ထို့ကြောင့် Chann Ko ဟုခေါ်သည်
ရေးသားသူ – ChannKo (ချမ်းကို)
အဖြစ်အပျက်တွေရဲ့ မူလအစကာလတဝိုက်က ကျနော် တော်တော်လေလွှင့်နေတဲ့ အချိန်ပေါ့ဗျာ။ အရက်ကို တော်တော်သောက်နေတဲ့အချိန် (အခုလည်း မသောက်တာကလို့ ဟီဟိ) လူမှုရေးကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး မိန်းကလေးတစ်ယောက်နဲ့ အသိအကျွမ်းဖြစ်ခဲ့ရတယ်။ အင်း.. ပြောစရာရှိလာတာက အသိဖြစ်တယ်ဆိုတာကလည်း လူချင်းမဟုတ်ဘူးဗျ။ ဟုတ်ကဲ့ ဒီဖက်ခေတ်က ထုံးစံအတိုင်း အွန်လိုင်း Gtalk ပေါ့လေ။ ဒီလိုပြောလိုက်လို့ ဟာဗျာ.. ခင်ဗျားဟာကြီးက သူလိုငါလို ကလီရှေးဇာတ်ကြီးပါလို့ အထင်မစောပါနဲ့ဦး။ ဆက်ဖတ်ပါဦး ကိုယ့်လူတို့ရယ်။
အွန်လိုင်းဖွန်ကြောင်ဘာညာဆိုတာ ကျနော့်အတွက် ဘာမှကိုအဓိပ္ပါယ်မရှိ၊ မမြင်ရတဲ့ဟာကြီးဆိုပြီး စိတ်ကိုမပါပါဘူးဗျာ။ (မမြင်ရတဲ့ဟာဆို တစ်ချပ်မှောက် ဖဲလောက်ပဲ ကြိုက်တာလေ အဟိ)။ အခုဟာက ဖွန်ကြောင်တာလည်း မဟုတ်ဘူးဗျ။ အခု နင်က လူမှုရေးကိစ္စတစ်ခုကြောင့် ဟိုပြောဒီလေးလောက်နဲ့တင် ပြီးသွားတာပဲ။ အဲ့ဒီဂျီတော့ခ်ထဲကဟာကို မိန်းမဆိုတာလောက်ပဲသိတာ ဖြူမှန်းမဲမှန်း ကြီးမှန်းသေးမှန်းတောင် သိတာမဟုတ်ဘူး။
ဒီလိုပဲနေလာလိုက်ရင်း တစ်ရက်တော့ မူးကြောင်ရူးကြောင် ရေချိန်အကိုက်မှာ လှမ်း chat လိုက်မိတယ်။ ထောင့်သိပ်မကျိုးဘူးဗျ။ ပြန်ပြောချင်သလိုလို မပြောချင်သလိုလိုနဲ့။ ဒါပေမယ့် ကျနော့်ကို ဆွဲဆောင်ထားတာ တစ်ခုရှိတယ်။ ပြန်ရိုက်လာတဲ့စကားတွေက တောင်မရောက် မြောက်မရောက် မဟုတ်ဘူး။ ဆိုလိုတာက အဲ့ဒီကာလတုန်းက ကျနော် ဗမာလက်ကွက် မရိုက်တတ်ဘူးရယ်။ ကုလားဖြူလိုပဲ chat ရတာလေ။ sar pe p lar တို့ဘာတို့ တစ်ဖက်က ရိုက်လာရင် မဖတ်တတ်တဲ့အပြင် ကုလားဖြူလို chat ပြန်ရင်လည်း ကပေါက်တိကပေါက်ချာတွေ လျှောက်ပြောတတ်တဲ့လူက ခပ်များများရယ်ဆိုတော့ ဒီအခု ပြန်ပြောနေတဲ့ အမျိုးသမီးရဲ့ ကုလားဖြူစာတွေကို သဘောကျသွားတယ်ဆိုပါတော့။ ဒါနဲ့ မူးကြောင်ကြောင်နဲ့ လျှောက် chat နေတာ အဆင်ကိုပြေနေတယ်ဗျ။။
အမှန်အတိုင်းပြောရရင် ကျနော် အဲ့လို ကုလားဖြူစာကောင်းကောင်းတတ်တဲ့ ဗမာမမျိုး မကြုံဖူးဘူးဗျ။ အဲ့ဒီမတိုင်ခင်က အင်တာနက်ကို ကောင်းကောင်းသုံးခဲ့ဖူးပေမယ့် နိုင်ငံတကာဖိုရမ်တွေလောက်ပဲ လျှောက်သွားပြီး သောင်းကျန်းနေခဲ့တော့ ဗမာကောင်မလေးတစ်ယောက်နဲ့မှ အခုလို အားရပါးရ စာရိုက်ပြီး စကားမပြောဖူးဘူး။ လိုတိုရှင်းပြောရရင် ဆတ်တောက်ဆတ်တောက်နဲ့ တော်တော်ပြောဖြစ်သွားတယ်ဆိုပါတော့။
နောက်ရက်တွေကြတော့ မတွေ့ဖြစ်ပြန်ဘူး။ အားတိုင်း chatting တွေဘာတွေ ဝင်ထိုင်ဖို့လည်း ပျင်းတယ်ဗျ။ ကျနော်က ဂစ်တာနုတ်စ်ရှာတာ၊ သတင်းဖတ်တာ၊ လိုချင်တဲ့စာအုပ်တွေ ဒေါင်းတာလောက်ပဲ အင်တာနက်သုံးတဲ့ကာလကိုး။ တွေ့တိုင်းလည်း ဟိုင်း ဟယ်လို လုပ်ပြီး လျှောက်ပွားနေတာမျိုး မဟုတ်ဘူးလေ။ ဒါပေမယ့် မူးလာတိုင်းတော့ လျှောက်ပြောတယ်ဗျ ဟီးဟီး။
အဲ့လိုပြောလာရင်းနဲ့ ဘာတွေသိလာသလဲဆိုတော့ ဒီအမျိုးသမီးဟာ ကျနော်သိသမျှ ဘာမဆို အကုန်သိနေတယ်ဗျ။ ဒါဟာ ကျနော့်အတွက်တော့ ထူးဆန်းလွန်းနေတယ်။ တစ်ဘဝလုံးမှာ တွေ့ဖူးသမျှ မိန်းမဆိုတာတွေက (မမဝင်နီနဲ့ မနီနီချိုက လွှဲပြီး) ပိန်းတိန်းတိန်းတွေက ခပ်များများရယ်မလား။ ကျနော်သိသမျှ ဆိုတာက စာအုပ်စာပေ ဘာညာကို ဆိုလိုချင်တာပါ။ ဟိုဟာပြောလိုက်လည်း သိတယ်။ ဒီဟာဆိုလည်း သြော် အဲ့ဒါဟိုဟာလေပေါ့။ ကျနော့်အတွက် မူးကြောင်ရူးကြောင်ဖြစ်တိုင်း လေပန်းအာလူးဖုတ်စရာ ဘော်ဒါတစ်ယောက် ဖြစ်လာတယ်ဆိုပါတော့။
တစ်ခု သတိထားလာမိတာက အဲ့ဒီအမည်မသိအမျိုးသမီးရဲ့ အပြောအဆို အမူအကျင့်တွေဟာ ကျနော်ချိုကန်း ငယ်ငယ်က သောက်ချိုးတွေနဲ့ တထေရာထဲ ဖြစ်နေတာဗျ။ ကျနော်ငယ်ငယ်က ဘယ်လိုအချိုးမျိုးလဲဆိုတာ ကျနော့်ဇာတ်လမ်းတွေဖတ်ဖူးတဲ့ ခင်ဗျားတို့ သိမှာပါ။ စကားပြော မောက်မာမယ်၊ ဆိုးတေတေ အချိုးမျိုးရှိမယ်၊ လူတွေအထင်ကြီးတာမျိုးကို ရွှံရှာစက်ဆုတ်သလို လုပ်တယ်၊ တစ်ဖက်လူကို သရော်တော်တော် လှောင်တောင်တောင် စကားမျိုး ပြောတတ်တယ်၊ တစ်ခုခုဆို မင်းသိတာ ဒါအကုန်ပဲပေါ့နော် ဆိုတဲ့ (အဲ့လိုအဓိပ္ပါယ်ပေါက်တဲ့) ရိသဲ့သဲ့အထှာမျိုး လုပ်တတ်တယ်။ ပြောရရင် ပိုတယ်ထင်မယ်။ တထေရာထဲ ဆရာတို့ရေ။
သူ့အပြောအရ မိန်းကလေးလို့သာသိရတာ ကျနော်ကတော့ ငယ်ငယ်က ချမ်းကိုလေးကို ကိုယ့်ဘာသာကို ပြန်စကားပြောနေရသလို ထင်လာတယ်။ တစ်ခုခုအကြောင်း စကားစပြောရင်း အဆင်မပြေဖြစ်လို့ ဝုန်းဒိုင်းကျဲပြီဆိုလည်း သူဝုန်းကိုယ်ဝုန်း (မိန်းကလေးလို့သာပြောတယ် ငြိမ်သွားမယ် မထင်လေနဲ့) ဥပမာ ပြောရရင်ဗျာ.. ကျနော်စာမေးပွဲတစ်ခုဖြေပြီး အောင်စာရင်းထွက်လာတော့ ကျနော်လိုချင်သမျှ အမှတ် မရလာဘူး။ ပေါက်ကွဲနေတာပေါ့။ အွန်လိုင်းတက်မိလိုက်ပြီး သူနဲ့အတွေ့ ငါဒီလိုဒီလိုဖြစ်လို့ သောက်ရမ်းပေါက်နေတယ် အေးဆေးနေနော်လို့ ပြောအလိုက်မှာ ဘာပြန်ပြောတယ်ထင်သလဲ? Ohh, I don’t give a fuck တဲ့ဗျ။
စိတ်တိုနေတဲ့လူက အူကြောင်ကြောင် ဖြစ်သွားတယ်။ တခြားကောင်မလေးတွေဆို အို! ဟုတ်လား ဘာညာဆိုပြီး အားပေးကောင်းပေးနေမယ် ဗျာ။ သူက ပြန်တောင် ဟောက်ခဲ့သေးတယ်။ နင့်စာမေးပွဲရလဒ် ငါနဲ့ဘာဆိုင်လို့လဲ သောက်ဂရုကိုမစိုက်တာ ဆိုပြီး မဆိုင်တာတွေ လျှောက်ပြောတာဗျ။ သူပြောချင်တာတွေ သူပြောတယ်ဗျာ။ ပြန်ပြောချင်ပြော မပြောချင်နေ။ နင့်ဖာသာ သောက်သုံးမကျတာ ငါ့ရှေ့လာပြီး ကိုယ်ညံ့တာ လာပြမနေနဲ့ ဆိုတာလိုမျိုး ဥပက္ခာပြုသွားတယ်။ ခဏတော့ အူတူတူ ဖြစ်သေးတယ်။ နောက်တော့လည်း ရယ်ချင်လာတယ်။ ငါတော့ ဘယ်လိုဟာနဲ့ တွေ့နေတာလဲ မသိဘူးပေါ့။ ကျနော်လည်း ကိုယ့်ကိုယ်ကို အလိုမကျဖြစ် ဒေါသထွက်နေသမျှတွေ အလိုလိုမေ့ကရောဆိုပါတော့။
ဒီလိုနဲ့ ရက်တွေကြာလာတော့ chatting ထိုင်ပြီး ဟိုပြောဒီပြောက ပုံမှန်ဖြစ်လာတယ်။ ကျနော့်ဆိုးပေတေ ငယ်ဘဝတွေကို သူအကုန်သိလာသလို (ကိုရွှေဘနဲ့ ဖိုးသက်ရဲ့ ဇာတ်လမ်းတွေက ခင်ဗျားတို့ထက် သူကအရင်သိတာဗျား) ကျနော် သူ့ထက်ညံ့မှန်းလည်း ကျနော် သိလာတယ်ဗျ။ ပမာဆိုရရင် ကုလားဖြူစာ သူ ကျနော့်ထက် ပိုတတ်တယ်ဗျ။ (အမှားတွေကို ကောက်ပြင်ပေးတတ်တာမျိုး) သူပြောတဲ့ တချို့သော စာအုပ်စာပေတွေဆိုတာ ကျနော် ကြားတောင်မကြားဖူးဘူး။ (ကျနော်က ဘကြီးထောင်တို့လို ရှေးစာတွေလောက် ဖတ်ဖူးတာလေ) ကျနော်ဟာ ခပ်မိုက်မိုက် လူဆိုးတစ်ယောက်ဆိုတာ သူသိလာသလို၊ သူကလည်း တော်ရုံ လောကဝတ် လူ့ထုံးတမ်းစဉ်လာတွေကို သောက်ဖက်မလုပ် (သူ့စကားနဲ့ပြောရရင် သေးတောင်လှည့်မပန်းဘူး)တဲ့ မိန်းမတစ်ယောက်ဆိုတာ သိလာရတယ်။
တနေ့မှာ မရည်ရွယ်ပဲ ကျနော် သူ့ကိုမေးမိတယ်။ အသက်ဘယ်လောက်ရှိပြီလဲလို့။ အသက် ၂၀ တဲ့ဗျ။ အဟားလို့ အသံထွက်ပြီး ရယ်မိသွားတယ်ဗျာ။ အဲ့ဒီအချိန်က ကျနော့်အသက် ၃၀ နားကပ်စပြုနေပြီကိုး။ သူ ကျနော့်ကို လိမ်နေတယ်ဗျ။ ဘယ့်နှယ့် ချာတိတ်မလေး ဖြစ်နိုင်ပါ့မလား။ သောက်ကြီးသောက်ကျယ် စကားတွေ ပြောဖို့ဆိုတာ ရင့်ကျက်မှုတွေ ဖြတ်သန်းမှုတွေ လိုတယ်ဗျ။ တဖက်သားကို မျက်ခွက်ဖြတ်ရိုက်ပစ်လိုက်သလို စကားပြောတတ်တဲ့ မိန်းမ၊ ဘာမဆို အကုန်သိနေတတ်တဲ့ မိန်းမက အသက် ၂၀ ပဲ ရှိသေးသတဲ့။ ဟုတ်ပါပြီလေ။ မြင်မှမမြင်ရတာကိုး။ ပြောလို့ရပါတယ်။ ကျနော်တို့စပြီး စကားပြောဖြစ်ကတည်းက သဘောတူညီမှုတစ်ခု ရှိထားသေးတယ်ဗျ။ ဘယ်သောအခါမှ အပြင်လောကမှာ လူချင်းမတွေ့ပါဘူးလို့။ ဒါပေမယ့် နောက်ထပ် လအနည်းငယ်အကြာမှာ အဲ့ဒီသဘောတူညီချက် ဖောက်ဖျက်လိုက်ရတယ်။
အဲ့ဒီနေ့က ဒီဇာတ်လမ်းအစက ပြောခဲ့တဲ့ လူမှုရေးဇာတ်လမ်းမှာပါတဲ့ သူငယ်ချင်းက ပါတီလုပ်ပါကောလား။ အဲ့မှာ ဇာတ်လမ်းစပါလေရော။
ကျနော့်ဘော်ဒါက ဖုန်းဆက်တယ်ဗျ။ ဟေ့ကောင်! မင်းဇာတ်လမ်းလာရှင်း လာတဲ့။ ဘာတုန်းဆိုတော့ မင်းကိုလိုက်ရှာနေတယ်တဲ့။
ကျနော် စိတ်ညစ်သွားတယ်ဗျ။ (သောက်ပိုပြောတာ မဟုတ်ပါဘူး) မင်းကိုခေါ်ပေးပါလို့ ပြောတယ်။ ရှာမရဘူးလို့ပြောတော့ မင်းသောက်နေကြ အရက်ဆိုင်ကို သူ့ကိုလိုက်ပို့ပေး သူကိုယ်တိုင် သွားခေါ်မယ် လုပ်နေတယ်တဲ့။ ကျနော် စိတ်ညစ်သွားသလို အူကြောင်ကြောင်လည်း ဖြစ်နေတယ်ဗျ။ ဒီလောက် မောက်မာပြီး သောက်ကြောတင်းတဲ့ဟာလေးက အစကတော့ တသက်လုံး မတွေ့ပါဘူးဆိုတာ ကောင်းပြီးကောင်းလျက်နဲ့ အခုဘာလို့ အပြင်ဘဝက ကျနော့်ကို လိုက်ရှာနေရတာလဲဆိုတာ နားမလည်ဘူး
ကျနော် သူ့ကို သေချာရှင်းပြခဲ့ဖူးတယ်။ ငါက ကုလားအသားမဲမဲဗိုက်ပူပူ မုတ်ဆိတ်မွှေးဗလပွနဲ့ကောင် ဖြစ်ကောင်းဖြစ်နေနိုင်တယ်လို့။ (အမှန်က ပေါက်စီရောင်းတဲ့ ပြေကြီး တရုတ်ရုပ်ပါ အဟိ) နင်လည်း ထိုနည်းလည်းကောင်းပဲ။ တစ်ယောက်ရုပ်ကို တစ်ယောက် မမြင်ရပဲ အခုအတိုင်းလေး တစ်ယောက်ကိုတစ်ယောက် လေးစားသမှုနဲ့ ဆက်ဆံနေတာ အကောင်းဆုံးပါလို့။ အခုဟာက ကျနော့်ကို အသည်းအသန် လိုက်ရှာနေတယ်ဆိုပါလား။ တခြားမိတ်ဆွေတွေအရှေ့မှာကို ဘယ်သူ့မှ ဂရုမစိုက်တဲ့ဟန်နဲ့ အတင်းခေါ်ပေးပါ ခေါ်ပေးပါဆိုပြီး သောင်းကျန်းနေသတဲ့ဗျာ။
ကျနော် နားမလည်တာက သူက ကျနော့်ကိုတွေ့ပြီး ဘာလုပ်ချင်ရတာလဲ။ ဆိုလိုတာက အွန်လိုင်းမှာ စကားပြောနေတာမှန်ပေမယ့် သမီးရည်းစားလည်း မဟုတ်ဘူး။ ယုတ်စွအဆုံး ထိကပါးရိကပါးတောင် ပြောတာမှ မဟုတ်တာလေ။ ဒါကြောင့် ဟေ့အေးကွာ ငါမလာဘူး။ မင်းတို့ကြည့်ကျက်ရှင်းလိုက်ဆိုပြီး ဖုန်းချလိုက်ကောဆိုပါတော့။ အိပ်ယာထဲရောက်တော့ အိပ်လို့မပျော်ဘူးရယ်လေ။ သံယောဇဉ်ဆိုတာက ဖြစ်ထားတာ မဟုတ်လား။ ပိုဆိုးတာက ကျနော် တသက်လုံး မတွေ့ဖူး မကြုံဖူးတဲ့ စာတတ်ပေတတ် မိန်းမတစ်ယောက်။ စိတ်ထဲက တိတ်တိတ်ကြိတ်ပြီး အရှုံးပေးခဲ့ဖူးတဲ့မိန်းမ ငါ့ကိုလိုက်ရှာနေသတဲ့။ တော်တော်တော့ အောင့်သွားမှာပဲ။ ငါရှောင်နေတာကလည်း အသိသာကြီး ဘာညာ လျှောက်တွေးနေတာကိုးဗျ။ မိတ်ဆွေတွေပဲဟာ ဘာမှမဖြစ်ပါဘူး အားနာပါတယ်ဆိုတဲ့စိတ်နဲ့ အိပ်ယာထဲက ထ၊ ရေမိုးချိုး အဝတ်အစားလဲပြီး ညသန်းခေါင်ကြီး ပါတီပွဲကို တက္ကစီနဲ့ လစ်ကရောဆိုပါတော့။
ဟိုရောက်သွားတော့ ရွှေပွဲလာ ပရိတ်သတ်တွေက အရှိန်အတော်ရနေကြပြီဗျို့။ မီးရောင်ဖျော့ဖျော့မှာ သောက်စားကခုန်လို့ပေါ့။ မှောင်ကြောင်ကြောင် အခန်းထဲ ရောက်သွားတော့ လူလည်း ဝိုးတိုးဝါးတားရယ်။ ကျနော့်ဘော်ဒါက ကျနော့်ကိုမြင်တော့ အဟီး တဲ့။ ဘာမှမပြောပဲ အခန်းထောင့်ကို မေးဆတ်ပြပြီး ကျန်တဲ့လူတွေနဲ့ ကလိုက်ခုန်လိုက် သောင်းကျန်းနေတယ်။ အခန်းထောင့်က စားပွဲဝိုင်းလေးပေါ်မှာ ထုံးစံအတိုင်း သောက်စရာ အမျိုးစုံနဲ့ သစ်သီးအမြည်း ဘာညာတွေ တင်ထားတယ်ဗျ။ အဲ့ဒီဘေးနားမှာ မိန်းမတစ်ယောက် နံရံကိုမီပြီး (ခြေထောက်တစ်ချောင်းက ထောက် နောက်တစ်ချောင်းက နံရံကို နောက်ပြန်ကန်ထားလျက်) ရပ်နေတယ်။
ကျနော်လည်း ဘာလုပ်ရမှန်းမသိဖြစ်ပြီး စားပွဲခုံပေါ်က စီးကရက်တစ်လိပ် မီးညှိဖွာရင်း သူ့ဘေး လက်တစ်ကမ်းလောက်မှာ နံရံကိုမှီ ဟိုကြည့်ဒီကြည့်ပေါ့။ ဟိုကောင် ကျနော့်ဘော်ဒါ အချက်ပြသွားတဲ့ အမူအရာအရ ဒါ ဟိုတစ်ယောက်ပဲ ဖြစ်ရမယ်ဆိုပြီး မသိမသာ လှမ်းကြည့်လိုက်တော့ ကျနော်နဲ့ မျက်လုံးချင်းဆုံသွားတယ်။ ခပ်တင်းတင်းမျက်နှာနဲ့ အကဲခတ်သလို တစ်ချက်ကြည့်ပြီး ကနေတဲ့ လူတွေဖက်ကို ပြန်ငေးနေပြန်ရော။ သေသေချာချာကြည့်မိတော့ တစ်ခုခု မှားနေတယ်လို့ ထင်မိတယ်။
ဘယ့်နှယ့် ကျနော်နဲ့ အမြဲစကားပြောနေတဲ့ မိန်းမက အနည်းဆုံး ကျနော့်ထက် မကြီးတောင် ရွယ်တူလောက်ပဲလို့ ခန့်မှန်းထားတာလေ။ အခုဟာက ကောင်မလေးဗျ။ ကောင်မလေးမှ သောက်ကျိုးနဲ ဂါဝန်လေးနဲ့ ဆရာရေ့။ ဂါဝန်အတို၊ ဒေါက်မြှင့်ဖိနပ်၊ ဆံပင်ဖြောင့်ဖြောင့် ကျောလည်လောက်ထိ ဖားလျားချထားတဲ့ ကောင်မလေး။ ခပ်တင်းတင်းနဲ့ အောက်နှုတ်ခမ်းကို ကိုက်ပြီး အလိုမကျသလို ဖြစ်နေပေမယ့် မျက်နှာဝိုင်းစက်စက်ကလေးက ဘယ်လိုနည်းနဲ့မှ ၂၀ မကျော်နိုင်သေးတာ သေချာတယ်ဗျို့။ ခပ်မှိန်မှိန် မီးရောင်အောက်မှာ မကွဲပြားသလို ဖြစ်နေပေမယ့် ဂါဝန်အတိုလေးအောက်က ဖြောင့်တန်းသွယ်လျတဲ့ ပေါင်တံလှလှလေးက အင်မတန် ကြည့်ကောင်းလိုက်တာဗျာ။ သူကလည်း ကျနော့်ကို ဘယ်သူမှန်းမသိ၊ ကျနော်ကလည်း ဒါဟိုအမျိုးသမီးဆိုတာ မယုံမရဲ ဖြစ်နေတော့ကာ ရုပ်တည်ကြီးတွေနဲ့ နံရံကို ကျောကပ်ပြီးမှီရင်း ခပ်တည်တည်ကြီး လုပ်နေကြတာ အခုပြန်တွေးမိရင်တောင် ပြုံးမိသေးတယ်ဗျ။
“ခင်ဗျားက Zephyr မလား”
ဟိုလိုလိုဒီလိုလို ပေတေပြီးရပ်နေရာက မအောင့်နိုင်တော့တဲ့အဆုံး ကျနော် သူ့ဖက်ကိုလှည့်ပြီး ဆူညံနေတဲ့ တီးလုံးသံတွေကြားထဲကနေ ကုလားဖြူစကားနဲ့ အဲ့လိုအော်မေးလိုက်မိတယ်။ အံံ့သြဝမ်းသာသွားတဲ့ဟန်နဲ့ ကျနော့်ဖက်ကို ဆတ်ကနဲ လှည့်လာပြီး သိုင်းဖက်ပစ်လိုက်လို့ ကျနော် ငိုက်ကနဲ ဖြစ်သွားတယ်။ လူတွေ ဝိုင်းကြည့်နေမှာဆိုတဲ့ ရှက်စိတ်ကြောင့် ပြန်လည်းမဖက် တွန်းလည်းမထုတ်ပစ်ရဲပဲ တောင့်တောင့်ကိုင်းကိုင်းကြီး ရပ်နေမိတယ်ဗျ။ မွှေးကနဲ ရနံ့တွေ သင်းပျံ့သွားသလို ကျနော့်နားရွက်ကို နှုတ်ခမ်းအိစိလေး ထိကပ်လာမှန်း ခံစားလိုက်ရတော့ ဘုရားရေ! ငါ့များ ဖက်နမ်းပစ်လိုက်တာလားလို့ စိတ်ထဲ တွေးမိပြီး လန့်ဖြန့်သွားတယ်။ (ဟယ်! မောင်ချမ်းကို နင့်ဟာက ယောကျာ်းဖြစ်ပီး နွဲ့နေလိုက်တာလို့ ပြောလည်း ခံရမှာပဲ အောဝတ္ထုတွေထဲ ဘယ်လောက် သောင်းကျန်းသောင်းကျန်း အပြင်ဘဝက ကျနော်ဟာ အင်မတန်ရှက်တက်တယ် ဟီးဟီး 😜 လူရှေ့သူရှေ့မှာဆို ပိုဆိုးသေး ခွိ) နမ်းတာ မဟုတ်ပါဘူး။ နားရွက်နားကပ်ပြီး စကားပြောတာဗျ။
“ဒါဆို ရှင်က Zepplin ပေါ့”
ကျနော် ဘာမှပြန်မဖြေပဲ သူ့ပုခုံးနဲ့ ကျနော့်မေးစိ ဖိမိသွားတဲ့အထိ ခေါင်းငြိမ့်ပစ်လိုက်တာပေါ့။ ဒီနေရာမှာ နည်းနည်းတော့ ရှင်းပြမှရမယ်ထင်တယ်။ အဲ့ဒီ Zephyr ဆိုတာ Gtalk မှာ chatting ပြောကြစဉ်က သူသုံးနေကြ အမည်ဝှက်ပါ။ “အနောက်အရပ်မှ တိုက်ခတ်လာသော လေ” လို့ အဓိပ္ပါယ်ရတယ်။ ထပ်ပြီး ချော်တောငေါ့ရရင် ဒုတိယကမ္ဘာစစ်ကာလကနေ စစ်အေးတိုက်ပွဲအလယ်ခေတ်လောက်အထိ အနောက်ဥရောပနဲ့ အမေရိကန်မှာ အင်မတန်နာမည်ကြီးတဲ့ ဆိုဗီယက်စပိုင်ထိပ်သီး တစ်ယောက် (mikhail mukasei ထင်တာပဲ) ရဲ့ လျှို့ဝှက်နာမည်ကလည်း Zephyr ပဲဗျ။ ဆောရီးဗျာ! ကျနော့်ဟာက လိုရင်းကို မရောက်တော့ဘူး အဟီး။
သူ့နာမည်က Zephyr ဆိုမှတော့ ကျနော့်ကိုယ် ကျနော်လည်း Zepplin (လေသင်္ဘော) လို့ နာမည်ပြောင် ပေးခဲ့လိုက်တယ်လေ။ ကိုင်း! တွေ့ကြပါပြီဗျား။ Zephyr နဲ့ Zepplin တစ်ယောက်ကိုတစ်ယောက် မမြင်ဖူးကြပါပဲနဲ့ (အခုလည်း တစ်ယောက်မျက်နှာ တစ်ယောက် သေချာမြင်နေရတာမဟုတ်ဘူး၊ မီးရောင်ဖျော့တော့တော့ အောက်မှာ) ရင်ချင်းအပ်လို့။ ကျနော့်ကိုယ်ကျနော် ငါဘာတွေလုပ်နေမိပါလိမ့်လို့တောင် အတွေးပေါက်သွားမိသေး။ ဆတ်ကနဲ ကိုယ်ချင်းကွာသွားပြီး ကျနော့်လက်နှစ်ဖက်ကို လက်ကောက်ဝတ်ကနေ စုံကိုင်ပြီး အခန်းအလယ်က လူတွေ ခုန်ပေါက်နေတဲ့ကြားထဲ ဆွဲခေါ်သွားတာကို ဒရန့်ဒရန့်နဲ့ ပါသွားတယ်။ လူတွေကြားထဲ ကျနော့်လက်နှစ်ဖက်ကို မလွှတ်ပဲ ကခုန်နေပါရောလားဗျာ။ ပါတီတွေဘာတွေ၊ အကအခုန်တွေဆိုတာ ဝါသနာကို မပါတတ်တဲ့ ကျနော့်မှာ အူတူတူကြီး ခြေမြှောက်လက်မြှောက် မျောက်မီးခဲနင်းမိသလို ဖြစ်တာပေါ့ ဟီး။
အဲ့လို ကပေါက်တိကပေါက်ချာ အိယောင်ဝါး လိုက်လုပ်နေရင်း ကျနော် သေသေချာချာ အကဲခတ်လိုက်တော့ ဟောဗျာ! တကယ့်လှတပတ ကောင်မလေးဗျ။ ကျနော့်ကို စိုက်ကြည့်ပြီး မချိုမချဉ်လေးပြုံးနေတဲ့ ပီဘိချာတိတ်မလေး။ အရပ်မြင့်မြင့်၊ ပေါင်တံရှည်ရှည်၊ ဆံပင်လေးတွေတခါခါနဲ့ ဂါဝန်အဖြူလေး ဝဲကနဲဝဲကနဲ ဖြစ်ဖြစ်သွားတဲ့အထိ ခုန်ပေါက်ပြီး ရွှင်မြူးရှာတယ်။ ပါးဖောင်းဖောင်းကလေးရယ်၊ နှုတ်ခမ်းဖူးဖူးလေးရယ်၊ မျက်နာဝိုင်းဝိုင်းလေးရယ်ကို မီးရောင်မှိန်မှိန်အောက်မှာ အနီးကပ် အနုလုံပဋိလုံ ကျနော် အကဲခတ်ရင်း စိတ်ထဲမှာ ညီမလေးတစ်ယောက် ကောက်ရသလိုတောင် ဖြစ်သွားတယ်။
ညီမလေးဆိုပြီး ပြောလိုက်လို့ ဟာ! ဒီမအေဘေး ချမ်းကို ဆိုတဲ့ကောင် သောက်ပိုတွေပြောတယ်လို့ ခင်ဗျားတို့ ထင်လိမ့်မယ်။ ဒါပေမယ့် အဲ့တုန်းက စိတ်ထဲ အဲ့လိုပဲဗျ။
ဘာမှစကားမယ်မယ်ရရလည်း မဆိုဖြစ်ပေမယ့် ဒင်းက ကျနော့်လက်ကို လွှတ်ကိုမလွှတ်တော့ဘူး ဆရာ။ အဲ့ဒီတော့မှ ပါတီမှာ သောက်ကြစားကြရင်း သူလည်း ဝင်သောက်ထားတယ်နေမယ်လို့ နည်းနည်း ရိပ်မိသွားတယ်။ ဘယ်လောက်ထိ ဆိုးလည်းဆိုရင် သူရှူးသွားပေါက်တာတောင် လက်ကိုမလွှတ်ပဲ အတင်းဆွဲခေါ်သွားတာဗျ။ အိမ်သာအထဲထိတော့ ဘယ်ဟုတ်မလဲဗျာ။ အပေါက်ဝထိပေါ့။ အိမ်သာထဲဝင်တာတောင် စိတ်မချသလို လှည့်ကြည့်လှည့်ကြည့်နဲ့ ဒီကနေ ဘယ်မှမခွာနဲ့လို့ ဟောက်သွားသေးတယ် ဟီး။
လိုတိုရှင်းပြောရရင် အဲ့ဒီရှူးပေါက်ရာက ပြန်လာတဲ့နောက် အဲ့ကောင်မလေး တော်တော်မူးပြီး မဟန်သလိုဖြစ်စပြုလာတယ်ဗျ။ အပြင်ခဏထွက်မယ်ဆိုပြီး သူ့ကို အိမ်အပြင်ဖက်ခေါ်ထုတ်၊ လှေကားရင်းနားက လှေကားထစ်တွေမှာ နှစ်ယောက်သား တူတူထိုင်ရင်း စကားစမြည်ပြောမလားလို့ ကြံကာရှိသေး ဘေးတိုက်မှီပြီး တူတူထိုင်နေရာက ကျနော့်ဖက်လှည့်ပြီး ပုခုံးပေါ်မူးမူးနဲ့ အန်ချလိုက်ပါလေရောလား အဟီး။ စကားတောင် ကောင်းကောင်းမပြောဖူးသေးဘူး အန်ဖတ်နဲ့ မိတ်ဆက်တာ ခံလိုက်ရတယ်။ ကျောထုပေး၊ တစ်ရှူးစတွေနဲ့ ပါးစပ်သုတ်ပေး၊ ရေဗူးသွားယူပြီး ပလုတ်ကျင်းသန့်စင်ခိုင်းနဲ့ တော်တော်အလုပ်ရှုပ်သွားသေးတယ်။ တအေ့အေ့ တဝေါ့ဝေါ့ကိစ္စတွေ ပြီးသွားတော့ ငြိမ်မသွားဘူး။ ကျနော့်လက်မောင်းကို တရွှတ်ရွှတ်နဲ့ ခပ်တည်တည် နမ်းနေပြန်တယ် ဒုက္ခဗျာ။
အဲ့မှာ စကားတွေ ဆက်တိုက် လျှောက်ပြောဖြစ်တော့တာပါပဲ။ ပြောတာမှ ဗမာလိုကို မဟုတ်တာ။ ကုလားဖြူလိုတွေချည်း လှိမ့်တွယ်နေကြတာ။ အမ်! မင်းတို့က ဘိုရူးထတာလားလို့ အပြစ်တင်မစောလေနဲ့။ ကျနော် တမင် ဗမာလိုကို မပြောတာက အကြောင်းရှိတယ်။ ကျနော်နဲ့ တကယ်ခင်နေတဲ့ အမျိုးသမီးက ဒီချာတိတ်မလေးဆိုတာ သေမှမသေချာသေးတာလေ။ ဒီတော့ကာ စစ်ဆေးနေတယ်ဆိုပါတော့။ သူကတော့ မူးနေတော့ကာ မျက်လုံးကို မဖွင့်တော့ပဲ ကျမကို ရှင်ာရှောင်နေတာ ဝမ်းနည်းတယ် ဘာညာအစချီပြီး တတွတ်တွတ်နဲ့ ကုလားဖြူလို လျှောက်ပြောနေတော့တာပဲ။ အမလေး! ပြောရင်းနဲ့မှ သိသွားတယ်။ ဟုတ်တယ်ဗျ။ ဒါ ဟိုအမျိုးသမီး။ ပြောလေလေ သူမှသူဆိုတာ သိလာလေလေပဲ။ ခက်တာက ချာတိတ်မလေး ဖြစ်တာပဲဗျ။ ဒါနဲ့ပဲ မိုးလင်းသွားကော ဆိုပါတော့။ (ဟဲဟဲ ခင်ဗျားတို့ မျှော်လင့်ထားသလို မဖြစ်သေးပါဘူးဗျာ)
ရောင်နီလည်းလာပြီ ပါတီလည်းပြီးပြီ။ ဟိုချောင်ဒီချောင် မူးပြီး မှောက်တဲ့လူတွေလည်းမှောက် ပြန်တဲ့လူတွေလည်း ပြန်ကြပြီပေါ့။ အဲ့ဒီအရက်သမလေးလည်း အမူးပြေပြီ။ အမူးလည်းပြေကော ကျနော့်ကို မျက်နှာချင်းတောင် မဆိုင်တော့ဘူးဗျာ။ မနေ့ညက သူမဟုတ်သလိုလို (ရှက်လို့လားတော့ မသိဘူးပေါ့လေ) စကားတောင် မပြောတော့ဘူး။ ကျနော့်မှာသာ အန်ဖတ်တွေဗလပွနဲ့ အင်္ကျီအညစ်ကြီးဝတ်လျက်နဲ့ ညက အရက်လည်း မသောက်၊ ဘာမှလည်းမဟုတ်ပဲ တစ်ခါမှမတွေ့ဖူးတဲ့ မိန်းမကို ပြုစုပြီး အိပ်ရေးပျက်ကာ အိမ်ပြန်လေသတည်းပေါ့။
နောက်ရက်တွေတော့ ဒီလိုပဲဗျ။ ကျနော်လည်း ကိုယ့်ကိုယ်ကို ရေလိုက်လွှဲလေခြင်းဆိုပြီး ပြုံးစိစိနဲ့ တစ်ယောက်ထဲဖြစ်နေတာပေါ့။ ဒီလိုပဲနေလာလိုက်တာ တရက်သား Gtalk ကနေ အဲ့ကောင်မလေး ပြန်ပေါ်လာပြန်ပါလေရော။ ကျနော့်အိမ်နားက ကော်ဖီဆိုင်မှာ ညပိုင်းလာစောင့်နေမယ် လာတွေ့ပါတဲ့။ ဒါပဲပြောပြီး Out သွားတယ်။ ကျနော်လည်း စိတ်ညစ်နေပြီဗျ။ ကလေးမလေးတစ်ယောက်နဲ့ မပတ်သက်ချင်ဘူး။ သူ့ဖာသူ ချောချော လှလှ ငယ်ငယ် ဘာပဲဖြစ်ဖြစ်။ ဟုတ်ပါတယ်.. သူ့အသိဉာဏ်ဘာညာကို ကျနော် သဘောကျတယ်။ ထောင့်မကျိုးသလို စကားပြောတာ ဘာညာ ကိုယ့်အကျင့်အတိုင်းပဲဆိုပြီး သဘောကျတယ်။ စာတတ်ပေတတ်ကလေးဆိုပြီးလည်း အထင်ကြီးတယ်။ ဒါပေမယ့် သူ ကျနော့်ကို လုပ်နေတာတွေက တစ်မျိုးကြီး ဖြစ်နေသလားလို့လေ။ တွေသလို ဝေသလိုနဲ့ လုပ်နေမိတာ သူချိန်းတဲ့အချိန် ရောက်လာတော့ မသွားပဲလည်း မနေနိုင်ပြန်ဘူး အဟီး။
ကော်ဖီဆိုင်ထဲ ဝင်သွားတော့ ထောင့်တစ်နေရာမှာ ဘုတ်အုပ်အထူကြီးတစ်ခုကို မျက်မှောင်ကျုံ့ပြီး စိတ်ပါဝင်စားစွာဖတ်နေတဲ့ သူ့ကို သွားတွေ့တယ်ဗျ။ ရုပ်ကလေးက ချစ်စရာကောင်းပေမယ့် မှုန်ကုတ်ကုတ်လုပ်နေတော့ ဘာရုပ်မှန်းကို မသိပါဘူးဗျာ။ ကျနော် သူ့အရှေ့ကို ဝင်ထိုင်လိုက်တော့လည်း တအားပျော်သွားတယ် မထင်နဲ့ ပုံမှန်ပဲ။ ဘုတ်အုတ်ကြီးကို ပိတ်လိုက်ပြီး သောက်လက်စ အအေးကို ကုန်အောင်မော့ အပြင်ထွက်လမ်းလျှောက်ရအောင်ဆိုပြီး ဦးဆောင်သွားတယ်။ လမ်းလျှောက်နေကြရင်း မနေနိုင်မထိုင်နိုင် သူ့လက်ထဲက ဘုတ်အုပ်ကို လက်ညှိုးထိုးပြပြီး အဲ့စာအုပ် ဘယ်လိုလဲ ဘာညာနဲ့ စကားစမိလိုက်တယ်။ စာရေးဆရာနာမည်က ကိုယ်မှမကြားဖူးတဲ့ နာမည်ကြီး ဖြစ်နေတာကိုး။ အဲ့မှာ ဟာ ဒါတောင်မသိဘူးလားဆိုပြီး နှိမ်သလိုလို အထက်စီးကနေ မောက်မာတဲ့ လေသံနဲ့ စကားပြန်ပြောလာတယ်။ (ဒါမှမသိရင် လူဖြစ်ရှုံးပြီပေါ့ဆိုတဲ့ သရော်တော်တော်လေသံဆိုတာ ကိုယ်လည်း ပြောနေကြမို့သိတယ်) စပ်မြင်ကပ်ကပ်နဲ့ ပြန်ကလော်တုတ်တာပေါ့။
နင်ကော ဟိုဟာကြားဖူးလို့လား ဒီဟာကောသိလား ဆိုတော့ အို! ခုနစ်ဆွေးရှစ်ဆွေးကြီးတွေ ခေတ်မမှီတော့တဲ့ဟာတွေ လာရွတ်ပြမနေနဲ့ မသိဘူးတဲ့ဗျာ။ သူပြောတာလည်း ဟုတ်နေတော့ကာ ကျနော်လည်း ဘာမှပြန်မပြောတော့ပဲ ငြိမ်နေလိုက်တာပေါ့ ဟီး။ ကိုယ်သောက်သုံးမကျတာကို ဖုံးတဲ့အနေနဲ့ စကားလမ်းကြောင်းလွှဲပီး ကဲ! အခု ငါ့ကိုချိန်းတာ ဘာလုပ်မို့လဲ ဆိုတော့.. အရက်ဆိုင်သွားမယ်လေ တဲ့။ အာ! မသွားချင်ဘူးဆိုတော့ လျှာမရှည်နဲ့ အခုသွားမယ်ဆိုပြီး ပိတ်ဟောက်လာတယ်။ ကျနော့်ကို ဒီလိုလာလုပ်လို့ ဘယ်ရမလဲဗျာ။ တစ်ခွန်းပဲ ပိတ်ပြောပစ်လိုက်တယ်။ အေး! လို့။
အဲ့ဒီည မိုးချုပ်တော့ အရက်ဘားတစ်ခုကို ရောက်နေကြတာပေါ့။ ဘားထဲရောက်သွားတာနဲ့ ကျနော့်နားကို အတင်းကပ်ပြီး ထိုင်ထားတယ်ဗျ။ သူက လုံး၀ မသောက်ဘူး။ ကျနော်ချည်း လှိမ့်သောက်နေတာ။ ကျနော်က အာလူးဖုတ်လိုက် မော့လိုက်။ သူကတော့ အင်းအဲနဲ့ သိပ်စကားမပြောဘူး။ ကျနော် ဘာလို့ အရက်ကို လှိမ့်သောက်နေလည်း ခင်ဗျားတို့သိမှာ မဟုတ်ဘူး။ ဟုတ်ကဲ့! ကျနော်လည်း သောက်အတစ်ကောင် မဟုတ်ပါခင်ဗျား။ ဒင်းကလေး ကျနော့်ကို အုပ်ချင်နေတယ်ဆိုတာ ရိပ်မိပါတယ်။ သူငယ်နှပ်စားအရွယ်လည်းမဟုတ် မိန်းမဆိုတာ မမြင်ဖူးတဲ့ကောင်လည်း မဟုတ်လေတော့ စိတ်ထဲက အလိုလို သိနေပါတယ်။ ဒါကြောင့် ကျနော် အရက်ဇွတ်သောက်နေတာဗျ။ အရက်မူးနေရင် ကျနော့်မှာ လိင်စိတ်မရှိဘူးဗျ။ တကယ်ပြောတာပါ။ အရက်မူးတဲ့အရသာအပြင် တခြားဟာကို ခံစားလိုတဲ့စိတ်ကို မရှိတာ။ ခန္ဓာကိုယ်ကလည်း မစွမ်းတော့ဘူး။ ဒီတော့ မူးနေရင် ခြေလွန်လက်လွန် မဖြစ်လောက်ဘူးဆိုပြီး ဇွတ်သောက်နေတာဗျ။ ဒါပေမယ့် ကျနော့်တွက်ကိန်း လွှဲတယ်။ လူ့ဘဝမှာ ကြုံတွေ့ရမယ့် ကံပါနေရင် ခင်ဗျား ဘယ်လိုရှောင်ရှောင် မလွှတ်ဘူး ဆရာ။
ကျနော်ပြောနေတဲ့ကိစ္စ ပြန်ဆက်ရရင် အဲ့ဒီအရက်ဘားမှာ သောက်ပြီးတော့ ဘယ်ရောက်သွားမှန်း ကျနော် သေချာမသိတော့ဘူး။ တက္ကစီပေါ်မှာ ကျနော့်လက်မောင်းကို ပါးကပ်ပြီး အဲ့ဒီကောင်မလေး ပါလာတာတော့ မှတ်မိတယ်။ နောက်တော့ ဆိတ်ငြိမ်တဲ့ နေရာတစ်ခုကို ရောက်သွားတာ သိလိုက်ရတယ်။ ခင်ဗျားတို့ဖတ်ရတာ ရှုပ်ထွေးကောင်း ရှုပ်ထွေးသွားလိမ့်မယ်။ ဒါပေမယ့် ဆက်ပြောကြည့်မယ်ဗျာ။ အိပ်ခန်းထဲရောက်ခါနီးတော့ ကျနော် အမူးပြေစပြုလာတယ်။ မိုးလည်းလင်းခါနီးလာပြီကိုး။ (ဘယ်ရောက်လို့ ဘယ်လောက်ကြာခဲ့သလဲ သေချာမမှတ်မိတော့ဘူး) လူက အမူးပြေခါနီး အသိဝင်လာပြန်တယ်ဆိုနေမှ ဒင်းကလေးက ကျနော့်ကို အိပ်ခန်းထဲ မဝင်စေချင်တာလိုလို မျက်နှာက ခပ်ပျက်ပျက် ထဖြစ်ပါလေကော။ စိတ်ကလည်း ထောင်းကနဲ ဖြစ်သွားတာပေါ့။ ဟ! ငါ့မှာက လွန်လွန်ကျူးကျူး မဖြစ်အောင် အရက်တောင် မော့ထားသေးတာကို ဒင်းက ကြောက်တာလိုလို မကြည်တာလိုလို ဒီအထိလည်း ခေါ်လာသေးတယ် ဘာလဲပေါ့။ လူက ဒေါသထွက်လာတယ်။ (ပုံမှန် ချမ်းကိုရဲ့ သောက်ကျင့်ပေါ့လေ) စိတ်က လက်တစ်ဆစ်ကိုး အဟီး။
ဒါနဲ့ အိပ်ခန်းထဲရောက်တော့ ရုပ်တည်ကြီးနဲ့ စာကြည့်စားပွဲမှာ သွားထိုင်နေလိုက်တယ်။ ကျနော့်အမူအရာ ပြောင်းသွားတာကို ချက်ချင်းရိပ်မိသွားတဲ့ သူက အိပ်ယာပေါ်မှာလှဲပြီး နားလေတဲ့။ ကျနော်ကလည်း နေပါစေ ငါဒီမှာပဲထိုင်ပြီး အိပ်တော့မယ်ပေါ့ ဇွတ်ငြင်းတော့တာ ခွိ။ စာကြည့်စားပွဲပေါ် မျက်နှာမှောက်လျက်ကြီးနဲ့ပေါ့ဗျာ။ အဲ့မှာ သူက ခြေမကိုင်မိ လက်မကိုင်မိပုံစံနဲ့ ကျနော့်လက်မောင်ကို အတင်းဆွဲပြီး မဟုတ်ဘူးနော် မဟုတ်ဘူး ရှင်ထင်သလို မဟုတ်ဘူး၊ ထပါ အိပ်ယာပေါ်လာအိပ် လိမ္မာပါတယ် ဘာညာနဲ့ ဆွဲ၊ ကျနော်က အတင်းရုန်းနဲ့ ရှုပ်ရှက်ခတ်နေရော။
ကဲ ကျနော့်ညီအစ်ကိုတွေ ဘယ်လိုထင်သလဲ? မင်းဟာက ပေါက်ကရ အဖြစ်အပျက်ကြီး ယုတ္ထိကိုမရှိပါလားလို့ ထင်စရာ ဖြစ်မနေဘူးလား။ ကပြောင်းကပြန်တွေလေ။ ဒါကြောင့် ဇာတ်လမ်းတော့ပစ်အောက်မှာ မရေးပဲ ဒီမှာလာရေးနေတာ။ ဇာတ်လမ်းထဲသွားရေးရင် ဆရာချိုချဉ့်လက်ချက် ကောင်းကောင်းမိသွားမှာ သေချာတယ် ဟီဟိ။ အိပ်ယာပေါ်ရောက်အောင် မိန်းကလေးလုပ်သူက ဇွတ်ဖန် ဇွတ်အတင်းဆွဲနေရတယ်ဆိုတာ ဟုတ်ကိုမဟုတ်တာကြီးမလား။ နောက်တော့လည်း အလျှော့ပေးလိုက်ပါတယ် ဟဲဟဲ။
အိပ်ယာပေါ်မှာ နှစ်ယောက်သား ဘေးတစ်စောင်းလှဲ၊ မျက်နှာချင်းဆိုင်၊ ခပ်ခွာခွာလေးနဲ့ အိပ်နေကြတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် မထိကြပါဘူး။ အဲ့ဒီမှာ ကျနော် အမူးလုံးလုံးပြေနေပြီဗျ။ မနက်လည်း မိုးလင်းသွားပြီ။ တစ်ယောက်မျက်နှာတစ်ယောက် စိုက်ကြည့် ဘာစကားမှလည်း မပြောဘူး။ နှစ်ယောက်လုံးကလည်း တစ်ယောက်ယောက် စလိုက်တာနဲ့ အသေအုပ်တော့မှာဆိုတာ သိနေကြပေမယ့် ငါအရင်စတာမဟုတ်ဘူးနော် ဆိုတဲ့ အထှာ လုပ်ချင်နေကြတာလားမသိဘူးရယ် အဟိ။ နောက်တော့ ကျနော် မအောင့်နိုင်တော့ဘူးဗျ။ အသာလေး ဆွဲဖက်လိုက်တယ်။ စွေ့ကနဲ ကျနော့်ရင်ခွင်ထဲ ပါလာပါလေရော။ မွှေးတေးတေး ကိုယ်သင်းနံ့လေးတွေ သင်းကနဲ ဖြစ်သွားတာပေါ့။
အဲ့ဒီအချိန်က ကျနော် မိန်းမတစ်ယောက်နဲ့မှ မထိတွေ့ဖူးတာ နှစ်ချီနေပြီဆိုတော့ လူပျိုပေါက်ကလေး မဟုတ်ပဲနဲ့ကို နတ်ပူးသလိုတောင် ဖြစ်လာတယ်။ စစချင်းတော့ ဘာမှမဖြစ်သေးဘူး။ သူ့နဖူးလေးကို ဖွဖွနမ်း၊ မျက်လုံးတွေကို နမ်း၊ ပါးဖောင်းဖောင်း အိအိလေးတွေကို မွှေးကျူ အဲ့ဒါလောက်ပဲ ပတ်ချာလည်နေလိုက်တာ ဒင်းလေးက စိတ်မရှည်တော့ဘူးထင်ပါရဲ့ ဆတ်ကနဲ ရုန်းထွက်ပြီး ကျနော့်နှုတ်ခမ်းကို အတင်းစုပ်ပြီး နမ်းတော့တာဗျို့။ ခဏတော့ ကျနော်လည်း မျှောကနဲ ဖြစ်သွားသေးတယ်။ ပြီးတော့မှ အားနာသွားတယ်ဗျာ။ အရက်နံ့တွေကော စီးကရက်နံ့တွေပါနံနေတဲ့ ပါးစပ်ကြီးနဲ့ဆိုတာ သတိထားမိလိုက်တာကိုး။ ဒါနဲ့ ခဏတွန်းခွါလိုက်ပြီး နေဦးနော် ပါးစပ်က ပျစ်ချွဲချွဲကြီးဖြစ်နေလို့ တစ်မိနစ်လောက်စောင့် ဆိုပြီး ရေချိုးခန်းထဲ လစ်ကနဲ ဝင်ပြီး သွားပွတ်တံနဲ့ သွားတိုက်၊ မျက်နှာသစ်ပစ်လိုက်သေးတယ် (ကိုင်း! မောင်ချမ်းကို ကြောင်တောင်တောင်နိုင်တာ တွေ့ပြီမလား အဟိ၊ ကိုယ်လည်း သန့်သန့်ပြန့်ပြန့်မှ ကြိုက်သလို၊ ကိုယ်မသန့်နေရင်လည်း စိတ်ကမဖြောင့်ဘူးဂျ) သွားတိုက်နေရင်း ရေချိုးခန်းထဲကမှန်ထဲမှာ ကိုယ့်ကိုယ်ကို ပြန်မြင်နေရတာ ၁၆ နှစ်သား လူပျိုလေးလိုပဲ၊ စိတ်လှုပ်ရှားနေတဲ့ မျက်နှာနဲ့ပေါ့ ဆရာတို့ရယ်။
အားလုံးပြီးစီးလို့ ပြန်ထွက်လာတော့ ကောင်မလေးက အိပ်ယာပေါ်ကနေ ရီဝေဝေလေးငေးပြီး မျှော်နေတာဗျ။ လာလေ့ဆိုပြီး ဒိုင်ပင်ပစ်ပြီး အိပ်ယာပေါ်တက်ပစ်လိုက်တော့တာပေါ့။ ဘာဆိုဘာမှ မစဉ်းစားအားတော့ဘူး။ နင့်နင့်သီးသီးကို နမ်းပစ်တာ။ လည်တိုင်တစ်လျှောက်လုံး၊ နှုတ်ခမ်းဖူးဖူးလေး၊ ရင်ညွှန့်နေရာလေးတွေ အကုန်ပေါ့ဗျာ။ ဒင်းလည်း ထွန့်ထွန့်ကိုလူးနေတာ။ ဒါနဲ့ ဇာတ်လမ်းဆက်ပြီဆိုပြီး အောက်ကိုဆင်းလာတော့ အမယ်! ဘရာအချွတ် မခံဘူး။ ဟင့်အင်း ဆိုတာချည်းပဲ။ မလုပ်ပါနဲ့ နို့စို့တာ မခံနိုင်လို့ပါတဲ့။ ဘာမှန်းမသိပါဘူး။
သြော်! နို့စို့တာ မခံနိုင်ဘူးဟုတ်လား အေးရတယ်! အဖုတ်လျက်တယ်ဟာ ဆိုပြီး ဘောင်းဘီဆွဲချွတ်ပစ်လိုက်တော့ အမယ်မယ် ဖင်တောင်ကြွပေးသေးတာ ဆရာ။ လွတ်လွတ်ကျွတ်ကျွတ် အောက်ပိုင်းဗလာဖြစ်သွားတာနဲ့ ပေါင်အတွင်းသားတွေကိုစပီး လျှာနဲ့လျက်၊ ဘယ်ပေါင်ညာပေါင်က အတွင်းသားနုနုလေးတွေ မထိတထိ ဆွပြီးတာနဲ့ လာရော့လဟယ်ဆိုပြီး အဖုတ်ဂတုံးလေးကို (သူ့ဟာက အပြောင်ရိပ်ထားတာ ဟီဟိ) ပလပ်ပလပ်ပလပ်မြည်အောင် ပလပ်ပလပ် လုပ်ပစ်တယ်ဆိုပါတော့ဗျာ။
ကျနော့်ခေါင်းက ဆံပင်တွေ တော်တော်ကျွတ်သွားမယ်ထင်တယ်။ လက်နှစ်ဖက်နဲ့ ကျစ်ကျစ်ပါအောင် ဆုပ်ပြီးဆွဲချက်။ လျှာပေါ်ဝဲ တိုက်ကွက်တောင် အစုံမပြလိုက်ရဘူး။ ဒင်းလေး ကော့လှန်တက်ပြီး တစ်ချီပြီးသွားပါလေကော။ ကိုယ့်ပါးစပ်တစ်ခုလုံး၊ ပါးပြင်တွေပါမကျန် အဖုတ်ရည်တွေဗလပွ ဖြစ်ကုန်တာ သတိထားမိတော့ နောက်တစ်ကြိမ် ရေချိုးခန်းထဲသွားပြီး ပလုတ်ကျင်း မျက်နာသစ်လိုက်ရသေးတယ် အဟီး။ ပြန်လာတော့ ကိုယ့်ကို ဘာမှမပြောပဲ အမူအရာနဲ့ ပက်လက်အိပ်ဖို့ပြတယ်။ ဘောင်းဘီဆွဲချွတ်တယ်။ အဲ့ဒီနောက်မှာတော့ အမလေး အဘလေး တပြီး အော်နေရတာက ကျနော် ဖြစ်သွားပြန်တယ်။
သူ့ဆံပင်ရှည်လေးတွေကို လက်တစ်ဖက်က ဆွဲထား၊ နောက်လက်တစ်ဖက်က သူ့ကျောပြင်လေးကိုပွတ်၊ လက်မောင်းလေးကို ဖျစ်ညှစ်ပြီး သူပြုသမျှ နုနေရတော့တာ ကော့တက်နေတာပဲ။ သိပ်ကိုမကြာလိုက်ဘူး။ သတိပေးချိန်တောင် မရလိုက်ပဲ သူ့ပါးစပ်ထဲ ဒလဟောကို ပန်းထုတ်ပစ်လိုက်မိတာ အားနာလိုက်တာ အရမ်းဗျာ။ ကျနော့်ဟာတွေကလည်း ဘယ်လောက်တောင်များလဲဆို ငုံထားတဲ့ သူ့ပါးလေးက ဖောင်းကားနေပြီး မျက်လုံးလေးပြူးလို့၊ အများကြီးဆိုတဲ့ အမူအရာနဲ့ (စကားကလည်း ပြောလို့မရဘူးကိုး) လက်ညှိုးနဲ့ထိုးပြနေတဲ့ ချစ်စဖွယ်အမူအရာလေးကို အခုတောင် ပြန်မြင်နေမိသေး။
သူ ရေချိုးခန်းထဲကို ဝင်သွားပြီး ထွေးထုတ်၊ ပလုတ်ကျင်း သွားလုပ်ပြီး အိပ်ယာပေါ် ချက်ချင်းပြန်ရောက်လာတယ်ဗျ။ နှစ်ယောက်သား လောလောဆယ် တင်းနေတာလေးတွေ နည်းနည်းပြေလျှော့သွားပြီမို့ ဖက်ပြီး ခဏလောက်တော့ ငြိမ်ကျသွားကြသေးတယ်။ ဒါပေမယ့် မကြာပါဘူးဗျာ။ သန်တုန်းမြန်တုန်း အရွယ်ကောင်းလေးတွေကိုး။ ဖက်အိပ်နေရင်း ပွတ်သပ်ချော့မြှူနေရင်းကို ကျနော့်ဟာက မာတင်းလာပြန်တယ်။ မထူးတော့ပါဘူးကွာဆိုပြီး ကျနော်လည်း လှဲနေရာကထထိုင်ပြီး သူ့ပေါင်ကြားမှာ ဒူးထောက်ရင်း နေရာဝင်ယူလိုက်တယ်။ မထည့်သေးဘူးဗျ။ တေ့ပဲတေ့ထားလိုက်ရင်း သူ့မျက်နှာကို တစ်ချက် လှမ်းကြည့်လိုက်သေးတယ်။ အောက်နှုတ်ခမ်းကို ကိုက်ထားရင်း မော့ကြည့်နေတဲ့သူ့ကို ခွင့်ပြုချက် လှမ်းတောင်းလိုက်သေးတယ်။ “ထည့်လိုက်ရတော့မလားလို့” (လူပါးဝတာများ ပြောပါတယ်၊ သူများသားသမီးကို အဖုတ်ဝထိ ကိုယ့်ဟာကို တေ့ပြီးနေမှ သေချာအောင် ကွန်ဖန်းလုပ်ခိုင်းလိုက်သေးတာ အဟိ)
အွင်း! တဲ့ ဟီးဟီး အင်း မဟုတ်ဘူး တစ်မျိုးပဲ အွင်းးး!။
ကိုင်း ခွင့်ပြုမိန့်ကျလာပြီဆိုတော့ လာထားဆိုပြီး အသာဖိသွင်းလိုက်တာ အမလေး ကြပ်လိုက်တာဗျာ။ ထိပ်ဖူးမြုပ်ရုံကလေးမှာကို ကြပ်သိပ်နေတာ။ သူ့ပါးစပ်ကလည်း ကယောင်ကတမ်းတွေ ကျနော့်ကို ဇွတ်ပြောတော့တာပဲ။
“ကိုကို.. ကိုကို.. တအားကြီးမလုပ်ပစ်နဲ့၊ ကျမဥစ္စာလေးက တအားသေးနေတာနော်၊ အမလေး မဖြစ်ဘူးနော် ဖြေးဖြေး ကိုကို့ဟာက မတရားကြီးနော် အို! ခဏလေး ခဏလေး ရပ်ဦး”
ပါးစပ်ကလည်း တတွတ်တွတ်ရွတ်နေတဲ့အပြင် ကျနော့်ဆီးခုံကိုလည်း လက်ဖဝါးလေးနှစ်ဖက်က အတင်းကို လာတွန်းထားသေးတော့ကာ တစ်ဝက်တစ်ပျက်ကြီး မတင်မကျ ကျနော့်မှာ တန်းလန်းကြီးပေါ့ ညီအစ်ကိုတို့ရာ။ ကျနော့်ကို ကျနော် သိပါတယ်။ ကျနော့်ပစ္စည်းက လူလွန်မသား ဖြစ်မနေပါဘူး။ သူလိုငါလိုပါပဲ။ ခက်တာက ဒင့်ပစ္စည်းလေးကိုက မတရား ကြပ်လွန်းနေတာပါ။ သူ့လက်ကလေးတွေနဲ့ ကျနော့်ဆီးခုံကို အတင်းတွန်းခွာနေရင်းနဲ့ကို တအိအိနဲ့ ဖိချသွားလိုက်တာ အဆင်ပြေသွားကော ဆိုပါတော့ဗျာ။
ဒီနေရာမှာ ကြိုတင်တောင်းပန်ထားချင်တာက အောဝတ္ထုရေးနေတာ မဟုတ်လို့ မြည်သံစွဲအလင်္ကာတွေ မထည့်ချင်တော့ဘူး။ ကိုယ့်ဟာကိုယ်သာ ဖြည့်စွက်ပြီး ဖတ်ကြပေတော့ဗျို့။ လိုတိုရှင်းပြောရရင် ရေလည်ကြပ်တယ် ဆရာတို့ရေ။ ကြပ်တယ်ဆိုပေမယ့်လို့ နာကျင်နေရလောက်အောင် ကြပ်နေတာမျိုးတော့ မဟုတ်ဘူး။ ဆိုလိုတာက သူ့ဥစ္စာလေးကို ပထမ အကြိမ်တုန်းက ကျနော် လျှာစွမ်းပြထားပြီမို့ အဖုတ်ကလေးက နီရဲဖောင်းကားပြီး “ပွင့်” ထားပြီးသား ဖြစ်နေနှင့်တဲ့အပြင် လမ်းကြောင်းတစ်လျှောက်လုံးကလည်း ချောဆီတွေက ရွှဲနစ်နေတော့ကာ အိစိတင်းကြပ် ကျင်စိမ့်လေးပေါ့ ဟီးဟီး။
နည်းနည်းလေး အရှိန်ရလာတာနဲ့ ဆောင့်ကြောင့်ထိုင်၊ သူကလေးရဲ့ ခါးကျင်ကျင်လေးကို လက်နှစ်ဖက်နဲ့ စုံကိုင်ထားရင်း ဆက်တိုက်တွယ်နေမိတော့တာကိုး။ မျက်လုံးထဲ ကြယ်တွေလတွေတောင် မြင်တယ် ဟိ။ ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်း ခင်ဗျားတို့ ဖတ်ဖူးကြမှာပါ။ သူတစ်ဘဝလုံး စားဖူးခဲ့တဲ့ ထမင်းအနပ်ပေါင်း မြှောက်များစွားထဲက အမြိန်ဆုံးထမင်းတစ်နပ်ဆိုတာ ခဏခဏ ရေးပြသွားတယ်မလား။ ဟီး! မတန်မရာတွေ လျှောက်နှိုင်းလိုက်လို့ ငရဲငအုံတွေ ကြီးတော့မယ်။ ကျနော်လည်း ထားခဲ့ဖူးတဲ့ ရည်းစားတွေနဲ့ အိပ်ခဲ့ဖူးသမျှထဲက အမြိန်ဆုံး အဖုတ်တစ်နပ်ကို ခံစားလိုက်ရတယ်ဗျာ။ သူလည်း ကျနော့်လို အီစိမ့်သွားမယ်ဆိုတာ အမူအရာတွေကို ကြည့်ချင်းအားဖြင့် သိလိုက်ရပါသကောလေ။
အို! အိုကွာ! ကိုကိုကွာ! ဟာ! ကြမ်းလိုက်တာ! အနှီစကားလုံးလေးတွေကို ရေရွတ်ပြီး မျက်လုံးလေးစုံမှိတ် ခေါင်းလေးတခါခါနဲ့ ဖြစ်နေတာများ အခုတောင် မျက်လုံးထဲ တရေးရေးမြင်မိသေး အဟေးဟေး။ ညွှန်းလွန်းတယ် မထင်လေနဲ့။ ပထမတစ်ခါ ပြီးထားတာတောင် ဒီတစ်ခါပြီးလို့ သူ့အဖုတ်ဖောင်းဖောင်းလေးထဲ ပန်းထုတ်လိုက်ရင်း လူတောင် ဓာတ်လိုက်သလို ဒွန့်ဒွန့်ဒွန့်ဒွန့် ဖြစ်သွားသေးတာ ဆရာ။ ဘာမှတောင် ပိုဇေရှင် မပြောင်းလိုက်ရရှာဘူး။ ဒီတိုင်းနဲ့တင် တစ်ကြောင်းပြီးသွားတယ်။ သူ့ကိုယ်လုံးလေးပေါ် မှောက်ချလိုက်ပြီး အမောဖြေရင်း ချိုရဲရဲနှုတ်ခမ်းလေးကိုစုပ် အမောဖြေရင်း ငြိမ်နေလိုက်သေးတယ်။ စည်းဆိုတာ မကျော်ခင်ကသာ သင့်၏မသင့်၏တွေ စဉ်းစားတာ၊ ဖြစ်သွားပြီဆိုတာနဲ့ ဘာမှကို မတွေးတော့ဘူးနော့်။ ငတ်ပြတ်နေတာ ကြာနေပြီဖြစ်တဲ့ မောင်ချမ်း နွားသိုးကြိုးပြတ်ကို ဖြစ်နေတာဗျ။
ခဏနားရင်း မှိန်းနေလိုက်တာ မှေးကနဲ တစ်ချက်ဖြစ်သွားသေးတယ်။ ခန့်မှန်းချေ မိနစ်၂၀ နာရီဝက်လောက်ရှိမယ် ထင်တာပဲ။ (လူကလည်း အိပ်ရေးပျက်ထားတာကိုး) ဆတ်ကနဲ လန့်နိုးလာတာနဲ့ ကောင်မလေးကို လှမ်းကြည့်လိုက်တော့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်နေတာ တွေ့တယ်။ အိပ်မပျော်နေဘူးပေါ့။ လာထား နောက်တစ်ကြောင်းဆိုပြီး ထပ်ဆွပြန်ကော ဟီဟိ။
ကျနော် အမှတ်မမှားဘူးဆိုရင် နေ့လည် ၁၂ နာရီလောက်အထိ ဆက်တိုက်ကို မှေးလိုက် အုပ်လိုက် ပြန်မှေးလိုက် ပြန်အုပ်လိုက် ဖြစ်ကုန်တာ။ နောက်ဆုံး ဘယ်အထိ ဖြစ်ကုန်သလဲဆိုတော့ ထည့်လို့ကို မရတော့တဲ့အထိပဲ။ ဆက်တိုက် အအုပ်ခံလိုက်ရတော့ သူ့ဥစ္စာလေး တော်တော် အထိနာသွားရှာတယ်နေမှာပေါ့။ (အိပ်ပျော်နေတဲ့ နဂါးကို သွားနှိုးလိုက်မိတာကိုး ဟီဟိ) နောက်ဆုံးတစ်ခေါက်ဆို ပုဇွန်ထုပ်ကွေးပိုဇေရှင်နဲ့ တွယ်နေရင်းက ကိုကို! မရတော့ဘူး ကျမ မခံနိုင်တော့ဘူး ထုတ်လိုက်ပါတော့.. ကျွတ်ကျွတ်! မရတော့လို့ပါနော် ဆိုပြီး သနားစဖွယ်လေး တောင်းပန်ယူရတယ်။ အဲ့ဒါနဲ့ ဆွဲထုတ်လိုက်တော့ ကျနော့်ဟာကြီးက ပလွတ်ကနဲ ထွက်လာပြီး ငေါက်တောက်ရမ်းတမ်းရမ်းတမ်းနဲ့ ဒေါသမပြေသေးဘူး လူကလည်း အံ့သြစရာကောင်းလောက်အောင် ဆန္ဒကရှိနေသေးတယ်။ အဲ့ဒါနဲ့ စိတ်ပျက်လက်ပျက်နဲ့ သန့်ရှင်းရေးလုပ်မယ်ဆိုပြီး ရေချိုးခန်းထဲ ဝင်ဖို့လုပ်တော့ ကျနော့်မျက်နှာကိုကြည့်ပြီး စိတ်ကောက်သွားတယ်အထင်နဲ့ အတင်းလိုက်လာပြီး ရေချိုးခန်းတံခါး မပိတ်နိုင်အောင် ဆွဲထားရင်း ကိုကို! ကျမကို စိတ်ဆိုးတာလားဟင် လာ လာ ပြန်လာခဲ့ လုပ် လုပ် ဆိုပြီး မျက်နှာငယ်လေးနဲ့ ငိုမဲ့မဲ့ ဖြစ်နေပြန်ရော။
ကျနော်လည်း မဟုတ်ပါဘူးကွာ ဆိုပြီး သူ့ကိုတွန်းလွှတ် တံခါးဆွဲပိတ်လိုက်ပြီး ရေအေးအေးလေး စိမ်ချိုးလိုက်တယ်။ ဆပ်ပြာကောင်းကောင်းတိုက် ခေါင်းလျှော်ရေမိုးချိုးပစ်လိုက်မှ ဟိုဟာလည်း ပြန်ကျသွားသလို လူလည်း အတော်လေး လန်းဆန်းသွားတယ်။ ရေချိုးရာက တက်လာတော့ ဒင်းကလေးခင်မျာာစောင်လေးခြုံပြီး ကွေးကွေးလေး အိပ်နေရှာတယ်။ ညောင်းညာနေတဲ့ကိုယ်ကို အနားပေးတဲ့အနေနဲ့ သူ့ဘေးမှာဝင်ပြီး လှဲနေလိုက်တယ်။ ခဏကြာတော့ ကျနော့်ကိုပြောတာလိုလို သူ့ဖာသာ ရေရွတ်တာလိုလိုနဲ့ စကားပြောသံ ထွက်လာတယ်။
ဟင်းးးးးး “ငါများ မိန်းမပန်းသေရောဂါ ရနေပြီလားနော် စိတ်ညစ်လိုက်ထှာ” တဲ့။
ကျနော့်မှာ တခွိခွိ ကြိတ်ရယ်နေရင်း သနားသွားတယ်။ တကယ့်ဟာလေးဗျ။ ချစ်စရာလည်းကောင်းသလို အဲ့လို ပေါက်တတ်ကရ လျှောက်ပြောတာလေးကလည်း စပ်မြင်ကပ်စရာလေးမလား။ ခေါင်းမြှီးခြုံထားတဲ့ စောင်ကို ဆွဲဖယ်လိုက်ပြီး ပြုံးစိစိနဲ့ မျက်နှာဝိုင်းစက်စက် ငိုမဲ့မဲ့လေးကို တရွှတ်ရွှတ်မွှေးကြူရင်း အေးပါကွာ ကိုကိုလည်း ဝသွားပါပြီ မလုပ်ချင်တော့ပါဘူး ဟုတ်ပြီလားလို့ ချော့လိုက်ရတာပေါ့လေ။
အဲ့ဒီနေ့က နေ့ခင်းကြောင်တောင်မှ အိမ်ပြန်ရောက်လာတဲ့ ကျနော့်ကို အတူနေတဲ့ ဘော်ဒါတွေက မျက်လုံးပြူးပြီး ဝိုင်းကြည့်တာ ခံလိုက်ရသေးတယ်။ လူရုပ်ကို မပေါ်တော့တာ။ ခင်ဗျားတို့ စဉ်းစားကြည့်လေ။ တစ်ညလုံး အရက်သောက် အိပ်ရေးပျက်ထားတာကို မိုးလင်းခါနီးကနေ နေ့လည် ၁၂ ထိုးတဲ့အထိ ဆက်တိုက်တွယ်ထားတော့ ဘယ်လိုဖြစ်နေမလဲဆိုတာ ဟီး။ အိမ်ပြန်ရောက်တာနဲ့ အိပ်ယာပေါ်ကို ကျောချလိုက်တာပဲ မှတ်မိတော့တယ်။ တုံးကနဲပဲ အိပ်သွား
လိုက်တာ ဘာမှန်းကိုမသိတော့ဘူး။
နောက်ရက်တွေ ရောက်လာတော့ ကျနော် ဖြစ်ပျက်ခဲ့သမျှကို တစိမ့်စိမ့် ပြန်တွေးနေမိတယ်ဗျ။ one night stand လား ဘာလားပေါ့။ သူက ကိုယ့်ကို ဆွဲစားပစ်တာလား ကိုယ်ကလည်း ကမြင်းကြောထရုံ သက်သက်လားပေါ့။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ။ ဘယ်မှာလဲ ချစ်ရေးဆိုတာတွေ၊ အဖြေပေးတာတွေ။ စဉ်းစားကြည့်လေလေ ချာချာလည်လေပဲဗျာ။ ကျနော် မသိတော့ပါဘူးဆိုတဲ့ အခြေအနေကြီး။
ဖြစ်သွားတာက ဒီလိုနေမယ်။ လူမမြင်ရပဲ စကားတွေ ပြောရင်းနဲ့က ဝါသနာတူချင်း ဆုံမိကြတယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အထင်ကြီးလာကြတာ၊ တွယ်တာလာကြတာ (လိင်စိတ်မပါဘူး) အဲ့ဒီကနေ တွေ့ချင်မြင်ချင်စိတ် ဖြစ်လာ၊ လက်တွေ့လည်းမြင်မိကော တစ်ယောက်ရုပ်ကိုတစ်ယောက် ချက်ချင်း သဘောကျ နှစ်ခြိုက်သွားဟန်တူပါရဲ့၊ အဲ့ဒီမှာ နှစ်ယောက်စလုံးမှာ တိမ်နေတဲ့ လိင်စိတ်ကလည်း ဟုန်းကနဲအထ၊ ဘာမှတောင် သေချာမပြင်ဆင်ပဲ မသိစိတ်ရဲ့ ဆွဲခေါ်ရာနောက်ကို ပါလာကြပြီး အိပ်ဖြစ်သွားတယ်လို့ ယူဆရုံပဲ ရှိတော့တာပေါ့လေ။ သေချာတာက သူကော ကျနော်ပါ အိပ်ယာပေါ်မှာ သူငယ်တန်း မဟုတ်ဘူး ဆရာ။
အဲ့လိုပြောလိုက်လို့ ကျနော်ကတော့ ထားပါ (ရှုပ်ခဲ့လွန်းလို့ ငါသာ မိန်းကလေးဖြစ်ခဲ့ရင် ဖာဖြစ်နေမလားမသိဘူးလို့ ဟာသပြောဖူးပါရဲ့) အဲ့ဒီကောင်မလေးကို ခပ်လွယ်လွယ်လေးလို့ ခင်ဗျားတို့ယူဆရင် မှားသွားလိမ့်မယ်။ တခါတုန်းက လွယ်မယ်ထင်ပြီး လက်သရမ်းတဲ့ လူတစ်ယောက်ကို ဘာမပြောညာမပြောနဲ့ အုတ်နီခဲနဲ့ ကျွေးပစ်ဖူးတယ်လို့ ကြားဖူးတယ် (ဘကြီးထောင်တို့လို နှာဗူးမျိုးထင်ပါရဲ့ အဟိ) သူ့ဟာက သူကြိုက်တဲ့ သူသဘောကျတဲ့ ယောကျ်ားမျိုးတွေ့ရင် ရှက်တာရွံ့တာ မိန်းကလေးဆိုတာ ဘာညာ မေ့ပစ်လိုက်ပြီး ခပ်ရဲရဲပဲ ရှင့်ကိုသဘောကျတယ် ရှင်လည်း ကျမကို သဘောကျတယ်မလား တက်အုပ်ပစ်တယ် မှတ်ကရောဆိုတဲ့ အချိုးမျိုး ဖြစ်နေပါကောလားလို့။ သောက်ပိန်းလိုလို ဘာလိုလိုနဲ့ သူအထင်မကြီးတဲ့ စတိုင်မျိုးနဲ့ သူ့အနားလာကပ်တဲ့ ကောင်မျိုးတွေကြတော့ သူက သေးနဲ့တောင် လှည့်မပန်းချင်ဘူးကွာဆိုတဲ့ ဟာမျိုးလေးဗျ။
ကိုင်း! ဆရာချမ်းကို မင်း ကောင်မလေးကိုလည်း အုပ်လိုက်ပြီးပြီ။ ဒါပဲမလား ပြီးပြီပေါ့လို့ ခင်ဗျားတို့ တွေးကောင်းတွေးနေကြမယ် ထင်ပါတယ်။ နိုး! မဟုတ်သေးဘူး။ သူတကာတွေလိုမဟုတ်ပဲ အားရပါးရ လိင်ဆက်ဆံကြပြီးမှ ကြည်နူးဆွတ်ပျံ့ဖွယ် ချစ်ခန်းကြိုက်ခန်းတွေ လာမှာဗျ။ နည်းနည်းတော့ အူကြောင်ကြောင်နိုင်လိမ့်မယ်။ ပြောပြစရာ ဇာတ်လမ်းက တော်တော်ရှည်ဦးမှာ။ အခုလည်း ရေးသာရေးနေရတယ် မျက်လုံးက သိပ်မဖွင့်နိုင်တော့ဘူး ဟီးဟီး။
အဲ့ဒီအဖြစ်အပျက်နောက်ပိုင်း ဒင်းလေးက ဆာဆာရှိ ခေါ်စားတယ်ဗျ။ ကျနော်လည်း အော်ဒါလိုက် (အဲလေ ယောင်လို့) ငတ်ကြီးကျနေလေတော့ကာ သူအုပ်သမျှ သွားသွားခံ (ဒါလည်း တစ်မျိုးကြီး ဖြစ်နေသလိုပဲ ဟီး) မထူးပါဘူး ခင်ညားတို့ နားလည်ချင်သလို နားလည်လိုက်ပါတော့။
ပထမတော့ ရုပ်တည်ကြီးနဲ့ပေါ့ဗျာ။ ဖုန်းဆက်လာပြီး ဟေ့လူ! ကျုပ်ဗိုက်ဆာလို့ အဲ့ဒါဟှဝါသွားဝါးမယ် ခင်ညား ဘယ်နားကို လာခဲ့စမ်းပေါ့။ ဒီကောင်ကလည်း အေးအေးလာမယ်ပေါ့။ စားသောက်ပြီးစီးတော့ အမယ် လူကို ပါးကိုင်နားကိုင်တွေ လုပ်လာတယ်။ ကိုယ့်မှာတော့ လူတွေကြားထဲဆိုတော့ ရှက်သလိုလို ဘာလိုလို ဖြစ်တာပေါ့ ဟီဟိ။ လက်မောင်းကို ပါးနဲ့ကပ်ပြီး လာပွတ်ချင်ပွတ်နေတာ။ အဲ့ဒီလိုနဲ့ စကားစက ပစ်လာကြကရောဆိုပါတော့။
“ပူလိုက်တာနော်”
“ဟုတ်ပါ့”
“စိတ်ညစ်စရာကြီး”
“အင်း”
“အဲ.. အဲကွန်းလေးနဲ့ ဇိမ်နဲ့အိပ်ရရင် မကောင်းဘူးလား”
“ကောင်းတာပေါ့ ဘယ်မှာလဲ အဲကွန်း”
“ကျမ အခန်းမှာလေ အဟိ”
“ဟီဟိ တွားမယ်ယေ” (ဂျကားတောင် မပီသလို ဖြစ်သွားတယ်)
အဲ.. တခါတလေ အဲကွန်းနဲ့ စိမ့်နေတဲ့နေရာမှာ တူတူထိုင်ဖြစ်တယ်ဆိုပါတော့။ ပူတာကို အကြောင်းပြလို့မရတော့ဘူး။ ဒီတော့ကာ တစ်မျိုးပြောင်းတယ်။
“မိုးကအေးပါတယ်ဆိုနေ အဲကွန်းကလည်း စိမ့်လိုက်တာတော်”
“ဟုတ်ပါ့”
“ရှင့်တကိုယ်လုံးလည်း ဒီအလာတုန်းက မိုးမိလာတယ်နဲ့တူတယ် စိုကွက်နေပါပေါ့လား”
“အင်း..နည်းနည်းစိုနေတယ်”
“ဒူးကတုန်နေသေးတယ်.. ဘာဖြစ်နေတာလဲ”
“ချမ်းတာကိုးဟ”
“ချမ်းမှာပေါ့ ဝတ်ထားတာက ဘောင်းဘီအတို.. အင်္ကျီကျောမှာလည်း မိုးရေတွေစိုလို့ ဖျားတော့မှာပဲ ကျွတ်!!”
“ဟင်းဟင်း” (မေးဖျားရိုက်ပြလိုက်သေးတယ် အရမ်းချမ်းနေတာပေါ့ ဟိ)
“ကိုင်း.. ထ ထ သွားမယ်”
“ဘယ်တုန်း”
“ကျမ အခန်းလေ အဝတ်တွေခြောက်အောင် လွှားထားတဲ့အချိန် စောင်နဲ့ပတ်ပြီးသာ နေပေတော့ ဟုတ်ပြီလား”
“အို! တုံးလုံးကြီး မနေတတ်ဘူး”
“ဘာပြောတယ်? ခုထ .. သွားမယ် ဟွန်း ရှင့်ကို ဘယ်သူမှ ဘာမှမလုပ်ဘူး ကိုယ့်ဟာကိုယ်သာ ငြိမ်ငြိမ်လေးနေနေ.. လက်ဖျားနဲ့တောင် မတို့ဘူး ဟုတ်ပြီလား”
အဲ့လိုမျိုး အကြောင်းပြချက်တွေ အမျိုးမျိုးပေးပြီးတဲ့သကာလ လစ်သွားကြပါလေရောပေါ့။ ဆိတ်ကွယ်ရာကို ရောက်သွားရင် ကျနော်က အတော်ဆိုးတာကလား။ အသေကို အုပ်တော့တာ။ ဒါကို သူလည်းသိပါတယ်။ မချိုမချဉ် မျက်နှာပေးလေးနဲ့ ပြန်ကြမ်းတော့တာပဲ။ သူအော်ကိုယ်အော် အော်ပြီးကို အုပ်ကြတော့တာ။ တဖြေးဖြေးနဲ့ ဘယ်လိုအခြေအနေ ရောက်လာလဲဆိုရင် တစ်ပတ်တစ်ခါတော့ အုပ်ချင်တယ်ကွာဆိုတဲ့အထိ ဖြစ်လာတယ်။ အဲ့လိုမျိုးလေး အပြောခံရတော့လည်း ဘယ်ကောင်မဆို သဘောကျ နှစ်သက်မိမှာပါပဲလေ။ ခင်ဗျားတွဲနေတဲ့ ကောင်မလေးက ခင်ဗျားကို တစ်ပတ်တစ်ခါတော့ အုပ်ချင်တယ်လို့ တောင်းဆိုတာဗျာ။ အနည်းဆုံးတော့ ငါကွ ဆိုတဲ့ ဘဝင်စိတ်ကလေးရှိမိကြမယ် ထင်တာပဲနော့်။
ဒီလိုပဲနေလာကြရင်း ချစ်တာ မေတ္တာ ဘာညာတွေ စကားလည်း မစပ်မိပါဘူး။ ပြောလည်းမပြောဘူး နှစ်ယောက်လုံး။
တစ်ရက်တော့ သူ အလုပ်ကိစ္စ ခရီသွားဖို့ ဖြစ်လာတယ်။ ဒါနဲ့ မသွားခင်လာခဲ့ဦးဆိုလို့ သွားတွေ့တယ်။ (အိပ်ခန်းထဲမှာ ဟီးဟီး) တွေ့တွေ့ချင်း အချိန်မဆိုင်းတော့ပဲ ကဲ.. ငတ်တော့မယ့် ကာလအတွက် လာထားဆိုပြီး အုပ်ကြတာပေါ့။ အားရပါးရ တစ်ကြောင်းပြီးသွားတော့ ဖက်ပြီး ခဏအိပ်နေကြရောဆိုပါတော့။ အဲ့ဒီနေ့က မိုးမှောင်ကျနေတာလား ဘာလားတော့မသိဘူး။ နေ့ခင်းဖက်ကို မှောင်နေသလိုလိုပဲ။ ခဏနေတော့ ထပ်ပြီး နောက်တစ်ချီ ဇာတ်လမ်းပြန်စတော့ သူက ကျမ မရတော့ဘူး ကိုကို တဲ့။ အမ်! ဘာဖြစ်တာလဲဆိုတော့ ခုနက နှစ်ယောက်လုံး အသေကြမ်းပစ်လိုက်တာ သူ့အဖုတ်လေး နည်းနည်းနာသွားတယ်တဲ့။ တော်ပီတဲ့။
ထုံးစံအတိုင်း နှစ်ကြောင်းလောက်မှ မဆွဲရရင် မဝတတ်တဲ့ အီဖေကိုယ်က (အဲ့ဒီတုန်းကပြောပါတယ် အဟီး) စိတ်ပျက်ပြီး အိပ်ယာထဲကထ ရေသောက်ပြီး စာကြည့်စားပွဲမှာ ဝင်ထိုင်နေလိုက်တယ်။ သူက ထုံးစံအတိုင်း ချော့သလိုလိုနဲ့ လိုက်လာပြီး ကုလားထိုင်မှာ ဖင်တုံးလုံးနဲ့ သြဂတ်စ်ရိုဒင်ရဲ့ “တွေးခေါ်ရှင်” ရုပ်ထုကြီးလို ငူငူကြီးထိုင်နေတဲ့ ကျနော့်ဆီကို (မျက်စိထဲမြင်အောင် ပြောတာပါ အော့နှလုံးနာစရာ ဖြစ်သွားလား မသိဘူး) အနောက်ကနေ သိုင်းဖက်ပြီး ချော့တယ်။ ကျနော့်ကို ထူမပြီး မတ်တပ်ရပ်၊ ခြေထောက်တစ်ချောင်းကို ကုလားထိုင်ပေါ်တင်၊ တစ်ချောင်းက ကြမ်းပြင်ပေါ် ထောက်ခိုင်းထားပြီး သူက ကြမ်းပြင်ပေါ် ဒူးလေးထောက်လို့.. ပလွတ်ကနဲ ပလွတ်ကနဲနေအောင် လုပ်ပေးပါလေရောလား။
ပလွတ်မြည်သံနောက်မှာ တထုတ်ထုတ်နဲ့ အရသာက ကပ်ပါလာလေတော့ကာ ကိုယ်လည်း တဟင်းဟင်းနဲ့ ဖီးလ်တွေတက်ရင်း သူ့ဆံပင်ရှည်လေးတွေကို ခေါင်းပေါ်ရောက်တဲ့ထိ ဆွဲမပြီး ခပ်တင်းတင်းလေးဆွဲလို့ အလိုက်သင့် ကော့ပေးရင်း ကောင်းလိုက်ထှာပေါ့။ အဲ့လိုလုပ်နေရင်း အတော်ကြာလာတော့ ဒီကကောင်လည်း အထိဋ်အထိပ်တက်ခါနီးလာပြီ။ တကိုယ်လုံးလည်း တဟင်းဟင်းဖြစ်စပြုအလာမှာမှ.. သူ့ပါးစပ်ထဲက ကျနော့်ဒုံးပျံကို ပလွတ်ကနဲ ဆွဲထုတ်ပစ်လိုက်တယ်။ လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ဖွဖွလေးဆုပ်ကိုင်ထားရင်း ဘာမဆိုင်ညာမဆိုင် ရုတ်တရက်ကြီး.. ကျနော့်ကို မော့ကြည့်လို့ ဗြဲ!!!!!!!!! ဆို အော်ငိုလိုက်ပါရောလားဗျာ။ ဒုက္ခနဲ့လှလှ အဲ့ဒီမှာ တွေ့တော့တာပါပဲလေ။
“မသွားချင်ပူး .. ဟင့်ဟင့် .. မသွားချင်ပူး ဟူးဟူး”
အဲ့ဒီစကားတွေပဲ ထပ်ခါတလဲလဲပြောရင်း ငိုနေပါလေရောလား။ ကျနော့်မှာက ဖင်တုံးလုံးခါးကြီးထောက်နေရာက ခေါင်းကုတ်ဖင်ကုတ်နဲ့ စိတ်အိုက်သွားကော။ ဘာဖြစ်တာမှန်းလဲ မသိဘူးလေ။ လက်ကလည်း ဟိုဟာကိုမလွှတ်လေတော့ ဓာတ်ခွက်ကြီးကိုင်ပြီး သီချင်းဆိုနေသလားမှတ်တယ်။ မိုက်ခရိုဖုန်းလို ဓာတ်ကြိုးကတော့ တစ်ကြိုးထဲမကဘူးပေါ့လေ အဟီး။
စကားမစပ်ဗျာ တမြန်တစ်နှစ်ဆီက ကျနော် ချာတိတ်ကလေးတချို့ဆီ အလည်သွားတာ ဗမာသီချင်းခွေ အရုပ်ကော အသံပါ ဖွင့်ထားလေတော့ အမှတ်တမဲ့ လှမ်းကြည့်လိုက်မိတယ်။ အဲ့မှာဗျာ ဗမာဟစ်ဟော့ အဆိုတော်မလေး မိုက်ခရိုဖုန်းလေးကိုင်ပြီး စင်ပေါ်မယ် သီချင်းတွေ စကားပြောသလို တတွတ်တွတ်ရွတ်ပြီး ဆိုနေတာ။ ရုတ်တရက်ကြည့်လိုက်ရင် ကိုယ်လုံးကိုယ်ပေါက်၊ ဆံပင်အရှည်အပြင် ဒိုးဒိုးဒေါက်ဒေါက်လေသံက အတော်တူနေတာကလား။ အဲ့ဒီမှာ ဟိုတခါက အဖြစ်အပျက်တွေ သတိရမိပြီး ကျနော့်မှာ ပြုံးစိစိနဲ့ ဖြစ်မိသေးတယ်။ သီချင်းပြီးသွားတော့ နောက်တစ်ခေါက် ထပ်ဖွင့်ပြစမ်းပါကွာလို့ တောင်းဆိုလိုက်တော့ အဲ့ဒီချာတိတ်တွေက ဟ.. ခင်ညားက ဟစ်ဟော့တွေဘာတွေ ကြိုက်လို့လားတဲ့ ဟီးဟီး (ကိုယ်က ကိုယ့်အကြောင်းနဲ့ကို ကြည့်ချင်နေ) ခပ်တည်တည်နဲ့ ငါလည်း ဟစ်ဟော့ဘာညာ ရပါတယ်ကွာ ဒီလောက်လည်း မအိုသေးပါဘူးဆိုပြီး Eminem ရဲ့ Mockingbird: တွေဘာတွေ ကောက်ရွတ်ပြလိုက်ရတယ်။ အမှန်က ခုနက ဗမာအဆိုတော်မလေး ဘာတွေဆိုမှန်းမသိဘူး မိုက်ကြီးကိုင်နေတာကြည့်ပြီး ဟိုတုန်းက အဖြစ်အပျက်တွေ ပြန်မြင်နေတာ ဟီး။
“ကိုင်း! ဘာဖြစ်ရပြန်တာတုန်း ကျေးဇူးရှင်လေးရာ”
ပြောပြောဆိုဆိုနဲ့ ခါးကိုင်းပြီး ဒင်းကိုဆွဲထူလိုက်တယ်။ လာပါကွာဆိုပြီး (သူကလည်း ဖင်တုံးလုံးလေးဗျ) ဆွဲမပြီး ချီလိုက်တယ်။ ကလေးလေးကို ခါးခွင်ချိတ်သလို ချီမပြီး ခေါ်သွားလိုက်တော့ ကျနော့်ဂုတ်ကို သိုင်းဖက်ပြီးပါလာတယ်။ အိပ်ယာပေါ် အသာအယာပွေ့ချပြီး စိတ်ညစ်ညစ်နဲ့ မျက်ရည်သုတ် နှပ်ချေးသုတ် ပေးရင်း ချော့မော့နေရတာပေါ့လေ။ ခရီးသွားရမှာ မသွားချင်ဘူးတဲ့။ ဘာလို့တုန်းဆိုတော့။ ဟင့်အင်းတဲ့။ ဒါပဲပြောတယ်။
ကျနော်လည်း ဖျောင်းဖျောင်းဖျဖျ ပြောပါတယ်။ လေသံအေးအေးနဲ့ အေးပါကွာ မင်းကလည်း ကလေးမဟုတ် ဘာမဟုတ် ဘာညာပေါ့။ (ပြောတာပြောနေရတယ် သူက အဲ့အချိန်က အသက် ၂၁ နှစ်လားမသိဘူး ကလေးပဲဟာကို) ဘာဖြစ်တာလဲဆိုတော့ ကျနော်တို့ ဆရာ့ဆရာကြီး ကိုဇော်ဦး ပြောသလို ဖြစ်တာပေါ့ဗျာ။ လူ့သဘောသဘာဝပဲ။ ခပ်တည်တည်နဲ့ တူတူအိပ်နေရာက ဘယ်လောက်အကြောမာကြတယ် ပြောပြောလေ ရုတ်တရက် မမြင်ရတော့ဘူးဆိုတဲ့အချိန် ရောက်သွားရင် လူ့စိတ်က မလွယ်ဘူးရယ်။ ဒါပါပဲ။
ဘာမှဆက်မပြောဖြစ်တော့ပဲ ဖက်ပြီးအိပ်နေရာက သူ့ဖာသာ ငြိမ်ကျသွားတယ်။ ကျောလေး ပွတ်ပေးလိုက်၊ တင်ပါးလေး ပုတ်ပေးလိုက်နဲ့ ချော့လိုက်တော့ စိတ်ပြေသွားတယ်နဲ့ တူပါတယ်။ သူ့ဖာသာလည်း ကျနော့်ရှေ့မှာ အဲ့လို သတိတစ်ချက်လွှတ်ပြီး ငိုမိသွားတဲ့အတွက် ရှက်သွားဟန်လည်းတူပါရဲ့။ ကျနော့်ရင်ခွင်ထဲ ခေါင်းလေးဝှက်ပြီး ငြိမ်နေတယ်။ ခဏလောက်တော့ ကျနော်လည်း ဆွေးသလိုလို ဘာလိုလို ဖြစ်သွားသေးတယ် ဟဲဟဲ။
ဟဲဟဲဆိုတာက သံယောဇဉ်တို့ ဘာတို့ဆိုတာ အဲ့ဒီအချိန်က ကျနော့်အတွက် ဘာမှမထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်ကုန်ပြီဗျာ။ နောက်ဆုံးတော့ လူတွေက ဘာမှလည်း မဟုတ်ပါဘူးကွာဆိုတဲ့ လောကအမြင်ကို အဲ့ဒီအချိန်ကတည်းက မြင်နေမိတာကိုးဗျ။ တတ်နိုင်သလောက် ကလေးဆန်တဲ့ကိစ္စတွေ မတွေးတာပဲ ကောင်းပါတယ်ဆိုပြီး သူ့ကို ခပ်တင်းတင်းဖက်ပြီး သူ့ဆံပင်ရှည်တွေထဲ မျက်နှာအပ်လို့ မွှေးတေးတေးရနံ့လေးရှူရင်း အိပ်ပျော်အောင် အိပ်လိုက်တယ်။
မှေးကနဲဖြစ်ပြီး အိပ်ယာက ပြန်နိုးလာတော့ သူက မှောက်လျက်ကလေး အိပ်ပျော်နေတုန်းပဲ။ အဲ့ဒါနဲ့ ကျောပြင်လေးကို ပွတ်၊ ဖင်တုံးလေးကို ပွတ်နေရင်းနဲ့ ကျနော်က ထုံးစံအတိုင်း စိတ်ကထလာပြန်တယ်။ အဲ့မှာ သူက မှောက်လျက်အိပ်နေရာကနေ ကျနော့်ဒုံးပျံကို လှမ်းကိုင်လာတော့မှ နိုးနေပြီဆိုတာ သိလိုက်ရတယ်။ လက်ချောင်းပျော့ပျော့လေးတွေနဲ့ လျှောတိုက်ကစားပေးနေတာ သိပ်မကြာလိုက်ဘူး လူက တကိုယ်လုံးကို ပူထူလာတဲ့အထိ စိတ်ကတအားဖြစ်လာပြီ။ ခက်တာက သူ့ဖုတ်ဖုတ်လေးက ခုနက ပြောသလို ဒဏ်ရာရသလိုဖြစ်သွားတော့ ထည့်လို့မှ မရတော့တာဗျာ။ လူကလည်း တအားတင်းလာတာ နေရကို ခက်လာတယ်။ ဒုံးပျံကလည်း နီရဲမာတင်းပြီး ပေါက်ကွဲတော့မလိုကို ဖြစ်လာတာ။
ကျနော့်အမူအရာကိုကြည့်ပြီး သူလည်း သဘောပေါက်တယ်နဲ့တူပါတယ်။ အသာအယာလေး ကပ်လာပြီး စုပ်ပေးပါလေရော။ လူလည်း တထုတ်ထုတ် အရသာကို အလူးအလဲခံစားရင်း အရမ်းကောင်းနေတာပေါ့ဗျာ။ ဒါပေမယ့် ဆုံးခန်းကမတိုင်ဘူးဗျ။ ကြာလာတော့ ကျနော်လည်း အားမလိုအားမရ သူလည်း ညောင်းလာရော။ ကျနော့်စိတ်ထဲ သူ့ဖုတ်ဖုတ်လေးထဲ အတင်းထည့်ပြီး အသားကုန်ဆောင့်ရင်း ပြီးလိုက်ချင်တာလေ။ အခု ဘယ်လိုမှကို မပြီးဘူး ဖြစ်နေတာ။
“ဟရောင်.. ငါ.. ငါတအားလုပ်ချင်နေတယ်ကွာ”
“ဘယ်လိုလုပ်ရမလဲလို့.. ကျမဟာလေးက ခုထိလို့တောင် မရတော့ဘူး ယောင်နေပြီ”
“အာကွာ.. ဒုက္ခရောက်လိုက်တာ ဖူးးး”
“ဒီတိုင်း စုပ်ပေးနေတာ ..ပြီးလိုက်တော့လေ”
“မရဘူးဟ ငါက လုပ်ကိုလုပ်ချင်နေတာ”
“သနားပါတယ်..”
အဲ့လိုနဲ့ာမတင်မကျကြီး ဘာမှမတတ်နိုင်တဲ့ အခြေအနေနဲ့ပဲ နှစ်ယောက်သား ပြန်လှဲအိပ်နေလိုက်မိတယ်။ သူ့တင်ပါးနှစ်ခုကြားထဲကို အမြောင်းလိုက် ဒုံးပျံကို ထည့်ထားလိုက်ပြီး စိတ်အဆာပြေလေး ညှောင့်ရုံကလွှဲပြီး ဘာမှမတတ်နိုင်တော့ဘူးပေါ့ဗျာ။ အဲ့လိုလုပ်နေရင်းက တစ်စုံတစ်ခုကို ကျနော် သတိရသွားတယ်။ တခြားမဟုတ်ပါဘူး အဲ့ဒီကာလက ဗမာအောစာပေမယ် ရေးသူ-တပ်ကြပ်ကြီး ဆိုတဲ့ အောဝတ္ထုတွေပေါ်နေပြီဗျ။ ကျနော်ကလည်း အဲ့ဒီစာရေးဆရာကိုဆို တန်းတန်းစွဲ ပရင့်ထုတ်ဖတ်တဲ့ကောင်ကိုး ဟီးဟီး။ သူ့ဇာတ်လမ်းတစ်ကွက်ကို ချက်ချင်းသတိရလိုက်မိတော့ ကျနော့်ကောင်မလေးကို ခုနကပြောသလို သူ့ဖင်ကြားထဲ မာတောင့်နေတဲ့ ကျနော့်ပစ္စည်းကို လျှောတိုက်ဆော့ကစားနေရင်းက ချိုချိုသာသာလေး စကားစလိုက်တယ်။
“ညီ..ညီမလေး”
“အင်းးး” (မျက်လုံးမှိတ်ပြီး မှိန်းနေလျက်က ပြန်ဖြေတယ်)
“ဖုတ်ဖုတ်ကလေးက တအားနာနေတာဆို”
“ဟုတ်ပါတယ်ဆိုနေ!!”
“ဒါဆို.. ဟိုဟာစမ်း စမ်းလုပ်ကြည့်မလား?”
“ဘယ်ဟာတုန်း”
“နောက်ပေါက်လေ အဟီး”
(ဆတ်ကနဲ ထထိုင်လာလို့ ကျနော် လန့်တောင်လန့်သွားတယ်။ ပေစောင်းစောင်း ကျနော့်ကို စိုက်ကြည့်ရာက လေးဖက်ထောက်လိုက်တော့ စိတ်ထဲမှာ ပျော်ရမလိုလို ဖြစ်သွားသေးတယ်)
“ဒီလောက်တောင်လုပ်ချင် လာလုပ်လာဟယ်.. ရော့ရော့.. ငါလည်း မနက်ကတည်းက အီးမပါရသေးတာနဲ့ အတော်ပဲ… ချေးကိုပါချပစ်လိုက်မယ်.. လာခဲ့လေ လုပ်မယ်ဆို .. လာလေ!!!”
တက်ကြွနေတဲ့ စိတ်ကလေး ဘယ်ဆီပြေးပြီ မသိပါဘူး ဆရာတို့ရယ်။ အင်မတန်ရွံတတ်တဲ့ ကျနော် မသတီသလို စိတ်ကကြီးစိုးသွားနေတော့ ခုနက အစာမဝလို့ မာန်ဖီနေတဲ့ ကျနော့်ဒုံးပျံခင်မျာ တွမ်! ကနဲ လေလျှော့လိုက်တဲ့ အရုပ်လို ချက်ချင်း ညှိုးကျသွားပါလေရောလားဗျာ ဟားဟားဟား။ (ကျနော် ဒီအဖြစ်အပျက်ကို တနေရာမှာတောင် ရေးခဲ့ဖူးပါသေးတယ်)
အဲ့ဒီ အီးပါချပစ်မယ်ဆိုတဲ့ စကားသံလည်း ကြားလိုက်ရော ကျနော်လည်း လန့်ဖြန့်ပြီး ပန်းသေသလိုတောင် ချက်ချင်းဖြစ်သွားကောဆိုပါတော့။ စိတ်ထဲမှာလည်း ဘယ်လိုဟာလေးနဲ့ လာတွေ့နေပါလိမ့်ကွာလို့ ကြိတ်ပြီးညည်းမိလိုက်သေးတယ်။ လက်ဖက်ရည်ပူပူထဲ အစိမ်ခံလိုက်ရတဲ့ အီကြာကွေးလို ပျော့တွဲတွဲကြီး ဖြစ်သွားတဲ့ဟာကြီး တန်းလန်းတန်းလန်းနဲ့ ထပြီး ရေတွေဘာတွေသောက်၊ စီးကရက် တစ်လိပ်လောက်ဖွာရင်း ရယ်ချင်စိတ်ကို မနည်းမျိုသိပ်ရင်းက မအောင့်နိုင်ပဲ ရယ်လိုက်မိတာ စီးကရက်ငွေ့တွေတောင် သီးကုန်တယ်။ လိင်စိတ်ကတော့ လုံးလုံးမရှိတော့ဘူး။
ခဏနေတော့ သူလည်း အိပ်ယာထဲက ထလာပြီး ခပ်တည်တည်နဲ့ အဝတ်အစားတွေ ကောက်ဝတ်တယ်။ မျက်နှာကတော့ ရုပ်တည်လေးပဲ။ မှန်ရှေ့မှာ သူ့ဆံပင်ရှည်တွေကို ဖြီးသင်ပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်နေတော့ အသာလေး အနောက်နားမှာ သွားရပ်ပြီး ပုခုံးလေးကိုင်လိုက်တော့ မော့ပြီး ကျနော့်နှုတ်ခမ်းကို နမ်းလာတယ်။ ကျနော်လည်း ကြင်ကြင်နာနာ ပြန်နမ်းလိုက်တော့ “ချလပ်” ဆိုပြီး ဖုန်းနဲ့ မှန်ထဲကနေတဆင့် ဓာတ်ပုံကောက်ရိုက်လိုက်တယ်။ ရုတ်တရက်ဆိုတော့ လန့်သွားသေးတယ်။ ဘာလုပ်မို့လဲပေါ့။ ဒီလူ ကျမကို ဓမ္မတာမဟုတ်တဲ့နည်းနဲ့ လိင်ဆက်ဆံဖို့ ကြိုးစားပါတယ်ဆိုပြီး တိုင်မလို့လားပေါ့ အဟီးဟီး။ ဒီကိစ္စက မုဒိန်းမှုနဲ့ နင်လားငါလား အမှုကြီးတာမလား။ အလကား နောက်တာပါဗျာ။ သူ ဘာလုပ်ဖို့ ယူသွားတယ်ဆိုတာ နောက်တော့ သိခဲ့ရပါတယ်။ ဆံပင်ရှည်ရှည်နဲ့ ကောင်မချောချောလေးကို အရပ်ရှည်ရှည် ဆံပင်ဂုတ်ထောက်နဲ့ လူရည်သန့်တစ်ယောက် (ဟီဟိ) ငုံ့ပြီးနမ်းနေတဲ့ အသက်ပါတဲ့ အင်မတန် ကြည်နူးဆွတ်ပျံ့ဖွယ် ပန်းချီကားလေးတစ်ခု နောင်တစ်ချိန်မှာ ကျနော် မြင်ဖူးခဲ့ရပါတယ်လေ။
ဓာတ်ပုံလည်းရိုက်ပြီးကော မှန်ထဲကနေ ကျနော့်ကို ခပ်တည်တည်လှမ်းကြည့်ပြီး မျက်စပစ်ပြတယ်။ အဓိပ္ပါယ်က…
“နောက်ပေါက်ဖွင့်ချင်တယ်ဆို? လုပ်ဦးမလား” ဆိုတဲ့ အထာဗျ..ဘာမှပြန်မပြောပဲ
“အမလေး ဟင့်အင်း လုပ်ပါပူး ကြောက်ပါပြီ” ဆိုတဲ့ မျက်နာပေးလေး ချက်ချင်းလုပ်ပြလိုက်ရတယ် ဟီး..။ စကားစပ်မိလို့ ကိုစိုင်းဆူပါအိုက်စ်က ကျနော်ရေးခဲ့တဲ့ ဇာတ်လမ်းအကြောင်း ဟိုဖက်မယ်ပြောထားတာ ဒီကပဲ ပြန်ဖြေလိုက်တော့မယ်။ ဇာတ်လမ်းထဲကဟာနဲ့တော့ ဘယ်တူမလဲဆရာ။ အခုပြောနေတဲ့ ကိစ္စကို အဲ့ဇာတ်လမ်းရေးနေတုန်း ပြန်တွေးလိုက်မိလို့ စပ်မြင်ကပ်ကပ်နဲ့ အပြင်မှာမလုပ်ခဲ့ရတဲ့ နောက်ပေါက်ကို ဇာတ်လမ်းထဲမှာ ဖွင့်ပစ်လိုက်တာဗျို့။ အဲ့ဒီအခန်းရေးတုန်းက မနည်းကို မုတွေသွင်းပြီး ရေးလိုက်ရတယ်ဟားဟား။ ကိုယ်ကလည်း ဇာတ်လမ်းရေးပြီဆို ဝီချကီလေးမော့ မျက်လုံးထဲမြင်အောင် ပုံဖော်ပြီး ရေးတတ်တော့ကာ မနည်းကို ရဲစိတ်သွင်းပြီး အီးပါချပစ်မယ်ဆိုတာ မေ့ထားရင်း ချရေးခဲ့တာပဲ။ ဇာတ်လမ်းထဲမှာ သူကတောင် ကိုယ့်ကို အရင်ပေးလုပ်ပစ်တာ အဟိ။ ကိုယ်က မလုပ်ချင်လုပ်ချင်နဲ့ လုပ်လိုက်ရတာလိုလို ခစ်ခစ် ။ ဖတ်များဖတ်မိလို့ကတော့ ပါးကို ဘယ်နှစ်ချက်လောက် အရိုက်ခံရမလဲတွေးရင်း ကျောချမ်းမိပါတယ် ဆရာရယ်။
ဒီလိုနဲ့ သူလည်း ခရီးထွက်သွားတယ်ဆိုပါတော့။ ကျနော်လည်း မှန်ရာပြောရရင် သိပ်ပြီး ဖီလင်တက်မသွားခဲ့ပါဘူး။ သူ့ကိစ္စရှိလို့ သူသွားတာပဲလေ။ လွမ်းရဆွေးရအောင် ကလေးမဟုတ် သူငယ်မဟုတ် (ကျနော့်ကို ကျနော် ပြောပါတယ်) သူကလည်း ရှားရှားပါးပါး အဲ့ဒီတစ်ခါပါပဲ ကျနော့်အရှေ့မှာ ပေါက်ကွဲပြီး မျက်ရည်ကျသွားခဲ့ဖူးတာ။ နောက်နောင်လည်း ဘယ်တော့မှ ငိုတယ် မျက်ရည်ကျတယ်ဆိုတာ မမြင်ခဲ့ရတော့ပါဘူး။ အဝေးရောက်နေတော့ သူလည်း သူ့အလုပ်သူများ၊ ကိုယ်လည်း ကိုယ့်ဟာကိုယ်ပေါ့လေ။ တခါတလေ အွန်လိုင်းတက်လာပြီး စကားလေးဘာလေးပြော ဒီလောက်ပါပဲ။ အမှန်အတိုင်း ရှက်ရှက်နဲ့ ဝန်ခံရရင် ရိုးရိုးသားသား သာကြောင်းမာကြောင်း စကားပြောနေတာကို သူတော့ ဘယ်လိုနေတယ်မသိဘူး ကျနော်တော့ လောင်တီးနေမိတာဗျ ဟီး။ ဘာဖြစ်တာမှန်းမသိဘူး။ လူကသာ မလွမ်းတယ် ဒုံးပျံက လွမ်းနေပုံရတယ် အဟိ။
ဒီလိုနဲ့ တစ်လခွဲလောက် ကြာသွားသလားတောင်မသိဘူး သူပြန်ရောက်လာပါလေရော။ ထုံးစံအတိုင်း သူ့ကိစ္စတွေ ပြီးပြတ်ပြီဆိုတာနဲ့ ဟဲ့! လာခဲ့ဆိုပြီးခေါ်တာမှာ ဇောင်းကလွှတ်လိုက်တဲ့ နွားသိုးကြီးလိုပဲ ကျနော် သူ့ဆီ တန်းနေအောင် ပြေးတော့တာပေါ့လေ။ ပြန်တွေ့တာနဲ့ နှစ်ယောက်စလုံး တုန်နေတာဗျ။ တစ်ယောက်ကိုတစ်ယောက် အသားကုန်ဖက်ထားပြီး တုန်နေတာ။ တကိုယ်လုံးက အသားချင်း ဘယ်နေရာထိထိ ကျဉ်တက်သွားသလိုပဲ။ တစ်ယောက်နဲ့တစ်ယောက် အသေအကြေဖက်ပြီး ပွတ်သတ်ရာကနေ တရှူးရှူးတရှားရှားတွေဖြစ် အဝတ်တွေချွတ်တာတောင် ကသုတ်ကရိုက် ချွတ်နေရင်းနဲ့ ဘာမှမလုပ်ရသေးပဲနဲ့ကို ညည်းသံတွေ တဟင်းဟင်းက ကိုယ်စီထွက်နေကြတာဗျာ။
အဝတ်မဲ့သွားတာနဲ့ ကျနော့်ကောင်ကြီး ထောင်တက်နေသလို၊ သူ့ဖုတ်ဖုတ်ကလေးကလည်း ပူနွေးရွှဲနစ်နေတာပဲ။ ဘာမှကို မပျိုးတော့ပဲ ကုတင်ဇောင်းပေါ် တွန်းလှဲပီး တက်အုပ်တော့တာ။ အိုးး ထည့်လိုက်တာနဲ့ တဆုံး နင့်ကနဲပဲ။ သူလည်း ကျနော့်ကို အသားကုန် ကုတ်တွယ်ပြီး အကျယ်ကြီးပဲ အော်ပစ်လိုက်တာဗျာ။
“အားးး ကောင်းလိုက်တာ” တဲ့။
ကျနော်လည်း အော်အော်ပြီးကို အသားကုန်ကျုံးတော့တာ။ အခါတိုင်းဆို သူ့ဖုတ်ဖုတ်ကလေးနဲ့ ကျနော့်ပစ္စည်းက မဆန့်ရင်ငံကြီးဖြစ်လွန်းလို့ အစပိုင်းဆို ချော့ပီးထည့်.. တော်တော်ကြီး အရှိန်ရလာမှ စိတ်ကြိုက်လုပ်ရတာ။ ဒီတစ်ခါတော့ မရဘူး စိတ်က တအားတင်းနေတော့ စလွှတ်ပြီဆိုတာနဲ့ အသားကုန် ဝက်ပက်သလိုကို ကော့ကော့ပြီး ပက်(အဟီးမှားလို့) ဆောင့်တာဆိုပါတော့ဗျာ။ အခါတိုင်းနဲ့မတူတာက သူ့ပါးစပ်က အားး ကောင်းတယ်… အားးကောင်းတယ် ဆိုတာကို ဆောင့်လိုက်တိုင်း အော်နေတာဗျ။ အဲ့လိုအော်လေလေ ကျနော်က စိတ်ကြွလာပြီး ကြမ်းလေလေတွေ ဖြစ်ကုန်ရော။ အဲ့ဒီမှာ ရှက်ရှက်နဲ့ပဲ ဝန်ခံရရင် ကျနော် ဘာဖြစ်မှန်းမသိပဲ ညစ်တီးညစ်ပတ်တွေ စပြောမိတော့တာဗျို့ ဟီး။ အသားကုန်လည်း အောက်က ဆောင့်နေသလို ပါးစပ်ကလည်း လျှောက်မေးကုန်တာ။ အောစာအုပ်ထဲကလိုတွေ ဖြစ်ကုန်တယ်။
“ကလေးလေး ရှူးးးး အားးး”
“ဟင်……….”
“အခု ကိုယ် ကလေးလေးကို ဘာလုပ်နေတာလဲ”
“ဘာလဲကွာာာာာာာ ဘာတွေလာမေးနေတာလဲ ကျွတ်!!”
“ပြောကွာပြော”
“အာာ ဘာတွေပြောခိုင်းနေတာလဲ … အားးး ရှူးးးး”
“— —- လို့ပြော ကျယ်ကျယ်လေးးး လုပ်ကွာ မြန်မြန်ပြော”
(ခဏတော့ ငြိမ်သွားတယ်၊ ခုနက အော်ပြီး ညည်းသံအစား အံကြိတ်ပြီး ခံနေတယ်၊ နောက်တော့ ရှက်သလိုလို အသံလေးနဲ့ အော်လာတယ်)
“—- —— ———”
အဲ့ဒီလိုအသံလေးလည်းကြားကော ကျနော်လည်း မီးကုန်ယမ်းကုန် တွယ်တော့တာပေါ့။ ကောင်းထှာဗျာ ဟီး။ —- လို့ ကောင်းလိုက်တာ ဘာညာတွေ လျှောက်ပြောပြီးတွယ်ရင်း ပြီးသွားတယ်။ အားလုံးပြီးသွားတော့ နှစ်ယောက်သား ထပ်လျက်ကလေး မှိန်းနေရင်းက ပြန်စဉ်းစားပြီး ရှက်လိုက်တာ ဆရာတို့ရာ။ ဘယ်လိုလုပ်ပြီး အဲ့လိုတွေ သွားပြောမိမှန်းကို မသိတာ။ ပြီးသွားတာနဲ့ ရှက်စိတ်ဝင်တာပေါ့။ သူလည်းတူတူပဲ။ ကျနော့်ကို အသားကုန်ဖက်ပြီး ငြိမ်နေရာက ကျနော်ပြောခိုင်းတိုင်း ပြောမိလိုက်တာ ရှက်သွားတယ်နေမယ် အသံကိုတိတ်နေတာပဲ ဟီး။ ခွဲနေရတာကြာတော့ တစ်ခေါက်လောက်နဲ့ ဘယ်အာသာပြေပါ့မလဲ။ အပေးအယူကလည်း တည့်နေတာဆိုတော့ နောက်တစ်ချီအတွက် အသင့်ပြင်တော့တာပေါ့။
မှိန်းနေရာက ဟိုပွတ်ဒီပွတ်တွေ ပြန်လုပ်လာကြပြီး ထုံးစံအတိုင်း ပက်လက်အိပ်နေတဲ့ ကျနော့်ပေါင်ကြားထဲ မျက်နှာလေးလာအပ်ပြီး အသားကုန် ပလွတ် ပလွတ် လုပ်ပေးပါလေကော။ ပြန်မာလာတာနဲ့ ထုံးစံအတိုင်း သူက ဆံပင်ရှည်လေးတခါခါနဲ့ ကောင်းဘွိုင်မလေး လုပ်မယ်ပေါ့။ ကျနော့်ဒုံးပျံကလည်း ပြန်ထလာတော့တာပေါ့ဗျာ။ သူကိုယ်တိုင်ကလည်း ပယ်ပယ်နယ်နယ် လျှာကစား၊ အာငွေ့ပေးတွေ လုပ်နေရင်းက စိတ်ပြန်ထလာတယ်နဲ့တူပါတယ်၊ မြန်မြန်ဆန်ဆန်လေးတွေ ဖြစ်လာတယ်။ နှာမှုတ်သံလေးတွေ ပြင်းထန်လာတယ်။ အဲ့ဒီအချိန်မှာပဲ..
“အားးးးးးးးးး!!!!!!!!”
လို့ အာခေါင်ခြစ်အော်ပြီး သူ့ကို တွန်းထုတ်ပစ်လိုက်မိတယ်။ ပက်လက်အိပ်နေရာက ဘေးစောင်းခွေခွေလေး ဖြစ်သွားရင်းက ကိုယ့်ဂွေးကိုယ် လက်နဲ့အုပ်ရင်း အမလေးဗျာ.. အမလေးလို့ ညည်းနေရတယ်။ ဘာဖြစ်ရမလဲဗျာ။ ခွေးမလေးက စိတ်အရမ်းထလာလို့ဆိုပြီး တွဲကျနေတဲ့ ကျနော့် ဂွေးဥနှစ်လုံးထဲက တစ်လုံးကို သူ့သွားချွန်ချွန်လေးတွေနဲ့ မစာမနာ သောက်ရမ်းကိုက်ဆွဲပစ်လိုက်တာဗျ။
အခုခါမှာတော့ အဲ့ဒီအဖြစ်အပျက်လေးတွေက ပြုံးစရာ၊ ရယ်စရာလေးတွေပေါ့ဗျာ။ အဲ့ဒီနေ့က နောက်ပိုင်းပွဲစဉ်တွေ ဖျက်သိမ်းလိုက်ရတယ်။ အရင်တစ်ခေါက်က ဖုတ်ဖုတ်အင်ဂျူရီ ရပြီး တစ်ခေါက်နဲ့ ဒိုင်ပွဲရပ်ခဲ့သလို .. ဒီတစ်ခါတော့ ဝှေးဥအင်ဂျူရီနဲ့ ပွဲစောစောသိမ်းလိုက်ရတယ်။ အာသာမပြေချက်ဗျာ။ စိတ်အာသာမပြေတာ ပြောပါတယ်။ ခန္ဓာကိုယ်ကတော့ ဘာမှကို မလုပ်နိုင်တော့ဘူး။ နာတာသက်သာသွားမှ မျက်နှာငယ်လေးနဲ့ ထိုင်ကြည့်နေတဲ့ သူ့ကို မေးလိုက်တယ်။ ဘာလုပ်တာလဲဟာ.. ဆိုတော့ ဂွေးတွဲလွဲလေးကို ကြည့်ပြီး စိတ်ယားလာလို့တဲ့ ဥတစ်လုံးကို လက်သည်းနဲ့ ပြောင်တင်းတင်းဖြစ်အောင် ညှစ်ထားရင်း စုပ်ကြည့်ရာက ကိုက်ဆွဲလိုက်မိတာ။ အတိုင်းအဆကို မချိန်လိုက်မိဘူးတဲ့။ ဒီလိုအထိ နာသွားမှတော့ ဟိုမင်းသမီးလေသံနဲ့ ပြောရရင် “ရှင့်ဟာကြီးက သောင်လည်းမသောင်နိုင်တော့ပါလား” ဆိုတာမျိုး ဖြစ်သွားပြီပေါ့ဗျာ။ ဒီတိုင်းလေးပဲ ဖင်တုံးလုံးဖက်အိပ်ရင်း ဟိုပွတ်ဒီပွတ်နဲ့ တနေကုန်လိုက်ရတာပေါ့။
နောက်ပိုင်း အဖြစ်အပျက်တွေက ဘာမှထူးခြားတာမရှိပါဘူး။ သူလိုငါလို အတွဲတွေလိုပါပဲ။ တခါတလေ အပြင်တူတူထွက်တယ်.. ဟိုဟာလေး ဒီဟာလေးစား (အဲ.. ရုပ်ရှင်တော့ တစ်ခါမှ တူတူမကြည့်ဖူးဘူးရယ်) တစ်ပတ်တစ်ခါလောက် သူ့အိပ်ယာလေးပေါ်ရောက်သွား အုပ်ကြ.. ဒီလောက်ပါပဲ။ ရည်းစားလား ဘာလားလည်း မသိပါဘူး။ ချစ်တယ်ကွယ်ဘာညာ ဘာမှလည်းမပြောဘူး။
တခါသား စကားစပ်မိရင်း ကျမ အိမ်ထောင်ပြုတဲ့အခါကြရင် အခုလို ကိုယ်လုံးလေး မဟုတ်တော့ပဲ ဖက်တီးပုတ်မကြီးများ ဖြစ်နေမလားနော်လို့ အပြောမှာ ကျနော်က ခပ်တည်တည်နဲ့ မင်းက ဘယ်သူနဲ့ အိမ်ထောင်ပြုမှာတုန်းလို့ အမေး သူ့ကိုယ်ပိုင်ဟန်ဖြစ်တဲ့ ခပ်စောင်းစောင်း မိုက်ကြည့်တစ်ချက် ကြည့်တာ ခံလိုက်ရတယ်။ ပြီးမှ အဟက်! ဆိုပြီး တစ်ချက်ရယ်ချင်ယောင်ဆောင် တခြားကိစ္စတွေဆီ စကားလမ်းကြောင်းလွှဲသွားရောဗျ။
နောက်ပိုင်း ပြဿနာလေးတွေ စလာတာကတော့.. အင်းလေ.. သူ့အပြစ်လည်း မဟုတ်ပါဘူး။ ဘယ်လိုခေါ်ရမလဲ ကျနော်တို့ ရှင်သန်ကြီးပြင်းလာတဲ့ နောက်ခံချင်းက မတူကြတာကိုး။ ဥပမာဗျာ.. ကျနော့်မွေးနေ့ရောက်လာကော ဆိုပါတော့။ အဲ့လိုမွေးနေ့တွေ ဘာနေ့ညာနေ့တွေ ကျနော်တော့ဖြင့် သိပ်ပြီး အရေးလုပ်မနေဘူးရယ်။ သက်သက် ပကာသနတွေလို့ မြင်လေတော့ကာ အခါတိုင်းဆို ကိုယ့်ဟာကိုယ်တောင် ဘယ်တုန်းက မွေးနေ့လည်းတွေ ဘာတွေ မသိလိုက်တာတွေ ဖြစ်ဖူးတယ်။ အဲ့တစ်ခေါက်ကြတော့ ရှင့်မွေးနေ့ မနက်စောစော ဘုန်းကြီးကျောင်းသွားမယ်တဲ့။ အိုကေပေါ့။ မနက် ဝေလီဝေလင်းကြီး ပြူးပြဲထပြီး လစ်ရတာပေါ့။ ကောင်းမှုကုသိုလ်လေးဘာလေး ပြုပြီးတဲ့ သကာလ ဗိုက်ဆာတောင် မုန့်စားမယ်တဲ့။ သွားစေသတည်းပေါ့။
ဇာတ်လမ်းက အဲ့ဒီမှာစတာ။ မုန့်စားရင်း စလိုက်နောက်လိုက်နဲ့ ပျော်နေကြသေးတယ်။ ရုတ်တရက် မထင်မှတ်ထားပဲ ကျနော့်ကို ဖက်နမ်းတယ်ဗျ။ ရိပ်ကနဲ မြင်အလိုက်မှာ တွန်းထုတ်လိုက်မိတယ်။ မျက်နှာက ကွက်ကနဲ ပျက်သွားတယ်။ တွန်းဖယ်လိုက်တာက တခြားမဟုတ်ပါဘူးဗျာ။ ကျနော့်တို့အရှေ့ စားပွဲမှာ ထိုင်နေတာက မိသားစုတစ်ခုဗျ။ ကလေးတွေပါနေတယ်။ ကလေးတွေက ဒီဖက်ကို လှမ်းငေးနေကြတာ။ ဆိုတော့ကာ မဖြစ်သင့်ဘူးထင်လို့။ ကွန်ဆားဗတစ် ဖြစ်တယ်ပဲ ဆိုဆိုဗျာ ကျနော် အဲ့ဒါမျိုးကို လက်မခံဘူး။ အဲ့ဒီမှာ သူက ဖီလင်တွေအပြည့်နဲ့ နမ်းတာလည်း ဖြစ်မှာပေါ့ ရှုပ်ကုန်ရော..။ သူက ဒေါသတအားထွက်သွားတယ်ဗျ။
“ဘာဖြစ်တာလဲ!!! ဘာဖြစ်တာလဲ!!!”
“တိုးတိုးပြော..ငါ့ကောင် ဟိုဖက်ဝိုင်းက ကလေးတွေ မြင်နေရလို့ကွာ”
“ရင်ဘတ်ထဲမှာ ဘယ်လောက်အောင့်သွားလဲ ရှင်သိသလား”
“ဟောဗျာ.. မင်း ဒါလေးတောင် နားမလည်ဘူးလားကွ”
“အို! မသိဘူးး”
အဲ့ဒီမှာ Gap ဗျာ။ ကျနော်တို့နှစ်ယောက်ကြားမှာ ကွာဟချက်။ ဘာကြောင့်လဲဆိုတော့ အသက်အရွယ်ပဲနေမှာပါ။ ကျနော်က လူလတ်ပိုင်းရောက်ခါနီး လူငယ်တစ်ယောက်။ သူက ဆယ်ကျော်သက်ကနေ ဒီဖက်ကိုအကူး ချာတိတ်မလေး။ ဒါပါပဲ။
ကျနော့်မှာ မကောင်းတဲ့အချက်က တစ်ခုခုဆို ဒေါသအထွက် မြန်တတ်တာဗျ။ ကိုယ့်ကိုယ်ကိုသိပေမယ့် တခါတလေကြ ထိန်းရခက်တယ်။ ဖြစ်ပြီးတော့မှ နောင်တရမိပေမယ့် တစ်ခုခုဆို မဆင်ခြင်ပဲ လျှောက်ပြောပစ်တာမျိုး။ ကျနော် ရှင်းပြနေတာကို ဒေါသမပြေတဲ့ အချိုးမျိုး လာလုပ်နေတော့ကာ ကျနော်လည်း စိတ်ကတိုလာပါလေရော။
“မင်းကို ငါက အင်မတန် အထင်ကြီးခဲ့တာနော်.. လူကသာ လက်တောင့်လောက်ကလေး.. ပညာတွေ အင်မတန်တတ်.. ဉာဏ်ရည်တွေ အင်မတန်မြင့်တဲ့ ကောင်မလေးဆိုပြီ..”
… … ….
“အခုဟာက ပြဿနာမဟုတ်တာကို ပြဿနာလုပ်နေတာ ငါစိတ်ကိုတိုလာပြီ.. မင်းဘာဖြစ်နေတာလဲ”
… …. ….
“အိပ်ယာပေါ်မှာ ငါဘယ်လောက် သောင်းကျန်းတတ်လဲ မင်းအသိပဲ.. အခုဟာက မင်းအိပ်ခန်းမဟုတ်ဘူး.. လူမြင်ကွင်းကွ.. လူမြင်ကွင်း”
ကျနော် စိတ်တိုပြီး လျှောက်ပြောနေသမျှကို မသိချင်ယောင်ဆောင်ပြီး ဟိုငေးဒီငေးနဲ့ သောက်ဂရုမစိုက်တာလိုလို လုပ်နေတယ်။ ကျနော် ပြောလက်စ ရပ်သွားတော့မှ “ပြီးပြီလား သွားစို့” တဲ့။ ဒါနဲ့ ထထွက်လာကြရော ဆိုပါတော့။
လမ်းလျှောက်လာကြရင်း တနေရာရောက်တော့ ခဏရပ်ဦး ဒီနားလေး ခဏလမ်းလျှောက်ရအောင် မနက်စောစောပိုင်းလေးတဲ့။ ဒါနဲ့ အဲ့နားမှာ ချာချာလည် လမ်းပတ်လျှောက်နေကြတယ်။ တော်တော်ကြီးကြာလာတော့ ကျနော်က ခုနက စိတ်တိုနေသမျှ ပြေစပြုလာပြီ။ တဝဲလယ်လယ်နဲ့ ဒီပတ်ဝန်းကျင်မှာပဲ လမ်းပတ်လျှောက်နေကြတာကို သတိထားမိပြီး ရယ်ချင်စိတ်ကို မျိုသိပ်ထားဟန်နဲ့
“ငါတို့ ဘာလုပ်နေကြတာလဲ ဟင်”
လို့ မေးလိုက်တော့ မျက်နှာခပ်ပျက်ပျက်နဲ့ မြက်ခင်းပေါ် ခုံတန်းလေးတွေပေါ်၊ သစ်ပင်ပင်စည်တွေပေါ်ကို လက်ညှိုးထိုးပြပြီး
“အဲ့ဒါဘာတွေလဲ!! အဲ့ဒါဘာတွေလဲ!!”
တဲ့။ အဲ့ဒီတော့မှ သေသေချာ လိုက်ကြည့်မိတယ်။ အဟီး အသည်းနှလုံးပုံလေးတွေဗျ။ စက္ကူလေးတွေနဲ့ လုပ်ထားတာ။ အသည်းပေါ်မှာ သူနဲ့ ကျနော့်နာမည် အတိုကောက်လေးတွေ။ (မနေ့ညက လာလုပ်ထားတာဆိုလား) အဲ့ဒီတော့မှ သတိထားမိတယ်။ နေရာအနှံ့ပဲ.. ဟိုဟိုဒီဒီ အကုန်ပျံ့ကျဲထားတာ။ အဲ့ဒီမှာ ခုနက စိတ်တိုနေတာပြေခါစ ကျနော်က အလိုလိုအူမြူးလာလို့ တဟီးဟီးနဲ့ ရယ်လိုက်မိတယ်။ ဘာရယ်တာလဲ? လို့ ခပ်တည်တည်နဲ့ မေးလာတာကို ကလေးမဟုတ် သူငယ်မဟုတ်တွေ လျှောက်လုပ်ထားရသလားဆိုပြီး စလိုက်တော့ (တကယ်လည်း ကျနော့်စိတ်ထဲ ကလေးဆန်နေသလားလို့.. ကျနော် အသက်များကြီးနေတာလား.. အဲ့လိုပြောရအောင်လည်း အဲ့တုန်းက ကျနော်လည်း ငယ်ပါသေးတယ်) ဒေါဖောင်းပါလေရော။ သူက ဒေါသထွက်ပီး ရှူးရှူးရှားရှား ဖြစ်လေလေ ကျနော့်ဝသီအရ ပေါက်ကရတွေ လျှောက်ပြောလေလေပေါ့။ (ကောင်းတော့မကောင်းဘူးဗျာ)
“ဟီးဟီး.. ဒါလေးတွေမြင်တော့ ငါတို့ငယ်ငယ်က တန်ဆောင်မုန်းမှာ ပံ့သကူပစ်တာ သတိရလိုက်တာဟာ”
“ရှင်နော်.. တော်လိုက်တော့ ကျမ သည်းမခံနိုင်တော့ဘူး”
“တကယ်ပြောတာ၊ အဲ့ဒီတုန်းကတည်းက သူများတကာတွေ ရလိုက်တဲ့ ပံ့သကူ၊ ငါကတော့ မျက်လုံးကိုကန်းတာဟ တစ်ခါမှကို မရတာ အဟီး”
“ကိုxxx ”
“ခင်ညာ”
“ရှင် လှောင်စရာ ပြောင်စရာ ဖြစ်သွားတယ်ပေါ့ ဟုတ်လား၊ ပြန်မယ်ခု.. ခုချက်ချင်းပြန်မယ်”
အဲ့ဒီလိုတွေဖြစ်ပြီးတဲ့သကာလ ကျနော်လည်း အလုပ်ကိစ္စရှိတော့ မြန်မြန်လစ်၊ သူလည်း ကျနော့်မျက်နှာကိုတောင် သေချာမကြည့်ပဲ ပြန်သွားခဲ့တာပေါ့။ နောက်နေ့တွေကြတော့ အလုပ်များနေတော့ သွားမချော့ဖြစ်ဖူးရယ်။ ဖုန်းဆက်တော့လည်း ကျနော်က ချော့ဖို့ထက် နောက်တီးနောက်တောက် သွားသွားလုပ်လေတော့ကာ ပိုဆိုးကုန်တာပေါ့။
“ဟလို!”
“ဟိုင်း! ကလေးလေး ကိုယ်မင်းကို သတိရနေတာဟ”
“အင်း.. ဘာကနေဘယ်လို”
“တီဗီကနေ ဇာတ်လမ်းတစ်ခုလာနေတာ လှမ်းကြည့်ရင်း သတိရသွားတာ”
“မင်းသမီးနဲ့ တူနေလို့လား”
“ဟုတ်ပူးလေ.. ခုပြနေတာ ပါဝါရိန်းဂျားဇာတ်ကား”
“ဘာပြောတယ်”
“ဟီးဟီး ပါဝါရိန်းဂျား အဝါရောင်ကို ကြည့်ရတာ ကလေးလေးမျက်နှာနဲ့ ခပ်ဆင်ဆင်ရယ်.. ပံ့သကူပစ်တဲ့ ပါဝါရိန်းဂျားလေး”
“တောက်! ဂွပ်!”
စိတ်ကောက်တာဘာညာ ဖြစ်ပြီးသကာလ အချိန်တန်တော့လည်း ဒင်းကလေး မေ့မေ့ပျောက်ပျောက် ဖြစ်သွားရောဗျ။ မိန်းမသိပ်မဆန်တာလည်း ပါမယ်ထင်တာပါပဲ။ ဟန်မဆောင်တတ်ဘူး။ ပွင့်လင်းတယ်။ လိုချင်ရင်လည်း လိုချင်တယ်။ မကြိုက်တာကိုလည်း မကြိုက်ဘူး ဒဲ့ပြောတတ်တဲ့ အကျင့်ကြောင့် ကျနော် သူ့ကို တွယ်တာမိတာကိုတော့ ဝန်ခံရဲပါတယ်ဗျာ။ ကျနော် အနှစ်သက်ဆုံးအချက်က ထားခဲ့ဖူးတဲ့ ရည်းစားတွေလို ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရတွေလည်း ဘာမှမပြောဘူးရယ်။ ဆေးလိပ်မသောက်နဲ့ အရက်သောက်တာ မကြိုက်ဘူး ဘာညာ အစရှိသဖြင့်ပေါ့လေ။ ကျနော်တို့နှစ်ယောက်ကြားမှာ တခါတလေ ကျနော် လုပ်ချင်ရာလုပ်ပြီး သူ့ကိုပစ်ထားလိုက်မိလို့ ဖုန်းလေးဘာလေးတော့ ဆက်သင့်တယ်ထင်တာပဲဆိုတဲ့ ရိတိတိ အပြောလေးတွေကလွှဲပြီး ဘာမှပြဿနာ ကြီးကြီးကျယ်ကျယ် မရှိခဲ့ဘူးဗျ။ အဲ့လိုပြောလာတိုင်း ကျနော်က အဲ့လိုကြီး ငါမနေတတ်ဘူးဟာလို့ မျက်နှာထားတင်းတင်းနဲ့ ပြန်ပြောတတ်တာ (ဒါလည်း မကောင်းဘူးဆိုတာ သိပါတယ်) လောက်ပဲ ပြဿနာရှိမယ်ထင်ပါတယ်။
ဇာတ်လမ်းဆုံးချင်တဲ့တနေ့မှာတော့ ထုံးစံအတိုင်း ကျနော်နဲ့သူ၊ သူ့အခန်းလေးထဲ ရောက်သွားတဲ့နေ့ပေါ့။ အခြေအနေက ပုံမှန်ပဲ။ မတွေ့တာကြာတော့ ငတ်နေတဲ့ လူတွေရဲ့ ထုံးစံအတိုင်း အရူးအမူး လိင်ဆက်ဆံပစ်လိုက်ကြတယ်။ အပြင်ဖက်မှာ လူတွေရှိနေတာတောင် ဂရုမစိုက်မိသလို အော်ဟစ်ဆူညံသွားတာပဲ။ ပြန်တွေးကြည့်မိတော့ နည်းနည်းတောင် ရှက်သလိုလိုပဲဗျာ။ ညစ်တီးညစ်ပတ်တွေ ပြောပြီး လုပ်ဖြစ်ခဲ့ကြတာကိုး အဟီး။ ပထမတစ်ကြောင်းဆွဲပြီးတော့ ဖလက်ပြပြီး ခဏအနားယူလိုက်ကြတယ်။ မဝသေးဘူး ဆက်ဆွဲဦးမယ်ပေါ့။ ဆေးကြောသုတ်သင်ပြီးတော့ ကုတင်ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ဖက်ရင်း မှိန်းနေကြတယ်။ ကျောလေးပွတ် ဖင်လေးပွတ် ဇိမ်ယူကြရင်း ဟိုပြောဒီပြောလေးတွေ တိုးတိုးတိုးတိုး ပြောနေကြရင်းပေါ့။
အဲ့ဒီမှာ စကားစပ်မိရင်း ကိစ္စတစ်ခု ရောက်သွားတယ်ဗျ။ ဘာအကြောင်းအရာဆိုတာ ထားလိုက်ပါတော့။ လိုတိုရှင်းပြောရရင် ကျနော်မကြိုက်တဲ့ ကိစ္စတစ်ခုပေါ့။ နှစ်ကိုယ်ကြားပဲ သိသင့်တဲ့ ကိစ္စတစ်ခုကို သူ့သူငယ်ချင်းတစ်ယောက်ကို သွားပြောလိုက်တယ်တဲ့။ ကျနော် ဒေါသ တော်တော်ထွက်သွားတယ်ဗျ။ အဓိပ္ပါယ်မရှိဘူးလို့လည်း တွေးမိသွားတယ်။ စိတ်က ထောင်းကနဲ ဖြစ်လာတော့ လေသံက မာသွားရော။ ကံဆိုးချင်တော့ အဲ့ဒီအချိန်မှာ သူက ကျနော့်ပစ္စည်းကို လက်နဲ့ကိုင်ပြီး ဆွပေးနေတဲ့အချိန်ဗျ။ တိုက်တိုင်ဆိုင်ဆိုင်လို့ပဲ ပြောရမလားမသိဘူး။ ကျနော့်ဟာက တော်တော်ကြီး ပြန်မာနေတဲ့အချိန်။ ဒေါသကလည်း ထွက်ထွက် အဲ့လိုဖြစ်နေတဲ့အချိန်။
“ကိုကို!” (ချော့သလိုလို လေသံပျော့လေးနဲ့ စကားစလာတယ်)
“ဘာလဲ” (ကျနော့်လေသံက တော်တော်မာနေတယ် ခုနက ကိစ္စမှာ စိတ်ကတိုနေတာကိုး)
“ကျမကို လုပ်ပေးတော့.. ကိုကို့ဟာကြီး ဖြစ်နေပြီ”
“ဘာလုပ်ပေးရမှာလဲ.. ပြောလေ” (ကျနော့်လေသံက ဟောက်သလိုလို ဖြစ်နေတယ်)
“အာ!”
“-ိုး ပေးတော့လို့ပြောလေ”
“ဟာကွာ!!”
“ထလေ လေးဖက်ထောက်လိုက် -ိုး မယ်”
“ကိုကို.. ကျမ ကြောက်တယ် အဲ့လိုမလုပ်ပါနဲ့” (မျက်လုံးလေးဝိုင်းပြီး တောင်းပန်ရှာတယ်၊ ကျနော်က အတင်းလေးဖက်ထောက်ခိုင်းနေတာကိုး)
“ကျွတ်! ထစမ်းပါ ဘာမှမဖြစ်ဘူး”
“ရဘူးထင်တယ်… ခဏလေး.. စိုအောင်လုပ်ပြီမှနော် ကျမဟာလေးက ချက်ချင်းကြီး အဲ့လိုဆိုမခံနိုင်ဘူး သေလိမ့်မယ် အိ.. အိ.. ကိုကိုရယ် သေပါပြီ”
ကျနော် အပေါ်ကပို့စ်တွေမှာ ခင်ဗျားတို့ကို ပြောခဲ့ဖူးတာ သတိထားမိလားမသိဘူး။ ကျနော့်ပစ္စည်းနဲ့ သူ့ဟာက သိပ်အဆင်မပြေဘူးဗျ။ အရှိန်မရပဲ ဇွတ်လုပ်ရင် သူမခံနိုင်ရှာဘူး။ ထခိုက်ရှလွယ်တဲ့ အဖုတ်ကလေးကိုး။ အဲ့ဒါကို ကျနော်က မညှာမတာ နည်းနည်းပါးပါးတောင် အဖုတ်အရည်ရွှဲအောင် မလုပ်တော့ပဲ လေးဖက်အတင်းထောက်ခိုင်းပြီး ဖိထည့်ပစ်လိုက်တော့ ခါးလေးကော့တက်ပြီး အာခေါင်ခြစ်အော်ရှာတယ်။ ကျနော် အင်မတန် အရိုင်းစိတ်ဝင်သွားမိခဲ့တယ်ဗျာ။ သူတော့ ဘယ်လောက်ခံရရှာမယ် မသိဘူး။ ကျနော့်လိင်တံတောင် ပူကနဲပူကနဲနေအောင် ဖြစ်ဖြစ်သွားတာ သတိထားလိုက်မိတယ်။ ဘာမှဆက်မပြောတော့ပဲ ခါးကျင်ကျင်လေးကိုဖိပြီး အသားကုန်ဆောင့် မညှာမတာ လုပ်ပစ်လိုက်မိတယ်။ ခုနက ဒေါသတွေကို ဖောက်ခွဲတဲ့အနေနဲ့ တမင်လုပ်တယ်ဆိုတာ သူလည်း ရိပ်မိသွားတယ်ဗျာ။ အခုချိန် ပြန်တွေးမိတာတောင် စိတ်ထဲမှာ မကောင်းဘူးရယ်။ လုံး၀ hardcore ကြီး ဖြစ်သွားတာကိုး။
သူ့ခင်မျာ တော်တော်ခံရရှာသလို ကျနော်ကလည်း အရိုင်းဆန်ဆန်လုပ်နေတော့ မငြင်းဆန်ရဲပဲ ခံလိုက်ရရှာတယ်။ လေးဖက်ထောက်လျက်ပဲ အသားကုန်ဆောင့်.. သူဘယ်လိုအော်အော် မရပ်ပဲ အသားကုန်အုပ်.. နည်းနည်းကြာသွားမှ အရည်တွေ အထဲမှာ ထွက်လာတော့ သိပ်ပီး ပူကနဲပူကနဲ မဖြစ်တော့တာ သတိထားမိတယ်။ ပိုဇေရှင်တောင် မပြောင်းပဲ လေးဖက်ထောက်ပြီး တစ်ချီပြီးတဲ့အထိ အသေဗျင်းလိုက်မိတယ်။
ဘယ်လောက်တောင် ခံလိုက်ရတယ် မသိဘူး။ ကျနော် ပြီးသွားလို့ ဆွဲထုတ်လိုက်တော့ ဒူးတောင်မထောက်နိုင်ရှာတော့ပဲ အိပ်ယာပေါ် မှောက်ကျသွားရှာတယ်။ ကိုယ်လုံးလေးကလည်း အဲကွန်းခန်းထဲမှာကို ချွေးတွေရွှဲနှစ်ပြီး တဆတ်ဆတ်တုန်လို့။ (ကျနော် တကယ် နောင်တရမိပါတယ်ဗျာ၊ ဘုရားစူးရပါစေရဲ့၊ ဘဝမှာ ဘယ်မိန်းမကိုမှ အဲ့လိုမလုပ်ဖူးခဲ့ပါဘူးဗျာ၊ ဒေါသနဲ့ လိင်စိတ်ပေါင်းပြီး အရိုင်းစိတ်ဝင်သွားမိခဲ့တာပါ) ရေချိုးခန်းထဲ ထထွက်သွားပြီး ဆေးကြော
သုတ်သင်ပြီးတော့ ကုတင်ပေါ်ပြန်တက်လာပြီး သူ့ဘေးမှာ လှဲနေလိုက်မိတယ်။
“ရှင် RAPE လုပ်ရတဲ့ အရသာမျိုးကို ကြိုက်သွားသလားဟင်”
အဲ့လို ခပ်တိုးတိုး မေးလာတယ်။ အဲ့ဒီတော့မှ ကျနော့်ကို သူအထင်လွှဲသွားပြီလို့ တွေးမိပြီး နောင်တရမိတယ်ဗျာ။ ဒါပေမယ့် ကျနော် လွန်သွားခဲ့ပြီ။ သူ့စိတ်ထဲလည်း နာသွားပြီ ထင်ပါရဲ့လေ။
အဲ့ဒီအဖြစ်အပျက်ဟာ ကျနော်တို့နှစ်ယောက်ရဲ့ အနာဂတ်ဆိုတာကို မှုန်ဝါးသွားစေနိုင်တယ်ဆိုတာ အဲ့ဒီတုန်းက ကျနော် မရိပ်မိလိုက်ဘူးဆိုတာတော့ သေချာတယ်ဗျာ။ သူက စိတ်မာတယ်ဗျ။ ကျနော့်ကို နာကျည်းသွားတာကိုတောင် အမူအယာလေးမှမပြဘူး။ အံကြိတ်ပြီး ခံတယ်။ ကျနော်ကိုယ်တိုင်ကလည်း ချက်ချင်းပြန်တောင်းပန်ရမှာကို မင့်အပြစ်နဲ့မင်းကွာ ဆိုတဲ့ အပေါက်မျိုးချိုးတယ်။ အဲ့ဒါတွေက မကောင်းဘူးဗျ။ ကျနော် ဒါပဲပြောတတ်တော့တယ်။ မကောင်းဘူး။ တကယ့်ကို မကောင်းဘူး။ အရိုးသားဆုံးဝန်ခံရရင် ကျနော် မကောင်းဘူးဗျာ။ ကျနော် မိုက်မဲလွန်းခဲ့တာပါ။
အဲ့ဒီကိစ္စအပြီးမှာ ကျနော်တို့နှစ်ယောက် အပြင်ထွက်ပြီး ထမင်းစားကြတယ်။ ကျနော်ဆိုတဲ့ကောင်က လူတစ်မျိုးရယ်။ တစ်ခုခုဆို ဝုန်းဒိုင်းလျှောက်ကြဲတတ်ပေမယ့် ခဏလောက်နေရင် စိတ်က ပုံမှန်ပြန်ဖြစ်သွားကော။ ထမင်းဆိုင်ရောက်တော့ လူက ရှင်းနေတယ်။ ပျော်ပျော်ရွှင်ရွှင်ပဲ ထမင်းစားကြတယ်။ ကျနော်ကိုယ်တိုင်က ပျော်နေတာကို မှတ်မိနေသေးတယ်။ ခုနက အဖြစ်အပျက်တွေ မသိတော့ဘူး။ မဖြစ်ခဲ့သလိုတောင် ထင်ရတယ်။ ဟင်းတွေမှာပြီး သူ့ဟင်းကိုယ့်ဟင်း လဲပြီးစား.. ဟိုဟာဒီဟာလေးတွေ ထည့်ပေး၊ ယုယနေမိသေးတယ်။ သူကတော့ ခပ်တည်တည်လေး ဖြစ်နေတယ်။ ကျနော့်ဘဝမှာ အဲ့ဒီကောင်မလေးကို မြင်လိုက်ရတာ အဲ့ဒါနောက်ဆုံးအကြိမ်ပါပဲဗျာ….။ နောင် ဘယ်တော့မှ မတွေ့ရတော့ဘူးကောဗျာ။
ဖြစ်ချင်တော့လည်း တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီကိစ္စဖြစ်အပြီးမှာ ကျနော် အရေးပေါ်ကိစ္စတစ်ခုနဲ့ အိမ်ပြန်ရတယ်။ အဲ့ဒီအထိ အခုလိုတွေ ဖြစ်သွားလိမ့်မယ်လို့ မမျှော်လင့်ထားသေးဘူးဗျ။ ကျနော်သွားတဲ့ကိစ္စက နာရေးတစ်ခုဆိုပါတော့။ နာရေးဆိုပေမယ့် ဆေးရုံပေါ်မှာ အသက်လုနေတဲ့ အချိန်ကာလတစ်ခုကို ၂၄/၇ ဘေးကနေ ရင်တမမနဲ့ သွားစောင့်ကြည့်နေရတယ်။ အအိပ်ပျက် အစားပျက် လူလည်း ချာချာလည်နေခဲ့တဲ့ကာလပေါ့။ ဖုန်းတွေဘာတွေ သူ့ဆီက ပုံမှန်လာသေးတယ်။ သူအခု ဘာလုပ်ချင်တယ်၊ ဘာလုပ်ရင်ကောင်းမလား ဘာညာ တိုင်ပင်နေတုန်းပဲ။
ကျနော့်ဖက်ကလည်း လောလောဆယ်တော့ စောင့်နေတဲ့ လူနာအခြေနေက ဘယ်လိုဘာညာပေါ့။ နောက်တော့ ကျနော့်လူနာ ဆုံးသွားတယ်။ အဲ့ဒီမှာ အသုဘ ဘာညာကိစ္စတွေပါ ဆက်ရှင်းရတော့တာပေါ့။ လူနာဆုံးလို့ အသုဘပြင်နေတဲ့နေ့က ဖုန်းဆက်လာတာ နောက်ဆုံးပါပဲဗျာ။ နောက်ထပ် ဘာဆိုဘာမှ အဆက်အသွယ် လုပ်မလာတော့ဘူး။ ဒါပါပဲ။
ဘာလုပ်သွားတာလဲ ဆိုတာတောင် ကျနော် သေချာနားမလည်ခဲ့ပါဘူး။ ဘဝမှာ ချစ်တယ်လို့လည်း သေချာမဆိုခဲ့ဖူးပဲ သံယောဇဉ်ရှိခဲ့ဖူးတဲ့ ကောင်မလေးတစ်ယောက် တိတ်တဆိတ်ပဲ ကျနော့်ဘဝထဲက ထွက်သွားခဲ့တယ်။ လွမ်းစရာလည်း သိပ်မကောင်းဘူး မဟုတ်လား ညီအကိုတို့ရာ။ အေးပေါ့ သူ့အသက်အရွယ် သူ့ရုပ်သူရည်လေးနဲ့ ရွယ်တူတန်းတူလေးတွေ တွဲလို့ရနေတာပဲ၊ ငါကလည်း သိပ်လွမ်းစရာကောင်းတဲ့ ကောင်မျိုး မဟုတ်ပါဘူးလို့ တွေးရင်း ပြုံးနေမိတာပေါ့။
ကျနော်ဆိုတဲ့ကောင်ကလည်း ရေးခဲ့ဖူးတဲ့ ဇာတ်လမ်းတွေထဲကလို ကောင်းတာ တစ်ကွက်မှ မရှိဘူးရယ်လေ။ အငြိမ်းစားဖဲသမား၊ အရက်သမား၊ ဒေါသအင်မတန်ကြီးတဲ့ လူမိုက်လိုလိုကောင်၊ မိန်းမက ရှုပ်သေး၊ နောက်ဆုံး မူးယစ်ဆေးသားကောင် ဖြစ်ဖူးတာကအစ သူမချွင်းမချန် သိခဲ့လေတော့ကာ (သင်းချိုင်းကုန်းဇရပ်ထဲမှာ နံပါတ်ဖိုးထိုးတဲ့ ဇာတ်ဝင်ခန်းက ခင်ဗျားတို့ မဖတ်ဖူးခင်ကတည်းက သူ့ကိုပြောပြဖူးတယ်) အခုလိုတွေ ဖြစ်လာတော့ ရှောင်ထွက်သွားတယ် နေမှာပေါ့ဗျာ။
ဒါပေမယ့် ကျနော် သူ့ကို အပြစ်မတင်ဘူးဗျ။ ကံတရားပေါ့။ ရင်ဘတ်ကြီးတစ်ခုလုံး ဟာလာဟင်းလင်းလည်း မဖြစ်ခဲ့ပါဘူး။ ပထမတစ်ပတ်ကတော့ နာရေးကိစ္စတွေ လုံးချာလည် စီစဉ်နေရတော့ ဘာမှန်းမသိသေးပေမယ့် နောက်ရက်တွေမှာတော့ တစ်ခုခုတော့ တစ်ခုခုပဲဆိုတဲ့ စိတ်နဲ့ မတင်မကျကြီးတော့ ဖြစ်ခဲ့တာပေါ့။ တစ်လကျော် နှစ်လလောက်ရှိလာတော့ စိတ်ကို ဒုံးဒုံးချလိုက်ပါတယ်။ ဆက်လည်း မဆက်သွယ်ချင်တော့ပါဘူး။ ဆန်ဆုံစားကံ ကုန်သွားပါပေါ့လားလို့သာ မှတ်ယူလိုက်ပါတော့တယ်။
ကျနော်ဟာ လူကောင်းတစ်ယောက် ဘယ်တုန်းကမှ မဟုတ်ခဲ့ပါဘူး ဆရာတို့ရယ်။ ဒါပေမယ့် ဘယ်မိန်းကလေးကိုမှလည်း အိပ်ချင်ရုံသက်သက်နဲ့ မပတ်သက်ဖူးခဲ့တာ အမှန်ပါ။ ကျနော့်အစ်ကိုလို သဘောထားတဲ့ အွန်လိုင်းစာရေးဆရာကြီးတစ်ယောက်က channko နာမည်နဲ့ ရေးသမျှစာတွေ ဖတ်ပြီး “ငါတို့ကတော့ သူများသားသမီး မဖျက်ဆီးဖူးဘူးကွ” လို့ ကျနော့်ကို နောက်ဖူးပါတယ်။ ခင်မင်လေးစားရတဲ့ လူကြီးတစ်ယောက်ဆိုတော့ ဘာမှအငြင်းမပွားပဲ တိတ်တိတ်လေး ငြိမ်နေခဲ့မိပါတယ်။ တကယ်တမ်း ကျနော့်ဘဝမှာ အိပ်ခဲ့ဖူးတဲ့ မိန်းမတွေဆိုတာ သူရောကိုယ်ပါ နှစ်ဦးသဘောတူ စိတ်ကျေနပ်ကြလို့ အိပ်ဖြစ်သွားကြတာတွေချည်းပါ။ ကျားတစ်ကောင်လို မင့်ကိုငါအရမ်းချစ်တယ် လက်ထပ်ချင်ပါတယ်လို့ လိမ်လည်ပြီး တစ်ခါမှ အမဲမလိုက်ခဲ့ဖူးပါဘူးဆိုတာလေး ရိုးရိုးသားသား ပြောချင်ပါတယ်။ မဟာဖိုဝါဒ ကိုင်စွဲတတ်တဲ့ ယောကျ်ားတွေလို ဒီဆော်ကို ငါစားလိုက်ရတယ်လို့လည်း ဘယ်တုန်းကမှ မပြောဖူးသလို အဲ့လိုလည်း မယူဆဘူးရယ်။ ယုတ်စွအဆုံး ဟာသ ဖြစ်ကောင်းဖြစ်သွားမလားမသိဘူး။ ပြောရရင် တွေ့တဲ့မိန်းမနဲ့ အိပ်လောက်ရအောင် ကျနော် တန်ဖိုးမမဲ့ဘူးဗျ။ ဉာဏ်ရှိတယ်လို့ ယူဆရတဲ့ မိန်းမမျိုးကိုသာလျင် ဖီလင်ဖြစ်တတ်တဲ့စိတ်လည်း ရှိသကိုး။
အခုကိစ္စမှာလည်း တစ်ဖက်သား မိန်းကလေးကို အပြစ်မမြင်ပါဘူး။ အားလုံး ကျနော့်အပြစ် ကျနော့်အားနည်းချက်လို့ပဲ ယူဆခဲ့ပါတယ်။ အတည်ပြောတာပါ။ ကွဲသွားသမျှ ရည်းစားတွေနဲ့တုန်းကလည်း ကျနော့်အပြစ်တွေချည်းပါပဲ။ ကျနော်ဝန်ခံဖို့ ဝန်မလေးပါဘူး။ ဘယ်သူတွေက လာမေးမေး အဲ့ဒါ ငါမကောင်းတာပါကွာလို့ ပြန်ဖြေခဲ့ဖူးပါတယ်။ ကွဲသွားတဲ့ ရည်းစားတွေနဲ့ အခုအချိန် ပြန်ဆုံဖြစ်ရင်တောင် ပြုံးပြဖို့အသင့်ပါ။ သူတို့တွေသာ အိမ်ထောင်မကျသေးဘူးဆိုရင် မျက်နှာချင်းဆိုင် စကားပြောရင်း မိတ်ဆွေတစ်ယောက်အဖြစ်နဲ့ တခါက မိုက်မဲခဲ့မိတာလေးတွေ တောင်းပန်ချင်ပါသေးတယ်။ ကျနော်ဟာ လူမိုက်တစ်ယောက်သာ ဖြစ်ခဲ့ပြီး လူယုတ်မာတစ်ယောက်တော့ ဘယ်တုန်းကမှ မဟုတ်ခဲ့ကြောင်း သူတို့သိလိမ့်မယ်လို့ ယုံကြည်ပါတယ်ဗျာ။
နိဂုံးချုပ်ရရင် အဲ့ဒီကိစ္စတွေဖြစ်ပြီး ၆ လလောက်ကြာတော့ ကျနော့်ဖုန်းကို ကျနော်ရင်းနှီးပြီးသား ဖုန်းနံပါတ်တစ်ခုက ခေါ်လာတယ်ဗျ။ ဖုန်းမကိုင်ဖြစ်တော့ပါဘူး။ ဒီလောက်နဲ့ပဲ တော်သင့်ပြီလို့ ဆုံးဖြတ်လိုက်မိတယ်။ အနာကျက်ပြီးသား ဒဏ်ရာတစ်ခုကို ဘာဖြစ်လို့ ပြန်ဆွနေဦးမလဲဗျာ.. ဟုတ်တယ်မလား။ ရှက်ရှက်နဲ့ ဝန်ခံရရင် အဲ့ဒီအချိန်မှာ ကျနော်ကိုယ်တိုင်ကလည်း ကျောင်းနေဖက်သူငယ်ချင်း တစ်ခုလပ်မလေးနဲ့ ဘာညာ ဇာတ်လမ်းတစ်ခု ဖြစ်နေချိန်လည်း ဖြစ်နေတာကိုး။ (အဲ့ဒါကိုတော့ သပ်သပ်ထပ်ရေးတော့မယ်ဗျာ)
အချုပ်အားဖြင့် ဟာသပြောရရင် ဆရာရွှေဘတစ်ယောက် ကျနော့်ကို လက္ခဏာကြည့်တယ်ဆိုပြီး မူးမူးနဲ့ ဟောဖူးတာ တစ်ခုရှိတယ်။ နင့်လက္ခဏာအရ “သောက်ဖုတ်ကျိန်စာ” သင့်နေတယ်တဲ့။ အဲ့ဒီတုန်းကတော့ တဟီးဟီး ရယ်မောခဲ့ဖူးပေမယ့် တကယ့်လက်တွေ့ဘဝမှာ တကယ့်ကို ဟုတ်နေခဲ့ပါကောလား။ ခုနက သူငယ်ချင်းမလေးနဲ့ ဇာတ်လမ်းကလည်း သိပ်မကြာလိုက်ပါဘူး တစ်ခန်းရပ်သွားပါလေရော။ ကျိန်စာသင့်ချက် ပြောပါတယ်။ အဲ့ဒီနောက်ပိုင်းတော့ စိတ်လေလေနဲ့ ဘယ်မိန်းမနဲ့မှ မပတ်သက်တော့ပဲ ဖြေလျှော့စရာမရှိတော့တဲ့ လိင်စိတ်ကို ဖောက်ခွဲပစ်ဖို့ အောလောကထဲ ခြေစုံပစ်ဝင်လာခဲ့မိတယ် ဆိုပါတော့ဗျာ။
Channko ဆိုတဲ့ နာမည်ကတော့ ဟိုကောင်မလေးကို အမှတ်တရအနေနဲ့ ယူလိုက်တဲ့ ကလောင်နာမည်ပေါ့ဗျာ။ ပံ့သကူပစ်တယ်လို့ ကျနော် နောက်ပြောင်ခဲ့ဖူးတဲ့ မြက်ခင်းပြင်၊ ခုံတန်းလေးတွေ၊ သစ်ပင် ပင်စည်တွေမှာ သူကပ်ထားခဲ့တဲ့ အသည်းနှလုံးပုံ စက္ကူကလေးတွေအပေါ်မှာ chann နဲ့ koko လို့ သူရေးခဲ့တာလေးတွေ အမှတ်ရမိလို့ပေါ့လေ။ ထို့ကြောင့် channko ဟုခေါ်သည် ဆိုတာလေး ဒီနေရာမှာပဲ ရပ်ပါရစေတော့လား ညီအစ်ကိုတို့ရာ။
ဖတ်လို့မကောင်းပေမယ့် အဆုံးထိ သည်းခံဖတ်ပေးခဲ့ကြတဲ့ ခင်ဗျားတို့အားလုံးကို ကျနော် အင်မတန် ကျေးဇူးတင်ကြောင်း မမေ့မလျော့ ပြောလိုက်ချင်ပါသေးတယ်။
ခင်ဗျားတို့ကို တွယ်တာရပါသော
Channko



