ကျွန်တော့်ရဲ့ နောက်ဆုံးအချစ် (အပိုင်း ၃)
ရေးသားသူ – ၂၄ မျက်နှာ
🧡အခန်း (၇) ငယ်ချစ်ဦး🧡
ဆေးရုံကြီးသို့ရောက်သောအခါ ဟိန်းထက်ဆီ ဖုန်းဆက်၍ ဘယ်အဆောင်ကို လာရမလဲဟု မေးလိုက်လေသည်၊ သူပြောသော အဆောင်သို့ မေးမြန်းပြီး သွားလေရာ နောက်ဆုံး အရိုးအကြောဌာနသို့ ရောက်ရှိခဲ့လေသည်။
“ရဲမာန်…ငါဒီမှာ”
ဟိန်းထက်က လူနာကုတင်ပေါ်ကနေ ကျွန်တော့်ကို လက်ယမ်းပြလေသည်၊ သူ့နားရောက်သွား တော့ ကျွန်တော်က…
“သားကြီး ခြေထောက်က ဘာဖြစ်သွားတာလဲ”
“ခြေသလုံးအရိုးလေး ကျိုးသွားတာပါကွာ ၊ ငါက ရပါတယ်လို့ ပြောနေတာကို ငါ့ဆော်က ဖုန်းလုပြီး မင်းကိုခေါ်လိုက်တာ”
“ ရပါတယ်ကွာ၊ ငါနေ့ဝက်ခွင့်ယူခဲ့လိုက်တယ်… ကားသမားနဲ့ကော ဘယ်လိုလဲ”
“အင်း… သူက ဆေးဖိုးဝါးခ အကုန်စိုက်မယ်လို့တော့ ပြောတယ်၊ ငါ့အမှားလည်း ပါတယ်…. လမ်းကူးတာကို အလျင်လိုပြီး အမြန်ဖြတ်လိုက်မိတာ”
“အင်း… မင်း ရုံးတော့ နားရမှာပေါ့”
“ငါက နားချင်နေတာကြာလှပြီ… ခွင့်တွေမကျန်တော့လို့ ၊ အခုတော့ ဆေးလက်မှတ်နဲ့ဆိုတော့ အေးဆေးပျက်လို့ရသွားပြီ….. ဟဲဟဲ”
ဟိန်းထက်က ကားတိုက်ခံရတာ ဝမ်းမနည်းသည့်အပြင် ရုံးက ခွင့်ရက်ရှည်ရတယ်ဆိုတော့ စပ်ဖြီးဖြီးနှင့် ပျော်ရွှင်နေလေသည်၊ အလာတုန်းက စိတ်ပူခဲ့ရသမျှ အကုန်ပျောက်ပြီး သကောင့်သားမျက်နှာကြည့်ပြီး ဆောင့်ကန်ချင်စိတ်ပါ ပေါက်လာလေသည်၊ ဟိန်းထက် ခြေသလုံးတစ်ဖက်ကို ကျောက်ပတ်တီးစီးထားရသည် ၊ လောလောဆယ်တော့ ဂျိုင်းထောက်နှင့် လမ်းလျှောက်ရလိမ့်ဦးမည်….။
ဟိန်းထက်ကို အဖော်ပြုရင်းနှင့် စကားလျှောက်ပြောကြပြီး ညနေလေးနာရီအချိန်သို့ ရောက်ရှိသောအခါ ဟိန်းထက်ရုံးမှ အသိမိတ်ဆွေများက လူနာလာကြည့်ကြလေသည်၊ တချို့က လက်ဗလာ.. တစ်ချို့ကတော့ လူနာမုန့်ခြင်းလေးလိုလို ၊ ပန်းသီးခြင်းလေးလိုလို ယူလာကြလေသည်၊ ဟိန်းထက်ရည်းစားက ရုံးဆင်းတော့ အလျင်အမြန် ရောက်ချလာပြီး ကျွန်တော့်အား ကျေးဇူးတင်ကြောင်း တဖွဖွပြောလေသည်…၊ ကျွန်တော်တို့က သူငယ်ချင်းအရင်းတွေပဲဟာ အစ်မမကြည့်တောင် ကျွန်တော်ကြည့်ပေးရမှာလို့ ပြောလည်း သူမက ကျေးဇူးတင်ကြောင်း ပြောသည်ကို မရပ်တန့်၊ ဟိန်းထက်က သူ့ရည်းစားလက်ကိုဆွဲကာ……
“ရဲမာန်.. သူက ငါပြောပြောနေတဲ့ ငါ့အစ်မကြီးလေ”
“မောင်ကလည်း…. တစ်နှစ်ပဲကွာတာကို ၊ ဘာမမကြီးလဲ”
“အဲ့တာဆို မမလေးပဲထားပါတော့၊ မနဲ့ ရဲမာန်နဲ့ အပြင်မှာ မတွေ့ဖူးသေးဘူးမလား”
“ဟုတ်တယ်”
“အစ်မနာမည်က နွယ်နီပါ မောင်လေး၊ သူပြောဖူးလားတော့ မသိဘူး…. ရုံးမှာ သူ့ရဲ့ စီနီယာပေါ့”
ဟု ဟိန်းထက်ရည်းစားဖြစ်သူ မနွယ်နီက သူ့ကိုယ်သူ မိတ်ဆက်လေသည်၊ ကျွန်တော်က…
“မနွယ်နီလို့ပဲ ခေါ်မယ်နော်…”
“ ရပါတယ် မောင်လေး.. ဘယ်လိုခေါ်ခေါ်ပါ”
ဟု သူမက ပြန်ပြောလေသည်….၊ ထိုအချိန်တွင် ဟိန်းထက်ဆီသို့ လူနာမေးရန် အတွဲတစ်တွဲ ရောက်လာလေသည်၊ သူတို့နှစ်ဦးမှာ ကျွန်တော့်သူငယ်ချင်းမလေး စုမြတ်နိုးနှင့် သူမ၏ချစ်သူတို့ ဖြစ်လေသည်၊ စုမြတ်နိုးက သူ့ချစ်သူကောင်လေး လက်မောင်းကို အားနွဲ့သူပုံစံဖမ်းကာ ဆွဲခိုထားလေသည်၊ စုမြတ်နိုးရဲ့ အားနွဲ့သူပုံစံကိုကြည့်ပြီး ကျွန်တော် ရယ်ချင်မိသွားသည်…၊ သူမကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်တော့ သူမက သူ့ကောင်လေးမသိအောင် လျှာတစ်လစ် ထုတ်ပြောင်ပြလေသည်။ (တတ်လည်းတတ်နိုင်တဲ့ ကောင်မလေး)
စုမြတ်နိုးက ဟိန်းထက်အား…..
“ငါ့မှာတော့ ဟိန်းထက် ကားတိုက်မိတယ်ဆိုလို့ ဆိုးဆိုးရွားရွားများလားလို့ စိတ်ပူလိုက်ရတာ၊ ကိုယ်တော်က ကုတင်ပေါ်မှာ မုန့်တွေစားပြီး မိန့်မိန့်ကြီးပါလား”
ဟု စနောက်လိုက်သည်….။
“ဟဲဟဲ…. အဆိုးထဲက အကောင်းပေါ့ စုမြတ်ရယ်…. လာ မုန့်စားပါဦး”
“တော်ပါပြီအေ….”
ထို့နောက် စုမြတ်နိုး၏ ကောင်လေးက ဟိန်းထက်နှင့် လုပ်ဖော်ကိုင်ဖက် ဖြစ်သောကြောင့် လုပ်ငန်းခွင်ကိစ္စများ ပြောနေကြသည်၊ စုမြတ်နိုးက ကျွန်တော့်နားရောက်လာပြီး…..
“ဘယ်လိုလဲ ၊ ငါ့ဘီယွန်းစေးလေးက ခန့်တယ်မလား”
ဟုပြောပြီး ကြွားဝါလေသည်…။
“အင်း…ဟုတ်တယ် ၊ နင်နဲ့တောင် မတန်သလိုပဲ…. အသက်က နင့်ထက်ငယ်တယ်မလား”
“ကောင်စုတ်… ငါနဲ့ဘာလို့မတန်ရမှာလဲ ၊ ငါ့ရဲ့မောင်လေးလေ.. ဟိဟိ”
“ဒုက္ခရောက်တော့မှာပဲ…. ကလေးမုန့်ကျွေးကြိုက်တယ်ဆိုတာ ဒါမျိုးနေမှာ”
“ဒီကပဲ ပေါက်စီကြီးတွေ ကျွေးထားရတာ…. ခစ်ခစ်”
“ဒါပဲအေ…ငါဗိုက်ဆာနေလို့ သွားတော့မယ်…. ဟိုကောင့်ကိုလည်း ကြည့်ပေးလိုက်ဦး”
“အေးပါ..အေးပါ”
ကျွန်တော်နဲ့ စကားဖြတ်ပြီးတော့ စုမြတ်နိုးက သူ့ရည်းစားဖက်သို့လှည့်ကာ….
“မောင်….. ချစ်ဗိုက်ဆာပြီ ၊ သွားရအောင်လေ မပြီးသေးဘူးလား”
“ဪ….လာပြီ ၊ ဟိန်းထက် ငါသွားတော့မယ်နော်”
စုမြတ်နိုးက သူ့ကောင်လေးရဲ့ လက်ကိုတွဲပြီး ကျွန်တော့်ကိုနှုတ်ဆက်ကာ ပြန်ထွက်သွားလေတော့သည်…။
မနွယ်နီက သူ့ရည်းစား ဟိန်းထက်ရဲ့ လက်ဖဝါးကို ဆုပ်ကိုင်ကာ အကြောင်းအရာ တစ်ခုခုကို တီးတိုးပြောနေလေသည်၊ သူတို့သမီးရည်းစားကိစ္စဖြစ်၍ ဘာပြောနေကြလဲ မသိချင်..၊ ထို့ကြောင့် လူနာဆီက ပန်းသီးတစ်လုံးကို ကိုက်စားရင်း ဖုန်းကိုသာ ပွတ်နေလိုက်သည်။
“ဖျတ်….ဖျတ်….ဖျတ်..ဖျတ်..ဖျတ်” ( ပြေးလာသော ခြေလှမ်းသံ)
ကျွန်တော်တို့ဘက်သို့ ဦးတည်ပြီး ပြေးလာသော ခြေသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ကောင်မလေးတစ်ယောက် အလောတကြီး ပြေးလာသည်ကို မြင်လိုက်ရသည်၊ အဝေးကနေ ပြေးလာသည့် သူမ၏ပုံရိပ်မှာ တဖြည်းဖြည်းနီးလာလေ… ပုံရိပ်ပေါ်လာလေ ဖြစ်လေသည်။
ဟိန်းထက်ဆီသို့ စိုးရိမ်တကြီး ပြေးလာသော ကောင်မလေးမှာ တခြားသူမဟုတ်၊ သူ့ရဲ့ ငယ်ချစ်ဦးဖြစ်သော “ယုပွင့်ထက်ခိုင်” ပင် ဖြစ်လေသည်….၊ ဟိန်းထက် ကုတင်နားကိုရောက်တော့ ယုပွင့်ထက်ခိုင်က ခြေလှမ်းကို အရှိန်လျှော့လိုက်ပြီး ရပ်တန့်လိုက်လေသည်၊ သူမ၏ မျက်လုံးထဲတွင် မျက်ရည်စတချို့ ဝဲတက်နေပြီး ဟိန်းထက်ကို သုံးစက္ကန့်လောက် ငေးကြည့်နေလေသည်…၊ ဟိန်းထက်ကလည်း ပြုံးဖြီးဖြီး ဖြစ်ရာကနေ ရုတ်တရက် မျက်နှာတည်သွားလေသည်။
ပြတင်းပေါက်က ဝှေ့ပြီးဝင်လာသည့် လေနုအေးလေးက ကုတင်ဘေးက ခန်းစီးစကို လှိုင်းတွန့်လေး ဖြစ်သွားအောင် တိုက်ခတ်လိုက်သည်၊ မျက်နှာကြပ်ပေါ်က ပန်ကာအဟောင်းကြီးက တချောက်ချောက် လည်ပတ်နေမြဲ…၊ ဟိန်းထက်၏ ကုတင်ဘေးနားပတ်လည်တွင် အချိန်များ ရပ်တန့်သွားသည်ဟုပင် ထင်မှတ်ရလေသည်….။
ယုပွင့်ထက်ခိုင်က ကျွန်တော့်ဘေးနားကနေ ဖြတ်ပြေးသွားပြီး ဟိန်းထက်ကို ပွေ့ဖက်ကာ ငိုကြွေးလေသည် ၊ သူမစိတ်ထဲ မနွယ်နီကို ရှိသည်ဟုပင် မထင်ချေ…၊ သူမ၏ ငယ်ချစ်ဦးဖြစ်သော ဟိန်းထက်ရင်ခွင်ထဲတွင် စိတ်ခံစားမှုများကို မျက်ရည်များနှင့် ဖွင့်ဟလေသည်၊ ဟိန်းထက်၏ မျက်နှာကလည်း ရုပ်တည်ကြီးဖြစ်သွားကာ ကျောက်ရုပ်တစ်ရုပ်လို တောင့်တင်းနေလေသည်။
ဟိန်းထက်၏ လက်ရှိရည်းစား မနွယ်နီက ကျွန်တော့်ကို နားမလည်သော မျက်လုံးမျိုးနှင့် ကြည့်လေသည်၊ ကျွန်တော်လည်း သူတို့၏ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းထဲတွင် နေရခက်လာသောကြောင့် ဓာတ်မှန်ရိုက်ထားတဲ့ဟာ သွားယူလိုက်ဦးမယ်လို့ပြောပြီး အသာလစ်ထွက်ခဲ့လေသည်။
ဓာတ်မှန်သွားယူပြီးသည့်နောက်တွင် ဟိန်းထက်ကုတင်ဖက်သို့ ပြန်လာတော့ မနွယ်နီက မျက်နှာကြီးနီပြီး ထွက်သွားသည်ကို တွေ့လိုက်ရသည်၊ ကျွန်တော်က ခပ်လှမ်းလှမ်းကနေ ကြည့်လိုက်တော့ ယုပွင့်က ဟိန်းထက်ရင်ခွင်ထဲတွင် ရှိနေသေးသည်၊ ကိုယ့်လူကတော့ ယုပွင့်ရဲ့ မျက်နှာပေါ် ဝဲကျနေသော ဆံပင်များကို နားရွက်အနောက်သို့ သပ်ပေးနေလေသည်။
သူတို့နှစ်ဦးကိုကြည့်ပြီး ဝမ်းသာမိသလို မနွယ်နီအတွက်လည်း အားနာပြီး စိတ်မကောင်း ဖြစ်မိလေသည်၊ ရုတ်တရက် ကျွန်တော့်ရင်ထဲတွင် ဟိန်းထက်ကို မနာလိုသည့် ခံစားချက်က ဖြတ်ပြေးသွားလေသည်၊ သူတို့ချစ်သူနှစ်ဦး လွတ်လွတ်လပ်လပ် စကားပြောပါစေဟု တွေးပြီး ဆေးရုံပန်းခြံထဲက ထိုင်ခုံပေါ် သွားထိုင်နေလိုက်လေသည်။
လူ့စိတ်ဆိုတာကလည်း ပြောရခက်သား၊ အရင်က ဟိန်းထက်လည်း ကျွန်တော်နှင့် ဘဝတူဆိုပြီး ငယ်ချစ်ဦးနဲ့ဝေးတာ ငါတစ်ယောက်တည်း မဟုတ်ပါလားဟု အားတင်းကာ ဖြေသိမ့်ခဲ့လေသည်၊ စိတ်ရဲ့အမှောင်ဖက်အခြမ်းက ဟိန်းထက်နှင့် ယုပွင့်တို့ ပြန်လည်ဆုံစည်းကြသည်ကို မလိုလားချေ….၊ အဲ့လိုစိတ်ထားက မကောင်းမှန်းသိသော်လည်း တွေးနေမိသည်၊ တစ်ဖက်ကလည်း သူငယ်ချင်းနှစ်ယောက် ပြန်အဆင်ပြေသွားတာကို ကြည်နူးမိလေသည် ၊ အဆိုးနဲ့အကောင်းဆိုတာ ဒီလိုပဲ လွန်ဆွဲနေတတ်သည် မဟုတ်လား..။
လောကကြီးက မမျှတ….၊ ဖြစ်နိုင်ရင် ဟိန်းထက်နေရာမှာ ကျွန်တော်ဖြစ်ပြီး ယုပွင့်ထက်ခိုင် နေရာမှာ မဝသုန်ဖူး ဖြစ်ခဲ့လျင် ဘယ်လောက်ကောင်းလိမ့်မလဲဟု မဖြစ်နိုင်မှန်းသိလျက်နှင့် ကလေးတစ်ယောက်လို စိတ်ကူးယဉ်ဆန်စွာ မျှော်လင့်မိသည်၊ တကယ့် လက်တွေ့ဘဝရှိ ကျွန်တော့်နှလုံးသားထောင့်တစ်နေရာတွင် အမှန်တရားတချို့က နာကျဉ်မှုတွေကို လှောင်ပြောင်နေသယောင်…..။
ပန်းခြံထဲရှိ ထိုင်ခုံတန်းလေးပေါ်တွင် ငေးငိုင်နေမိတာ နေလုံးကြီးဝင်သွားပြီး မှောင်ရိပ်ထွက်လာမှပင် အသိပြန်ဝင်လာသည်၊ ဟိန်းထက်ဆီပြန်သွားတော့ ဆရာသမားက မျက်နှာသိပ်မကောင်း၊ ကျွန်တော်လည်း အလိုက်တသိနှင့် စကားမပြောပဲ ငြိမ်နေလိုက်သည်။
နောက်တစ်ရက်ရောက်တော့ ဆရာဝန်က ဆေးရုံဆင်း၍ ရပြီဟု ပြောသောကြောင့် ပစ္စည်းများသိမ်းဆည်းကာ နေအိမ်သို့ ပြန်ခဲ့ကြသည်၊ ကျွန်တော်တို့ တိုက်ခန်းက လေးလွှာမှာဖြစ်၍ ဟိန်းထက်အား မနည်းတွဲခေါ်ကာ အပေါ်သို့ ခေါ်လိုက်ရသည်၊ ထို့နောက် သူလိုအပ်မည့် ပစ္စည်းများ ဆင်းဝယ်ပေးခဲ့ကာ အိမ်တွင် သူ့ကိုထားခဲ့ပြီး ကျွန်တော်ကတော့ ရုံးသွားဖို့ ပြင်ရလေသည်။
ရုံးသို့ရောက်သောအခါ မခိုင်ဇာမြင့်က လစာတွက်ချက်ခြင်းကို ဒီနေ့အပြီးလုပ်ရန် ညွန်ကြားလေသည်၊ ကျွန်တော်အပါအဝင် HR တစ်ဌာနလုံး အလုပ်ရှုပ်သောနေ့ ဖြစ်လေသည်၊ လူရှုပ်ကောင် မြတ်မင်းသန့်ပင် ခွင့်ဖိုင်တွေနဲ့ Overtime ဆင်းသည့် စာရွက်တွေကြားထဲ အလုပ်ရှုပ်နေလေသည်……၊ နေ့လည်စာအချိန် ဟိန်းထက်ဆီ ဖုန်းဆက်ကြည့်တော့ သူက “ ရတယ်… အေးဆေး သားကြီး ၊ ဂျိုင်းထောက်ရှိနေတာပဲ ခေါက်ဆွဲပြုတ်စားလိုက်မယ်ဟု ပြောလေသည်၊ ညနေရောက်တော့လည်း အလုပ်မပြီးသေးသဖြင့် အချိန်ပိုဆင်းကာ အလုပ်လုပ်ရလေသည်….၊ အားလုံး လက်စသတ်ပြီးတော့ ညနေခြောက်နာရီတွင် ရုံးဆင်းခဲ့လေသည်။
အိမ်အပြန်လမ်းတွင် ဟိန်းထက်အတွက် အမဲရိုးစွပ်ပြုတ် ဝင်ဝယ်ပြီး ပြန်လာခဲ့လေသည်၊ အိမ်ရောက်တော့ ဟိန်းထက်က ဆေးရှိန်ကြောင့် အိပ်ပျော်နေရာမှ နိုးသွားလေသည်၊ သူက…
“ရဲမာန်လား….. ပြန်လာပြီလား”
“အေး…. မင်း ညနေစာ စားပြီးပြီလား”
“နေ့လည်ကတည်းက အိပ်နေတာ အခုမှအိပ်ရာနိုးတာ”
“ဪ အေး… ငါ အမဲသားစွပ်ပြုတ် ဝယ်လာတယ် ၊ ထမင်းချက်ပြီး စားကြတာပေါ့”
“အေး… ဖြေးဖြေး ငါဗိုက်သိပ်မဆာသေးပါဘူး”
“ခဏတော့ စောင့်ရမှာပဲ…. ငါ ထမင်းအိုးတည်ပြီး ရေအရင်ချိုးလိုက်ဦးမယ်”
“ရဲမာန် မင်းဇာတ်ကားသစ်ရှိလား၊ ငါတစ်နေကုန် ဇာတ်ကားကြည့်နေတာ…. ကြည့်စရာ ကုန်သွားပြီကွ”
“ငါ့ဖုန်းထဲမှာရှိတယ် မင်းဘာသာမင်း ယူကူးလိုက်တော့”
“အေး”
ကျွန်တော် အရင်ဆုံး ရုံးအဝတ်အစားများချွတ်ကာ ထမင်းအိုးတည်ပြီး ရေချိုးလေသည်၊ တစ်နေကုန် ပင်ပန်းပြီး စိတ်ညစ်ညူးသမျှကို ရေစက်များနှင့် မျောချလိုက်သဖြင့် ပြန်လည်၍ လန်းဆန်းသွားသလို ခံစားရသည်၊ ရေချိုးပြီးနောက် အိမ်နေရင်း ဘောလုံးအင်္ကျီဘောင်းဘီ ဝမ်းဆက်ကို ဝတ်ဆင်လိုက်လေသည်….။
“ဒေါက်…ဒေါက်…ဒေါက်.. ရဲမာန်… ဟိန်းထက်… ဘယ်သူရှိလဲ”
အပြင်က အခန်းတံခါးခေါက်သံကြောင့် မျက်နှာပေါ်လိမ်းနေသော စနိုးကို အမြန်ပွတ်လိုက်ပြီး အပြင်က တံခါးမကြီးကို ဖွင့်ပေးလိုက်လေသည်….။
“ရဲမာန်….. နင်ကလည်း တံခါးဖွင့်တာကြာတာဆို ၊ ငါက ဟိန်းထက် တစ်ယောက်တည်းများလားလို့”
ကျွန်တော်က တံခါးကို ဖွင့်လိုက်ခါစရှိသေး…. စုမြတ်နိုးက အပေါက်ဝတွင် ရပ်ပြီး ကျွန်တော့်ကို အပြစ်ပြောလေသည်၊ စုမြတ်နိုးနှင့်အတူ ယုပွင့်ထက်ခိုင်လည်း ပါလာလေသည်၊ ကျွန်တော်က…
“ယုပွင့်ရောပါလား ”
ဟု နှုတ်ဆက်လိုက်ပေမယ့် သူမက ကျွန်တော့်ကို ခေါင်းတစ်ချက် ငြိမ့်ပြကာ အခန်းထဲ အတင်းတိုးဝင်သွားလေသည်၊ စုမြတ်နိုးက…
“သူ့အပူနဲ့ သူမို့လို့ပါ”
ဟု ပုခုံးတွန့်ပြီး ကျွန်တော့်ကို ပြန်ပြောလေသည်…..၊ ကျွန်တော်က
“ဟိန်းထက် Accident ဖြစ်တာကို နင်က သူ့ကို ဖုန်းဆက်လိုက်တာလား”
ဟု စုမြတ်နိုးကို မေးလိုက်လေသည်၊ သူမက
“ဘယ်သူရှိမှာလဲ ငါပဲပေါ့ဟ… မနေ့က သူတို့နှစ်ယောက် ဘယ်လိုဖြစ်သွားလဲ”
“ငါမသိလိုက်ဘူး.. ရှောင်ပေးနေရင်း ပြန်လာတော့ ယုပွင့်မရှိတော့ဘူး”
“အင်း… ယုပွင့် အငြင်းခံလိုက်ရတယ်နဲ့တူတယ်၊ မနေ့က အဆောင်ပြန်ရောက်တော့ တစ်ညလုံး ငိုနေရှာတာ”
ဟိန်းထက်က စုမြတ်နိုးနှင့်အတူ ယုပွင့်ထက်ခိုင် ပါလာမှန်း သိသိချင်း အခန်းထဲသို့ဝင်ကာ ဂလန့်ချပြီး ပိတ်နေလေသည်၊ ယုပွင့်က အခန်းတံခါးကို ခေါက်သော်လည်း မဖွင့်ပေး…
“ဟိန်းထက်….. တံခါးဖွင့်ပေးပါဦး… ငါပါ… ယုပွင့်ပါ….”
“ဒေါက်ဒေါက်”
“ဟိန်းထက်ရေ…. ဟိန်းထက်….. ကို…. တံခါးလေးတော့ ဖွင့်ပေးပါဦး….. ကိုရေ… ကို…”
ယုပွင့်ထက်ခိုင်အသံက ဟိန်းထက်ကိုခေါ်နေရင်း တဖြည်းဖြည်းဖြင့် ငိုသံပေါက်လာလေသည် ၊ ဒီမြင်ကွင်းကို ကျွန်တော် ဆက်မကြည့်နိုင် ထမင်းစားခန်းထဲကနေ သော့အပိုယူပြီး ယုပွင့်ကို အခန်းတံခါး ဖွင့်ပေးလိုက်လေသည်….။
ဟိန်းထက်က စိတ်ဆိုးသောမျက်နှာနှင့် ကျွန်တော့်ကို ကြည့်သည်၊ ပြီးနောက် ယုပွင့်ကိုလည်း
“ငါ မနေ့တုန်းက နင့်ကိုပြောပြီးပြီပဲ….. ငါ့မှာ အခု ချစ်သူရှိနေပြီလို့”
“ငါသိပါတယ်ဟာ”
“အဲ့တာဆို ဘာပြောဖို့ ဒီအထိလာခဲ့တာလဲ ၊ ခြေထောက်ကျိုးတာ အဲ့လောက်သနားဖို့ကောင်းလို့လား”
“ဒီအတိုင်း သူငယ်ချင်းတစ်ယောက်အနေနဲ့ လာကြည့်တာပါ ၊ နင်မကြိုက်ရင် နင့်အစ်မကြီးနဲ့ နင်နဲ့ကြားထဲ ငါဝင်မပါတော့ပါဘူး….၊ ဒါပေမယ့် ဒီနေ့တော့ ငယ်သူငယ်ချင်းတစ်ယောက်အနေနဲ့ နင့်ကိုလာတွေ့တာပါ…”
ဟိန်းထက် ဘာတစ်ခွန်းမှ ပြန်မပြောတော့…..၊ အံကိုကြိတ်ပြီး မျက်နှာကို အဆုံးထိ တင်းထားလေသည်၊ ယုပွင့်ကတော့ ဟိန်းထက်၏ တဘတ်တစ်ထည်ကိုယူပြီး ကျွန်တော်နှင့် စုမြတ်နိုး ကြားထဲမှ ဖြတ်သွားပြီး တဘတ်ကို ရေဆွတ်ကာ ပြန်ဝင်လာလေသည်….။
ယုပွင့်က ဟိန်းထက်၏ ကုတင်ဘေးနားလေးတွင် ဝင်ထိုင်လိုက်ကာ ဟိန်းထက်အား ရေစိုဝတ်နှင့် ကိုယ်လက်သပ်ပေးလေသည်၊ ဟိန်းထက်၏ ရှပ်အင်္ကျီကြယ်သီးများကို ညင်သာစွာ ဖြုတ်ကာ ရင်ဘတ်ပေါ်ကို အဝတ်ဖြင့် သန့်စင်ပေးလိုက်လေသည်….။
ဟိန်းထက်၏ မျက်တောင်ထောင့်စွန်းလေးတွင် တွဲလွဲခိုနေသော မျက်ရည်စတစ်ချို့က ပါးပြင်ပေါ်သို့ လှိမ့်ဆင်းလာလေသည် ၊ ဟိန်းထက် ငိုကြွေးသည်ကို ကျွန်တော် တစ်ခါမျှ မမြင်ဖူးခဲ့ချေ…၊ အခုတော့ ယုပွင့်ထက်ခိုင်ကို ရင်ခွင်ထဲ တင်းကြပ်စွာ ပွေ့ဖက်ပြီး အသံမထွက်ပဲ ငိုကြွေးလေသည်၊ ယောကျာ်းလေးများသည် အကြောင်းမဲ့ ငိုကြွေးခြင်းမျိုး မရှိသော်လည်း ချစ်ရသောသူရှေ့တွင်တော့ တစ်ခါတစ်ရံ ငိုကြွေးတတ်ကြသည် မဟုတ်လား…၊ ဟိန်းထက်က ယုပွင့်ရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးရင်း….
“ကို… တောင်းပန်ပါတယ်ကွာ ၊ ကို တောင်းပန်ပါတယ်… ယုပွင့်ရယ်”
ဟု ပြောလေသည်။
“ယုပွင့်လည်း ကို့ကိုတောင်းပန်ပါတယ်…. ဟင့်… ဟင့်….”
ချစ်သူနှစ်ဦးတို့ကြားထဲ ကတောက်ကစ ဖြစ်ခဲ့သည့် အကြောင်းအရင်းကို မသိသော်လည်း အခုတော့ တစ်ဦးကိုတစ်ဦး တောင်းပန်ကာ နားလည်မှုယူနိုင်ခဲ့လေပြီ၊ အချစ်စစ်တို့ကို ဘယ်လိုအချိန်ကာလကမှ တိုက်စားနိုင်စွမ်းမရှိကြောင်း သက်သေထူခဲ့လေပြီ…..။
ကျွန်တော်လည်း စုမြတ်နိုးလက်ကို အသာဆွဲခေါ်ကာ အခန်းအပြင်သို့ ထွက်ခဲ့ပြီး တံခါးကို အသာလေး ပိတ်ပေးခဲ့လေသည်၊ စုမြတ်နိုးက သစ်သားတံခါးပေါက်ရှိ အခေါင်းလေးထဲကနေ ဆက်ချောင်းကြည့်နေလေသည်၊ ကျွန်တော်က အသံတိုးတိုးဖြင့်…..
“ဟဲ့… စုမြတ် ၊ သူတို့ဘာသာ သူတို့ နေပါစေဟာ”
“နင်ကလည်း သူတို့မသိပါဘူးဟ…၊ ငါက အောင်သွယ်တော်တစ်ယောက်ရဲ့ ပိတိကို ခံစားနေတာ”
“သူတို့ပြတ်သွားတာ တစ်နှစ်ကျော်တောင်ရှိပြီနော”
“နှစ်နှစ်ခွဲပါ…. ရဲမာန်ရ ၊ မသိရင် မသိသလိုနေပါ”
“နင် ဆက်ချောင်းရင်လည်းချောင်း၊ ငါတော့ ဗိုက်ဆာနေပြီ ထမင်းစားလိုက်ဦးမယ်”
ဟုပြောပြီး ထမင်းပူပူလေးကိုခူးကာ အမည်းရိုးဟင်းရည်နှင့် တွဲစားလိုက်လေသည်။ ဗိုက်ဆာဆာနှင့် စားလိုက်ရာ ခဏအတွင်းမှာပင် စားပြီးသွားလေသည်၊ စုမြတ်နိုးက အပေါက်ကနေ ချောင်းလို့ကောင်းတုံး….၊ ကျွန်တော်က သူ့ဘေးနားကို အသာလေးသွားပြီး…
“စုမြတ်…. မျက်လုံးတွေလည်း ကျွတ်ထွက်တော့မယ်၊ ဘာတွေ အဲ့လောက်ကြည့်နေတာလဲ”
“ဟဲ့… ကောင်းခန်းရောက်နေပြီ ၊ နင်ကြည့်ကြည့်”
စုမြတ်နိုးက ညွန်းသည်နှင့် တံခါးပတ္တာကြားထဲက အဟလေးကနေ ချောင်းကြည့်လိုက်လေသည်…..။
“Opps !!! ”
“ဘယ်လိုလဲ…. မြင်ကွင်းကောင်းတယ်မလား ၊ ရဲမာန်”
အခန်းတံခါး ပတ္တာကြားထဲကနေ တွေ့ရသည့် မြင်ကွင်းမှာ ယုပွင့်က ခေါင်းကိုငုံ့ပြီး ခြေဆင်းထိုင်နေသော ဟိန်းထက်၏ ငပဲကြီးကို ယုယုယယ ပလွေပေးနေခြင်းပင် ဖြစ်သည်၊ ဟိန်းထက်က သူမရဲ့ခေါင်းကို အသာကိုင်ကာ အပေါ်အောက် ဆွဲချပေးနေလေသည်၊ ဟိန်းထက်လက်ကလည်း ယုပွင့်ရဲ့ အင်္ကျီထဲကိုနှိုက်ကာ ရင်သားတွေကို လှမ်းကိုင်နေပုံ ပေါ်လေသည်..။
“အင်း….အင်း….အင်း…”
ချစ်ကြည်နူးနေသော အတွဲကိုချောင်းနေရင်း ကျွန်တော့် ဘောင်းဘီခွကြားထဲကို စုမြတ်နိုး၏ လက်က လာစမ်းလေသည်၊ ကျွန်တော်က မျက်မှောင်ကုတ်ပြီး ကြည့်လိုက်တော့ သူမက ညစ်ကျယ်ကျယ် အပြုံးလေးတစ်ပွင့်ကို ပြုံးပြလေသည်၊ ကျွန်တော်က အသံတိုးတိုးဖြင့်…..
“စုမြတ်… နင်စေ့စပ်ထားပြီဆို ၊ ငါ့ကို ဘာလာကိုင်နေတာလဲ”
“တရားဝင်မှ မဟုတ်သေးတာ သူငယ်ချင်းကလည်း”
“အန်ကယ်ကတော့ နိုးပါ သမီးရေ ”
ဟုပြောပြီး သူမလက်ကို ပေါင်ပေါ်ကနေ ဆွဲဖယ်လိုက်လေသည်၊ စုမြတ်နိုးက လွယ်လွယ်နှင့် လက်မလျှော့….
“ရဲမာန်ရ…. အတွဲချောင်းပြီး ငါတို့ တစ်ခါမှ မလုပ်ဖူးသေးဘူးလေဟာ…. နော်”
“မဖြစ်ဘူး…”
“နင်ကလည်း ငါ့ကိုမလုပ်ဖူးတဲ့သူကြနေတာပဲ ၊ အခုဟာက အဆိုတော်တွေကို အပြင်မှာ Live Show ကြည့်ရင်း ကခုန်ရတဲ့ အရသာလိုမျိုးနေမှာဟ…. စမ်းကြည့်ရအောင်လေနော် ၊ ငါ တစ်ချီ ပြီးရင် တော်ပြီလေ…. နော်.. လုပ်ပါ ၊ ဒါမျိုးအခွင့်အရေးက ရခဲတယ်ဟ”
စုမြတ်နိုးသည် Marketing ပိုင်း ကျွမ်းကျင်သူပီပီ ကျွန်တော့်ကို စကားခေါ်လေသည်၊ သူမ၏ စကားကြောင့် ကျွန်တော် ချက်ချင်း သဘောတူလိုက်ရလေသည်။
“အေး… ချကွာ ၊ နင်ဒီဖက်လာခဲ့ တံခါးပတ္တာကြားက ပိုမြင်ကွင်းကောင်းတယ်”
“ဒီလိုမှပေါ့… ဟိဟိ၊ တို့လာပြီလေ….”
တံခါးပတ္တာကြားထဲကနေ ဟိန်းထက်တို့ စုံတွဲကို အတူချောင်းကြည့်ကြလေသည်၊ အခန်းထဲတွင် ယုပွင့်က ဟိန်းထက်ကို မှုတ်ပေးနေဆဲ ရှိသေးသည်၊ တံခါးအပြင်က စုမြတ်နိုးကလည်း အားကျမခံ ကျွန်တော့်ဘောင်းဘီတိုကို ဆွဲချွတ်ကာ လျှာနှင့်လျက်ပြီး ပါးစပ်ထဲစုပ်ငုံကာ ပုလွေပေးလေသည်….။
တခြားအတွဲကိုကြည့်နေရင်း ပလွေကောင်းကောင်းလေးကို ခံစားရသည်မှာလည်း အရသာ တစ်မျိုးဆန်း၍ စိတ်လှုပ်ရှားဖို့ ကောင်းလေသည်၊ ခဏကြာတော့ စုမြတ်နိုးကို မတ်တပ်ရပ်ကာ ဖင်ကုန်းခိုင်းလိုက်ပြီး ထမိန်ကို ခါးပေါ်လှန်တင်ကာ ပင်တီကို ခြေသလုံးထိရောက်အောင် ဆွဲချွတ်လိုက်လေသည်၊ ပြီးနောက် အောက်ကနေ ပြူထွက်နေသော သူမရဲ့ အဖုတ်ကို ဘာဂျာပေးလိုက်လေသည်…..။
“အွင်းးးးးးရှီးး”
စုမြတ်နိုးက အသံ မတိုးမကျယ်လေး ထွက်သွား၍ သူမဖင်ကို အသာလေး တစ်ချက်ရိုက်လိုက်ကာ သတိပေးလိုက်လေသည်၊ ချောင်းကြည့်နေတော့ စိတ်တွေထန်နေ၍ အဖုတ်လေးက မလျက်ပေးခင်ကတည်းက အရည်စိုနေရာ လျှာစွမ်းပြလိုက်တော့ တစ်မိနစ်အတွင်းမှာပင် တကိုယ်လုံး တုန်တက်လာကာ ဒူးညွတ်ကျပြီး တစ်ချီပြီးသွားရှာလေသည်၊ ကျွန်တော်လည်း မနေနိုင်တော့ ဒူးညွတ်ကျနေသော စုမြတ်နိုးကို ခါးကနေ အပေါ်ဆွဲတင်လိုက်ပြီး လီးကို ဝင်နေကြ အပေါက်လေးထဲသို့ ထည့်သွင်းပေးလိုက်လေသည်။
“အင်း….ဟင်း…ဟင်း…အင်း..ဟင်း”
အခန်းထဲက စုံတွဲကလည်း ကျွန်တော်တို့နှင့်အတူတူ နောက်တစ်ဆင့်သို့ တက်လှမ်းနေလေပြီ၊ ယုပွင့်က ဟိန်းထက်ရဲ့ ပေါင်ပေါ်ကနေ တက်ထိုင်ကာ ဆောင့်ပေးနေရင်း ဟိန်းထက်ကလည်း သူမရဲ့ ချိုချိုခေါင်းလေးတွေကို တပြွတ်ပြွတ်နှင့် စုပ်ပေးနေလေသည်၊ ရယ်စရာကောင်းသည်မှာ အခန်းအတွင်းထဲက အတွဲရော… အပြင်က အတွဲပါ အချင်းချင်းကြားမည်စိုး၍ တိုးတိုးကျိတ်ကျိတ် လိင်ဆက်ဆံနေကြခြင်း ဖြစ်လေသည်။
အချိန်အနည်းငယ်ကြာလာသောအခါတွင် ကောင်မလေးနှစ်ယောက်က အောင့်ထားသည့် ကြားထဲကပင် ငြီးသံလေးများ ထွက်ပေါ်လာလေသည်…..။
“အင်း….အင်းး… အင်း… အင်းးး… အင်းးး..”
“ဖတ်…ဖတ်…ဖတ်…ဖတ်…ဖတ်”
လေးယောက်လုံး ကိုယ့်အသက်ရှူသံကို ကိုယ်ပြန်ကြားရသည်အထိ တိုက်ခန်းလေးက တိတ်ဆိတ်စွာ အသက်ဝင်နေလေသည်၊ စုမြတ်နိုးကလည်း ဖီးလ်တက်လာသည်ထင့် သူမတင်ပါးကို အနောက်သို့ ပြန်လည်ပင့်ဆောင့်ပေးရင်း ကျွန်တော့်အလိုးကို ခံယူနေရှာသည်။
“အွန်း…အွန်း…အွန်း…အွန်း…အွန်းးး…”
ကောင်မလေးများ၏ ရမ္မက်သံလေးများမှာ အခန်းအတွင်းကလား၊ အပြင်ကလားဟု မဝေခွဲနိုင်တော့…..၊ နှစ်တွဲလုံး ကာမရေယာဉ်ကြောတွင် မြောပါနေကြလေပြီ၊ စုမြတ်နိုးက နောက်တစ်ခေါက် ဒူးညွတ်သွား၍ ခါးကနေ ပြန်ပြီး ထိန်းကိုင်ပေးလိုက်ရသေးသည်…။
“ဗွတ်!!!!” (စုမြတ်နိုး၏ အဖုတ်အတွင်းမှ လေခိုသံ)
ထိုအသံကြောင့် ယုပွင့်တို့စုံတွဲ ခေတ္တခဏမျှ ရပ်တန့်သွားကြလေသည်၊ ကျွန်တော်လည်း ခဏရပ်လိုက်ရသေးသည်၊ သူတို့အတွဲ ပြန်လည်လှုပ်ရှားမှ ကျွန်တော်လည်း ပြန်လည်လှုပ်ရှားလိုက်လေသည်…..။
“ဗွတ်…ဗွတ်…ဗွတ်…”
စုမြတ်နိုး၏ အဖုတ်က လေခိုလေပြီ… ကြာလာရင် အထဲကအတွဲ ရိပ်မိသွားမည်စိုးသဖြင့် လီးကို အပြင်သို့ တဆုံးမထုတ်တော့ပဲ အထဲတွင်ပင် ကြိတ်လိုးပေးလိုက်သည်….။
“ဖတ်…ဖတ်…ဖတ်…ဖတ်…ဖတ်…ဖတ်”
“အွင်း…အွင်း…အွင်း….အင်း…အွန်းးး….”
ကျွန်တော်လည်း ပြီးခါနီး တအားမကြမ်းမိသွားအောင် အရှိန်ထိန်းရင်း ဖိဆောင့်လိုက်ကာ သုတ်ရည်များကို အဖုတ်ပူပူလေးထဲ ပန်းထည့်လိုက်လေသည်။
ရှိုးပွဲပြီးတော့ ကျွန်တော်နှင့် စုမြတ်နိုးက ထမင်းစားခန်းတွင် ဟန်မပျက် ထိုင်ရင်း စကားပြောသယောင်ဆောင်နေကြသည်၊ ယုပွင့်က အဝတ်အကြေများဖြင့် ဟိန်းထက်အခန်းထဲက ထွက်လာတာကိုလည်း မသိချင်ယောင်ဆောင်ထားကြသည်၊ ယုပွင့်က…
“စုမြတ်ရေ… ငါတို့ပြန်ကြရအောင် ၊ ညမှောင်နေပြီ”
ဟု ပြောလေသည် ၊ စုမြတ်က…
“သြ….အေး..ပြန်ကြတာပေါ့”
“ရဲမာန်…. ငါတို့ပြန်တော့မယ်နော်”
ဟု ယုပွင့်က ကျွန်တော့်ကို နှုတ်ဆက်လေသည်၊ ကျွန်တော်က….
“အေး… ဖြေးဖြေးသွား ၊ နင်လည်း ငါ့ကို အခုမှ စကားပြောတော့တယ်”
“စိတ်မရှိပါနဲ့ကွယ်…. ငါ့မင်းသားလေးနဲ့ ကိစ္စက အရေးကြီးနေလို့ပါ”
“ငါလည်း စတာပါ….၊ ခဏလေး ငါလမ်းထိပ်အထိ လိုက်ပို့ပေးမယ်”
“အေး…”
ကောင်မလေးနှစ်ယောက်ကို လမ်းထိပ်ထိ လိုက်ပို့ပေးလိုက်ပြီး Taxi ပါ ငှားပေးလိုက်သည်၊ တိုက်ခန်းထဲပြန်ရောက်တော့ ဟိန်းထက်အခန်းထဲသို့ သွားလည်လေသည်၊ ဟိန်းထက်က…
“ဘာလဲကွ ၊ ငါမင်းကို မခေါ်ပါဘူး”
“ ခွေးကောင် ၊ မင်းက အားကိုးရှိတော့ ငါ့ကို ဒီစကားပြောပြီပေါ့လေ”
“ဟား…ဟား”
“ဘယ်လိုလဲ အခြေအနေ”
“အခြေအနေကတော့ ရေမြွေပဲ…”
“ရေမြွေလေး ကျွင်းအောင်းပြီး ငြိမ်သွားပြီမလား…. အဲ့တာဆိုလည်း အိပ်တော့”
“နေပါအုံး… မင်းတို့ကောင်တွေ…. ငါတို့ကို ချောင်းကြည့်နေတာလား”
“ဇာတ်ဝင်ခန်းနည်းနည်းပါ၊ သိတယ်မလား ဆင်ဆာအခန်းတွေလည်း ဖျက်မယ့်သူမရှိတော့ ကြည့်လိုက်ရတယ်၊ ဝမ်းနည်းစရာပဲ…. ဟားဟား”
“ဖုတ်”
ဟိန်းထက်က သူ့ဘေးနားရှိ ခေါင်းအုံးနှင့် ကျွန်တော့်ကို ကောက်ပေါက်လိုက်လေသည်၊ ပြီးတော့ ကျွန်တော့်အား…
“ရဲမာန်… ငါ ဘယ်လိုဆက်လုပ်ရမလဲ”
“မနွယ်နီနဲ့ ယုပွင့်တို့အကြောင်း ပြောတာလား”
“မင်းနှလုံးသားက ချစ်တဲ့သူကိုပဲ ရွေးပေါ့ဟ….. မင်း မနွယ်နီကို ပွင့်ပွင့်လင်းလင်းပြောပြီး အဆက်ဖြတ်သင့်တယ် ၊ ပြီးတော့ စိတ်ရင်းနဲ့ တောင်းပန်လိုက်”
“အေး…. ကျေးဇူးပဲ သားကြီး”
“ရပါတယ် ၊ ငါသာ မင်းနေရာမှာဆိုလည်း အဲ့လိုလုပ်မိမှာပဲကွ”
ဟုပြောပြီး ညအိပ်ရန်အတွက် ဟိန်းထက်ရဲ့ အခန်းတံခါးကို ပိတ်ပေးလိုက်လေတော့သည်။
————————–
🧡အခန်း (၈) မသန္တာ🧡
ဟိန်းထက်နှင့် ယုပွင့်ထက်ခိုင်တို့၏ ပြန်လည်ပေါင်းစည်းမှုအပြီးတွင် ယုပွင့်က ကျွန်တော်တို့ တိုက်ခန်းသို့ မကြာမကြာ လာလည်လေသည်၊ တစ်ခါတစ်ရံ စုမြတ်နိုးပါ ပါလာတတ်သည်…..၊ ယုပွင့်ကတော့ ဟိန်းထက်၏ ခြေထောက်ဒဏ်ရာ အကြောင်းပြကာ တစ်ပတ်ကို လေးရက်လောက် လာလေ့ရှိသည်၊ တစ်လကျော်လို့ ဟိန်းထက် ကျောက်ပတ်တီးဖြေပြီး သွားတော့လည်း ရည်းစားအကန့်နှင့် လာပြန်သည်…၊ ပြီးတော့ တစ်ကိုယ်တည်းသမားလေး ကျွန်တော်မောင်ရဲမာန်ကိုမှ အားမနာပဲ ဟိန်းထက်အခန်းထဲတွင် ချစ်ရည်လူးကြသေးသည်၊ အစတုံးကတော့ ဒီအတိုင်း လွတ်ထားပေးသော်လည်း အခုတော့ အမြင်နည်းနည်းကပ်စ ပြုလာလေပြီ…..၊ အိမ်သို့လာလည်လျင် ယုပွင့် ချက်ကျွေးသော ဟင်းကောင်းများကြောင့်သာ မသိကျိုးကျွံပြုနေခြင်း ဖြစ်သည်။
ဒီနေ့စနေနေ့ ရုံးပိတ်ရက် ဖြစ်သော်လည်း မနက်အစော နိုးနေသောကြောင့် လေ့ကျင့်ခန်း ခဏလုပ်ပြီးသကာလ ထမင်းစားရန် ပြင်ဆင်နေလေသည်၊ အိပ်ရာနိုးခါစက တည်ထားသော ထမင်းပူပူလေးနှင့် ယုပွင့်ချက်ထားပေးသော အမဲသားငပိချက်ဖြင့် မနက်စာကို စားသုံးနေလေသည်၊ ထိုအချိန်တွင် ယုပွင့်က ဟိန်းထက်၏ အခန်းတံခါးကိုဖွင့်ပြီး ရှုပ်ပွသော ဆံပင်ရှည်များနှင့် ထွက်ပေါ်လာလေသည် ၊ မနေ့ညက သောက်ကြာနေ့ဆိုတော့ ယုပွင့်တစ်ယောက် အဆောင်သို့မပြန်ပဲ ဟိန်းထက်နှင့်အတူ အိပ်လိုက်ပုံပေါ်လေသည်၊ သောက်လက်စ ကော်ဖီခွက်ကို မြှောက်ပြလိုက်ပြီး…
“မောနင်းပါ ခယ်မလေး”
ဟု ပြုံးစိစိနှင့် စနောက်လိုက်လေသည်၊ ယုပွင့်က မျက်စောင်းထိုးလိုက်ပြီး…..
“ရဲမာန်… အစောကြီးနိုးနေပါလား ၊ ငါရေချိုးလိုက်ဦးမယ်…. နင်တို့ တဘတ်အပိုရှိလား”
“နင့်ကိုကိုကို မေးကြည့်ပေါ့ ၊ ငါ့မှာတော့မရှိဘူး”
“သေနာက နိုးလို့ကိုမရဘူး….. ခါတိုင်း သူဘယ်အချိန်လောက်မှ အိပ်ရာထတာလဲ”
“ ၁၁ နာရီလောက်မှ ၊ ဒါနဲ့ နင် ဒီမှာပဲ ပြောင်းနေလိုက်ပါလား၊ ငါတို့ တိုက်ခန်းခ သက်သာတာပေါ့”
“ငါက လာလည်ရုံပါ ရဲမာန်ရယ် နင်ကလည်း….. ငါ့မှာ တံမျက်စည်းလည်း လှည်းပေးရ၊ ဟင်းလည်း ချက်ကျွေးရသေးတယ် ၊ အခုတော့ တိုက်ခန်းခပါ တောင်းချင်နေပြီလား”
“ဟင်းကောင်းကောင်းလေး ချက်ကျွေးရင် ရပါပြီ ယုပွင့်ရယ်…. နင်တို့ယူပြီးရင်လည်း ငါ မကြာခဏလာလည်ပြီး ဟင်းလျာတွေ မြည်းစမ်းပေးပါ့မယ်”
“နင် နစ်နာနေပါအုံးမယ် ရဲမာန် ၊ လာလည်ပြီး ကလေးထိန်းပေးပေါ့”
“ကလေးတော့ မထိန်းပေးနိုင်လောက်ဘူး”
“ဒါနဲ့နင် အခုထိ ရည်းစားအသစ်မထားသေးဘူးလား ၊ ဟို…. ဆရာမဝသုန်နဲ့ ပြီးကတည်းက”
“အင်း… ဟုတ်တယ်၊ မထားဖြစ်သေးတာ”
“နင် လူတစ်ယောက်ကို ချစ်ရမှာ ကြောက်သွားလို့လား ”
ကျွန်တော်က နောက်ဆုံး ကော်ဖီလက်ကျန်ကို မော့သောက်လိုက်ပြီး….
“အင်း… ချစ်ရမှာထက် ဆုံးရှုံးမှာကို ပိုကြောက်သွားတာလို့ ပြောရမှာပဲ ၊ အခုလည်း တစ်ယောက်တည်း အေးဆေးပါပဲဟာ…”
“ဟိန်းထက်ကလည်း ပြောတယ် ၊ နင် တစ်ခါတစ်လေ အိမ်မက်ဆိုးတွေ မက်မက်နေတယ်ဆို”
“အရင်လတုန်းက နောက်ဆုံးတစ်ခါ မက်တာပါ ၊ ရံဖန်ရံခါမှ အဲ့လိုအိမ်မက်တွေ မက်တော့တာ”
“ငါ အကြံတစ်ခုပေးမယ် ၊ နင် ဆရာမ၀သုန်ကို အပြီးတိုင် မေ့လိုက်ပြီး နောက်ကောင်မလေးတစ်ယောက် ထားလိုက်….. မေ့မေ့ပျောက်ပျောက်ပေါ့…. သိတယ်မလား”
“နင်ရော အဲ့လိုလုပ်ပြီး ဟိန်းထက်ကို မေ့နိုင်လို့လား”
“အမ်း…”
“နင့်ကို ကန့်လန့်တိုက်ပြောတာ မဟုတ်ပါဘူး ယုပွင့်ရာ ၊ ငါလည်း အဲ့ကိစ္စတွေ မေ့ထားတာ ကြာပါပြီ….. အိမ်မက်ကိစ္စကတော့ ငါထိန်းချုပ်လို့မှ မရနိုင်ပဲ..၊ နောက်ပြီး ငါအခု စိတ်ဝင်စားနေတဲ့ ကောင်မလေးတစ်ယောက်ရှိတယ် ၊ သေချာသွားပြီဆိုမှ နင်တို့ကို ပြောပြတော့မယ်”
“အဲ့လိုဆိုတော့လည်း ကောင်းပါတယ်၊ သေချာရင် ငါတို့ကို ပြောပြပေါ့ ”
“အင်း….. ငါ့ကိုငါလည်း မသေချာသေးပါဘူးဟာ”
“ဒါပဲ… ငါရေချိုးပြီး အဆောင်ပြန်တော့မယ် ၊ အဝတ်လျှော်စရာတွေ အများကြီးရှိသေးလို့”
“အေး….အေး….”
ယုပွင့် ရေချိုးခန်းထဲဝင်သွားတော့ ကျွန်တော်လည်း စားပြီးသားပန်ကန်များကို ဘေစင်ပေါ်တွင် ဆေးကြောနေခိုက် စားပွဲပေါ်က ဖုန်း Ringtone အသံ မြည်လာလေသည်၊ ပန်ကန်ဆေးတာကို အမြန် လက်စသတ်လိုက်ပြီး နန်းဖူးဝတ်မှုံ၏ အဝင်ဖုန်းကို ကိုင်လိုက်လေသည်…။
“ဟယ်လို… ညီမ ပြောလေ”
“ကိုရဲမာန်….. ဒီနေ့အားတယ်မလား ၊ညီမနဲ့အတူတူ ဂိမ်းဆိုင်သွားရအောင်လေ”
“အင်း….. သွားကြတာပေါ့ ၊ အစ်ကိုလည်း အခုမှ ထမင်းစားပြီးတာရယ်…… ဘယ်အချိန် လာခဲ့လိုက်ရမလဲ”
“နာရီဝက်လောက်နေရင် ထွက်လာခဲ့လိုက်တော့၊ ဆုံနေကြနေရာမှပဲ တွေ့မယ်နော်”
“အင်းအင်း”
အစတုန်းကတော့ တစ်ယောက်တည်း ဂိမ်းဆိုင်သွားမည်ဟု စဉ်းစားထားသဖြင့် ခါတိုင်းလို အိမ်နေရင်း အားကစားဝတ်စုံကိုပင် ဝတ်ဆင်ထားလေသည်၊ အခုတော့ နန်းဖူးဝတ်မှုံနှင့် အတူသွားရမည်ဖြစ်သောကြောင့် အခန်းထဲသို့ပြန်ဝင်ကာ အဝတ်အစားလဲပြီး ဆံပင်ကိုလည်း သေချာစုချည်လိုက်လေသည်။
ရှိုးစမိုးတွေပြင်ဆင်ပြီး ဟိန်းထက်အခန်းထဲသို့ဝင်ကာ သူ့ရဲ့ရေမွှေးအကောင်းစားကိုလည်း ခိုးဆွတ်ခဲ့လိုက်သေးသည် ၊ အကုန်လုံးပြင်ဆင်ပြီးတော့ ပိုက်ဆံအိတ်ကို ဂျင်းဘောင်းဘီ အိတ်ထောင်ထဲ သေချာထည့်ကာ လေတချွန်ချွန်ဖြင့် တိုက်ခန်းကနေ ထွက်လာခဲ့လိုက်လေသည်။
နန်းဖူးဝတ်မှုံနှင့် ချိန်းဆိုထားသည့် ကျွန်းတောလမ်းဖက်သို့ သွားရာလမ်းတွင် ကျွန်တော့်အနေနဲ့ ဒီကောင်မလေးကို ကြိုက်နေမိပြီလားလို့ သုံးသပ်ကြည့်သည် ၊ အမှန်တကယ်တော့ နန်းဖူးဝတ်မှုံကို စိတ်ဝင်စားနေမိတယ်ဆိုတာ သေချာနေပါပြီ….၊ သို့သော်လည်း ပြန်ဆန်းစစ်ကြည့်ချင်သေးသည်၊ သူမရဲ့ ရုပ်ရည်လေးကလည်း ချစ်စရာကောင်းသည်၊ ပညာအရည်အချင်းနှင့် အကျင့်စာရိတ္တကလည်း ပြောစရာမလို ၊ ရဲမာန်…. မင်းက တော်တော် အကောင်းကြိုက်တတ်တာပဲဟု စိတ်ထဲကနေ ပြောမိလိုက်သည်။
ပြဿနာက သူမကိုပင် ဖွင့်မပြောရသေးခင် ဆုံးရှုံးရမှာကို ကြိုတင်တွေးကြောက်နေမိသည် ၊ သူမကို သဘောကျကြောင်း ၁၀၀ ရာခိုင်နှုန်းထိ မသေချာသေးပဲ ဖွင့်လည်းမပြောချင် ၊ အရင်တစ်ခေါက်ကလို သံယောဇဉ်တွေ အမြစ်တွယ်ပြီးမှ ပြန်လည်ဆုံးရှုံးရမှာကို စိတ်ကူးနှင့်ပင် မတွေးရဲ….၊ အရှိုက်ထိအောင် ခံစားရသည့် နာကျဉ်မှုကို ကျောက်ခဲမှန်ဖူးသည့် ငှက်တစ်ကောင်က အသိဆုံးဖြစ်လိမ့်မည် ၊ ထို့ကြောင့် ကျွန်တော့်မှာ ရှေ့တိုးရမလား နောက်ဆုတ်ရမလား ဟူ၍ စိတ်ထဲတွင် ဒွိဟများစွာနှင့် လွန်ဆွဲနေရလေသည်။
အတွေးများစွာဖြင့် လမ်းလျှောက်ရင်း နန်းဖူးဝတ်မှုံနှင့် ချိန်းဆိုထားသည့် နေရာသို့ ရောက်ရှိခဲ့ လေသည်၊ ဒီတစ်ခေါက်တော့ နန်းဖူးဝတ်မှုံက ကျွန်တော့်ထက်အရင် ကြိုရောက်နေလေသည်၊ အပြာနုရောင်ဂါဝန်လေးကို ဝတ်ဆင်ထားပြီး ပိုက်ဆံအိတ်အသေးလေးကို လွယ်ထားသည်…၊ နက်မှောင်သည့် ဆံပင်ရှည်တွေက သူမခါးအထိ ကျရောက်နေလေသည်၊ မိတ်ကပ်ပါးပါးလေး နှင့် နှုတ်ခမ်းနီပန်းရောင်လေးကို မျက်နှာပေါ်တွင် လိုက်ဖက်စွာ ခြယ်သထားလေသည် ၊ သူမက……
“ကိုရဲမာန်…. ဘာတွေများ တွေးနေတာလဲ ၊ ဒီကလက်ပြတာတောင် မမြင်ဘူး”
“ဩ…. ဒီလိုပဲ အတွေးများသွားလို့ပါ”
“အဲ… ကိုရဲမာန်ကြီး ဒီနေ့ ရွှိုင်းလာပါရောလား… အက်… ရေမွှေးတွေလည်း ဆွတ်လာတယ်”
နန်းဖူးဝတ်မှုံလေးက ကျွန်တော့်နားသို့ကပ်ပြီး နှာခေါင်းလေးရှုံ့ကာ အနံ့ခံရင်း ပြောလေသည်၊ သူမစကားကြောင့် ယောကျာ်းအရင့်အမာကြီး ကျွန်တော် ရှက်သွားသည်…၊ ဘာဆက်၍ ပြောရမှန်းမသိသဖြင့်….
“ဟဲ…ဟဲ…ဟဲ”
ဟုပင် ရယ်ပြီး ရောချလိုက်သည်၊ သူမက
“ကိုရဲမာန်…. နေပူတယ်… လာ ထီးဆောင်းရအောင် ၊ ဟိုတစ်ခေါက်က နေပူကြီးထဲ လမ်းလျှောက်လိုက်ရတော့ အသားနည်းနည်းမဲသွားသေးတယ်”
“ဟုတ်လား… အစ်ကိုကတော့ မဲပြီးသားဆိုတော့ သိပ်မထူးဘူးလားလို့”
“ဘာပဲဖြစ်ဖြစ် ခရမ်းလွန်ရောင်ခြည်တွေက ကျန်းမာရေးအတွက် မကောင်းဘူး”
“အစ်ကို့ကို ထီးပေးလေ…. အရပ်ရှည်တဲ့လူ ကိုင်တာ ကောင်းတယ်”
“ရော့…”
သူမရဲ့ ခေါက်ထီးမဲပြာရောင်လေးအောက်တွင် နှစ်ယောက်သား နေမင်း၏ အလင်းရောင်ကို ရှောင်ရှားပြီး လမ်းလျှောက်ကြသည် ထီးတစ်ချောင်းအောက် ဖြစ်သောကြောင့် လက်မောင်းသားချင်း ပွတ်တိုက်မိတာကိုပင် အူယားစရာလေး ဖြစ်သည်…..၊ နောက်တစ်ခုက ကားလမ်းတစ်ဖက်ကို ကူးသည့် အချိန်မျိုးတွင် နန်းဖူးဝတ်မှုံက ကျွန်တော့်လက်ကို ဆုပ်ကိုင်ကာ အတူပြေးလွှားပြီး ကူးကြလေသည်၊ ထိုအခါမျိုးတွင် သူမက ကျွန်တော့်အား အားကိုတကြီးရှိသည်ဟု ယူဆကာ ကြံကြံဖန်ဖန် ပီတိဖြစ်ရသေးသည်။
ဂိမ်းဆိုင်ရောက်တော့ ဆိုင်ရှင်အစ်ကိုကြီးက လာနေကြ ဖောက်သည်ဖြစ်သော ကျွန်တော့်ကို ကျော်ပြီး နန်းဖူးဝတ်မှုံအား “ညီမလေးပါ ပါလာတယ်နော်” ဟူ၍ နှုတ်ဆက်လေသည်၊ ကျွန်တော် အူတိုသွားသည်ကို သိသော ဆိုင်ရှင်အစ်ကိုကြီးက ဒီနေ့တစ်နာရီစာ လျှော့ပေးမည်ဟု ပြောလေသည် ၊ ကျွန်တော်က နန်းဖူးဝတ်မှုံအား…
“ညီမ ဒီတစ်ခေါက်ရော…. ဘာဂိမ်းဆော့ချင်လဲ”
“ဟိုတစ်ခေါက်က ထောင်ဖောက်တဲ့ ဇာတ်လမ်းသွားနဲ့ဟာက မပြီးသေးဘူးလေ”
“အဲ့တာပဲ ဆက်ဆော့ကြမလား”
“အင်း….. ပြီးအောင် ဆော့ကြတာပေါ့”
သူမ တောင်းဆိုသည့်အတိုင်းပင် အရင်တစ်ခေါက်က ဆော့ကစားခဲ့ကြသည့် ဂိမ်းကို မှတ်သားထားသော နေရာကနေ ပြန်ဆော့ကြသည်၊ ဆော့နေတုန်း သူမက….
“ကိုရဲမာန်…. ဒိဂိမ်းက ဒီနေ့ပြီးလောက်လား”
“မပြီးလောက်ဘူးထင်တယ် ၊ Storyline အရ အခုမှလူစုပြီး ပစ္စည်းတွေရှာတုံး ရှိသေးတယ်”
“အဲ့တာဆို ကိုရဲမာန် ညီမကို စောင့်ပြီး ဆော့ရမယ်နော် ၊ ညီမက မနက်ဖြန်ကစပြီး CPA စာမေးပွဲအတွက် ပြင်ဆင်ရတော့မှာ”
“စာမေးပွဲက ဘယ်တော့လဲ”
“နောက်လဆန်းပိုင်းလောက်”
“အဲ့တာဆို တစ်လလောက်ပဲ ကျန်တော့တာပေါ့ ၊ တကယ်ဆို အခုကတည်းက စလုပ်သင့်တာ”
“ဟီးဟီး.. ဒီနေ့ ကိုရဲမာန်နဲ့ လည်ပြီးရင် စာပဲလုပ်တော့မှာ”
ဟု လျှာလေးထုတ်ပြောင်ပြပြီး ဂိမ်းဆက်ဆော့နေလေသည် ၊ ကျွန်တော်က..
“စာမေးပွဲပြီးမှ ဆက်ဆော့ကြတာပေါ့ ၊ ဒီဂိမ်းက တစ်ယောက်တည်းလည်း ဆော့လို့မရပါဘူး”
“အွန်း….. ဒါပြီးရင် ညီမတို့ ဗိုလ်ချုပ်ဈေးဖက် သွားရအောင်”
“အင်း သုံးနာရီလောက် ဆော့ပြီးရင် သွားကြတာပေါ့”
“ဟုတ်”
ထို့နောက် ဂိမ်းဆိုင်တွင် သုံးနာရီလောက် အချိန်ဖြုန်းပြီးသောအခါ သူမနှင့်အတူတူ ဗိုလ်ချုပ်ဈေးဖက်သို့ YBS စီးပြီး သွားကြလေသည်၊ ဈေးကိုရောက်တော့ အထည်တန်းဖက်သို့သွားပြီး သူ့အဒေါ်မှာလိုက်သော အထည်စတို့ကို ဝယ်ယူလေသည် ၊ ကျွန်တော်ကတော့ နားမလည်သဖြင့် ခပ်လှမ်းလှမ်းကသာ ယောင်ပေယောင်ပေ လုပ်နေလေသည် ၊ သူမ ဝယ်စရာရှိတာတွေ ဝယ်ပြီးသွားတော့ ကျွန်တော့်အား….
“ကိုရဲမာန်… ပျင်းနေပြီလား”
“နည်းနည်းပေါ့..
“လာ…အစ်ကို… ဒီဈေးထဲမှာ ဗမာအသုပ်စုံ စားကောင်းတဲ့ဆိုင် ရှိတယ် ၊ ကြိုက်တယ်မလား သွားစားရအောင်”
“အင်း…. ချဉ်ချဉ်စပ်စပ်လေး စားချင်တယ်”
နန်းဖူးဝတ်မှုံက တက်ကြွစွာဖြင့် ကျွန်တော့်လက်ကိုဆွဲပြီး အရှေ့ကနေ ဦးဆောင်သွားလေသည်၊ အသုပ်ဆိုင်ကို သူမ လာစားနေကြ ဖြစ်မည်နှင့်တူသည်၊ ၀၀တုတ်တုတ် ဆိုင်ရှင်အဒေါ်ကြီးက နန်းဖူးဝတ်မှုံကို တွေ့တော့ ပြုံးပြပြီး နှုတ်ဆက်လေသည်….။
“ဟဲ့… ရှမ်းမလေး မလာတာကြာပါ့ကော အေ ၊ နင့်ကောင်လေးလည်း ခေါ်လာတာလား”
“ဟုတ်တယ် အဒေါ်ကြီး၊ နန်းက ဒီဆိုင်က အသုပ်စုံ စားကောင်းတယ်လို့ ပြောနေတာနဲ့ လာကြတာ”
ဟု နန်းဖူးဝတ်မှုံက တစ်ခုခုပြောမည်အလုပ် ကျွန်တော်က ဝင်ဖြေလိုက်သည်….။
“အေးအေး… ကောင်လေး ဘာစားမလဲ”
“ဆန်ပြားသုပ်…. ချဉ်ချဉ်စပ်စပ်လေး”
“ဟုတ်ပြီ ၊ ရှမ်းမလေးကရော ထုံးစံအတိုင်းပဲလား”
“ဟုတ်ကဲ့ အန်တီ”
စားသောက်ခုံပေါ်တွင် ဝယ်လာသော ပစ္စည်းများကို နေရာချအပြီး နန်းဖူးဝတ်မှုံက မျက်စောင်းလေးထိုးပြီး ကျွန်တော့်အား..
“ဟိတ်….. ဘာလို့ သူများရည်းစား အယောင်ဆောင်ရတာတုန်း”
ဟု မေးလေသည်၊ ကျွန်တော်က
“အသုပ်ဆိုင်က ကောင်မလေးတွေ အစ်ကို့ကို လာပြီး အထာပေးနေမှာစိုးလို့”
ဟု စပ်ဖြီးဖြီးဖြင့် ပြန်ဖြေလိုက်သည် ၊ သူမက..
“အဲ့ဒီ…. ကိုရဲမာန်ကြီးကတော့လေ ၊ ဘာမှန်းမသိဘူး”
ဟု ပြန်ပြောလေသည်။ အသုပ်ဆိုင်တွင် စားသောက်ပြီးသောအခါ သူမအဒေါ်က အိမ်စောစောပြန်လာရန် ပြောထားသဖြင့် taxi ငှားပြီး အထုပ်အပိုးတွေနှင့် သူမအိမ်ရှေ့အထိ လိုက်ပို့ပေးလိုက်သည် ၊ သူမတိုက်ခန်းအရှေ့ရောက်တော့ ဝယ်လာသော အထုပ်တွေကိုဆွဲရင်း….
“ကိုရဲမာန်… မဆင်းနဲ့တော့နော်၊ ညီမအဒေါ်က အပေါ်ကနေ မြင်သွားမှာစိုးလို့….. ဟီး… သွားပြီနော်…. စာမေးပွဲပြီးမှ ပြန်ပြီးအတူလျှောက်လည်ကြမယ်”
“အင်းပါ စာကို သေချာကျက်နော်”
“ဟုတ်ကဲ့ပါရှင့်”
နန်းဖူးဝတ်မှုံကို အိမ်လိုက်ပို့ပေးခဲ့ပြီး ကားဆရာကို ကျွန်တော့်တိုက်ခန်းရှိသော မင်းလမ်းဖက်သို့ မောင်းပို့ခိုင်းလိုက်သည်၊ အိမ်ပြန်ရောက်တော့ ကုတင်ပေါ်ပစ်လှဲကာ တစ်ရေးတစ်မော အိပ်လိုက်သည်……၊ တစ်နေကုန်နီးပါး လျှောက်သွားထားလို့လားမသိ ကျွန်တော် နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်…၊ အိပ်ရာနိုးတော့ ရေတစ်ခေါက် ပြန်ချိုးပြီး ရုံးကယူလာသော အလုပ်လက်ကျန်အချို့ကို Laptop ဖွင့်ပြီး လုပ်နေလိုက်သည်။
အလုပ်လုပ်နေရင်း ဗိုက်ဆာသလိုလို ရှိလာတာကြောင့် ထမင်းစားခန်းသို့ဝင်ပြီး ဘာများ စားစရာရှိသလဲဟု လှန်လှောရှာလေသည်၊ ထမင်းအိုးထဲတွင်လည်း ဘာမှမရှိ…၊ ဟိန်းထက်တစ်ယောက် နေ့လည်စာ အပြင်ထွက်စားပြီး တစ်ခါတည်း လျှောက်လည်နေပြီထင်တယ်ဟု တွေးမိလိုက်သည်။
“ဒေါက်..ဒေါက်…ဒေါက်… မောင်လေးတို့ ၊ ဘယ်သူရှိလဲ ဟိန်းထက်… ရဲမာန်…”
ထိုအသံမှာ မျက်နှာချင်းဆိုင် တိုက်ခန်းက မသန္တာဖြစ်ကြောင်း ကျွန်တော် တန်းသိလိုက်သည်၊ ကျွန်တော်က…
“ခဏ… လာပြီ အစ်မရေ”
ဟု အော်ပြောလိုက်ပြီး တံခါးဖွင့်ပေးလိုက်လေသည်….။
“အစ်မ…ဘာဖြစ်လို့လဲ…ပြော”
“ဪ…. မောင်လေး… Fuse ပြင်တက်လား၊ အစ်မတို့အိမ်ရဲ့ မီးခလုတ်အုံက Fuse ပျက်သွားလို့…. ဝါယာကြိုး အပိုတော့ ရှိတယ်…. အဲ့တာ မောင်လေးတို့များ ပြင်တတ်မလားလို့”
“ဪ…. ကျွန်တော်အဖေ့ကို ကူပြီး လုပ်ပေးဖူးပါတယ်၊ လုပ်ကြည့်လိုက်မယ်လေ…. ပလာယာ ကော ရှိတယ်မလား”
“အင်း ပူတူးလေး အဖေရဲ့ ပစ္စည်းတွေထဲမှာ ရှိမယ်ထင်တယ်၊ အစ်မရှာပေးမယ်”
“ဟုတ်အစ်မ လာခဲ့မယ်နော် ခဏစောင့် ၊ အိမ်မှာ ဟိန်းထက်မရှိလို့ တံခါးသော့ပိတ်လိုက်ဦးမယ်”
“အေးအေး ၊ အစ်မလည်း ပလာယာ ရှာထားနှင့်မယ်”
“ဟုတ်..ဟုတ်”
အလုပ်လုပ်လက်စ Laptop ကို ပိတ်ခဲ့လိုက်ပြီး အခန်းတံခါးကို သေချာသော့ခတ်ခဲ့ကာ မသန္တာတို့ တိုက်ခန်းဖက်သို့ ကူးခဲ့လေသည်၊ အခန်းထဲရောက်တော့ သူမက..…
“မောင်လေး… ဝင်လာပြီးရင် တံခါးကို သေချာဂလန့်ပြန်ထိုးခဲ့နော်”
“ဟုတ်…ဟုတ်”
မသန္တာက သူမစုထားသော ပစ္စည်းများကို ကျွန်တော့်လက်ထဲ ထိုးထည့်ပေးလေသည် ၊ ကျွန်တော်လည်း တတ်သလောက် မှတ်သလောက်ဖြင့် ဝါယာကြိုးအပိုထဲမှ ကြေးနန်းကြိုးကို ထုတ်ယူပြီး Fuse ထဲတွင် အသစ်ပြန်လဲလိုက်သည်၊ ပြီးနောက် မသန္တာအား….
“အစ်မ.. လုပ်လို့တော့ ပြီးသွားပြီ ၊ မီးခလုတ်အုံက ဘယ်မှာလဲ”
“အေး… မောင်လေး ထမင်းစားခန်းဖက်မှာ ၊ လာ… အစ်မပြပေးမယ်…. လိုက်ခဲ့”
“ဟုတ်….”
“မီးခလုတ်အုံက နည်းနည်းတော့ မြင့်တယ်၊ ဒီအတိုင်း မှီပါ့မလား၊ ထိုင်ခုံပေါ်ကနေ တက်လိုက်ပါလား”
“ဟုတ်… အဲ့လိုလုပ်လိုက်မယ်”
“ထိုင်ခုံပေါ်တက်လိုက်….. ကြမ်းပြင်ကမညီတော့ နည်းနည်းတော့ လှုပ်နေတယ် မောင်လေး ၊ အစ်မ သေချာကိုင်ပေးထားမယ်”
“ဟုတ်…အစ်မ ၊ တက်ပြီနော်…. အစ်မ အိမ်ကမီးလိုင်းကို မိန်းခလုတ်ချပြီးသားမလား”
“အင်း… ချပြီးသား မောင်လေး”
ကျွန်တော် ပြင်လာသည့် Fuse ကို လောင်သွားသည့်တစ်ခုနေရာတွင် အစားထိုးပြီး တပ်ဆင်ပေး လိုက်သည် ၊ မိန်းခလုတ်ကို ပြန်တင်ကြည့်လိုက်တော့ အဆင်ပြေသွားလေသည်…..၊ ကျွန်တော် အောက်ကိုငုံ့ပြီး မသန္တာကိုကြည့်ကာ…
“အစ်မ မီးခလုတ်တွေ အကုန်ဖွင့်ကြည့်ပါအုံး ၊ ရပြီထင်တာပဲ”
“အေးအေး”
ဟုပြောကာ သူမက တိုက်ခန်းတစ်ခုလုံးရှိ မီးခလုတ်များကို အဖွင့်အပိတ် လုပ်ကြည့်လေသည်၊ စောနတုံးက မသန္တာကို ထိုင်ခုံအပေါ်ကနေ မတ်တပ်ရပ်ပြီး စကားပြောလိုက်တုံးက ဘရာမဝတ်ထားသည့် ရင်သားနှစ်မွှာကို အပေါ်စီးကနေ မြင်လိုက်ရသည်၊ အချိန်ခဏလေးဆိုပေမယ့် နို့သီးခေါင်းမည်းမည်းလေးနှင့် ဖြူဝင်းချောမွတ်နေသော ရင်နှစ်မွှာကို အင်္ကျီလည်ပင်းအဟိုက်ထဲကနေ မြင်လိုက်ရသည်ကို သေချာသိလေသည်။ ထိုချိုဗူးနှစ်လုံး မြင်ကွင်းလေး မျက်စိထဲကနေ မပျောက်ကွယ်ခင်မှာပင် မသန္တာက မီးခလုတ်တွေကို စမ်းကြည့်ပြီး ပြန်ရောက်လာလေသည်….။
“မောင်လေး…. အဆင်ပြေသွားပြီ ၊ ကျေးဇူးပဲနော် အောက်ဆင်းလို့ရပြီ”
“ဟုတ်..အစ်မ ၊ မရိုမသေ… ပုခုံးပေါ်ကို ခဏကိုင်မယ်နော်”
“အင်း…”
အင်္ကျီလည်ဟိုက်ကြားထဲမှ မသန္တာ၏ ထိုင်ခုံပေါ်ကနေ အောက်သို့ပြန်အဆင်းတွင် နို့အုံချွန်ချွန်လေးကို ယောကျာ်းသားပီပီ ငမ်းပြီးကြည့်မိသည်ဟု ဝန်ခံပါသည်၊ အပေါ်ကနေ အောက်သို့အဆင်း မြင်ကွင်းကို အနီးကပ် ချဲ့ကြည့်လိုက်သလို ဖြစ်သွား၍ နို့အုံပေါ်က မွေးညှင်းနုနုလေးတွေကိုပါ သေချာမြင်လိုက်ရသည်၊ ကြမ်းပြင်ပေါ် ခြေထောက်ချပြီး မျက်နှာချင်းဆိုင်ပြီး ကြည့်တော့ အပေါ်ထပ်ဝတ်ထားသော အရောင့်ရင့်အင်္ကျီကြောင့် အဖုအဖောင်းလေးမှလွဲပြီး ဘာမှမတွေ့ရတော့ချေ ၊ ကျွန်တော်လည်း လွတ်သွားသော စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး….
“အစ်မ….စားစရာရှိလား ၊ ကျွန်တော် ဗိုက်ဆာနေလို့”
“ထမင်းရှိတယ်လေ…စားမလား”
“ဟုတ်”
မသန္တာက ထမင်းခူးပေးပြီး သူမချက်ထားသည့် အိမ်ချက်ဟင်းများနှင့် တည်ခင်းဧည့်ခံလေသည်၊ ကျွန်တော်လည်း ဗိုက်ဆာဆာနှင့် စားလိုက်ရာ နှစ်ပန်းကန် ကုန်သွားလေသည်၊ ကျွန်တော်က…
“မသန္တာလက်ရာတွေက စားကောင်းတယ်ဗျာ”
ဟု ချီးမွန်းလိုက်သည်၊ သူမက
“မောင်လေးက အိမ်နဲ့ဝေးနေလို့နေမှာပါ ၊ အစ်မလက်ရာက ပုံမှန်ပါပဲ”
“ဒါနဲ့ ပူတူးလေးရော…. မမြင်တာတောင်ကြာပြီ”
“ကလေးတွေ ကျောင်းရက်ရှည်ပိတ်လို့ သူ့အစ်ကိုတွေ အစ်မတွေရှိတဲ့ ကြည့်မြင်တိုင်ဖက်က အစ်မရဲ့အစ်ကိုအိမ် ပို့ထားတယ်၊ ဟိုမှာ ကလေးတွေများတော့ သူပျော်တာပေါ့….၊ ဒီမှာက အစ်မကလည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ ကျောင်းပိတ်ရင် ဟိုဖက်အိမ်ကို ပို့ထားတာ”
“ဪ…..ဟုတ်လား”
“အင်း မောင်လေး ၊ မနက်ဖြန် မင်းအားလား မသိဘူး”
“အားပါတယ်ဗျ”
“အဲ့တာဆို အစ်မဆီလာလည်လေ ၊ အစ်မ အရသာရှိတာတွေ ချက်ကျွေးမယ်”
“အားနာစရာကြီး”
“ရပါတယ် မောင်လေးရယ်….၊ မဟုတ်လည်း အစ်မတစ်ယောက်တည်း ပျင်းနေတာ ၊ ဒီတစ်ပတ် ရုံးကအလုပ်တွေ မယူခဲ့ပဲ အေးဆေးနာမယ်လို့ စိတ်ကူးထားတာ..၊ ကလေးလည်း မရှိဘူးဆိုတော့ ၊ အဲ့တာ အရင်နေ့တွေက အလုပ်ပဲလုပ်နေကြဆိုတော့ ဒီနေ့မှ စနေနေ့ရှိသေးတယ်… ပျင်းလာလို့”
“သူငယ်ချင်းတွေနဲ့ အပြင်လျှောက်သွားကြပါလား”
“အစ်မသူငယ်ချင်းတွေကလည်း အိမ်ထောင်သည်တွေ ဖြစ်ကုန်ကြပြီဆိုတော့ မောင်လေးတို့ အရွယ်တုန်းကလို ဆုံဖို့ မလွယ်တော့ဘူးလေ၊ သူတို့က အစ်မထက်တောင် အလုပ်ရှုပ်ကြသေးတယ်”
“အဲတာဆိုလည်း လာစားလှည့်ပါ့မယ်….. ဟဲဟဲ”
“အေးအေး….. စားပြီးရင် ပန်းကန်ကို ဘေစင်ပေါ်မှာပဲ ထားခဲ့နော် ၊ မဆေးနေနဲ့”
“ ရပါတယ် အစ်မရယ်…. ကျွန်တော် ဆေးခဲ့မှာပေါ့”
ကျွန်တော်က စားပြီးသား ပန်းကန်ကို ဆေးဖို့လုပ်တော့ မသန္တာက မဆေးရန် တားလေသည်၊ ကျွန်တော်က အားနာသဖြင့် လက်ရောပေနေလို့ တစ်ခါတည်း ဆေးလိုက်ပါ့မယ် အစ်မရယ်လို့ ပြောကာမှပင် လွှတ်ပေးလေသည်၊ သူမအား ကျေးဇူးတင်ပြီး ကိုယ့်တိုက်ခန်းဖက်သို့ ပြန်လာခဲ့လိုက်လေသည်။
နောက်တစ်ရက် တနင်္ဂနွေနေ့ရောက်တော့ အိပ်ရာထ ရေချိုးပြီး မသန္တာတို့အိမ်သို့ အလည်သွားလေသည်၊ အစက ဟိန်းထက်ကိုပါ ခေါ်ခဲ့သော်လည်း ချိန်းတွေ့ရန်ရှိသည်ဟုဆို၍ တစ်ယောက်တည်း ဖြစ်သွားလေသည်…။
“ဒေါက်…ဒေါက်….. မသန္တာရေ”
“မောင်လေးရေ….လာပြီ…ခဏ”
မသန္တာက ကျွန်တော့်ကို တံခါးလာပြီး ဖွင့်ပေးလေသည်….၊ သူမက အခုလေးတင်မှ ရေချိုးခန်းထဲမှ ထွက်လာသည့်ပုံပေါ်သည် ၊ ဆံပင်ကို တဘတ်ဖြူနှင့် ပေါင်းထားပြီး ထမိန်ရင်လျားနှင့် အပေါ်က တစ်ဘလေးကို ခြုံထားလေသည်…၊ သူမက
“မောင်လေး…. ခဏထိုင်ဦး ၊ မနက်စာ မစားရသေးဘူးမလား”
“ဟုတ်”
“ထမင်းတော့ကျက်ပြီ…. အစ်မ အခုမှရေချိုးပြီးလို့ အဝတ်ဝတ်လိုက်ဦးမယ် ၊ ဧည့်ခန်းမှာ ထိုင်စောင့်အုံးနော်”
“ရတယ်အစ်မ…ဖြည်းဖြည်း”
မသန္တာပြောသလို ဧည့်ခန်းက ဆိုဖာပေါ်တွင် ထိုင်ကာ TV ကြည့်ရင်း သူမအဝတ်လဲသည်ကို စောင့်ဆိုင်းနေလိုက်သည်၊ ခဏကြာတော့ မသန္တာက အိမ်နေရင်း ထမိန်အဝါလေးနှင့် လည်ဟိုက်အင်္ကျီအဖြူလေးကို ဝတ်ပြီး ကျွန်တော့်ရှေ့သို့ ရောက်လာလေသည်၊ သူမက….
“စားပွဲကလည်း ရှုပ်နေတာပဲ ၊ ပူတူးလေးက ကစားစရာအရုပ်တွေ လျှောက်ထားသွားတာ မရှင်းအားသေးလို့ပါ မောင်လေးရေ… အားနာပါတယ်”
“ကျွန်တော်တို့အခန်းက ဒီထက်ပိုပြီး ရှုပ်သေးတယ်”
မသန္တာက ကျွန်တော့်ရှေ့တွင် ခါးကိုကုန်းပြီး အရုပ်တွေကို သိမ်းဆည်းလေသည်၊ သူမခါးကုန်းလိုက်တိုင်း လည်ပင်းအဟိုက်ထဲကနေ တွဲလောင်းကျနေတဲ့ လှုပ်တုတ်လှုပ်တုတ် စနေနှစ်ခိုင်ကို ရှင်းရှင်းကြီး မြင်ရလေသည်၊ မနေ့တုံကတော့ ဒီမြင်ကွင်းကို မတော်တဆ တွေ့ခဲ့ရသည်ဟုသာ ထင်ခဲ့မိသော်လည်း အခုတော့ မသန္တာ၏ ပယောဂပါမှန်း ရိပ်မိလိုက်လေပြီ၊ ကျွန်တော့်ကို အမြင်အာရုံနှင့် ဆွဲဆောင်နေပြီမှန်း တန်းသိလိုက်သည်….၊ သူမအနေနဲ့ ယောကျာ်းလေးအဖော် လိုချင်နေရှာသော်လည်း တိုက်ရိုက်မပြောရဲ၍ အခုလို သွယ်ဝိုက်ကာ ဖော်ပြနေခြင်း ဖြစ်လိမ့်မည် ၊ ကျွန်တော့်ကိုလည်း အတွေ့အကြုံမရှိသည့် လူပျိုလေးဟု ထင်မြင်ပြီး စိတ်လှုပ်ရှားအောင် လှုံ့ဆော်ကာ သူမ၏အသားစိုင်များကို ထိတွေ့နိုင်ဖို့ကို၎င်း၊ ကျွန်တော့်ဖက်က အရင်လှုပ်ရှားစေရန် အစီအစဉ် ဆွဲထားပုံရလေသည်….။
မသန္တာ၏ သိသာနေသော အကွက်ရွှေ့ပုံကိုကြည့်ပြီး ကျွန်တော် ရယ်ချင်မိသွားလေသည်၊ တစ်ဖက်ကလည်း အထီးကျန်နေရှာသော သူမကိုလည်း သနားမိသွားသည်…၊ သူမကတော့ အစီအစဉ်အတိုင်း ကျွန်တော့်ရှေ့တွင် ကုန်းကုန်းကွကွနှင့် အရုပ်တွေကို လျှောက်သိမ်းနေဆဲ ဖြစ်လေသည် ၊ ကျွန်တော်က…..
“မသန္တာ….. အပြင်ထွက်မလည်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ”
“ဘယ်လောက်မှန်းကို မသိတော့ပါဘူး ၊ ပူတူးတို့အဖေ မဆုံးခင်ကတည်းကဆိုတော့ နှစ်နှစ်ခွဲ လောက်တော့ အသာလေးရှိပြီ”
“အဲ့တာဆို ကျွန်တော်တို့ သွားလည်ကြမလား ၊ ရုပ်ရှင်ကြည့်ရတာလည်း ကြိုက်တယ်မလား.. အခု (သူစိမ်းအိမ်) ဆိုတဲ့ကား ကောင်းတယ်လို့ပြောတယ်… သွားကြည့်ကြတာပေါ့”
“အင်း… အစ်မတွေးထားတာက မောင်လေးကို နေ့လည်စာ ကောင်းကောင်းလေး ချက်ကျွေးမလားလို့လေ”
“ ရပါတယ် ၊ အစ်မလည်း အခုမှ အေးဆေးနားရတာကို…. ချက်ကျွေးချင်ရင်လည်း ညနေစာမှ ချက်ကျွေးတော့”
“အင်းပါ… အဲ့တာဆို ဘယ်တော့သွားကြမလဲ”
“အခုသွားမယ်လေ”
“ဟင်… အဲ့တာဆို အင်္ကျီလဲလိုက်ဦးမယ်”
“အခုမှလဲပြီးတာ မဟုတ်ဘူးလား…. ထပ်လဲဦးမလို့လား”
ဟု ကျွန်တော်က ဘော်လီမပါတာသိ၍ စနောက်လိုက်လေသည် ၊ သူမက
“အပြင်သွာတာကို…. ဒီလိုပုံစံနဲ့ ဖြစ်ပါ့မလား မောင်လေးကလည်း”
“စတာပါဗျာ… ကျွန်တော်လည်း ဘောင်းဘီသွားလဲလိုက်ဦးမယ်….. တိုက်အောက်မှာ စောင့်နေမယ်နော်…”
“အင်း…အင်း ၊ ဟဲ့ မနက်စာ စားရအုံးမယ်လေ”
“ဟုတ်သားပဲ မေ့နေတာ….. ဟဲဟဲ”
မသန္တာပြင်ပေးသည့် ငါးရံ့ခြောက်ဖုတ် ၊ မန်ကျည်းသီးထောင်း ၊ ထမင်းဆီစမ်းနှင့် ကြက်ဥ ဟက်ဖရိုက်ကို အတူတူစားသုံးပြီးနောက် အဝတ်အစားလဲကာ Junction Square ဖက်သို့ သွားလည်ပတ်ရန်အတွက် တိုက်အောက်သို့ ဆင်းခဲ့လေသည်၊ ဘတ်စ်ကားဂိတ်တွင် ကားစောင့်ရင်း မဝတ်စဖူး ဂျင်းဘောင်းဘီရှည်ကို ဝတ်ဆင်လာသည့် မသန္တာကိုကြည့်ရင်း…..
“အစ်မက ဂျင်းဘောင်းဘီနဲ့ ဆိုတော့လည်း ပိုနုသွားသလိုပဲ”
“ဟုတ်လား…. ဟဲဟဲ ၊ အစ်မ မဝတ်ဖြစ်တာတောင် ကြာလှပါပြီ…. တန်သေးတယ်ဆိုပြီး ဝတ်လာတာ”
“အခုလိုလေးဆိုတော့လည်း မသန္တာက မင်းသမီးယုသန္တာတင်နဲ့တောင် ခပ်ဆင်ဆင်ပဲဗျ”
“အစ်မ မုန့်ဝယ်ကျွေးပါ့မယ် ၊ မြှောက်မနေပါနဲ့တော့… ခစ်ခစ်”
ထိုသို့ဖြင့် Jucction square သို့ ရောက်သွားသည့်အခါတွင် အရင်ဦးဆုံးအနေဖြင့် ရုပ်ရှင် လက်မှတ်ကို အရင်ဖြတ်ကြလေသည်၊ ရုံးပိတ်ရက်… ကျောင်းပိတ်ရက်ဖြစ်၍ လူတန်းအရှည်ကြီးကို တိုးဝှေ့ပြီး ဝယ်ကြရလေသည်၊ ပြီးနောက် ကွန်ပြူတာဂိမ်း ကစားသည့် နေရာကို ခေါ်သွားပြီး စိတ်အပန်းပြေအောင် သူမနှင့်အတူ ဆော့ပေးလိုက်သည်….၊ မသန္တာ ဒီလိုမပျော်ရတာ တော်တော်ကြာခဲ့ပြီထင်သည်…၊ ဟီးဟီးဟားဟားနှင့် ပျော်ရွှင်နေလေသည်၊ မကြာသေးခင်ကမှ အသစ်ဖွင့်ထားသည့် Time City ဖက်ကိုလည်း သွားလည်ကြပြီး သူမစိတ်ကြိုက် ဓာတ်ပုံများ ရိုက်ပေးလိုက်ပေးလိုက်သေးသည်။
ရုပ်ရှင်အချိန်ရောက်တော့ ပေါက်ပေါက်ဆုပ်များ အချိုရည်များဝယ်ပြီး ရုပ်ရှင်ကြည့်ကြလေသည်၊ ရုပ်ရှင်ကြည့်အပြီးတွင် ကြက်ကြော်ဆိုင်တစ်ဆိုင်သို့ ဝင်ကာ နေ့လည်စာစားကြပြီး အိမ်ပြန်ခဲ့ကြလေသည်။
ကျွန်တော်တို့ နေထိုင်သည့် တိုက်ခန်းလေးလွှာပေါ်ရောက်တော့ မသန္တာက…
“မောင်လေး အစ်မလည်း နားလိုက်ဦးမယ် ၊ ခဏနေကြမှ ပြန်လာခဲ့လေ”
“ကျွန်တော်လည်း တစ်ရေးလောက် အိပ်လိုက်ဦးမယ်”
“အင်း…. ညနေစာစားဖို့ လာခဲ့ဦးနော် ၊ မေ့မနေနဲ့ဦး”
“ဟုတ်ကဲ့ပါ”
ကျွန်တော့်အခန်းထဲပြန်ရောက်တော့ ပေါ့ပေါ့ပါးပါး အဝတ်အစားတွေပြန်လဲပြီး အိပ်လိုက်လေသည်၊ ညနေငါးနာရီလောက်ကြတော့ အိပ်ပျော်ရာမှ နိုးလာပြီး ရေမိုးချိုးလိုက်လေသည်၊ ပြီးနောက် မသန္တာဟင်းချက်သည်ကို ကူညီပေးရန်အတွက် သူမတိုက်ခန်းဖက်သို့ ကူးခဲ့လေသည်၊ တိုက်ခန်းတံခါးအရှေ့ရောက်တော့ တံခါး ဂလန့်မထိုးထားတာကို တွေ့သည်နှင့်…..
“မသန္တာ….ဝင်လာခဲ့မယ်နော်”
“မောင်လေး….ဝင်လာခဲ့လေ”
“ဟုတ်”
အိမ်ထဲရောက်တော့ သူမက ဧည့်ခန်းက စားပွဲပေါ်တွင် စားစရာများကို ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်၊ “ဟိုက်ရှားလဘား” မသန္တာက ကျွန်တော့်ကို ဆွဲဆောင်ခြင်း ပလန်ဘီကို စတင်လိုက်ပုံရသည် ၊ ဘရာမဝတ်ထားသည့်အပြင် အပေါ်ထပ်အင်္ကျီ အဖြူရောင်ချည်သားလေးကို sexy ကျကျ ဝတ်ဆင်ထားပြီး အိမ်နေရင်း ထမိန်အပါးလေးကိုလည်း သူမ၏ တင်ပါးကောက်ကြောင်းလေးပေါ်အောင် ဝတ်ထားသေးသည် ၊ သူမက ကျွန်တော့်ဖက်ကို လှည့်ကြည့်လိုက်ရင်း..
“မောင်လေး….. ဝိုင်ကြိုက်တယ်မလား”
“ဟုတ်ကဲ့ သောက်ပါတယ်”
“လာ…ခဏထိုင်ဦး”
“ညနေစာမစားခင် နည်းနည်းသောက်တာပေါ့”
“ဟုတ်”
သူမသည် စားပွဲပေါ်တွင် တင်ထားသော ခြေတံရှည် ဝိုင်ခွက်နှစ်ခွက်ထဲသို့ ဝိုင်များ ဖောက်ထည့်လိုက်သည် ၊ ပြီးတော့ ကျွန်တော်နှင့် ဝိုင်အတူသောက်ရင်း အမြည်းလေး စားရင်းနှင့် သူမရဲ့ အထီးကျန်သော ဘ၀အကြောင်းကို ခရေစေ့တွင်းကျ ပြောပြလေသည်၊ ကျွန်တော်က ဆိုဖာနောက်မှီပြီး ဝိုင်ကို အရသာခံသောက်ရင်း သူမပြောသော စကားများကို ကြားတစ်ချက် မကြားတစ်ချက် နားထောင်ပေးကာ အားပေးစကား ပြောပေးသည်၊ သူ့အကြောင်းတွေ ပြောပြီးနောက် ခေါင်းတညိမ့်ညိမ့်နှင့် ကျွန်တော့်ဖက်သို့ စကားဦးသန်းလေတော့သည်..။
“မောင်လေး ရည်းစားရှိလား”
“အခုလောလောဆယ်တော့ မရှိသေးပါဘူးအစ်မ ၊ အရင်ကတော့ တစ်ယောက် ထားဖူးတယ်”
“ဪ…ဟုတ်လား”
မသန္တာက ဘာဆက်ပြောမှန်းမသိသဖြင့် ရီဝေသော မျက်လုံးများနှင့် ကျွန်တော့်ကို စိုက်ကြည့်ပြီး ညုတုတုနှင့် ပြုံးပြလေသည်၊ ကျွန်တော်က လူရိုးလေးစတိုင် ဖမ်းပြီး မသိချင်ယောင်ဆောင်ကာ ဝိုင်ကို ဆက်သောက်နေလိုက်သည် ၊ သူမက..
“မောင်လေးက ဟိုမိုမဟုတ်ဘူးလား”
ဟုမေးရာ ကျွန်တော်က…
“ပုံမှန်ပါပဲဗျာ”
ဟု ပြန်ဖြေပေးလိုက်လေသည်….။
“ဟဲ့….ပလုတ်တုတ်”
မသန္တာက ကျွန်တော် ဟိုမိုမဟုတ်ဘူးလို့ ပြောလိုက်သည်နှင့် ဝိုင်ခွက်ကို တမင်သက်သက် သူမရင်ဘတ်ပေါ်သို့ မှောက်ချလိုက်သည် ၊ အဝတ်ဖြူပေါ်ကို ဝိုင်စိုသွားသောကြောင့် ရင်သားဆိုင်နှစ်မွှာကိုရော…. နို့သီးခေါင်းမဲမဲလေးကိုပါ ထင်ရှားစွာ မြင်တွေ့လိုက်ရသည်..။
ကျွန်တော်က မသန္တာ၏ စိတ်ထဲတွင် ထင်နေသည့်အတိုင်း လိင်ကိစ္စ အတွေ့အကြုံမရှိသည့် ချာတိတ်လေးပုံစံဖမ်းလိုက်ပြီး သူမကိုပွေ့ဖက်ကာ လည်ပင်းနှင့် ရင်ညွန့်ပေါ်ကို အငမ်းမရ နမ်းရှုံ့ပေးလိုက်သည်..။
“ဟဲ့…ဟဲ့ မောင်လေး ဘာတွေလုပ်နေတာလဲကွာ…. အင့်… ဟင့်… ဟင့်”
သူမပါးစပ်ကသာ ဘာတွေလုပ်နေတာလဲ ဟုသာ မေးသည် ၊ လက်ကတော့ ကျွန်တော့်ခေါင်းကိုဖက်ကာ ဆံပင်ရှည်တွေကြားထဲ လက်ချောင်းများနှင့် ဖမ်းဆုပ်ထားသည်၊ ကျွန်တော်က သူမရဲ့ ချည်သားအင်္ကျီအပါးကို လက်နှစ်ဖက်ဖြင့် ဖြဲဆုတ်လိုက်ပြီး ရင်သားနှစ်မွှာက တုန်တုန်တုန်တုန်နဲ့ ပေါ်ထွက်လာတော့ အားပါးတရ ကုန်းစုပ်ပေးလိုက်လေသည်…..၊ နောက်လက်တစ်ဖက်ကလည်း ရင်သားတစ်ဖက်ကို ညှစ်နယ်ကာ ကစားပေးလိုက်သည်…။
“အင့်…..ဟင့်…ဟင့်…. မောင်လေး…. မှားမယ်နော်…. အာ့”
“ပြွတ်….ပြွတ်…ပြွတ်…. အင်း.. အင်း.. ဟင်း…. ယားတယ်ကွာ….. ဟင့်”
“အာ့……အာ့…..ပြွတ်စ်…. ပြွတ်စ်… ပြွတ်စ်…. အင်း… အင်းးး… အင်းးး”
ကျွန်တော်က မသန္တာရဲ့ ချိုဗူးနှစ်လုံးကို အားရအောင် စုပ်ပေးပြီးမှ အပေါ်သို့တက်ကာ နှုတ်ခမ်းချင်း တေ့နမ်းလိုက်သည် ၊ သူမကလည်း ကျွန်တော့်ရဲ့ အနမ်းမိုးများကို လျှာလေးနှင့် ခံယူလေသည်။
“အင်း…..အင်း… အင်း… အွန်း… အွန်း”
နှုတ်ခမ်းချင်း နမ်းရှိုက်နေရင်း ကျွန်တော့်လက်တစ်ဖက်က အိမ်နေရင်း ထမိန်အပါးလေးကို ကြမ်းပြင်ပေါ်ထိရောက်အောင် ဆွဲချွတ်လိုက်သည်၊ မသန္တာက ပင်တီမဝတ်ထားသဖြင့် ပေါင်တံဖြူဖြူဖွေးဖွေးကြီးနှစ်လုံး ကြားထဲက အမွှေးမဲမဲကောက်ကောက်များနှင့် အဖုတ်ဖောင်းဖောင်းကြီး ထွက်လာလေသည် ၊ သူမကို ဆိုဖာခုံရှည်ပေါ်တွင် ပက်လက်လှန်ပေးလိုက်ပြီး ပေါင်တွင်းသားများကို လက်ဖြင့် ပွတ်သတ်ပေးရင်း အဖုတ်နားသို့ ဝိုက်ကာဝိုက်ကာ စိတ်ကြွအောင် ကလိပေးလိုက်လေသည်…..။
“အင်း….ဟင်း..ဟင်း…မောင်လေး… ဘာတွေလုပ်နေတာလဲကွာ….. အင်း… ဟင်း.. ဟင်း”
သူမ စိတ်အကြွဆုံးအချိန်ရောက်ပြီ ဆိုကာမှ အဖုတ်အမြှောင်းကြားထဲသို့ လက်ခလည်ဖြင့် အစိလေးကိုပါထိအောင် အပေါ်အောက် ပွတ်ဆွဲပေးလိုက်သည်…..။ မသန္တာနှင့် နှုတ်ခမ်းချင်း နမ်းနေရင်း သူမအသက်ရှူသံတွေ မြန်လာတော့ နို့သီးခေါင်းချွန်ချွန်လေးကို ပြောင်းစုပ်လိုက်သည်၊ သူမအဖုတ်ထဲကိုလည်း လက်ခလည်နှင့် လက်သူကြွယ် နှစ်ချောင်းပူးထည့်ပေးကာ အထုတ်အသွင်း မြန်မြန်လေး လုပ်ပေးလိုက်သည်၊ (ကျွန်တော်ကတော့ Spiderman အကွက်ဟု နာမည်ပေးထားသည်)
သူမက အစကတည်းက စိတ်ထနေသူဖြစ်သဖြင့် စောက်ဖုတ်ထဲ ရှေ့ပြေးအရည်ကြည်များ ရွှဲနေပြီး လက်နှစ်ချောင်းလုံး လျှောလျှောရှူရှူ ဝင်သွားလေသည်….။
“အား…အား…အား…အား… မောင်လေး… ဖြည်းဖြည်း…. အား…. အား”
“ပလစ်…ပလစ်….ပလစ်… ပလစ်… ဗြစ်… ဗြစ်… ဗြစ်… အင့်… ဟင့်.. ဟင့်”
မသန္တာကို စိတ်ကြိုက် ကလိပေးပြီး ကျွန်တော့်ဘောင်းဘီတိုကို အမြန်ဆွဲချွတ်လိုက်ကာ လီးကို သူမအဖုတ်ဖောင်းဖောင်းထဲ တစ်ခါတည်း ဖိထည့်လိုက်သည်…..။
“အင်း..မောင်လေး….. ဖြည်းဖြည်း…. နာတယ်…. အာ့”
ကျွန်တော့်ရဲ့လီးကြီး အဖုတ်ထဲ တိုးဝင်သွားတော့ မသန္တာရဲ့ အဖုတ်အပေါ်နှုတ်ခမ်းသားလေးက လိပ်ပြာလေး အတောင်ပံခတ်သလို ပြန့်ကားသွားသည် ၊ အပျိုအဖုတ်မဟုတ်သော်လည်း ယောကျာ်းတွေနှင့် မဆက်ဆံတာကြာပြီဖြစ်၍ ကျွန်တော့်လီးကို ဝိုင်းဝန်းဖိညှစ်ကြသော အတွင်းသားများ၏ အရသာကို ကောင်းကောင်းခံစားရသည် ၊ သူမရဲ့ဒူးခေါင်းနှစ်လုံးကို ပုခုံးနှင့်ထိအောင် တွန်းတင်ပေးလိုက်ပြီး အဖုတ်ထဲသို့ လီးနက်နက်ဝင်အောင် ဆောင့်လိုးပေးလိုက်လေသည်…။
“ဖတ်….ဖတ်…ဖတ်….ဖတ်…ဖတ်”
“အား…အား…အား..အား… အား… မောင်လေး…. အား… အား… အွန့်”
“ပြွတ်….ပြွတ်…ပြွတ်..ပြွတ်စ်”
“အင်း..ဟင်း…ဟင်း….အွန်း…. မောင်လေးရာ…. အား… အား… အား”
ဧည့်ခန်းအလယ်ရှိ ဆိုဖာပေါ်တွင် တစ်တီတူးအနေအထားဖြင့် မသန္တာကို စိတ်ကြိုက် ဆောင့်လိုးရင်း ဆယ်မိနစ်လောက် ကြာသောအခါ စိတ်ကိုလျှော့ကာ အားကုန်လိုးထည့်ပြီး အဖုတ်ဖောင်းဖောင်းကြီးထဲတွင် သုတ်ဖြန်းပေးလိုက်လေတော့သည်….။
“ဖတ်ဖတ်ဖတ်…. ဖတ်ဖတ်ဖတ်….. ဖတ်ဖတ်ဖတ်ဖတ်”
“အား…အား…အား…အား.. အား… မောင်လေး… ကောင်းတယ်… အား… အား… ထိတယ်ကွာ”
“ဗြစ်…ဗြစ်..ဗြစ်..ဗြစ်…. အင့်…. ဟင့်… ဟင့်”
“အား…အား….အား…. အား…. အာ…..”
ကျွန်တော် တစ်ချီပြီးသွားသောအခါ အဖုတ်ထဲမှ လီးကိုချွတ်လိုက်ပြီး အမောပြေ ဝိုင်တစ်ဂွတ် မော့သောက်လိုက်လေသည်၊ မသန္တာကတော့ ဆိုဖာပေါ်မှာ ပက်လက်လေးအိပ်နေရာမှ ထိုင်လိုက်လေပြီး ကျွန်တော့်လီးကို ဂွင်းထုပေးလေသည်….၊ လီးပြန်တောင်လာသောအခါ သူမက ပါးစပ်လေးထဲ ငုံစုပ်လိုက်ရင်း ပလွေမှုတ်ပေးပြန်သည်၊ စုမြတ်နိုးလောက် လျှာစွမ်း မထက်သော်လည်း သူမစိတ်ကျေနပ်အောင် အီးအီးအားအား ငြည်းပေးလိုက်သည်…။
ဒီတစ်ခါတော့ ကျွန်တော်က ဆိုဖာပေါ်တွင် ပက်လက်လှန်အိပ်ရင်း မသန္တာကို အပေါ်ကနေ မြင်းစီးခိုင်းသည်၊ သူမစိတ်ကြိုက် အပေါ်တွင် Cow Girl လေးလုပ်ကာ ဖီးလ်ခံနေလေသည်….။
“ဖတ်..ဖတ်…ဖတ်…ဖတ်…ဖတ်”
“မောင်လေး…..အား…. ကောင်းတယ်…. အား…. ရှီး… အင်း…. အင်း.. အင်း”
“ဇွိ… ဇွိ… ဇွိ….ဗြစ်…..အင့်…. အင့်… အင့်… မမနို့တွေကိုချေပေး… အား…. အားအား”
“အဲ့လိုလေး….ဟုတ်တယ်….အင်း…. အင်း… မမပြီးတော့မယ်… အင့်… အင့်… အင့်…”
“အွန်း…အွန်း…အွန်း…အွန်း… ပြီးပြီ… ပြီးပြီ…. ကျွတ်စ်…. အင်း…. အင်း… အင်း… အင်း……”
မသန္တာတစ်ယောက် အပေါ်တွင် ခါးကိုနှံ့ပြီး စကောဝိုင်းလိုက် ၊ သူ့ရင်သားတွေ ကိုင်ထားသော ကျွန်တော့်လက်ကို ဆွဲယူပြီး သူမပါးစပ်ထဲ စုပ်လိုက်နှင့် ထိတွေ့ဆက်ဆံကြရင်း သူမ နှစ်ချီမြှောက်ပြီးသွားတော့ ကိုယ်လုံးလေးက ကျွန်တော့်အပေါ် ပြိုကျလာလေသည်၊ ကျွန်တော်က သူမအမောပြေအောင် စောင့်လိုက်ပြီး ခဏနေတော့ ဆိုဖာအရှေ့က စားပွဲပေါ် လက်ထောက်စေပြီး ဖင်ကုန်းခိုင်းလိုက်လေသည် ၊ ပေါင်နှစ်ချောင်းကို ကားခိုင်းလိုက်ပြီး အချိန်မဆွဲတော့ပဲ အဖုတ်ထဲသို့ သွေးဆာနေသော ငပဲကြီးကို ထိုးထည့်လိုက်လေတော့သည်…။
“အား….အား…အား…မောင်လေး… ထိတယ်… အား…. အား…. ဖြည်းဖြည်း”
“ဖြန်း..ဖြန်း..ဖြန်း………. ဖတ်.. ဖတ်.. ဖတ်…. ဖတ်”
“အထဲကအောင့်တယ်…. ဖြည်းဖြည်းဆောင့်…. အား… အား… အား.. အား… ဟင့်… အင့်… အင့်”
ကျွန်တော်က အနောက်ကနေ ဆောင့်လိုးပေးနေရင်း သူမရဲ့ ဖြူဝင်းလှတဲ့ ဖင်တုံးကြီးနှစ်လုံးကို ဘယ်ပြန်ညာပြန် ရိုက်ပြီး အရသာခံနေလေသည် ၊ တအောင့်ကြာလာတော့ အရိုက်ခံရသော နေရာတွင် နီမြန်းလာလေသည်…..။
“အစ်မ….. ကျွန်တော်ပြီးချင်လာပြီ… မြန်မြန်ဆောင့်တော့မယ်နော်”
“အင်း…အင်း…မင်းသဘော…. အင်း…. အင်း”
“ဖြန်း…အား…ဖတ်… ဖတ်… ဖတ်… ဖြန်း… ဖြန်း… ဖတ်.. ဖတ်…. အား… အား…. အား… အား”
“မသန္တာရေ…. ကောင်းလိုက်တာဗျာ….. အင့်… အင့်… အင့်.. အင့်”
“ဖုတ်..ဖုတ်..ဖုတ်..ဖုတ်”
“အား…အား….အား… မမလည်း… ပြီးတော့မယ်….. အား…. အင့်… အင့်… ဟင်းးးးး”
“ဖြန်း…..အားးးးးးးး”
“ဖတ်….ဖတ်….ဖတ်… ဖတ်… ဖတ်”
“အား….အား..အား… ပြီးပြီ… အား… အား…. အား.. အား…. အား…”
ကျွန်တော်နှင့် မသန္တာတို့ နှစ်ယောက်လုံး ဖောဋ္ဌဗ္ဗာအာရုံ၏ အမြင့်ဆုံးအဆင့်သို့ အတူတူ ရောက်ရှိသွားကြပြီး ဆိုဖာပေါ်တွင် နှစ်ယောက်သားဖက်ရင်း လှဲလျောင်းနေကြသည်၊ မသန္တာက..
“မောင်လေး….. လူကိုမျော့သွားတာပဲကွာ ၊ မင်းအရင်က မိန်းမအတွေ့အကြုံရှိလား”
“တစ်ခါလောက်ပါပဲဗျာ” ( အဖြူရောင် မုသားလေးပါ)
“မင်းက ကြမ်းတာကွာ…. အားလည်းတော်တော်သန်တယ်”
“မသန္တာက ဦးဆောင်တာ ကောင်းလို့ပါဗျာ….. အစ်မက လှလည်းလှ… Sexy လည်းကျတာကိုးဗျ”
“မင်းလည်း တော်ပါတယ်ကွာ….. ယောကျာ်းဆုံးသွားကတည်းက လက်နဲ့ပဲ အာသာဖြေနေရတာ… မင်းနဲ့တွေ့မှ တကိုယ်လုံး ပွင့်ထွက်သွားပြီး ပေါ့ပါးသွားသလိုပဲ”
“ညစာတော့ သုံးပန်ကန်လောက် ကုန်တော့မယ်ထင်တယ်”
“အဲ…ဟုတ်သား ၊ ထပြီး သန့်ရှင်းရေးလုပ်တော့ မောင်လေး…. ဟင်းတွေ အေးကုန်လိမ့်မယ်”
“ဟုတ်…ဟုတ်…ထပြီ”
ကျွန်တော်ရော မသန္တာပါ ရေချိုးခန်းထဲသို့ဝင်ကာ သန့်ရှင်းရေး လုပ်လိုက်ကြပြီး အဝတ်အစား ပြန်ဝတ်ကာ ညစာအတူစားကြသည်၊ ပြီးနောက် သူမကို ပန်းကန်တွေ ကူသိမ်းပေးပြီး နှုတ်ဆက်ကာ ကျွန်တော့်တိုက်ခန်းဖက်သို့ ပြန်လာခဲ့လိုက်လေသည်၊ ပြန်ရောက်တော့ နေပူလှန်းထားသော အဝတ်အစားများကို ရုတ်သိမ်းပြီး မီးပူထိုးနေလိုက်သည် ၊ ထိုအချိန်တွင် မန်နေဂျာ မခိုင်ဇာမြင့်ဆီက ဖုန်းတစ်ကောလ် ဝင်လာလေသည်…..။
“ဟယ်လို…. မခိုင်ဇာ….. အမိန့်ရှိပါ”
“အေး… ရဲမာန်လား…. နင်တော့ ပြဿနာတက်ပြီထင်တယ် ၊ အခုချက်ချင်း ရုံးကိုလာခဲ့ ”
အပိုင်း (၄) မျှော်



