ကျွန်တော့်ရဲ့ နောက်ဆုံးအချစ် (အပိုင်း ၂)
ရေးသားသူ – ၂၄ မျက်နှာ
🧡အခန်း (၄)🧡
❤️အမှောင်ထဲက အလင်းတစ်စက်❤️
“ကျွန်မနာမည်က နန်းဖူးဝတ်မှုံ ပါ… မုံရွာစီးပွားရေးတက္ကသိုလ်က ကျောင်းပြီးပြီတော့ အခု CPA part 2 တက်နေတာ ပြီးပါတော့မယ်”
“လုပ်ငန်းအတွေ့အကြုံ ဘယ်လောက်ရှိလဲဗျ”
“အရင် ကုမ္ပဏီမှာတုံးကတော့ တစ်နှစ်ခွဲလောက် လုပ်ဖူးပါတယ်ရှင့်”
“ဟုတ်… ကျွန်တော်တို့ကုမ္ပဏီက လစ်ဟာနေတဲ့ ရာထူးနေရာအတွက်….. **!^^#**#$#*#….”
“လစာကိုရော ဘယ်လောက်မျှော်မှန်းထားသလဲဗျ”
“……. !&#^!*#%& ”
“ဟုတ်ကဲ့ပါ”
ကျွန်တော် ဒီကောင်မလေးကို ရင်းရင်းနှီးနှီး မြင်ဖူးသလို ခံစားရသည်၊ အရင်တုံးက ခင်မင်ဖူးခဲ့တဲ့ အသိတစ်ယောက်လို စိတ်ထဲထင်နေမိသည်၊ ထို့ကြောင့် အင်တာဗျူးနေရင်းနဲ့ သူမရဲ့ CV form ထဲက ပတ်စ်ပို့ပုံကို ကြည့်လိုက်တော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရိုက်ထားတဲ့ပုံလေး ၊ သူမက ဆံပင်ဂုတ်ဝဲလေးနှင့် ကလေးလေးအတိုင်း….၊ အိုး…. ကျွန်တော့်မှတ်ဉာဏ်တွေထဲက မီးသီးတစ်လုံးက ဖျတ်ကနည်း လင်းလတ်သွားသည်၊ ကျွန်တော့်ရှေ့တွင် ထိုင်နေသော သူမအား….
“စိတ်တော့မရှိနဲ့ ညီမ၊ သာစည်မြို့မှာ ကျောင်းတက်ဖူးလား… အစ်ကို့အသိတစ်ယောက်နဲ့ တူနေလို့”
“ဟုတ် နေဖူးပါတယ်”
“အဲ့တာဆို ဟို အသေးလေးမလား”
“ဟုတ်ပါတယ်ရှင့်.. အသေးလေးပါ…၊ ကိုရဲမာန်ကြီးက မှတ်မိဖို့ အချိန်တော်တော် ယူလိုက်ရပုံပေါ်တယ်”
“အင်တာဗျူးနေရင်းနဲ့ဆိုတော့ ဟုတ်မဟုတ် ပြန်တွေးကြည့်နေလို့ပါ၊ ညီမက ငယ်ရုပ်လေး မပျောက်ဘူးပဲ”
“ကျေးဇူးပါရှင့်…. အစ်ကိုကတော့ လူကြီးရုပ်ဖြစ်သွားပြီ၊ ဆံပင်အရှည်ကြီးနဲ့”
“အစ်ကို့ကို မြင်ကတည်းက တန်းသိတာလား”
“ဟုတ်တယ်၊ အင်တာဗျူးဖို့ စောင့်နေကတည်းက တွေ့တော့ ကြည့်နေတာ၊ နာမည်လည်း ကြားရော အစ်ကိုမှန်း တန်းသိသွားတာ”
“ဟုတ်ပါပြီဗျာ…. နောက်လည်း တစ်ကုမ္ပဏီထဲဖြစ်လာရင် ထပ်ဆုံကြသေးတာပေါ့”
“ဟုတ်ကဲ့”
“ဪ… မန်နေဂျာအစ်မက ညီမကို မနက်ဖြန် ဒီလိုအချိန် Second Interview လုပ်မယ်လို့ ပြောတယ်၊ သေချာပြင်ဆင်ခဲ့နော်…. HR manager ရော Finance manager ရော နှစ်ယောက်လုံး ညီမကို မေးကြမှာ”
“ဟုတ်ကဲ့ပါရှင့် ကျေးဇူးတင်ပါတယ်”
“အင်းအင်း သွားလို့ရပြီ”
“ဟုတ်ကဲ့… သွားခွင့်ပြုပါဦးရှင့်”
နန်းဖူးဝတ်မှုံ ဆိုသည့် ကောင်မလေးက ကျွန်တော့်ကို အတောက်ပဆုံး အပြုံးလေးနှင့် နှုတ်ဆက်ပြီးနောက် ခြေလှမ်းကို ဖြည်းဖြည်းချင်း နောက်ပြန်လျှောက်ကာ အင်တာဗျူးအခန်းထဲကနေ ထွက်သွားလေသည်၊ ကျွန်တော်လည်း သူမရဲ့ CV Form ကို ပြန်ယူလာပြီး HR အခန်းထဲ ပြန်ဝင်လာခဲ့လိုက်သည်၊ ကျွန်တော်က
“သီရိ….ညီမရေ”
“ရှင်..အစ်ကို”
“ရော့ စောနက ကောင်မလေးရဲ့ CV form ၊ အစ်မခိုင်ဇာမြင့်ရဲ့ ရုံးခန်းထဲ ပြန်သွားထားလိုက်”
“ဟုတ်ကဲ့ ကိုရဲမာန်”
ကျွန်တော့်ရဲ့ အလုပ်စားပွဲပေါ်ပြန်ရောက်တော့ ဘေးနားတွင် ထိုင်နေသော ဇော်မျိုးနိုင်က…
“ကိုဆံရှည်…. စောနကကောင်မလေးက ဘယ်ဌာနအတွက် လာလျှောက်တာလဲ”
“Finance ဌာနအတွက် လူလိုနေတဲ့ accountant နေရာ လာလျှောက်တာ”
“ဪ… တော်တော်ချောတယ်ဗျ၊ ဖြူဖြူဖွေးဖွေးလေး…. မင်းသမီး ဝတ်မှုံရွှေရည်နဲ့တောင် တူသလိုလို”
“သူ့နာမည်ကလည်း နန်းဖူးဝတ်မှုံ တဲ့၊ ဘာလဲ မင်းစိတ်ဝင်စားလို့လား”
“ကိုဆံရှည်ကလည်း သိရဲ့သားနဲ့ ၊ ကျွန်တော့်ကားက ဘယ်လမ်းမောင်းဗျ”
” မင်းတို့ ဒုတ်သိုင်းချတဲ့ကောင်တွေ ပေါက်စီနဲ့ စမူစာ အရသာကို မသိကြသေးလို့ပါ”
“ကျွန်တော်တော့ ငံပြာရည်မတွေကို မကြိုက်ပါဘူး…. ဟိဟိ၊ ဒိတစ်ယောက်ကတော့ အဆင်းလှလို့ မေးကြည့်တာပါ”
“မင်းက ဘယ်သူ့ကို ကြိုက်တာလဲကွ”
“Finance က Casher အစ်ကိုကြီး…”
“အီး…. မင်းတို့ခေတ်ကလည်းကွာ၊ မြန်မာနိုင်ငံမှာ ဒီလောက် မိန်းမတွေပေါနေတာကို မကြိုက်ကြဘူး…. ငါတို့ခေတ်တုံးကဆို စော်တစ်ပွေအတွက်နဲ့ လက်သီးချင်းယှဉ်ခဲ့ရတာ”
“ဘာပဲပြောပြော အဲ့ရှမ်းမလေးက HR ဌာနအတွက် ဖြစ်လိုက်ရမှာ အစ်ကိုရယ်.. ကျွန်တော်တို့ဌာနက နှစ်ယောက်နဲ့ လဲလို့ရရင် ပေးလဲလိုက်တယ်”
“ဒါတော့ မင်းပြောတာကို ငါအပြည့်အဝ ထောက်ခံတယ်”
“Hi Five”
“ဖတ်…”
ကျွန်တော်နှင့် ဇော်မျိူနိုင်တို့ အတင်းပြောနေကြရင်း အနောက်က သဲသဲဦး ရောက်နေသည်ကို သတိမထားမိလိုက်၊ လက်ဝါးချင်းရိုက်ပြီး အနောက်လှည့်ကြည့်လိုက်တော့မှ ကော်ဖီခွက် နှစ်ခွက်ကိုင်ပြီး မတ်တပ်ရပ်နေသည်ကို သတိထားမိလိုက်သည်၊ သဲသဲဦးက…
“ကိုရဲမာန်က စိတ်ဓာတ်ပဲနော်၊ လူများက သူသောက်ဖို့ ကော်ဖီဖျော်လာတာကို အလုပ်မဝင်သေးတဲ့ ကောင်မလေးနဲ့ တို့ကို လဲချင်နေပြီတဲ့လား ….. သီရိကိုလည်း သွားပြောဦးမယ်”
“ငါတို့က စတာပါဟ…. ဟဲဟဲ ကော်ဖီအေးကုန်လိမ့်မယ် ၊ ငါ့ကိုပေး”
“ဟင့်အင်း.. မပေးပါဘူး၊ လူများကို ရုပ်ဆိုးတယ်လေး ဘာလေးနဲ့ ကိုယ့်ဘာသာ ဖျော်သောက်”
“စိတ်မဆိုးပါနဲ့ မိသဲသဲဦးရယ်၊ HR နဲ့ Admin မှာ နင်အချောဆုံး…. ဟုတ်ပြီလား”
“ဟိဟိ…..အဲ့လိုမှပေါ့…. ရော့… ကော်ဖီ”
“ဒါပေမယ့် ဒီနေ့ မြတ်မင်းသန့်မလာတော့ နင်တော့ မိတ်ကပ်ဖိုး ရှုံးပြီနဲ့တူတယ်… ဟားဟား”
“ဘယ်သူက သူ့ကိုကြိုက်တယ် ပြောလို့လဲ… ကိုရဲမာန် အစုတ်ပလုတ်”
ဟု ပြောပြီး ခြေဆောင့်ကာ ထွက်သွားလေတော့သည်။
ဒီနေ့တော့ ကောင်မလေးချောချောလေးကို အင်တာဗျူးလိုက်ရလို့လား….. မြတ်မင်းသန့် ရုံးမလာလို့ပဲလားတော့မသိ၊ အလုပ်လုပ်ရတာ ဘာတစ်ခုမှ အထစ်အငေါ့မရှိ… တနေကုန် ဘယ်လိုပြီးလို့ ပြီးသွားမှန်းပင် မသိလိုက်ချေ…၊ ရုံးဆင်းတော့ ဂိမ်းဆိုင်မဝင်တော့ပဲ အိမ်ကိုတန်းပြန်လေသည်၊ လေးလွှာပေါ်သို့ တက်လာပြီး တိုက်ခန်းတံခါးသော့ကို ဖွင့်နေချိန်တွင် အနောက်ကနေ…
“ရဲမာန်…မောင်လေး ၊ အစ်မကို တစ်ခုလောက် ကူညီပါလား”
ကျွန်တော် အနောက်လှည့်ကြည့်လိုက်တော့ အိမ်နီးနားချင်းဖြစ်သော မသန္တာနှင့် သူ့သမီးလေးတို့နှစ်ယောက် ဖြစ်နေလေသည်၊ ကျွန်တော်က….
“ဘာဖြစ်လို့လဲ အစ်မ”
“ညီမလေးကို တစ်ချက်ကြည့်ပေးထားလို့ရမလား…. အားတော့နာပါတယ် မောင်လေးရယ် ၊ အစ်မတို့ရုံးက အရေးတကြီး ဖုန်းဝင်လာလို့”
“ဟုတ်ကဲ့… ရပါတယ်”
“အင်း အစ်မလည်း အလုပ်ပြီးတာနဲ့ အမြန်ပြန်လာခဲ့လိုက်မယ်၊ သူ့မူကြိုကို ပြန်သွားကို့ဖို့လည်း အချိန်မလောက်တော့လို့”
“ဟုတ်ကဲ့”
“သမီးလေး… ဒီအစ်ကိုနဲ့ ခဏနေခဲ့လိုက်နော်၊ ညစာအမှီ အမေပြန်ခဲ့လိုက်မယ်”
“ဟုတ်”
ဒီလိုနှင့် HR ဘဝကနေ ကလေးထိန်းဘဝသို့ ရောက်ရပြန်လေသည်၊ လေးနှစ်အရွယ် ကလေးဆိုတော့ သူနှင့်လိုက်အောင် ကျွန်တော့်စိတ်ကို လေးနှစ်အရွယ်လောက် ပြန်လျော့ပြီး ပေါင်းသင်းရပြန်သည်၊ Laptop ထဲမှာရှိတဲ့ ကာတွန်းကားများကို ဖွင့်ပြပြီး ရေခဏဝင်ချိုးလိုက်သည်၊ ပြီးနောက် ရက်ကွက်ထဲသို့ဆင်းပြီး လမ်းလျှောက်ကာ ကလေးမလေးကို မုန့်ဝယ်ကျွေးလိုက်သေးသည်၊ ကလေးအတွေးနှင့် ထုတ်သော မေးခွန်းတွေကိုလည်း ပြန်ဖြေပေးရသေးသည်..၊ ကလေးမလေးက…
“ကိုကြီး… ကိုကြီးမှာအမေ ရှိဖူးလား၊ သမီးမတွေ့ဖူးလို့”
“အစ်ကိုကြီးအမေက တခြားမြို့မှာရှိတယ်၊ ရန်ကုန်ကို အလည်လာရင် ပူတူးနဲ့ ပေးတွေ့မယ်”
“အဲ့တာဆို.. ကိုကြီးက ဖေဖေကော ရှိသေးတယ်ပေါ့”
“အင်း…. သူလည်းရှိသေးတယ်”
“သမီးမှာတော့ ဖေဖေမရှိတော့ဖူး… ဒါနဲ့ အစ်ကိုကြီးက ဖေဖေရော မေမမေရော ရှိရဲ့သားနဲ့ ဘာလို့ အတူမနေတာလဲဟင်”
ကလေးကတော့ ဘာရယ်မဟုတ် သူသိချင်တာလေးကို မေးလိုက်ရုံသာ၊ ကျွန်တော်ကတော့ ဘယ်လိုပြန်ဖြေရမယ်မသိ…..
“အင်း…. ကိုကြီးက ဒီမှာပိုက်ဆံလာရှာတာလေ၊ ငယ်ငယ်တုံးကတော့ ပူတူးလေးတို့လိုပဲ အတူနေကြတာပေါ့။
“လာ… လှေကားပေါ်တက်နိုင်လား…. အစ်ကိုကြီး ကျောပိုးရမလား”
“ရတယ်… သမီးဘာ့သာ သမီးတက်မယ်”
“အိုကေ…. တစ်နှစ်သုံးလေး ရေပြီး တက်ကြမယ်… ကဲ ညီမလေး.. စတက်ကြမယ်”
“ငါး….ခြောက်…ခုနှစ်…ရှစ်..ကိုး….”
“တစ်ဆယ်….အင်း… ပြီးတော့ ဘာလဲ အစ်ကိုကြီး”
“ဆယ့်တစ်လေ….”
“အင်း….ဆယ့်တစ်..ဆယ်နှစ့်…ပြီးတော့…ဆယ့်လေး”
“ဟိတ်…တစ်လုံးကျော်သွားပြီ”
“ဟင့်….သိတော့ဖူး.. သမီး နောက်နေ့မှ ပြန်ကျက်ခဲ့လိုက်မယ်၊ မြန်မာလိုရော အင်းဂိတ်လိုရော”
“ဟုတ်ပါပြီ”
ကျွန်တော်နှင့် ကလေးမလေး မုန့်ဆိုင်ကပြန်အလာ လေးလွှာသို့ အရောက်တွင် မသန္တာက တိုက်ခန်းရှေ့မှာ စောင့်နေသည်ကို တွေ့လိုက်ရသည်၊ ကျွန်တော်က
“မသန္တာ….ပြန်လာပြီလား”
“ဪ..အင်း… မောင်နှမနှစ်ယောက် အခန်းထဲမရှိပါဘူးလို့၊ မုန့်သွားဝယ်နေကြတာလား”
“ဟုတ်တယ်”
“သမီးလေး… လာ ရေချိုးရအောင်၊ အဲ့မုန့်ထုပ်ကြီး မဖောက်နဲ့တော့… ညနေစာ ထမင်းစားပြီးမှ မုန့်စားတော့၊ မောင်လေး… ကျေးဇူးနော်”
“ ရပါတယ်ဗျာ၊ မဟုတ်လည်း ကျွန်တော်တစ်ယောက်တည်း ပျင်းနေတာ”
မသန္တာတို့သားအမိ သူတို့တိုက်ခန်းထဲသို့ ပြန်ဝင်သွားကြသည်၊ ကျွန်တော်လည်း အခန်းထဲသို့ ပြန်ခဲ့လေသည်၊ ဟိန်းထက် ရောက်ပြီလားလို့ လှမ်းကြည့်လိုက်တော့ သကောင့်သားက သူ့အခန်းထဲမှာ မှောက်ယားထိုးကြီး အိပ်တောင်ပျော်နေသေးသည်။
“အင်း..ရှူး..ခလော..ရှူး…ရှူး”
“သားကြီး….ဟိန်းထက်…ဟေ့ကောင် ထတော့”
“အင်း…ဘာလဲကွာ”
“ညနေဖက်ကြီး အိပ်မနေနဲ့လေ ၊ ညကြ အိပ်မပျော်ပဲရှိလိမ့်မယ်”
“ရုံးမှာ ပင်ပန်းလာလို့ပါကွာ… မနေ့ကလည်း အိပ်ရေးပျက်ထားတာ၊ မနက်ကြမှ ထတော့မယ်”
“ပြီးတာပဲ”
ကျွန်တော်လည်း ကလေးမလေးနှင့် သူငယ်ချင်းလုပ်ပြီး တစ်ညနေ ကုန်ဆုံးလိုက်ရသည့်အတွက် သိပ်ပျင်းချိန်မရလိုက်..၊ ကလေးနှင့် ပေါင်းသင်းရသည်မှာ စိတ်ပျော်ရွှင်စရာ ကောင်းလှသည်၊ ရုံးကလူတွေနှင့်လို ဟန်ဆောင်မျက်နှာဖုံးတွေ တပ်ထားစရာမလို…၊ စိတ်ထဲရှိတဲ့အတိုင်း ပြောဆိုနိုင်လေသည်။
အိပ်ခါနီးတော့ ကလေးမလေး မေးတဲ့မေးခွန်းကို ပြန်သတိရသွားသည်၊ အစ်ကိုကြီးက အဖေရော အမေရော ရှိတာကို ဘာလို့ အတူတူမနေတာလဲတဲ့၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်က ဘွဲ့ရတော့ အိမ်က အဖေအမေက သင်ထားသောပညာနှင့် လုပ်စားစေချင်သည်၊ မိသားစုလုပ်ငန်းဖြစ်သော အထည်ဆိုင်ကို မနှစ်က ကျွန်တော့်အစ်မနှင့် ယောက်ဖလက်ထဲ အပ်ပြီး သူတို့ကတော့ အိမ်ဆိုင်မှာပင် ပစ္စည်းတချို့တလေကို အပျင်းပြေသဘောမျိုးနှင့်သာ ရောင်းနေကြသည်။
အဖေက ကျွန်တော့်ကို နယ်မြို့လေးမှာပင် လမ်းမဆုံးစေချင်၊ ဒါ့ကြောင့် မင်းကို ပညာသင်ပေးခဲ့တာလို့ ပြောလေသည်…၊ ငါတို့ကတော့ ပညာအမွေတော့ ပေးပြီးပြီ ၊ မင်းယောကျာ်းလေးပဲ ကိုယ့်လမ်းကိုယ် လျှောက်တော့ဟုဆိုပြီး ပြောခဲ့လေသည်၊ ဒီလိုနှင့် ရန်ကုန်ကိုရောက်ခဲ့တာ လေးနှစ်ထဲပင် ဝင်လေပြီ…..၊ ရောက်ရောက်ခြင်းတုံးက အဆက်အသွယ်နှင့် ဘက်ဂရောင်း မရှိ၍ အလုပ်တစ်ခုရဖို့ပင် မနည်းတိုးဝင်ရလေသည်၊ အခုတော့လည်း နေရာတစ်နေရာကို ရရှိခဲ့လေပြီ….၊ အိမ်ကို တစ်လတစ်ခါ ပိုက်ဆံပို့သော်လည်း အမေက ငါတို့စားနိုင်သောက်နိုင်ပါတယ် သားရယ်….. မင်းဘာသာမင်းပဲ စုထား၊ နောင်လိုရင် သုံးလို့ရတာပေါ့ဟု ပြောတော့ ဘဏ်စာအုပ်ထဲမှာပင် စုထားခဲ့သည်။
လုပ်ငန်းခွင်ထဲ စစချင်းဝင်တုံးကတော့ အိမ်မက်တွေများစွာဖြင့် အလုပ်ကို ကြိုးစားလုပ်ခဲ့သည်၊ ကိုယ်ဝါသနာပါသော အလုပ်ဖြစ်သဖြင့်လည်း ပျော်ရွှင်ခဲ့လေသည်…၊ အခုတော့ ကိုယ်လိုချင်သည့် နေရာတစ်နေရာကို ရောက်လာသော်လည်း ပျော်ရွှင်မှု အလျင်းမရှိ ၊ ရင်ထဲ တစ်ခုခုကို တမ်းတနေသည်…၊ အဖေ့ရဲ့ ဆူဟောက်သံကိုလည်း လွမ်းတယ်၊ အမေ့ရဲ့ ဟင်းလက်ရာတွေကိုလည်း လွမ်းတယ်ဗျာ….။
နောက်တစ်နေ့ ရုံးရောက်တော့လည်း ဒီနေ့လည်း မြတ်မင်းသန့် မလာနိုင်ဟူ၍ သိလိုက်ရသည်၊ သူလာလာမလာလာ ကျွန်တော်က အခွန်ရုံးသွားပြီး ပိုက်ဆံသွင်းရမည်ဖြစ်၍ သိပ်မထူးခြား… ရုံးတွင် နေ့စဉ်ဒူဝ ဖြတ်သန်းပြီး ရုံးဆင်းတော့ တိုက်ခန်းလေးထဲသို့ ပြန်ကာ အိပ်လိုက်လေသည်။
“ဒေါက်..ဒေါက် ဒေါက်.. မောင်လေး… ရဲမာန်ရှိလား…. မောင်လေး”
အခန်းတံခါးခေါက်သံကြား၍ အိပ်ပျော်နေရာမှ နိုးလာလေသည်၊ တံခါးဖွင့်လိုက်တော့ မျက်နှာချင်းဆိုင် တိုက်ခန်းက မသန္တာ ဖြစ်နေလေသည်၊ သူမက….
“အမအိမ်မှာ ပုဇွန်ဟင်းချက်လို့…. မောင်လေးတို့ဖို့ ပိုချက်ထားပြီး လာပို့တာ”
“ဟုတ်အစ်မ ၊ ပန်ကန် လှယ်ပေးလိုက်မယ်”
“ရတယ် မောင်လေး…. စားပြီးမှသာ ပြန်ပေးတော့”
“ဟုတ်…. ကျေးဇူးနော် အစ်မ”
ဟေဟေ့…. ရဲမာန်တို့ ဒီနေ့တော့ အူစိုပြီဟေ့ ဟု တွေးပျော်သွားပြီး အခါတိုင်းထက် ထမင်းကို ပိုချက်ကာ စားလေသည်၊ အိမ်ချက်လက်ရာနှင့် ဝေးနေသည်မှာ အတော်ကြာပြီဖြစ်၍ ထမင်းအိုး တစ်ဝက်လောက် ကုန်သွားလေသည်၊ ထိုမှသာ လက်ကို အရှိန်သတ်ပြီး ဟိန်းထက်ဖို့ ဟင်းကို ချန်ထားလိုက်လေသည်။
သောကြာနေ့ မနက်ခင်း၌ ရုံးသွားရန်အတွက် ဘတ်စ်ကားမှတ်တိုင်တွင် စီးမည့်ကားအလာ စောင့်ဆိုင်းနေတုံး
“ဟိတ်…ကိုရဲမာန်ကြီး”
ကျွန်တော် အနောက်လှည့်ကြည့်လိုက်တော့ နန်းဖူးဝတ်မှုံ ဖြစ်နေလေသည်၊ ကျွန်တော်က….
“အသေးလေး ၊ ရုံးတက်ရပြီလား….. ဒီနားမှာနေတာလား”
“ဟုတ်တယ် အစ်ကို… ပြောင်းလာတာ မကြာသေးဘူးရယ် ၊ အရင်က ဗိုလ်တစ်ထောင်ဖက်မှာ နေတာ”
“အဲ့တာဆိုရင်တော့ ရုံးတက်ရုံးဆင်း အဖော်ရပြီပေါ့”
“ဟုတ်တယ်….. ညီမလည်း ကိုရဲမာန်ကို တွေ့လိုက်လို့ ပျော်သွားတာ၊ အစ်ကိုလည်း စမ်းချောင်းမှာ နေတာပဲလား”
“အင်း.. မင်းလမ်းဖက်မှာလေ…. ညီမကရော”
“ကျွန်းတောလမ်းဖက်မှာနေတာ ၊ အဒေါ်တို့နဲ့ အတူနေတာဆိုတော့ သူတို့ပြောင်းလို့ ညီမပါ ပါလာတာ….. ဒီအလုပ်နဲ့ နီးတယ်ဆိုတော့ ကွက်တိပဲ”
“ကောင်းတာပေါ့”
“ကိုရဲမာန်.. ဒီနားလေး ဘယ်အဖျော်ရည်ဆိုင်ကောင်းလဲ”
“Tea Code ဆိုတဲ့ ဆိုင်လေးကောင်းတယ် ညီမ”
“ဒီတစ်ပတ် ရုံးပိတ်ရက်ကြရင် ညီမကို လိုက်ပို့ပါလား…”
“ဟုတ်ပြီလေ”
“ကိုရဲမာန် နှစ်ရာတန်ပါလား…. ညီမက ငါးရာတန်ကြီး ဖြစ်နေလို့”
“ပါတယ်…ရော့”
“အင်း… အခုမှပဲ အဆင်ပြေသွားတော့တယ်… မဟုတ်ရင် မသိတဲ့လူတွေကို လိုက်မေးနေရမှာ”
“ဟိုမှာ ကားလာပြီ.. ညီမ အရှေ့ကတက် မြန်မြန်”
ကျွန်တော်လည်း သူမအနောက်ကနေ အမြန်လိုက်တက်ပြီး ကားပေါ်နေရာယူလေသည်၊ သူမက ကျွန်တော့်အရှေ့ကနေ လူတွေကိုတိုးပြီး လူကြပ်နေသဖြင့် ထိုင်ခုံမရပဲ မတ်တပ်ရပ်ရလေသည်….၊ ကျွန်တော်လည်း သူမ၏အနောက်ကနေ ဘာတန်းကိုဆွဲကာ လိုက်ခဲ့လေသည်၊ ကားပြန်စထွက်သောအခါတွင် ကျွန်တော်က….
“ညီမ ဘားတန်းကို ကိုင်ထားလေ”
ဟု သတိပေးလိုက်သည်၊ သူမက ကျွန်တော့်ကို မော့ကြည့်ပြီး
“ညီမက လက်မှမမှီတာကို….. အရပ်ပုတယ်ဆိုပြီး နှိမ်တာလား….. ဟွန်း”
ဟူ၍ ပြုံးစိစိနှင့် မျက်စောင်းထိုးပြီး ပြောလေသည်။
“အဲ့တာဆိုလည်း ထိုင်ခုံကိုကိုင်ထား၊ ဒီကားက နောက်ငါးမှတ်တိုင်လောက်ထိ ကြပ်ဦးမှာ”
ကားက ကျွန်တော်ပြောသလိုပင် ရုံးတက်ချိန် လူတွေ တဖြည်းဖြည်း ပိုများလာသဖြင့် တော်တော်လေး ကြပ်လာလေသည်၊ ကျွန်တော်က အနောက်ကနေ နန်းဖူးဝတ်မှုံ၏ ခန္တာကိုယ် သေးသေးလေးကို အုပ်မိုးပြီး ကာပေးထားရသလို ဖြစ်နေလေသည်၊ လူများတိုးသောအခါ သူမရဲ့ အသားကို မထိမိစေရန်လည်း တောင့်ထားရသဖြင့် အတော်လေး ညောင်းလာလေသည်။
ဘာပဲပြောပြော နန်းဖူးဝတ်မှုံလို မိန်းမချောလေးကို ကာကွယ်ပေးထားရသလို ဖြစ်နေ၍ ပိတိဖြစ်တာလိုလို ဘာလိုလို ခံစားရသည်၊ သူမရဲ့ ဖြူဝင်းစင်ကြယ်သော အသားအရေ ကျောပြင်အထိ ချထားသော ဆံနွယ်လေးတွေကရသော ရနံ့သင်းသင်းလေး…. နောက်ပြီးတော့ သူမက ကျွန်တော့်ဖက်သို့လှည့်ကာ ပြုံးပြလိုက်တိုင်း ပေါ်လာသော ချစ်စရာ သွားညီညီလေး၊ သူမရဲ့ ရှမ်းသံဝဲသော စကားသံလေးတွေက တစ်ခွန်းပြောလိုက်တိုင်း ကျွန်တော့်နှလုံးသား ကျောက်တောင်ကြီးကို ဒိုင်းနမိုက်တစ်လုံးဖြင့် အခွဲခံလိုက်ရသလို လှုပ်ရှားစေသည်….၊ ဒီလို မခံစားခဲ့ရသည်မှာ နှစ်အတော်ကြာခဲ့ပြီးဟု ခံစားလိုက်ရသည်။
ယခင်ကတော့ ရုံးအသွား ဘတ်စ်ကားစီးရသည်ကို လူကြပ်၍ အင်မတန်မှ စိတ်ညစ်ညူးဖွယ် ကောင်းသည်ဟု ထင်မြင်ခဲ့သည်၊ အခုတော့ ကားပေါ်တွင် နန်းဖူးဝတ်မှုံလေး ပါလာတော့ လူရှင်းသွားမှာကိုပင် ကြောင်နေသလို ခံစားရသည်၊ ထိုသို့ အတွေးများနေစဉ် ဘေးနားက ထိုင်ခုံတစ်နေရာ လွတ်သွားလေသည်၊ ကျွန်တော်က….
“ညီမ…. ထိုင်လေ.. လွတ်သွားပြီ”
“အင်း….ကိုရဲမာန်.. ညီမကို အစ်ကို့ထမင်းဂျိုင့်ပေး ၊ ညီမ ကိုင်ထားပေးမယ်”
နန်းဖူးဝတ်မှုံက ကျွန်တော့်ထမင်းဂျိုင့်ကို ယူပြီးတော့ ဖွင့်ကြည့်လိုက်လေသည်…။
“ဟင်… ဘာကြီးလဲ၊ ကြက်ဥကြော်နဲ့ ဗလချောင်ကြော်ပဲလား”
“အစ်ကိုက ယောကျာ်းလေးလေ…. ထမင်းဂျိုင့်ပါလာတာတောင် ကံကောင်း”
“ဪ….. ညီမတို့နဲ့အတူ ထမင်းလာစားပါလား၊ နေ့လည်ကြ”
” ကြုံရင်တော့ စားတာပေါ့…. ကုမ္ပဏီမှာက အလုပ်ရှုပ်ကြတော့ ကိုယ့်အဖွဲ့နဲ့ကိုယ်ပဲ စားကြတာ များပါတယ်၊ အစ်ကိုက ကြက်ဥကြော်ရင်းပြီး တခြားသူတွေထဲက နှိုက်စားနေကြ ဟဲဟဲ”
“ဟုတ်ပါပြီ”
“အဲ..ညီမ ၊ ထတော့ အစ်ကိုတို့ဆင်းရမယ့် မှတ်တိုင် ရောက်တော့မယ်၊ နေရာယူထားရအောင်”
“ဟုတ်…ဟုတ်”
ရုံးသို့ရောက်ပြီး HR ဌာန တံခါးကိုဖွင့်ပြီး အခန်းထဲဝင်လိုက်တော့ ဇော်မျိုးနိုင်က…
“ကိုဆံရှည်ကြီး…..မောနင်း”
“မောနင်း…ငါ့ကောင်”
“ပြုံးစိစိနဲ့ပါလား.. ဘာတွေများ ပျော်စရာ တွေ့ခဲ့လို့လဲ၊ အခါတိုင်းဆိုရင် မျက်မှောင်ကြီး ကျုတ်နေပြီးတော့”
“ဘာကြောင့်လဲ မှန်းကြည့်လေ”
“ဟိုတစ်ယောက်ရဲ့ နောက်ဆုံးရက်မို့လို့လား” (မြတ်မင်းသန့်ကို ဆိုလိုသည်)
“မင်းတော်တယ်…မောင်ပြူး”
လို့ ပြန်ပြောပြီ ရောချလိုက်သည်။ ဘာကြောင့်ရယ်မသိ… ဒီနေ့တနေကုန် စိတ်ပျော်ရွင်နေသည်၊ မြတ်မင်းသန့်တစ်ယောက် ဖိုင်တွေမှားတွဲတာကိုပင် စိတ်မတိုမိ ၊ ညနေစောင်းတော့ မြတ်မင်းသန့်က…
“ဘရားသား…. သောကြာနေ့ဆိုတော့ အေးဆေးပဲမလား၊ ကလပ်သွားမလို့ လိုက်ခဲ့ပါလား”
“အိုကေလေ… ဘယ်သူတွေပါဦးမှာလဲ”
“ယောကျာ်းလေးတွေချည်းပဲသွားမှာ ဇော်မျိုးနိုင်ရော လိုက်မယ်တဲ့”
“အိုကေ… ရုံးဆင်းရင် အိမ်ခဏပြန်လိုက်ဦးမယ်၊ ပြီးမှဆုံကြတာပေါ့”
ရုံးဆင်းတော့ ကျွန်တော်က အိမ်ခဏပြန်ပြီး အနားယူကာ ရေချိုးလေသည်၊ တစ်ရေးတစ်မော လည်း အိပ်လိုက်သေးသည်၊ ည ၈ နာရီလောက်ကြတော့ ဇော်မျိုးနိုင်ဆီက ဖုန်းဝင်လာလေသည်….။
“ကိုဆံရှည်… ကိုမြတ်မင်းသန့်က ဘယ်လာခေါ်ရမှာလဲတဲ့”
“Spirit နားကနေ စောင့်နေမယ် ပြောလိုက်… ငါအခုထွက်ခဲ့ပြီ”
ဒီလိုနှင့် သုံးယောက်သား တွေ့ဆုံပြီး ကလပ်သို့ လိမ့်ခဲ့လေသည်၊ ဇော်မျိုးနိုင်က….
“ကိုရဲမာန်… ဆံပင်ကြီး ဖားလျားနဲ့ပါလား၊ ဒီလိုဆိုတော့ ကြောက်စရာကြီးဗျ”
“မင်းကလည်း ဘောင်းတီတိုနှံနှံနဲ့ပါလားကွ”
ဇော်မျိုးနိုင်က ကျွန်တော့်နားကပ်လိုက်ပြီး လေသံတိုးတိုးဖြင့်……
“သူငယ်ထောင်မလို့လေ.. ဟိဟိ”
“မြတ်မင်းသန့်ကိုလား”
“ကိုဆံရှည်ကလည်း… မစားကောင်းတဲ့ အသီးတွေ ရှောင်တယ်၊ ကလပ်ရောက်မှ ကြည့်ဆွဲမလို့”
“အေးပါကွာ”
ကလပ်ရောက်တော့ အချိန်စောသေး၍ လူသိပ်မရှိသေး ၊ မြတ်မင်းသန့်က စားချင်တာ မှာထားဆို၍ အရက်တစ်ပုလင်းနှင့် အမြည်းနည်းနည်းကိုမှာကာ ဖုန်းကြည့်ရင်း တစိမ့်စိမ့် သောက်သုံးလေသည်၊ လိုတာရှိရင်မှာနော် ကျွန်တော်က အေးဆေးပဲဟုပြောကာ မြတ်မင်းသန့် ဘောစိစတိုင် အထာဖမ်းလေသည်…၊ ကျွန်တော်က အမြင်ကတ်ကတ်ဖြင့် ဈေးကြီးသည့် အရက်တစ်လုံး ထပ်မှာလိုက်လေသည်။
ညနက်လာတော့ တဖြည်းဖြည်းနှင့် ကလပ်ထဲ လူပြည့်လာလေသည်၊ ဒီဂျေသမားလည်း ရောက်လာတော့ တီးလုံးမြူးမြူးများနှင့် ကကြခုန်ကြလေသည်….၊ ဇော်မျိုးနိုင်လည်း လှုပ်ပဲ့လှုပ်ပဲ့နှင့် ကလေသည်….၊ ကျွန်တော်ကတော့ Dancing Floor ထဲသို့မသွား…. အရက်ကိုပင် ဖိသောက်နေမိလေသည်၊ မြတ်မင်းသန့်က သူ့ဘော်ဒါတွေတွေ့တော့..
“ဘရားသား… ကျွန်တော် ဟိုဖက်ဝိုင်းကူးလိုက်ဦးမယ်”
“အေး အေး သွားကွာ၊ ငါက အေးဆေးပဲ”
မြတ်မင်းသန့်အကြောင်းလည်း အထာနပ်နေပြီဖြစ်၍ တခြားကို သွားခိုင်းလိုက်သည်၊ တစ်ယောက်ထည်း အေးဆေး ယာမကာမျိုရင်း ခုန်ပေါက်ကနေသော ဆော်လေးတွေကို လှမ်းကြည့်ပြီး မျက်စိအရသာခံနေလိုက်သည်၊ ထိုစဉ် ကျွန်တော့်ဘေးနားသို့ ကောင်မလေးတစ်ယောက် ရောက်လာပြီး…..
“တို့ကို အရက်ဝယ်မတိုက်ချင်ဘူးလား”
ဟု မေးလေသည်၊ ကျွန်တော် သေချာကြည့်လိုက်တော့ ထိုမိန်းကလေးမှာ ကျောင်းတုံးက သူငယ်ချင်းဖြစ်သော “စုမြတ်နိုး” ဖြစ်နေလေသည်…။
“အေး… စုမြတ်… နင်ဘယ်လို ဒီကိုရောက်လာတာလဲ၊ သောက်ချင်ရင် ဒီပုလင်းထဲက သောက်…၊ ငါတစ်ယောက်တည်း မကုန်ဖူးရယ်”
” ကလပ်က ၁၈ နှစ်ပြည့်ပြီးတဲ့သူတိုင်း ဝင်လို့ရတယ် မဟုတ်ဘူးလား”
“နင်က စကားကတ်ပြန်ပြီ…. ဘယ်သူတွေနဲ့ လာတာလဲလို့ မေးတာ”
“သူငယ်ချင်းတွေနဲ့လာတာ သူတို့နဲ့ ရောကနေရင်း မောလာလို့”
“ရော့ တစ်ခွက်မော့လိုက် ၊ မထင်မှတ်ထားတဲ့ တွေ့ဆုံမှုအတွက်”
“Cheer”
“Cheer 🥂🥂”
“ရဲမာန်… နင် HR အလုပ်က ထွက်လိုက်ပြီး ဂိုဏ်းစတား လုပ်နေတာလား”
“မဟုတ်ပါဘူး… ဘာလို့လဲ”
“ဆံပင်အရှည်ကြီးနဲ့ လူမိုက်ရုပ်ပေါက်နေလို့လေ”
“နင်ရော အရင်လို Marketing ပိုင်းမှာပဲလား”
“ဟုတ်တယ်…. နင့်သူငယ်ချင်းက စူပါဗိုက်စာ ဖြစ်နေပြီ… ဟားဟား”
“ရော…သောက်ပါဦး ၊ အမြည်းက ငါစားတာနဲ့ ကုန်နေပြီ… မှာပေးရဦးမလား စုမြတ်”
“ရတယ်…ရဲမာန်.. ငါ့ဘာသာ မှာလိုက်မယ်”
“သဘောပဲ”
ထို့နောက် သူငယ်ချင်းနှစ်ယောက် အရင်တုံးကအကြောင်းတွေရော အလုပ်အကြောင်းတွေပါ ပြောကြရင်းနှင့် ပုလင်းပြောင်အောင် ဖြိုလိုက်ကြလေသည်၊ ထိုအချိန်တွင် နာရီအတော်ကြာ ပျောက်နေသော ဇော်မျိုးနိုင် ပြန်ရောက်လာပြီ…
“ကိုဆံရှည်… သြ… အသိရောက်နေတာလား”
“ဟုတ်တယ်…. ပြန်တော့မလို့လား”
“အိမ်တော့မပြန်သေးဘူး အစ်ကိုကြီး…. ဟဲဟဲ ”
“အေးပါ အေးပါ”
“အဲ့တာဆို သွားပြီနော်”
ဇော်မျိုးနိုင်က ပြန်ထွက်သွားသည့်အခါတွင် ကျွန်တော့်သူငယ်ချင်းမလေး စုမြတ်နိုးက ကျွန်တော့်နားကပ်ကာ ရမ္မက်သံလေးဖြင့်…..
“ရဲမာန်.. ငါတို့လည်း ဒိုးရအောင်”
“အိုခေလေ… ဘယ်လှိမ့်ကြမလဲ”
“နားခိုရာနေရာ တစ်ခုခုပေါ့….. ဖိုးသားလေးရဲ့”
“ပြီးတာပဲ… သွားရအောင်လေ၊ နင့်ဘော်ဒါတွေကို နှုတ်ဆက်လိုက်ဦး”
“နင့်ဆီကိုလာကတည်းက နှုတ်ဆက်ပြီးသွားပြီ”
ကျွန်တော်လည်း စုမြတ်နိုး၏ လက်ကိုဆွဲပြီး ကနေကြသော လူအုပ်ထဲမှဖြတ်ကာ အပြင်သို့ ထွက်ခဲ့လေသည်၊ အပြင်ရောက်တော့ Taxi ငှားပြီး ကျွန်တော့် တိုက်ခန်းဆီသို့ မောင်းခိုင်းလိုက်လေသည်၊ စုမြတ်နိုးက Taxi အနောက်ခန်းထဲတွင် အနောက်ကို မှီထိုင်လာသည့် ကျွန်တော့်ရင်ဘတ်ကို လက်ဖြင့်ပွတ်သတ်ရင်း လည်ပင်းကို စုပ်နမ်းနေလေသည်…။
“စုမြတ်… ငါ့ကိုလွှတ်ပေးအုံး ၊ Taxi ပေါ်မှာရှိသေးတယ်လေဟာ”
“သူ့ဘာသာ ကားမောင်းနေတာပဲဟာ…. အေးဆေးပေါ့…. အင်း ပြွတ်”
“ကျွတ်…. မူးရင်လည်း အသာလေးနေစမ်းပါ… စုမြတ်ရာ”
ကျွန်တော် ဘာပြောပြော သူမက မသိချင်ယောင်ဆောင်ကာ ဆက်နမ်းပေးနေပြီး ရင်ဘတ်ပေါ်က သူမလက်ကို ကျွန်တော့်ဘောင်းဘီပေါင်ကြားထဲ အတင်းထိုးထည့်လေးသည်၊ ကျွန်တော်ကလည်း အားကျမခံ သူမ၏ ဘလောက်စ်ပေါ်ကနေ နို့အုံကို ညှစ်ကိုင်လိုက်ရင်း….
“ စုမြတ်… တော်တော့ ၊ ကားဆရာ အရှေ့နားလေးဆို ရောက်ပြီ”
“ဟုတ်ကဲ့ ဆရာလေး”
ကားပေါ်ကဆင်းပြီး တက်စီကားခရှင်းနေတုံးကိုပင် သူငယ်ချင်းမလေးက အနောက်ကနေ ကျွန်တော့ခါးကို မလွှတ်တန်း ဖက်ထားသေးသည်၊ ကားခရှင်းပြီးတော သူမက
“ရဲမာန်….. ဟိုတယ်မဟုတ်ဘူးလား… နင့်တိုက်ခန်းကို ခေါ်လာတာလား”
“ဟုတ်တယ်… ဒီနေ့ ဟိန်းထက်က သူ့ရုံးက ဘော်ဒါတွေဆီ သွားအိပ်မှာ”
“သူမရှိရင် ပြီးတာပဲကွာ…. ရဲမာန်လေး… ငါ့ကိုကျောပိုး”
“နင့်ကိုနင် အဲလိစဘတ် ဘုရင်မကြီးများ မှတ်နေလား၊ လမ်းလျှောက်… ငါကူတွဲပေးမယ်”
ဟု ပြောပြီး သူမကိုတွဲခေါ်ရင်း လှေကားပေါ်ကို တက်ခဲ့ကြသည်၊ တက်နေရင်းနှင့် စုမြတ်နိုးက
“ချစ်လိုစတာကို…ခွိ”
“နင် ရေချိန်ကိုက်နေပြီလား… စုမြတ်”
“နည်းနည်းပါ…. နင်နဲ့ကစားဖို့ အားရှိသေးတယ်”
“ငါက ကစားတာ နည်းနည်းကြမ်းတယ်နော်”
“ငါအပျိုမှေးမပေါက်ကတည်းက…. နင်နဲ့ဆော့လာတာပဲဟာ”
“ဟားဟား…. စုမြတ်… ငါတံခါး သော့ဖွင့်လိုက်ဦးမယ်၊ လှေကားလက်တန်းကို ကိုင်ထား”
သော့ပွင့်သွားတော့ ကျွန်တော်က သူမရဲ့လက်ကိုဆွဲပြီး အထဲသို့ ခေါ်လေသည်..၊ ပြီးနောက် ကျွန်တော့်အခန်းထဲသို့ဝင်ကာ..
“စုမြတ်.. ခဏနော်.. ကုတင်ပေါ်ကဟာတွေ…. ရှင်းလိုက်ဦးမယ်”
ကျွန်တော့်အိပ်ရာပေါ်တွင် ရှုပ်နေသော အင်္ကျီများ တဘတ်များ မြန်မြန်ရှင်းပြီး အနောက်ကို လှည့်ကြည့်လိုက်တော့ သူငယ်ချင်းမလေး စုမြတ်နိုးက အဝတ်တွေ အကုန်ချွတ်ပြီး၍ အမဲရောင်ဘရာနှင့် ပင်တီဝမ်းဆက်ဖြင့် အခန်းတံခါးဘောင်ပေါ် မှီရပ်နေသည်ကို တွေ့လိုက်ရသည်၊ ကျွန်တော်က ရှင်းပြီးပြီလို့လည်း ပြောရော ကျားသစ်မလေးလို ပြေးလာပြီး ကျွန်တော့်ကိုဖက်ရင်း နှုတ်ခမ်းချင်း ဆွဲနမ်းလေတော့သည်…။
“မြတ်နိုး…. အာ့…. အွင်း… ပြွတ်…. ပြွတ်… ပြွတ်”
စုမြတ်နိုး ပြေးလာသော အရှိန်ကြောင့် ကျွန်တော့်ခြေထောက်တွေ အနောက်သို့ ယိုင်သွားပြီး ကုတင်ပေါ် ဖင်ထိုင်ရက်ကျလေသည်၊ သူငယ်ချင်းမလေးက လက်နှစ်ဖက်ကို ဆန့်တန်းပြီး ကျွန်တော့်ကို အိပ်ယာပေါ် တွန်းလှဲလိုက်သည်၊ ပြီးနောက် သူမက ကျွန်တော့်အပေါ်ကို ခွတက်ကာ ဆံပင်ရှည်တွေကိုစည်းပြီး အောက်ကို ငုံ့နမ်းလေသည်….။
“အင်း…ပြွတ်….ပြွတ်…ပြွတ်..ပြွတ်စ်”
“နင့်နှုတ်ခမ်းနဲ့ အနမ်းပေးတဲ့စတိုင်ကို ငါလွမ်းနေတာ… အင်း… အင်း… ပြွတ်စ်…. ရဲမာန်ရာ… ဘယ်လိုပြောရမလဲ….. အင်း.. အင်း.. မွ… ပြွတ်.. ပြွတ်… ပြွတ်စ်… ငါ့ကိုဒီနေ့… အပီအပြင် ချစ်ပေးရမယ်နော် သူငယ်ချင်း… အင်း… ပြွတ်… ပြွတ်.. ပြွတ်စ်”
“နင်ပဲ ငါ့ကို အပေါ်ကနေ ချစ်နေတာ မဟုတ်ဘူးလား… စုမြတ်ရဲ့”
“နင်ငြိမ်ငြိမ်နေ… ရဲမာန်… ငါအရင်လုပ်မယ်…. အင်း… အင်း… ပြွတ်”
စုမြတ်နိုးက အနမ်းချင်းဖလှယ်တာကို ခဏရပ်လိုက်ပြီး ကျွန်တော့်မျက်နှာကို အပေါ်ကနေ စေ့စေ့ကြည့်ကာ….
“အရင်အချိန်တွေ ပြန်ရောက်သွားသလိုပဲဟာ”
“အင်း…အရင်အချိန်တွေအတိုင်းပဲ”
“Just like the old time”
“Yeah! Just like the old time”
( သတိပေးချက်။ ။ ယခုဖတ်ရှု့နေသော စာစဉ်သည် “ကျွန်တော့်ဂိုက်ဆရာမလေး” ၏ နောက်ဆက်တွဲ ဇာတ်လမ်း ဖြစ်သောကြောင့် ရဲမာန်နှင့် စုမြတ်နိုးတို့၏ ဆက်နွယ်မှုကို မသိပါက ဖတ်ရှုရသည်မှာ အရသာပေါ့နေလိမ့်မည်၊ သို့ဖြစ်၍ “ကျွန်တော့်ဂိုက်ဆရာမလေး” ဇာတ်လမ်းကို အရင်ဦးစွာ ဖတ်ထားသင့်ပါကြောင်း )
————————————
🧡အခန်း (၅) ရှေးဟောင်းနှောင်းဖြစ်🧡
“အင်း….ပြွတ်…ပြွတ်…ပြွတ်စ်”
စုမြတ်နိုးက ကျွန်တော့်ရှပ်အင်္ကျီရဲ့ ကြယ်သီးတွေကို တစ်လုံးချင်းဆီ ဖြုတ်လိုက်ပြီး ချွတ်ပေးလိုက်လေသည်၊ ပြီးနောက် ကျွန်တော့်လည်တိုင်ကနေ အောက်ကိုဆင်းပြီး နမ်းသွားလေသည်…။
“အင်း..အင်း..မွ..မွ…မွ”
“အင်း…စုမြတ်…ယားတယ်ဟ”
သူမက ကျွန်တော့်ရဲ့ ရင်အုပ်တစ်ခုလုံးကို နမ်းရှုံ့လိုက်ပြီး နို့သီးခေါင်းကို စုပ်ပေးလေသည်၊ အရင်က နို့သီးခေါင်းကို အစုပ်မခံရဖူးသေး…၊ ဒီကောင်မလေး ဘယ်ကနေ အတတ်ကောင်းတွေ တတ်လာသလဲမသိ၊ ကျွန်တော် မသင်ပေးဖူးခဲ့တာတော့ သေချာလေသည်…၊ အရသာမှာ ယားကျိကျိနှင့် တမျိုးလေး ဖြစ်လေသည်…..။ ထို့နောက် ကျွန်တော့်ရဲ့ ဘောင်းဘီရှည်ကို ခါးပါတ်ကနေ ဆွဲချွတ်ကာ အောက်ခံဘောင်းဘီပါ ကျွတ်ပြီးသား ဖြစ်သွားလေသည်၊ ကျွန်တော့်ငပဲက ဒေါင်လိုက်ထွက်လာတော့ သူမက ဂွင်းထုပေးရင်း လီးဒစ်ထိပ်ဖူးလေးကို စုပ်ငုံလိုက်လေသည်….။
“အား…ရှီး…စုမြတ်…. ဖြည်းဖြည်း”
သူငယ်ချင်းမလေးက ကျွန်တော့်လီးကို အားပါးတရ ငုံစုပ်ရင်း ပြုစုပေးလေသည်၊ ကျွန်တော် သူမရဲ့ဆံပင်လေးကို နားရွက်နောက်သပ်ပေးရင်း အရသာခံနေလေသည်၊ စုမြတ်နိုးက ဆရာကောင်းတပည့် ပီသည်ဟု ဆိုရမည်..၊ နှစ်တွေကြာသော်လည်း ကျွန်တော့်ရဲ့ အကြိုက်ကို အခုထိ သိနေသေးသည်…၊ လဥလေးတွေကိုလည်း ငုံစုပ်ပေးကာ လီးတံချောင်းကိုလည်း လျှာဖြင့် အောက်ကနေ အပေါ် လျက်ပေးလေသည်…..။
“အား….ရှီး..အု..အု..အု…အု…ဂွန့်”
ကျွန်တော်က သူမရဲ့ခေါင်းကိုကိုင်ကာ အောက်ကို ဆောင့်လိုက်တော့ သူမက ပေါင်ကိုရိုက်ကာ
“ရဲမာန်… အာခေါင်ကို ထိုးမိတယ်ဟ…… အရမ်းမလုပ်နဲ့”
“ဆောရီး…စုမြတ်”
စုမြတ်နိုးရဲ့ အပြုအစုအောက်မှာ ကျွန်တော် ပြီးချင်လာသည်….၊ အမှန်တိုင်းပြောရလျင် အခုနှစ်ပိုင်းတွေအတွင်း မိန်းမများနှင့် လိင်မဆက်ဆံဖြစ်…..၊ တစ်ခါတစ်ရံ ဇာတ်ကားကြည့်ပြီး အာသာဖြေတာလောက်သာ ရှိလေသည်…..။
“စုမြတ်….တော်တော့… ငါပြီးချင်လာပြီ”
“အွန်း…အွန်း… ငါ့ပါးစပ်ထဲမှာ ပြီးလိုက်”
“မဟုတ်ဘူး….. အခုလို မပြီးချင်လို့…. တော်တော့”
“အဲ့တာဆိုလည်း ပြီးတာပဲ…. နင်မလှုပ်နဲ့ ငြိမ်ငြိမ်နေ….. ရဲမာန်”
သူငယ်ချင်းမလေးက မလှုပ်ရန်ပြော၍ ပက်လက်လှန်ပြီး ငြိမ်ငြိမ်လေး နေလိုက်သည်၊ သူမက ပင်တီကိုချွတ်ပြီး ကျွန်တော့်ပေါ်တွင် မြင်းစီးရန် ပြင်ဆင်နေလေသည်…။
“စုမြတ်… မြန်မြန်လုပ်… ငါအိပ်ပျော်တော့မယ်”
“အင်းပါ… နင်ကလည်း”
တနေကုန် ရုံးတွင် ပင်ပန်းတာရော….. အရက်အရှိန်ကြောင့်ရောကြောင့် ကျွန်တော် ရီဝေဝေ ဖြစ်ပြီး အိပ်ပျော်ချင်နေလေပြီ၊ သူမက ကျွန်တော့်လီးကို တည့်မတ်လိုက်ပြီး ဖြည်းဖြည်းချင်း ထိုင်ချလိုက်လေသည်..။
“ဗြစ်……”
“အား..ရှီး….ရဲမာန်ရာ.….ကျွတ်”
အပေါ်က တက်ထိုင်လိုက်တော့ သူမကိုယ်အလေးချိန်ကြောင့် အဖုတ်ထဲကို လီးက တစ်အိအိ ဝင်သွားလေသည်၊ သူမ ဘယ်အချိန်ထဲက စိတ်ထနေသည်မသိ… စောက်ဖုတ်ထဲမှ အရည်ကြည်များ စိမ့်ကြလာပြီး ဆီးခုံးချင်းထိအောင် လီးက အထဲထိ ဝင်သွားလေသည်….၊ ကျွန်တော်လည်း အဖုတ်အတွင်းသားများ၏ အထိအတွေ့ကြောင့် ပြီးတော့မလို ဖြစ်သွားတာကို အမြန်ထိန်းလိုက်ရသည်…။
“အင်း…ဖတ်….ဖတ်…ဖတ်… ဖတ်… ရဲမာန်ရာ… နင့်လီးက…. ကြပ်နေတာပဲဟာ”
“ငါ့ညီလေးက နင့်ညီမလေးကို ဝမ်းပန်းတသာ နှုတ်ဆက်နေတာလေ… အင့်… အင့်”
“အား….ရှီး..ကောင်းလိုက်တာကွာ….. ဖတ်…. ဖတ်… ဖတ်… ဖတ်”
“စုမြတ်… ဘော်လီချွတ်လိုက်… နင့်နို့တွေ ကိုင်ချင်တယ်”
“အင်း…. အင်း……… ဖတ်…. ဖတ်…. ဖတ်…. ဖတ်”
“အား…အား…အား… အား…. အားးး”
ကျွန်တော်ပြောသလို သူမက လက်ကို အနောက်ပစ်ပြီး ဘော်လီဂျိတ်ကို ဖြုတ်ပေးလိုက်သည်၊ ထို့နောက် သူမရဲ့ ရင်သားနှစ်မွှာကို အောက်ကနေ ပင့်ကိုင်ပြီး ဆုပ်ချေလိုက်သည်…၊ စုမြတ်နိုးရဲ့ ချိုချိုတွေက အရင်ကထက် နှစ်ဆပိုပြီးထွားလာပြီး ကိုင်တွယ်ရသည်မှာ စီးစီးပိုင်ပိုင် ရှိလှသည်၊ သူမကတော့ အပေါ်ကနေ စောင့်ကြောင့်ထိုင်ပြီး စိတ်ကြိုက်ဆောင့်နေလေသည်။
“အား…အား..ရဲမာန်.. ကောင်းတယ်…. အား.. အား…. ဖတ်… ဖတ်…. ဖတ်”
“အွန်း…အွန်း..အွန်း.. နို့သီးခေါင်းတွေကို ချေပေး…. အင်း ဟုတ်တယ်… အဲ့လိုလေး..”
“အင်း…အင်း….. ဖတ်….. ဖတ်…ဖတ်…. ဟင်း… ဟင်း… ဟင်းး…….
သူငယ်ချင်းမလေး စုမြတ်နိုးက ဆောင့်နေရင်း အရှိန်တက်လာသည်ထင့်…. မျက်နှာလေးက ပန်းရောင်သန်းလာကာ ထုံးထားသော ဆံပင်ကလည်း လျှောကျလာပြီး ဖားလျားလေး ပြန်ဖြစ်သွားသည်၊ သူမ ပြီးခါနီးလာတော့ အောက်ကိုငုံ့ပြီး ကျွန်တော့်နှုတ်ခမ်းကို စုပ်နမ်းကာ ခါးကို နိမ့်ချည်မြင့်ချည် ကြွပြီး လီးကို အဖုတ်ထဲ နစ်ဝင်အောင် ဆောင့်ပြီး ဆက်ဆံလေသည်။
“ရဲမာန်ရာ..ကျွတ်စ်… ငါကောင်းလာပြီ…. အင်း… အင်း.. အင်း”
“ဖတ်….ဖတ်…. ဖတ်… ဖတ်… ဖတ်…. ဖတ်”
“အား….အား… အွင်း…. အွင်း…. အွန်း… အွန်း.. အွန်း….”
ကျွန်တော်က အောက်ကနေ သူမရဲ့ဖင်တုံးကြီးကို လက်ဖြင့်ထိန်းပေးပြီး ကူညီ၍ ဆောင့်ချပေးလေသည်…..။
“အင်း…အင်း…အင်း…ပြီးတော့မယ်…. ရဲမာန်…. အင်း.. အင်း”
“အား…အား..အား..အား….”
“ဖတ်..ဖတ်….ဖတ်….ဖတ်….ဖတ်”
“အားရှီး….. ပြီးပြီ…ပြီးပြီ…. အင်း.. အင်း.. အင်း…. အွန်း… အွန်း.. အွန်း……”
စုမြတ်နိုးတစ်ယောက် စောက်ဖုတ်အတွင်းသားတွေကို ဖိညှစ်ချလိုက်ရင်း ပြီးသွားလေသည်၊ ကျွန်တော်လည်း သူမပြီးသွားပြီး မကြာခင်မှာပဲ အောက်ကနေ သားအိမ်အ၀နှင့် ထိမိအောင် ပင့်လိုးပြီး ကာလကြာရှည် စုဆောင်းထားသည့် သုတ်ရည်များကို ပန်းထည့်လိုက်သည်..။
“အား….အား…စုမြတ်ရေ…. ကောင်းတာ…. အင်း.. အင်းးးး”
“အား…အား….အား… အား… အွန်း… အွန်း… အွန်း… အွန်း.. အွန်း..
သူငယ်ချင်းနှစ်ယောက် ကာမဂုဏ်လှေကို တက်ညီလက်ညီ လှော်ခတ်ပြီးနောက် ခြေကုန်လက်ပန်းကျသွားလေသည်၊ ကျွန်တော့်အပေါ် ဖိထားသော စုမြတ်၏ ကိုယ်လုံးကို ဘေးသို့တွန်းကာ ဆွဲချလိုက်လေသည်၊ အစကတည်းက အောက်မှာပိနေ၍ ခြေထောက်တောင် ကျဉ်ချင်သလို ဖြစ်နေလေသည်…၊ ကျွန်တော်က ကုတင်ပေါ်ကဆင်းကာ မတ်တပ်ရပ်လိုက်ပြီး ပက်လက်လှန်နေသော သူငယ်ချင်းမလေးကို ကုတင်စွန်းသို့ ဆွဲခေါ်လိုက်လေသည်……။
စုမြတ်နိုးကော အိပ်ယာခင်းပါ ကျွန်တော့်ဖက် ပါလာလေသည်၊ သူမ၏ ခြေထောက်နှစ်ချောင်း ကို ဆွဲဖြဲလိုက်ပြီး လီးကို အဖုတ်ထဲ နှစ်ထည့်ကာ ဒုတိယတစ်မောင်း ပြန်ဆွဲလေသည်၊ ဒီတစ်ခါ ဖြည်းဖြည်းချင်းပဲ စပြီး ညှောင့်လိုးသည်…၊ အရှိန်ရလာတော့ စုမြတ်နိုး ငြီးသံလေးသဲ့သဲ့ ပြန်ထွက်လာလေသည်….။
“အင်း….ဟင်း…. အင်းး… ဟင်းးး… အင်း….”
ပထမတစ်ချီ ပြီးထားသည်ကြောင့် နှစ်ယောက်လုံးရဲ့ အရည်ဖြူဖြူများက လီးကို အထုတ်အသွင်း လုပ်လိုက်တိုင်း တပျစ်ပျစ်နဲ့ ကပ်ပါလာသည်၊ ကျွန်တော်က စုမြတ်နိုးရဲ့ နို့အုံကိုကိုင်ရင်း အမဲရောင် နို့သီးခေါင်းလေးကို လက်မဖြင့် နာရီလက်တံအလိုက် ပွတ်ဆွဲပေးလိုက်သည်…။
“အင်း….ရဲမာန်…. ကောင်းတယ်… ဆောင့်ပေး…. ဟင့်”
“ဒီလိုလား…ရော့….. ဖတ်… ဖတ်… ဖတ်… ဖတ်”
“အင်း….ကောင်းတယ်… အဲ့လိုလေး…. အင်း…. အင်း… အင်း.. အင်း..”
“ဖတ်..ဖတ်….ဖတ်…ဖတ်… ဖတ်… ဗြစ်… ဗြစ်.. ဗြစ်… ဖတ်… ဖတ်… ဖတ်”
“အင်း…..ရဲမာန်.. မြန်မြန်လေး လိုးပေးပါတော့…. အင့်… ဟင့်… ဟင့်
“အား…အား….ဟုတ်တယ်…. အား…. အား… အား….. အား… အွန့်…. အွန့်”
ကုတင်းစောင်းတွင် မတ်တပ်ရပ်ကာ လိုးပေးနေရင်း ကျွန်တော့်ရဲ့ လက်ခလယ်ကို စုမြတ်နိုး ပါးစပ်ထဲသို့ ထည့်ပေးပြီး စုပ်ခိုင်းလိုက်သည်..၊ သူမကလည်း လက်ချောင်းကို လျှာနှင့်လိပ်ကာ စုပ်ပေးရင်း ရမ္မက်ထန်သော အကြည့်မျိုးနှင့် စိုက်ကြည့်ရင်း အလိုးခံသည်..။
“အွန်း…အွန်း….အွန်း..အွန်း…အွန်း…”
ကျွန်တော်က လက်ချောင်းကို သူမပါးစပ်ထဲကနေ ပြန်ထုတ်လိုက်သည်၊ ပြီးနောက် သူမရဲ့ လက်နှစ်ဖက်ကို လက်ကောက်ဝတ်ကနေ ဆွဲကိုင်ကာ သူမပြီးအောင် အမြန်ဆောင့်လိုးပေးလိုက်သည်…..။
“အား…အား…အား… ရဲမာန်… ပြီးပြီ… ပြီးပြီ… အား… အား… အား… အားး…. ဂွန်း…..”
တပည့်မလေးက ပြီးသွားပေမယ့် လက်ဦးဆရာကြီးက မပြီးသေး ၊ အလှည့်ကြ မနွဲ့စတမ်းပေါ့ စုမြတ်ရယ်…၊ ကာမခရီးဆုံး ရောက်သွားသဖြင့် ဓာတ်လိုက်သလို တုန်နေသော သူမရဲ့ ကိုယ်လုံးလေးကို ဘေးစောင်းပေးလိုက်သည်….၊ အထဲတွင်စိမ်ထားသော လီးကိုမချွတ်ပဲနဲ့ အရှိန်လျော့ပြီး ညှောင့်လိုးပေးနေလိုက်သည်၊ သူမအတွင်းသားတွေက အခုထိ လှုပ်စိလှုပ်စိဖြင့် ကျွန်တော့်လီးကို ဝန်ဆောင်မှုပေးနေဆဲ။
ကျွန်တော်က ဘေးတစောင်း တွဲကျနေသော စုမြတ်နိုးရဲ့ ရင်သားကို လက်ဖြင့်ကိုင်ပြီး လီးကို နာရီအလိုက် ဖီးလ်ခံလိုးနေလေသည်…၊ ခဏကြာတော့ လီးကို အဖုတ်ထဲမှ ခဏချွတ်လိုက်ပြီး သူမ၏ခြေထောက်ကို ကုတင်အောက်ဆွဲချလိုက်ကာ ကုတင်ပေါ် မှောက်လျက် ဖင်ကုန်းပေးသည့် အနေအထားသို့ ပြောင်းလိုက်သည်။
“ဇွိ… ဇွိ… ဇွိ…ဖတ်…ဖတ်…ဖတ်”
“အင်း…အင်း…အင်းးး…အင်းးး…..အင်း…..”
ထိုသို့ Doggy Style ဖြင့် လိင်အင်္ဂါချင်း ဆက်ယှက်ရင်း သူငယ်ချင်းမလေးရဲ့ ခရေပွင့်လေးကို လက်မဖြင့် သွေးတိုးစမ်းကာ အသွင်းအထုတ် လုပ်ပေးလိုက်သည်၊ သူမက ဘာမှမပြောတော့ ကျွန်တော်က…
“စုမြတ်… ငါ နောက်ပေါက် စမ်းကြည့်ချင်လို့”
“အင်း….သဘောလေ”
ကျွန်တော်က လီးကို အဖုတ်ထဲက ချွတ်လိုက်ပြီး ဖင်နှစ်ခြမ်းကိုဖြဲကာ စအိုပေါက်၌တေ့ပြီး ဖြည်းဖြည်းချင်း ဖိထည့်ကြည့်လိုက်လေသည်၊ လိုးထားသော အရှိန်ကြောင့် လိင်တံပတ်လည် ချွဲချွဲပျစ်ပျစ် အရည်များ ကပ်နေရာ စအိုပေါက်ထဲသို့ လီးဒစ်ဖူးလေး မြုတ်ဝင်သွားလေသည်…။
“အား…ရဲမာန်.. နာတယ်ဟ…. အတင်းမထည့်နဲ့”
“အေးပါ…အေးပါ.. မထည့်ပါဘူး… နင်လည်း စိတ်လျှော့ထား…. အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်…. တစ်… နှစ်.. သုံး”
ကျွန်တော် လီးကို နည်းနည်းထိုးထည့်လိုက်သည်…..။
“အာ့….အာ့…ဖြည်းဖြည်း….ဖြည်းဖြည်း”
“အင်း…အင်း… ထပ်မထည့်တော့ဘူး…. ဒီလောက်ပဲ…. စိတ်လျှော့ထား… စုမြတ်”
“အင်း….အင်း. ..အား…..အား…..”
သူငယ်ချင်းမလေး တအားနာနေမည်စိုး၍ လီးအချောင်းကို သုံးပုံနှစ်ပုံလောက်ပဲ သွင်းပြီး ရှေ့တိုးနောက်ဆုတ် လိုးပေးလိုက်သည်…။
“အား…အား…အား…အား..အား..အွန်း”
“စုမြတ်… ငါ နည်းနည်း ဆောင့်မယ်နော်”
“အား….အား…အား…အား… ရဲမာန်…. နာတယ်… အား… အား… အား… အားးး”
“စုမြတ်…ခဏလေးပဲ…. အင့်… အင့်.. ငါပြီးပြီ…. အင့်… အင့်.. အင့်.. ဟင်းးး”
“အားးး.. အားးး.. အားးးး.. အား… အားးးး… ကျွတ်.. အား.. အွန်း…..”
ကျွန်တော့်လီးဒစ်ကို စအိုကြွက်သားတွေက အတင်းညှစ်သဖြင့် ငါးမိနစ်တောင် မကြာလိုက်၊ ပြီးချင်လာသဖြင့် လီးကို စအိုထဲမှထုတ်ကာ သူမ၏ခါးပေါ်တွင် အရည်ဖြူများကို စွန့်ထုတ်လိုက်သည်၊ စုမြတ်နိုးလည်း အိပ်ယာပေါ်တွင် မှောက်ယက်လေး မျော့နေလေပြီ…..၊ သူမကို အသာဖက်ပြီး အိပ်ယာပေါ် တင်ပေးလိုက်သည်၊ ကျွန်တော်လည်း သူမနှင့်အတူတူ ကုတင်ပေါ် တက်လိုက်ပြီး စောင်အပါးလေး အတူခြုံကာ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး အိပ်စက်လိုက်ကြလေတော့သည်..။
မနက်လင်းတော့ ကုတင်ဘေးနားတွင်ရှိသော ပြတင်းပေါက်မှတဆင့် ဖြတ်သန်းလာသည့် နေရောင်ကြောင့် အိပ်ပျော်ရာမှ နိုးလာသည်၊ စုမြတ်နိုးကတော့ ကျွန်တော့်ဘေးနားတွင် ခွေခွေလေး အိပ်ပျော်နေဆဲ….၊ ရုံးပိတ်ရက်ဖြစ်၍ ဘာမှလုပ်စရာမလိုသည်ကြောင့် ဆက်မှိန်းနေလိုက်သည်….။
“ဒေါက်…ဒေါက်…ဒေါက်… ရဲမာန်… နိုးပြီလား… ငါပြန်ရောက်ပြီနော်”
“အင်း.. ဟိန်းထက်လား”
“မင်းအဖေဟေ့…. ငါ့နှယ်… မင်းဖို့ ရွှေပုလ္လင်က ဝက်သားကောက်ညှင်းထုပ် ဝယ်ခဲ့ပေးတယ်”
“ငါ ရေချိုးလိုက်ဦးမယ်…”
“အင်း…..ဝါးးး”
ဟိန်းထက်၏ အသံပြဲကြီးကြောင့် စုမြတ်နိုး အိပ်ပျော်နေရာမှ နိုးလာသည်၊ သူမက ကျွန်တော့်ကို ကြည့်ရင်း…
“အင်း…ရဲမာန်…… ဘယ်နှစ်နာရီ ရှိပြီလဲ”
“ကိုးနာရီးဆယ့်ငါး… ရုံးပိတ်ပါတယ်ဟ”
“စောနက… ငါကြားလိုက်တာ ဘယ်သူ့အသံလဲ”
“ဟိန်းထက်လေ….. သူ့ဘော်ဒါအိမ်က ပြန်ရောက်လာတာ”
“ဟင်…. အဲ့တာဆို ငါထမှဖြစ်တော့မယ်”
“ဘာဖြစ်လို့လဲဟ… ငါတို့ကျောင်းက ဟိန်းထက်လေ”
“ငါသိပါတယ်….”
စုမြတ်နိုးက အိပ်ယာပေါ်က ကဗျာကယာ ထလိုက်ပြီး ကြမ်းပြင်တွင် ကျနေသည့် သူမအဝတ်များကို တစ်လွှာချင်း ပြန်ဝတ်နေသည်၊ ကျွန်တော်က….
“မနက်စာ စားသွားပါဦးလား”
“တော်ပြီ… ငါအလျင်လိုနေပါတယ်ဆို”
“ဘာဖြစ်လို့လဲ”
“ငါ့ဘဲက ဟိန်းထက်တို့နဲ့ တစ်ရုံးထဲ…..အလုပ်အတူတူ လုပ်ကြတာဟ”
“ခဏနေပါဦး… နင်က စုမြတ်နိုး မဟုတ်ဘူးလား”
“နင် မုတ်ဆိတ်မွှေးမပေါက်ခင်က စုမြတ်နိုးတော့ မဟုတ်တော့ဘူးလေဟာ…”
“အိုး… နင်ပဲ အချစ်ကို အယုံအကြည်မရှိဘူးဆို…”
“အဲ့တာ အရင်ကပါ အခုမဟုတ်တော့ဘူး…. နောက်ပြီး ထပ်ပြောပြရရင် ငါက စေ့စပ်ပြီးသွားပြီ”
စုမြတ်နိုးက အပေါ်ထပ် ဘလောက်စ်အင်္ကျီကို ပြန်ဝတ်လိုက်ပြီး သူမလက်သူကြွယ်က လက်စွပ်ကို ကျွန်တော့်ကို ပြလိုက်သည်….။
“ဪ…..”
“ဒါဆို မနေ့ညက ငါနဲ့ဘာလို့အိပ်တာလဲ”
“ငါ့ဘဲနဲ့ စိတ်ဆိုးပြီး သူငယ်ချင်းတွေနဲ့ Club လိုက်လာတာဟ…. မနေ့က နင့်ကိုတွေ့တော့ ဘယ်လိုဖြစ်သွားတာလဲ မသိဘူး၊ အရက်အရှိန်ကြောင့်လည်း ပါမှာပေါ့…. ရဲမာန်”
“ဘာလဲ”
“ဟိန်းထက် ဘာလုပ်နေလဲ တစ်ချက်ကြည့်ပေးပါလား”
“ ရေချိုးခန်းထဲမှာ ရေချိုးနေတယ်”
“ဪ…အင်း”
စုမြတ်နိုးက မနေ့ညက သူမဝတ်လာသည့် ဒေါက်မြင့်ဖိနပ်ကို ဝတ်နေရင်းနှင့် တင်ပါးကို စမ်းလိုက်ပြီး…
“ရဲမာန်….. နင်မနေ့ညက ငါ့ကို နောက်ပေါက်ဖွင့်လိုက်တာလား..”
“အင်း… နင်ပဲ အဆင်ပြေတယ် ဆိုလို့လေ၊ မမှတ်မှိတော့ဘူးလား”
“ငါအပေါ်က တက်ဆောင့်တဲ့ ပထမတစ်ချီပဲ ကောင်းကောင်းမှတ်မှိတော့တယ်… အီး.. ထားပါတော့…”
“ဆောရီးပါ…”
“နောက်ပေါက်ကို ငါ့ဘဲဖို့ ဥထားတာဟ… ရဲမာန်ရ ၊ ရှေ့ကော အနောက်ကော နင့်လက်ချက်ပဲ”
“အရင်ဘဝက ရေစက်တွေကြောင့်မို့လို့ နေမှာပေါ့”
“အင်း… တပည့်မလေး ပညာကြွေးဆပ်တယ်လို့ပဲ သဘောထားလိုက်ပါတယ်”
စုမြတ်နိုးက အကုန်လုံး ဝတ်ဆင်ပြီးတော့ ကျွန်တော့်ပါးကို တစ်ချက်နမ်းလိုက်ပြီး….
“ငါသွားတော့မယ်… ရဲမာန်၊ နောက်တစ်ခါမှ ပြန်တွေ့ကြတာပေါ့ ၊ မနေ့ညက ငါ့ Fb acc ကို အပ် လိုက်တယ် မဟုတ်လား”
“အင်း… နင်မင်္ဂလာဆောင်ရင်လည်း ပြောဦး”
“နောက်နှစ်ပိုင်းလောက်မှပါ၊ နောက်တစ်ခါ Club မှာ ထပ်တွေ့ရင် ငါ့ကို စကားလာမပြောနဲ့တော့”
“ဟုတ်ပါပြီ စုမြတ်ရယ်”
“အင်း… ငါသွားပြီနော်… ဟိန်းထက်ကို ပြန်မပြောနဲ့ဦး…. ဒါနဲ့ စကားမစပ် မနေ့ညက တော်တော် ကောင်းတယ်….. ငါဘဲရသွားတာ နှမြှောစရာပဲ”
“တစ်ခုလိုချင် တစ်ခုကို စွန့်လွှတ်ရတယ် ကလေးမ…”
“နင်လည်း ရည်းစားရရင် ငါ့ကိုပြောဦး….. လက်စားပြန်ချေမလို့ ၊ ဒါပဲ… ဒါပဲ သွားပြီ”
“အေး… ဖြေးဖြေး….”
စုမြတ်နိုးကို လှေကားထိ လိုက်ပို့ပြီး အခန်းထဲ ပြန်ဝင်ခဲ့လိုက်သည်၊ ဟိန်းထက် ရေချိုးခန်းထဲက ထွက်လာတာမြင်တော့ ကျွန်တော်က….
“ စုမြတ်နိုးက မင်းတို့ရုံးကတစ်ယောက်နဲ့ စေ့စပ်ပြီးသွားပြီဆို”
“အေး ဟုတ်တယ်လေ…. ငါမင်းကို ပြောဖို့ မေ့နေလို့၊ မင်းဘယ်လိုသိတာလဲ”
ဟု ဟိန်းထက်က ဆံပင်ရေစိုကို တံဘတ်နှင့် ခါသုတ်ရင်း ပြန်ပြောလေသည်၊ ကျွန်တော်က
“မနေ့က Facebook မှာ စကားပြောဖြစ်လို့ပါ ၊ ငါအခုထိ မယုံနိုင်သေးဘူး ဖြစ်နေတာ၊ သိတယ်မလား…. အရင်က သံယောဇဉ်များမှာစိုးတာလိုလို၊ အိမ်ထောင်ရေးကို စိတ်ကုန်နေတာလိုလိုဆိုတော့”
“အရာရာပြောင်းလဲကုန်ပြီ သားကြီး…. မင်းလည်း ရည်းစားထားတော့”
“ဘာမှလည်းမဆိုင်ဘူး”
“မင်းက တာထွက်စောပြီး လမ်းတစ်ဝက်မှာ အိပ်ပျော်နေတဲ့ ယုန်နဲ့လိပ် ပုံပြင်ထဲက ယုန်ကြီးလိုပဲ…. အိပ်နေရာကထပြီး ပြေးပါတော့ကွာ… ဆံပင်တွေလည်း ရှည်နေပါပြီ”
“ဒီတစ်ပတ် မင်းသန့်ရှင်းရေးလုပ်တဲ့ အလှည့်နော်… ဟိန်းထက်”
“အေး.. ငါညနေကြ လုပ်လိုက်မယ်”
ကျွန်တော် အခန်းထဲသို့ ပြန်ဝင်လာတော့ ဖုန်းတစ်ကောဝင်လာ၍ အားသွင်းကြိုးကိုဖြုတ်ကာ ဖုန်းလက်ခံလိုက်သည်…။
“ဟယ်လို….ဘယ်သူလဲမသိဘူး”
“ဟယ်လို… ကိုရဲမာန်လားရှင့်”
“ဟုတ်ပါတယ်ဗျ…. ဘယ်ကဆက်တာလဲ မသိဘူး”
“စမ်းချောင်း…ကျွန်းတောလမ်းထဲကပါ”
“ဪ….. နန်းဖူးဝတ်မှုံလား”
“ဟုတ်ပါတယ်ရှင့်…. အစ်ကို ဒီနေ့အားတယ်မလား”
“အင်း….အားပါတယ်”
“ဟိုတစ်နေ့က အစ်ကိုပဲ ညီမကို စမ်းချောင်းထဲ လျှောက်လိုက်ပြမယ်ဆို”
“ဪ….အင်း ညီမ ၄၅ မိနစ်လောက် စောင့်ပေး၊ အစ်ကို စောနကမှ အိပ်ရာနိုးလို့”
“ ရပါတယ်ရှင့်… ညီမလည်း ရေမချိုးရသေးဖူးရယ်”
“ဟုတ်ပါပြီ ဘယ်ကိုလာခဲ့ရမလဲ”
“ကျွန်းတောလမ်းကို သိတယ်မလား… လမ်းထဲဝင်လာရင် ရဲဝန်ထမ်းတွေနေတဲ့ ရဲရိပ်သာ ရှိတယ်၊ အဲ့နားရောက်ရင် ညီမကို ဖုန်းတစ်ချက်ဆက်လိုက်”
“ဪ..သိပြီ၊ အဲ့တာဆို ခဏနေ တွေ့ကြမယ်”
“ဟုတ်ကဲ့”
ကျွန်တော်လည်း ရေချိုးခန်းထဲသို့ဝင်ကာ ရေအလျင်အမြန် ချိုးလိုက်ပြီး အဝတ်အစားလဲလိုက်သည်၊ ဗိုက်ဆာနေပြီ ဖြစ်သော်လည်း အချိန်မလောက်တော့သဖြင့် နန်းဖူးဝတ်မှုံနှင့် တွေ့မှပဲ ဆိုင်တစ်ဆိုင်မှာ ဝင်စားမည်ဟု ဆုံးဖြတ်လိုက်သည်….။
အားလုံးပြင်ဆင်ပြီးတော့ ဟိန်းထက်ကို အပြင်သွားမယ်ဟု အကြောင်းကြားပြီး တက်ကြွသော ခြေလှမ်းများဖြင့် တိုက်ခန်းပေါ်မှ ဆင်းခဲ့လေသည်၊ သူမပြောသလို ကျွန်းတောလမ်းထဲက ရဲရိပ်သာနားရောက်တော့ ဖုန်းတစ်ချက်ဆက်လိုက်သည်..။
“ဟယ်လို…..ညီမ.. အစ်ကိုရောက်ပြီနော်”
“အင်း… ညီမလည်း ထွက်လာပြီ…. အစ်ကို့ကိုတွေ့တယ်…. ညာဖက်လမ်းကို ကြည့်လိုက်”
ဖုန်းထဲက ပြောသလို လှည့်ကြည့်လိုက်တော့ တီရှပ်အဖြူ၊ ဘောင်းဘီတိုလေးနှင့် ကျွန်တော့်ဆီသို့ ခုန်ဆွခုန်ဆွနှင့် ပြေးလာသော နန်းဖူးဝတ်မှုံကို တွေ့လိုက်ရလေသည်။
————————–
🧡အခန်း (၆) မတော်တဆ🧡
“အစ်ကိုရဲမာန်…. ရောက်တာကြာပြီလား….”
“အခုမှရောက်တာ.. ရောက်ရောက်ချင်း ဖုန်းဆက်လိုက်တာ”
“အင်း… ညီမလည်း အိမ်ကအဒေါ် ပွစိပွစိလုပ်နေတာနဲ့ စောစောထွက်လာခဲ့လိုက်တာ”
“အင်း…. အစ်ကို မနက်စာမစားရသေးလို့၊ ဗိုက်ဆာနေပြီ… မြန်မြန်သွားကြရအောင်”
“ဟုတ်…. ညီမတော့ စောနတုံးကမှ မနက်စာစားခဲ့တာ၊ ဘယ်သွားကြမလဲ ကိုရဲမာန်”
“ဟိုတစ်နေ့က ညီမကိုပြောတဲ့ ကော်ဖီဆိုင်ပဲ သွားမယ်လေ ၊ အဲ့က ပေါင်မုန့်မီးကင် စားကောင်းတယ်”
“ဟုတ်”
“သွားကြမယ်လေ….လာ”
နန်းဖူးဝတ်မှုံလေးက ကျွန်တော့်ရဲ့ဘေးတွင် ပုံမှန်ခြေလှမ်းလေးဖြင့် ပါလာလေသည်၊ သူမ၏ ပုံစံက လူငယ်ဆန်ပြီး ချစ်စရာကောင်းလေသည်…..၊ တီရှပ်ဗြောင် အဖြူရောင်လေး၊ ဦးထုပ်အဝိုင်းလေးကိုလည်း ဆောင်းထားသေးသည်၊ သူမရဲ့ ဖြူဝင်းပြီးသွယ်လျတဲ့ ခြေတံလေးတွေကြောင့် ဝတ်ထားသော ဂျင်းဘောင်းဘီအတိုနှင့် လိုက်ဖက်လွန်းလှသည်၊ နောက်ပြီး သူမစီးထားတဲ့ အဖြူရောင် Sneaker လေးတစ်စုံ…။
ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တော့ ဂျင်းဘောင်းဘီအပြဲအရှည်နှင့် DC/AC Brand တံဆိပ်ရိုက်ထားသည့် အမဲရောင်တီရှပ်ကိုသာ ဝတ်ဆင်ခဲ့လေသည်၊ ပြီးတော့ စီးထားတဲ့ ဖိနပ်က ရေချိုးခန်းသုံး ဖိနပ်ပုံစံပေါက်နေသော Raider ဖိနပ်….၊ အပြင်မထွက်တာကြာလို့ အဝတ်အစားဆိုင်ရာ ဖက်ရှင်ပိုင်းမှာ နောက်ကောက်ကျကျန်ခဲ့ပြီ များလားလို့ တွေးမိသေးသည်။
နန်းဖူးဝတ်မှုံလေးနဲ့ အတူတွဲလျှောက်တော့ ဖြတ်သွားဖြတ်လာတွေက မသိမသာ ခေါင်းငဲ့ကြည့်ကြသည်….၊ ကျွန်တော်နဲ့ မတူမတန်သလို ၊ ကိုယ့်ဘက်ကို ယက်ပြီး လိပ်စကားပြောရလျင် ဒီဖက်ခေတ် ဘဲလေးတွေလိုတော့ ရောင်စုံအဝတ်အစား ဒီဇိုင်းအဆန်းများနှင့် ကိုရီးယားမင်းသားယောင်ယောင် ပုံစံမျိုးမဟုတ်ပေမယ့် ယောကျာ်းတစ်ယောက်အနေနဲ့တော့ ကြည့်ကောင်းသည်ဟု ယူဆသည်၊ ဆံပင်ကလည်း ရှည်နေတော့ လမ်းသရဲပုံစံပေါက်နေတာကြောင့်လည်း ဖြစ်ကောင်းဖြစ်လိမ့်မည်၊ နောက်တစ်ခု ဖြစ်နိုင်ချေ ရှိသေးတာက နန်းဖူးဝတ်မှုံက အရမ်းလှသောကြောင့်လည်း ဖြစ်နိုင်လေသည်…..။
“ကိုရဲမာန်…. ဘာတွေ တအားတွေးနေတာလဲ၊ လမ်းလည်းကြည့်လျှောက်ဦး… ခလုတ်တိုက်မိနေလိမ့်ဦးမယ်”
“အင်း ညီမက အရမ်းလှလာတော့… ဘယ်လိုပြောရမလဲ ၊ ဘေးနားဖြတ်သွားတဲ့လူတွေက အစ်ကို့ကို ဘုကြည့်ကြည့်သွားတဲ့အကြောင်း တွေးနေတာ”
“ဒါဆို အစ်ကိုပြောတာက ညီမက ငယ်ငယ်တုံးက မချောဘူးတဲ့လား”
“အဲ့လိုမဟုတ်ပါဘူး..၊ ညီမငယ်ငယ်တုံးကလည်း ချစ်စရာကောင်းပါတယ်….၊ ပိစိလေးလေ၊ ဟုတ်ပါဘူး အသေးလေး…..၊ အ… အခုကတော့ ပိုချောလာတာပေါ့ သိတယ်မလား… ကလေးလေးလို မဟုတ်ပဲနဲ့ မိန်းမပျိုလေးတစ်ဦးလို”
“ကိုရဲမာန်ကြီးက အရမ်းစကားတတ်တာပဲတော့.. ခစ်ခစ်”
နန်းဖူးဝတ်မှုံတစ်ယောက် ကျွန်တော်ပြောတာကို သဘောခွေ့သွားပြီး လက်မောင်းကို လာရိုက်လေသည်၊ ပြီးနောက် သူမက…
“အစ်ကိုလည်း ခန့်လာပါတယ် ၊ ပိုပြီး လူကြီးရုပ်ပေါက်လာတယ်….၊ ဆံပင်ကလည်း အရှည်ကြီး..၊ စစတွေ့တုံးကဆို Rocker ကြီးမှတ်နေတာ…..
“အင်း…”
“ရှုပ်ရှုပ်ယှက်ယှက်ဝတ်ကြတဲ့ ကောင်လေးတွေနဲ့စာရင် အစ်ကို့လို ရိုးရိုးရှင်းရှင်း ဝတ်စားတဲ့ ယောကျာ်းလေးကိုပဲ ညီမက ပိုသဘောကျတာ”
“ဟုတ်လား… ညီမကလည်း အမြှောက်ကျွမ်းပါတယ်နော်”
“ဟုတ်လား…..ခစ်ခစ်…ခစ်ခစ်”
နန်းဖူးဝတ်မှုံက အဲ့လိုပြောလာတော့ ကျွန်တော့်ခြေဖျားနှင့် မြေကြီး လွတ်သွားသည်အထိ ကျေနပ်သွားသည်…။ ပါးစပ်ကလည်း ပြုံးဖြီးဖြီးနှင့် အရှိန်ကို သတ်မရတော့…. ဟီဟီး။
“ညီမ.. အရှေ့နားဆို ရောက်ပြီ”
“ဪ…အဲ့ဆိုင်လား”
“လာလေ..အထဲဝင်ရအောင်”
ဆိုင်ထဲကိုရောက်တော့ မီနူးကြည့်ပြီး စားသောက်ဖို့ မှာကြလေသည်….၊ သူမက…
“ကိုရဲမာန်.. အရင်မှာလေ ၊ ဗိုက်ဆာနေတယ်ဆို”
“အင်း… ဟုတ်တယ် ၊ ကျွန်တော့်ကို ပေါင်မုန့်မီးကင်တစ်ပွဲနဲ့ ကာပူချီနိုတစ်ခွက်…၊ ပေါင်မုန့်က Garalic butter သုတ်မယ်နော်”
“ညီမရော..ဘာစားမလဲ”
“ကော်ဖီပဲ သောက်တော့မယ်… ညီမကိုလည်း ကာပူချီနိုတစ်ခွက်ပဲ ပေးပါတော့”
“ဘယ်လောက်ကျလဲဗျ”
“ညီမရှင်းလိုက်မယ် ကိုရဲမာန်”
“နေပါစေ…. အစ်ကို ဝယ်ကျွေးပါ့မယ်”
“ ကျေးဇူးပါ….အာရီဂါတို”
“ဂျပန်စကားတတ်တယ်လား”
“ဟင့်အင်း…. ကော်နီချီးဝါးနဲ့ အာရီဂါတိုပဲရတာ… ခစ်ခစ်”
“ဟိုဖက်ထောင့်က စားပွဲ သွားထိုင်ရအောင်”
ထိုသို့ဖြင့် ကော်ဖီဆိုင်ထောင့်က စားပွဲဝိုင်းလေးတွင် နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည် ၊ ကျွန်တော်က သူမကိုကြည့်ပြီး…
“ညီမက တကယ်ချောတာလာပဲ ၊ တက္ကသိုလ်တုံးက Queen မလား”
“မဟုတ်ရပါ.. Queen ပြုတ်လေးပါ၊ အစ်ကိုရော တက္ကသိုလ်မှာတုံးက ရည်းစားဘယ်နှစ်ယောက် ထားခဲ့တာလဲ”
“တစ်ယောက်ပါပဲ ၊ ရွက်ကြမ်းရေကျိုလေးဆိုတော့ အငြင်းခံရတာများတယ်”
“အယ်…လျှိုထားပြန်ပြီ ၊ တကယ် တစ်ယောက်တည်းလား… အခုလည်း ရည်းစားရှိတယ်မလား”
“အဟုတ်ပါဆို၊ ရည်းစားမရှိတာ… ခြောက်နှစ်ပြည့်တော့မယ်….. အစ်ကို့ရဲ့ ဘော်ဒါတွေဆို လူပျိုကြီးပေါက်စလို့တောင် ခေါ်နေကြပြီ”
“အဲ့တာဆို တကယ်ကြီး တစ်ယောက်တည်း ထားဖူးတာပေါ့နော်”
“အင်း…… ညီမကရော ကောင်လေးတွေ ဘယ်နှစ်ယောက်ထားဖူးလဲ”
“ညီမလည်း တစ်ယောက်ပါပဲ၊ တက္ကသိုလ်တုံးက… အဲ့ဒီတစ်ယောက် သစ္စာမရှိလို့ ဖျက်လိုက်တာ”
“ဪ.. အင်း…. အခုကော”
ကျွန်တော်မသိမသာ စကားနှိုက်ကြည့်သည်…..၊ လိုက်ဖို့အထိတော့ စိတ်ကူးမရှိသေးပေမယ့် ရည်းစားရှိမရှိ သိထားတော့ ပိုကောင်းတာပေါ့နော်…။
“ရည်းစားရယ်လို့တော့ မရှိသေးပါဘူး၊ ဒီအတိုင်း လာအီတဲ့ လူတချို့ကို စကားပြန်ပြောတာပဲ ရှိတာပါ”
“အင်း… ကောင်းတာပေါ့ ၊ တစ်ယောက်ထည်း လွတ်လွတ်လပ်လပ်ဆိုတော့”
“ညီမနဲ့ အတူနေတဲ့ အဒေါ်ကလည်း အရမ်းစည်းကမ်းကြီးတာရယ်၊ လိုင်းသုံးတာတောင် လာလာချောင်းကြည့်တတ်တာ”
“အမေတို့ကရော…. သာစည်မှာပဲလား”
“ဟုတ်တယ်အစ်ကို… ဒီတစ်ခေါက် အိမ်ပြန်ရင် အတူပြန်လို့ရပြီ”
“အခုမှ အလုပ်ဝင်တာကို… ခွင့်ရက်ရှည်က လိုချင်နေပြီလား”
“သီတင်းကျွတ် ပိတ်ရက်တို့ ဘာတို့ ပြောတာပါ…. ကို HR ကြီးကလည်း”
ကျွန်တော်တို့နှစ်ယောက် စကားပြောလို့ ကောင်းနေတုံးမှာပင် မှာထားသည့် ကော်ဖီနှင့် ပေါင်မုန့်မီးကင် ရောက်လာ၍ စကားပြတ်သွားသည်၊ ဗိုက်ဆာဆာနှင့် စားလိုက်ရာ ပေါင်မုန့်မီးကင်နှစ်ချပ် ခဏအတွင်းမှာပင် ကုန်သွားလေသည်၊ ကျွန်တော် ကော်ဖီငုံ့သောက်နေတုံး နန်းဖူးဝတ်မှုံက…
“ကိုရဲမာန်… ဒါပြီးရင် ဘယ်သွားကြမလဲ”
“ညီမ ဘယ်သွားချင်လဲ…. Junction Square သွားကြမလား… စမ်းချောင်းမှာတော့ စားသောက်ဆိုင်တွေပဲ ရှိတာရယ်”
“ခါတိုင်း ရုံးပိတ်ရက်ဆို ကိုရဲမာန် ဘယ်သွားလဲ”
“ဒီကော်ဖီဆိုင်လာတယ် ၊ ပြီးရင်တော့ ဂိမ်းဆိုင်ပေါ့”
“ကွန်ပြူတာဂိမ်းလား”
“မဟုတ်ဖူး PS4 လေ…”
“ဩ… ညီမ နောက်ဆုံးသိတာတော့ PS3 ပဲသိတာ ၊ PS4 တောင် ထွက်နေပြီလား”
“ဟုတ်တယ်… Graphic တွေ ရုပ်ထွက်တွေကလည်း ရှယ်ဖြစ်သွားပြီ”
“အဲ့တာဆို ညီမတို့ သွားဆော့ကြမလား”
“ဟင်…. ညီမက ဆော့တတ်လို့လား ၊ ပြီးတော့ ဂိမ်းဆိုင်မှာက ယောကျာ်းလေးတွေချည်းပဲ”
“ဘာဖြစ်လဲ…. အစ်ကိုပါနေတာပဲဟာ”
“ညီမက ဆော့တတ်လို့လား”
“အယ်… ကိုရဲမာန် အတိတ်မေ့သွားတာလား၊ ညီမရဲ့အမေက သာစည်မှာစပြီး PS2 ဆိုင်ဖွင့်တာလေ…”
“ ကျောင်းဘေးနား တိုက်ခန်းကဆိုင်လား”
“အဲ့တာ ညီမတို့ဆိုင်ပဲလေ ကိုရဲမာန်ရဲ့…. ဆိုင်ပိတ်ပြီး ညဆိုရင် ညီမနဲ့ ညီမအစ်ကိုနဲ့ ဆော့ကြတာ”
“ဪ.. အဲ့တာဆို စကာကြီးပေါ့”
“အဲ့လိုတော့လည်း မဟုတ်ပါဘူး ၊ နောက်ပိုင်းကြ အမေက မဆော့ခိုင်းတော့ဘူးရယ်.. ညီမကလည်း ညနက်တဲ့အထိ ဆော့တာကိုး… ဟီး”
“အဲ့တာဆို သွားကြတာပေါ့… အစ်ကိုလည်း နှစ်ယောက်ဆော့ချင်တဲ့ Game ရှိတယ်”
“အင်း…အင်း…သွားမယ်…သွားမယ်”
ထို့နောက် ကော်ဖီဆိုင်ကနေ ကျွန်တော်ဆော့နေကြ ဂိမ်းဆိုင်သို့ သွားကြပြန်သည်၊ ဂိမ်းဆိုင် ရောက်တော့ ဆိုင်ပိုင်ရှင်အစ်ကိုကြီးက…
“မောင်ဆံရှည်…. ဒီနေ့ဘာဆော့မှာလဲ… အဲ… ဂိမ်းဆိုင်ကို ကောင်မလေးပါ ခေါ်လာတာလား”
“ဟို ထောင်ဖောက်ဂိမ်းလေ…. A Way Out ဆိုတဲ့ဟာ ထည့်ပေး၊ သူက ကျွန်တော့်ကောင်မလေး…”
“ဟုတ်တယ်ရှင့်……. ကျွန်မ သူ့ကို စိတ်မချလို့ လိုက်လာတာ”
ကျွန်တော် စကားမဆုံးခင်မှာပင် နန်းဖူးဝတ်မှုံက သွက်လက်စွာ အဖြေပြန်ပေးလိုက်သည်၊ သူမ ပါလာ၍ သီးသန့်အခန်းလေးထဲတွင် နေရာယူလိုက်ရသည်….၊ ကျွန်တော်က အခန်းတံခါး ပိတ်လိုက်ပြီး…..
“ကဲ… ရော့ ခလုတ်၊ ရှင်းပြစရာတော့ မလိုလောက်တော့ပါဘူး…. P2 တုံးကလို 🎮🎮🎮 ပဲ”
“ဟင်… ကြိုးမပါတော့ဘူးလား… မိုက်တယ်”
“စောနက ဘာလို့ အစ်ကို့ကောင်မလေး ယောင်ဆောင်လိုက်ရတာလဲ”
“ဪ.. ညီမ ရည်းစားမရှိဘူးဆိုတာ ဂိမ်းဆိုင်လာတဲ့သူတွေသိရင် ဖွန်ဝိုင်းကြောင်ကြမှာပေါ့ ရှင့်”
“ညီမက ဖြတ်ထိုးဉာဏ်ကောင်းသားပဲ၊ ဟုတ်သား နို့မို့ဆို အစ်ကိုလည်း သက်သာမှာမဟုတ်ဘူး”
“မိန်းကလေးတိုင်း အဲ့လိုပါပဲရှင်… အဲ.. ဂိမ်းက.. လာပြီ.. လာပြီ ၊ ဆော့ကြရအောင်”
ထို့နောက် နှစ်ယောက်အတူတူ PS4 ဂိမ်းကို ဆော့ကြသည်၊ နန်းဖူးဝတ်မှုံကလည်း ဂိမ်းဂျိုးလေး ဘာမှသိပ်မသင်လိုက်ရ…၊ အတူဆော့ရသည်မှာ အပေးအယူတည့်လေသည်၊ သူမကတော့ ပြောင်းလဲသွားတဲ့ Resolution ရုပ်ထွက်ကို ကြည့်ဆော့ပြီး အရသာတွေ့နေလေသည်၊ သူမက…
“ကိုရဲမာန်….. ရုပ်ထွက်တွေက ရှယ်ကြီးပဲနော်”
“အင်း…ဟုတ်တယ်”
“ဇာတ်ကောင်တွေဆိုလည်း မွှေးညင်းပေါက်လို အသေးစိတ်ကအစ လူနဲ့တူတာနော”
“ဟုတ်တယ်..ဟုတ်တယ်”
“တစ်နာရီ ဘယ်လောက်ပေးရလဲ”
“တစ်ထောင်”
“ညီမတို့ ဆိုင်ဖွင့်တုံးက တစ်နာရီ နှစ်ရာပဲ ရှိတာရယ်”
“အခုက စက်ဖိုးကို ငါးသိန်းကျော်ရှိတယ်”
ထို့သို့ဖြင့် လေးနာရီခန့်မျှ ဂိမ်းဆော့ပြီးနောက် ရောက်သည့်လယ်ဗယ်ကို save လိုက်သည်၊ နန်းဖူးဝတ်မှုံက အရင်ကလို Memory Card မလိုတော့ဘူးလားဟု မေးလေသေးသည်၊ ပြီးနောက် ဆိုင်ရှင်အစ်ကိုကြီးအား ကျသင့်ငွေရှင်းကာ ဂိမ်းဆိုင်မှ ထွက်လာခဲ့လေသည်။
အပြင်ရောက်တော့ လမ်းလျှောက်ရင်းနဲ့ နန်းဖူးဝတ်မှုံက အညောင်းဆန့်ပြီး…..
“ဝါး… ညောင်းလိုက်တာ… အင်း ကိုရဲမာန်…. ညီမဗိုက်ဆာပြီ တစ်ခုခု သွားစားရအောင်”
“အင်း… အစ်ကိုရောပဲ… မနက်က ဟုတ်တိပတ်တိ မစားရသေးဖူး၊ ဘာစားချင်လဲ ညီမရေ”
“အလုံက Hot Pot City ကို သွားစားရအောင်လေ၊ အစ်ကိုကြိုက်တယ်မလား”
“အင်း အဝစားမလား… တန်အောင်ကြိတ်ကြတာပေါ့၊ ဘတ်စ်ကားစီးသွားရအောင်”
“အင်း…”
ကားမှတ်တိုင်ရောက်တော့ စီးမယ့် Bus မလာခင် ထိုင်စောင့်ရင်း ကျွန်တော်က……
“ဒါနဲ့ ညီမကို ဘယ်လိုနာမ်စားအနေနဲ့ ခေါ်ရင် ကောင်းမလဲ စဉ်းစားနေတာ၊ အရင်လို အသေးလေးလို့လည်း ခေါ်လို့မကောင်းတော့ဘူးဆိုတော့”
“အဲ့တာဆို နန်းလို့ပဲ အဖျားဆွတ်ခေါ်လေ ၊ အသေးလေးလို့ခေါ်လည်း ညီမက ဘာမှမဖြစ်ပါဘူး”
“အင်း အလုပ်ထဲ ရောက်နေကြပြီဆိုတော့ အသေးလေးလို့ ခေါ်လို့မှ မဖြစ်တော့ပဲ”
“ညီမကတော့ ကိုရဲမာန်လို့ ခေါ်လို့ အဆင်ပြေတယ်၊ အဲ့လိုပဲ ခေါ်မယ်နော်”
“အင်း.. ကိုဆံရှည်လို့တော့ မခေါ်နဲ့”
“ဟုတ်…ကိုဆံရှည်…ခစ်”
“ဟိုမှာ စီးရမယ့်ကားလာပြီ တက်ရအောင်”
ကျွန်တော်နှင့် နန်းဖူးဝတ်မှုံ တို့သည် စမ်းချောင်းကနေ အလုံဖက်သို့ လှိမ့်ခဲ့ပြီး Hot Pot City တွင် နေ့လည်စာနှင့် ညနေစာပေါင်းကာ အဝအပြဲ တွယ်ကြလေသည်၊ နန်းဖူးဝတ်မှုံကလည်း လူကောင်လေးနဲ့မှ မလိုက်……. ကျွန်တော့်ထက်ပင် ပို၍ စားနိုင်လေသည်.…၊ သူမဘေးမှာ အဖြူရောင်ခွက်တွေ တပုံတပင်….။
စားသောက်ပြီးသောအခါတွင် သူမနေအိမ်အထိ ပြန်လိုက်ပို့ပေးပြီး ကျွန်တော့်တိုက်ခန်းသို့ ပြန်လာခဲ့လေသည်၊ နာရီကိုကြည့်လိုက်တော့ ညနေငါးခွဲနေပြီ… အချိန်တွေ ဘယ်လိုကုန်လွန်သွားသည်ပင် သတိမထားမိလိုက်….၊ ဒီနေ့တစ်နေကုန် သူမနှင့် ပျော်ခဲ့ရသည်မှာ တစ်မျိုးလေး ကြည်နူးဖွယ်ကောင်းလေသည်။
ပြုံးပြုံးကြီး စိတ်ကူးယဉ်ပြီး လမ်းလျှောက်တော့ ခလုတ်တိုက်မိလေသည်၊ သို့သော် အပြုံးကား မပျက်ချေ…၊ ဘာပဲပြောပြော ဒီတစ်ရက်တာတွင် ကျွန်တော်နှင့် အနီးတစ်ဝိုက် ရာသီဥတုမှာ အတိုင်းထက်အလွန် သာယာခဲ့ပါသည်ဟုပင် ပြောရချေလိမ့်မည်။
ရုံးတက်ရတဲ့နေ့ ရောက်သောအခါ HR ဌာနတွင် မြတ်မင်းသန့်ကို တွေ့လိုက်ရတော့ ကြည်လင်နေသောစိတ်များ ပြန်လည်ညစ်နွမ်းသွားရသည်၊ မြတ်မင်းသန့်က…
“Good morning ဘရားသား….”
“ဘယ်လိုဖြစ်ပြီး စောစောရောက်နေတာလဲ၊ မင်း တခြားဌာနသွားရမှာ မဟုတ်ဘူးလား”
“အင်း… အရင်တစ်ပတ်က ရုံးပျက်ရက်များသွားလို့၊ အမေက ဒီမှာပြန်ဆင်းလို့ ပြောလို့”
“ဘယ်နှစ်ရက်လဲ”
“ဒီတစ်ပတ်လုံးပဲ”
“ဪ…. အေးပါကွာ၊ မင်းအရှေ့မှာ အလုပ်လာလျှောက်တဲ့လူတွေလာရင် CV form ဖြည့်ခိုင်းလိုက်…. နောက်လိုတဲ့ဟာတွေ ငါပြောပေးမယ်”
“အေးဆေးပေါ့…ဘရားသား”
“ကျန်တဲ့လူတွေရော မရောက်သေးဘူးလား”
“မိန်းကလေးနှစ်ယောက်တော့ ရောက်ပြီ ၊ Admin ဖက်က အကူအညီတောင်းလို့ ရုံးအောက်ဆင်းသွားတယ်”
“ကိုဆံရှည် မင်္ဂလာပါ”
ကျွန်တော်နှင့် မြတ်မင်းသန့် စကားပြောနေတုံး ဇော်မျိုးနိုင်တစ်ယောက် ရုံးရောက်လာလေသည်၊ ကျွန်တော်က…
“ဇော်မျိုးနိုင် ဒီနေ့ Fringerprint စာရင်းတွေ အကုန်လုပ်ပေးနော်၊ နောက်တစ်ပတ်ကြ ငါလစာတွေ တွက်ရတော့မှာ”
“ဟုတ်… ကိုဆံရှည် ၊ မနက်ဖြန်အပြီး ရစေရမယ်”
“ငါ ဒီနေ့လို့ ပြောတာလေကွာ… တစ်ယောက်တည်း အဆင်မပြေရင် ကိုမြတ်မင်းသန့်ကို ကူခိုင်းလိုက်”
“ဟုတ်”
ထိုအခါ မြတ်မင်းသန့်က ကျွန်တော့်အား…
“ဘရားသားက လစာတွေ တွက်ရတာပေါ့”
“အငယ်ပိုင်းတွေပါ အကြီးပိုင်းတွေက မခိုင်ဇာမြင့်ပဲကိုင်တာ၊ ဘာဖြစ်လို့လဲ”
“ဘရားသားရော လစာ ဘယ်လောက်ရလဲ”
“လေးပုံးကျော်ကျော်လောက်ပါပဲ”
“မန်နေးဂျင်းဒါရိုက်တာတို့ဆိုရင် ဘယ်လောက်များရတယ် မသိဘူး”
ဟု စကားနှိုက်သည်၊ ကျွန်တော်က
“ငါလည်း ဘယ်သိမှာတုံး ၊ အဲ့တာတွေက အစ်မပဲ ကိုင်တာရယ်”
“သဲသဲဦးပြောတော့ ဘရားသားက အကြီးတန်းတွေဖိုင်ရှိတဲ့ ဗီဒို ဖွင့်လို့ရတယ်ဆို၊ တစ်ခါမှ မကြည့်ဖူးဘူးလား”
“တစ်ခါပဲ မခိုင်ဇာမြင့်ခိုင်းလို့ လုပ်ဖူးတာပါ၊ ငါဘာမှမသိပါဘူးကွာ”
စိတ်ထဲတွင်တော့ ပါးစပ်ဖွာသော မိသဲသဲဦးကို ကျိန်ဆဲနေမိသည်၊ မြတ်မင်းသန့်ဆိုတဲ့ အကောင်က အခုတော့ ကျွန်တော့်ကို မရမက စကားနှိုက်တော့မည်မှန်း သိရှိလိုက်လေသည်၊ ဒေါ်ခိုင်ဇာမြင့် ပြောထားသလို ကျွန်တော်တို့ ကုမ္ပဏီ၏ အတွင်းရေးတစ်ချို့ကို တစ်ဖက်လှည့်နှင့် စုံစမ်းခိုင်းထားတာမျိုး ဖြစ်လိမ့်မည်ဟု ယူဆရလေသည်။
နေ့လည်စာ ထမင်းစားချိန်နားတော့ တိုက်တိုက်ဆိုင်ဆိုင် နန်းဖူးဝတ်မှုံတို့ Finance ဌာနအဖွဲ့နှင့် သွားဆုံလေသည်၊ ထို့နောက် စားပွဲခုံအရှည်ကြီးတွင် နှစ်ဖွဲ့အတူတူ ထမင်းစားကြသည်…..၊ ဟင်းက တစ်ယောက်တစ်မျိုး ဆိုသော်လည်း လူအများ စုလိုက်သည့်အခါ စားချင်းစဖွယ် ဖြစ်သွားလေသည်၊ ကျွန်တော်ကတော့ ထုံးစံအတိုင်း ကြက်ဥကြော်ပင်…၊ အနည်းငယ် ပြောင်းလဲလိုက်သည်က ကြက်ဥမွှေကြော်ထဲ ကြက်သွန်နှင့် ငရုတ်သီး ပါးပါးလှီးထည့်ထားခြင်းပင်။
နန်းဖူးဝတ်မှုံက ကျွန်တော့်ဟင်းချိုင့်ကို ကြည့်ပြီး ပြုံးစိစိ ဖြစ်သွားသေးသည်….၊ အဖွဲ့လိုက် ဟင်းတွေ ဖလှယ်ပြီး စားကြတော့ သူမက ပုဇွန်ဆီပြန်ဟင်းကို တခြားသူတွေ အာရုံများနေစဉ် ကျွန်တော့်ဖက်ကို တွန်းပို့လိုက်သည်၊ နန်းဖူးဝတ်မှုံက ကျွန်တော့်အား မြန်မြန်ယူစားရန် မျက်စိတစ်ဖက်မှိတ်ပြီး အချက်ပြလိုက်လေသည်။
ကျွန်တော်က သူမဂျိုင့်ထဲက ပုဇွန်တစ်ကောင်ကို ယူလိုက်သည်၊ သူမက လက်ကို နောက်ပြန်မဆုတ်ပဲ နောက်တစ်ကောင် ထပ်ယူရန် အရှေ့ကို တွန်းပို့လေသည်၊ အားနာသော်လည်း နောက်တစ်ကောင်နှင့် ဟင်းအနှစ်လေးပါ ယူပေးလိုက်သည်။ (အားနာလို့တော်သေးတာပေါ့ ဟိဟိ) ၊ ထိုအခါမှသာ သူမက ပြုံးပြပြီး လက်ကို အနောက်ပြန်ရုတ်သွားလေသည်၊ ကျွန်တော့်ဘေးနားထိုင်နေသော ဇော်မျိုးနိုင်က စားပွဲခုံအောက်ကနေ ဒူးကို တိုက်လိုက်ပြီး….
“ကိုဆံရှည်…. ခင်ဗျားက ဘာလဲ”
“ဘာမှမဟုတ်ပါဘူးကွ”
“ကျွန်တော် အကုန်မြင်လိုက်ပါတယ်နော်…. ဆရာသမားကလည်း”
“မြင်ရင်လည်း အသာနေ….. ဒီအတိုင်းအသိပါ”
ဇော်မျိုးနိုင်က ဘာမှပြန်မပြောတော့ပဲ ကျွန်တော့်အား ပြုံးစိစိနှင့်သာ စိုက်ကြည့်နေတော့သည်၊ ဇော်မျိုးနိုင်တို့လို လူမျိုးတွေ (Homosexual) က သမီးရည်းစား ကိစ္စမျိုးဆိုလျင် အင်မတန်မှ အကင်းပါးလှသည်၊ ဟင်းပေးသော ကိစ္စလေးတစ်ခုကိုပင် ဘယ်သူက ဘယ်လိုဟု လျင်မြန်စွာ မှတ်ချက်ချနိုင်စွမ်းမှာ မိန်းကလေးများထက်ပင် သာလွန်ကြလေသည်။
ထမင်းစားပြီး ဂျိုင့်တွေသိမ်းကာ ဌာနသို့အပြန်တွင် ဖုန်းတစ်ကော ဝင်လာလေသည်၊ ဘယ်သူဆက်တာလဲဟု ကြည့်လိုက်တော့ ဟိန်းထက် ဖြစ်နေလေသည်….၊ ဒီကောင် ဒီအချိန် ဖုန်းဆက်လေ့မရှိပါဘူး၊ ဘာများထူးလို့လဲဟု တွေးပြီး ဖုန်းကိုင်လိုက်လေသည်…။
“ဟယ်လို ဟိန်းထက်… သားကြီး.. ပြော ဘာဖြစ်လို့လဲ”
“ဟယ်လို…. ကိုရဲမာန်လား မသိဘူး ရှင့်”
တစ်ဖက်က ဖုန်းဖြေသံမှာ ဟိန်းထက်မဟုတ်ပဲ မိန်းကလေးအသံ ဖြစ်နေလေသည်၊ ကျွန်တော်က ဖုန်းကို နားနှင့်ခွာကာ Contant ကို ပြန်ကြည့်တော့လည်း ဟိန်းထက်ဖုန်းပဲ ဖြစ်လေသည်….။
“ဟုတ်ပါတယ်ဗျ ”
“ကျွန်မက ဟိန်းထက်ရဲ့ ကောင်မလေးပါ အစ်ကို”
“ဟုတ်….ပြောပါဗျ”
“ဟိန်းထက် ကားအက်စီးဒင့်ဖြစ်လို့…. အခု ဆေးရုံရောက်နေတာ၊ တစ်ချက်လောက် လာကြည့်ပေးလို့ရမလား”
“ဟာ…ဘယ်လိုဖြစ်တာတုံး၊ ဒဏ်ရာတအားများလား”
“ကျွန်မလည်း မသိသေးဘူး၊ လမ်းကူးတုံး Taxi ကားနဲ့ ပွတ်မိသွားတာ…. ခြေထောက်တော့ ထိသွားတယ်လို့ ပြောတယ်”
“ရန်ကုန်ဆေးရုံကြီးမှာပဲလား”
“ဟုတ်တယ်ရှင့်…. ကျွန်မက ထမင်းစားနားချိန် လိုက်ပို့တာ၊ ရုံးက အရေးကြီးကိစ္စရှိလို့ ပြန်သွားရဦးမှာ… အဲ့တာ ကိုရဲမာန် ခွင့်ယူလို့ရရင် ခဏလောက် လာစောင့်ပေးပါလားလို့”
“အင်း..အင်း..အခုလာခဲ့မယ်”
“ဟုတ်…. ကျွန်မလည်း ညနေရုံးကကိစ္စပြီးရင် တန်းပြန်လာမှာပါ၊ ဒီခဏ သူတစ်ယောက်တည်း ဖြစ်နေမှာစိုးလို့”
“အင်း..အင်း.. ကျွန်တော် နေ့ဝက်ခွင့်ယူပြီး လာခဲ့လိုက်မယ်”
“ဟုတ်..ကျေးဇူးပါနော်”
ထို့နောက် ကျွန်တော်လည်း မခိုင်ဇာမြင့်ကို အကျိုးအကြောင်းပြောပြီး နေ့ဝက်ခွင့်ယူကာ ဟိန်းထက်ဆီသို့ Taxi ငှားပြီး သွားရလေတော့သည်။



