ကိန်းသေမရှိသော ညီမျှခြင်းများ (အပိုင်း ၁)
ရေးသားသူ – ဂျင်ကလိ
ဒီဇာတ်လမ်းအတွက် လိုအပ်တဲ့ အချက်တွေ ပံ့ပိုးပေးပါသော (တချိန်က ၁၈+ စာရေးဆရာ) ကို Fly ကို ကျေးဇူးအထူးတင်ပါတယ်။
……………………………………………………
နိဒါန်း
တောက်ပဖြူဖွေးသော အခန်းတစ်ခုထဲတွင် မီးရောင်များကလည်း ထိန်လင်းနေသည်။ အခန်း၏ အလယ်ဗဟိုတွင် အဖြူရောင် သံကုတင်တစ်လုံး ရှိသည်။ ကုတင်ခေါင်းရင်းဖက်၌ စတီးစားပွဲတစ်ခုကို မြင်ရသည်။ ကုတင်ပေါ်တွင် လူတစ်ယောက် လဲလျောင်းနေပြီး သူ့မျက်နှာကိုသာဖော်၍ တကိုယ်လုံးကို အဝတ်ဖြူဖြင့် လွှမ်းထား၏။ တဖျတ်ဖျတ် ခတ်နေသော မျက်တောင်များ နှင့် ဦးခေါင်း ဟိုဖက်ဒီဖက် လှည့်နေသော ကုတင်ပေါ်က လူသည် အသက် ၂၀ ဝန်းကျင် လူငယ်တစ်ယောက် ဖြစ်ပါသည်။
လူငယ်၏ မျက်လုံးနှင့် မျက်နှာတို့တွင် ထိတ်လန့် ကြောက်ရွံ့မှုကို အထင်းသား မြင်နေရသည်။ သူ၏ ခါးနှင့် ခြေလက်များကို ခိုင်မာသော သားရေကြိုးပြားများနှင့် ကုတင်တွင် တင်းတင်း ချည်နှောင်ထားသောကြောင့် ဦးခေါင်းကသာ လှုပ်ရှား၍ ရနိုင်ရှာသည်။
ခဏအကြာတွင် အခန်းတံခါး ပွင့်သွားပြီး အစိမ်းရောင် ခွဲစိတ်ခန်း ဝတ်စုံများနှင့် နှာခေါင်းစည်း တပ်ထားသူ ၂ ယောက် အခန်းထဲသို့ ရောက်လာသောအခါ လူငယ်၏ ထိတ်လန့်မှုတို့က အဆုံးစွန်အထိ မြင့်တက်သွားပုံရ၏။ မျက်နှာပေါ်တွင်လည်း ချွေးစက်များ သီးထလာသည်။
“ ခင် ..ခင်များတို့ ဘာလုပ်ကြမလို့လဲဗျာ။”
ဝင်လာသူ ၂ ဦးက ဘာမှပြန်မဖြေပါ။ တစ်ယောက်က စတီးစားပွဲပေါ်က အဝတ်စ တစ်ခုကို ယူလိုက်၍ လူငယ်၏ မျက်နှာမှ ချွေးများကို သုတ်ပေးသည်။
“ ခင်ဗျားတို့ ကျွန်တော့် တကိုယ်လုံးကိုလည်း ခဏခဏ စစ်ပြီးပြီလေ၊ ကျွန်တော် ဘာမှမဖြစ်ဘူးလေ၊ အခုဘာလို့ ကြိုးချည်ထားတာလဲဗျာ။ ကျွန်တော့်ကို လွှတ်ပေးကြပါ။”
လူငယ်က အသံကုန် အော်နေသော်လည်း ဟို ၂ ယောက်ထံမှ တုန့်ပြန်မှု တစ်ခွန်းမှ ထွက်မလာပါ။ ခုဏက မျက်နှာကို သုတ်ပေးသူကပင် စားပွဲပေါ်က မျက်နှာဖုံးတစ်ခုကို ယူ၍ လူငယ်၏မျက်နှာကို အုပ်လိုက်သည်။ လူငယ်က ခေါင်းကိုရမ်း၍ ရှောင်တိမ်းနေသော်လည်း နောက်တစ်ယောက်ကပါ သူ့ခေါင်းကို ချုပ်ပေးလိုက်သောအခါ ဘယ်လိုမှ မလွတ်တော့။
ခဏအတွင်းမှာပင် မျက်နှာဖုံးအောက်မှ ဗလုံးဗထွေး အော်ဟစ်နေသံများ ပျောက်ကွယ်သွားသည်။ အသက်ကို မှန်မှန် ရှူရင်း လူငယ်လေး ငြိမ်သက်သွားချိန်တွင် မျက်နှာဖုံးကို ပြန်ဖယ်လိုက်ပြီးနောက် အုပ်ထားသော အဝတ်ကို လက်မောင်းပေါ်အောင် ဖယ်လိုက်သည်။ တစ်ယောက်က ကုတင်ဘောင်တွင် တိုင်တစ်ခုကို ချိတ်လိုက်သည်။ နောက်တစ်ယောက်က စားပွဲပေါ်မှ ပုလင်းတစ်လုံးကို တိုင်တွင် ချိတ်လိုက်သည်။
သူတို့၏ လုပ်ရပ်များက သေသပ်မြန်ဆန်လွန်းသည်။ ပုလင်းနှင့် ချိတ်ဆက်ထားသော အပ်ကို လူငယ်၏ လက်ဖျံမှ သွေးကြောတွင်းသို့ ကျွမ်းကျင်စွာ ထိုးသွင်းပြီးနောက် တစ်ယောက်က လှမ်းပေးသည့် ပလာစတာဖြင့် ကပ်လိုက်၏။ ထိုအချိန်တွင် နောက်တစ်ယောက်က ဆေးသွင်းပိုက်မှ ဘီးလုံးလေးကို ချိန်ညှိလိုက်သည်။ သူ့တို့က ထိုလုပ်ငန်းများနှင့် အသားကျနေသူများ ဖြစ်ကြောင်း ထင်ရှားပါသည်။
ပြုဖွယ်ကိစ္စများ ပြီးသွားပုံရသည့်အခါ တစ်ယောက်က နှာခေါင်းစည်းကို အောက်သို့ လျှောချ၍ အခန်းထောင့် အပေါ်ဖက်နားတွင် ရှိသော CCTV ကင်မရာ တစ်လုံးဖက်သို့ လှည့်၍
“ ဒီဖက်မှာ အားလုံး အဆင်သင့် ဖြစ်ပါပြီ။”
ဟု ပြောရင်း လက်မကို မြင်သာအောင် ထောင်ပြလိုက်သည်။
………………………………………
(၁)
လှေခါးထိပ်ကနေ ကွေ့လိုက်သည်နှင့် စက္ကူပုံးကြီး တစ်ပုံးရှေ့မှာ ချလို့ ရပ်နေကြသော အဝါရောင် ယူနီဖောင်းဝတ် ကောင်လေးတစ်ယောက်နှင့် ကောင်မလေး တစ်ယောက်ကို လှမ်းမြင်လိုက်ရ၍ ကေသီ စိတ်သက်သာသွားရသည်။ ကြည့်ရတာ သူတို့ ရောက်ခါစပင် ရှိသေးပုံရသည်။ တချိန်တည်းမှာပင် ရင်ထဲမှာ ထိတ်ကနဲလည်း ဖြစ်သွားသည်။
ကောင်လေးနှင့် ကောင်မလေးက ကေသီ့ မောင်ဝမ်းကွဲ၊ ညီမ ဝမ်းကွဲလေးတွေ နှင့် ရွယ်တူလောက် ရှိလိမ့်မည်ကို သတိထားလိုက်မိတော့ မျက်နှာနည်းနည်း ပူချင်လာသည်။ မှာလိုက်တာ မှားပြီလားဟု တွေးလိုက်မိပါသည်။ ဒါပေမယ့် မှာပြီးသား၊ ငွေချေပြီးသား၊ ကေသီ့ အခန်းဝမှာလည်း ရောက်နေပြီဆိုတော့ အခုချိန်မှတော့ နောက်ဆုတ်လို့ မဖြစ်နိုင်တော့ပါ။
အဲ့ဒီနေ့က မမနီ အပြောကောင်းတာလည်း ဖြစ်နိုင်ပါသည်။ ကေသီ ဘီယာသောက်တာ နည်းနည်းများသွားတာလည်း ဖြစ်နိုင်ပါသည်။ ဒါပေမယ့် မမနီပေးသော နံပါတ်ကို ချက်ချင်း ဖုန်းခေါ်မိတာ၊ မဆိုင်းမတွ ငွေလွှဲလိုက်မိတာက မူးတာထက်တော့ ပိုသွားသည်ဟု ထင်မိသည်။
“ ရောက်တာ ကြာပြီလား၊ တို့လည်း ပြေးလာတာ လမ်းပိတ်နေလို့”
“ မကေသီနော်”
“ ဟုတ်ပါတယ်။”
“ သမီးတို့ ဖြတ်ပိုင်းကြည့်လို့ရမလား၊ အစ်မဆီကို လှမ်းပို့ထားတာလေ။”
“ ဪ .. အေးအေး”
ငြိမ်သက်စွာ ရပ်နေသည့် ကောင်လေးကို မျက်လုံးချင်း မဆုံမိအောင် သတိထားရင်း ကေသီက ဖုန်းကိုဖွင့်၍ ကုမ္ပဏီက ပြန်ပို့ထားသည့် message ကို ပြလိုက်သည်။
“ ဟုတ်ကဲ့ ရပါပြီ အစ်မ၊ တခါထဲ ဆင်ပေးရမယ် မဟုတ်လား၊ ဘယ်မှာထားမှာလဲ။”
အခန်းတံခါးကို ကဗျာကယာဖွင့်၍ ကုတင်ဘေးမှာ မနက်တုန်းက ရှင်းထားသည့် နေရာကို ပြလိုက်သည်။ သူတို့ နှစ်ယောက်က စက္ကူပုံးကြီးကို မပြီး ကေသီနောက်က လိုက်လာကြသည်။
“ ရမလား၊ ဒီနေရာက”
“ တစ်ပေခွဲကျန်ရင် ရပါတယ် အစ်မ”
ရောက်ကထဲက နှုတ်ဆိတ်နေသော ကောင်လေးက ဝင်ဖြေသည်။ ကေသီ မလုံမလဲ နှင့် ခိုးကြည့်မိတော့ ကောင်လေး အမူအရာက အေးအေးဆေးဆေးပင် ရှိသည်။ သူ့မျက်နှာပေါ်မှာ လှောင်ပြောင်သရော်လိုသည့် အရိပ်အယောင် စူးစမ်းသည့် အရိပ်အငွေ့တွေ မတွေ့ရပါ။ နိစ္စဒူဝ ကြုံနေကြဆိုတော့ ရိုးနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
ကျောပိုးအိတ်ထဲက ခေါက်ဓားတစ်ချောင်းကို ထုတ်၍ ကောင်လေးက ပုံးကို ဖောက်သည်။ အခန်းကျဉ်းလေးထဲမှာ လူ ၃ ယောက် စက္ကူပုံး တစ်ပုံးနှင့် ပြည့်သွားသည်။ ကောင်မလေးက ကေသီ့ဖက်ကို လှည့်ကြည့်ရင်း
“ အစ်မအခန်းက အနေတော်ပဲ၊ တစ်လ ဘယ်လောက်ပေးရလဲ အစ်မ”
“ ၆ သိန်း”
“ သမီးတို့နေတာကတော့ ၇ သိန်းခွဲ ပေးရတယ်။ ဒီထက်တော့ နည်းနည်းကျယ်တယ်။ ဒါပေမယ့် သမီးက ညီမလေးနဲ့ ၂ ယောက်နေတာလေ”
“ မဆိုးပါဘူး။ တစ်ယောက်ကို ၃ သိန်းကျော်လောက်ပဲ ကျတာပေါ့”
ရန်ကုန်က ခိုအိမ်လို အခန်းကျဉ်းလေးတွေထဲမှာ နေကြသူချင်း ဒီလိုပဲ ပြောဖြစ်တတ်ကြပါသည်။ ကေသီလည်း မျက်နှာပူသလို စိတ်ကျဉ်းကြပ်သလို ခံစားချက် နည်းနည်းလျော့သွားသည်။ တဖက်မှာလည်း လူတကာ ဝယ်နေသည့် ပစ္စည်းတစ်ခုအတွက် စိတ်ထဲမှာ ဒီလောက်မထားသင့်ဟု ကိုယ့်ကိုယ်ကို ဖြေသိမ့်ရ၏။
ပစ္စည်း အစိတ်အပိုင်းတွေကလည်း ဆင်ရတာ လွယ်ကူမည့်ပုံ ရှိသည်။ ကောင်လေးကလည်း လုပ်နေကြ ကျွမ်းကျင်နေပုံရသည်။ ခဏလေးနှင့်ပင် ပုံပေါ်လာ၏။ မျက်နှာပူတာ နည်းနည်းလျော့သွားသည့် ကေသီက ထမင်းစား စားပွဲဘေးက တစ်လုံးတည်းသော ပုလပ်စတစ် ကုလားထိုင်လေးကို ကောင်မလေးကိုချပေးပြီး သူလည်း ကုတင်စွန်းမှာ ဝင်ထိုင်လိုက်သည်။
“ ရတယ် အစ်မ ပြီးတော့မယ်။ မထိုင်တော့ပါဘူး။”
ကောင်မလေး ပြောတာ ဟုတ်ပါသည်။ အိမ်တွင်းမှာ လေ့ကျင့်ခန်းလုပ်သည့် ဘီးတဘီးတည်းပါသော စက်ဘီးလေးကို အင်္ဂါစုံစွာ မြင်လာရပြီ ဖြစ်သည်။ လက်ကိုင် ၂ ခုကြားက Display ဘုတ်ပြားလေး တပ်လိုက်ပြီးသည် နှင့် ကောင်လေးက ထရပ်လိုက်ပြီး သူ့ကိရိယာတွေကို အိတ်ထဲ ပြန်ထည့်လိုက်သည်။
“ အစ်မ သုံးဖူးသလား”
“ ဟင့်အင်း”
ပြန်ဖြေလိုက်သည့် ကေသီ့ အသံက ခြောက်ကပ် အက်ကွဲနေသည်။
“ ကဲ … ပြီးရင်လည်း နင် အပြင်ထွက်တော့၊ အောက်ကပဲ စောင့်ချင်စောင့်”
မျက်နှာတည်တည် နှင့် ကောင်မလေးက ပြောလိုက်တော့ ကောင်လေးက တချက်ပြုံးပြီး သူ့အိတ်လေးဆွဲကာ ပြန်ထွက်သွားသည်။ ကေသီ့ကို နှုတ်ဆက်ပြုံးလို့ ယူဆနိုင်ပေမယ့် နဂိုထဲက စိတ်မလုံသည့် ကေသီ့ မျက်နှာလေး ပူရှိန်းသွားရသည်။ ကောင်လေး အပြင်ရောက်တော့မှ ကောင်မလေးက တံခါးကို သွားပိတ်လိုက်ပြီး စက်ဘီးဘေးကို တိုးဝင်လာသည်။ ကေသီလည်း သေသေချာချာ မြင်ရအောင် ကုတင်အလယ်ပိုင်းလောက်ကို တိုးထိုင်လိုက်သည်။
စက်ဘီးဆိုပေမယ့် လက်ကိုင်အောက်က ဘီးတဘီးသာ ရှိပြီး ထောက်လို အပြားကြီး ၂ ခုဖြင့် မယိုင်လဲအောင် အောက်ကထိန်းထားသည်။ ကောင်မလေးက ထိုင်ခုံအောက်က အံလေးတစ်ခုကို ဖွင့်၍ ပလပ်ကြိုးတစ်ချောင်း ထုတ်ပြသည်။
“ စာအုပ်ထဲမှာလည်း လမ်းညွှန်ပါပါတယ် အစ်မ၊ ဒါက အားသွင်းဖို့ပါ။ ပုံမှန် နင်းပေးနေရင်တော့ သူ့ဟာသူ ဘက်ထရီက ချာဂျင်ဝင်နေပြီး သပ်သပ်အားသွင်းစရာ မလိုပါဘူး။ အစ်မက လနဲ့ချီပြီး ပစ်ထားမိတယ် ဆိုရင်တော့ မစီးခင် ၁ နာရီ ၂ နာရီ လောက် ကြိုအားသွင်းထားလိုက်ရင် display က အလုပ်လုပ်ပါတယ်။”
ပုံးထဲက ပလပ်စတ်အိတ်နှင့် ထုပ်ထားသည့် မန်နူရယ် စာအုပ်နှင့် စာရွက်တွေကို ကုတင်ပေါ်ချပေးရင်း ကောင်မလေးက ပြောသည်။ သူ့လေသံက စောစောက အာလာပ သလာပ ပြောတုန်းကလို မဟုတ်ဘဲ စာရွတ်သလို ဖြစ်သွားသည်ကို ကေသီ သတိပြုမိသည်။
“ ဒါ ပါဝါ ခလုတ်ပါ ”
လက်ကိုင် ၂ ခုကြားက တစ်ပေလောက်ကျယ်မည့် မှန်ပြင်အောက်နားကို နှိပ်ပြရင်း ပြောသည်။ ကုမ္ပဏီအမည်နှင့် တခြားစာတန်းများ ပေါ်လာသည်။ ခဏကြာတော့ ဘာသာစကားရွေးဖို့ ပေါ်လာသည်။
“ မြန်မာ၊ အင်္ဂလိပ်၊ တရုတ် သုံးမျိုးရပါတယ်။ အစ်မ ဘယ်ဟာထားချင်သလဲ”
“ အင်း …အင်း..ဂလိပ်”
“ အစ်မနာမည်က ကေအေဝိုင် တီအိတ်ချ်အိုင်လို့ ပေါင်းတာလား”
“ ဟုတ်… ဟုတ်တယ်။”
ကေသီ ရေငတ်သလို အာခေါင်တွေ ခြောက်နေသည်။ ရင်တွေလည်း တဒိုင်းဒိုင်း ခုန်နေ၏။ ကောင်မလေးကတော့ ကေသီ့ဖက်ကို လှည့်တောင်မကြည့်ဘဲ သူလုပ်စရာရှိတာ လုပ်နေသည်။
“ ရပြီ၊ အစ်မ ဒီဖက်လက်ကိုင်ကို ခဏကိုင်ထားပါ။”
ကုတင်နှင့် စက်ဘီးကြားထဲကို ကပ်ကပ်သပ်သပ် တိုးဝင်ပြီး ဘယ်ဖက်က လက်ကိုင်ကို ခပ်တင်းတင်း ဆုပ်လိုက်သည်။ စိတ်ထဲမှာ ချော်နေသည်ဟု ထင်မိတာကြောင့် ပြန်လွှတ်ပြီး လက်ကို တင်ပါးနှင့် ပွတ်လိုက်ရသေးသည်။ မျက်နှာမှာလည်း ချွေးတွေပြန်လာမှန်း ကေသီ သိနေ၏။
“ ဟုတ်ပြီ၊ ပြန်လွှတ်လို့ ရပြီ အစ်မ၊ လက်ဗွေကို မှတ်ထားလိုက်ပြီ ဆိုတော့ အစ်မတယောက်ပဲ ဖန်ရှင်တွေ အကုန်သုံးလို့ရမယ်။ တခြားလူတက်ထိုင်လည်း နင်းရုံသက်သက်ပဲ ရမယ်။ ဒီမှာကြည့် အစ်မ၊ ဒါက မန်မိုရီ ၅၀၀ ဂစ်ပါတယ်။ မန်မိုရီ ကဒ် ထပ်စိုက်လည်းရတယ်။”
ကောင်မလေးက မှန်ပြင်ဘေးက အံလေးတစ်ခုကို တွန်းဖွင့်၍ ကဒ်စိုက်ရမည့် နေရာကို ပြသည်။
“ လောလောဆယ်တော့ ကုမ္ပဏီက တခါတည်း ထည့်ပေးလိုက်တဲ့ ရုပ်ရှင်တွေ သီချင်းတွေ ပါတယ်။ အစ်မ မကြိုက်လည်း ဖျက်ပစ်လို့ ထပ်ထည့်လို့ရတယ်။ ဒီထောင့်မှာ ကြည့်လိုက် အစ်မ”
သူပြသည့် ညာဖက်အောက်နားကို ကေသီ ကြည့်လိုက်မိသည်။
“ normal နဲ့ pleasure ဆိုပြီး ရှိတယ်။ normal ကတော့ default ပဲ အစ်မ၊ ပါဝါအွန်တာနဲ့ normal မှာ ရှိမယ်။ အစ်မ ခြေနင်းကို စနင်းတာနဲ့ speed ရယ် distant ရယ် တက်လာလိမ့်မယ်။ ဒီဖက် pleasure က…”
ကောင်မလေးက ခဏရပ်ပြီး စက္ကူပုံးကြီးထဲက နောက်ထပ် ဘူးတစ်ဘူးကို ထုတ်လိုက်သည်။ ကေသီ ခြေဖျား လက်ဖျားတွေ အေးလာ၏။
“ pleasure ကို ရွေးလိုက်ရင် ထိုင်ခုံအောက်က ငုတ်လေးတစ်ခု ထွက်လာမယ်။”
သူပြောသလိုပင် ထိုင်ခုံရှေ့ပိုင်းက ငုတ်တစ်ခု အပေါ်ကို ထိုးထွက်လာသည်။ ကောင်မလေးက စက္ကူဘူးကို အပြင်က ပတ်ထားသည့် ပလပ်စတစ်တွေကို လက်သည်းနှင့် ထိုးဖောက်ခွာရင်း အနိမ့်အမြင့် အတက်အကျ မရှိသည့် စာရွတ်သလို အသံမျိုးဖြင့် ဆက်ရှင်းပြ၏။
“ အထဲမှာ ၄ လက်မကစပြီး ၅၊ ၆၊ ၇၊ ၈ ငါးချောင်းပါပါတယ်ရှင့် ၊ အဲဒါကို ဒီလို”
ဗူးထဲက ထွက်လာသော ပန်းရောင် အချောင်းကြီးကို ကေသီ ပါးစပ်အဟောင်းသားနှင့် ကြောင်ငေးကြည့်နေမိသည်။ ကောင်မလေးကတော့ ဘာမှမထူးခြားသလိုပင် အဲဒါကြီးကို စောစောက ငုတ်ထိပ်မှာ စွပ်ပြီး လှည့်လိုက်ရာ ထပ်ကနဲ အသံမြည်သွားသည်။
“ အသံမြည်မှ သူက အံကျတယ်။ အသံမကြားရရင်တော့ ပြန်ဖြုတ်ပြီး ပြန်တပ်ပါ။ ဂျယ်သုံးချင်ရင်လည်း ဒီဘူးထဲမှာပါ ပါတယ်။ ကုန်သွားရင် အပြင်မှာ ဝယ်လို့လည်း ရပါတယ်။ သမီးတို့ဆီကို မှာရင်လည်း ၂ ဘူးအထက်ဆို ပို့ပေးပါတယ်။ ပြန်ဖြုတ်ရင်လည်း ခုဏနဲ့ ပြောင်းပြန် လှည့်လိုက်ရင် ပြုတ်ထွက်သွားပါလိမ့်မယ်။ ပြီးရင် normal ကို ပြန်ရွေးလိုက်ရင် ဒါက ပြန်ဝင်သွားပါမယ် ရှင့်။”
“ ဟို ..ဟိုလေ … သုံးတော့ ..သုံးတော့”
“ အစ်မ တက်ထိုင်ပြီး နင်းလိုက်ရုံပဲလေ။ အစ်မ နင်းတဲ့ အရှိန်ကို လိုက်ပြီး သူက လှုပ်မှာပါ။ ဪ မေ့နေလို့”
ကောင်မလေးက နောက်ထပ် ဘူးသေးတစ်ခု ဆွဲထုတ်ပြီး ဖွင့်လိုက်ပြန်သည်။ အထဲက နားကျပ်တစ်ခု ထွက်လာသည်။ နောက်ပြီးတော့ ကြိုးရှည်ရှည်နှင့် တွဲထားသော အမဲရောင် လေစုပ်ခွက် ခပ်သေးသေး နှစ်ခု။
“ ဒီဘေးက အစိမ်းရောင် အပေါက်က နားကြပ် အတွက်ပါ၊ သီချင်းနားထောင်ဖို့ ရုပ်ရှင်ကြည့်ဖို့ သုံးလို့ရပါတယ်။ အပြာ ရောင်က စုပ်ခွက်အတွက်ပါ ရှင့်။ စုပ်ခွက်က အတွင်းဖက်ကို ဂျယ်နည်းနည်း ပွတ်ပြီး သုံးရင် ပိုကောင်းပါတယ်။ နို့သီးခေါင်းမှာ တပ်ပြီး ထိပ်က ဖုလေးကို ညှစ်လိုက်ရင် သူ့အလိုလို စုပ်သွားပါလိမ့်မယ် ရှင့်။ မသုံးလည်း ရပေမယ့် ဒါတပ်ထားရင် အခြေအနေကို မော်နီတာ လုပ်နိုင်တာကြောင့် တပ်ဖြစ်အောင် တပ်ဖို့တော့ ကုမ္ပဏီက အကြံပြုထားပါတယ်။ အစ်မ သိချင်တာများ ရှိပါသေးလား။”
“ မ ..မ ..မရှိတော့ပါဘူး။”
လိုအပ်ရင် မမနီဆီ ဖုန်းဆက်မေးလို့ ရနိုင်ပါသည်။
“ ဒါဆို သမီးကို ခွင့်ပြုပါဦး ရှင့်၊ အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီပုံးခွံ သမီးယူသွားပြီး အမှိုက်ပုံးထဲ ထည့်ပေးရမလား။”
ကေသီ ခေါင်းညိတ်ပြလိုက်တော့ ကောင်မလေးက ပုံးခွံကြီးကို ခြေနှင့် နင်း၍ ပြားချပ်သွားအောင် ခေါက်ယူပြီး အခန်ထဲက ထွက်သွားသည်။ သူ့ကို တံခါး အဖွင့် အပိတ် လိုက်လုပ်ပေးသည့် အချိန်မှာ ကေသီ ခြေတွေ လက်တွေ တုန်နေသည်။ တံခါးဝကနေ ကုတင်ဆီကို လျှောက်လာရင်း ဒူးတွေ ချောင်သလို ဖြစ်နေသည်ကို ခံစားရသည်။ အထူးသဖြင့် ကိုယ်အောက်ပိုင်း တနေရာက ခံစားချက်တစ်ခုက ကေသီ့ကို ဒုက္ခပေးနေသည်။
ခုနက ကောင်မလေးရှေ့မှာ ခပ်တည်တည်နှင့် ဟန်လုပ်နေခဲ့ရပေမယ့် ဒါက ကေသီမကြုံဖူးသေးသည့် အကြောင်းတစ်ခု ဖြစ်ပါသည်။ အရွယ်ရောက်စကတည်းက ကေသီ့ကို ရံဖန်ရံခါ ဒုက္ခပေးတတ်သည့် ခံစားချက်တစ်ခုက အခုအချိန်မှာ အပြင်းထန်ဆုံး အရှိန်ဖြင့် ထိုးနှက်နေသည်။ တလှိုက်လှိုက် မောနေသောရင်ကို လက်နှင့် အသာဖိရင်း အိပ်ရာပေါ်သို့ ကေသီ အရုပ်ကြိုးပြတ် လဲကျသွားသည်။
“ အဲဒါ ငါရှည်တာ၊ ငါ ဆတ်ဆော့တာ၊ လျှာရှည်မိတာ၊ အောင်မယ်လေး ရှက်လိုက်တာ၊ ဒီကလေးတွေ နောက်တခါ လမ်းမှာ တွေ့ရင်တော့ ဒုက္ခပဲ”
မွေ့ယာကို လက်သီးဆုပ်ဖြင့် အဆက်မပြတ်ထုရင်း ကေသီ တတွတ်တွတ် ပြောနေမိသည်။ အမှန်အတိုင်းပြောရလျင် ပေါင်ကြားသို့ ရောက်သွားတော့မည့် လက်နှင့် စိတ်ကို ထိန်းနေမိခြင်း ဖြစ်သည်။ ငိုလည်း ငိုချင်သလို ဖြစ်လာသည်။
“ ကိုယ့်ဟာကို လက်နဲ့လည်း အဆင်ပြေနေတာကို၊ ငါ့နှယ်နော်”
အဲဒီနေ့က ဘီယာ နည်းနည်းများသွားတာတော့ မှတ်မိသည်။ ရုံးသမားဆိုတော့ အထိုင်များလို့ လေ့ကျင့်ခန်းလေး ဘာလေး လုပ်ချင်ကြောင်း မမနီကို ပြောမိတာကလည်း ရိုးရိုးသားသားပင် ဖြစ်သည်။ ဒါပေမယ့် ဒီစက်ကို ဝယ်ထားဖို့ မမနီက တိုက်တွန်းတော့ ပြင်းပြင်းထန်ထန် မငြင်းခဲ့မိတာကိုတော့ အခုထိ ကိုယ့်ကိုယ်ကို နားမလည်သေးပါ။ မမနီ သွေးထိုးပေးသည့်အတိုင်း ဖုန်းထဲမှာ ချက်ချင်းလိုက်ရှာပြီး ငွေချေလိုက်မိတာကလည်း တဒင်္ဂ မိုက်မဲမှု သက်သက်လို့ ထင်ပါသည်။ နောက်နေ့တွေမှာ ဒီအကြောင်းကို တွေးမိတိုင်း ရင်တဖိုဖို ဖြစ်ရပေမယ့် အခုလောက်ကြီးတော့ စိတ်မလှုပ်ရှားမိခဲ့ပါ။ မနက်ဖြန်ကြရင် မမနီက တခြားသူတွေကြားထဲမှာ အကျိုးအကြောင်း မေးလာလေမလားလို့ အတွေးဝင်လာတော့ ကေသီ ငေါက်ကနဲ ထထိုင်ပြီး ဖုန်းကို လှမ်းယူမိသည်။
“ ရောက်လာပြီလား ကေသီ”
မမနီက ဖုန်းကိုင်လိုက်တာနှင့် တန်းမေးသည်။
“ ဟုတ်တယ်”
လေးလေးတွဲ့တွဲ့ ကေသီ့အဖြေစကားကို မမနီက တမျိုးထင်သွားပါသည်။
“ အသံကတော့ လောလောလတ်လတ် စမ်းသပ်ကြည့်ထားတဲ့ အသံမျိုးပဲ။ အဆင်ပြေတယ် မဟုတ်လား”
“ အာ .. မဟုတ်ပါဘူး။ အခုမှ ရောက်လာပြီး ဆင်လို့ ပြီးတာ ဘယ်လိုလုပ်စမ်းသပ်ရဦးမှာလဲ။ စမ်းလည်း မစမ်းရဲပါဘူး။ ဒီတိုင်း တက်နင်းဖို့တောင် စိတ်ထဲမရဲဘူး ဖြစ်နေတယ်။”
ဟိုဖက်ကနေ မမနီ ရယ်နေတာကို ကေသီ ကြားရသည်။
“ ဘာမှ ကြောက်စရာမလိုဘူး၊ အသေးဆုံးကနေ စပြီး စမ်းကြည့်လိုက် ဟားဟား၊ အဆင်ပြေသွားလိမ့်မယ်။ အရှိန်များသွားရင်လည်း သူက သတိပေးလိမ့်မယ်။ တို့လည်း စစချင်းတော့ ကြောက်တာပဲ၊ ဒါပေမယ့် ခဏလေးပါပဲ။ ချက်ချင်း အဆင်ပြေ သွားလိမ့်မယ်။ နောက်တော့ အားတာနဲ့ တက်ထိုင်မိရော၊ ယောက်ျားရပြီးတာတောင် တခါတလေ တက်နင်းမိသေးတယ်။ ဆက်သာလုပ် ညီမလေး။”
မမနီ ဖုန်းချသွားတာကြောင့် ကေသီ ဘာမှပြန်မပြောလိုက်ရ။ ဟိုတစ်ရက်ကလို ဘီယာမူးနေရင်တော့ မမနီ နှင့် ဒီအကြောင်းတွေကို တစ်ခုခုတော့ အချေအတင် ပြောဖြစ်လိမ့်မည် ထင်သည်။ အခုကတော့ ဘာတွေပြောရ မေးရမလဲ ဆိုတာကိုတောင် ကေသီ မသိပါ။
မမနီက မြှောက်ပေးတော့ ကေသီ့ဖက်က ပြတ်ပြတ်သားသား မငြင်းဆန်နိုင်ခဲ့ပါ။ တခါတလေ ပေါ်လာတတ်သည့် စိတ်ဆန္ဒတွေကို ချွန်းအုပ်ရတာ ဘယ်လောက်ခက်ကြောင်း မသိစိတ်က သိနေသောကြောင့် ဖြစ်မည်ထင်သည်။ အမှန်အတိုင်းပြောရရင် မမနီ ကိုယ်တိုင်တောင် မသိပေမယ့် မမနီဆီက ကေ သီ တိတ်တခိုး သင်ယူခဲ့မိတာတွေ အများကြီးရှိသည်။
အသွေးအသားကြောင့် ဖြစ်ရသည့် စိတ်ဆန္ဓကို မလိုအပ်ဘဲ တရားလွန် ထိန်းချုပ်ခြင်းက မကောင်း ဆိုသည့် အတွေးကို မမနီကြောင့် ကေသီရခဲ့သည်။
“ တချို့ အပျိုကြီးတွေ ဂေါက်ကုန်ကြတဲ့ အထဲမှာ အဲဒါကြောင့် အများကြီးပါတယ်။ တချို့က မတရားထိန်းလွန်းတယ်။ အဲ့ဒီစိတ်ကို ဖိလွန်းရင် ထိန်းမနိုင်သိမ်းမရ နသိုးကြိုးပြတ် ဖြစ်ချင်ဖြစ်၊ မဖြစ်ရင် ဂေါက်ကရော၊ လိုချင်လွန်းလို့ အစွန်းရောက်ပြီး ဂေါက်တာတွေလည်း ရှိတာပေါ့လေ။ အဲဒါကို လူတွေက လင်တရူးဆိုပြီး အကုန်သိမ်းကျုံး ထင်နေကြတာ၊ အမှန်က မတူဘူး။ ဒါပေမယ့် သဘာဝကို လက်ခံရင် တသက်လုံး အပျိုကြီးလုပ်လည်း အမေပေးတဲ့ လယ်တကွက်ကြောင့် ပြဿနာဖြစ်မှာ မဟုတ်ဘူး။” ဟု မမနီက ကေသီတို့ကို ပို့ချခဲ့သည်။
ထို့ကြောင့် သဘာဝတရားကို လက်ခံဖို့ ကေသီဆုံး ဖြတ်ခဲ့သည်။
အရင်က အမှတ်တမဲ့လိုလို ကိုယ့်ကိုယ်ကို ညာရင်း လက်နဲ့ မထိတထိပွတ်၍ စိတ်ဖြေမှုမျိုး ရှိခဲ့ဖူးပေမယ့် မမနီနှင့် ပေါင်းမိပြီးနောက်မှာ စိတ်ရှင်းရှင်းနှင့် အချိန်ယူ လုပ်တတ်လာသည်။ အိမ်ထောင်သည်တစ်ယောက် ဖြစ်သည့် မမနီက ပွင့်လင်းသည်။ ကေသီတို့လို အငယ်တွေကို သူ့အတွေ့ အကြုံ သူ့ခံစားမှုတွေ အကြောင်း ဘွင်းဘွင်းရှင်းရှင်းပင် ပြောပြတတ်သည်။ တချို့ မိန်းကလေးတွေက မမနီကို သူတို့ ကိစ္စတွေ ပြောဆို အကြံတောင်းကြတာကို ဘေးကနေ နားထောင်ရင်း ကေသီလည်း အဆင့်တွေ တက်လာခဲ့ရသည်။ အခုဆိုရင် တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်လောက်တော့ အိပ်ယာပေါ်မှာ ဒါမှမဟုတ် ရေချိုးခန်းထဲမှာ ကိုယ်လုံးတီးနှင့် စိတ်လွတ်လက်လွတ် ကျကျနန အာသာဖြေမိသည့် အခြေအနေသို့ ကေသီ ရောက်လာသည်။ လုပ်ဖော်ကိုင်ဖက် အချို့၊ သူငယ်ချင်း အချို့က ကျားအင်္ဂါ အတုတွေ သုံးကြကြောင်း ရိပ်မိသိရှိနေပေမယ့် အဲဒီလောက်အထိတော့ ကေသီ အဆင့်မတက်ရဲသေးပါ။
ဒါပေမယ့် အခုတော့လည်း စိတ်လိုက်မာန်ပါ မှာမိခဲ့သည့် စက်တစ်လုံးက အိပ်ရာဘေးတွင် ရောက်နေပြီ ဖြစ်သည်။ ကေသီ ဒယီးဒယိုင်ဖြင့် အိပ်ယာမှ ကျုံးထလိုက်ပြီး အသက်ကို ပြင်းပြင်း တစ်ချက်ရှုလိုက်၍ စက်ကို ပါဝါဖွင့်လိုက်သည်။ ထို့နောက် တုန်ရီသော လက်တွေနှင့် ဟိုကောင်မလေး ပြထားသည့် အတိုင်း လက်ကိုင်ကို ချွေးစိုနေသော လက်များဖြင့် တင်းတင်း ကိုင်လိုက်ချိန်တွင် မှန်ပြင်၌ “Welcome back Kay Thi” ဆိုသည့် စာသားပေါ်လာ၏။ အလန့်တကြားဖြင့် လက်ကိုပြန် လွှတ်လိုက်ပြီး ကေသီတွေတွေလေး ရပ်နေမိ၏။ မျက်စိကို မှိတ်၍ ချည်တုံချတုံ ဖြစ်နေရင်း “ချက်ချင်း အဆင်ပြေသွားမှာ ပါ” ဆိုသော မမနီစကားကို ပြန်ကြားယောင်မိသည့်အခါ လက်က အလိုလို အင်္ကျီဇစ်ဆီသို့ ရောက်သွားသည်။
“ ဘာမှ မတွေးတော့ဘူး။”
စိတ်မရှည်သလို ဆောင့်ကြီး အောင့်ကြီးပြောလိုက်ရင်း ဇစ်ကို ဆွဲဖြုတ်လိုက်မိ၏။ ထိုနောက် ရှီကနဲ အသံရှည်တစ်ခုနှင့်အတူ ကေသီ့ စကပ်လည်း ကြမ်းပြင်ပေါ်သို့ ပုံကျသွားသည်။ အတွင်းခံ ၂ ခုလည်း ခဏချင်းပင် အိပ်ယာပေါ်သို့ ရောက်သွား၏။ ထို့နောက် ခုဏကောင်မလေးက အချောင်း ၅ ချောင်းပါသည် ဆိုသော ဗူးကို ကသောကမျော ဖွင့်မိသည်။
လက်တုန်နေသောကြောင့် အားလုံး အိပ်ယာပေါ်ပြုတ်ကျကုန်သည်။ အစဉ်လိုက် စီထားတာလည်း ပျက်သွား၍ အိပ်ယာပေါ်တွင် ပြန်ချစီပြီး အသေးဆုံးကို ရွေးထုတ်လိုက်သည်။ မှန်ပြင်ပေါ်က Pleasure ကို ဖိလိုက်တော့ ထိုင်ခုံမှာ ငုတ်ကလေး ထွက်လာသည်။ ချွေးစေးတွေနှင့် လက်ချော်နေသောကြောင့် ဟိုကောင်မလေး ပြောသလို ချပ်ကနဲ အသံမြည်ပြီး အံကျသွားအောင် သုံးလေးကြိမ် ကြိုးစားလိုက်ရသည်။ ပြီးမှ တဖန် ရေဆေးဖို့ စိတ်ကူးရတာကြောင့် ကပျာကယာ ပြန်ဖြုတ်ပြီး ရေပြေးဆေးရသည်။ ရေလုံးဝခြောက်သွားအောင် တစ်သျှူးနှင့် သေသေချာချာ သုတ်ရပြန်သည်။
ယောက်ျား အင်္ဂါနှင့် တပုံစံတည်း တူအောင်လုပ်ထားသည့် အချောင်းလေးကို ပယ်ပယ်နယ်နယ် ကိုင်တွယ်ကာ ရေဆေး ရ၊ သုတ်ရ လုပ်နေရင်း ကေသီ့ရင်တွေ တဝုန်းဝုန်းခုန်နေသည်။ လည်ချောင်းတွေလည်း ခြောက်သွေ့အက်ကွဲလာသလို ခံစားရသည်။ ဘာမှန်း မသိသည့် တစုံတရာကို အာသာငမ်းငမ်း လိုချင်စိတ်တွေလည်း ဖြစ်နေသည်။
အချောင်းကို နေရာတကျတပ်ပြီးတော့ လိုလိုမယ်မယ် ဂျယ် ခပ်များများ သုတ်လိုက်သည်။ ထို့နောက် ကောင်မလေး ပြောသည့်အတိုင်း နို့သီးထိပ်ဖျားမှာ စုပ်ခွက်တွေ တပ်လိုက်ပြီး ပင်ထိုးသည်။ ကေသီ ခေါင်းထဲမှာ မူးနေသည်။ ရင်သားထိပ်ဖျားက တင်းတင်းကျပ်ကျပ် ခံစားမှုက တကိုယ်လုံးကို ပျံ့နှံနေသလို ပင်။
စက်ပေါ်ကို တက်လိုက်တော့ ဒူးတွေ တုန်နေသည်။ ဘာမှလည်း မလုပ်ရသေးဘဲနှင့် လှိုက်လှိုက်ပြီးတော့ မောနေသည်။ အကြီးဆုံး အရွယ်အစားအနေဖြင့် လက်ခလယ်လောက်သာ ဝင်ဖူးသည့် အပေါက်ကလေးထဲသို့ ရာဘာချောင်းကို ထည့်ဖို့ ကေသီ ရုတ်တရက် စိတ်မှာမရဲပါ။ အသေးဆုံးဆိုပေမယ့် ကေသီ့လက်ခလယ်ထက်တော့ ဒီအချောင်းက များစွာကြီးနေပါသည်။ မရည်ရွယ်ပါဘဲနှင့် လက်က တွင်းဝဆီရောက်သွားတော့ မကြုံဖူးလောက်အောင် ရွှဲရွှဲစိုနေတာကို စမ်းလိုက်မိသည်။ ခါတိုင်းဆိုရင် လက်နှင့် တော်တော်ကြာကြာလေး လုပ်ပြီးမှ ရောက်လာရမည့် အနေအထားမျိုး ဖြစ်ပါသည်။
သက်ပြင်းကြီးတစ်ခုကို လေးလေးပင်ပင် ချလိုက်ပြီးနောက် အသက်ကိုအောင့်၍ အဝတွင်တေ့ထားလိုက်ပြီး ကေသီ ဖိထိုင်ချလိုက်သည်။ ကေသီ့ ညီမလေးက စူပါအဆင့်ရောက်အောင် စိုရွှဲနေသည့်အပြင် ဂျယ်တွေလည်း တော်တော်များများ လိမ်းထားလို့ ထင်သလောက်တော့ မနာပါ။ ဒါပေမယ့် တင်းကျပ်သည့် ခံစားမှုတစ်ခုက ဝမ်းဗိုက်မှသည် ရင်ခေါင်းအထိ ပေါင်တံတွေတလျှောက်မှသည် ဒူးအထိ ရောက်သွား၏။ ကေသီ့ ဒူးတွေ တဆတ်ဆတ် တုန်လာသည်။ ကေသီ တစ်ခါမှ မကြားဖူးသည့် အသံတစ်ခုက ရင်ခေါင်းမှနေ၍ ခြောက်ကပ်နေသော လည်ချောင်းကို ဖြတ်သန်းထွက်ကျလာ၏။
တင်ပါး ၂ ခုက ထိုင်ခုံနှင့် ထိသည့် အချိန်တွင် ကေသီ့လက်တွေ တဆတ်ဆတ်တုန်လာသည်။ ကိုယ်အောက်ပိုင်းမှာ ဖြစ်နေရသည့် ဝေဒနာနှင့် ရင်တွင်းက ခံစားမှုမျိုးကို တခါမှ မကြုံဖူး မတွေးကြည့်ဖူးတာ အမှန်ပင်ဖြစ်သည်။ ခံစားရခက်သည့် ဝေဒနာကနေ ရှောင်နိုင်ရန် စက်ပေါ်ကနေ ပြန်ဆင်းဖို့ ကေသီ မတွေးမိတော့ပါ။ အံကို တင်းတင်းကြိတ်လိုက်ရင်း ခြေနင်းတဖက်ကို နင်းချလိုက်မိသည်။
အတွင်းသားနုနုလေးတွေကိ ပွတ်တိုက်ပြီး အချောင်းကြီး ပြန်ထွက်သွားသော အခါ ကေသီ့ရင်ထဲမှာ တလှပ်လှပ်ဖြစ်သွားသည်။ ခြေနင်းတပတ်လည်၍ အချောင်းပြန်တက်လာချိန်တွင် တနင့်နင့် ခံစားမှုတစ်ခုကြောင့် ကေသီ အသံထွက် ညည်းလိုက်မိသည်။ အားစိုက်၍ တပတ်ချင်း ခပ်ဖြေးဖြေးနင်းရင်း ကေသီငိုချင်လာသည်။ မျက်ရည်မကျပေမယ့် ရှိုက်မိသည်။ ညည်းမိသည်။ တဖြည်းဖြည်းနှင့် မြန်မြန်လေး နင်းမိသည်ကိုလည်း သတိမမူမိတော့ပါ။ အခန်းကျဉ်းလေးထဲမှာ ကေသီ့ညီးသံ ရှိုက်သံတွေနှင့် တစထက်တစ ပိုဆူလာသည်။
လက်ကိုင်ကို ကေသီ တင်းတင်း ဆုပ်ထား၏။ အချောင်းမြင့်တက်လာသည့် အချိန်တွင် လူပါ အပေါ်ကို မြောက်တက်မသွားအောင် သူ၏ တင်ပါးတွေက ထိုင်ခုံနှင့် ထိပြီး ပြားကပ်သွားသည်အထိ အပေါ်ကနေ ဖိထားမိသည်။ ကေသီ အရမ်းမောပါသည်။ ဒါပေမယ့် နင်းနေတာကို ရပ်ဖို့ ခေါင်းထဲ မရောက်ပါ။ ခြေနင်းကို တပတ်ပြီးတပတ်လည်အောင် ဆက်ခါ ဆက်ခါ နင်းနေဖို့ပဲ သိသည်။ အတွင်းသားတွေက နာသည်။ ဒါပေမယ့် မခံမရပ်နိုင်လောက်အောင် နာကျင်ခြင်းမျိုး မဟုတ်။ နင့်ကနဲ နင့်ကနဲ ခံစားမှုက ကေသီ့တကိုယ်လုံးကို တဆတ်ဆတ် တုန်ခါစေ၏။
လေပွေလှိုင်းတစ်ခုကို စီးမိနေသလို ကေသီ့စိတ်က နိမ့်လိုက် မြင့်လိုက် တရစ်ရစ်နှင့် လည်နေသည်။ ပေါင်ကြားထဲက ဘယ်လိုမှန်းမသိသည့် ခံစားမှုက သွေးကြောတွေအတိုင်း တကိုယ်လုံသို့ ပျံ့နှံ့စီးဆင်းနေသည်ဟု ထင်သည်။ အသက်ကို ပင်ပန်းကြီးစွာ ရှူရင်း ထိုခံစားမှုနောက်သို့ လိုက်နေမိသည်။ ထိုအရာကို အမိအရဖမ်းလိုက်နိုင်ရင် ကေသီ့အတွက် တစ်ခုခု ရတော့မလို အသိမျိုးဖြင့် လိုက်ဖမ်းမိသည်။ ရင်သားထိပ်ဖျားက တင်းကျပ်မှုကလည်း ကေသီ့ကို မွတ်သိပ်မှုတစ်ခု ပေးနေသည်။
ပါးစပ်က ဘာသံတွေ ထွက်ပြီး ဘာတွေ ပြောနေမိမှန်းလည်း ကေသီ မသိပါ။ ထို့နောက် လှိုက်ကနဲလှိုက်ကနဲ ခံစားမှုတစ်ခုက တကိုယ်လုံးသို့ လှိုင်းဂယက်လို ပျံ့ နှံ့သွားသည်။ တကြိမ်တည်းမဟုတ်။ ရေပြင်သို့ ခဲပစ်ချလိုက်သော လှိုင်းဂယက်များ တလိမ့်လိမ့် ပြန့်ကားသွားသလို တလိပ်လိပ်နှင့် ပျံ့နှံ့သွားခြင်း ဖြစ်သည်။ ခြေနင်းကို တပတ်ပြီး တပတ်နင်းနေသော ခြေ ထောက်တွေက အလိုလို ရပ်တန့်သွားရ၏။ မျက်လုံးတွေ မှေးစင်းကျသွားပြီး နှုတ်ခမ်းနှင့် မေးရိုးတွေက တဖက်ဖက်ကို စောင်းရွဲ့သွားလို ခံစားလိုက်ရသည်။
ကြီးမားရှည်လျားသော ညည်းသံတစ်ခု ပြုလိုက်မိရင်း လက်ကိုင်ပေါ်သို့ ကေသီ မှောက်ကျသွားသည်။ မောပန်းခြင်း၊ နွမ်းလျခြင်း ထို့နောက် အဲ့ဒါတွေ နောက်ကွယ်က ဘာမှန်းမသိသော ပြည့်စုံမှုတစ်ခု။ ကေသီ့ တကိုယ်လုံးမှာ အားအင်တွေ အကုန်ပျောက်ဆုံးကုန်သည်။
“ ကွန်ဂရက်ကျူလေး ရှင်း ကေသီ၊ စတင်ပြီး ၇ မိနစ်နဲ့ ၄၃ စက္ကန့်မှာ အထွဋ်အထိပ်ကို ရခဲ့ပါတယ်။ ပျမ်းမျှ အရှိန် တစ်နာရီကို ၁၄ ဒဿမ ၅ ကီလိုမီတာ ဖြစ်ပြီးတော့ ကယ်လိုရီ ၄၀ လောင်ကျွမ်းခဲ့ပါတယ်။”
အင်္ဂလိပ်ဘာသာဖြင့် စက်က ပြောလာသည့် အသံက ဟိုအဝေးကြီးမှ လာနေသလိုလိုပင်။
………………………………………
(၂)
မျက်နှာ မသာမယာနှင့် ပြန်ထွက်လာသော ရဲလင်းကို မြင်တော့ ဧည့်ခန်းထဲတွင် ထိုင်စောင့်နေသော မီးမီး ပျာပျာသလဲ ထရပ်သည်။
“ အဆင် မပြေဘူးလား သူငယ်ချင်း”
ပြန်မဖြေနိုင်သေးဘဲ ရဲလင်းက တောက်ခေါက်လိုက်သည့်အတွက် မီးမီး ပို၍ လန့်သွားသည်။ အနားရောက်လာသော ရဲလင်း လက်ကို လှမ်းဆွဲရင်း
“ ဘာတွေ ဖြစ်လာတာလဲ။ ပြောစမ်းပါဦး၊ မင်းပုံစံက ကြောက်စရာကြီး”
“ သောက်ကောင်မ၊ သောက်ကြီးသောက်ကျယ်နဲ့ ငါ့ဟာကိုများ သေးလို့တဲ့၊ မြန်မာပြည်မှာ ကပ္ပလီဆိုဒ် လိုချင်လို့ ရမလား။”
“ အလုပ်မဖြစ်ခဲ့ဘူးပေါ့”
“ အေး … ငါ့ကွာ၊ လူကို ပါးရိုက်တာ ခံနိုင်သေးတယ်။ ဒီလိုပြောတာတော့ များတယ်ကွ၊ တောက်”
အနားက လူတချို့ကလည်း လှမ်းကြည့်ကြတော့ တရှူးရှူး တရှားရှား ဖြစ်နေသော ရဲလင်းကို မီးမီးက ဆေးရုံအပြင်ဖက် ဆွဲထုတ်လာခဲ့သည်။ အပြင်ဖက် သစ်ပင်တွေ အောက်က ခုံတန်းလျားတစ်ခုနားရောက်မှ ထိုင်ခိုင်းရင်း
“ ကဲ …ပြောပါဦး ဘယ်လိုဖြစ်လာသလဲ။”
“ ပြောတောင် မပြောချင်ပါဘူးကွာ၊ ဒေါသထွက်တာပဲ သိတယ်။”
“ သေးတယ် ပြောလို့လား၊ မင်းက တော်တော် သေးနေလို့များလား။”
“ ဟေ့ … ငါက လူစဉ်မီပါတယ်ကွ၊ ဒီမှာ ငါ အရမ်း စိတ်လှုပ်ရှားနေတာကွ၊ သောက်ကျိုးနည်း အထဲမှာလည်း အဲကွန်းက အေးလိုက်တာ၊ အဲ့ဒီမှာ သူ့ ဖာသာ ကျုံ့ပြီး တိုသွားတာတော့ ငါလည်း ဘယ်တတ်နိုင်မလဲ။”
မီးမီး မျက်နှာက ရယ်ချင်စိတ်ကို တင်းခံထားရသည့်ပုံ ပေါ်နေသည်။
“ အဲ့ဒီမိန်းမက ညင်းတာလား။”
“ ဆေးရုံက လူတစ်ယောက်လာပြောတာပဲ၊ ငါလည်း ဒေါသထွက်ပြီး ထပြန်လာတာ။ ဘယ့်နှယ့်ကွာ၊ ငါ့မှာတော့ ဆေးတွေစစ်ရ၊ သွေးတွေစစ်ရနဲ့ အသားလည်းနာ အချိန်ကုန် ငွေကုန် ခံလိုက်ရတယ်။”
ကမန်းကတန်း ကောက်စွပ်ပြီး ထွက်လာပုံရသည့် ရဲလင်း အင်္ကျီက ကြယ်သီး လွဲနေသည်ကို ပြန်တပ်ပေးရင်း မီးမီး ပြုံးလိုက်သည်။
“ အမှန်အတိုင်းပြောရရင် မင်းကို ငါက မရောင်းစေချင်ဘူး။ မင်းအမေအတွက် ငွေလိုတယ် ဆိုလို့သာ လိုက်လာပေးတာ သူငယ်ချင်း၊ စိတ်မပျက်ပါနဲ့ကွာ၊ ငါတို့ တခြားနည်းလမ်း ရှာတွေ့ ဦးမှာပါ။”
“ တခြားနည်း မြန်မြန်တွေ့မှ ဖြစ်မယ်ကွာ”
သက်ပြင်းတချက်ချလိုက်ရင်း ရဲလင်း ပြောသည်။ အမေအကြောင်းကို စိတ်ရောက်သွားတော့ ခုဏက ဒေါသတွေ နည်းနည်း ပြေလျော့သွားသည်။ ဒါပေမယ့် ခုဏအကြောင်းက ခေါင်းထဲပြန်ဝင်လာပြန်သည်။ ဘာပဲပြောပြော မီးမီးကို ခေါ်လာမိလို့ တော်သေးသည်။ တခြားကောင်တွေနှင့်သာဆိုရင် ပြေရာပြေကြောင်း ပြောဖြစ်ကြမည် မဟုတ်ဘဲ သေးသည့်ကိစ္စကိုသာ ဟာသလုပ်နေကြလို့ ပိုစိတ်ဆိုးရမှာ သေချာသည်။
“ ငါမင်းကို ခေါ်လာမိတာ ကံကောင်းသွားတယ်ကွာ”
တကယ်တော့ သူ့အခြေအနေကို နားလည်အပေးနိုင်ဆုံးက မီးမီး ဖြစ်လိမ့်မည်ဟု တွေးမိလို့ အဖော်အဖြစ် ခေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ အရင်နေ့တွေက တစ်ယောက်ထဲရပေမယ့် ဒီနေ့တော့ ဖြစ်နိုင်ရင် အဖော်တစ်ယောက် ခေါ်လာဖို့ ဆေးရုံကလည်း မှာသည်။ ဆေးရုံလိုက်လာပေးဖို့နဲ့ ဘယ်သူ့ကိုမှ အသိမပေးဖို့ ခေါ်တော့ မီးမီး စိတ်ပူပြီး အလုပ်က ခွင့်ယူကာ အပြေးအလွှား ရောက်လာသည်။ ရဲလင်းက အကျိုးအကြောင်း ရှင်းပြလိုက်တော့ ငိုင်တွေကျသွားသည်။
“ သူငယ်ချင်းရာ တခြားနည်း မရှိတော့ဘူးလား။”
ရဲလင်း အမေက နှလုံးအစားထိုးဖို့ အရေးတကြီး လိုအပ်နေသည်။ အလှူရှင် ဆိုတာက လိုအပ်သည့်အချိန်မှာ ပေါ်လာတာမျိုး မဟုတ်၊ နောက်ပြီး လှူသူနှင့် လက်ခံသူ တူညီရန်လိုသည့် အချက်တွေ ရှိနေသေးသည်။ ဒါကြောင့် စက်နှင့် အစားထိုးဖို့ ဆုံးဖြတ်လိုက်ရ၏။ စိတ်အချရဆုံးနှင့် အကောင်းဆုံး အီလက်ထရောနစ် နှလုံးက ဈေးအလွန်ကြီးသည်။ ရဲလင်း စုဆောင်းထားတာလေးတွေ နှင့် ဘယ်လိုမှ မလောက်။ ကျောက်ကပ်၊ အသဲ၊ အဆုပ် အစရှိသဖြင့် ထုတ်ရောင်းနိုင်စရာ ရှိသည်များနှင့် တွက်ကြည့်သော်လည်း ငွေက မမှီသည့်အခါ နောက်ဆုံးတွင် ဈေးအများဆုံး မြန်မြန်ရနိုင်မည့် ဖွားဖက်တော်ကို ဖြုတ်ရောင်းဖို့ ရဲလင်း ဆုံးဖြတ်လိုက်ရသည်။
ကံကောင်းချင်တော့ ဒါမျိုးတွေ အရောင်းအဝယ်လုပ်ကြသည့် ဝက်ဘ်ဆိုက်မှာ စာရင်းသွင်းလိုက်ပြီး ရက်ပိုင်းအတွင်း ဝယ်လက်နှင့် တိုးသည်။ နောက်ထပ် စစ်ဆေးမှုတွေလုပ်ဖို့ ဒီဆေးရုံကို ရဲလင်း တစ်ယောက်ထဲ သုံးလေးကြိမ် ရောက်ခဲ့ပြီး ဖြစ်သည်။ ဒီနေ့တော့ နောက်ဆုံးအကြိမ် စမ်းသပ်မှုတွေ လုပ်မည် အဆင်ပြေရင် အရောင်းအဝယ် စာချုပ်ချုပ်မည် သက်သေအနေနှင့် တစ်ယောက် ခေါ် လာပါ ဆိုသောကြောင့် သူငယ်ချင်းတွေထဲမှာ စိတ်အချရဆုံး၊ အကူအညီ အပေးနိုင်ဆုံးဟု ထင်သော မီးမီးကို အားကိုးတကြီး ခေါ်လာခဲ့ပါသည်။
“ မင်းက ဒဲ့ချိန်းလား၊ အရောင်းလား”
“ အရောင်းပေါ့ကွ၊ ဒဲ့ချိန်းဆို ပိုက်ဆံ ဘယ်ရတော့မလဲ၊ နောက်ပြီး သူ့ပစ္စည်း ငါက ဘာလုပ်ရမှာလဲ။ ငါကမှ မိန်းမ မဖြစ်ချင်တာ”
“ ဒါဆိုရင် မင်းက ဘယ်လိုလုပ်မလဲ၊ ဒီတိုင်းကြီး ထားမှာလား”
“ ပြန်တပ်ရမှာပေါ့ကွာ… ဒါပေမယ့်”
ဖြစ်နိုင်ချေတစ်ခုကို တွေးမိပြီး ရဲလင်း အသံတိုးတိမ်သွားသည်။ မီးမီးလည်း မျက်လုံးပြူးသွားပြီး ရင်ဘတ်ကို ဖိသည်။
“ ရဲလင်းရာ … ငါ ဘာပြောရမှန်း မသိဘူး။”
ပြန်တပ်၍ ရနိုင်သည့် ဆီလီကွန် ကျားအင်္ဂါ အတုက ဆီးသွားရုံလောက်သာ အသုံးချနိုင်သည်။ ရဲလင်းအတွက် ယောက်ျားဘဝ အဆုံးသတ် ဖြစ်သောကြောင့် မီးမီး စိတ်မကောင်း ဖြစ်သွားရခြင်းပင်။ ဒါပေမယ့် ရဲလင်း ဆက်ပြောလာသည့်အခါ မီးမီး ပို၍ ထိတ်လန့်ဖို့ ဖြစ်လာသည်။
“ အတုပြန်တပ်ဖို့ကလည်း ငါ့အတွက်တော့ ဈေးများနေသေးတယ်။ သိပ်မလွယ်ဘူး။”
“ ဒါဆိုရင် မင်းက … ဟို .. လူသေဟာ ပြန်ထည့်မှာလား။ အဲဒါ အန္တရယ်များတယ်နော်။”
“ ဒါပေမယ့် ပြန်သုံးလို့ ရချင်လည်း ရနိုင်တယ်လေ။”
လူသေအလောင်းမှ ပစ္စည်းကို ပြန်ထည့်ခြင်းက အခန့်မသင့်လျှင် ပိုးဝင်နိုင်သည်။ အနာမကျက်လို့ ပြန်ဖြုတ်လိုက်ရပြီဆိုလျင် နောက်တခါ ပြန်လုပ်ဖို့ အခွင့် အလမ်း အလွန်နည်းသွားနိုင်သည်။ အလောင်းမှ ဖြုတ်ယူစဉ် စနစ်တကျ မလုပ်ခဲ့ပါက ပုတ်တောင်သွားနိုင်၏။ ဒါပေမယ့် အစားထိုးသည့် အင်္ဂါ၏ လတ်ဆတ်မှု နှင့် လုပ်ပေးသည့် ဆရာဝန်၏ ကျွမ်းကျင်မှုပေါ် တွင် မူတည်၍ ယောက်ျားသဘာဝအတိုင်း ပြန်အသုံးချနိုင်ရန် အခွင့်အရေးတွေလည်း ရှိနေသည်။ တရားဝင် ခွင့်ပြုထားတာမျိုး မဟုတ်သည့်အတွက် အန္တရယ်ရှိလာလျင် ကိုယ်ဖြစ်ကိုယ်ခံဆိုသည့် သဘောမျိုးကလည်း ရှိနေပြန်သည်။ ဈေးက တော့ အလွန်အမင်း သက်သာသည်။ ကုန်ကျစရိတ် နည်းနည်းနှင့် ဖြစ်နိုင်ချေ ခပ်ပါးပါး တစ်ခုကို မျှော်လင့်ပြီး ထီထိုးရခြင်းဟု ဆိုနိုင်ပါသည်။
တကယ်တော့ မီးမီးသည်လည်း မိန်းကလေးတစ်ယောက်အဖြစ် မွေးဖွားလာခဲ့သူ မဟုတ်ပါ။ ရဲလင်းတို့နှင့် သူငယ်ချင်း ယောက်ျားလေး တစ်ယောက်သာ ဖြစ်သည်။ ဒါပေမယ့် မိန်းမစိတ်ပေါက်နေသူ ဆိုတော့ တချိန်မှာ မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းလဲခွဲစိတ်ဖို့ ငယ်ငယ်ကတည်းက မျှော်လင့်ထားခဲ့သည်။ အခုအချိန်မှာ မိန်းမအဖြစ် ပြုပြင်ခွဲ စိတ်ခြင်းက အဆန်းတကျယ် မဟုတ်ပါ။ ဈေးလည်း သိပ်မကြီး။ သို့သော်လည်း မီးမီး (ယခင်က သူ့နာမည်က သားသား ဖြစ်သည်) က မိန်းမ သဘာဝကို အပြည့်အဝ ရချင်သည်။ အဲ့ဒါကတော့ ဈေးအလွန်ကြီး၏။ မိဘတွေက စားနိုင်သောက်နိုင်ရုံလောက်သာ ဖြစ် သည့်အတွက် မတတ်နိုင်သောကြောင့် မီးမီးက ငယ်ငယ်ကတည်းက ရည်ရွယ်ချက်ကြီးကြီးဖြင့် ငွေစုခဲ့သည်။
အလုပ်လုပ်သည့် အရွယ်တွင်လည်း ကြိုးစားခဲ့သည်။ ချိုးခြံချွေတာခဲ့သည်။ ဖြစ်ချင်တော့ သြစတေးလျမှ ဦးလေးတစ်ယောက်က စရိတ်ခံခေါ်လို့ အလည်လိုက်သွားရင်း ယောက်ျားလေး ဖြစ်ချင်နေသည့် တရုတ်မလေး တစ်ယောက်နှင့် အလဲအထပ် ဖြစ်သွားသည်။ ဒဲ့ချိန်းလို့ ခေါ်ကြသည့် အလဲအထပ်က ပစ္စည်းဝယ်ရသည့် စရိတ်မရှိတော့ဘဲ လက်ခပဲကုန်မည့် သဘောမျိုး ဆိုတော့ ငွေကြေး အကုန်အကျလည်း သိပ်များသည်ဟု မဆိုနိုင်သလို သူ့ကို ခေါ်မိသည့် ဦးလေးကလည်း လိုတာ ဝင်စိုက်ပေးလိုက်ရသည့် အတွက် နောက်တစ်နှစ်နီးပါး အကြာမှာ ယခင်က သားသားလို့ ခေါ်ကြသည့် ရဲလင်းတို့ သူငယ်ချင်းလေးက မီးမီး အဖြစ်နှင့် ပြည်တော်ပြန်လာနိုင်ခဲ့သည်။ သူအရင်ကတည်းက ကြိတ်ကြိုက်နေခဲ့သော ကောင်လေးနှင့်လည်း အခုဆိုရင် ချစ်သူတွေ ဖြစ်နေလေပေပြီ။ လက်ထပ်ဖို့ ငွေစုနေကြသည်။
မီးမီးမှာ ဒီလို အတွေ့အကြုံရှိလို့လည်း သူ့ကိုခေါ်လာဖို့ ရဲလင်း စိတ်ကူးရခဲ့ခြင်း ဖြစ်ပါသည်။ မီးမီးကတော့ ကံကောင်းခဲ့ပါသည်။ ဒါမျိုးက အဆင်ပြေတာတွေ့ဖို့ ခက်သည်။ ဟိုဖက်ဒီဖက် ကိုယ်အင်္ဂါတွေ အကူးအပြောင်းတွင် ၂ ယောက်လုံးမှာ ကိုက်ညီမှုတွေ ရှိဖို့လိုသည်။ အဆင်ပြေတာတွေ့ဖို့ အချိန်ယူရ၏။ ထို့ပြင် သူ့ပစ္စည်း ကိုယ့်ပစ္စည်း အပြန်အလှန် သဘောကျကြမှလည်း အလုပ်ဖြစ်သည်။ ခွဲစိတ်ခြင်းသာမက ဟိုမုန်းကုထုံးတွေလည်း အဆင့်ဆင့် လုပ်ရ သည်။ ငွေကြေးတတ်နိုင်သူတွေကတော့ အလဲအထပ်ကို မစောင့်ဘဲ အခု ရဲလင်းတို့လို ငွေလိုနေသူတွေ ထုတ်ရောင်းတာမျိုးထဲမှ သူတို့နှင့် ကိုက်ညီတာကို ကြိုက်ဈေးပေးဝယ်ပြီး ပြောင်းကြ၏။ ပစ္စည်းသန့်ရင် သန့်သလို ဈေးများသည်။ အထူးသဖြင့် လူပျိုစစ်စစ် အပျိုစစ်စစ် ဖြစ်မည် ပစ္စည်းကလည်း လှမည်၊ ကြည့်ကောင်းမည် ဆိုလျှင် ဈေးက ခေါင်ခိုက်နေ၏။
ရဲလင်း အခုလိုရောင်းဖို့ လုပ်တာကို မီးမီး သဘောမတူနိုင်ပါ။ အထူးသဖြင့် လူသေဆီက ပစ္စည်းပြောင်းတပ်မည့် အန္တရာယ်များသော ကိစ္စအတွက် ဖြစ်သည်။ ယောက်ျားဖြစ်ချင်သည့် မိန်းမတွေတောင် ဒီလိုမလုပ်ကြပါ။ အရှင်လတ်လတ် လူဆီက ဖြုတ်ဝယ်တာကိုပဲ သုံးကြသည်။ ဒါပေမယ့် ရဲလင်း လောလောဆယ် လိုအပ်သည့် ငွေကြေး အတိုင်းအတာက သူလည်း ကူနိုင်မည့် ပမာဏ မဟုတ်သည့်အတွက် မီးမီး စိတ်လျှော့ပြီး လိုက်လာခဲ့ရသည်။ အခုလို အရောင်းအဝယ် ပျက်သွားတော့ ရဲလင်းအမေအတွက် စိတ်မကောင်း ဖြစ်ရပေမယ့် ရဲလင်း ကိုယ်ပိုင်ပစ္စည်း မဆုံးရှုံးရသေးသည့် အတွက် စိတ်သက်သာ သွားပုံလည်း ရသည်။
“ အန်တီက စိတ်ကောင်းရှိတဲ့ သူပါ သူငယ်ချင်းရာ၊ တနည်းမဟုတ် တနည်းနဲ့ သူ့ အတွက် အဆင်ပြေသွားမှာပါ။ မင်းလည်း စိတ်ရှုပ်နေတယ်။ လာကွာ… တို့ ဘုရားသွားရအောင်၊ ကောင်းမှုကုသိုလ် တစ်ခုခု လုပ်ပြီး အန်တီ့အတွက် ဆုတောင်းကြတာပေါ့။ ငါတို့ တနေကုန် အားသွားပြီပဲ။”
ဒေါသတွေ တဖြည်းဖြည်း လွင့်ပျယ်လာနေချိန်မှာ အမေအတွက် စိုးရိမ်စိတ်တွေ ပြန်ဖိစီးလာနေသော ရဲလင်းက မီးမီး ခေါ်ရာကို စိတ်လျှော့ပြီး လိုက်လာခဲ့သည်။ စိတ်ဆိုးနေသော သုန်သုန်မှုန်မှုန် မျက်နှာထားနှင့် လူငယ်တစ်ယောက်ကို ချစ်စရာ မိန်းကလေး တစ်ယောက်က ချော့မော့နေသည်လို့ အကြောင်းမသိသူတွေက ထင်ချင်ထင်ကြပါလိမ့်မည်။
“ ခုဏ မင်း အသိကို သတင်းသွားမေးရဦးမယ် ဆိုတာ တွေ့ပြီးပြီလား။”
အလာတုန်းက ဒီဆေးရုံမှာပဲ တက်နေသည့် သူ့အသိတစ်ယောက်ဆီကို လမ်းကြုံဝင်လိုက်ဦးမည်ဟု မီးမီး ပြောထားသည်။
“ မင်း အထဲဝင်နေတုန်း ငါသွားမေးတော့ သရဖီ တစ်ခု လုပ်နေရတယ် ပြောတာပဲ။ မတွေ့ခဲ့ရဘူး။ နောက်မှလာလည်း ရပါတယ်။ သူက ရှိဦးမှာပါ။”
တလမ်းလုံးလည်း မီးမီးက ရဲလင်းစိတ်ပြေအောင် ဖျောင့်ဖျရှာသည်။ ရဲလင်းအမေအတွက် တတ်နိုင်သမျှ လုပ်ပေးမည်ဟုလည်း ပြော၏။
ဘုရားပေါ်ရောက်၍ စိတ်နည်းနည်း အေးချမ်းသလို ဖြစ်သွားချိန်တွင် ဟိုတရက်က ဆေးရုံမှာ အမေ့ ဆေးစစ်ချက် စောင့်နေစဉ် ရောက်လာသော မဲမဲပိန်ပိန် လူအကြောင်း ပြန်တွေးမိသည်။ ဆီရွှဲနေသော ဆံပင်တွေကို နောက်ကိုလှန်၍ ပြားကပ်နေအောင် ဖီးထားသည့် ထိုပုဂ္ဂိုလ်က သူတို့ ဖောင်ဒေးရှင်း အကြောင်း လာရှင်းပြသည်။ ရဲလင်း အမေအတွက် သူတို့ ဖောင်ဒေးရှင်းက အလှူရှင် ရှာပေးနိုင်သည်ဟု ပြောသည်။
“ ငါ့ ညီ အမေ ဆေးမှတ်တမ်းတွေ အစ်ကို့ကို ကော်ပီကူးပေးနိုင်မလား။ အဲ့ဒါနဲ့ တိုက်ပြီး ကိုက်ညီတဲ့သူ အမြန်ဆုံး ကိုယ်တို့ ရှာပေးလို့ ရတာပေါ့။”
ထိုပုဂ္ဂိုလ်ပေးလာသည့် ကတ်ပြားလေးကို ရဲလင်း ယောင်တောင်တောင် နှင့် ကြည့်မိသည်။ “ရွှေဝါးပင် ဖောင်ဒေးရှင်း” ဆိုသည့် အမည် ၊ ဝက်ဘ်ဆိုက် လိပ်စာ တစ်ခု၊ အီးမေးလ် တစ်ခုမှအပ လူနာမည် မပါ၊ ဖုန်းနံပါတ်တောင် မတွေ့ရ၍ ထူးဆန်းနေသည်။ စိတ်ထဲလည်း စနိုးစနှောင့် ဖြစ်မိ၏။ အခမဲ့ ကူညီတာလားဟုမေးတော့ ဝေ့လည်လည်တွေ ပြောသည်။ ထို့ ပြင် သူတို့ ဖောင်ဒေးရှင်း နှင့် ချိတ်ဆက်ထားသော ဆေးရုံကို ပြောင်းတက်ရမည်ဟုလည်း ဆို၏။ နောက်ဆုံး ဘယ်လောက်ကုန်မလဲ ပွင့်ပွင့်လင်းလင်း ပြောပါဟု မေးလိုက်တော့ ကုန်ကျစရိတ်က ထူးပြီး မသက်သာပါ။ နည်းနည်းတောင် ပိုများချင်သလိုလို ရှိနေသည်။ ရဲလင်းက များတာပေါ့ဟု လွှတ်ကနဲ ပြောမိတော့ ထိုပုဂ္ဂိုလ်က ပြုံးစိစိနှင့် အမြန်လုပ်ချင်ရင် အမြန်ကြေးဆိုတာ ရှိတာပေါ့ဟု ဆိုသည်။
အခုချိန်မှာ ရဲလင်းအတွက် အဓိက လိုတာက ငွေဖြစ်သည်။ ငွေပေးရမည် (သူ့စကား အရဆိုလျှင် အလှူငွေ) ဆိုတော့ ဘာထူးမည်နည်း။ ကဒ်ကို ယူထား၍ အဆင်ပြေရင် ဆက်သွယ်ပါမည်ဟုသာ ပြောလိုက်သည်။ ဘုရားပေါ်မှာ မီးမီးကို ပြောပြတော့ လူလိမ် ဖြစ်နိုင်သည်ဟု မှတ်ချက်ချ၏။
…………………………………………………………
(၃)
“ ဟိုကောင် ကျော်လေး မတွေ့ပါလား။”
ရဲလင်း အမေးကြောင့် ကျန်တဲ့ကောင်တွေ မျက်နှာပျက်သွားကြသည်။
“ ကျော်လေးကို ဘော့စ်က မနေ့က အလုပ်ဖြုတ်လိုက်ပြီ။”
“ အရက်မူးပြန်ပြီလား။ ဒီကောင်ကတော့ကွာ”
ပစ္စည်းဖြုတ်ရောင်းဖို့ ကိစ္စနှင့် အလုပ်မဆင်း ဖြစ်လိုက်သည့် တစ်ရက်မှာ ရင်းနှီးသည့် လုပ်ဖော်ကိုင်ဖက်တစ်ယောက် လျော့သွားရခြင်းကြောင့် စိတ်မကောင်း ဖြစ်သွားရသည်။
“ ညဖက်သောက်ထားတဲ့ အနံ့နည်းနည်း ထွက်နေတာ လောက်ပါကွာ၊ အလုပ်လည်း မထိခိုက်ပါဘူး။ ဘော့စ်က သက်သက် အညိုးနဲ့ တွယ်ထည့်လိုက်တာ။”
“ ဘာတွေညိုးတာလဲ ငါလည်း မသိလိုက်ရပါလား။”
အမှန်ပြောရရင် အခု လေးငါးခြောက်လ အတွင်းတွင် မိခင်ကျန်းမာရေးအတွက် စိုးရိမ်နေရလို့ ရဲလင်း စိတ်နှင့်ကိုယ် သိပ်မကပ်ပါ။ အလုပ်ကို ဝတ္တရားကျေရုံမျှသာ လုပ်နိုင်သည်။ ကျန်သည့် အကြောင်းကိစ္စတွေက ခေါင်းထဲ မရောက်တာများသည်။ နောက်ပိုင်းမှာ ပစ္စည်းဖြုတ်ရောင်းဖို့အထိ တွေးလာရသည့် အချိန်မှာ ပတ်ဝန်းကျင်နှင့် အထူးသဖြင့် အလုပ်ထဲက အသိုင်းအဝိုင်းနှင့် နေ့စဉ်လို အတူရှိနေသည့်တိုင် သီးခြားလို (အနည်းဆုံးတော့ ရဲလင်း စိတ်ထဲမှာ) ဖြစ်နေခဲ့ရ သည်မှာ ကြာခဲ့ပေပြီ။
“ ဘော့စ်က ထရန်စ် အက်တီဗစ်လေ မင်းလည်းသိသားနဲ့”
ထရန်စ်ဆိုသည်မှာ လိင်ပြောင်းထားသူ Transgender ကို အတိုကောက် ခေါ်ကြခြင်း ဖြစ်သည်။
“ အင်းလေ”
“ ကျော်လေးက ထရန်စ်တွေ ဘယ်လောက် အမြင်ကပ်သလဲ ဆိုတာ မင်းလည်းသိသားနဲ့၊ ဟိုတစ်ရက်က တိုက်တိုက်ဆိုင်ဆိုင် ရုံးက ထရန်စ်တွေ တစ်ယောက်မှ မလာကြဘူးလေ။ အဲဒါကို ကျော်လေးက “ထရန်စ်ကင်းစင် ပြုံးပျော်ရွှင်၊ သန့်ရှင်းလန်းဆန်း တို့ရုံးခန်း” ဆိုပြီး ဖေ့စ်ဘွတ် မှာ စတေးတပ် တင်လိုက်တာကို ဘော့စ်က မကျေလည်ဘူး ဖြစ်သွားတယ်။”
“ ဒီကောင်က အဲ့လို ပေါက်ကရတွေ လုပ်နေကြပဲကွာ၊ ဘာဆန်းလို့လဲ”
“ မင်း မသိလို့ဟ၊ ဘော့စ်တောင်မှ ထရန်စ် ဖြစ်နေသလားလို့ ငါတို့ သံသယ ရှိတယ်။ ပိုက်ဆံရှိလို့ နောက်ကြောင်း ဖျောက်ထားတာ ဖြစ်ချင်ဖြစ်နိုင်တယ်။”
“ ဒါဆို မင်းပြောချင်တာ ဘော့စ်က အရင်က မိန်းမကြီးပေါ့။ သူ့ရုပ်ကြီးနဲ့ ဖြစ်နိုင်ပါ့မလား။”
ရဲလင်း မျက်လုံးထဲတွင် မျက်နှာလေးထောင့်၊ နှုတ်ခမ်းမွှေး စစနှင့် သူ့သူဌေး ဦးနန္ဒထွန်းကို မိန်းမကြီးတစ်ယောက်အဖြစ် မြင်ယောင်ကြည့်ရင်း မယုံနိုင်သလို ခံစားရသည်။ ဒါပေမယ့် ထရန်စ်တွေနှင့် ပတ်သက်လျှင် ဘော့စ်က ဆတ်ဆတ်ထိမခံတာကိုလည်း သတိရလိုက်၏။ “အားလုံးဟာ ဘာလိင်ဖြစ်ဖြစ် တန်းတူညီမျှ ရှိရမယ်။ ဒါ လူ့အခွင့်အရေးပဲ။” ဟု ဦးနန္ဒထွန်းက ကြုံတိုင်း ပြောလေ့ရှိပါသည်။
“ နောက်တစ်ခု ရှိသေးတယ်။ အခုဟာက ရုပ်ဆိုးရင် ဆင်းရဲသား အထင်ခံရတဲ့ခေတ်၊ ပိုက်ဆံရှိရင် ကြိုက်သလို ချောလို့ရတဲ့ ခေတ်မှာ သူဌေးက ဒီရုပ်ကြီးနဲ့ နေပါ့မလားကွာ။”
“ ဟ .. အဲဒါက သူ့ကိုယ်သူ ချောတယ်ထင်လို့ နေမှာပေါ့ကွ။”
ရဲလင်း စိတ်ထဲမှာတော့ ထရန်စ်ခေါ် လိင်ပြောင်းထားသူများ နှင့် ပတ်သက်ပြီး ထွေထွထူးထူး ခံစားချက် မရှိပါ။ သူလိုကိုယ်လို လူသားတွေ အဖြစ်ပဲ သဘောထားပါသည်။ ရဲလင်း၏ အခင်ဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်သည့် သားသား တဖြစ်လည်း မီးမီးကိုယ်တိုင်က ထရန်စ်တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။ နောက်ပြီး ထရန်စ် အများစုက သူတို့ ထုတ်မပြောရင် ထရန်စ်မှန်း မသိသည့် အခြေအနေမျိုး ဆိုတော့ စိတ်အနှောက်အယှက် ဖြစ်စရာလည်း မရှိပါ။ ကျော်လေးနှင့် ရုံးမှာ အတွဲဆုံး ၂ ယောက်ဖြစ်သော ဂျိုးဆက် နှင့် အေးမင်း တို့ကတော့ သူဌေးက ထရန်စ်ဖြစ်မည်ဟု အခိုင်အမာ ယုံကြည်ထားကြသည်။
“ ငါတော့ သိပ်မထင်ဘူးကွာ၊ ပေါ်သမျှ ယောက်ျားအားဆေးတွေ နောက်ကို လိုက်နေတဲ့ နှာဗူးကြီးက မိန်းမ ဖြစ်ဖူးပါ့မလား။”
“ မင်း ဘယ်လိုသိတာလဲ”
“ အဲဒီဆေးတွေ ရောင်းတဲ့ ဘယ် page ကို ဝင်ဝင် သူက Like ပြီးသား ဖြစ်နေတာ ငါသတိထားမိတာ ကြာပြီ။”
ရဲလင်း စကားကြောင့် ဂျိုးဆက် လက်ဖျောက် တစ်ချက်တီးလိုက်သည်။
“ ပိုသေချာသွားပြီ။ သူပြောင်းတုန်းက တစ်ခုခု လိုသွားလို့ သိပ်မသန်တော့တာနဲ့ အားဆေးတွေ နောက်ကို လိုက်နေတာ ဖြစ်ရမယ်။”
“ ငါကတော့ ဘဲကြီး အသက်ကြီးလို့ သိပ်မစွမ်းတော့ဘူး ထင်ထားတာ။ ”
အေးမင်းကလည်း စိတ်လျှော့ပုံမရ။
“ ဟေ့ကောင် ငါ့ အာရုံက အလိုလို သိတယ်ကွ၊ ဒီဘဲကြီးက ထရန်စ်။ အဲဒါကြောင့် ထရန်စ်တွေကို ပေါက်ကရ ပြောတတ်တဲ့ ကျော်လေးကို အသလွတ် မကြည်တာ။ ကျော်လေးက သူ့ဖာသာ မူးချင်မူးမယ်၊ အလုပ်မှာ ဘယ်တုန်းက ပေါက်ကရ ဖြစ်ဖူးသလဲ။ ငါတို့ထဲမှာ အတော်ဆုံးလို့ ပြောရင်တောင် ရတယ်။”
အဲဒါတော့လည်း ဟုတ်သည်။ ကျော်လေးက လူငယ်ချင်းဆိုရင် ဗလရွှတ်တ ပြောတတ်ပေမယ့် အလုပ်ကြိုးစားသည်။ ဒီလို လူမျိုးကို မကြည်တာက နည်းနည်းတော့ ထူးဆန်းသလို ရဲလင်း တွေးလာမိ၏။ ဦးနန္ဒထွန်းက ထရန်စ်ကိစ္စနှင့် ပတ်သက်ရင် အထိမခံတတ်တာလည်း ကိုယ်တွေ့ ဖြစ်သည်။
တခါတုန်းက ညနေဖက် အရက်တွေမူးပြီး စာရေးဆရာ စိုင်းလင်ဗန်း ဆိုသူကို အယုတ္တ အနတ္တတွေ အော်ဆဲနေတာ ရဲလင်း ကိုယ်တိုင်ကြားခဲ့ဖူးသည်။ ဖေ့စ်ဘွတ်မှာ ပေါက်ကရတွေ ရေးတတ်သည့် စိုင်းလင်ဗန်းကို ရဲလင်းတို့လည်း သဘောကျလို့ ဖောလိုးလုပ်ထားသည်။ သူက ထရန်စ်တွေကို မကြာခန မထိခလုတ် ထိခလုတ် ရေးတတ်သူလည်း ဖြစ်၏။ သူကလိတာက ဖတ်လို့ ကောင်းသည်။ သူ့ဝေါကို သွားလိုက်လျင် သူ့ပို့စ်တွေအောက်မှာ ဓားကြိမ်း ကြိမ်းနေ ကြသည့် ထရန်စ်နှင့် ထရန်စ် အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို မြင်နိုင်၏။ အပြင်မှာတွေ့ရင် တခါတည်း သတ်မည် ဆိုသူကလည်း မနည်းပါ။ ဒါကြောင့်မို့ထင်သည် ထိုစာရေးဆရာက ပရိုဖိုင်ပုံမှာ သူ့ပုံအစား ခေတ်ဟောင်း အမေရိကန်ရုပ်ရှင် မင်းသားတစ်ဦးပုံ တင်ထားပြီး သူ့ကိုယ်ရေး အချက်အလက်တွေကို ဘာမှ ရေရေရာရာ ဖော်ပြခြင်းမရှိဘဲ ထားသည်။ အခု ဒီအကြောင်းကို သတိရပြီး ပြောမိတော့ ဂျိုးဆက်က
“ အေးကွ၊ တို့ဆရာတောင် အကောင့်တုနဲ့ ဝင်ဆဲချင် ဆဲနေမှာ။”
………………………………………………………
(၄)
ဆိုင်အပြင်ဘက်က ဝေ့ဝိုက်ကာ ဝင်လာသော လေခပ်ကြမ်းကြမ်းကြောင့် လုလု နဖူးပေါ်က ဆံပင်လေးတွေ လှုပ်ရှားသွားသည်။ ကိုယ်ပေါ်က ရှပ်အင်္ကျီပွပွကို လေပြင်းဖိလိုက်သောအခါ လုလု၏ မို့မို့ထွားထွား ရင်သားတွေက ပိုထင်ရှားသွားသည်။ သန်းအောင်မြင့်လည်း တံတွေးကို ဂလုကနဲ အသာကျိတ် မျိုချလိုက်ရသည်။
လုလုကတော့ သန်းအောင်မြင့်၏ အဖြစ်ကို ဂရုမထားမိသလို အမူအရာမျိုးဖြင့် လေနှင့်အတူပါလာပြီး စားပွဲပေါ်တင်လာသော သစ်ရွက်ခြောက် တစ်ခုကို ဖယ်ချလိုက်ရင်း
“ အဲဒီတော့ ကိုသန်းအောင်မြင့်က မန်ယူဖက် ထိုင်မယ်ပေါ့၊ အလေးများလို့ ထီထိုးကြည့်ချင်တာလား။”
သစ်ရွက်ခြောက်လေးက လုံးတင်းသော လုလု၏ တင်ပါးနဘေးမှနေ၍ ပေါင်တံတုတ်တုတ်များ ထို့နောက် ခြေသလုံး ဝင်းဝင်းလေးကို ဖြတ်သန်း၍ ဝေ့ကာ ဝိုက်ခါ ကျဆင်းသွားသည်။ သန်းအောင်မြင့် နောက်တကြိမ် တံတွေး မျိုလိုက်ရပြန်၏။
“ အင်းဗျာ၊ ၁၀၀ လေး ၁ လေး ဆိုတော့ စမ်းတော့ စမ်းသင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ၁၀၀ ပြန်မရဘဲ ရှိတဲ့ ၁ ကျပ် ဆုံးမှာ ပိုကြောက်တယ်။”
သန်းအောင်မြင့် ဘယ်ဆီကို အာရုံရောက်နေသည်ကို သိပုံမရ (အမှုမထားခြင်းလည်း ဖြစ်နိုင်ပါသည်) သော လုလုက သူပြောချင်ရာကို ဆက်ပြောနေသည်။
“ ဟို အရင်တုန်းကတော့ သူတို့က နာမည်ကြီး အသင်းပဲလေ။”
မတတ်သာ၍ သန်းအောင်မြင့် အလိုက်သင့် ပြန်ပြောလိုက်ရသည်။ ကိုယ့်အသံက တုန်ခါနေသလိုလို ခြောက်ကပ်နေသလိုလိုလည်း ထင်မိသည်။ လုလုကို ခံစားမှုအပြည့်ဖြင့် ကြည့်မိလေတိုင်း သူ့ရင်မှာ နေမထိထိုင်မသာ အမြဲလိုလို ဖြစ်နေရသည်။ လုလုကတော့ ပေါ့ပါးစွာ ရယ်လိုက်ရင်း
“ အရင်က နာမည်ကြီးတိုင်း အခု နိုင်မလားဗျာ။ ဒီနှစ် တန်းပြန်တက်လာတာတောင်မှ Play-off မှာ ကံကောင်းလို့ တက်လာတာ။ ဗီလာအသင်းစီးလာတဲ့ ကား အက်ဆီးဒန့် မဖြစ်ခဲ့ရင် ဗီလာတန်းတက်မှာ သေချာတယ်။ လူမစုံတဲ့ ဗီလာအသင်းကိုတောင် အချိန်ပိုတွေ ပယ်နယ်တီတွေ ကန်ပြီး တက်လာရတာ မဟုတ်လား။ အခုပွဲလည်း ကံကောင်းပြီး နိုင်ချင်လည်း နိုင်မှာပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ လက်ရှောင်လိုက်တော့မယ်။ လိဒ်ပွဲပဲ ရိုက်မယ်။ ဒါဘီနဲ့ ဝင်ဘယ်လ်ဒန်လည်း ကြေးလှတယ်။ ထိုင်ပစ်မယ်။ ”
“ ဒါကတော့ လု သဘောပါကွာ”
လိုတာထက်ပို၍ နူးညံ့၍ အသက်ပါလွန်းသွားသော လေသံကို လုလု သတိထားမိသွားပုံရသည်။
“ ခင်ဗျားနော် ကျွန်တော့်အကြောင်း သိသားနဲ့ လာလုပ်ပြမနေနဲ့။ ရယ်ရလွန်းလို့ ရှူးထွက်ကျလာဦးမယ်။ ကဲဗျာ သွားမယ်၊ လဘက်ရည်တိုက်တာ ကျေးဇူးပဲ။ နောက်ကြုံရင် ဆိုင်က ကြောင်စာတွေ ခင်ဗျား သားသမီးတွေအတွက် အလစ်သုတ်လာခဲ့မယ်”
စားပွဲပေါ်က ဆိုင်ကယ်သော့ ဆွဲပြီး ထရပ်လိုက်သောကြောင့် သန်းအောင်မြင့် ရင်ထဲ ဟာသွားရသည်။ တားချင်ပေမယ့် ဘယ်လို တားရမှန်း မသိ။
“ ကဲ လူပျိုကြီး ကျောက်ခဲ ရေပေါ်ပြီး ၁၀၀ ရရင်တော့ လဘက်ရည်နဲ့ မရဘူးနော်။ ဘီယာမှ ရမယ်။”
ပေါ့ပါးစွာထွက်သွားသော လုလုကို နောက်က ငေးရင်း သန်းအောင်မြင့် သက်ပြင်းချလိုက်မိသည်။ ရှပ်ပွပွနှင့် ကွာတားဘောင်းဘီ ပွပွက လုလု၏ ထွားဖွံ့သော အလှတရားတွေကို ဖုံးကွယ်ထားကြသည့် အတွက်လည်း စိတ်ပျက်မိ၏။ လုလု ခုနက ကြောင်စာအကြောင်း ပြောသွားမှ ကြောင်စာကုန်နေတာကို သန်းအောင်မြင့် ပြန်သတိရသည်။ ထွက်လာတုန်းက စိတ်ကူးထဲမှာ ကြောင်စာဝယ်ဖို့လည်း ပါသည်။ ဒါပေမယ့် လုလုကို တွေ့မှ အားလုံး မေ့လျော့သွားခဲ့၏။
လဘက်ရည်ဖိုး ရှင်းရန် စားပွဲထိုးကို လှမ်းခေါ်ရင်း အပြန်မှာ မန်ယူဖက်က တစ်သောင်းဖိုးလောက်တော့ ဝင်ထည့်လိုက်ဦးမှဟု တွေးလိုက်သည်။ ၁၀၀ လေး ၁ လေး ဆိုတော့ မန်ယူသာ နိုင်သွားပါက ၁ သောင်းရင်းပြီး ၁၀ သိန်း ပြန်ရမည် မဟုတ်ပါလား။ အခွန်နှုတ်ပြီးရင်တောင် ၉ သိန်းကျော်ကျန်မည်ဆိုတော့ လုလုကို ဘီယာတိုက်ဖို့ ကောင်းကောင်းလောက်သည်။
“ကျောက်ခဲ ရေပေါ်ပါစေဗျာ။”
………………………………………………………
(၅)
ဟိုးအရင် နှစ်ပေါင်းများစွာက ပုရိသတို့ အသဲစွဲ မင်းသမီး တစ်ယောက်ကို အစွဲပြု၍ မိဘများက လုလုအောင်ဟု အမည်ပေးခဲ့သော လုလုသည် အဆိုပါ ခေတ်ဟောင်း မင်းသမီးကြီးကဲ့သို့ပင် အထက်ပါ၊ အောက်ပါ ပိုင်ဆိုင်မှုများဖြင့် ပြည့်စုံကြွယ်ဝသူ ဖြစ်သည်။ မိဘများ ဖွင့်ထားသည့် စတိုးဆိုင်ကို ဝိုင်းကူ လုပ်သလိုလိုနှင့် ယောင်နေသော လုလုနှင့် သန်း အောင်မြင့်တို့ ရင်းနှီးခဲ့သည်မှာ ဘောလုံးပွဲများကြောင့် ဖြစ်သည်။
တကယ်တော့ မရင်းနှီးခင်ကတည်းက သန်းအောင်မြင့်က လုလုကို သိထားပြီး၊ စွဲလမ်းနေခဲ့ပြီး ဖြစ်ပါသည်။ ကံအကြောင်းသင့်လို့ ရင်းနှီးခွင့် ကြုံလာသော အခါ နဖူးစာမှန်လို့ ဖန်လာခဲ့ပြီဟု သန်းအောင်မြင့် ကြိတ်ကာ အားတက်ခဲ့၏။
သို့သော်လည်း ခက်နေတာ တစ်ခုရှိသည်။ သာမန် အခက်အခဲ မဟုတ်၊ တော်တော်ကြီးပင် ခက်သောကိစ္စ ဖြစ်ပါသည်။ ဖြစ်သလို မနေဘဲ ပြင်လိုက် ဆင်လိုက်လျင် မိန်းမချော စာရင်းကို အသာလေး ဝင်နိုင်သည့် လုလု ယောက်ျားစိတ်ပေါက်နေခြင်းက သန်းအောင်မြင့်အတွက် ကြီးစွာသော အတားအဆီး ဖြစ်သည်။ ဒါပေမယ့် ပြောရလျင် လုလုက ယောက်ျားစိတ် ပေါက်နေလို့သာ အခုလောက် ရင်းနှီးလာခဲ့ခြင်းလို့ ဆိုရပါမည်။
လုလုအတွက် သန်းအောင်မြင့်သည် ဘောပွဲကြည့်ဖက်၊ ဘောပွဲလောင်းဖက်၊ လဘက်ရည်ဆိုင်၊ ဘီယာဆိုင်ထိုင်ဖက် အစ်ကိုကြီး တစ်ယောက်သာ ဖြစ်ပါသည်။ သန်းအောင်မြင့်က ကြုံရင်ကြုံသလို သူ့ဖက်က ခံစားမှုတွေကိုပြဖို့ ကြိုးစားပေမယ့် သူ့ကိုယ်သူ ယောက်ျားတစ်ယောက်လို ခံယူထားသည့် လုလု အတွက်က ဘယ်လိုမှ ထိရောက်မှု မရှိခဲ့ပါ။
ကိုယ်လုံးကို စည်းနှောင် ထိန်းချုပ်ကာ အဝတ်အစား ပွပွများနှင့် ဖုံးကွယ်ထားသည့် အောက်မှာ လှသော၊ ဖွံ့သော ကိုယ်ခန္ဓာတစ်ခု ရှိသည်ကို စတွေ့ကတည်းက သန်းအောင်မြင့် သတိပြုမိခဲ့ပါသည်။ ရင်ထဲမှာလည်း စွဲလမ်းသွား၏။ တခြားသူတွေက လုလု၏ စစ်မှန်သော အလှတရားများကို မမြင်ကြခြင်း အတွက်လည်း အံ့သြမိသည်။
“ ဒါမျိုးဆိုတာ ပညာရှင် မျက်စိနဲ့မှ သိတာကွ။”
အရက်မူးတိုင်း သန်းအောင်မြင့်က အပေါင်းအသင်းတွေကို (လုလုကွယ်ရာမှာ) ပြောတတ်သည်။ အဲဒီလို ပြောတိုင်းလည်း လုလုကို မိန်းကလေးလိုဖြစ်အောင် လုပ်ပြဟု သူတို့က ပြန်ပြောတတ်ကြသောကြောင့် နောက်ပိုင်းမှာ သူကျွေးမှ စားရသည့် ကြောင်တွေကိုသာ သန်းအောင်မြင့်က လုလုအကြောင်း ပြောတော့သည်။
ရင်းနှီးလာပြီးသည့်နောက်မှာ မိန်းကလေးလိုနေဖို့ ကြုံရင်ကြုံသလို ပြောကြည့်သည်။ လုလု စိတ်ကြည်ကြည်လင်လင် ရှိသည်ဟု ထင်ရသည့် အချိန်မျိုးမှာ မိန်းကလေးလိုဝတ်ရင် သိပ်ကြည့်ကောင်းမှာပဲဟု စည်းရုံးကြည့်သည်။ သို့သော်လည်း သဲထဲသို့ ရေသွန်တာကမှ အရာလေးမြင်ရဦးမည် သန်းအောင်မြင့်၏ ကြိုးစားမှုတိုင်းက လုလု၏ လှောင်ရယ်သံနှင့်အတူ လေထဲမှာ အရုပ်ရေးမိသလို ပျက်ပျယ်ခဲ့ရသည်။
“ တော်စမ်းပါဗျာ၊ ကျွန်တော် မိန်းကလေးဖြစ်ရင် ခင်ဗျား ဘာလုပ်မလဲ သိတာပေါ့။ မဟုတ်တာတွေ မပြောနဲ့ဗျာ၊ အခင်အမင် မပျက်ချင်ဘူး။”
သည်းမခံနိုင်သည့် အဆုံးမှာ လုလုက ပြတ်ပြတ်သားသား ပြောလာတော့ သန်းအောင်မြင့် ရင်ကွဲရသည်။ သူ့ဖက်က မျှော်လင့်ချက်သည် ၁၀၀၀ လေး ၁ လေး ပေးထားသည့် အသင်းဖက်က လောင်းသည်ထက်ပင် ဖြစ်နိုင်ချေက ပိုနည်းလိမ့်မည်ဟု ထင်မိ၏။ ဒါပေမယ့် လုလုကိုတော့ သူ မစွန့်ခွာနိုင်ပါ။
စတွေ့ကတည်းက ချစ်ခဲ့ရသည့် အချစ်က အနေနီးသည်နှင့်အမျှ ပို၍ ကြီးထွားနက်နဲလာသည်။ ချစ်သူတွေ ဖြစ်ခွင့် မရသည် ဖြစ်စေ၊ လုလုက ဘယ်လိုပဲ ဝတ်စားထားသည် ဖြစ်စေ လုလုအနားမှာ နေရသည်ကိုပဲ ဆုလာဘ်တစ်ခုလို သန်းအောင်မြင့် ယူဆသည်။ ခဏတဖြုတ် ရသည့် အချိန်ပိုင်းလေးတွေမှာ စကားပြောခွင့် ငေးခွင့်ရတာကိုပဲ ကြံဖန်ကာ ပျော်နေရသည်။ လုလုက အဲဒါတွေကို မသိယောင် ပြုပေးတတ်တာလောက်ကိုပဲ ကျေနပ်နေရသည်။
ဒါပေမယ့် တနေ့နေ့ တချိန်ချိန် ဆိုသည့် မျှော်လင့်ချက်၊ ကံတရားဆိုတာ ကြိုတင် မမြင်နိုင်ဟူ၍ ယုံကြည်ချက်တို့က သန်းအောင်မြင့်၏ အချစ်တွေကို ဆက်၍ ရှင်သန်ခွင့်ပေးခဲ့သည်။
…………………………………………………
(၆)
ရင်ဝပေါ် ဘတ်ကနဲ ကြောင်တစ်ကောင် ခုန်တက်လာသောကြောင့် သန်းအောင်မြင့် အိပ်မက်လှလှလေးထဲမှ အလန့်တကြား ထွက်လာခဲ့ရသည်။
“ အလိုက်ကမ်းဆိုး မသိတဲ့ သားသမီးတွေ”
ပွစိပွစိ နှင့် ပြောရင်း အိပ်ယာက ထ၍ မနေ့က ဝယ်လာသော ကြောင်စာ ထုပ်ကို ဖောက်ပြီး ကြောင်တွေ ခေါ်ကျွေးလိုက်သည်။ သူ့မှာ လုလုအပြင် တွယ်တာစရာဆို၍ ဒီကြောင်တွေသာ ရှိသည် မဟုတ်ပါလား။ အပြင်ကို ကြည့်လိုက်တော့ နေရောင် တလက်လက် မြင်ရသည်။
မျက်နှာမသစ်ခင် ဖုန်းကို ဖွင့်စစ်လိုက်တော့ ငွေ ကိုးသိန်းခြောက်သောင်းကျော် ဝင်နေလေပြီ။ မနေ့ညက ရေမှာပေါ် လာသော ကျောက်ခဲက ရေချိုးခန်းထဲ ဝင်သွားသော သန်းအောင်မြင့်၏ ခြေလှမ်းတွေကို မြောက်ကြွ မြောက်ကြွ ဖြစ်စေသည်။ ရင်တမမ နှင့် ကြည့်ခဲ့ရသော ပွဲတွင် တလျှောက်လုံး သရေဖြစ်နေပြီးမှ ပွဲပြီးခါနီးတွင် ရလိုက်သည့် ပယ်နယ်တီ တစ်လုံးက သန်းအောင်မြင့်ကို ကောင်းကင်ဆီ ပို့ပေးလိုက်၏။
သွားတိုက် ဆေးထည့်ပြီးမှ မတိုက်ဖြစ်သေးဘဲ ပြန်ထွက်လာကာ လုလုဆီကို “ဘီယာ” ဟု မက်ဆေ့ လှမ်းပို့လိုက်သည်။ ထောင်ထားသော လက်မလေးတစ်ခုက ချက်ချင်း ပြန်ရောက်လာတော့ လုလုလည်း သူ့ဆီက တစုံတရာကို စောင့်မျှော်နေလေသလားလို့ တွေးကာ သန်းအောင်မြင့် ပျော်သွားသည်။ ထို့ပြင် နိုင်လိမ့်မည် မဟုတ်ဟု အားလုံးနီးပါးက ထင်ကြသည့် အသင်းတစ်သင်း နိုင်သွားခြင်းနှင့်အတူ ပိုက်ဆံတွေပါ ရလိုက်ခြင်းက အတိတ်ကောင်း နိမိတ်ကောင်း တစ်ခု ဖြစ်လိမ့်မည်ဟု ယုံကြည်သည်။ မရနိုင်ဟု ထင်ရသော လုလု၏ နှလုံးသားကိုလည်း သန်းအောင်မြင့် မရနိုင်ပါသလော။
တနေ့လုံးလည်း အလုပ်လုပ်ရတာ စိတ်လက် ကြည်သာနေသည်။ အကြောင်းသိသူများက ဘောပွဲနိုင်လို့လားလို့ မေးကြတော့ “မဟုတ်ပါဘူးဗျာ။” ဟု ဝမ်းခေါင်းသံကြီး နှင့် သန်းအောင်မြင့် ပြောမိသည်။ ညနေ မြန်မြန်စောင်းဖို့လည်း စိတ်ထဲက ကျိတ်ပြီး ဆုတောင်းနေသည်။ ညနေရောက်တာ နှင့် အလုပ်မြန်မြန်သိမ်း၊ ရေမိုးချိုး၍ သွားနေကြ ဆိုင်နာမည် လုလုဆီကို မက်ဆေ့ လှမ်းပို့လိုက်၏။ ဒီတခါတော့ ဆယ်မိနစ် ကျော်လောက်ကြာမှ လက်မလေး ပြန်ရောက်လာသည်။
ဘီယာဆိုင်ကို သန်းအောင်မြင့် စောပြီး ရောက်သွားသည်။ အရင်ရောက်တော့ လုလု ကြိုက်တတ်သည့် အမြည်းတွေ ကြို မှာထားလို့ရသည် မဟုတ်ပါလား။ ထင်သည့်အတိုင်းပင် လုလု ရောက်လာတော့ စားပွဲပေါ်မှာ အားလုံး အသင့်ဖြစ်နေလေပြီ။ ယောက်ျားစစ်စစ်တစ်ယောက်ဖြစ်သော သန်းအောင်မြင့်ထက်ပင် တိုသော ဆံပင်၊ တီရှပ်ဖားလျား ၊ ကွာတား ဘောင်းဘီပွပွနှင့် လုလုက သန်းအောင်မြင့် မျက်စိထဲမှာတော့ ဘယ်လိုမှ ယောက်ျားလေးပုံ မပေါက်ပါ။ ဘယ်လို ကြည့်ကြည့် လှနေပါသည်။ အသင့်ဖြစ်နေသည့် စားစရာတွေကို ကြည့်ပြီး လုလု မျက်နှာလေး ဝင်းပသွားတော့ သန်းအောင်မြင့် ရင်ထဲမှာလည်း တငြိမ့်ငြိမ့် တစိမ့်စိမ့် အေးမြသွားရသည်။
“ ကိုသန်းအောင်မြင့် ဘယ်လောက်တောင် ထည့်လိုက်သလဲ။”
“ တစ်သောင်းထဲပါကွာ၊ ဒါပေမယ့် အဆ ၁၀၀ ဆိုတော့ ဟဲဟဲ”
“ ဒါဆိုရင်တော့ အားမနာဘူးဗျာ ဆွဲပြီ။”
သောက်ရင်းစားရင်း နေက တဖြည်းဖြည်း စောင်းသွားသည်။ ပြောဖြစ်ကြသည်ကလည်း များသောအားဖြင့် ဘောလုံးအကြောင်းများသာ ဖြစ်၏။ ဆိုင်ထဲက ခပ်ဖျော့ဖျော့ မီးရောင်တွေ လင်းလက်လာချိန်မှာ လုလု မျက်နှာ ဖြူဖြူလေးက အနီရောင်လဲ့လဲ့ သမ်းနေသည်။ ချစ်စရာ မျက်နှာလေးကို ငေးရင်း စားပွဲဘေးမှာ ဘီယာပုလင်း အလွတ်တွေ တော်တော်များနေပြီ ဆိုတာကိုတောင် သန်းအောင်မြင့် သတိမထားမိပါ။
“ ထန်းရေမူးတော့ ကျွဲခိုး ပေါ်တဲ့။ အခု ဘီယာမူးတော့ ကျွန်တော် မညာချင်တော့ဘူးဗျာ။”
အဆက်အစပ်မရှိ လုလု စကားကြောင့် သန်းအောင်မြင့် ရင်ထဲမှ ထိတ်ကနဲ ခုန်သွားသည်။ သူ့ကို ချစ်တယ်လို့များ ပြောမလားဟု ကိုယ်လိုရာ ဆွဲတွေးမိပြန်သည်။
“ လုလုက ဘာတွေ ခိုးထားလို့လဲ။”
သွားဖြူဖြူလေးတွေ အတန်းလိုက်ပေါ်အောင် ရယ်လိုက်သည့် မျက်နှာလေးကနေ သန်းအောင်မြင့် အကြည့်ကို မခွာနိုင်ပါ။ လုလုကတော့ ဒါတွေကို ဂရုစိုက်မိပုံ မပေါ်။
“ ကျွန်တော် ယောက်ျားလေး ဖြစ်ချင်တာ အစ်ကို သိတယ် မဟုတ်လား။”
“ သိပါတယ်ကွာ”
ခြောက်ကပ်အက်ကွဲစွာ ပြောလိုက်သော အသံတစ်ခု ထွက်လာဖို့ သန်းအောင်မြင့် တော်တော် အားထုတ်လိုက်ရသည်ကိုလည်း လုလု သိပုံမရပါ။ ဖန်ခွက် အနားကို လက်ညိုးလေး နှင့် ရစ်ကစားရင်း ဆက်ပြောသည်။
“ အဲဒါကြောင့် ကျွန်တော် ပိုက်ဆံစုတယ်။ ကျွန်တော့်ကို ပေါ့ပေါ့နေ ပေါ့ပေါ့စားလို့ ထင်ကြတယ်။ ဒါပေမယ့် ကျွန်တော် ပိုက်ဆံကို ရသလို ရှာတယ်။ ပွဲစား လုပ်တယ်။ အတိုးပေးတယ်။ ဖဲရိုက်တယ်။ ဘောပွဲ လောင်းတယ်။ ကျွန်တော့် ရည်ရွယ်ချက်ကို ဘုရားသိသလား မသိပါဘူး။ နိုင်တယ်ဗျ။ အများကြီးတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် နည်းနည်းတော့ စုမိတာပေါ့။ မနေ့က …မနေ့က … ခါတိုင်းဆို ကြေး အဲဒီလောက်ကွာနေရင် ကျွန်တော် ရှောင်တယ်။ အောက်ကနေရင်လည်း နိုင်ဖို့ မသေချာဘူး။ အပေါ်ယူလိုက်ပြန်လည်း အဆနည်းမယ်။ ဒါပေမယ့် မနေ့ကတော့ စိတ်ထဲက ဖြစ်နေတာနဲ့ အစ်ကိုနဲ့ တွေ့ ပြီး အပြန်မှာ မန်ယူဖက်က ၃ သိန်း ပစ်ချလိုက်တယ်။”
သန်းအောင်မြင့် အံ့သြသွားရသည်။ သူသိသလောက် လုလုက စိစိစစ်စစ် လောင်းတတ်သူ ဖြစ်သည်။ အရှုံးနည်းလေ့ ရှိတာကိုလည်း အရင်ကတည်းက သတိထားမိပါသည်။
“ ဟင် …ဒါဆို”
“ ဟုတ်တယ် ၊ တခြားပွဲတွေရောဆိုရင် ကျွန်တော် ညက အခွန်နှုတ်ပြီး ၃၆၀ ကျော် ရလိုက်တယ်။ အဲဒါကြောင့် အခုဝိုင်းကို ကျွန်တော် ရှင်းပါရစေ။ ဆယ်သိန်းတောင် အပြည့်မရတဲ့ ကိုသန်းအောင်မြင့်ဆီက မသောက်ရက်ပါဘူး။”
“ ဟို .. အဲဒါက လုလု စုနေတာ ပြည့်ပြီပေါ့နော်”
ဘီယာဖိုး ရှင်းရခြင်း၊ မရှင်းရခြင်းထက်ပို၍ အရေးကြီးသော ကိစ္စကို သန်းအောင်မြင့် အလောတကြီး မေးလိုက်မိသည်။ လုလုက မဲ့ပြလိုက်ပြီး ခြောက်ကပ်ကပ် ရယ်သည်။
“ မပြည့်သေးပါဘူးဗျာ။ ဒဲ့ချိန်းဆိုရင်တော့ လောက်ပါပြီ။ ပိုတောင်ပိုဦးမယ်။ အဲဒါကလည်း မေးတော့ မေးထားတယ်။ ဒါပေမယ့် အဝယ်နဲ့ လုပ်မယ်ဆိုလည်း လုပ်နိုင်အောင် ပိုက်ဆံထပ်စုဦးမယ်။ ဒီကြားထဲ အဆင်ပြေမယ့် ဒဲ့ချိန်း တွေ့ရင်တော့ ပိုကောင်းတာပေါ့ဗျာ။”
“ လုလုက မဖြစ်မနေ ပြောင်းဖို့ ဆုံးဖြတ်ပြီးပြီလား။”
“ ကိုသန်းအောင်မြင့်ရာ၊ ကျွန်တော် ဒီလို မနေချင်ဘူး။ မနေနိုင်ဘူး။ ယောက်ျားဖြစ်ဖို့က ကျွန်တော့် ဘဝအတွက် အရေးအကြီးဆုံး နံပါတ် ၁ ရည်မှန်းချက်ပဲ။ ကြီးပွားရေး၊ တိုးတက်ရေး ၊ နောက်ဆုံး အချစ်ရေးဗျာ … ကျွန်တော့်ဘဝမှာ တခြားလိုတာတွေကို ဒါပြီးမှပဲ ကျွန်တော် စဉ်းစားမယ်။”
ဆိုင်ထဲတွင် မီးရောင်တွေ ရှိနေလင့်ကစား သန်းအောင်မြင့်၏ ကမ္ဘာကတော့ အမှောင်တိုက် ဖြစ်သွားသည်။ ကြမ်းပြင်အောက်က မြေသားထဲကို မြုပ်ဝင်ကျသွားသလို ရင်တစ်ခုလုံး မွန်းကျပ် တစ်ဆို့သွား၏။ တဖက်ပိတ် လမ်းအဆုံးတစ်ခုတွင် အရာရာအားလုံး ပျောက်ဆုံးသွားသလို ခံစားရသည်။ လုလု ဘာတွေ ဆက်ပြောနေသလဲ မကြားရတော့ပါ။ သန်းအောင်မြင့် ဆိုသူတစ်ယောက် ကမ္ဘာမှာ မရှိတော့၊ ကိုယ့်ကိုယ်ကိုလည်း မခံစား မသိနိုင်တော့။ သောက်ထားသမျှ ဘီယာတွေ၊ မူးယစ်ခြင်းတွေက ခဏချင်းပင် ပျောက်ဆုံးသွားရသည်။
ရင်ထဲမှာ တကယ်သိနေတာက လုလုကို ဘယ်လိုမှ အဆုံးရှုံး မခံနိုင်ခြင်းပင် ဖြစ်သည်။ လုလုကို အတိုင်းအဆမဲ့ ချစ်မိခဲ့ခြင်းက အခုချိန်မှာ ပို၍ သေချာ သဲကွဲလာ၏။ ဘယ်လိုနည်းနှင့်ဖြစ်ဖြစ် လုလုနားတွင် သူ ရှိနေချင်သည်။
ထိုအချိန်၌ မှောင်မိုက်နေသော အာရုံထဲတွင် အလင်းပါးပါးလေး တစ်ခုကို မြင်လိုက်ရသလို ခံစားချက်နှင့်အတူ ပတ်ဝန်းကျင်မှ အရာရာ အားလုံးက ရုတ်ချည်းဆိုသလို အနားကို ပြန်ရောက်လာ၏။ လုလုကတော့ ဟာလာဟင်းလင်း ဖြစ်နေသည့် လက်ထဲက ဖန်ခွက်ကို တွေတွေလေး ငေးနေသည်။ ဘီယာ ထပ်ယူဖို့ စားပွဲထိုး တစ်ယောက်ကို လက်ထောင်ပြလိုက်ရင်း လုလုကို သန်းအောင်မြင့် စူးစူးကြည့်မိပါသည်။
“ လုလု မနက်ဖြန် အားသလား။”
“ ကျွန်တော်က အလုပ်မှ မရှိတာ အားတာပေါ့။”
“ ငါတို့ မနက်ဖြန် ရန်ကုန်မှာ ဆေးသွားစစ်ကြမယ်။ အဆင်ပြေတယ်ဆိုရင် ငါ့ဆီက ယူလိုက်ပါ။ ငါ .. ငါ … စုထားတဲ့ ပိုက်ဆံတွေလည်း ရှိပါတယ်။”
ထို ပိုက်ဆံများက လုလု နှင့် ဘဝတစ်ခု တည်ဆောက်ဖို့ စိတ်ကူးယဉ်ကာ စုထားခြင်း ဆိုတာကိုတော့ ထည့်မပြောတော့ပါ။ လုလု ပါးစပ်အဟောင်းသားနှင့် ကြောင်ကြည့်နေသည်။
“ ဟို ..ကျွန်တော် ဝယ်ဖို့ အစ်ကိုက ပိုက်ဆံပေးမယ်လို့ ပြောတာလား။”
သန်းအောင်မြင့် ပြောဖို့ ပြင်လိုက်ပေမယ့် စားပွဲထိုးက ဘီယာ ပုလင်းလာချရင်း ခွက်တွေ ဖြည့်ပေးနေတာကြောင့် ရပ်ထားလိုက်ရသည်။ စားပွဲထိုး ထွက်သွားတော့မှ သန်းအောင်မြင့်က ဘီယာခွက်ကို ကောက်ယူ၍ တစ်ခွက်လုံး ကုန်အောင် မရပ်မနား မော့ချလိုက်သည်။ ပြီးတော့မှ အသက်ကို အငမ်းမရ ရှူရင်း
“ လုလုနဲ့ ကိုယ်နဲ့ ချိန်းကြမယ်လို့ ပြောတာ။ အဲဒါဆိုရင်တော့ ပိုက်ဆံလောက်နိုင်မယ် မဟုတ်လား။”
……………………………………………………….
(၇)
တောက်ပြောင်ဝင်းပနေသော လုလုမျက်နှာလေးကို ခိုးကြည့်ရင်း သန်းအောင်မြင့် ရင်မောစွာ သက်ပြင်းချလိုက်မိသည်။ လုလု ပျော်နေတာကို မြင်ရတော့ သူလည်း ပျော်ပါသည်။ လုလုထက်ပင် ပို၍ ပျော်လိုက်ချင်ပါသည်။ ဒါပေမယ့် ရင်ထဲမှာ လေးနေ၏။ မမြင်ရသေးသည့် အနာဂါတ်ဆီသို့ မျှော်ရည်ကာ ငေးရင်း လုလုနှင့်နီးဖို့ ဒီတလမ်းသာ ကျန်တော့လေသလားဟု ဇဝေဇဝါ တွေးနေမိသည်။
ကြမ်းကျွံရင် နုတ်၍ ရသည်၊ စကားကျွံရင် နုတ်မရဟု ဆိုရိုးရှိ၏။ အခုမှ ပေါ်လာသည့် နှမျောတသစိတ်ကြောင့် လုလုကို စိတ်မပျက်စေလိုပါ။ လုလု နှုတ်ခမ်းတွေက ပြုံးနေသည်။ မျက်လုံးတွေကလည်း ကြည်လဲ့နေ၏။ သန်းအောင်မြင့် တွေ့ ဖူးသမျှထဲတွင်၊ ခင်မင်ခဲ့ကြသည့် ၃ နှစ် ကျော် ၄ နှစ် နီးပါး ကာလအတွင်းတွင် အလှဆုံးသော လုလုကို အခုမြင်နေရခြင်း ဖြစ်သည်။ ရင်ထဲက အပျော် တရှိန်ရှိန် ဟပ်နေသော လုလုမျက်နှာလေးက သန်းအောင်မြင့် အတွက် အရာအားလုံးပင် ဖြစ်ပါသည်။
“ တကယ်ဗျာ၊ အဲဒီလောက် အဆင်ပြေမယ်လို့ မထင်ခဲ့ပါဘူး။ အခုတော့ …ဟား …. ပျော်လိုက်တာ၊ အစ်ကို့ကို၊ ကိုသန်းအောင်မြင့်ကို အဲဒီလိုလို့ တခါမှ မတွေးမိဘူး။ အစ်ကို အရင်ကတည်းက ပွင့်ပွင့်လင်းလင်း ပြောခဲ့ရင် ကျွန်တော် တို့ ၂ ယောက်လုံး အခုလောက်ဆို အဆင်ပြေနေပြီ။”
ကလေးတစ်ယောက်လို တတွတ်တွတ် အပြော၊ တက်ကြွရွှင်လန်းနေသည့် ဟန်ပန်၊ ကြည်လင်တောက်ပသည့် မျက်နှာထား။ အရာအားလုံးက သန်းအောင်မြင့် ရင်ကို တဖျပ်ဖျပ် ရိုတ်ခတ်သည်။ ဘာကိုမှ နောင်တရစရာမလိုဟု မိုက်မဲစွာ တွေးမိခြင်းကို ပြန်လည်ဆင်ခြင်နိုင်စွမ်း သန်းအောင်မြင့်မှာ မရှိတော့ပါ။
ကံကောင်းခြင်းလား၊ ကံဆိုးခြင်းလားတော့ မသိပါ။ လုလု နှင့် သန်းအောင်မြင့်က သွေးအမျိုးအစားရော၊ တခြားလိုအပ်သည့် အချက်အလက်များပါ ချွင်းချက်မရှိ တိုက်ဆိုင်နေသည်။ ဆေးရုံမှာ စစ်ဆေးပြီး ထွက်လာသည့် ရလဒ်တွေကို ပြောပြလိုက်သည် နှင့် လုလု ထကတော့သည်။ သန်းအောင်မြင့်မှာတော့ ဆရာဝန်ရှေ့တွင် ထိုင်ရမလို၊ ထရမလို၊ ကနေသည့် လုလုကိုပဲ လိုက်ဆွဲရတော့မလို ဖြစ်ခဲ့ရသည်။
“ လုလု ဘယ်တော့ လုပ်ချင်သလဲ။”
“ ဖြစ်နိုင်ရင်တော့ အမြန်ဆုံးပေါ့။ အစ်ကို့မှာ ငွေနည်းနေရင်လည်း ကိစ္စရှိဘူး၊ ကျွန်တော် ပေးမယ်။ ဒီလို ဒဲ့ချိန်းဆိုရင် ကျွန် တော်စုထားတာက ပိုတောင်နေဦးမှာ။”
လုလုကို ကြည့်ရသည်မှာ အခုချက်ချင်းပင် လုပ်ချင်နေသည့် အမူအရာ ရှိသည်။ ဆေးရုံမှ ပေးလိုက်သည့် လက်ကမ်းစာစောင်တွေအရ ပြောင်းရသည့် လုပ်ငန်းစဉ်က အချိန်ယူရသည်။ မိန်းမဖြစ်အောင် ပြောင်းသည့်သူက အချိန်ပိုကြာသည်။ တခါတရံ တစ်နှစ်လောက်တောင် ကြာနိုင်သည်ဟု ဆိုသည်။
“ ပြောင်းတဲ့အခါ စောင့်ရမယ့် အချိန်တွေက ရှိသေးတယ်လေ။ အဟီး၊ အစ်ကိုလည်း အစ်ကိုဖြစ်ချင်တာ မြန်မြန် မဖြစ်ချင်ဘူးလား ”
ငါဖြစ်ချင်တာက မင်းနဲ့ တသက်လုံး တူတူနေဖို့ဟု ရင်ထဲက ပြောရင်း သန်းအောင်မြင့် စိတ်ကို ဒုံးဒုံးချလိုက်သည်။ အသက်ကို ဝဝရှူသွင်းလိုက်ပြီး
“ တစ်ပတ်လောက်တော့ အချိန်ပေးကွာ၊ အလုပ်နဲ့လည်း ညှိရဦးမယ်၊ ပြင်စရာလေးတွေလည်း ရှိသေးတယ်။ နောက်တစ်ခု ရှိ သေးတယ်။ ဒီလိုလုပ်ကြမှာကို လုလု ဘယ်သူ့ကိုမှ မပြောပါနဲ့။ အချိန်တန်တော့မှ သိကြပါစေ။”
သန်းအောင်မြင့် ပြောသည့် အချိန်တန်မှ ဆိုသည်ကို လုလုကတော့ ဘယ်လိုနားလည်သည် မသိပါ။ သူ့အိမ်ကိုပင် မပြောပါဟု အားတက်သရော အာမခံသည်။
“ ကျွန်တော် အွန်လိုင်းကနေ အဆင်ပြေသွားတယ်လို့ပဲ ပြောလိုက်မယ်လေ။ ကိုသန်းအောင်မြင့် အတွက်ကတော့ ဟုတ်တာပေါ့။ စိတ်ချ၊ စိတ်ချ။ ကျွန်တော့် ဆီကတော့ မပေါက်ကြားစေရပါဘူး။ ဒါမျိုးဆိုတာက သစ္စာရှိရမယ်လေ။ ဟဲဟဲ။”
တစ်ပတ်အတွင်းမှာ လုလု ဘာတွေလုပ်နေမှန်း မသိပေမယ့် သန်းအောင်မြင့် အတွက်တော့ တကယ်ပင် ဝရုန်းသုန်းကား ဖြစ်သည်။ ရစရာရှိသည့် ပိုက်ဆံလေးတွေ လိုက်တောင်းရသည်။ ခွင့်က ၁ နှစ်လောက် ယူဖို့ ဘယ်လိုမှ မရနိုင်သည့်အတွက် ထွက်စာတင်လိုက်သောအခါ အထက်လူကြီးက ရစ်တော့သည်။
“ ဟေ့ကောင် အလုပ်ဆိုတာ အခုချက်ချင်း ဖုတ်ဖက်ခါ ထွက်လို့ရတယ် ထင်သလား။ အနည်းဆုံး တစ်လ ကြိုတင်ရတယ်ကွ။”
“ ကျွန်တော့် ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ အရမ်းကို အရေးကြီးနေလို့ပါ ဆရာရယ်။ တကယ်တော့ ကျွန်တော်လည်း မထွက်ချင်ပါဘူး။ ခွင့်ယူဖို့က တစ်နှစ်လောက် ဘယ်လိုမှ မရနိုင်လို့ပါ။”
“ တစ်နှစ်တောင် မင်းက ဘာလုပ်မလို့လဲ”
“ ကိုယ်ရေး ကိုယ်တာလို့ပဲ ပြောပါရစေ ဆရာရယ်။”
“ အကြောင်းမခိုင်လုံဘဲ ဘယ်လိုပေးမလဲကွ။”
“ မနက်က မောင်မြတ်ကြီးနဲ့ လဘက်ရည်ဆိုင်မှာ တွေ့တုန်းက ကိုယ်ရေးကိုယ်တာဆိုရင် အသေးစိတ် မလိုဘူးလို့ ပြောလို့ပါ ဆရာ”
သန်းအောင်မြင့်ထက် ငယ်၍ မောင်မြတ်ကြီးလို့ ခေါ်သည့် စာရေးဆရာ ကဗျာဆရာ ရဲဘော်မြတ်ကြီးက တိုင်းအလုပ်သမားသမဂ္ဂ အတွင်းရေးမှူး ဖြစ်သည်။ အလုပ်သမားအရေး နှင့် ပတ်သက်လျင် ကလောင် လက်နက်၊ သပိတ်လက်နက်တွေသာမက လိုအပ်လျင် တုတ်လက်နက်၊ အုတ်ခဲ လက်နက်တွေပါ ကိုင်စွဲပြီး ရဲသွေးနီတတ်သောကြောင့် အလုပ်ရှင်တွေ၊ အစိုးရ အရာရှိတွေ သူ့ကို ဖြုံကြသည်။ အခုလည်း သန်းအောင်မြင့်၏ ဆရာ နည်းနည်းတွေသွားသည်။
“ ကျွန်တော် လုပ်သက် ဆယ့်ငါးနှစ် ကျော်ပါပြီ ဆရာ၊ တခါတလေ ရှောင်တခင် ခွင့်နည်းနည်း ယူတတ်တာကလွဲရင် အခုချိန်ထိ လုပ်သက်ခွင့်တောင် မယူဖူးပါဘူး။ ဆရာလည်း သိပါတယ်။”
ချူဆီလေး နည်းနည်းထပ်ထည့်ပေးလိုက်တော့ ဆရာသမား ခေါင်းတညိတ်ညိတ်လုပ်သည်။ ပြီးတော့မှ
“ ဒီလိုလုပ်ကွာ အခု မင်းကို ခွင့် ၃ လ ပေးလိုက်မယ်။ နောက်ပိုင်း မင်းက ပြန်မဝင်နိုင်သေးရင်လည်း လစာမဲ့ ခွင့်နဲ့ ဆက်သွားနိုင်တာပေါ့။”
နှစ်ရှည်လများ လက်တွဲခဲ့လို့ ဒီဆရာက သန်းအောင်မြင့်ကို အလုပ်ထွက်စေချင်ပုံ မရပါ။ လုလုနဲ့ အလဲအထပ်လုပ်ပြီးရင် အလုပ်ကို ပြန်မဝင်ချင်တော့တာကလည်း ရှိလို့ သန်းအောင်မြင့်က ထွက်စာတင်ခြင်း ဖြစ်သည်။ ဒါပေမယ့် နောက်ထပ် ၃ လ လစာဆက်ရနေဦးမှာကို သတိရလိုက်တော့ ဆရာ့ အစီအမံကို ခေါင်းညိတ်လိုက်သည်။ နောက်ပိုင်း ကိစ္စကိုတော့ မောင်မြတ်ကြီးကို ကြည့်ရှင်းခိုင်းရပေတော့မည်။
အလုပ်ကိစ္စပြတ်တော့ လုလုကို တစ်ပတ်နေမှ လိုက်လာဖို့ ပြောပြီး ရန်ကုန်ကို ပြေးလာခဲ့သည်။ သန်းအောင်မြင့်မှာ တခြားသော အစီအစဉ်တွေလည်း ရှိနေသေးလို့ နဂိုထဲက သိပ်မများလှသည့် စုငွေနှင့် လောက်ငှမည် မဟုတ်ပါ။ ထို့ကြောင့် ရန်ကုန်မှာ နေတုန်းက အချိုအချောင်ရထားသည့် အိမ်နှင့် ခြံကလေးကို ရသည့်ဈေးနှင့် ပြေးရောင်းရခြင်း ဖြစ်သည်။ နဂိုကတည်းက အဝယ်ရှိလို့ ပွဲစားတွေက လှမ်းလှမ်းမေးကြပေမယ့် နောင်ရေးကို တွေးပြီး သန်းအောင်မြင့် မရောင်းခဲ့ပါ။ အခုတော့ သန်းအောင်မြင့်၏ နောက်ထပ် အနာဂါတ် တစ်ခုဖြစ်သော လုလုအတွက် ရောင်းရခြင်းဖြစ်လို့ စိတ်ထဲမှာ နည်းနည်းမှ နှမျောတသ မရှိတာ အမှန် ဖြစ်သည်။ ဇာနည်ဆိုသော မြေပွဲစားက တမင်ဈေးနှိမ်ဝယ်မှန်း သိသိနှင့် လက်မှတ်ထိုးပေးလိုက်သည်။ အနှိမ်ခံရတာတောင် ဝယ်ထားတုန်းကထက် အဆများစွာ မြတ်နေလို့ ရောင်းပျော်သည်ဟုပဲ စိတ်ဖြေပါသည်။ သူ မရှိတုန်း ခြံကို စောင့်ရှောက်ပေးထားကြသည့် အမျိုးတွေကတော့ သန်းအောင် မြင့် အလျင်စလို လုပ်မှုကို သိပ်မကြည်ကြပါ။ ဈေးထပ်တက်လာနိုင်သည့်အတွက် သူတို့ ဖျက်နေသည့်ကြားမှ အတင်းရောင်းလို့ စိတ်ဆိုးကြသည်။
ခြံရောင်းပြီးလို့ လက်ထဲငွေရောက်လာတော့ တက်ကြမည့် ဆေးရုံနှင့် မလှမ်းမကမ်းမှာ အခန်းလေးတစ်ခု ငှားလိုက်သည်။ ခြံကိစ္စမှာ မကြည်လင်ကြသည့် အမျိုးတွေဆီမှာ ဆက်ပြီးတည်းခိုလျှင် လုလုနှင့် အလဲအထပ် ကိစ္စသာ သိလိုက်ပါက ဝိုင်းရိုက်ကြမှာ သေချာသည်။
သန်းအောင်မြင့် သေပြေးရှင်ပြေး စီစဉ်မှုတွေ ပြီးသွားသည့် နေ့မှာပင် လုလု ရောက်လာသည်။ ငှားထားသည့် အခန်းလေးမှာ တူတူလာနေဖို့ သန်းအောင်မြင့်က ခေါ်ပေမယ့် လုလုက သူ့အမျိုးတွေဆီမှာ သွားတည်းသည့်အတွက် အနည်းငယ်တော့ စိတ်မကောင်း ဖြစ်ရသည်။
နောက်တနေ့မှာတော့ သန်းအောင်မြင့် နှင့် လုလု ဆေးရုံကို တူတူသွားပြီး နောက်ဆုံးအဆင့် စစ်ဆေးမှုတွေ လုပ်ရသည်။ သက်ဆိုင်ရာ ဆရာဝန်တွေ အကြံပေးတွေ နှင့် တွေ့ရသည်။ ဆိုင်ရာဆိုင်ရာ ဆရာဝန်တွေ နှင့် တစ်ယောက်ချင်းစီ လိုက်တွေ့ ရချိန်မှာ လုလု အနားမှာ မရှိတော့ အားငယ်သည်။ ဒါပေမယ့် လုလုလည်း တခြားအခန်းမှာ သူ့လိုပဲ အားငယ်နေနိုင်သည်ဟု တွေးမိပြီး သန်းအောင်မြင့် အားတင်းရသည်။
ခွဲစိတ်ပေးမည့် ဆရာဝန် နှင့် မတွေ့ခင် ဆေးရုံမှ Marketing ဝန်ထမ်း အမျိုးသမီး တစ်ဦးက လိုအပ်သည့် အချက်တွေ မေး၍ သိသင့်တာတွေ ရှင်းပြသည်။
“ ရင်သားကို ဆီလီကွန်ထည့်မလား၊ ဟိုတစ်ယောက် ဟာကိုပဲ ယူမလား။”
“ ဟို ကျွန်တော် ….”
“ ဆီလီကွန် ဆိုရင်တော့ ရှင် စိတ်ကြိုက် ပုံစံ အရွယ်အစား ရွေးခွင့်ရမယ်။ ဟိုတစ်ယောက်ဆီက ယူမယ်ဆိုရင်တော့ အရှိအတိုင်းပဲပေါ့နော်။”
“ သူ့ … သူ့ …ဆီကပဲ ယူပါမယ်။”
ဆီလီကွန်တွေက ဘယ်လောက် ပုံစံလှလှ၊ လုလု ကိုယ်ပိုင် ပစ္စည်းကိုတော့ ဘယ်လိုနည်းနှင့်မှ တူနိုင်မည် မဟုတ်ပါ။
“ တခြား ဘာလုပ်ချင်သေးလဲ။”
“ ဘာကို ပြောတာလဲ မသိဘူး။”
“ မျက်နှာပြင်တာတို့၊ အသံပြောင်းသွားအောင် ခွဲစိတ်တာတို့၊ အဆီထုတ်တာတို့ပေါ့။”
“ ဟုတ်ကဲ့၊ လုပ်ချင်ပါတယ်။”
“ ဒါဆိုရင် အားလုံးပါတဲ့ package A ယူလိုက်ပါလား။ အဲဒါက အကောင်းဆုံးပဲ။ ”
“ အဲဒါက ဘယ်လိုလဲ မသိဘူး။”
“ ဟိုဖက် ဒီဖက် ပြောင်းပေးတာက သပ်သပ်ပေါ့နော်။ Package တွေကတော့ နောက်ထပ် ထပ်လုပ်ချင်ရင် လုပ်လို့ ရတာတွေပါ။ package A က ခုနပြောတာတွေအပြင် မလိုအပ်တဲ့ အမွေးအမြင်တွေ လေဆာနဲ့ ဖယ်ပေးတာ၊ ကိုယ်လုံးကို အချိုးကျအောင် လုပ်ပေးတာတွေကကအစ တကိုယ်လုံးအတွက် ပါတယ်။ package လိုက် လုပ်လိုက်တော့ တစ်ခုချင်းစီ လိုက်လုပ်နေရတာတွေထက်စာရင် ဈေးသက်သာသွားတာပေါ့ရှင်။”
“ အဲဒါဆို ဘယ်လောက်ကျမှာလဲဟင်”
သန်းအောင်မြင့် မဝံ့မရဲလေး မေးလိုက်မိသည်။ ကုန်ကျစရိတ်ကို သိလိုက်တော့ နည်းနည်း မျက်လုံးပြူးသွားပါသည်။ ဒီတိုင်းဆိုရင် အိမ်နှင့် ခြံရောင်းရတာလေးက ဒီဆေးရုံမှာပင် ကုန်မည့်သဘော ဖြစ်နေသည်။ ဒါပေမယ့် လုလုကို မျက်စိထဲ ပြေးမြင်လိုက်တော့ အလိုလို ခေါင်းညိတ်မိသွားသည်။
“ ဒါဆို package A ယူပါမယ်။”
မျက်နှာကို ပြုပြင်ဖို့က သန်းအောင်မြင့် မျက်နှာကို ရှုထောင့်စုံမှ ဓာတ်ပုံရိုက်သည်။ ဦးခေါင်းက အရိုးတွေကိုလည်း ဓာတ်မှန်ရိုက်ရ၏။ ပြီးတော့မှ ပန်းချီဆရာက ပုံတွေအားလုံးကို ကွန်ပျူတာထဲ ထည့်ပြီး သန်းအောင်မြင့် စိတ်ကြိုက် ကြည့်ကောင်းအောင် ပြင်ပေးသည်။ ကိုယ်လုံးကိုလည်း ထိုနည်းတူပင် ဖြစ်သည်။
သန်းအောင်မြင့်က အမေမွေးပေးလိုက်သည့် မျက်နှာကို လုံးလုံးလျားလျားတော့ မပြောင်းချင်ပါ။ နဂို မူလပုံစံကို အခြေခံပြီး ပိုပြီးကြည့်ကောင်းသည့် မျက်နှာတစ်ခု ဖြစ်အောင်၊ တနည်းအားဖြင့် မြင်လိုက်သည်နှင့် လုလု ကြွေကျသွားလောက်အောင် လှနေအောင် လုပ်ချင်သည်။ အမျိုးမျိုး ပြောင်းပြရ၊ ပြင်ပြရသည့် ပန်းချီဆရာလည်း တော်တော် ခေါင်းစားသွားသည်။ ၂ ယောက်သား ၆ နာရီလောက် အကြိတ်အနယ် ကြိုးစားပြီးမှ သန်းအောင်မြင့် စိတ်ကြိုက် အနေအထားကို ရသွားသည်။
“ ခေါင်းစားတယ်။ ညောင်းလည်း ညောင်းတယ်။ ဒါပေမယ့် ကျွန်တော် ဆွဲပေးဖူးသမျှ ပုံစံတွေထဲမှာ ဒီပုံကို စိတ်တိုင်းအကျဆုံး၊ သဘောအကျဆုံးပဲ၊ ခင်ဗျားက အနုပညာ မျက်စိ ရှိတယ်။”
ပန်းချီဆရာက ချီးကျူးတော့ သန်းအောင်မြင့်လည်း စိတ်ကျေနပ်သွားမိသည်။ ဒါပေမယ့် လုလု သဘောကျပါ့မလားလို့တော့ စိုးရိမ်နေမိသည်။ ဒီလိုလုပ်မည့် အကြောင်းတွေ လုလုကိုတော့ ပြောမပြဖြစ်ပါ။ ဆေးရုံက ဆင်းရပြီဆိုတော့မှ အံ့သြသွားစေချင်သည်။ လုလုကတော့ အထူးတလည် ပြင်ဆင်စရာမလိုဘဲ ကောင်လေး ချောချောတစ်ယောက် ချက်ချင်းဖြစ်သွားမှာ သေချာနေသည်။ ထို့ကြောင့် သန်းအောင်မြင့်ကလည်း သူနဲ့ လိုက်ဖက်ညီသော အလှအပတွေ ရှိနေသင့်သည် မဟုတ်ပါလား။
နောက်တဆင့်က ပြောင်းတပ်လိုက်သည့် အင်္ဂါအစိတ်အပိုင်းတွေကို ကိုယ်ခန္ဓာက လက်ခံနိုင်အောင် ကြိုတင်ပြင်ဆင်ပေးသည့် အဆင့် ဖြစ်သည်။ ဆေးတွေ သောက်ရသည်။ ဆေးတွေ ထိုးရသည်။ တစ်လကျော်လောက် ကြာမြင့်နိုင်သည် ဆိုသော ဒီအဆင့်က ဆေးရုံမတက်ရပေမယ့် ၂ ရက်ခြား ၃ ရက်ခြားဆိုသလို ချိန်းသည့် အချိန်မှာ သွားရသည်။ သန်းအောင်မြင့်က ငှားထားသည့် အခန်းလေးမှာနေပြီး လုလုက သူ့အမျိုးအိမ်မှာပဲ ဆက်နေသည်။ တခါတလေတော့ သန်းအောင်မြင့် အခန်းကို လုလု လိုက်လည်တတ်သည်။
ဒီလိုနေ့တွေဆိုရင် သန်းအောင်မြင့် မိုးမမြင်လေမမြင် ပျော်မိသည်။ နောင်တချိန်မှာ လုလုနှင့် ဒီလိုပဲ တအိမ်ထဲမှာ တူတူနေနိုင်မည့် အရေးကို ကြိုတွေးပြီး ရင်တွေခုန်သည်။ သူ့ပစ္စည်း ကိုယ့်ပစ္စည်းတွေ ဟိုဖက်ဒီဖက် အုံလိုက် ဖြုတ်ရွှေ့ကြမည့် အကြောင်းကို တွေးလိုက်မိရင် ရင်ထဲမှာ ကျလိကျလိ ဖြစ်၏။ အိမ်လိုက်လည်သည့် တစ်ရက်မှာ ဆေးရုံမှာ မေးတုန်းက လုလု အပေါ်ပိုင်းကိုပဲ ယူမည်လို့ ဆေးရုံမှာ ပြောခဲ့ကြောင်း ပြန်စကားစပ်မိတော့ လုလုက ခပ်ယဲ့ယဲ့ ပြုံးရင်း
“ အချပ်လိုက် လဲလို့ရတယ်။ အစ်ကိုကလည်း သဘောတူတယ် ဆိုတာနဲ့ ကျွန်တော်လည်း လက်ခံလိုက်တာ။ အခုမှ စဉ်းစားကြည့်တော့ ကျွန်တော့်ဟာနဲ့ဆို ကိုသန်းအောင်မြင့်နဲ့ သေးများနေမလား မသိဘူး။”
“ မ … မ … မသေးလောက်ပါဘူး။”
“ ဒီမှာလေ ကိုသန်းအောင်မြင့်ရဲ့။ ကျွန်တော့်ဟာက ဒီလောက်ပဲ ရှိတာ။ ဒီရောက်မှ ယောက်ျားဟိုမုန်းဆေးတွေသောက်ပြီး နည်းနည်းတောင် သေးသွားသလိုပဲ”
လုလုက သူဝတ်ထားသည့် တီရှပ်ပွပွကို အသားနှင့် ကပ်အောင် ဖိချ၍ ရင် ၂ လုံးကို မြင်သာအောင်ပြသည်။ လက်နှင့်လည်း အုပ်တိုင်း ပြလိုက်သေး၏။ လုလု၏ ပွင့်လင်းမှုက သန်းအောင်မြင့် လည်ချောင်းတွေကို တစ်ဆို့သွားစေသည်။ ရင်ထဲကို ပူလောင်စေသည်။
“ ရ .. ရမှာပါ။ အ..ဆင်ပြေပါတယ်။”
သန်းအောင်မြင့်က ဂယောင်ချောက်ခြား ဖြစ်နေပေမယ့် လုလုက အေးအေးဆေးဆေးပင် ဖြစ်သည်။
“ ဒါနဲ့ ကိုသန်းအောင်မြင့်မှာ ရင်ဘတ်မွှေးရှိသလား။”
“ နည်းနည်းတော့ ရှိပါတယ်။”
“ ပြစမ်းပါ ကြည့်ချင်လို့”
သန်းအောင်မြင့် မျက်နှာ ဘယ်လိုထားရမှန်း မသိပေမယ့် လုလုသဘောအတိုင်း အင်္ကျီကြယ်သီးဖြုတ်၊ စွပ်ကျယ်ကို ဆွဲလှန်ပြီး ကျို့တို့ကျဲတဲ အမွေးလေးတွေကို ပြလိုက်ရသည်။ ပုဆိုးလှန်မပြခိုင်းတာကိုပဲ ကြံဖန် ကျေးဇူးတင်ရမည် ဖြစ်သည်။ လုလုက လက်ကလေးနှင့် အသာလာပွတ်ကြည့်တော့ သန်းအောင်မြင့် ကြက်သီးတွေ တဖြန်းဖြန်းထသွားရ၏။
“ ရိတ်ပေးရင် သန်လာမယ်ထင်သလား။”
“ သန်လောက်ပါတယ်။”
“ ဟုတ်တယ်ဗျ။ ရိတ်ပေးလိုက်မယ်။ ကိုသန်းအောင်မြင့် ကျွန်တော့်ဟာကိုရော ကြည့်ဦးမလား။”
ပြောပြောဆိုဆိုနှင့် လုလုက တီရှပ်ကို အောက်ကနေ မလိုက်သောအခါ သန်းအောင်မြင့် မျက်လုံးထဲမှာ မီးဝင်းဝင်း တောက်သွားရသည်။ ဖြူဖြူပုံ့ပုံ့ ခါးကလေးကို မြင်ရတာနှင့် ဒီလောက်ဖြစ်သွားရင် အကုန်သာ မြင်လိုက်ရပါက သန်းအောင်မြင့် ပုံလဲသွားမည်ဟု ထင်မိသည်။
“ ရပြီ၊ ရပါပြီ။ မကြည့်တော့ပါဘူး။ နောက်လည်း တသက်လုံး မြင်နေရမှာပဲ”
ပျာပျာသလဲ တားလိုက်တော့ လုလုက ရယ်သည်။
“ အမလေး၊ အခုကတည်းကတောင် တော်တော် ရှက်တတ်နေပါရောလား။ ဒါမှ မိန်းမ ပီသတော့မပေါ့။ ဟားဟား”
……………………………………………………
(၈)
ထူးခြားစွာပင် သန်းအောင်မြင့်က ပြောင်းရန် အသင့်ဖြစ်သည့် အခြေအနေသို့ အရင်ရောက်နှင့်သည်။ ယောက်ျားလေး အလွန်ဖြစ်ချင်နေသည့် လုလုက နှစ်ပတ်လောက် နောက်ကျပြီးမှ အသင့်ဖြစ်သည်။
“ အစ်ကို့ဆီမှာ အရင်ကတည်းက ပုန်းနေတဲ့ မိန်းမဟော်မုန်းတွေ အတင်းရုန်းထွက်လာကြလို့ ဖြစ်မယ်။”
ဟု လုလုက စတော့ သန်းအောင်မြင့် အောင့်သက်သက်နှင့် ပြုံးနေရသည်။
ပြောင်းတော့မည့်အချိန် နီးလာသောအခါ ဆေးရုံက အသိသက်သေတစ်ယောက် ခေါ်လာပေးဖို့ ပြောသည်။ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ခွဲစိတ်ရာတွင် မတော်တဆ ဖြစ်လာနိုင်သည့် အန္တရယ်တို့ကို သိရှိကြောင်းတို့ကို သန်းအောင်မြင့်တို့ကိုယ်တိုင် လက်မှတ်ထိုးရန် ရှိနေသည်။ နောက်ပြီးတော့ မိမိဆန္ဒအလျောက် လိင်ပြောင်းခြင်း ဖြစ်ကြောင်းကိုလည်း ခံဝန်ကတိပြုရဦးမည်။ ဆေးရုံဖက်က ရှေ့နေများလည်း ပါဝင်ကြမည် ဖြစ်သည့်အတွက် ကာယံကံရှင် ဖက်ကလည်း အသိသက်သေ တစ်ယောက် အနည်းဆုံး လိုအပ်သည်။ သန်းအောင်မြင့် နှင့် လုလုက အပြန်အလှန် သက်သေပြုလုပ်ပေးမည်ဆိုတော့လည်း မရ။ တခြား အပြင်လူ ဖြစ်ရမည်ဟုဆိုသည်။
လုလုက သူ့ အမျိုးတစ်ယောက်ယောက် ခေါ်လာလို့ ရပေမယ့် သန်းအောင်မြင့် အတွက်က ခက်နေသည်။ အမျိုးတွေ သွားပြောလို့ မဖြစ်နိုင်တာ သိနေ၏။ သူငယ်ချင်းတွေကိုလည်း မပြောချင်ပါ။ အမှန်ပြောရရင် မကြာမီလုပ်တော့မည့် ကိစ္စကြောင့် သူငယ်ချင်းတွေနှင့် ရင်မဆိုင်ရဲခြင်း ဖြစ်သည်။ ကိုယ့်ဖာသာ မိန်းမစိတ်ပေါက်လို့ ပြောင်းတာမဟုတ်ဘဲ လုလုအတွက်ဆိုတာကိုသာ သိကြရင် ဝိုင်းထိုးတာတောင် ခံရနိုင်ပါသည်။
ဘာလုပ်ရမှန်း မသိတာနှင့် ဟိုဒီ လျှောက်သွားရင်း ခြေညောင်းလို့ ပန်းခြံတစ်ခုထဲ ဝင်ထိုင်နေစဉ် သန်းအောင်မြင့် ရှိသည့် ခုံတန်းလျားကို ကလေးတစ်ယောက် ရောက်လာပြီး တဖက်စွန်းမှာ ဝင်ထိုင်သည်။ လူကြောက်တတ်ပုံမရသော ကလေးက သန်းအောင်မြင့်ကို ပြုံး၍ပင်ပြလိုက်သေးသည်။
“ သား က …တစ်ယောက်ထဲလားကွ”
“ မေမေနဲ့”
ထိုစဉ်မှာပင် အသက် ၃၀ ကျော် အမျိုးသမီးတစ်ယောက် အနားရောက်လာသည်။
“ သားက ဘာလို့ အတင်းပြေးတာလဲ။ မေမေက မောနေတယ် မလိုက်နိုင်ဘူး သားရဲ့”
ကလေးနှင့် သန်းအောင်မြင့် ကြားမှာ စွေ့ကနဲ ဝင်ထိုင်လိုက်သော အမျိုးသမီးကို သေသေချာချာ ကြည့်လိုက်မိသည်။
“ ခင်မျိုးဆွေ”
“ ဟယ်… နင် … သန်းအောင်မြင့်”
ခင်မျိုးဆွေက ၅ တန်းကနေ ၁၀ တန်းအထိ တစ်ခန်းထဲ ကျောင်းတက်ခဲ့သည့် ငယ်သူငယ်ချင်း ဖြစ်သည်။ သူ့ အမေနှင့် သန်းအောင်မြင့်အမေက ညီအစ်မ ဘယ်နှစ်ဝမ်းကွဲမှန်းမသိ တော်စပ်သည့်အတွက် ဆွေမျိုးတွေလို့လည်း ပြောလို့ရပါသည်။ ဆယ်တန်းအောင်ပြီးနောက်ပိုင်း ကွဲသွားခဲ့ကြသည်။ ကြားထဲမှာ တစ်ခါနှစ်ခါတော့ ဆုံကြသည် ထင်သည်။ သေသေချာချာတော့ မမှတ်မိပါ။
“ နင့်သားလား”
“ အေးလေ၊ အခု ၄ နှစ်ထဲ ရောက်ပြီပေါ့၊ နောက်နှစ်ဆို ကျောင်းထားရတော့မယ်။”
မတွေ့တာကြာပြီဖြစ်သည့် ခင်မင်သူတွေမို့ ဟိုအကြောင်း ဒီအကြောင်း အပြန်အလှန် တော်တော်လေး ပြောဖြစ်ကြသည်။ ခင်မျိုးဆွေက နေမကောင်းသည့် အမေကို နေ့ခင်းဖက် သွားပြုစုပြီး သူနေသည့် ယောက္ခမအိမ် အပြန်မှာ သားက ပန်းခြံဝင်ချင်သည်ဆိုလို့ ရောက်လာခြင်း ဖြစ်သည်။ ခင်မျိုးဆွေကို ကြည့်ရင်း သန်းအောင်မြင့် အတွေးတစ်ခု ရသွား၏။ ခင်မျိုးဆွေက ငယ်သူငယ်ချင်းအရင်း ဖြစ်သည်။ ဆွေမျိုးလည်းတော်၏။ နောက်ပြီး စိတ်သဘောကောင်း၍ အနေအေးသည်။ နှုတ်လည်း မဖွာတတ်။ ထို့ကြောင့် သူ့ အခက်အခဲကို ပြောပြပြီး အကူအညီတောင်းမိသည်။ ပြောပြောချင်း ခင်မျိုးဆွေ ငိုင်သွားသည်။
“ သန်းအောင်မြင့်ရယ် … နင်က အဲဒီလိုမျိုးလို့ ငါတကယ် မထင်တာ သိလား။ နင်သေသေချာချာ စဉ်းစားပြီးပြီလား။ တကယ်ကို မိန်းမ ဖြစ်ချင်တာလား”
အဖြစ်မှန်ကို ထုတ်ပြော၍ မရသည့်ဘဝ ဖြစ်နေလို့ သန်းအောင်မြင့် မျက်နှာငယ်လေး နှင့် ခေါင်းကို ခပ်လေးလေး ညိတ်ပြလိုက်မိသည်။
“ နင် အခုချိန်ထိ အိမ်ထောင်မပြုတာ၊ ရည်းစားမရှိတာ အဲဒါကြောင့်ပေါ့၊ ဟုတ်လား”
သန်းအောင်မြင့် ခေါင်းကိုသာ ညိတ်ပြလိုက်ရပြန်သည်။
“ နင်ငယ်ငယ်တုန်းက ငါ့ အမေက နင့်ကို မိန်းမချောချောတယ်လို့တော့ ပြောဖူးသား အဟီး။ ဒါပေမယ့် သန်းအောင်မြင့်၊ နင် တကယ်ပြောတာနော်၊ ဒါမျိုးဆိုတာ ပြန်ပြင်လို့ မရဘူး၊ နင်လည်း သိမှာပါ။”
“ ငါ ..ဆုံးဖြတ်ပြီးပါပြီ။”
အသံတိမ်လေးနှင့် ဝန်ခံလိုက်တော့ ခင်မျိုးဆွေက တခြားကို ပြေးမလို့ ဟန်ပြင်နေသည့် သူ့သားငယ်ကို ပေါင်ပေါ်ဆွဲတင်ထားလိုက်ရင်း သန်းအောင်မြင့်ကို သေသေချာချာ စိုက်ကြည့်နေသည်။ သူ့အကြည့်ကို ရင်မဆိုင်ရဲသည့် သန်းအောင်မြင့်ကတော့ မျက်လွှာလေး ချရင်းသာ ငြိမ်နေမိသည်။
“ အေးပါဟာ၊ ငါကူညီပါ့မယ်။ ငါဘယ်ကို လာပေးရမလဲ။”
သန်းအောင်မြင့် ပုံစံကိုကြည့်ပြီး ခင်မျိုးဆွေ သနားသွားပုံရသည်။ နောက်တနေ့ မနက် ၉ နာရီလောက် ဆေးရုံမှာ ဆုံကြဖို့ ချိန်းကြပြီးနောက် တော်တော်ကြာသည်အထိ ခင်မျိုးဆွေနှင့် ဆက်၍ စကားကောင်းနေမိသည်။ ဖုန်းနံပါတ်တွေ အပြန်အလှန် လဲကြသည်။ အခု ကိစ္စကိုတော့ ထပ်မပြောဖြစ်ကြပါ။ မတွေ့ဖြစ်သည့် သူငယ်ချင်းတွေအကြောင်း၊ ဆွေမျိုးတွေ အကြောင်းလောက်သာ ဖြစ်သည်။ နေတော်တော်စောင်းမှ ညနေစာချက်ဖို့ ရှိသည်ဆိုပြီး ခင်မျိုးဆွေ ပြန်သွားသည်။ မပြန်ခင် ဒီအကြောင်းတွေကို သူငယ်ချင်းတွေ အမျိုးတွေကို မပြောပါဟု သန်းအောင်မြင့်ကတောင် မတောင်းဆိုပါဘဲနှင့် အလိုက်တသိ ကတိပြုသွား သည်။
နောက်တနေ့ကြတော့ တကယ်ပင် ခင်မျိုးဆွေ ရောက်လာသည်။ သူတစ်ယောက်ထဲ မဟုတ်။ သွက်သွက်လက်လက်နှင့် ချစ်စရာကောင်းသော မိန်းကလေး တစ်ယောက်လည်း ပါလာသည်။
“ ငါ့မောင် ရဲလင်းကို နင်မှတ်မိတယ် မဟုတ်လား။ သူက ရဲလင်း သူငယ်ချင်း မီးမီးတဲ့။ သူက… သူက … နင့်လိုပဲ လုပ်ထားတာလေ။ အဲဒါကြောင့် ခေါ်လာတာ၊ နင့်အတွက် အကြံလေးဘာလေး ပေးဖို့ပေါ့ဟာ။”
ဖော်ရွေပြီး သဘောကောင်းမည့် အသွင်ရှိသော မီးမီးက လှိုက်လှိုက်လှဲလှဲ ပြုံးပြ၏။ တချိန်က ယောက်ျားလေးတစ်ယောက် ဖြစ်ခဲ့သည်ဟု ဘယ်လိုမှ ထင်စရာမရှိသော မီးမီးကိုကြည့်ရင်း ငါဆိုရင် ဘယ်လိုပုံထွက်လာမှာလဲဟု သန်းအောင်မြင့် စဉ်းစားကြည့်မိသည်။ ဆေးရုံက Marketing အမျိုးသမီးကတော့ Package A နှင့်ဆိုရင် နတ်သမီးလေးလို လှသွားစေရမည်ဟု ပြောခဲ့တာ ပြန်သတိရ၏။ သန်းအောင်မြင့် အတွက်ကတော့ နတ်သမီးလေးလို မလှချင်နေပါ စေ၊ လုလုနှင့် ရှေ့သွားနောက်လိုက် ညီရုံလောက်ဆိုလျှင် ကျေနပ်နေပါမည်။
ခဏနေတော့ သူ့အမျိုးတသိုက်နှင့်အတူ လုလု ရောက်လာသည်။ ဆေးရုံက တာဝန်ရှိသူတွေ၊ ရှေ့နေတွေ၊ အသိသက်သေ ဆွေမျိုးတွေ ရှေ့မှာ လုလုနှင့် အတူ လက်မှတ်တွေ ထိုးကြရတော့ သန်းအောင်မြင့် စိတ်ထဲမှာ လူကြီးစုံရာရှေ့မှာ ၂ ဦး သဘောတူ လက်မှတ်ထိုးကြရသလိုမျိုး ခံစားကျေနပ်ရသည်။ ပြုံးရွှင်နေသည့် သန်းအောင်မြင့်ကိုကြည့်ပြီး အကြောင်းမသိသည့် အခြားသူတွေကတော့ လိင်ပြောင်းဖို့ အထူးပင် တက်ကြွနေသည်ဟု ထင်ကြပါလိမ့်မည်။
စာရွက်စာတမ်းတွေ လက်မှတ်ထိုးသည့် ညနေမှာပင် ယောက်ျားဖြစ်ဖို့ မအောင့်အီးနိုင်အောင် ဖြစ်နေသည့် လုလု၏ လောဆော်မှုကြောင့် သန်းအောင်မြင့်တို့ ဆေးရုံ စတက်ကြသည်။ ဒါပေမယ့် ဆရာဝန်တွေဖက်က ပြင်ဆင်စရာတွေ ရှိသေးလို့ နောက် ၃ ရက်နေမှ ခွဲစိတ်ခန်းသို့ ရောက်သည်။
ခွဲခန်းဝင်မည့် မနက်က မအားသည့်ကြားမှ ခင်မျိုးဆွေ ရောက်လာသည်။ မီးမီးလည်းပါသည်။ ဒါပေမယ့် သူတို့မှာလည်း ကိစ္စတွေ ရှိနေသေးလို့ သန်းအောင်မြင့်ကို ခဏတဖြုတ် အားပေးပြီး ပြန်ကြရသည်။ သန်းအောင်မြင့်ကတော့ စိုးရိမ်ဖို့ ကြောက်ဖို့ထက် ဆေးရုံရောက်ကတည်းက တစ်နေရာစီ ခွဲထားလို့ မမြင်ရ သည့် လုလုကို တွေ့ရဖို့ အာရုံရောက်နေသည်။ ခွဲစိတ်တော့မည့် အချိန်နီးလို့ သူ့ကို ကုတင်ပေါ်တင်ပြီး တွန်းယူသွားကြတော့မှ ခွဲခန်းအဝတွင် သူ့လိုပင် ကုတင်ပေါ်မှာ ပက်လက်ကလေးပါလာသော လုလုနှင့် ဆုံသည်။ သန်းအောင်မြင့်ကို တချက်ပြုံးပြ နှုတ်ဆက်ပြီးနောက် မျက်လုံးမှိတ်ပြီး ညိမ်နေသောကြောင့် လုလု ကြောက်နေသည်ဟု ယူဆ၍ အားပေးရန် သန်းအောင်မြင့် ကြိုးစားမိသည်။
“ လုလု ဘာတွေငြိမ်ပြီး စဉ်းစားနေတာလဲ။”
“ ကျွန်တော့်နာမည်ကို လုလုအောင်ကနေ ဘယ်လိုပြောင်းပစ်ရင် ကောင်းမလဲလို့ စဉ်းစားနေတာ။”
အထင်နှင့် အမြင် လွဲသွားပေမယ့် လုလု၏ တည်ငြိမ်မှုကို သန်းအောင်မြင့် သဘောကျသွားသည်။ ခေါင်းထဲကို အတွေးတစ်ခုလည်း လှစ်ကနဲ ဝင်လာသည်။
“ ဒီလိုလုပ်ကွာ၊ ကိုယ်က လုလုဆီက ယူတာဆိုတော့ လုလုအောင် နာမည်ကို ယူလိုက်မယ်။ လုလုက သန်းအောင်မြင့် လုပ်လိုက်။”
“ ကျွန်တော့် ဘကြီးတစ်ယောက် ပိုင်တဲ့ ဆန်စက်နာမည်က သန်းအောင်မြင့်တဲ့၊ အဲဒါကြီးတော့ မဖြစ်ပါဘူး။”
လုလု၏ အဖြေစကားကြောင့် ရင်ထဲမှာနင်၍ သန်းအောင်မြင့် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ထိုအချိန်မှာပင် ခွဲစိတ်ခန်းတံခါး ပွင့်သွားပြီး သူတို့ ၂ ယောက်ကို အထဲသို့ တွန်းယူသွားကြသည်။ အထဲကိုရောက်တော့ အခန်းတဖက်တချက်စီမှာ ရှိသည့် ခွဲစိတ်ကုတင်တွေပေါ် တင်လိုက်ကြသည်။ သန်းအောင်မြင့်ကတော့ လုလုကိုသာ လိုက်ကြည့်နေမိသည်။ ဒါပေမယ့် ခဏအတွင်းမှာပင် သူတို့ ၂ ယောက်ကြားကို လိုက်ကာ တစ်ခုက ခြားသွား၏။ ဆရာဝန်တွေ သူနာပြုတွေ ရောက်လာကြ၏။ သန်းအောင်မြင့်၏ ရင်တွေလည်း အခုမှ တဒုန်းဒုန်း ခုန်လာသည်။ စိုးရိမ်သလိုလို ကြောက်လန့်သလိုလိုနှင့် ဘယ်လိုကြီးမှန်းတောင် မသိတော့ပါ။ ကုတင်ပေါ်က ခုန်ဆင်းပြေးချင်စိတ်တွေ ပေါက်လာသည်။ ထို့ကြောင့် မေ့ဆေး မြန်မြန်ပေးလိုက်ပါတော့ဟုသာ ဆုတောင်းနေမိ၏။
…………………………………………………
(၉)
အလျင်လိုကာမှ အနှေးဖြစ် ဆိုသလို ဒီနေ့ စောစောပြန်ချင်ကာမှ အလုပ်တွေမပြီးလို့ တရုံးလုံး အချိန်ပိုဆင်းရသည်။ စိတ်တိုနေသော ကေသီ့ကို ကြည့်ပြီး မမနီက အပြန် မိုးချုပ်မှာစိုးလို့ထင်ပြီး သူ့အိမ်လိုက်အိပ်ဖို့ ပြောသည်။
“ ငါ့ယောက်ျား ခရီးသွားနေတယ်။ လွတ်လွတ်လပ်လပ်ပဲ၊ လိုက်ခဲ့မလား။”
ဒါပေမယ့် စိတ်က တခြားရောက်နေသော ကေသီကတော့ ၂ ခါတောင် မစဉ်းစားဘဲ ငြင်းပစ်လိုက်သည်။ ဒီလိုနှင့် အလုပ်က ပြန်တော့ ည ၈ နာရီ ကျော်နေလေပြီ။ လိုင်းကားတွေ ရှိနေသေးပေမယ့် မန်နေဂျာ တစ်ယောက်က ကားနှင့် လိုက်ပို့ပေးသည်။ မန်နေဂျာ နှင့် အိမ်နီးချင်း စာရင်းကိုင် အန်တီတစ်ယောက်လည်း ပါသည်။ ဒါပေမယ့် သူသွားရမည့် လမ်းနှင့် ဆန့်ကျင်ဖက် ဖြစ်နေတာကို သိလိုက်ရတော့ အားနာပြီး ကေသီ အိမ်နား မရောက်ခင် ဆင်းလိုက်၏။
“ မနက်စာအတွက် ဈေးဝယ်ရဦးမယ် ဆရာရေ၊ ဒီနားမှာ ဝယ်ပြီးရင် ဟိုဖက် ၂ ဘလောက်ပဲ လမ်းလျှောက်ရတော့မှာ။ ကျေးဇူးတင်ပါတယ် ဆရာ။”
မန်နေဂျာ ထွက်သွားတော့ လမ်းကြုံနေလို့ ကေသီ တကယ်လည်း ဈေးဝယ်ဖြစ်ပါသည်။ ညလုံးပေါက်ဖွင့်သည့် ဈေးဝယ် စန်တာကြီးက ပြန်ထွက်ချိန်မှာ ၉ နာရီကျော်လောက်တော့ ရှိမည် ထင်ပါသည်။ မြန်မြန် ရောက်ချင်ဇောနှင့် လူရှင်းသည့် လမ်းကြားတစ်ခုမှ ဖြတ်သွားဖို့ ဆုံးဖြတ်လိုက်၏။
ကေသီ စိတ်လောနေသည်မှာ အကြောင်းရှိပါသည်။ ကေသီ ရာသီလာနေလို့ စက်ဘီး မစီးဖြစ်တာ လေးငါးရက်လောက်ရှိပြီ ဖြစ်သည်။ မနေ့ကမှ အဲဒါက ပြီၤးသွားသည့် အတွက် ဒီနေ့တော့ စီးဖြစ်အောင် စီးချင်သည်။ နောက်ပြီး အသေးဆုံးဆိုသည့် ၄ လက်မ အတံက နည်းနည်းရိုးသွားပြီဆိုတော့ ဒီနေ့ ၅ လက်မ ပြောင်းသုံးဖို့လည်း စိတ်ကူးထားသည်။ အတွေ့ အကြုံသစ်၊ ခံစားမှုအသစ် ဖြစ်မှာမို့ ရင်တွေလည်း ခုန်ရသည်။ နေ့လည်ကတည်းက အဲ့ဒီအကြောင်း ခေါင်းထဲ ရောက်လာတိုင်း ညီမလေးက တစိုစို ဖြစ်နေရလို့ မြန်မြန်ပြန်ချင်နေခါမှ အိုဗာတိုင် ဆင်းလိုက်ရ၍ ကေသီ အခုလို စိတ်တိုမိခြင်းပါ။
မီးတိုင်ခပ်ကျဲကျဲနှင့် လူသွားလူလာရှင်းသည့် လမ်းကလေးထဲမှာ ခပ်သွက်သွက်လာရင်း အိတ်ထဲက ဖုန်းမြည်သံ ကြားလိုက်ရလို့ မမနီ ဖြစ်မှာပဲဟုတွေးရင်း ဖုန်းကို လက်နှင့်နှိုက် စမ်းနေစဉ် လမ်းထောင့်တစ်ခုက ပေါ်လာသော လူတစ်ယောက်နှင့် အရှိန်ပြင်းပြင်း ဝင်တိုက်မိသည်။ ဈေးဝယ်လာသည့် အိတ်က လွတ်ကျပြီး အထဲက အထုပ်တွေ လမ်းပေါ်ကို ပြန့်ကျဲကုန်သည်။
“ ဘယ်လို လုပ်လိုက်တာလဲ”
ဒေါသတကြီးနှင့် ကေသီ ကုန်းအော်လိုက်မိ၏။
“ ဟိုဗျာ၊ ကျွန်တော် …. ကျွန်တော်…၊ တကယ်ပါ. . မမြင်လိုက်လို့ပါဗျာ ”
တိုက်မိသူကလည်း ဖုန်းပြောလာပုံရသည်။ ဖုန်းကို အင်္ကီအိတ်ထဲ ကပျာကယာ ထိုးထည့်ပြီး ပြုတ်ကျသည့် ပစ္စည်းတွေ ပျာပျာသလဲ လိုက်ကောက် ပေးသည်။
“ ဒုက္ခပါပဲဗျာ၊ ဒီမှာ ကြက်ဥတွေတော့ ကွဲကုန်ပြီထင်တယ်။ ကျွန်တော် ပြန်ဝယ်ပေးပါရစေ။”
“ နေပါစေတော့”
စိတ်မရှည်စွာဖြင့် ကေသီ ခပ်ဆတ်ဆတ် ပြောရင်း သူ့လက်ထဲက ပလပ်စတစ်အိတ်ကို ဆောင့်ကြီး အောင့်ကြီး ပြန်ဆွဲယူလိုက်သည်။ ထိုအချိန်မှာ အနားသို့ လူ ၃ ယောက် ရောက်လာသည်။
“ ဘာဖြစ်တာလဲ ညီမ၊ ဒီကောင် ဘာလုပ်လို့လဲ။”
ပြောပြောဆိုဆိုနှင့် သူတို့က ကေသီနှင့် တိုက်မိသူကို ဝိုင်းလိုက်တော့ သူလည်း တော်တော်လန့်သွားပုံရသည်။ ကေသီလည်း ဒီတော့မှ သနားသွား၏။
“ ဘာမှ .. ဘာမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ မတော်တဆ တိုက်မိကြတာပါ။ သူ့ကို မေးကြည့်ပါဗျာ။”
သူပြောတာမှန်ကြောင်း ပြောမလို့ ပြင်လိုက်ချိန်တွင်ပင် မွှေးရနံ့ စူးစူး တစ်ခုကို ကေသီရလိုက်ပြီး တလောကလုံးလည်း မှောင်အတိကျသွားသည်။
…………………………………………
(၁၀)
ဆေးရုံထဲက ထွက်လာသည့် ရဲလင်း ခြေလှမ်းတွေက သွက်လက်နေသည်။ ညက တစ်ညလုံး မအိပ်ခဲ့ရပေမယ့် လန်းဆန်းနေ၏။ အမေ့အတွက် စိတ်အေးသွားရပြီဆိုသော အသိကြောင့် ရင်မှာလည်း ပေါ့ပါးနေသည်။ မျှော်လင့်ချက် ကုန်လုလု ဖြစ်နေချိန်တွင် အမေ့နှလုံး အစားထိုးခွင့်ရလိုက်ခြင်းက ရဲလင်း အတွက် တကယ့်ကို မင်္ဂလာတပါး ဖြစ်သည်။ ယောက်ျားဘဝကိုလည်း ဆုံးရှုံးရန် မလိုတော့ ။ အားလုံး အဆင်ပြေသွားလေပြီ။
အစားထိုးမှု အောင်မြင်ပြီး အမေ့အခြေအနေလည်း ပုံမှန်ရှိသည်ဟု သိလိုက်ရသည့် အချိန်တွင် အမေ အော်ပရေးရှင်း မစမှီကတည်းက ဆေးရုံမှာ ရှိနေပြီး တမှေးမှလည်း မအိပ်ရသေးသည့် ရဲလင်းကို ညီဖြစ်သူနှင့် အစ်မက အတင်း အိမ်ပြန်လွှတ်ကြ၏။ သူတို့လည်း ရှိနေပြီ အမေကလည်း အခြေအနေကောင်းသည်ဆိုတော့ ရဲလင်းလည်း စိတ်ချလက်ချ အိမ်ပြန်လာခဲ့သည်။
လမ်းမှာတွေ့သည့် ထမင်းဆိုင်တဆိုင်မှာ ညစာဝင်စားပြီး အိမ်ဖက်သို့ လျှောက်လာရင်း မီးမီးကို အကျိုးအကြောင်းပြောဖို့ မေ့နေတာ သတိရပြီး ဖုန်းခေါ်လိုက်မိသည်။ ရဲလင်း ပစ္စည်းဖြုတ်ရောင်းမှာကို စိုးရိမ်နေသော မီးမီးလည်း အကြောင်းစုံသိတော့ တော်တော် ဝမ်းသာသွားသည်။
“ မင်း မနက်ဖြန်လည်း အလုပ်က ခွင့်ရသေးတယ်ဆိုရင် နားလိုက်လေ။ ငါ အော့ဖ်ရထားတယ်။ အန်တီနဲ့ နေ့ခင်းဖက် သွားနေပေးမယ်။ မင်း ညနေမှ လာခဲ့။”
ငယ်သူငယ်ချင်းမို့ တအိမ်လုံးနှင့် ရင်းနှီးသည့် မီးမီးက တတ်နိုင်သလောက် ကူခြင်း ဖြစ်သည်။ အစ်မက အိမ်ထောင်သည်၊ ညီက ကျောင်းတဖက်နှင့် ဆိုတော့ မီးမီး လာကူရင် ရဲလင်း ပိုအနားရနိုင်သည်။
“ ကျေးဇူးပဲ သူငယ်ချင်းရာ၊ ငါလည်း စိတ်မောလူမော ဖြစ်နေတာ အခုနေအိပ်ရင် မနက်ဖြန် ညနေလောက်မှ နိုးမယ် ထင်တယ်။”
“ အေးလေ၊ အဲဒါဆိုလည်း ညနေမှ လာပေါ့ကွာ၊ ငါ မနက်ဖြန် မနက် ဂျူတီ သွားချိန်းလိုက်မယ်။ လိုအပ်ရင် ငါ့ချစ်ချစ်ကိုပါ စစ်ကူ လှမ်းခေါ်လို့ ရသေးတယ်။”
“ အေး ဒါဆိုရင် ဒါပဲနော်”
ဖုန်းချခါနီးကြမှ လမ်းမှာ လူတစ်ယောက်ကို ရဲလင်း ဝင်တိုက်မိသည်။ သင်းပျံ့ပျံ့ ရနံ့လေးတစ်ခုနှင့် အိကနဲ အတွေ့တစ်ခုကြောင့် တဖက်လူက မိန်းကလေး တစ်ယောက်ဆိုတာ သိလိုက်သည်။ ကောင်မလေး လက်ထဲက အိတ်တစ်လုံး လွတ်ကျပြီး အထဲက ပစ္စည်းတွေ လမ်းပေါ် ပြန့်ကျဲကုန်သည်။
ကောင်မလေး အော်ပြောတာကို ကြားသည်။ အားနာစိတ်နှင့် ပူထူနေသော ရဲလင်း ဘာမှ သေသေချာချာ နားမလည်ပါ။ ရန်တွေ့ နေတာပဲ ဖြစ်လိမ့်မည်။ တတွတ်တွတ် တောင်းပန်ရင်း ပစ္စည်းတွေ ပြန်လိုက်ကောက်ထည့်ပေးမိသည်။ ကောင်မလေးကို အိတ်ပြန်ပေးနေစဉ် အနားကို လူတစ်စု ရောက်လာသည်။ မိန်းကလေးတစ်ယောက်ကို နှောက်ယှက်နေသည် ထင်ပြီး ဆွမ်းကြီးလောင်းခံရမှာကို စိုးရိမ်စိတ်ဖြင့် ပျာပျာသလဲ ဖြေရှင်းနေစဉ် ကြောင်ငေးကြည့်နေသော ကောင်မလေး နောက်မှာလည်း လူတစ်ယောက် ရောက်နေတာ မြင်ရ၏။ ကောင်မလေး မျက်နှာကို အဲဒီလူက အဝတ်တစ်ခုနှင့် အုပ်လိုက်တာကို တွေ့လိုက်၍ သူ့ဆီပြေးဖို့ ခြေလှမ်း ပြင်သေးသော်လည်း ရဲလင်းကိုယ်တိုင် စူးရှရှ မွှေးရနံ့ နှင့် အတူ ခွေလဲကျသွားသည်။ ပလက်ဖောင်း ကျောက်ပြားတွေ သူ့ဆီကို ပြေးလာနေတာကို ကြည့်နေရင်း ရဲလင်း ဘာမှမသိတော့ပါ။



