ရေခြားမြေခြား သူ့ဘဝ (အပိုင်း ၆)

ရေခြားမြေခြား သူ့ဘဝ (အပိုင်း ၆)
ရေးသားသူ – Nat Thar

(အချစ်တက္ကသိုလ်တွင် ရေးသားသည်)

မင်းမင်း ဒီတစ်ခေါက် ရန်ကုန်ပြန်ရတာ ဘယ်လိုမှ စိတ်မပါချေ။ သူ့အလုပ် အခြေအနေအရ တစ်နှစ်မှ တစ်ခါလောက်ပဲ ခွင့်ရလို့ ခါတိုင်း ဒီလိုအချိန် မိသားစု ဆုံကြဖို့ ပြန်ရပြီဆိုလျှင် သူ အမြဲတမ်း တက်ကြွနေတတ်သည်။ သို့သော် ဒီနှစ်တော့ အရင်နှစ်တွေကလို ဖြစ်မနေပါ။ သူ့နည်းတူ မျက်နှာလေး ညိုးနွမ်းနေသည့် ချစ်သူလေးကို မင်းမင်း လွမ်းလွမ်းဆွေးဆွေး ကြည့်မိသည်။

“ကိုကို စုကို သတိရနေနော် …”

“အင်းပါ ..ကိုကို့မှာ လွမ်းစရာ စုပဲရှိတာကို …”

“အဆင်ပြေလျှင် အင်တာနက်တက်လာခဲ့နော် ကိုကို .. စုစောင့်နေမယ် .. ရောက်ရောက်ချင်းလည်း စု ဖုန်းဆက်လိုက်မယ် …”

“အမလေးနော် … မိစုရယ် …ကိုမင်းက တစ်ပတ်ထဲသွားတာပါဟယ် .. နင်တို့ဟာကလည်း … ပြောမပြောချင်တော့ဘူး …”

ဘေးမှာ သူငယ်ချင်းကို ငုတ်တုတ်ကြီး ထိုင်ခိုင်းထားပြီး အလွမ်းသယ်နေကြသည့် သူတို့နှစ်ဦးကို မကြည့်နိုင်တော့သည့်အဆုံး ပုံ့ပုံ့ဆီမှ ပူညံပူညံအသံက ထွက်ကျလာသည်။ ဒီတော့မှ မင်းမင်းနဲ့ ဖူးသစ်စု တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ပြုံးမိကြသည်။ ချစ်သူလေး၏ ဖြူနုနေသော နဖူးပြင်ပေါ်တွင် ခွေကျနေသည့် ရွှေရောင်ဆံပင်လေးတွေကို မင်းမင်းလက်နှင့် သပ်ပေးသည်။ သူ့လက်က နဖူးပေါ်ကနေ ပါးပြင်မွတ်မွတ်လေးပေါ်ရောက်တော့ ဖူးသစ်စုက လက်ဝါးနှင့် သူမပါးပြင်ကို ဖိကာ ကပ်ထားပြန်သည်။

“တကယ်ထဲမှ .. ကိုမင်းတို့ဟာကလည်း မလွန်လွန်ဘူးလား … မနေ့ညကလည်း တစ်ပတ်စာခွဲရတော့မယ်ဆိုပြီး အလွမ်းသယ်ပြီးသွားပြီ .. ဒါတောင် အခု ထပ်လွမ်းနေကြသေးတယ် …”

“ဟဲ့ .. ဒါတော့ ငါတို့က ချစ်တာကိုး …”

မင်းမင်းဘာမှ ပြန်မပြောရသေးခင် ဖူးသစ်စုက ကေအက်ဖ်စီဆိုင်၏ စားပွဲဟိုဘက်တွင် ထိုင်နေသည့် ပုံ့ပုံ့ကို လှမ်းရန်တွေ့သည်။ ပုံ့ပုံ့က ပြန်မပြောသေးခင် မျက်စောင်းအရင်ထိုးသည်။ နှုတ်ခမ်းကိုလည်း မဲ့ပြသည်။ မင်းမင်းကတော့ သူငယ်ချင်းနှစ်ယောက် ဖြစ်နေပုံကို ကြည့်ပြီး အနည်းငယ် အိပ်ချင်နေသည့်စိတ်တောင် ပြေသွားသည်။ စိတ်ထဲ ရယ်ချင်သလိုလည်း ဖြစ်လာသည်။

“ချစ်ပါ ချစ်ပါ .. ချစ်ကြပါ .. အဲဒီလို တစ်ညလုံး ချစ်ကြလို့လည်း လူတွေက တဝါးဝါး သမ်းနေကြတာမလား ..”

“ကောင်မ …ကိုကို့ရှေ့မှာ နင် ဒါတွေပြောစရာလား …”

“အမလေး ကိုမင်းများ … အားနာရမယ့်သူတွေကြနေတာပဲ … နို့ ငါပြောတာကရော မဟုတ်လို့လား …”

“အံမယ် .. ငါတို့က စကားထိုင်ပြောနေကြတာပါနော် .. ဘာမှ လုပ်ကြတာ မဟုတ်ဘူး …”

Random Image

“ဟေး .. ဖူးသစ်စု အိုးမလုံ အုံပွင့်နေပြီ .. ဘာမှတောင် မမေးရသေးဘူး … တရားခံက ငြင်းနေပြီဟေ့ … ခစ် .. ခစ် ..”

“ပုံ့ပုံ့နော် ….နင် တွေ့မယ် ..”

ဖူးသစ်စုက ပြောပြောဆိုဆို ပုံ့ပုံ့ဘက်ကို ကူးသွားသည်တွင် ပုံ့ပုံ့က ဖူးသစ်စု ရောက်မလာခင် လက်နှစ်ဖက်နှင့် သူမကို မထိအောင် ကာသည်။ ကောင်မလေးနှစ်ယောက် တခစ်ခစ် တခွိခွိနှင့် တစ်ယောက်ကိုတစ်ယောက် တွန်းထိုးကာ စနေကြပုံက မင်းမင်းမပြောနှင့် ဆိုင်ထဲတွင်ရှိနေသည့် တခြားသော ပုရိသတွေ၏ မျက်လုံးက အလိုလိုရောက်လာသည်။

“ဟဲ့ ဟဲ့ ကလေးမတွေ .. လူတွေကြည့်နေကြတယ် …ထိန်းကြဦး ..”

“အို .. မျက်စိပါလို့ ကြည့်တာပဲ .. ကြည့်ပါစေပေါ့ ကိုကိုကလည်း .. နောက်ပြီး စုက ကလေးမဟုတ်ဘူးနော် .. ဟောဒီ ပုံ့ပုံ့ဆို ပိုတောင် ကလေးမဟုတ်သေး .. ကိုကိုပဲ ပြောတုန်းက ဒါမျိုးကြီးက ကလေးအမေဆိုက်ဆို …”

“အယ် .. မိစု .. နင်တော့နော် အခန်းပြန်ရောက်ရင် တွေ့မယ် ..”

ဖူးသစ်စု၏ မျက်လုံးထောင့်က ဘယ်ကိုထိုးပြနေသည်မှန်းသိလို့ ဒီတစ်ခါ ရှက်ရသူက ပုံ့ပုံ့ဖြစ်သွားသည်။ မင်းမင်းကတော့ ထူးပြီး မျက်နှာပူမနေတော့ပါ။ သူတို့သုံးယောက်ဆုံကြလျှင် ဒီလိုမျိုး စနောက်နေကြတာက အခုနောက်ပိုင်း ထုံးစံလိုလိုပင်။ အတူတူ ရှိကာနေသည့် ကောင်မလေးနှစ်ယောက်ကိုသာ သူပြုံး၍ ကြည့်နေမိသည်။

ဖူးသစ်စုသည် အင်မတန်မှ ချောလှသည့် ကောင်မချောလေးမှန်း မင်းမင်း သိပါသည်။ မျက်နှာရော၊ ကိုယ်လုံးကိုယ်ထည်ရော ဘာမှ အပြစ်ပြောစရာမရှိ။ ဒီလိုမျိုး ကောင်မချောလေးကို ချစ်သူအဖြစ် ပိုင်ပိုင်နိုင်နိုင်ရထားသည့်အတွက် မင်းမင်း ကံကောင်းပါသည်။ သိုပေမယ့် အခုနောက်ပိုင်း သူ ဘာရယ်မဟုတ်ပဲ ဖူးသစ်စုနဲ့ အမြဲလိုလို တွဲကာ ရှိနေတတ်သည့် ပုံ့ပုံ့ကိုလည်း စိတ်ဝင်စားနေမိသည်။ ပုံ့ပုံ့သည် ဖူးသစ်စုလောက်တော့ မျက်နှာအကျအပေါက်လှသူ မဟုတ်ပေမယ့် သူမမျက်နှာက ချစ်စရာလေးဖြစ်သည်။ ဒီထက်ပိုပြီး ချစ်စရာကောင်းသည်ကတော့ ဖူးသစ်စုထက်ပင် ပိုထွားမည့် ရင်သားတွေနှင့်၊ ပေါင်တံပြည့်ပြည့်ဖြိုးဖြိုးတွေ ဖြစ်သည်။ ဒါအပြင့် ဝတ်လိုက်ရင် ဟိုပေါ်ဒီပေါ် အဝတ်အစားတွေက အများစုမို့ ပုံ့ပုံ့၏ ပုံစံက မင်းမင်း စိတ်ကိုလာဆွပေးနေသလိုပင်။

ဒါပေမယ့် မင်းမင်း ဖူးသစ်စုကို သစ္စာစောင့်သိပါသည်။ သူမနောက်ကွယ်မှာ သူမ မသိပဲနဲ့ မရှုပ်ရဘူးနော်ဆိုပြီး ကတိတောင်းထားတာကို လက်ခံခဲ့ပြီးကတည်းက မင်းမင်း တကယ်လည်း တခြားမိန်းမတွေနှင့် မရှုပ်ခဲ့ပါ။ နောက်ပြီး ရှုပ်စရာမလိုလောက်အောင်လည်း ဖူးသစ်စုက သူ့ဆန္ဒအကုန်ကို လိုက်လျောထားသည် မဟုတ်လား။ အခုနောက်ပိုင်း ချစ်ကြပြီဆိုလျှင် ပုံစံအမျိုးမျိုး၊ အဝတ်အစားဒီဇိုင်း အမျိုးမျိုးနှင့် ပြောင်းကာ စတန့်ထွင်လာခဲ့ကြသဖြင့် သူ့ရင်ခွင်က ကောင်မလေးသည် ဖူးသစ်စုပေမယ့် မိန်းကလေးအမျိုးမျိုးပြောင်းနေသယောင်တောင် ဖြစ်နေသေးသည်။ ဒီတော့ သူ့အတွက် တခြားကောင်မလေးနဲ့ ပတ်သက်စရာအကြောင်း မရှိပေ။

သို့ရာတွင် ပုံ့ပုံ့ကြတော့ တမျိုးဖြစ်သည်။ ဖူးသစ်စုကိုယ်တိုင်ကလည်း မင်းမင်း မမေးပါပဲနှင့် တခါတခါ ပုံ့ပုံ့နှင့်အကြောင်းကို အစလာလာဖော်ပေးသည်။ ဖူးသစ်စု၏ စရိုက်က ပွင့်လင်းသူမို့ မင်းမင်းအပေါ် သူမက ဘာမှကွယ်ဝှက်ထားသည် မရှိပေ။ အိမ်ပြောင်းပြီး သူမတို့နှစ်ယောက် တစ်ခန်းထဲနေကတည်းက ဘာတွေဖြစ်ကြသည်၊ ဘာတွေလုပ်ကြသည်ဆိုတာကို မင်းမင်းကို ၏သည်မရွေး ပြန်ပြောပြထားသည်။ ငုံးဥကိုတောင် နှစ်ယောက်အတူသုံးနေရတာ အဆင်မပြေလို့ဆိုပြီး နောက်တစ်ခု သူမတို့ဘာသာ သူမတို့ သွားဝယ်ထားကြသည်ကို မင်းမင်းသိနေသည်။ ထို့သို့သော ဆက်စ်နဲ့ပတ်သက်သည့် အကြောင်းအရာတွေကြောင့်လည်း မင်းမင်း ပုံ့ပုံ့ကို စိတ်ဝင်စားမှု ပိုပြင်းပြလာရသည်ဟု ဆိုချင်ဆိုလို့ရပေသည်။

“ကိုကို …ကိုကို !!! ”

“ဟင် .. ဘာလဲ စု ..”

မင်းမင်း အတွေးက နဲနဲဆန့်ထွက်သွားသဖြင့် ဖူးသစ်စု နှစ်ခါလောက် ဆက်ခေါ်မှ သူပြူးပြူးပြဲပြဲ ပြန်ထူးရသည်။

“မျက်လုံးကြီးဖွင့်ပြီး အိပ်ပျော်နေတာလား … boarding gate ဖွင့်နေပြီမလား .. ဝင်ချင်ဝင်တော့လေ .. တော်ကြာနေ နောက်ကျနေဦးမယ် ..”

“အိုကေလေ .. ဒါဆိုလည်း သွားမယ်လေ ..”

မင်းမင်း လက်ပတ်နာရီကို ငုံ့ကြည့်တော့ ဖူးသစ်စုပြောတာ ဟုတ်နေသဖြင့် ဟန်းကယ်ရီအိတ်ကို ကောက်ယူပြီး ထိုင်ရာမှထသည်။ ဖူးသစ်စုနှင့် ပုံ့ပုံ့ကလည်း သူ့နည်းတူ ထိုင်ရာမှထပြီး လိုက်ထွက်လာသည်။ စင်္ကာပူနိုင်ငံ Changi လေဆိပ်သည် နံနက်အစောကြီး အချိန်ဆိုပေမယ့် ပွဲတော်တစ်ခုအလား လေယာဉ်စီးခရီးသည်များနှင့် စည်းကားနေသည်။ အတူတူလျှောက်လာရင်း မင်းမင်းတို့မျက်နှာချင်းဆိုင်မှ Emirates Airline ၏ လေယာဉ်မယ်လေးနှစ်ယောက် လျှောက်လာသည်ကို တွေ့ရသည်။ ညတုန်းက တစ်ညလုံး မအိပ်ဖြစ်လို့ မင်းမင်း မျက်လုံးတွေက ငိုက်မျဉ်းချင်နေပေမယ့် အခုလိုကြတော့ အလိုလိုပြန်ကျယ်လာသည်။

“ကိုကို မျက်လုံး ကျယ်သွားတာလား … ဟီး .. ဟီး ..”

လေယာဉ်မယ်လေးတွေ လွန်သွားတာနှင့် ဖူးသစ်စုက သူ့လက်မောင်းကို ကိုင်ကာ လှုပ်ရင်း မေးသည်။ သူမ၏ ဟိုဘက်ခြမ်းက အတူပါလာသည့် ပုံ့ပုံ့၏ မျက်နှာပေးကလည်း ပြုံးစစနှင့် ဖြစ်နေသည်။ မင်းမင်း ဖူးသစ်စု၏ နဖူးကို ဖွဖွလေး လက်နှင့်လှမ်းထုသည်။

“မျက်လုံးပါမှတော့ ကြည့်မှာပဲဟ … သူပဲ ကြည့်ယုံနဲ့တော့ ဘာမှ မဖြစ်ဘူးဆို ..”

“ဟုတ်ပါတယ် .. စုက ကိုကို ဘာတွေးနေလဲဆိုတာ သိလို့ စတာပါ .. တခါထဲ ကြိုတင်ပြောလိုက်ဦးမယ် … စုတော့ ဒီကနေပြန်ရင် လေယာဉ်မယ်ဝတ်စုံ သွားချုပ်ရင်ကောင်းမလား မသိဘူး .. ဟီး .. ဟီး ..”

မင်းမင်း သွားနေသည့် ခြေလှမ်းတွေ လှမ်းရင်းနဲ့တောင် တွန့်သွားသည်။ မျက်စိထဲတွင် အလိုလို ချစ်သူလေးကို လေယာဉ်မယ် ဝတ်စုံလေးနှင့် မြင်လာသည်။

“မိစု .. နင် ကိုမင်းကို စိတ်ဖြောင့်ဖြောင့် သွားပါစေဟယ် … ဟိုမှာ လေယာဉ်ပေါ်မတက်ပဲ အခုပဲ ပြန်လိုက်လာမယ်လုပ်မှ ကိုမင်းအစ်မနဲ့ အမေက ချွေးမလောင်းကို ဆဲနေမယ်နော် … ခစ် .. ခစ် ..”

“ဟီး .. ဟီး .. ဟုတ်သားပဲ .. အလကားစတာ .. ကဲ .. သွားမှာသာသွားပါ ကိုကို … ကိုကို့တူလေးကိုလည်း မွေးနေ့လက်ဆောင်ပေးရင် တီလေးက ဝယ်ပေးလိုက်တာလို့လည်း ထည့်ပြောဦးနော် .. ကဲ .. ဝင်တော့ .. နောက်ကျနေပြီ ..”

အင်မီဂရေးရှင်းထဲကို ဝင်ရမည့် ဂိတ်တံခါးနားကို ရောက်လာကြပြီဖြစ်သည်။ မင်းမင်း ခြေစုံရပ်ပြီး ချစ်သူလေးကို မျက်နှာချင်းဆိုင်ဖြစ်အောင် လက်နှစ်ဖက်နှင့် ဆွဲယူသည်။ ဖူးသစ်စုနှင့် မင်းမင်းသည် လက်တစ်ဖက်ချင်းစီကို ဆုပ်ကိုင်ထားပြီး တစ်ဦးနှင့်တစ်ဦး စိုက်ကြည့်နေကြသည်။ နှစ်ဦးသား အကြည့်တွေထဲတွင် အလွမ်းနှင့် ပေါင်းစပ်ထားသည့် အချစ်တွေက အတိုင်းသား မျောပါနေလေသည်။ မင်းမင်း ဘေးနားမှာ ပုံ့ပုံ့ရှိနေမှန်း သိလျှက်နှင့် ဖူးသစ်စု၏ နဖူးပြင်လေးကို ငုံ့ကာနမ်းသည်။ ပြီးတော့ ဘယ်ဘက်ပါးပြင်မို့မို့ကို သူ့နှာခေါင်းနှင့်ဖိကာ အားရပါးရ နမ်းရှိုက်သည်။ ကျေနပ်အားရတော့ နှုတ်ခမ်းနီစိုထွေးလေးကို ပြွတ်ခနဲ မြည်အောင် တစ်ချက်စုပ်ယူသည်။ တကယ်ဆို သူဒီလိုမျိုး ဖူးသစ်စုကို အပြင်မှာ နမ်းဖူးပေမယ့် အခုလိုမျိုး ပုံ့ပုံ့ရှေ့တွင် နမ်းမိတာကတော့ ဒါ ပထမဦးဆုံးအကြိမ်ပင်။ ဖူးသစ်စုတော့မသိ။ သူတော့ အရမ်းကို စိတ်လှုပ်ရှားမိသည်။ ဖူးသစ်စု၏ နှုတ်ခမ်းက ခွာလိုက်ချိန်တွင် သူတို့ကို လှမ်းကြည့်နေသည့် ပုံ့ပုံ့၏ မျက်လုံးတွေက အရောင်တစ်မျိုးနှင့် လက်ကာနေသည်။

“ကဲ သွားပြီ .. စု .. တာ့တာ .. ”

“ပုံ့ပုံ့ .. စုကို နင့်လက်ထဲ အပ်သွားတယ်နော် … ငါ့ကိုယ်စား စောင့်ရှောက်ထားလိုက် .. နှစ်ယောက်ပေါင်းပြီး ကလပ်လည်း သွားမနေကြနဲ့ဦးနော် … စာမေးပွဲဖြေဖို့ စာကြည့်ကြဦး ..”

“အမလေး .. သွားမှာသွားပါ ကိုမင်းရယ် .. စိတ်ချပါ .. ကျွန်မပုံ့ပုံ့ … ကိုမင်းချစ်သူကို ခဏပဲ ငှားရမ်းသုံးစွဲမှာပါ … ခစ် .. ခစ် ..”

အရွှန်းဖောက်ပြီး ပြန်ပြောသည့် ပုံ့ပုံ့က ဘယ်လိုအနက်တွေ ဆောင်နေလဲဆိုတာ သူတို့သိကြပေမယ့် မင်းမင်းတို့ သုံးယောက်စလုံး ဒီတစ်ခါတော့ ရှက်မနေကြပဲ ဟက်ဟက်ပက်ပက်ကို ရယ်မိကြလေသည်။

*** *** ***

“ဟဲ့ မိစု… နင်ကလည်း စာမေးပွဲပြီးသွားတာတောင် မပျော်တဲ့ရုပ်နဲ့ပါလား …”

သူငယ်ချင်းနှစ်ယောက် အခန်းထဲပြန်ရောက်လာသည်နှင့် ပုံ့ပုံ့က ဖူးသစ်စုပုံစံကို လှမ်းကြည့်ကာ မေးသည်။ ပုံ့ပုံ့အမေးကို ပြန်မဖြေနိုင်သေးပဲ ပုခုံးထက်လွယ်လာသည့် ဆလင်းဘတ်အိတ်ကို ကုတင်ပေါ် ပစ်တင်ရင်း ခြေရင်းဘက်တွင် ရှိသည့် မှန်တင်ခုံကို လှမ်းကြည့်သည်။ မှန်သားပြင်ထဲမှ ရွှေရောင်ဆံပင်နှင့် ကောင်မချောလေးတစ်ယောက်က မျက်နှာငယ်ငယ်လေးနှင့် ဖူးသစ်စုကို ပြန်ကာကြည့်နေသည်။

“ဟင်း .. မသိပါဘူး .. ပုံ့ပုံ့ရာ … စာမေးပွဲမပြီးခင်ကတော့ စာမေးပွဲစိတ်နဲ့မို့ ကိုကို့ကို ခဏမေ့ထားရတာ .. အခုပြီးလည်းပြီးလိုက်ရော … သူ့ကို ချက်ချင်း တမ်းပြီး လွမ်းတော့တာပဲ …”

“ဟဲ့ .. သန်ဘက်ခါဆိုရင်ပဲ ပြန်ရောက်တော့မယ့်ဟာကို .. နင့်ကိုကလည်း အဖြစ်ကိုသည်းလွန်းတယ် .. ”

“သည်းမှာပေါ့ဟ … အခုနေ ကိုကိုသာ ရှိလျှင် ဘယ်လောက်ကောင်းမလဲ .. ကားလေးနဲ့လျှောက်လည် ..ပြီးတော့ အတိုးချပြီးချစ် .. ဟိ .. ဟိ ..”

ဖူးသစ်စု ပြောရင်းနဲ့ ကြက်သီးထသည့်ဟန်နှင့် ပုခုံးလေးတွန့်ကာ ပြသည်။ ပုံ့ပုံ့က သဘောပေါက်သည်ဟန်နှင့် ခေါင်းလေးတဆတ်ဆတ် ညိတ်သည်။ ထို့နောက် ဖူးသစ်စုအနားကို တိုးလာပြီး သူမ၏ ပုခုံးတစ်ဖက်ကို လက်နှင့်အသာကိုင်သည်။

“နင့်ကိုကို မရှိတော့လို့ စိတ်မပူပါနဲ့ဟ .. လောလောဆယ်တော့ ငါ အစားထိုးပေးပါ့မယ် .. ”

“ကောင်မ .. တူမလား ဟဲ့ ..ကိုကိုက ကိုကို .. နင်က နင်ပဲ .. ဒါပေမယ့် နင် အခုပြောတာကိုတော့ ငါ လက်ခံတယ် .. ကဲ .. ပြော .. နင်အရင်ရေချိုးမလား ငါအရင်ချိုးရမလား …”

“နင်ပဲ အရင်ချိုးလိုက်ဟာ … ငါ အင်တာနက်တက်ပြီး နဲနဲလျှောက်ကြည့်လိုက်ဦးမယ် ..”

“ပုံ့ပုံ့ နင်ကတော့ ဒါပဲ … တစ်နေ့တစ်နေ့ အင်တာနက်တက်ပြီးတော့ပဲ လိုက်လိုက်ကြည့်နေတယ် .. ရည်းစားလေး ဘာလေး ပြန်ထားပါလားဆိုတော့လည်း မထားချင်ဘူး ..”

“မထားချင်တော့ပါဘူးဟာ … ငါ့ ရင်ထဲမှာ အချစ်ဆိုတာ မရှိတော့ဘူး .. ရည်းစားထားရင်လည်း ပျော်ဖို့သက်သက်ပဲဖြစ်မှာ .. ဒါတောင်မှ အသစ်ထပ်ရမယ့် ဘဲက လုပ်တတ်ကိုင်တတ်ဦးမှ .. အရင်တစ်ယောက်တုန်းကလည်း ပြတ်သွားတာပဲ ကောင်းပါတယ် .. ချာချက်က လက်လန်တယ် ..”

ပုံ့ပုံ့၏ ချူသံပါအောင် ညည်းသံကြောင့် ဖူးသစ်စု ပြုံးသည်။ ဒီလိုမျိုးဆိုတော့လည်း သူမ ကိုကို့အချစ်ကို ရတာ ကံကောင်းသည်ဟု ဆိုရမည်။ ကိုကိုသည် သူမကို အစစအရာရာ အလိုလိုက်ယုံမက ချစ်သည့်နေရာတွင်လည်း အနုရော၊ အကြမ်းပါရသူ ဖြစ်သည်။ ကိုကို့ညီလေးကလည်း သူမညီမလေးကို ကောင်းကောင်းချစ်ပေးနိုင်သည် မဟုတ်လား။ စဉ်းစားရင်းနှင့်ပင် သူမအဖုတ်လေးထဲတွင် ယားသလိုလို ဖြစ်လာသည်။ ပုံ့ပုံ့ပြောသလို ရေမြန်မြန်ချိုးပြီး နှစ်ယောက်သား အယားဖြေမှ ဖြစ်တော့မည်။

“နင် ပြောမှပဲ လုပ်တတ်ကိုင်တတ်တဲ့ ငါ့ကိုကိုကို ပိုလွမ်းလာပြီ .. ရေသွားချိုးတော့မယ် ..ပြီးမှပဲ ဆက်ပြောကြရအောင် …”

ဖူးသစ်စု ရေလဲသဘက်ကို ကောက်ဆွဲပြီးတော့ အခန်းထဲက ထွက်လာသည်။ ပုံ့ပုံ့ကတော့ သူမပြောသည့်အတိုင်း ကုတင်ဘက်ပြန်လျှောက်သွားကာ လက်တော့ကို ကောက်ဖွင့်သည်။ မွေ့ယာပေါ် အသာကျောဆန့်ကာ လှဲချရင်း favorite ထဲတွင် မှတ်ထားသည့် လင့်တွေထဲကာတစ်ခုကို နှိပ်လိုက်တော့သည်။

“ဆော်နှစ်ပွေနဲ့ ဘဲနဲ့ ဖိုက်တာ ရောက်သွားတာလား …”

ပုံ့ပုံ့က ကိုယ်ကရေတွေကို ခြောက်အောင် သုတ်ရင်း သူမလက်တော့ကို ဝမ်းလျားမှောက်ကာ ကြည့်နေသည့် ဖူးသစ်စုကို လှမ်းမေးသည်။ ဖူးသစ်စုက လက်တော့စကရင်ကို ကြည့်နေရာမှ အဝတ်အစား ပြန်ဝတ်မထားသည့် ပုံ့ပုံ့ကို လှမ်းကြည့်သည်။ နုဖြိုးစိုပြည်သည့်ကိုယ်လုံးက ရေချိုးပြီးခါစမို့ ဝင်းမွတ်စွာ ရှိနေသည်။ ကိုကိုပြောသလို ပုံ့ပုံ့၏ အလုံးအထည်တွေက အားရစရာ ကောင်းလှပါသည်။

“ဟဲ့ .. နင်ကလည်း အတွင်းခံတွေတောင် ပြန်ဝတ်မလာဘူး …”

“မဝတ်တော့ပါဘူးဟာ ပြီးရင်လည်း ပြန်ချွတ်နေရမယ် .. နောက်ပြီး နင်နဲ့ငါနဲ့က ရှက်ရမယ့်လူမှ မဟုတ်တာ .. နင်တောင် အဝတ်ဝတ်သေးလို့လား …”

“ငါက အဝတ်မဝတ်သေးပေးမယ့် .. သဘက်ရှိနေသေးတယ်လေ ..”

“ဘယ်မှာရှိလို့လဲ …ကိုင်း …”

ပုံ့ပုံ့က ပြောရင်းနှင့် လက်မြန်ခြေမြန်နှင့် ဖူးသစ်စုရင်ဘတ်ထောင့်တွင် ထိုးထားသည့်အစကို ဆွဲထုတ်သည်။ ဝမ်းလျားမှောက်ထားလို့ သဘက်က ဖူးသစ်စု အောက်ကနေ ထွက်မလာပါ။ သို့သော် နောက်ကျောပြင်တစ်ခုလုံးကတော့ အကာအကွယ်မဲ့သွားသည်။

“ဟဲ့ .. ဘယ်လိုတွေ ဖြစ်နေတာလဲ ..”

“ဘာမှ ဘယ်လိုတွေ ဖြစ်မနေနဲ့ .. ပေး သဘက် ..ပြီးတော့ ဟိုဘက်နဲနဲတိုးဦး …”

ပုံ့ပုံ့က အစထွက်နေသည့် သဘက်ကို လှမ်းဆွဲလိုက်သဖြင့် ဖူးသစ်စု ကိုယ်ကိုကြွပေးရင်း နံရံဘက်သို့ ကပ်ပေးလိုက်သည်။ ပုံ့ပုံဝင်လာလို့ရအောင် ဖြစ်သည်။ ရေချိုးပြီးခါစမှာ ဗြောင်ကြီးနေရတာ တမျိုးဖြစ်ပေမယ့် ညအိပ်အင်္ကျီဝတ်မည့် အစီအစဉ်ကိုတော့ လောလောဆယ် ယာယီနောက်ဆုတ်ထားလိုက်သည်။ ပုံ့ပုံ့နှင့် အတူတူ ဇာတ်ကားဆုံးအောင် ကြည့်ပြီးမှပဲ ပြန်ဝတ်တာကောင်းမည်။ မျက်စိကို အရှိန်တက်နေပြီ ဖြစ်သော ဂျပန်ကားဘက်သို့ ပြန်လွှဲသည်။ ဇာတ်လမ်းက ပုံ့ပုံ့ဖွင့်ထားခဲ့တုန်းက တစ်ယောက်တစ်ယောက်ချင်း ဖြစ်သော်လည်း၊ သူမရေချိုးပြီး ပြန်ရောက်လာချိန်တွင်တာ့ သူမပြောသလို ဇာတ်လိုက်လုပ်သူက ကျောင်းသူကောင်မလေးနှစ်ယောက်ကို ဖိုက်နေတာ ဖြစ်နေသည်။ ကြည့်နေရင်းနှင့် ကိုကို့ကိုတောင် သတိရလာသည်။ သူမကိုယ်တိုင် ဒီလိုမျိုး ကျောင်းသူလေး စတိုင်လ်နှင့် ချစ်ခဲ့ကြဖူးသည် မဟုတ်လား။

“ဟဲ့ … လန့်တာအေ .. လက်အေးကြီးနဲ့ ..”

“ရေချိုးပြီးခါစပဲ .. ဒီလောက်တော့ အေးမှာပေါ့ဟ ..”

ကုတင်ပေါ်တက်လာသည့် ပုံ့ပုံ့၏လက်က သူမပုခုံးပေါ်ရောက်လာလို့ ဖူးသစ်စု တွန့်ခနဲ ဖြစ်သွားသည်။ အဝတ်အစားမဲ့ ကိုယ်လုံးချင်းမို့ ပုံ့ပုံ့က သူမနည်းတူ ဝမ်းလျားမှောက်လိုက်သည်တွင် အသားဆိုင်တွေက ပွတ်တိုက်ကုန်ကြသည်။ ထိုရောအခါ လက်တော့ထဲမှ ဇာတ်လမ်းကြောင့် အရှိန်တက်နေသည့် ဖူးသစ်စု ရင်ခုန်နှုန်းတွေ မြန်လာသည်။ ထိုအခိုက် ပုံ့ပုံ့၏လက်က သူမပုခုံးကနေ ကျောပြင်တလျှောက် ဆင်းသက်လာသည်။ မိန်းကလေးအချင်းချင်းပေမယ့် တခြားသူတစ်ယောက်ဆိုသည့် အထိအတွေ့မို့ ရှိန်းဖိန်းဖိန်းလေး စတင်ခံစားရသည်။ နို့သီးလေးတွေက မထိမကိုင်ရပဲနှင့်တူ အလိုလိုကြွတက်လာသည်။

“နင် ကြည့်နေတာ တော်တော်ကြာနေပြီလား … ဒီအခန်းက ပြီးတော့မှာလား …”

“ဖင်ထောင်ပြီးတော့ လုပ်ပြီးသွားပြီ … အခုဟာက ပက်လက်ပြန်ရောက်သွားတာ .. ပြီးတော့မယ်ထင်တာပဲ ..”

“ဂျပန်ကောင်တွေက ပြီးခါနီးဆို အသားကုန်ကို ဆောင့်တော့တာပဲ .. ကြောက်စရာကြီး ..”

“အမလေး .. ငါ့ကိုကို ဆောင့်တာကမှ ပိုဆိုးသေးတယ် .. တခါတခါ ကုန်းပေးထားတဲ့အချိန် နောက်ကဆောင့်ရင် လူကို ရှေ့ကိုမရွေ့အောင်ကို မနည်းတောင့်ခံထားရတယ် ..ကိုကိုလည်း တအားလုပ်နိုင်တယ် ..”

“နင့်ကိုကိုကတော့ သမ္ဘာရင့်ဝါရင့် ဖြစ်နေပြီနေမှာပေါ့ ..ကိုမင်း ဒီလောက်ဖြောင့်တာ … နင့်နဲ့မကြိုက်ခင်တုန်းက သူ့မှာ ဆော်တွေ ဝိုင်းဝိုင်းလည်နေမှာပဲဟာကို .. Practice makes perfect ဟ ..”

“ငါသိပါတယ် … ငါလည်း တခါတခါ အဲဒါကို ပြန်စဉ်းစားမိပြီး စိတ်မချဖြစ်နေတာပဲ .. ဒါပေမယ့် သူငါ့ကို ချစ်တာတော့ တကယ်ချစ်တာပါ .. ငါ့နောက်ကွယ်မှာ မရှုပ်ဘူးလို့ ကတိပေးထားတာပဲ .. ငါကလည်း ငါမသိပဲနဲ့ ရှုပ်ရင်တော့ အပြတ်ပဲလို့ကို ပြောထားတာ ..”

“ဒါဖြင့် .. နင့်ကို အသိပေးပြီး ရှုပ်မယ်ဆိုရင်ကော ..”

“အဲဒါတော့ …”

ပုံ့ပုံ့၏ စကားက အထူးအဆန်း ဖြစ်နေသည့်အပြင် သူမတစ်ခါမှ မတွေးဖူးသည့် အကြောင်းအရာမို့ ဖူးသစ်စု စူးစမ်းစိတ်နှင့် လှည့်ကြည့်သည်။ နီးကပ်စွာ မြင်နေရသည့် ပုံ့ပုံ့၏ မျက်နှာက မချိုမချဉ်နှင့် ဖြစ်နေသည်။ ကြည့်နေသည့် ဇာတ်လမ်းနှင့် ပုံ့ပုံ့၏ အပြောကို ပေါင်းစပ်ကာ စဉ်းစားလိုက်တော့ ဖူးသစ်စုခေါင်းထဲတွင် အကြောင်းအရာတစ်ခုက ရောက်ရှိလာသည်။

“နင် !! .. နင်ပြောတာက ..”

“ဟုတ်တယ်လေ .. နင်နဲ့ငါနဲ့က ဘာလျှို့ဝှက်ထားစရာ ရှိလို့လဲ .. အမှန်အတိုင်းပြောရရင် နင့်ကိုကိုကို ငါစိတ်ဝင်စားတယ်ဟ ..”

“ဘယ်လို ဘယ်လို !!! ..”

“အမလေး စိတ်ချပါ … နင့်ကိုကိုကို စိတ်ဝင်စားတယ်ဆိုတာ .. နင့်ကိုကို အလုပ်ကောင်းတယ်ဆိုတာကြောင့်ပါ .. တမျိုးတွေးမနေနဲ့ဦး ..”

ဖူးသစ်စု သဘောပေါက်သွားသည်။ ပုံ့ပုံ့နှင့် သူမသည် တစ်အူထုံဆင်း ညီအစ်မအရင်းများသာ မဟုတ်တာ။ တစ်ယောက်အကြောင်း တစ်ယောက်ကတော့ ပါးစပ်ဟလိုက်သည်နှင့် ဗိုက်ထဲတွင် အူဘယ်နှစ်ခွေရှိသည် ဆိုတာကို ပြောလို့ရနေပြီ ဖြစ်သည်။ ကိုကိုနှင့် သူမ ချစ်ကြသည့် အဖြစ်အပျက်တိုင်းကိုလည်း ပုံ့ပုံ့က သိနေပြီး၊ တခါတလေတွင် သူမအကြံပေးသလို ဖူးသစ်စုက မင်းမင်းကို ချစ်ပေးခဲ့သည်လည်း ဖြစ်သည်။ ကိုကို့ကို ပုံ့ပုံ့ စိတ်ဝင်စားသည်ဆိုတာ အဆန်းတကြယ် ဖြစ်ရပ်တော့ မဟုတ်နိုင်တော့ပါ။ ဒါဖြင့် ကိုကိုကရော ပုံ့ပုံ့ကို စိတ်ဝင်စားသည်တဲ့လား။ တခါတခါ ကိုကို ပုံ့ပုံ့ကို ကြည့်သည့်အကြည့်တွေက ဘယ်လိုအနက်ဆောင်နေလဲဆိုတာ ဖူးသစ်စု ရိပ်မိသည်။ ပုံ့ပုံ့ပြောသလို သူမခွင့်ပြုချက်နှင့်ဆိုလျှင်တော့။

ကိုယ်ထုတ်ထားသည့် ပုစ္ဆာဆိုပေမယ့် အဖြေကို ရုတ်တရက် ဖူးသစ်စု ရှာမရချေ …။ ထိုအခိုက် ဂျပန်ကားထဲမှ ဇတ်လိုက်က ပွဲသိမ်းအဖြစ် ကောင်မလေးနှစ်ယောက်ကို ဘေးချင်းယှဉ်ကာ ထိုင်ခိုင်းလိုက်ပြီး ပူးကပ်နေသည့် မျက်နှာပေါ်သို့ သုတ်ရည်တွေကို ပန်းထုတ်လိုက်ပြီ ဖြစ်သည်။ ဆင်ဆာနဲ့ ဖျက်ထားတာမို့ လိင်တံထိပ်မှ လရည်တွေ ပန်းထွက်လာသည်ကိုတော့ မမြင်ရပေ။ နုနယ်လှသည့် ဂျပန်ကျောင်းသူလေးနှစ်ယောက်၏ ဟပေးထားသည့် ပါးစပ်ထဲနှင့် နှုတ်ခမ်းတစ်ဝိုက်တွင် သုတ်ရည်ဖွေးဖွေးတွေ ရောက်လာသည်ကိုသာ သူမတို့ တွေ့လိုက်ရသည်။ ထို့နောက်တွင်တော့ streaming ဆွဲထားသည့်ဖိုင်က ရပ်သွားပြီး နောက်ထပ် ဆင်တူကားတွေ၏ လင့်တွေက ပေါ်လာသည်။ ဇာတ်လမ်းပြီးသွားပေပြီ။ သို့ရာတွင် ဖူးသစ်စုရော၊ ပုံ့ပုံ့ပါ တစ်ယောက်အတွေးတစ်မျိုးစီနှင့် ကျန်ခဲ့သလို၊ ရမ္မက်ရှိန်လည်း တက်လျက်ရှိနေသေးသည်။

မိမိကို အဆက်ဖြတ်သွားသည့် ရည်းစားဟောင်းကြောင့် ယောကျ်ားတွေ၏ အချစ်ကို မယုံရဲတော့သည့် ပုံ့ပုံ့သည် နောက်ထပ် ချစ်သူရှာဖို့ စိတ်မကူးခဲ့ပေမယ့် ကာမဆန္ဒကတော့ ရှိနေမြဲ ဖြစ်သည်။ ပြတ်သွားသည့်ဘဲနှင့်တုန်းကလည်း နှစ်ဦးသဘောတူပင် ချစ်ရည်လူးခဲ့ကြပြီးပြီမို့ ယောကျ်ားနှင့်မိန်းမ ကာမဆက်ဆံမှုမှရသည့် အရသာကို သိရှိနေလေသည်။ ယောကျ်ားတွေကို စိတ်နာသည့် အရှိန်ကြောင့်မို့သာ ဆက်စ်ကိစ္စကို အတင်းကာရော မေ့ထားခဲ့ရတာ ဖြစ်သည်။ သို့ပေမယ့် ဒါတွေသည် ဖူးသစ်စုနှင့် မတွေ့ခင်၊ မရင်းနှီးခင်ကအထိပဲ ခံလိုက်သည်။ ညီအစ်မအရင်းတွေနှင့် မခြား ခင်မင်သွားပြီးသည့်နောက်တွင်မူ ဖူးသစ်စု ပြောပြသည့် သူမနှင့် ကိုမင်းမင်းတို့၏ အချစ်ပွဲများကြောင့် ကာမဝေဒနာသည် တကျော့ပြန် ဖြစ်တည်လာခဲ့ရသည်။ သူမကိုယ်တိုင်လည်း အချို့ကိစ္စများကို အားတက်သရော အကြံပေး (အမှန်ကတော့ မြှောက်ပေး) ရင်း ကိုမင်းမင်းကို တိတ်တခိုး ကျိတ်ခိုက်နေသည်ဟု ဆိုလျှင်ရပေမည်။ ဖူးသစ်စု၏ အပြောအရ ကိုမင်းမင်းသည် သူမ၏ အရင်ဘဲစုတ်နှင့် စာလျှင် အများကြီး စွမ်းဆောင်ရည်ရှိသည်ဆိုသည့် အချက်ကြောင့်လည်း စိတ်ထဲက ကြိတ်၍ ကြုံချင်နေသည်သာ။ အခုတော့ မရည်ရွယ်ပဲ ထုတ်ပြောမိသွားပြီ …။

“မိစု !! …”

“ဘာလဲ ..”

“စဉ်းစားရခက်နေလည်း … တွေးမနေပါနဲ့အေ .. လောလောဆယ်တော့ .. နင့်ကို ငါနမ်းချင်လာပြီ ..”

“ကောင်မ .. ဒါပဲ .. နင် စိတ်ထနေပြီမလား …”

“အေးဟ …ရေမချိုးခင်ကတည်းက ဖြစ်နေတာ .. အဲဒါနဲ့ … ရေချိုးခန်းထဲမှာ ရေပိုက်ခေါင်းနဲ့ နဲနဲထိုးခဲ့သေးတယ် ..”

ပြောရင်းဆိုရင်းနှင့် ပုံ့ပုံ့၏လက်က သူမပုခုံးကို ဖက်ထားရာမှ ကိုယ်ကိုဆွဲလှန်လိုက်သည်။ ဖူးသစ်စုနှင့် ပုံ့ပုံ့ မျက်နှာချင်းဆိုင် အနေအထား ဖြစ်သွားသည်။ ဖူးသစ်စု၏ လက်က ဆန့်ထွက်လာပြီး ပုံ့ပုံ့၏ ရင်သားဆိုင်တွေကို ထိသည်။ ပုံ့ပုံ့ကိုယ်ကလေး တွန့်ခနဲ ဖြစ်သွားသလို ဖူးသစ်စုကိုယ်တိုင်လည်း ရင်ခုန်နှုန်း မြန်လာသည်။ ပုံ့ပုံ့ ဖူးသစ်စုကို တင်းတင်းဆွဲကာ ပွေ့ဖက်လိုက်သည်။ နှစ်ဦးသား ကိုယ်ချင်းက ပူးကပ်သွားပြီး နုထွတ်သည့် ရင်သားဆိုင်တွေ ပွတ်တိုက်မိကုန်ကြသည်။

“အင်း … အင်း … ”

ပုံ့ပုံ့၏ မျက်နှာက သူမနားကို နီးကပ်လာသည်နှင့် ဖူးသစ်စု၏ မျက်တောင်လေးတွေက အလိုလို မှေးကျလာသည်။ ဝိုးတိုးဝါးတား ဖြစ်သွားသည့် အမြင်အာရုံထဲတွင် ကိုကို့အသွင်သဏ္ဍာန်ကို လှမ်းမြင်ရသည်။ အဝတ်ဗလာနှင့် ကိုကို့ပုံက သူမစိတ်ကို ဆူဝေစေသည်။ ထိုအခိုက် သူမ၏ နှုတ်ခမ်းပါးပေါ်သို့ နုးညံ့အိထွေးသည် နှုတ်ခမ်းတစ်စုံက ဖိကပ်ကာလာသည်။ နှုတ်ခမ်းချင်း ထိတွေ့မိသည်နှင့် ကိုယ်စီကိုယ်စီ အစပျိုးနေပြီဖြစ်သည့် အချစ်မီးတောက်သည် မီးပုံကြီးအဖြစ်သို့ ဟုန်းခနဲ အသွင်ပြောင်းသည်။ အားရပါးရ နမ်းမိကြသည်။ အသက်ရှူသံများ မြန်လာသလို တဒိတ်ဒိတ်နှင့် ရင်ခုန်သံများကလည်း အပြင်ကကြားရမတတ် ဖြစ်လာသည်။

ဖူးသစ်စု၏ လက်က ပုံ့ပုံ့ကို တင်းတင်းဖက်ထားရာမှ အောက်ကိုလျှောသွားသည်တွင် တင်ပါးပေါ်သို့ ရောက်သည်။ ဖွံ့ဖွံ့ထွားထွား ကောင်မလေးမို့ ပုံ့ပုံ့၏ တင်သားတွေက ကားထွက်နေရာ ကိုင်ရသည်မှာ အားရစရာကောင်းနေသည်။ ဖြတ်ခနဲ ဖူးသစ်စု ကိုကို့ကို သတိရပြန်သည်။ ဒီလိုမျိုးကိုင်ရလို့ သူမတောင်မှ စိတ်လှုပ်ရှားရသေးလျှင် ကိုကိုသာဆို သူမထက်ပို၍ စိတ်လှုပ်ရှားမိမှာ သေချာသည်။ ထိုအတွေးကြောင့်ပင် စိတ်ထဲ မချင့်မရဲ ဖြစ်လာပြီး တစ်အစ်သည့် ဖင်သားကြီးတစ်ခုကို လက်နှင့် အားရပါးရ ဖျစ်ညှစ်မိသည်။

“အိ .. အိ .. အု … အု ..”

ပုံ့ပုံ့၏လျှာက သူမပါးစပ်ထဲ တိုးဝင်လာသည်။ ဖူးသစ်စုက အလိုက်သင့် အထဲရောက်လာသည့် ပုံ့ပုံ့လျှာကို မိမိလျှာဖြင့် ပွတ်ဆွဲသည်။ အနမ်းများက အရှိန်တက်လာသလို ကိုယ်ချင်းထိပွတ်မိကလည်း သွက်သွက်လာသည်။ ကောင်မလေးနှစ်ယောက်စလုံး ခြေထောက်တွေ အလိုလိုကားထွက်သွားပြီး တစ်ပေါင်ပေါ်တစ်ပေါင် ချိတ်မိကြသည်။ ပုံ့ပုံ့က သူမခါးကို အတင်းဆွဲကာ ဖိတွန်းသည်တွင် ပေါင်ခွကြားချင်း ပွတ်မိသည်။ မိမိရရ တစ်ချက်ထိလိုက်သည်မို့ ရှိန်းခနဲ ဖိန်းခနဲနေအောင်ပင် နှစ်ဦးစလုံး ခံစားလိုက်ရသည်။ တစ်ချက်ပြီးသွားသည်နှင့် ပုံ့ပုံ့က နောက်တစ်ခါ ထပ်ပွတ်ပြန်သည်။ ထို့နောက်တော့ ဆက်ခါ ဆက်ခါ …။

“ရှီး … လုပ် … အဲဒီလိုမျိုး … ဖိပွတ်ဟယ် .. နာနာလေး … အင်း ..”

ဖူးသစ်စု စိတ်လှုပ်ရှားမှုနှင့်အတူ ပုံ့ပုံ့၏ လှုပ်ရှားမှုကို တိုက်တွန်းမိသည်။ သူမပြောသည်ကမှ နောက်ကျနေသေးသည်။ ပုံ့ပုံ့က ပို၍ ကိုယ်ခန္ဓာထွားသည်နှင့်အမျှ သူမက ရှေ့ကနေ ဦးဆောင်ကာ အပြတ်ကို လှုပ်ပေးသည်။ ထိုမှတဖန် ကိုယ်ကို အနည်းငယ် လျှောဆင်းကာ ဖူးသစ်စု၏ နို့သီးတစ်ဖက်ကို ငုံ့စို့သည်။ ဖြူဝင်းနေသည့် ရင်ညွန့်သား အထက်ပိုင်းကိုလည်း လျှာဖြင့် အသာဖွဖွ လျက်ပေးသည်။ ဖူးသစ်စု တကိုယ်လုံး ကော့ပျံတက်လာသလို ဖိပွတ်ခြင်းခံနေရသည့် အဖုတ်ထဲမှ ယားယံမှုကလည်း ပိုမိုလာသည်။ ပွတ်နေရယုံနှင့် အားမရတော့ …။

“ငါမနေနိုင်တော့ဘူး … ပုံ့ပုံ့ … အံဆွဲထဲကဟာတွေ သွားယူလိုက်တော့ .. ဘက်ထရီတော့ ရှိသေးတယ်မလား ..”

“အေး .. အေး .. ရှိဦးမှာပါဟ .. နင် ..ကိုမင်းနဲ့ သွားအိပ်တုန်းကတောင် ငါစမ်းကြည့်သေးတယ် .. အယ် ..”

ကုတင်ပေါ်က ကမန်းကတမ်း ပြေးဆင်းကာ မှန်တင်ခုံ အံဆွဲနားကို တိုးသွားသူ ပုံ့ပုံ့ သူမစကားနှင့်သူမ ရှက်ကိုးရှက်ကန်းဖြစ်ပြီး လျှာကလေး တစ်လစ်ဖြစ်သည်။ ခါတိုင်းအချိန်ဆို ဖူးသစ်စုက လှမ်းစမိဦးမှာဖြစ်သော်လည်း အခုတော့ အဖုတ်ထဲမှ ရွစိတက်အောင် လှုပ်ခါမှုကို ဖြေရှင်းဖို့က အရင်မို့ ဘာမှပြောမနေတော့ပါ။ ကိုယ့်ပေါင်ကြားထဲ ကိုယ့်ဘာသာ လက်ပြန်ထိုးပြီး မာတောင်နေပြီဖြစ်သည့် အဖုလေးကို ထိုးဆွနေလိုက်သည်။ ပုံ့ပုံ့ ငုံးဥနှစ်ခုကို ယူပြီး ချက်ချင်း ပြန်ရောက်လာသည်။ ဖူးသစ်စုလက်ထဲကို သူမဟာလေး ဖြစ်သည့် အနက်ရောင်လေးကို ထိုးပေးသည်။

“ဘယ်လို နေမှာလဲ .. ၆၉ လား …”

“အေး .. လာ မြန်မြန်.. နင့် ငါ့မျက်နှာပေါ်ခွလိုက် …”

မဆိုင်းမတွပင် ပုံ့ပုံ့၏ ဖောင်းမို့နေသည့် အဖုတ်က ဖူးသစ်စုမျက်နှာပေါ် ရောက်လာသည်။ သူမတို့နှစ်ဦးသည် အမွေးရိတ်ကြတာခြင်း တူသည်မို့ ပုံ့ပုံ့အဖုတ်သည် ဖူးသစ်စုလိုပင် ပြောင်ရှင်းနေသည်။ ပုံ့ပုံ့၏ ထုူးခြားချက်က အဖုတ်ဘယ်ဘက်အနားသားပေးတွင် မှည့်နက်တစ်လုံးရှိသည်။ ပို၍ ထူးဆန်းသည်က ပုံ့ပုံ့တစ်ယောက် သူမ အဖုလေးကို ဆွပေးမှ ဖီးလ်တက်တာမဟုတ်ပဲ ထိုမှည့်နက်ဖုလေးကို ထိုးဆွပေးလျှင်လည်း တဆတ်ဆတ်နှင့် တုန်ကာတက်သည်အထိ ဖီလင်လာကြောင်း ဖူးသစ်စု သိထားသည်။ ငုံးဥကို ဖွင့်လိုက်ပြီးသည်နှင့် တုန်နေသည့် ထိပ်ခေါင်းနှင့် အသာတို့သည်။

“အမေ့ !!! … မိစု .. အဲဒါကို နောက်မှဆွ .. အထဲကိုပဲ ထည့်လိုက်တော့ … ”

“အေး … နင်လည်း ငါ့ထဲကို ထည့်လိုက်တော့ … လက်နဲ့ထိုးရင် လက်သည်းတွေလည်း သတိထားဦး ..”

“ရှီး … လျက် .. လျက် .. မရပ်နဲ့ .. ဆက်လျက်ပေး .. ပုံ့ပုံ့ ..”

ပုံ့ပုံ့က ငုံးဥကို အထဲသို့ ထည့်ပစ်သွားလိုက်သည့်အပြင် သူမ၏လျှာနှင့်ပါ တဆက်တည်း ဖူးသစ်စု အဖုလေးကို ထိုးဆွပေးမှုကြောင့် သူမရင်ထဲ ရမ္မက်မီးတောင်က ပြင်းထန်စွာပင် ပေါက်ကွဲထွက်သည်။ စိတ်တက်ကြွလာမှုနှင့်အတူ သူမမျက်နှာပေါ် မိုးကာ ရှိနေသည့် ပုံ့ပုံ့၏ နူးအိနေသည့် အတွင်းသားတွေကို လက်ချောင်းနှင့် ထိုးဆွသည်။ အဖုလေးကိုလည်း ဖိဖိပွတ်ပေးသည်။ နှစ်ယောက်စလုံး အသက်ရှူသံများက ပြတ်တောင်းပြတ်တောင်း ဖြစ်လာပြီး ရင်သားတွေက တင်းမာလာသည်။ ထို့နောက်တွင်တော့ အားသွန်ခွန်စိုက် လှုပ်ရှားမှုများ၏ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ဖူးသစ်စုနှင့် ပုံ့ပုံ့ မျက်နှာတစ်ခါ ပြန်သစ်လိုက်ရသည်။ ဖူးသစ်စု မျက်နှာသစ်ပြီးလို့ ပြန်ထွက်လာတော့ ပုံ့ပုံ့က မီးပိတ်ပြီး အိပ်နေပြီ ဖြစ်သည်။ ကြည့်ရတာ ကျေနပ်အားရသွားတာမို့ အနားယူချင်တာ ဖြစ်ရမည်။

ကိုကိုနဲ့ ချစ်ရတာလောက် မကောင်းပေမယ့် သူမရင်ထဲက ဝေဒနာကို ခဏတာသက်သာအောင် လုပ်ပေးခဲ့သည်မို့ ဖူးသစ်စု ပုံ့ပုံ့ကို မနှောင့်ယှက်ချင်တော့ပါ။ သူမကုတင်ဘက်သို့ အသာပြန်လျှောက်လာခဲ့ရင်း မွေ့ယာပေါ်တွင် အသာဝင်လှဲလိုက်သည်။ မျက်စိကို အသာမှိတ်လိုက်ပေမယ့် မျက်ဝန်းထဲတွင် ကိုကို၏ အရိပ်အယောင်ကို လှမ်းမြင်ရပြန်သည်။ သူမ ကိုကို့ကို လွမ်းပါသည်။ ကိုကို့ကို လွမ်းသည့်စိတ်နှင့် ကိုကို ပြန်ရောက်လာလျှင် ကိုကိုပျော်သွားအောင် လုပ်ရမည်ဟု စဉ်းစားလိုက်ပါတော့သည်။ ဤသည်ကပင် သူမအတွက် အဖြေတစ်ခု ဖြစ်ချင်ဖြစ်နေပါလိမ့်မည် …။

*** *** ***

“ကိုကိုရယ် .. ဘယ်ထွက်ပြေးမှာကြနေတာပဲ .. တကယ်တဲ တွေ့ကတည်းက ..”

အခန်းထဲ ရောက်ကတည်းက သူမကို တရပ်စပ်နမ်းပြီး ကုတင်ပေါ်ကို ပွေ့တင်လိုက်သည့် မင်းမင်းကြောင့် ဖူးသစ်စု လေသံပျော့ပျော့လေးနှင့် ပြောမိသည်။ ပြောလို့သာ ပြောရသည် သူမကိုယ်တိုင်လည်း ကိုကို၏ အချစ်ကို တောင့်တနေခဲ့ရသူမို့ တားမြစ်ဖို့တော့ စိတ်ကူးမရှိပါ။ တက်စီပေါ်ကတည်းက လက်သရမ်းခဲ့သည့် ကိုကိုကြောင့် သူမဟာလေးလည်း စိုရွှဲနေပြီ ဖြစ်သည်။

“လွမ်းတာကိုး စုရဲ့ .. လေယာဉ်ပေါ်ကတည်းက စိတ်ကူးယဉ်နေခဲ့တာ စုမှ မသိတာ …”

“အမလေး သိပါ့ … မနေနိုင် မထိုင်နိုင် တက်စီပေါ်မှာတင် စုစကတ်အောက် လက်လာထိုးထည့်ကတည်းက သိနေတာ ”

“ဟဲ .. ဟဲ .. စုကလည်း ကိုကို့စိတ်ကို ဆွအောင် ဝတ်လာတာပဲမလား …”

မင်းမင်းပြောတာ ဟုတ်တော့လည်း ဟုတ်ပါသည်။ ဖူးသစ်စုကိုယ်တိုင်က ကိုကို့ကို အလွမ်းပြေဧည့်ခံဖို့ စဉ်းစားထားသည်မို့ တမင်တကာပင် ကိုကိုသဘောကျသည်ဆိုသော အပေါ်အောက် တဆက်တည်း အသားကပ် dress ပျော့ကို ဝတ်ဆင်ခဲ့တာဖြစ်သည်။ ကိုယ်လုံးလှသည့်သူမို့ အပြာနက်ရောင်နှင့် အဖြူရောင် အစင်းကြောင်းများပါသော အသားကပ် dress သည် မြင်ရသည်နှင့် ရင်ခုန်ဖို့ကောင်းအောင် ဆွဲဆောင်မှုရှိလွန်းလှသည်။ အရှည်ကလည်း ပေါင်လည်အထိပဲ ရှိသဖြင့် ဖြောင့်စင်းသော ပေါင်တံဝင်းဝင်းလေးတွေ၏ အလှက အစွမ်းကုန်ပေါ်နေရာ မင်းမင်း ဘယ်လိုမှ မထိန်းနိုင်ပဲ တက်စီပေါ်မှာတင် လက်သရမ်းခဲ့တာဖြစ်သည်။ ပင်တီလေးပေါ်ကနေ မှန်းကာ ပွတ်ပေးရင်း သူ့ကားကို အိမ်မှာထိုးထားခဲ့တာ ဒီအချက်နှင့် မှန်သွားပြီဟု တွေးတောင်တွေးနေသေးသည်။

“စု … မချွတ်နဲ့ … ပင်တီပဲ ချွတ်လိုက်လေ ..”

“ဟင် … ဒီအတိုင်းကြီး လုပ်မလို့လား .. အရမ်းကြီး ကြေသွားဦးမယ်နော် …”

“ပက်လက်မနေနဲ့လေ .. ကုတင်စောင်းမှာ လေးဘက်ထောက်လိုက်လေ .. ကိုကို အောက်ကနေ မတ်တပ်ရပ် လုပ်မယ် ”

“ဟွန့် .. သူ့အကြိုက်ကြီးပဲ .. စစချင်း အရမ်းလည်း မဆောင့်နဲ့ဦးနော် ..”

“အင်းပါ .. ကိုကိုသိပါတယ် ”

“အင်းပါ” လို့ ပြောထားပေမယ့် တကယ်တမ်း လုပ်တော့ တာထွက်ကတည်းက ခပ်ကြမ်းကြမ်းနှင့် ဆောင့်သည့် မင်းမင်းကို ဖူးသစ်စု မတားမြစ်မိပါ။ ကားပေါ်မှာကတည်းက လက်နှင့်ဆွတာ ခံထားရသည့် အကျိုးဆက်ကြောင့် သူမအဖုတ်လေးထဲမှာ အရည်တွေနှင့် ရွှဲနေသည်က ခူးခပ်ထားသလို အဆင်သင့် ဖြစ်စေသည်။ မင်းမင်း လိင်တံတဆုံး ထိုးထည့်လိုက်ပေမယ့် အဆင်ပြေပြေ ဝင်သွားသည်။ နာကျင်စပ်ဖြင်းမှုကို မခံစားရပဲ အရသာကိုသာ တစ်လုံးတစ်ခဲ ရလာသည့်အခါ မင်းမင်း စိတ်တိုင်းကျအောင်ပင် နေပေးလိုက်သည်။ မင်းမင်းကလည်း ဖူးသစ်စု ခံနိုင်သည်မှန်းသိသည်နှင့် ကွဲကာခဲ့ရသမျှ အတိုးချကာ ထင်တိုင်းကို ကျဲတော့သည်။ အန်ကယ်ဝေါင်နှင့် ဂျိမ်းစ်တို့ ပြန်မရောက်သေးကြသည့် အချက်ကလည်း သူတို့နှစ်ဦး၏ ကာမတိုက်ပွဲကို လွတ်လွတ်လပ်လပ် ဆင်နွှဲနိုင်အောင် အထောက်အကူ ပြုပေးနေသည်။ နှစ်ဦးသား စိတ်လွတ်ကိုယ်လွတ် အော်ဟစ် ညည်းညူပြီး ပေါက်ကွဲထွက်နေကြရာ ပုံစံတောင် မပြောင်းလိုက်နိုင်ပဲ ထိုအနေအထားနှင့်ပင် တစ်ချီပြီးသွားသည်။ မိနစ်ပိုင်းမျှ ကြာသည်အထိ အရည်တွေကို တစစ်စစ်နှင့် ပန်းထုတ်ပြီးသည့်တိုင်အောင် မင်းမင်း ပြန်မနှုတ်သေးပဲ တပ်လျက်ကြီးနှင့် ဇိမ်ခံကာနေသည်။

“ကိုကို .. မာနေတုန်းပဲလား …”

“ဟုတ်တယ် .. စု … မကျေနပ်သေးဘူးလေကွာ .. နောက်တစ်ချီလောက်တော့ ထပ်ဆွဲချင်သေးတယ် .. ”

“ကိုကိုကလေ ထန်ကိုထန်တယ် …”

“ထန်တာ မဟုတ်ဘူး .. သန်တာ .. သန်တာ .. ဟင်း .. ဟင်း … ဘာလဲ စုက မခံနိုင်တော့လို့လား …”

“ခံပါ့မယ်တော် .. ဘယ်လိုတွေ ဖြစ်နေမှန်းကို မသိဘူး .. ထုတ်လိုက်ဦး .. အရည်တွေ သုတ်ရဦးမယ် …”

“နေ .. နေ … အဲဒီအတိုင်းနေ ..ကိုကို သုတ်ပေးမယ် …”

မင်းမင်း ဒီလောက်တော့ အလိုက်သိပါသည်။ နဲနဲအရှိန်ကျသွားသည့် သူ့အကောင်ကို အခုမှဆွဲထုတ်လိုက်ပြီး ကုတင်ခေါင်းရင်းနားက စင်ပေါ်ရှိ တစ်ရှူးထုတ်ကို ပြေးဆွဲသည်။ ဖူးသစ်စုက မင်းမင်း သုတ်ရလွယ်အောင် ကုတင်ခြေရင်းမှာပင် ပေါင်နှစ်ချောင်းကို ကားပေးထားသည်။ ၉၀ ဒီဂရီနီးပါ ထောင်နေတာ မဟုတ်တော့သည့်တိုင် ၄၅ ဒီဂရီလောက် ရှိနေသေးသည့် ကိုကို့ဟာကြီးကို မြင်တော့ သူမအတွင်းထဲက လှိုက်လှိုက်လာပြန်သည်။ တစ်ရှူးရွက်ကို သူမအဝလေးနား ကပ်ပေးလိုက်သည်နှင့် အထဲကဟာတွေကို ညှစ်ထုတ်လိုက်သည်။

“ဗြစ် .. ဗြစ် ..”

“အများကြီးကို ပန်းထုတ်တာပဲ …”

“ဟဲ့ .. အဲဒါ စုကို ဘယ်လောက်လွမ်းကြောင်း သက်သေပြတာ .. ဒီတစ်ပတ်အတွင်းမှာ ဟန်းပလေးတောင် မလုပ်ဘူး.. ဘယ်မာဆက်မှလည်း မသွားခဲ့ဘူး ..”

“ဟွန်း … ခါတိုင်းလည်း တစ်ပတ်နေမှ တစ်ခါတွေ့တာပဲ .. ကိုကိုရယ် .. အခုဟာက ကိုကို့ကိုက လွန်လွန်းတယ် ..”

ဖူးသစ်စု မျက်စောင်းထိုးကာ ပြောပေမယ့် သူမ မျက်ဝန်းတွေကတော့ အပျော်ရည်နဲ့ လဲ့နေသည်။ အမှန်တကယ်ဆို သူမလည်း ကိုကို့ကို လွမ်းနေသည်မို့ယကိုကို့နည်းတူ အရည်တွေအများကြီး ထွက်ကျခဲ့သည်သာ။ သို့သော် သူမက မိန်းကလေးမို့ အမူပိုပိုနှင့် နွဲ့ကာ ပြောလိုက်ခြင်း ဖြစ်သည်။ သူ့လိင်တံတစ်ဝိုက်ကို တစ်ရှူးနှင့်သုတ်နေရင်း ဖူးသစ်စု အပြောကို မင်းမင်း ကျေနပ်အားရစွာ ရယ်ပါသည်။ သုတ်လို့ပြီးသွားသည်နှင့် တစ်ရှူးတွေကို အမှိုက်ခြင်းထဲ ပစ်ထည့်ပြီး ကုတင်ပေါ်တက်လာသည်။ ပြီးသည်နှင့် ဖူးသစ်စုကို ရင်ခွင်ထဲ ဆွဲပွေ့သည်။

“ကဲ .. ကောင်မလေး .. အပိုတွေ ပြောမနေနဲ့ .. စုကော ကိုကို့ကို မလွမ်းဘူးလား ..”

သူမမျက်ဝန်းတွေကို စိုက်ကြည့်ကာ မေးသည်မို့ ဖူးသစ်စု ရုတ်တရက် မဖြေသေးပါ။ မင်းမင်း၏ ပါးကို ဖွဖွလေး ဖြတ်ခနဲ နမ်းလိုက်ပြီးမှ

“လွမ်းတာပေါ့ ကိုကိုရယ် .. တစ်ပတ်ထဲဆိုတာတော့ သိတယ် .. ဒါပေမယ့် ကိုကို စလုံးမှာ မရှိဘူးဆိုတဲ့ အသိနဲ့တင် ငိုချင်သလိုလိုကြီး ဖြစ်နေတာ ..”

“ကိုကိုလည်း တူတူပါပဲ စုရယ် … မမကြီးကတောင် ဒီတစ်ခေါက် ကိုကိုပြန်လာတာ ငိုင်လှချည်လားဆိုပြီး ပြောနေတယ် .. ကိုငယ်ကတော့ မမစုကို လွမ်းလို့နေမှာပေါ့ ဆိုပြီး နောက်နေသေးတယ် ..”

“တကယ် ?? ..”

“တကယ်ပေါ့ .. ဘာလဲ စုက မယုံလို့လား .. ထပ်သက်သေပြမယ်လေ ..”

မင်းမင်းလက်က ဖူးသစ်စု၏ dress အောက်က ရင်သားပြည့်ပြည့်လေးဆီသို့ ရောက်သွားကာ လက်နှင့်ညှစ်သည်။

“ကိုကိုကလေ နိုင်ကိုမနိုင်ဘူး … ကဲပါ ..ကိုကိုနားလိုက်ပါဦး .. ဒီတစ်ခါ စုတစ်လှည့်ပေါ့ ..”

ချစ်စဖွယ်ကောင်းအောင် မျက်စိတစ်ဖက်မှိတ်ပြရင်း ဖူးသစ်စု မင်းမင်းကိုယ်ပေါ် တက်လာသည်။ မချွတ်ရသေးသည့် dress ရော၊ ဘရာနီနီလေးရော ချွတ်ပစ်လိုက်သည်။ စွဲမက်ဖွယ် ပကတိကိုယ်လုံးလေးက အထင်အရှား ပေါ်လာသည်တွင် ဘာမှမလုပ်ရသေးပဲနှင့်တင် မင်းမင်း စိတ်ပြန်တက်ကြွလာသည်။ ထို့အတွက်ကြောင့် ဖူးသစ်စု သူမအကွဲကြောင်းလေးနှင့် လေးငါးဆယ်ချယ်လောက် ဖိကာပွတ်ဆွဲပေးလိုက်သည်တွင် သူ့လိင်တံက စံချိန်မီ ပြန်မာလာသည်။ ဆွနေတာကို ရပ်၍ ထိပ်ဖူးကို သေချာကိုင်ပြီး သူမအဝလေးနှင့် တေ့သည်။ မိမိရရဖြစ်သည်နှင့် ထိုင်ချလိုက်သည်။ စွိခနဲ နေပြီး ထိပ်နီနီကြီးက အထဲကို ရောက်သွားသည်။ နေရာတကျ ဖြစ်သွားပြီမို့ ဖူးသစ်စုက လက်နှစ်ဖက်ကို မင်းမင်း၏ ရင်ဘတ်ပေါ် ကျကျနနထောက်ပြီး တင်ပါးနှင့် ဆီးစပ်ထိသည်အထိ အကုန်ဖိချလိုက်တော့သည်။

“အား .. ကောင်းလိုက်တာ .. စုရယ် … အဲဒါကြောင့် စုကိုချစ်နေရတာ ..”

ကြားနေကြစကားပေမယ့် ဒီလိုမျိုးနှစ်ယောက်သား ချစ်တင်းနှောနေသည့် အချိန်မှာ “ချစ်သည်” ဟု ကြားရခြင်းက ဖူးသစ်စု အတွက် ပိုချိုမြိန်လွန်းလှသည်။ ကျေနပ်အားရစွာ ပြုံးရင်း ဒုတိယတစ်ချီ အလွမ်းဖြေပွဲကို သူမက ရှေ့ကဦးဆောင် ဆင်နွှဲသည်။ ရွှေရောင်ဆံနွယ်ခွေလေးတွေ ဖူးသစ်စု၏ နှဖူးပြင်ပေါ်တွင် ခုန်ပေါက်ပြေးလွှား ဆော့ကစားနေ၏။ ထိုနည်းတူ ရင်သားမို့မို့တို့ကလည်း အထက်အောက် ဘောင်ဘင်ခတ်ကာ ပြေးလွှားနေပြန်သည်။ သူမတင်ပါးနှင့် ဆီးစပ်ရိုက်မိသံ တဖတ်ဖတ်များသာ အခန်းထဲတွင် အဆက်မပြတ် ကြီးစိုးထားသည်။ အမြင့်ဆုံးအချိန်ကို တကျော့ပြန်ရောက်သွားသည်အထိတော့ ဖူးသစ်စု တောက်လျှောက် ထင်တိုင်းကျဲလိုက်နိုင်သော်လည်း ထိုအဆင့်က လွန်မြောက်သွားချိန်တွင်မူ မောပန်းမှုကြောင့် ဖြည်းဖြည်းလေးသာ ဖိပွတ်ပေးနိုင်တော့သည်။

“စု ပြီးသွားပြန်ပြီမလား … နားချင်နားလေ .. လာ ကိုကို့ပေါ်မှာ အိပ် ..”

မင်းမင်းက အလိုက်တသိနှင့် ဖူးသစ်စုကို လှမ်းဖက်က သူ့ရင်ဘတ်ပေါ်မေးတင်ကာ အိပ်စေသည်။ ကောင်မလေးသည် အမောဖြေနေသည့်ဟန် အသက်ကိုမှန်မှန်ရှူရင်း သူ့ကို မျက်လွှာပင့်ကာ ကြည့်သည်။

“ကိုကို့ကိုတော့ စု မနိုင်တော့ဘူး .. စုကသာ ပြီးသွားတယ် .. သူက မပြီးနိုင်ဘူး … ဒီလိုသာဆို စုတော့ အကူရှာရတော့မယ် ..”

“ဟမ် .. စု ဘာပြောတယ် ..”

“ဒီလို ကိုကိုရ .. စုက .. ကိုကို့ကို ပုံ့ပုံ့နဲ့ စပ်ပေးမလို့ပါ ..”

“ဟေ !!! ..”

မင်းမင်း ဖူးသစ်စုကို မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားနှင့် ကြည့်၏။ ဒီလောက်နီးကပ်စွာရှိနေသဖြင့် နားကြားလွဲတာတော့ လုံး၀ မဖြစ်နိုင်ပေ။

“ပုံ့ပုံ့က ကိုကို့ကို စိတ်ဝင်စားနေတယ် … စုတို့ စာမေးပွဲပြီးတော့ ကိုကို မရှိဘူးလေ .. အဲဒါ သူနဲ့အတူ စုတို့ ငုံးဥသုံးမိကြတယ်လေ .. အဲဒီမှာ သူက စုကို ဖွင့်ပြောတာ ..”

“စုပြောတာ .. သူက ကိုကိုနဲ့ အိပ်ချင်တယ် .. အဲဒီလို ဆိုလိုတာလား …”

မင်းမင်း မရဲတရဲနှင့် ဖူးသစ်စု၏ မျက်နှာကို သေချာစိုက်ကြည့်၍ မေးရသည်။ သူ့စကားသံတွေတောင် အနည်းငယ် တုန်ခါနေသလို ဖြစ်သည်။ ဖူးသစ်စု၏ အတွေးတွေက တခါတခါ သူလိုက်မမီလို့ မင်းမင်း မယုံရဲသေးတာတော့ အမှန်ပင်။ မျက်လုံးထဲတွင်တော့ ပုံ့ပုံ့၏ တင်းတင်းရစ်ရစ် ကိုယ်လုံးလေးကို ချက်ချင်းပြေးမြင်သည်။ အပြင်မျက်နှာ အမူအယာ ဘယ်လောက်ထိန်းနိုင်ပေမယ့် အတွင်းစိတ်ကို မထိန်းနိုင်သည်မို့ လိင်တံကြီးက ဆတ်ခနဲ တုန်သည်။

“အလဲ့ ..ကိုကို .. စိတ်မပါရှာဘူးနော် .. ဟင်း .. ဟင်း ..”

ကိုယ်ချင်းဆက်နေသည် အနေအထားမို့ ဖူးသစ်စုက ချက်ချင်းရိပ်မိသည်။ မင်းမင်းကို ပြုံးစိစိနှင့် စသည်။ “ဟာကွာ” ဆိုပြီး မင်းမင်း ရှက်ကိုးရှက်ကန်းနှင့် ဘာလုပ်ရမှန်းမသိ ဖြစ်သည်။ နောက်တော့ လူကြီးရှက်ရယ်ဆိုသည့် စကားအတိုင်း တဟီးဟီးနှင့် ရယ်ချလိုက်တော့သည်။

“ဒါပဲနော် ကိုကို .. စုက ကိုကို့ကို ချစ်လို့ …. ကိုကိုပျော်အောင် စဉ်းစားထားတာ .. စုကို အချစ်မလျော့ရဘူး ..”

မင်းမင်း ချစ်သူလေး၏ ပါးပြင်ကို လက်နှင့် ရွရွလေး ပွတ်သည်။ ပြီးတော့ ဖြတ်ခနဲ ကိုယ်ကိုဆွဲပွေ့ကာ တစ်ဖက်ကို လှိမ့်ချသည်။ ဖူးသစ်စုက အောက်က သူက အပေါ်ကနေ ပြန်ဖြစ်သွားသည်။ ဖိမိနေသည့်ကိုယ်ကို မကာ ကြွလိုက်ရင်း လက်နှစ်ဖက်ကို မွေ့ယာပေါ်ထောက်ကာ အားယူသည်။ ရီဝေဝေလေးနှင့် ကြည့်နေသည့် ဖူးသစ်စု၏ မျက်နက်ဝန်းလေးကို တည့်တည့်စိုက်ကြည့်ပြီးမှ ..

“စုကို ဘယ်တော့မှ အချစ်မလျော့ဘူး … ဒီစကားတွေကို စုဘယ်လောက်ထိ စဉ်းစားပြီးမှ ပြောတာလဲဆိုတာ ကိုကို သဘောပေါက်တယ် … စုကိုလည်း ကိုကို ပိုလို့တောင် ချစ်သွားသေးတယ် ..”

မင်းမင်း အပြောနှင့်သာမက အလုပ်နှင့်ပါ သက်သေပြသည်။ သူ့အတွက် မပြီးဆုံးသေးသည့် ခရီးကို ကြိုးစားပမ်းစား စတင်သလို ဖူးသစ်စုကိုပါ တွဲ၍ ခေါ်သည်။ သူ့ပြုမှု၏ နောက်ဆက်တွဲအဖြစ် ဖူးသစ်စု၏ လည်တိုင်ကျော့ကျော့တွင် ချွေးစေးလေးတွေက ခြောက်တာမှ မကြာသေး။ ပြန်လည်၍ ခိုတွဲလာပြန်သည်။ ကိုယ်ကလေးကလည်း တစ်ချက်ချင်း သိမ့်ခါသိမ့်ခါ လှုပ်နေပြီး၊ မစေ့တစေ့ နှုတ်ခမ်းပါးလေးများကြားမှလည်း တအင်းအင်း ညည်းညူသံလေးများက ပြန်လည်ထွက်ပေါ်နေသည်။

တစတစ မင်းမင်းဆောင့်ချက်တွေက ပြင်းထန်လာသောအခါ မျက်တောင်လေးတွေ စင်းနေသော မျက်နှာလေးက ခပ်မော့မော့ဖြစ်လာပြီး နှုတ်ခမ်းတွေကို လျှာနှင့်သပ်သည်။ ထောက်ကာ အားပြုထားသည့် မင်းမင်း၏ လက်ဖျံနှစ်ဖက်ကိုလည်း သူမလက်နှင့် တင်းတင်းဆုပ်ကာ ကိုင်ထားသည်။ ဖူးသစ်စု၏ အမူအယာကို တောက်လျှောက် အကဲခတ်ကာ ကြည့်နေသည်မို့ မင်းမင်း အခြေအနေကောင်းပြီဟု တွက်သည်။ သူကိုယ်တိုင် မျက်စိမှိတ်လိုက်ပြီး ခေါင်းကိုမော့ကာ စိတ်ကို နူးညံ့သည့် အတွင်းသားတွေနှင့် ထိတွေ့နေသော သူ့လိင်တံဆီသို့ အားပြုလိုက်သည်။ စိတ်ရောကိုယ်ပေါ အားသွင်းကာ တရှိန်ထိုးတင်လိုက်သည်တွင် သိပ်မကြာခင်မှာပင် မီးသတ်ပိုက်ခေါင်းပွင့်ကာ ထွက်သလို ထိန်းထားသမျှ အကုန် သူ့လိင်တံထိပ်မှ ပန်းထွက်သည်။ ကြားလေဟာနယ် မရှိအောင်နှယ် နှစ်ဦးသား ဆီးစပ်များကို ဖိကာကပ်ထားရင်း မင်းမင်း အသက်ကို ပုံမှန်ဖြစ်အောင် ပြန်ရှူရသည်။ ပုံမှန်ပြန်ဖြစ်လာသည်နှင့် ပထမတစ်ချီကလို စိမ်ကာမထားတော့ပဲ ဖူးသစ်စု၏ကိုယ်ပေါ်မှ ကြွကာ ခွာလိုက်သည်။ ဖူးသစ်စုကတော့ မျက်လုံးတောင် မဖွင့်နိုင်တော့ပဲ မူလအတိုင်း ပေါင်နှစ်ချောင်းကို ထောင်ထားပေးလျက် ရှိသည်။ ပြောင်ရှင်းနေသည့် အကွဲကြောင်းလေးကြားမှ တစိမ့်စိမ့်ထွက်ကျနေသည့် အရာတွေကို မြင်တော့ မင်းမင်း ဘာကိုသဘောကျမှန်း မသိပဲ ကျေကျေနပ်နပ်ကြီး ပြုံးမိလေသည်။

+++++ +++++ +++++ +++++

စင်္ကာပူမြို့၏ ညအလှသည် သူ့ရှေ့ကနေ နောက်ဘက်သို့ မာစဒါကားလေး အရှိန်နှင့် တရိပ်ရိပ် ပြေးနေသည်။ မင်းမင်း မျက်စိ၏ ရှေ့တူရှူရှူကို ကြည့်ကာ အာရုံစိုက်ထားသော်လည်း သူ့စိတ်အတွေးက ရှေ့မှာ ရှိမနေပါ။ ဘယ်လိုပဲဖြစ်ဖြစ် ငါးကြော်မကြိုက် ကြောင်မိုက်အဖြစ်တော့ သူ အရောက်မခံနိုင်ပေ။ ပုံ့ပုံ့နှင့် ကိစ္စကို ဖူးသစ်စု တကယ်ပြောနေမှန်း သေချာသည်နှင့် သူ ရှေ့ဆက် ဘယ်လို ခရီးသွားရမည်ဆိုတာကို plan ချသည်။ သူ့ခေါင်းထဲတွင် ကောင်းနိုးရာရာ plan တွေက တစ်ခုပြီးတစ်ခု ပေါ်လာလို့ ကားမောင်းနေရင်းနှင့် ဖူးသစ်စုကို သေချာတောင် စကားမပြောနိုင်ခဲ့ပေ။ သို့ပေမယ့် ဖူးသစ်စုကိုယ်တိုင်လည်း အလွမ်းဖြေပွဲ၏ အရှိန်နှင့် နှုံးနေရာ မင်းမင်းကို စကားစမနေတော့ပဲ ဖွင့်ထားသည့် သီချင်းများကို နားထောင်ရင်းသာ လိုက်ပါလာခဲ့သည်။ ကားမောင်းရင်း တောက်လျှောက်တွေးလာရာမှ ဖူးသစ်စုတို့ အိမ်နားရောက်သည်တွင် မင်းမင်းခေါင်းထဲတွင် အကြံကောင်းတစ်ခု ရသည်။

“စု .. ဒီလို လုပ်ပါလား …ကိုကိုတို့ Bintan သွားရင် ကောင်းမလား ..”

“ဘင်တန် .. ဟုတ်လား … အဲဒါ ဘာလဲ … ဪ .. သိပြီ သိပြီ .. အင်ဒိုနီးရှားကျွန်းကို ပြောတာမလား .. ကောင်းတယ် ကောင်းတယ် … !!! ”

လက်ခုပ်လက်ဝါးလေးတီးကာပင် ဖူးသစ်စု မင်းမင်း အကြံကို ထောက်ခံသည်။ မင်းမင်း ကျေနပ်သွားသည်။ ကားကို သူလိုက်ပို့နေကြ ဖူးသစ်စု ဘလော့၏ ဓါတ်လှေကားအောက်နားတွင် ထိုးကာရပ်သည်။ ဖူးသစ်စုဘက်ကို လှည့်ကြည့်ကာ

“ဒါဆို ကိုကို ပနက်ဖြန်ကြရင် တိုးအေးဂျင့်ကို ဖုန်းဆက်ပြီး သုံးယောက်စာ package ဝယ်လိုက်မယ်လေ .. အဲဒါဆို ခရီးသွားသလိုမျိုး ဖြစ်ပြီး ကိုကိုတို့တွေလည်း တမျိုးမဖြစ်ကြတော့ဘူးပေါ့ ..”

“ကိုကိုကတော့နော် .. နိုင်ကိုမနိုင်ဘူး … ခေါင်းထဲ ဉာဏ်နီဉာဏ်နက်တွေ အပြည့်ပဲ .. ဟွန်း .. ပြောကိုမပြောချင်ဘူး.. တစ်လမ်းလုံးလည်း ဒါပဲ စဉ်းစားလာတာ မဟုတ်လား ..”

“ဟီး .. စုကလည်းကွာ ..ကိုကိုက စုပြောလို့ပါ ..”

ဖူးသစ်စုက ဘာမှဆက်မပြောတော့ပဲ မျက်စောင်းပျော့ပျော့ တစ်ချက်ကိုသာ လက်ဆောင်ပေးရင်း ကားထဲက ထွက်သည်။ မင်းမင်းလည်း သူ့ဘက်က တံခါးကို ဖွင့်ကာ လိုက်ဆင်းသည်။ ဓါတ်လှေကား ဆင်းလာသည်ကို စောင့်နေတုန်း သူတို့ ထုံးစံအတိုင်း တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားကြသည်။ ညဉ့်တော်တော်နက်နေပြီမို့ လူရှင်းနေရာ သူတို့နှစ်ဦး ရင်ချင်းအပ်အနေအထားနှင့် ရှိနေသည့်တိုင် ဂရုစိုက်ပြီး ကြည့်မိသူက တစ်စုံတစ်ယောက်မှ မရှိပေ။

“ကဲ .. သွားမယ် ကိုကို .. ဂွတ်နိုက် .. စိတ်ကူးတွေလည်း ကြိုယဉ်မနေနဲ့ဦး ..”

“ပြွတ် ..”

သူ့နှုတ်ခမ်းကို တင်းတင်းလေး တစ်ချက်လာထိပြီးနောက် ဖူးသစ်စု ပွင့်နေပြီဖြစ်သည့် ဓါတ်လှေကားထဲ ဝင်သွားသည်။ မင်းမင်း ဘယ်သူမှ မရှိသည်ကို အခွင့်ကောင်းယူပြီး ကော့ကော့လေး ထွက်သွားသည့် ဖူးသစ်စု၏ နောက်ပိုင်းကို လက်သရမ်းလိုက်သည်။ ကိုယ်ကလေး တွန့်ခနဲ ဖြစ်သွားပြီး မင်းမင်းကို ဓါတ်လှေကားထဲကနေ လှမ်းမျက်စောင်းထိုးသည်။ မင်းမင်း မျက်စိတစ်ဖက်မှိတ်ကာ မျက်နှာကို စပ်ဖြီးဖြီး လုပ်ပြသည်။ သူမပါးစပ်ကနေ “ကဲကို ကဲတယ်” ဟု ရေရွတ်သံကိုတော့ ဓါတ်လှေကားတံခါးက ပိတ်သွားပြီမို့ မင်းမင်း သေချာမကြားလိုက်ရချေ။

သူ့ရှေ့မြင်ကွင်းကနေ ဖူးသစ်စု ပျောက်သွားသည်နှင့် မင်းမင်း ရပ်ထားသည့် ကားဆီသို့ ခပ်မြန်မြန် လျှောက်လာခဲ့သည်။ ဘာရယ်ကြောင့်မှန်းမသိ။ သူလမ်းတလျှောက် လေချွန်၍သာ ပြန်လာခဲ့လေသည်။ “စိတ်ကူးကြိုမယဉ်နဲ့နော်” ဟု မှာထားလို့သာ တော်သေးသည်။ မင်းမင်း ထိုအပတ်က ကောင်းကောင်းတောင် အလုပ်မလုပ်နိုင်ပေ။ သူ့အတွေးထဲတွင် ဖူးသစ်စုနှင့် ပုံ့ပုံ့၏ အကြောင်းက တဝဲလည်လည် ရှိနေသည်။ ခပ်ပြည့်ပြည့်၊ ခပ်တောင့်တောင့် ကောင်မလေးများကို အပြင်မှာတွေ့တိုင်း ဆူဖြိုးလှသည့် ပုံ့ပုံ့၏ကိုယ်လေးက ဘယ်လိုနေမလဲ မသိဟု ကြိုတင်ရင်ခုန်နေမိသည်သာ။ တခါတခါ အတွေးရှည်သွားသည့်အခါမျိုးတွင် သူ့ကောင်ကပါ လိုက်လိုက်ရှည်လာလို့ မင်းမင်း အိမ်သာပြေးကာ ရှူးပေါက်ထုတ်ရသည်က အမောပင်။ ဖူးသစ်စုကလည်း အလွမ်းဖြေပြီးသည့် နေ့ကတည်းက ပေါ်မလာတော့ သူ့မှာ စိတ်ဖြေစရာလည်း မရှိချေ။ လက်နှင့်ကတော့ ဘယ်လိုမှ မဖြေချင်တော့သည်မို့ ရောက်လာတော့မည့် သောကြာနေ့ကိုသာ သတိရတိုင်း ပြက္ခဒိန်ကြည့်၍ စောင့်နေမိတော့သည်။

တကယ်တမ်းဆိုလျှင် မင်းမင်း ကံကောင်းသည်ဟု ပြောရမည်။ အခုနောက်ပိုင်း အင်ဒိုနီးရှား ဘင်တန်ကျွန်းကို သွားရဖို့က ရက်တိုနှင့် စီစဉ်လို့ ရသည်မဟုတ်။ စင်္ကာပူနှင့်ကပ်လျက်တွင် ဘင်တန်သာမက၊ ဘာတန်ဆိုသည့် ကျွန်းလည်းပဲ ရှိပေမယ့် မင်းမင်းက သူတစ်ခေါက်ရောက်ဖူးသော ဘင်တန်ကိုပဲ သဘောကျသည်။ ဖူးသစ်စုတို့လည်း သဘောကျနိုင်မှန်း သူက ကြိုသိနေသည်။ ထို့ကြောင့် သူက ဘင်တန်ကိုသာ မရရအောင် စီစဉ်ခြင်းဖြစ်သည်။ သူ ကံကောင်းချင်တော့ ဘင်တန်မှာမှ နာမည်ကြီး Nirwana Resort (နီဝမ်းနား) ကို ရလိုက်သည်။ အဆင်ပြေချင်တော့လည်း တော်တော်ကြီး အဆင်ပြေနေသည်ဟု ပြောရမည်။ သူ တိုးအေးဂျင့်ကို ဖုန်းဆက်ပြီး နောက်တစ်ရက်အကြာမှာပင် ကွန်ဖန်းဖြစ်သွားပြီး လက်မှတ်သွားထုတ်လို့ရသည်။ ဒီတော့ လောလောဆယ် သူလုပ်နေရသည့် အလုပ်က သောကြာနေ့ရောက်ဖို့ ထိုင်စောင့်နေရခြင်းသာ ဖြစ်ပါသည်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဖူးသစ်စု၏ လိုက်လျောမှုကို လောလောဆယ် အကျိုးခံစားနေရသူက ဆိုက်ထဲက ကန်ထရိုက်တာပင် ဖြစ်သည်။ မင်းမင်းက သောကြာနေ့ မရောက်ခင်ထိ အပင်ပန်းမခံချင်လို့ ဆိုက်ထဲတောင်မှ သိပ်မသွားတော့ချေ။ ဒီတော့ inspection form ကိုသာ လက်မှတ်ထိုးပေးလိုက်သည်မို့ ကန်ထရိုက်တာက တော်တော် သဘောကျနေသည်။ ညမိုးမချုပ်ခင် ကွန်ကရစ်လောင်းတာက ပြီးပြီးသွားသဖြင့် သူတို့လည်း စောစောစီးစီး အလုပ်သိမ်းကြသလို မင်းမင်းလည်း စောစောစီးစီး အိမ်ပြန် အနားယူလို့ရသည်။ နှစ်ယောက်တစ်ယောက် အဖြစ်တွင် သူ့ဘက်က အလျော့ပေးလို့ မဖြစ်။ အားရှိထားမှ ဖြစ်မည်။ ပြောရမည်ဆိုလျှင် ကောင်းကောင်း အားမွေးထားခြင်းသာလျှင် ဒီတစ်ပတ် မင်းမင်း၏ အဓိက အလုပ် ဖြစ်နေလေသည်။

🏵️ ရေခြားမြေခြား သူ့ဘဝ (အပိုင်း ၇ ) ဆက်ဖတ်ရန် ဒီကိုနှိပ်ပါ 🏵️