
ရေခြားမြေခြား သူ့ဘဝ (အပိုင်း ၂)
ရေးသားသူ – Nat Thar
(အချစ်တက္ကသိုလ်တွင် ရေးသားသည်)
လူခြောက်ယောက်ဆိုသည်မှာ ညစာထမင်းစားပွဲဝိုင်းအတွက် အင်မတန်မှ သင့်တင့်သော ပမာဏဖြစ်သည်။ မင်းမင်း Changi Village ရှိ sea food ဆိုင်ကို အနည်းငယ် ကြိုရောက်အောင်သွား၍ မှာစရာရှိတာတွေကို မှာထားလိုက်သည်။ သိပ်တော့ အများကြီး မမှာသေး။ Red Snapperဆိုသည့် ငါးတစ်ကောင်လုံး အချိုဟင်း၊ နာမည်ကျော် chilli crabs နှင့် shells အကြော်ပွဲကြီးတစ်ပွဲကိုသာ အသင့်ဖြစ်အောင် ပြင်ဆင်ထားခိုင်းသည်။ သူက ကြိုတင်ဘွတ်ကင် တင်ထားသည့်အတွက် လမ်းမနှင့်နီးသည့် ထောင့်စွန်က ရသဖြင့် ထိုင်ရတာက အဆင်ပြေလှသည်။ ဒီ sea food ဆိုင်သည် HDB Block တွင် လာဖွင့်ထားပေမယ့် အင်မတန်မှ လက်ရာကောင်းပြီး နာမည်ကြီးလှသည်ကို မင်းမင်း အခေါက်ခေါက်အခါခါ ရောက်ဖူးနေ၍ သိကာနေသည်။ ထို့ကြောင့်ပင် ဆရာသမားကို ဟိုတယ်ကြီးတွေ ခေါ်သွားမနေတော့ပဲ ဒီနေရာကို ချိန်းလိုက်တာဖြစ်သည်။ လျှောက်ဝင်လာကြသည့် လူတွေကို ဆရာမိုးတို့များလားဆိုပြီး လိုက်လိုက်ကြည့်နေသည့် မင်းမင်း ခဏနေတော့ သူ့ဖုန်းမှ အသံမြည်လာသည်။
“မင်းမင်း .. ငါတို့ ကားပတ်မှာ ဆင်းလိုက်ပြီ … အဲဒီကနေ လမ်းလျှောက်လာရမှလား …”
“ဟုတ်တယ်ဆရာ … လမ်းကူးပြီး ဒီဘက်မှာရှိတဲ့ HDB Block ဘက် လာလိုက်ယုံပဲ … ကျနော်ရောက်နေပြီ ..”
“အေး .. အေး … ဒါဆို ခဏစောင့် .. ငါ့သူငယ်ချင်းတို့ အိမ်ကကားလာလျှင် ရပြီ …ဟော .. လာကြာပြီ ..ဒါပဲ .. ဒါပဲ ခဏနေလျှင် ရောက်ပြီ ..”
မင်းမင်း ဒီတော့မှ ဖင်ကို ကောင်းကောင်းချ၍ ပြန်ထိုင်ရသည်။ အနည်းငယ် ရင်မောနေသည့် သူ့အဖြစ်ကိုသူ ပြန်သတိရပြီး စားပွဲထိုးတစ်ယောက်ကို လှမ်းခေါ်ကာ ကုတ်တစ်ဗူး အရင်မှာသည်။ လူနဲနဲရှင်းနေသေး၍ ချက်ချင်းလာချပေးသည့် ကုတ်ကို ရေခဲခွက်ထဲလောင်းထည့်ကာ အမြန်မော့သောက်လိုက်မှ နေသာထိုင်သာ ရှိသလို ခံစားရသည်။ သူဒုတိယအကြိမ် ကုတ်ခွက်ကို မော့သောက်ဖို့ ပြင်စဉ်မှာပင် HDB Block အကွယ်မှ ထွက်လာသည့် လူတန်းကို မြင်လိုက်ရသည်။ မင်းမင်း၏ မျက်လုံးသည် လူခြောက်ယောက်ထဲမှာ တစ်ယောက်သောသူ၏ အသွင်တွင် တခြားကို မရွှေ့တော့ပဲ ထိုနေရာ၌သာ ငြိမ်သက်သွားတော့သည်။
“ရောက်နေတာ ကြာပြီလား .. မင်းမင်း ..”
“မကြာသေးပါဘူး … ဆရာမိုး .. အခုလေးတင် .. ဒါပေမယ့် ဟင်းသုံးပွဲတော့ မှာပြီးသွားပြီ ..”
မင်းမင်း အလိုက်တသိနှင့် လူလည်ကျစွာ ငုတ်တုတ်ကြီး ထိုင်မနေပဲ ဆရာမိုးတို့ကို ထ၍ နှုတ်ဆက်သည်။ ဆရာမိုးနှင့်ပါလာသည် လူကြီးအတွဲကို စားပွဲဟိုဘက်ကို တွန်းပို့လိုက်ပြီး နောက်ထပ်မိန်းကလေး နှစ်ယောက်ကိုတော့ သူ့ဘက်ကျအောင် ဖန်တီးသည်။ မင်းမင်းရဲ့ ကုလားဖန်ကွက်ကြောင့် ဖူးသစ်စုနှင့် ဆရာမိုးက သူ့ဘယ်နှင့်ညာတွင် ရှိသွားသည်။ ဒါတောင်မှ မင်းမင်းဆင်ပေါက်က နဲနဲလိုသွားသည်ဟု ဆိုရမည်။ တတ်နိုင်လျှင် သူက ဖူးသစ်စုနှင့် သူမထက် နဲနဲကြီးသည်ဟု ထင်ရမည့် ကောင်မလေးကို သူ့ဟိုဘက် ဒီဘက်ထားကာ ထိုင်ချင်တာဖြစ်သည်။
“ဒီမှာ မီနူးခင်ဗျ …”
မင်းမင်း လူကြီးသူမနှစ်ယောက်ကို ရိုရိုသေသေနှင့် မီးနုးစာအုပ် ထိုးပေးလိုက်ပြီး တစ်ဆက်တည်း အခုအချိန်ထိ စကားမပြောသေးသည့် ဖူးသစ်စုကိုလည်း မီနူးစာအုပ်တစ်အုပ် ထိုးပေးကာ ..
“မှာချင်တာ မှာနော် .. စု .. အားမနာနဲ့ ..”
တမင်တကာ “စု” ဟု ခေါ်လိုက်သည့် မင်းမင်း၏ စကားသံကြောင့် ကောင်မလေးသည် မင်းမင်းကို မျက်လုံးလေးဝိုင်းကာ ပြုံး၍ ကြည့်သည်။ မင်းမင်း သူ့ဘာသာသူ “Killer’s smile” ဆိုပြီး နာမည်ပေးထားသည့် အပြုံးချိုချိုလေးကို ညနေကတည်းက ရှင်းသန့်ထားသည့် မျက်နှာပေါ်တွင် နေရာကျကျ ဖြစ်အောင် ပုံဖော်လိုက်သည်။ ဖူးသစ်စုသည် မျက်တောင်လေးချကာ မီးနူးစာအုပ်ကို ယူသွားသည်ကို တွေ့သည်။ ဒီနေရာတွင် Killer’s smile ဆိုလို့ အေးစက်စက်မျက်နှာပေးနှင့် လက်မရွံ့ဓါးသမား၏ အပြုံးလို့ တလွဲမတွေးကြပါနှင့်။ မင်းမင်းဆိုလိုချင်သည်က Lady Killer’s smile ကို ဆိုလိုခြင်း ဖြစ်သည်။ သူနှုတ်ခမ်းထူထူအမ်းအမ်းနှစ်ခုကို အပြည့်အဝဖွင့်ကာ ရီဝေေ၀လေးကြည့်ကာ ပြုံးခြင်းဖြစ်သည်။ မင်းမင်း အပြုံး အောင်မြင်သည် မအောင်မြင်သည်ကတော့ မီနူးစာအုပ်ကိုင်ကာ လျှောက်ကြည့်နေသည့် ဖူးသစ်စု၏ လက်ကလေးက အစောပိုင်းတွင် မသိမသာလေး တုန်ရင်နေသည့် အချက်က သက်သေခံနေသည်။
ဆရာမိုးက မင်းမင်းကို သူ့ညီမဝမ်းကွဲ ဖြစ်သူနှင့် မိတ်ဆက်ပေးသလို ဖူးသစ်စုကလည်း မင်းမင်အား သူ့အစ်မဝမ်းကွဲ ဆိုသူနှင့် မိတ်ဆက်ပေးသည်။ ဒီနောက်တွင်တော့ မင်းမင်း ကြိုမှာထားတာတွေက အံကိုက်ရောက်လာလို့ အရန်သင့်ပင် စစားလို့ရသည်။ အရင်ဆုံး ဆရာမိုးက ရှဲလ်ကိုစစားပြီး မင်းမင်းကတော့ တမင်တကာ အလိုက်တသိနှင့် အမှတ်တွေရအောင် ငါးကို ဖဲ့၍ ပန်းကန်လေးတွေထဲ သပ်သပ်ထည့်ပေးသည်။
“ဟ .. ကောင်းတယ်ဟ .. မင်းမင်းရ … လက်ရာ အတော်မိုက်တာပဲ ..”
“ကျနော်ပြောသားပဲ .. ဆရာရ .. ဒီဆိုင်က စလုံးမှာ နာမည်ကြီးတယ် .. hungrygowhere ထဲမှာတောင် ဒီဆိုင်နာမည်က ပါတယ် ..”
“ဟုတ်တယ်ဗျ .. ကိုမိုးရ .. ငါ့တူ ပြောတာ မှန်တယ် …ကိုယ့်ရုံးက လူတွေလည်း ဒီဆိုင်နာမည် ခဏခဏ ပြောတယ် ..”
မေနန်းမောင်ဆိုသည့် ဖူးသစ်စုအစ်မ၏ အဖေက မင်းမင်းဘက်က ထောက်ခံပြီး ဝင်ပြောသည်။ ငါ့တူဆိုသည့် အသုံးကို သဘောရိုးနှင့် သုံးလိုက်ပေမယ့် မင်းမင်းနှင့် ဖူးသစ်စု တိုင်ပင်ထားသည့်အလား တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြသည်။ ဒီတစ်ခါတော့ မင်းမင်း “Killer’s smile” သုံးဖို့ အခွင့်မကြုံလိုက်။ ကောင်မလေးက ငါးဖတ်ကို တူနှင့်ထိုးကာ ပြန်ငုံ့စားသည်။
ဟင်း .. အငတ်မလေး ကျနေတာပဲ … ကတောက် !!!
အစာလေး နဲနဲဝင်တော့ မင်းမင်းကပဲ နည်းနည်းပါးပါး သောက်ရအောင်ဆိုပြီး အဖော်ညှိသည်။ ဆရာမိုးရော၊ အန်ကယ်တင်မောင်ကပါ လက်ခံသဖြင့် မင်းမင်း သူတို့အတွက် ပုလင်းမှာ၍ ကောင်မလေးတွေအတွက်တော့ သံဗူးတစ်ခုစီ မှာပေးလိုက်သည်။ မေနန်းမောင်၏ အမေ အန်တီ၀၀ကြီးက သူမ မသောက်ပေမယ့် သူ့သမီးနှင့် တူမအသစ်စက်စက် Heineken ဖောက်သောက်သည်ကိုတော့ မတားပါ။ ခေတ်မီသည့် အန်တီကြီးပဲ။ မေနန်းမောင်ကိုယ်တိုင်လည်း ခေတ်နှင့် လိုက်လျောညီထွေရှိစွာ ကြိုးတစ်ချောင်း ဂါဝန်လေးကို ဝတ်လာသဖြင့် အရှေ့အလယ်ပိုင်းရပ်ဝန်းရှိ တောင်ပူစာနှစ်လုံးက နဲနဲ အပြင်ကို လျှံကျနေသည်။ ခါတိုင်းအချိန်ဆို မင်းမင်း ငေးချင်ငေးမိနေဦးမည် ဖြစ်သော်လည်း အခုတော့ ဆံပင်လေးတွေကို သပ်ပြီး ခေါင်းငုံ့ကာ စားနေသည့် ဖူးသစ်စု၏ မျက်နှာလေးလောက် ရင်ခုန်အောင် လုပ်နိုင်စွမ်း မရှိချေ။
ဘီယာဝင်လာသည့်နောက်တွင်တော့ မင်းမင်းတို့ ဝိုင်းကာ အတော်စိုပြည်သွားသည်ဟု ပြောရမည်။ နဲနဲ လျှာသွက်အာသွက်ဖြစ်လာတော့ မင်းမင်း သူ၏ နောက်ထပ် အစွမ်းတစ်ခုကို ထုတ်ပြကာ စကားဝိုင်းကို ရေပက်မဝင်အောင် ဦးဆောင်လိုက်သည်။ အမှန်စင်စစ် မင်းမင်းသည် အင်မတန် သွက်လက်ဖျတ်လတ်ပြီး အကင်းပါးသူ၊ အလိုက်သိသူ၊ စကားပြောကောင်းသူ တစ်ဦးပင်။ မင်းမင်း စကားပြောကောင်းသည်ဆိုရာ၌ ပမာဆိုရသော် သူသည် ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောနိုင်ပြီး၊ ထိုလိပ်သည် ဖွတ်နှင့်မိကျောင်းက ပေါင်းဖက်၍ ဖြစ်တည်လာသည်ဟုဆိုသော် တစ်ဖက်ကလူက “ဟင် .. အဲဒီလိုဖြစ်ခဲ့တာလား” ဟု တအံ့တသြ မေးယူရလောက်အောင် စကားရည်လည်စွာ ပြောတတ်သူ ဖြစ်သည်။ နိုင်ငံရေးစိတ်ဝင်စားသူများနှင့် ကြုံလျှင် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်သည် သူနှင့် ဂေါ်လီရိုက်ဖက်တွေဟု ထင်သွားရလောက်အောင် ခရေစေ့တွင်းကျ ပြောနိုင်ပြီး၊ စီးပွားရေးအကြောင်း ပြောကြမည်ဆိုလျှင်လည်း သူသာ ဒီအကွက်ကို ထောက်မပြခဲ့သော် နက်ဖြန်၊ သန်ဘက်ခါပင် အီးယူစီးပွားရေးဇုံသည် ပျက်စီးသွားမည့်ကိန်း မြင်သည်ဟု ရှင်းပြနိုင်သူ ဖြစ်သည်။
ဒီတော့ အရှိန်လေးရလာလို့ လူချင်းနဲနဲ အလွမ်းသင့်သွားချိန်တွင် ဖူးသစ်စုမှာ ခုနကလို အစာကိုပဲ ကသိုဏ်းရှူနေသည်မဟုတ်တော့ပဲ မင်းမင်းနှင့် ရယ်ရယ်မောမော ဖြစ်လာသည်။ ဒီနေရာတွင်လည်း မင်းမင်းက လည်သည်။ နပ်သည်။ သူ့စကားတွေက ဖူးသစ်စုကို ဦးတည်ကာ သွားပေမယ့် မေနန်းမောင်ကိုလည်း စကားဝိုင်းအပြင်ဘက်သို့ ရောက်မသွားစေရအောင် ချုပ်ထားသည်။ သူ့နည်းက ရိုးပေမယ့် ထိရောက်ပါသည်။ ဖူးသစ်စု မသိသည့် စလုံးအကြောင်းတစ်ခုပြောလျှင် မေနန်းမောင်ဆီက ထောက်ခံချက်ယူခြင်းဖြင့် ညီအစ်မနှစ်ယောက်သည် သူ့လေထဲတွင် မျှောကာ အချိန်တစ်နာရီကျော် နှစ်နာရီနီးပါးကို ကုန်မှန်းမသိ ကုန်ကာသွားသည်။ မင်းမင်းအပေါ် ရင်းနှီးမှုသည်လည်း ဒုတိယတစ်ကြိမ်တွေ့သည့် ဖူးသစ်စု မပြောနှင့် ပထမအကြိမ်စတွေ့သည့် မေနန်းမောင်ကတောင် “အစ်ကို… အစ်ကို” ဟု အခေါ်ခံရသည်အထိ တိုးတက်သွားသည်။
ဒီလိုနှင့် အချိန်တန်၍ ပြန်ကြရမည် ဆိုတော့ ..
“ဆရာမိုး … ကားငှားပြီး ပြန်မှာမလား ..”
အန်ကယ်တင်မောင်ကားက ဆလွန်းကားမို့ အလာတုန်းကလည်း ဖူးသစ်စုနှင့် ဆရာမိုးက တက်စီစီးလာကြတာ ဖြစ်သည်။
“အေး .. တက်စီပဲပေါ့ … သူ့ကားကမှ မဆန့်တာ ..”
“ဒါဆို ကျနော်လိုက်ခဲ့မယ်လေ … ဆရာတို့က Bedok ဆိုတော့ ဆရာတို့ဆင်းမှ ကျနော် ဆက်ငှားသွားမယ်လေ .. ဒီအချိန် တက်စီရှားတယ် ..”
မင်းမင်း ကိုယ့်ဖဲ ကိုယ်ဆင်လိုက်ယုံမက တခါထဲ စကားအလိမ္မာသုံးကာ သူ့အပြောကို လက်ခံအောင် ဂွင်ရိုက်သည်။ ဆရာမိုးက မငြင်းသလို၊ ဖူးသစ်စုကလည်း ဘာမှမပြောသဖြင့် တက်စီတစ်စီးလာတော့ ကားနောက်ခန်းတံခါးကို ဖွင့်ပေးကာ ဖူးသစ်စုကို ဝင်ထိုင်စေသည်။ မင်းမင်း ခပ်တည်တည်နှင့် နောက်ခန်းမှာပဲ ဝင်ထိုင်တော့ ဖူးသစ်စုက က္ကန္ဒြေမပျက် မင်းမင်းကို ကြည့်ကာနေသည်။ မင်းမင်း ဒီလိုမျိုး ကောင်မလေးကို သဘောကျသွားသည်။ မလိုအပ်ပဲ ရှက်မနေတတ်သည့် ကိစ္စသည် မင်းမင်းအတွက်တော့ မြန်မာမိန်းကလေးတစ်ယောက်၏ အသိအမှတ်ပြုထိုက်သည့် အရည်အချင်းတစ်ခု ဖြစ်ပါသည်။
ချန်ချီကနေ ဘီဒုတ်က သိပ်မဝေးသဖြင့် မင်းမင်း အာတော့သိပ်ရိုက်လို့ မရလိုက်ပါ။ Bedok Reservoir လမ်းထဲရောက်လို့ ဖူးသစ်စု နေမည့် ကွန်ဒို ရှေ့ရောက်တော့ ဆရာမိုးနှင့် သူမက ဆင်းကာ မင်းမင်းကို နှုတ်ဆက်သည်။ မင်းမင်း ဟောလီးဝုဒ်မင်းသားကြီး Richard Gere ၏ စတိုင်လ်အတိုင်း “keep the meter running” ဆိုပြီး တက်စီသမားကို လှမ်းပြောကာ ကားပေါ် လက်ထောက်၍ ငါးမိနစ်လောက်ကြာအောင် ဆရာမိုးတို့ကို နှုတ်ဆက်စကားပြောလိုက်သေးသည်။ အဓိက ပြောသည့်အကြောင်းအရာက ထမင်းစားဝိုင်းတွင် မကြာမကြာ ပြောခဲ့သည့် အကြောင်းအရာကိုပင် ဖူးသစ်စုအား မမေ့အောင် မှာကြားခြင်းဖြစ်သည်။
“စု … အစ်ကို့ကို လိုအပ်တာပြောနော် .. အားမနာနဲ့ .. ဖုန်းသာ ဆက်လိုက် သိလား ..”
မင်းမင်း၏ ဘယ်နှစ်ကြိမ်မြောက် ပြောမိမှန်းမသိသည့် စကားတွင် ဖူးသစ်စုသည်လည်း ပြုံးပြုံးလေးနှင့် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ခေါင်းညိတ်ကာ ပြခြင်းဖြင့် ထို့နေ့ညကို လှပစွာ အဆုံးသတ်ခဲ့ကြသည်။ မှတ်မှတ်ရရ ထိုနေ့က လမိုက်ညဖြစ်ပေမယ့် မင်းမင်းရင်ထဲတွင် လဝန်းလေးသာနေသလို ခံစားရလေသည်။
*** *** ***
မင်းမင်း တိုပါးရိုးအိမ်၌ နေဖြစ်ခြင်းတွင် လျှို့ဝှက်သော အကြောင်းရင်း တစ်ခုရှိပါသေးသည်။ ဒီအကြောင်းက ပြောရမည်ဆိုလျှင် နတ်ပြည်က ပစ်ချလိုက်သည့် အပ်တစ်ချောင်းနဲ့ လူ့ပြည်က ပစ်တင်လိုက်သည့် အပ်တစ်ချောင်း ထိချင်ထိနိုင်ပေမည် ဆိုသော မျှော်လင့်ချက်မျိုးကို အခြေခံထားတာ ဖြစ်သည်။ မင်းမင်းရဲ့အိမ်ရှင် James သည် OCBC Bank ၏ ဘဏ်ခွဲတစ်ခုတွင် အလုပ်လုပ်နေသူ ဖြစ်သည်။ မင်းမင်း ရန်ကုန်မှာ နေကတည်းက ဖန်တစီ (စွဲလမ်းမှု) အသေးစားလေး တမျိုးရှိခဲ့သည်။ အဲဒါကတော့ တခြားမဟုတ်ပါ။ ဘဏ်မှာအလုပ်လုပ်နေတဲ့ ဝတ်စုံလှလှနှင့် ကောင်မလေးတစ်ယောက်ကို အားရပါးရ ချစ်ကြည့်ချင်သော ဆန္ဒဖြစ်သည်။ ကြည့်ရတာ ဂျပန်ကားတွေ ကြည့်တာ အကြည့်များသွားလို့လည်း ဖြစ်နိုင်ပါသည်။
ပုဂ္ဂလိကဘဏ်တွေ ပေါ်ပေါက်လာတော့ အကြောင်းတိုက်ဆိုင်လို့ မင်းမင်း သူ့စိတ်ကူးကို အကောင်အထည်ဖော်ဖို့ အကွက်ရခဲ့သည်။ သူ မနက်ဘက် လက်ဖက်ရည်ဆိုင်ထိုင်သည့် အချိန်တွင် တစ်ဖက်ရပ်ကွက်ကကောင်မလေးတစ်ယောက်ကို ဘဏ်မှာအလုပ်သွားရန် ဖယ်ရီ စောင့်နေတာ အမြဲလိုလို တွေ့ရတတ်သည်။ နေစဉ်ရက်ဆက် တွေ့လာရသည်မို့ ယောကျ်ားလေးပီပီ မင်းမင်း သူ့စိတ်ကူးကို ဖြည့်ဆည်းဖို့ ကြိုးစားလေသည်။ တောင်တန်းကြီးက မိုဟာမက်ဆီ မလာလျှင် မိုဟာမက်က တောင်တန်းကြီးဆီ သွားရမှာပေါ့လို့ မင်းမင်းက ခံယူထားသဖြင့် ကောင်မလေး ဖယ်ရီစောင့်နေချိန်တွင် သူ သွားစကားပြောသည်။ ကိုယ်နှစ်သက်သည့် မိန်းကလေးတစ်ယောက်ကို သဘောကျကြောင်း ထုတ်ဖော်သည့် ကိစ္စသည် ရှက်ကြောက်စရာမဟုတ်ဟု မင်းမင်း အရွယ်ရောက်ကတည်းက ခံယူထားသည်။ ပထမတစ်ရက်၊ ဒုတိယတစ်ရက်၊ တတိယတစ်ရက်ရောက်သောအခါ နေပူကာကွယ်ဖို့ ထုတ်ဆောင်းထားသည့် ထီးကလေးသည် ကောင်မလေးလက်မှ မင်းမင်းလက်ကို ရောက်သွားသည်။ အဲဒီတစ်ပတ်ပြီးသွားလို့ နောက်တစ်ပတ် ရုံးပြန်တက်တော့ ကောင်မလေးက သူမ စောင့်နေကြနေရာတွင် ရပ်မနေတော့ပဲ ဖယ်ရီကို မင်းမင်း ထိုင်နေကြ လက်ဖက်ရည်ဆိုင်ထဲက ထိုင်စောင့်သည်အထိ ဖြစ်လာသည်။ ထိုကောင်မလေး နာမည်က မျိုးမျိုးဟုပဲ အလွယ်ဆိုကြပါစို့။
မျိုးမျိုးသည် ခပ်မိုက်မိုက်ကလေး ဖြစ်သည်။ ပုဂ္ဂလိကဘဏ်မှာ အလုပ်ရသည်ဆိုကတည်းက ရုပ်ရည်အနေအထားကို ပြောပြနေစရာ လိုမည်မထင်ပါ။ သူမ၏ ထင်ရှားသည့် လက္ခဏာကား တင်လုံးလုံးလေးက နဲနဲကောက်သလိုဖြစ်သဖြင့် ယူနီဖောင်းစကတ်လေးထဲကနေ နောက်ကိုမောက်ထွက်နေသလိုမျိုး ဖြစ်နေသည်။ ဒီတော့ သူမပုံစံက ရှေ့ကကြည့်လျှင် ရင်ခုန်ဖို့ကောင်းနေပြီး နောက်ကကြည့်လျှင် သွားရည်ကျချင်စရာ ကောင်းလှသည်။ ကောင်မလေးတွေ ကျလောက်အောင် ပြောတတ်သူမို့ မင်းမင်း ကာလတိုအတွင်း အနှီတင်ကောက်မလေး မျိုးမျိုးနှင့် ခရီးရောက်အောင် ကြိုးစားနိုင်ခဲ့သည်။
မျိုးမျိုးသည် မင်းမင်းနှင့် အတော်ရင်းနှီးလာပေမယ့် သူမအလုပ်လုပ်နေသည့် ဘဏ်ကို လာကြိုဖို့ ကိစ္စကိုတော့ ဘယ်လိုမှ လက်မခံပေ။ သူမ အကြောင်းပြချက်က လက်ရှိ အလုပ်လုပ်နေသည့် ဘဏ်ခွဲတွင် ရှိနေသူက သူမဦးလေးအရင်းဖြစ်ပြီး ယောကျ်ားလေးတစ်ယောက်ယောက် လာကြိုတာကို သိသွားလျှင် သူမ အိမ်နှင့် ပြသနာတက်နိုင်ကြောင်း ရှင်းပြထားသည်။ မင်းမင်း သိပ်မလက်မခံချင်ပေမယ့် သူကိုယ်တိုင်ကလည်း သူမကို အီစီကလီသာ ရိုက်ထားသဖြင့် ရှေ့တိုးဖို့ နဲနဲခက်နေသည်။ မျိုးမျိုးကို ဘဏ်ဝတ်စုံလေးနှင့် အပြင်ခေါ်ထုတ်နိုင်ဖို့ကလည်း ညနေဘက် သွားကြိုဖို့ကလွဲလို့ တခြား နည်းလမ်းမရှိပေ။ သူနှစ်ပတ်တိတိလောက် တော်တော်ဦးနှောက်ခြောက်လိုက်သည်။ အမှန်တကယ်ဆို မျိုးမျိုးကို ရုံးပိတ်ရက် တစ်ရက်ရက်တွင် သူအပြင်မှာ ချိန်းနိုင်သော်လည်း ဘဏ်ယူနီဖောင်း ဝတ်လာခဲ့ဖို့ ဘယ်လိုမှာရမှန်းမသိ ဖြစ်နေသည်။ သူက ဒီကောင်မလေးကို ဘဏ်ဝတ်စုံလေးနှင့်သာ တွဲ၍ စိတ်ဝင်စားတာ ဖြစ်သဖြင့် ရိုးရိုးသာမန် အဝတ်အစားနှင့် တွေ့ရမည့် အဖြစ်ကို သိပ်မလိုချင်ပေ။ ခက်တော့ခက်နေသည်။ မင်းမင်း အကြံအစည်ကိုသာ သိလျှင် ဟိုက သူနဲ့လိုက်ဖို့နေနေသာသာ ပါးတောင်ရိုက်သွားနိုင်သေးသည် မဟုတ်လား။
နောက်ဆုံး ကြံရမရ ဖြစ်နေသည့် မင်းမင်း အဒေါ် ဖြစ်သူ ငှားထားသည့် ဝေဒမဂ္ဂဇင်း စာအုပ်ကိုတွေ့မှ အကြံရသည်။ ကိုယ့်နဖူးကိုယ်ရိုက်မိကာ တော်တော်တုံးတဲ့ ငါပါလားလို့တောင် တွေးမိပြီး ဟက်ဟက်ပက်ပက် ရယ်ရသေးသည်။ မင်းမင်း ကြံစည်ထားသည့်အတိုင်း မျိုးမျိုးကို ပြောပြလိုက်တော့ သူမက မျက်မှောင်ကျုံ့ပြီး မင်းမင်းကို ကြည့်သည်။ မင်းမင်းက မျက်နှာသေလေးနှင့် ခပ်တည်တည်နေလိုက်သဖြင့် သူ့အပြောကို ယုံသွားပြီး ဒီအပတ် တနင်္ဂနွေနေ့မှာ တွေ့ကြမယ်လေဆိုပြီး လက်ခံလိုက်သည်။ အဲဒီနေ့က ဖယ်ရီလာလို့ လက်ဖက်ရည်ဆိုင်က မျိုးမျိုးထသွားတော့ စကတ်လှလှလေးထဲမှ ပြည့်တင်းနေသော သူမ၏ တင်သားတွေကို ကြည့်ပြီး မင်းမင်း ကျေကျေနပ်နပ်ကြီး ပြုံးမိသေးသည်။ အကောင်းကြီး ရှိနေသည့် အဖေဖြစ်သူကို ကောက်ခါငင်ခါ နာတာရှည် ရောဂါဖြစ်လိုက်ရတာတစ်ခုပဲ သူနဲနဲတော့ မျက်ခုံးလှုပ်မိသော်လည်း ဗေဒင်ဆရာက ဘဏ်က အသိကောင်မလေးတစ်ယောက်နဲ့ သွားပြီး ယတြာချေပါဆိုသည့် အပိုင်းကိုတော့ သူဘယ်လိုမှ မဖြစ်ပေ။ သြော် .. မိန်းမ ဆိုသည်က ရှေးအစဉ်အဆက် ဗေဒင် ကိန်းခန်းတွေကို ယုံသည့် အမျိုးပါလား ဆိုတာကိုတော့ သူလက်ခံလိုက်သည်။
ကျန်သည့်အပိုင်းကတော့ ရှင်းပါသည်။ ယတြာအတွက် ငါးသွားလွှတ်ရမည် ဆိုသည့်နေရာက ကန်တော်ကြီး ဖြစ်မှတော့ ငါးလွှတ်လွှတ်ပြီးပြီးချင်း ပြန်သည်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်တော့မည်နည်း။ နဂိုကတည်းက ကုလားဖန်ထိုးထားသော ဖဲကို တစ်ချပ်ချင်း ဝေသလို မင်းမင်းလည်းပဲ တစ်ဆင့်ချင်း တက်ခဲ့သည်။ အရိပ်ကောင်းသည့် သစ်ပင်ကြီးအောက်မှာပင် ထီးကလေးတစ်ချောင်းကွယ်ပြီး နဲနဲ အလုပ်ဖြစ်လိုက်သည်။ နဲနဲအလုပ်ဖြစ်ပြီး များများအလုပ်ဖြစ်ဖို့ကြတော့ ကန်တော်ကြီးထဲက ပြန်ထွက်ကာ အနီးမှာရှိသည့် တည်းခိုခန်းကို ဒိုးကြသည်။ မျိုးမျိုးက ရှက်ကိုးရှက်ကိုး ဖြစ်မနေပဲ မချိုမချဉ် မျက်နှာပေးနှင့် ဒါကလည်း ယတြာချေတာပဲလားဟုတောင် မင်းမင်းကို စနေသေးသည်။
ဘာပဲဖြစ်ဖြစ် ထိုမဟုတ်ကဟုတ်က အကြံကို အကြောင်းပြု၍ မင်းမင်း ထိုနေ့က မျိုးမျိုးနှင့် ကောင်းကောင်းချစ်လိုက်ရသည်။ သူက နှစ်ယောက်သား လုပ်ကြသည့်အချိန်တွင် ကုလားဖန်တွေ ထပ်ထိုးလိုက်၍ မျိုးမျိုးက စကတ်ကိုသာချွတ်ပေးပြီး ဘဏ်ဝတ်စုံကုတ်အင်္ကျီလေးနှင့် အလုပ်ခံသည်။ နှစ်ဦးသား ကာမခရီးသွားတာ တော်တော်ရောက်လို့ လမ်းတထောက်တွင် ခနနားကာ နေရာပြောင်းကြတော့ မျိုးမျိုးက အင်္ကျီချွတ်လိုက်မယ်လေဟု ပြောတာတောင် မင်းမင်းက ဒီအတိုင်းလေး ပိုမိုက်တယ်ကွာဆိုပြီး မချွတ်ပဲ နေခိုင်းသည်။ ဒီလိုဆိုတော့ မျိုးမျိုးခင်မျာ မင်းမင်း အကြံကို နဲနဲရိပ်မိသလို ဖြစ်သွားရသည်။ ကျောချမှ ဓါးပြမှန်း သိတယ်လို့ ဆိုလို့ရပေမယ့် အခြေအနေက ထိုင်ရမလို ထရမလို ဖြစ်နေသည့် အနေအထားမို့ သူမ တခြားကို စဉ်းစားမနေတော့ပဲ မင်းမင်းအပေါ်ကနေ ထိုင်ထကိုပဲ ဆက်လုပ်သည်။ မျက်လုံးလေးတွေက ခပ်မှေးမှေး ဖြစ်နေသောကြောင့် မျက်စောင်းထိုးလား မထိုးလားတော့ မင်းမင်း သေချာမသိပါ။ သူသိတာက တဟင်းဟင်း တအင်းအင်း ညည်းရင်း သူမ တစ်ချီပြီးသွားကိုပဲ ဖြစ်သည်။
အဲဒီနောက်တော့ နေ့တိုင်း သွားရည်ကျခဲ့ရသည့် မျိုးမျိုး၏ တင်လုံးလုံးမောက်မောက်လေးကို ပိုမိုပေါ်လာစေသည့် ပိုစက်ရှင်နဲ့ ဆက်ဆွဲကြသည်။ ဒီလိုမျိုး ဒေါ့ဂီအနေအထားက ထိလှသည်မို့ မျိုးမျိုးတစ်ယောက် တစ်ချီပြီးသွားတာတောင် စိတ်ပြန်ပါလာသည်။ မင်းမင်း ပွဲသိမ်းရိုက်ချက်အဖြစ် သူမကို ပက်လက်ပြန်လှန်ပြီး ပေါင်တံနှစ်ချောင်းကို ရင်ဘတ်ထိရောက်အောင် တွန်းတင်ပြီး ဆောင့်သည်။ ကြယ်သီးဖြုတ်ထားသဖြင့် ကုတ်အင်္ကျီဟပြဲလေးကြားမှ ပြူထွက်နေသည့် ဘရာစီယာ မလုံ့တလုံ့ နို့လေးတွေ လှုပ်ခါနေပုံက ရမ္မက်ထဖွယ် ကောင်းလွန်းနေရာ မင်းမင်း အောင့်မထားနိုင်တော့ပဲ နောက်ထပ် ငါးမိနစ်မကြာခင် ပြီးသွားလေတော့သည်။ နှစ်ယောက်သား ဖက်ပြီး အမောဖြေကြတော့ မျိုးမျိုးက
“အင်္ကျီတွေတော့ ကြေကုန်ပါပြီ .. နက်ဖြန် ရုံးတက်ဖို့တော့ ဒုက္ခပါပဲ”
ဆိုပြီး မင်းမင်းကို ညူတွန်တွန်လေး ဆိုရှာသည်။
“မျိုးက ဒီအင်္ကျီလေးနဲ့ လိုက်လို့ပါကွာ”
ဟု မင်းမင်း လေပြေလေးနှင့် ချော့မှ ကျေနပ်သွားသည်။ သိပ်ကြာနေလျှင် အိမ်က ပြသနာရှာနေမယ်ဟု မျိုးမျိုးက တောင်းဆိုသဖြင့် မင်းမင်းတို့ ဘာမှ ထပ်မလုပ်နိုင်ပဲ အိမ်ကိုသာ ပြန်လာခဲ့ကြသည်။
ပြောလျှင် ယုံကြမလားတော့ မသိ။ မင်းမင်းနှင့် မျိုးမျိုးသည် တစ်ယောက်နှင့်တစ်ယောက် ဒီအဆင့်ထိရောက်ခဲ့ပေမယ့် အမှန်အတိုင်း ဆိုရသော် ချစ်သည် ကြိုက်သည်ဆိုတဲ့စကား တစ်ခွန်းမှ မပြောဖြစ်ခဲ့ကြပေ။ မင်းမင်းကလည်း ဒီအတိုင်း အကဲစမ်းခဲ့တာဖြစ်ပြီး မျိုးမျိုးကိုယ်တိုင်ကလည်း ထိုအကဲစမ်းမှု၏ နောက်ကို သိသိသာသာကြီး လိုက်ခဲ့တာ ဖြစ်သည်။ မင်းမင်း ထိုစဉ်အခါက နဲနဲတောင် ထိုအချက်ကို သံသယဝင်ခဲ့သေးသည်။ သိပ်တော့ အကြာကြီး သူအဖြေနဲ့ ဝေးမနေခဲ့ပါ။
နောက်လရောက်လို့ မင်းမင်း မျိုးမျိုးလုပ်နေသည့် ဘဏ်ခွဲဘက်သို့ ထမင်းစားချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် မတော်တဆ ရောက်သွားတော့ အဖြေကို အရှင်လတ်လတ်ကြီး ပက်ပင်းတွေ့လိုက်ရသည်။ မျိုးမျိုး ဦးလေးဟု ဆိုထားသည့်သူနှင့် သူမက စားသောက်ဆိုင်တွင် နှစ်ယောက်တည်း ထမင်းအတူ စားနေယုံမက အအေးပုလင်း တစ်ပုလင်းထဲကိုတောင် ပိုက်နှစ်ခုထည့်၍ သောက်နေသေးသည်။ ဒီလောက်ဆို သူတို့နှစ်ဦးက ဘယ်အခြေအနေလောက် ရှိနေပြီဆိုတာ ဗေဒင်မေးစရာတောင် မလိုတော့ပေ။ ဒီဘ၀ ဒီမျှပါပဲဟုသာ သဘောထားရင်း မင်းမင်းကိုမြင်ပြီး မျက်စိမျက်နှာပျက်နေသည့် မျိုးမျိုးကို သူ့ဦးလေးမမြင်အောင် တာ့တာပြပြီး မင်းမင်း ပြန်လှည့်လာခဲ့သည်။
အဲဒီနောက် တစ်ပတ်ကျော်ကျော်လာက်တော့ မင်းမင်း သူမ ရုံးတက်ချိန်ကို လက်ဖက်ရည်ဆိုင် သွားမထိုင်ဖြစ်ပါ။ တကယ်ဆို မျိုးမျိုးနှင့် ဖြစ်ပျက်ခဲ့သည့်ကိစ္စသည် အချစ်နဲ့ပတ်သက်ပြီး စိတ်နာနေသည့် အချိန်တွင် ကြုံခဲ့တာမို့ မင်းမင်း ထူးထူးထွေထွေ ဘာမှ ထပ်မခံစားရပါ။ သူ့ကိုတွေ့လို့ မျက်စိမျက်နှာပျက်သလို ဖြစ်သွားသည့် မျိုးမျိုးအတွက် အနှောင့်အယှက် ဖြစ်သွားမှာစိုးလို့သာ မင်းမင်း ဆုံနေကြအချိန်ကို ရှောင်နေခဲ့တာဖြစ်သည်။ နဲနဲ သွေးအေးသွားလောက်ပြီထင်မှ သူ ဆိုင်ပြန်ထိုင်သည်။ ထိုရောအခါ မင်းမင်းကို တွေ့ပေမယ့် မျိုးမျိုးက လက်ဖက်ရည်ဆိုင်ကို လာမထိုင်တော့ပါ။ မင်းမင်း ရှိရာဘက်သို့လည်း မကြည့်ပေ။ မူလအရင်တုန်းက ဖယ်ရီစောင့်နေကြ နေရာတွင်တော့ စောင့်မြဲအတိုင်း စောင့်နေသည်။ မင်းမင်းနဲ့ ခင်နေတဲ့ စားပွဲထိုးကောင်လေးက
“အစ်ကိုတို့ မခေါ်တော့ဘူးလား”
ဟု စပ်စုသလို အမေးတွင် မင်းမင်းက အောက်ပါအတိုင်းသာ ဖြေခဲ့လေတော့သည်။
“အေးကွ .. ယတြာချေပြီးသွားလို့ပါကွာ …”
*** *** ***
James နှင့် မင်းမင်းသည် တော်တော်တော့ လေပေးဖြောင့်သည်ဟု ဆိုရမည်။ ဒါကလည်း သိပ်တော့မဆန်းပါ။ မင်းမင်းသည် အင်္ဂလိပ်စာကို မီးကျိုးမောင်းပျက်အဆင့် မဟုတ်ပဲ ဌာန်ကရိုဏ်းကျကျ ပြောနိုင်သဖြင့် သူတို့ လိုကယ်စလုံးတွေ (Local Singaporean) ပြောနေသည့် “လား” တွေ “လဲ” တွေ “လော” တွေ ထက်တော့ ပိုအဆင့်မြင့်မြင့်နှင့် အကြောင်းအရာတစ်ခုကို လိပ်ပတ်လည်အောင် ပြောတတ်သည်။ NTU graduate ဖြစ်သည့်အပြင် အဆင်မြင့်မြင့် ပြောတတ်သည့် မင်းမင်းကို Professional တစ်ယောက်အဖြစ် ယူဆကာ အတိုင်းအတာ တစ်ခုထိတော့လည်း ဂျိမ်းစ်က အထင်ကြီးသည်။ အကျိုးဆက်အနေဖြင့် တစ်ဦးတည်းသားဖြစ်သူ ဂျိမ်းစ်နှင့်သာမက သူ့အဖိုးကြီး Uncle Wong နှင့်ပင် မင်းမင်းက အဆင်ချောသေးသည်။ အိမ်ပြောင်းပြီး သိပ်မကြာခင်ပင်လျှင် မင်းမင်းအပါအဝင် သူတို့သုံးယောက် ဂျဟော (Johor – စလုံးမြောက်ဘက်နှင့် ဆက်စပ်နေသည် မလေးနယ်ခြားမြို့) သို့တောင် သွားပြီး လည်ဖြစ်ခဲ့ကြသည်။
တစ်ခုသော ကြာသပတေးနေ့ညနေတွင် ဖြစ်သည်။ ထိုကြာသပတေးနေသည့် ရှားရှားပါးပါးရှိလှသည့် စလုံး၏ Public holiday တစ်ရက်နှင့်လည်း တိုက်ဆိုင်နေသည်။ ထို့အတွက်ကြောင့် ဂျိမ်းစ်၏ အစီအစဉ်နှင့် သူတို့တွေ ဘာဘီကျူးလုပ်စားဖြစ်ကြသည်။ ဒီနေရာတွင် စလုံးအကြောင်း မသိသူတွေအတွက် အနည်းငယ်ရှင်းပြရသော် မင်းမင်းတို့လို Housing Development Board ( မြန်မာလို ဆိုရသော် .. အိုးအိမ်ဌာန) က ဆောက်ပေးထားသော HDB Block တွင် နေထိုင်သူများတွင် Barbecue Pit လေးတွေ သက်ဆိုင်ရာ ဘလော့ခ်အတွက် သီးသန့်ရှိပါသည်။ ဘာဘီကျူးလုပ်စားချင်သူက Town Council ၌ စပေါ်ပေးကာ ကြိုတင်ဘွတ်ကင် တင်ထားပြီး ကိုယ်အဆင်ပြေသည့် ရက်တွင် လုပ်စားလို့ရသည်။ Gathering တစ်ခုလိုမျိုးဖြစ်သည့် ဒီလိုမျိုးပွဲသည် စလုံးက လူများအတွက် အတော်တော့ ပျော်ရွှင်ဖွယ်ကောင်းသည့် Activity လေးတစ်ခု ဖြစ်လေ့ရှိတတ်ပါသည်။
မင်းမင်း ဂျိမ်းစ်ကို ကူညီသည့် အနေနှင့် အနားမှာရှိသည့် NTUC စူပါမားကတ်မှာ ပုဇွန်သွားဝယ်ပြီး ပြန်လာတော့ ဂျိမ်းစ် မိတ်ဆွေအပေါင်းအသင်းတွေ ဘာဘီကျူး လုပ်သောနေရာသို့ ရောက်နေကြပြီ ဖြစ်သည်။ မင်းမင်း သူနှင့် မျက်မှန်းတမ်းမိနေသည့် ဂျိမ်းစ်နှင့်တွဲနေသည့် ကောင်မလေး ဂျင်းနီကို ပုဇွန်စိမ်း အထုပ်ကို ကမ်းပေးလိုက်သည်။ ပြီးတော့ ဘာမှမလုပ်သေးခင် ရေခဲပုံးထဲမှ ဘီယာတစ်ပုလင်းကို သွားနှိုက်သည်။ ဂျိမ်းစ်က သူ့ကို မြင်သွားသည်မို့ လက်ပြပြီး လှမ်းခေါ်သည်။
“မင်း .. ဒီကိုလာပါဦး .. ဒီမှာ ငါ့သူငယ်ချင်းတွေ … ”
မင်းမင်း ရောက်သွားတော့ ဂျိမ်းစ်က သူ့နှင့်စကားပြောနေသည့် ဘဏ်က သူ့ဘော်ဒါတွေနှင့် မိတ်ဆက်ပေးသည်။ ကောင်မလေးသုံးယောက်နှင့် ကောင်လေးတစ်ယောက် ဖြစ်သည်။ ကောင်မလေးသုံးယောက်ထဲတွင် နှစ်ယောက်က အမိုက်စားလေး ဖြစ်ပြီး တစ်ယောက်ကတော့ နဲနဲပုံပျက်နေသည့် ခပ်၀၀ ခန္ဓာကိုယ်ရှိသည်။ အားလုံးက စလုံးတွေ ဖြစ်ပြီး ဂျိမ်းစ်၏ မိတ်ဆက်ပေးချက်အရ ဘဏ်စာရေးမလေးတွေ ဖြစ်ကြသည်။ မင်းမင်း မိတ်ဆက်ပေးသည့်အထဲက ဆူဇီဆိုသည့် ကောင်မလေးကို မြင်မြင်ချင်း သဘောကျသွားသည်။
ဆူဇီသည် ကိုယ်လုံးကိုယ်ပေါက် တော်တော်လှပြီး မျက်နှာလေးကလည်း ချစ်စရာကောင်းသည်။ ပုခုံးကျော်ကျော်လေးရှည်သည့် ဆံပင်ကို ခပ်ရိုးရိုးရှင်းလေး အလယ်ကနေ ခွဲထားပေမယ့် ထိုပုံစံကပင် တရုတ်မမျက်နှာပေါက်နှင့် သိပ်မတူသည့် သူမမျက်နှာနှင့် လိုက်ဖက်လှသည်။ ကျန်သည့် မျက်နှာပေါ်က အလှအပတွေကတော့ စလုံးမပီပီ ပြုပြင်နိုင်သမျှ အရာအားလုံးကို ပြုပြင်ချယ်သထားသည်မို့ ဝင်းမွတ်ချောနုနေသည်။ စလုံးမတွေ အပြင်ထွက်လျှင် ဝတ်နေကြဖြစ်သည့် တစ်ထွာလောက်ပဲ ရှိမည့် ဂျင်းဘောင်းဘီတိုလေးနှင့်မို့ သွယ်လျသည့် ပေါင်တံဖြူဖြူဖွေးဖွေးတွေက အဖုံးအကွယ်မရှိပဲ ပေါ်ထွက်နေရာ ဆန့်ကျင်ဘက်လိင်ကို မြင်ယုံနှင့် ဆွဲဆောင်နိုင်ပေသည်။ အရပ်မြင့်မြင့်ပေမယ့် ပိန်ပိန်သွယ်သွယ် မဟုတ်သည့်အတွက် အတော်တော့ ဖြိုးသော ဆော်လေး ဖြစ်သည်။
မင်းမင်း အစောတုန်းက ဖူးသစ်စု မလာနိုင်လို့ စိတ်ပျက်နေပေမယ့် အခုလိုမျိုး ဆူဇီနှင့် ကြုံလိုက်တော့ စိတ်ပျက်မှုကို အနည်းငယ် ဖြေဖျောက်လို့ ရသွားသည်။ သူတကယ်ဆို ဖူးသစ်စုကို တော်တော်သတိရနေတာ ဖြစ်သည်။ ဘာဘီကျူးပွဲက သူလုပ်တာ မဟုတ်သည့်တိုင် ဖူးသစ်စုကို လာပါလားဟု ဖုန်းဆက်ပြီး ဖိတ်သေးသည်။ ဖူးသစ်စုနှင့် သူသည် ဆရာမိုးကို ရန်ကုန်ပြန်လိုက်ပို့သည်နေ့တုန်းက တွေ့ပြီး နောက်ထပ်မတွေ့ဖြစ်ကြသေးပေ။ ထို့နေ့က လေဆိပ်ကပြန်လာတော့ မင်းမင်းနှင့် ဖူးသစ်စု နှစ်ယောက်တည်း ဖြစ်ခဲ့ပေမယ့် သူမနေသော နေရာနှင့် Changi လေဆိပ်က သိပ်မဝေးသဖြင့် တက်စီပေါ်တွင် ဘာမှ ဟုတ်တိပတ်တိ မဆိုဖြစ်လိုက်ကြချေ။
အဲ့ဒီနောက် ဒီအပတ်အတွင်းမှာကြတော့လည်း သူတို့နှစ်ဦး ဖုန်းသာပြောဖြစ်ပြီး လူချင်း အပြင်မှာ မတွေ့ဖြစ်။ မင်းမင်းက အကြံအစည်နှင့် တွေ့ကြရအောင်ဆိုပြီး ဂျိမ်းစ်၏ ဘာဘီကျူးပွဲကို ဖိတ်တော့လည်း သူမက ကောက်ခါငင်ခါ ဖျားသည်။ မင်းမင်း နဲနဲတောင် တွေဝေသွားသည်။ ဖူးသစ်စုသည် သူ့ကိုများ ရှောင်နေတာလား။ ဆရာမိုးက လိုအပ်တာ ကူညီပေးဖို့ အပ်သွားသည်ဆိုပေမယ့် အခုထက်ထိ အကူအညီ မတောင်းသေးတာကလည်း နဲနဲ ဆန်းနေသည်။ ဖူးသစ်စုသည် မြင်ယုံနှင့် ထက်ထက်မြက်မြက်ရှိကာ အကင်းပါးလှသည့် ကောင်မလေးမို့ သူမအပေါ် မင်းမင်း စိတ်ဝင်စားနေသည်ဆိုတာကိုများ ရိပ်မိသွားတာလား …
“မင်း … မင်း !! ”
အသံနဲနဲလေးကျယ်ကာ ခေါ်လိုက်မှုကြောင့် မင်းမင်း၏ အတွေးတွေသည် ဖူးသစ်စုနှင့် ပတ်သက်ပြီး လည်နေရာမှ သူ့ဘေးတွင် ရပ်နေသည့် ဆူဇီဆီသို့ ပြန်ရောက်သည်။ မင်းမင်းနှင့် ဆူဇီသည် ဘာဘီကျူးနေရာမှ နှစ်ယောက်တည်း ခွဲထွက်ကာ ဘီယာတစ်ပုလင်းစီကိုင်၍ သောက်နေကြတာ ဖြစ်သည်။
“အိပ်မက်မက်နေတာလား?”
သူ့ကို စူးစမ်းသလို မျက်နှာပေးနှင့် ဆူဇီက မေးတော့ မင်းမင်း ကောင်မလေးတွေ ကျလောက်သည့် အပြုံးမျိုးကို ပြုံးသည်။
“ဟုတ်မယ် ထင်တယ် .. ဆူဇီသိလား .. အိပ်မက်ထဲမှာ ငါသိပ်လှတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့တယ်”
စလုံးမပဲဖြစ်ဖြစ်၊ အဖြူမပဲဖြစ်ဖြစ်၊ မြန်မာမပဲဖြစ်ဖြစ် မိန်းကလေးဆိုတာကတော့ သူမတို့ကို လှသည်ဟု ပြောသော စကားကို သဘောကျကြတာ အတူတူပင် ဖြစ်ပါသည်။ အထူးသဖြင့် မထိခလုတ် ထိခလုတ်နှင့် စောင်းပြောသော စကားမျိုးကို ပိုသဘောကျတတ်ကြသည်။ ဆူဇီလည်း ထိုထဲတွင် အပါဝအင်ပင် ဖြစ်ပါသည်။ စလုံးမတွေ သိပ်မျက်စောင်းမထိုးတတ်လို့ မင်းမင်းကို မျက်ခုံးလေးပင့်၍သာ ပြုံးစစနှင့် ကြည့်သည်။ ရုတ်တရက်တော့ ဘာမှ ဆက်မပြောပဲ လက်ထဲက ဘီယာပုလင်းကိုသာ လှပသော နှုတ်ခမ်းလေးနှင့် တေ့၍သောက်သည်။ မင်းမင်း ဒါကိုကြည့်ပြီး ဘီယာပုလင်းနေရာတွင် သူ့ဟာသာ ဖြစ်လျှင် ဘယ်လောက်ကောင်းမလဲဟု တွေးမိသဖြင့် ဝတ်ထားသော ဘောင်းဘီတိုကြားမှ ကောင်က ခေါင်းထောင်ချင်သလို ဖြစ်လာသည်။ မျက်စိကို လွှဲကာ ဘောင်းဘီအိတ်ထဲတွင် အသင့်ထည့်ထားသည့် L&M ကိုထုတ်သည်။ စီးကရက်ဘူးကို ဖွင့်လိုက်ပြီး ဆူဇီဘက်ထိုးပေးကာ ..
“ဆေးလိပ်သောက်လား?”
ဆူဇီက “သန့်စ်” လို့ ပြောပြီး ဖွင့်ပေးထားသည့် ဗူးထဲက တစ်လိပ်ကို ဆွဲယူသွားသည်။ မင်းမင်း အလိုက်တသိပင် အသင့်ဆောင်ထားသည့် မီးခြစ်ကို ဖွင့်ပေးလိုက်တော့ သူမက သာသာလေးပင် မီးညှိသွားသည်။ မင်းမင်း ဒီလောက်ဆိုလျှင် သူနှင့် ဆူဇီ၏ အခြေအနေသည် မဆိုးတော့ဆိုတာကို တွက်မိသွားသည်။ စလုံးမတစ်ယောက်ကို လုံးဖို့၊ ဖန်ဖို့ ကိစ္စသည် မင်းမင်းအတွက်တော့ Precast Drawing တစ်ခု (သို့) CD Requirements တစ်ခုကို ဖတ်ရတာ၊ စစ်ရတာလောက် သိပ်ခက်ခဲလှသော ကိစ္စမဟုတ်ပေ။ မင်းမင်းတွင် ရုပ်ရည်ရှိသည်။ စကားကို ကျလောက်အောင် ပြောတတ်သည်။ ဝတ်တာစားတာက သပ်သပ်ရပ်ရပ် ဖြစ်သည်။ ပြီးတော့ စီးကရက်ကို စွဲစွဲမြဲမြဲကြီး မဟုတ်ပေမယ့် ဟန်ကျပန်ကျ သောက်တတ်သည်။ ပြောရလျှင် ထိုနောက်ဆုံးအချက်က တော်တော်အရေးကြီးသည်။
စလုံးမတွေတွင် အကျင့်တစ်ခုရှိသည်။ လူတစ်ယောက်ကို ရိုးရိုး သာမန်ထိုင်စကားပြောတာထက် ဆေးလိပ်သောက်ရန် ခွင့်ပြုထားသည့် နေရာမျိုးတွင် မတ်တပ်ရပ်၍ စကားပြောရတာကို ပိုသဘောကျတတ်ကြသည်။ ရင်းနှီးမှု ပိုမြန်သည်။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပေမယ့် sex သို့ သွားရာလမ်းကြောင်းတွင်တော့ short cut ဖြစ်သည်ကို မင်းမင်းက မျက်မြင်အရရော၊ ကိုယ်တွေ့အရပါ သိထားသည်။ ထို့အတွက်ကြောင့် သူ အမြဲလိုလို သောက်တာ မဟုတ်သည့်တိုင် ဒီနေတော့ တမင်တကာ ဆောင်ထားတာ ဖြစ်သည်။ အခုတော့ သူ့အကြံအစည်က အထမြောက်ပြီဟုပင် ဆိုရမည်။ လူပြည့်ကပစ်တင်သည့် အပ်နှင့် နတ်ပြည်က ပစ်ချသည့် အပ်သည် ရေဒါကို သုံးကာ လာကြလို့လား၊ ဒါမှမဟုတ် ကွန်ပျူတာနဲ့ပဲ တွက်ချက်ထားလို့လားတော့ မသိ .. တည့်တည့်ကြီးကို တိုက်မိဖို့ တော်တော်သေချာနေပြီ ဖြစ်သည်။
ဘာဘီကျူးစားရင်းနှင့် ဟိုအကြောင်း ဒီအကြောင်းတွေ ပြောဖြစ်တော့ မင်းမင်းက သေချာအောင် မေးရသည်။ တော်ကြာနေ “အာ” ပြီးတော့မှ သူ့မှာ ဘွိုင်းဖရင့်ကြီး ငုတ်တုတ်နှင့်ဆို ဒုက္ခရောက်ဦးမည်။ တကယ်တမ်း ယောကျ်ားလေးမိတ်ဆွေရှိတာ ဒီလိုနိုင်ငံမျိုးတွင် အရေးကြီးလားဆိုလျှင် သိပ်တော့ ပြသနာမဟုတ်ပါလို့ ဖြေရမည် ဖြစ်သော်လည်း လုပ်ရကိုင်ရတာတော့ နဲနဲခက်ခဲသည်သာ။
“ဆူဇီ .. ရုံးကပြန်ရင် ဘာလုပ်လဲ?”
“ဘာမှထွေထွေထူးထူး မလုပ်ပါဘူး .. ရှော့ပင်ထွက်၊ ညစာစား၊ တခါတခါတော့ လမ်းလျှောက်တယ် ..”
“အိုကေ .. ဒါဆိုလည်း ညနေ တစ်ချိန်ကြရင် ငါလာတွေ့မယ် .. ညစာ အတူတူစားကြတာပေါ့”
“အိုကေ လား ”
မင်းမင်း စကားက ဘယ်ရောက်နေလဲဆိုတာက သိနေပေမယ့် အတူတူသွားဖို့ကို မငြင်းဘူးဆိုကတည်းက မင်းမင်း သူ့အော်ပရေးရှင်းကို အောင်မြင်ပြီဟု တွက်ထားလိုက်သည်။ ဂျိမ်းစ်နဲ့တွေ့လို့ “ဘယ်လိုလဲ” ဟု အထာလေးနဲ့ လာမေးသည်တွင် မင်းမင်း ပြုံး၍သာ နေလိုက်သည်။ ခပ်လှမ်းလှမ်းတွင် ရှိနေသည့် ဆူဇီကို ဘဏ်ဝတ်စုံလေးနဲ့ မြင်လိုက်ရလျှင်ဖြင့် …..
*** *** ***
နေရာဒေသ အသစ်တစ်ခုကို အခြေချကာ ရောက်ရှိဖို့ ကြိုးစားသော လူတိုင်း ကြုံတွေ့ရသည့် ခံစားချက်မျိုး ဖူးသစ်စု ခံစားနေရသည်။ ငယ်စဉ်ကတည်းက တစ်ယောက်တည်း ဖြစ်ခဲ့သော သူမသည် အခုအသက်အရွယ်ထိ အားငယ်သည်ဆိုသည်ကို တစိုးတစ်မျှ မခံစားခဲ့ရဖူးသော်လည်း လောလောဆယ်တွင်တော့ စိတ်ထဲတွင် အမည်မတတ်နိုင်သည့် ဝေဒနာတမျိုးကို ရရှိနေသည်။ အားငယ်သည်ဆိုတာပဲလားတော့ သူမ သေချာ မသိပါ။
“မာမီရယ် .. ဘာဖြစ်လို့ သမီးကို တစ်ယောက်ထဲ ထားသွားရတာလဲ ..”
ဖူးသစ်စုသည် တစ်ဦးတည်းသော သမီးဖြစ်သည်။ ထိုသို့ တစ်ဦးတည်းသောသမီး ဖြစ်ရသည့်အထဲ သူမ သိတတ်စ အရွယ်မှာတင် အဖေဖြစ်သူက ဆုံးပါးခဲ့သည်။ အမေတစ်ခု သမီးတစ်ခု ဘဝနှင့် ကြီးပြင်းလာခဲ့ရပေမယ့် ဖူးသစ်စု မျက်နှာမငယ်ခဲ့ပါ။ အားငယ်စရာ မရှိခဲ့ပါ။ ဖူးသစ်စု အမေရော၊ အဖေဘက်ကပါ ချမ်းသာသည့်အပြင် သူမအမေ ဒေါ်နီနီစုသည် နာမည်ရ ရှေ့နေတစ်ဦးလည်း ဖြစ်ပေသည်။ ထက်မြက်အရည်အချင်းရှိသည့် အမျိုးသမီးမို့ လင်ယောကျ်ား ဆုံးပါးသွားပေမယ့် ဒေါ်နီနီစု ခြေမကိုင်မိ လက်မကိုင်မိ ဘဝသို့ မရောက်ခဲ့ပါ။ ဖူးသစ်စုအဖေ၏ ကုမ္ပဏီအလုပ်များကို ကိုယ်တိုင် မဦးစီးနိုင်ပေမယ့် ရှယ်ယာဝင်ကာ ဆက်လက်လုပ်ကိုင်ခဲ့သဖြင့် သူမတို့နှစ်ဦးသည် အခြေမပျက်ယုံမက နှစ်စဉ်မှန်မှန်ပင် အကျိုးအမြတ်ရရှိခဲ့သည်။
တစ်ဖက်တွင်လည်း ဒေါ်နီနီစုသည် သမီးဖြစ်သူ ဖူးသစ်စုပေါ်တွင် အစစအရာရာ အလိုလိုက်ကာ ဂရုစိုက်သည်။ ပြေးကြည့်မှ ဒီသမီးလေးသာ ရှိသည့် ဘဝမို့ သမီးဖြစ်သူအပေါ် အချစ်တွေ ပုံအောကာ ထားခဲ့သည်။ ဖူးသစ်စုကိုယ်တိုင်လည်း သူမ ဘဝတလျှောက်လုံး မအေ၏ အချစ်နှင့် အကြင်နာကို နားလည်ခဲ့ကာ ဒေါ်နီနီစု စိတ်တိုင်းကျ နေထိုင်ခဲ့သည်။ အမေဖြစ်သူက သမီးဖြစ်သူကို မျက်စိအောက်မှ အပျောက်မခံခဲ့သလို သမီးဖြစ်သူကလည်း အရွယ်ရှိနေသေးသူ အမေဖြစ်သူအား သူမကိုသာ အချစ်ပိုစေခဲ့သည်။ ဤသို့ဖြင့် သူမတို့နှစ်ဦးသည် နှစ်ယောက်တည်း သီးသန့်ကမ္ဘာလေးတွင် အေးချမ်းစွာ နေထိုင်လာခဲ့သည်မှာ မိခင်ဖြစ်သူတွင် ကင်ဆာဆိုသည့် ရောဂါဆိုးကြီး diagnosis မဖြစ်ခင်အထိပင် ဖြစ်သည်။
ဒေါ်နီနီစု ဆုံးပါးသွားခြင်းသည် ဖူးသစ်စုအတွက် ရွှေတောင်ကြီးပြိုသည်ဟု တင်စားလို့ မရသော်လည်း လောကဓံ၏ အပူဒဏ်မှ ကာကွယ်ဖို့ ခိုနားနေသည့် ညောင်ပင်ကြီး လဲသွားသလိုမျိုးတော့ သူမ ခံစားရပါသည်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုပြီး အမေနှင့် သမီး ရပ်တည်ခဲ့သမျှသည် သမုဒ္ဒရာထက်မှ ရေပွက်သဖွယ် အစရှာမရအောင် ပျောက်ပျယ်သွားခဲ့သည်။ အမေ့အလောင်း မြေကျပြီး ဈာပနကိစ္စတွေပြီးဆုံးသည် အထိတော့ သူမသည် အပူရုပ်ကို ဟန်လုပ်ကာ နေထိုင်နိုင်ခဲ့သည်။ သို့ရာတွင် ရက်လည်ပြီးသည့်နောက်ပိုင်းတွင်မူ သူမတစ်ယောက်တည်း သားအမိနှစ်ယောက်တည်းသာ နေထိုင်ခဲ့သော ကုက္ကိုင်းရှိ နှစ်ထပ်တိုက်ကြီးတွင် ဘယ်လိုမှ ဆက်မနေနိုင်ပါ။ မြင်လေရာရာတိုင်း ဝမ်းနည်းမှုက ကြီးစိုးထားသဖြင့် သူမ ဒီပတ်ဝန်းကျင်ကထွက်ခွာဖို့ ဆုံးဖြတ်ခဲ့သည်။ ထို့အတွက်ကြောင့် သူမသည် မာမီ၏ လူယုံတစ်ဦးဖြစ်သူ အမျိုးလည်းမကင်းသည့် အန်ကယ်မိုးနှင့် တိုင်ပင်ကာ နိုင်ငံခြားတွင် ကျောင်းသွားတက်မည်ဆိုပြီး ကြံစည်ခဲ့သည်။
အန်ကယ်မိုး၏ အကြံပေးချက်နှင့် အမေဖြစ်သူ ရှယ်ယာဝင်ထားသည့် ကုမ္ပဏီအလုပ်တွေကိုလည်း ဒေါ်နီနီစု၏ သူငယ်ချင်းတစ်ဦးဖြစ်သူ ဒေါ်မြမြကြိုင်ဆိုသည့် ရှေ့နေမကြီးနှင့်တိုင်ပင်ကာ ရောင်းချသင့်သည်ကိုရောင်း၊ ဒီအတိုင်းထားသင့်သည်များကို ဆက်ထားသည်။ လက်ရှိနေနေသည့် အိမ်ကိုလည်း နှစ်ရှည်စာချုပ်ချုပ်ကာ မန္တလေးက ကုန်သည်တစ်ဦးကို ငှားခဲ့သည်။ အားလုံးပြီးသည့် အချိန်တွင် အန်ကယ်မိုးက စင်္ကာပူတွင် သူ့အသိရှိသဖြင့် အဲဒီမှာပဲ ဖူးသစ်စု တက်ချင်သည့် ဘာသာရပ်ကို သင်ဖို့ အကြံပေးသည်။ ထို့ကြောင့်ပင် သူမ စလုံးကို ရောက်လာခဲ့ရသည်။ စလုံးအကြောင်း ပြန်စဉ်းစားတော့ သူမအတွေးထဲတွင် အစ်ကိုမင်းမင်းက နေရာယူလာသည်။
“ဟွန်း .. မုန်းစရာလူကြီး .. အကြည့်တွေက ရဲလိုက်တာ ..”
ဖူးသစ်စု နှုတ်ခမ်းလေးက မဲ့သွားသည်။ သို့ပေမယ့် သေချာကြည့်မည်ဆိုလျှင် ထိုမဲ့နေသည့် နှုတ်ခမ်းလေးသည် ပြုံးယောင်သမ်းနေသဖြင့် မဲ့သည်ဟုမည်သည်လည်း မဆိုနိုင်ပေ။ ကိုမင်းမင်းနှင့် ပတ်သက်၍ မတင်မကျ ဖြစ်နေသည့် သူ့စိတ်ကို အခုရက်ပိုင်း ဖူးသစ်စု ပြန်ဆန်းစစ်သည်။ ဒါက သူမကို လာပတ်သက်သည့် သူစိမ်းယောကျ်ားလေးတိုင်းအပေါ် သူမလုပ်နေကြ ကိစ္စတစ်ခုပင် ဖြစ်သည်။ မေမေ ဒေါ်နီနီစုက သူမ အပျိုဖြစ်ကတည်းက သင်ပေးခဲ့သော ဖော်မျူလာတစ်ခုလည်း ဖြစ်လေသည်။
“သမီး … သမီးက မကြာခင် အရွယ်ရောက်လာတော့မယ် .. ဒီတော့ အရွယ်ရောက်လာတဲ့ သမီးအတွက် ယောကျ်ားလေးတွေအပေါ် စိတ်ဝင်စားတာ .. ယောကျ်ားလေးတွေက စိတ်ဝင်စားတာတွေ ဖြစ်လာမှာပဲ ..”
“ဟင် .. မေမေကလည်း … သမီးက မေမေနဲ့ပဲ နေမှာ ..”
“အမလေး … အဲဒါမျိုး ဖြစ်ပါစေလို့ မေမေက ဆုတောင်းနေပြီးသား .. ဒါပေမယ့် ကံကြမ္မာဆိုတာကလည်း ယုံရတာ မဟုတ်ဘူး … အဲဒီတော့ သမီးအတွက် မဖြစ်သင့်တာ မဖြစ်ရအောင် ကြိုမှာတယ်လို့ပဲ သဘောထား ..”
မပြုံးမရယ်ပဲ ပြောသည့် ဒေါ်နီနီစု၏ အမှာစကားကြောင့် ဖူးသစ်စု သေချာစွာပင် နားထောင်ခဲ့ပါသည်။ သူမ မေမေသည် လေးနက်သော အကြောင်းအရာတစ်ခုကို ပြောတိုင်း အရယ်အပြုံးမရှိသည် ဆိုတာကို သူမ ငယ်စဉ်ကတည်းက နားလည်ခဲ့သည် မဟုတ်လား။ ဒေါ်နီနီစု၏ ရှည်လျားစွာ ရှင်းပြချက်ကို အနှစ်ချုပ်ရသော် ဆန့်ကျင်ဘက်လိင် ယောကျ်ားလေးတစ်ယောက်ကို စိတ်ဝင်စားခဲ့သော် နှလုံးသားကိုသာမက သူမ ဦးနှောက်ကပါ အတည်ပြုချက်ယူရန်ဆိုသည့် စည်းမျဉ်းဥပဒေသ တစ်ခုသာ ထွက်လာခဲ့သည်။ ကြည့်လိုက်လျှင် ဘာမှမဟုတ်ဟု ထင်ရသည့် ထိုကိစ္စသည် တကယ်တမ်း တွေးကြည်တော့ တော်တော်အရေးပါမှန်း ဖူးသစ်စုသည် သူ့ကို ချဉ်းကပ်လာသည့် ယောကျ်ားလေးတွေနှင့် ကြုံမှ ကောင်းကောင်းသိလာခဲ့သည်။ လှပသည့် မိန်းကလေးဖြစ်သည့်အပြင် ပစ္စည်း ဥစ္စာပြည့်စုံသူမို့ ဖူးသစ်စု ဘဝတွင် အထက်တန်းကျောင်းသူ ဘဝကတည်းက ဆွတ်ချင်သူတွေ အတော်များခဲ့သည်။ သို့သော် သူမ မေမေ ချမှတ်ပေးခဲ့သည့် ဖော်မျူလာနှင့် တိုက်စစ်လိုက်တော့ ထိုသူတွေအားလုံးသည် ပလိုင်းပေါက်နှင့် ဖားကောက်သလို ဖူးသစ်စု၏ နှလုံးသားနှင့် ဦးနှောက် ပေါင်းကာ ယက်ထားသည့် စကာပေါ်တွင် ဘာမှတင်မကျန်ခဲ့ပေ။
ဒါဖြင့် အစ်ကိုမင်းမင်းကရော …
ဖူးသစ်စုသည် အစ်ကိုမင်းမင်းကို သူမနှလုံးသားနှင့် မဆန်းစစ်ရဲသဖြင့် အရင်ဆုံး ဦးနှောက်နှင့်ပင် တွက်ချက်ကြည့်သည်။ သူမဘဝတွင် ဒါက ယောကျ်ားတစ်ယောက်ကို ပထမဦးဆုံး အကြိမ်အဖြစ် ဦးနှောက်နှင့် အရင်တွက်ကြည့်ခြင်းလည်း ဖြစ်ပါသည်။ ယောကျ်ားပီသစွာ မွန်ရည်သည့် မျက်နှာနှင့် အစ်ကိုမင်းမင်းကို စကားပြောကျွမ်းကျင်မှု၊ အလိုက်သိတတ်မှု၊ ဦးဆောင်တတ်မှုတို့ဆိုသည့် အချက်တွေပေါင်းထည့်ကာ စဉ်းစားလိုက်လျှင် မိန်းကလေးတစ်ရာတွင် ကိုးဆယ့်ကိုးယောက်က သဘောကျကြပေလိမ့်မည်။ အန်ကယ်မိုး စလုံးမှ မပြန်ခင်က သူ့တပည့်အကြောင်း သိသင့်သိထိုက်သူများကို ပြေပြသွားလို့ အစ်ကိုမင်းမင်း၏ မိသားစုအကြောင်းလည်း ဖူးသစ်စု သိထားခဲ့သည်။
အစ်ကိုမင်းမင်းသည် မောင်နှမသုံးယောက်တွင် အလတ်ဖြစ်ပြီး အထက်က အစ်မကြီးက အိမ်ထောင်ကျပြီဖြစ်ပြီး သူနှင့် သူ့အောက် လေးနှစ်ကွာသည့် ညီသာ လူပျိုအဖြစ် ကျန်နေသေးတာ ဖြစ်သည်။ နိုင်ငံခြားကို ထွက်ကာ အလုပ်လုပ်နေသူက အစ်ကိုမင်းမင်း တစ်ယောက်တည်းဖြစ်ပြီး ညီဖြစ်သူက မြန်မာနိုင်ငံတွင်ပဲ အလုပ်လုပ်နေသည်။ အန်ကယ်မိုး၏ ပြောပြချက်အရ အစ်ကိုမင်းမင်းတို့ မိသားစုသည် မချမ်းသာပေမယ့် အေးဆေးကာ ပျော်ရွှင်ဖွယ်ကောင်းသည်ဆိုတာကို သိထားသည်။ မာန်မာနမရှိပဲ ဖော်ရွေသော မိသားစုဟု ထောက်ခံသွားသည်။ ဒီတော့ .. ဖူးသစ်စု၏ ဦးနှောက်ကဆုံးဖြတ်မှုတွင် မီးစိမ်းတွေက တော်တော်များများ လင်းသွားသည်။ ကဲ .. ဒါဖြင့် သူမ နှလုံးသားကရော …
ဒီမေးခွန်းကိုတော့ ဖူးသစ်စု တေ့တေ့ဆိုင်ဆိုင် မမေးရဲပါ။ အကယ်၍သာ သူမ နှလုံးသားကပါ မီးစိမ်းထပ်ပြလိုက်လျှင် သူမ ဘာဖြစ်သွားမည်နည်း။ သူမခင်မျာ မဆွတ်ခင်က ညွှတ်ချင်နေသည့် ပန်းတစ်ပွင့်ဖြစ်သွားမည် မဟုတ်ပါလော။ သူမသည် လှပသည့် ပန်းတစ်ပွင့်ဖြစ်သော်လည်း အချိန်လွန်ပြီး ညိုးနွမ်းစွာ ငိုက်နေသည့် ပန်းတော့ အဖြစ်မခံနိုင်ပေ။ ငှားငှားစွင့်စွင့်နှင့် တင့်တင့်တယ်တယ် ပွင့်နေသော ပန်းကလေးတစ်ပွင့်သာ ဖြစ်သည်။ ဒီတော့ အနည်းနဲ့အများတော့ ဈေးကိုင်ရပေဦးမည်။ ဒီအချက်နှင့်ပင် သူမ အစ်ကိုမင်းမင်းက ဘာဘီကျုးလုပ်စားမယ် လာခဲ့ပါလားဆိုသည့် ဖိတ်ခေါ်ချက်ကို နေမကောင်းဘူးဆိုပြီး ငြင်းလိုက်တာဖြစ်သည်။ သူမအပေါ် အစ်ကိုမင်းမင်းက ဘယ်လောက်တွယ်တာသည်၊ ဘယ်လောက်ထိ သံယောဇဉ်ရှိသည်ကို စောင့်ကြည့်ရပေဦးမည်။ ခေါ်တိုင်းတာ လိုက်ရမည်ဆိုလျှင် သူမ ဘယ်အစားထဲ ရောက်သွားမည်နည်း …။
“တီ တုံ တီ တုံ တီ တုံ …”
အတွေးကောင်းနေတုန်း ဖုန်းက မြည်လာသဖြင့် ဖူးသစ်စု ကော်လာအိုင်ဒီကို ကြည့်လိုက်တော့ တခြားသူမဟုတ်။ အစ်ကိုမင်းမင်း …
“ဟယ်လို …”
“စု … ဘယ်လိုနေသေးလဲ .. သက်သာလား …”
ကြင်နာစွာ မေးသည့် လေသံကို ကြားသည်နှင့် ဖူးသစ်စု ရင်ထဲ အတိုင်းမသိ ပျော်သွားသည်။ ပြီးမှ သူ့ကိုသူ သတိရပြီး ကိုယ့်ရင်ဘတ်ကို ကိုယ်ပြန်ဖိရသည်။ ဘုရားရေ .. ဖူးသစ်စု ..ကိုယ့်ကိုယ်ကိုလည်း ဆင်ခြင်ဦး။ တကယ်နေမကောင်းတာ မဟုတ်ပဲနဲ့တောင် ဒီလောက်ဖြစ်နေလျှင် တကယ်နေမကောင်းဖြစ်တဲ့ အချိန်မှာ ဒီအသံမျိုးကြားလျှင် ဘယ်လိုလုပ်မလဲ။
“ဟုတ် … သက်သာပါတယ် ..”
“အစ်ကိုက သတိရနေတာ …”
“အင်း .. ဘာဖြစ်လို့လဲ …”
“သြော် .. အစားကောင်း အသောက်ကောင်းစားတဲ့နေရာမှာ ..ကိုယ် …ခင် …တဲ့သူကို သတိရတတ်တယ်လေ ..”
ဖူးသစ်စု ဒီလောက်တော့ မအပါ။ ကိုယ် “ချစ်” တဲ့သူလို့ ပြောရမယ့်နေရာမှ “ခင်” တဲ့သူဆိုပြီး စကားကို ဆိုင်းကာ သုံးသွားကတည်းက ဒီလူကြီးသည် လူလည်ကြီးဆိုတာကို သိနေသည်။ ဒီအပြောလေးတွေနဲ့ ကောင်မလေး ဘယ်နှစ်ယောက်ကို ကျူပြီးနေပြီလဲ မသိ။
“စုကို သတိရတာမှ ဟုတ်လို့လား .. အရင်ဆုံးတွေ့တဲ့ ဖုန်းနံပါတ်ကို ကောက်ဆက်လိုက်တာ မဟုတ်လား ..”
“အာ .. မဟုတ်ပါဘူး .. စုကလည်း … အစ်ကို့မှာ ညဘက် ဖုန်းဆက်ပြီး သတိရတဲ့အကြောင်း ပြောရမယ့် တခြားမိန်းကလေး မိတ်ဆွေ မရှိသေးပါဘူး ..”
မဖြစ်တော့ဘူး .. မဖြစ်တော့ဘူး .. မိစု၊ မြန်မြန်စကားဖြတ်စမ်း။ နင် စကားမဖြတ်လျှင် တစ်ထိုင်တည်းနဲ့ ရည်းစားစကား ပြောသွားမယ်ထင်တယ်။ ဖုန်းနဲ့ ရည်းစားစကားပြောခံရတာလောက် သိက္ခာကျတာမရှိဘူး .. မိစု။
“အင်းပါ .. အစ်ကိုမင်းမင်း … စိတ်မရှိနဲ့နော် .. စု လုပ်စရာလေးရှိနေလို့ နောက်မှ ပြန်ဆက်လိုက်မယ် သိလား ..”
“ဪ .. ရပါတယ် စု … လုပ်ပါ .. အစ်ကိုက နေကောင်းလား မကောင်းလား သိချင်လို့ ဆက်တာပါ .. ဒါဆို ဒါပဲနော် ..”
အစ်ကိုမင်းမင်းက အလိုက်တသိနှင့် ဖုန်းချသွားပေမယ့် ဖုန်းကိုကိုင်ပြီး ငိုင်နေသူက သူမ ဆက်ဖြစ်နေသည်။ ရွှေရောင် ဆံပင်လေးတွေ လေထဲမှာ ဝဲပျံသွားသည့်အထိဖြစ်အောင် အစ်ကိုမင်းမင်းနှင့် ပတ်သက်သည့် အတွေးတွေကို ခေါင်းခါထုတ်သည်။ သို့သော် အတွေးဆိုတာက ခေါင်းခါထုတ်တိုင်း ပျောက်သွားတတ်သည် မဟုတ်ဆိုတာကိုတော့ ဖူးသစ်စု ရေချိုးခန်းထဲရောက်မှ သိလိုက်ပါသည်။
တော်တော်ရှုပ်တဲ့လူ .. ရေချိုးဖို့တောင် လိုက်လာရသေးလား။ သွား သွား အပြင်ထွက်စမ်း။ ဒီမှာကိုယ်တုံးလုံးကြီး ရှင့် .. ဟွန်း။
*** *** ***
“ဟေး … စု … နေကောင်းသွားပြီလား …”
သူမက စပြီး ဖုန်းခေါ်လိုက်လို့ထင်သည်။ အစ်ကိုမင်းမင်း အသံက ကြည်နုးမှုအပြည့်နှင့် ဖုန်းထဲကနေ ထွက်လာသည်။
“ကောင်းသွားပြီ .. အစ်ကို …”
“ကြားရတာ ဝမ်းသာပါတယ်ဗျာ .. ကဲ .. ပြောပါဦး .. ဘာခိုင်းချင်လို့လဲ ..”
“အယ် .. အဲဒီလိုတော့ မပြောပါနဲ့နော် .. အကူအညီတောင်းရမယ့်လူက တွန့်သွားပြီ ..”
“ဟား .. ဟား .. စတာပါဗျာ .. ပြောပါဦး .. ဘာလုပ်ပေးရမှာလဲ ..”
“စု ကျောင်းသားကတ်ရပြီ အစ်ကို … အဲဒါ ဘဏ်အကောင့်ဖွင့်ဖို့ ကူညီပေးပါဦး .. ”
ဝိုး .. တိုက်တိုက်ဆိုင်ဆိုင်ပါလား။ မင်းမင်းခေါင်းထဲတွင် အကြံအစည်တွေ ပြေးသွားသည်။
“ရတယ်လေ .. ဒါနဲ့ စုက ဘယ်ဘဏ်မှာ ဖွင့်ဖွင့်ရတယ်ဟုတ် … POSB မဟုတ်ရင်ကော ရလား …”
“ရပါတယ် .. အဆင်ပြေတဲ့နေရာမှာပေါ့ … POSBကို စုလည်း မကြိုက်ပါဘူး .. အေတီအမ်မှာ အကြာကြီး တန်းစီနေရတာကိုက မမိုက်ဘူး ..”
“အိုကေ .. ဒါဆို OCBC မှာလုပ်ပေးမယ် … အခုလုပ်မလား .. လာခေါ်မယ်လေ ..”
“အစ်ကိုကရော .. အားလို့လား .. အလုပ်ထဲမှာ ဟုတ် ..”
“ရပါတယ် .. ဒီနေ့ အစ်ကို အလုပ်က နဲနဲပါးတယ် ..”
“ဟုတ်လှချည်လား .. စုတောင် management school မတတ်ပဲ R.E ဖြစ်အောင် လုပ်ရမလိုဖြစ်နေပြီ …”
“လုပ်လေ .. အစ်ကို အစစအရာရာ သင်ပေးမယ် .. လိုအပ်လျှင် …”
“ဟိုး .. ဟိုး …တော်ပြီ ဆရာ … စု ဘယ်က စောင့်နေရမလဲသာ ပြောတော့ ..”
ဖူးသစ်စု မြန်မြန်စကားစကို ဖြတ်ကာ ပြောရသည်။ မပြောလို့ မဖြစ်။ သူ့ စကားတွေက စသလို နောက်သလိုနှင့် ဘယ်ကိုရောက်နေလဲဆိုတာကို သူမ သိနေသည်။ အစ်ကိုမင်းမင်းက ကားငှားလာခဲ့မယ်ပြောပြီး ကွန်ဒိုမှာပဲ စောင့်ဆိုသည့် အဖြေရသည်နှင့် “ဒါဆိုဒါပဲနော်” ဟု ပြောပြီး ဖုန်းကိုချလိုက်သည်။
နာရီဝက်လောက် အချိန်သည် သူမအလှပြင်ဖို့အတွက် လုံလုံလောက်လောက် ဖြစ်နိုင်ပါလိမ့်မည်ဟု တဆက်တည်း တွက်မိသေးသည်။ နောက်နာရီဝက်ကြာတော့ ဒီဇိုင်းလှလှလေးနှင့် ဆောက်ထားသည့် ကွန်ဒိုလှလှလေး၏ ပေါ်တီကိုရှေ့တွင် မိန်းကလေးလှလှလေးတစ်ယောက် ရပ်နေသည်ကို တွေ့ရသည်။ ဖူးသစ်စုသည် ပေါင်လည်လောက်ရောက်မည့် ဘလောက်စ်အင်္ကျီအရှည်ကို စတော့ကင်အနက်အကြပ်လေးနှင့် တွဲကာ ဝတ်ထားသည်။ သူမအင်္ကျီက အခုခေတ်စားနေသည့် ဟိုဘက်ဒီဘက် လက်မောင်းအိုးနေရာလေးကို ကွက်ကိုဖော်ထားသော အပျော့စား ဘလောက်စ်အင်္ကျီဖြစ်သည်။ ဘာရယ်မဟုတ်ပဲ အလန်းစားလေး ဝတ်လာခဲ့တာ ဖြစ်သည်။ သူမ ရပ်စောင့်ပြီး သုံးမိနစ်တောင် မပြည့်လိုက်။ တက်စီတစ်စီး ဝင်လာတာ တွေ့သည်။
“ဝိုး … မတွေ့ရတဲ့ ရက်ပိုင်းအတွင်းမှာ လူတောင် မှားသွားလောက်အောင် မိလာတယ်ဟေ့ .. စလုံးနဲ့တည့်တယ်နဲ့ တူတယ် ..”
မင်းမင်းက လွတ်နေသည့် တစ်ဖက်က ကားတံခါးကို ဖွင့်ပေးရင်း ပြောသည်။ ဖူးသစ်စုသည် မြန်မာမလေးမို့ မြန်မာဆန်စွာပင် မျက်စောင်းပျော့ပျော့လေးတစ်ချက်ထိုး၍ နောက်ခန်းထဲ ဝင်ထိုင်သည်။ စတော့ကင်အနက်လေးအောက်မှ ခြေထောက်နှစ်ချောင်းကို ပူးကပ်ကာ စောင်းစောင်းလေး ထားလိုက်သည်။ အစ်ကိုမင်းမင်း၏ မျက်လုံးတွေက ဒါကို “ဖြတ်”ခနဲ ကြည့်ပြီး သူမမျက်နှာပေါ် ပြန်ရောက်လာသည်ကိုတွေ့သည်။ ဒီတော့မှ ..
“မမြှောက်ပါနဲ့နော် … မမြှောက်လည်း စုကိစ္စကို လိုက်ကူညီပြီးလျှင် စုက နေ့လည်စာ ကျွေးပါ့မယ် ..”
မင်းမင်း ဖူးသစ်စုကို စကားမပြန်သေးပါ။ တက်စီသမားကို ဂျိမ်းစ်လုပ်နေသည့် ဘဏ်ခွဲရှိရာ Seragoon သို့ ညွှန်လိုက်သည်။ လမ်းကြုံဆိုပြီး ဂျိမ်းစ်ကိုရော၊ ဆူဇီကိုပါ ဝင်နှုတ်ဆက်ရမည်။ ဒါက ဆူဇီနှင့် သူ့အတွက် တမင်တကာမဟုတ်ပဲ ပြန်ဆုံဖို့ အခွင့်အရေးလည်း ဖြစ်ပါသည်။ ထို့ကြောင့်ပင် ဖူးသစ်စုတို့နှင့် နီးသည့် Bedok နားက ဘဏ်ခွဲကိုမသွားပဲ Seragoon ကို သွားဖို့ ပြောလိုက်တာ ဖြစ်သည်။ တက်စီသမားက ကွန်ဒိုထဲကနေ ပြန်ပတ်ထွက်ဖို့ ကားကို လှည့်လိုက်တော့မှ မင်းမင်း ဖူးသစ်စုကို ပြန်ပြောရသည်။
“နေ့လည်စာ စားချင်လို့ ပြောတာ မဟုတ်ပါဘူး .. မယုံဘူးဆိုလျှင် အစ်ကိုကပဲ ကျွေးပါ့မယ် …..”
“အမလေးလေး .. ရပါတယ် ရှင် .. စုပဲကျွေးပါ့မယ့် ..တော်ကြာနေ လိုက်လည်းလုပ်ပေးရသေးတယ်.. မုန့်လည်း ကျွေးရသေးတယ် ဖြစ်နေဦးမယ် ..”
“ဒါဆိုလည်း စု သဘောပါဗျာ … ”
ထို့နောက်တော့ မိနစ်နှစ်ဆယ်တောင် မကြာသည့် တက်စီပေါ်က ခရီးလေးကို ဖူးသစ်စုနဲ့ မင်းမင်း အလုအယက် စကားပြောခြင်းနှင့် ကုန်မှန်းမသိ ကုန်ကာသွားသည်။ နဂိုကတည်းက တစ်ယောက်တည်း မွေးထားသဖြင့် အဖော်မဲ့နေသည့် ဖူးသစ်စုသည် အခုတစ်ခါ မင်းမင်းနဲ့ ပြန်တွေ့လိုက်ရတော့ ဘယ်လိုမှ ဟန်မဆောင်နိုင်ပဲ အခင်ကြီး ခင်သွားလေသည်။ သူမကိုယ်သူမ ပြန်သတိထားမိသည့် အချိန်တွင် အစ်ကိုမင်းမင်းသည် ဘယ်အချိန်ကတည်းက သူမနှလုံးသား ဂိတ်တံခါးကို ဖြတ်မောင်းသွားသည်မသိ။ အတွင်းပိုင်းတွင် ကျကျနန နေရာယူကာ ပါကင်ထိုး၍ ရပ်ထားပြီးသား ဖြစ်နေလေပြီ။
မင်းမင်း လိုက်လုပ်ပေးသဖြင့် ဖူးသစ်စု ကိစ္စက အဆင်ပြေသွားပါသည်။ ဂျိမ်းစ်က မင်းမင်းဆီက SMS ရကတည်းက အပြင်ထွက်စောင့်နေသဖြင့် သူတို့တွေ တခြားသူများလို တန်းစီပြီးတော့တောင် စောင့်နေစရာမလိုပါ။ စားပွဲဝိုင်းလေးမှာ ထိုင်ပြီး လိုအပ်သည့် စာရွက်စာတမ်းတွေကို လက်မှတ်ထိုးလိုက်ယုံနှင့် အိုကေသည်။ အေတီအမ်ကတ်အတွက် PIN နံပါတ်နှိပ်သည့် အချိန်လေးပဲ ဖူးသစ်စု ကောင်တာမှာ မတ်တပ်ရပ်လိုက်ရသည်။ ဒါပေမယ့် အဲဒီအချိန်ပိုင်းလေး အတွင်းမှာ အစ်ကိုမင်းမင်းက သူ့အသိကောင်မလေးဆိုသည့် ဘဏ်စာရေးမလေးတစ်ယောက်ကို သွားစကားပြောတာ သူမ တွေ့သည်။ သူမနဲ့ နည်းနည်းလှမ်းနေသဖြင့် ဘာတွေပြောကြမှန်း မသိသော်လည်း နှစ်ဦးသား ရယ်ရယ်မောမော စကားပြောနေကြတာကို မြင်တော့ သူမစိတ်ထဲ တစ်မျိုးဖြစ်ရသည်။ အစစအရာရာ အဆင်ပြေနေပါလျှက်နဲ့ သူမ စိတ်က မအီမသာဖြစ်နေသည်။ ဘုရားရေ … မိစု … နင် ယောကျ်ားလေးတစ်ယောက်ကို အဲဒီလောက်တောင် သဝန်တိုနေပြီလား …။
သို့သော် အစ်ကိုမင်းမင်းက လည်ပါသည်။ အလာတုန်းကလို မဟုတ်ပဲ ခပ်ဆိတ်ဆိတ်လေး လိုက်လာသည့် ဖူးသစ်စု၏ အခြေအနေကို ရိပ်မိသည်ထင်သည်။ ဘဏ်ကထွက်ပြီး KFC ဆိုင်မှာ ထိုင်ဖြစ်တော့ အအေးခွက်ကို သူမအပေါ်မှာ မှောက်ချခြင်းဖြင့် ဖူးသစ်စုနှင့် သူ့ကြားက အစိုင်အခဲပါးပါးလေးအား ပယ်ဖျောက်ပစ်လိုက်သည်။
“အာ … ဆောရီး … အရမ်းစိုသွားလား … ဒီမှာ တစ်ရှူး …”
“ရတယ် .. အစ်ကို .. စုဘာသာစု လုပ်မယ် …ပေး .. ပေး ..”
ဖူးသစ်စု ကမန်းကတမ်း သူမပေါင်ကို ထိတော့မည့် အစ်ကိုမင်းမင်းလက်ထဲက တစ်ရှူးစတွေကို လှမ်းယူရသည်။ အစောတုန်းက အစာမကျေဖြစ်နေမှုတွေသည် ဘယ်ကို ရောက်လို့ရောက်သွားမှန်းတောင် မသိတော့။ လောလောဆယ်တွင် ဘယ်ယောကျ်ားလေးမှ မထိဘူးသေးသော သူမပေါင်တံလေးတွေကို ကာကွယ်ရင်း တစ်ရှူးစတွေနှင့် အလုပ်ရှုပ်သည်။ တမင်တကာလား၊ မတော်တဆပဲလား မသိပေမယ့် ကုတ်(coke) အအေးခွက်တစ်ခွက် ကုန်အောင် သူမအပေါ် မှောက်ကျမှုက ဖူးသစ်စုနှင့် မင်းမင်း နဂိုအခြေအနေသို့ ပြန်ရောက်သွားစေသည်။ ဒီနောက်တော့ လွတ်လပ်သည့် ယောကျ်ားလေးနှင့် လွတ်လပ်သော မိန်းကလေးတစ်ယောက် (အချင်းချင်း စိတ်ဝင်စားမှု အခံရှိနေသူများ) နှစ်ဦးတည်းတွေ့လျှင် ပြောကြဆိုကြလေ့ရှိသည့် မထိတထိ စကားများကို သူတို့ ပြောဖြစ်ကြသည်။
(KFC) ကြက်ကြော်စားပြီးတော့ သူမက အားနာပြီး ပြန်မယ်ဆိုသော်လည်း အစ်ကိုမင်းမင်းက ဈေးထဲလျှောက်ကြည့်မယ်လေဆိုသဖြင့် NEX ရှော့ပင်းစင်တာ ထဲ သူတို့ ပတ်ကြည့်ကြသည်။ စလုံးရောက်ကတည်းက ကျောင်းတက်ဖို့ကိစ္စနှင့် အလုပ်တွေ ရှုပ်နေသည့် ဖူးသစ်စုအတွက် ဒါ ပထမဦးဆုံးအကြိမ် ရှော့ပင်ထွက်ခြင်း ဖြစ်ပါသည်။ ထို့အတူ သူမဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် ယောကျ်ားလေးတစ်ယောက်နှင့် နှစ်ယောက်ထဲ အတူ ရှော့ပင်ပတ်ခြင်းလည်း ဖြစ်လေသည်။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်ကြည့်ပေမယ့် အစ်ကိုမင်းမင်းက မညီးမညူပဲ သူမနောက်က လိုက်ရှာသည်။ မိန်းကလေးတစ်ယောက်ကို ရဖို့ကိစ္စတွင် ခြေတိုအောင် ရှော့ပင်းစင်တာထဲတွင် လိုက်ရခြင်းလည်းပါသည်ဆိုသည့် သင်ခန်းစာကို အစ်ကိုမင်းမင်းသည် ကျေညက်အောင် လေ့ကျင့်ထားသည် ဖြစ်ရမည်။ တစ်ချို့ဆိုင်များဆို သူကတောင် ဦးဆောင်၍ ဝင်သွားသေးသည်။ အင်တီမိတ် ကလို့စက် ဆိုသည့် ဆိုင်ထဲကို ဝင်သွားမည်လုပ်သဖြင့် သူမကပင် မျက်နှာပူကာ ဆိုင်ပေါက်ဝကနေ ပြန်ဆွဲထုတ်လာရသည်။
ဖူးသစ်စု ပျော်လိုက်သည့် ဖြစ်ခြင်း။ ရှော့ပင်ထွက်ရတာကို မနှစ်သက်သည့် မိန်းကလေး မရှိသည်မို့ သူမလည်းပဲ လျှောက်ကြည့်ရတာကို ကျေနပ်မိသည်သာ။ ထို့ထက်ပို၍ အစ်ကိုမင်းမင်း ပါလာကာ ဂရုတစိုက်နှင့် ဟိုအဆင်လေးနဲ့လိုက်တယ်၊ ဒီဟာလေးက လှတယ်ဆိုသည့် စကားတွေကိုလည်း သူမ ကြည်နူးနေမိသည်။ အဆုံးသတ်လိုက်တော့ ထိုနေ့က ဖူးသစ်စု အိတ်တွေ တပွေ့တပိုက်နှင့်ပင် အိမ်ကိုပြန်လာခဲ့ရသည်။ အစ်ကိုမင်းမင်းကတော့ ဘာမှ ဟုတ်တိပတ်တိ အကောင်အထည်ပြပြီး ပွေ့ပိုက်သွားစရာမရှိပေမယ့် သူမ၏ ရင်ခုန်သံတွေကို ပွေ့ပိုက်ယူသွားတာ သေချာသည်။
အခန်းထဲရောက်တော့ ဖူးသစ်စု အဝတ်အစားတောင် မလဲနိုင်သေးပဲ ကုတင်ပေါ်ကို ပြေးတက်ရင်း သူ့ကိုယ်လုံးလောက်ရှိသည့် တက်ဒီကို ပွေ့ဖက်သည်။ ရင်ချင်းအပ် ပါးချင်းကပ်ထားသည့် တက်ဒီဆီမှ ထူးထူးဆန်းဆန်း “ဒုတ် ဒုတ် ဒုတ်” ဆိုသည့် အသံကို ပြန်ကြားနေရသည်။ သြော် … ဤလောကတွင် “ဒုတ် ဒုတ် ဒုတ်” လို့ အသံမြည်တတ်သော teddy bear လည်း ရှိနေပါသေးသည် …။