
ကျွန်တော့် ဂိုက်ဆရာမလေး (အပိုင်း ၅)
ရေးသားသူ – ၂၄ မျက်နှာ
ဒီဇင်ဘာလကုန်ခါနီးတွင် မေဂျာဘောလုံးအသင်းခေါင်းဆောင်ဖြစ်သူ စီနီယာမှ မနက်အစောကြီးအဆောင်ရှေ့သို့ရောက်လာကာ လေ့ကျင့်ရန်အော်ခေါ်လေသည်၊ ပုံမှန်အတိုင်းဆိုလျင် ဇန်နဝါရီလပထမတစ်ပတ်လောက်မှ လေကျင့်ခန်းခေါ်ကာ ပြိုင်ပွဲအတွက် ပြင်ဆင်လေ့ရှိလေသည်၊ အသင်းခေါင်းဆောင်က အရင်နှစ်များထက် ပို၍တက်ကြွနေလေသည်၊ မနှစ်က ကျွန်တော်တို့မေဂျာအသင်းသည် စီမီးဖိုင်နယ်ရောက်မှ ပြုတ်သွားသောကြောင့် ဖလားပြန်ယူချင်၍၎င်း၊ အသင်းခေါင်းဆောင်က နောက်ဆုံးနှစ်ရောက်ပြီ ဖြစ်သောကြောင့် မေဂျာအတွက် နောက်ဆုံးအနေဖြင့် ဗိုလ်လုပွဲတွင် အနိုင်ယူချင်၍ ၎င်း၊ အကြောင်းအမျိုးမျိုးကြောင့် Training ကို စောစောစကာ၊ လေ့ကျင့်ခန်းကိုလည်း ယခင်နှစ်ကနှင့်မတူ အသေအကြေ မောင်းလေတော့သည်။
ယခုလည်း နံနက်ခင်း ၆ နာရီအချိန်တွင် ကစားသမားများက သွေးပူလေ့ကျင့်ခန်းအနေဖြင့် ဘောလုံးကွင်းကို အိပ်ချင်မူးတူးဖြင့် ပတ်ပြေးနေကြလေသည်၊ အအိပ်မက်သော ဟိန်းထက်က ကျွန်တော်ဘေးတွင် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းရမ်းကာပြေးနေလေသည်၊ မေဂျာအသင်းက ပင်တိုင်ဂိုးသမားအစ်ကိုကြီးက ဒီနှစ်ကျောင်းပြီးသွားပြီဖြစ်၍ ဂိုးသမားနေရာလွတ်လပ်သွားသဖြင့် ကျွန်တော်က ဟိန်းထက်အား ပွဲထုတ်ခဲ့ခြင်းဖြစ်လေသည်၊ ဟိန်းထက်က
“ ဟေ့ရောင်ရဲမာန်….ဂိုးသမားက ပြေးဖို့လိုလို့လားကွ… ငါ့ဘာသာ အေးဆေးနေတာအကောင်း မင်းမြှောက်ပေးလို့ ဂိုးသမားလုပ်ကာမှ အိပ်ရေးတောင်မဝတော့ဖူး”
“ အသင်းခေါင်းဆောင် ကိုပြောင်ကြီးက ဒီနှစ်တက်ကြွနေတာကိုး… ငါလည်းဘယ်တတ်နိုင်မှာလဲ မင်းသက်လုံပိုကောင်းတာပေါ့ကွာ… ဟားဟား အမောခံနိုင်တော့ ဆော်ကပိုချစ်မှာပေါ့ကွ”
“ လက်လုံကောင်းတာကနောက်…. မစ္စတာပြောင်ကြီးက ငါ့ဖုန်းထဲက အောကားတွေတောင် ဇာတ်ကားကူးနေရင်းဖျက်သွားလို့ ငါ့မှာ ဂွင်းတောင်ကောင်းကောင်းမပလေးရဘူး”
“ အေး…တစ်သင်းလုံး ဖုန်းထဲက အောကားတွေ ဖျက်ပစ်တာပဲ… သူ့ပြောပုံအရတော့ ဒူးချောင်မှာစိုးလို့တဲ့ကွ….. မင်းနဲ့ယုပွင့်တို့အတွဲတောင် လာမဖျက်တာကံကောင်း”
“ အေဘေးကြီး…. အနောက်ကပါလာတုန်းလား.. လှည့်ကြည့်လိုက်စမ်းပါဦး”
“ ပါလာတယ်ကွ….ပြေးထား… အနောက်ကနေပြုံးပြုံးကြီးနဲ့…. မောတဲ့ပုံတောင်မပေါက်ဖူးကွ… ဟိန်းထက်ရ…. မင်းရဲ့ပြောင်ကြီးက ဇော်ဂျီဖိုဝင်သားတွေ စားထားပုံရတယ်”
“ အေးပါကွာ…ငါကိုက လူပေါင်းမှားတာပါကွာ”
“ ကိုယ့်မေဂျာအတွက်ပဲဟာ… ငြီးမနေစမ်းနဲ့ ခဏနေကြ ယုပွင့်တို့ Ec အဖွဲ့တွေရောက်လာမှာ အဲ့ကြမှ ဗိုက်ဆာတာရော…. နှာခေါင်းဆာတာလေးရော ဖြည့်လိုက်”
ဟိန်းထက်က စောစောထရ၍ စိတ်မကြည်ကာ ပြေးနေတုန်းက ရစ်နေသော်လည်း ဂိုးသမားအဖြစ် ပင်နယ်တီကန်သွင်းပြီး လေ့ကျင့်သည့်အခါတွင်မူ ကောင်းကောင်းဆော့ကစားလေသည်၊ မနက်ခင်းလေ့ကျင့်ခန်းပြီးနောက် Ec အဖွဲ့၏ အကျွေးအမွေးမလာခင် ချွေးတိတ်ရန်နားနေစဉ်တွင်လည်း အသင်းခေါင်ဆောင်ပြောင်ကြီးက အလွတ်မပေးချေ၊ ထိုင်နားသခိုက်ကို သူပြောလို့ရသော…. ဘယ်သူကဘယ်လိုကစားရန်… အသင်းပုံစံအကွက်က ဘယ်သို့ဘယ်ညာသွားရန်…. ဘယ်မေဂျာကနောက်တန်းကို ဘယ်လိုဖောက်မည်… တောင်ပံကစားသမားက ဘယ်သို့ကစားရမည်ဟု မရပ်မနားတော်ကီပွားလေသည်၊ ယုပွင့်ထက်ခိုင်ပါဝင်သော Ec အဖွဲ့ရောက်ချလာမှပင် စိတ်လေနေသော ဟိန်းထက်မျက်နှာက တစ်မဟုတ်ချင်း ဝင်းလဲ့သွားလေသည်။
မေဂျာကကျွေးမွေးသော အစားအသောက်များနှင့် ဗိုက်ဖြည့်ပြီးသကာလ အသင်းခေါင်းဆောင်က ညနေပိုင်းဆက်ဆက်လာရန် နှိုးဆော်ပြီး အဆောင်သို့ပြန်လာခဲ့ကြလေသည်၊ ကျွန်တော်နှင့်ဟိန်းထက်လည်း ရေချိုးဖို့ချွေးတိတ်ရန် အိပ်ရာပေါ်တွင် ခဏနားနေကြလေသည်၊ ဟိန်းထက်က
“ ရဲမာန်..မင်းဆီမှာ အပြာကားကောင်းကောင်းလေးတွေ မရှိဘူးလား… ငါ့ကိုကူးပေးပါဦး”
“ ဘယ်လိုကားပြောတာလဲဟ… အခါတိုင်း မင်းကအကုန်ကြည့်နေတာပဲကို”
“ နူးနူးညံညံကိုရီးယားကားလေးတွေ… ဂျပန်ကားလိုမျိုးတွေလိုချင်တာ”
“ ယုပွင့်ကိုပြမလို့မလား… မင်းအကြံငါသိပါတယ်.. ဟိန်းထက်ရ”
“ အေး…ဟိုတစ်ခေါက်က သူနာသွားတော့ အခုတည်းခိုခန်းသွားဖို့ကို မနည်းပြောလိုက်ရတယ်၊ အဲ့ရောက်ရင် သူစိတ်ပါလာအောင် ဖွင့်ပြကြည့်မလို့၊ အခွင့်သာရင်လည်း မင်းပြောသလို လျှာစွမ်းပြကြည့်ရတာပေါ့”
“ နောက်တစ်ပတ်ထဲသွားမှာလား…. အားလည်းမွေးထားဦး ဂွင်းချည်းထုမနေနဲ့”
“ မထုပါဖူး…ဟိဟိ..အားတွေအကုန်စုထားတယ်”
“ မင်းကော…မြတ်နိုးနဲ့ သွားမတွေ့ဘူးလား”
“ အင်း..ဟိုတလောကမှတွေ့ထားတာ ပြီးတော့ ဘက်ဂျက်သိပ်မရှိတော့ဖူး နောက်လပိုက်ဆံထုတ်မှ သွားလို့ရတော့မှာ.. အခုက စားဖို့တောင်အနိုင်နိုင်ရယ်”
“ အင်းပါ….ငါကတည်းခိုခန်းမှာ အတွဲလိုက် ဆုံနေမှာစိုးလို့…. ကဲရေချိုးရအောင်”
နောက်တစ်ပတ်ရောက်သောအခါတွင် လကုန်ရက်ရောက်ပြီဖြစ်သဖြင့် တက္ကသိုလ်ကျောင်းသားကျောင်းသူတို့ ထုံးစံအတိုင်း ဘဏ်ကိုသွားပြီး ပိုက်ဆံထုတ်မည်ဖြစ်လေသည်၊ ပြီးလျင် မိတ္ထီလာ မြို့ထဲကနာမည်ကြီးသော စားသောက်ဆိုင်များသို့ ထိုင်တတ်ကြလေသည်၊ အတွဲရှိသူများကတော့ စားသောက်ပြီး ရုပ်ရှင်ရုံ သို့မဟုတ် ကိုယ့်ဂျက်ကာရှိသောနေရာသို့ သွားကြလေသည်၊ ကျွန်တော်လည်း ဟိန်းထက်တို့အတွဲနှင့် မြို့ထဲသို့ ပိုက်ဆံထုတ်ရန်နှင့် မုန့်သွားစားကြရန် အတူတူ ထွက်လာခဲ့ကြလေသည်၊ စုမြတ်နိုးကမူ လကုန်ရက်ကို စနေ တနဂ်နွေ ပိတ်ရက်နှင့်ကြုံလျင် အိမ်ပြန်နေကြဖြစ်သောကြောင့် ပါမလာခဲ့ပေ၊ မြို့ထဲတွင်တော့ မဝသုန်လည်းအားလပ်သဖြင့် မုန့်အတူစားကြရန် ချိန်းထားကြလေသည်၊ ဟိန်းထက်နှင့်ယုပွင့်တို့အတွဲက ကျွန်တော့်ဆိုင်ကယ်အနောက်တွင်ကပ်ပါလာကြလေသည်၊ ကျွန်တော်ကတော့ မြို့ထဲမရောက်ခင်အထိ တကိုယ်တော်မင်းသားဖြစ်သဖြင့် နားကြပ်တစ်ဖက်တပ်ကာ သီချင်းနားထောင်ပြီး ဆိုင်ကယ်ကို အမြန်မောင်းခဲ့လေသည်။
ကျွန်တော်တို့သူငယ်ချင်းသုံးယောက်သား မြို့ထဲသို့ရောက်သောအခါ ဘဏ်၌ပိုက်ဆံဝင်ထုတ်ကြပြီး ဘယ်မှာသွားစားကြမလဲဟု ဆွေးနွေးကြလေသည်၊ ယုပွင့်က
“ ရဲမာန်…နင်က ဆရာမဝသုန့်ကို သွားခေါ်ရဦးမှာမလား”
“ အေး…ဟုတ်တယ်.. အဲ့တာကြောင့် ဘယ်ဆိုင်မှာပြန်ဆုံကြမလဲလို့… မေးနေတာ”
“ ဆရာမဝသုန်က ရှမ်းအစားအစာကြိုက်တယ်မလား (မိုင်ဆွန်ခ) ကို သွားကြရအောင်လေ၊ အဲ့ဒီ့ဆိုင်က စုံတယ်.. ပိတ်ရက်ဆိုလူကြပ်လို့ ငါတို့အရင်သွားဦးထားနှင့်မယ်… နင် ဆရာမကိုခေါ်ပြီး လာခဲ့လိုက်”
“ အေးအေး….ဆေးရုံကြီးမရောက်ခင် လမ်းသုံးမြှောင်မီးပွိုင့်နားကဆိုင်မလား”
“ အေး..ဟုတ်တယ်…သွားပြီနော်”
ထို့နောက် မဝသုန့်ကိုသူ့အဆောင်သို့သွားခေါ်ပြီး ဆုံမှတ်ဖြစ်သော ရှမ်းစားသောက်ဆိုင်သို့ ထွက်လာခဲ့လေသည်၊ မဝသုန်သည် ဒီတစ်ခေါက် လူချည်းမဟုတ်ပဲ ကျောပိုးအိပ်လေးတစ်လုံးပါ လွယ်လာလေသည်၊ ဆိုင်ကယ်မောင်းရင်းဖြင့် ကျွန်တော်က
“ မ….အဲ့တာ ဘာအထုပ်ကြီးလဲ၊ ဘယ်သွားမလို့ ယူလာတာလဲ”
“ မောင့်နောက် ခိုးရာလိုက်တော့မလို့လေ… အိမ်ကသဘောမတူလို့”
“ ဟင်”
“ နောက်တာပါ…. မောင်တို့နဲ့ထမင်းအတူစားပြီးရင် အိမ်ပြန်မလို့၊ အိမ်ကပြန်မလာတာကြာပြီ ပြောနေလို့ မျက်နှာသွားပြလိုက်ဦးမယ်”
“ အော်…မောင်လိုက်ပို့ပေးရမှာပေါ့”
“ ဘာလဲ..မပို့ချင်ဖူးလား”
“ မဟုတ်ပါဘူး…မပဲ မအိမ်က ရည်းစားမထားခိုင်းဘူးဆို… တော်ကြာနေ သိသွားရင် ဘယ်လိုလုပ်မလဲ”
“ အိမ်ရှေ့ထိလိုက်မပို့ခိုင်းပါဘူး…. စစ်တပ်ပေါက်ဝတင် လိုက်ပို့ခိုင်းမှာပါ… သူကလည်း… ဇွတ်”
“ ကျွန်တော်ကတက္ကသိုလ်ကျောင်းသားပဲရှိသေးတော့… အိမ်လိုက်လို့ အဆင်မပြေသေးလို့ပါ.. ဟဲ နောက်ကြတော့အိမ်တိုင်ရာရောက် လာတောင်းမှာပေါ့”
“ ဟုတ်ပါပြီမောင်တော်ရယ်… ကျွန်မ စောင့်ပေးပါ့မယ်”
“ မိုင်စွန်ခ” ရှမ်းထမင်းဆိုင်သို့ရောက်သောအခါ ဟိန်းထက်တို့အတွဲက နေရာဦးထား၍သာတော်သေးသည်၊ ရုံးပိတ်ရက် ကျောင်းပိတ်ရက်ဖြစ်သဖြင့် လူများပြည့်ကြပ်နေလေသည်၊ သူတို့အတွဲကတော့ အစားအသောက်မှာပြီးပြီဟု ပြောလေသည်၊ ကျွန်တော်နှင့် မဝသုန်လည်း Menu ကြည့်ကာ ကိုယ်ကြိုက်သော အစားအစာများ မှာယူလေသည်၊ ကျွန်တော်တို့ရှေ့တွင် အော်ဒါများသောကြောင့် ကိုယ့်အလှည့်မရောက်ခင် အချိန် အတော်ကြာအောင် စောင့်ကြရလေသည်၊ အစားအသောက်ကို စောင့်ဆိုင်းရင်း လေးယောက်သား စကားပြောကြလေသည်၊ မဝသုန်က
“ နင်တို့တွေ….စာလည်းလုပ်ကြဦးနော်… တက္ကသိုလ်ရောက်ပြီဆိုပြီး ပေါ့မနေကြနဲ့.. အထူးသဖြင့်.. ဟိန်းထက်… မင်း roll no ကျသွားတယ်ဆို”
“ အင်း…ဟုတ်တယ် ဆရာမ… အဲ့တာ ဆရာမတပည့်ယုပွင့် စာမေးပွဲတွင်း စိတ်ကောက်နေလို့ ကျွန်တော်သူ့ကိုပဲ ချော့နေရလို့ roll ကျသွားတာ”
ဟု ဟိန်းထက်က ပြောလေသည်၊ ယုပွင့်က
“ ဘာမှမဆိုင်ပဲနဲ့ ကိုနော်…. သူအပြစ်လုပ်တာကြ ထည့်မပြောဘူး ၊ သူတို့မေဂျာက ကောင်မလေးနဲ့ messenger မှာအပြန်အလှန် အီစီကလီလိုလိုဘာလိုလို ပြောနေလို့ သမီးကပညာပေးတာ”
“ အင်း…အဲ့တာတော့ထောက်ခံတယ်… ငါ့တပည့်မ၊ ရဲမာန်လည်း ကျောင်းမှာ ရုတ်ရုတ်ရုတ်ရုတ်ဆို ဆရာမကိုပြောဦးနော်… ယုပွင့်”
“ စိတ်ချ…ဆရာမ”
“ ဘာတွေပြုံးနေတာလဲ ရဲမာန်… နင်မဟုတ်တာ တစ်ခုခုလုပ်ထားလို့လား”
ဟု မဝသုန်က ကျွန်တော့်ဘက်လှည့်မေးလေသည်၊ ကျွန်တော်က
“ မဟုတ်ပါဘူး ယုပွင့်နဲ့ဟိန်းထက်က အခုထိ ဆရာမ.. ဆရာမနဲ့ခေါ်နေကြလို့ တစ်မျိုးဖြစ်နေတာ မောင်တစ်ယောက်ထဲ မလို့ ခေါ်တာကိုး”
“ ငါတို့ကနှုတ်ကျိုးနေလို့ပါကွ…. ဆရာမဝသုန်ကို အစ်မလို့ပြောင်းခေါ်မယ်လေ… ရတယ်မလား”
ဟု ဟိန်းထက်က ပြောလေသည့်၊ မဝသုန်က
“ မရပါဖူး…ဆရာမလို့ပဲခေါ်ကြ”
“ ဆရာမကလည်းဘက်လိုက်တာဆို… အဲ့တာဆို ဟိန်းထက်ကြတော့ရော”
“ သူကငါ့ရည်းစားလေ…နင်နဲ့တူပါ့မလား ခစ်ခစ်”
ထိုစဉ်မှာထားသော အစားအသောက်များလာချသဖြင့် ပြောနေတဲ့ စကားစပြတ်သွားလေသည်၊ ဗိုက်စာနေပြီဖြစ်သဖြင့် ခေါင်းမဖော်တမ်းစားသောက်ကြရာ ၁၅ မိနစ်လောက်မှာပင် အကုန်ပြောင်သွားလေတော့သည်၊ ယုပွင့်က
“ ဟဲ့…ရဲမာန်…နင်နဲ့ဆရာမနဲ့ show ပွဲကို လိုက်ကြဦးမှာလား”
ဟုမေးရာ မဝသုန်က
“ Coca Cola ကလုပ်တဲ့ free show လား၊ သွားတော့သွားချင်တယ်….. စိုင်းစိုင်းခမ်းလှိုင်တို့လည်းပါမှာဆိုတော့…. ဒါပေမယ့် အိမ်ပြန်ရမှာဆိုတော့ နောက်ကျလို့မဖြစ်ဖူး အစ်မရဲ့အဖေက စည်းကမ်းကြီးတယ်”
ဟု ပြန်ပြောလေသည်။
“ နင်တို့အတွဲသွားနှင့်လေ…ငါက မဝသုန့်ကိုလိုက်ပို့ပြီးမှ ပြန်လာခဲ့မယ်”
ဟု ကျွန်တော်ကပြောရာ ဟိန်းထက်က
“ အခုမှ ၂ နာရီခွဲပဲရှိပါသေးတယ်၊ ရှိုးပွဲက ၅ နာရီလောက်မှစမှာ အေးဆေးမောင်းပြီးလိုက်ပို့ ငါတို့အတွဲက ကန်ဘောင်မှာပဲ စောင့်နေမယ်”
“ အဲ့တာဆို…မရေ…သွားကြတော့မလား”
“ အင်း သွားရအောင်လေ…. ဂမုန်းပွင့်စတိုးကိုလည်း ခဏဝင်ရဦးမှာ အိမ်ကအမေက ပစ္စည်းတွေမှာလိုက်လို့ ….. ကဲ… ဟိန်းထက်နဲ့ယုပွင့် အစ်မသွားပြီနော်….. တည့်တည့်ရှု့ရှု့နေကြဦး”
“ ဟုတ်ကဲ့ပါ”
မဝသုန်ကို သူမ၏ တပ်ထဲကအိမ်ကိုလိုက်မပို့ခင် ဂမုန်းပွင့်စတိုးသို့ ခဏဝင်ကြလေသည်၊ သူမ အမေမှာလိုက်သော ပစ္စည်းများကို ပါးစပ်ကပွတ်တွတ်ပွတ်တွတ်ဖြင့်ရွတ်ပြီး တစ်ခုပြီးတစ်ခုဝယ်လေသည်၊ ကျွန်တော့်ကိုလည်း ဘာတွေလိုသေးလဲဟုမေးပြီး အတန်တန်တားသည့်ကြားက ခေါင်းလျှော်ရည်တစ်ဗူးရယ်… roll on တစ်ဗူး ဝယ်ပေးလိုက်သေးသည်၊ နောက်တစ်ခါဆို ဘာမှမလိုဖူးဟု ပြောမှဖြစ်မည်၊ သူမက စတိုးဆိုင်အတူသွားသည့်အခါတိုင်း တစ်မျိုးမဟုတ် တစ်မျိုးဝယ်ပေးချင်နေသောကြောင့် ချစ်သူဖြစ်လင့်စကား ယောက်ျားလေးဘက်က အားနာရ၍ဖြစ်သည်။
၄၅ မိနစ် အကြာလောက် ရှော့ပင်ထွက်ပြီး အထုပ်များဆွဲကာ သူမအိမ်သို့ဆိုင်ကယ်ဖြင့် ပြန်လိုက်ပို့လေသည်၊ လိုက်ပို့ပြီးနောက် ဟိန်းထက်တို့အတွဲနှင့် အတူတူ Show ပွဲသို့မသွားချင်တော့သဖြင့် ဟိန်းထက်အားဖုန်းဆက်ပြီး ငါမလိုက်တော့ဘူး ပြန်နှင့်ပြီဟု အကြောင်းကြားကာ အဆောင်သို့တစ်ယောက်တည်း ပြန်လာခဲ့လေသည်။
အဆောင်သို့ရောက်သောအခါ အောက်ခံဘစ်တစ်ထည်သာချန်၍ အဝတ်အစားများကိုချွတ်လိုက်ပြီး ကုတင်ပေါ်ပစ်လှဲကာ ဖုန်းကိုအားသွင်းပြီး နေ့လည်ခင်းတစ်ရေးအိပ်လေသည်၊ အိပ်မပျော်ခင် လှေကားထစ်ပေါ်က ပြုတ်ကြသလို ဆတ်ကနဲ ဖြစ်သွားသေးလေသည်၊ နေ့လည်ခင်းနေပူပူ…. ချွေးတစီစီဖြင့် အိပ်လို့ကောင်းနေသခိုက် ခေါင်းရင်းက phone ringtone သံမြည်လာ၍ ထကိုင်လိုက်ရာ ဖုန်းဆက်သူမှာ သူငယ်ချင်းမ စုမြတ်နိုး ဖြစ်နေလေသည်။
“ ဟယ်လို….အွင်း…ပြော မြတ်နိုး…ဘာလဲ”
“ သြ..ရဲမာန်…နင်အိပ်နေတာလား… ဆောတီးနော်… ငါမသိလို့”
“ အင်းပါ…ရပါတယ်…ဘာလဲပြော… စုမြတ်… နင်အိမ်မှာမဟုတ်ဘူးလား”
“ အင်းဟုတ်တယ်…မနက်ဖြန်မနက်အစောပြန်လာမလို့ ဘာမှာဦးမလဲ”
“ တနင်္လာနေ့မှလာတာမဟုတ်ဘူး….ဘာလုပ်မို့ တနင်္ဂနွေနေ့ကြီး ပြန်လာမှာလဲ… ငါ့လွမ်းလို့လား”
“ မဟုတ်ပါဘူးး…နင်မေ့နေတာလား တနင်္လာနေ့ကြ ငါ့တို့အဖွဲ့ assignment တင်ရမှာလေ… ပြီးရင် presentation လုပ်ရဦးမှာလေ”
“ What the fuck…..ငါမေ့နေတာ.. ငါ assignment ကိုမရေးရသေးဘူး presentation ကလည်း ငါပြောရမယ့်အပိုင်းကို သေချာ note မထုတ်ရသေးဖူး… ဒိုးခပဲ”
“ ဖြစ်ရမယ်…နင်ကတော့ အဲ့တာဆိုကြိုလုပ်ထားဦး မနက်ဖြန် ညနေ ၃ နာရီ ကျောင်းထဲမှာ ငါတို့ group ချိန်းထားသေးတယ်”
“ အေးအေး လုပ်လိုက်မယ်…နင်ကောလုပ်ပြီးပြီလား”
“ အိမ်မှာတင်လုပ်ခဲ့တာ…ဒါနဲ့ ဘာမှာဦးမလဲလို့”
“ ကွန်ဒုံးနှစ်ပါကင်”
“ သေနာ…ဒါပဲတွေးနေ…အဲ့တာဆိုမနက်ဖြန်ကြမှတွေ့မယ်… ဒါပဲနော်… bye”
ထို့နောက်အိပ်ချင်မူးတူးဖြင့် အိပ်ရာမှထကာ ချွေးစီးများကိုပုဆိုးနှင့်သုတ်လိုက်ပြီး စားပွဲပေါ်တွင်ပစ်ထားသော ဘာသာရပ်စာအုပ်ကို လှန်လှောရှာဖွေကာ အကြမ်းစာအုပ်ကိုလည်းထုတ်၍ ကျွန်တော် presentation လုပ်ရမည့်ခေါင်းစဉ်ကို အကြမ်းဖျင်းဖတ်လိုက်လေသည်၊ သုံးခါလောက်ဖတ်ပြီးနားလည်သလိုလိုရှိလာတော့ ပြောရမည့်စကားကို စိတ်ထဲကလိုက်၍ပြောကြည့်လေသည်၊ တော်တော်လေးအဆင်ပြေလာပြီဆိုကာမှ ပြောရမည့်အကြောင်းအရာများကို အတိုကောက် note မှတ်ရန်ကြံစည်သခိုက် ဘောပင်ကရှာမရဖြစ်နေပြန်လေသည်၊ ကျွန်တော့်ဘောပင်ရှိသော လွယ်အိတ်က ကုတင်ခြေရင်းက သံသေတ္တာပေါ်တွင်ရှိနေသဖြင့် မထချင်သောကြောင့် ဘေးနားကဟိန်းထက်စားပွဲပေါ်က သူ့ဘောပင်ကိုလှမ်းယူလိုက်လေသည်။
သကောင့်သားက ဘောပင်အဖုံးကိုသူ့အကျင့်အတိုင်း လိမ်ပိန်အောင်ကိုက်ထားလေသည်၊ ဘောပင်အဖုံးကိုချွတ်ကာ အခန်းထောင့်တစ်နေသို့လွှင့်ပြစ်လိုက်ပြီး ပြောရမည့်ခေါင်းစဉ်၏ အကြောင်းအရာများကို note အတိုလေးများတစ်ခါတည်းရေးမှတ်လိုက်လေသည်၊ အိပ်ရာနိုးနိုးချင်း ဇောနှင့်စာလုပ်လိုက်ရာ ပြောရမည့်အပိုင်းပြီးသွားတော့ နာရီကိုကြည့်လိုက်ရာ ၆ နာရီခွဲပင်ရှိနေလေပြီ၊ ဗိုက်ထဲကလည်းတဂွီဂွီဆာလောင်နေပြီဖြစ်၍ စာအုပ်ကိုပိတ်လိုက်ကာ အောက်ထပ်သို့ရေမိုးဆင်းချိုးပြီး ထမင်းစားနေကြ အဝစားဆိုင်သို့သွားစားလေသည်၊ ထမင်းစားနေရင်း ဟိန်းထက်အားရောက်ပြီလားလို့ ဖုန်းဆက်ကြည့်သောအခါ သကောင့်သားကဖုန်းမကိုင်ချေ၊ ရှိုးပွဲဘယ်လောက်ကောင်းကောင်း ယုပွင့်တို့အဆောင်က ၇ နာရီဆိုပိတ်ပြီဖြစ်၍ ပြန်ရောက်ရန်သင့်ချေပြီ၊ ဆိုင်ကယ်အမြန်စီးနေလို့မကိုင်ဖြစ်တာနေမှာပါဟုဆိုကာ ကိုယ့်ထမင်းကိုဖြောင့်အောင်စားပြီး အဆောင်သို့ပြန်ခဲ့လေသည်။
ဟိန်းထက်ကား ကျွန်တော်အဆောင်ရောက်သည်ထိ ပြန်ရောက်မလာသေးချေ၊ ဟေ.. ဟေ့… ဟုတ်တော့ဟုတ်နေပြီ…. ဒါဆို ဒီနေ့ညပြန်ရောက်လာတော့မည်မဟုတ်၊ ရှိုးပွဲကိုအပြီးထိကြည့်ပြီး တည်းခိုခန်းတစ်ခုတွင် အချစ်တလင်း စစ်ခင်းလိမ့်မည်၊ သူငယ်ချင်းကောင်းပီသစွာဖြင့် ဟိန်းထက်ဆီဖုန်းထပ်မဆက်ဖြစ်တော့၊ သူ့အရှိန်နှင့်သူလိမ့်ပါစေဟုတွေးကာ ဖုန်းထဲက ကြည့်စရာဇာတ်ကားတစ်ကားကို ဖွင့်ကြည့်ပြီး အိပ်ရာဝင်ခဲ့လေတော့သည်။
မနက်နိုးတော့ ၇ နာရီ ရှိနေပြီး တနင်္ဂနွေနေ့ဖြစ်၍ အတန်းချိန်မရှိသဖြင့် သေးထပေါက်ကာ အိပ်ရာထဲပြန်ခွေနေပြီး ပျင်းရိခြင်းအရသာကိုခံစားနေလေသည်၊ ထိုသို့မှိန်းလို့ကောင်းနေသခိုက် အခန်းတံခါးက ကျွီကနဲပွင့်လာကာ ဟိန်းထက်ဝင်လာလေသည်၊ ကျွန်တော်က
“ သားကြီး….ညကဘယ်ပျောက်သွားတာလဲ… ငါက ဖက်ထိပ်ထဲပါသွားပြီ မှတ်နေတာ”
“ တော်ကွာ….မင်းလည်းသိရဲ့သားနဲ့…လာညှော်မနေနဲ့”
“ ကွိုင်လေးဘာလေး ပိုတာရှိရင်စွန့်ကြဲပါဦး.. ဟဲဟဲ”
“ အဲ…ဟုတ်သားဟ..မင်းပြောမှ..ညတုန်းက show ပွဲကနေ အရက်ရောထားတဲ့ ဘီယာတွေသောက်ပြီး နှစ်ယောက်သားရီဝေဝေနဲ့ တည်းခိုခန်းရောက်သွားတော့ ဒီတိုင်းပလိန်းကျိတ်လိုက်ရတယ်…. ခဏနေမှ ဆေးဝယ်တိုက်လိုက်ဦးမယ်…. ဘာတံဆိပ်ဝယ်ရမလဲ စုမြတ်နိုးသောက်ဖူးလား”
“ သူသောက်တာက *** ပဲ၊ အဲ့တာကကြိုသောက်ရတာ…. မင်းဟာဖြစ်ပြီးမှဆိုတော့ ၂၄ နာရီအတွင်းသောက်ရတဲ့ ladya တို့ဘာတို့တော့ရှိတယ်… မေ့မနေနဲ့ဦး.. ဆေးသောက်ခိုင်းဖို့”
“ အေးအေး…ငါအခုပဲ ရေချိုးပြီး သွားဝယ်လိုက်မယ်”
“ ဒီတစ်ခေါက် အဆင်ပြေခဲ့တယ်မလား… မင်းကြည့်ရတာ တက်ကြွနေသလိုပဲ”
“ ယုပွင့်ကမူးနေတော့ အရင်လိုရှက်ကန်းကန်းမဟုတ်ဘူးကွ၊ ပြောလို့ဆိုလို့ကောင်းတယ်….. နောက်ပြီး မင်းပြောသလို ဘာဂျာပေးလိုက်တော့ သူအကြိုက်တွေ့သွားပုံရတယ်၊… ဟားဟား… ဆရာကျော်ပြောသလို ဘာဂျာပေးရင် ကွမ်ရင်မယ်တော်တောင် ဒူးခွေသွားရမယ်ဆိုတာ အမှန်ပဲဟ”
“ ဒါနဲ့..ရဲမာန်..မင်းဘယ်မှသွားစရာမရှိဘူးလား… ဪ ဟုတ်သားပဲ မင်းအစ်မကြီးက အိမ်ပြန်ရောက်နေတာကိုး… ငါတော့ ဒီနေ့လည်းသွားတွေ့လိုက်ဦးမယ်”
“ ရိုးရိုးတွေ့မှာလား၊ ရှယ်ဇွန်းတပ်လား”
“ ရိုးရိုးပါပဲကွ…ဘက်ဂျက်ထိရချေရဲ့”
“ ဇွန်းတပ်ဆိုလည်းငါက အသင်းခေါင်းဆောင် ကိုကိုပြောင်ကို တိုင်တော့မလို့… ဟားဟား”
“ မလုပ်ပါနဲ့ကွာ…နဂိုကမှပြောင်ကြီးက ငါ့ကိုမဲနေတာ”
“ မင်းက PT တွေ လစ်လစ်နေတာကိုး”
“ နှစ်ရက်ထဲပါကွာ…ဒါပဲရေသွားချိုးတော့မယ်”
“ အေးအေး”
ဟိန်းထက်တစ်ယောက်ရေချိုးပြီး သူ့သေတ္တာထဲက ပိုက်ဆံအချို့ကိုထုတ်ယူကာ အလျင်အမြန်ပင်အခန်းထဲကပြန်ထွက်သွားလေသည်၊ ကျွန်တော်လည်း အိပ်ရာမှထကာ မျက်နှာသစ်သွားတိုက်ပြီး မနက်စာကိုအပြင်ထွက်မစားချင်၍ ခေါက်ဆွဲခြောက်တစ်ထုတ်ပြုတ်စားလိုက်ပြီး ရေးလက်စ assignment ကိုလက်စသတ်ရေးလိုက်လေသည်၊ ပြီးနောက် တခြားသူအများ အခန်းထဲသွားလည်ပြီး ဂိမ်းဆော့ခြင်း ဇာတ်ကားဖလှယ်ခြင်းများ ပြုလုပ်လေသည်၊ နေ့လည်စာကိုအဆောင်ကသူငယ်ချင်းတစ်ယောက်နှင့်အတူ ထမင်းသွားစားပြီး နေ့လည်ခင်းပါအိပ်လိုက်သေးသည်၊ နိုးလာတော့ရေချိုးပြီး ချိန်းထားသော presentation အဖွဲနှင့်တွေ့ရန် ကျောင်းဝန်းထဲသို့ထွက်လာခဲ့လေသည်။
ကျောင်းဝန်းထဲသို့ရောက်သောအခါတွင် ဆိုင်ကယ်စတန်းတွင် ဆိုင်ကယ်ရပ်ထားလိုက်ပြီး ကော်ရစ်ဒါအောက်တွင် အဖွဲ့အားစောင့်နေလိုက်လေသည်၊ ခဏကြာတော့ စုမြတ်နိုးအပါအဝင် အဖွဲကရှမ်းမလေးနှစ်ယောက်ပါရောက်လာကြလေသည်၊ ကျွန်တော်ကမူ အိမ်နေရင်း မေဂျာဘောလုံးအင်္ကျီအတို၊ ဘောင်းဘီအတိုနှင့်ဖြစ်သော်လည်း…သူတို့သုံးယောက်ကမူ ဝတ်စုံအပြည့်နှင့်ဖြစ်နေလေသည်၊ စုမြတ်နိုးက ထမိန်စကပ်အရှည်သုံးလွှာသားနှင့် အပေါ်က ရင်ဖုံးခါးတိုကိုဝတ်ထားပြီး ရှမ်းမနှစ်ယောက်ကတော့ သူတို့ရှမ်းရိုးရာပြောင်ပြောင်လတ်လတ် ဝတ်စုံများနှင့် ဖြစ်နေလေသည်၊ ကျွန်တော်က
“ ဟေ့…ငါဒီမှာ စုမြတ်နိုး”
“ ဪအေး….နင်ရောက်နေတာကြာပြီလား… ငါတို့က သွေးလှူရှင်အသင်းက ဂုဏ်ပြုပွဲရှိလို့ ပွဲတက်နေရလို့ ကြာနေတာ”
“ အဲ့တာကြောင့်မို့ကို…နင်တို့သုံးယောက်က တောက်တောက်ပြောင်ပြောင်တွေ ဖြစ်နေပြီးတော့ ငါကတော့ မွဲတိမွဲစုတ်နဲ့… ဖြစ်နေလို့”
“ အဲ့တာအသာထား..ငါတို့ဘယ်နားစာလုပ်ကြမလဲ.. ကော်ရစ်ဒါက ခုံတွေက ဘယ်ရောက်သွားတာလဲဟ”
“ အင်း…ဟိုဟာ…ဘွဲနှင်းသဘင်ရှိလို့ထင်တယ်…. ကျောင်းသားရေးရာက ထိုင်ခုံတွေ အကုန်မသွားကြပြီ”
ထိုအခါ ရှမ်းမတစ်ယောက်က
“ ဟဲ့…ဟိုလေးထပ်ဆောင်အပေါ်ထပ်မှာ ထိုင်ခုံတွေရှိတယ်.. အဲ့သွားရအောင် စာမေးပွဲတွင်းမဟုတ်တော့ ဘယ်သူမှမရှိဘူးရယ်”
ဟုပြောလေသည်၊ စုမြတ်နိုးက
“ သရဲခြောက်တယ်ဆို လေးထပ်ဆောင်က”
ဟု ပြောလေရာ ကျွန်တော်က
“ ဘာမှမခြောက်ပါဘူးဟာ ငါတို့လေးယောက်ပဲဟာကို၊ ပြီးတော့ ဒီမှာမတ်တပ်ရပ်လုပ်လို့ မရဘူးရယ်… သွားကြတာပေါ့”
(လေးထပ်ဆောင်ဆိုသည်မှာ မိတ္ထီလာစီးပွားရေးတက္ကသိုလ်ကျောင်းဝန်းရှိ Main building ကြီးဖြစ်လေသည်၊ ထိုအဆောက်အဦးအောက်တွင် ကျောင်းသားရေးရာရှိပြီး… အပေါ်တွင် စာသင်ခန်းငယ်များ၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဘွဲ့နှင်းသဘင်လုပ်သော ခန်းမကြီးရှိလေသည်)
လေးထပ်ဆောင်အပေါ်ထပ်သို့ တက်သောအခါတွင် ကျောင်းပိတ်ရက်ဖြစ်၍ အသံများတိတ်ဆိတ်နေကာ လှေကားပေါ်တက်သော ကိုယ့်ခြေသံကိုယ်ပင် ပြန်ကြားရလေသည်၊ စကားကျယ်ကျယ်ပြောရင်လည်း ပဲ့တင်သံသဲ့သဲ့ပြန်ကြားရလေသည်၊ သရဲကြောက်တတ်သူများအဖို့တော့ ခြောက်ခြားစရာပင်ဖြစ်လေသည်။ အပေါ်ထပ်သို့ရောက်သောအခါ အထပ်သားများနှင့် အလူမီနီယံများနှင့် ပြုလုပ်ထားသော ထိုင်ခုံတန်းနှစ်ခုကိုတွေ့ရ၍ ထိုင်ခုံတန်းနှစ်ခုကိုမျက်နှာချင်ဆိုင်ဆက်လိုက်ကာ ဖုံသုတ်ပြီး ထိုင်ကြလေသည်၊ စုမြတ်နိုးက
“ ငါတော့ ဒီခုံကြီးကိုမကြိုက်ပါဖူး၊ သစ်သားနဲ့လုပ်ထားတဲ့ အရင်အဟောင်းတွေပဲ ပိုကြိုက်တယ်… အပေါ်က စာအုပ်တင်တဲ့မျက်နှာပြင်ကလည်း စောင်းစောင်းကြီး”
“ ငါတော့ကြိုက်တယ်…လွယ်အိတ်ထည့်ဖို့အောက်က အကန့်လေးပါတယ်… မုန့်လည်းခိုးစားလို့ရတယ်”
ဟု ကျွန်တော်က ပြန်ပြောလိုက်သည်။
“ အဲ့တာတော့အဲ့တာပေါ့၊ ထိုင်ခုံနဲ့စားပွဲနဲ့ကိုဆက်ထားတော့ အဝင်အထွက် မလွတ်လပ်သလိုပဲ”
ဟု အတွန့်တက်ပြန်လေသည်။
“ ထိုင်စရာနေရာရတာကံကောင်း၊ မြတ်နိုး ဂျီအီးဂျာအီးလုပ်မနေနဲ့…. ကဲ စလိုက်ရအောင်”
“ အေးပါ..အေးပါ”
“ ငါ့အပိုဒ်ကတော့ မလိုတဲ့စာပိုဒ်တွေ ဒီလိုဖြုတ်လိုက်တယ်…..၊ ဒီသီအိုရီကို… လုပ်ထားတယ်”
နာရီဝက်လောက်ကြာတော့ ကျွန်တော်နှင့်စုမြတ်နိုး assingment ရေးသားသည့်အပိုင်းကို ပြီးသွားကြလေသည်၊ ရှမ်းမနှစ်ယောက်ထဲကတစ်ယောက်က သူရေးထားသော စာပိုဒ်နှင့် presentation လုပ်လျင် ဘယ်လိုပြောမည်ကို ရှင်းပြနေလေသည်။
ကျွန်တော်ကတော့ကိုယ်လုပ်ရမည့်အပိုင်းပြီးတော့ သိပ်စိတ်မဝင်စားတော့ချေ၊ မျက်နှာချင်းဆိုင်က ရှမ်းမလေးပြောတာကိုနားထောင်ချင်ယောင်ဆောင်ပြီး အပေါ်ထပ်သို့တိုက်ခတ်လာသောလေပြေလေညှင်းလေးများနှင့် ထပ်ခိုးပေါ်ကခိုများ၏ တဂူးဂူး တဂူးဂူးနှင့် ညီးသံများကိုနားထောင်နေလေသည်၊ စုမြတ်နိုးကိုလှမ်းကြည့်လိုက်ရာ သူမက ပျင်းနေသည်မှာမှန်သော်လည်း စိတ်ဝင်စားချင်ယောင်ဆောင်ကာ နားထောင်ပေးနေလေသည်၊ ကျွန်တော်ကစိတ်ကူးတစ်ခုပေါက်သွား၍ လက်ထောက်ကာ သူမနားတို့လိုက်ပြီး ရှမ်းမလေးရှင်းပြနေတာကို စိတ်ဝင်စားချင်ယောင်ဆောင်ကာ စုမြတ်နိုးပေါင်ပေါ်သို့လက်တင်လိုက်လေသည်။
စုမြတ်နိုးပေါင်ပေါ်လက်တင်ပြီး ဖွဖွလေးပွတ်ပေးနေလေသည်၊ စုမြတ်နိုးက ဘာလုပ်တာလဲဆိုသောသဘောဖြင့် မျက်စောင်းတစ်ချက်လှမ်းထိုးလိုက်လေသည်၊ ကျွန်တော်ကတော့ စပ်ဖြီးဖြီးလုပ်ကာ ပြန်ပြုံးပြလိုက်လေသည်။ ထမီစကတ်သုံးလွှာသား၏ အားသာချက်တစ်ခုမှာ ထမိန်အပေါ်ဖုံးဘေးနားက အကွဲကြောင်းအရှည်ကြီးရှိခြင်းပင် ဖြစ်လေသည်၊ တစ်ချက်တစ်ချက် ခြေလှမ်းကျဲကျဲလျှောက်လိုက်လျင် ပေါင်အတွင်းသားလေးအထိ ပေါ်သွားတတ်သည်ကို သိုင်းလောကသားများသိရှိကြလေသည်၊ ထိုအကွဲကြောင်းအရှည်ကြီးထဲကို လက်ဖဝါးတစ်ခုလုံးဖြည်းဖြည်းချင်းပွတ်ထည့်လိုက်ပြီး စုမြတ်နိုး၏ပေါင်သားပြည့်ပြည့်လေးနှင့် အမွှေးနုနုလေးအပေါ် ရွရွလေးဆက်ပွတ်ပေးနေလေသည်။ ထို့နောက်ပေါင်ပေါ်ကနေ အဖုတ်လေးကိုအုပ်ထားသော ပင်တီနားတဝိုက်ကို ပွတ်သတ်ပေးလေသည်။
ပင်တီပေါ်ကနေအဖုတ်လေးကိုလည်း စောက်စိလေးရှိသောနေရာကိုမှန်းကာ လက်ခလယ်လေးနှင့်ပွတ်ချေကာ ကလိပေးလိုက်တော့ အရည်လေးများပင်စိမ့်ထွက်လာသည်ကို ခံစားရလေသည်၊ အဖုတ်အမြှောင်းကြားလေးထဲက ပင်တီကိုလက်ညှိုးနှင့်လက်မဖြင့်စုကိုင်လိုက်ပြီး သရေပင်ဆွဲသလိုဆွဲလိုက်ကာ ပြန်လွှတ်ပေးလိုက်လေသည်။
“ ပတ်”
“ အာ့…”
ဟု စုမြတ်နိုးက ယောင်ပြီး အော်မိလိုက်လေသည်။
“ ဟဲ့..မြတ်နိုး ဘာဖြစ်တာလဲ”
ဟု စာရှင်းပြနေသော ရှမ်းမလေးက ထမေးရာ
“ ရတယ်..ဆက်ရှင်းပြသူငယ်ချင်း… ငါအကြောမျက်သွားလို့”
ဟု စုမြတ်နိုးက ပြန်ပြောလေသည်။ စုမြတ်နိုးက ကျွန်တော့်ဘက်သို့လှည့်ကာ အောက်နှုတ်ခမ်းကိုက်ကာ အံကျိတ်ပြလိုက်ပြီး သတိပေးသောအနေဖြင့် သူမဝတ်ထားသောဖိနပ်အထူကြီးဖြင့် ကျွန်တော့်ခြေထောက်ကိုထပ်နင်းလိုက်လေသည်၊ ကျွန်တော်တို့ လက်ကမြင်းနေသည်ကို မျက်နှာချင်းဆိုင်ထိုင်နေသောနှစ်ယောက်က မြင်ရမည်မဟုတ်ချေ၊ သူတို့စာပိုဒ်ကိုစိတ်ဝင်တစားရှင်းပြနေသည်ကတစ်ကြောင်း… နောက်ပြီး စားပွဲအောက်တွင်လွယ်အိပ်ထားသောအကန့်က မြင်ကွင်းကွယ်နေသည်ကတစ်ကြောင်းကြောင့် ဖြစ်လေသည်။
စုမြတ်နိုးကို အောက်ကနေဖြည်းဖြည်းချင်းကလိပေးနေရင်းနှင့်ပင် သူမမျက်နှာသည် သိသိသာသာနီရဲလာလေသည်၊ စိတ်လှုပ်ရှားတာရော…. အောက်ကအဖုတ်ထဲ ဝင်ကစားပေးနေသည့် ကျွန်တော့်လက်ချောင်းလေးကြောင့်လည်း ပါလိမ့်မည်၊ သူမကလည်းအားကျမခံ ကျွန်တော့်အားကစားဘောင်းဘီတိုထဲသို့ လက်ထည့်ကာ ကျွန်တော့်လီးကိုညှစ်ပေးပြီး ဆွပေးလေသည်…. ဂွင်းထုပေး၍တော့ မရချေ… လက်မောင်းလှုပ်တာသိသာသွားနိုင်၍ ဖြစ်လေသည်၊ ကျွန်တော်ကမှု လက်မောင်းလှုပ်ပေးစရာမလိုသဖြင့် လက်ချောင်းလေးကိုသာ အဖုတ်လေးထဲ ထည့်ပေးလိုက် အစိလေးပွတ်ပေးလိုက်ဖြင့် လှုပ်ရှားနေလေသည်၊ သူငယ်ချင်းမလေး အရမ်းကောင်းလာပုံရလေသည်…. ငြီးချင်သောစိတ်ကို မနည်းထိန်းချုပ်နေရပုံပေါ်သည်၊ မျက်နှာကြီးနီလာပြီး… အသက်ရှူသံများ သိသိသာသာလေး မြန်လာလေသည်၊ စာရှင်းပြနေတဲ့တစ်ယောက်က
“ မြတ်နိုး..ပူနေတာလား.. မျက်နှာကြီးကိုနီလို့… ခဏနားကြမလား”
“ မဟုတ်..အဲ…ဟုတ်တယ်..ပူလို့”
ဟု စုမြတ်နိုးက ပြန်ဖြေလေသည်။
“ ငါတို့ကန်တင်းကို ဖျော်ရည်သွားဝယ်လိုက်ဦးမယ်…. ရေဆာလို့… နင်တို့နှစ်ယောက်ကော မှာဦးမလား”
ဟု ရှမ်းမလေးကမေးလေသည်၊ ကျွန်တော်က
“ အင်း…ငါတို့နှစ်ယောက်အတွက် ကျွဲရိုင်းနှစ်ဗူး… အပြန်မှပိုက်ဆံပေးတော့မယ်.. နင်တို့စိုက်ခဲ့လိုက်”
ဟုမှာလိုက်လေသည်။ ရှမ်းမလေးနှစ်ဦး အောက်သို့ဆင်းသွားချိန်တွင် သူငယ်ချင်းမစုမြတ်နိုးက ကျွန်တော့်ပေါင်ပေါ် ပုဆစ်လွဲတက်ထိုင်ကာ နှုတ်ခမ်းကို အနမ်းမရ နမ်းလေတော့သည်၊ သုံးမိနစ်လောက်ကြာအောင် ကစ်ဆင်ရိုက်လိုက်ပြီး ကျွန်တော်က
“ မြတ်နိုး…ထိုင်ခုံပေါ်မှာကြပ်တယ်… လာ… မတ်တပ်ရပ်လိုက်”
ဟု သူမကိုဆွဲထူကာ ဝရံတာ၏ ထောင့်တစ်ရာသို့ဆွဲခေါ်သွားလေသည်၊ သူမ၏ကျောပြင်ကို နံရံနှင့်ဆွဲကပ်လိုက်ပြီး အနမ်းပြန်ပေးလေသည်၊ သူမရဲ့လက်က ကျွန်တော့်ဘောင်းဘီထဲက လီးကိုဆုတ်ကိုင်ကာနယ်ပေးပြီး ကျွန်တော်ကတော့ သူမရဲ့စကပ်ကွဲကြောင်းထဲကနေ လက်ကိုထည့်ကာသူမဝတ်ထားသောပင်တီအား အောက်သို့ဆွဲချွတ်လိုက်ပြီး အဖုတ်လေးကို အောက်ကနေ အပြားလိုက်ကိုင်ကာ ခက်ကြမ်းကြမ်းလေး ပွတ်ပေးလိုက်သည်။ သူမက ရုတ်တရက် နမ်းနေသည်ကိုရပ်လိုက်ပြီး ဒူးထောက်ထိုင်ချလိုက်ကာ ကျွန်တော့်လီးကို တပြွတ်ပြွတ်နှင့်အားရပါးရစုတ်ပေးလေသည်၊ ကျွန်တော်ကအချိန်မလောက်၍ကြာကြာအစုပ်မခံ တစ်မိနစ်လောက်သူ့ပါးစပ်ထဲကော့ကော့ထည့်ပေးလိုက်ပြီး သူမအားပြန်ဆွဲထူကာ နံရံပေါ်ကပ်ပေးလိုက်သည်၊ သူမခြေထောက်တစ်ချောင်းကို ပေါင်ကနေဆွဲကိုင်ကာ ပင့်တင်မထားပြီး အရည်များစိုရွှဲနေသော အဖုတ်ဖောင်းဖောင်းလေးထဲ တည့်ပြီးထည့်ပေးလိုက်သည်။
“ အင့်…ပလွတ်…အင့်…အင့်..အင့်…အွန်း…အွန်းအွန်း….အွန်း…အွန်း”
“ နင်လိုချင်နေတာကြာပြီမလား…မြတ်နိုး….ကြိုက်လား…ပလွတ်….ဇွိ….ဇွိ….ဇွိ….ဇွိ”
“ အင်း….ကြိုက်တယ်…ရဲမာန်ရာ….အား…..အင်း…အား…အား ငါ့ကိုနမ်းပေး”
သူငယ်ချင်းမလေးက ကျွန်တော့်ဂုတ်ကို လက်နှစ်ဖက်ဖြင့်တွဲလွဲခိုကာ အရှေ့ကိုကော့ပေးပြီး ခံပေးနေလေသည်၊ ကျွန်တော်ကသူမအလိုအတိုင်း မျက်နှာတစ်ဝိုက်ကော…. နှုတ်ခမ်းပါးလေးကော… လည်တိုင်လေးပါ ဆွဲစုပ်နမ်းပေးပြီး မတ်တပ်လေးလိုးပေးလိုက်သည်။
“ အား…အား….ရှီး..ကောင်းတယ်ကွာ….အင့်….အင်…ထိတယ်….အား…အား…အား”
“ မြတ်နိုး တအားမအော်နဲ့…… တစ်ယောက်ယောက်ရှိနေရင် ကြားသွားလိမ့်မယ်”
“မသိဘူးကွာ….မြန်မြန်လေးဆောင့်ပေး….ပြီးချင်လာပြီ….အင်း….အင်း…အင်းးးးးး”
“ ဖတ်…ဖတ်…ဖတ်…ဖတ်…အင်း…ပလွတ်….ပြွတ်စ်…ပြွတ်စ်…အား….အား….ရဲမာန်…ကောင်းတယ်..အား”
“ မြတ်နိုး…သိပ်မအော်နဲ့ ဟိုနှစ်ယောက် ကန်တင်းကပြန်လာပြီ… ဖတ်.. ဖတ်”
စုမြတ်နိုးကတော့ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်အောင် ကာမရေယာဉ်ကြောတွင် ကူးခတ်နေလေပြီ၊ ကျွန်တော်တစ်ယောက်သာ ဘေးဘီကြည့်လုပ်နေရသည်၊ အခန်းလွတ်တွေရှိသော်လည်း သော့ခတ်ထား၍ ဝင်လို့မရသောကြောင့် မျက်ကွယ်ရာ ထောင့်တစ်နေရာတွင် မော်တော်ဆပ်နေရလေသည်၊ မျက်ကွယ်ရာဆိုသော်လည်း လုံးဝမမြင်ရနိုင်တာမျိုးမဟုတ်ချေ၊ ဟိုနှစ်ယောက်အပေါ်ထပ်ရောက်လာလျင် တန်းတွေ့သွားနိုင်သည့် အခြေအနေဖြစ်လေသည်။
စုမြတ်နိုးကတော့ တစ်ချီပြီးသွားပုံရသည်၊ ကျွန်တော့်လီးပေါ်တွင် အဖြူရည်များစွာကပ်ပါလာသည်ကို အထုတ်အသွင်းလုပ်တိုင်းမြင်နေရသည်၊ သူမက ကျွန်တော့်ထက် အရပ်ပု၍ ခြေဖျားထောက်ပြီး အလိုးခံနေလေသည်၊ ကျွန်တော်ကမူ အောက်ကိုကုန်းပြီး အပေါ်ကိုအားယူဆောင့်ပေးရသည်ကတစ်ကြောင်း…. သူမခြေထောက်တစ်ဖက်ကို ထိန်းပေးထားရသည်ကတစ်ကြောင်း.. ဘေးပတ်ဝန်းကျင်ကို စိတ်ပူရသည်ကတစ်ကြောင်းမို့ မပြီးနိုင်သေး၊ ဟိုရှမ်းမနှစ်ယောက်ကတော့ ဆိုင်ကယ်ရပ်ပြီး လေးထပ်ဆောင်ဘက် လမ်းလျှောက်လာသည်ကို အပေါ်ထပ်ကနေ လှမ်းမြင်လိုက်ရသည်။
ထို့ကြောင့် position ကိုပြောင်းမည်ကြံကာ အဖုတ်ထဲကနေ… လီးကိုထုတ်လိုက်လေသည်၊ စုမြတ်နိုးက သူမကောင်းနေသခိုက် လီးကိုထုတ်လိုက်ရလားဆိုသော မျက်နှာပေးနှင့်ကြည့်လေသည်၊ ကျွန်တော်ကသူမကို အနောက်ဆွဲလှည့်လိုက်ပြီးခါးကို နှိမ့်ပေးလိုက်လေသည်၊ ကျွန်တော်နှင့်သူမမှာ sex partner ဖြစ်တာ ကာလအတော်အတန်ရှိပြီဖြစ်၍ ကျွန်တော်ဘာလိုချင်တာကိုရိပ်မိပုံပေါ်သည်၊ ချက်ခြင်း ခါးလေးကိုကော့ပေးကာ လက်နှစ်ဖက်ကိုနံရံကိုထောက်လျက် ဖင်ကုန်းပေးလေသည်၊ ကျွန်တော်က သူမ၏ ထမိန်စကပ်ကို ခါးထိဆွဲတင်လိုက်ပြီး ပြူးထွက်နေသောဖင်နှစ်လုံးကြားထဲမှ အဖုတ်လေးထဲသို့ မီးခိုးရောင် ဒုံးကျည်ကြီးကိုထည့်ပေးလိုက်လေသည်။
“ အား…အား…အား….ဖြန်း….အား..ရဲမာန်….ကောင်းတယ်…မြန်မြန်လေးဆောင့်ပေး…အား..ငါနောက်တစ်ခါပြီးတော့မယ်…အားအား”
“ မြတ်နိုး…အသံလျော့ပါဆို…ဟိုနှစ်ရောက်ကမြေညီထပ်ရောက်နေလောက်ပြီ”
“ အင်း…အင်း..ဟုတ်ပြီ…အင်း…အင်း…အင်း…အား…အား”
(ရှပ်…ရှပ်..ရှပ်…ဘတ်…ဘတ်…ဘတ်….ရှမ်းမနှစ်ယောက်ပထမထပ်ရောက်လာပုံပေါ်သည်…အသံများသဲ့သဲ့ကြားလာရသည်)
“ ဇွိ…ဇွိ….ဘွတ်…ဘွတ်……ဘွတ်…အင်း…အင်းး..အင်း…အား…ရှီး….ပြီးတော့မယ်…မြန်မြန်..ရဲမာန်”
(ရှပ်ရှပ်….ရှပ်..ရှပ်….ရှပ်..ရှပ်..ရှပ်ရှပ်ရှပ်ရှပ်….လှေကားပေါ်သို့ တက်လာသော ခြေသံများ)
ကျွန်တော်လည်းပြီးချင်လာ၍ စုမြတ်နိုး၏ခါးကိုလက်တစ်ဖက်ဖြင့် ကိုင်ကာတစ်ဖက်က ဖင်တုံးလေးကို ရိုက်ပြီး အရှိန်တင်လိုက်သည်။
“ ဖြန်း…ဖြန်း….အား…အား…အား….အား…အား…ကောင်းတယ်..ဖြန်း”
“ ဘတ်…ဘတ်..ဖတ်…ဖတ်…ဖတ်…ဖတ်…ဇွိ..ဇွိ..ဇွိ…အား…မြတ်နိုးရာကောင်းလိုက်တာ…ဖြန်း”
“ အင်း…ကောင်းတယ်ကွာ…အထဲမှာပဲပြီးလိုက်…ငါဆေးသောက်လိုက်မယ်….ဖတ်…ဖတ်..အား”
(ရှပ်ရှပ်….ရှပ်..ရှပ်….ရှပ်..ရှပ်..ရှပ်ရှပ်ရှပ်ရှပ်….ရှပ်..ရှပ်….ရှပ်..ရှပ်..ရှပ်ရှပ်ရှပ်ရှပ်…. ပို၍နီးကပ်လာသော ခြေသံများ)
မနန်းသိရိကျော်နဲ့တုန်းက လူမိသွားတော့မလိုဖြစ်သွားသော သင်ခန်းစာကိုသတိရမိ၍ ဖင်ကိုရိုက်နေသောလက်တစ်ဖက်ကို စုမြတ်နိုးပါးစပ်ကိုလှမ်းအုပ်လိုက်လေသည်၊ မိန်းကလေးဆိုတဲ့အမျိုးကလည်း သူတို့ ဣန္ဒြေရှိချင်သည့်အခါကြတော့လည်း ဗိုင်းကောင်းကျောက်ဖိသဖွယ်နေကြသော်လည်း ကာမဆန္ဒများပွင့်ထွက်လာပြီဟေ့ဆိုရင်လည်း မနည်းလိုက်အုပ်ရသည့်အမျိုးဖြစ်လေသည်၊ သူငယ်ချင်းမ၏ပါးစပ်ကိုအုပ်ပြီး လီးကိုသူမအဖုတ်ထဲသို့ အဆုံးထိဆောင့်ဆောင့်ထည့်ကာ လိုးပေးနေလေသည်၊ အပေါ်သို့တက်လာသောခြေသံများကိုခဏမေ့၍ စုမြတ်နိုးဖင်နှစ်လုံး၏ ချောမွတ်၍ဆောင့်လိုက်တိုင်း လှိုင်းထလာသောအထိအတွေ့….. လီးကြီးအဖုတ်ထဲတစ်ဆုံးဝင်သွားတဲ့အခါ ဆီးခုံနဲ့သူမဖင်နဲ့ထိလိုက်တဲ့အတွေ့ကို ခံစားပစ်ကာ စိတ်လွတ်ကိုယ်လွတ်.. လိုးလိုက်လေတော့သည်။
“ အု….အု….အု…ဖတ်…ဖတ်…ဖတ်…အု…အု…အူးး…..အင်း….အွန်း…အွန်း…အွန်…ဝဲရန်…အွန်း…အွန်း”
“ ဇွိ…ဇွိ..ဇွိ…ဖတ်…ဖတ်…ဖတ်ဖတ်ဖတ်..ဖတ်..ဖတ်..ဖတ်…ဖတ်….ဖတ်ဖတ်…အင့်..အွန်း….အွန်း……အူးဝန်း…အင်းးးးး💦💦💦”
စုမြတ်နိုး၏အဖုတ်လေးထဲသို့ သုတ်ရည်များကိုအကုန်ညှစ်ထုတ်ပြီး ပန်းထည့်ပေးလိုက်လေသည်…သူမအဖုတ်အတွင်းသားလေးများကလည်း အရည်ညှစ်စက်လို အစွမ်ကုန်ညှစ်ပေးရင်းနှစ်ယောက်သား အတူတူပြီးသွားကြလေသည်။
ရှမ်းမနှစ်ယောက်က အပေါ်ဆုံးထပ်သို့ရောက်လာပြီထင့်…. ခြေသံများပါမက စကားပြောသံများပါကြားလာရသည်၊ ကျွန်တော်က ဘောင်းဘီကိုအပေါ်တင်ကာအမြန်ဝတ်လိုက်ပြီး ကြမ်းပြင်ပေါ်ထိုင်ချလိုက်သည်၊ (လီးကား..အရှိန်မကျသေး၍ ဖုဖုဖောင်းဖောင်းဖြစ်နေမည်ဆိုး၍ဖြစ်သည်)၊ စုမြတ်နိုးက အောက်မှာကျနေသော သူ့ပင်တီကိုပြန်မဝတ်အားတော့ပဲ ကောက်ယူပြီး သူမအဖုတ်ထဲကထွက်ကျနေသောသုတ်ရည်များကို ပင်တီနှင့်ပင်သုတ်ယူလိုက်ပြီး စားပွဲနားသို့ပြေးကာ သူမလွယ်အိတ်ထဲထိုးထည့်လိုက်လေသည်၊ သူမထည့်ပြီးပြီးချင်းပင် ကျွန်တော်တို့ရှေ့၌ ကန်တင်းသို့ဖျော်ရည်သွားဝယ်သောနှစ်ယောက်က ဘွားကနဲထွက်လာလေသည်၊ သူတို့နှစ်ယောက်က
“ ဟဲ့…စုမြတ်..နင်တို့ဘာတွေလုပ်နေတာလဲ…ရဲမာန်ကော”
“ ဟိုမှာထိုင်နေတယ်လေ…အဲ့မှာလေပိုရတယ်ဆိုပြီးတော့ ထိုင်နေတာပဲ”
“ ရဲမာန်…အဖျော်ရည်ပါလာပြီ..လာသောက်လှည့်”
“ အေးအေး”
ထို့နောက် ကျွန်တော်နှင့်စုမြတ်နိုးတို့နှစ်ယောက်သား မှင်မပျက် အဖျော်ရည်သောက်ကာ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြုံးစိစိ ဖြစ်နေကြလေသည်၊ ရှမ်းမတစ်ယောက်က
“ နင်တို့ဒီမှာကျန်ခဲ့တာ အသံတွေမကြားဘူးလား… ဘယ်သူတွေရှိတယ်မသိဘူး”
ဟုမေးရာ စုမြတ်နိုးက
“ မကြားပါဘူး….အပေါ်မှာနှစ်ယောက်လုံး ဖုန်းပွတ်နေကြတာ… နော.. ရဲမာန်… နင်ကော အသံကြားလား”
“ ဘာသံမှမကြားမိပါဖူး…ကြံကြံပေါက်ပေါက်”
ဟု ကျွန်တော်က ပြန်ပြောလိုက်သည်။
“ ဟယ် အဲ့တာဆို..သရဲခြောက်တာထင်တယ်..ငါတို့နှစ်ရောက်အပေါ်ထပ်တက်လာတုန်းက လှေကားကနေ ညီးသံတွေကြားတယ်… အူးအူး… အီးအီးနဲ့… အမလေး.. ကြက်သီးတွေထတာ ကြောက်လာပြီ.. နင်တို့ တကယ်မကြားဘူးလား”
ဟု မေးရာ ကျွန်တော်နှင့် စုမြတ် နှစ်ယောက်လုံးက ပြိုင်တူ
“ မကြားပါဘူး”
ဟု ပြောပြီး နှစ်ယောက်လုံး ရယ်ချင်စိတ်ကို မနည်းထိန်းထားကြရလေသည်၊ ထိုအခါ ရှမ်းမနှစ်ယောက်က
“ ပြန်ကြရအောင်…ငါတို့တော့ကြောက်လာပြီ.. ဒီမှာမနေရဲတော့ဘူး… နည်းနည်းပဲကျန်တော့တာပဲ မနက်ဖြန် အတန်းစောစောလာပြီးမှ လုပ်ရအောင်”
ဟု ပြောလေသည်
“ အင်း…သဘောပဲလေ…ပြန်ကြတာပေါ့”
ထို့နောက် ဖျော်ရည်သောက်ပြီး စာအုပ်စာတန်းများသိမ်းဆည်းကာ အဖွဲ့လိုက်အောက်ဆင်းခဲ့ကြလေသည်၊ ဆိုင်ကယ်စတန်းရောက်တွင် ပြန်တော့မယ်နော်.. ဘာညာနှုတ်ဆက်ကာ ရှမ်းမနှစ်ယောက်က ပြန်သွားကြလေသည်၊ ကျွန်တော်က စုမြတ်နိုးအား
“ ဆိုင်ကယ်ပါတယ်မလား…သေချာစီးဦး လေတိုက်လို့ပေါ်သွားရင် အအေးပတ်နေဦးမယ်”
ဟု စလိုက်လေသည်၊ သူမက
“ အဆုံးထိပေါ်တောင်..ပေါင်ရင်းပါပဲ ကိစ္စမရှိဖူး…ငါလည်းပြန်တော့မယ်ကွယ်…အပေါ်ထပ်တက်ရလို့လား ဒူးတွေတောင်နုံးချိချိဖြစ်သွားသလိုပဲ ပင်ပန်းတာ… အိမ်ကပြန်ရောက်ကတည်းရ မနားရသေးဘူး သွေးလှူရှင်အသင်းက ဂုဏ်ပြုပွဲတန်းတက် ပြီးတော့ ဒီလာတာပဲ… ပြန်တော့မယ်နော် ရဲမာန်”
“ အေး..ငါတော့ဘောလုံးကွင်းဖက်သွားတော့မယ် training ရှိသေးလို့ နင်ဆေးသောက်ဖို့ မေ့မနေနဲ့ဦးနော်”
“ အေးပါ..အေးပါ”
ထို့နောက် သူမနှင့်လမ်းခွဲပြီး ဘောလုံးကွင်းဖက်သို့ ခြေဦးဆန့်ခဲ့လေတော့သည်။
နောက်တစ်ပတ်အကြာတွင်… မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ပါချုပ်ဖလား ဘောလုံးပွဲစဉ် စလေတော့သည်၊ အသင်းခေါင်းဆောင်ပြောင်ကြီး၏ နင်းကန်ထရိန်နင်ဆင်းထားသောကြောင့် ကျွန်တော့်တို့မေဂျာအသင်းကလူတွေက ပွဲစဉ်အတွင်း အချိတ်အဆက်မိမိကစားနိုင်လေသည်၊ ဒီနှစ်တွင် မေဂျာအားလုံးလုံးလိုလို ကျောင်းပြီးသွားသောစီနီယာများထွက်သွား၍ လူသစ်များနှင့်သာ ကစားကြရသော်လည်း ကျွန်တော်တို့မေဂျာအသင်းက တခြားအသင်းတွေထက်ပို၍ အချိတ်အဆက်မိမိကစားနိုင်ရာ ဆီမီးဖိုင်နယ်ပွဲစဉ်သို့ အသာလေးရောက်သွားလေသည်။
ထပ်မံ၍ စီမီးဖိုင်နယ်ပွဲတွင်လည်း အနိုင်ရကာ…. ဗိုလ်လုပွဲတွင်လည်း နှစ်ဂိုးဂိုးမရှိဖြင့် ပြိုင်ဖက်အသင်းကို ထပ်မံအနိုင်ရရှိခဲ့လေသည်၊ အနိုင်ရရှိသည့် ညနေပိုင်းတွင် မေဂျာကလူများအားလုံးနီးပါ ဆိုင်ကယ်တန်းကြီးဖြင့် သပြေဝပတ်လည်ကို လှည့်လည်ကာ အောင်ပွဲခံကြလေသည်၊ ကျွန်တော်တို့မေဂျာဌာနမှူးကလည်း ဘောလုံးသမားများကို ဆုငွေမုန့်ဖိုးချီးမြှင့်လေသည်။
ဘောလုံးပွဲလည်းအနိုင်ရ….. လကုန်၍အိမ်ကလည်း ဒီတစ်ခေါက်ဘာစိတ်ကူးပေါက်ပြီး ပိုက်ဆံပိုလွှဲလိုက်သည်မသိ ကျွန်တော့်လက်ထဲငွေရွှင်နေလေသည်၊ စုမြတ်နိုးနှင့်ကျွန်တော်လည်း ဘောလုံးပွဲလအတွင်း ရှောင်ထားတာကြာပြီဖြစ်၍ နှစ်ယောက်လုံး ဆာလောင်နေကြသည်၊ ထို့ကြောင့် စုမြတ်နိုးက အိမ်ပြန်မည်ဟု အဆောင်ကိုအကြောင်းပြကာ စနေတနင်္ဂနွေနှစ်ရက်လုံး ကျွန်တော်နှင့်ဟိုတယ်ဂူအောင်းပြီး ဝတ်ရည်စုတ်သိုင်းကျင့်နေလေသည်၊ ကျွန်တော်တို့နှစ်ယောက်သည် တစ်ယောက်အထာတစ်ယောက်နပ်သွားပြီဖြစ်၍ မထုတ်သုံးဖူးသေးသော သိုင်းကွက်များကိုအကုန်ထုတ်သုံးပြီး စပ်ယှက်ကြလေသည်၊ တစ်ခါကလည်း စုမြတ်နိုးက လေးထပ်ဆောင်တုန်းကလို outdoor စမ်းကြည့်ချင်သည်ဆို၍ ကျောင်းဝန်းထဲရှိအားကစားရုံထဲခိုးဝင်ကာ မော်တော်ဆပ်ခဲ့ကြလေသေးသည်။
သို့သော် ပျော်ရွင်ရသောနေ့ရက်များက ကြာကြာမခံခဲ့.. ပြာလဲ့ကြည်စင်နေသော ကောင်းကင်ပေါ်သို့ တိမ်ညိုတိမ်မဲများစတင်၍ လွှမ်းကခြုံလာလေသည်၊ အခုတလော မဝသုန်၏ ဖုန်းဆက်လိုက်တိုင်း ဆက်ပိတ်ထားတာနှင့်သာ ကြုံနေရလေသည်၊ တစ်ရက်လည်းမဟုတ် .. နှစ်ရက်လည်းမဟုတ်…. တစ်ပတ်ခန့်ပင်ကြာသွားလေပြီ၊ စနေနေ့နေ့လည်ခင်းအိပ်ရာနိုးချိန်တွင် ဖုန်းထပ်ဆက်ကြည့်ရာ….ဖုန်းမှာ… တူ..တူ နဲ့ဝင်သွားပြီး မအားသေးပါရှင်လို့ ကြားရတော့… အင်း ငါ့ကိုဘလော့ထားပြီနေမှာ… ဘာဖြစ်တယ်မသိဘူး အခြေအနေမကောင်းဘူး သွားတွေ့မှဟုတွေးပြီး မြို့ထဲဖက်သို့ထွက်ခဲ့လေသည်။
မဝသုန်နှင့်ကျွန်တော်မှာ ရည်းစားသက်တမ်း နှစ်နှစ်နီးပါးရှိပြီဆိုသော်လည်း တခြားအတွဲတွေလို စိတ်ကောက်စိတ်ဆိုးခဲ့ခြငိး သိပ်မရှိချေ၊ တစ်ခါတစ်ရံ ကျွန်တော်ဖုန်းဆက်ရန်မေ့သွားသည့် အခါမျိုးလောက်သာ သူမက စိတ်ကောက်ချင်ယောင်ဆောင်ပြီး ဖုန်းကိုနှစ်ခါသုံးခါဆက်မှ ကောက်ကိုင်ပြီး ရစ်ထုတ်လုပ်ခြင်းမျိုးသာရှိခဲ့သည်၊ သူမကအကြီးမို့လို့ပဲလားတော့မသိ…. ကျွန်တော့်အပေါ်တော့ သိပ်မဆိုးရှာခဲ့ချေ၊ အခုလို ဖုန်းနံပါတ်ကို blacklist ထဲထည့်ထားပုံထောက်ရင် ကြီးကြီးမားမား စိတ်ဆိုးစရာဖြစ်ခဲ့လိုရှိမည်၊ ကျွန်တော်လည်း အမှားကြီးကြီးမှားမှား လုပ်ထားတာ မရှိ၍ စဉ်းစားရခက်နေလေသည်…. စုမြတ်နိုးနှင့် ကျွန်တော်နှင့်ကိစ္စကို တစ်ယောက်ယောက်က ညှော်လိုက်၍ တစ်မျိုးထင်သွားသည့်အကြောင်းအရင်းကြောင့်ပဲ ဖြစ်လိမ့်မည်ဟု ယူဆလိုက်လေသည်။
သူမနေထိုင်ရာ ဝန်ထမ်းအိမ်ရာရှေ့သို့ရောက်သွားသည့်အခါတွင် သူမအားဖုန်းဆက်၍လည်းမရ… အော်ခေါ်လို့လည်းမဖြစ်သဖြင့် အိမ်ယာထဲမှထွက်လာသော ၆ တန်းအရွယ်ကောင်လေးကို မဝသုန်ကိုသိလား… သိတယ်ဆို၍ ကလေးအားအကူအညီတောင်းကာ ခေါ်ခိုင်းလိုက်လေသည်၊ တော်တော်နှင့်ထွက်မလာချေ… ကလေးကတော့ သွားပြောမှာသေချာလောက်ပါတယ်…. သူမကစိတ်ဆိုးနေလို့ ထွက်မလာတာနေမှာဟုတွေးရင်း အပြင်မှာပင်ဆက်၍စောင့်ဆိုင်းနေလေသည်။
မကြာခင်ပင် မိုးများကျလာ၍ ဆိုင်ကယ်အား မန်ကျည်းပင်ရိပ်အောက်သို့ရွှေ့ပြီး ဆိုင်ကယ် tool box ထဲထည့်ထားသော မိုးကာအင်္ကျီကိုဝတ်ရင်း သစ်ပင်အောက်ကနေပင် ဆက်၍စောင့်နေလေသည်၊….. သူမပေါ်လာနိုးနိုး….. လာနိုးနိုးနှင့် စောင့်နေရာ ၄၅ မိနစ်မိနစ်လောက်ကြာသည်ထိပင် ဖြစ်လေသည်၊ အပေါ်ပိုင်းက မိုးမစိုသော်လည်း အောက်ပိုင်းက ရေစိုရွဲနေပြီးတော့ လေတိုက်ခတ်မှုကြောင် ချမ်းစီးလာလေသည်၊ ကဲ….ထွက်မလာတော့လည်း… ပြန်ရုံပဲရှိတာပေါ့ကွာ ဟု တွေးရင်း ဆိုင်ကယ်ဆက်ကို နှိုးလိုက်လေသည်၊ ဆိုင်ကယ်က တအီအီနှင့် မနှိုးနိုင်ချေ၊ ပလက်ခေါင်းထဲရေဝင်သွား၍ဖြစ်မည်ဟု တွေးပြီး ပလက်ခေါင်းကိုဆွဲချွတ်ကာ အဝတ်နှင့်သုတ်နေခိုက်…. အနောက်ကနေ ခြေသံတရှပ်ရှပ်ကြားလိုက်လေသည်၊ မတ်တပ်ရပ်ပြီး အနောက်ကိုလှည့်ကြည့်လိုက်တော့ မဝသုန်ဖြစ်နေလေသည်၊ သူမက အိမ်နေရင်း မြင်းခြံထည်(ဝါ) လဗျင်းထည်ဝမ်းဆက်နှင့် ထီးတစ်ချောင်းကိုကိုင်ကာ စူစူပုတ်ပုတ်နှင့် မတ်တပ်ရပ်နေလေသည်၊ သူမက
“ ဒီကိုဘာလာလုပ်တာလဲ”
“ မဆီလာတာလေ…မက ဖုန်းမကိုင်လို့… ကျွန်တော့်ကို blacklist ထဲ ထည့်ထားတာလား”
“ အင်း…ဟုတ်တယ်လေ…မင်းက ကျောင်းမှာ ကောင်မလေးရှိနေပြီပဲ… ငါ့ဆီ ဘာလို့ဖုန်းဆက်နေဦးမှာလဲ”
“ အဲ့တာကောင်မလေးမဟုတ်ပါဘူး….သူငယ်ချင်းပါ… မ.. အထင်လွဲနေတာ… ကျွန်တော် ရှင်းပြပါ့မယ်”
“ ဘာရှင်းပြချင်သေးတာလဲ….. ငါ့အသိတစ်ယောက်ပြောတာကတော့… မင်းတို့က ကျောင်းမှာ တတွဲတွဲနဲ့ဆို…. အဲ့ကောင်မလေးအဆောင်ကိုလည်း မင်းက ခဏခဏ လာလာခေါ်တယ်လို့ ကြားတယ်…. ဘာပြောဦးမလဲ”
“ အဲ့တာတွေတော့ ဟုတ်ပါတယ်….ဒါပေမယ့် မကို ကျွန်တော် သစ္စာမဖောက်ခဲ့ပါဘူး… သူနဲ့က ဘော်ဒါအကန့်ပဲရှိတာပါ…မ… နောက်ကို သူနဲ့ မပတ်သက်စေချင်ရင်လည်း မောင်မပတ်သတ်တော့ပါဘူး”
ဟုပြောကာ သူမရဲ့လက်ကို ဆွဲကိုင်လိုက်လေသည်၊ သူမက
“ ငါ့လက်ကိုလွှတ်…ငါ့အသားကိုမထိနဲ့…မင်းပြောတာတွေလည်း မကြားချင်ဖူး…အီး……အီး…..အွန်း…..”
ဟု ပြောကာ သူမက ရှိုက်ကြီးတငင် ထငိုလေတော့သည်။ ကျွန်တော်လည်း ဘာဆက်ပြီးပြောရမှန်းမသိတော့…. ခေါင်းထဲအတွေးဗလာနဲ့ပင် သူမရှေ့တွင် မတ်တပ်ရပ်မိနေလေသည်၊ သူမက ငိုရင်းနှင့်
“ မင်းတို့ယောကျ်ားလေးတွေက အဲ့လိုပဲ…. ပစ်တုန်းကကြ ပစ်ထားပြီးတော့… သွား… အဲ့ကောင်မလေးဆီပဲသွား… ငါ့ဆီမလာနဲ့… သွား… ဟင့်”
“ မကို ကျွန်တော် ဘယ်တုန်းက ပစ်ထားလို့လဲဗျာ…. အပတ်တိုင်း လာတွေ့ပေးနေတာပဲကို”
“ မင်းက တစ်ပတ်တစ်ခါလေး လာတွေ့ပေးတာကို…. မတွေ့ချင်ဘူးလား… ဟုတ်မှာပေါ့လေ… ကျောင်းကကောင်မလေးနဲ့က အမြဲတွေ့ချင်တွေ့လို့ရတာပဲ”
“ မဟုတ်ပါဘူးဆိုဗျာ……မက မ တွေးချင်သလိုတွေးနေတာပဲ.. ကျွန်တော်လည်း မပြောပြတတ်တော့ဘူး”
“ အီး..ဟီး…အီး…ဟီး”
“ မငိုနဲ့တော့ဗျာ…အထဲဝင်တော့…မ..အပြင်မှာအေးတယ်…. ညကြ ကျွန်တော်ဖုန်းခေါ်လိုက်မယ်…. အဲ့ကြသေချာရှင်းပြပါ့မယ်… နော်”
ဟု တောင်းပန်သော မျက်လုံးနှင့် ကြည့်ပြီး သူမ၏ပခုံးနှစ်ဖက်ကို ကိုင်ကာ ပြောလိုက်သည်၊ သူမကလည်း..
“ အင်း…ဟင့်…မင်းလည်းပြန်တော့…အအေးမိလိမ့်မယ်…မိုးချုပ်နေပြီ”
“ အဲ့တာဆို..မလည်းအထဲဝင်တော့.. ကျွန်တော်လည်းပြန်ပြီ… ပြန်ရောက်ရင် ဖုန်းဆက်လိုက်မယ်”
မဝသုန်ကား ကျွန်တော်ပြောတာကို ဘာမှပြန်မဖြေတော့…. သူ့အိမ်ထဲသို့ပြန်ဝင်သွားလေသည်၊ ကျွန်တော်လည်း ဆိုင်ကယ်နှိုးလို့ရသွား၍ အဆောင်သို့ပြန်လာခဲ့လေသည်။ အဆောင်သို့အရောက်တွင် မိုးမိလာသဖြင့်ရေချိုးပြီး အဝတ်အစားလဲကာ အိပ်ရာထဲသို့လှဲ လိုက်လေသည်၊ မဝသုန်ဖုန်းကို ဆက်ကြည့်တော့ အခုထိ blacklist မဖြည်ပေးသေး…. လမ်းပျောက်သောလူတစ်ယောက်လို… ဘာလုပ်ရမှန်းမသိ… ဝမ်းနည်းစွာနှင့်ပင်… မျက်နှာကြပ်အား… ငေးကြည့်မိနေလေသည်၊ အမှန်အတိုင်းတွေးကြည့်လျင်… ဒီပြသနာဖြစ်ရသည်မှာ… ကျွန်တော့်အမှားပင်… အစပိုင်းတွင် သူငယ်ချင်းလေးယောက် တတွဲတွဲနှင့် ရှိခဲ့သော်လည်း…. ဟိန်းထက်နှင့်ယုပွင့်တို့အတွဲက သပ်သပ်ဖြစ်သွားချိန်တွင် ကျွန်တော်နှင့်စုမြတ်နိုးက အများအမြင်မှာ အတွဲလို့ ထင်မှတ်ချင်စရာ ဖြစ်နေခဲ့လိမ့်မည်။
ကျွန်တော်နှင့်စုမြတ်နိုးကလည်း friend with benefit အနေဖြင့်သဘောတူခါစတွင် သထိထားနေထိုင်ခဲ့သော်လည်း ယခုနောကိပိုင်းတွင် နှစ်ယောက်သား အမြဲတမ်းလိုလို တပူးတွဲတွဲနှင့် နေမိကြလေသည်၊ ပြီးတော့ စုမြတ်နိုးက မေဂျာရဲ့ကွင်းဆိုတော့… မျက်လုံးတွေအများကြီးက စောင့်ကြည့်နေကြပြီး… ပါးစပ်ပေါက်တွေအများကြီးကလည်း တစ်စိတ်ကိုတစ်အိပ်လုပ်ကာ ပြောကြလိမ့်မည်၊ အခုတော့ ဘာမှမတတ်နိုင်တော့…. မဝသုန်စိတ်ပြေမယ့်အချိန်ကို စောင့်ရုံသာရှိတော့မည်ဟုတွေးရင်း စိတ်လျှော့ကာ… အိပ်ပျော်သွားလေသည်။
အိပ်ရာကနိုးလာချိန်တွင် ခန္တာကိုယ်ကမအီမသာဖြစ်ပြီး…. ခေါင်းခဲချငိသလို..ဖျားချင်သလို ခံစားရလေသည်၊ တစ်ကိုယ်လုံးနှုံးချိကာ… ဖျားချင်လိုခံစားလိုက်ရသည်….. မိုးမိခံပြီး ဆိုင်ကယ်စီးလာတာကအပြန်… ညနေခင်းကို အိပ်ပျော်သွား၍ဖြစ်လိမ့်မည်၊ အောက်သို့ဆင်းပြီး ထမင်းပါဆယ်ဝယ်ကာ အခန်းထဲမှာပင်စားလိုက်ပြီး ဆေးသောက်ကာ ဖုန်းပွတ်နေလေသည်၊ မဝသုန်ကတော့ ကျွန်တော့်အား facebook မှာကော block သွားချေပြီ၊ ထို့ကြောင့် newfeed ကိုပင် စိတ်မပါ့တစ်ပါပွတ်ကာ…. သူများတွေတင်ထားသည်ကိုသာ လျှောက်ကြည့်နေမိလေသည်၊ ထိုအချိန်တွင်.. စုမြတ်နိုးဆီက… ဖုန်းဝင်လာလေသည်။
“ ဟယ်လို…အဟွတ်..မြတ်နိုးပြော”
“ ရဲမာန်…နင်နေရောကောင်းရဲ့လား…အသံအက်အက်ကြီးနဲ့”
“ အင်း..အအေးနည်းနည်းမိသွားလို့…ရပါတယ် ဘာလဲပြော”
“ အင်း နင်ငါ့ဆီကနေ ငှားသွားတဲ့ accounting စာအုပ်ကို မနက်ဖြန်လာပေးပါ့လား… ငါစာပြန်လုပ်စရာရှိလို့… နင်နေမကောင်းဘူးဆို ငါလာယူလှည့်မယ်လေ”
“ အင်းရတယ်…ဟိန်းထက်က ယုပွင့်နဲ့ ချိန်းထားတာရှိတယ်.. သူနဲ့ထည့်ပေးလိုက်မယ်.. စုမြတ်”
“ အင်း…နင်ဆေးသောက်ဦးနော်…ပိုဆိုးလာရင် ဆေးခန်းသွား”
“ အေးပါ..အေးပါ”
ကျွန်တော့်စိတ်ထဲတွင်တော့ စုမြတ်နိုးအား အကူအညီတောင်းပြီး မဝသုန်အား ရှင်းပြခိုင်းရင်ကောင်းမလား… မကောင်းဘူးလား စဉ်းစားမိနေလေသည်၊ စုမြတ်နိုးကိုလည်း အားနာမိသည်။ ဒီကိစ္စက လက်ခုပ်နှစ်ဖက်တီးလို့ မြည်ခဲ့တာ မဟုတ်သလား… သို့သော်.. မဝသုန်နှင့်လည်း မပြတ်နိုင်…. သူငယ်ချင်းနှင့် ချစ်သူ တစ်ခုခုကိုတော့ ရွေးချယ်ရမည့်အချိန် ရောက်ရှိလာလေပြီ၊ စုမြတ်နိုးကို ငါ့အစ်မကြီးက ငါတို့နှစ်ယောက်ကို အထင်လွဲနေတာ.. နင်ရှင်းပြပေးပါလားဟု ပြောလိုက်ချင်သော်လည်း.. ပါးစပ်က ပြောမထွက်ချေ။
“ ဟယ်လို…ဟယ်လို..ရဲမာန်..ကြားလား.. ငါမေးတာလည်း ပြန်မဖြေဖူး”
“ အော်အင်း…ငါအတွေးလွင့်သွားလို့….ဘာလဲမြတ်နိုး”
“ နင်ဟိန်းထက်နဲ့ စာအုပ်ထည့်ပေးရင် နင့်ဆီမှာပိုနေတဲ့ calculator လေးလည်း ပေးလိုက်ဦးလို့.. ငါ့ဟာကပျက်သွားတာ အသစ်မဝယ်ရသေးလို.. ဒါပဲနော် ရဲမာန်”
“ အင်းအင်း”
ကျွန်တော်ကစောင်ကိုထူထူခြုံ၍ ဆေးသောက်ပြီး ဘာမှမတွေးပဲ အိပ်လိုက်မည်ဟု တွေကာ အိပ်သော်လည်း အိပ်ရေးဝထားသဖြင့် တော်တော်နှင့်အိပ်မပျော်ချေ… အိပ်ရာထဲ ဟိုဖက်စောင်းလိုက်.. ဒိဖက်စောင်းလိုက်နှင့် အတွေးဝင်္ကာပါထဲ တဝဲလည်လည်ဖြစ်နေလေသည်၊ ခဏလောက်ကြာတော့ဟိန်းထက်က….သူ့သူငယ်ချင်းအဆောင်ကနေ ပြန်လာလေသည်။
“ ဟာ..သားကြီးအိပ်တော့မလို့လား…အခုမှ ၇ ခွဲရှိသေးတာ”
“ အင်း…ငါနေမကောင်းဖြစ်ချင်နေလို့”
“ ဟေ…အစာကောစားပြီးပြီလား…ဆေးရော”
“ စားလည်းစားပြီးပြီ..ဆေးလည်းသောက်ထားတယ်.. မနက်ကြ သက်သာသွားပါလိမ့်မယ်”
“ အဲ့တာဆိုလည်းပြီးတာပဲ မီးမှိတ်ပေးမယ်.. ငါ ဟိုဘက်အခန်းထဲသွားနေလိုက်မယ်.. အိပ်တော့”
အဲ့လိုနှင့် အိပ်လိုက်ရာ…ညပိုင်းကို အိပ်ပျော်လိုက်…လန့်နိုးလာလိုက်နှင့် ကောင်းကောင်း အိပ်မပျော်ချေ၊ မနက်ရောက်တော့လည်း အဖျားမကျသဖြင့် ဟိန်းထက်ကိုခေါ်ပြီး ဆေးခန်းသွားပြရလေသည်၊ ဆရာဝန်ကတော့ ဆေးထိုးပေးလိုက်ပြီး… သောက်ဆေးလည်း ပေးလိုက်သေးသည်၊ အဆောင်ရောက်တော့ ဟိန်းထက်က….
“ ငါယုပွင့်နဲ့ ချိန်းထားတာရှိလို့ သွားလိုက်ဦးမယ်နော်… နေ့လည်စာ မင်းဘာစားချင်လဲ မှာလိုက်”
“ ရတယ်..ဆေးထိုးပြီးတော့ သက်သာသလိုရှိပါပြီ.. ငါ့ဘာသာ ခနောဆန်ပြုတ်ထုပ် ပြုတ်သောက်လိုက်မယ်”
“ အင်းအင်း…ပြီးတာပဲ..ငါနောက်ကျနေပြီ သွားပြီနော်”
ဟုပြောကာ ထွက်သွားလေသည်။
ကျွန်တော်က မဝသုန် blacklist ထဲကနေဖြည်ပေးလိမ့်မလားဟု မျှော်လင့်ချက်ကြီးဖြင့် ဖုန်းဆက်ကြည့်သော်လည်း အော်ပရေတာမှ အမြင်ကတ်စရာအမျိုးသမီးက မအားသေးပါရှင်လို့သာ ပြန်ပြောသည်ကို ကြားရလေသည်၊ ထို့ကြောင့် အိပ်ရာထဲခွေနေပြီး ဖုန်းထဲက ဇတ်ကားတစ်ကားကို ကောက်ဖွင့်ကြည့်နေလိုက်လေသည်။
နေ့လည်အရောက်တွင် ရေနွေးတည်ကာ…ဆန်ပြုတ်ပြုတ်စားပြီး ဆေးသောက်ကာ မှိန်းနေလိုက်လေသည်၊ ဆေးအရှိန်ကြောင့်ပဲလား..ညက ကောင်းကောင်းအိပ်မပျော်တာကြောင့်ပဲလားတော့မသိ၊ မျောနေအောင် အိပ်ပျော်သွားလေသည်၊ အိပ်ရာကနိုးလာတော့ ဖုန်းကနာရီကိုကြည့်လိုက်တော့ ၃ နာရီ ၄၆ မိနစ် ရှိနေလေပြီ၊ ချွေးများလည်းထွက်ကာ အဖျားလည်း တော်တော်ကျသွားလေသည်၊ ထိုအချိန်တွင်….ဖုန်းထဲကို မက်ဆေ့တစ်စောင် ဝင်လာလေသည်။
“ တင်းတောင်”
ဖုန်းထဲကိုဝင်ပြီး ကြည့်လိုက်တော့ မဝသုန်ဖူး ပို့ထားတာ ဖြစ်နေလေသည်၊ ဖွင့်ဖတ်ကြည့်လိုက်ရာ
“ မ.. အဆောင်အောက် ရောက်နေတယ် ဆင်းလာခဲ့ဦး”
ဟု ရေးထားတာတွေ့ရလေသည်၊ မယုံကြည်နိုင်ဖြစ်၍ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်ရာ ကလစ်ဆိုင်ကယ်ကိုကျောမှီပြီး ရပ်စောင့်နေသော သူမကို တွေ့လိုက်ရသည်၊ ကျွန်တော်လည်း ပျော်ရွှင်စွာ အောက်ကိုဆင်းပြီး သူမဆီသို့ ခြေလှမ်းသွက်သွက်နဲ့ လမ်းလျှောက်သွားလေသည်။
“ မ…ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ”
ဟု မေးရာ သူမက ဘာမှပြန်မပြော…. ကျွန်တော့်နှဖူးကို ခြေဖျားထောက်ပြီး လက်နှင့်စမ်းကာ
“ အင်း…. အဖျားတော့ ကျသွားပြီပဲ… အပူငွေ့ငွေ့လေးတော့ ကျန်သေးတယ်”
ဟု သူမကိုယ်သူမ စကားပြောနေသလို ရွတ်နေလေသည်၊ ကျွန်တော်က
“ မ…ကျွန်တော့်ကို စိတ်ဆိုးပြေသွားပြီပေါ့နော်”
ဟု မေးရာ သူမက
“ အင်း…မနက်က မင်းသူငယ်ချင်း ငါ့ဆီလာပြီးရှင်းပြသွားတယ်… ငါ့အမှားလည်းပါပါတယ်…. မောင့်ကို မောင်နဲ့အရွယ်တူ အတန်းတူနဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဖြစ်သွားပြီးတော့ မကိုထားခဲ့မှာကို အမြဲတွေးကြောက်နေမိတာ….. အဲ့ဒီသတင်းလည်းကြားကော မ… အရမ်းလန့်သွားပြီး အရမ်းစိတ်ဆိုးသွားမိလို့ပါ”
“ အင်း…မောင်လည်းနောက်ဆို အနေအထိုင် ဆင်ခြင်ပါ့မယ်… နော်”
“ ဒီတစ်ခေါက်တော့ ခွင့်လွှတ်လိုက်မယ်…. နောက်တစ်ခေါက်ကြ နောက်ရည်းစားရတာ ဟုတ်ဟုတ်မဟုတ်ဟုတ် အခုလို သတင်းထွက်လာလို့ကတော့ အပြတ်ပဲနော်”
ဟုပြောကာ ကျွန်တော့်လက်မောင်းအား လက်သီးနှင့် အသာလေးထုလေသည်၊ ကျွန်တော် ပ ပလီပလာဖြင့်
“ အား…နာတယ်မရဲ့…နေမကောင်းဖြစ်ထားလို့ အသားတွေနာနေတာ”
“ ဟင်..ဟုတ်လား…ဆောတီးနော်”
ဟုပြန်ပြောကာ လက်သီးကို ပိုအားထည့်၍ ရင်ဘတ်ကို ထုလေတော့သည်။
“ အင်…အင်…ဘုတ်..ဘုတ်..ဆိုးချင်ဦး”
ကျွန်တော်က သူမကို ပုခုံးကနေဆွဲပြီး ရင်ခွင်ထဲသို့.. တင်းကြပ်စွာ ဖက်ထားလိုက်လေသည်၊ သူမက အစကရုန်းသော်လည်း နောက်တော့ ငြိမ်ကြသွားလေသည်။ ကျွန်တော့်ရင်ခွင်ထဲကို သူမမျက်နှာလေးအပ်ပြီး ငြိမ်ငြိမ်လေးရပ်နေလေသည်၊ ဘယ်သူမှ စကားမပြောပဲ ဖက်နေတာ ၅ မိနစ်လောက်ပင် ကြာသွားလေသည်၊ ကျွန်တော်ကစ၍
“ မ..ကို ချစ်တယ်”
ဟုပြောလိုက်ရာ သူမကလည်း ကျွန်တော်နောက်ကျောကို လက်ဝါးဖြင့်သပ်၍
“ မ..လည်းမောင့်ကိုချစ်ပါတယ်…ချစ်လို့ပဲ အခုလို သဝန်တိုမိတာပေါ့”
ဟု ပြန်ပြောလေသည်.. ပြီးနောက် သူမကပင်
“ ကဲ…လူကိုလွှတ်ဦး လမ်းဘေးကြီးမှာ.. သူများတွေ ကြည့်နေလိမ့်ဦးမယ်”
“ လာ…မောင်…ဟိုနားက တမာပင်အောက်က ကွတ်ပစ်မှာထိုင်ရအောင်… မောင့်ဖို့ ကြက်သားပေါင်းအရည် လုပ်လာခဲ့တယ်…. မောင် ညနေစာမစားရသေးဘူးမလား”
“ အင်းမစားရသေးဖူး…အခုမှနိုးတာ..အိပ်နေတာ…အခုထိ အိပ်ချင်မူးတူးဖြစ်နေတုန်း”
ဟုပြောကာ ကွတ်ပစ်ပေါ်တွင်ထိုင်နေသော သူမပေါင်ပေါ်သို့ ခေါင်းတင်ပြီး လှဲအိပ်လိုက်လေသည်။
“ မောင်….အပျင်းကြီးမနေနဲ့ကွာ…ထဦး… ကြက်ပေါင်းဟင်းရည်တွေ အေးကုန်တော့မယ်.. ထ”
ဟု ပြောကာ ကျွန်တော့်နဖူးအား ဖွဖွလေးနမ်းလိုက်လေသည်။
“ ဟုတ်ကဲ့ပါ…ထပါပြီ”
ကျွန်တော်က အိပ်နေရာမှ ထထိုင်ပြီး သူမချက်ပြုတ်လာသော ကြက်ပေါင်းဟင်းရည်ကို ဂျိုင့်ထဲကနေ အပြောင်စားပြီး အရိုးတွေပါမကျန် ကိုက်လိုက်လေသည်၊ မဝသုန်နှင့်လည်း ပြန်ပြီးအဆင်ပြေသွားပြီဖြစ်၍ စိတ်အခြေအနေပိုမိုကောင်းမွန်လာကာ…… ခန္တာကိုယ်ကလည်း လန်းဆန်းလာလေသည်၊ သူမက
“ အပြင်မှာလေတိုက်တယ်…မောင်.. အထဲဝင်တော့ အဖျားက သက်သာခါစရှိသေးတယ်… မလည်းပြန်တော့မယ်… အလုပ်တွေရှိသေးတယ်”
“ အင်းပါ..မ..ကျေးဇူးပဲနော်”
“ ရပါတယ်ကွာ…လိမ္မာရင်မင်းအတွက်ချည်းပဲ… ခစ်ခစ်.. မ.. ပြန်ပြီနော်… ညနက်တဲ့ထိ လည်းမနေနဲ့ဦး.. ပြန်ရောက်ရင် ဖုန်းဆက်လိုက်မယ်.. သွားပြီနော်”
“ ဟုတ်ကဲ့”
မဝသုန်ပြန်သွားတာကိုကြည့်ပြီးခဏတွင် ကျွန်တော်လည်း အဆောင်အခန်းထဲသို့ ပြန်လာခဲ့လေသည်၊ အခန်းထဲရောက်တော့ စားပွဲပေါ်ကို ကြည့်မိလိုက်သောအခါ စုမြတ်နိုးကိုပြန်ပေးရမည့် မှတ်စုစာအုပ်ကိုတွေ့လိုက်ရသည်…. ဟုတ်သားပဲ… ဟိန်းထက်နဲ့ ထည့်ပေးမယ်ဆိုပြီး မေ့သွားတာ.. ဟိန်းထက်ကလည်း နောက်ကျနေလို့ဆိုပြီး အမြန်လစ်သွားတော့ မပြောလိုက်ရဘူး…. ငါပြန်သွားပေးမှပါဆိုပြီးတော့ အဖျားလည်းကျသွားတာနဲ့ စာအုပ်နဲ့ calculator ကို ဆိုင်ကယ် toolbox ထဲထည့်ပြီး စုမြတ်နိုးအဆောင်သို့ ခြေဦးတည်လိုက်လေသည်။
သူမအဆောင်ရှေ့ရောက်သောအခါတွင် သူမတို့မိန်းကလေးသူငယ်ချင်းတစ်စုက အဆောင်ရှေ့က အုတ်ခုံပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရလေသည်၊ ကျွန်တော်လည်း ဟွန်းတစ်ချက်တီးပြီး စုမြတ်နိုးအား လက်ပြခေါ်လိုက်လေသည်၊ သူမအနားရောက်လာတော့ ကျွန်တော်က
“ စုမြတ် နင် မနက်က.. ငါ့အစ်မကြီးဆီ သွားလိုက်တာလား”
ဟု မေးလိုက်တော့ သူမကပြုံးပြကာ
“ အေးဟုတ်တယ်… ငါတို့ကို အထင်လွဲနေတယ်ထင်လို့ သွားရှင်းပြလိုက်တာ… နင်ကငါ့ကို ပွင့်ပွင့်လင်းလင်းမှ မပြောတာ”
“ ငါလည်းပြောမလို့ပဲ…နင့်ကိုအားနာနေလို့”
“ ငါအစကတည်းကပြောသားပဲ… အဲ့လိုဖြစ်လာခဲ့ရင် ရှင်းပေးပါမယ်လို့… အခုကဘာလဲ စာအုပ်လာပေးတာလား”
“ အေး ဟုတ်တယ်ရော့… ငါ့ရဲ့တွက်စက်အပိုပါ ယူလာခဲ့ပေးတယ်”
ရုတ်တရက် ကျွန်တော်တို့နှစ်ဦးကြားထဲတွင် လေစိမ်းတစ်ခု တိုက်ခတ်သွားသလို ခံစားလိုက်ရသည်၊ သူမက ဟန်ဆောင်ပြုံးတစ်ခုကို လုပ်ပြုံးကာ
“ စာအုပ်ပဲပေးတော့..တွက်စက်ကတော့ အဆောင်က အစ်မကြီးဆီကနေ တောင်းလိုက်တော့မယ်… ကျေးဇူးနော်.. ရဲမာန်”
“ ဒါနဲ့နင်..ငါတို့ကိစ္စကို ဘယ်လိုသိသွားတာလဲ”
“ နင့်အစ်မကြီးက ဟိုတစ်လောက ယုပွင့်ဆီဖုန်းဆက်ပြီး ငါနဲ့နင်နဲ့အကြောင်းကို လှမ်းမေးနေတာ၊ ငါက အဲ့ကတည်းက စိတ်ထင့်နေတာ… မနေ့က ယုပွင့်တို့အတွဲနဲ့တွေ့တော့ ဟိန်းထက်က ရဲမာန်မြို့ထဲကပြန်လာပြီး ဖျားနေတာ… သူ့ဆရာမလေးက ဖုန်းမကိုင်တာတစ်ပတ်လောက်ရှိပြီ….. ပြသနာတက်နေတယ်ထင်တယ်လို့ ပြောလို့… ငါလည်းမနေနိုင်တာနဲ့…. ယုပွင့်ဖုန်းထဲကနေ ဖုန်းနံပါတ်ကိုကြည့်ပြီး ဖုန်းဆက်ပြီးတော့ မြို့ထဲကို ငါကိုယ်တိုင် သွားရှင်းပြလိုက်တာ”
“ အေးပါ..ကျေးဇူးပါပဲဟာ..ငါဘာပြောရမှန်းတောင် မသိတော့ဘူး”
“ အင်း…ဒါနဲ့ နင့်ကို viber မှာ ငါ message ပို့ထားတယ်… အဆောင်ရောက်ရင် ဖတ်ကြည့်လိုက်…. ငါအထဲဝင်တော့မယ်နော်”
ဟု ပြောပြီး အဆောင်ထဲ ပြန်ဝင်သွားလေသည်။ အဆောင်ပြန်ရောက်တော့ ထိုင်ခုံပေါ်ထိုင်ချလိုက်ကာ အင်တာနက်ဖွင့်ပြီး viber ထဲသို့ဝင်လိုက်လေသည်၊ တုန်…..တုန်…တုန်…တုန်…တုန် အသံတွေမြည်ပြီး စုမြတ်နိုးပို့ထားသော messages များတရစပ် ကျလာလေသည်၊ သူမပြောထားသည်မှာ….
“ ရဲမာန်….ငါပြောချင်တာတစ်ခုရှိတယ်… ဘယ်ကစပြောရမှန်းတောင် မသိတော့ဘူး”
“ အခုလို နင်နဲ့နင့်အစ်မကြီးတို့ ပြဿနာဖြစ်သွားတာ ငါ့ရဲ့ လောင်းရိပ်လည်းမကင်းဖူးလို့ ခံစားရတယ်…. အခုနောက်ပိုင်း နင့်ကိုငါ တအားတွယ်ကပ်မိသလို ဖြစ်သွားတယ်…. sorry ပါဟာ”
“ ငါတို့နှစ်ယောက် အခုလို sex partner အဖြစ် ဆက်ဆံရေးကို အဆုံးသတ်လိုက်ကြရအောင်ဟာ….. စတွေ့ခါစလို့ မေးထူးခေါ်ပြော သူငယ်ချင်းအနေနဲ့ပဲ ငါပြန်နေချင်တယ်…… နင့်ကိုလည်း ငါအားနာမိတယ်”
“ အခုလို ဆုံးဖြတ်ချက်ချလိုက်ရတာ နင်တို့အတွဲ ပြဿနာဖြစ်သွားတာလည်းပါတယ်၊ နောက်ပြီးတော့ နင့်အစ်မကြီးနဲ့ သွားတွေ့လိုက်ရတော့… ငါတစ်ခုကို နားလည်သွားတယ်”
“ အဲ့တာက ရဲမာန်ဆိုတဲ့နင့်ကို… ငါမပိုင်ဘူးဆိုတာပဲ၊ ငါကလည်း အရူးပါပဲ…… ငါက သံယောဇဉ်တွေ ချစ်ခြင်းမေတ္တာတွေကို တွယ်ငြိမိမှာစိုးလို့ ရည်းစားမထားပဲနေတာ…. အခုတော့ အိပ်ရာပေါ်မှာ နင်နဲ့အတူနေကြရင်း နင့်ကိုပိုင်ဆိုင်ချင်တဲ့စိတ် ဖြစ်မိသွားတယ်…. sex patner လို့ ခေါင်းစဉ်တပ်ထားပေမယ့်…. ငါ့အတွင်းစိတ်ထဲကတော့ partner တစ်ယောက်ထက်ပိုပြီး နင့်ကိုမြင်နေမိတယ်… ဒီထက်ကြာလာရင် ငါနင့်ကိုချစ်မိသွားလိမ့်မယ်…. အခုကတည်းက ငါတို့အဆုံးသတ်လိုက်တာ ကောင်းပါတယ်”
“ ငါတွေးမိတာက ငါတောင် နင့်ကို လက်လွတ်ရတော့မှာတွေးမိတဲ့ အခိုက်မှာ ဝမ်းနည်းသွားသလိုခံစားချက် ဖြစ်မိသွားတယ်…. နင့်ရဲ့ချစ်သူအစ်မကြီးဆို ငါ့ထက် အဆပေါင်းများစွာ ခံစားရမယ်ဆိုတာ မိန်းကလေးချင်း ကိုယ်ချင်းစာမိပါတယ်…. နင်သူ့ကိုတန်ဖိုးထားပါ.. ငါပြောချင်တာတော့ ဒါပဲ”
“ နောက်ဆုံးတစ်ခု ပြောချင်တာကတော့ .. နင်နဲ့အတူနေခဲ့ရတဲ့အချိန်တွေမှာ ငါပျော်ရွှင်ခဲ့ရပါတယ်…. သူငယ်ချင်းတစ်ဦးလိုကော…. လိင်ဆက်ဆံဖော်တစ်ဦးအနေနဲ့ကော… ဒါပဲဟာ.. ငါပြောတာ ရှည်သွားပြီ၊ ငါ့ကိုတွေ့ရင် အရင်လိုပဲ မေးထူးခေါ်ပြော ဆက်ဆံပေးပါ….. ဒါကတော့ နင့်သဘောပါပဲ 😊😊😊 ပျော်ရွင်ပါစေ သူငယ်ချင်း”
စုမြတ်နိုးပို့ထားတဲ့ message ကို ဖတ်ပြီးတော့ ဘာပြန်ပြီးပို့ရမလဲတောင် မသိတော့တာကြောင့်…. နင့်ဆုံးဖြတ်ချက်အတိုင်းပဲပေါ့ဟာ…. ငါလည်းပျော်ခဲ့ရပါတယ် လို့ပဲ ပြန်ပို့ပြီး သူမနဲ့ conversation တစ်ခုလုံးကို phone screen ကိုဖိပြီး delete လုပ်လိုက်လေတော့သည်။
ဒီလိုနဲ့ပဲ ကြာလာတော့ စုမြတ်နိုးနှင့် ကျွန်တော်နဲ့ကြားထဲ ဆက်ဆံရေးက အေးစက်သွားသလောက်…. မဝသုန်နှင့် ကျွန်တော်နှင့်ကြားထဲ သံယောဇဉ်ကတော့ ပိုမိုနက်ရှိုင်းလာလေသည်၊ မုန်တိုင်းပြီးသွားတဲ့အခါ…. ကောင်ကင်ပြာကြီးက ကြည်လင်ပြီးတော့ အခါတိုင်းထက်ပိုပြီးတောက်ပသလိုပဲ။ ကျွန်တော်တို့နှစ်ယောက် ပြသနာဖြစ်ပြီးနောက် ပြန်အဆင်ပြေသွားချိန်မှာ အရင်ကထက် ပိုချစ်မဝ ဖြစ်နေကြသည်၊ အားလပ်ရက်တိုင်း သူမနှင့်သွားတွေ့သလို ကြားရက်တွေထဲလည်း အတန်းချိန်သိပ်မရှိဘူးဆိုလျင် ညနေခင်းများတွင် သူမနှင့်ချိန်းတွေ့ပြီး အချိန်ဖြုန်းလေ့ရှိလေသည်၊ ယခုရက်ပိုင်းတွင်တော့ ချိန်းတွေ့သည့် အစီအစဉ်များကို ခေတ္တရပ်ထားရသည်၊ ဘာကြောင့်ဆိုသော် ကျွန်တော်က စာမေးပွဲနီးကပ်လာသောကြောင့် ဖြစ်သည်။
စာမေးပွဲတွင်းတော့ အခါတိုင်းလိုပဲ အဆောင်ကအခန်းတွင်ကျက်လိုက်… ကျောင်းဝန်းထဲခြေဆန့်လိုက်ဖြင့် ယောင်ပေပေလုပ်ကာ ကျက်ရလေသည်၊ တစ်ခါတစ်ရံသူငယ်ချင်းအဖွဲ့များနှင့် အတူတွက်ကြသည့်အခါလည်းရှိသည်၊ ထိုအခါမျိုးတွင် စုမြတ်နိုးက အရင်ကလို အဖွဲ့ထဲပါမလာတော့ပဲ ကျွန်တော့်အား ရှောင်နေလေတော့သည်၊ တစ်ခါတစ်ရံလမ်းမှာတွေ့ရင် ကျွန်တော့်ကိုတော့ တစ်ချက်တစ်ချက် ပြုံးပြလေ့ရှိသည်၊ ဟိန်းထက်နှင့်ယုပွင့်တို့အတွဲက မေဂျာမတူသော်လည်း ကျောင်းဝန်းထဲ စာအတူလုပ်ကြသည်… တစ်ခါတစ်ရံပျင်းလာလျင် သူတို့အတွဲနားသွားပြီး လူရှုပ်လုပ်ကာ စာသွားလုပ်လေသည်။
စာမေးပွဲမရောက်မှီစာလုပ်ရသည့်အပတ်များတွင် မဝသုန်နှင့်ဖုန်းဆက်သည့်အချိန် ကျဲလာလေသည်၊ သူမကဖုန်းသိပ်မဆက်ရန်… စာပဲကောင်းကောင်းလုပ်ရန် မှာကြားလေသည်၊ တစ်ခါတစ်ရံနေမကောင်းဘူးဟုပြောကာ ဖုန်းကိုစောစောချလေ့ရှိလေသည်၊ သူမနှင့်မတွေ့တာလည်း သုံးပတ်လောက်ကြာပြီဖြစ်လေသည်….. တစ်ခုခုတော့မူမမှန်တော့…. အခုရက်ပိုင်း ဖုန်းဆက်သည့်အခါမျိုးတွင် အသံဝင်နေသည့်အသံဖြင့် ဖုန်းပြောလေ့ရှိသည်… ကျွန်တော်က နေမကောင်းဘူးလား… ဘာဖြစ့်လို့လဲဟု မေးတော့လည်း ရေရေရာရာပြန်မပြော…. အအေးမိသလို.. နှာစေးသလိုဖြစ်ကြောင်းသာ ပြန်ပြောလေသည်၊ သူမနှင့်ဖုန်းပြောလျင် သူမက ယခင်ကလို တီတီတာတာ လျှောက်မပြောတော့… ကျွန်တော်ပြောသမျှကိုသာ အင်း..အင်း နဲ့သာ ထောက်ခံနေလေသည်၊ သေချာတယ်… တစ်ခုခုတော့ဖြစ်နေပြီ… ကျွန်တော်စာလုပ်ရတာမဖြောင့်တော့…. ထို့ကြောင့် သူမအားမည့် အားလပ်ရက်တွင် မြို့ထဲသို့ ထွက်ခဲ့လေသည်။
သူမနေထိုင်ရာ ခြံဝန်းရှေ့သို့အရောက်တွင် ကျွန်တော်ရောက်နေကြောင်း ဖုန်းဆက်လိုက်ရာ သူမက အိမ်နေရင်းအဝတ်အစားဖြင့် ထွက်လာတွေ့သည်၊ မဝသုန်မျက်နှာက ဖြူဖျော့ဖျော့လေး ဖြစ်နေပြီး ငိုထားသည်လား… အိပ်ရေးပျက်သည်လားမသိ…. မျက်လုံးများက မို့အစ်နေလေသည်၊ သူမက..
“ မောင်…မြို့ထဲဘာလာလုပ်တာလဲ… စာတွေက တော်တော်ပိုင်နေလို့လား”
ဟု ဆူလေသည်၊ ကျွန်တော်က
“ မဟုတ်ပါဘူး..ရသင့်သလောက်တော့ ရပါပြီ…. စာလုပ်ရတာ ငြီးငွေ့လို့ အခုက စိတ်ပြေလက်ပျောက် ဆိုင်ကယ်စီးလာတာပါ”
“ အင်း…မ..ရုပ်ဆိုးနေလား…ဘာမှတောင်မလုပ်ခဲ့ရဘူး….မုန့်သွားစားမလား”
“ အင်း…နည်းနည်းပေါ့…မုန့်မစားတော့ဘူး..ကန်ဘောင်ခဏသွားကြရအောင်”
“ အဲ့တာဆို…မ..အဝတ်လဲလိုက်ဦးမယ်”
“ မလဲနဲ့တော့…လာတက်”
မိတ္ထီလာကန်ဘောင်သို့ ဆိုင်ကယ်ပတ်စီးပြီး လူရှင်းသည့်တစ်နေရာတွင် ဆိုင်ကယ်ကိုရပ်ကာ ကန်ဘောင်ပေါ်တွင် နှစ်ယောက်အတူ ထိုင်လိုက်ကြလေသည်၊ သူမက အခါတိုင်းထက်ပိုပြီး တိတ်ဆိတ်နေလေသည်… ကန်ရေပြင်ကို ဖြေးညင်းစွာ ကြည့်နေလေသည်၊ ကျွန်တော်က ဘယ်ဖက်လက်ဖြင့် သူမ၏ပုခုံးကိုကိုင်ပြီးဆွဲဖက်ကာ သူမပုခုံးလေးကို လက်ဖြင့်အသာပွတ်ပြီး အားပေးနေလေသည်… သူမကလည်း ကျွန်တော့်ပုခုံးပေါ် ခေါင်းလေးအသာမှီတင်ထားလေသည်၊ ကျွန်တော်ကပင်စ၍…
“ မ…အခုတလော ဘာတွေဖြစ်နေတာလဲ… အလုပ်မှာအဆင်မပြေဘူးလား.. နေမကောင်းတာလား…. မ..ကို ကြည့်ရတာ အားသိပ်မရှိသလိုပဲ”
“ မဟုတ်ပါဘူး”
“ အင်း…မ..တစ်ခုခုပြောစရာရှိရင် မောင့်ကိုပြောလို့ရတယ်နော်… မောင်နားထောင်ပေးမယ်”
“ အင်း…မရှိပါဘူး…မ..ဘာမှမဖြစ်ပါဖူး”
“ မရယ်…မောင်က ကလေးလား… မညာစမ်းပါနဲ့…. ရင်ထဲရှိတာပြောလိုက်… မ..က အခုလိုဖြစ်နေတော့ အမှန်တိုင်းပြောရင် မောင်လည်း စာကို ဖြောင့်ဖြောင့်လုပ်လို့မရဘူး ဖြစ်နေတာ”
“ အင်း…မ..အိမ်နဲ့ပြသနာဖြစ်တာပါ…ဘာမှမဟုတ်ပါဘူး”
“ ဘယ်လိုဖြစ်တာလဲ”
“ အိမ်တွင်းရေးပြဿနာပါ…ဘာမှမဟုတ်ပါဘူး… အမေတို့က သူတို့ဘက်ကပဲ တွေးပြီးတော့ မ..ဘက်ကို မတွေးပေးကြဘူး.. မ..က သေချာရှင်းပြတော့လည်းနားမထောင်ပဲ ဆူငေါက်နေတာ”
“ အင်း…ဘာဖြစ်တာလဲလို့”
“ ဘာမှ မဟုတ်တော့ပါဖူး မောင်ရယ်….သူတို့ဖြစ်ချင်တဲ့ဟာတွေ လုပ်ချင်နေကြတာ…. ရွတ်.. ရွတ်… အင်း…. အီး… အင်း”
ကျွန်တော့်ကို မဝသုန်က ဘာမှဆက်မပြောတော့ ကျွန်တော့်ရင်ခွင်ထဲသို့ ခေါင်းလေးအပ်ကာ ငိုနေလေသည်၊ ကျွန်တော်ကလည်း သူတပါးအိမ်တွင်းရေးဆိုတော့ ထပ်မမေးမိတော့… အငိုသန်သော ကျွန်တော့်ရဲ့နေကြာပန်းလေးကိုသာ နောက်ကျောကိုဖွဖွလေးပွတ်ပေးပြီး ချော့မြူနေပေးလေသည်၊ ငိုနေတာအချိန်အတော်ကြာသွားတော့ သူမအငိုရပ်သွားလေသည်၊ မျက်နှာပေါ်မှာလည်း မျက်ရည်စတွေကော…. နှာရည်တွေလည်းထွက်ချင်နေတာကို နှာခေါင်းကိုတရှုံ့ရှုံ့လုပ်ပြီး ကလေးများလို ထိန်းထားလေသည်၊ သူမကိုကြည့်ပြီး ကျွန်တော်ရယ်ချင်သွားလေသည်…. သို့သော် မရယ်ရက်… သူမ စလင်းဘတ်အိတ်ထဲက wet tissue ကိုထုတ်ကာ သူမ၏မျက်နှာကို သန့်ရှင်းပေးလိုက်လေသည်။
ကျွန်တော့်ရင်ခွင်ထဲ ခေါင်းစိုက်ငိုပြီးသွားသောအခါတွင် သူမကရင်ဖွင့်လိုက်ရလို့လား… ငိုလိုက်ရလို့လားတော့မသိ… အခါတိုင်းလို ပြန်လည်ပြုံးရွင်လာလေသည်၊ ကျွန်တော့်ကိုလည်း စာကောင်းကောင်းလုပ်ဖို့ ဆရာလုပ်လိုက်…. သူတို့ရုံးက ဘယ်သူကဘယ်လိုဘယ်ညာနှင့် စကားတွေဖောင်ဖွဲ့ပြောနေလေသည်၊ ကျွန်တော်ကတော့ မကြားတစ်ချက်ကြားတစ်ချက်…. သူမ ပျော်ရွှင်နေသောမျက်နှာကို မြင်တွေ့ရသည်မှာ စိတ်ချမ်းသာရလေသည်၊ သူမ၏ဝင်းလဲ့သွားသော မျက်နှာလေးက… .မိုးတွေသည်းထန်စွာရွာသွန်းပြီးသကာလ… သက်တန့်တစ်စင်း ပေါ်လာသလိုပင်..🌈🌈🌈။
မဝသုန်က စကားတွေပြောနေရင်းနှင့် တစ်ခုခုကိုသတိရသွားသည့်ဟန်ဖြင့် ကျွန်တော့်ဘက်ကိုလှည့်ကာ ကျွန်တော့်ပေါင်ကို ခပ်ဆတ်ဆတ်လေး တစ်ချက်ရိုက်ပြီးတော့……
“ ဖတ်…”
“ မောင်…သိလား..မ..ပြောစရာရှိတယ်”
“ ရိုးရိုးပြောလည်းရပါတယ်မရယ်…..လူကိုလန့်သွားတာပဲ”
“ အင်းပါ….မောင်စာမေးပွဲဘယ်နေ့ပြီးမှာလဲ”
“ နောက်လ… ၂၄ ရက်နေ့လောက်ထင်တာပဲ… စာမေးပွဲအချိန်စာရင်းတော့ မထွက်သေးဘူး ဘာဖြစ်လို့လဲ”
“ မနဲ့အတူ ခရီးသွားကြရအောင်လေ… မ..က ဒီလထဲ စုကြေးငွေရမှာ… ဟဲဟဲ ကလောမြို့ဘက် ငါးရက်ခြောက်ရက်လောက် အတူသွားကြရအောင်လေ…. မောင့်အိမ်ကို ခရီးသွားမယ် တစ်ချက်ပြောကြည့်လေ.. ရတယ်မလား”
“ အင်းးး…မောင်ကရပါတယ်…အိမ်ကို ဘော်ဒါတွေနဲ့သွားမယ်ပြောပြီးတော့ မုန့်ဖိုးပါတောင်းလိုက်လို့ရတယ်… မ..က အဆင်ပြေလို့လား.. ခွင့်ရက်ရလို့လား”
“ မ..စုထားတဲ့ခွင့်ရက်တွေရှိတယ်.. စနေတနင်္ဂနွေနဲ့ဆက်ပြီး ယူလိုက်မယ် မောင်အဆင်ပြေရင်သွားကြတာပေါ့… နှစ်နှစ်ပြည့်ကို ကလောမှာ လုပ်ကြမယ်လေ”
“ မောင်ကတော့ အတိုင်းအထက်အလွန်ပဲ…. မ….ဘက်ကရော ဖြစ်ရဲ့လား မောင်နဲ့နှစ်ယောက်ထဲသွားဖို့… မရဲ့အိမ်ကိုရော ဘယ်လိုပြောမှာလဲ”
“ အိမ်ကိုခေါက်ထားလိုက်စမ်းပါ…. ဒီအရွယ်အထိ သူတို့ဖြစ်နေချင်တဲ့အတိုင်း နေပေးခဲ့ပြီးပြီ…. ဒီတစ်ခေါက်တော့ မ ဆန္ဒရှိတဲ့အတိုင်းလုပ်ကြည့်ချင်တယ်…. မောင်နဲ့သွားမှာပဲဟာ နှစ်ယောက်ထတည်းလည်း ဘာဖြစ်တုန်း.. မကြောက်ပါနဲ့ မောင်ရယ်… မတာဝန်ယူမှာပါ… ခစ်ခစ်.. သူကကြောက်ရတယ်ရှိသေး”
“ ဟုတ်ပါပြီ..အဲ့တာဆိုသွားကြတာပေါ့… အဲ့လိုမှန်းသိ စောစောကတည်းက ပိုက်ဆံကြိုစုပါတယ်…. အိမ်ကတော့ တစ်ပုံးလောက်တော့ တောင်းလို့ရတယ်”
“ ရတယ်…မောင်က စာမေးပွဲကောင်းကောင်းဖြေဖို့ပဲ မ..က ငွေရေးကြေးရေး ခြေသလုံးမွှေးပဲ… အဲ့လယ့်”
“ အဲ့တာဆိုပြန်ကြရအောင်လေ…နေတောင်စောင်းနေပြီ… ကျွန်တော်လည်း သပြေဝအထိ ပြန်ရဦးမှာ”
“ ထမင်းစားသွားပါလား…မတို့နားက…ချစ်တီးထမင်းဆိုင် စားကောင်းတယ်”
“ အို…ဂေ…သွားကြတာပေါ့”
ထို့နောက်နှစ်ယောက်သား ချစ်တီးထမင်းဆိုင်တွင် ထမင်းအတူစားကြပြီး…. သူမအား ပြန်ပို့ကာ… အဆောင်သို့ ပြန်လာခဲ့လိုက်လေသည်။
မဝသုန်နှင့်ခရီးအတူထွက်ရမည်ကို သိရှိပြီးသည့်နောက်တွင် ယခင်ကကြောက်နေခဲ့သော စာမေးပွဲကို မြန်မြန်သာပြီးစေချင်တော့လေသည်… ဟီဟီး၊ စာကျက်နေရင်း စိတ်တွေလွင့်သွားသည့်အခိုက်တွင် ခရီးသွားပြီးတည်းခိုခန်းတည်းလျင်.. နှစ်ယောက်ခန်းယူပြီး အတူတူအိပ်ကြမှာလား…. ဇာတ်လမ်းမသန်းတွေရောဖြစ်နိုင်လား… ဟု အမျိုးမျိုး စိတ်ကူးယဉ်ကြည့်နေမိလေသည်၊ အမှန်တကယ်တော့ မဝသုန်က သူ့ချိုဗူးကြီးကိုတောင် အသားကိုတိုက်ရိုက်ပေးကိုင်သည်မဟုတ်…. ကုတင်ပေါ်သို့ရောက်မည့်ကိစ္စကတော့ အဝေးကြီးလိုသေးသည်ဟုထင်မိသည်၊ တစ်ဖက်ကလည်း မျှော်လင့်ချက်ကြီးဖြင့်…. ဟဲဟဲ… ခင်ဗျားတို့ဆိုလည်း တွေးမိမှာပဲမလား…. အောက်မြန်မာနိုင်ငံဖက်သို့ နယ်မြေချဲ့ထွင်ခွင့်ရမလားပေါ့ဗျာ၊ မဝသုန်က အခုတစ်ခေါက် အိမ်နဲ့ရန်ဖြစ်ပြီးတော့ သူလုပ်ချင်တာတွေကို မထိန်းချုပ်ပဲလုပ်တော့မှာဆိုတော့…. ကိုယ်ကမီးလောင်ရာလေပင့်ပေးရုံပေါ့.. ငိငိ။
ဒါပေမယ့်လည်း..ခင်ဗျားတို့သိတဲ့အတိုင်း sex ကိစ္စကိုတခြားသော ယောက်ျားလေးတွေလိုအတင်းလုပ်မယူချင်ဘူးဗျ၊ သိတယ်မလား….. နှစ်ယောက်လုံး စိတ်တူကိုယ်တူဖြစ်မှ ကိုယ်တွေကသဘောကျတာ… မဟုတ်ရင် တစ်ဖက်ကသစ်တုံးကြီးလို မလှုပ်မယှက်ကြီးနဲ့ဆို တော်တော်ဖီးကျဲတယ်ဗျ၊ သို့ပေမယ့် မြန်မာနိုင်ငံမှာကြတော့ ငယ်ငယ်ကတည်းက အကြောက်တရားနဲ့ခြောက်ခံထားရတဲ့ မိန်းကလေးတွေကြတော့ လက်ပေါက်ကပ်သဗျာ… မဝသုန်လိုလူမျိုးတွေပေါ့…… အပျိုမှေးမရှိတော့ရင် တန်ဖိုးကျသွားတော့မှာလိုလို.. ဘာလိုလိုပေါ့ဗျာ၊ သနားဖို့လည်းကောင်းတယ်ဗျ… သူတို့က လိင်ကိစ္စဆိုရင် ယောက်ျားလေးတွေဖက်က အသာစီးရတယ်လို့ပဲ တွေးထင်ကြတာ…. ဒီနိုင်ငံမှာက sex education သိပ်မရှိတာလည်းပါမှာပေါ့…. ထားပါတော့၊ အဲ့ဒိလိုအမျိုးသမီးတွေကိုကြတော့ ဒီတိုင်းဂျန်းတန်းမင်းပီသစွာ ထိုင်စောင့်နေလို့ကတော့ သစ်တုံးလို ခန္တာကိုယ်တောင်… မင်္ဂလာဆောင်ပြီးမှရမယ်မှတ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့စီနီယာတွေပြောသလို နည်းနည်းချင်းသင်ပေးရတာပေါ့…. တစ်နေ့တစ်လံ.. ပုဂံဘယ်ပြေးမလဲပေါ့ဗျာ.. ဟဲဟဲ… လက်ဖက်ကောင်းစားချင်မှတော့ ပလောင်ကြီးတောင်တက် နှေးတာ သည်းခံရမှာပဲဗျ၊ မဝသုန်ကိုတော့ ကျွန်တော်က ချိုဗူးကိုင်တဲ့အဆင့်ကနေ မတက်သေးဘူးဗျ၊ ဒါတောင် ပထမဆုံးတစ်ခေါက်တုန်းကပဲ ကောင်းကောင်းအရသာခံလိုက်ရတယ်၊ နောက်အခါများကြတော့ ဘော်လီပေါ်အဝတ်ထပ်ဆိုတော့ ဆားမပါတဲ့ဟင်းတစ်ခွက် လိုပေါ့ရွတ်ရွတ်ကြီးဗျ၊ ကျွန်တော်ကသူ့ကိုချစ်လို့သာ အတင်းအကြပ်မလုပ်ယူတာ…. ယောက်ျားပဲဗျ… မလိမ်တန်းပြောရရင်တော့ အကုန်လိုချင်တာပဲ၊ ဒီတစ်ခေါက်ခရီးမှာတော့ အဆင့်နည်းနည်းလေးတက်ကြည့်မယ်လို့စိတ်ကူးသဗျ… ဟဲဟဲ😁။ ( ပရိတ်သတ်ကြီးတို့လည်း ကံကောင်းအောင် ဆုတောင်းပေးကြပါဦး )
ဒီလိုနဲ့ ရက်တ္တပတ်သုံးပတ်လောက် လိမ်ဖယ်လိမ်ဖယ်နဲ့ စာလုပ်ပြီးတော့ ထုံးစံအတိုင်း ရသလိုလို မရသလိုလိုနဲ့ ဖြေခဲ့တာပေါ့ဗျာ၊ နောက်ဆုံးဘာသာဖြေပြီးတဲ့ ညကြတော့ ပျော်ရွင်စွာ…. လေတချွန်ချွန်ဖြင့် ခရီးဆောင်အိတ်တစ်ဖြစ်လည်း ကျောပိုးအိတ်ထဲကို အဝတ်တွေထည့်နေလေသည်၊ ဟိန်းထက်ကကျွန်တော့်ကိုကြည့်ကာ…
“ သားကြီး…ဒီတစ်ခေါက် အိမ်ကိုအစောပြန်တော့မှာလား…. အမေ့ကို လွမ်းနေပြီလားဟ.. မင်းအစ်မကြီးနဲ့တောင် သွားမတွေ့တော့ဖူးလား”
“ မဟုတ်ဘူး…ငါခရီးထွက်မလို့…အိမ်မပြန်ခင်”
“ ဘယ်နေ့သွားမှာလဲ”
“ မနက်ဖြန် ဒီလိုအချိန် ညကားစီးရမှာ”
“ ဘယ်သူတွေနဲ့သွားမှာလဲ..အိမ်နဲ့လား… မင်းက စိတ်ဓာတ်ပါပဲကွာ… ငါ့ကိုတောင် မခေါ်ဖူး”
ကျွန်တော်က…ငါခူပြုံးပြုံးပြလိုက်ပြီး…..
“ မဝသုန်နဲ့သွားမှာ…ဟဲဟဲ… မင်းကိုခေါ်လို့မရလို့ မပြောတာပေါ့ကွ”
“ ဘာလို့မရ….အဲ… မင်းတို့နှစ်ယောက်ထဲ သွားကြမှာလား”
“ ဟုတ်တယ်သားကြီး… ငါ့ကံဇာတာတွေ တက်ပြီနဲ့တူတယ်”
“ အင်း… ကောင်းတော့ကောင်းတာပေါ့… ဆရာမရဲ့ရေချိန်နဲ့ဆိုရင် သိပ်တော့မူမမှန်ဘူးနော.. ငါ့ကောင်”
“ ဒီလိုမူမမှန်တာတော့ ကြိုက်တယ်ဟေ့…. မင်းကမနာလိုနေတာလား”
“ မဟုတ်ပါဘူး.. ငါတို့လည်း မနက်ဖြန် နှုတ်ဆက်ပွဲလုပ်ကြဦးမှာ… ဟားဟား… ငါကသေချာတယ်… မင်းကသာ နှစ်ယောက်အတူသွားပြီး မစားရအညှော်ခံရမယ့်ကောင်”
“ ပါးစပ်ပုတ်ကြီးနဲ့…ဖွဟဲ့…လွဲပါစေ ချော်ပါစေ”
ထိုသို့ ဟိန်းထက်နှင့် စကားကောင်းနေစဉ် ဖုန်း ringtone သံကြား၍ ကောက်ကိုင်လိုက်ရာ sunflower ဆိုတော့ ကျွန်တော့်ရဲ့မဝသုန် ဆက်နေခြင်း ဖြစ်နေလေသည်…..
“ ဟယ်လို…မ…ပြော”
“ အင်း…မောင်….မနက်ဖြန် နေ့လည်လောက်မှ အဆောင်ကထွက်ခဲ့နော်.. ကားက ၄ နာရီ လောက်မှ စပြီးစီးရမှာ…. ပြီးတော့ လိုတာတွေလည်း အကုန်ယူခဲ့ဦး… ပစ္စည်းတွေ မေ့မကျန်စေခဲ့နဲ့”
“ ဟုတ်ကဲ့ပါဂျာ”
“ အင်းအင်း…လုပ်လုပ်…မ..လည်း အဝတ်တွေထည့်လိုက်ဦးမယ်.. ပြီးရင် ရုံးကအလုပ်လက်စသတ်ဖို့ ကျန်တာလေးတွေ လုပ်ပေးခဲ့လိုက်ဥိးမယ်…. မနက်ဖြန်နေ့လည်ကြ အဆောင်ကထွက်တော့မယ်ဆိုရင် ဖုန်းဆက်လိုက်ဦး”
“ ဟုတ်ကဲ့”
“ အင်း…ဒါပဲနော်..မောင်..goodnight”
“ မလည်း goodnight…အာဘွား…”
နောက်တစ်နေ့ ရောက်တော့ နံနက်ပိုင်းတွင် အဆောင်တွင်ထားခဲ့မည့် အိပ်ရာလိပ်ကို နေပူပြခြင်း ခြင်ထောင်ကိုလျှော်ခြင်း ခြောက်တော့ ဆာလာအိပ်ထဲထည့်ကာ ပရုတ်လုံးပါထည့်ပြီး ကြိုးစီးပြီး ကြွက်မကိုက်အောင် ကုတင်ပေါ်တင်လိုက်လေသည်၊ အိုဂေ…ရယ်ဒီ ဖြစ်ပြီဆိုတော့ နေ့လည်စာသွားစားပြီး မြို့ထဲသို့သွားလေသည်၊ မြို့ထဲသို့ရောက်သောအခါတွင် ဆိုင်ကယ်ကို အဒေါ့်အိမ်သို့အပ်ခဲ့ပြီး ကားဂိတ်သို့ လမ်းလျှောက်သွားလေသည်။ ကားဂိတ်တွင် စောင့်နေပြီး မကြာခင်တွင်ပင် မဝသုန်နှင့် သူ့သူငယ်ချင်းအစ်မကြီး ရောက်လာလေသည်၊ သူ့သူငယ်ချင်းက ကားဂိတ်ကို လာပို့ပုံရသည်၊ သူ့သူငယ်ချင်းပြန်သွားမှပင် ကျွန်တော့်နားသို့ရောက်လာကာ..
“ မောင်…ရောက်နေတာကြာပြီလား”
“ နာရီဝက်လောက်တော့ရှိပြီ…မ..လာထိုင်လေ”
“ အခုမှ ၃ နာရီ မတ်တင်းရှိသေးတာ…. မောင်… အထုပ်တွေ အပ်ခဲ့ပြီး တစ်နေရာရာ သွားရအောင်လေ”
“ အင်း…ကောင်းသားပဲ”
ထို့နောက် နှစ်ယောက်သား ကားဂိတ်ကို အထုပ်တွေအပ်ခဲ့ကာ လမ်းလျှောက်ကြလေသည်၊ မဝသုန်က…
“ တော်သေးတယ်…ကားလက်မှတ်က စောစောကြိုဖြတ်ထားလို့… ဒါတောင် နောက်ဆုံးတန်းနားလေးရတာ… တက္ကသိုလ်တွေက ပိတ်တော့ ပြန်ကြတဲ့လူတွေများနေတာ”
“ ဟုတ်လား…ကျွန်တော်လည်းမေးဖို့မေ့နေတာ… ဒါနဲ့ ရော့… ကျွန်တော့်ပိုက်ဆံ မကိုပဲ အပ်ထားလိုက်တော့မယ်… နည်းတော့နည်းတယ်”
“ ရပါတယ်မောင်ရယ်…မောင်က ကျောင်းသားပဲရှိသေးတာကို… အိမ်ကိုရော ဘယ်လိုပြောခဲ့လဲ”
“ မ လိုပဲပေါ့….သူငယ်ချင်းတွေနဲ့ ခရီးသွားမလို့လို့ ပြောခဲ့ရတာပဲ.. ဟီး”
“ မောင်….ဟိုရှေ့က စတိုးဆိုင်ဝင်ရအောင်… ဆေးလေးဘာလေး ဝယ်သွားရအောင်”
“ မ..ကကားမှုးတက်လို့လား.. မောင်တော့ အစာရှိရင် ကားမမူးဘူးရယ်”
“ မလည်း မမူးပါဘူး… လိုကာမယ်ကာပေါ့.. ပြီးတော့.. မိန်းကလေးပစ္စည်းလေးလည်း ဝယ်ဖို့ရှိသေးတယ်”
“ အဲ့တာဆို ကျွန်တော် ဆိုင်ထဲမလိုက်တော့ဘူးနော်”
“ အင်း…အပြင်ကပဲစောင့်နေ”
မဝသုန်စတိုးဆိုင်ထဲက ပြန်ထွက်လာတော့ ကျွတ်ကျွတ်အိတ်အမဲလေးကို လက်ကဆွဲပြီး ထွက်လာလေသည်… ပြီးနောက် ကျွန်တော်လွယ်ပေးထားသော သူ့လွယ်အိပ်လေးထဲသို့ ထည့်လိုက်လေသည်၊ သူမက..
“ ဘာစားချင်သေးလဲ…မောင်… ကားက ဘယ်မှာခဏရပ်မယ် မသိဘူး.. တော်ကြာ အစာမရှိရင် မူးနေလိမ့်မယ်”
“ အင်း…ဟိုနားက ဝက်သားဒုတ်ထိုး သွားစားကြမလား”
“ ဟာ..မောင်ကလည်း..ခရီးသွားမှာကို… ဝမ်းတွေဘာတွေပျက်ရင် ဒုက္ခရောက်နေဦးမယ်.. တခြားဟာစားပါ”
“ အဲ့တာဆို ထမင်းကြော်သွားစားမယ်လေ… ဦး***ဆိုင်က စားကောင်းတယ်”
“ အင်း…သွားစားကြတာပေါ့”
မဝသုန်က ကျွန်တော့်ကို လက်မောင်းကနေတွဲပြီး လမ်းအတူလျှောက်ကာ ထမင်းကြော်ဆိုင်သို့ သွားစားကြပြီး ကားဂိတ်သို့ပြန်လာခဲ့ကြလေသည်၊ ကားဂိတ်ရောက်တော့ ကားလာမည့်အချိန်တောင် နီးကပ်နေလေပြီ.. သို့ဖြစ်၍ နှစ်ယောက်သား တစ်ယောက်တစ်လှည့် နောက်ဖေးသို့သွား၍ စွန့်ထုတ်စရာရှိသည်များကို ထုတ်ခဲ့ကြလေသည်။
မကြာခင်ပင် ကျွန်တော်တို့စီးမည့် Express ကားကြီး ရောက်ရှိလာလေသည်၊ ကျွန်တော်နှင့် မဝသုန်လည်း အိတ်များကိုသယ်ကာ ကားထဲသို့ ဝင်ရောက်ကြလေသည်၊ ခုံနံပါတ်က နောက်ဆုံးတန်း၏ ရှေ့တစ်တန်းတွင် ဖြစ်သည်၊ ကျွန်တော်တို့လည်း ကိုယ့်နေရာကိုယူပြီး ထိုင်လိုက်ကြသည်၊ မဝသုန်က… ပခုံးလေးလှုပ်လှုပ်… လှုပ်လှုပ်ဖြင့်…
“ ဟိတ်…ဒို့က မှန်ဘေးကနေရာနော်… ယူက လျှောက်လမ်းဘေးက နေရာယူ”
“ ဟုတ်ပါပြီမမရယ်…ကဲ..အထဲဝင်”
“ ခစ်..ခစ်..မောင်က အဲ့တာတွေ ချစ်ဖို့ကောင်းတာ”
ကျွန်တော်တို့အတွဲခုံနှင့် ဘေးချင်းကပ်ရက်ထိုင်ခုံတွင်တော့… အသက်ငါးဆယ်ကျော် လင်မယားနှစ်ယောက် လာထိုင်ကြသည်၊ အနောက်ဆုံးတန်းတွင်တော့ လူမတင်ပဲ ပစ္စည်းများကိုသာ သယ်လာလေသည်၊ ခဏကြာသောအခါတွင် လူစုံပြီဖြစ်သဖြင့် ကားစထွက်လေတော့သည်၊ လမ်းမှာလည်း… မကြာမကြာ… ကားလက်မှတ်ဖြတ်ပေးသော ဆိုင်ခွဲလေးများမှ ခရီးသည်များ တက်လာလေသည်။
ကျွန်တော်၏ဇာတိမြို့ဖြစ်သော သာစည်မြို့သို့ ဖြတ်သောအခါတွင် ညနေအတော်စောင်းနေလေပြီ… ကျွန်တော်က မဝသုန်ကို ကားမှန်ကနေ… ဟိုဆိုင်က.. ကျွန်တော်တို့ဆိုင်ဟုတောင် ညွန်ပြခဲ့သေးသည်၊ သူမကလည်း နောက်ကြလာအားပေးရဦးမယ်ဟု ပြောလေသည်၊ တောင်ပေါ်စတက်သောအခါတွင် ညအတော်မှောင်သွားပြီဖြစ်၍ အပြင်မြင်ကွင်းကို မမြင်ရတော့ချေ။
မဝသုန်က အပေါ်ကအဲကွန်းက အေးသည်ဟုဆိုကာ ကျွန်တော်လက်ဆောင်ပေးထားသော ဦးထုတ်အဖြူလေးကို ထုတ်ဆောင်း၍ လက်ရှည်အပါးထည်လေးကို တီရှပ်အပေါ်ကနေ ထပ်ဝတ်လေသည်၊ ကျွန်တော်က
“ မနဲ့လိုက်သားပဲ…လှတယ်”
“ မောင်ကလည်းရွေးတာတော်လို့ပါ.. ဟဲဟဲ.. မောင် မအေးဘူးလား”
“ ခေါင်းကရပါတယ်…အပေါ်ကလည်း လယ်သာဂျာကင်နဲ့ အောက်ကလည်း ဂျင်းဘောင်းဘီအပျော့နဲ့ပဲဟာ၊ မ..ဝတ်ထားတဲ့.. အောက်က ခေါင်းလောင်းဘောင်းဘီကြီးနဲ့ ညကြအေးမှာအဲ့တာ”
“ အင်း..အေးလာတော့ စောင်ခြုံတာပေါ့…. ဂျင်းဘောင်းဘီကြတော့ ညအိပ်ခရီးဆိုတော့ သက်တောင့်သက်သာမဖြစ်လို့”
“ ဪ..ပြီးတာပဲ.. ကျွန်တော်နဲ့ အတူသွားရတာ ဘယ်လိုခံစားရလဲ”
“ အင်း…ပျော်တယ်… ပြီးတော့ လွတ်လပ်တယ်… မကို အိမ်က ငယ်ငယ်ကတည်းက အခုအရွယ်ထိ ချုပ်ချယ်ထားကြတာ သူငယ်ချင်းတွေနဲ့တောင် ခရီးကိုမထွက်ခိုင်းဘူး”
“ ဟင်…သူငယ်ချင်းတွေနဲ့တောင် မသွားဖူးဘူးပေါ့”
“ ဟုတ်တယ်…ခရီးသွားရင် အိမ်နဲ့ အမျိုးတွေနဲ့ပဲသွားဖြစ်တာ…. အဝေးသင်တက်တုန်းကလည်း အဆောင်မှာ ဂိုက်လုပ်နေရတာ.. ဘယ်မှကို မလည်ရသေးပါဘူး… အခုလည်း အလုပ်တန်းရောက် ဟင်း… အခုလိုထွက်လာရတော့ စိတ်ပေါ့ပါးသွားသလိုပဲ”
“ မောင်လည်းပျော်ပါတယ်…မောင်လည်းချစ်သူနဲ့ ခရီးထွက်တာ ပထမဆုံးပါနော်.. ဟဲဟဲ”
“ တို့လည်းအတူတူပါပဲ”
ထို့နောက် ကားပေါ်ပြသော မြန်မာဗီဒီယို အော်ကျယ်အော်ကျယ် ဇာတ်ကားကို မကြည့်ချင်၍ ကျွန်တော့်ဖုန်းထဲပါလာသော အသစ်ထွက်ထားသည့် ကွန်ဖူးပန်ဒါ သုံးကားမြှောက်ကို နားကြပ်တစ်ယောက်တစ်ဖက်ဆီတပ်ကာ နေကြာစိစားရင်း ကြည့်ကြလေသည်၊ သူတို့ပြနေသော မြန်မာဇာတ်ကားက ကျွန်တော်တို့ထက် အရင်ပြီးသွားလေသည်၊ သိပ်မကြာခင်မှာပင် ကျွန်တော်တို့၏ ဇာတ်လမ်းလည်းပြီး၍ ခုံနှစ်ခုံကြားရှိ လက်တင်သည့်တန်းကို အပေါ်တင်လိုက်ကာ စောင်နှစ်ထည်ကို အတူခြုံကြပြီး ကျွန်တော်က မဝသုန်ကို ထွေးပွေ့ကာ မှိန်းမောအိပ်စက်ကြလေသည်။ သို့သော် လမ်းက တောင်ပေါ်အတက်လမ်းဖြစ်၍ ဝိုက်ပြီးကွေ့ရသော အကွေ့များကြောင့် ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက်နှင့် တော်တော်နှင့် အိပ်မပျော်ချေ၊ ဘေးနားက ဦးလေးကြီးတို့လင်မယားကတော့ ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီး အိပ်ပျော်နေကြသည်မှာ ဟောက်သံများပင် ထွက်နေလေသည်၊ အိပ်မပျော်ရသည့်အကြောင်းအရင်းတွင် သူတို့လင်မယားဟောက်သံကြောင့်လည်း ပါလေသည်၊ ထိုစဉ်… မဝသုန်က ကျွန်တော့်ပုခုံးပေါ် မှီအိပ်နေရင်းကနေ…
“ မောင်…အိပ်မပျော်ဘူးလား”
“ ဟုတ်တယ်…ဘေးက ဟောက်သံတွေကြောင့်မို့…. မ.. ကော အိပ်မပျော်ဖူးလား”
“ စောနက တောင်ပေါ်စတက်ခါစတုန်းကတော့ မှေးကနည်း ပျော်သွားသေးတယ်…. မ..လည်း ဟောက်သံတွေကြားလို့ နိုးလာတာ”
“ တစ်ကားလုံး သူတို့နှစ်ယောက် အသံတွေချည်းပဲ”
“ ထားလိုက်ပါ မောင်ရယ်… အသက်ကြီးတဲ့သူတွေဆိုတော့ အဲလိုပဲ… ပင်ပန်းလာလို့လည်း ဖြစ်မှာပေါ့…. မောင်ညောင်းနေပြီလား မရဲ့ပခုံပေါ် မှီအိပ်လေ”
“ သူ့ပခုံးကဖြင့် ကျဉ်းကျဉ်းလေးကို”
“ ခစ်ခစ်…. အဲ့တာတော့ တို့လည်းမတတ်နိုင်ဘူး… ရော့ စိတ်ပြေသွားအောင် လိမ္မော်သီးစား”
ဟုဆိုပြီး ဝယ်လာသော ပျားလိမ္မော်သီးတစ်လုံးကို ခွာကျွေးလေသည်၊ ပြီးနောက် ရေတစ်ငုံသောက်ကာ နှစ်ယောက်သား ပြန်ငိုက်နေကြသည်၊ မဝသုန်က ကျွန်တော့်ကို အားနာလို့လားမသိ…. ကားမှန်ဖက်ခြမ်းကို မှီပြီး အိပ်နေလေသည်၊ ကျွန်တော်လည်း နောက်ခုံကို တစ်ထစ်လျှော့လိုက်ကာ မှိန်းနေရင်းနှင့်…. မီးရောင်မှိန်မှိန်လေးအောက်တွင် ကားဆရာဖွင့်ပေးထားသော စိုင်းထီးဆိုင်သီချင်းကို… နားသောတဆင်ရင်း မှိန်းနေလေသည်။
“ 🎼🎼🎼….ရင်မှာ..ကိုယ်စီရယ်… ချစ်စိတ်ရှိခဲ့မှန်းလည်း… နှစ်ဦးသားလုံးက… သတိမထားမိတယ်..🎼🎼”
“ 🎼🎼🎼….ဘယ်သူ.. ယုံနိုင်မလဲ… အခုလိုချစ်ခဲ့ကြမယ်…. အခုတော့လည်း မဆန်းသလိုပါပဲ..🎼🎼”
“ 🎼🎼🎼….အမြဲတမ်းပဲ… တွေ့ချင်နေတယ်.. အချစ်ရယ်… ချစ်စကားလေးကြားနေချင်တယ်.. အချစ်ရယ်.. ချစ်လွန်းလို့… ရူးရမလောက်အထိအောင်ကွယ်… သိပ်သိပ်ချစ်ရတယ်…. နွဲ့တင်ရယ်..🎼🎼”
“ 🎼🎼🎼….လွယ်နေတာကို… ခက်အောင်လုပ်တတ်ကြတယ်… လောကကြီးရဲ့… သဘာဝပဲ…🎼🎼.. ရင်မှာဘယ်လောက်ပဲ… တစ်ယောက်ကိုတစ်ယောက် ချစ်လည်းကွယ်…. လောကကြီးကို မယုံနိုင်တယ်….🎼🎼”
“ 🎼🎼🎼….နီးပြီးမှဝေးမှာကို မလိုလားတယ်…. ချစ်ပြီးမှကွဲမှာကို မလိုလားတယ်…. ဘဝဆက်တိုင်း ပေါင်းရဖို့ ဆုပန်မယ်… သိပ်သိပ်ချစ်ရတဲ့… နွဲ့တင်ရယ်🎼🎼”
သီချင်းနားထောင်ရင်း ပက်လက်လှဲရတာ ညောင်းလာတော့ မဝသုန်ဖက်သို့ စောင်းလိုက်ကာ.. သူမစောင်လွတ်နေသည်ကိုတွေ့၍ စောင်စကိုဆွဲယူပြီး… သူမပုခုံးပေါ် တင်ပေးလိုက်သည်၊ သူမက… ကားမှန်ပေါ် ခေါင်းလေးစောင်းကာ အိပ်နေသည့်အတွက် ကျွန်တော့်ဘက်ကနေကြည့်လျင် သူမ၏ ရွှေလည်တိုင်လေးကို တွေ့ရလေသည်၊ ကျွန်တော်က… အူယားလာတာနဲ့ သူမပုခုံးပေါ် ခေါင်းကို အသာလေးတင်ကာ…. လည်တိုင်တစ်ဝိုက်ကို အနမ်းပေးလိုက်လေသည်။
မဝသုန်ကတော့ အိပ်ပျော်နေသည့်ပုံတော့ မပေါ်ပေမယ့် အိပ်ပျော်ချင်ယောင်ဆောင်နေလေသည်၊ ဘယ်ဘက်ကိုစောင်းကာ.. ကျွန်တော့်လက်တစ်ဖက်ကလည်း သူမ၏ဗိုက်သားပေါ်ကနေ ဖက်ကာ… လည်တိုင်ကိုနမ်းလိုက်.. ပါးလေးကို ရှလွတ်လိုက်နှင့် အရသာတွေ့နေလေသည်၊ လည်တိုင်ကို နမ်းသည့်အချိန်တွင်.. လျှာလေးကိုထုတ်ကာ.. လည်တိုင်တစ်လျှောက် လျက်ပေးလိုက်ပြီး နားရွက်လေးကိုအရောက်တွင်… နားရွက်ကို ငုံလိုက်သည့်အခါ… မဝသုန်တကိုယ်လုံး တုန်တက်သွားလေသည်၊ သို့သော် မမကဆက်၍ အိပ်ချင်ယောင်ဆောင်နေသေးသည်။
ကျွန်တော်ရဲ့လက်ကတော့ သူမတီရှပ်အပေါ်ကဝမ်းဗိုက်ပြင်ပေါ်ကနေ… ချိုဗူးနှစ်လုံးပေါ်တက်သွားကာ… ဖွဖွလေး အုပ်ကိုင်လိုက်လေသည်၊ ကျွန်တော့်ဘယ်ဘက်လက်က ကိုယ့်ခန္တာကိုယ်နှင့်ကို ပိနေ၍ လှုပ်၍မရသော်လည်း…. သိန်းငှက်သူရဲကောင်းသိုင်းသမားလေး.. ကျွန်ုပ်အတွက်တော့ ညာလက်တစ်ဖက်နှင့်လည်း.. ခရီးရောက်လေသည်၊ သူမရဲ့တီရှပ်အပေါ်ကနေချေကာ… နို့သီးခေါင်းရှိနိုင်မည့်နေရာကို မှန်း၍ လက်နှင့်ချေပေးလိုက်သည်။
ကျွန်တော်က အင်္ကျီအပေါ်ကနေကိုင်ရတာ.. အားမရသဖြင့်… သူမရဲ့ တီရှပ်အောက်သို့ လက်ထိုးလိုက်သည်၊ ချောမွတ်နူးညံနေသော သူမဗိုက်သားလေးက ကျွန်တော့်လက်ဝါးပြင်ကို ကြိုဆိုလေသည်၊ အပေါ်တက်ရန်ကြံစည်လိုက်တော့ သူမဝတ်ထားသည်က အပေါ်မတင်ရန် လွယ်ကူသော ဘော်လီအမျိုးအစား မဟုတ်သဖြင့် သိန်းငှက်သူရဲကောင်းလေး အကြံအိုက်သွားလေသည်၊ သူမဝတ်ထားသည်က ကိုယ်တိုင်းဖြင့်ချုပ်ထားသော ဗမာဇာဘော်လီ ဖြစ်နေသောကြောင့်ဖြစ်သည်။ ဘောလီဂျိတ်ဖြုတ်ရန် သူမနောက်ကျောဘက် စမ်းလိုက်သော်လည်း အိပ်ချင်ယောင်ဆောင်နေသော သူမက သူ့နောက်ကျောကို ထိုင်ခုံကျောမှီနှင့် မခွာပေး၊ သူမမျက်နှာလေးကလည်း အိပ်ချင်ယောင်ဆောင်ရင်း ပြုံးယောင်သန်းနေလေသည်။