မလေးတစ်ယောက်ကို စွဲလမ်းခဲ့ဖူးတာရော၊ မျက်လုံးပြာပြာနှင့် မော်ဒယ်မလေးတစ်ယောက်ကို နှစ်သက်ခဲ့ဖူးတာရောပါ အကုန် ပြောပြဖြစ်ခဲ့သည်။ ဖူးသစ်စုက ရယ်သာရယ်နေပြီး “ဒါအကုန်ပဲလား” ဟုတောင် နောက်နေသေးသည်။ မင်းမင်းက ဆိုးရွားခဲ့သည့် သူ့အတိတ်က အကြောင်းအရာတစ်ချို့ကို ဆက်မပြောချင်လို့ သူမဘက်ကို ဒါရိုက်ရှင်ပြောင်းကာ “စုကရော” ဆိုပြီး တဖန်ပြန်မေးတော့ သူမ ပြောနေကြ စကားအတိုင်း “ပြောဘူး .. သတ်ချင်သတ်” ဆိုကာ လူလည်ကြပြီး မဖြေချေ။ သူမက သဝန်မတိုဘူးဆိုပေမယ့် သူကတော့ သဝန်တိုမိမည်ထင်၍ မင်းမင်းလည်း ဆက်မမေးဖြစ်တော့ပဲ မေ့မေ့ပျောက်ပျောက်သာ ထားခဲ့သည်။

သို့ပေမယ့် မေ့မေ့ပျောက်ပျောက် မဖြစ်သူက ဖူးသစ်စု ဖြစ်သည်။ ပြောခဲ့ဖူးသလို မင်းမင်းနှင့် ပတ်သက်၍ အသေးစိတ်ကိစ္စများကို မှတ်မိနေတတ်သော သူမသည် ဒီလိုမျိုး ကိစ္စတွင်လည်း မှတ်မိနေသည်သာ။ မင်းမင်းနှင့် နောက်တစ်ခါ ပြန်အတွေ့တွင် ဘာမပြော ညာမပြောနှင့် လက်ကိုင်ပုဝါစ အနက်တစ်ထည်ကို ထုတ်ကာ မင်းမင်းမျက်လုံးကို စည်းသည်။ ဖယ်မကြည့်ရဘူးနော် ဆိုသဖြင့် မင်းမင်း သိချင်စိတ်ပြင်းပြစွာနှင့် ဘာလုပ်ဦးမှာလဲ စောင့်နေမိသည်။ တကယ်တမ်း ဖယ်ခွင့်ရပြီဆိုတော့ သူအပေါ်တွင် ရောက်နေသူက ဆံပင်ပုံစံတမျိုးနှင့် ဖူးသစ်စု ဖြစ်နေသည်။ ခရမ်းရောင်ဆံပင်တွင် ချည်ထားသည့် ခေါင်းစည်းနှင့် ချယ်သထားသည့် မျက်နှာပုံစံပါ ပေါင်းထည့်လိုက်တော့ ပုံကမြင်ယုံနှင့် ဘယ်သူ့ပုံ ဖမ်းထားမှန်း သိသာသည်။ မင်းမင်း ကြိုက်သည်ဟု ပြောမိသော အဆိုတော်မလေး Katy Perry ၏ ပုံ။ အဲဒီနေ့က ကိုကို့မိုက်ကြီးနဲ့ သီချင်းဆိုပြမယ် လုပ်နေသဖြင့် ပထမဦးဆုံးအကြိမ်တွင် ဖူးသစ်စု ညီမလေးဆီတောင် မရောက်တော့ပဲ အပေါ်ပိုင်းနှင့်ပင် တစ်ချီပြီးသွားရသည်။

ပြီးခဲ့တဲ့ တစ်ပတ်တုန်းကမူ မင်းမင်းက ကတိအတိုင်း ဖူးသစ်စု ဂျီကျထားသည့် ဆက်စ်ရှော့ကို မယောင်မလည် လိုက်ပို့ရသည်။ ဒီလိုဆိုင်ကို သူ စလုံးရောက်ခါစက အထူးအဆန်းဆိုပြီး တစ်ခါဝင်ကြည့်ဖူးသော်လည်း ကွန်ဒုံးတစ်ထုပ်ကလွဲ၍ ဘာမှ မဝယ်ဖြစ်ပါ။ မိန်းမအင်္ဂါအတုဆိုတာကလည်း သူ့အတွက် လိုအပ်သောပစ္စည်း မဟုတ်လို့ ကြည့်ယုံကကြည့်ပြီး ပြန်ထွက်ခဲ့တာ ဖြစ်သည်။ သို့ပေမယ့် အခုတစ်ခေါက်တော့ ဖူးသစ်စုပါလာသဖြင့် အမှတ်တရဆိုပြီး ငုံးဥလိုဟာလေးတစ်ခု ဝယ်ပေးလိုက်၏။ အရောင်ကတော့ ဖူးသစ်စုက ပန်းရောင်ဆိုလို့ ပန်းရောင် ရှာဝယ်ရသည်။ လိင်တံအတုတွေကိုတော့ သူမက ကြည့်ယုံသာကြည့်ပြီး စိတ်ဝင်စားမှု မပြ၊ ကိုကိုရှိနေမှတော့ အတုက ဘာလုပ်ဖို့လဲဟု ပြောလို့ မင်းမင်း ဈေးရောင်းသူ တရုတ်မလေး ရှေ့မှာတင် သူမခါးကို ဖက်ကာ နမ်းပစ်လိုက်သေးသည်။ ငုံးဥဝယ်ပေးလိုက်ပေမယ့် ဖူးသစ်စုက ဒီလောက်နဲ့ လာရတာ မတန်သေးဘူးဆိုပြီး အဝတ်အစားတွေထားတဲ့ နေရာကနေ ဝတ်စုံတစ်ခုကို ဝယ်ပေးဆိုပြီး ပူဆာသည်။ သူမပြသည့်ဟာကို ကြည့်လိုက်သည်နှင့် ရင်ခုန်နှုန်းမြန်လာလို့ မင်းမင်း ချက်ချင်းလက်ငင်းပင် ဝယ်ပေးခဲ့သည်။ ဆိုင်ထဲက ပြန်ထွက်ထွက်ချင်းတော့ နှစ်ဦးသား တိုင်ပင်မထားပဲ အိမ်ပြန်ကြရအောင်ဆိုပြီး ပြောမိလို့ ရယ်ဖြစ်ကြသေးသည်။

“ကိုကို … ဒါက ဓါတ်တွေ ဘာတွေ မလိုက်ပါဘူးနော် …”

မင်းမင်း လုပ်နေပုံကို ကလေးငယ်လေးတစ်ယောက်လို ဘေးနားကနေ မေးလေးထောက်ကာ ဖူးသစ်စု စပ်စုသည့်အကြည့်နှင့် ကြည့်နေသည်။ မင်းမင်း ဓါတ်ခဲ ထည့်ပြီးနောက် သေချာအောင် အရစ်ကို ကြပ်အောင် ပိတ်ပေးလိုက်သည်။ ကစားစရာအသစ်အဆန်းရတဲ့သူလို လက်ဖဝါးလေးထဲ ထည့်ပြီး လက်ညိုးနှင့်တို့ကြည့်သည်။ သူတို့ ဝယ်လာသည့်ဟာက နောက်ဆုံးပေါ်အမျိုးအစားမို့ remote က wireless ဖြစ်သည်။ ထို remote အပိုင်းက အမှတ်တမဲ့သာ ကြည့်မည်ဆိုလျှင် Ipod ပေါ်ခါစတုန်းက ပုံစံမျိုးနှင့်တောင် တူနေသေး၏။ မင်းမင်း “+ ” လို့ပြထားသည့်ဘက်ကို လက်မနှင့်ဖိကာ တွန်းကြည့်သည်။

“အမေ့ ..ကိုကို တုန်တယ် …”

“တုန်မှာပေါ့ … သူက ဆီမျူလေတာပဲ ဟာကို …”

“လာခဲ့ စမ်းရအောင် …”

“ဟွန့် … ဒါပဲ .. နေဦး အဝတ်အစား လဲလိုက်ဦးမယ် … လိုက်ကာတွေ သွားပိတ်ဦး ကိုကို ..”

မင်းမင်း မီးအရင်ဖွင့်ပြီးမှ ပြတင်းပေါက်ဘက် လျှောက်သွားကာ လိုက်ကာတွေကို စေ့လိုက်၏။ အမှန်ဆို ဖူးသစ်စုကသာ စိတ်ပူနေလို့ ဖြစ်သည်။ သူ့အခန်းဟိုဘက်မှာ ဘာမှ မရှိလို့။ ချောင်းကြည့်ချင်တယ်ဆိုလျှင် ရဟတ်ယာဉ်နှင့် လာချောင်းမှပဲ ရနိုင်မှာ ဖြစ်၏။ မင်းမင်း လိုက်ကာစကို ဆွဲပိတ်နေတုန်း ဖူးသစ်စုက ဝယ်လာသည့် အထုပ်ထဲက ဝတ်စုံကို ထုတ်သည်။ အင်္ကျီက အဖြူမှာ အပြာစင်းလေးတွေပါသည့် လည်တိုင်အကာလေးနှင့် ဖြစ်ပြီး စကတ်ကတော့
အပြာရင့်ရောင် ခပ်ကားကားလေး ဖြစ်သည်။ ဆိုင်ကကောင်မလေးက သဘောကောင်းစွာနှင့် ဒစ်စကောင့်ပေးလိုက်လို့ စတော့ကင် အရှည်လေးတစ်ခုတောင် ပါလာသေးသည်။ ဂျပန်ကျောင်းသူ ဝတ်စုံပင်။ မင်းမင်း ဆယ်ကျော်သက်အရွယ်တုန်းက မျက်စိအစာကျွေးခဲ့သည့် ရုပ်ရှင်များထဲတွင် ပါနေကြ အဝတ်အစားပင် …။

အားလုံးလဲပြီးတော့ ဖူးသစ်စုက ဂါဝန်အနားစလေးကို လက်နှစ်ဖက်ဖြင့် ဆွဲကာ မပြသည်။ ကိုယ်ကို အနည်းငယ်ကိုင်းပြီး နှုတ်ဆက်လိုက်သည့် စကားကြောင့် မင်းမင်း အိပ်ယာပေါ်ကနေ ထခုန်မတတ် ဖြစ်သည်။

“ခုနီချီဝါ .. ”

မင်းမင်း “ဟိုက် ဟိုက် ” ဆိုပြီး ပြန်ပြောလိုက်တော့ ဖူးသစ်စု ရယ်ရင်း ကုတင်ပေါ်တက်လာသည်။ ဒီလိုပုံစံနှင့် ကောင်မလေးမျိုးကို မင်းမင်း အရင်ကတည်းက စိတ်ကူးယဉ်ခဲ့သည်မို့ သူစိတ်မထိန်းနိုင်တော့ပဲ ဖူးသစ်စုကို ဖက်ကာ ဆွဲလှဲသည်။ ပက်လက်ကလေး ဖြစ်သွားသည်နှင့် စကတ်ကို ဆွဲလှန်ပစ်သည်။ ထိုအဝတ်တွေကို လဲကတည်းက အတွင်းခံတွေကို ချွတ်ထားခဲ့ပြီးပြီမို့ ဖူးသစ်စု၏ ရတနာလေးက ထွန်းထားသည့် မီးရောက်အောက်တွင် အရှင်းသား ပေါ်လာသည်။ မင်းမင်း ပန်းရောင်ဥလေးကို ကီးချိန်းလိုမျိုး ထုတ်ထားသည့်ဘက်မှ ကောက်ကိုင်ရင်း သူမကို တမင်တကာ မြင်အောင် လက်နှင့်ကိုင်ပြီး ပြသည်။ လှုပ်ရမ်းနေသည့် ဥလေးကို မြင်တော့ ဖူးသစ်စုက ကြောက်သွားသည့်ဟန်လုပ်ကာ လက်နှစ်ဖက်ကို လှုပ်ပြသည်။ မင်းမင်း ဆွဲထောင်ထားသည့် ပေါင်နှစ်ချောင်းကိုလည်း ငြိမ်ငြိမ်မထားပဲ ဘယ်ညာရမ်းကာ သူ့လက် ဝင်ရခက်အောင် လုပ်နေသည်။

“ကိုကို !!! …ကိုကို …”

မင်းမင်း ပေါင်နှစ်ချောင်းကို လက်နှင့်ဆွဲဖယ်ပြီး ကိုယ်ကိုရှေ့တိုးကာ ကြားထဲဝင်လိုက်သည်။ ဟန်ဆောင်ကာ ရုန်းနေသူမို့ မင်းမင်းက ပိုင်ပိုင်နိုင်နိုင် ထိန်းမိသွားသည်နှင့် ဆက်မရုန်းတော့ချေ။ သူ လုပ်ရလွယ်အောင် ပေါင်နှစ်လုံးကို တတ်နိုင်သမျှ ကားထားပေးပြီး သူမကိုယ်တိုင် လက်နှစ်ဖက်နှင့် မွေ့ယာကို ထောက်ကာ ထကြည့်သည်။ မင်းမင်း မှန်မှန်လေး တုန်နေသည့် ငုံးဥလေး၏ ထိပ်ကို အရင်ဆုံး အဖုလေးဆီသို့ ပို့လိုက်သည်။

“အမေ့ …ကိုကို !!! ..”

“ကီမွန်ချီ …”

ပြုံးစစနှင့် “ကောင်းလား” ဆိုသည့် မင်းမင်းအမေးကို ခေါင်းကို ခပ်သွက်သွက် ညိတ်၍သာ ဖြေပြသည်။ မင်းမင်း အဖုလေးကို ထိနေရာမှ အောက်ဘက်က အကွဲကြောင်းလေးအတိုင်း သာသာလေး ပွတ်ဆွဲပေးသည်။ ငုံးဥ၏ စွမ်းဆောင်အားက ထိရောက်ပါသည်။ ဖူးသစ်စု၏ ပေါင်တံတွေက အငြိမ်မနေနိုင်တော့ပဲ ကားလိုက် စုလိုက်နှင့် ဖြစ်နေသလို တွင်းဝလေးတွင်လေးလည်း အရည်ကြည်တွေက ခနလေးနှင့် စိုရွှဲကာထွက်လာသည်။ မင်းမင်း အဝလေးနှင့် ထိကာ ပွတ်နေရာမှ ဖိ၍ အတွင်းကို ထိုးထည့်လိုက်သည်။ ပြွတ်ခနဲ အသံမြည်ပြီး ငုံးဥက အထဲကို ဝင်သွားသည်။

“ကိုကို !!!! …”

ဖူးသစ်စု၏ တင်ပါးနှစ်ဖက်က ကုတင်ပေါ်မှ မြောက်ကြွကာ တက်သလို မင်းမင်း လက်တစ်ဖက်ကိုလည်း အတင်းလာဆုပ်ကိုင်၏။ စိတ်တက်ကြွမှု အရှိန်နှင့် ဖူးသစ်စု၏ မျက်လုံးတွေသည် ရီဝေကာနေသည်။ မင်းမင်း ဖူးသစ်စုကို ရင်ခွင်ထဲ ဆွဲသွင်းကာ ဖက်ထားပြီး နှုတ်ခမ်းတွေကို အငမ်းမရ နမ်းသည်။ ဖူးသစ်စုကလည်း မက်မက်မောမော တုံ့ပြန်ယုံမက မင်းမင်းကို ပက်လက်ဖြစ်သွားအောင် တွန်းထုတ်သည်။ ကျောပြင်နှင့် မွေ့ယာကပ်သွားသည်နှင့် မင်းမင်း ခြေရင်းကို ခပ်မြန်မြန်ရောက်သွားပြီး ကျန်နေသေးသည့် ဘောင်းဘီကို အတင်းဆွဲချွတ်သည်။ တခါထဲ ချွတ်ထားခဲ့တာ မဟုတ်ဘူးလို့ နှုတ်ကလည်း ဖျစ်တောက်ဖျစ်တောက်နှင့် ပြောသေးသည်။ ထို့နောက်တွင်တော့ သူ့လိင်တံကို ပါးစပ်ထဲထည့်ကာ အားရပါးရ စုပ်တော့သည်။

ခါတိုင်း ဒီလိုမျိုး အနေအထားတွင် မင်းမင်း လက်လှမ်းပြီး သူမတင်ပါးကြီးတွေကို လှမ်းကိုင်မှ ဖူးသစ်စု တင်တွေ ယမ်းခါတတ်သော်လည်း ဒီနေ့တော့ လက်နှင့်တောင် မထိရသေးပဲ တယမ်းယမ်း ဖြစ်နေသည်။ ငုံးဥက တော်တော်စွမ်းပုံရသည်။ မင်းမင်း အထင်မှန်ပါသည်။ တော်တော်လေးကြာတော့ ဖူးသစ်စု မင်းမင်း လိင်တံကို စုပ်တောင်မစုပ်နိုင်တော့ပဲ ပါးစပ်ထဲကနေ ပြန်ချွတ်ကာ လက်နှင့်တင်းတင်းကိုင်ပြီး မျက်လုံးတွေ မှိတ်ထားသည်။ မျက်နှာသွင်ပြင် အမူအယာကို ကြည့်ယုံနှင့် သူမ အခြေအနေက ဘယ်လိုဖြစ်နေသည်ဆိုတာ မင်းမင်း သိသည်။ သူရှိနေလျှက်နှင့်တော့ ငုံးဥအစွမ်းနှင့် တစ်ချီပြီးသွားရတာမျိုး မဖြစ်ချင်လို့ မင်းမင်း ဖူးသစ်စုကို ဖက်ကာ ပက်လက်လှဲ၍ နေရာချသည်။ ဒူးထောင် ပေါင်ကားခိုင်ပြီးနောက်တွင်တော့ လက်ကိုင်ကြိုးကို ဆွဲပြီး ငုံးဥကို ပြန်ထုတ်သည်။ ငုံးဥခင်များ အရည်တွေ ရွှဲနေယုံမက မင်းမင်းလက်ထဲတွင် အနည်းငယ် နွေးနေသေးသည်။

“ကိုကို မြန်မြန်ထည့်တော့ .. ဒီမှာ မရတော့ဘူး …”

ဖူးသစ်စု စကားကို နာခံပြီး သူ့လိင်တံထိပ်ဖူးကို ငုံးဥအစားထိုး လုပ်လိုက်သည်။ အရည်တွေရွှဲနေသဖြင့် အတွင်းသားတွေက နူးအိနေရာ မင်းမင်း ချော့တာတွေ ချူတာတွေ လုပ်မနေတော့ပဲ တရှိန်ထိုး ဆောင့်သွင်းသည်။

“အီး …”

ဖူးသစ်စု ကျယ်ကျယ်လောင်လောင် အော်ကာ ညည်းပေမယ့် မင်းမင်း၏ တင်ပါးတွေကိုတော့ လွတ်ထွက်မသွားအောင် လက်နှင့်လှမ်းဖမ်းထားသည်။ ထို့နောက်တွင်တော့ မင်းမင်း တဖွတ်ဖွတ် တဗျစ်ဗျစ်မြည်အောင် အသားကုန်ဆောင့်တော့၏။ ဖူးသစ်စု၏ အခြေအနေက ပြီးခါနီဆဲဆဲမို့ အတွင်းသားတွေက အပြတ်လှုပ်ရှားနေရာ မင်းမင်းခင်မျာ ကြံကို အဖျားက စားရသည်နှင့်မတူပဲ အရင်းက စကိုက်မိသည်နှင့် တူနေသည်။ ဒီကြားထဲ သူနာနာဆောင့်လေ ကောင်မလေးက မမေ့မလျောနှင့် “မိုတို မိုတို” “မာဒ မာဒ” တွေ လုပ်နေသဖြင့် မီးလောင်ရာလေပင့်အောင် သူ့စိတ်ကို ဆွပေးသလို ဖြစ်၏။ နောက်ဆုံးတော့ ဇိမ်ဆွဲကာ လုပ်မည်ဆိုသည့် အစီအစဉ်က ပျက်သွားပြီး အချက်ပြင်းပြင်းတွေ သုံးမိလိုက်သည်တွင် အရည်တွေကို မထိန်းနိုင်တော့ပဲ ဂျပန်ကျောင်းသူလေး တဖြစ်လည်း ဖူးသစ်စု၏ကိုယ်ထဲသို့ အတင်းပင် ပန်းထုတ်မိလိုက်လေတော့သည်။ စိတ်ထဲကလည်း အကယ်၍သာ အောက်အပေါက်မဟုတ်ဘဲ အပေါ်ပေါက်မှာသာ ပြီးခဲ့သော် “အိုအီးရှီ” လို့ ပြောနေဦးမလားဟုတောင် တွေးမိနေလေတော့သည်။

*** *** ***

ခါတိုင်း စနေနေ့ အလုပ်လာရလျှင် ပျင်းတိပျင်းရွဲ ဖြစ်နေတတ်ပေမယ့် ဒီနေ့တော့ မင်းမင်း ရွှင်လန်းတက်ကြွနေပါသည်။ အဘယ်ကြောင့်ဆိုသော် မနေ့က သူ မာစဒါ အက်စ်စီးရီး ဝယ်လိုက်ပြီ ဖြစ်သည်။ ဝယ်ဝယ်ပြီးချင်း ဖူးသစ်စုကို သွားခေါ်ပြီး ကားလျှောက်မောင်းဖို့ စဉ်းစားသေးသော်လည်း မချောက သူမအားဘူး ဆိုသဖြင့် ကားဝယ်လိုက်သည့် ကိစ္စ မပြောဖြစ်ခဲ့ပေ။ ဖုန်းထဲကနေ ပြောတာထက် မျက်မြင်ကိုယ်တွေ့ဖြစ်အောင် ပြချင်တာကြောင့်လည်း ပါပါသည်။ သူမ အကြိုက် အရောင်ဖြစ်သည့် အနီရောင်လေးမို့ ကားနီနီလေးကို မှီကာ ရပ်ရင်း သူမကို စောင့်နေမည့် သူ့ကိုတွေ့လျှင် အံ့သြသွားမည့်ပုံစံကို မင်းမင်း မြင်ချင်ပါသေးသည်။ ကိုကိုက စုကိုတောင် မပြောဘူး လျှိုထားတယ်ဆိုပြီး စကားနာထိုးချင် ထိုးနိုင်ပေမယ့် ဖူးသစ်စု၏ မျက်ဝန်းတွေက အပျော်ရည်လဲ့နေမည် ဆိုတာကတော့ သေချာသလောက် ရှိပါသည်။ မင်းမင်း ထိုအတွေးနှင့်ပင် တော်တော်ပျော်မိလေသည်။

ဖူးသစ်စု အကြောင်းကို စဉ်းစားမိတော့ အခုတလော ချစ်သူလေးနှင့် ချစ်ခဲ့ရသည့် အဖြစ်တွေက သူ့အတွေးထဲ အစီတကျ ပြန်ရောက်လာသည်။ မင်းမင်း သူ့ဘာသာသူ စဉ်းစားပြီး ပြုံးမိသည်။ သူ စုကို တော်တော်တော့ အံ့အားသင့်မိသည်သာ။ ကြည့်ပါဦး။ ဟိုတစ်နေ့ကလည်း ဘာစိတ်ကူးပေါက်သည်လဲ မသိ။ အချစ်တက္ကသိုလ်ဆိုသည့် ဖိုရမ်တစ်ခုမှာ ရေးနေသည့် ဂျင်ကလိဆိုသည့် စာရေးဆရာ၏ “သံသာစက်၌” ဆိုသည့် ဇာတ်လမ်းကို ဖတ်ပြီး သူ့ကို လာပြောပြသည်။

“ကိုကို … စုလည်းလေ .. အဲဒီထဲက ဆွေဇင်လတ်လိုမျိုး အသူရယ်ကယ်ကောင်မလေး ဖြစ်ရင် ကောင်းမှာပဲ ..”

“ဗုဒ္ဓေါ … စုက ဘာအဓိပ္ပါယ်နဲ့ ပြောတာလဲ…ကိုကို မျက်ခုံးလှုပ်အောင်တော့ မလုပ်နဲ့နော် … ”

“ကြည့် … စုက အကောင်း ပြောမလို့ပါ …ကိုကိုပဲ စဉ်းစားကြည့်လေ .. ဆွေဇင်လတ်လိုမျိုးသာဆိုလျှင် စုက နေ့တိုင်း ကောင်မလေးတစ်ယောက်ပုံစံ ပြောင်းနေနိုင်တာပေါ့ .. ကိုကို့ အကြိုက်ပဲလေ …”

မင်းမင်း နောက်တော့မလို လုပ်မိပြီးမှ သူ့ကို မျက်လုံးပြာလေးနှင့် ကြည့်နေသည့် ဖူးသစ်စု၏ မျက်နှာက တည်တည်လေး ဖြစ်နေသဖြင့် သူမနောက်ရက်တော့ပါ။ ဇင်ဇင်ဇော်မြင့်လိုမျိုး မျက်လုံးပြာပြာနှင့် ကောင်မလေးကို စိတ်ဝင်စားတယ်ဆိုလို့ အဲဒီအတိုင်းလုပ်လာသည့် ချစ်သူလေးကို ရင်ခွင်ထဲ ဆွဲပွေ့လိုက်ရင်း ..

“စုရယ် … ကိုကိုက စုပြောဆိုလို့သာ စိတ်ထဲ ရှိတာတွေ လျှောက်ပြောနေတာပါ … ကိုကိုညတကယ်ချစ်တာက ဖူးသစ်စုဆိုတဲ့ ကောင်မလေးကိုပါ … ဘယ်လိုပဲ ရုပ်ရည်သွင်ပြင်တွေ ဖြစ်နေပါစေ .. ကိုကို့အတွက်တော့ ဖူးသစ်စုဆိုတာ တစ်ယောက်ထဲပဲ ရှိပါတယ် …”

“တကယ်လား …”

“တကယ်ပေါ့ .. ဒါမျိုးကိစ္စ ကိုကို့ကို မနောက်သင့်မှန်း စု သိသားပဲ .. ဒါနဲ့ နေစမ်းပါဦး ..ကိုကို မေးပါရစေဦး …”

မင်းမင်း၏ နောက်ဆက်တွဲစကားကြောင့် ဖူးသစ်စု၏ မျက်ခုံးလေး အနည်းငယ်တွန့်သွားပြီး ဘာလဲဆိုသည့် အမူအယာနှင့် သူ့ကို မော့ကြည့်သည်။

“အဲဒီ ဂျင်ကလိ ဇာတ်လမ်းကို စုက ဘယ်လိုသိသွားရတာလဲ … အချစ်တက္ကသိုလ်ဆိုတာတောင် ကိုကိုက ပြောဖူးတာ မဟုတ်ပဲနဲ့ … ဘယ်ကနေများ အင်ဖော်မေးရှင်း ရသွားရပြန်တာလဲ ..”

“ပြောဘူး .. သတ်ချင်သတ် .. ကလိတော့ မထိုးနဲ့နော် ကိုကို .. စု မလှုပ်နိုင်သေးဘူး … ”

ခါတိုင်း သူမ ဒီလိုဖြေလျှင် မင်းမင်းက ကလိထိုးကာ စတတ်သဖြင့် သူမက ကြိုတင်ကာကွယ်ထားသည့်ဟန်နှင့် ပြောရှာသည်။

“စုရဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက်ကြီးကပဲ လက်တို့တာ မဟုတ်လား …”

“ဟီး … ဟီး ”

ဖူးသစ်စု ပြန်မဖြေပဲ ရယ်နေသည်။ ဒါဆို မင်းမင်း သူထင်တာ မှန်သည့် အကြောင်း သဘောပေါက်လိုက်ပါသည်။ တရားခံက ပုံ့ပုံ့ဆိုသည့် ကောင်မလေး ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် ဟိုတစ်ခါတုန်းက ဖူးသစ်စု အဆန်းထွင်လာသည့် ကိစ္စအချို့နှင့် ပတ်သက်၍ အစ်အောက်မေးတုန်းက ပုံ့ပုံ့က ပြောလို့ပါ ဆိုပြီး သူမ ဝန်ခံထားသည်။ စကားစပ်မိသွားလို့ ဘာရယ် မဟုတ်ပဲ သူတို့နှစ်ဦး ပုံ့ပုံ့နဲ့ ပတ်သက်၍တောင် ပြောဖြစ်ကြသေးသည်။

“အဲဒီကောင်မလေးက သူကြတော့ ရည်းစားထားမယ် မရှိပဲ သူများအတွဲကိစ္စတွေကို လိုက်မြှောက်ပေးနေတယ်…”

“ကိုကိုကလည်း .. ပုံ့ပုံ့က ယောကျ်ားတွေကို စိတ်နာသွားပြီလေ .. သူက ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေတာလေ ..”

“သူ့ကောင်လေးကလည်းကွာ .. ဒီလို ကောင်မလေးမျိုးကိုများ ပစ်သွားသေးတယ် .. နဲနဲလေး ဝိတ်တက်နေတာကလွဲလျှင် .. ပုံ့ပုံ့က ကျန်တဲ့နေရာတွေမှာ အနေအထားက ရွှေငါးပဲလို့တောင် ပြောလို့ရတယ် … သူဝိတ်တက်တယ်ဆိုတာကလည်း တင်းတင်းရစ်ရစ်နဲ့ ကြည့်လို့ကောင်းပါတယ် … ”

“အယ် !!! …ကိုကိုက .. စု သူငယ်ချင်းကို ကြံနေတာလား … မရဘူးနော် … ဟွန်း …”

“အာ .. မဟုတ်ပါဘူး .. စုကလည်း … ”

မင်းမင်း ရှက်ကိုးရှက်ကိုးနှင့် ဗြောင်ငြင်းလိုက်ရသည်။ သူ နဲနဲတော့ အတွေးလွန်သွားမိမှန်း သူ့ဘာသာသူ သိနေသည်။ ဖူးသစ်စု ထပ်တွန့်တက်လာမှစိုးလို့ နောက်ထပ် စကားသံတွေ ထွက်မလာခင် သူမကို ဖက်ကာ နှုတ်ခမ်းလေးကို ဖိကာ နမ်းပစ်လိုက်သည်။ ဖူးသစ်စုက သူ့လည်တိုင်ကို ပြန်တွဲဖက်လာမှ သူ ရင်ထဲ ကြိတ်ကာ သက်ပြင်းချခဲ့ရလေသည်။ အဲဒီနောက်ပိုင်းတော့ မင်းမင်း ပုံ့ပုံ့နဲ့ပတ်သက်လို့ စကားမစမိအောင် သတိထား၍ နေခဲ့သည်။

“တီ …တုံ … တီ … တုံ…. တီ …တုံ …”

ဘောင်းဘီအိတ်ထဲမှ ဖုန်းမြည်သံက မင်းမင်း အတွေးစကို ဖြတ်တောက်လိုက်သည်။ စခရင်ကို ကြည့်လိုက်တော့ တခြားသူမဟုတ်။ ချစ်သူလေးဆီက ဖြစ်သည်။

“ဟယ်လို … ဆွိဟတ် …”

“အမယ် .. ထူးပုံကလည်း .. စောစောစီးစီး ရွှင်မြူးနေပါလား … ”

“ဒီနေ့အတွက် ပထမဦးဆုံး ဖုန်းလာတာက စုဆီကလေ ..ကိုယ့်ချစ်သူရဲ့အသံကို အရင်ဆုံး ကြားရမှတော့ မပျော်ဘူးဆိုတာ ရှိပါ့မလား … စုပဲ စဉ်းစားကြည့်ပါဦး …”

“တော်တော် ပြောတတ်နေတယ် …. အင်းပါ .. ထားလိုက်ပါတော့ ..ကိုကို့ကို ပြောစရာ ရှိလို့ …”

“ဟုတ်လား ..ကိုကိုလည်း စုကို ပြောစရာ ရှိတယ် … ဒါပေမယ့် စုပဲ အရင်ပြောပါ …”

မင်းမင်း ချစ်သူလေးကို ဦးစားအရင်ပေးလိုက်သည်။ ညနေတွေ့လျှင် ကားဝယ်ထားသည့်ကိစ္စနှင့် အံ့အားသွားအောင် လုပ်မည်ဟု သူကတွေးထားတုန်း ရှိသေးသည်။ ဖူးသစ်စု၏ စကားက သူ့ကို အရင်ဦးအောင် အံ့အားသင့်စေသည်။

“ကိုကို စု အိမ်ပြောင်းမလို့ …”

“ဟေ ..”

“ဟုတ်တယ် ..ကိုကို … ပုံ့ပုံ့နဲ့ အတူ သွားနေမလို့ …”

“ဗြုန်းစားဒိုင်းစား ကြီးပါလား .. စုရယ် … အန်ကယ်တင်မောင်တို့က ဘာမှ မပြောဘူးလား ..”

“ဒီလို ကိုကို ..ကိုကိုလည်း သိသား … စုက အခုအိမ်မှာ သိပ်မနေချင်တော့သာ ကြာပြီ .. အန်ကယ်တင်မောင်ကတော့ အေးဆေးပါ … ဒါပေမယ့် အန်တီသူဇာနဲ့က နေရတာ သိပ်အဆင်မပြေတော့ဘူး … နောက်ပြီး ပုံ့ပုံ့ကလည်း သူအိမ်ရှာနေတာရရင် လာနေပါလား ဆိုပြီး ခေါ်နေတာ ကြာနေပြီလေ …”

“ဒါဆို ပုံ့ပုံ့က အိမ်ရသွားပြီလား .. လကဖြင့် နောက်အပတ်ဆိုရင်ပဲ ကုန်တော့မှာ …”

မင်းမင်း မေးသာမေးရသည်။ ဖူးသစ်စု လေသံက တက်ကြွမှု အပြည့်ပါနေသဖြင့် ဒီကောင်မလေး ဆုံးဖြတ်ပြီးသား ဖြစ်နေမှန်း သေချာလှသည်။ နောက်ပြီး အန်ကယ်တင်မောင်တို့အိမ်မှာ သူမ အနေကျဉ်းကြပ်နေမှန်း သိလို့ မင်းမင်း သိပ်လည်းပဲ မတားချင်ပါ။

“မနေ့ညက အန်တီသူဇာက စုကို စကားလာပြောတယ်လေ … အဲဒါနဲ့ စုလည်း ပြောင်းဖြစ်ဖို့ သေချာသွားတာ …”

ဖူးသစ်စု ရှင်းပြမှုကြောင့် သူအကြောင်းစုံ နားလည်ခဲ့ရသည်။ အမှန်တကယ်တော့ ဆွေရိပ်မျိုးရိပ်မကင်းသည့် အပြင် ဆရာမိုး၏ မျက်နှာကြောင့် အန်တီသူဇာတို့က ဖူးသစ်စုကို လက်ခံခဲ့ခြင်း ဖြစ်သည်။ အိပ်ခန်းတစ်ခန်းလုံး ပေးထားသော်လည်း ဆရာမိုးမျက်နှာနှင့် အိမ်လခယူသည်လည်း မဟုတ်။ ဖူးသစ်စုက အတင်းပေးမည်ဆိုသော်လည်း လက်မခံခဲ့။ အခုတော့ အန်ကယ်တင်မောင်နှင့် ဆွေရိပ်မျိုးရိပ် မကင်းသူတစ်ယောက်က စလုံးကို အလုပ်ပြောင်းရမည်ဆိုသဖြင့် အိမ်လခပေးပြီး နေချင်ပါသည်ဆိုပြီး တောင်းဆိုလာခဲ့သည်။ ဖူးသစ်စုကို ပြောပြသည်ဆိုပေမယ့် အလိမ္မာနည်းနှင့် နှင်ထုတ်ခြင်းလည်း ပါမည်ထင်သည်။

“ဒါဆို စုက ဘယ်နေ့ ပြောင်းမှာလဲ …”

“နက်ဖြန် ပြောင်းမယ် … အိမ်က Red Hill မှာ …”

“အော် .. မြေနီကုန်း ပေါ့ …”

“ဟုတ်တယ် မြေနီကုန်း … ဟီး ဟီး …”

“ဒါဆို ဒီနေ့ တွေ့ဦးမှာလား .. ညနေစာလေး တူတူ မစားချင်ဘူးလား …”

မင်းမင်း အထာလေးနဲ့မေးတော့ အကြောင်းသိနေသူပီပီ ဖူးသစ်စု၏ အသံက မာဆတ်မာဆတ်နှင့် ဖုန်းထဲကနေ ပေါ်လာသည်။

“ကိုကိုနော် … ဒီမှာ ပစ္စည်းတွေသိမ်းဖို့ လုပ်ရဦးမှာကို … ဒါပဲ တွေးနေတယ် .. ”

“အမ် .. ဒါပဲ မတွေးလို့ ဘယ်ဟာတွေးရဦးမှာလဲ .. လောကနီတိမှာ ချစ်သူနဲ့ ချစ်ခြင်း၌ ရောင့်ရဲခြင်းမရှိ ဆိုပြီး ပြောထားတယ်လေ ..”

“မဟုတ်က ဟုတ်ကတွေ လျှောက်ပြောနေတယ် ..တော်ကြာနေ မိုးကြိုးပစ်လို့ စုပါနေဦးမယ် .. ”

“လာပြန်ပြီလား မိုးကြိုး .. အဲဒီ မိုးကြိုးပစ်လို့ ဘာဖြစ်လဲဆိုတာ မမှတ်မိတော့ဘူး ထင်တယ် .. ”

“တော်ပြီ တော်ပြီ ..ကိုကိုနဲ့ ပြောနေရင် စု ပစ္စည်းတွေ သိမ်းလို့ပြီးတော့မှာ မဟုတ်ဘူး .. ဒီနေ့တော့ မတွေ့နိုင်တော့ဘူး .. မနက်ဖြန်ကြမှ တွေ့မယ် ဒါပဲ .. နောက်မှ ပြောမယ် ကိုကို …”

တစ်ဖက်က ဖုန်းချသွားတော့ မင်းမင်း ငိုင်သွားသည်။ သူက ကားသစ်လေးနဲ့ လျှောက်လည်မယ်လို့ စဉ်းစားထားတဲ့ အစီအစဉ်တော့ ပျက်လေပြီ။ ထို့ထက်ဆိုးတာက ဒီအတိုင်းသာဆို သူ့မာစဒါလေးခင်မျာ ဖွင့်ပွဲအနေနဲ့ mover service ဖြစ်ဦးမှာ သေချာသည်။ မင်းမင်းတစ်ယောက် ဘာကို ဘယ်လို အလိုမကျ ဖြစ်ရမှန်းတောင် မသိတော့ပါချေ။

*** *** ***

“ကိုကို တက်စီက ဘယ်မှာလဲ …”

သူမကိုယ်နီးပါးလောက် ရှိမည့် teddy bear အရုပ်ကြီးကို ပိုက်ထားသည့် ဖူးသစ်စုက ဟိုဟိုဒီဒီ ကြည့်ရင်း မေးသည်။ မင်းမင်း ဓါတ်လှေကားဘေးတွင် ရပ်ထားသည့် ကားအနီလေးကို သော့တံလေးနှင့် ထိုးပြလိုက်တော့ “ကွက်စ် ကွက်စ်” ဆိုပြီး ထမြည်သည်။

“ကိုကို .. ဘယ်သူ့ကားကြီး ဆွဲလာတာလဲ ..”

ပြုံးစစနှင့် ဖူးသစ်စု အမေးကြောင့် သူ့မျက်နှာ စူပုပ်သွားရသည်။

“အမယ် .. လူကိုများ အထင်သေးတာ … ဘယ်သူ့ကား ရှိရမှာလဲ ..ကိုကို့ကားပေါ့ .. သောကြာနေ့က ဝယ်လိုက်တာ ..”

“အယ် .. စုကိုလည်း မပြောဘူး .. လျှိုထားတယ် …”

“တမင်တကာ မပြောတာ … စုကို အံ့သြအောင် လုပ်မယ် ..ပြီးရင် လျှောက်လည်မယ်ဆိုပြီး ကြံထားတာ .. အခုတော့ ပွဲဦးထွက်က အိမ်ပြောင်းဖို့ ဖြစ်သွားပြီလေ ..”

“ဟီး .. ဟီး .. ကောင်းတယ် .. မပြောချင်ဦး …”

ဘယ်လိုပဲ ပြောပြော ဖူးသစ်စု၏ မျက်နှာက ပျော်ရွှင်နေသည့် အသွင်ကိုတော့ မဖျောက်ဖျက်နိုင်ပါ။ သူမက အရုပ်ကြီးကိုပိုက်၊ မင်းမင်းက အထုပ်တွေကို ဆွဲရင်း ကားနီလေးနား လျှောက်လာခဲ့ကြသည်။ မင်းမင်း နောက်ဖုံးကို ဖွင့်ပြီး ပစ္စည်းတွေ ထည့်နေစဉ်တွင် အရုပ်ကြီးကို နောက်ခန်းထဲ ထည့်ပြီးသွားသော သူမက အနားရောက်လာသည်။

“ကိုကို … ကားလေးက ချစ်စရာလေး .. စု ကြိုက်တယ် … နောက်မီးကလည်း အဝိုင်းလေးတွေနော် .. လှတယ် သိလား …”

“ကိုကို သိသားပဲ … စု မြင်ရင် ကြိုက်မယ်ဆိုတာကို ..”

မင်းမင်း နောက်ဖုံးကို ပြန်ပိတ်ရင်း ပြောသည်။ ဖူးသစ်စုက အနည်းငယ်တွန့်ကာ ကောက်နေသည့် နောက်ဖုံးကို လက်နှင့်သပ်ကြည့်သည်။ ပြီးမှ Transformers ထဲက မင်းသမီး Megan Fox ၏ ဒီဇိုင်းမျိုးနှင့် ပို့စ်ပေးကာ ရပ်ပြသည်။ လက်သည်းကိုကိုက်ကာ မင်းမင်းကို မခို့တယို့နှင့် ကြည့်နေသေးသည်။

“အေး .. လုပ်ထားပါ … Bukit Timah ထဲ ကားသွားထိုးပြီး အောက်ဒိုးတွေ လုပ်မိတော့မယ်နော် ..”

“ဟီး … ဟီး …ကိုကို ညစ်စုတ် … ဒါပဲတွေးနေတယ် …တော်ပြီ .. ဘာမှ လုပ်မပြတော့ဘူး .. ပစ္စည်းတွေပဲ ထည့်ရအောင် .. နှစ်ခေါက်လောက် သယ်ရမှာပေါ့ …”

“သယ်ရမှာပေါ့ .. အရုပ်တွေကိုက မနည်းဘူးပဲကို …”

မင်းမင်း အပြောကို “ဟီး ဟီး” လို့ ရယ်ပြီး လှည့်ထွက်သွားသည့် ကောင်မလေး၏ ဂျင်းဘောင်းဘီတိုထဲက တင်သားလုံးကျစ်ကျစ်လေးတွေကို မျက်စိစားပွဲထိုင်ကြည့်ရင်း ဖူးသစ်စုသာ နားကွင်းအဝိုင်းကြီးနှစ်ခု ဆွဲလိုက်လျှင် ဒီနေ့ညနေ Megan Fox နဲ့ ချစ်ရချည်သေးလို့တောင် မင်းမင်း တွေးနေမိလေ၏။

++++++++++++++++++++++++

“ဟေး … ပုံ့ပုံ့ .. နင်ပြောင်းနေပြီလား … ငါတို့တော့ အိမ်ကထွက်လာပြီ …”

“အမ် … mover က မလာဘူး ဟုတ်လား … ဘယ်လို ဖြစ်တာလဲ …”

“ဒါဆို ဘယ်လိုလုပ်မလဲ … နင့် ပစ္စည်းတွေက တက်စီနဲ့ သယ်လို့ရမှာလား …”

မင်းမင်း ဘေးနားကနေ ကားမောင်းလာရင်း ဖူးသစ်စုကို လှည့်ကြည့်သည်။ ဖူးသစ်စုက သူ့ကို တစ်ချက်ပြန်ကြည့်ပေမယ့် စိတ်ဝင်စားမှု မပြပဲ ဖုန်းဟိုဘက်က သူမသူငယ်ချင်း၏ အခက်အခဲကိုသာ လှမ်းမေးနေ၏။ မင်းမင်း ဘာမှ မပြောသေးပဲ ကားကိုသာ ဂရုတစိုက်မောင်း၏။ ကားမောင်းလာရင်းနဲ့တော့ စဉ်းစားမိသေးသည်။ အင်း .. ဒီပုံစံအတိုင်းဆို ဒီကောင်မလေးနှစ်ယောက် အခန်းထဲမှာ ပစ္စည်းတွေ ထည့်ပြီးလျှင် အိပ်စရာနေရာကော ကျန်ပါဦးမလားလို့ …။

“ကိုကို …”

“ပြော .. စု သူငယ်ချင်းက ဘာဖြစ်ပြန်ပြီလဲ …”

“သူ့ mover က မနေ့ကထိ လာမယ်ပြောထားပြီး အခုကြတော့ မလာဘူးလေ … သူ ကွိုင်တက်နေတယ် .. အဲဒါ ..”

“အဲဒါ ..ကိုကိုက mover လုပ်ပေးရဦးမယ်ပေါ့ .. အဲဒီလိုလား ..”

“ဟီး .. ဟီး …”

မင်းမင်း အတတ်သိနေသည့်အလား မေးလိုက်တော့ ဖူးသစ်စုက သွားလေးဖြဲကာ ရယ်ပြသည်။ မင်းမင်း ရုပ်တည်ကြီးနှင့် ခေါင်းညိတ်ပြလိုက်တော့ “ဒါမှ စုကိုကိုကွ” ဆိုပြီး ထအော်ပြီး ပါးကို လာနမ်းသည်။ “လုပ်ထား ကောင်မလေး … ညနေကြမှ တွေ့မယ်” ဆိုပြီး မင်းမင်း လှမ်းကျိမ်းလိုက်တော့ “မကြောက်ပေါင်” ဆိုပြီး လျှာတစ်လစ်လေး ထုတ်ကာ ပြောင်ပြသည်။ ထို့နောက်တော့ မင်းမင်းကို ဂရုမစိုက်တော့ပဲ သူ့သူငယ်ချင်းဆီကို ဖုန်းပြန်ခေါ်ကာ တောက်လျှောက်စကားပြောနေတော့သည်။

ဖူးသစ်စုတို့ ပြောင်းရသည့် အိမ်နေရာက မဆိုးချေ။ နဲနဲတော့ အထဲဝင်ရပေမယ့် အမ်အာတီအထိ လမ်းလျှောက်လာလို့ ရသည်။ အိမ်က 3 rooms type မို့ အိပ်ခန်း နှစ်ခန်းပဲ ပါသည်။ ဖူးသစ်စုတို့က common room ဖြစ်ပြီး၊ master room မှာတော့ အစ်မကြီးနှစ်ယောက်နေသည်ဟု ပြောသည်။ မင်းမင်းတို့ ရောက်သွားတော့ အစ်မကြီးနှစ်ယောက်ထဲက အကြီးဆိုသည့် တစ်ယောက်နှင့် တွေ့သည်။ အသက် ၃၀ ကျော်လောက် ရှိမည်ထင်သည်။ ပုံစံကို မြင်လိုက်ယုံနှင့် ခပ်ရိုးရိုးအေး နေတတ်မည့်သူမှန်း တန်းသိနေရသည်။ ကိုယ်လုံးကိုယ်ထည်ကတော့ တောင့်တင်းသည်။

“ဖူးသစ်စု ဆိုတာ ထင်တယ် …”

“ဟုတ်တယ် … အစ်မ …”

“လာလာ … ညီမ … ပုံ့ပုံ့ကော ပါမလာဘူးလား ……”

“သူက mover က လာမယ်ဆိုတာ ပြောပြီး မလာဘူးလေ .. အဲဒါကြောင့် စုက အရင်ရောက်လာတာ ..”

မိန်းကလေးဆိုတာက အကြောင်းအရာတစ်ခု မရလိုက်နှင့်၊ ရလိုက်တာနှင့် ထိုအကြောင်းအရာကို အစဖော်ကာ စကားပြောဖို့ ရှာနေသူများ ဖြစ်သဖြင့် ဖူးသစ်စုနှင့် ချမ်းချမ်းသူဆိုသည့် ခပ်တောင့်တောင့် မမကြီးသည် တခဏအတွင်း ရင်းနှီးသွားကြသည်။ သုံးခေါက်မြောက်အဖြစ် မင်းမင်း ပစ္စည်းတွေ သယ်ပြီး အပေါ်ပြန်ရောက်လာတော့ ချမ်းချမ်းသူက ကော်ဖီသောက်ဦးဆိုပြီး အတင်းဖျော်တိုက်မယ် လုပ်နေသေးသည်။ မင်းမင်းက အားလုံးပြီးမှပဲ သောက်တော့မယ်ဆိုပြီး ခွင့်ပန်ကာ ဖူးသစ်စုနှင့်အတူ တစ်ခေါက်ပြန်ထွက်လာခဲ့သည်။ ဒုတိယတစ်ခေါက်က ပထမတစ်ခေါက်လောက် ပစ္စည်းတွေ မများတော့ပါ။ အရုပ်တွေနှင့် တခြားတိုလီမုတ်စ အချို့သာမို့ နောက်ခန်းတစ်ခန်းထဲနှင့်တင် ရလိုက်သည်။ ပစ္စည်းချတာလည်း သိပ်မကြာချေ။

ဖူးသစ်စု ကိစ္စပြီးသွားတော့ မင်းမင်းတို့ မနားတော့ပဲ ပုံ့ပုံ့ဆီ ထွက်လာခဲ့သည်။ ပုံ့ပုံ့လက်ရှိနေရာက ပြောင်းရမည့် အိမ်နှင့် သိပ်မဝေးသဖြင့် ကားတောင် သိပ်မမောင်းလိုက်ရပါ။ ခဏလေးနှင့် သူမတို့ Block နား ရောက်လာသည်။

“လာ .. စု … ကိုမင်းမင်းတော့ အားနာစရာ ဖြစ်နေပြီ …”

မင်းမင်းတို့ကို တွေ့သည်နှင့် ဓါတ်လှေကားဘေးတွင် အသင့်စောင့်နေသည့် ပုံ့ပုံ့က လှမ်းနှုတ်ဆက်ရင်း ပြောသည်။ မင်းမင်း ခေါင်းညိတ်ကာ အသိအမှတ်ပြုရင်း ရပါတယ်ဆိုသည့် သဘောနှင့် ပြုံးပြလိုက်သည်။ ပုံထားသည့် အထုပ်တွေကို လက်ညိုးထိုးပြရင်း ..

“ဒါပဲလား ပုံ့ပုံ့ …”

“အ ဟီး … မဟုတ်ဘူး … အပေါ်မှာ ကျန်သေးတယ် … ကိုမင်းမင်းတို့ လာနေပြီဆိုလို့ နိုင်သလောက်ချထားတာ …”

“ဒါဆိုဒါပဲ အရင်ထည့်တာပေါ့ … ဆန့်သေးတယ်ဆိုမှ ကျန်တာ ထပ်ယူတာပေါ့ ..”

“ဟုတ် ..ကိုမင်းမင်း ..”

သုံးယောက်သား တက်ညီလက်ညီနဲ့ ဟိုဟာမ၊ ဒီဟာဆွဲကာ ထည့်လိုက်သည်မို့ ပစ္စည်းတွေက ခဏလေးနှင့် ကားပေါ်ရောက်သွားသည်။ ဖူးသစ်စုက ကားနောက်ခန်းထဲ ပုံးတွေ၊ အရုပ်တွေထည့်နေလို့ မင်းမင်းနှင့်ပုံ့ပုံ့ နှစ်ယောက်အတူ ခရီးသွားအိတ်ကြီးကို မကာ နောက်ဖုံးထဲ ထည့်ရသည်။ တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် အနေအထားမို့ ဘာရယ်မဟုတ်ပဲ စိုက်ကြည့်မိကြသည်။ အိမ်ပြောင်းရမည်ဆိုလို့ထင်သည်။ ပုံ့ပုံ့သည် အဝတ်ကို အလွယ်တကူပင် ဝတ်ထားသည်။ အပေါ်ပိုင်းက စပါဂါတီစထရပ်ပ်လို့ ခေါ်သည့် စွပ်ကျယ်အနက်နဲ့ ဖြစ်ပြီး အောက်ကတော့ ဖူးသစ်စုနည်းတူ ဂျင်းဘောင်းဘီတိုလေး ဝတ်ထားသည်။ တင်းတင်းရင်းရင်း ရှိသူမို့ လည်ဟိုက် စွပ်ကျယ်တန်ခိုးနဲ့ ပုံ့ပုံ့၏ အရှေ့အလယ်ပိုင်းက မင်းမင်း မျက်လုံးကို ကောင်းကောင်း အစာကျွေးနေသည်။ မင်းမင်း ကိုယ့်ကိုယ်ကို ထိန်းသင့်မှန်းသိပါလျှက်နှင့် ဖြတ်ခနဲ ဖြတ်ခနဲတော့ ကြည့်မိသည်။ ပုံ့ပုံ့က ဖူးသစ်စုလောက် အသားမဖြူပေမယ့် အလုံးအထည်ကတော့ ပိုထွားသည်။ အသည်းကော၊ ဒုတ်ပါ ယားလာမိသည်။

“ကိုကိုတို့ပဲ တက်ယူလိုက်တော့ … စုမလိုက်တော့ဘူး …”

“ကောင်မလေး ဖလက်ပြသွားပြီမလား … အဲဒါဆိုလည်း နေခဲ့တော့ …”

နောက်ဖုံးထဲတွင် နေရာနဲနဲ လွတ်နေသဖြင့် မင်းမင်းက ကျန်တာတွေ သယ်ရအောင်ဆိုပြီး အပေါ်တက်မယ်လုပ်တော့ ဖူးသစ်စုက ကားခေါင်းခန်းထဲက လှမ်းပြောတာ ဖြစ်သည်။ ဖူးသစ်စု၏ ပုံစံက တကယ်ဟိုက်နေသည့် ပုံမို့ မင်းမင်း ချစ်သူလေးကို ထားခဲ့ကာ ဓါတ်လှေကားဆီသို့ ပုံ့ပုံ့နှင့် လျှောက်လာခဲ့သည်။ မင်းမင်း ဓါတ်လှေကားထဲ ဝင်လိုက်တော့ ပုံ့ပုံ့က သူမအထပ်၏ ခလုတ်ကို နှိပ်လိုက်သည်။

“ကိုမင်းမင်းကိုတော့ အားနာစရာ ဖြစ်နေပြီ …”

“အာ .. ရပါတယ် … စုဘော်ဒါပဲ ဟုတ်စာ …လုပ်ပေးရမှာပေါ့…”

“ကိုမင်းမင်းက ဖူးသစ်စုကို တော်တော်ချစ်တာပဲနော် ..”

“ချစ်တယ် … ချစ်တာမှ ဘာချစ်သလဲ မမေးနဲ့ …”

“ဟိ ဟိ .. သိပါတယ် .. ဟိုကောင်ကလည်း အဲဒါပဲ ပြောပြောနေတာ …”

“အမ် .. ကျနော်တို့ချစ်တာကို ပုံ့ပုံ့သိတယ် …”

“အာ .. အဲဒီဟာ မဟုတ်ဘူးလေ … ဟို .. ဟိုလေ .. ဘယ်လိုပြောရမလဲ … ပုံ့ပုံ့ပြောတာ ဟိုလိုချစ်တာလေ …”

မျက်နှာပြင်တစ်ခုလုံး ခရမ်းချဉ်သီးတစ်လုံးလို အရောင်ပြောင်းသွားသည့် ကောင်မလေးက မလုံမလဲ ရှင်းပြသည်။ သို့သော် သူမ ရှင်းပြမှုကပင် မူလအကြောင်းတရားထဲ ပြန်ရောက်နေသဖြင့် မင်းမင်း ဟက်ဟက်ပက်ပက်ပဲ ရယ်မိသည်။ ပုံ့ပုံက ဘာမှမပြောတော့ပဲ မင်းမင်းကို မျက်စောင်းတစ်ချက်ထိုးကာ ဓါတ်လှေကားပွင့်သည်နှင့် ရှေ့ကနေ မပြေးယုံတမယ် လျှောက်သွားတော့သည်။ ဂျင်းဘောင်းဘီတိုအောက်က လှုပ်ခါသွားသည့် တင်သားဆိုင်တွေကို ကြည့်ရင်း မင်းမင်း စိတ်ထဲ အသဝေါတရားတွေ တိုးပွားလို့သာ နေလေတော့သည် ….။

🏵️ ရေခြားမြေခြား သူ့ဘဝ (အပိုင်း ၆ ) ဆက်ဖတ်ရန် ဒီကိုနှိပ်ပါ 🏵️