အိုင်ဆေးချမ်းကိုနှင့် သူ၏သူငယ်ချင်းမလေး

အိုင်ဆေးချမ်းကိုနှင့် သူ၏သူငယ်ချင်းမလေးတစ်ယောက် အကြောင်း
ရေးသားသူ – Channko (ချမ်းကို)

အဟမ်း! ဒီလိုဗျာ ခင်ညားတို့ဘဝမယ် တခါတလေ ခရီးသွားဟန်လွှဲ လျှောက်သွားရင်း လူတွေကြားထဲ ထင်းကနဲဖြစ်နေတဲ့ မိန်းကလေးမျိုး မြင်ဖူးကြမှာပေါ့။ ကုလားဖြူလိုပြောရင် စတန်းနင်းဖြစ်တဲ့ ရူပကာမျိုးဗျာ။ ပြင်ပြင်ဆင်ဆင်လုပ်ထားလို့ ထင်းနေတာမျိုးပြောတာ မဟုတ်ဘူးနော်။ ဘာမှ မဖီးမလိမ်း မပြင်မဆင်ထားပဲနဲ့ကို မြင်လိုက်ရတာနဲ့ ဟယ်! ရုပ်ကလေးကကွာ ဆိုပြီး ထင်းကနဲ ဖြစ်နေတဲ့ပုံစံမျိုး။ ပမာပြောရရင် the matirx reloaded ရုပ်ရှင်ဇာတ်ကားထဲက မာယာရှင် ပါစီဖုန်း (Monica Bellucci) လို ရုပ်ရည်မျိုးဗျာ။ (မူးမူးနဲ့ လျှောက်ပြောပစ်တာ များကုန်ပြီထင်တယ် ဟီဟိ)

ကျနော့်မှာ အဲ့လိုရုပ်ရည်မျိုးပိုင်ရှင် သူငယ်ချင်းမလေးတစ်ယောက် ရှိခဲ့ဖူးတယ်ဗျ။ ကျနော်ရယ် သူရယ် နောက်ထပ်ကောင်မလေး နှစ်ယောက်ရယ်က ကျောင်းနေဖက် သူငယ်ချင်းတွေ ဖြစ်ခဲ့ဖူးတာပေါ့ဗျာ။ အခုပြောပြမယ့် ဇာတ်လမ်းထဲက ကောင်မလေးက တစ်ခုလပ်မလေး။ ပြောရရင် တစ်ခုလပ် ကလေးတစ်ယောက်အမေ လောကကြီးကို အံတင်းတင်းကြိတ်လို့ တစ်ယောက်ထဲ ရင်ဆိုင်ဖြတ်သန်းနေတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းမပြီးခင်မှာ အိမ်ထောင်ကျတယ်။ ကလေးပေါက်စနကလေး မွေးပြီးတဲ့အချိန်မှာ ယောကျ်ားနဲ့ကွဲတယ်။ အဲ့ဒီအချိန်မှာ သူ့မိဘတွေကလည်း မရှိရှာတော့ဘူးရယ်။ တစ်ကောင်ကြွက် တစ်မျက်နှာလို့တောင် ဆိုရမလားပဲ။ ဆွေမျိုးနီးစပ်ကြီးဒေါ်ကြီးတစ်ယောက်တော့ ကျန်ရှာသေးတယ်။ တူတူနေတယ်ပေါ့ဗျာ။

ဒီလောက်ဆို ကျနော် ဘယ်သူ့ကိုပြောနေမှန်း ခင်ဗျားတို့ ရိပ်မိလောက်ပါပြီနော့်။ ဟုတ်ပါတယ်ဗျာ။ ကျနော်ရေးခဲ့တဲ့ ဇာတ်လမ်း “ကျနော့် ပန်းချီဆရာမလေး” ထဲက တစ်ခုလပ်မလေး “မေ” အကြောင်းပါပဲ။

သူ့အကြောင်းကို ရေးရတာ ခပ်လန့်လန့်တော့ ခပ်လန့်လန့်ပဲ ဟီး။ သူက အင်တာနက်ထဲ ဟိုမွှေဒီမွှေ လုပ်တတ်တဲ့အကျင့် ရှိလေတော့ ပါးယားတယ်ဗျာ။ ဒါကြောင့် အရင်တစ်ခါ ထို့ကြောင့် channko ဟုခေါ်သည် ရေးခဲ့တုန်းက တောင်းပန်ခဲ့သလိုပဲ အခု ကျနော်ရေးမယ့် ကိုယ်တွေ့လေးကိုလည်း ဘယ်မှ လျှောက်မကူးယူသွားကြဖို့ တောင်းပန်ချင်ပါတယ်။ အောဝတ္ထုတွေလို ဖတ်လို့လည်းကောင်းမှာ မဟုတ်ပါဘူးဗျာ။ အတွေးပင်လယ်ပြာထဲက ညီအစ်ကိုတွေ အပျင်းပြေဖတ်ဖို့ သက်သက်ရေးတာလို့ပဲ မှတ်ယူကြပါ။ အဲ့ဒါလေးတော့ မေတ္တာရပ်ခံချင်ပါတယ်။

ဒီကိုယ်တွေ့ထဲမှာ ဘာတွေပါမလဲဆိုတာ ခင်ဗျားတို့ ရိပ်မိချင်ရိပ်မိနေပါလိမ့်မယ်။ ဒါပေမယ့် ကျနော် ပျော်ပျော်ရွှင်ရွှင် အရွှန်းဖောက်ပြီး ခင်ဗျားတို့ကို အားလူးဖုတ်ရင်း ရေးပြသွားပါ့မယ်။

————————–

အခုဇာတ်လမ်းကို စပြောဖို့က အရင်ခေါင်းစဉ်က အကြောင်းအရာနဲ့ ပြန်ဆက်စပ်မှရမယ်နဲ့ တူတယ်ဗျ။ အဲ့မှာဗျာ ကျနော် ပြောခဲ့တယ်မလား။ ဟိုဇာတ်လမ်း “ထို့ကြောင့် channko ဟုခေါ်သည်” နောက်ဆုံးပို့စ်မှာ ကျနော် နာရေးကိစ္စကြောင့် တိုင်ပတ်တယ် ဆိုတာလေ။ စိတ်မောလူမောကြီးပေါ့။ အဲ့ဒီလူနာဆုံးသွားတော့ အသုဘရှင် လုပ်ရတယ်ပေါ့ဗျာ။ ဆုံးသွားတဲ့ ပုဂ္ဂိုလ်ကြီးက အမျိုးထဲက အင်မတန်ပေါက်ရောက်တဲ့သူဆိုတော့ကာ တောင်ပေါ်က အမျိုးတွေ တစ်အုပ်တစ်မကြီး ဆင်းချလာကြတာကိုး။ တစ်ရက်တစ်ရက် ရက်မလည်မချင်း အိုးကြီးအိုးငယ်နဲ့ ခြံထဲမှာ ချက်ပြုတ်ကျွေးမွေးရေးကအစ၊ အလောင်းမြေကျတာဘာညာ အပါအဝင် အားလုံးကိစ္စငြိမ်းသွားပြန်တော့ အဲ့ဒီအမျိုးတွေ ဘုရားဖူး ဟိုပို့ဒီပို့ ခေါင်းကိုနောက်နေတာပါပဲ ဆရာတို့ရာ။ အဲ! အားလုံးလည်း ပြီးသွားကော အကုန်အလျှိုလျှို ပြန်ကြလေသတည်းပေါ့။

အဲ့ဒီမှာ အီဖေကိုယ်မောင်ချမ်း အူတူတူကြီး ကျန်ရစ်ခဲ့ပါလေကော။ ဘယ်သူမှကို မကျန်ရစ်ခဲ့တာဗျ။ ဘုန်းမောင်တစ်ယောက်ထဲ ဖြစ်သွားတယ်။ မန်းလေးက အဲ့ဒီခြံက ဆောင်းတွင်းပိုင်း ကျနော့်ဇာတိဖက်မယ် တအားအေးတဲ့အချိန်ကာလလောက်ပဲ အအေးဒဏ်ရှောင်တဲ့အနေနဲ့ ကျနော့်အိမ်က လူကြီးသူမတွေ တစ်လ၊ နှစ်လဆိုသလို လာနေတတ်တာဆိုတော့ ကျန်တဲ့အချိန်ဆို တံခါးပိတ်ဂျိတ်ပဲ။ လူတွေ တရုန်းရုန်းနဲ့ ဆူညံပွက်လောရိုက်နေတဲ့ အိမ်နဲ့ခြံဝင်းကြီးမှာ တစ်ယောက်ထဲ ကျန်ခဲ့လေတော့ ဘယ်လောက်ကြောင်စီစီ ဖြစ်နေမလဲ စဉ်းစားသာကြည့်ကြပေတော့။

ဟဲဟဲ! အဲ့ဒီကြားထဲ အသည်းကွဲတဲ့ ပြဿနာလေးက ခင်ဗျားတို့သိတဲ့အတိုင်း ရှိနေလေတော့ကာ မခံနိုင်ဘူး ရူးမှာပဲဆိုတဲ့ အခြေအနေ ဖြစ်လာတာပေါ့လေ။ လူကလည်း ဘာလုပ်ရမှန်းမသိ အူကြောင်ကြောင်ကြီး ဖြစ်စပြုလာတယ်။ နေ့ခင်းဖက်ဆို အပြင်မထွက်ပဲ တနေကုန် စာထိုင်ဖတ်၊ ညနေစောင်းမှ အပြင်ထွက် အာလူးဖုတ်လို့ရတဲ့ ဘော်ဒါတွေလိုက်ရှာ၊ ဘီယာဆိုင်ခေါ်ထိုင် သောက်၊ တောင်စဉ်ရေမရတွေ လျှောက်ပြော၊ ညဉ့်နက်တော့မှ အိပ်ပြန်အိပ်၊ ဒီလိုနဲ့ပဲ လုံးချာလည်လိုက်နေတော့တာဗျ။

အဲ့လိုကြီး အချိန်ဖြုန်းနေလိုက်တာ တစ်လလောက်နေတော့ အဲ့ဒီအိမ်မှာ ကျောင်းသားဘဝက စုဆောင်းထားသမျှ စာအုပ်တွေကလည်း ဖတ်စရာကုန်သလောက် ဖြစ်သွားတယ်။ နေ့လည်ဖက်ဆို ဖတ်စရာစာအုပ် မရှိတော့သလို ဖြစ်လာပြီး အရည်ထွက်အောင် ပျင်းလာပါလေရော။ ဒါနဲ့ ဘော်ဒါတစ်ယောက်ကို သတိရသွားတယ်။ ကျောင်းသားဘဝမှာတုန်းက သူ့တို့အိမ်က စားအိမ်သောက်အိမ် ဖြစ်ခဲ့လေတော့ကာ အမြဲဝင်ထွက်နေရင်း ကျနော် ကောင်းကောင်းမှတ်မိနေတာ တစ်ခုရှိတယ်။ ဆုံးသွားရှာပြီဖြစ်တဲ့ သူ့မိဘတွေ၊ တိတိကျကျပြောရရင် သူ့အဖေကြီးက စာအုပ်အဟောင်းတွေစုတာ အင်မတန် ဝါသနာပါလေတော့ကာ သူတို့အိမ်က ဧည့်ခန်းမှာ စာအုပ်တွေကို စင်တွေ၊ နံကပ်ဘီရိုတွေနဲ့ အများကြီး သိုမှီးထားတာကိုးဗျ။

ကျနော် အင်မတန် သဘောကျတာက ရှေးခေတ်က ရှုမဝ၊ စန္ဒာ ဘာညာ အဲ့လို ဖတ်စရာတွေ အပြည့်ပါတဲ့ မဂ္ဂဇင်းအဟောင်းတွေကိုလည်း အထပ်လိုက် သေသေသပ်သပ် စုထားတာဗျ။ အဲ့ဒါလေး တွေးမိတာနဲ့ ရေမိုးချိုး အဝတ်အစားကောက်လဲလိုက်ပြီး ကျောပိုးအိတ်တစ်လုံး ကောက်လွယ်ပြီး အိမ်ကထွက်လာခဲ့တယ် ဆိုပါတော့။ ရည်ရွယ်တာက သူ့ဆီသွားမယ် တခြားစာအုပ်တွေထက် အဲ့ဒီခေတ်ဟောင်း မဂ္ဂဇင်းတွေ အထပ်လိုက် အိမ်သယ်ပြီး ဖတ်မယ်၊ နောက်နေ့ပြန်ပို့မယ်၊ ထပ်ငှါးမယ်၊ အဲ့လိုပေါ့ဗျာ။ အမှန်တိုင်းပြောရရင် ကျနော် စိတ်လေလွှင့်နေတဲ့ အချိန်ဆိုတော့ ဘာလုပ်ရမှန်းလည်း မသိသေးဘူး။ လောလောဆယ် ပျင်းရိနေတာကို ဖြေဖျောက်ချင်နေတာ သက်သက်ပဲ။ အိပ်တယ် စားတယ် စာဖတ်တယ် လောလောဆယ် ဒါပဲ။

နေ့လည် ၂ ချက်တီးလောက်ဆိုတော့ အဲ့ဒီသူငယ်ချင်း အိမ်မှာမရှိဘူးဆိုတာ သိထားလေတော့ကာ သူ့အလုပ်တိုက်ကိုပဲ လိုက်သွားတာပေါ့။ ရောက်သွားတော့ အပြင်ကနေ အကဲခတ်လိုက်တယ် ရှိမရှိပေါ့။ အရောင်းပြခန်းလို လုပ်ထားတာ ဆိုတော့ကာ သောက်ကျိုးနဲ များလိုက်တဲ့ မိန်းမတွေဗျာ။ ဒါနဲ့ ခပ်တည်တည်နဲ့ အထဲဝင်သွားပြီး ဟိုကြည့်ဒီကြည့် လျှောက်လုပ်နေလိုက်တယ်။ ကျနော့်သူငယ်ချင်းကိုတော့ မြင်ပါ့ဗျာ။ အသံလေး စာစာစာစာနဲ့ သူ့ဖောက်သည်တွေကို အမျိုးမျိုး လိမ်လည်ပြီး သူ့ပစ္စည်းတွေရောင်းဖို့ ကြိုးစား (မှားလို့ ဟီး) ဈေးဝယ်တွေကို အပြုံးချိုချိုလေးနဲ့ ဧည့်ခံနေတယ် ဆိုပါတော့ဗျာ။ သူ့ဖာသူ အာရုံများနေတာနဲ့ ကျနော့်ကိုလည်း မြင်ဟန်မတူဘူး။ ဒါနဲ့ အနားကပ်လာတဲ့ အရောင်းစာရေးမလေးတွေကို ဟိုမေးဒီမေးတွေ လျှောက်မေး..

“ဒါလေးက ဘယ်လောက်လဲဟင်”

“ခုနစ်သိန်းပါ အစ်ကို..”

Random Image

ဂိန်! (စိတ်ထဲမှာ အော်မိတာ) မိန်းမတွေများ ပိုက်ဆံအတော်ဖြုန်းပါလား။ ခုနစ်သိန်းဆို ငါ အရက်ဝယ်သောက်ရင် ဘယ်လောက်ခံမလဲဆိုပြီး စိတ်ထဲ တွက်ကြည့်နေမိသေးတယ် ဟီး။ တော်တော်လေး ကြာသွားတော့မှ လူရှင်းသွားတယ်။ ဒါနဲ့ ကျနော့်ကို ဟိုဟာဒီဟာတွေ မေးသမျှ ရှင်းပြနေတဲ့ အရောင်းစာရေးမ
လေးကို

“မန်နေဂျာရှိလား စကားပြောချင်လို့”

ဆိုပြီး ခပ်တည်တည် မေးလိုက်တော့..

“ဘာများအလိုရှိပါသလဲ အစ်ကို .. ကျမ ဆိုင်ရှင်ပါရှင်”

ဆိုပြီး အနားရောက်လာတယ်။ ဒင်းက ကျနော့်ကို မမှတ်မိဘူးရယ်။ ဘယ်မှတ်မိမတုံး။ ဆံပင်ရှည်ကြိုက်တဲ့ ကျနော် စိတ်ရှုပ်ရှုပ်နဲ့ ရှေ့တစ်လက်မနောက်ပြောင်လို့ ခေါ်တဲ့ ဂတုံးဆံတောက်ဆံပင် ညှပ်ထားတာရယ်၊ မျောက်မှန်အနက်ကြီး တပ်ထားတာရယ်ကြောင့် ရုတ်တရက်ကြီး (ကွဲနေတာကလည်း ကြာပြီဆိုတော့) ဘယ်မှတ်မိပါ့မလဲ။ ပြုံးစိစိနဲ့ လက်ပိုက်ပြီး မျက်နှာချင်းဆိုင်လိုက်တာတောင် ဇဝေဇဝါ မျက်နှာလေးနဲ့ ပြုံးပြနေတာ။ အဲ့ဒီတော့မှ မျက်မှန်ချွတ်ပြလိုက်ရင်း

“ဟိုင်း! အချစ်ဆုံးလေး”

ဆိုပြီး ပြောင်စပ်စပ်မျက်နှာ လုပ်ပြလိုက်မိတယ်။

“ဖာဂေါင်း!”

ဆိုတဲ့ အသံနဲ့ လက်သီးနှစ်လုံးလောက် နံကြားထဲ ပြေးဝင်လာတာ အသက်ရှူတောင် ကြပ်သွားတယ် ဟားဟား။

“မုန်းတယ်.. နင့်ကိုငါမုန်းလိုက်တာ..”

ဆိုပြီး ကျနော့်ရင်ဘတ်ကို လက်သီးနဲ့ တဖုန်းဖုန်း ပိတ်ထိုးနေတာကို အတင်းဖမ်းချုပ်ထားရင်း..

“ငါအလုပ်များနေလို့ လာမတွေ့တာပါဟာ”

ဆိုပြီး ချော့နေရတယ်။ သူ့အလုပ်သမလေးတွေတော့ မျက်လုံးလေးတွေပြူးပြီး ဝိုင်းကြည့်နေကြတာပေါ့။ ဘာတွေများဖြစ်ကုန်တာလဲဆိုတဲ့ အကြည့်တွေနဲ့။ ဒီလောက်ဆို ခင်ဗျားတို့ ကျနော်နဲ့ ကျနော့်သူငယ်ချင်းမလေးရဲ့ ရင်းနှီးမှုအတိုင်းအတာကို သဘောပေါက်လောက်ပြီ ထင်ပါတယ်ဗျာ။ စိတ်လိုလက်ရရှိတဲ့ အခါမှာ နူးနူးညံ့ညံ့လေသံနဲ့ “မေလေး” လို့ ကျနော်ခေါ်လေ့ရှိပြီး၊ တခါတလေ တခြားသူငယ်ချင်းတွေ ခေါ်သလို “ဗျိုင်း” လို့ ခေါ်တတ်တဲ့ ကောင်မလေးဆိုတာ သူပါပဲ။ လူတွေတော့ ဘယ်လိုထင်မယ် မသိဘူး။ ကျနော့်လက်ကို မလွှတ်တော့ဘူး အသေကိုင်ထားတာ။ သူ့အလုပ်စားပွဲဆီ ခေါ်သွားတာတောင် ခါးကို အတင်းဘေးတိုက်ဖက်ထားရင်း ဆွဲခေါ်သွားတယ်။ မျက်နှာအမူအရာကအစ ချက်ချင်းပြောင်းသွားပြီး ချာတိတ်မလေးတစ်ယောက်လို ခုန်ဆွဆွ ဖြစ်သွားတယ်။

ကျနော့်ကို အအေးတစ်ဗူးတိုက်ပြီး သူ့စားပွဲမယ် ငုတ်တုတ်ထိုင်ခိုင်းထားတယ်။ သူ့ဖာသာ အလုပ်တွေများလိုက် ကျနော့်ကို တတွတ်တွတ် လှမ်းစကားပြောလိုက် ဗျာကိုများနေတာပဲ။ နေနည်းနည်းစောင်းသွားတော့မှ သူ့အလုပ်သမလေးတွေကို မှာစရာရှိတာမှာပြီး

“ကိုင်း! ခဏစောင့် အဝတ်လဲလိုက်ဦးမယ်”

ဆိုပြီး အနောက်ခန်းထဲ ဝင်သွားလိုက်တယ်။ ပြန်ထွက်လာတော့ သူ့ကိုလှမ်းကြည့်ပီး ဟီးဟီး ဆိုပြီး ရယ်လိုက်မိတယ်။ ခုနက စတိုင်နဲ့ မတူတော့ဘူးလေ။ ခုနက ဆံထုံးကစ်ကစ်မှာ ဆံထိုးတွေ ဘာတွေစိုက်၊ အပေါ်အောက် ကျောက်စိမ်းရောင်ဝမ်းဆက်နဲ့ ခန့်ခန့်ကြီးကနေ.. အခု ဆံပင်ရှည်တွေကို မြင်းမြီးပုံစံ နောက်စေ့မှာစုချည်၊ အပေါ်က တီရှပ်ကြပ်ကြပ် အပြာရောင်၊ အောက်ကစကပ် ဒူးဆစ်လောက်နဲ့ ကလေးမလေးစတိုင် ဖြစ်သွားတာကိုး။ လက်ထဲမှာ ကိုင်ထားတာကလည်း ပိုက်ဆံအိတ် လက်ဝါးလောက်ကလေး။ ကျောင်းသူလေး စတိုင်ပေါ့။ နှုတ်ခမ်းကို ခပ်ထော်ထော်လေးလုပ် (အထဲဝင်ပြီး နှုတ်ခမ်းနီဆိုးလာတာ သိသာတယ်) ရင်း လှမ်းမေးလာတယ်။

“ဘာဟီးဟီးလဲ.. ကရဝိတ်စီးမှာလား… ကျားစီးမှာလား ကြိုက်တာကိုရွေးတော့ အမေ”

“အမေ နှစ်ခုလုံးစီးမယ် သမီး”

လို့ပြန်နောက်ရင်း ကျနော် ရယ်နေမိတယ်။ အမေဆိုတာ ကျနော်တို့ အချင်းချင်း နောက်နေကြစကားပါ။ သူတို့နဲ့စကားပြောတိုင်း ကျနော်က နတ်ဝင်သယ်လေသံနဲ့ သမီးလေးတို့ရေ အမေဟေ့ အမေ ဆိုပြီး ပေါက်ကရ လျှောက်ပြောတတ်တာကိုး။ ကရဝိတ်စီးတယ်၊ ကျားစီးတယ်ဆိုတာ … မြန်မာဘီယာ (ကရဝိတ်ပုံ) နဲ့ တိုင်းဂါးဘီယာတို့ကို ဆိုလိုတာ။ အဲ့ဒီလိုနဲ့ အင်မတန်ချစ်ခင်ရတဲ့ သူငယ်ချင်းနဲ့ ပြန်ဆုံရလို့ အူမြူးနေတဲ့ အဲ့ဒီဟာလေး ကျနော့် ဆိုင်ကယ်နောက်က ပါလာတယ်ဆိုပါတော့။

အနောက်ကနေ ကျနော့်ခါးကို အသေဖက်လိုက်၊ ကျောပြင်ကို တဖုန်းဖုန်းထုလိုက်၊ ခါးကို ကလိထိုးလိုက်နဲ့ ကျနော့်နားရွက်နားကို ကပ်ပြီး ပေါက်ကရတွေ အော်လိုက်နဲ့ လုပ်နေတော့ ငယ်မူပြန်နေတဲ့ သူငယ်ချင်းနှစ်ယောက်ကို တင်ဆောင်လာတဲ့ ဆိုင်ကယ်လေးက ဟိုယိမ်းဒီယိမ်းနဲ့ မြွေလိမ်မြွေကောက်ကို ဖြစ်နေတာပေါ့။ ဘဝမှာ အင်မတန်ချစ်တဲ့သူနှစ်ယောက် ပြန်ဆုံရတာ ဘယ်လောက် ပျော်စရာကောင်းတယ်ဆိုတာ ကြုံဖူးတဲ့လူတွေပဲ သိလိမ့်မယ် ထင်ပါတယ်။ ကျနော်တို့နှစ်ယောက် ဘီယာဆိုင်ကောင်းကောင်းမှာ ထိုင်မယ်။ အကင်တွေ တနင့်တပိုးစား၊ ဘီယာခွက်တွေ တစ်ခွက်ပြီးတစ်ခွက် စားပွဲပေါ်ပြည့်သွားတဲ့အထိ သောက်မယ်၊ သောက်တင်းတွေ ချကြမယ်။ မူးလာတော့မှ ငယ်ငယ်ကလို လေတိုက်ခံတယ်ကွာဆိုပြီး ကျနော့်ကို အနောက်ကနေ ခပ်တင်းတင်းဖက်ခိုင်းထားရင်း ဆိုင်ကယ်ကို အရှိန်ပြင်းပြင်းနဲ့ ပတ်မောင်းမယ်။ ကျနော်တို့တတွေ လောလောဆယ် ၁၀ နှစ်လောက် ပြန်လည်နုပျိုလိုက်ကြမယ်လေ။

အဲ့ဒီညက ဘီယာဆိုင်ထိုင်ရင်း မိုးတော်တော်ချုပ်စပြုလာတဲ့အချိန် ရောက်လာတော့

“ငါ့ကောင်! တော်စို့လား”

လို့ ကျနော် သူ့ကို သတိပေးလိုက်တော့

“သူက နင်သောက်လို့ဝပြီလား ဟ”

တဲ့။ အဟီး ဝလားမဝလားတော့ မသိဘူး၊ စားပွဲပေါ်မှာ ဘီယာခွက်အလွှတ်တွေ စီထားတာ အခွက် ၃၀ ကျော်လောက် ရှိမယ်ဗျ။ ကျနော်တို့ရဲ့ သောက်ကျင့်က သောက်ပြီးသား ခွက်အလွှတ်တွေကို အသိမ်းမခံပဲ စားပွဲမှာ ဒီအတိုင်းစီထားတတ်တယ်။ ဒါမှ ငါတို့သောက်ထားတာ ဘယ်နှစ်ခွက် အနည်းအများ လစ်မစ်ချိန်တာပေါ့လေ။ နို့မို့ရင် ဘယ်လောက်သောက်လို့ သောက်မိမှန်းမှ မသိတော့တာကိုး။ ဘီယာကို ခရားနဲ့လည်း မမှာဘူး။ တစ်ခွက်ချင်းမှာပြီး ခွက်တိုက်၊ သူလည်းကုန် ကိုယ်လည်းကုန်မှ.. လာထား နောက်ထပ်တစ်ခွက်စီ.. အဲ့လိုမျိုးဗျ။ ငယ်ငယ်ကတည်းက အကျင့်တွေ ဆိုပါတော့လေ။ လောလောဆယ်တော့ နှစ်ယောက်လုံး ကွဲနေပြီ ဟီဟိ။ စကားတွေလည်း ဟောင်ဖွာဟောင်ဖွာ ပြောရလွန်းလို့ မေးရိုးတွေတောင် ညောင်းလာသလိုပဲ။

Random Image

“ဟရောင်.. ငသက်”

“ဂျာ!”

“အေဘေး.. ငါတို့နှစ်ကောင် အတော်ရုပ်ပျက်နေပြီထင်တယ်၊ ဆိုင်ထဲမှာထိုင်နေတဲ့ လူတွေအကုန်လုံး ငါတို့ဝိုင်းကိုပဲ ရှိုးနေကြတယ် ဟ”

ရုပ်ပျက်စရာလား.. ဖိုးသက်နဲ့ ဗျိုင်း နှစ်ယောက်အတွက် ဘီယာလေး အခွက် ၃၀ ဆိုတာ နာသာဂီရိဆင်ပြောင်ကြီးကို စပါကလင်တိုက်တဲ့ အဆင့်လောက်ရှိတာ အဟစ်ဟစ်”

“ဒါဆို လူတွေက ဘာလို့ ငါတို့ဝိုင်းကိုပဲ လှမ်းလှမ်းကြည့်နေကြတာတုံးဟ”

“ဘာဖြစ်မှာတုံး.. နင့်ကိုကြည့်နေကြတာလေ.. နင့်ကို ဘီယာနဲ့မြည်းနေကြတာ ဟီဟိ.. နဂိုက ချောချောလေးပါဆိုနေ.. အခု ဘီယာတန်ခိုးနဲ့ မျက်လုံးတွေက အရောင်တွေလက်၊ ပါးတွေက ပန်းသွေးရောင်တွေတောက်..”

“အို! ကလေးအမေကြီးကိုများ အဟိ .. ရှက်စရာကြီး.. ဒါဆို ငါက အတော်ဆွဲဆောင်မှု ရှိသေးတာပေါ့နော် ခစ်ခစ်”

“အင်း အမှန်အတိုင်း ပြောရရင်တော့.. သူတို့နင့်ကို အရက်ပရိုမိုးရှင်း လိုက်လုပ်နေတဲ့ ကလေးမလေးလို့ ထင်နေပုံရတယ်ဟ”

“ဘာပြောတယ်!!!”

နှစ်ကောင်သား မူးမူးနဲ့ အဲ့လိုပေါက်ကရတွေ လျှောက်ပြောရင်း တဟီးဟီး အူမြူးနေရာက ကျနော်က ပြန်မယ်ကွာဆိုပြီး ပိုက်ဆံရှင်းဖို့ကြိုးစားတော့ ဒင်းက မူးမူးနဲ့ အမေ! သမီးရှင်းမယ်.. အမေ့သမီး သူဌေးမလေးရှင်းမယ် လာထားဆိုပြီး ကျသင့်ငွေကို လုပြီးရှင်းနေတာကို ရယ်ပြီး ထိုင်ကြည့်နေမိတယ်။ အားကိုးအားထား မိဘတွေလည်း မရှိရှာတော့တဲ့ သူငယ်ချင်းမလေးဗျာ..၊ ကလေးတစ်ယောက်နဲ့ ယောကျ်ားကလည်း သောက်ကျင့်မကောင်းတော့ ကွဲ..၊ အသိုင်းအဝိုင်း ညီအစ်ကိုမောင်နှမကလည်း မရှိလေတော့ကာ တော်ရုံစိတ်ဓာတ်ခိုင်မာမှုမျိုးနဲ့ ဘဝကို ရင်ဆိုင်ဖို့ မလွယ်လောက်ဘူးဗျ။ သူ့ဘဝမှာ အခု ကျနော်နဲ့ ပျော်နေသလို မပျော်ရရှာတာ ဘယ်လောက်ကြာပြီလဲ မသိဘူး။ အဲ့လိုတွေးမိပြီး ကျနော့်စိတ်ထဲ ဂရုဏာသက်မိသွားလို့ သူ့ကို ငေးကြည့်နေမိတယ်။

ပိုက်ဆံရှင်းပြီး ဘီယာဝိုင်းကထတော့ သူက နည်းနည်းယိုင်ချင်နေတယ်။ အသာလေး မသိမသာတွဲပြီး အပြင်ကို ခေါ်ထုတ်လာတယ်။ ဆိုင်ကယ်ကို သူမောင်းမယ်ဆိုပြီး ပြဿနာစရှာတယ်။ နင်မူးနေတယ်ဟ ဆိုပြီး ရှိခိုးဦးတင်တောင်းပန်တာလည်း မရဘူး..။ သောင်းကျန်းပစ်ရမလား နင်ငါ့အကြောင်းသိတယ်နော် ဘာညာနဲ့ အော်လာလို့ ပါးစပ်ကို လက်ဝါးနဲ့ အမြန်လှမ်းပိတ်လိုက်ပြီး အေးအေး..မောင်းမောင်း ခဏလေးနော် ဒီဆိုင်ရှေ့ကနေတော့ ငါပဲမောင်းမယ် ဆိုပြီး အတင်းခေါ်ထုတ်လာခဲ့ရတယ်။ အနောက်ကနေ ကျနော့်ကျောကို ဖက်ထားပြီး ဆိုင်ကယ်နောက်က လိုက်လာရင်း မောင်းရတော့မလား.. ရောက်ပြီလား.. မောင်းမယ် မောင်းမယ် ဆိုပြီး ကျနော့်နားရွက် နှစ်ဖက်စလုံးကို လက်ဖဝါးတွေနဲ့ ဆုပ်ကိုင်ပြီး ဆွဲလိုဆွဲ၊ ခါးကိုအတင်းဖက်ပြီး ရှေ့တိုးနောက်ဆုတ်တွေ လုပ်နဲ့ သောင်းကျန်းရင်း ပါလာတာပေါ့။

သစ်ပင်အုပ်အုပ်တွေမိုးနေတဲ့ လူရှင်းတဲ့ လမ်းကြားလေးတစ်ခုထဲ ရောက်သွားတော့မှ ဆိုင်ကယ်ရပ်ပေးလိုက်တယ်။ ဒေါက်ထောက်ပြီး ဆိုင်ကယ်ပေါ်က ဆင်း ကဲ! ဒီလောက်တောင် မောင်းချင်နေတာ မောင်းစမ်းကွာ ဆိုပြီး လွှတ်ထားပေးလိုက်တယ်။ စီးကရက်ဖွာရင်း ထိုင်ကိုကြည့်နေတာ ဒင်းဘာလုပ်မလဲဆိုပြီး။ ဆိုင်ကယ်က ယောကျ်ားစီးဗျ။ သူဝတ်ထားတဲ့ စကပ်နဲ့ ဘယ်လိုတက်ခွပြီး မောင်းမှာတုံး။ သူ့ဖာသူ အတင်းတက်ခွဖို့ လုပ်နေတာကို ထိုင်ကြည့်ပြီး ရယ်နေလိုက်တယ်။ တော်တော်ဆိုးတဲ့ဟာဗျာ။ လူမြင်ကွင်းမှာဆို ရုပ်ပျက်တော့မှာမို့ တမင် အမှောင်ထဲကိုခေါ်လာတာ။ ပြီးတော့ ကျနော့်ဆိုင်ကယ်က အစုတ်ကြီး.. ကစ်ပီးနိုးမှရတဲ့ဟာမျိုးဆိုတော့ သူဘာလုပ်လို့ရမှာတုံး။ စကပ်ကို ဖင်ပေါ်အောင်လှန်တင်.. ဒါမှမဟုတ် အကုန်ချွတ်ပစ်မှပဲ တက်ခွပြီး မောင်းလို့ရမှာလေ ဟားဟား။

မရမက အတင်းတက်ခွလိုက်တော့ ခွလို့တော့ ရသွားတယ်။ စကပ်ခံနေတော့ ခြေထောက်က လေထဲမယ် တန်းလန်း.. အဲ့ဒါကို စိတ်မလျှော့ဘူး နင်လာခဲ့ အနောက်ကနေတက်ခွ၊ နင့်ခြေထောက်က စက်နှိုး၊ ဂီယာထိုးပေး၊ ငါက လက်ကိုင်ကိုင်ပြီး မောင်းမယ်တဲ့။ တကယ့်ဟာဗျာ။ ရတယ်လေ ဆိုပြီး သူ့အနောက်ကနေတက်ခွ၊ ကစ်တံကိုနင်းပြီး စက်နှိုးပေးလိုက်တယ်။ ဂီယာထည့်လိုက်ပြီ ထွက်တော့ဆိုတာနဲ့ ကလပ်ချ်ကိုဆောင့်လွှတ် လီဗာကိုဖြဲပြီး ဆောင့်ထွက်တယ်။ ဂီယာတောင် ထပ်မချိန်းလိုက်ရဘူး အနောက်ကနေ သူ့ကိုသိုင်းဖက်ထားရင်းက လက်ကိုင်ကိုဖမ်းကိုင်ပြီး ခြံဝင်းတစ်ခုထဲကို ချိုးဝင်ပေးလိုက်တယ်။ တစ်ထပ်တိုက်ပုလေးအရှေ့ကို တန်းရောက်သွားရော။ အဲ့ဒီတော့မှ ဟမ်! ဒါငါ့အိမ်ပါလား တဲ့ ဟီးဟီး။ ညာတာပါတေးနဲ့ သူ့အိမ်ရှေ့ထိ ခေါ်လာတာတောင် မူးနေတဲ့ ဒင်းက သတိမထားမိဘူးလေ။ ဆိုင်ကယ်ပေါ်က ပွစိပွစိနဲ့ ရစ်နေသေးတဲ့ သူ့ကိုပွေ့ချ၊ အိမ်ထဲတွဲခေါ်…

“ဟဲ့! ဒီသူငယ်ချင်းနှစ်ယောက် ဘာတွေဖြစ်လာကြတာလဲ”

လို့ အလန့်တကြား လှမ်းမေးလာတဲ့ ကျနော့်ကို မှတ်မိနေသေးတဲ့ သူ့ကြီးဒေါ်ကြီးကို နှုတ်ဆက်ရင်း အဲ့ဒီအရက်သမားကို သူ့အိပ်ယာထဲအထိ တွဲပို့လိုက်ရတယ်ပေါ့ဗျာ။ လူကသာ မျက်လုံးကောင်းကောင်း မဖွင့်နိုင်တော့အောင် မူးနေတာ ကျနော့်ကို သတိတရ လှမ်းပြောလာသေးတယ်..။

“နက်ဖန်မနက်စောစော ငါ့ဆီလာခဲ့။ မနက်စာ တူတူစားပြီး ငါ့အလုပ်ကို လိုက်ပို့ဦး..။ အလုပ်တိုက်မှာ ငါ့ကားထားခဲ့မိတာ မနက် အလုပ်သွားလို့မရ ဖြစ်မယ်”

“ဟုတ်ပါပြီ!”

လို့ ဂတိပေးရင်း သူ့ကို သိပ်ခဲ့လိုက်တယ်။ အပြင်ထွက်လာပြီး မတွေ့တာကြာတဲ့ သူ့ကြီးဒေါ်ကြီးနဲ့ အလာပသလာပလေးတွေ ထိုင်ပြော၊ အိပ်ပျော်နေရှာတဲ့ သူ့သမီးလေးကို ဝင်ကြည့်ပြီး ပြန်လာခဲ့ရော ဆိုပါတော့ဗျာ။

နောက်နေ့မိုးလင်း မနက်ခင်း ၈ နာရီလောက် ကျနော် သူ့ဆီရောက်သွားတယ်။ မနေ့ညကနဲ့ ဘာမှမဆိုင်တော့သလိုပဲဗျ။ ရေမိုးချိုး ဖီးလိမ်းပြင်ဆင်ထားလိုက်တာ ကျော့လို့မော့လို့ ဂုဏ်သရေရှိ အမျိုးသမီးကောင်း ချောချောလှလှလေးရုပ်နဲ့ ဟားဟား။ ငါမနေ့ညက တော်တော်ကွဲသွားတယ် ထင်တာပဲတဲ့။ သူ ဘယ်လိုသောင်းကျန်းတာတွေ ကျနော် ဟာသလုပ်ပြီး ပြန်ပြောတော့ တခွိခွိနဲ့ သဘောကျနေပြန်ရော။ တောက်တောက်.. တောက်တောက်… နဲ့ လမ်းလျှောက်တတ်စ သူ့သမီးလေးကိုလည်းတွေ့ပါ့။ ချစ်စရာလေးဗျာ။ အမေတူလေး ချောလိုက်တာ။ ဖြူဥဥလေး။ ကျနော်တော့ မြင်မြင်ချင်းကို ချစ်လွန်းလို့ လက်ထဲက မချတော့ဘူး အတင်းပွေ့ထားနေမိတယ်။

မနက်စာ သူ့အိမ်မှာ စားသောက်ကြပြီးတော့ သူ့အလုပ်ကို လိုက်ပို့ပေးဖို့ပြင်တယ်။ ဧည့်ခန်းထဲက စာအုပ်တွေကို လက်ညှိုးထိုးပြပြီး ငါ့ကို စာအုပ်တွေ ငှါးလိုက်ဦးဟ လို့ ခွင့်တောင်းတော့.. မငှါးပေါင် တဲ့။ ဒါတွေသာ ငှါးပေးလိုက်ရင် နင်ပေါ်လာတော့မှာ မဟုတ်ဘူး..၊ ဒီတော့ ဒီလိုလုပ်.. မနက်ခင်းထပြီး ဒီကိုလာ.. ငါနဲ့မနက်စာတူတူစား၊ အလုပ်ကိုလိုက်ပို့၊ ပြီးမှ နင်သွားချင်တဲ့ နေရာကိုသွား၊ နေ့ခင်းဖက်အားပြီဆို ဒီကိုပြန်လာ ဒေါ်ကြီးနဲ့ ငါ့သမီးလေးပဲ အိမ်မှာရှိတာ။ ဒေါ်ကြီးကို ကလေးကူထိန်းပေးရင်း ကြိုက်တဲ့စာအုပ် ဖတ်ပေတော့။ နေ့လည်စာပါ ငါ့အိမ်မှာစား။ ညနေစောင်းရင် အလုပ်မှာ ငါ့ကိုလာကြိုချေ။ နင်မပြန်မချင်း ဒီလိုပဲနေရမယ်.. ကြားသလားလို့ အမိန့်တော် ချမှတ်လိုက်တယ်။ ဟိုးငယ်ငယ်ကလည်း ဒီလိုပဲ ဝင်ထွက်သွားလာနေခဲ့တာဆိုတော့ ကျနော်လည်း အေးပါ.. ငါမပြန်မချင်းပေါ့လို့ ပြောလိုက်မိတယ်။ ဒီလိုနဲ့ ကျနော့်ရဲ့ သံယောဇဉ်အမျှင်တန်းတဲ့ ဇာတ်တစ်ခုဟာ စလာပြန်ပါရောလား ဆရာတို့ရယ်။

ဒီလိုနဲ့ပဲ လေလွှင့်သလိုလို ဖြစ်ချင်နေတဲ့ ကျနော်တစ်ယောက် သူငယ်ချင်းမလေးရဲ့အိမ်ကို ဝင်ထွက်ရင်း မာလီလိုလို၊ နာနီလိုလိုတွေ ဖြစ်လာတယ်ဆိုပါတော့ဗျာ။ နာနီလုပ်တာကတော့ သူ့သမီးလေးကို ထိန်းတယ်ပေါ့လေ။ အင်မတန်ရွံတတ်တဲ့ ကျနော် ဒီချစ်စရာသမီးလေးကို ထိန်းရင်းနဲ့ အီးတည်၊ သေးတည်တွေကအစ ကောင်းကောင်းတတ်လာတယ်။ ကလေးကို အစားအသောက်ချော့ကျွေး၊ တူတူဆော့နဲ့ တော်တော်ပျော်တတ်လာတယ်ပေါ့။

ကလေး တရေးတမော အိပ်နေတဲ့အချိန်၊ ဒါမှမဟုတ် ဒေါ်ကြီးတစ်ယောက် ချက်ပြုတ်လျှော်ဖွတ်ပြီးစီးလို့ ကလေးကြည့်ပေးနိုင်တဲ့ အချိန်မျိုးမှာကြတော့ ခြံထဲက မြက်တွေ ဓားရှည်တစ်လက်နဲ့ရမ်း၊ ပစ်ထားတာကြာလို့ ပေါက်ချင်သလိုတွေ ပေါက်နေတဲ့ သစ်ပင်ပန်းပင်တွေ ကတ်ကြေးနဲ့တိ၊ မြင်မကောင်းဖြစ်နေတဲ့ဟာတွေ ခုတ်ပစ် အစရှိသဖြင့်ပေါ့လေ။ သူတို့တစ်ထပ်တိုက်ကလေးထဲမှာ အိမ်မှုကိစ္စနိုင်နင်းတဲ့ ကြီးဒေါ်ကြီးကြောင့် အမြဲသန့်ရှင်းသပ်ရပ်နေပေမယ့် အဲ့လိုကိစ္စတွေကြတော့ မိန်းမသားတွေချည်းပဲရှိတော့ ဘယ်လုပ်နိုင်မှာတုံးဗျ။

တစ်လနီးပါးကြာလာတော့ တစ်ထပ်တိုက်ပုလေးရဲ့ ခေါင်မိုးပေါ်က သစ်ရွက်ကြွေတွေ မရှိတော့ဘူး။ သင်္ဘောဆေးအနီရင့်ရင့် သုတ်ပြီးသား ဖြစ်နေပြီ။ အိမ်ဘေးနံရံတွေလည်း ရေဆေးကောင်းကောင်းနဲ့ ၂ ထပ် ၃ ထပ်သုတ်ပစ်ထားတော့ အိမ်အသစ်ကလေးတစ်လုံးလို လှတပတလေး ဖြစ်သွားပြီ။ အိမ်အတွင်းပိုင်းက လျှပ်စစ်နဲ့ ပတ်သက်သမျှ ဝါယာကြိုးတွေ၊ ဖန်ချောင်းတွေ၊ မီးခလုတ်ခုံတွေ၊ မိန်းခလုတ်တွေအားလုံးလည်း အသစ်ချပ်ချွတ် လဲပြုပီးသား ဖြစ်နေပြီ။ နေချင့်စဖွယ် ခြံဝင်းလေးထဲက တစ်ထပ်တိုက်ပုလေး ဖြစ်သွားတာပေါ့ဗျာ။

အဲ့ဒါတွေအကုန် ကျနော် လျှောက်လုပ်နေတာ ဘာရယ်မဟုတ်ပါဘူး။ စိတ်လေနေတာ ပြေပျောက်ချင်လို့။ ပြီးတော့ ကိုယ့်မိသားစုလိုဖြစ်နေတဲ့ သူငယ်ချင်းကို ကိုယ်အနားရှိနေတုန်းလေး လုပ်ပေးနိုင်တာ လုပ်ပေးခဲ့တယ် ဆိုတာမျိုးပါ။ စီးကရက်လေးခဲရင်း အဲ့လိုအိမ်အလုပ်လေးတွေ တနေကုန် လျှောက်လုပ်လိုက်၊ နေ့ခင်းဖက် နေတအားပြင်းတဲ့အချိန် ခဏနားရင်း ဧည့်ခန်းထဲက စာအုပ်တွေနဲ့ ဇိမ်ယူလိုက်၊ ကလေးထိန်းလိုက်နဲ့ ကျနော့်ဘဝမှာ တော်တော်တည်ငြိမ် အေးချမ်းလွန်းတဲ့ ကာလတစ်ခုလို့တောင် ပြောရမယ်ထင်တယ်။

ကဲ! ဘယ်လိုလဲ ညီအစ်ကိုတို့ ဖတ်ရတာ ပျင်းနေကြပြီလား.. ဘာမှလည်းမပါဘူး အဟီး။ ကိုဇော်ဦးကြီးပြောသလို အဲ့လိုသူငယ်ချင်းမျိုး မရခဲ့တာ မနာလိုတယ်ဆိုတာ ဒါမျိုးကိုလား။ ကိုကြပ်ပြောသလို ဆွဲလို့ရတဲ့ သူငယ်ချင်းဆိုတာ ဘယ်မှာတုံးဗျ။ ဒီလူကြီးတွေနဲ့တော့ ခက်တယ်နော့်။ ထစ်ကနဲရှိ ဆန်းဆန်း
ပြားပြားတွေ သိပ်တွေးတာပဲ ဟဲဟဲ။

ဟမ်! ဒါဖြင့် ဘာမှမဖြစ်ခဲ့ဘူးပေါ့.. ငါတို့ အဟုတ်မှတ်ပြီး ဖတ်လာတာ သေရောလို့ တွေးနေကြပြီ ထင်တယ်။ ဖြစ်တော့ဖြစ်တယ်ဗျ ဟီဟိ။ ဒါပေမယ့် ဟိုဘူဒါးကြီးတွေ ပြောသလို တွေ့တာနဲ့ ကောက်ဆွဲ မဟုတ်ဘူးလို့ ပြောချင်တာ။ မှန်ရာပြောသစ္စာဗျာ။ ကျနော် အဲ့ဒီအချိန်ထိ လိင်နဲ့ပတ်သက်ပြီး သူ့အပေါ် ဖောက်လွှဲဖောက်ပြန်စိတ်ကို မရှိခဲ့ပါဘူး။ တကယ်ပြောတာ ဘုရားစူး။ ဟိုကမ္ဘာကျော်ဝတ္ထုထဲက သစ္စာတရားကို လိုက်ရှာရာက ဂင်္ဂါမြစ်ကို ထိုင်ကြည့်ရင်း ငြိမ်းချမ်းသွားတယ်ဆိုတဲ့ ပုဂ္ဂိုလ်လိုပဲ ကျနော့်ဘဝ အတော်လေး ငြိမ်းချမ်းနေတယ်။

ဘာလုပ်ဖို့လဲ လိင်ကိစ္စ။ တွေးတောင် မတွေးမိဘူး။ တကယ်ပြောတာ။ ခင်ဗျားတို့ကော ဘဝမှာ အဲ့လိုသူငယ်ချင်းမမျိုး မရှိခဲ့ဖူးဘူးလား။ ရှိခဲ့မှာပါ။ အသေချစ်တယ်ဗျာ။ ရည်းစားတွေဘာတွေထက်တောင် ချစ်သေး။ လက်ချင်းချိတ်၊ ခါးဖက်ပြီး လျှောက်သွားချင်သွား၊ မကျေနပ်ရင် ကလော်ဆဲလိုက်ကြ၊ ရည်းစားတွေ၊ ကိုယ့်မိဘတွေကို မပြောတာတောင် အကုန်ဖွင့်ပြောရဲတဲ့ဟာမျိုး.. ရှိခဲ့ကြမှာပါ ဟုတ်တယ်မလား။ ဒီကောင်မ ၃ ကောင်ဆိုရင် ကျနော်နဲ့ တစ်အိပ်ယာထဲတောင် တူတူအိပ်တာဗျ။ ကျနော် သူတို့အပေါ်မယ် ဘယ့်နှယ့်မှမဘယ့်နှယ်ဘူးဆိုတာ သူတို့ကောင်းကောင်းသိတာပေါ့။ သူတို့ ၃ ကောင်ကို တခါတလေ ကျနော် ၃ ရောင်ခြယ်လို့ ခေါ်တယ်ဗျ။ ကျောင်းသားဘဝက ခရီးတူတူထွက်ကြရင်း တနေရာရောက်သွားတော့ တည်းခိုတဲ့နေရာမှာ ၄ ယောက်သား အရက်တူတူ သောက်ကြရော၊ မူးမူးနဲ့ အကုန်အိပ်ပျော်သွားကြတယ် ဆိုပါတော့။ ရင်ပူလွန်းလို့ ညသန်းခေါင်ကြီး လန့်နိုးလာတော့ အမယ် သူတို့ ၃ ကောင်စလုံး မှောက်လျက်ကလေးတွေ အိပ်ပျော်နေကြတာ ဆရာရေ့။ ထမီတွေဘာတွေကျွတ်လို့ ဟီး။ ဖင်ပြောင်ကြီး ၃ ခုဗျာ။

ပထမတော့ သတိမထားမိပါဘူး။ ရေဆာနေတော့ ရေလိုက်ရှာပြီး အားရပါးရ သောက်လိုက်သေးတယ်။ အဲ့ဒီမှာ ရေသောက်လိုက်တော့ အမူးဒီဂရီက ပြန်ဆောင့်တက်လာတယ်။ ယိုင်တိုင်တိုင်နဲ့ ပြန်လာတော့ အမ်! ဆိုပြီး ဖြစ်သွားတယ်။ လေးပေမီးချောင်း အလင်းရောင်အောက်မှာဗျာ ဖင်ပြောင်ကြီး ၃ ခု အစီအရီလေးတွေ ဖြစ်နေတာ။ ဖင်ညို ဖင်ဖြူ ဖင်ဝါ ၃ ခုဗျ။ အရောင်တွေကို လက်လက်ထနေတာပဲ ဟီး။

တစ်ချက်လောက် သေချာလေ့လာလိုက်သေးတယ်။ ဒါက ဘယ်သူ့ဖင်၊ ကာလာက ဘာအရောင်ပေါ့။ ကြည့်နေရင်းနဲ့ သောက်ရှက်ကိုမရှိတဲ့ ဟာမတွေလို့ တွေးမိလာတော့ မူးမူးနဲ့ အဲ့ဒီဖင်ပြောင်တွေကို မတ်တပ်ရပ်လျက်ကနေ ခြေဖဝါးနဲ့ တဖန်းဖန်းမြည်အောင် ဆောင့်ကန်ပစ်လိုက်တယ်။ သောက်ကောင်မတွေ ဖင်လေလံတင်နေကြတယ်ဆိုပြီး ဟီးဟီး။ အမေ့! ဆိုပြီး တစ်ယောက်ကတော့ ထထိုင်လာတယ်။ ခြေကျင်းဝတ်ရောက်နေတဲ့ ထမီလေးကို ပြန်ဆွဲယူပြီး ကွေးကွေးလေး ထမီခြုံရင်း ပြန်အိပ်သွားတယ်။ ကျန်တဲ့နှစ်ကောင်ကတော့ အင်းအဲ အသံပေးရင်း မှောက်အိပ်နေရာက ပက်လက်လှန်တွေဘာတွေ ပြောင်းအိပ်လာတော့ သိတဲ့အတိုင်းပဲ ထပ်ကန်လို့ မဖြစ်တော့ဘူးဗျာ။ ဒုက္ခ!ဒုက္ခ! လို့ ရေရွတ်ရင်း သူတို့ဘေးမှာ ခွေခွေလေး ဝင်အိပ်လိုက်ရတာပေါ့။

မနက်မိုးလင်းတော့ ရှက်နေကြမယ် ထင်သလား၊ ဝေးသေး ဆရာရေ့။ သူတို့လျှောက်ပြောနေတဲ့ စကားတွေကြောင့် ရှက်လွန်းလို့ နားပိတ်ထားရတာက ကျနော်ပါဗျာ။

ဒီကောင် ဂျီပုန်းကြီးလား မသိဘူးဟဲ့! အေးလေ.. ငါတို့ ဒီလောက်မူးချင်ယောင်ဆောင်ပြီး အကုန်အသင့်လုပ်ထားပေးတာတောင် မလုပ်ရဲဘူး ဟီဟိ..၊ ယောကျ်ားစစ်ရင် ဟိုဖက်ကို တက်မြည်းလိုက်၊ ဒီဖက်ကို တက်အုပ်လိုက် လုပ်ပြီပေါ့ ရှင်းနေတာပဲ..၊ ဒီကောင် ပန်းသေနေတယ်။ ဝါးဟားဟား!။

အဲ့လိုတွေဗျ။ ကျနော်လား အမလေးလေး ဘာမှကို ပြန်မပြောရဲပါဘူးဗျာ။ ပွစိပွစိနဲ့ ခပ်တိုးတိုးဆဲရင်း မျက်နှာလွှဲထားရတာပေါ့။ မမူးနေရင် ကျနော်က တော်တော်အရှက်ကြီးတာကလား။ ကျနော် အခုလိုတွေ ပြောပြတော့ အဲ့ဒီကောင်မလေး ၃ ယောက်ကို အော့ကြောလန်တွေလို့ ထင်ရင်လည်း မှားမယ်ဗျ။ တခြားသူတွေနဲ့ကြတော့ ရုပ်တည်ကြီးတွေနဲ့ ဆက်ဆံတာ။ ယဉ်ကျေးပျူငှာ ဗိုင်းကောင်းကျောက်ဖိလေးတွေပေါ့။ ကျနော့်ကြမှ သားပြောမယားပြောတွေ ပြောလိုပြော လုပ်ချင်သလိုတွေ လျှောက်လုပ်ကြတာလေ။ လမ်းသွားရင်း ကျနော်နဲ့ ချိတ်တိတ်တိတ်ဖြစ်နေတဲ့ ဆော်လေးက ကျနော့်ဘေးမှာပါလာတဲ့ သူတို့ထဲက တစ်ယောက်ယောက်ကို မကျေနပ်သလို ဘုကြည့်ကြည့်လာတယ်ဆိုပါတော့.. ကျနော့်ပုခုံးပေါ် မေးတင်ပြီးမှီ၊ ပါးကိုင်နားကိုင်တွေ လုပ်လိုလုပ်.. အဲ့လိုတွေ သောက်ကျင့်ယုတ်တော့တာ..၊ မကြားတကြားနဲ့ “မောင်” တွေဘာတွေ ဇွတ်ခေါ်ပစ်တာ.. အဲ့လိုဟာတွေဗျ။ ဒီလောက်ဆို ကျနော်တို့ဆက်ဆံရေးကို ခင်ဗျားတို့ သဘောပေါက်လောက်ပါပြီ။ သူတို့ထဲက အဝါရောင် ဖင်ပြောင်ကြီးပိုင်ရှင်က အခုပြောနေတဲ့ “မေလေး” ဆိုပါတော့လေ။

လျှောက်ပြောရင်းနဲ့ လိုရင်းမရောက်တော့ဘူး ဖြစ်နေတယ် အဟီး။ ဆက်ပြောမယ်နော်။ ကျနော်တို့သူငယ်ချင်းတွေထဲက ဟိုနှစ်ကောင်က အဝေးကြီးမှာဗျ။ အခုလောလောဆယ်ရှိနေတာ သူနဲ့ ကျနော်ပဲ ဆိုတော့ တွေ့တုံးလေး အရူးအမူး ချစ်ကြရတာပေါ့လေ။ မိသားစုရယ်လို့ မယ်မယ်ရရမရှိရှာတဲ့ သူငယ်ချင်းမလေးခင်မျာလည်း လောလောဆယ် ကျနော်အနားမှာရှိနေတာကို အင်မတန်ပျော်နေရှာမှာပဲ။ သူ့ကို အလုပ်က သွားသွားကြိုတိုင်း ကျနော်ရောက်လာပြီဆို မျက်နှာလေးက ဝင်းကနဲ ဖြစ်သွားတာမျိုး၊ သူ့ခြံလေးကို ကျနော် တတ်နိုင်သလောက် ပြုပြင်ပေးထားတာကို မြင်ရတဲ့အခါ အင်မတန်ကျေနပ်ပြီး ကျနော့်ကို အတင်းဖက် တော်လိုက်တာဆိုပြီး ပြွတ်ကနဲနမ်း (နဖူးကိုပါ) နဲ့ တော်တော်ကျေနပ်ဟန်လေးပေါ့။ နည်းနည်းကြာလာတော့ အလုပ်အပြန် လာမကြိုနိုင်ဘူး အပြင်ခဏသွားနေတယ်လို့ ဖုန်းဆက်လိုက်ရင်.. နောက်နေ့မနက်ပြန်တွေ့ရင် မျက်နာက ခပ်ပျက်ပျက် ဖြစ်လာတယ်။ သမီးလေးက အမေ့ကို စိတ်ကောက်နေတာလားဟေ့! လို့ နောက်လိုက်မှ ပြုံးစိစိဖြစ်ပြီး ပြေသလိုလို ဖြစ်လာတယ်။ ဒါနဲ့ မရသေးဘူး ဆရာ။ ညနေဖက်သွားကြိုတဲ့အခါ သူ့အကြိုက်ဆိုင်က ပဲပလာတာနဲ့ လက်ဖက်ရည်ဖန်ချိုလေး ဝယ်သွားလိုက်မှ ငါ့တပည့်ကြီး တော်တယ်ကွာ ဆိုပြီး စိတ်ကောက်ပြေတော်မူတယ်။

ဖတ်ရတာ စိတ်မရှည်ကြတော့ဘူးထင်တယ်။ လာတော့မယ်နော်။ ဘာညာသာရကာဖြစ်တဲ့ အခန်း။ မတော်တဆကနေ တွယ်ငြှိကုန်တဲ့ဟာလေး။

နောက်ပိုင်းရက်တွေမှာ တဖြေးဖြေးနဲ့ ကျနော် အိမ်ပြန်မအိပ်ပဲ သူ့အိမ်မှာ အိပ်ဖြစ်တာတွေဘာတွေ ဖြစ်လာတယ်။ အဖိတ်နေ့တွေဆို သူ့အလုပ်တိုက် ပိတ်တယ်လေ။ နက်ဖန် အလုပ်မသွားရဘူး ဒီည အိမ်မယ် တစ်ခုခုလုပ်စားရအောင် ဘာညာဆိုပြီး အဖော်စပ်တဲ့အခါမျိုးဆို ကျနော်ကလည်း လုပ်လေဟာဆိုပြီး နေ့ခင်းပိုင်းကတည်းက လိုအပ်တာတွေအကုန် ကြိုပြင်ထားလိုက်တော့တာကိုးဗျ။

အဲ့ဒီနေ့ညနေ သူပြန်ရောက်လာပြီး ရေမိုးချိုး သနပ်ခါးရေကြဲလေးပွတ်၊ ဆံပင်ဖားလျားလေးချ၊ အိမ်နေရင်း စွပ်ကျယ်အဖြူ၊ ထမီတစ်ပတ်နွမ်းလေးနဲ့ ခြံထဲဆင်းလာတဲ့အချိန်ဆို ကျနော်က ဘာဘီကယူးတွေဘာတွေ အသင့်အနေအထားနဲ့ မီးဖိုပေါ်မှာ စကင်နေပြီ။ အစားအသောက်တင်မကဘူး အလင်းရောင်ပျောက်စအချိန် အကင်တွေကင်နေတာ မန်ကျည်းပင် အောက်မှာဆိုတော့ ရောင်စုံမီးပုံးလေးတွေ ၄-၅ လုံးပါ ထွန်းပြီး ကိုင်းကျနေတဲ့ မန်ကျည်းကိုင်းတွေမှာ ချိတ်ထားလိုက်သေးတယ်။ ဒါတင်မကသေးဘူးဆရာ မီးဖိုထဲက ဒေါ်ကြီးလာလာပို့တတ်တဲ့ သင်္ဘောသီးလက်သုတ်တို့၊ ဆတ်သားမွှတွေ ထည့်သုတ်ထားတဲ့ လက်ဖက်သုတ်တို့ ပါသေးတယ်။ မတ်တပ်စားပွဲလေးတစ်လုံး ဘေးမှာချထားလိုက်ပြီး စားစရာတွေ အစီအရီပေါ့ဗျာ။ နည်းနည်းမှောင်စပျိုးလာတဲ့အချိန်လောက်ဆို အားလုံးရယ်ဒီဖြစ်ပြီပေါ့။ အဲ့ဒီတော့မှ အိမ်ထဲဝင်ပြီး ကျနော့်လက်နက်ပုန်းတွေ သွားထုတ်လာတယ်။ စတီးဇလုံကြီးထဲ အကုန်ပစ်ထည့်ပြီး စပ်လိုက်တာပဲ။ ရေခဲတုံး၊ ဖျော်ရည်၊ နာနတ်သီးစိတ်သေးသေးလေးတွေ (သံဗူးထဲကဟာ)၊ လှီးထားတဲ့ သရက်သီးစိပ်ကလေးတွေ အဲ့လိုသစ်သီးဝလံလေးတွေ ပစ်ထည့် နောက်ဆုံးမှ ဂျေဒီဝီစကီတစ်ပိုင်းလောက် ဖောက်ထည့်လိုက်ပြီး မွှေနောက်လိုက်ရင် မွှေးတေးတေးချိုတိုတိုနဲ့ အင်မတန်သောက်ကောင်းတဲ့ ကော့တေးလ်ရလာတာပေါ့ဗျာ။

ကိုင်း! ဘာလိုသေးလဲဗျာ။ အကင်လေးတွေ ကင်လိုက်၊ ရလာရင် အသင့်စောင့်နေတဲ့ ဟိုမမလေးရှေ့က စားပွဲပေါ် ချပေးလိုက်၊ ဇလုံထဲက အာရွှင်စေတဲ့ ဖျော်ရည်အေးအေးလေးတွေ ခွက်နဲ့ခပ်ပြီး ဂလုလိုက်၊ ဟ! ဆိုပြီးး ကင်ပြီးသားအသားတုံးလေးတွေကို ခက်ရင်းနဲ့ထိုး အချဉ်ရည်စိမ်တို့ပြီး ကျနော့်ချစ်သူငယ်ချင်းလေးက လာလာခွံ့ကျွေးတာကို အာဝု! ဆိုပြီး လှမ်းကိုက်ဆွဲလိုက်နဲ့ ဘယ်လောက်ဇိမ်ကျတဲ့ ညနေခင်းလေးလဲပေါ့။ စကားတွေဖောင်ဖွဲ့နေတဲ့ ကျနော့်သူငယ်ချင်းမလေးရယ်၊ ကျနော်တို့ဘေးမှာ တတောက်တောက်နဲ့ ပြေးလွှားဆော့ကစားနေတဲ့ သမီးလေးရယ်နဲ့ ရောင်စုံမီးပုံးကလေးတွေအောက်က ပျော်စရာ ဘာဘီကယူးပါတီပေါ့ဗျာ။

နည်းနည်းမိုးချုပ်သွားတဲ့အခါ ဆော့ကစားရတာမောသွားတဲ့ သမီးလေးကို ဒေါ်ကြီးလက်ထဲထည့်ပြီး အိပ်ယာထဲပို့ သိပ်ခိုင်းလိုက်ပြီး၊ ဗိုက်တင်းစပြုလာတဲ့ ကျနော်တို့နှစ်ယောက် အစားစားတာရပ်၊ ကော့တေးလ်က ဗိုက်အင့်တယ်ကွာဆိုပြီး ဝီစကီကို ဆော်ဒါနည်းနည်းရော ရေခဲစိမ်ပြီး တစိမ့်စိမ့်မြုံ့ရင်း ရောက်တတ်ရာရာတွေ လျှောက်ပြောကြတော့တာပဲ။ ညဉ့်နက်သွားတော့မှ ကိုင်း! အိပ်ဖို့သင့်ပြီဆိုပြီး နှစ်ကောင်သား ယိုင်တိုင်တိုင်နဲ့ထ၊ ပစ္စည်းပစ္စယတွေ မသိမ်းနိုင်တော့ဘူး။ ဒီအတိုင်းပစ်ထားခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်တွဲရင်း အိမ်ထဲဝင်ရတော့တာဗျ။ ပြန်လို့လည်း မဖြစ်တော့ဘူး။ လူလည်း အတော်ကွဲနေပြီ ဆိုတော့ကာ သူ့အိမ်က အခန်းလွှတ်တစ်ခုထဲ ဝင်ထိုးအိပ်လိုက်တော့တာပါပဲ။

နောက်တနေ့မနက် အိပ်ယာစောစောနိုးလာတော့မှ မနေ့ညက ဖွထားခဲ့တဲ့ ခြံထဲကဟာတွေ ဆင်းပြီးသိမ်းရတော့တာပေါ့။ ကျနော် သိမ်းဆည်းလှဲကျင်းပြီးလို့ အိမ်ထဲပြန်ဝင်လာ ရေမိုးချိုး ကိုယ်လက်သုတ်သင်ပြီးတဲ့အချိန်ဆို ကျနော့်သူငယ်ချင်းမလေးရဲ့ လက်ရာ မြီးရှည်မွှေးတေးတေးက မီးဖိုထဲမှာ ရယ်ဒီဖြစ်နေပြီ ဗျ။ ဒီကောင်က ဟင်းချက် ထမင်းချက်လည်း ကောင်းကောင်းကျွမ်းကျင်တာကိုး။ သူပြင်ထားပေးတဲ့ မြီးရှည်ကို တရွှတ်ရွှတ်စားနေတဲ့ ကျနော့်ကို စိုက်ကြည့်ရင်း …

“ငါ မနေ့ညက အင်မတန် စိတ်ချမ်းသာတယ် သိလား”

လို့ ပြောလာတယ်။ ကျနော်ကလည်း

“အေး! ငါလည်းတူတူပဲဟ”

လို့ပြုံးစိစိနဲ့ ပြန်ပြောတတ်တယ်။ အဲ့လိုပိတ်ရက်မျိုး တနေကုန် သူချက်ကျွေးသမျှလေး ဝါးလိုက်၊ ဧည့်ခန်းထဲမှာ နှစ်ကောင်သား စာအုပ်ကိုယ်စီနဲ့ ငြိမ့်လိုက် တော်တော်ဇိမ်ကျတယ်ဗျ။ ညနေစောင်းဖက်ရောက်လာရင် သမီးလေးနဲ့ ဒေါ်ကြီးကိုပါခေါ်ပြီး ဘုရားလေးဘာလေးသွား၊ ကားလျှောက်မောင်း၊ သွားရည်စာလေးဘာလေး လျှောက်စားပေါ့ဗျာ။ ဒီလိုပဲနေလာလိုက်တာ ခြေလွန်လက်လွန်ဖြစ်တဲ့နေ့ကို ရောက်လာပါလေရော ဆိုပါတော့။

ခုနကပြောသလို ပိတ်ရက်တစ်ခု နေ့လည်ခင်းဖက် အိမ်မှာ ဇိမ်နဲ့နှပ်နေကြရင်း မိုးဦးကျဆိုတော့ မိုးတွေ တဂျိမ်းဂျိမ်း ရွာချလာပါလေရော။ ရာသီဥတုက အေးစိမ့်စိမ့်လေး ဖြစ်လာတယ်။ ဒေါ်ကြီးနဲ့ သမီးလေးက နေ့လည်စာ စားသောက်ပြီးတော့ အခန်းထဲဝင်ပြီး အိပ်သွားကြတယ်။ ကျနော်က နေ့လည်စာ စားထားတာများတော့ ဗိုက်အင့်အင့်နဲ့ ဧည့်ခန်းထဲက ပက်လက်ကုလားထိုင်မှာ မဂ္ဂဇင်းတစ်အုပ်နဲ့နှပ်ရင်း ငိုက်လာရော။ “မေ” က သူ့ဖာသာ အလုပ်ရှုပ်နေရင်း ဟိုကောင်! ငိုက်နေရင် အခန်းထဲဝင်အိပ်ဆိုပြီး ပြောလာလို့ .. အေးကွာ မိုးအေးအေးနဲ့ နှပ်လိုက်ဦးမယ်ဆိုပြီး ကျနော် အိပ်နေကြအခန်းထဲဝင် စောင်အပါးလေးတစ်ထည်ခြုံရင်း နှပ်နေလိုက်တယ်။ မှေးကနဲဖြစ်စအပြုမှာ ကျနော့်ကုတင်ပေါ် တင်ပါးလွှဲ လူတစ်ယောက် တက်ထိုင်လိုက်တာ ရိပ်ကနဲ မြင်လိုက်ရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ သူဖြစ်နေတယ်။

“ဘာလဲဟ”

လို့ မေးလိုက်တော့

“ဘာမှမဟုတ်ဘူး.. နင်စောင်မခြုံပဲ အိပ်နေသလား လာကြည့်တာ.. ငါလည်း ငိုက်သလိုလို ဖြစ်လာတယ်.. ဟိုဖက်ကို တိုးစမ်း”

ဆိုပြီး ကျနော့်ဘေးမှာ လာဝင်လှဲအိပ်ချလိုက်တယ်။ ဒီအထိလည်း ဘာမှမထူးဆန်းသေးဘူးဗျ။ ကျနော်ပြောခဲ့ဖူးသလိုပဲ ဟိုးအရင်ကတည်းက ကျနော်နဲ့ အဲ့ဒီသူငယ်ချင်းမတွေ အခုလိုမိုးအေးအေးဆို စောင်တူတူခြုံပြီး အိပ်ဖူးခဲ့တာဆိုတော့ ကျနော့်ဘေးမှာ လာလှဲအိပ်လိုက်တာကို ဆန်းတယ်လို့လည်း မထင်မိဘူး။ နံရံဖက်ကို ကပ်ပေးလိုက်တာပဲ မှတ်မိတယ်။ ကျနော် အိပ်ပျော်သွားတယ်။

၁ နာရီခွဲလောက် ကြာသွားမယ်ထင်တယ်။ တမှေးကောင်းကောင်း မှေးလိုက်ရလို့ ကျနော် လန်းလန်းဆန်းဆန်း ပြန်နိုးလာတယ်။ နိုးနိုးလာချင်း သတိထားမိတာက သူကျနော့်ကို ကျောပေးပြီး အိပ်နေတာကို အနောက်ကနေ သိုင်းဖက်ထားမိတာဗျ။ ပိုဆိုးတာက သူ့ဖင်တုံးကြီးကို ကျနော့်ဟာနဲ့ ထောက်ထားမိတာ။ အိပ်ယာကနိုးစဆိုတော့ လိင်စိတ်ကြောင့်မဟုတ်ပဲ သေးပေါက်ချင်သလိုဖြစ်ပြီး အဲ့ဒီဟာက တောင်နေတယ်။ ဝတ်ထားမိတာကလည်း ပုဆိုး၊ အောက်ခံဘောင်းဘီကလည်း မပါဘူး။ မတော်မနန်း အခြေအနေကြီး ဖြစ်တာပေါ့။ ဟိုက်! မဖြစ်သေးပါဘူးဆိုပြီး သိုင်းဖက်ထားမိတဲ့ လက်ကို အသာလေးရုတ်၊ အောက်က ထောက်မိနေတာကို အသာလေးခွါ၊ သူ့ကိုကျော်ခွပြီး ကုတင်အောက်ကို ဆင်းလိုက်တယ်။ အခန်းပြင်ထွက်ပြီး အိမ်သာဖက်ကို လစ်လာခဲ့တယ်။ ရှူးပေါက်လိုက်တော့မှ ဟိုကောင်က ပြန်ပျော့သွားတော့တယ်။

မိုးကလည်း တဝုန်းဝုန်းနဲ့ ရွာချနေတုန်း ရာသီဥတုကလည်း ပိုတောင်အေးစပြုလာတယ်။ ဧည့်ခန်းထဲက ပက်လက်ကုလားထိုင်ပေါ် ထိုင်ချလိုက်ရင်း ဖတ်လက်စ မဂ္ဂဇင်းကို ပြန်ဖတ်နေမိသေးတယ်။ ပြီးမှ ဟိုကောင်မလေး အိပ်နေတာ စောင်လေးမခြုံထားဘူး အေးနေတော့မယ် စောင်ခြုံပေးလိုက်ဦးမှဆိုပြီး အခန်းထဲ ပြန်ဝင်သွားလိုက်မိတယ်။ အခန်းထဲရောက်တော့ မှန်ပြူတင်းပေါက်က မှုန်မှိုင်းမှိုင်းအလင်းရောင်နဲ့ အိပ်ပျော်နေတဲ့ သူ့မျက်နှာဝိုင်းစက်စက်လေးကို တစ်ချက်ငေးရင်း ကလေးလေးနဲ့တောင် တူသေးတယ်လို့ တွေးရင်း စောင်ကိုခြုံပေးဖို့ အိပ်နေတဲ့ သူ့ကိုယ်လုံးလေးပါ်ကနေ ကိုင်းမိုးရင်း လှမ်းယူလိုက်တဲ့အချိန်.. အင်းး ဆိုပြီ သူနိုးလာရော။ စောင်ကိုဆွဲယူပြီး ခြုံပေးဖို့ပြင်နေတဲ့ ခပ်ကိုင်းကိုင်းဖြစ်နေတဲ့ ကျနော့်ကို သိုင်းဖက်လာရင်း

“ချမ်းတယ်ကွာ! ဘယ်ရောက်သွားတာလဲ.. ချမ်းတယ် ငါ့ကိုဖက်ထားပေး”

ဆိုပြီး ချွဲလာတော့ အလိုက်သင့် ကျနော်ပါ မျက်နှာချင်းဆိုင် ကုတင်ပေါ်လှဲအိပ်ရင်း ဖက်ထားပေးလိုက်ရတယ်။ စောင်ကိုဆွဲယူပြီး နှစ်ယောက်လုံး ကိုယ်ပေါ် ခြုံထားလိုက်တယ်။ ကျနော့်ရင်ခွင်ထဲ အတင်းခေါင်းထိုးထားရင်း ကိုယ်လုံးလေးကို ကျုံ့ပြီးဝင်လာတာကို တင်းတင်းဖက်ပြီး ငြိမ်နေရင်းက ငုံ့ကြည့်လိုက်တော့ သူဆက်မအိပ်ပဲ ကျနော့်ကို ရီဝေဝေလေး မော့ကြည့်နေတာကို တွေ့လိုက်ရတယ်။ အိပ်ချင်မူးတူး ကပိုကရိုမျက်နှာလေးက ဆံနွယ်ရှုပ်ပွပွလေးတွေကြားထဲမှာ ချောချောလေးရယ်ဗျ။ ကျနော်လည်း ဘာရယ်မဟုတ် သူ့ကို ငေးနေမိတာပေါ့။ ကျနော့်ကို ငေးကြည့်နေတဲ့ သူ့မျက်လုံးဝိုင်းစက်စက်ကလေးကို နှုတ်ခမ်းနဲ့ ဖိကပ်ပြီး နမ်းပေးလိုက်မိတယ်။ မျက်လုံးလေးမှိတ်ပြီး ငြိမ်ခံနေရှာတယ်။ မျက်နှာချင်းအပ်လိုက်မိတော့.. သူ့ဆံနွယ်တွေဆီက အနံ့ယဉ်ယဉ်လေးတွေ ရလာတယ်ဗျာ။ မွှေးတေးတေး ချိုအီအီလေး။ တချို့မိန်းမတွေမှာရှိတတ်တဲ့ ဘာမှန်းမသိတဲ့ အနံ့မျိုးဗျာ။ ရှန်ပူနံ့၊ ရေမွှေးနံ့ အဲ့ဒီလိုမျိုး အနံ့တွေလည်း မဟုတ်ဘူးရယ်။

ကျနော့်ကိုကျနော် ဘာလုပ်နေမိမှန်းမသိခင်မှာကို နဖူးပြောင်တင်းတင်းလေး (ဆံနွယ်တွေပေါက်နေတဲ့ နေရာအစပ်နားမယ် အစိမ်းရောင်စစလေးတွေ ဖြစ်နေသေးတယ်) ကို နှုတ်ခမ်းနဲ့ လျှောက်ပွတ်နေမိတယ်။ ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို နှာခေါင်းနဲ့တေ့ပြီး လျှောက်လှိမ့်ပေးနေမိတယ်။ ရင်ဘတ်ထဲမှာ လှိုက်ဖိုနေတဲ့ ခံစားချက်က ဟိုးအမြင့်ကြီးကနေ ပြုတ်ကျလာသလိုတွေဖြစ်ပြီး ကျနော့်တကိုယ်လုံး တုန်ခါသလိုတောင် ဖြစ်လာတယ်။ မျက်နှာချင်းအပ်ပြီး ပွတ်နေကြသလို ဖြစ်နေရာက ရုတ်တရက်ခွာပြီး သေချာကြည့်လိုက်တော့ နှုတ်ခမ်းရဲရဲလေးက တဆတ်ဆတ်တုန်နေတာကို ဖုံးကွယ်ထားဟန်နဲ့ အောက်နှုတ်ခမ်းကို သွားချွန်ချွန်လေးတွေနဲ့ ဖိကိုက်ထားတာ တွေ့လိုက်ရတယ်။ ဘာစကားမှမဆိုပဲ အဲ့ဒီချစ်စရာနှုတ်ခမ်း အိအိရဲရဲလေးကို ကျနော် ငုံလိုက်မိတယ်။ ကျနော့်ရင်ခွင်ထဲရောက်နေတဲ့ ကိုယ်လုံးလေး တွန့်ကနဲဖြစ်သွားသလို ခံစားလိုက်ရတဲ့အပြင် ကျနော့်ကျောပြင်ကို ခပ်တင်းတင်း သိုင်းဖက်လာတယ်။ တစ်ယောက်ရဲ့နှုတ်ခမ်းကို တစ်ယောက်က ငုံပြီးစုပ်နိုင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေသလိုမျိုး ကျနော်ကငုံပြီး စုပ်လိုက်၊ သူက ခေါင်းကိုစောင်းငဲ့ရင်း ကျနော့်နှုတ်ခမ်းကို ပြန်ငုံပြီးစုပ်လိုက် အဲ့လို အပြန်အလှန်တွေ လုပ်နေကြရင်း အသက်ရှူသံတွေ ပြင်းလာတဲ့အပြင် စောင်ခြုံထဲက နှစ်ယောက်စလုံးရဲ့ လက်တွေကလည်း အင်္ကျီတွေအောက်ကိုလျှိုပြီး ကျောပြင်တွေကို ပွတ်သပ်မိကုန်တယ်ဗျာ။ တစ်ယောက်နဲ့တစ်ယောက် အဲ့လို နင့်နင့်သည်းသည်းကြီး နမ်းနေရာက သူက သတိဝင်လာဟန်နဲ့ ကျနော့်ကို အသာလေးတွန်းဖယ်လိုက်တယ်။

“ဘာ.. ဘာတွေဖြစ်ကုန်တာလဲဟာ..”

အဖျားခတ်နေတဲ့ အသံတုန်တုန်လေးနဲ့ ကျနော့်ရင်ခွင်ထဲကို မျက်နှာအပ်ထားရင်း တိုးတိုးလေး ရေရွတ်နေတယ်။ ကျနော့်ကို အတင်းဖက်ထားတာကိုတော့ မလွှတ်ဘူး။ ချမ်းလွန်းလို့လား ဒိန်းဒလိန်းနတ်ပူးသလို ဖြစ်နေလို့လားမသိဘူး။ ကျနော့်ရင်ခွင်ထဲက သူ့ကိုယ်လုံး အိထွေးထွေးလေးခင်မျာ ဆတ်ဆတ်တုန်နေရှာတာဗျ။ ကျနော် သူ့ကျောပြင်ချောအိအိလေးကို အင်္ကျီအောက်က လျှိုပြီး ပွတ်သပ်ပေးနေရင်းက သူ့နဖူးလေးကို မေးစိနဲ့ဖိပြီး ပွတ်ပေးနေမိတယ်။ အဲ့ဒီအခြေနေမှာ စိတ်ထဲ တစ်ခုတွေးလိုက်မိတယ်ဗျ။ ဟောဗျာ! ဖတ်နေရင်း ဖီးလ်တက်သလိုဖြစ်လာကာမှ မဟုတ်တရုတ်တွေ လျှောက်ပြောတော့မယ်လို့ မထင်ပါနဲ့ဗျာ။ ကျနော့်စိတ်ထဲ အဲ့ဒီအချိန်က တွေးမိသွားတာလေး အမှန်အတိုင်း ပြောပြချင်တာပါ။ တကယ်ပြောတာပါ ကျနော် အဲ့လိုကြီး တွေးမိတာဗျ။

သြော်! ငါ့သူငယ်ချင်းမလေးလည်း ငတ်နေရှာမှာပေါ့… ဆူဆူဖြိုးဖြိုး ကိုယ်လုံးလေးနဲ့ လှတပတလေး.. သန်တုန်းမြန်တုန်းအရွယ်.. ယောကျ်ားနဲ့ မတွေ့တာလည်း နှစ်ပေါင်းများစွာ ဖြစ်နေရှာပြီ သနားပါတယ်ဆိုတဲ့ စိတ်ဗျ။ (နင်သနားတာ ငါသိတယ်လို့ ဝင်မဖောက်ကြနဲ့နော် ဟီးဟီး) တကယ်ပြောတာ။ ကျနော် ဘာလုပ်ပစ်ချင်တဲ့စိတ် မရှိဘူးရယ်။ သူ့ကို ကျေနပ်သွားစေချင်တဲ့စိတ်ကလေးပဲ ဖြစ်လာတာ။ သင့်တော်၏ မသင့်တော်၏တော့ မတွေးမိတော့ဘူးဗျာ။ မကောင်းတာတော့ မကောင်းဘူး။ ဒါပေမယ့် အဲ့ဒီဟာကို သေချာမစဉ်းစားမိတော့ဘူး။

“ဟာ.. ဟာ..”

တဟာဟာနဲ့ အဲ့လိုအော်သံလေးတွေပဲ ဆက်တိုက်ထွက်လာတယ်။ ရင်ခွင်ထဲကသူ့ကို ဆွဲခွာလိုက်ပြီး လည်တိုင်ဖော့ဖော့လေးတစ်လျှောက် တပြွတ်ပြွတ်နဲ့ လျှောက်နမ်းပစ်လိုက်တာဗျ။ သူ ကျနော့်ခေါင်းက ဆံပင်တွေကို အတင်းဆုပ်ကိုင်လာတယ်။ မိန်းကလေးတော်တော်များများ လည်တိုင်၊ ဂုတ်ပိုးနဲ့ ရင်ညွှန့်တွေကို အနမ်းခံရရင် ချားရဟတ်စီးရသလို ဖြစ်တယ်လို့ (ကျနော့်အတွေ့အကြုံအရ အဟိ) သိထားတာကိုး။ အဲ့လိုလျှောက်လုပ်ပေးနေရင်း နည်းနည်းလေးကြာလာတော့ အောက်ကို လျှောလျှောဆင်းလာမိတယ်။ စောင်ကိုဆွဲဖယ်ပြီး ရင်ညွှန့်အပေါ်ပိုင်းတဝိုက်ကို လျှာအဖျားလေးတွေနဲ့ တရုတ်စာရေးသလို လျှောက်ကစားနေလိုက်သေးတယ်။ နို့နှစ်လုံးကြားက အမြောင်းလေးကို မြင်ရတယ်ဆိုရုံလေးကိုး၊ သူဝတ်ထားတာက စွပ်ကျယ်လက်စက အဖြူလေးဗျ။ အထဲမှာ ဘော်လီအင်္ကျီလိုလို၊ ရှင်မီးအင်္ကျီလိုလိုဟာ တစ်ထပ်ပါသေးတယ်။ တော်တော်ကြာတဲ့အထိ အဲ့ဒီမပေါ့်တစ်ပေါ်နေရာလေးတွေမှာ လျှာကစားနေရင်းက စွပ်ကျယ်ကြပ်ကြပ်လေးကို လှန်တင်ဖို့လုပ်တယ်။ စွပ်ကျယ်က လှန်လို့ရပေမယ့် အဲ့ဒီအောက်က အတွင်းခံက ကြပ်ကြပ်ကြီး လှန်လို့ကိုမရတာ ဆရာ။ ဘရာလိုလည်း မဟုတ်ဘူးရယ်။ တအားကြီးကို ကြပ်နေတာ။ ဘာလုပ်ရမှန်းလည်း မသိတော့ဘူး။ အဲ့မှာ မျက်လုံးမှိတ်ပြီး ငြိမ်နေတဲ့ သူက မျက်လုံးဖွင့်ကြည့်ပြီး အရှက်သည်းနေတဲ့ ဟန်လေးနဲ့ ….

“ဘာ….ဘာလုပ်ဦးမလို့လဲဟာ.. ငါတော့ ရှက်လွန်းလို့ သေချင်နေပြီ.. တော်တော့နော်.. လက်လွန်ခြေလွန်တွေ ဖြစ်ကုန်တော့မယ်”

“ငါနင့်ကို နမ်းပဲနမ်းမှာပါ “မေလေး” ရ … ဒါကြီးက ဘယ်လိုချွတ်ရတာလဲ..”

“အာကွာာာ … ကျွတ်!”

အဲ့လို ညည်းညည်းညူညူလေးနဲ့ ဘေးတိုက်အိပ်နေရာက ထထိုင်လိုက်ရင်း လက်ကိုနောက်ပစ် တဖောက်ဖောက်နဲ့ ချိတ်တွေကိုဖြုတ်ပြီး ချွတ်ပစ်လိုက်တယ်။ စွပ်ကျယ်လေးကိုပါ ခေါင်းပေါ်ကနေကျော်ပြီး ချွတ်ချပစ်လိုက်တော့ အပေါ်ပိုင်းဗလာအတိ ဖြစ်သွားတယ်။ အဲ့ဒီတော့မှ သိတာဗျ။ နဂိုက အသားအရည်က အဝါရောင်လဲ့လဲ့လေးဆိုတော့ ဝါဝင်းဝင်း ချိုဗူးကြီးနှစ်လုံးက ဘွားကနဲပေါ်လာတာ လှလွန်းလို့ ကျနော် လှဲနေရာကနေ အံ့သြမှင်တက်ပြီး ငေးနေမိသေးတယ်။ ကိုယ့်သူငယ်ချင်းမလေးပါဆိုပြီး အရင်က သိပ်သတိမထားမိလိုက်တာလားပေါ့။ သူ အဲ့ဒီလောက်ထွားမှန်း မသိဘူးရယ်။ (အမှန်က အပြင်ထွက်ရင် လူတွေအာရုံစိုက်တာ ခံရလွန်းလို့ ရှက်လို့ဆိုပြီး ရင်စည်းလိုမျိုး အဲ့လိုဟာ ခပ်ကြပ်ကြပ်တွေ ဝတ်ထားလို့တဲ့ နောက်မှ သူပြန်ပြောပြတယ်)

ကျနော်ငေးနေတာကို ရှက်လွန်းလို့ထင်တယ်ဗျ။ ကျောလယ်လောက်ရှိတဲ့ ဆံပင်အရှည်တွေကို ရင်ဘတ်အရှေ့ဖက်ကို ဆွဲယူပြီးး သူ့ချိုဗူးနှစ်လုံးကို ဆံပင်တွေနဲ့ ဖုံးထားလိုက်ရင်း အောက်နှုတ်ခမ်းကို ကိုက်ထားတယ်။ အဲ့လို ရှက်ဝဲ၀ဲဟန်လေးကကို ချစ်စရာလေးဗျာ။ ဆံပင်တွေဖုံးထားတာကို အသာလေးဆွဲဖယ်ပြီး တုန်နေတဲ့ လက်ချောင်းတွေနဲ့ အသာလေးအုပ်ကိုင်ကြည့်တယ်။ စေးပိုင်ပိုင်လေး။ လက်ဖဝါးနှစ်ဖက်နဲ့ စုံပင့်ပြီး မကြည့်တယ်။ နည်းတာကြီးတွေလားဗျာ။ သွေးကြောအစိမ်းလေးတွေ ယှက်လို့။

“ဟေ့! တော်ပြီကွာ.. အာ့”

အနုလုံ ပဋိလုံ လေ့လာနေတဲ့ ကျနော့်ကို အရှက်သည်းဟန်နဲ့ ပြောလာတာမှ မဆုံးသေးဘူး ကျနော် အတင်းဖက်ပြီး အိပ်ယာပေါ် ဆွဲလှဲချလိုက်တာပါလာတယ်။ အကြမ်းပတမ်းကြီးမဟုတ်ပဲ လက်ချောင်းတွေနဲ့ ဆုပ်ကိုင်ကစားရင်း နို့သီးခေါင်းတွေကို လျှာနဲ့လျှောက်လှိမ့်ပေးနေလိုက်၊ တပြွတ်ပြွတ်နဲ့ လျှောက်စို့လိုက်.. အဲ့လိုတွေ လျှောက်လုပ်ပစ်နေမိတော့တာပေါ့။ အရမ်းလှတဲ့ နို့ကြီးနှစ်လုံးကို အားရပါးရ ဆော့ကစား၊ စို့ပြီးတော့မှ အောက်ဖက်ကို ဖြေးဖြေးချင်းနမ်းရင်း ဆင်းလာခဲ့တယ်။ ခါးကျင်ကျင်လေးမှာ တင်းတင်းစည်းထားတဲ့ ထမီလေးကို ဖြေလျှော့လိုက်တော့ ဟဲ့! ဆိုတဲ့ မာန်မဲသံလေး ကြားလိုက်ရတယ်။ မောဟိုက်နေတဲ့ အသံလေးနဲ့ အသက်ကိုပြင်းပြင်းရှူနေရင်း မလုပ်ရဘူးဆိုတဲ့ဟန်နဲ့ ခေါင်းခါပြနေတယ်။

“လုံးဝမထိဘူး! ပေါင်တံလေးတွေနမ်းမလို့ .. ဟုတ်ပြီလား”

လို့ ခပ်တည်တည်ပြန်ပြောရင်း (မာယာများချက်ပြောပါတယ် ဟီဟိ) ထမီကို ချွတ်ချပစ်လိုက်တယ်။ ဂွင်းလုံးကို ကျွတ်ကရော။ ပေါင်တံလေးတွေကို လျှောက်နမ်းလိုက်၊ လျှာလေးတွေနဲ့ လျှောက်လိုက်လုပ်နေလိုက်တော့ စိတ်ချသွားဟန်နဲ့ ခေါင်းထောင်ကြည့်နေရာက ပြန်လှဲအိပ်သွားတယ်။ အဲ့ဒီမှာ ဇာတ်လမ်းစတော့တာ..။ ဒီဖက်ပေါင်ကို နမ်းနေရာက လျှာကြီးတရမ်းရမ်းနဲ့ ဟိုဖက်ပေါင်ကို မျက်နှာသွားအပ်ဖို့အကူးမှာ ထုတ်ထားတဲ့ လျှာကြီးက မတော်တဆလိုလို ပေါင်နှစ်ချောင်း အလယ်တည့်တည့်က ဖုတ်ဖုတ်ကို ခရီးသွားဟန်လွှဲ ပလပ်ကနဲ ပွတ်တိုက်သွားတယ်။

ဟဲ့! ဆိုပြီး ခေါင်းထောင်ကြည့်လာရင်း … ဒီဖက်ပေါင်ပေါ် မျက်နှာအပ်ထားလျက်ကနေ ဆောရီး! မတော်တဆသွားထိမိတာ ဘာမှမဖြစ်ဘူး ငြိမ်ငြိမ်နေစမ်းပါ လို့ ပြန်ဖြေလိုက်တယ်။ ဟင်းး! ဆိုပြီး သက်ပြင်းချသံနဲ့ ပြန်လှဲအိပ်သွားရင် ဒီဖက်ပေါင်ကို ပြန်ပြောင်းရင်း လျှာက မတော်တဆ သွားထိပြန်တယ်။ (ဉာဏ်များချက်ပြောပါတယ် ဟီး)

ဟိုဖက်ဒီဖက်ပြောင်းတာ အခေါက်ရေစိပ်လာရင်း သတိဝင်လာတဲ့အချိန်မှာ သူ့အဖုတ်ကို ကျနော် အပိုင်စီးထားမိပြီဗျ (ပါးစပ်နဲ့ ပြောပါတယ်) သူလည်း ထွန့်ထွန့်လူး၊ ကျနော်လည်း အသားကုန်လျက်ပေးနေမိပြီ။ အရည်တွေကို ရွှဲရွှဲစိုနေတာပဲ အဟီး။ တင်ပါးနဲ့ကုတင် မထိတော့ဘူး။ ကော့ကော့တက်ပြီး လေထဲမှာ မြှောက်နေတာဗျာ။ နှစ်ခေါက်လောက် မြှောက်တက်ပြီး ပြုတ်ပြုတ်ကျသွားတယ်။ ကိုယ်လုံးလေးကလည်း တွန့်လိမ်ပြီး တဆတ်ဆတ် ခါနေတယ်။ ကျနော်လည်း ဂျာရတာ တော်တော်မောသွားပြီ။ ဒါပေမယ့် သူကျေနပ်သွားအောင် ဆက်လုပ်ပေးတဲ့အနေနဲ့ အဖုတ်ထဲ လက်နှိုက်လိုက်မိတယ်။ အဖုတ်ထဲ လက်ခလယ် အသွင်းအထုတ်လေးလုပ်နေရင်း၊ လျှာက အစိကို ဝိုင်းပေးနေမိတယ်။ သိပ်မကြာလိုက်ဘူး အဖုတ်အသွင်းသားနံရံတွေက ကျနော့်လက်ချောင်းကို အတင်းဆုပ်ပြီး ရှုံ့ပွပွလုပ်ရင်း၊ သူ့ပါးစပ်က အင်းးးး ဆိုတဲ့ အသံရှည်ဆွဲပြီး အော်ရင်း အဆုံးထိရောက်သွားရှာတယ်။

အဲ့ဒီတော့မှ ကျနော်ရပ်လိုက်ပြီး သူ့ကို စောင်လေးပြန်ခြုံထားပေးလိုက်တယ်။ အခန်းပြင်ထွက် ရေချိုးခန်းထဲသွား ပလုတ်ကျင်း လက်ဆေး မျက်နှာသစ်ပေါ့။ အားလုံးပြီးစီးသွားတော့ အခန်းထဲပြန်မဝင်တော့ပဲ ဧည့်ခန်းထဲမှာ ထိုင်ရင်း စီးကရက်တစ်လိပ် ဖွာနေမိတယ်။ ငါတော့ သောက်တလွှဲတွေ လျှောက်လုပ်လိုက်မိပြီထင်တယ် ဆိုတဲ့ စိတ်က ဝင်ချင်သလိုလို ဖြစ်လာတယ်။ ခြေလွန်လက်လွန်တော့ မဖြစ်ဘူးထင်တာပဲ။ အင်း ဖြစ်တော့ဖြစ်တယ်ထင်တယ်။ ကိုယ့်သူငယ်ချင်းကို ဘာသွားလုပ်မိလိုက်ပြီလဲပေါ့။ အဲ့ဒီအချိန်မှာပဲ အခန်းတံခါးဝကနေ ကျနော့်ကို လှမ်းကြည့်နေတဲ့ မေ့ကို တွေ့လိုက်ရတယ်။ တစ်ဝက်တပျက်ဖွင့်ထားတဲ့ တံခါးဝကနေ လက်ယပ်ပြီး လှမ်းခေါ်နေတာ။ မျက်နှာကလည်း တစ်မျိုးပဲ။ ငါ့ကိုတော့ ပါးချတော့မလားဆိုတဲ့စိတ်နဲ့ ထပြီး သူ့အနားကပ်သွားတော့ အခန်းထဲဆွဲသွင်းတာ ခံလိုက်ရတယ်။

“နင်လုပ်ချင်တာလုပ်ပြီး ထားသွားလို့ရမလား ငါလည်း လုပ်မယ်”

“အာ.. လျှောက်မလုပ်ပါနဲ့ မေရာ.. တော်ပြီ..”

“စကားမရှည်နဲ့ ငြိမ်ငြိမ်နေစမ်း.. ကျွတ်!”

“ဟာ.. မေလေး..”

အပေါ်က စာကြောင်း ၄ ကြောင်း (စကားအပြန်အလှန်ပြောခန်း) အဲ့ဒါ ကျနော်တို့နှစ်ယောက် ပါးစပ်ကနေ အပြန်အလှန်ပြောနေကြတာ မဟုတ်ဘူးရယ်။ ဟမ်! ပါးစပ်ကမပြော ဖင်ကပြောတာလားလို့ မေးချင်လာသလား ဟီးဟီး။ အမူအရာတွေနဲ့ ပြောနေကြတာဗျ။ ကိုင်း! ယုံချင်ယုံ မယုံချင်နေဗျာ။ ရုန်းရင်းဆန်ခတ် ဖြစ်နေကြတာ။ ကျနော်က ရုန်းနေတာ၊ သူက ဆွဲနေနေတာ ဟီဟိ။ ကျနော့်ကို အခန်းထဲဆွဲသွင်းပြီးတာနဲ့ တံခါးကို ချက်ချင်းပြန်ပိတ်၊ ကျောနဲ့ဖိကပ်ထားလျက်ကနေ ဦးကျောက်လုံးက တင်တင်မူကို မုဒိန်းကျင့်ခါနီး အပြုံးမျိုးနဲ့ ပြုံးပြလာတာ (ပြောင်းပြန်တွေတော့ ဖြစ်ကုန်ပြီထင်တယ်၊ မယုံရင် ပုံပြင်သာမှတ်ကြပေတော့) ကျနော့်မှာ ယောကျာ်းသား အားနွဲ့သူပါရှင် ဆိုတဲ့ မျက်နှာငယ်လေးနဲ့ ကြောက်အားပိုနေတဲ့ဟန်နဲ့ ခင်ဗျားတို့ညီလေး မောင်ချမ်းကိုရဲ့ ဟန်ပန်ကလေးကို မျက်စိထဲမြင်ကြလား မသိဘူး ဟီဟိ။

မျက်မှောင်လေးကျုံ့ပြီး မေးဆတ်ပြလာတယ်။ ကျနော်က မျက်လွှာလေးချရင်း ခေါင်းခါပြလိုက်တယ်။ နှာခေါင်းရှုံ့ပြရင်း သူလည်း ခေါင်းခါပြလာတယ်။ ဆက်တိုက်ဆိုသလိုပဲ ခေါင်းငြိမ့်ပြတယ် (လာစမ်းဆိုတဲ့ မျက်နှာအမူအရာနဲ့) ကျနော်က သက်ပြင်းချပြီး စိတ်မသက်မသာဟန်နဲ့ ခေါင်းထပ်ခါပြတယ်။ အဲ့ဒီအမူအရာတွေကို ဘာသာပြန်လိုက်ရင် ခုနကပြောတဲ့ အပြန်အလှန် စကားပြောတဲ့ အဓိပ္ပါယ် ထွက်လာလိမ့်မယ်။ (သဘောပါသလား ပရိသတ်) မတုန်မလှုပ်ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီးရပ်နေတဲ့ ကျနော့်ကို အတင်းဆွဲဖက်လာတယ်။ သူ့ကိုယ်ပေါ် လွှားခြုံထားတဲ့ စောင်ပါးလေးကို လွှတ်ချလိုက်တော့ ခုနက ကျနော်ထားခဲ့တဲ့အတိုင်း ဖင်တုံးလုံးလေးပဲဆိုတာ အထိအတွေ့အရ သိလိုက်ရတယ်ဗျ။

အဲ့ဒီအချိန်မှာပဲ ဟိုဖက်အခန်းက ကလေးဂျီကျသံလေးနဲ့ ဒေါ်ကြီးက ချော့နေတဲ့အသံ ထွက်လာတယ်။ ပေါက်ကွဲခါနီး တင်းမာနေတဲ့ အခြေအနေ ရုတ်တရုတ် ပြောင်းလဲသွားပြီး ဝရုန်းသုံးကားတွေ ဖြစ်ကုန်ရော။ ကြမ်းပြင်ပေါ်ပုံကျနေတဲ့ စောင်ကလေးကို ကောက်ပြီး ပြန်ခြုံလိုက်ရင်း ကျနော့်ကို အပြင်မြန်မြန်ပြန်ထွက်ဆိုတဲ့ အမူအရာလေးပြလာရင်း ကုတင်ပေါ်က သူ့အဝတ်တွေကို ပြန်ဝတ်ဖို့ ကြိုးစားနေတယ်။ ကျနော်လည်း ထိတ်ကနဲဖြစ်သွားတဲ့ စိတ်နဲ့ အခန်းတံခါးကို မြန်မြန်ဆွဲဖွင့်ပြီး ဧည့်ခန်းထဲကို လစ်ထွက်လာခဲ့ပြီး ပက်လက်ကုလားထိုင်မှာ ထိုင်ချလိုက်ရင်း စာဖတ်ချင်ယောင်ဆောင်နေလိုက်မိတယ်။

ဘုရားဘုရား… ကံသီပေလို့တာပေါ့… ကလေးနဲ့ဒေါ်ကြီးနိုးလာလို့ .. မဟုတ်ရင် မောင်ချမ်းကိုလေးဘ၀ နစ်မွန်းခါနီးဖြစ်နေပြီ မဟုတ်လား ဟီဟိ။ ကျနော့်သူငယ်ချင်းပုံစံက အသေအုပ်တော့မယ်ပုံစံကိုးဗျ။

အချိန်ကိုက်ကလေးပဲ ဗျာ။ အိပ်ယာကနိုးလာလို့ တအီအီဖြစ်နေတဲ့ သမီးလေးကိုပွေ့ရင်း ဒေါ်ကြီးတစ်ယောက် အပြင်ထွက်လာတယ်။ ပေးဒေါ်ကြီး ကျနော်ချီမယ် ဆိုပြီ သမီးကိုလှမ်းယူလိုက်ရင်း.. သမီးလေးရေ! မညောင်ပါနဲ့အေ ဟော့ဒီမှာ လေးလေးရှိတယ်ဟေ့ ဘာညာဆိုပြီး မြှူနေလိုက်ရတယ်။ ခဏနေတော့ အိပ်ချင်မူးတူးလိုလို ဘာလိုလိုရုပ်နဲ့ ဟန်ဆောင်ပြီး မေတစ်ယောက် အခန်းပြင်ထွက်လာတယ်။ ကျနော်ကတော့ သူ့မျက်နှာကို လုံးဝမကြည့်ရဲတော့ဘူး။ ကလေးထိန်းရင်း မသိဟန်ဆောင်နေလိုက်တယ်။ သူနဲ့ဒေါ်ကြီး ညစာချက်ဖို့ မီးဖိုချောင်ထဲဝင်သွားမှ သက်ပြင်းခိုးချရတယ်ဗျာ။

ညစာ စားသောက်ပြီးတော့ မိုးလည်းတော်တော်စဲသွားတော့ကာ ကျနော်လည်း ရူးသလိုပေါသလိုနဲ့ အဝတ်အစားကောက်လဲပြီး ဆိုင်ကယ်သော့ကို ကောက်ကိုင်လိုက်တော့

“ဒါက ဘယ်လဲ”

ဆိုပြီး အမိန့်သံပါပါနဲ့ မေက ကျနော့်ကို လှမ်းမေးလာတာကို မျက်လုံးချင်းမဆုံမိအောင် ရှောင်ရင်း

“အိမ်ပြန်မလို့လေ.. နက်ဖန်မနက်မှ ပြန်လာခဲ့မယ်”

လို့ ပြောရင်း သူ ဘာမှစကားပြန်မပြောနိုင်သေးခင် လစ်ထွက်လာခဲ့တယ်။ ခြံဝင်းထဲကနေ လမ်းမပေါ်ကို ဆိုင်ကယ်နဲ့ မောင်းထွက်လာခဲ့ရင်း သက်ပြင်းရှည်ကြီး ဖူးးး ကနဲ ချလိုက်မိတယ်ဗျာ။

မနောက်ဘူးဗျာ။ အတည်ပြောတော့မယ်။ ကျနော် တော်တော်လန့်သွားတယ်ဗျ။ ကျနော့်ကိုကျနော်လည်း စိတ်ထဲမှာ အပြစ်တအားတင်နေမိပြီ။ ခင်ဗျားတို့ နားလည်ချင်မှ နားလည်လိမ့်မယ်။ ကျနော် လူကောင်းမဟုတ်ပါဘူးဗျာ။ ကမ္ဘာပေါ်က ဘယ်မိန်းမနဲ့မဆို လိင်ဆက်ဆံဖို့ အသင့်ပါပဲ။ ဒါပေမယ့် မေက ကျနော့်အချစ်ဆုံး သူငယ်ချင်းဗျ။ ရင်ထဲ အသည်းထဲက နင့်နေအောင်ကို ချစ်တာ။ အဲ့ဒီခံစားချက်က ဘာကိုမှယှဉ်လို့မရဘူး။ ရဲဘော်ရဲဖက် ဆိုးတူကောင်းတိုင်ပင်ဆိုသလို ဟိုးငယ်ငယ်ကတည်းက ချစ်လာရတာလေ။ အဲ့ဒါကြီးကို အခုလို သွားလုပ်လိုက်မိတာ ကျနော် အင်မတန်မှားသွားပြီ။ ကံကောင်းထောက်မလို့ ကျနော် ဟိုလိုကြီး မလုပ်လိုက်မိသေးတာ။ ဒါပေမယ့် ဘယ်လိုပြောရမလဲတောင် မသိတော့ပါဘူး။ ကျနော် အပြစ်ရှိသွားသလို ခံစားနေရပြီဗျ။ ယူကြုံးမရလည်း ဖြစ်နေတယ်။ အဲ့ဒါကြောင့် သူ့ကိုရှောင်တဲ့အနေနဲ့ လစ်လာတာ။ မျက်လုံးချင်းဆိုင်ရမှာကို လိပ်ပြာမလုံတော့တာ ဆရာတို့ရေ။ တခြားမကြည့်နဲ့ အားကိုးအားထား မရှိ၊ ကလေးလေးတစ်ယောက်နဲ့ ဘဝကို သူပဲ အိမ်ထောင်ဦးစီးလုပ်ပြီး ရပ်တည်နေရတဲ့ သူငယ်ချင်းမလေးကို သူများ စော်ကားမော်ကားလုပ်လာရင် ကာကွယ်ပေးရမယ့်ဥစ္စာ ကျနော်ကိုယ်တိုင်က အနိုင်အထက် လုပ်ပေးလိုက်မိပြီဆိုတဲ့ စိတ်ကြီးက ကြီးစိုးထားတာဗျ။ ခင်ဗျားတို့တော့ ကျနော့်ကို ဘယ်လိုမြင်မယ် မသိဘူး။ ကျနော်က တစ်မျိုးပါ။ ခေတ်စကားနဲ့ပြောရရင် ဂေါက်သီးပေါ့။

နောက်ထပ် ၃ ရက်တိတိ သူ့ဆီ လုံး၀မသွားဖြစ်တော့ဘူးဗျ။ ရှောင်ပုန်းနေမိတာပေါ့လေ။ ဘယ်မှလည်း မထွက်ဖြစ်ဘူး။ ကျနော့်ခြံထဲက ကုန်လှောင်ဂိုဒေါင်ကို ရှင်းရင်း အလုပ်ရှုပ်နေမိတယ်။ တမင်ကို အလုပ်မရှုပ်ရှုပ်အောင် လုပ်နေမိတာ။ မဟုတ်ရင် ဟိုနေ့က အဖြစ်အပျက် စိတ်ထဲရောက်ရောက်လာပြီး နေရခက်လွန်းလို့ပေါ့ ဆရာတို့ရယ်။ အဲ့လိုနဲ့ အဲ့ဒီ ၃ ရက်မြောက် ညနေပိုင်းမှာ ကျနော် အလုပ်လုပ်နေတာ နားလိုက်ပြီး ရေမိုးချိုးပြီးစ ရေသုတ်နေတုန်း ဖုန်းလာတယ်။ ကောက်ကိုင်လိုက်တော့ သူဖြစ်နေတယ်။

“ဟရောင်! နင်က ဘာသဘောလဲ”

“ဟဲဟဲ.. နေကောင်းလား မေလေး”

“ငါ့ကို ပြောင်ချော်ချော် လာလုပ်မနေနဲ့.. ငါစိတ်တအားတိုနေတယ်နော်.. နင်အခုဘယ်မှာလဲ”

“အိမ်မှာလေ.. အလုပ်များနေလို့ပါဆိုနေ”

“အေး.. ဒေါ်ကြီး တောက သူ့အမျိုးတွေဆီ ခဏပြန်ချင်တယ်ပြောလို့ ပြန်ခိုင်းလိုက်တယ်… အိမ်စောင့် ကလေးထိန်းဖို့ လူခွဲမရှိဘူး … နင်လာခဲ့…… …… …….
ငါပြောနေတာကြားလား ငသက်”

“အင်းးး”

“အင်းဆို အခုချက်ချင်းထွက်လာ”

“ငါ ညဖက်လောက် လာခဲ့မယ်လေ အခု.. ဟိုဥစ္စာ”

“ပွမ်!!!!!!! ပွမ်!!!!!!!!!!!! ကြားတယ်မလား ကားဟွန်းသံ.. ငါနဲ့သမီး အခု နင့်ခြံပေါက်ဝမှာ လာစောင့်နေတယ် အခုချက်ချင်းလာခဲ့ ဒါပဲ…”

သောက်ကျိုးတော့နည်းပါပေါ့လားဆိုတဲ့ စိတ်နဲ့ အဝတ်အစား မြန်မြန်ကောက်ဝတ်ပြီး အိမ်သော့ခတ်၊ ခြံဝကို အပြေးထွက်လာခဲ့ရတော့တာပေါ့။ စူပုပ်ပုပ်ရုပ်လေးနဲ့ ကားထဲမှာ ထိုင်စောင့်နေတဲ့ သူ့ကို သေချာမကြည့်ရဲဘူး။ ကျနော့်ကိုမြင်တော့ တခစ်ခစ်နဲ့ ရယ်ပြနေတဲ့ သမီးလေးကို ကားထဲဝင်ထိုင်ရင်း ဆွဲပွေ့လိုက်တယ်။ လေးလေးက သမီးလေးကို လွမ်းနေတာသိလား လာစမ်း မွှမွှပေးဦးမယ် ဘာညာဆိုပြီး လျှောက်လုပ်နေရတယ်။ ကျနော် ကားပေါ်ရောက်တာနဲ့ စက်နှိုးပြီး ဝူးကနဲ ထွက်သွားတယ်။ ဒေါသဂုမ္ဘာရလေးကို ကြောက်ရတော့ကာ ဘာမှမပြောရဲပဲ ငြိမ်ငြိမ်လေးဘေးကနေ စကားကောင်းကောင်း မတတ်သေးတဲ့ သမီးလေးကို ဟိုပြောဒီပြောတွေ လျှောက်ပြောပြီး ဖိန့်ဖိန့်တွေ လုပ်နေရတာပေါ့ဗျာ။ ကားထိုးရပ်လိုက်တော့မှ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်မိတယ်။ မြို့ထဲမှာပဲ ရှိသေးတယ်ဗျ။

“ငါ ဗိုက်အရမ်းဆာလာတယ်.. အိမ်မှာ ဘာမှမချက်ထားဘူး ထမင်းစားမယ်”

ဆိုတဲ့ အသံပဲ ကြားလိုက်ရတယ်။ လူက အောက်ရောက်သွားပြီ။ သမီးကိုချီရင်း ကားပေါ်က ဆင်းလိုက်တော့ စိတ်ထဲမှာ ငယ်မူပြန်ချင်သလိုလိုတောင် ဖြစ်သွားတယ်။ ကျောင်းသားဘဝက သူနဲ့ကျနော် ကြိုက်လွန်းလို့ အမြဲလာစားနေကြ ရှမ်းထမင်းဆိုင်လေးဗျ။ ဟင်းတွေကလည်း ကျနော်တို့ ငယ်ငယ်ကအတိုင်း လက်ရာမပြောင်းဘူးရယ်။ ဆန်စေးနဲ့ချက်ထားတဲ့ ထမင်းနဲ့ မုန့်ညှင်းစောလို့ခေါ်တဲ့ အချဉ်ရည်ဟင်းကြောင့် ရှလွှတ်ရှလွှတ်နဲ့ ထမင်းစားမြိန်လိုက်တာဗျာ။ သူရောကျနော်ပါ စကားတစ်ခွန်းမှမပြောပဲ ထမင်းနဲ့ဟင်းကို ကုန်းလွေးနေကြတယ်။

စားလို့ပြီခါနီးမှာ ကျနော့်ရင်ခွင်ထဲ ထည့်ထားတဲ့ သမီးလေးက ဆော့ကစားရင်း ဟင်းရည်သောက် ပန်းကန်လုံးကို လက်နဲ့လှမ်းပုတ်လိုက်တော့ ဂလွမ်ကနဲ မှောက်ကျသွားပါလေရော။ မှောက်သွားတဲ့ ဟင်းရည်တွေက သူ့အမေထိုင်တဲ့ဖက်ကို ဝရောကနဲ ဖိတ်ကျသွားတော့ မေ ခြေထောက်တွေ ပေါင်တွေ အကုန်စိုရွှဲကုန်တာပေါ့။ ဟောဗျာ! သမီးလေးရယ် လို့ ရေရွတ်ရင်း စားလက်စတွေချ သမီးလေးကို ကြမ်းပြင်ပေါ် ခဏရပ်ခိုင်းထားရင်း.. စားပွဲပေါ်က တစ်ရှူးလေးတွေ ခပ်သွက်သွက် ဆွဲယူလိုက်ပြီ မေ့ ခြေထောက်တွေ ပေါင်တွေကို သုတ်ပေးနေမိတယ်။ ဟင်းရည်က ဒုတိယအကြိမ် ပြန်ထည့်ပေးထားတဲ့ဟာဆိုတော့ နည်းနည်းပူနေတော့ကာ မေ့ခြေထောက်တွေ အပူလောင်သွားပြီလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ စက္ကူလေးတွေနဲ့ သုတ်ပေးတာအပြင် ကယောင်ကတမ်းနဲ့ ခြေဖမိုးလေးကို ဆွဲယူပြီး တဖူးဖူးနဲ့ လေမှုတ်ပေးနေမိတယ်။

“ဟေ့! လူတွေကြည့်ကုန်ပြီ..”

လို့ သူ့ဆီက ခပ်တိုးတိုး သတိပေးသံကြားလိုက်ရမှ ရှက်ကိုးရှက်ကန်းနဲ့ ဟင်းရည်တွေပြောင်အောင် မြန်မြန်သုတ်ပေးလိုက်ပြီး ကိုယ့်ခုံမှာ ကိုယ်ပြန်ဝင်ထိုင်လိုက်တယ်။ ငါ့သမီးလေးက.. လူဆိုးမလေးပဲ ဆိုပြီး သမီးကို ခေါင်းလေးပွတ်ပြီး ကျနော်ပြောနေရင်း မေ့ကို လှမ်းကြည့်လိုက်တော့ ဘာဖြစ်လို့မှန်းမသိဘူးဗျ သူပြုံးနေတယ်။ အင်မတန် ကျေနပ်နှစ်သိမ့်ကြည်နူးသွားတဲ့ အပြုံးမျိုး။ ပြုံးရင်းနဲ့ မျက်ရည်တွေ ရစ်ဝိုင်းနေတယ်။ ကျနော် အံ့သြသွားတယ်ဗျ။ သူ ဘာဖြစ်သွားတာလဲပေါ့။ အဲ့ဒီမှာပဲ.. စကားသံတစ်ခု ကြားလိုက်ရတော့ ကလေးတစ်ယောက်ကို ပိုးသဘက်လေးနဲ့ ကျောမှာပိုးထားတဲ့ ရှမ်းမလေးတစ်ယောက်ဗျ။

“အစ်ကိုနဲ့ အစ်မ ကျမကို မှတ်မိကြလား”

“အဟီး.. မသိဘူးဗျ”

“ရော်! အစ်ကိုတို့ အစ်မတို့ ကျောင်းတက်တုန်းက ဒီဆိုင်မှာ ထမင်းလာလာစားရင် “ကလီစာစုံတွဲ” လာပါပြီရှင်လို့ အော်အော်နေတဲ့ ကောင်မလေးဟာ ကျမပဲလေ”

“ဟေ! ဆိုင်ရှင်အန်တီကြီးရဲ့ သမီးလေးပေါ့.. အိမ်ထောင်ကျပြီး ကလေးတောင်ရနေပြီ ဟုတ်လား”

“ဟီးဟီး ဟုတ်တယ်.. အစ်ကိုတို့ကို တွေ့ရတာ ပျော်လွန်းလို့ လာနှုတ်ဆက်တာ”

“ပြန်တွေ့ရလို့လား”

“ဟုတ်ပါ့.. အစ်ကိုတို့ သူငယ်ချင်းနှစ်ယောက် ထမင်းအမြဲလာစားတိုင်း ဝက်ကလီစာမှာတတ်တာ မှတ်မိတယ်လေ.. ကျမစိတ်ထဲမှာ ဒီအစ်မချောချောလေးနဲ့ အစ်ကိုချောချောလေးက တအားလိုက်ဖက်တာ.. သူတို့ညားသွားရင်ကောင်းမှာလို့ ဘေးကနေ စိတ်ကူးယဉ်ခဲ့ဖူးတာ”

“ဟားဟား”

“အခုတော့ ကလေးတောင် ရနေပြီနော်.. သမီးလေးက ချောလိုက်တာ…. အဖေတူ အမေတူလေး… ဆံပင်နက်နက်ကလေးတွေကအစ တူတယ်နော်… ဝမ်းသာလိုက်တာ.. ခုနက အစ်မကို အစ်ကို ခြေထောက်သုတ်ပေးနေတာလေးကြည့်ပြီး ကြည်နူးသွားတာ… အဲ့ဒါ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး လာနှုတ်ဆက်တာ သိလား”

“သမီးလေးချောတာက အစ်မနဲ့ တူလို့ပါကွယ်”

(မေက ပြုံးစိစိနဲ့ ဝင်ပြောလာတယ်၊ သူနဲ့ကျနော် လင်မယားမဟုတ်ဘူးလို့ တစ်ခွန်းမှ မဟဘူးရယ်)

“ဟီးဟီး… အဖေကော အမေကော ချောပါတယ် အစ်မရ.. ကျမ အံ့သြတာက အစ်ကိုနဲ့အစ်မ ဆိုင်ထဲဝင်ဝင်လာချင်း ဟော..ဒီနှစ်ယောက်ကြည့်စမ်း ဟိုးအရင်ကအတိုင်း ငယ်ငယ်လေးတွေ ဖြစ်နေတုန်းလို့ ငေးကြည့်ပြီး အံ့သြနေတာ”

ထမင်းဆိုင်က စားသောက်ပြီး ထွက်လာကြတော့ မေက ကားမောင်းနေရင်း ကျနော့်ကို ပြုံးစိစိနဲ့ လှမ်းလှမ်းကြည့်နေတယ်။ ဘာကနေဘယ်လို အူမြူးသွားတာလဲ မသိပါဘူးဗျာ။ ဟိုထမင်းဆိုင်က ကောင်မလေး သူ့ကို ချောတုန်းငယ်တုန်းလို့များ ပြောခဲ့လို့လား မသိဘူးပေါ့။ ဒီလိုနဲ့ပဲ မေ့ အိမ်ကို ရောက်သွားကြရော ဆိုပါတော့ဗျာ။

အိမ်ပြန်ရောက်တော့ ဗိုက်အင့်လိုက်တာဟာ ဆိုပြီး မေတစ်ယောက် ဧည့်ခန်းထဲက ဆက်တီခုံရှည်ပေါ် ခြေပစ်လက်ပစ်လှဲအိပ်ပြီး စာအုပ်တစ်အုပ် ကောက်ဖတ်နေတယ်။ ကျနော်လည်း ဟိုလိုလိုဒီလိုလိုနဲ့ ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး ဧည့်ခန်းထဲမှာ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလို ယောင်တောင်တောင် ဖြစ်နေတာပေါ့ဗျာ။ ဆိုလိုတာက ကျနော့်အသိစိတ်ထဲ ပေါက်ကရတော့ ဖြစ်တော့မယ်ဆိုတာ အလိုလိုတွေးရင်းသိနေပြီကိုး။ ဥပမာဗျာ.. အိမ်မှာ လူရှင်းသွားအောင် သူ့ကြီးဒေါ်ကြီး တောပြန်သွားတယ်ဆိုတဲ့ဟာမျိုးက ခင်ဗျားတို့ဖတ်ရတာ ထိုးဇာတ်ဆန်လွန်းမနေဘူးလား ဟဲဟဲ။ ဆန်တာပေါ့ဗျ။ ဝတ္ထုရေးနေတာဆိုရင် စာရေးဆရာ ဂွင်ဖန်လိုက်တာပေါ့။ အခုဟာက ဝတ္ထုမဟုတ်လေတော့ အဲ့ဒီကိစ္စနောက်ကွယ်မှာ အကြောင်းတရားတစ်ခုက ရှိနေတာဆိုပါတော့။ အိမ်ပြန်ရောက်သွားကတည်းက နှစ်ယောက်လုံး ဘာစကားမှမပြောဖြစ်ဘူး။ ရုပ်တည်ကြီးတွေနဲ့ လုပ်နေကြတာဗျ။

ခဏနားပြီးတော့ လှဲနေရာကထပြီး သူထွက်သွားတယ်။ ရေချိုးခန်းထဲက အသံဗလံတွေကြောင့် ရေမိုးချိုးနေတယ်ဆိုတာ သတိထားမိပေမယ့် ကလေးထိန်းရင်း ရုပ်မြင်သံကြားက ဘောပွဲဟိုက်လိုက်ပြနေတာ ဖွင့်ကြည့်နေလိုက်မိတယ်။ နာရီဝက်တစ်နာရီလောက်ကြာသွားတော့မှ မွှေးကနဲရနံ့တွေရလာလို့ လှည့်ကြည့်လိုက်မိတော့ ရေချိုးခေါင်းလျှော်ပြီးစ ပုံစံလေးနဲ့ စိုနေတဲ့ဆံပင်တွေကို မွှေးပွတဘက်နဲ့သုတ်ရင်း ကျနော့်ဘေးနားမှာ လာရပ်နေတာ သတိထားလိုက်မိတယ်။

သမီးလေးဆော့ရတာ မမောသေးဘူးလား လာ မေမေ ချော့သိပ်မယ်.. အိပ်ရအောင်နော် ဘာညာနဲ့ ကျနော့်ပေါင်ပေါ်တင်ထားတဲ့ ကလေးကို လာဆွဲယူတော့မှ ပက်လက်ကုလားထိုင်ပေါ် ထိုင်နေလျက်ကနေ သူ့ကို မော့ကြည့်လိုက်မိတယ်။ လူကို ဖျင်းကနဲ ဖြစ်သွားတယ်ဗျာ။ ဘာဖြစ်ရမလဲ.. ဒင်းက ထုံးစံအတိုင်း စွပ်ကျယ်ဂျိုင်းပြတ်လေး ဝတ်ထားတာကိုး။ လက်မောင်းချောမွှတ်မွှတ်လေးနှစ်ဖက်က သမီးကိုလှမ်းယူလိုက်တော့ ကျနော့်ပါးနဲ့ ပွတ်တိုက်သွားတဲ့အပြင် ကိုယ်ကိုကိုင်းထားတော့ အောက်က ဘာဆိုဘာမှမဝတ်ထားတဲ့ ချိုဗူးကြီးနှစ်လုံးက မီးရောင်ဖွေးဖွေးအောက်မှာ ထင်းထင်းကြီးရယ်။ ကလေးခေါ်မှာကို ချက်ချင်းမခေါ်သေးပဲ.. မြှူနေသလိုလိုဘာလိုလိုနဲ့ ကျနော့်ရှေ့မှာ ခပ်ကိုင်းကိုင်း လာလုပ်နေတာဆိုတော့ လူလည်း အဲ့ဒီ မပေါ့်တပေါ်ဟာကြီးနှစ်ခုကိုမြင်ပြီး စိတ်ထဲ သရိုးသရီကြီး ဖြစ်စပြုလာပြီ။ သတိတစ်ချက်ဝင်လာတော့ ဆတ်ကနဲ မျက်နာလွှဲလိုက်ရတယ်။ ဒါတောင် ခပ်တည်တည်လုပ်နေတဲ့ ဒင့်မျက်နာက လှစ်ကနဲ ပြုံးစိစိဖြစ်သွားတာ မြင်ဖြစ်အောင် မြင်လိုက်သေးတယ်ဗျ။

ကလေးကို ချီပြီး သူ့အိပ်ခန်းထဲဝင်သွားတာ တော်တော်ကြာသွားပြန်တယ်။ သီချင်းလေးတအေးအေးနဲ့ သမီးလေးကို ချော့သိပ်နေတာ ကြားနေရတယ်။ သမီးအိပ်သွားတော့မှ အပြင်ပြန်ထွက်လာပြီး အိမ်ရှေ့ဆင်ဝင်အောက်က ကားကို အိမ်ဘေးကားဂိုထောင်ထဲ သွားသွင်းတယ်။ သူပြန်ဝင်လာပြီး အိမ်ရှေ့တံခါးမကြီး ပိတ်နေတဲ့အချိန် မိုးတွေ တဖျောက်ဖျောက်ကျစပြုလာပြီ။ မိုးပက်မှာစိုးလို့ ပြတင်းပေါက်တွေကို ကျနော် ထပြီး လျှောက်ပိတ်လိုက်ရင်း ကုလားထိုင်ပေါ်ပြန်ထိုင်မလို့ ကြည့်လိုက်တော့ သူက ခပ်တည်တည်ဝင်ထိုင်နေတာ တွေ့ရတယ်။ ရုပ်မြင်သံကြားကို စိတ်ဝင်တစား ထိုင်ကြည့်နေတာဗျ။ ကျနော်လည်း ဘေးက ဆက်တီခုံမှာဝင်ထိုင်ပြီး အတူတူဆက်ကြည့်နေလိုက်သေးတယ်။ မှန်ရာကိုဝန်ခံရရင် ဘာတွေပြနေမှန်း သေချာမသိပါဘူးဗျာ။ သူလည်း တူတူပဲနေမှာပါ။ ဒါနဲ့ပဲ အဲ့လို ဟန်ဆောင်ပန်ဆောင်လုပ်ရင်း မိုးချုပ်သွားရော။

အိပ်ချိန်တန်ပြီဆိုတဲ့ဟန်နဲ့ ထိုင်ရာကနေ သူထတော့ ကျနော်လည်း ပျင်းကျောတွေဘာတွေဆန့်ပြီး သမ်းပြလိုက်သေးတယ်။ လူလည်း ဘယ်လိုစိတ်ခံစားမှုကြီး ဖြစ်နေမှန်းကို မသိပါဘူးဗျာ။ ကျနော့်ကို မျက်လုံးတစ်ချက်လှန်ကြည့်ပီး အောက်နှုတ်ခမ်းကို တစ်ချက်ကိုရင်း သူ့အခန်းထဲကို ဇောင့်ဇောင့်ဇောင့်ဇောင့်နဲ့ ခြေသံခပ်ပြင်းပြင်းနင်းပီး ဝင်သွားရော။ ကျနော်လည်း သက်ပြင်းခိုးချရင်း ကိုယ့်အိပ်ခန်းထဲကိုယ်ဝင်လာခဲ့ရောဆိုပါတော့လေ။ ဒါနဲ့ပဲ မနက်မိုးလင်းသွားပြန်တယ်။

ကိုင်း! ကျနော့်ညီအစ်ကိုတွေ ဖတ်ရတာ စိတ်မရှည်တော့ဘူးထင်တယ်။ အောဝတ္ထုမဟုတ်လေတော့ကာ ဖြစ်ချင်တိုင်းလျှောက်မဖြစ်ဘူးရယ်။ ကျနော်လည်း ကိုယ်တွေ့လေးကို တတ်နိုင်သလောက် အဆင်ပြေအောင် ရေးပြနေတာပါဗျ။ ဆိုလိုတာကဗျာ။ မိုးရွာတဲ့နေ့မှာ တစ်ကုတင်ထဲ တူတူအိပ်ရင်း သူ့ကို ကျနော်ချိုစို့၊ အဖုတ်လျက်ပေးလိုက်မိတယ်။ နောက်ထပ် ၃-၄ ရက်နေတော့ တက်အုပ်လိုက်ကော.. အဲ့လိုရေးလိုက်ရင်လည်း ရတာပဲ။ ဖတ်လို့ကောင်းမလား? မကောင်းဘူးနော့်။ ဒါကြောင့် အဖြစ်အပျက်လေးကို အတိအကျလေး ရေးပြနေတာ။ စိတ်ကလေး နည်းနည်းရှည်ကြပါဦးလို့ ကြိုပြောထားချင်တယ်။ ဆက်ဖတ်ကြပါဦးဗျ။

မနက်မိုးလင်းတော့ နေတောင် အတော်မြင့်နေပြီဗျ။ ဒါတောင် ကျနော့်အခန်းတံခါးကို မေက တဒေါက်ဒေါက်ခေါက်ပြီး နိုးလို့ ထလာတာ။ မဟုတ်ရင် ဘယ်လောက်ထိ အိပ်ပျော်နေဦးမလဲ မသိဘူး။ မနေ့ညက တလူးလူးတလှိမ့်လှိမ့်နဲ့ အိပ်လို့မပျော်ဘူး။ ဆေးလိပ်ထဖွာလိုက် ပြန်အိပ်လိုက်၊ ဟိုတွေးဒီတွေးလုပ်လိုက်နဲ့ မိုးလင်းခါနီးမှ အိပ်ပျော်သွားတာလေ။ ငါအပြင်သွားတယ်.. ကလေးကြည့်ထားဦး.. မီးဖိုထဲမှာ ချက်စရာတွေဝယ်ထားတယ် လို့ အခန်းအပြင်ကနေ အော်သွားသံရယ်၊ ကားမောင်းထွက်သွားသံရယ်ကြောင့် လူးလှဲထလိုက်ရတယ်။ သမီးလေးက ဧည့်ခန်းထဲမှာ သူ့ဖာသူ အရုပ်လေးတွေနဲ့ ဆော့နေရှာတာတွေ့လို့ ရေချိုးခန်းထဲဝင် မျက်နာသစ် ကိုယ်လက်သန့်စင်လိုက်တယ်။ မီးဖိုခန်းထဲက ထမင်းစား စားပွဲပေါ်မယ် ထမင်းကြော်နဲ့ ကော်ဖီချိုင့် အသင့်ဖြစ်နေတာတွေ့လို့ မနက်စာစားလိုက်တယ်။ စားပွဲပေါ်က ဟင်းတောင်းထဲမှာ ဈေးကဝယ်လာဟန်တူတဲ့ အသားတချို့ အသီးအရွက်တချို့တွေ့တာနဲ့ စားသောက်ပြီးပြီးချင်း ထပြီး အကုန်လှီးချွတ်ခုတ်ထစ်ပြီး ချက်ပြုတ်ဖို့ပြင်ရတော့တယ်။ မေက ထမင်းပြန်စားမယ် ထင်တာပဲ။

ချက်ပြုတ်ပြီးသွားတော့ ခဏနားရင်း သမီးကို ငါးနဲ့ ထမင်းချေထားတာလေး ချော့မော့ပြီး ခွံ့၊ ဧည့်ခန်းရှင်း၊ မီးဖိုချောင်ရှင်းလုပ်နေရင်း နာရီကြည့်လိုက်တော့ ၁၁ နာရီလောက်ရှိသွားပြီ။ မိုးမရွာတဲ့အပြင် နေကြဲကြဲကြီးပူနေတော့ကာ အလုပ်ရှုပ်နေတဲ့ ကျနော် ချွေးပြန်လာတယ်။ အင်္ကျီချွတ်၊ ပုဆိုးချွတ်ပြီး ဘောကန်ဘောင်းဘီတိုလေးနဲ့ လဲလိုက်မှ လူလည်း နေသာထိုင်သာရှိသွားရော။ အပေါ်ပိုင်းဗလာ ဘောင်းဘီတိုလေးနဲ့ အားလုံးရှင်းလင်းပြီးစီးသွားတော့ မီးဖိုခန်းထဲက ဘေစင်မှာ ခုနက ချက်ပြုတ်ထားတဲ့ ပန်းကန်ခွက်ယောက်တွေ ဆပ်ပြာရည်စိမ်ထားတာ ဆေးကြောနေတုန်း ကားသံကြားလိုက်ရတယ်။ မေ ပြန်လာပြီထင်တယ်ဗျ။

ဒီနေရာမှာ အကုန်ပြန်ရေးပြရတော့မယ်ထင်တယ်။ အရင်ဇာတ်လမ်းထဲမှာရေးခဲ့ဖူးတဲ့ ဇာတ်ကွက်နဲ့ ခပ်ဆင်ဆင်ပဲ။ ဒါပေမယ့် မူကွဲတယ် အဟီး။ အိမ်ထောင်မှု တယ်နိုင်နင်းပါလား.. ဆိုတဲ့အသံနဲ့ မီးဖိုခန်းတံခါးဝမှာ မေတစ်ယောက် ရပ်နေတာတွေ့တော့ ပန်းကန်ဆေးနေရင်းက လှမ်းအကဲခတ်ရင်း ရယ်ချင်သွားတယ်ဗျ။ သူ့ဆံပင်ရှည်တွေကို အဖျားမှာ အလိပ်လိပ်ကလေးတွေ လုပ်လာတာဗျ။ မျက်နှာကလည်း မချိုမချဉ်ရယ်။ လက်ထဲမှာ ပလတ်စတစ်ထုပ်လေးတစ်ခု ကိုင်လာတာကို တိုင်မှာချိတ်ရင်း ပြန်ထွက်သွားတယ်။ ခဏနေတော့ အဲ့ဒီအဝတ်အစားလဲလာဟန်တူတဲ့ အဲ့ဒီမမလေး ခုနကအထုပ်လေးကို ယူလာပြီး ပန်းကန်စင်က ပန်းကန်တစ်လုံးထဲထည့်ပြီး ဇွန်းတပ်တယ်။

“နင်က အလုပ်မသွားဘူးလား”

လို့ သူ့ကိုမကြည့်ပဲ ပန်းကန်ဆေးရင်း စကားလှမ်းပြောလိုက်တော့..

“အို! ငါကသူဌေးလေ သွားချင်မှသွားမှာပေါ့”

လို့ ငေါ့တော့တော့အသံနဲ့ အငေါ်တူးလာတယ်။ အလုပ်သွားတယ်ထင်နေတာ အလှပြင်ဆိုင်လစ်သွားတာနေမယ်ဗျ။

“အပြင်မှာ သောက်ရမ်းပူတယ်ဟ.. ငါလည်း နင့်ကိုသတိရတာနဲ့ ဒိန်ချဉ်ဝင်ဝယ်လာတာ.. ရော့! ငါ့ကောင်လေး အလုပ်တွေအများကြီး လုပ်ထားရတာ အမောပြေလေး ပါးစပ်ဟ”

ဆိုပြီး အနားကို ခွံ့ပေးဖို့ ကပ်လာတော့ ဘေးတိုက်အနေအထားကနေ သူ့ကိုကြည့်လိုက်မိတယ်။ မျက်လုံးကို ပြာသွားတာပဲ ဆရာတို့ရေ။ ကျနော်ပြောပြခဲ့တဲ့ အထဲမှာ မေ စွပ်ကျယ်ဖြူဖြူလေးတွေ ဝတ်ထားတယ်ဆိုတာ ခဏခဏပါတယ်မလားဗျ။ အင်း..အဲ့ဒီစွပ်ကျယ်အဖြူတွေက တီရှပ်လိုစွပ်ကျယ်တွေဗျာ။ အခုဟာက ယောကျ်ားလေးတွေဝတ်တဲ့ စွပ်ကျယ်မျိုးဗျာ။ လည်ပင်းအဝိုက်နဲ့ မြင်းခေါင်းတံဆိပ်စွပ်ကျယ်လိုမျိုးဟာ။ အောက်ကလည်း ဘာမှမပါဘူး။ ရက်စက်ချက်။ အဝိုက်အဝန်းတွေအပြင်၊ နို့သီးခေါင်းထောင်ထောင်လေးပါ မြင်နေရတယ်။ လုံးဝဗြောင်ကြီးဗျာ။ ခင်ဗျားတို့မျက်စိထဲ မြင်လားတော့မသိဘူး။

ဝါဝင်းစိုပြေတဲ့ အသားအရည်ကြောင့် ထင်းနေတဲ့ ကိုယ်လုံးတောင့်တောင့်လေးကို ဖုံးထားတဲ့ အဝတ်တွေက တစ်ဝက်တစ်ပျက် ဖြစ်နေပြီဗျ။ အောက်ကလည်း ထမီမဟုတ်ဘူး။ ကျနော့်လိုပဲ ပေါင်လယ်လောက်ရောက်နေတဲ့ ဘောင်းဘီအနီရဲရဲလေးဆိုတော့ ပေါင်တံဖွေးဖွေးဖြောင့်ဖြောင့်လေးကလည်း ထင်းနေတာ။ ရင်ညွှန့်သားဝင်းဝင်းလေးနဲ့ အောက်က စွပ်ကျယ်က တအားကြပ်သလိုဖြစ်နေတော့ ချိုဗူးကြီးနှစ်လုံးက ဆွဲမသလိုဖြစ်ထားတော့ စွပ်ကျယ်အနားစက ဗိုက်သားရှပ်ရှပ်လေးကိုတောင် မထိနိုင်တော့ဘူး လေထဲမှာလွှတ်နေတာ။ ကျနော် အာခေါင်တွေ ချက်ချင်းခြောက်ပြီး တစ်ကိုယ်လုံး သွေးတွေဆူဝေလာတယ်။ အဟမ်း!! ဆိုတဲ့ ချောင်းဟန့်သံကြားမှ လန့်ပြီး မျက်နာလွှဲလိုက်ရတယ်။

“ရော့! ဒိန်ချဉ် ပါးစပ်ဟပါဆိုနေ.. ဘာဖြစ်နေတာလဲ နင့်ရုပ်က…”

ပါးစပ်ရှေ့ရောက်လာတဲ့ ဒိန်ချဉ်ဇွန်းကို ရှလွှတ်ကနဲ စုပ်ယူလိုက်ပြီး မျိုချလိုက်တာ နင်သလိုလိုတောင် ဖြစ်သွားတယ် အဟီး။

“မနေ့ညက တချွတ်ချွတ်နဲ့ အသံတွေကြားနေရတယ် အိပ်မပျော်ဘူးမလား”

“အင်း”

“ဘာဖြစ်နေတာလဲ.. ရင်ပူနေတာပေါ့ဟုတ်လား အဟိ”

….. ….. …..

“ကဲ! ဘုရားဖြစ်မယ့် အုတ်နီခဲကြီး .. အဲ့ဒါက ဘာဖြစ်နေတာတုံး ငါ့မျက်နာတောင် သေချာမကြည့်ရဲတော့လောက်အောင် ကြောက်နေတာဟုတ်လား”

ပြောပြောဆိုဆို ဆူဆူဆောင့်ဆောင့်နဲ့ လက်ထဲက ဒိန်ချဉ်ပန်းကန်ကို ဂွပ်ကနဲ ပန်းကန်စင်ပေါ် ဆောင့်ချလိုက်တယ်။ ကျနော့်ကို မျက်နှာချင်းဆိုင်ဖြစ်သွားအောင် ပုခုံးကို ကိုင်ပြီး ဆွဲလှည့်လိုက်တယ်။

“ဒေါ်ကြီးကို ငါတမင် ပြန်ခိုင်းလိုက်တာ နင်သိပလား.. ဘာလို့ပြန်ခိုင်းလိုက်တာလဲကော သိတယ်မလား.. ငါ့ရှေ့မှာ မခုတ်တတ်တဲ့ ကြောင်ပေါက်စကလေးလို လာလုပ်မနေနဲ့ စိတ်တိုလာပြီ”

မေက ကျနော့်ပုခုံးကို စုံကိုင်ပြီး မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်လိုက်ရင်း ဒေါသသံလေးနဲ့ အပေါ်ကရေးခဲ့သလို ဆူဆောင့်ဆောင့်နဲ့ ရန်တွေ့လာတယ်။ အဲ့ဒီမတိုင်ခင်ညကတည်းက မိန်းမတစ်ယောက်က ရေလာမြောင်းပေးလုပ်နေတာတောင် အူတူတူလုပ်နေခဲ့တာ၊ အခုလည်း ကြက်ကြီးလည်လိမ်ခံထားရသလို ငူတူတူကြီးနဲ့ တုံဏှိဘာဝေ လုပ်လွန်းလို့ သူကပေါက်ကွဲလာတာတွေက မခုတ်တတ်တဲ့ကြောင်ကြီးကို ဆိုတာလို သိပ်တော့ ယုတ္ထိမရှိဘူး ဖြစ်နေတယ်မလားဗျ။ ကိုယ်တွေ့ဆိုပေမယ့် မယုံရင် ပုံပြင်မှတ်ကြပါ ဆရာတို့ရယ်။ ပြောရမယ်ဆိုရင်တော့ ကျနော်လည်း ခင်ဗျားတို့လို သာမန် ယောကျ်ားတစ်ယောက်ပါ။ လစ်ရင် အုပ်ချင်တဲ့ ကောင်တစ်ကောင်ပါပဲ။ သူငယ်ချင်းအပေါ် သနားတာ၊ ရှက်တာ၊ ငဲ့ညှာတာ အဲ့လိုစိတ်တွေကြောင့် ကျနော် မတုန်မလှုပ် ဖြစ်နေခဲ့တာပါ။ ဒါပေမယ့် သူကိုယ်တိုင် အခုလို ပေါက်ကွဲပွင့်ထွက်လာတော့ ခင်ဗျားတို့ ကျနော့်နေရာမှာဆို ဘာလုပ်မလဲဗျ။

သူနဲ့ မျက်နှာချင်းဆိုင်နေရာကနေ ဘေစင်ဖက်ကို ကျနော်ပြန်လှည့်လိုက်ပြီး ဆပ်ပြာမြုပ်တွေပေနေတဲ့လက်ကို ရေသေချာဆေးလိုက်တယ်။ ခုနက သူ့ကိုသေချာမကြည့်ရဲပဲ မျက်လွှာချပြီး ခေါင်းငုံ့ထားခဲ့ရာကနေ လက်ဆေးပြီး သူနဲ့မျက်နှာချင်းပြန်ဆိုင်လိုက်တော့ မျက်လုံးချင်းဆုံပြီး စိုက်ကြည့်လိုက်တယ်။ အောက်နှုတ်ခမ်းကို တအားကိုက်ထားရင်း ကျနော့်ကို ပြန်စိုက်ကြည့်လာတယ်။ အဲ့ဒီမှာဗျာ.. အကြည့်တွေထဲမှာတင် နှစ်ယောက်လုံးရဲ့ ဆာလောင်တက်မက်မှုတွေကို မြင်သွားကြသလားမဆိုနိုင်ဘူး။ ဘာစကားမှပြောစရာကိုမလိုတော့ပဲ ပြိုင်တူဆိုသလို တစ်ယောက်နဲ့တစ်ယောက် အတင်း ရှေ့တစ်လှမ်းတက်ပြီး ဆွဲဖက်ထားလိုက်တာ လွှတ်ထွက်သွားမှာစိုးတဲ့အလားပဲ။ ကိုယ်လုံးချင်းပူးကပ်သွားမှ သတိထားလိုက်မိတာက သူ့ကိုယ်လုံးလေးက တဆတ်ဆတ်ကို တုန်နေတာဗျ။ နှစ်ယောက်လုံးရဲ့ ပါးစပ်ကလည်း ကယောင်ကတမ်းတွေ လျှောက်ပြောကုန်ကြတာဗျ။ ဘာတွေမှန်းကို မဆိုနိုင်ဘူး။ ကျနော်မှတ်မိသလောက် ပြန်ရေးပြရရင်..

“မောင်” .. “မေ့” ကိုဖက်ထားပေးကွာ.. တအားဖက်ထား.. မေ့ ဒူးတွေပျော့လာလို့ ခွေကျတော့မယ်ဟာ..”

“မေလေး.. မောင် ပွေ့ထားတယ်လေကွာ”

“အဟားး ချစ်တယ်ကွာ.. ငါဘာမှမသိဘူး ငါနင့်ကိုချစ်လိုက်တာ မောင်ရာ”

“ခဏနေဦး မေလေး.. မောင့်ကိုယ်က ချွေးတွေသံတွေနဲ့ အတင်းဖက်မထားနဲ့ ..”

“ဟင့်အင်း! ဟင့်အင်း! ငါနင့်ကိုယ်နံ့ကို အရမ်းကြိုက်တယ် မလွှတ်ဘူးကွာ.. နင်ရှောင်နေတဲ့ရက်တွေက ငါနင့်ကိုလွမ်းလို့ မလျှော်ရသေးတဲ့ နင့်အင်္ကျီဟောင်းလေးတွေကို ခိုးနမ်းခဲ့ရတာ နင်မသိပါဘူး မောင်ရာ”

“ဟောဗျာ!”

အဲ့ဒီလိုတွေ ပြောနေရာကနေ သူက ကျနော့်ကို တင်းတင်းဖက်ထားရင်း အပေါ်ပိုင်းဗလာဖြစ်နေတဲ့ ကျနော့်ရင်ဘတ်ကို ပါးအပ်ပြီး လျှောက်ပွတ်နေတာဗျ။ ကိုင်းဗျာ ဘယ်သကောင့်သားက တောင့်ခံထားနိုင်တော့မှာတုံး။ ကျနော်လည်း သူ့ကိုယ်လုံး အိထွေးထွေးလေးကို ပွေ့ပိုက်ထားရင်းကနေ ကျောလေးပွတ်ပေး၊ ဘောင်းဘီအနီရဲရဲလေးအောက်က တင်ပါးအိအိကြီးတွေကို အုပ်ကိုင်ပြီး ပွတ်သပ်ဆုပ်ချေပေးနဲ့ အလိုလိုတုံ့ပြန်မိနေတာပေါ့။ အဲ့လိုတွေ ပူးကပ်ပြီး တုန်တုန်ရီရီနဲ့ အချစ်ဆိပ်တက်နေကြရင်း ရုတ်တရက် ကျနော့်တကိုယ်လုံး ဖျင်းကနဲဖြစ်သွားတယ်ဗျာ။ ကျနော့်ရင်ဘတ်ကို ပါးနဲ့ပွတ်နေရာကနေ သွားချွန်ချွန်လေးတွေနဲ့ မနာအောင် ဖွဖွလေးလျှောက်ကိုက်လာတာကိုး။ လူကို ဓာတ်လိုက်သလို ဖြစ်သွားတာပဲ။ ဆစ်ကနဲ ဆစ်ကနဲ အရသာလေးကိုး။

သူ့ဆံပင်ရှည်လေးတွေကို ဖွဖွလေးဆုပ်ကိုင်ထားရင်း အသက်ရှူသံခပ်ပြင်းပြင်းနဲ့ ကျနော်ဖီးလ်တက်သွားတယ်။ မိန်းမတွေ ဟိုကိုက်ဒီကိုက် လျှောက်လုပ်တယ်ဆိုတာ ဘာသဘောလဲ ခင်ဗျားတို့ ကောင်းကောင်းသိကြမှာပါ။ စိတ်တအားဖြစ်နေတာကို ဖော်ပြတဲ့ လက္ခဏာပဲ မဟုတ်လား။ ရင်အုံတစ်ခုလုံး ဖွဖွလေး လျှောက်ကိုက်တာခံနေရလို့ ထွန့်ထွန့်လူးနေရာကနေ ကယောင်ကတမ်းနဲ့ သူ့ဆံပင်တွေကို တင်းတင်းဆွဲလိုက်မိပြန်တယ်။ ကျနော့်နို့သီးခေါင်းတွေကို ငုံပြီး တပြွတ်ပြွတ်နဲ့ စို့ပေးလာတာကိုး။ (ဟယ်! ယောကျ်ားနို့စို့ခံရတယ် ဆိုပြီး မျက်လုံးမပြူးသွားပါနဲ့၊ သိပ်ကောင်းတာနော့် မယုံခင်ဗျားတို့ ကောင်မလေးကို စို့ခိုင်းကြည့်)

ဘယ်လိုမှမရတော့ဘူးဗျာ။ ကျနော့်ဒုံးပျံကြီးက ဘောင်းဘီအောက်ကနေ ပေါက်ထွက်တော့မတတ် ထောင်မတ်လာပြီ။ ကျနော့်ရင်အုံပေါ် မျက်နှာအပ်ပြီး နို့သီးခေါင်းတွေကို ငုံစို့လိုက်၊ လျှာနဲ့ထိုးမွှေလိုက်လုပ်နေတဲ့ မေ့ကို ဆွဲခွာလိုက်တော့ လိင်စိတ်တအားထနေတဲ့ နှစ်ယောက်စလုံး တစ်ယောက်အောက်ပိုင်းကိုတစ်ယောက် အရင်ငုံ့ကြည့်ဖြစ်ကြတယ်ဗျ။ စက္ကန့်ပိုင်း အတွင်းမှာကို ကျနော်လည်း ဝတ်ထားတဲ့ ဘောင်းဘီတိုလေးကို ချွတ်ပစ်လိုက်သလို၊ သူလည်း (ရှက်စိတ်တွေ ဘာတွေကို လိင်စိတ်က လွှမ်းမိုးသွားတယ် ပြောရမလား) ဘောင်းဘီတိုအနီရဲရဲလေးကို ချွတ်ချပစ်လိုက်တယ်။ ကုန်းကွကွနဲ့ ဘောင်းဘီချွတ်ပြီးလို့ အထမှာ ကျနော်ကိုယ်တိုင် သူ့စွပ်ကျယ်အဖြူလေးကို ဆွဲချွတ်ပစ်လိုက်တယ်။ အခုဆို မီးဖိုခန်းထဲမှာ သူကော ကျနော်ပါ ဖင်တုံးလုံးလေးတွေ ဖြစ်သွားပြီ။

လေထဲမှာ တရမ်းရမ်းဖြစ်နေတဲ့ ကျနော့်လိင်တံ မာတောင့်တောင့်၊ ထိပ်ဖူးနီရဲရဲကို သူက သေချာစိုက်ကြည့်နေသလို၊ ကျနော်ကလည်း အဝါရည်လဲ့နေတဲ့ အဝတ်မပါတဲ့ သူ့ကိုယ်လုံးလေးကို မှင်တက်ပြီး ငေးကြည့်နေမိသေးတယ်ဗျ။ အစက်အပြောက် တစ်ခုမှမရှိတဲ့ ကိုယ်လုံးလေးဗျာ။ ဝါဝင်းနေတဲ့ နို့ကြီးတွေကလည်း တွဲမကျနေဘူး။ တင်းရင်းနေတာပဲ။ ဗိုက်သားက လုံးဝအဆီပိုမရှိပဲ ရှပ်ရှပ်ကလေး (ကလေးမွေးထားတော့ ခွဲထားတဲ့ ဗိုက်ချုပ်ရိုးလေးတော့ရှိတယ်) အောက်ဖက်က အမွှေးရေးတေးတေးလေးပေါက်နေတဲ့ အဖုတ်ဖောင်းဖောင်းလေး။ ဆတ်ကနဲ ကျနော့်ဟာကို သူလှမ်းအကိုင် ကျနော့်လက်ကလည်း သူ့အဖုတ်ကို လှမ်းကိုင်ဖို့ ကြိုးစားတာနဲ့ ပြိုင်တူလိုလိုတောင် ဖြစ်သွားသေးတယ်။ သူ့လက်ချောင်းပျော့ပျော့လေးတွေက ကျနော့်လိင်တံကို အတင်းဆုပ်မိသွားတယ်။ မာတောင့်နေတာပဲ.. ကြောက်စရာကြီးလို့ သူ့ဖာသာရေရွတ်နေရင်း လက်နဲ့အုပ်ကိုင်ပြီ ပွတ်နေတယ်။ မမီ့တမီထိမိသွားတဲ့ ကျနော့်လက်ကလည်း သူ့အဖုတ်ကို တို့ထိကြည့်လိုက်တာ အရည်တွေစို့ပြီး ချွဲကျိကျိဖြစ်နေမှန်း သိလိုက်ရတယ်။

“အမေ့! အာ့ မောင်.. မောင်.. မရဘူးထင်တယ်..”

စိတ်မထိန်းနိုင်တဲ့ ကျနော် သူ့ခါးလေးကို အတင်းဆွဲဖက်၊ နံရံကိုကျောကပ်ဖြစ်သွားအောင် တွန်းကပ်၊ ပေါင်တံလေးတစ်ချောင်းကို ဆွဲမပြီး မတ်တပ်အနေထားနဲ့ ဒူးကွေးပြီးထည့်ဖို့လုပ်တာ မရဘူးဗျ။ သူလည်း အံလေးကြိတ်၊ ခြေဖျားလေးထောက်ရင်း ခံရှာပါတယ်။ လုပ်နေကြမှ မဟုတ်တာ မဝင်ဘူးရယ်။ ထိပ်ဖူးတော့ မြုပ်သွားသလိုလိုဖြစ်ပြီး ပလောက်! ကနဲ အသံမြည်ပြီး ချော်ချော်ထွက်နေတာ။ ကျနော့်ဂုတ်ပိုးကို လက်နှစ်ဖက်နဲ့ခိုစီးထားရင်း အားမလိုအားမရအသံလေးနဲ့ ဝင်မလိုဖြစ်သွားပြီး ပလောက်! ဆို ချော်ထွက်သွားလိုက် အမေ့! ဆိုပြီး ကယောင်ကတမ်းလေးအော်လိုက်၊ အဲ့လိုတွေဖြစ်နေတယ်။ ကျနော်ကလည်း လုပ်ချင်တဲ့စိတ်က တစ်ပိုင်းသေနေပေမယ့် အလွှဲလွှဲအချော်ချော်တွေ ဖြစ်နေတာဗျာ။

နောက်ဆုံး အဲ့လိုမတ်တပ်လုပ်နေတာ ဘယ်လိုမှမဝင်တော့ တင်ပါးအိအိကြီးတွေကို စုံကိုင်ပြီး ဆွဲပွေ့လိုက်ရင်း မီးဖိုခန်းအလည်တည့်တည့်က ထမင်းစား စားပွဲပေါ်ချီပြီး တင်ပေးလိုက်တယ်။ အသာလေးငုံ့ပြီး အရည်တွေတစိမ့်စိမ့်ယိုနေတဲ့ အဖုတ်ကို လျှာအပြားလိုက်ထုတ်ပြီး ပလပ်ပလပ်နဲ့ နှစ်ချက်လောက် ကုန်းလျက်လိုက်တာ တွန့်ကနဲ တစ်ချက်ဖြစ်သွားပြီး၊ ထပ်အလျက်မခံတော့ပဲ ကျနော့်လက်မောင်းနှစ်ဖက်ကို အတင်းဆွဲပြီး

“မရတော့ဘူး! မရတော့ဘူး! ထည့်ပေးတော့ ကွာ”

လို့ အတင်းပြောလာလို့ မတ်တပ်ရပ်ပြီး ကျနော့်လိင်တံကို အဖုတ်ဝမှာတေ့ နှုတ်ခမ်းချင်းစုပ်နမ်းရင်း ဖိထည့်လိုက်မှ စီးကနဲအရသာနဲ့အတူ တစ်ဝက်လောက်ဝင်သွားတယ်။ အသာလေး ထိပ်ဖူးပေါ်တဲ့အထိ ပြန်ဆွဲထုတ်ရင်း ဒုတိယတစ်ချက်မှာ အဆုံးထိ ဆောင့်သွင်းလိုက်ပစ်လိုက်တော့ နင့်ကနဲဖြစ်သွားတဲ့ အရသာနဲ့ ဝင်ချသွားတယ်။ အဲ့ဒီနောက်တော့ အသေကို ဆောင့်တော့တာပေါ့။ ခါးကျင်ကျင်လေးကို လက်နှစ်ဖက်နဲ့ စုံကိုင်ထားရင်း ဆီးခုံချင်း တဖောက်ဖောက်ရိုက်သံ ထွက်လာအောင်ကို ကျုံးတော့တာ ဆရာတို့ရေ။

ကျနော် သေချာမှတ်မိနေတာက အဲ့ဒီလို ထမင်းစား စားပွဲပေါ်တင်ပြီး အသားကုန်ကြုံးနေကြတဲ့အချိန်မှာပဲ မိုးတွေက တအုံးအုံး ရွာချလာသေးတယ်။ မိုးသံလေသံတွေကြားထဲမှာ နှစ်ယောက်စလုံး အော်ဟစ်ပြီးမှကို လုပ်ကြတာ (ပြန်ပြောရင်း လွမ်းလိုက်တာဗျာ)။

သူလည်း စားပွဲပေါ်လက်ပြန်ထောက်ရင်း ပြန်ကော့ပေးရင်း ချစ်တယ်မောင်ရယ်! အားး ကောင်းလိုက်တာ! ကြမ်းကွာကြမ်း! အဲ့လိုတွေ လျှောက်အော်တာဗျ။ ကျနော်လည်း သူ့နို့ကြီးတွေကို ညှစ်ချေလိုက်၊ စို့လိုက်၊ အောက်ကလည်း ကော့ကော့ပြီး သွင်းလိုက်နဲ့ အရသာကို အတော်တွေ့နေတာပေါ့။ သူကိုယ်တိုင်က ဘယ်ကတည်းက စိတ်ဘယ်လောက်ဖြစ်နေတယ် မသိဘူး။ စပြီးလုပ်စ ၄-၅ ချက်လောက် အဆောင့်မှာကို အဖုတ်ထဲက ရှုံပွပွဖြစ်သွားပြီး တစ်ချီပြီးသွားတယ်။ ထပ်ဆောင့်လိုက်တာ နောက်ထပ်အချက် ၂၀-၃၀ လောက် အရောက်မှာကို နောက်ထပ်တစ်ချီ အဲ့လို ညှစ်ညှစ်ရင်း တစ်ချီထပ်ပြီးပြန်တယ်။ သူပြီးပြီးနေတာကို သိနေတဲ့ ကျနော်လည်း မညှာတော့ပဲ အသေဆောင့်တော့တာပေါ့။ ဘယ်လောက်တောင် ကြမ်းပစ်လိုက်သလဲဆို ထမင်းစားပွဲက တကျွီကျွီနဲ့ နေရာတွေဘာတွေ ရွေ့ကုန်တာဗျ အဟိ။ စားပွဲပေါ်က ငရုတ်ဆီပုလင်းတို့ ဘာတို့တွေလည်း ကြမ်းပေါ် အကုန်ပြုတ်ကျ အဲ့လိုတွေဖြစ်ကုန်တာ။

မိန်းမနဲ့ မထိတွေ့ရတာကြာနေတဲ့ ကျနော်လည်း ကြာကြာမခံပါဘူး။ အသားကုန်ဆောင့်နေရင်း ပိုဇေရှင်တောင် မပြောင်းလိုက်ရပဲ အဲ့ဒီပုံစံအတိုင်းနဲ့ကို ပြီးချင်လာတယ်။ ပြီးခါနီးတဲ့ အနေအထား ဖြစ်ဖြစ်လာလို့ တစ်ချက်တစ်ချက် ဆွဲဆွဲထုတ်လိုက်တာကို သူက မကျေနပ်ဘူးဗျ။ ခေါင်းခါပြတယ်။ အပြင်မှာ မထုတ်နဲ့ပေါ့ အထဲမှာပဲ အပြီးခံချင်တယ်ဆိုတဲ့ အမူအရာမျိုး။ ကျနော်လည်း ကြာကြာမအောင့်နိုင်တော့ နောက်ဆုံး အချက် ၂၀ လောက်ကို တဖြောင်းဖြောင်းနဲ့ အသေဆောင့်ပစ်လိုက်တာ သူလည်း နောက်ထပ်တစ်ခါ တွန့်လိမ်ပြီး ပြီးသွားသလို ကျနော်လည်း ခပ်ပြင်းပြင်းကို သူ့အဖုတ်ထဲ အရည်တွေ ပန်းထုတ်ပစ်လိုက်ရင်း ပြီးသွားကောဆိုပါတော့။

ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့်တင်းတင်းနဲ့ ချောချောလှလှ ကောင်မလေးကို အားပါးတရ လုပ်လိုက်ရတဲ့ အရသာကြောင့်လားမသိဘူး တကိုယ်လုံးကို တဖျင်းဖျင်းနဲ့ ကျေနပ်နှစ်သိမ့်သွားတဲ့ စိတ်နဲ့ ပီတိဖြစ်သွားတဲ့အပြင် နားထဲက လေတွေတောင် ထွက်သွားတယ်ဗျ။ သူလည်း ကျနော့်ကို ဟီးလေးခိုပြီး အတင်းဖက်ထားရင်း တကိုယ်လုံး တဆတ်ဆတ်တုန်ပြီး မောနေရှာတယ်။ မိုးတွေ တဝုန်းဝုန်းရွာချလို့ အေးနေတာတောာင် နှစ်ယောက်လုံး ချွေးတွေရွှဲနစ်နေတာပဲ။ ကျနော့်ကို အတင်းခိုစီးထားရင်း နားရွက်နားကပ်ပြီး တိုးတိုးလေး ပြောလာသေးတယ်။

“မောင်! မေ မဝသေးဘူးနော် ထပ်လုပ်ကြမယ် ဒါပဲ”

မေ ပြောသလိုပါပဲ ကျနော်လည်း မဝသေးပါဘူး အဟီး။ ဖြစ်သွားတဲ့ အဖြစ်အပျက်က မြန်ဆန်လွန်းသွားခဲ့တော့ ဘာမှကိုသေချာ အရသာမခံလိုက်ရသလိုကြီး မဟုတ်လားဗျာ။ အပျိုးကလေးတောင် ကောင်းကောင်းမဆင်လိုက်ရဘူး။ ငတ်ငတ်နဲ့ နှစ်ယောက်သား လိုရင်းကို အရင်သွားပစ်လိုက်ကြတာကိုး။ မကောင်းဘူးလားဆိုတော့ကာ မကောင်းတာတော့ မဟုတ်ဘူးလေဗျ။ ခုချိန် အဲ့ဒီအဖြစ်အပျက်ကို ပြန်စဉ်းစားကြည့်မိတာတောင် စလိုးမိုးရှင်းလေး ပြန်တွေးယူလိုက်ရတယ်။ ဖြစ်သွားတဲ့ အခြေအနေက ရုန်းရင်းဆန်ခတ်ဆန်လွန်းခဲ့တာလေ။ ရမ္မက်စိတ်ရဲ့မောင်းနှင်မှုကို အပြင်းအထန်ခံထားရတဲ့ ကျနော်တို့နှစ်ယောက်လုံး ထူပူပြီး အတင်းဖြစ်ကုန်တာဆိုတော့ အရသာကို သေသေချာချာ သိစိတ်နဲ့ကပ်ပြီး ခံစားလိုက်ရတာမျိုးကို မဟုတ်လိုက်ဘူး ဆရာတို့ရယ်။

နားရှုပ်သွားကြသလားတော့ မသိဘူး။ ဆိုလိုတာကဗျာ ကျနော်နဲ့သူ စိတ်ထဲမှာ ဖောက်ပြန်နေကြတာ လွန်ခဲ့တဲ့ ရက်တွေကတည်းကပဲ။ (နောက်ပိုင်းမှာ သူ ဝန်ခံလာတယ်.. ကျနော်သူ့ကို အလုပ်အသွားအပြန်လိုက်ပို့ရင်း မတော်တဆအသားချင်းထိ၊ တခါတလေ ပုခုံးဖက် လုပ်နေခဲ့တာတွေကို ပထမတုန်းက ကြည်နုူးမိတာကနေ အတော်ကြာလာတော့ အနားကပ်လာရင်ကို စိတ်ထဲ တဖျင်းဖျင်းထလာပြီး ခန္ဓာကိုယ်က တောင့်တစပြုလာတာတဲ့) တောင့်တတယ်ဆိုတာက ဘယ်လိုမျိုးလဲဆိုတာ ခင်ဗျားတို့ သဘောပေါက်တယ်နော်။ အဲ့ဒီမှာ ကျနော်ပြောပြခဲ့တဲ့ မိုးရွာတဲ့နေ့က ကျနော် ချိုစို့ အဖုတ်လျက်ပေးလိုက်မိတော့ (အနားမှာ လာလှဲအိပ်ခဲ့တာလည်း ဖီးလ်ယူတာ ဟီး) သူ့မြုံနေတဲ့စိတ်က ပွင့်ထွက်စပြုလာတယ်။ ကျနော်ရှောင်နေတဲ့ ၃ ရက်လောက်မှာ တအားကို နေရခက်တယ်တဲ့။ ဒါနဲ့ ဒေါ်ကြီးကို တောက အမျိုးတွေဆီ ပြန်မလားဆိုပြီး လမ်းကြောင်းဖွင့်ပေးလိုက်တာလို့ ပြောတာပဲ။

ကျနော့်ကိုအိမ်ကနေ လာခေါ်သွားတဲ့ ညက ကျနော်လှုပ်ရှားလာမယ်လို့ သေချာပေါက်တွက်ထားပြီး စိတ်တွေအရမ်းလှုပ်ရှားနေခဲ့တယ်တဲ့ ဟီးဟီး။ ရှက်သလိုလို လန့်သလိုလို ဖြစ်နေတဲ့ ကျနော်က သူ့အိပ်ခန်းထဲ လိုက်မလာခဲ့တော့ ဟိုဖက်ကနေ အံတကြိတ်ကြိတ်နဲ့ တစ်ညလုံး ဒေါဖောင်းနေတယ်ဆိုလားဗျာ။ (သနားပါတယ် ခစ်) အဲ့ဒါနဲ့ပဲ နောက်တနေ့ အလုပ်မသွားဖို့ ဆုံးဖြတ်လိုက်ပြီး အလှပြင်ဆိုင်တွေဘာတွေသွားပြီး ဆက်ဆီဖြစ်အောင် ဆံပင်တွေဘာတွေ အဖျားတွေသွားလိပ်လိုက်သေးတာ။ ပြန်လာပြီး ဖြစ်တာကတော့ ကျနော် ခင်ဗျားတို့ကို ပြောပြခဲ့တဲ့အတိုင်းပါပဲ။

အခုတော့ စည်းကျော်ကုန်ပြီဗျာ။ အရမ်းချစ်တဲ့ သူငယ်ချင်းနှစ်ယောက် မဟုတ်တော့ဘူး။ အခေါ်အဝေါ်တွေလည်း ကြည့်လိုက်ဦးလေ။ မေတွေ မောင်တွေ ဖြစ်ကုန်ပြီ။ သူကျနော့်ကို လိင်စိတ်ဖြေရုံသက်သက်မဟုတ်ဘူး။ မိန်းမတစ်ယောက်ဆိုတာ ဘယ်လောက်ပညာတတ်တတ်၊ ဘယ်လောက်ပြည့်စုံနေပါစေ၊ မာနထောင်လွှားနေပါစေ အချိန်တန်ရင် အားကိုးစရာ ရင်ခွင်တစ်ခု လိုတယ်ဗျ။ ကျနော် ဘာကောင်ပဲဖြစ်ဖြစ်ဗျာ။ သူ့မိသားစုလေးကို စောင့်ရှောက်နေတယ်။ မိန်းမသားတွေချည်းပဲရှိတဲ့ သူ့အိမ်လေး သူ့ခြံလေးကို လှတပတလေးဖြစ်အောင် ပြုပြင်ပေး၊ သူ့အလိုလိုက် အကြိုက်ဆောင်ပြီး အနောက်ကနေ တကောက်ကောက်လိုက်ပြီး စောင့်ရှောက်ပေးနေတော့ အားကိုးတွယ်တာလာရာကနေ အသွေးအသားနဲ့ တည်ဆောင်ထားတဲ့ လူဆိုတော့ကာ သဒ္ဒါလွန်တော့ တဏှာကျွန် ဖြစ်ကရောပေါ့။ အခု အရိုင်းစိတ်ဝင်ပြီး ကြမ်းကြမ်းတမ်းတမ်း လိင်ဆက်ဆံလိုက်မိတယ်။ ပြီးသွားတာတောင် တုန်တုန်ရီရီလေးနဲ့ ကျနော့်ကို အတင်းဖက်ထားတာ လုံးဝမလွှတ်ဘူး။ ကျနော့်မေးစိတွေကို မော့မော့ပြီး နမ်း၊ ကျနော့်ရင်အုံထဲ မျက်နှာအပ်ပြီး တပြွတ်ပြွတ်နမ်း၊ ပါးစပ်ကလည်း မောင် မေ့ကို ချစ်လားဟင် ဆိုပြီး တတွတ်တွတ်မေးရင်း မျက်လုံးရွှဲကြီးတွေနဲ့ မော့မော့ကြည့်လာတာ။

ကျနော်ကကော? ခင်ဗျားတို့ သိပီးသားပဲ။ ကျနော် သူ့ဆီမလာခင်က အသည်းကွဲသလိုလိုဖြစ်ပြီး စိတ်လေလွှင့်နေခဲ့တဲ့ကောင်ဗျာ။ သူ့အိမ်မှာ ဝင်ထွက်ရင်း တတ်နိုင်သလောက် အရာရာကို ခဏမေ့ထားဖို့ကြိုးစားနေခဲ့ရင်း ကျနော် အင်မတန်ချစ်တဲ့ ကျောင်းနေဖက်သူငယ်ချင်းကို ဖက်လှဲတကင်း ဒီလိုပဲနေနေရင်း အခုလိုအခြေအနေတွေ ဖြစ်သွားခဲ့ပြန်ပြီ။ အမှန်အတိုင်း ဝန်ခံမယ်ဗျာ။ ကျနော် သူ့ကို သံယောဇဉ် အင်မတန်ရှိတယ်။ အခု လိင်ပိုင်းဆိုင်ရာ တပ်မက်မှုပါ ရောသွားတော့ အင်မတန် စွဲလန်းမိသွားပြီ။ တစ်ခုလပ် ကလေးတစ်ယောက်အမေ သူငယ်ချင်းမလေးဆိုတဲ့ ဂရုဏာက သပ်သပ်ထားလိုက်ဦး ခင်ဗျားတို့ကို သေချာပြန်ရှင်းပြချင်တာ တစ်ခုရှိသေးတယ်။ ကျနော့်ဘဝမှာ ပတ်သက်ဖူးတဲ့ မိန်းမတွေထဲမယ် မေ့ကို ဘယ်သူမှ မယှဉ်နိုင်ဘူးရယ်။ သောက်ပိုပြောတယ်ပဲ ထင်ထင်ဗျာ။ ခင်ဗျားတို့ သူအိမ်ထောင်ပျက်ပြီးတော့ ဘာကြောင့် တခြားချဉ်းကပ်တဲ့သူတွေမရှိဘူး ထင်သလဲ။ အင်း! သူ့ရုပ်က တော်ရုံယောကျ်ား အနားမကပ်ရဲတဲ့ ရုပ်ဗျ။ ပထမဆုံးပို့စ်မှာ ကျနော် ပြောခဲ့ဖူးပါတယ် မတော်တဆ အပြင်မှာ သူနဲ့ဆုံခဲ့မယ်ဆိုရင် ခင်ဗျားတို့ သူ့ကို ငေးကြည့်နေမိလိမ့်မယ်ဗျ။ ယုံတာမယုံတာ ခင်ဗျားတို့ အပိုင်းပါနော့်။ ငေးကြည့်ရုံပဲရမယ်။ အနားတော့ ကပ်ရဲကြမယ် မထင်ဘူး။ အရမ်းချော အရမ်းလှတာပဲဆိုတာထက်.. ကျနော် မပြောပြတတ်ဘူးဗျာ။ ရှုပ်ကုန်ပြီလားမသိဘူး။

တချို့မိန်းမတွေဗျာ ချောတယ် လှတယ်၊ ဒါပေမယ့် တစ်ခုခုတော့ ချွင်းချက်ရှိနေတတ်တယ်။ မျက်နှာလှတယ်၊ ကိုယ်လုံးက မလှ၊ မျက်လုံးနည်းနည်းစောင်း၊ လက်တံရှည်၊ အရပ်ပု၊ ဒါမှမဟုတ်ရင် အရှက်အကြောက်ကြီး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိသလိုလိုရုပ်မျိုး ပေါက်ချင်ပေါက်နေတာမျိုး အဲ့လိုတစ်ခုခုပေါ့ဗျာ။ မေကတော့ တစ်မျိုးရယ်။ သူ့ဖာသာ အိမ်နေရင်း အင်္ကျီအနွမ်းလေးနဲ့ပဲ အပြင်ထွက်သွားပါစေဦး လူတွေကြားထဲ အဝေးကနေ လှမ်းကြည့်လိုက်ရင် ထင်းထင်းလေးရယ်။ မျက်နှာအကျအပေါက်၊ အသားအရည်၊ ကိုယ်လုံးကိုယ်ပေါက်၊ ဆံပင်ကောင်းတာ (ဖြောင့်တာ ဖယောင်းသွင်းတာ ခေတ်မစားခင်ကာလမှာကို ဆံပင်ကဖြောင့်ပြီး လှလွန်းတာ) အဲ့လိုတွေဗျာ။ ပြီးတော့ စကားပြောလိုက်ရင်လည်း အသံလေး စာစာ စာစာနဲ့ လူတကာကျတဲ့ အသံလေး၊ ယုံကြည်မှုကလည်း အပြည့်ရယ် (လူမကြောက်ဘူး ဇတ်ဇတ်ကြဲလေးပေါ့)… ဆိုတော့ကာ သူ့ဖာသာ တစ်ခုလပ်ကလေးအမေ မကလို့ ဘာဖြစ်နေနေ (ကျနော်က နဂိုထဲက အဲ့ဒါမျိုး အစွဲတွေလည်း မရှိဘူးရယ်) သာမန်ယောကျ်ားတစ်ယောက်သာဖြစ်တဲ့ ကျနော် ကြိုက်တာပေါ့ဗျာ။ သူငယ်ချင်းဘဝနဲ့ သူနဲ့တူတူ လက်ချင်းချိတ်ပြီး လျှောက်သွားကြရင်း လူတကာက ဟာ ဒီကောင့်မိန်းမက ချောလိုက်တာဆိုတဲ့ အကြည့်မျိုးနဲ့ ဝိုင်းကြည့်တာကို သာယာဖူးပါတယ်။ သမီးလေးနဲ့ ကျနော်တို့နှစ်ယောက် လျှောက်သွားကြရင် လူတွေက အင်မတန်လိုက်ဖက်တဲ့ မိသားစုလေး အဖေကော အမေကော ကလေးလေးကောက ဖြူဖြူသန့်သန့် ချောချောလေးတွေဆိုပြီး မကြားတကြား ပြောသွားတာခံရတိုင်းလည်း သာယာမိပါတယ်ဗျာ။

ဟုတ်ပါပြီး မောင်ချမ်းလေးရာ မင်းအဲ့လောက် ညွှန်းနေရအောင် မင်းနဲ့ အင်မတန် လိုက်ဖက်ညီတယ်ဆိုပါတော့ ဟုတ်လားလို့ ရိသဲ့သဲ့မေးလာရင်လည်း ကျနော်က အမှန်အတိုင်း ပြောရဲပါတယ်လေ။ ကျနော်က ခင်ဗျားတို့လို သာမန်ရုပ်ရည်ပဲ ပိုင်ဆိုင်ပါတယ်။ လူချောကြီးလည်း မဟုတ်ဘူးရယ်။ မှန်ရာဝန်ခံရရင် သူနဲ့ဒီလိုဖြစ်တာ သူငယ်ချင်းမို့ ဖြစ်သွားတာပါ။ အပြင်မှာ သူစိမ်းတစ်ယောက်အနေနဲ့ ချဉ်းကပ်ဖို့ဆိုတာ ကျနော်လည်း ကိုယ့်ကိုယ်ကို အဲ့လောက်တော့ ယုံကြည်မှုမရှိလောက်ဘူး ထင်တယ်ဗျ။ ကျနော်ပြောခဲ့ဖူးသလိုပါပဲ ကျနော့်ရုပ်က ပေါက်စီရောင်းတဲ့ ပြည်ကြီးတရုတ်ရုပ်ပါ အဟီး (ကိုရွှေဘက မိုက်ကမ်းတဲ့ ရှမ်းသူပုန်လို့ ခေါ်ဖူးတယ်) ဂျစ်ကန်ကန် တရုတ်လူဆိုး ဂိုဏ်းစတားရုပ်မျိုး။ ကိုယ်လုံးကိုယ်ပေါက်ကလည်း တပ်ကြပ်ကြီးလို ဆစ်စ်ပက်တွေဘာတွေရအောင် ကစားထားတဲ့ တောင့်တင်းတဲ့ကိုယ်ခန္ဓာ ပိုင်ရှင်မျိုး မဟုတ်ရပါဘူး။ မိန်းမကြိုက်လောက်တဲ့ အာလူးမျိုးလည်း ဖုတ်တတ်ဖို့ နေနေသာသာ ထစ်ကနဲဆို ဒေါသက ထွက်တတ်သေးတာမျိုး။ စိတ်ကလည်း တစ်ဆစ်နဲ့ တစ်ဖက်သားမခံချင်အောင် လျှောက်ပြောတတ်တဲ့ သောက်ကျင့်ကလည်း ရှိသေးတယ်။ (ဒါပေမယ့် ကျနော်ဘာပြောပြော မေကတော့ သောက်ဂရုကို မစိုက်ဘူး တဟားဟားနဲ့ အော်ရယ်တတ်တယ်ဗျ) ကဲ! ကိုယ့်ဂုဏ်ကိုယ် ဖော်နေတာများနေပြီ။ ဆက်ပြောရအောင်။

အဲ့လိုဆိုတော့ကာ ကျနော်ကတော့ ဘာပြောစရာလိုမလဲဗျာ။ ကြိုက်တယ်ဗျာ။ ချစ်တယ်ဗျာ။ အခုလို လက်လွန်ခြေလွန်တွေ ဖြစ်ကုန်တာလည်း နောင်တမရမိတော့ဘူး။ စိတ်ထဲမယ် အို! မောင်ချမ်း မင်းဘ၀ အခြေတကျဖြစ်ဖို့ လမ်းစမြင်ပြီ သမီးလေးနဲ့ မိန်းမနဲ့ ဖြစ်တော့မယ်ပေါ့ ပျော်လိုက်တာအရမ်းပဲ ဟီဟိ။

သူက ကျနော့်ကို အတင်းဖက်ပြီး ချွဲနေတာကို ကျနော်ကလည်း ကြည်ကြည်နူးနူးနဲ့ နဖူးပြောင်ပြောင်လေးကို မွှေးကျူရင်း ချစ်တယ်မေရယ်.. မောင် မေ့ကို အရမ်းချစ်တယ်ပေါ့။ အဲ့ဒီလို အချစ်နလံထနေရင်း နှစ်ယောက်စလုံး သမီးလေးကို သတိရသွားတယ်။ ဧည့်ခန်းထဲမှာ ဒီတိုင်းပစ်ထားမိတာလေ။ ဒါနဲ့ မေတစ်ယောက် အဝတ်တွေကောက်ဝတ်ပြီး သမီးလေးကို ပြေးကြည့်တယ်ပေါ့။ ကျနော်ကတော့ ကိုယ့်ဘောင်းဘီတိုလေး ပြန်ကောက်ပြီး ရေချိုးခန်းထဲဝင် ရေတစ်ခါထဲချိုးနေလိုက်မိတယ်။ ဆပ်ပြာတိုက် သေချာပွတ်သပ်ဆေးကြောနေတုံး ရေချိုးခန်းတံခါးခေါက်သံ ကြားလိုက်ရတယ်။

“မောင်! တံခါးဖွင့်စမ်းပါ.. ဘာကိစ္စ ကလန့်ထိုးထားရတာလဲ မေ့ကိုကြောက်လို့လား ခုဖွင့်..”

ဆိုတဲ့ အော်သံကြားလိုက်ရလို့ ဖွင့်ပေးလိုက်မိတော့ ဟိတ်! ကနဲ အော်သံနဲ့ မေတစ်ယောက် အပျိုပေါက်မလေးလို လွှားကနဲ ခုန်ဝင်လာတယ်။ သမီးလေးကော ဆိုတော့ ဧည့်ခန်းထဲမှာ အရုပ်တွေနဲ့ဆော့ရင်း ကွပ်ပျစ်လေးပေါ်အိပ်ပျော်နေရှာလို့ အိပ်ခန်းထဲပွေ့ပြီး စောင်ခြုံသိပ်ခဲ့ပြီတဲ့။ ပြောပြောဆိုဆိုနဲ့ သူ့ကျောလည်လောက်ရှိတဲ့ ဆံပင်တွေကို အုတ်ကန်ဘောင်ပေါ်မှာတင်ထားတဲ့ ဆံညှပ်တစ်ခုယူပြီး နောက်စေ့နားမယ် ချည်ပြီး ညှပ်ထားရင်း အဝတ်တွေ ချွတ်ချပစ်လိုက်ရင်း တူတူချိုးမယ်လေကွာဆိုပြီး ကျနော့်ကို ဖက်လာတယ်။ ကျနော့်ကိုယ်ပေါ်က ဆပ်ပြာတွေ အရင်ပြောင်သွားအောင် ရေတဗွမ်းဗွမ်းလောင်းချပြီး ချိုးလိုက်တော့ သူက ကျနော့်တစ်ကိုယ်လုံးကို ပွတ်သပ်ပေးနေပြန်တယ်။

အဲ့ဒီမှာ ခုနက တစ်ချီပြီးထားလို့ ငြိမ်နေတဲ့ ကျနော့် ဒုံးပျံက တဖြေးဖြေးချင်း ပြန်တက်လာပြန်ရော။ ကျနော်လည်း ရေဆက်မလောင်းနိုင်တော့ဘူးဗျို့။ ခွက်ကို ရေကန်ထဲ ဖလပ်ကနဲ ပစ်ချလိုက်ပြီး မေ့ကိုယ်လုံးအိထွေးထွေးလေးကို ထွေးပွေ့လိုက်ရင်း နှုတ်ခမ်းနွေးနွေးလေးကို အသေစုပ်နမ်းပစ်လိုက်တာ ခပ်ကြမ်းကြမ်းပဲ။ မေကလည်း ကျနော့်နှုတ်ခမ်းကို ပြန်စုပ်ရင်း လျှာနဲ့ပါ ကျနော့်နှုတ်ခမ်းနှစ်လွှာထဲ ထည့်ပြီး မွှေကရော။ အောက်ကလည်း မာတောင့်တောင့် ကျနော့်ကောင်ကြီးကို လက်ပြန်အုပ်ပြီး ကိုင်ထားရင်း လျှောတိုက်ပြီး ဆော့တော့တာပဲ။ ဒီတစ်ချီတော့ ခုနကလို ဘာဖြစ်မှန်းမသိ ဆက်တိုက်ကြမ်းဖို့ထက် တငွေ့ငွေ့နဲ့ အရသာခံရင်း အုပ်ကြဖို့ပြင်နေကြတယ် ဆိုပါတော့လေ။

ဘယ်လိုပြောရမလဲဆိုတော့ ကာမဂုဏ်စည်းစိမ်ကို တင်းပြည့်ကြပ်ပြည့်ကို ခံစားကြတော့တာဗျ။ တစ်ယောက်နဲ့တစ်ယောက် နမ်းတာကို အားရပါးရ၊ ကိုယ်လုံးချင်းထိပြီး အပြန်အလှန် ပွတ်သပ်ချော့မြှူတာကလည်း တစ်ဆင့်ချင်း.. အဲ့လိုတွေပေါ့။ ရေချိုးခန်းက အသံလုံတော့ လှိုဏ်သံတွေ ထွက်နေတော့ကာ တစ်ယောက်နဲ့တစ်ယောက် နမ်းရှုံ့တဲ့အသံ တပြွတ်ပြွတ်တွေရယ်၊ “မေ့” လည်တိုင်လေးကို နှုတ်ခမ်းနဲ့ ရွရွကလေးနမ်းနေရင်း အိထွားလွန်းတဲ့ ချိုဗူးကြီးတွေနဲ့ တင်သားဆိုင်တွေကို အဆက်မပြတ် ဆုပ်ချေပေးလိုက်တော့ အဟင့်! မောင်.. ဆိုတဲ့ ရေရွတ်ငြီးတွားသံလေးတွေနဲ့ ဆူညံနေတာပါပဲဗျာ။

အဲ့ဒီလို နမ်းနေကြရင်းနဲ့ မေက ရုတ်တရက် ကျနော့်ကို အသာလေးတွန်းဖယ်လိုက်ရင်း ရေချိုးခန်းကြမ်းပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်တယ်။ သူဘာလုပ်တော့မယ်ဆိုတာ ရိပ်မိလိုက်တဲ့ ကျနော်တစ်ယောက် ရင်ထဲမှာ လှိုက်ဖိုသွားတယ်ဗျာ။ ဒါမျိုးမကြုံဖူးတဲ့ လူပျိုပေါက်ကလေး မဟုတ်ပေမယ့် ချစ်သူရည်းစားလည်းမဟုတ် သူငယ်ချင်းလည်းမကတော့တဲ့ မိန်းမတစ်ယောက်က ငါ့ကို ဒီလိုလုပ်တော့မယ်ဆိုတဲ့ အသိက တစ်မျိုးကြီးရယ်။ စိတ်တအားထနေလို့ နီရဲမာတင်းနေတဲ့ ကျနော့်လိင်တံက လေထဲမှာ တရမ်းရမ်းနဲ့ အငြိမ်နေဖြစ်နေတာကို သူ့လက်ချောင်း ပျော့ပျော့လေးတွေနဲ့ အသာလေးဖမ်းကိုင်လိုက်ရင်း ကျနော့်ကို မော့ကြည့်လာတယ်။ အဲ့ဒီမှာဗျာ.. ဘယ်လိုမှန်းမသိပါဘူး။ သူ့မျက်နှာလှလှလေးက ရီဝေဝေလေး၊ မျက်လုံးဝိုင်းစက်စက်လေးတွေကလည်း ချစ်ကြည်နူးနေတဲ့ ဟန်လေး.. အဲ့လိုလေးမော့ကြည့်လာတော့ ကျနော် ရေလည် ဖီးလ်ဖြစ်သွားတယ်ဗျာ။ (အဲ့ဒီအကြည့်တွေကို ဒီနေ့အထိ ပြန်မြင်ယောင်နေမိပါသေးရဲ့) ရမ္မက် နဲ့သံယောဇဉ်ပေါင်းထားတဲ့ အကြည့်မျိုး။

အဲ့လိုလေး တစ်ချက်မော့ကြည့်ပြီးတာနဲ့ ကျနော့်ဒုံးပျံကို မိုးပေါ်ထောင်သွားအောင် မတ်ထားလိုက်ရင်း ဟိုးအောက်ခြေကနေ ထိပ်ဖျားထိ လျှာရဲရဲလေးကို ထုတ်ပြီး စလျက်တော့တာပဲ။ ကျနော်လည်း ရှီးးကနဲ အသံတစ်ချက်ထွက်ပြီး ငြီးလိုက်မိတယ်။ လူကို ကတုန်ကယင်ကြီးရယ်။ အသာအယာ တစ်ချက်ချင်း လျက်တာ မဟုတ်ဘူးဗျ။ လျှာကိုဗျာ ဘယ်ညာယိမ်းပြီးး ဇတ်ဇတ်ဇတ်ဇတ် အဲ့လိုလျက်ရင်း ဖြေးဖြေးချင်း အရင်းကနေ အဖျားထိတက်လာလိုက် ပြန်ဆင်းသွားလိုက် အဲ့လိုကြီးလုပ်တာဗျ။ တက်သွားလိုက် ဆင်းလာလိုက်လုပ်နေတာ။ လူကို ဘုရားပွဲဈေးမှာ ရဟတ်စီးနေရသလိုပဲ ဟီး။ ဒုံးပျံကို ထောင်ထားလျက်ကနေ လက်ပြန်ကိုင်ပြီး အောက်ကိုစိုက်ကျသွားအောင် ဆွဲထားရင်း ခုနကလို ဇတ်ဇတ်ဇတ်ဇတ်နဲ့ ဒုံးပျံ အပေါ်ဖက်တစ်ခြမ်းကိုလည်း ထပ်လျက်ပေးနေပြန်တယ်။ အဲ့ဒီလို အားရအောင် နှိပ်စက်ပြီးတော့မှ ဒူးထောက်လျက်ကနေ ခါးလေးကို မတ်မတ်ကလေးဖြစ်အောင် အနေအထားပြင်၊ ကျနော့်ဒုံးပျံထိပ်ဖူး ဒစ်ကို လျှာနဲ့ ဝိုက်ပြီး ကစားပြန်တယ်။ လူကို ထူပူနေပြီ ကောင်းလွန်းလို့ဗျာ ဟီး။ ပြီးမှ နှုတ်ခမ်းနီရဲရဲလေးနဲ့ငုံပြီး ဖြေးဖြေးချင်း စုပ်ယူပစ်လိုက်တယ်။

အဲ့ဒီမှာ ကျနော်လည်း ကယောင်ကတမ်းနဲ့ ခြေဖျားထောက်ပြီး ကော့တက်နေပြီ။ တိုက်စစ်အဖွင့်ခံထားရတာကလည်း တစ်နေရာထဲမကဘူးလေ။ သူ့လက်တစ်ဖက်က ကျနော့်ရင်ဘတ်ကို မမီမကမ်းနဲ့ လှမ်းပွတ်နေသလို၊ ကျန်တဲ့လက်တစ်ဖက်က ကျနော့် ဂွေူတွဲလဲကို ဖွဖွလေးဆုပ်ပြီး ပွတ်သပ်ကစားလိုက်၊ ကျနော့်တင်ပါးတွေကို ပွတ်လိုက် (ချမ်းကို ဖင်အကိုင်ခံနေရတယ်ဆိုပြီး မရယ်နဲ့ဗျ တော်တော်ဇိမ်ရှိတာ ဟီး) ၊ ပါးစပ်ထဲ ကျနော့်ဒုံးပျံကို ထည့်ထားရင်း ရှေ့တိုးနောက်ဆုတ်ကလည်း လုပ်နေတော့ကာ ဘယ်လောက်ဇိမ်ရှိနေမလဲ စဉ်းစားသာကြည့်ကြပေတော့ ဆရာတို့ရေ။

ခဏလောက်နေတော့ ကျနော် မခံနိုင်တော့ဘူးဗျ။ သူ့ပါးစပ်ထဲက ပေါက်ကွဲတော့မတတ်ဖြစ်လာတဲ့ ကျနော့်ဒုံးပျံကြီးကို ကိုယ်ကိုရို့ပြီး အတင်းဆွဲထုတ်ပစ်လိုက်မိတယ်။ ကြာကြာခံနေရင် ကျနော်ပြီးသွားတော့မှာလေ။ အဲ့ဒီမှာ ကျနော့်ကို သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့ မမလေးက မျက်နှာလေးကိုရှုံ့မဲ့မဲ့လေးလုပ်ရင်း မော့ကြည့်လာတယ်။

“ဘာလဲကွာ! သူများဖြင့် စုပ်လို့မှ မဝသေးတာကြီး..”

တဲ့။ ညောင်နာနာ ညစ်ကျယ်ကျယ်လေသံလေးနဲ့ ဆူဆောင့်ဆောင့် အော်လာတယ်။ ဘယ်လိုဟာလေးမှန်း မသိဘူးဗျာ ချစ်စရာလေး။ ကျနော်လည်း ဒူးထောက်နေတဲ့ သူ့ကို အတင်းဆွဲထူရင်း

“မောင် မေ့ကို မလုပ်လိုက်ရပဲ ပြီးးတော့မယ်ဟ! နောက်မှ အဝစုပ်တော့ လိမ္မာတယ် ငါ့အချစ်ကလေး.. နော်..”

လို့ချော့ရင်း နှုတ်ခမ်းဖူးဖူးလေးကို ပြွတ်ကနဲ တစ်ချက်နမ်းလိုက်ရင်း နားရွက်နားကပ်တိုးတိုးလေး

“အရမ်းချစ်ချင်ပြီကွာ”

လို့ ခပ်ချွဲချွဲလေး ပြောလိုက်တယ်။ မေက

“အင်း..ချစ်ကွာ ချစ်ကွာ”

လို့ ပြန်ပြောရင်း နှုတ်ခမ်းကို တင်းတင်းကိုက်ရင်း ကျနော့်ကို ကျောပေး တစ်ဖက်လှည့်၊ အုတ်ရေကန်ကို လက်လှမ်းထောက်ရင်း တင်ပါးကို အနောက်ပစ်ကော့ပေးထားလာတယ်။ ဒေါ့ဂီလို လေးဖက်ထောက်တာတောင် မဟုတ်သေးဘူး၊ ကိုယ်ကိုအသာလေးကိုင်း မတ်တပ်ရပ် အုတ်ကန်ကို လက်ထောက်ပြီး ဖင်ကော့ထားပေးတာကို သူ့ဖင်တုံး ဝါဝါ၀င်းဝင်းအိအိကြီးတွေက အားရစရာကြီးဗျာ။ ကျနော်လည်း အသာလေးတိုးကပ်၊ ဒူးလေးကွေး၊ တင်ပါးကြီးနှစ်ခြမ်းကို အသာလေးဆွဲဟလိုက်ပြီး အဖုတ်အိအိဖောင်းဖောင်းလေးအဝမှာ ဒုံးပျံကိုတေ့လို့ ကော့ပြီး သွင်းလိုက်တယ်။ အာ့! လို့တော့ တစ်ချက် အော်သံထွက်လာတယ်။ ကြပ်တယ်ဗျာ။ တင်းကြပ်ကြပ်စီးပိုင်ပိုင်ကြီး။ ဒါပေမယ့် ဒုတိယအချက်မှာ အဆုံးထိဝင်သွားအောင် ထပ်ပြီး အားနဲ့ကော့သွင်းလိုက်တယ်။

အိစက်ချောမွှတ်နေတဲ့ တင်ပါးတွေနဲ့ ကျနော့်ဆီးခုံနဲ့ ထိကပ်သွားပြီ။ ဆံပင်ရှည်တွေကို နောက်စေ့နားမယ် ခေါက်ပြီး ကလစ်နဲ့ညှပ်ထားတော့ ဝင်းမွှတ်မွှတ်လေးပေါ်နေတဲ့ သူ့ဂုတ်ပိုးလေးကို ကျနော့်နှုတ်ခမ်းနဲ့ အနောက်ကနေ ဖိကပ်နမ်းရင်း လက်နှစ်ဖက်က နို့ကြီးနှစ်လုံးကို အားရပါးရ လှမ်းဆွဲနှိုက်ရင်း တစ်ချက်ချင်း တစ်ချက်ချင်း ဆောင့်နေမိတယ်။ ရေချိုးခန်းထဲမှာ တင်ပါးကို ဆီးခုံနဲ့ ရိုက်ခတ်မိသံ ဖောက်ဖောက်ရယ်၊ အာ့ ဆိုတဲ့ မေ့ အော်သံလေးရယ်၊ ကျနော့် နှာမှုတ်သံတရှူးရှူးရယ်က အချက်ကျကျ ဆူညံနေတယ်။ အချက် ၃-၄၀ ဆယ်လောက် အဲ့လို ပုံမှန်လေးကပ်ဆောင့်နေရင်းကနေ ခုနက အစုပ်ခံထားရလို့ ပြီးချင်သလိုလိုဖြစ်လာတဲ့ ဖီလင်ကို ဖျောက်လို့ရသွားတယ်ဗျ။ ပြီချင်တယ်ဆိုတဲ့ စိတ်ကို ထိန်းလို့ရသွားပြီဆိုပါတော့။

“မေ.. မောင် ခပ်ကြမ်းကြမ်းလုပ်ချင်ပြီ.. လုပ်ရမလားဟင်”

“အင်း..သဘောကွာ”

ခွင့်ပြုချက် ရသွားတာနဲ့ သူ့ကျောပေါ်မှီထားရင်း ကပ်တွန်းလေးဆောင့်နေတဲ့ ကျနော် ကိုယ်ကိုပြန်မတ်လိုက်တယ်။ နို့နှစ်လုံးကို လှမ်းဆွဲထားတဲ့ လက်နှစ်ဖက်ကို မေ့ခါးကျင်ကျင်လေးဆီကို ပြောင်းကိုင်လိုက်တယ်။ ပြီးတာနဲ့ တဖြောင်းဖြောင်းမြည်အောင် အားနဲ့ပိတ်ပိတ်ဆောင့်တော့တာပဲ။ ၁၀ ချက်လောက် ဆက်တိုက် ဆောင့်ပစ်အလိုက်မှာ ကျောပေးထားတဲ့ မေ့ဆီက အာခေါင်ခြစ်ပြီး အော်တဲ့အသံထွက်လာတယ်။ လှိုဏ်သံပါနေတဲ့ ရေချိုးခန်းဆိုတော့ အသံက အကျယ်ကြီးရယ်။

“မေ.. ဘာဖြစ်တာလဲ .. အရမ်းဆောင့်တာ အောင့်သလားဟင်”

“ကျွတ်! ဘာလဲကွာ.. ကောင်းလို့အော်တာ ကောင်းလွန်းလို့ .. ဘာတွေလာမေးနေမှန်းမသိဘူး ဒါများ သူ့ကိုယ်သူ ဆရာကြီးတဲ့ တောက်!”

ဆောင့်တာရပ်ပြီး စိုးရိမ်တကြီး လှမ်းမေးမိတဲ့ ကျနော့်ကို ရမ္မက်လွှမ်းတဲ့ ဒေါသသံလေးနဲ့ အဲ့လိုအော်ငေါက်ရင်း တောက်ပါခေါက်လာတယ်။ ကျောပေးထားလို့ မျက်နှာအမူအရာကို မမြင်ရပေမယ့် အံလေးတင်းတင်းကြိတ်ရင်း မချိတင်ကဲလေး ဖြစ်နေမယ်ဆိုတာ သိပါတယ်။ (ကိုယ့်ကိုယ်ကိုလည်း တော်တော်ဒူတဲ့ ငါပါလားလို့ အခုပြန်စဉ်းစားရင်း ပြုံးနေမိတယ်ဗျ) အဲ့ဒီနောက်တော့ သူ့ဖာသူ အာခေါင်ခြစ်ပြီး အော်ရုံမက ဘာပဲအသံထွက်ထွက် အသေကို ဗျင်းတော့တာပေါ့။

သူတင် အော်တာလားဆိုတော့ ကျနော်ပါ မာန်သွင်းရင်း အော်မိတော့တာဗျို့။ ဘယ်လောက်တောင် ကြမ်းပစ်လိုက်လည်းဆိုရင် သူ့ခေါင်းက ညှပ်ထားတဲ့ ကလစ်ပါ ပြုတ်ကျ၊ အဖျားလိပ်ထားတဲ့ ဆံပင်ရှည်နက်နက်လေးတွေ ကပိုကရိုပြေကျလာပြီး ရေကန်ထဲက ရေတွေနဲ့ထိပြီး စိုရွှဲ ၊ မေ့ ပါးစပ်က အမေ့! သေပါပြီမောင်ရယ် ကြမ်းလိုက်တာကွယ်.. အားး မောင်ရေ..မောင်ရေ အဲ့လိုတွေ ဗလုံးဗထွေး အော်ဟစ်ဆူညံသွားတဲ့အထိ ဆောင့်ဆောင့်ပြီးး ကြမ်းပစ်လိုက်တာဗျာ။ မေ့ ဖင်ဖွေးဖွေးကြီးနှစ်ခြမ်းကြားထဲ ကျနော့်ဒုံးပျံက အရည်တွေပန်းထုတ်ပြီး ပြီးသွားချိန်မှာ မေ့ကိုယ်လုံးလေး တဆတ်ဆတ်တုန်နေရှာပြီး မတ်တပ်တောင် မရပ်နိုင်ရှာတော့ပဲ အုတ်ကန်ဘောင်ကို တံတောင်ဆစ်နဲ့ထောက်ပြီး တအင်းအင်းငြီးရင်း ပျော့ခွေသွားရှာတယ်။ တဆစ်ဆစ်နဲ့ အရည်တွေကုန်အောင် ပန်းထုတ်ပြီးမှ အားရကျေနပ်သွားတဲ့ ကျနော် သူ့ဖင်ကြားထဲက ဒုံးပျံကို ပလွှတ်ကနဲ ဆွဲထုတ်ရင်း ခွေကျခါနီးနေတဲ့ မေ့ကို ဆွဲပွေ့ရင်း ဖက်ထားလိုက်ရတယ်။

သူ့အဖုတ်လေးနဲ့ ကျနော့်ဒုံးပျံကို သွက်သွက်ကလေး သန့်ရှင်းရေးလုပ် ဆေးကြောပစ်လိုက်ပြီးမှ မွှေးပွတဘက်နဲ့ ရေစိုသွားတဲ့ သူ့ဆံပင်ရှည်လေးတွေနဲ့ ကိုယ်လုံးလေးကို သုတ်ပေး၊ ကျနော့်ကိုယ်ကိုလည်း သုတ်သင်ပစ်လိုက်တယ်။ မေ့ ကိုယ်လုံး အိထွေးထွေးလေးကို စွေ့ကနဲ ကောက်ချီမလိုက်ပြီး အိပ်ခန်းထဲကို ကျနော်လည်း ဖင်တုံးလုံး၊ သူလည်း ဖင်တုံးလုံး အနေအထားအတိုင်း ဝင်သွားရင်း ကုတင်ပေါ်ကို အသာအယာ ချထားပေးလိုက်တယ်။ မိုးက တဝေါဝေါရွာနေတုံးဆိုတော့ ရာသီဥတုက အေးလာပြီဗျ။ ကျနော်ကိုယ်တိုင် တီရှပ်တစ်ထည်နဲ့ ပုဆိုးတစ်ထည် ကောက်စွပ်လိုက်သလို၊ သူ့ကိုလည်း အိမ်နေရင်းဝတ်နေကြ ရှပ်လက်ရှည်လေးတစ်ထည်နဲ့၊ ဘောင်းဘီပွပွ ဒူးဆစ်လောက်တစ်ထည် ကောက်ကပ်ဝတ်ပေးလိုက်တယ်။ အဲ့ဒီအချိန်ထိ ဘာစကားတစ်ခွန်းမှ မဆိုပဲ ကျနော်လုပ်ပေးသမျှကို ကလေးပေါက်စနလေးလို ငြိမ်ငြိမ်လေးခံနေရှာတယ်။ အားလုံးပြီးသွားမှ နှစ်ယောက်စလုံး ကုတင်ပေါ်မှာ လှဲအိပ်ရင်း ခပ်တင်းတင်းလေးဖက်ထားရင်း မှိန်းနေလိုက်ကြတယ်။ နှစ်ချီလောက် ဆက်တိုက်ဆွဲလိုက်ရတော့ နည်းနည်းတော့ ပင်ပန်းပြီပေါ့ဗျာ။

တိုတိုပြောရရင် ဖက်ထားရင်း တစ်ရေးအိပ်ပျော်သွားလိုက်တာ ညနေစောင်း သမီးလေး တအီအီလုပ်သံကြားမှ နှစ်ယောက်လုံးနိုးလာတယ်ဗျ။ အဲ့ဒီတော့မှ လူးလှဲထကြရင်း သူက ကပိုကရိုနဲ့ ကလေးကို ပြေးချော့၊ ကျနော်လည်း မျက်နှာလေးဘာလေးသစ်၊ မှောင်နေပြီဆိုတော့ မီးခလုတ်တွေဘာတွေဖွင့်၊ နေ့ခင်းက ချက်ပြုတ်ထားပြီး မစားဖြစ်ခဲ့တဲ့ ထမင်းတွေဟင်းတွေကို ပြန်နွေးပြု၊ ဒါနဲ့ ဗိုက်ကလည်း တကြုတ်ကြုတ်မြည်ပြီး ဆာလာတော့ကာ ထမင်းပွဲ တစ်ခါထဲ ပြင်တော့တာပေါ့။

မေက ကလေးပွေ့ထားရင်း ချော့နေရာက ကျနော်ရှိတဲ့ မီးဖိုခန်းထဲဝင်လာရင်း ပြုံးစိစိနဲ့ ချစ်မဝတဲ့ အကြည့်တွေနဲ့ လာလာကြည့်နေတယ်ဗျ။ ကျနော်လည်း ထမင်းတွေဟင်းတွေ ခူးခပ်နေရင်းက မေနဲ့ကလေးကို ကြည့်ရင်း ခံစားချက်က တစ်မျိုးပဲ။ ဘယ်လိုပြောရမလဲ ကိုယ့်ကိုယ်ကို အိမ်ထောင်ကျ၊ ကလေးတွေဘာတွေရလို့၊ ဘဝတစ်ခုမှာ အခြေချနေသလိုလို ဘာလိုလိုကြီးရယ်။ ထမင်းပွဲပူပူနွေးနွေးလေးပြင်ပြီးတော့

“စားတော့မလား”

လို့ မေ့ကို လှမ်းမေးတော့ မေက

“ငါးမိနစ်လောက်စောင့်ဦး.. မေ ရေပြေးချိုးမယ်.. မောင် သမီးလေး ခဏပွေ့ထားနော်.. ခဏလေး”

ဆိုပြီး လှစ်ကနဲ အခန်းထဲ ပြေးဝင်သွားတယ်။ အီနေတဲ့ သမီးလေးကို အရင်ချော့ရင်း ထမင်းခွံံ့နေရာက ထမီရင်လျားနဲ့ ရေချိုးခန်းထဲဝင်သွားတဲ့ မေက

“တယ်တော်တဲ့ ဖေဖေ”

လို့ အော်ပြီး နောက်သွားတော့ ကျနော့်မယ် ရှိန်းတိန်းဖိန်းတိန်းကြီး ဖြစ်သွားသေးတယ်။ ရေမိုးချိုးပြီတဲ့ မေတစ်ယောက် သနပ်ခါးရေကျဲလေးပွတ်၊ မွှေးတေးတေးကိုယ်နံ့လေးနဲ့ ကျနော်နဲ့ သမီးလေးရှိတဲ့ ထမင်းစားပွဲနား ပြန်ရောက်လာတော့ ဘာမပြောညာမပြောနဲ့ ကျနော့်ကို

“ချစ်လိုက်တာ ငါ့ကောင်လေးရာ”

လို့ တိုးတိုးလေး ကပ်ပြောရင်း ဖက်နမ်းတာခံလိုက်ရသေးတယ်။ ကျနော်လည်း မီးရောင်အောက်မှာ ရေမိုးချိုးပြီးစ ကြည်လင်နေတဲ့ မေ့မျက်နှာဖူးဖူးလေး (နဖူးပေါ်က ဆံနွယ်စတွေကို ဘီးကုတ်အဝါလေးနဲ့ အပြောင်သိမ်းထားတယ်) ကို ငေးကြည့်ရင်း

“မေက အရမ်းချောတယ်ကွယ်”

လို့ သတိလက်လွှတ် လှမ်းပြောလိုက်မိသေးတယ်။

“အို! ချောမှာပေါ့ မောင့်ချစ်သူပဲဟာ”

လို့ နောက်တီး နောက်တောက်ပြန်ပြောလာရင်း

“မောင်သက်တို့တော့ ကလေးတစ်ယောက်အမေကိုမှ ကြွေရသလားကွယ်”

လို့ပြောရင်း တခစ်ခစ်နဲ့ ရယ်နေပြန်သေးတယ်။ အဲ့ဒီညက ထမင်းဝိုင်းလေးကို ကျနော် တသက်မမေ့ဘူးဗျ။ သမီးလေးကို ရင်ခွင်ထဲထည့်ထားရင်း ချော့မော့ပြီး ထမင်းခွံ့နေတဲ့ ကျနော့်ကို .. လာလာ ဖေဖေလည်း လိမ္မာတယ် ပါးစပ်ဟ ဆိုတဲ့ ခပ်ရွှင်ရွှင်လေသံကလေးနဲ့ မေတစ်ယောက် ထမင်းလှမ်းလှမ်းခွံ့ကျွေးခဲ့တာကိုးဗျာ။ ဘဝမှာ စားဖူးခဲ့သမျှ ထမင်းအနပ်ပေါင်းများစွာမှာ ကျနော် အမြိန်ယှက်ဆုံးနဲ့ မမေ့နိုင်ဆုံး ထမင်းပွဲလေးထင်ပါရဲ့။ တကယ်တမ်းတော့ ကျနော်ဟာ ကိုယ်မပိုင်တဲ့ ကမ္ဘာလေးတစ်ခုမှာ အချိုအချောင် ဝင်ကစွပ်လုပ်ရင်း ပျော်နေမိခဲ့တဲ့ ငမိုက်သားတစ်ကောင်ပေါ့ ညီအစ်ကိုတို့ရာ။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းကတော့ ကိုယ့်ဘဝကို ကိုယ်မေ့လျော့ပြီး အင်မတန် ကြည်နူးပျော်ရွှင်နေမိခဲ့တာပေါ့။

အခုထိ မှတ်မိနေတာလေးတစ်ခု ရှိသေးတယ်ဗျ။ စားသောက်ပြီးတော့ ဧည့်ခန်းထဲမှာ သမီးလေးကိုထိန်းရင်း စာအုပ်ကိုယ်စီနဲ့ စာဖတ်လိုက် (ကျနော်တို့က ဝါသနာတူ သူငယ်ချင်းတွေ မဟုတ်လား) စကားစမြည်လေး လှမ်းပြောလိုက်နဲ့ တကယ့်လင်မယားစုံတွဲတစ်တွဲလိုပါပဲ။ သမီးလေးအိပ်ပျော်သွားတော့ အခန်းထဲပို့ပြီး သိပ်ထားလိုက်ခဲ့တယ်။ ဧည့်ခန်းထဲက ဆက်တီခုံမှာ ကျနော်က ထိုင်၊ သူက ကျနော့်ပေါင်ပေါ် ခေါင်းအုံးရင်း အိပ်၊ နှစ်ယောက်သား ရုပ်မြင်သံကြားကလာနေတဲ့ ဇာတ်ကားတစ်ခုကို တူတူကြည့်ဖြစ်ကြသေးတယ်။ ကျနော်တို့ချာတိတ်ဘဝက နှစ်ယောက်လုံးကြိုက်ခဲ့တဲ့ Terminator 2: ဇာတ်ကား လာနေတာကိုး။ အဲ့ဒီမှာ ရယ်ရတာက ဇာတ်ကားလာတဲ့အချိန်ဆို နှစ်ယောက်သား စိတ်ဝင်တစားကြည့်နေကြပြီး ကြော်ငြာထိုးပြီဆို မေက ဘာလုပ်တယ်မှတ်သလဲ။ ကျနော့်ပုဆိုးကို ဆွဲဖြေပြီး လိင်တံကိုဆော့လိုက် စုပ်လိုက် လုပ်နေတာဗျာ အဟီး။ ဟိုကောင်က တောင်လာပါပြီဆိုမှ ဇာတ်ကားပြန်လာပြီဆို အင့်! ဆိုပြီး ပါးစပ်ထဲက ဆွဲချွတ်ပြီး သူ့ဖာသူ ဇာတ်ကားကို ဆက်ကြည့်နေပြန်တယ်။ ကြော်ငြာပြန်လာတယ်နော်၊ ပုဆိုးဆွဲချွတ်ပြီး ရန်ရှာပြန်တယ်။ လူကို ဘယ်နှယ့်ဖီလင်မှန်း မသိပါဘူးဗျာ။ တောင်လိုက် ပျော့လိုက် တောင်လိုက် ပျော့လိုက်နဲ့ စဉ်းစားသာကြည့်ကြပါတော့ ညီအစ်ကိုတို့ရာ။

ကိုင်း အခုပြောပြခဲ့တဲ့ အခြေအနေအတိုင်းဆို ခင်ဗျားတို့မောင်ချမ်းကို ဘ၀ သာယာစိုပြေနေပြီပေါ့။ တကယ်လည်း ပျော်နေခဲ့တာကိုး။ တချို့အိမ်ထောင်ကျသွားတဲ့ စုံတွဲတွေပြောဖူးတယ်။ ညားခါစကာလတွေဆို တစ်ရက်တစ်ရက် အချိန်တွေ ဘယ်လိုကုန်သွားမှန်း မသိလိုက်ကြဘူးတဲ့။ အဲ့ဒါ ဟုတ်လောက်တယ်ဗျ။ အခု ကျနော် အိမ်ထောင်ကျတာတောင် မဟုတ်သေးဘူး။ အချိန်တွေ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိ ဖြစ်နေခဲ့တာပေါ့။ ဟိုအရင် ကျနော့်ညီအစ်ကိုတွေ ပြောဖူးသလို ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုးလို့ပဲ ပြောပြော.. ခွေးငတ်နဲ့ ဖိနပ်ပြတ် (ဒါကတော့ သိပ်မနိပ်ဘူးထင်တယ် ဟီး) လို့ပဲဆိုဆို အရူးအမူးတွေ ဖြစ်ခဲ့ကြရတာပေါ့လေ။

ကျနော်တို့နှစ်ယောက်စလုံးရဲ့ မျက်နာမှာ အပြုံးပန်းတွေ ဝေဆာနေတာ အမြဲတမ်းပဲ။ တစ်ယောက်နဲ့တစ်ယောက်လည်း အရိပ်တကြည့်ကြည့် လုပ်နေကြတာ တချိန်လုံးပဲ။ မနက်ဆို အစောကြီး အလိုလိုနိုးနေကြပြီး အိပ်ယာထဲမှာ တင်းတင်းဖက်ထားကြရင်း တီးတိုးသဖန်းပိုးနဲ့ ငယ်ဘဝလေးတွေ စမြုံ့ပြန်ရင်း တခွိခွိနဲ့မြူးတူးလို့။ သူပြန်ပြောပြတာတွေက (ဟုတ်လားမဟုတ်လားတော့ မသေချာပါဘူး) ငယ်ငယ်က ကျနော်အရက်မူးလာတိုင်း သူတို့မေးသမျှ တဟီးဟီးနဲ့ ကျနော့်ရည်းစားတွေနဲ့ ဘယ်လိုအိပ်တာ ဘယ်လိုလုပ်တာတွေ အကုန်လျှောက်လျှက်ပြောတာတွေ နားထောင်ရင်း ဖီလင်တက်ဖူးသတဲ့။ သူတို့မိန်းကလေး ၃ ယောက်ထဲမှာ မေနဲ့ နောက်ထပ် ကောင်မလေးတစ်ယောက်က အဲ့ဒီအချိန်တုံးက ရည်းစားတောင်မထားဖူးသေးတဲ့ အချိန်ကိုး။ မူးကြောင်ရူးကြောင်နဲ့ ကျနော် တိုးတိုးတိုးတိုးပြောပြတတ်တဲ့ ရင်သိမ့်တုန် စွန့်စားခန်းလေးတွေကို ကျနော့်ဘေး ဘယ်ညာမှာ ပူးပူးကပ်ကပ်လေးတွေ နားထောင်ရင်း အောက်က အရည်တွေ စိုရွှဲလို့တဲ့။ (ဒါမျိုးကို မေထုန်လေးမှီဝဲတယ် ခေါ်မလားမသိဘူး ဟီး) အောစာရေးဆရာဖြစ်လာမယ့် ကျနော်မောင်ချမ်းကလည်း သာမန်အချိန်သာ သောက်ရှက်ကြီးတာ မူးများနေပြီလားဆို အဲ့လိုစွန့်စားခန်းတွေကို လေသံအနိမ့်အမြှင့် အတိုးအကျယ်၊ တခါတလေ အမူအရာလေးတွေတောင် ပါလိုက်သေးတယ် (တေးသရုပ်ဖော်ပေါ့လေ) အဲ့လို အပီအပြင်ကို လျှောက်ပြောတော့တာလေ။ သူစိမ်းမိန်းကလေးတွေကိုတော့ ဘယ်ပြောရဲမလဲဗျာ။ အဲ့ဒီကောင်တွေကတော့ သူငယ်ချင်းအရင်းတွေဆိုတော့ ယောကျ်ား/မိန်းမ ရယ်လို့ ခွဲခြားမှုမှမရှိတာ.. တစ်ယောက်နဲ့တစ်ယောက် ခေါ်တာတောင် ဟေ့ရောင်ဘာညာ မင်းနဲ့ငါနဲ့ ပြောနေကြကိုး။

ကျနော်က အဲ့လို တေးသရုပ်ဖော် အညှီအဟောက်တွေပြောပြီး မူးမူးနဲ့ ပုံပြင်လေးကတော့ ဒါပါပဲကွယ်လို့ အဆုံးသတ်ပြီး ငါတော့ မရတော့ဘူး အိပ်ပြီဆိုပြီး မှောက်သွားတတ်တယ်။ ကျနော့်ဇာတ်လမ်းတွေ နားထောင်ထားတဲ့ သူတို့တွေကတော့ အောက်ခံဘောင်းဘီလေးတွေ တစိုစိုနဲ့ ငုတ်တုတ်လေးတွေ ကျန်ခဲ့ကြတာတဲ့ ဟီဟိ (ကျနော် သူတို့ အဲ့ဒါတွေနားထောင်ပြီး ဖီးလ်တက်နေမှန်း ရိပ်ကိုမရိပ်မိခဲ့တာဗျ) အဲ့ဒီတုံးက ကျန်တဲ့ကောင်မလေးနှစ်ယောက်က အိမ်တစ်လုံးတူတူ ငှားထားပြီးး မေလည်း တခါတလေ လာအိပ်တတ်သလို၊ ကျနော်လည်း ခုလိုမူးပြီဆို အိမ်မပြန်နိုင်တော့ဘူး သူတို့ဧည့်ခန်းမှာပဲ သင်ဖျူးဖျာလေးခင်းပြီး အိပ်တော့တာဗျ။ တခါတလေဆို အရက်မူးမူးနဲ့ ပူတယ်ဟေ့ ဆိုပြီး အင်္ကျီတုံးလုံးချွတ်၊ ဂျင်းပန်ပါချွတ်ပြီး ဘောင်းဘီတိုလေးနဲ့ ကွေးကွေးလေး ထိုးအိပ်ချင်အိပ်နေတတ်တာမျိုးလေ။

အဲ့လိုမှောက်သွားတဲ့ ကျနော့်ကို ဘေးကနေထိုင်ပြီး ငါတော့ သူ့ဇာတ်လမ်းတွေနားထောင်ပြီး ဟိ တက်လာတယ်.. အေး ငါလည်းတူတူပဲ.. သေနာလေး ပြောချင်တာတွေပြောပြီး ထိုးအိပ်သွားတယ်.. မထူးဘူးဟာ ဒီမအေဘေးလေးကို ငါတို့ ဘောင်းဘီဆွဲချွတ်ပြီး တက်အုပ်ပစ်ရင်ကောင်းမလား ဘာညာနဲ့ ထိုင်ကြည့်ပြီး ပြောနေကြတာဆိုကိုး ဟီးဟီး (မိန်းမတွေလည်း နှာဗူးထတတ်မှန်း ခုမှသိတာနော့်) သူတို့က လူများနေလို့သာ ဝမ်းဘိုင်ဝမ်းဆို တကယ်တက်အုပ်မအုပ် ပြောမရဘူးရယ် အဟိ။ သူအဲ့လိုပြောလာမှ အဲ့ဒီအဖြစ်အပျက်တွေကို သေချာပြန်တွေးကြည့်မိသေးတယ်ဗျ။ ကျနော် အရက်သောက်ပြီဆို အမြည်းလေးဘာလေးတွေ ကြော်လှော်ပေးပြီး ဘေးကနေ တပြုံးပြုံးနဲ့ မီးထိုးပေးခဲ့ကြတာ ဒင်းတို့က အညှီအဟောက်ဇာတ်လမ်းတွေ နားထောင်ပြီး ဖီးလ်တက်ချင်လို့ကိုး။ တော်တော်ဆိုးတဲ့ ဟာလေးတွေ။

ကျနော့်လွယ်အိတ်ထဲက ရတနာဝင်းထိန် စာအုပ်တွေ၊ ကွန်ဒုံးတွေလည်း ခဏခဏ အခိုးခံရတယ်။ ပထမတော့ ကိုယ့်ဖာကိုယ် ဘယ်လိုပျောက်သွားမှန်းမသိဘူး။ နောက်နေ့ သူတို့နဲ့ပြန်တွေ့မှ ကိုကျားကြီး! အာရာဖတ်! ကိုအောင်ဒင်! အဲ့လိုတွေခေါ်ခေါ်ပြီး နောက်ပြောင်လာမှ (အဲ့ဒါတွေက အောစာအုပ်ထဲက နာမည်တွေလေ) ဒီကောင်တွေ ခိုးထားမှန်း ရိပ်မိတော့တာ။ ကွန်ဒုံးတွေကိုလည်း ဖောက်ပြီး လျှောက်တိုင်းကြည့် ပြီးရင်လာမေးကြသေးတာ ဟဲ့! နင့်ဟာက အဲ့လောက်တောင် ရှည်သလားတဲ့.. ဘာလဲဟဆိုတော့.. နင့်ဟိုရာဘာအစွပ်လေ အဲ့ဒါငါတို့ဖောက်ပြီး ဆွဲထုတ်ကြည့်တာ အရှည်ကြီးပဲ ဟီးဟီး တဲ့ (အလိပ်လိုက်ကြီးကို ဆွဲဖြေပစ်လိုက်တာနေမယ်) တကယ့်ကောင်တွေဗျာ။

တခေါက်သား ၃ ယောက်လုံး ကျနော်နဲ့ အရက်သောက်ချင်တယ်ဆိုလို့ (အဲ့ဒီတုံးက ဒင်းတို့က အူရိုင်းလေးတွေ) သူတို့အိမ်မှာ သေချာစီစဉ်ပြီး လေးယောက်သား သောက်ကြရောဆိုပါတော့။ မူးလည်း တော်တော်မူးလာကြရော ဘာထရစ်တယ်ထင်သလဲ။ ယောကျ်ားသုတ်ရည်ဆိုတာ မမြင်ဖူးဘူး မြင်ဖူးချင်တယ်.. ရော့ဒီမှာ ပလတ်စတစ်ခွက်.. အခန်းထဲဝင်ပြီး ဂွေသွားလှိမ့်ပြီး ထည့်လာခဲ့.. ငါတို့လေ့လာချင်တယ်တဲ့.. စိတ်လေလိုက်တာဗျာ။

အာ! အဓိပ္ပါယ်မရှိတာကြီး.. တော်ပါလို့ ငြင်းတော့ သောက်ရမ်းမူးနေတဲ့ အဲ့ကောင်တွေက သောင်းကျန်းတော့တာပဲ..။ နင့်ဖာသာ သွားထုတ်လာမလား ငါတို့ ကိုယ်တိုင် ထုတ်ပေးရမလားတဲ့ အမလေးဂျာ။ မူးမူးနဲ့ ဆောင့်ကြောင့်လေးထိုင် လက်အုပ်ကလေးချီပြီး ရှိခိုးဦးတင် တောင်းပန်လိုက်ရတာ.. မလုပ်ကြပါနဲ့ ငါအရက်မူးရင် အဲ့လိုလုပ်လို့မရလို့ပါ တောင်းပန်ပါတယ်ပေါ့ ဟားဟား။ တကယ်လုပ်မယ့် ရုပ်တွေဗျ။ ကျနော့်ကို ဆွဲလားရမ်းလားတွေတောင် လုပ်နေကြပြီ။ အဲ့ဒီညက ကျနော့်ခင်ဗျာ ဘောင်းဘီရှည်တောင် ချွတ်မအိပ်ရဲခဲ့ဘူး။ ခါးပတ်ကို တင်းတင်းပတ်ပြီး မှောက်အိပ်ခဲ့ရတာ ဟီး။

နောက်ပိုင်း သူတို့တွေလည်း ဘဲကိုယ်စီရသွားတော့မှသာ အဲ့လိုကြီး တအားလုံးထွေးလို့ မသင့်တော့တာမို့ ကိုယ်ရှိန်သတ်လိုက်ကြတယ် ဆိုပါတော့လေ။ ဒါတောင် သူတို့အိမ်သွားလည်လို့ ဘဲကိုယ်စီနဲ့ ချက်ပြုတ်စားသောက် ကြည်နူးနေတာတွေ့ရင် မကြားတကြားနဲ့ ဆွဲပြီးပြီလားလို့ ကျနော်က အသာလေး ကပ်စလိုက်ရင်.. ကောင်းတော့ကောင်းပါတယ် နင့်လောက်တော့ ဖီးလ်မလာဘူးဟ ဆိုပြီး ပြန်ပက်လာလို့ (သူတို့ဘဲတွေကြားသွားရင် ခက်ရချေရဲ့ဆိုပြီး) မသာမလေးတွေ ပေါက်ကရလျှောက်ပြောမနေနဲ့လို့ ဟန့်ရသေးတယ်။ အံ့သြစရာကောင်းတာက ၃ ကောင်စလုံး ပထမဆုံးထားတဲ့ ရည်းစားဦးတွေနဲ့ပဲ အိမ်ထောင်ပြုကုန်ကြတာဗျ။ ကျနော်နဲ့သာ နေချင်သလိုနေ၊ ပြောချင်သလိုပြော လုပ်တာ ပွေပွေရှုပ်ရှုပ်တော့ တစ်ယောက်မှ မဟုတ်ရှာဘူး။ မေကလွှဲပြီး ကျန်တဲ့ကောင်တွေ သူတို့အိမ်ထောင်ရေး အဆင်ပြေလို့ ပျော်ပျော်ရွှင်ရွှင်ပါပဲ။

အဲ့လို အတိတ်က ရယ်စရာလေးတွေ မနက်စောစောစီးစီး အိပ်ယာထဲမှာ ဖက်ထားကြရင်း စမြုံ့ပြန် တဟိဟိနဲ့ သဘောတွေကျနေရာကနေ ရုတ်တရက်ထပြီး မေက ကျနော့်ရင်ဘတ်ကို လက်သီးဆုပ်ကလေးတွေနဲ့ ထထုတတ်သေးတယ်။ ဟမ်! ဘာထဖြစ်တာတုန်း ဆိုတော့.. နင့်ရည်းစားတွေကို နင်အုပ်တာ ပြန်သတိရလာလို့ ငါမနာလိုလို့လေ တဲ့။ ဝူးမန်းနိုက်ဇာ .. အိုင်တွေ့ခြေဆေးတဲ့ကောင်.. နင်ဟာ ဖာခေါင်းပဲ တဲ့။

စူပုတ်နေတဲ့ မျက်နှာလေးကို ကြည့်ပြီး ကျနော်က အို! နောက်မလုပ်တော့ပါဘူးကွယ်၊ ဒါတွေက အတိတ်ကဇာတ်လမ်းတွေ၊ အခုဆို သက်ကျားအိုကြီး ဖြစ်နေပါပြီ ဘာညာဆိုပြီး ပါးလေးပွတ် အတင်းဆွဲဖက်ပြီး ချော့ရသေးတယ်။ ၅ မိနစ်လောက်နေမှ ဦးကျောက်လုံး အပြုံးမျိုး ပြုံးရင်း နောက်ဆုံးတော့ ဘယ်လောက်ပွေပွေ ငါ့လက်ထဲ ရောက်တာပဲ မဟုတ်လား ငှဲငှဲဆိုပြီး.. ပြောင်ချော်ချော်မျက်နှာလေးနဲ့ ရောင်နီလာတော့မယ် လင်းဆွဲလေး မောင်ရေ ဆိုပြီး စိန်ခေါ်လာတော့တာပေါ့။

ကျနော်ကလည်း မငြင်းပါဘူး။ ဘယ်အချိန်ကြည့်ကြည့် လုပ်ချင်စရာ ကိုယ်လုံးကိုယ်ပေါက်ပိုင်ရှင် ချောချောလေးပါဆိုနေ ဘယ်ငြင်းမလဲနော့် အဟဲ။ ထုံးစံအတိုင်း အိပ်ယာက ထလာကြပြီဆို ရေမိုးချိုး မနက်စာတူတူစား၊ သူ့ကိုအလုပ်လိုက်ပို့၊ ပြန်လာပြီး ကလေးထိန်းရင်း ထမင်းဟင်းချက်ပြုတ် အိမ်ထောင်မှုထိန်းသိမ်းပေါ့။ မေက နေ့လည်စာကို သူ့အလုပ်မှာပဲစားတော့ တနေကုန်အိမ်မှာ ကျနော်တစ်ယောက်ထဲရယ်။ စာဖတ်လိုက် ခြံထဲ ဟိုလုပ်ဒီလုပ် လုပ်လိုက်၊ သမီးလေးကို ထိန်းလိုက်နဲ့ အချိန်ဖြုန်းရတော့တာ။ ညနေစောင်းမှ ရေမိုးချိုး သမီးလေးပါ ခေါ်ပြီး မေ့ကို သွားကြို။ (မေက ကျနော့်ကို မြင်တာနဲ့ မျက်နှာလေးကို ဝင်းသွားတတ်တယ်) ကားပေါ်ရောက်တာနဲ့ ဘာမှပြောမနေဘူး ရေမိုးချိုးပြီးခါစ ကျနော့်ကို အလစ်ချောင်းပြီး ရွှတ်ကနဲ အရင်ဖက်နမ်းပစ်တတ်တယ်။ အို! ငါ့ကောင်လေးက ရုပ်အတော်သန့်မှန်း ငါ့ဆိုင်က ကောင်မလေးတွေ ဝိုင်းဝိုင်းရှိုးမှပဲ သတိထားမိတော့တယ် ဟာဟ.. လို့လည်း မထိတထိ စတတ်သေးတယ်လေ။ သေချာတာက မေ တစ်ယောက် ကျနော်အနားမှာရှိနေတာကို အင်မတန်ကြည်နူးပြီး ပျော်ရွှင်နေခဲ့တယ်ဗျ။ ကျနော်ကကော။ ပျော်လွန်းလို့ အမျှော်လင့်ကြီး မျှော်လင့်မိခဲ့တာပေါ့။ ဒီစာကိုဖတ်နေတဲ့ ခင်ဗျားတို့ကော ကျနော်တို့ သူငယ်ချင်း ချစ်သူနှစ်ယောက်ရဲ့ ဘဝလေးကို ဘေးကနေကြည့်ပြီး မပျော်ကြဘူးလားဗျာ။

ကျနော့်ဇာတ်လမ်းကိုဆက်ရရင် တရားဝင် အိမ်ယာမထူထောင်ပဲ အိမ်ထောင်ကျနေတယ်လို့တောင် ပြောရမလားပဲ။ အံမယ် လင်မယားရန်ဖြစ်သလို၊ ရန်တွေဘာတွေ ဖြစ်ကြသေးတာ ဆရာ။ မေက အတော်ရယ်ရတဲ့ကောင်၊ ကျနော်နဲ့ အဲ့လိုဖြစ်ပြီး ကြိုက်သွားတာနဲ့ ကျနော်မြင်ခါစကလို မဟုတ်တော့ဘူး။ တချိန်လုံး သူ့ကိုသူ မလှလှအောင် ရှိုးထုတ်တော့တာဗျ။ မောင် ငါ့ကို ငြီးငွေ့သွားမှာစိုးလို့ဆိုပြီး အမျိုးမျိုးကို ဒီဇိုင်းတွေပြောင်း၊ အိမ်မှာ နှစ်ယောက်ထဲရှိတဲ့အချိန် ကျနော် စိတ်မထထအောင်ဆိုပြီး မပေါ့်တပေါ် ဆက်ဆီဖြစ်တဲ့ အဝတ်ကလေးတွေဝတ်ပြ၊ အဲ့ဒါအပြင် ဟိုဟာလုပ်တဲ့နေရာမှာလည်း အမျိုးမျိုးကို တီထွင်ဆန်းသစ်နေတော့တာလေ။

ဥပမာလေးတွေပေးရရင် သူအလုပ်ကပြန်လာ ရေမိုးချိုးနေတုံး ကျနော်က ထမင်းပွဲလေးဘာလေးပြင်နေတုံး ဆိုပါတော့..။ အဲ့ဒီမယ် ရေချိုးရာက တက်လာတဲ့သူက ရေလဲထမီရင်ခေါင်းလျား၊ ဘီးဆံပတ်လေးနဲ့ ကော့တော့တော့လေး အနောက်ကနေလာဖက်ပြီး ပွတ်သီးပွတ်သပ်လာလုပ်၊ ကျနော်က ဟဲ့ကောင်! ရေပြောင်အောင်သုတ်ပြီး အဝတ်အစားသွားဝတ်ချေ အအေးမိနေမယ်လို့ ငေါက်နေတာကို ဂရုမစိုက်ပဲ အတင်းနှိုက်ပြီး ကျနော့် ဒုံးပျံကို ဆော့ဖို့ကြိုးစားတယ်။ ကျနော်က ဟိုယိမ်းဒီယိမ်းလုပ်ပြီး ရှောင်ရင်း ထမင်းအရင်စားမယ်ဆို.. ကျွတ်! ဒီကောင် ပြောရခက်တာလို့ ငေါက်လိုက်ရင်.. မမှီ့တမှီနဲ့ ခြေဖျားထောက် ကျနော့်နားရွက်နားကပ်ပြီး.. ထမင်းမစားသေးဘူး မောင့် ဂေါက်တံကြီးကို အရင်စားဦးမယ်လေ .. တဲ့။ အဲ့လိုကို ပြောချပစ်တာဗျာ။ လူကို နားရွက်တွေဘာတွေ ထူပူတက်သွားတာ။ (တမင်သက်သက် ကျနော်စိတ်လှုပ်ရှားအောင် ခပ်ကြမ်းကြမ်းတွေ ပြောပစ်တာဗျာ) ပြောပြောဆိုဆိုနဲ့ ကျနော် ရုန်းနေလျက်နဲ့ကို ပုဆိုးကို ဆွဲဖြေချပြီး အတင်းစုပ်ပေးတော့တာဗျ။

ကိုယ်က မကြံစည်သေးပဲနဲ့ ရုတ်တရက် အလစ်ငိုက် အဲ့လိုအလုပ်ခံရတာ ရင်တဖိုဖိုကြီးနော်။ ခုနကလို အပြောခံလိုက်ရလို့ ရှိန်းကနဲ ထူပူသွားတဲ့အရှိန်နဲ့ ဘာမှန်းမသိခင်မှာ သူက ဒူးလေးထောက်ပြီး တပြွတ်ပြွတ်စုပ်နေတာ ၄-၅ ၁၀ချက်လောက်ရှိနေပြီ။ ခြေဖျားထောက်ပြီး အလိုလိုကို ကော့ထားပေးနေမိပြီ။ ငုံ့ကြည့်လိုက်တော့ ထမီရင်ခေါင်းလျား၊ ဘီးဆံပတ်ကလေးနဲ့ မျက်နှာမှာ ရေစိုလက်လက်ကလေးဖြစ်နေဆဲ အိမ်ထောင်ရှင်မ ချောချောလေးက ပြုံးစိစိနဲ့ ဒုံးပျံကို စုပ်လိုက် လျှာကစားလိုက် လုပ်နေတာဗျာ။ ဘယ်ရမလဲဗျာ ချက်ချင်း တဟင်းဟင်းနဲ့ အဖျားတက်သလို လိင်ဆိပ်တက်လာတာပေါ့။ ကျနော့်ဒုံးပျံ သောက်ရမ်းတောင်မတ်လာပြီဆိုမှ ကုလားထိုင်ပေါ် ထိုင်ခိုင်း၊ ကျနော့်အပေါ်တက်ခွပြီး တက်အုပ်တော့တာဗျ။ သူ့ကို ဘာမှကို မလုပ်ပေးလိုက်ရတာ။ အလုပ်ကနေ ပြန်လာကတည်းက စိတ်ကူးလေးတယဉ်ယဉ် လုပ်လာတာနေမှာပေါ့။ အိမ်ရောက်ရင် ဟိုကောင့်ကို ငါဘယ်လို ဗျင်းပစ်မယ်ဆိုပြီး ကြိုတွေးလာပုံရတယ်။

သူ့အဖုတ်က ကျနော် ဘာမှမလုပ်ပဲနဲ့ကို ပူနွေးပြီးစိုအိနေတာ။ ထိုင်နေတဲ့ ကျနော့်ကို မျက်နှာချင်းဆိုင်တက်ခွပြီး တက်ထည့်၊ ရင်ခေါင်းလျားထားတဲ့ ထမီကို ချွတ်ပြီး ဖင်တုံးလုံးလေးနဲ့ အံမယ် ဆံပင်သေချာပြန်ပြင်ပြီး ခပ်တင်းတင်း ပတ်ချည်လိုက်သေးတာ၊ သေချာအောင်ပေါ့လေ။ ပြီးမှ ကျနော့်ကို တင်းတင်းဖက် မျက်နှာကို သူ့နို့အိအိကြီးတွေအပ် (အမှန်က နို့နဲ့ပွတ်တာ မျက်နှာတစ်ပြင်လုံးကို) ပြီးရင် အသေဆောင့်တော့တာ၊ ရေလည်ကြမ်းတာ ဆရာတို့ရေ။ ကျနော်ဆိုရင် ပါးစပ်ကနေ တဟားးဟားးးနဲ့ အကျယ်ကြီး အသံထွက်အော်နေမိတာ။ ဆောင့်တယ်၊ ဖိကြိတ်ပြီး ပွတ်တယ်၊ မုန့်ကြိတ်ဆုံမွှေသလို မွှေတယ်၊ နှဲ့တယ်၊ ရှေ့တိုးနောက်ဆုတ် မြင်းစီးတယ်၊ ဆက်တိုက်ကို အုပ်နေတာများ အအားကိုမပေးတာ။ လုပ်နေရင်းနဲ့လည်း ကျနော့်နှုတ်ခမ်းကို ငုံ့ငုံ့ပြီး စုပ်နမ်းလိုက်၊ မောင် မေ့ ကိုချစ်လားဟင်.. မောင်မေ့ကိုချစ်လားဟင် ဆိုပြီး ခဏခဏ (မောဟိုက်နေတဲ့ အသံနဲ့ ) အော်အော်ပြီး မေးသေးတာဗျ။

အဲ့လိုတက်ကြမ်းပြီဆို သူကြာကြာမခံဘူးရယ်။ ခဏပဲကြာတယ် ဖြစ်လာပြီ.. ဖြစ်လာပြီ.. အားး မောင်ရာ ချစ်လိုက်တာလို့ ဆက်တိုက်အော်ရင်း ဒွန့်ဒွန့်ဒွန့်ဒွန့်ဖြစ်ရင်း ပြီးသွားပါလေရော။ ကျနော်က တန်းလန်းကြီး အဖုတ်ထဲ ဒုံးပျံမာတောင့်တောင့်တပ်လျက်ကြီး ဖြစ်နေကော။ သူက ကျနော့်ကိုဖက်ရင်း ပျော့ခွေသွားတာကိုး။ ကိုင်း မထူးပါဘူးကွာဆိုပြီး အဖုတ်နဲ့ ဒုံးပျံတပ်လျက်ကို မချွတ်ပဲ ထိုင်ရာကထ၊ သူ့ကိုယ်လုံးလေးကိုပါ ဖင်အောက်ကနေသိုင်းမ ပွေ့ချီရင်း အိပ်ခန်းထဲကို ခေါ်သွားလိုက်တယ်။ ကုတင်စောင်းပေါ် အသာလေး ပက်လက်တင်ပြီး အသားကုန်ဆောင့်ပြီး တဖန်းဖန်းနဲ့ အုပ်ပေးတော့တာပေါ့။ ကြာလာလေလေ ကျနော်က ငါ့ကိုလာစသွားတာ ဒီတစ်ခါ ငါကြမ်းတယ်ကွာ ဆိုတဲ့ ပုံစံနဲ့ တဒိုင်းဒိုင်းမြည်အောင် ပစ်ကျုံးတော့ကာ ခုနက ပြီးသွားတဲ့အရှိန်လေးနဲ့ မှိန်းနေတဲ့ မေ တစ်ယောက် အမေ့.. ကြမ်းလိုက်တာ.. အို.. အာာ..မောင်.. ကျွတ်ကျွတ်.. အဲ့လိုတွေ အသံပြန်ထွက်လာပြီး အလူးအလှိမ့်ခံရတော့တာပေါ့။

ဒီတစ်ခါတော့ ပက်လက်ခံရရှာလေတော့ကာ ဆံပင်တွေလည်း ပြေကျ ဖရိုဖရဲ ကပိုကရိုတွေဖြစ်၊ ကျနော်ကလည်း ပေါင်နှစ်ချောင်းကို အသားကုန်ဖြဲပြီး တကိုယ်လုံး အားနဲ့ဆောင့်ဆောင့်ဗျင်းတာဆိုတော့ သူချိုဗူးအလုံးကြီးတွေက ဟိုပြေးဒီပြေးနဲ့ တုန်ခါနေတော့တာပေါ့။ နောက်ဆုံး မခံနိုင်တော့မှ နို့နှစ်လုံးကို အသားကုန် လှမ်းဆုပ်ကိုင်ချေမွှရင်း တဖန်းဖန်းဆောင့်ပြီး ပန်းထုတ်ပစ်လိုက်မိတာပေါ့။ ကျနော်လည်း အားပါးတရ ပြီးသွားတဲ့အချိန်ဆို သူက နောက်ထပ် နှစ်ကြောင်းလောက် ရှုံပွပွနဲ့ ထပ်ပြီးနေပြီဗျ။ နှစ်ယောက်သား ၁၀ မိနစ်လောက် ခဏထပ်ပြီး မှိန်းနေလိုက်ကြသေးတယ်။ နောက်တော့ သန့်ရှင်းရေးလေးပြန်လုပ်၊ အဝတ်အစားကိုယ်စီပြန်ဝတ်၊ ထမင်းစားဖို့ပြင်တော့တယ်။ ထမင်းစားတဲ့အခါ မြိန်ရည်ယှက်ရည်ပဲ .. ဗိုက်ချောင်သွားလို့လားမသိဘူးနော်.. စားကောင်းလိုက်တာလို့ မေက ကျနော့်ကို လှမ်းပြောရင်း မချိုမချဉ်နဲ့ မျက်စိမှိတ်ပြသေးတယ်။ အဲ့လို အလစ်ချောင်းပြီး အုပ်တဲ့ ဇာတ်ကွက်တွေက အများကြီးရယ်၊ တခါနဲ့တခါ မရိုးရအောင် ကြံစီပြီးမှကို အုပ်ဖို့ ကြိုးစားတာဗျ။ ချစ်လည်းချစ်စရာကောင်းသလို ရင်ဖိုစရာလည်းကောင်းတဲ့ ကောင်မလေး။ သူ့အကွက်တွေထဲမယ် ထူးဆန်းတဲ့ လုပ်ကွက်တွေရှိသေးတယ်။ ပြောရင် ဆုံးမယ်မထင်ဘူး။

တခါကဆို ဘာလုပ်တယ်ထင်လဲ။ နေ့လည်ခင်းကို ဆိုင်က အလုပ်သမလေးတစ်ယောက်ယောက်ဆီက ဆိုင်ကယ်တစ်စီးလောက် အသာလေးယူ (ကားက ကျနော် သူ့ကိုလိုက်ပို့ပြီး အိမ်ပဲပြန်ယူလာတာ) တိတ်တိတ်လေးပြန်လာ၊ ဆိုင်ကယ်ကို ခြံအပြင်ဖက်မှာ အသာလေးထောင်ထားခဲ့ပြီး ဒိုင်လျှိုလေးအိမ်ထဲခိုးဝင် ကျနော့်ကို ပြန်လာချောင်းတာ၊ ကျနော်ကလည်း သူပြန်လာနေကြမဟုတ်တော့ ဘယ်မျှော်လင့်ထားမလဲဗျ။ နေ့လည်ပိုင်းစားသောက်ပြီး သမီးလေး တစ်ရေးတစ်မော အိပ်တဲ့ အချိန်ဆိုတော့ ဧည့်ခန်းဆက်တီခုံရှည်ပေါ်မှာ လှဲရင်း စာဖတ်ရင်း ငိုက်သွားလိုက်၊ ဖျတ်ကနဲ နိုးလာလိုက်၊ စာဆက်ဖတ်လိုက် အဲ့လိုလုပ်နေတာပေါ့။ တစ်ချက် မှိန်းကနဲ ဖြစ်သွားတာ နည်းနည်းကြာသွားတယ်၊ ဆက်တီခုံရှည်ပေါ် ဘေးတိုက်လှဲနေတာ လက်ထဲက စာအုပ်ကလည်း လွှတ်ကျပြီး ငိုက်သွားတာ၊ နည်းနည်းကြာတော့ ဆတ်ကနဲနိုးလာ မျက်လုံးဖွင့်လိုက်တော့ ဟမ်!ဆိုပြီး ဖြစ်သွားတယ်။ မွှေးပျံ့ပျံ့ကိုယ်နံ့ရပါတယ်ပေါ့၊ ဘာမှလည်း မမြင်ရတော့ဘူး။ ဘယ်မြင်ရမလဲ အဲ့သေချင်းဆိုးမလေးက ကျနော့်ကို မျက်နှာချင်းဆိုင်ဘေးတိုက်လှဲအိပ်ရင်း ဖက်ထားတာကိုး၊ ကျနော့်မျက်နှာက သူ့ရင်ညွှန့်ထဲ အပ်လျက်ကလေး၊ ဒါကြောင့် မွှေးတေးတေး အနံ့လေး ရနေတာ။

သားသား ကျွတ်ကျွတ်.. အိပ်အိပ်.. မေမေ ချိုချိုတိုက်ရမလား ဆိုပြီး နောက်လာမှ ဟကောင် မေလေး ဘာလုပ်တာတုံးဆိုပြီး အံ့သြသွားတယ်။ အဲ့ချိန်မှာကို ဒင်းက သူ့အင်္ကျီရှေ့ ကြယ်သီးတွေ ဖြုတ်ထားနှင့်နေပြီ၊ ဘော်လီအနီရဲရဲ ကြပ်ထုပ်ထုပ်ကိုလည်း ဂျိတ်ဖြုတ်ပြီးသား ဖြစ်နေပြီဗျာ။ ဘာပြန်လာလုပ်တာလဲဆိုတဲ့ စိတ်ကြောင့် လူက အိပ်ချင်မူးတူးစိတ်က ချက်ချင်းပျောက်သွားပြီး သူ့ရင်ခွင်ထဲကနေ ခေါင်းထောင်ထရင်း ဘာဖြစ်လာတာလဲဟင်လို့ လှမ်းမေးတာကို အမေးမခံတော့ဘူး။ ကျနော့်ခေါင်းကို အသာလေးဖိပြီး မပေါ့်တပေါ် ပြူတစ်တစ်ဖြစ်နေတဲ့ သူ့ချိုဗူးတွေဆီတွန်းပို့ရင်း မောင့်ကို အုပ်ချင်လာလို့ ခဏလစ်လာတာလေ အဟိတဲ့။ တကယ်ဆိုးတဲ့ ဟာလေးဗျာ။ ဧည့်ခန်းထဲမှာတင် ကိစ္စဝိစ္စပြီးသွားတဲ့နောက်၊ အဝတ်အစား ကပိုကရိုဖြစ်နေတာလေးတွေ တွန့်ကြေနေတာလေးတွေ ပြန်ဆွဲဆန့် (အဝတ်တွေကို အကုန်မချွတ်ပဲ လုပ်လိုက်ကြတာ) ကျနော့်ပါးကို ရွှတ်ကနဲနမ်းရင်း အလုပ်ကို ပြန်လစ်ဖို့ပြင်တယ်။ ပြန်မထွက်သွားခင် ပြုံးစိစိနဲ့ “ကောင်းထှာ ဖျားတောင်ဖျားမလားမသိဘူး” လို့ ပြောင်ချော်ချော် လျှာလေးတစ်လစ်ထုတ်ပြီးပြောရင်း လစ်သွားကရော။ ကျနော့်မှာတော့ တဟားဟား အော်ရယ်ရင်း ကျန်ခဲ့တယ်ဆိုပါတော့ဗျာ။

(အဲ့ဒီ ကောင်းထှာ ဖျားတောင်ဖျားမလားမသိဘူးဆိုတဲ့ ဟာသက ကျနော်တို့ ငယ်ငယ်က နောက်နေကြ လိင်ဟာသတစ်ခုပါ။ ခင်ဗျားတို့လည်း ကြားဖူးမှာပါ။ အရူးနဲ့အရူးမ လမ်းလယ်ခေါင်မှာ အုပ်နေကြတာကို မြင်မကောင်းလို့ တာလပတ်နဲ့ လူတွေက ဝိုင်းအုပ်ထားပေးကြတယ်..။ ပြီးလည်းပြီးသွားကော အရူးမက အရင် တာလပတ်ထဲကနေ ဝုန်းကနဲထွက်လာပြီး ဝိုင်းကြည့်နေတဲ့ လူတွေကို ပြုံးပြ၊ ထမီပြင်ဝတ်လိုက်ရင်း “ကောင်းထှာအေ ဒီနေ့ ဖျားတောင်ဖျားမလားမသိဘူး” လို့ပြောလိုက်တယ် ဆိုတဲ့ ဟာသပေါ့) ဒီဟာသက ကျနော်တို့ သူငယ်ချင်းတွေကြားထဲ ငယ်ငယ်ကတည်းက ပြောနေကြလေ။ အခုလည်း ကျနော့်ကို လာတက်အုပ်ပြီး အဲ့လိုပေါက်ကရတွေ ပြောင်ချော်ချော်ပြောပြီး ထွက်သွားလေရဲ့။

ခင်ဗျားတို့ ဖတ်ပြီး ဘယ်လိုဖြစ်နေသလဲ ညီအစ်ကိုတို့။ ကျနော် ရင်ဖိုခဲ့သလို ပျော်ခဲ့သလိုပဲ ဖြစ်သလား။ ရယ်ချင်နေကြသလားပဲ။ ဆယ်ကျော်သက် သမီးရည်းစားလေးတွေ မဟုတ်ပေမယ့်၊ ငယ်စိတ်ကလေးတွေ မကုန်သေးတဲ့ လူလတ်ပိုင်းစုံတွဲလေးဆိုတော့လည်း အဲ့လို ပေါက်ကရလေးတွေ လုပ်တတ်တုန်းပဲ ဆိုပါတော့ဗျာ။ ရန်ဖြစ်ပြီး သတ်တာတွေလည်း ရှိသေးတယ်။ သတ်တယ်ဆိုတာက သတ်တာပုတ်တာ နပန်းလုံးတာမျိုး မဟုတ်ပါဘူး။ တခါတလေဗျာ အလုပ်နားတဲ့ရက်ဆို အပြင်လေးဘာလေး ထွက်ကြတယ်။ သူက မျက်နှာပေါင်းတင်၊ ဆံပင်နည်းနည်းပြင်မယ်၊ ခေါင်းလျှော်မယ် ဘာညာပေါ့။ ကျနော် လိုက်ပို့ပါတယ်။ ပြီးတော့ ကြာမယ်ဆိုတော့ (အဲ့ဒီဆိုင်က နာမည်ကြီးတော့ လူများလွန်းတော့ စောင့်ရတယ်) သူ့ကိုထားပြီး သမီးလေးနဲ့ ခဏထွက်သွားမိတာပေါ့။ ခဏနေတော့ ဖုန်းဆက်လာတယ် ပြီးတော့မယ် လာကြိုတဲ့။ ဒါနဲ့ အဲ့ဆိုင်ကိုပြန်သွား၊ သမီးကို ကားထဲမှာ ခဏလေးထားခဲ့ပြီး ဆိုင်ထဲဝင်ခေါ်ဖို့သွားတော့ ကျေးဇူးရှင်လေးက မပြီးသေးဘူး။ ဒါနဲ့ ကိုယ်ကလည်း ဘာရယ်မဟုတ်ပါဘူး အပေါက်ဝနားမှာ လက်ကလေးပိုက်ပြီး ဟိုငေးဒီငေး လုပ်နေမိတယ်။

အဲ့ဒီမှာဗျာ.. ကောင်မလေးတစ်ယောက်က စကားလာပြောတယ်။ အဲ့ဒီဆိုင်ကလား ဆိုင်ကိုလာတဲ့ဟာလား ဘာလား မသိပါဘူး။ သကြားလုံးလေး လက်ထဲထိုးထည့်ပြီး စားလေ အစ်ကိုတဲ့။ ကျနော်ကလည်း ဘာရယ်မဟုတ်ဘူးလေ။ အေး ကျေးဇူးညီမလေးရာလို့ ဆိုပြီး အခွံလေးခွာ ကောက်စားလိုက်မိကော။ ပြီးတော့ စကားဆက်ပြောလာတယ်။ ကျနော်ကလည်း ဘာမှန်းမသိညာမှန်းမသိ ဆက်ပြောနေမိတယ်။ အဲ့ဒီမှာဗျို့ … အမေဂျမ်းစီးနေတဲ့ မမလေးက ဟိုင်း ဆိုပြီး ကျနော်နဲ့ ကောင်မလေးကြားထဲကို နောက်ဂျွမ်းပစ်ပြီး ဝင်လာ (ဟီးဟီး လွန်ကုန်ပြီ) ဇိုးကနဲဇတ်ကနဲ ကျနော့်လက်ကို ကောက်ဆွဲခံလိုက်ရလို့ မော့ကြည့်လိုက်တော့ မေ ဖြစ်နေတယ်။ စူပုတ်နေတဲ့မျက်နှာနဲ့ ပြီးပြီလေ.. ပြန်မယ်.. အလစ်ကိုပေးလို့မရဘူးနော့် တဲ့။ အဲ့လိုပြောပြီး ဆောင့်ဆွဲခေါ်သွားတာ။ ဟိုကောင်မလေးတော့ ဘယ်လိုကျန်ရစ်ခဲ့တယ် မသိဘူး။ လူတွေအရှေ့မှာ ကျနော် ဒရန့်ဒရန့်လေး ပါသွားတယ်။

ကျနော်မှ ဘာမှမလုပ်တာ ဆရာတို့ရေ။ သကြားလုံးဆိုလို့ ကောက်စားလိုက်မိတယ်။ စကားလာပြောတော့ လူမှုရေးအရ တစ်ခွန်းနှစ်ခွန်း ပြန်ပြောလိုက်တယ်။ ဒါပဲလေ။ အဲ့ဒါကို ဒေါသူပုန်ထတော့တာပါပဲ။ ကျနော်က ဘာဖြစ်မှာတုံး။ သူစိတ်တိုလေလေ တဟားဟား အော်ရယ်လေလေပေါ့။ ကျနော်က ရယ်လေလေ သူက ဒေါသထွက်လေလေ။ တရှူးရှူးနဲ့ နဂိုက အသားဖြူဆွတ်ဆွတ်လေးဆိုတော့ မျက်နှာတွေကို ရဲပဒေါင်းခတ်နေတာ။

“ရွှေပုဇွန်မှာ ကူဖီးလ်ဆို”

“မစားဘူး”

“ဟမ်! ဆေးကျောင်းနားက အသုတ်စုံအုပ်မယ်ဆို”

“တော်ဘီ”

“ဘုရားအရင်ဝင်မလား ဒါဆို”

“စိတ်တွေပူလောင်နေတယ် သွားလည်းအလကားပဲ”

“ဟောဗျာ! ဒါဆို ဘာလုပ်ရမှာတုံး မေလေးရာ”

“ပြန်မယ်.. ပြန်မယ် အိမ်ကိုမောင်း”

“နင်က ကလေးလေးလားဟာ .. ကျွတ်! လိမ္မာတယ် တော်တော့နော်”

….. ….. …..

“ဒါဆိုလည်း ခိုတောင်မုန့်တီ သွားတွယ်မလား၊ ဗိုက်က အတော်ဟာနေတာဟ၊ နင့်ဆေးဆိုးပန်းရိုက် လုပ်တာက ကြာလို့စောင့်နေတာ၊ အူကိုလိမ်နေတာပဲ ဆာနေတာ”

“ဘာဆာတာလဲ.. ဘာဆာတာလဲ.. ဟိုကောင်မလေးနဲ့လေ နင့်မျက်နာကြီးက ဖြီးနေတာ.. အဲ့တုံးက မဆာဘူးလား ဟမ်! ငါကြည့်နေတာ ကြာလှပြီ.. ခုခေတ်ဟာမလေးတွေကလည်း အရှက်ကိုနည်းလိုက်တာ ဘုမသိဘမသိ ဝင်ရောတာပဲ”

“ဟီးးးး”

“ဘာဟီးလဲ ငသက်! ဘာဟီးလဲ”

(လက်ကမြန်တယ်ဆရာ၊ ကားမောင်းနေတဲ့ ကျနော့်နားထင်ကို လက်သီးတစ်လုံး ဝင်လာတယ် ဒုတ်ကနဲနေတာပဲ)

“ဟဲ့! သောက်ကောင်မလေး ကားတိုက်ကုန်မယ် သောက်ရမ်းလုပ်ရလား ခွီးးး”

နားထင်ကို ပူကနဲနေအောင် အကျွေးခံလိုက်ရတော့ လူက နည်းနည်းယိုင်ထွက်သွားတယ်။ မထင်မှတ်ထားပဲ ခံလိုက်ရတော့ ကားကို လမ်းဘေးဆွဲချလိုက်သလိုဖြစ်ပြီး စိတ်ကလည်း ထိတ်ကနဲ ဖြစ်သွားတယ်။ ဒါနဲ့ အခြေအနေက မကောင်းတော့ဘူးဆိုတာ ရိပ်မိပြီး ကောင်းကောင်းမွန်မွန်ချော့မယ်ဆိုတဲ့ အကြံနဲ့ အိမ်ကိုပဲ ပြန်လာခဲ့ရောဆိုပါတော့။ အိမ်ရောက်တော့ ကားပေါ်ကနေ ဝုန်းဒိုင်းကျဲပြီး ဆင်းသွားတယ်။ အဲ့ဒီအချိန်ထိ ကျနော်က အေးဆေးပဲဗျ။ စိတ်လည်းတိုမနေပါဘူး။ ဗိုက်ဆာနေတာပဲရှိတာ။ ရယ်ချင်နေတဲ့စိတ်ကို မနည်းအောင့်အီးပြီး ပြုံးစိစိဖြစ်နေတုံးပဲ။

အိမ်ထဲရောက်တော့ သူ့ဖာသူ အဝတ်အစားတွေလဲ၊ ဟိုလုပ်ဒီလုပ်တွေ လုပ်နေတယ်။ ဒုန်းဒိုင်း၊ ဂုံဂလွမ်တွေနဲ့ ဆောင့်ကြီးအောင့်ကြီးတွေပေါ့ဗျာ။ ကျနော်က ပြုံးစိစိနဲ့ ထိုင်ကြည့်နေတာ။ ကျနော့်ကို မျက်နှာချင်းမဆိုင်တော့ဘူး။ ကျနော်က ခပ်တည်တည်နဲ့ အနားကပ်သွားရင်ကို ရှောင်ရှောင်ထွက်သွားတယ်။ အိမ်ထဲမှာ ဟိုပတ်ရှောင်ဒီပတ်ရှောင်နဲ့ ဟီးဟီး။ ဒါနဲ့ သူ့ဖာသူနေပါစေဆိုပြီး လွှတ်ထားပေးလိုက်တယ်။ အနားကို မကပ်တော့ဘူး။ သမီးလေးကို ထိန်းရင်း တွေ့တဲ့စာတစ်အုပ် ကောက်ဖတ်နေလိုက်တယ်။ ကလေးကတော့ ဘာမှနားမလည်သေးတဲ့ အရွယ်ဆိုတော့ ဘာမှမသိရှာပဲ အခါတိုင်းလို ကျနော့်နားမှာ တတောက်တောက်နဲ့ ဆော့နေရှာတယ်။ သူ့ကိုလည်း သောက်ဖက်မလုပ်တော့မှန်း သတိထားမိသွားကော ဘာလုပ်သလဲဆိုတော့ ကျနော့်အနားမှာ ဆော့နေတဲ့ သမီးကို အတင်းကောက်ချီပြီး အိပ်ခန်းထဲခေါ်သွားတယ်။ ကလေးကိုပွေ့ရင်း အသံလေး စာစာစာစာနဲ့ ပြောလိုက်သေးတယ်။

“သမီး မေမေ့ဆီလာ.. ဒီနားမှာ ဆော့မနေနဲ့.. အဲ့ဒါ နင့်အဖေမဟုတ်ဘူး”

ရုတ်တရက်တော့ ဘာလဲဟ.. ဆိုပြီး ဖြစ်သွားသေးတယ်။ နောက်တော့လည်း တွေးကြည့်မိသွားတယ်။ အေးလေ နင့်အဖေမဟုတ်ဘူးဆိုတာ တကယ်လည်း ဟုတ်တာပဲဟာ အဟီး။ အိပ်ခန်းတံခါးကို ဝုန်းကနဲ ဆောင့်ပိတ်သွားတဲ့ အလံနီသူပုန်မလေးကို ကြည့်ပြီး ကိုင်း! ကောက်ချင်သလောက် ကောက်စေသတည်းဆိုပြီး လက်လျှော့ထားလိုက်တော့တယ်ဗျာ။ ကောက်ဖတ်နေတဲ့ မဂ္ဂဇင်းအဟောင်းထဲက ဝတ္ထုတိုလေးကို စိတ်ဝင်စားနေမိတာနဲ့ အချိန် ဘယ်လိုကုန်သွားမှန်းတောင် မသိဘူး။ မှတ်မှတ်ရရ တင့်တယ်ရဲ့ “သူကလည်းသူ ကျနော်ကလည်း ကျနော်” ဆိုတဲ့ဝတ္ထုဗျ။ ဖတ်လို့လည်း ပြီးသွားကော ခံတွင်းချဉ်ချဉ်နဲ့ စီးကရက်တစ်လိပ်လောက် ကောက်ဖွာရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့ သောက်ကျိုးနဲ မိုးချုပ်စပြုနေပြီဗျ။ ဗိုက်လည်း ဆာလွန်းလို့ အောင့်တောင့်တောင့် တောင် ဖြစ်နေပီ။ ဒါနဲ့ မထူးပါဘူးဆိုပြီး အပြင်ထွက်လာခဲ့တယ်။ တရုတ်ဆိုင်ကနေ အသားဖတ်များများနဲ့ ခေါက်ဆွဲကြော်တစ်ထုပ်၊ ကြာဆံကြော်တစ်ထုပ် ပါဆယ်ဆွဲလာခဲ့တယ်။ နေ့လည်က ကူဖီးလ်စားချင်တယ်လို့ ပြောထားတာ သတိရလို့ ဝင်ဝယ်တဲ့အပြင် သူ့အကြိုက် ကြက်မောက်သီးတစ်တွဲပါ ဆွဲလာခဲ့သေးတယ်။

အိမ်ပြန်ရောက်လာတော့ သူပုန်မလေးကို ဧည့်ခန်းမှာ ငူတူတူလေးထိုင်နေတာတွေ့ကရော။ အိပ်ယာထစ မကြည်မလင် ရုပ်ကလေးနဲ့။ ရယ်ပြလိုက်ရင်း လက်နောက်ပစ်ပြီး ဖွက်ယူလာတဲ့ဟာတွေကို ဟော့ဒီမှာကွ.. ဆိုပြီး ပြလိုက်တယ်။ ဆက်တီစားပွဲပေါ် ကြက်မောက်သီးတွဲကိုတင်၊ ခေါက်ဆွဲကြော်ထုပ်၊ ကြာဆံကြော်ထုပ်၊ ကူဖီးလ်ထုပ်တွေကို သူ့မျက်နာရှေ့မှာ ဝဲပြရင်း.. ငါ့မေလေးအတွက် စပါယ်ရှယ်လေးတွေ ဝယ်လာတာကွ ဆိုပြီး ဖားပြလိုက်တယ်။ အဲ့ဒီမှာ ဘာထလုပ်သလဲဆိုတော့ အထုပ်တွေကို ဆွဲယူပြီး နံရံဆီကို ပစ်ပေါက်ပလိုက်တယ်ဗျာ။ ကျနော်က တကိုယ်လုံးတုန်နေအောင် ဗိုက်တအားဆာနေလျက်နဲ့ စားမလာပဲ.. သူကိုချော့ရင်း တူတူစားမယ်..ဆိုတဲ့ စိတ်နဲ့ အောင့်ပြီး ပါဆယ်ထုပ်လာတာကို အဲ့လိုကြီး အလုပ်ခံလိုက်ရတော့ ဒေါသက ထိန်းမရတော့ဘူး။

“ဟာကွာ!”

လို့ တစ်ခွန်းပဲပြောပြီး ဘယ်ဖက်လက်ကကိုင်လာတဲ့ မုန့်ညှင်းချဉ်ထုပ်နဲ့ ဟင်းချိုရည်ထုပ်ကို နံရံဆီ ဂွမ်းဆို ပစ်ပေါက်လိုက်ကရော။ သိတဲ့အတိုင်းပဲ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပေမယ့် ဒေါသက ထွက်ပြီဆို မရဘူးဗျာ။ နံဘေးနားမှာရှိတဲ့ ကုလားထိုင်တစ်လုံးကို ခြေထောက်နဲ့ အားရပါးရလွှဲပြီး ကန်ချိုးလိုက်ကရော။ သူ့ကိုတော့ လက်ဖျားနဲ့ မထိပါဘူး။ (ကျနော့်ဘဝမှာ ဘယ်မိန်းမကိုမှ လက်နဲ့တောင် မရွယ်ဖူးခဲ့ပါဘူးဗျာ) အဲ့လို ရုတ်တရက် ဒေါသကို မထိန်းနိုင်တဲ့ အကျင့်က မကောင်းဘူးဗျ။ ကျနော်လည်း သိပါတယ်။ (ကိုရွှေဘလည်း အကြိမ်ကြိမ် ကျနော့်ကို ဆုံးမဖူးတယ်။ ဆင်ခြင်တုံတရားမရှိ လျှောက်လျှောက်လုပ်လွန်းလို့) ဒါပေမယ့် ချက်ချင်း ကိုယ့်အကြောင်းကိုယ်သိနေတော့ သူ့ရှေ့မှာ ဆက်ရပ်မနေတော့ပဲ အိမ်ရှေ့ဆင်ဝင်အောက်ကို ထွက်လာခဲ့ပြီး ဆေးလိပ်ထိုင်ဖွာနေမိတယ်။ ၁၅ မိနစ်လောက်နေတော့ ကျနော့်အကျင့်အတိုင်း ရေချိုးခန်းထဲဝင် ရေအေးအေးတွေကို ခေါင်းကနေ တဗွမ်းဗွမ်း လောင်းချပြီး ချိုးပစ်လိုက်တယ်။ ချက်ချင်း စိတ်ကြည်လင်ပြီး အေးမြသွားတယ်။ ရေဝသွားတော့မှ ဒေါသက ကင်းစင်သွားတယ်။ ရေသုတ်ပြီး ပေါ့ပေါ့ပါးပါး မြင်းခေါင်းစွပ်ကျယ်နဲ့ သော့တံဆိပ် ပုဆိုးအပြာအဟောင်းတစ်ထည် ကောက်စွပ် ခြံထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း မေ့ကို ဘယ်လိုပြန်ချော့ရမလဲ စဉ်းစားခန်းဝင်နေမိတယ်။ ခုနက ကျနော်ထပြီး ဝုန်းဒိုင်းကျဲမိလိုက်တာ သူလန့်သွားလောက်ပြီဗျ။

အိမ်ထဲပြန်ဝင်လာတော့ သူတို့သားအမိနှစ်ယောက်ကို ဧည့်ခန်းထဲမှာတွေ့တယ်။ သမီးလေးက အိပ်ယာဝင်ခါနီး ထုံးစံအတိုင်း တအီအီနဲ့ ဂျီကျနေပြီ။ မေက ရေမိုးချိုးပြီးဟန်နဲ့ သနပ်ခါးရေကျဲလေးပွတ် ဆံပင်ကို မြင်းမြီးလေး နောက်စေ့မှာချည်၊ အိမ်နေရင်း ဘလောက်စ်အပြာ၊ ထမီတပတ်နွမ်းလေး လဲထားနှင့်တယ်။ မျက်နှာက မကောင်းဘူး။ နွမ်းဖတ်ဖတ်ကလေးဖြစ်နေတာ မြင်ရတယ်။ အခါတိုင်းဆို ကလေးကို ကျနော်ချော့သိပ်နေကြကိုး။ ခုဟာက သူ့လက်ထဲမှာ ကော့လှန်ကော့လှန်နဲ့ ဂျီကျနေတော့ အတင်းချော့ရင်း ခဏနေတော့ သူတို့သားအမိထိုင်နေတဲ့ အရှေ့မှာ ရပ်ပြီး ခပ်တည်တည် လက်ပိုက်ကြည့်နေတဲ့ ကျနော့်မျက်နှာကို ညှိုးငယ်ငယ်လေးနဲ့ တစ်ချက်မော့ကြည့်ရင်း..

“တိတ်ပါ သမီးရယ်.. လိမ္မာပါတယ်.. သမီးမှာ အဖေမရှိသလို မေမေ့မှာလည်း အားကိုးအားထားမရှိ တစ်ကောင်ကြွက်မို့ အားငယ်ရတဲ့အထဲ .. မဆိုးပါနဲ့တော့ကွယ်.. ဘာလုပ်ရမှန်းမသိတော့ဘူးကွယ် မေမေ ငိုချင်လာပြီနော်..”

အဲ့လိုပြောရင်း ငိုပါလေရောလားဗျာ။ (တမင် ကျနော့်ကို ချွဲမှန်း နောက်မှပြန်စဉ်းစားမိပေမယ့်) အဲ့ဒီတုံးကတော့ ကျနော့်ရင်ထဲ ကျဉ်ကနဲဖြစ်သွားပြီး သူ့လက်ထဲက သမီးလေးကို ဆတ်ကနဲဆွဲပွေ့ … သမီးနဲ့အပြိုင် တဟင့်ဟင့်ရှိုက်နေတဲ့ မေမေလှလှလေးကိုပါ ရင်ခွင်ထဲဆွဲထည့်ပြီး ချော့ရတော့တာပေါ့ဗျာ။ အမလေး ချော့တော့မှ ငိုလိုက်တာ အာဗြဲနဲ့။ ဂျီကျနေတဲ့ သမီးတောင် တိတ်သွားတယ် ဟီး။ ဘာစကားမှမဆိုပဲ တဟင့်ဟင့်နဲ့ ကျနော့်ရင်ခွင်ထဲ မျက်နှာအပ်ပြီး ရှိုက်နေတဲ့ မေ့ကို ကျနော်ကျောလေးပွတ်၊ တစ်ဖက်က သမီးကိုပွေ့ပြီး ချော့၊ အဲ့လိုလုပ်ရင်း သမီးက အိပ်ပျော်သွားတယ်။ အဲ့ဒီတော့မှ မေ့ကို အသာလေးဆွဲခွာလိုက်ရင်း သမီးကို သွားသိပ်လိုက်မယ်လို့ အမူအရာပြရင်း အိပ်ခန်းထဲကို ကလေးပွေ့ရင်း ထထွက်လာခဲ့တယ်။ ကလေးသိပ်ပြီး အိပ်ခန်းထဲက ထွက်လာတော့ ဧည့်ခန်းထဲမှာ မေ မရှိတော့ဘူး။ ဘယ်များရောက်သွားဘာလိမ့်ဆိုပြီး ဟိုကြည့်ဒီကြည့်လုပ်နေတုံး ငိုထားလို့ မျက်နှာက သနပ်ခါးရေကျဲပွတ်ထားတာလေးတွေ ပျက်နေတဲ့ ရုပ်ကလေးနဲ့မီးဖိုခန်းထဲက ထွက်လာတယ်။ လက်ထဲမှာလည်း ကြွေရည်သုတ်ဇလုံကြီးတစ်လုံးကိုင်လို့။ လက်တစ်ဖက်က ရေနွေးကြမ်း မတ်ခွက်လေးနဲ့။ ဆက်တီခုံပေါ် တူတူထိုင်ရင်း ကျနော့်ကို ဇလုံထဲကဟာတွေ ခွံ့မယ် လုပ်တော့မှ ကြည့်လိုက်တော့ ခေါက်ဆွဲကြော်တွေဗျ။

“ဟောဗျာ.. အောက်ပြုတ်ကျထားတာတွေမလား ငါ့ကောင်.. ဘယ်လိုလုပ်ကောင်းမှာတုံး”

“ကြာဆံကြော်ထုပ်ပဲ ပေါက်သွားတာ.. ခေါက်ဆွဲကြော်က ဘာမှမဖြစ်သွားဘူး.. မောင်ဗိုက်တအားဆာနေတာမလား.. ဟ!”

ဆိုပြီး ခွံ့လာလို့ စားလိုက်ရတယ်။ ကောင်းထှာဗျာ။ ကျနော့်ကို တစ်လုတ်ခွံ့လိုက်၊ သူတစ်လုတ်စားလိုက်။ ရေနွေးကြမ်းလေး မှုတ်သောက်လိုက်ကြနဲ့ မြိန်လိုက်တာ။ စားသောက်ပြီးစီးသွားကြတော့မှ အိမ်တံခါးတွေပိတ်၊ ခြေလက်ဆေး၊ မျက်နှာသစ်၊ သွားတိုက်၊ အိပ်ယာဝင်၊ အဲ့ဒီတော့မှ အချော့ဇာတ်လမ်းလေးက စရတော့တာ ဆရာတို့ရေ ဟီဟိ။ ဆံပင်တွေချည်ထားတဲ့ ကြိုးလေးကို ဖြုတ်ပေး၊ သာသာလေးပွေ့ပြီး ကုတင်ပေါ်ကိုတင်ပေး၊ ကိုယ်ပါ ကုတင်ပေါ်ရောက်မှ ကိုယ်လုံးအိအိထွေးထွေးလေးကို ပွေ့၊ နဖူးလေးကို မေးစိနဲ့ပွတ်၊ လက်မောင်း ချောချောအိအိလေးတွေကို ပွတ်ပေး၊ အင်္ကျီအောက်ကနေလျှိုပြီး ကျောပွတ်ပေး၊ ခြေထောက်တစ်ချောင်းနဲ့ခွ၊ တင်ပါးကိုချိတ်ပြီး အတင်းကိုယ့်ဖက်ကိုဆွဲထား.. အဲ့လိုအင်ထရိုလေးတွေ ဝင်ပြီးတော့မှ.. မျက်နှာချင်းကပ် မျက်လုံးချင်းစိုက်ကြည့်ပြီး…..

“မေလေး မောင့်ကိုစိတ်ဆိုးလားဟင်”

“ဟင့်အင်း! မေက အရင်ပြဿနာလုပ်မိတာပါ.. မောင်သနားပါတယ်.. တနေကုန် ဗိုက်ဆာဆာနဲ့ လှိမ့်ခံနေရရှာတယ်”

“မောင် ဟိုနေ့လည်က ဥစ္စာလေ.. အဲ့ဒါ ဘုရားစူးပါဗျာ .. ဘာမှမဟုတ်ပါဘူး ငယ်ငယ်က မောင်ပွေတာ ရှုပ်တာကြောင့် မေ အခုထိ မောင့်ကို မယုံနိုင်ဘူးဖြစ်နေတာနေမယ်”

“ဟုတ်ပါဘူး မောင်ရာ.. ငါက ကလေးအမေတစ်ခုလပ်ကြီးဟာ… နင် အဲ့လိုကောင်မလေးတွေနဲ့ စကားပြောတာမြင်တော့ အရမ်းအူတိုမိတာ.. ဘာမှမဟုတ်မှန်းသိတယ် ဖြေရှင်းစရာမလိုဘူး”

“ခွီးး နင့်ဖာနင် ကလေးအမေမကလို့ ဘာကြီးဖြစ်နေနေ.. ဘယ်ကောင်မလေးမှ နင့်လောက်မလှပါဘူး.. အဲ့ဒီဆိုင်ထဲမှာရှိနေသမျှ မိန်းမတွေ နင့်ခြေဖျား တစ်ယောက်မှ မမီဘူး.. အကုန်လုံး နင့်ကိုငေးနေတာ”

“အပိုတွေကွယ်.. မေ့အသက် ၂၇ နှစ်ရှိပြီဟ .. ဘယ်လောက်လှတယ်ပြောပြော.. အိုနေပါပြီ.. အပျိုလေးတွေနဲ့ နှိုင်းလောက်စရာမရှိတော့ပါဘူး မောင်ရာ”

“အို! ငါကလည်း အပျိုပေါက်လေးတွေ ကြိုက်တာမှမဟုတ်တာ.. မေ သိတယ်မလား ငါ့စိတ္တဇကို ဟာဟ”

“အန်တီလေး ဝင်နီရဲ့ ကောင်ပေါက်စလေး ဖိုးသက် လား”

“ဟုတ်ပါ့ ခုတော့ မမေလေးရဲ့ ကောင်လေးဖိုးသက်ပေါ့ကွာ ကိုင်း ကြေစို့ကွာနော်”

“အင်းပါ နေ့လည်က မောင့်ကို ပိတ်ထိုးလိုက်မိတာ ဘွာတေးကွာ.. ချစ်လို့ထိုးမိတာနော် သနားပါတယ် တော်တော်နာသွားသေးလား”

“နာပါဘူး အေးဆေး”

အဲ့လိုလေးတွေ အပြန်အလှန်ပြောရင်းနဲ့ ကျနော်က ထထိုင်လိုက်ပြီး မေ့ပေါင်ကြားထဲ ဒူးထောက်ပြီး နေရာယူလိုက်တော့တာပါပဲ။ ဟင် မင်းတို့ဟာကြီးက ဘယ်လိုကြီးလဲလို့ မေးချင်နေကြပြီလား ဟီးဟီး။ အမှန်က ဒီလိုဗျာ။ အပေါ်ကရေးပြခဲ့တဲ့ စကားတွေ အပြန်အလှန် ပြောနေကြတုန်းကတည်းက ကျနော့်လက်တွေက သူ့ချိုဗူးတွေကို ပွတ်သပ်ချေနေသလို၊ ထမီလေးကို ဖြေလျော့ပြီး အဖုတ်ကို နှိုက်နေတာကိုးဗျ။ သူ့လက်ကလည်း ကျနော့်ပုဆိုးစကို ဆွဲဖြေပြီး အောက်က ကျနော့်ဒုတ်ကို လျှောတိုက်ပြီး ဆော့ကစားပေးရင်း ပြောနေကြတာလေ။ အပေါ်က စစ်ပြေငြိမ်းရေး ကမ်းလှမ်းချက်တွေ အပြန်အလှန်ကြေငြာပြီးတဲ့အချိန်မှာ အောက်က စစ်တိုက်ဖို့ အသင့်ဖြစ်နေပြီ ဟဲဟဲ။ အဖုတ်လည်း အရည်ရွှဲနေသလို၊ ဒုံးပျံကလည်း မိုးပေါ်ထောင်ပြီး နီရဲတင်းပြောင်နေပြီ။ ဒူးထောက်ပြီး အဖုတ်ဝတေ့ အသာဖိထည့်လိုက်တာနဲ့ အေးဆေး လမ်းကြောင်းအတိုင်း အိကနဲပဲ။ မေကလည်း အောက်ကနေ ပြန်ကော့ပေးရင်း ကျနော့်လက်နှစ်ဖက်ကို အတင်းဆွဲပြီး ဘလောက်စ်အင်္ကျီကို ချွတ်ပစ်လိုက်ရင်း ဗလာဖြစ်နေတဲ့ ရင်နှစ်မြွှာအပေါ်တင်ပေးတယ်။ ချိုဗူးကိုင်ရင်း ချစ်ပေးပါပေါ့ ဟီဟိ။

ဟဲဟဲ! ဒီစာကိုဖတ်နေတဲ့ ညီအစ်ကိုတွေထဲမယ် အိမ်ထောင်သည်တွေပါမှာပါ။ ရန်ဖြစ်ကြ၊ သတ်ကြပြီး.. ငိုပြုရာကနေ အခုလို ချော့ရင်းမော့ရင်း အဆင်ပြေသွားလို့ ပြန်ချစ်ကြရင်း အုပ်ရတဲ့ အရသာက သိပ်ကောင်းတယ်ဆိုတာ ခင်ဗျားတို့သိပါတယ်လေ။ ဟုတ်တယ်မလား။ မဆီမဆိုင်တွေ ထထပြောတတ်တဲ့ သူငယ်ချင်းတစ်ယောက်ကိုတောင် သတိရမိသေးတယ်။ အဲ့ဒီလို ရန်ဖြစ်ရာက ပြန်တည့်ပြီး အုပ်ရတဲ့ အရသာကို ဘာပြောလဲဆိုတော့ အဲ့ဒီအရသာမျိုးကို ကြက်သားအုန်းထမင်းနဲ့ မလဲဘူး ဆရာတဲ့ ဟီး။ အီစိမ့်နေအောင် ကောင်းချက်များ ပြောပါတယ်။

အများကြီး ထပ်ပြောပြစရာ မကျန်တော့ပါဘူး။ ကျနော့်ကို သူတော်တော်ချစ်မိသွားမှန်း ကျနော်ရိပ်မိခဲ့သလို ကျနော်ကိုယ်တိုင်လည်း အပေါ်မှာ ပြောခဲ့သလို သူနဲ့ကျနော် ညားနေတာလို့တောင် ထင်နေမိပြီဗျ။ တကယ်ဆို အဆင်မပြေစရာ ဘာမှလည်းမရှိပါဘူး။ အင်မတန်ချစ်တဲ့ ငယ်သူငယ်ချင်းတွေ။ အူမကစ ချေးခါးမကျန် အကုန် တစ်ယောက်အကျင့် တစ်ယောက် စိတ်အကုန်ထွင်းဖောက်မြင်နေတဲ့သူတွေပဲဟာ။ ကျနော် ဘယ်လိုခံစားနေရသလဲ။ သူ့စိတ်ထဲ ကျနော့်ကို ဘယ်လောက်တွယ်တာနေပြီလဲ ရိပ်မိနေကြပြီပဲဗျာ။ ဒါပေမယ့် ဘဝမှာ မျှော်လင့်တိုင်းလည်း ဖြစ်မလာတတ်တာတွေ အများကြီးပဲမဟုတ်လား ညီအစ်ကိုတို့ရာ။ အမှန်က ကျနော့်ဖက်က အရူးအမူးဖြစ်လာရတာလည်း သူ ကျနော့်အပေါ် ဆက်ဆံလာတဲ့ပုံစံတွေကြောင့်ဆိုလည်း မမှားဘူးရယ်။

ဘယ်လိုတွေလဲဆိုတော့ကာ ဥပမာ အဲ့ဒီရန်ဖြစ် စိတ်ကောက် သတ်ကြတဲ့နေ့ပြီးတော့ နောက်တနေ့မနက် သူ့ကို အလုပ်လိုက်ပို့တယ်ဆိုပါတော့။ ကားပေါ်က ဆင်းခါနီးမယ် ထုံးစံအတိုင်း အပြုံးချိုချိုလေးနဲ့ ကျနော့်နဖူးကို မွှေးမွှေးပေးရင်း

“အိမ်ကိုတန်းပြန်နော် ဟေ့ကောင်!”

ဆိုပြီး ပြောလာတော့

“ဟေ့အေး! ပြန်သေးဘူး မနေ့က ကောင်မလေးနဲ့ တွေ့စရာရှိသေးတယ်”

လို့ ပြောင်ချော်ချော်လုပ်ရင်း နောက်လိုက်တော့ ရုတ်တရက် ဒေါသ ထောင်းကနဲ ထွက်လာဟန်လေးနဲ့ ကျနော့်ရှပ်အင်္ကျီရင်ဘတ်ကို လှမ်းဆုပ်ကိုင်ပြီး ဆောင့်ဆွဲလာတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ ဒေါသမျက်နှာလေးက အရောင်မှိန်ကျသွားရှာတယ်။ သက်ပြင်းလေး ခပ်တိုးတိုးချတယ်။

“နင်တကယ်လုပ်ရင်လည်း ငါဘာမှမတတ်နိုင်ဘူးပေါ့ မောင်ရယ် ..”

တဲ့။ အဲ့ဒီစကားတွေကို သူ့မျက်ဝန်းညိုညိုလေးတွေနဲ့ ဆွေးရီရီလေး ကျနော့်ကို ငေးကြည့်ရင်း အသံတုန်တုန်ရီရီလေးနဲ့ ပြောလာတယ်ဗျာ။ ပြောပြီးတာနဲ့ မျက်နှာကို အပေါ်အတင်းမော့ထားတယ်။ (ငယ်ငယ်ကတည်းက တစ်ခုခု စိတ်ထိခိုက်စရာကြုံလာတိုင်း မျက်ရည်ကျတော့မယ်ဆို သူလုပ်တတ်တဲ့ အကျင့်လေ)

“မေ ဟေ့ကောင်! တော်တော့ ငါအလကား လျှောက်စနေတာ သိရဲ့သားနဲ့ အရူးမလေး..”

လို့ပြောရင်း ကျနော့်စိတ်ထဲ သနားစိတ်တွေ လျှံတက်လာလို့ အတင်းဆွဲဖက်ပြီး ချော့လိုက်မိတယ်။ အဲ့ဒီတော့မှ ဒင်းကလေးက မျက်ရည်တွေရစ်ဝဲနေတဲ့ မျက်လုံးတွေနဲ့ပြုံးရင်း

“သိပါတယ်.. ငါအရမ်းဝမ်းနည်းသွားလို့ဟ ..”

ဆိုပြီး ချွဲချွဲလေးပြောရင်း ကျနော့်ကို အကြာကြီးစိုက်ကြည့်နေတတ်သေးတယ်ဗျ။ တော်တော်ချစ်စရာကောင်းတဲ့ ကောင်မလေးနော့်။ ဒီလောက်ချစ်နေကြမှတော့ ဘာလိုသေးလဲပေါ့။ ပွဲကသိမ်းနေပြီပဲဟာ။ လိုတိုရှင်းဆက်ပြောရရင် တောကို ခဏပြန်သွားတဲ့ မေ့အဒေါ် ဒေါ်ကြီး ပြန်ရောက်လာပါတယ်။ ကျနော်တို့ ခါတိုင်းလို တူတူအိပ်လို့မရတော့ဘူးပေါ့။ လူကြီးအရှေ့မှာဆိုတော့ အနေအထိုင် ဆင်ခြင်ရတာကိုး။ ဒေါ်ကြီးပြန်မလာခင် တစ်ရက်နှစ်ရက်လောက်မှာ လွတ်လွတ်လပ်လပ် အားရအောင် ချစ်လိုက်ကြမယ်ဆိုပြီး သောင်းကျန်းကြသေးတယ်။ ပြန်လည်းရောက်လာကော တစ်ရက်နှစ်ရက်လောက်တော့ ကိုယ်ရှိန်သတ်လိုက်ကြတာပေါ့လေ။

ရက်နည်းနည်းကြာလာတော့ ဟိုဟာမလုပ်ရတာထက် တူတူမအိပ်ရတာကို တစ်မျိုးကြီးဖြစ်လာကရော။ ညားခါစလင်မယားတွေ ခွဲအိပ်ရတဲ့အခါ ဖြစ်တဲ့ ခံစားချက်မျိုးဖြစ်မယ် ထင်တာပဲ (ကိုယ်လည်း အိမ်ထောင်မကျဘူးသေးတော့ သေချာတော့ မပြောပြတတ်ပါဘူးလေ ဟီဟိ) ဒီတော့ အမျိုးမျိုးကြံရတော့တာပေါ့။ ချာတိတ်လေး ချာတိတ်မလေးတွေ ညဖက်လူခြေတိတ်မှ ချိန်းတွေ့တာလိုတွေ လုပ်ကုန်ကြရော။ ညသန်းခေါင် ဒေါ်ကြီးနဲ့ သမီးလေး (သူတို့က တစ်ခန်းသပ်သပ် အိပ်ကြတာ) အိပ်မောကျနေတဲ့အချိန်လောက်မှ မေ့အခန်းထဲ ကျနော် တိတ်တိတ်ကလေးခိုးဝင်ပြီး တူတူအိပ်ရတာမျိုး (မနက်မိုးလင်ခါနီးမှ အသာလေးထပြီး ကိုယ့်အခန်းထဲ ကိုယ်ပြန်လစ်ရတာတော့ ကသိကအောက်နိုင်တယ်ဗျာ) ဟိုဟာ လုပ်တာတောင် ခါတိုင်းလို စိတ်ရှိတိုင်းမလုပ်ရဲဘူး။ ကြိတ်ပြီး ကပ်တွန်းလေးဆွဲ၊ ကုတင်ပေါ်မှာ ဝုန်းရင် အသံတွေထွက်မယ်စိုးတော့ ကြမ်းပြင်ပေါ်မှာ နှစ်ယောက်လုံး မတ်တပ်ရပ်ပြီး မော်တော်ဆပ်ရတာမျိုးလေးတွေပေါ့။ သိပ်အဆင်မပြေပေမယ့်လို့ ရင်သိမ့်တုန်ဖီလင်လေးတော့ အရသားဗျ။ ခိုးစားရတာဆိုတော့လေ ဟိဟိ။

နေ့စဉ်ရက်ဆက်ကြီးလည်း မေ့အိမ်မှာ ဆက်နေနေလို့ မဖြစ်သေးတော့ တစ်ပတ်ကို ၂ ရက် ၃ ရက် ကိုယ့်အိမ်ကို ပြန်အိပ်ရသေးတယ်။ အဲ့ဒီမှာ ကျနော့်ရောဂါက စတော့တာပဲ။ မေ့ကိုယ်လုံးအိအိထွေးကို ဖက်မအိပ်ရတဲ့ညတွေ၊ မေ့ကိုယ်နံ့သင်းချိုချိုလေး မရတဲ့အခါ၊ မေ့ ဆံပင်ရှည်လေးတွေထဲ မျက်နှာအိပ်ပြီး မအိပ်ရတဲ့အခါ၊ တရေးနိုးလာတိုင်း ကျနော့်ရင်ခွင်ထဲကနေ မျက်လုံးလေးမှေးထားလျက် မှိန်းနေရာက ကျနော့် ရိပ်ပြီးစ အငုတ်ကလေးတွေ ထွက်နေတဲ့ မေးဖျားက စူးရှရှကို လက်ဖဝါးလေးနဲ့ မေလှမ်းပွတ်တာကို မခံရတော့တဲ့အခါ၊ ရောင်နီလာခါစ အလင်းရောင်အောက်မှာ လှချင်တိုင်းလှနေတဲ့ ကပိုကရိုမျက်နာဝိုင်းစက်စက်ကလေးကို မမြင်ရတော့တဲ့ မနက်ခင်းတွေမှာ ကျနော် နေမရထိုင်မရတွေ ဖြစ်လာတတ်ခဲ့ပြီဗျာ။ ပွေ့ဖက်ထားရာက လွှတ်ထွက်သွားတိုင်း မျက်လုံးလေးမဖွင့်ပဲ ဟင့်အင်းကွာ.. ဖက်ထားပါ.. ဘယ်ရောက်သွားတာတုံးလို့ ကယောင်ကတမ်းအော်တတ်တဲ့ ကောင်မလေးရှိတဲ့ အိပ်ယာထဲမှာ မဟုတ်မှန်း သိလိုက်ရတဲ့အခါတိုင်း ကျနော် ခြောက်ခြားစပြုလာပြီ။ ကြက်အိပ်ကြက်နိုးတွေဖြစ်ပြီး မနက်လင်းတာနဲ့ ရေမိုးချိုးပြီး မေ့ဆီပြေးတော့တာပါပဲ။

မနက်စာတူတူစားရင်း ဒေါ်ကြီးအလစ်မှာ မေ.. ငါတစ်ယောက်ထဲအိပ်တာ အိပ်လို့ကောင်းကောင်းမပျော်တော့ဘူးဟာ ရူးတော့မယ်လို့ မျက်နှာငယ်လေးနဲ့ ပြောမိတော့ မေကလည်း တူတူပဲမောင်လို့ အိပ်ရေးပျက်ထားတဲ့ မျက်နှာလေးနဲ့ ညှိုးငယ်ငယ်လေး ပြောတတ်လာတယ်။ အဲ့ဒီနေ့မျိုးဆို သူ့ကိုအလုပ် လိုက်ပို့တော့ သူ့အလုပ်တိုက်အရောက်မှာ ခဏစောင့်ဦးဆိုပြီး ကားပေါ်က ဆင်းသွားတယ်။ ၁၅ မိနစ်လောက်ကြာတော့ ပြန်ထွက်လာပြီး မောင့် အိမ်ကိုမောင်းတဲ့။ ဟမ်! အလုပ်က ဘယ်လိုလုပ်မှာတုန်း ဆိုတော့ နေ့လည်မှပြန်လာမယ်ဟာ လျှာမရှည်နဲ့ ငါက သူဌေး ဘယ်သူ့မှဂရုမစိုက်ဘူး.. မြန်မြန်မောင်းကွာ မောင်နဲ့ တူတူဖက်အိပ်ချင်နေပြီတဲ့။

ကျနော့်အိမ်ရောက်သွားတာနဲ့ အိပ်ခန်းထဲတန်းသွားကြတာပဲ။ အိမ်ကြီးတစ်ခုလုံး ဘယ်သူမှ မရှိဘူးဆိုတော့ကာ အရင်လို လွတ်လွတ်လပ်လပ် မချစ်ရတော့တာကို အတိုးချပြီး ခပ်ကြမ်းကြမ်း တစ်ခါလောက် ချစ်လိုက်ကြသေးတယ်။ နှစ်ယောက်လုံး အဝတ်တွေ အကုန်ချွတ်ပြီး တကိုယ်လုံးနမ်းစုပ် တဟင်းဟင်း အော်ငြီးရင်း၊ ကျနော့်ကုတင်စောင်းပေါ် သူ့ကိုပွေ့တင်ပြီး အသားကုန် ဆောင့်၊ ခေါ်မကြားအော်မကြား ခြံဝင်းထဲက အိမ်ဆိုတော့ စိတ်ကိုလွှတ်ချလိုက်ပြီး လေးဖက်ထောက် ဆံပင်အရှည်ကြီးတွေကို ဆွဲပြီး တအားကြမ်းကြမ်းဆောင့် မေ့ဖင်ဖွေးဖွေးကြီးတွေကို လက်နဲ့ပွတ်သပ်ဆုပ်ချေလိုက်၊ လက်ဖဝါးနဲ့ မနာအောင် ခပ်စပ်စပ်ကလေး တဖန်းဖန်းရိုက်ရင်း ပါးစပ်က အော်ချင်တာတွေအော် (မေ ကလည်း ခုမှ လွတ်လပ်သွားတယ်ဆိုတဲ့စိတ်နဲ့ အသားကုန်ဆောင့်ခိုင်းပြီး သူကိုယ်တိုင်ကပါ အသေအော်တာ ဆူညံနေတာပဲ) ပြီးသွားတော့မှ အဝတ်တွေတောင် ပြန်မဝတ်နိုင်တော့ပဲ နှစ်ယောက်စလုံး ဖင်တုံးလုံးလေးတွေနဲ့ ဖက်ရင်း အိပ်ပျော်သွားကြတော့တာပေါ့။

တစ်နာရီကျော်ကျော်လောက် မှေးလိုက်ကြပြီး ပြန်နိုးလာကြတော့မှ အိပ်ယာထဲမှာ တစ်ယောက်နဲ့တစ်ယောက် ခပ်တင်းတင်းဖက်ရင်း ကျေနပ်နှစ်သိမ့်နေကြတယ်။ ကျနော့်ရင်ခွင်ထဲမှာ မျက်နှာလေးအပ်နေရတော့ သူက ကြည်နူးနေသလို၊ မေ့ကျောပြင်၊ လက်မောင်း ချောအိအိလေးတွေကို ပွတ်သပ်ရင်း သူ့ကိုယ်လုံးလေးကို ခွထားရတော့ ကျနော်လည်း ကျေနပ်နေတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် ပြုံးပြီး စိုက်ကြည့်လိုက် နမ်းလိုက်နဲ့ ဇိမ်တွေ့လိုက်တာဗျာ။ (ခုပြန်ပြောရင်းနဲ့တောင် လွမ်းလာပြီ အဟင့်)

ကျနော်ပြောသလိုပဲလေ လူမရှိသူမရှိ နှစ်ယောက်ထဲကမ္ဘာလေးဆိုတော့ ထပ်သောင်းကျန်းကြပြန်သေးတာ။ အိမ်အပေါ်ထပ်တက်တဲ့ အတွင်းလှေကားမှာ လက်ထောက်ပေးပြီး အနောက်ကအုပ်တာတို့၊ ဧည့်ခန်းထဲသွားပြီး သူ့ကို ဆက်တီခုံမှာ ဆောင့်ကြောင့်ထိုင် ပေါင်ကားခိုင်းထားပြီး ကျနော်က ခွေးခြေလေးနဲ့ ကြမ်းပြင်ပေါ် စိတ်ပြေနပြေ ထိုင်ပြီး အဖုတ်လျက်ပေးတာတို့၊ အိမ်ထဲသွင်းထားတဲ့ ဒေါက်ထောက်ထားတဲ့ ယောကျာ်းစီးဆိုင်ကယ်ပေါ် တက်ခွပြီး လုပ်ကြတာတို့ (ပြောရင်းနဲ့ မျက်စိထဲ ပြန်မြင်လာပြီး ရယ်ချင်လာပြန်ပြီ။ ကျနော်တို့ တော်တော်ဆိုးခဲ့တာဗျာ ဟီး) ဧည့်ခန်းစားပွဲပေါ် သူ့ကို ပက်လက်တက်အိပ်ခိုင်းထားပြီး ရင်ဘတ်ပေါ်က ကျနော်က တက်ခွ၊ သူ့ချိုဗူးဝါဝင်းဝင်းကြီးနှစ်ခုနဲ့ ကျနော့်ဒုံးပျံကို ညှပ်ခိုင်းထားရင်း ရှေ့တိုးနောက်ဆုတ်လုပ်တာတို့၊ အဲ့ဒီစားပွဲပေါ်မှာပဲ ကျနော်က ပက်လက်အိပ်ပြီး မေက ဆံပင်ရှည်လေးတခါခါနဲ့ မြင်းတက်စီးခိုင်းတာတို့ .. အဲ့လိုမျိုး ရှုပ်ရှက်ခတ်နေအောင်ကို သောင်းကျန်းကြတာဗျ။ လုံးဝ အီစိမ့်သွားပြီး ဝသွားမှ နှစ်ယောက်သား ကျနော့်အိပ်ခန်းထဲ ပြန်ဝင်သွားကြပြီး မောမောနဲ့ အိပ်တော့တာပေါ့။ နေ့ခင်း ၂ ချက်ကျော် ၃ ချက်လောက်မှ တူတူလူးလဲထ၊ ရေလေးဘာလေးချိုးပြီး သူ့အလုပ်ကို ပြန်လစ်ကြတော့တာ။ ကျနော်လည်း တခါထဲ ထိုင်စောင့်ပြီး ပြန်ကြိုလာခဲ့တာပေါ့။ မေ့ အိမ်ပြန်ရောက်တော့ ခပ်တည်တည်နဲ့ နှစ်ယောက်သား အလုပ်ရှုပ်လာသလိုလို ဘာလိုလိုနဲ့ ဟိဟိ။

ဒါတောင် မိုးချုပ်လို့ ညစာ စားသောက်ပြီး၊ သူက သူ့ဖာသာ စာရင်းဇယားနဲ့ အလုပ်ရှုပ်၊ ကျနော်က သတင်းလေးဘာလေးထိုင်ကြည့်ရင်း ပျင်းလာလို့ ပြန်တော့မယ့်ဟန်နဲ့ ထိုင်ရာက ထလိုက်ရင် သူ့အလုပ်စားပွဲကနေ လှမ်းကြည့်ပြီး မျက်နှာရိပ်မျက်နှာကဲက မပြန်နဲ့ဆိုပြီး လုပ်ပြလာသေးတာ။ ဒီမှာ အိပ်မှာလိုလို ပြန်မှာလိုလိုလုပ်နေရာက ဒေါ်ကြီးတို့ အိပ်သွားမှ ခပ်တည်တည်နဲ့ အိမ်တံခါးတွေ လိုက်ပိတ်လိုက်ပြီး မေ့ အိပ်ခန်းထဲ လစ်ကနေဝင် အိပ်ယာထဲကနေ စောင့်နေလိုက်တော့တာဗျ။ ခဏနေတော့ ခြေလက်ဆေး၊ သွားတိုက် မျက်နှာသစ်ပြီးတဲ့ မေက အသာလေး အိပ်ခန်းထဲဝင်လာ အတွင်းခံလေးတွေချွတ်ချ၊ စွပ်ကျယ်အပါး၊ ထမီအပါးလေးကောက်ဝတ်ပြီး ကျနော့်ရင်ခွင်ထဲဝင်လာတော့တာပဲ။ နေ့လည်က အားရအောင် လုပ်ထားကြပြီးသားဆိုတော့ ဘာမှမလုပ်တော့ပါဘူး။ ၀ နေကြပါပြီ။ ဖက်ပြီးအိပ်ချင်တာပါဆိုနေမှဗျာ။ တစ်ယောက်နားရွက်နား တစ်ယောက်ပါးစပ်လေးကပ်ပြီး တိုးတိုး တိုးတိုးနဲ့ ချစ်စကားလေးတွေ ပြောလိုက်၊ အသံမထွက်အောင် ကြိတ်ပြီး ရယ်လိုက်၊ စလိုက်၊ နောက်လိုက် ကလေးတွေလုပ်ပြီး တင်းတင်းဖက်ရင်း အိပ်ပျော်သွားကြတာပဲ။ (မိုးလင်းခါနီးတော့ လင်းဆွဲကြိတ်ဆွဲလေးတစ်ခါ ထဆွဲတယ်ဗျ ဟီး။ ဆွဲတယ်ဆိုတာကလည်း ကျနော်က ဆွဲချင်လို့ မဟုတ်ပါဘူး။ ကျနော် ဆတ်ကနဲ လန့်နိုးလာပြီဆို ဒင်းက ကျနော့်ဟာကို တပြွတ်ပြွတ်နဲ့ စုပ်ပီး သောင်းကျန်းနေပြီကိုး။ ဒီတော့လည်း အိပ်ချင်မူးတူးနဲ့ ထဆွဲရတော့တာပေါ့။ လုပ်ချင်လွန်းလို့တော့ မဟုတ်ဘူးပေါ့လေ ငှဲ)

ဒီလိုအခြေနေတွေ ဖြစ်နေပြီဆိုတော့ကာ ရှေ့ဆက်မလွယ်တော့ဘူး။ မလွယ်တော့ဘူးဆိုတာက ဒေါ်ကြီးရှေ့မှာလေဗျာ။ သူ့အဒေါ်ရှေ့မှာ ကျနော်တို့ အဲ့လိုဖြစ်နေတာကို လူကြီးက တနေ့နေ့တော့ သိသွားမှာပဲ။ အမှန်က ရိပ်တောင်ရိပ်မိနေပါပြီလို့ ထင်ပါတယ်။ ဒီလောက် မူပျက်နေကြတာ။ ဒေါ်ကြီးအနေနဲ့လည်း ကျနော် ဝင်ထွက်နေတာကို သဘောအကျသားပဲ။ သားလေးဖိုးသက်ဆိုတာ ပါးစပ်ဖျားကမှ မချတာလေ။ ဟိုးအရင်ကတည်းက ကျနော့်ကို တူသားနောင်မယ်လို ချစ်လာတဲ့ အဖွားကြီးပဲဟာ။ ကျနော်လည်း ဒီလိုတိတ်တိတ်ပုန်းဖြစ်နေရတာ မကြိုက်ချင်တော့ဘူး။ ယူလိုက်ချင်ပြီဗျာ။ လမ်းပေါ်မှာ လေလွှင့်နေတဲ့ ကျနော့်ဘဝကိုလည်း အဆုံးသတ်ချင်ပြီ။ အရေးကြီးဆုံးအချက်က ကျနော် မေ့ကို ရင်နင့်အောင် ချစ်မိနေပြီကောဗျာ။ တစ်ခုလပ်ကလေးတစ်ယောက်အမေ ချောချောလေးအရှေ့မှာ မားမားရပ်ပြီး တစ်ဘဝလုံး စောင့်ရှောက်ချင်နေပြီ။ ညအိပ်တိုင်း ကျနော့်ရင်ခွင်ထဲကို ငုံ့ကြည့်လိုက်ရင် အဲ့ဒီအပြစ်ကင်းစင်တဲ့ မျက်နှာဝိုင်းစက်စက်ကလေးကို အမြဲမြင်ချင်နေပြီဗျာ။ ဒါနဲ့ သိပ်စဉ်းစားမနေတော့ဘူး။ တရက်မှာ မေ့ကို ကျနော် ပြောလိုက်တယ်။

“မေ! ငါ့အိမ်ကို လှမ်းအကြောင်းကြားလိုက်တော့မယ်ဟာ”

လို့။ အဲ့မှာ သူက မျက်လုံးလေးဝိုင်းသွားပြီး

“ဘာကိုလဲဟင်”

တဲ့။

“ဟောဗျာ! ငါတို့ကိစ္စကိုပေါ့.. ငါ အိမ်ထောင်ပြုချင်ပြီ… သူတို့ နင့်အဒေါ်ဆီမှာ လာကြောင်းလှမ်းပေးဖို့ အဲ့ဒါလေ..”

ဆိုတော့ မျက်နှာက ကွက်ကနဲ ပျက်သွားတယ်ဗျ။ ကျနော့်ကို သေချာမကြည့်ပဲ မျက်နှာလွှဲထားရင်း ခေါင်းခါတယ်။ ရင်ဘတ်ထဲမှာကို ထိတ်ကနဲ ဖြစ်သွားတယ်ဗျာ။

“မေ! ဘာတုံးဟ .. ငါ့ကိုမနောက်နဲ့နော်.. ငါတသက်လုံး ဘယ်မိန်းမကိုမှ ဒီစကားမပြောဖူးသေးဘူး.. ဘာလဲဟာ ဘာလို့ခေါင်းခါနေတာလဲ…”

လို့ ဒရောသောပါး မေးလိုက်တော့ သက်ပြင်း ဟင်းကနဲချရင်း..

“မောင်ရာ ငါနင့်ကိုချစ်ပါတယ် ဒါပေမယ့် အဲ့ဒီကိစ္စတော့ မဖြစ်ဘူးဟ.. ထပ်မပြောနဲ့တော့”

တဲ့။ ကျနော် ကယောင်ကတမ်းနဲ့ သူ့ပုခုံးနှစ်ဖက်ကို စုံကိုင်ပြီး အော်လိုက်မိတယ်။

“မေ! နင် အဓိပ္ပါယ်မရှိတဲ့ စကားတွေ ပြောနေတယ်ကွာာာာ”

မေ အဲ့လိုငြင်းဆန်လိုက်တဲ့အချိန်မှာ ကျနော်ရင်ဘတ်တစ်ခုလုံး ဗလောင်ဆူသွားတယ်ဗျာ။ Boxing စကားနဲ့ပြောရရင် left hook မိသွားတယ်ပေါ့။ ထိချက်ပြင်းတယ် ဆရာ။ ထင်မှမထင်မှတ်ထားတာကိုး။ သူပဲ ကျနော့်ကို ဒီလောက်ချစ်ပြ တွယ်တာပြနေတာကြီးလေ။ ကယောင်ကတမ်းနဲ့ ဘာမှကို ပြန်မပြောနိုင်တော့ပဲ ထိုင်လိုက်ထလိုက်ကို ဖြစ်နေခဲ့တာဗျ။ မှတ်မှတ်ရရ အဲ့ဒီစကားတွေ ပြောနေခဲ့စဉ်က မေတို့ခြံထဲက စံပယ်ခြုံလေးဘေး ခုံတန်းလေးပေါ်မှာ ညနေစောင်းအချိန်။ မေက ကျနော့်စကားတွေ နားထောင်ပြီးတာနဲ့ အဝေးကိုပဲ ငေးနေတော့တာ။ ကျနော်က ထရပ်ပြီး ခြေတုန်လက်တုန်နဲ့ စီးကရက်ဖွာလိုက် ဘာလဲကွာ! ဘာတွေဖြစ်ကုန်ပြီလဲကွာ! ဆိုတဲ့ ဝါကျနှစ်ကြောင်းကို တတွတ်တွတ်ရွတ်ရင်း မေ့အရှေ့မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိတယ်။ တစ်တင်္ဂ ရူးသွားသလားတောင် မှတ်ရတယ်။ စီးကရက် ၃-၄ လိပ်ကုန်တော့ မေက သူ့ဘေးမှာ လာထိုင်ဖို့ခေါ်တယ်။ ဝင်ထိုင်လိုက်တော့ လူက အငြိမ်မနေဘူး။ တုန်တက်နေတာ။ မေက ကျနော့်ကျောပြင်ကို လက်နဲ့ ခပ်ဖွဖွပုတ်ပေးနေတာကို ခါချသလိုလုပ် သူ့လက်တွေကို ဆွဲဖယ်လိုက်ရင်း ကျနော် မေးခွန်းတွေ ဆက်တိုက်ထုတ်နေမိတယ်။

“မေ! ငါ့ကိုချစ်တယ်ဆို”

“အင်းလေ..”

(သူ့အင်းလေဆိုတဲ့အသံက တုန်ပြီး အဖျားခတ်နေတယ်)

“ဒါဆို ဘာဖြစ်လို့”

“ချစ်တိုင်း လက်ထပ်စရာမလိုပါဘူး မောင်ရာ”

“မေ.. နင် ငါ့ကို အရူးစကားတွေ မပြောနဲ့ဟာ .. ဘာလဲ.. ငါ့ကိုမယုံလို့လား”

“မဟုတ်ပါဘူး မောင်ငါ့ကို အရမ်းချစ်မှန်းသိပါတယ်.. ငယ်ငယ်က ကောင်ရှုပ်လေးလို မဟုတ်တော့မှန်းလည်း သိပါတယ်”

“ဒါဆိုဘာကြောင့်လဲ!!!!! မေ.. ငါမခံနိုင်တော့ဘူးးးး”

“ကျွတ်! ငါတို့ လက်ထပ်စရာလိုလို့လား .. တသက်လုံး ဒီအတိုင်းနေမယ်ကွာ.. မေနဲ့မောင် ညတိုင်း တူတူအိပ်မယ်.. ဒါဆိုရပြီ မဟုတ်လား”

“သြော် တိတ်တိတ်ပုန်း လင်မြှောင်လေးပေါ့… ငါ့ကိုယ်ငါတောင် ရွှံသလိုလိုဖြစ်သွားတယ် .. အဲ့ဒါမျိုးတော့ ငါ့ကိုလာမလုပ်နဲ့ ငါယောကျာ်းဟ.. ငါ့မှာ အတ္တမာနရှိသေးတယ်… နင်ငါ့ကိုခိုင်မာတဲ့ အကြောင်းပြချက် အခုပေး.. အဓိပ္ပါယ်မရှိတာတွေ မကြားချင်ဘူး”

အဲ့လိုမျိုးပွဲကြမ်းနေတဲ့ အချိန်မှာ မယုံကြည်နိုင်လောက်ဖွယ် တိုက်ဆိုင်မှုက ဖြစ်သေးတယ်။ ဖုန်းဝင်လာတာဗျ။ ပွဲကြမ်းနေတော့ကာ မကိုင်ဘူး။ မကိုင်လေလေ ဆက်တိုက်ခေါ်လေလေ ဖြစ်လာတော့ လူက စိတ်တိုတိုနဲ့ ကောက်ကိုင်လိုက်ကော။ ဘယ်သူဘယ်ဝါခေါ်မှန်းလည်း သေချာသတိမထားမိလိုက်ဘူး။ ဘယ်သူဖြစ်နေတယ် ထင်လဲဗျ။ ကျနော်ပြောပြောနေတဲ့ ကျောင်းနေဖက်သူငယ်ချင်း မိန်းကလေး ၃ ယောက်ထဲက တစ်ယောက်ဗျာ။ ပွဲကကောင်းချက် အဲ့လို။

“ဟဲ့! သေနာလေး နင့်အသံက လူသတ်ခါနီးအသံ ဖြစ်နေပါလား ဘာတွေဖြစ်နေတာလဲ”

တဲ့။ ခိခိ ဆိုတဲ့ ကောင်မလေး.. သူကအိမ်ထောင်ကျပြီး နယ်မှာ တာဝန်ကျနေတာ ။ မေရယ် ခိခိရယ် မိဝါရယ် ဆိုပြီး ရဲသုံးဖော်ဆိုတာ ကျနော့် ပြောမနာဆိုမနာတွေဆိုတာ ခင်ဗျားတို့ သိပြီးသားပဲ။ ကျနော်လည်း အခွင့်ကြုံတာနဲ့ မထူးဘူးဆိုပြီး “အတော်ပဲ မိခိရယ် ဒီမှာကွာ မိန်းမတစ်ယောက်က ငါ့ကို အုပ်ပြီး မယူနိုင်ဘူး လုပ်နေလို့ အဲ့ဒါဘာလုပ်ရမှန်းမသိ ဖြစ်နေပြီ” လို့ ဟီး။ အဲ့လိုပြောထည့်ပစ်လိုက်ကော။

ဟိုဖက်က ဖွီးးး ကနဲ အသံနဲ့ ချောင်းဆိုးသွားသံ ကြားလိုက်ရတယ်။ (လက်ဖက်ရည်သောက်ရင်း ဖုန်းပြောနေတာတဲ့) ခဏနေမှ

“မြတ်စွာဘုရား! ငါလက်ဖက်ရည်တောင် သီးကုန်ပြီ.. ဘာတွေလဲ ဖိုးသက်ရာ.. နင့်ဟာကလည်း အဆန်းတကြယ်တွေ ထဖြစ်ပြန်ပြီ.. သေသေချာချာ လျှောက်တင်စမ်း ငါ့ကို”

ဆိုပြီး ပြန်မေးလာတယ်။

“အေး ငါလည်း ဒါမျိုးမကြုံဖူးဘူး သူငယ်ချင်း.. ငါတသက်လုံး ဘယ်မိန်းမကိုမှ ဒီလိုအောက်မကျို့ဖူးဘူး။ ငါ့ရည်းစားဟောင်းတွေ အကုန်လုံးနဲ့တုံးကလည်း တစ်ခါမှ လက်ထပ်ပါရစေလို့ ခွင့်မတောင်းခဲ့ဖူးဘူး။ အခုတော့ ငါ့ကို အိပ်ရုံတင်ပဲ တော်ပြီဆိုတဲ့ မိန်းမနဲ့တွေ့လို့ အသည်းကွဲရတော့မယ်ဟာ”

ဆိုပြီး မေ့မျက်နှာကို စေ့စေ့ကြည့်ရင်း တမင်ရွဲ့ပြီးကို ပြောနေလိုက်တယ်။ မေက ကျနော်နဲ့ ဖုန်းပြောနေတာ ဘယ်သူမှန်း ရိပ်မိသွားပြီး မျက်နှာအတော်ပျက်စ ပြုလာပြီ။ ဖုန်းထဲက မိခိကတော့ တဟားဟားနဲ့ ကျနော့်ကို နောင်ပြောင်နေတုံးပဲ။ ဖုန်းထဲကနေ အင်တာဗျူး လာလုပ်နေသေးတယ်။

“ဟဲ့! နင့်ကို အိပ်ရုံတင်ကြံတယ်ဆိုတော့ အပျိုပေါက်စလေး ဟုတ်မယ်မထင်ဘူး ဖိုးသက် ဟုတ်လားဟ ဟီဟိ”

“အင်း မဟုတ်ဘူး ကလေးတစ်ယောက်အမေ”

“ဟယ် ကလေးတစ်ယောက်အမေကြီးလား ခွီး.. နင်အတည်လိုချင်နေတယ်ဆိုမှတော့ တော်တော်ချော တော်တော်လှတဲ့ မိန်းမ သေချာပေါက်ဖြစ်ရမယ်”

“ဟုတ်တယ် ချောမှချော လှမှလှ.. နင်ငါ့ကိုကူညီမလား သူငယ်ချင်း”

“အမ်! ငါက ဘာကိုကူညီရမှာတုန်း ငကြောင်”

“ကြည့်ပြောပေးကွာ .. ခဏကိုင်ထား”

“ဟဲ့! သောက်ပလုတ်တုပ် ဘာတွေတုန်း”

စပ်မြင်ကပ်ကပ်နဲ့ မျက်ရည်တစိုစို၊ နှပ်ချေးတရွတ်ရွတ်လုပ်နေတဲ့ ကျနော့်အရှေ့မှာထိုင်နေတဲ့ မေ့လက်ထဲ ဖုန်းထိုးလည့်ပေးလိုက်တယ်။ အူကြောင်ကြောင်နဲ့ ဖုန်းကို လှမ်းယူပြီး ကျနော့်ကို မော့ကြည့်နေတဲ့ မေ့ကို “ပြောလေ” လို့ ပိတ်ဟောက်လိုက်မှ ဖုန်းကို နားရွက်နားကပ်ပြီး ငိုထားလို့ နှာခေါင်းသံပါနေတဲ့ အသံနဲ့ “မိခိလား! အေး ငါဗျိုင်းလေး” တဲ့။ ဟိုဖက်က ကောင်မတော့ ဘယ်လောက်တောင် ရှော့ခ်ရသွားမလဲမသိဘူး အဟီး။ သူလည်း ဘယ်လိုမှ မျှော်လင့်မထားတဲ့ အသံ ကြားလိုက်ရမှာကိုးဗျ။

“ဟုတ်တယ်! အင်း!” ဆိုပြီး နှစ်ခွန်းလောက် စကားပြောအပြီးမှာ ကျနော့်ကို မော့ကြည့်လာပြီး

“မောင်! နင်အိမ်ထဲ ခဏသွားပေး.. ငါ မိခိနဲ့ စကားပြောဦးမယ်”

ဆိုပြီး ရှောင်ခိုင်းလာတော့ ကျနော်လည်း ဘာမှပြန်မပြောတော့ပဲ အိမ်ထဲဝင်လာပြီး ဧည့်ခန်းထဲ ငုတ်တုတ်ထိုင်နေမိတယ်။ တစ်နာရီကျော် နှစ်နာရီလောက်တောင် ကြာမလား မသိဘူး။ မေ အိမ်ထဲဝင်လာတယ်။ ကျနော့်ဖုန်းကို ဆက်တီစားပွဲပေါ် အသာလေးတင်ပြီး သူ့အိပ်ခန်းထဲ ဝင်သွားတယ်။ ဘာမှလည်း မပြောဘူး။ ကျနော် ချက်ချင်းထပြီး လိုက်သွားတော့ သူ့အိပ်ခန်းတံခါးကို အတွင်းကနေ ဂျက်ချထားတယ်ဗျ။ ဘာလုပ်ရမှန်း မသိတော့တာနဲ့ ခုနက သူငယ်ချင်းမိခိကို ဖုန်းပြန်ခေါ်လိုက်တယ်။ ချက်ချင်းဖုန်းကိုင်တယ်။ ဘာတွေဖြစ်ကုန်တာလဲဟာ.. ဆိုတဲ့ စိတ်လှုပ်ရှားနေတဲ့အသံ အရင်ကြားလိုက်ရတယ်။ ငါ့ကိုအကုန်ပြောပြသွားတယ် နင်တို့ဟာကလည်း ငါဘာပြောရမှန်း မသိတော့ဘူးတဲ့။

အမောတကောနဲ့ ကျန်တာတွေ နောက်မှပြောတော့ မေ နင့်ကို ဘာပြောသွားလဲလို့ မေးလိုက်တော့.. သက်ပြင်းရှည်ချသံနဲ့ အင်းး အဓိကက နင့်ကိုမကြိုက်တာ မဟုတ်ဘူးဟေ့။ မလိုချင်တာလည်း မဟုတ်ဘူး။ သူ့သမီးလေး ပထွေးရမှာစိုးလို့တဲ့ ဆိုတဲ့ အသံ ကြားလိုက်ရတော့မှ ဇာတ်ရည်လည်သွားတော့တယ်။ လူလည်း ဘာလုပ်ရမှန်း မသိတော့ဘူး။

နင်စိတ်အေးအေးထားပြီး အိမ်ပြန်အိပ်တော့..။ ငါဂိုဏ်းချုပ်ဆီ ဖုန်းဆက်ဦးမယ် စိတ်မပူနဲ့ဆိုပြီး ဖုန်းချသွားတယ်။ (ဂိုဏ်းချုပ်ဆိုတာ ကျန်တဲ့ သူငယ်ချင်းမ တစ်ယောက်ကိုပြောတာ။ သူတို့အထဲမှာ အသက်အကြီးဆုံးတစ်ယောက်) ဒါနဲ့ ကျနော်လည်း လစ်လာခဲ့ရောဆိုပါတော့။

နောက်နေ့ကြတော့ ဖုန်းတွေ တဂွမ်ဂွမ် ဖြစ်နေတယ်။ ဂိုဏ်းချုပ် မိဝါဆီက ဖုန်း၊ မိခိဆီကဖုန်း တစ်ယောက်နဲ့ပြောလိုက်၊ နောက်တစ်ယောက်နဲ့ ဆက်ပြောလိုက်။ ရှုပ်ရှက်ကို ခတ်နေတာပဲ။ အမှန်က သူငယ်ချင်း အချင်းချင်း သူတို့လည်း ညားစေချင်ကြတာပေါ့ဗျာ။ အရင်ကတည်းက သူတို့တွေ ကျနော်နဲ့ မေ့ကို ပေးစားချင်နေကြတာဆိုလား။ ခပ်ပေတေတေလုပ်နေတဲ့ ကောင်ရယ်၊ အိမ်ထောင်ပျက်ပြီး အားကိုးအားထား မရှိတဲ့သူရယ် မထူးပါဘူးဟာ ငါတို့စပ်ပြီး ပေးစားလိုက်ကြအောင်ဆိုပြီး ခဏခဏ နောက်နေကြဆိုလား။ အခုလို သူတို့ကွယ်ရာမှာ ဒီလိုဖြစ်ကုန်တယ်ဆိုတော့ ကြားကြားချင်း ဝမ်းတွေသာလို့ပေါ့။ ဒါပေမယ့် သူတို့ ဘယ်လိုပဲ ကြားထဲက ကြောင်းလှမ်းစေ့စပ်ပေမယ့် နောက်ဆုံးမှာ ဘာမှဖြစ်မလာခဲ့တော့ပါဘူးလေ။ မေက ခေါင်းမာတယ်။ တသက်လုံး သူနဲ့လာအိပ်လာရတယ်။ မလိုချင်တော့တဲ့အချိန် ကြိုက်တဲ့မိန်းမ သွားယူချေ သူ့ကိုတော့ လက်ထပ်ဖို့ရာ ဒီတသက်မဖြစ်နိုင်ပါတဲ့။ ဒါပါပဲဗျာ။

ဒီကြားထဲ ကျနော်လည်း အတင်းကြိုးစားခဲ့ပါသေးတယ်။ အသေးစိတ်တွေ မပြောချင်တော့ဘူး။ မေရယ် နင့်သမီး ငါ့သမီးပေါ့ဟာ။ ငါလည်း နင့်သမီးလေးကို ဒီလောက်ချစ်တာ မဆိုင်တာတွေ မတွေးစမ်းပါနဲ့ ဘာညာဆိုပြီး ချော့မော့ပြောတာလည်း မရပါဘူး။ တခါတလေ အရက်မူးမူးနဲ့ ပြုံးစိစိလုပ်ပြီး ရိသဲ့သဲ့တွေလည်း လုပ်ဖူးခဲ့တယ်။ မေ! ငါနင့်ကို ပိုင်းလုံးလုပ်မှာ ကြောက်လို့လားကွယ်.. နင်ချမ်းသာတာ ငါသိပါတယ်.. ဒါပေမယ့် ငါ့အဘွားလည်း သေတော့မှာပါ သိပ်မနေရတော့ပါဘူးလို့.. သူသေရင် နို့ခြောက်မှုန့်ဗူးတွေ အကုန် ငါရမှာပါလို့ … ဟီဟိ။

ဘာဗူးတွေလဲဆိုတော့ လက်တိုဂျင် နို့မှုန့်ဗူးတွေလေဟာ.. ၈ ဗူး ၉ ဗူးလောက်ရှိတယ်။ သူ့ကုတင်အောက်မှာ ထည့်ထားတာ။ အထဲမှာ ရွှေထည်စိန်ထည်တွေ။ ငါဘိန်းစားတုန်းကတောင် တစ်ဗူး ခိုးရောင်းဖူးတယ်။ နည်းတဲ့ပစ္စည်းတွေ မဟုတ်ဘူး စိတ်ကူးမလွှဲနဲ့ ..။ မန်းလေးကအိမ်အပြင် ရှမ်းပြည်က ခြံတွေလည်း ငါ့ကို အမွေပေးမှာသိလား..။ ကဲ! ဒါဆို ဘယ်လိုလဲ ငါ့ကိုယူမှာလားလို့ ငါမညာဘူး နင်မယုံရင် ငါ့အဘွားကို ဖုန်းဆက်မေးကြည့် ဘာညာဆိုပြီး မူးမူးနဲ့ အဲ့လိုတွေ ပေါက်ကရ လျှောက်ပြောခဲ့တာတွေ။ နောက်ဆုံးတော့ ကျနော် ရှုံးသွားတယ်ဗျာ။ စေ့စပ်ကြောင်းလှမ်းရေး ပွဲစားလုပ်တဲ့ ဟိုနှစ်ကောင်လည်း လက်မြှောက်အရှုံးပေးသွားတယ်။ ငှက်ပျောတုံးသာရှာပြီ ဖက်အိပ်လိုက်တော့ ဖိုးသက်ရေတဲ့ အဟင့်။

ကျနော် ဇာတ်လမ်းထဲမှာ ရေးခဲ့သလိုပါပဲ။ အလက်ဇန်းဒါးသည်ဂရိတ်ဆိုတဲ့ကောင်က အသက် ၃၀ မှာ ကမ္ဘာတစ်ခြမ်းကို အောင်နိုင်ခဲ့သတဲ့။ ကျနော်ဆိုတဲ့ကောင်က အသက် ၃၀ မပြည့်တပြည့်မှာ မိန်းမတစ်ယောက်ရဲ့ ဘဝတစ်ခြမ်းကိုတောင် မအောင်နိုင်ခဲ့တဲ့ ကောင်ပေါ့ဗျာ။ ရှုံးတယ်။ ဒါပါပဲ။

တစ်ပတ်ဆယ်ရက်လောက် တစ်ဖက်ကမ်း စစ်ကိုင်းဖက်ကူးပြီး ဦးဇင်းရွှေဘဆီ သွားအိပ်နေလိုက်ခဲ့သေးတယ်။ ကိုယ်တော်ကလည်း အဖြစ်အပျက်တွေ အကုန်ကြားတော့ အိမ်း! ရှမ်းသူပုန် မင်းမှာလည်း အခုထိ ဝဋ်ကြွေးဆပ်တုန်းပါလား။ မထူးပါဘူးကွာ ငါ့ဆီမယ် အပြီးအပိုင် သင်္ကန်းသာ ဝတ်လိုက်ပါတော့တဲ့။ (ကြပ်ချက် ဟီးဟီး)။

ဒကာ့ဥစ္စာက အဆင့်တွေ တော်တော်ကျလာလိုက်တာ အခုဆို တစ်ခုလပ်မလေးကတောင် မလိုချင်တော့တဲ့ အခြေအနေ ဖြစ်လာတယ်။ နောက်နောင်ဆို ကလေး ၃-၄ ယောက်အမေ မုဆိုးမနဲ့များ ညားမလားပဲ တဲ့။ ဦးပဇင်းကလည်းဗျာ စိတ်ညစ်ရတဲ့အထဲ ပေါက်ကရတွေလို့ ပြောပြီး အော်ရယ်နေမိတယ်။ နည်းနည်း နေသာထိုင်သာ ရှိလာတော့မှ ပြန်လာခဲ့တယ်။

ကျနော် အရှုံးပေးလိုက်ပြီဗျာ။ မေ့ အနားမှာလည်း ဆက်မနေနိုင်တော့ဘူး။ အဝေးဆုံးကို ထွက်သွားလိုက်တော့မယ်။ ခေါင်းမာတာက မေ တစ်ယောက်ထဲ မဟုတ်ဘူး။ ကျနော်လည်း တူတူပဲ။ အိပ်တော့အိပ်မယ် လက်မထပ်နိုင်ဘူးဆိုတာ အင်မတန် အတ္တမာနကို ထိခိုက်တဲ့ စော်ကားမှုလို့ ကျနော် ယူဆသွားပြီဗျ။

တိုတိုနဲ့ လိုရင်းပြောရရင် ကျနော် နောက်ဆုံးအကြိမ် မေ့ဆီကို သွားတွေ့လိုက်ပါတယ်။ သူ့ဆီလာတယ်လို့တော့ အကြောင်းမပြဘူးပေါ့လေ။ ဒေါ်ကြီးကို လာကန်တော့တာ။ ကျနော် ခရီးထွက်တော့မယ်ပေါ့ ဖိန့်ဖိန့်။ ခပ်တည်တည်နဲ့ လမ်းမှာတွေ့တဲ့ ကောက်ဝယ်လာတဲ့ လက်ဆောင်လေးနဲ့ ဒေါ်ကြီးကို ဧည့်ခန်းမှာ ကန်တော့နေတဲ့ အချိန် မေက မီးဖိုခန်းထဲမှာ ချက်ပြုတ်နေရာက တစ်ချက်ထွက်ကြည့်ပြီး ပြန်ဝင်သွားတယ်။ ဒေါ်ကြီးကတော့ ကျနော့်ကို စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ ကြည့်ပြီး ခပ်တိုးတိုးနဲ့ ပြောရှာပါတယ်။

ဒေါ်ကြီး စိတ်မကောင်းဘူး သားလေးရယ် တဲ့။ သား ဒီမှာရှိသွားတဲ့ ၄-၅-၆ လ အတွင်းမှာ အင်မတန် အားကိုးရလို့ ခြံလည်းလုံတယ်လေ တဲ့။ (ဂိန်! ကျနော်က ခွေးလိုလိုကြီး ဖြစ်မနေဘူးလား အဟီး) သူ စကားပြောမတတ်လို့ပါဗျာ။ အမှန်က ယောကျာ်းသားရှိတော့ မိန်းမသားတွေ လုံခြုံတယ်ဆိုတာမျိုးကို ပြောချင်တာပါ။ မေလေးနဲ့လည်း သားကို ကြိတ်ပြီး သဘောတူပြီးသားပါကွယ်တဲ့။ ဒါပေမယ့်ကွယ် ကလေးမလေးက စိတ်ဒဏ်ရာကြီးတယ်ကောကွယ်တဲ့။ သမီးလေး ကိုယ်ဝန်ကြီးနဲ့ ခါးပတ်နဲ့ ချွတ်အရိုက်ခံရ၊ မူးမူးနဲ့ ကိုယ်ဝန်ဆောင်မိန်းမကို လေးဖက်ထောက်ခိုင်းပြီး ခွစီးလိုစီး အဲ့လိုတွေ သူ့ယောကျာ်းက နှိပ်စက်တာ ခံခဲ့ရရှာတာတဲ့။ ဒီလောက်ချောတဲ့မိန်းမ ရထားရက်နဲ့ကို မိန်းမတွေလည်းရှုပ်ဆိုလား နောက်ဆုံး ပိုက်ဆံပုံပေးပြီး ကွာလိုက်ရတယ်တဲ့။ ဒီတော့ ကလေးမလေး ကြည့်ရတာ နောက်အိမ်ထောင်မပြုရဲတဲ့ စိတ်ရောဂါရနေဟန်တူပါရဲ့ကွယ် တဲ့။

ကျနော်က သူ့ငယ်သူငယ်ချင်းပါ ဒေါ်ကြီးရာ၊ ပြဌးတော့ သူ့ယောကျ်ားဟောင်းလို သူ့ပိုက်ဆံတွေမက်လို့ ကြိုက်တာမှမဟုတ်တာ။ အဲ့လိုတွေ လုပ်မလားဗျ လို့ ပြောလိုက်တော့ ဒေါ်ကြီးက သားကို ယုံပါတယ်ကွယ်။ ဒါပေမယ့် ကာယကံရှင်က အဲ့လိုဆိုတော့ ခက်သားပဲကွယ်တဲ့။ နောက်တော့ သက်ပြင်းချရင်း ဒီရက်ပိုင်း မေတစ်ယောက် ညတိုင်း မအိပ်ပဲ ငိုသံတအိအိ ဒေါ်ကြီးကြားပါတယ် စိတ်မကောင်းဘူး ကလေးတို့ နှစ်ယောက်စလုံးကို ဒေါ်ကြီး သနားပါတယ်လို့ ပြောရင်း ပုခုံးပေါ်တင်ထားတဲ့ တဘက်ပိုင်းလေးနဲ့ မျက်လုံးထောင့်က မျက်ရည်စတွေ သုတ်နေတယ်။ ကျနော်လည်း ဘာမှမပြောတတ်ပါဘူးဗျာ။

ဒေါ်ကြီးထသွားတော့ မီးဖိုခန်းထဲဝင်ပြီး မေ့ကို ဝင်နှုတ်ဆက်တယ်။ ညနေစောင်းဆိုတော့ ဘီယာသောက်သွားမလားတဲ့။ ဒါနဲ့ အကြော်အလှော်လေးတွေ ယူ၊ ရေခဲသေတ္တာကို မွှေလိုက်တော့ ကျားတံဆိပ်ဘီယာ ၃ လုံးတွေ့တယ်။ ငါတို့နှစ်ယောက် မလောက်မငဖြစ်မယ်ဆိုပြီး သူ့အတွက် အဲ့ဒီ ၃ လုံးကို ပေးလိုက်ပြီး အရင်က ကျနော်သောက်လက်စ ခေါင်းကျိုးစပဲရှိသေးတဲ့ ဂျေဒီတစ်ပိုင်းကို ယူလာခဲ့ရင်း ခြံထဲဆင်းထိုင် သူက ဘီယာသောက်၊ ကျနော်က ဝီစကီမော့ပေါ့။

ရေကိုမရောတော့ပဲ တစ်ပက်ပြီးတစ်ပက် ချပစ်လိုက်တယ်။ သူလည်း ကျနော့်ကို ဘာစကားမှမပြောဘူး။ ဘီယာကိုကျိုက်လိုက်၊ ငါးမုန့်ခြောက်ကြော်၊ မြေပဲလှော် ကောက်ဝါးလိုက် လုပ်ပြီး ကျနော့်မျက်နှာကိုပဲ ဆွေးရီရီ ငေးနေတယ်။ အဲ့ဒီအချိန်က ကျနော် သူ့အပေါ် အင်မတန် နာကျည်းထားတဲ့ အချိန်ဆိုတော့ သူကျနော့်ကို ငေးနေမှန်းသိသိနဲ့ မသိချင်ယောင်ဆောင်နေမိခဲ့တယ်။

“နင် ဘယ်ကို ထွက်သွားမလို့လဲ”

“အဝေးကြီးကို”

“ငါ့ဆီပြန်လာဦးမှာလားလို့ မမေးတော့ပါဘူး”

“မမေးတာ အကောင်းဆုံးပဲ”

အဲ့လို မပွင့်တပွင့်တွေ ပြောရင်း ဆက်ပြောစရာစကား မရှိတော့ဘူး။ ဝီစကီပုလင်းကော၊ ဘီယာပုလင်းတွေကော ပြောင်သလင်းခါသွားပြီ။ အမှောင်ထုထဲမှာ ကျနော်တို့ တငုတ်တုတ်တုတ်ကလေးတွေ ထိုင်ပြီး တိတ်ဆိတ်နေကြတယ်။ တော်တော်ကြီးကြာလာတော့ သူ စကားစလာပြန်တယ်။

“ဘယ်နေ့သွားမှာလဲ”

“နက်ဖန်”

“လိုက်ပို့ရမလား”

“နင့်မှာ အဲ့လောက်သတ္တိရှိမယ်လို့ ငါမထင်ဘူး”

စကားပြောသံတွေ ပြန်တိတ်သွားကြပြန်တယ်။ ငါးမိနစ်၊ ဆယ်မိနစ်၊ ဆယ့်ငါး၊ နှစ်ဆယ်။ ပြောလိုက်တော့လေဟာ။ မောင်ရေ မေလေး မောင်မရှိရင် သေလိမ့်မယ်သိလား။ ခဏလေးစောင့်ပါကွာ။ မေ မောင့်ကို တချိန်ချိန် လက်ထပ်နိုင်အောင် ကြိုးစားပါ့မယ်။ အခုချက်ချင်းတော့ မေ မပြောတတ်သေးလို့ပါ။ မေ့ကို ထားမသွားပါနဲ့ကွယ်လို့ ပြောလိုက်လေ။ ပြောလိုက်စမ်းပါ ငိုသံပါပါလေးနဲ့ တစ်ချက်ရှိုက်သံပေးပြီး ပြောလိုက်။ ငါနင့်ကို အတင်းပွေ့ပြီး ငါဘယ်မှမသွားတော့ဘူးဟာလို့ ချက်ချင်းပြောဖို့ ဝန်မလေးပါဘူးကွာ။ ငါစောင့်နေတယ် ပြောလိုက်တော့။ ငါ့ကိုချစ်တယ်ဆို ပြောလိုက်စမ်းပါဟာ။

ကျနော့်စိတ်ထဲမှာ အဲ့လိုတွေ အော်ဟစ်နေတယ်။ ဒါပေမယ့် သူမပြောဘူးဗျာ။ ကျနော် မျှော်လင့်သလို ပြောမလာဘူး။ စကားတော့ ပြောလာတယ်။ ကျနော် မမျှော်လင့်ထားတဲ့ စကားတွေ။

“မောင်!”

“အင်း”

“မေ့ကို တစ်ခါချစ်သွားချင်သေးလား”

“ဘာပြောတယ် ဟားဟား ရှိကြီးခိုးပါရဲ့ တော်ပါတော့ ဗျိုင်းလေးရာ”

(ကျနော့်ရယ်သံက အရူးရယ်သံလိုလို ဖြစ်နေတာ သေချာတယ်ဗျ)

“ဒါဆို မေ မောင့်ကို နမ်းလို့ရမလား”

“ယုဒက ခရစ်တော်ကိုနမ်းတဲ့ အနမ်းမျိုးလား မရဏအနမ်း ဟားဟား”

(ကျနော် တော်တော်မူးနေပြီဗျ)

ဘာမှမပြောတော့ပဲ ခြံထဲကနေ အိမ်ထဲ ပြန်ဝင်လာကြတယ်။ ဧည့်ခန်းထဲရောက်တော့ စားပွဲပေါ်က ဆိုင်ကယ်သော့ကို လှမ်းယူရင်း ဆော့နေတဲ့ သမီးလေးကို ကျနော်ပွေ့ချီရင်း ပါးဖောင်းဖောင်းလေးကို ဘယ်ပြန်ညာပြန် နမ်းပြီး နှုတ်ဆက်နေမိတယ်။ ဘီယာအရှိန်ကြောင့်လား ဘာကြောင့်လားမသိဘူး။ မျက်နှာလေး နီရဲနေတဲ့ မေတစ်ယောက် ကျနော်နဲ့ သမီးလေးကို ကြည့်ပြီး ဆတ်ကနဲ မျက်နှာကျက်က လေးပေမီးချောင်းကို မော့ကြည့်နေတယ်။ (မျက်ရည်မကျအောင် မျက်နှာကို မော့ထားတယ်) သမီးကိုမြှူနေရင်း ခပ်အုပ်အုပ်အသံနဲ့ ပြောလိုက်မိသေးတယ်။

“နောက်ဆို လေးလေး မင်းကို အရင်လို မစောင့်ရှောက်နိုင်တော့ဘူး သမီးလေးရာ.. လိမ်လိမ်မာမာ နေရစ်ခဲ့တော့နော်”

လို့ (ဝင်းဦးလေသံတွေဖမ်းပြီး ပြောလိုက်တာ ဟိဟိ) သမီးလေးကို လက်ထဲက ချပေးလိုက်ပြီး မေ့မျက်နှာကို တစ်ချက်မှမကြည့်တော့ပဲ ချာကနဲ လှည့်ထွက်လာခဲ့တယ်။ သမီးလေးက ဘာမှမသိတတ်တဲ့ အရွယ်လေးဆိုတော့ ဗမာရုပ်ရှင်ကားဟောင်းထဲတွေကလို ဦးဦးဖေဖေ ဆိုပြီး ဗြဲကနဲ အော်ငိုပြီး ပြေးလိုက်မလာဘူးရယ် အဟီး။ ဒေါ်နန်းမေမေကြည် တစ်ယောက်ကလည်း မောင် ကျမတို့သားအမိကို ထားသွားတော့မလို့လားရှင် ဆိုပြီး ငိုသံပါလေးနဲ့ ပြေးလိုက်မလာခဲ့ပါဘူး။

တစ်ထပ်တိုက်ပုလေးရှိတဲ့ ခြံဝင်းထဲကနေ ဝေါကနဲ မောင်းထွက်သွားတဲ့ ယောကျ်ားစီး ဆိုင်ကယ်အိုလေးပေါ်မှာ ကျနော်တစ်ယောက်ထဲရယ်။ တခါက အဲ့ဒီဆိုင်ကယ်အိုလေးရဲ့ နောက်မြီးမှာ ထိုင်ရင်း ကျနော့်ကျောပေါ် ပါးလေးအပ်လို့ မှီတွယ်ခဲ့ဖူးသူတစ်ယောက် အဲဒီညက ပါမလာခဲ့တော့ပါဘူး။ သူ ထာဝရ ကျန်ရစ်ခဲ့ပြီ။