
ရေခြားမြေခြား သူ့ဘဝ (အပိုင်း ၄)
ရေးသားသူ – Nat Thar
(အချစ်တက္ကသိုလ်တွင် ရေးသားသည်)
မင်းမင်းနှင့် ဖူးသစ်စု၏ ချစ်သူဘဝသည် ပျော်စရာကောင်းပါသည်။ အလိုက်သိသော၊ ချစ်သူကို ပျော်အောင်လုပ်တတ်သော၊ အချစ်ကို ရပြီးဖြစ်သော်လည်း ပိုပြီး သံယောဇဉ်တွယ်အောင်လုပ်တတ်သော ချစ်သူကြောင့် ဖူးသစ်စုသည် မင်းမင်းကို နှလုံးသားထဲမှ မြတ်နိုးစွာ ချစ်မိနေပြီဖြစ်သည်။ ချစ်သူတို့ သဘောသဘာ၀ စိတ်ကောက်ခြင်းနှင့် မကင်းနိုင်သည့်တိုင် မင်းမင်းက ချော့လိုက်လျှင် သူမသည် ဘယ်လိုမှ တင်းမထားနိုင်ပဲ ပျော့ကာ သွားစမြဲဖြစ်သည်။ ဖူးသစ်စု အဲဒီလောက်ထိပင် မင်းမင်းကို ချစ်ပါလေသည်။
“နင် ကိုမင်းမင်းကို အဲဒီလောက်ထိ ချစ်တာ လွန်တာပေါ့”
ဟု ပုံ့ပုံ့ကဆိုသဖြင့် ဖူးသစ်စု အခုမှရသည့် သူငယ်ချင်းအသစ်နှင့်တောင် နှစ်ရက်လောက် စိတ်ကောက်လိုက်သေးသည်။ သူမလိုပဲ အဖော်ငတ်နေသည့် ပုံ့ပုံ့က တောင်းတောင်းပန်ပန်နှင့် ပြန်လိုက်ခေါ်မှ ဖူးသစ်စု ပြန်စကားပြောဖြစ်သည်။ သူငယ်ချင်းနှစ်ယောက် ပြန်အဆင်ပြေသွားတော့ ပုံ့ပုံ့က ခေါင်းတခါခါနှင့် သူမခေါ်နေကြတိုင်း “သစ်စုတ် … နင်တော့ ဆေးမိနေပြီ” ဆိုပြီး စသဖြင့် ဖူးသစ်စု သူငယ်ချင်းကျောကို ထုကာ “ပြန်မခေါ်ပဲနေလိုက်မှာ” ဟု တုံ့ပြန်သဖြင့် ပုံ့ပုံ့က နောက်ပိုင်းတွင် မင်းမင်းအပေါ်မှာ ထားသည့် သံယောဇဉ်ကို စစ်တမ်းမထုတ်တော့ပေ။ ပြောလည်းရမှာ မဟုတ်ဟု သဘောပေါက်လာသောအခါ သူမက မြှောက်ပေးသူတောင် ဖြစ်လာသေး၏။ ဖူးသစ်စု မင်းမင်းအကြောင်း ပြောသမျှကို ဒိုင်ခံနားထောင်သူလည်း ဖြစ်လာခဲ့သည်။
ဖူးသစ်စုသည် မင်းမင်းအား အချစ်ဦးဆိုသည့် သံယောဇဉ်နှင့် တွယ်တာသလို မင်းမင်းကလည်း ဖူးသစ်စုကို အချစ်ဆုံးဆိုသည့် သတ်မှတ်ချက်နှင့် ယုယမြတ်နိုးသည်။ ထို့အတွက်ကြောင့် သူသည် ချစ်သူအပျိုစင်လေးကို တန်ဖိုးထားကာ တတ်နိုင်သမျှ သူ့ကိုယ်သူ စောင့်စည်းထားသည်။ ခြင်္သေ့ ဥပုသ်စောင့်သည်ဆိုတာကို မကြားဘူးကောင်း ဖြစ်နိုင်ပေမယ့် မင်းမင်း တကယ် ဖူးသစ်စုအပေါ်တွင် အဆုံးစွန်အဆင့်ထိ မရောက်အောင် နေသည်ဆိုတာကတော့ ဖြစ်ဖူးသွားပြီ ဖြစ်သည်။ လွယ်တော့မလွယ်ပေမယ့် တတ်နိုင်သလောက်တော့ သူနေထိုင်သည်။ သူ့အိမ်ကိုလိုက်လာပြီး နောက်တစ်နေ့ကစ၍ ဆင်ခြင်သည့်အနေနှင့် မင်းမင်း ဖူးသစ်စုကို အိမ်အလည် မခေါ်တော့ပါ။ ဖူးသစ်စုကိုယ်တိုင်လည်း ကျောင်းသင်ခန်းစာများနှင့် စတင်၍ အလုပ်ရှုပ်စပြုပြီ ဖြစ်သဖြင့် ခါတိုင်းလို အချိန်မပေးနိုင်တော့ပေ။ ကြားရက်တွေမှာဆို သိပ်တောင် မတွေ့ဖြစ်ကြတော့ပဲ စနေ၊ တနင်္ဂနွေလောက်သာ သူတို့ဆုံဖြစ်ကြသည်။ ဒါတောင် မင်းမင်း အလုပ်က စနေနေ့သွားရသေး၍ အေးအေးဆေးဆေး တွေ့ကြတာ တနင်္ဂနွေနေ့ တစ်ရက်သာ ဖြစ်လာခဲ့သည်။
လွတ်လပ်ပြီး အရွယ်ရောက် ချစ်သူနှစ်ဦးမို့ တွေ့ကြဆုံကြလျှင်တော့ ထုံးစံအတိုင်း အနမ်းအရှိုက်လေးတွေက ရှိစမြဲပင်။ ထဲထဲဝင်ဝင်သာ မလုပ်ဖြစ်ကြသေးတာ ဖြစ်သည်။ ဖူးသစ်စု တကိုယ်လုံးတော့ မင်းမင်း မကိုင်ဖူး၊ မနှိုက်ကြည့်ဖူးသည့် နေရာမရှိပေ။ တချို့ စကတ်တိုတိုလေး ဝတ်လာသော ရက်များဆို မင်းမင်းလက်က အောက်ကနေလျှိုကာ ဝင်ဝင်သွားတတ်လို့ ဖူးသစ်စုက အဲဒီလိုလုပ်လျှင် နောက်စကတ်တိုတို မဝတ်တော့ဘူးနော်ဟု ပြောထားရသည်။ တစ်ခုတော့ရှိသည်။ နှစ်ယောက်စလုံးက ထိန်းတော့ထိန်းကြပါသည်။ အရှိန်အရမ်းတက်လာလျှင် မင်းမင်းကသော်လည်းကောင်း၊ ဖူးသစ်စုကသော်လည်းကောင်း တစ်ဦးဦးက ဖယ်ခွာကာနေလိုက်ခြင်းဖြင့် ချစ်သူသက်တမ်း တစ်လကျော်ကျော် ကြာသည်အထိ ဒီအတိုင်း ရှိနေခဲ့ကြလေသည်။ ပြောရလျှင် သူတို့နှစ်ဦး ချစ်သူဘဝက outdoor သာ များနေပြီး indoor အဖြစ်သို့ ပြန်မရောက်ခဲ့သေးပေ။ outside ၌သာ အချိန်ကုန်ပြီး inside မဖြစ်ကြသေးဟု ဆိုလျှင်လည်းရမည် ထင်ပါသည်။
သို့သော် … ဆိုင်းမဆင့် ဗုံမဆင့်နှင့် ရွာချလိုက်သည့်မိုးက တိုပါးရိုးအမ်အာတီနားက Town Park ထဲတွင် တစ်ယောက်နှင့်တစ်ယောက်ဖက်၍ မိုးမမြင်လေမမြင် (တကယ်လည်း မမြင်သဖြင့်) ကြည်နူးနေကြသော စုံတွဲကို ရွှဲရွှဲစိုသွားစေသည်။ ဖူးသစ်စု မင်းမင်းရင်ခွင်ထဲမှ လူးလဲထကာ ဆောင်ထားသည့် ထီးကို ထုတ်ဖွင့်ကာလိုက်ပေမယ့် ထမီအနားသားတွေကတော့ သဲသဲမဲမဲရွာသည့် မိုးဒဏ်မှ မလွတ်တော့ပါချေ။
“ကိုကို ဘယ်လိုလုပ်ကြမလဲ … ထီအောက်ခြေတွေ စိုကုန်ပြီ …ကျောတွေလည်း စိုသွားပြီ ထင်တယ်..”
“တက်စီ ငှားပြီး ပြန်မလား .. စု …”
“အစောကြီး ရှိသေးတာ .. ကိုကိုက စုကို ပြန်စေချင်ပြီလား …”
ဖူးသစ်စု နှုတ်ခမ်းစူ၍ ပြောသည်။ ဟုတ်တော့ဟုတ်သည်။ သူတို့နှစ်ယောက်ခင်မျာ တစ်ပတ်လုံးမှ ဒီတနင်္ဂနွေတစ်ရက်ထဲ အေးအေးဆေးဆေး တွေ့ကြရတာ ဖြစ်သည်။ နောက်အပတ်ဆိုလျှင် ဖူးသစ်စု exam တစ်ခု ဖြေရတော့မည်မို့ အားဖို့က မသေချာလှပေ။ ထိုစာမေးပွဲရှိနေသည့်အတွက်လည်း သူတို့နှစ်ဦး တိုင်ပင်ပြီး တိုပါးရိုးဘုန်းကြီးကျောင်းကို ထွက်လာကြတာ ဖြစ်သည်။ အခုတော့ ဘုန်းကြီးကျောင်းဆိုလို့ မြန်မာဆန်ဆန်လေး ဝတ်လာခဲ့သည့် မရွှေချော၏ ထမီအောက်ပိုင်းက မြင်မကောင်းအောင်ကို စိုနေသည်။ ဒီအခြေအနေမျိုးနဲ့တော့ သူတို့ ပထမ အစီအစဉ်အတိုင်း စီတီးဟောသွားလို့ ရတော့မည် မဟုတ်။ ရေစိုနေ၍ တင်းပြောင်းနေသည့် ဖူးသစ်စု၏ နောက်ပိုင်းအလှက သင်္ကြန်မင်းသမီးနှင့် မခြားဖြစ်သွားမည်။ မင်းမင်း ဆုံးဖြတ်ချက်တစ်ခုကို ခပ်မြန်မြန် ချလိုက်ပါသည်။
“ကိုကို့ အိမ်ပဲ လိုက်ခဲ့တော့ကွာ ..”
“အယ် ..”
လျှပ်စီးလက်လိုက်မှုကြောင့် ဖူးသစ်စု မျက်လုံးလေး ဝိုင်းသွားတာ မင်းမင်း တွေ့သည်။ မင်းမင်း ရှင်းပြမည်ပြုစဉ်တွင် နားကွဲမတတ် မိုးခြိမ်းသံကို ကြားလိုက်ရသည်။
“အမေ့ …”
ဖူးသစ်စု သူ့ကို ကြုံးဖက်သဖြင့် မင်းမင်းကိုင်ထားသည့်ထီးက အရှိန်ပျက်ပြီး လည်ထွက်သည်။ မိုးစက်တွေကလည်း အလစ်ကို ချောင်းနေသလား ထင်ရလောက်အောင် ထီးခဏဟာသွားသည်နှင့် သူတို့နှစ်ဦး၏ မျက်နှာတွေဆီ အညိုးနဲ့ရောက်လာသည်။ ဒီတစ်ခါတော့ ဖူးသစ်စု၏အင်္ကျီသည် ရှေ့ပိုင်းပါ စိုသွားပြီ ဖြစ်သည်။
“စု … ဘာမှပြောမနေနဲ့တော့ … အခြေအနေက မရတော့ဘူး …”
“အင်းပါ .. မပြောတော့ဘူး .. မြန်မြန်သွားရအောင် .. မိုးခြိမ်းတာ လန့်စရာကြီး ..”
အစောတုန်းက အင်တင်တင်နှင့် ဖူးသစ်စုခင်မျာ စင်္ကာပူမိုး တစ်ချက်လည်း ခြိမ်းလိုက်ရော မင်းမင်းကို တိုး၍ ဖက်ပြီးတော့ အပြေးအလွှားကို ထောက်ခံလေသည်။ ရေဒီယိုခေတ်တုန်းက အဆိုတော်ဘိုဘိုဟန် ထီးလေးတစ်ချောင်းနဲ့တော့ အလုပ်မဖြစ်ဘူးဟု ဆိုထားခဲ့သည်နှင့်အညီ သူတို့နှစ်ယောက် တကယ်အလုပ်မဖြစ်တော့ပဲ မိုးတွေရေတွေ ကြားထဲမှာ တုန့်ဆိုင်းတုန့်ဆိုင်းနှင့် မင်းမင်းအိမ်ဘက် လျှောက်လာခဲ့သည်။ စင်္ကာပူမိုးဆိုတာကလည်း မရွာလျှင်သာ မရွာတာ၊ ရွာလျှင်တော့ ခပ်ကြမ်းကြမ်းမို့ ချစ်သူနှစ်ဦး တစ်ယောက်နဲ့တစ်ယောက် ဖက်ထားသည့်တိုင် လူချင်းမထိသည့် ဟိုဘက်ခြမ်းတွေက ရွှဲရွှဲကို စိုသွားတော့သည်။
“ဘယ်သူမှ မရှိဘူးလား ..”
“ဟုတ်ပါ့ … ပြောဖို့ မေ့နေတာ .. ဂျိမ်းစ်တို့ ဂျဟောသွားကြတယ် … ဘာလဲ .. စုက ဘယ်သူမှ မရှိတာနဲ့ မဝင်ချင်တော့ဘူးလား ..”
“ဟုတ်ပါဘူး … တိတ်ဆိတ်နေလို့ …”
“ကဲ .. မချော .. စိတ်ထဲ တမျိုးဖြစ်မနေနဲ့ .. ရော့ ဒီမှာ အခန်းသော့ .. အဲဒီမှာ ဗီဒိုသော့လည်း ပါတယ် .. မြန်မြန်ဆန်ဆန်သာ ဝင်ပြီး အဝတ်ဗီဒိုထဲက အဆင်ပြေတာနဲ့ ဝင်လဲတော့ … အအေးပတ်မယ် .. ပြီးလျှင်သာ အခန်းအပြင် ပြန်ထွက်လာခဲ့ … ကိုကို ကော်ဖီဖျော်လိုက်ဦးမယ် …”
မင်းမင်း အခန်းသော့ကို လှမ်းပေးပြီး ဧည့်ခန်းနောက်ဘက်က dry kitchen ဆီသို့ လျှောက်သွားသည်။ ဖူးသစ်စု မင်းမင်း ထွက်သွားရာသို့ တွေပြီး ငေးကြည့်နေသေးသည်။ ပြီးမှ ဟင်းခနဲ သက်ပြင်းချကာ ကိုကို့အခန်းဘက်သို့ ခပ်သွက်သွက်လေး သွားလိုက်သည်။ တကယ်ဆို သူမလည်း ထမီရေစိုနေဖြင့် အတော်အေးနေပြီ ဖြစ်သည်။ မလဲလို့ မဖြစ်၊ ထမိန်အနားကနေ ရေစက်တွေက ကြမ်းပြင်ပေါ်တောင် ကျနေသည်။ မင်းမင်း ကော်ဖီဖျော်ပြီးသည့် အချိန်ထိ ဖူးသစ်စု အပြင်ထွက်မလာသေးပေ။ မတတ်နိုင်သည့်အဆုံး စိုရွှဲနေသည့် သူ့တီရှပ်ကို ချွတ်ကာ ရေညစ်ပြီး လှမ်းဖို့ အဝတ်တန်းရှိရာ နောက်ဘေးဘက်သို့ လျှောက်လာခဲ့သည်။
“ကို ..ကို .. အယ် ..”
မင်းမင်းက အခန်းနားအဖြတ် သူ့အခန်းတံခါး ပွင့်လာပြီး ဖူးသစ်စု၏ မျက်နှာဝင်းဝင်းလေး တံခါးနောက်ကွယ်မှ ပေါ်လာသည်။ ကောင်မလေးသည် မင်းမင်း၏ တီရှပ်အဖြူတစ်ထည်နှင့် ပုဆိုးတစ်ထည်ကို ဝတ်ထား၏။ ပုဆိုးကို ထမီလိုပတ်ကာ ဝတ်ထားသဖြင့် သူမပုံစံကရယ်ချင်စရာတောင် ကောင်းနေသည်။ သို့သော် ရယ်ချင်စရာ မကောင်းသည်က တီရှပ်အောက်က မို့ဖောင်းထွက်နေသော အရာဖြစ်သည်။ ထိုနေရာက ဘယ်လိုပဲ ယောကျ်ားလေးအဝတ်အစားကို ဝတ်ထားပေမယ့် မိန်းကလေး ဖြစ်ကြောင်းကို ကြွားကြွားဝင့်ဝင့်နှင့် ထုတ်ဖော်ကာပြောနေသည်။ ပိုဆိုးသည်က ဖူးသစ်စု ရေစိုသွားသည့် ဘရာကိုပါ ချွတ်ပစ်ထားခဲ့ဟန်တူသည်။ နို့သီလေးတွေနေရာက အရာလေးထင်ဟပ်နေသည်။ မင်းမင်း ထိန်းထားသည့်ကြားမှ စိတ်လွတ်ထွက်သွားသည်။
“အမေ့ ..”
ဒီတစ်ခါ ဖူးသစ်စု အာမေဒိတ်သံ ပြုခြင်းသည် မိုးခြိမ်းသံကြောင့်မဟုတ်ပဲ ခပ်ကြမ်းကြမ်း ပွေ့ဖက်လိုက်သည့် မင်းမင်း၏ လုပ်ရပ်ကြောင့် ဖြစ်သည်။ အပြင်ဘက်က မိုးသီးမိုးပေါက်ထက်ပင် ပြင်းထန်လှမည့် အနမ်းများ၏ ခေါ်ဆောင်ရာနောက်တွင် သူနှင့် ဖူးသစ်စုသည် တံခါးဝနားကနေ မွေ့ယာပေါ်သို့ တရှိန်ထိုးရောက်သွားပြီး ကိုယ်ချင်းထပ်ကာ လဲကျသည်။ တီရှပ်တစ်ထည် ကြားကခံနေသေးသော်လည်း ဘရာမပါတော့သည့် ရင်သားတွေ၏ အထိအတွေ့က တပ်မက်ချင်စရာကောင်းလှပါသည်။ မင်းမင်း ဖူးသစ်စု၏ နှုတ်ခမ်းတွေကို မလွတ်တမ်း စုပ်နမ်းနေရင်းက သူ့လက်ကို တီရှပ်အောက်ခြေကနေ ပင့်ကာ ဆွဲလှန်ပစ်လိုက်သည်။
“အမေ့ ..”
ဖူးသစ်စု အော်ရပြန်ပြီ။ မင်းမင်း၏ နှုတ်ခမ်းသည် ချောမွတ်နုထွေးနေသည့် ရင်သားတစ်ဖက်ကို ငုံ့ကာစုပ်နမ်းလိုက်သောကြောင့် ဖြစ်သည်။ မင်းမင်း တစ်ဖက်ကို ခဲထားရင်း နောက်တစ်ဖက်ကို လက်နှင့်ဆွသည်။ အရင်တစ်ခါ ချစ်ကြတုန်းက သူ ဖူးသစ်စု၏ အပေါ်ပိုင်းအလှကို မမြင်ခဲ့ရလိုက်ပါ။ ဘာဂျာပဲ ဆွဲဖြစ်ခဲ့၍ သူမ၏ အောက်ပိုင်းအလှနှင့်ပဲ ရင်းနှီးခဲ့ရသည်။ ထိုအလှနှင့်ပင် သူ ဖူးသစ်စုကို 10 out of 10 ပေးခဲ့ပြီးဖြစ်သည်။ အခုတဖန် မို့အိဖြူဖွေးနေသည့် ရင်နှစ်မွှာကို မြင်ရတော့ သူတစ်ဆယ်နီးပါး ထပ်ပေးရဦးမည် ထင်သည်။ သူ့လက်တစ်ဆုပ်စာထက် နဲနဲလေးပိုမည့် သူမ၏ ရင်သားတွေသည် သားကောင်းမိခင်ဖြစ်မည့် အရိပ်လက္ခဏာတွေနှင့် ပြည့်ဝသော အလုံးအဝန်းရှိပေသည်။ ပန်းသွေးရောင် နို့သီးခေါင်းလေးတွေကမူ ရှည်လည်းမရှည်၊ မြုပ်လည်းမြုပ်မနေပဲ သူ့လက်မနှင့် လက်ညိုး ပွတ်ကာ ဆော့ကစားလို့ရအောင် အဆင်သင့် ရှိနေသည်။ ထိုအရာတွေအားလုံးကို မင်းမင်း လက်နှင့်သာမက ပါးစပ်နှင့်ပါ ကောင်းကောင်း ဆော့ပေးလိုက်သည်။ ဖူးသစ်စု၏ လက်ကမူ ပြီးခဲ့သည့်အကြိမ်ကအတိုင်း သူ့ဆံပင်တွေကို ထိုးဖွကာနေသည်။
ဖူးသစ်စု ဝတ်ထားသည့် သူ့ပုဆိုးက မွေ့ယာပေါ်ကို ထပ်ကာလဲကျစဉ်ကတည်းက ကျွတ်ချင်ချင် ဖြစ်နေရာ မင်းမင်းလက်က နဲနဲထပ်လှုပ်ရှားလိုက်သည်နှင့် သူမကိုယ်မှ ကွာသွားသည်။ ကွင်းလုံးကျွတ်သွားအောင်တော့ မင်းမင်း ခြေထောက်ကို ကူပြီး လှုပ်ရှားပေးလိုက်သည်။ အောက်ပိုင်းဗလာ ဖြစ်သွားသည်တွင် ကျင်လည်ခဲ့ဖူးသော လွင်တီးပြောင်နှင့် လျှိုမြောင်လေးက အရင်တစ်ကြိမ်ကလိုပဲ ချစ်စဖွယ် ခရီးဦးကြိုပြုနေသည်။ မြင်ယုံနှင့် စိတ်ထချင်စရာကောင်းနေသည်မို့ မင်းမင်း သူ့လက်ကို တင်းတင်းစေ့နေသည့် အဝလေးဆီသို့ မဆိုင်းမတွ လှမ်းသည်။ လက်ချောင်းလေးများက အကွဲကြောင်းလေးကို ထိလိုက်သည်နှင့် တပြိုင်နက် ဖူးသစ်စု ဆတ်ခနဲ ခေါင်းထောင်ကြည့်သည်။
“ကိုကို … စုကို ချစ်လား …”
“ချစ်တာပေါ့ စုရယ် …. အသည်းနင့်အောင်ကို ချစ်တယ်”
ဒီလိုမျိုးမေးခွန်းက သူတို့နှစ်ယောက်ကြား ဘာမှ ဆန်းကြယ်သည်မဟုတ်ပေမယ့် အခုအချိန်မှာ ဘာဖြစ်လို့ မေးလဲဆိုတာ သဘောပေါက်နေသဖြင့် မင်းမင်း လေးလေးနက်နက်ပဲ ဖြေပါသည်။ အပျိုစင်မိန်းကလေးတစ်ယောက်အတွက် အခုလိုမျိုး အချိန်တွင်ကိုယ့်ချစ်သူဆီမှ “ချစ်တယ်” ဆိုသည့် စကားကို အကြားချင်ဆုံး ဖြစ်လိမ့်မည်ဆိုတာကို သူစာနာမိပါသည်။ လှိုက်လှိုက်လှဲလှဲ ဖြေကြားသည့် စကားကြောင့် ဖူးသစ်စု ကျေနပ်သွားသည်။ ဘာမှ ထပ်မပြောတော့ပဲ ခေါင်းအုံးပေါ်၌သာ အကျအနပြန်မှီထားပြီး မင်းမင်းကို ရီဝေဝေ နှင့် စိုက်ကြည့်နေသည်။ နှုတ်ခမ်းဖျားလေးတွေက တလှုပ်လှုပ်ဖြစ်နေသည့်အတွက် သူမ အရမ်းစိတ်လှုပ်ရှားနေမှန်းတော့ သိသာလှသည်။ မင်းမင်း ကိုယ်ကိုနဲနဲရွှေ့ကာ အပေါ်ဘက်တိုးပြီး ဖူးသစ်စု၏ မျက်နှာလေးအား မိုး၍ တရှိုက်ရှိုက်မက်မက် ကြည့်သည်။ မင်းမင်း၏ အကြည့်က ခွင့်တောင်းခြင်းဆိုသည့် အနက်ကိုဆောင်ပြီး ဖူးသစ်စု၏ တန်ပြန်အကြည့်၌မူ ခွင့်ပြုခြင်းဆိုသည့် သဘောကို မြင်လိုက်ရသောအခါ စမ်းမိထားသည့် အဝလေးထဲသို့ လက်ညိုးကို စတင် ထိုးထည့်သည်။ တင်းအားတစ်ခုကို ကျော်ပြီးမှ စိခနဲ အထဲကို ဝင်သွား၏။ တပြိုင်တည်းလို ဖူးသစ်စု ပေါင်တံနှစ်ဖက်ကလည်း ဆွဲဖွင့်လိုက်သည့် တံခါးရွက်များအလား အလိုအလျောက်ကားကာ ထွက်သည်။
“အင့် …”
မျက်လုံးလေး ပွင့်လျက်သားနှင့် မျက်နှာလေးမဲ့သွားသည့် ဖူးသစ်စု၏ ပုံရိပ်က မင်းမင်း နှလုံးသားထဲမှာ စွဲနက်စွာ ထင်ကျန်၏။ သူ စိတ်မထိန်းနိုင်ပဲ ကောင်မလေး၏ နဖူးပြင်ကိုနမ်းသည်။ ဖူးသစ်စု မျက်တောင်လေးတွေ စင်းကျသည်။ မျက်နှာလေးက မော့မော့လေး ဖြစ်လာသည်။ မင်းမင်းအနမ်းက မျက်ခွံသားမို့မို့လေးတွေကိုဆီ ကူးသွားသည်။ ပြီးတော့ နှာတံလွင်လွင်လေး၊ ထိုမှ ပါးမို့မို့၊ အဆုံးသတ် နှုတ်ခမ်းပါးလေးပေါ်ရောက်သည့် အချိန်တွင်မူ အောက်ဘက်တွင်လည်း လက်ညိုးတစ်ချောင်းတောင် မကတော့ပဲ လက်ခလယ်ပါ အထဲကို ရောက်နေလေပြီ။ မင်းမင်း အတင်းကာရော ထိုးထည့်သည်တော့ မဟုတ်ပါ။ အငယ်ကောင်အတွက် လမ်းကြောင်းပေးခြင်းသား ဖြစ်သည်။ သိပ်မကြာခင်ပင် အပေါက်ဝလေးက အရည်တွေရွှဲလာသည်။
မင်းမင်း လက်ချောင်းတွေကို ပြန်ထုတ်ပြီး ကုတင်ပေါ်က ဆင်းသည်။ ရင်ခုန်မှုအသစ်မှာ မျောလွင့်နေသော ဖူးသစ်စုသည် မင်းမင်း သူ့အနားမှ ရုတ်ချည်းကွာသွားသည်တွင် မျက်လုံးတွေကို မဖွင့်ချင်ဖွင့်ချင်နှင့် လှမ်းကြည့်သည်။ မင်းမင်း အံဆွဲကိုဖွင့်ပြီး အထုပ်လေးတစ်ခုကို ဆွဲယူလာတာ တွေ့သည်။ မင်းမင်းလက်ထဲက အရာကို မြင်သည်နှင့် ကိုကိုက သူမကို အချစ်၏အဆုံးစွန်သို့ ခေါ်ဆောင်တော့မည်ဆိုတာ သဘောပေါက်သည်။ ကိုကို သူမအပေါ် ချစ်သည့်အချစ်ကို သံသယမဖြစ်သဖြင့် နောက်ဆက်တွဲရောက်လာမည့် ကိုကို့ အပြုအမူတွေကို မတားမြစ်ချင်ပါ။ သို့သော်လည်း လက်ထဲကအထုပ်ကိုမူ ဖူးသစ်စု သဘောမကျ။
“ကိုကို .. အဲဒါကြီး စွပ်မလို့လား …”
“ဟုတ်တယ် .. စု … စု စိတ်ထဲမှ တမျိုး ဖြစ်လို့လား …”
“ဒီအတိုင်းပဲလုပ် .. ကိုကို … စု နောက်မှဆေးသောက်လိုက်မယ် .. ဟိုကောင့်ဆီမှာ ဆောင်ထားတာရှိတယ် ..”
ချစ်သူလေး၏ စကားကို ကြားတော့ မင်းမင်း အပျော်ကြီးပျော်သွားသည်။ အမှန်တကယ်ဆို သူလည်း ကျန်းမာရေးအသိကြောင့်သာ အစွပ်သုံးရခြင်းဖြစ်ပြီး ဒါကြီးတပ်နေရတာကို သိပ်တော့မကြိုက်။ မင်းမင်း လက်ထဲက အထုပ်ကို ပြန်ချထားလိုက်ပြီး ကုတင်ပေါ် ပြန်တက်သည်။ ဖူးသစ်စု၏ နှုတ်ခမ်းကို မြတ်မြတ်နိုးနိုးဖြင့် ပြန်နမ်းသည်။
“ကိုကို ဖြေးဖြေးလုပ်နော် ..”
မင်းမင်း အနမ်းတွေရပ်ပြီး သူမနားက ခွာသွားတော့ ဖူးသစ်စု မျက်လုံးဖွင့်ကြည့်ရင်း ပြောသည်။ မင်းမင်း ခေါင်းတစ်ချက်ညိမ့်ပြပြီး သူ့ဘောင်းဘီကို အခုမှ ချွတ်ရသည်။ စက္ကန့်ပိုင်းအတွင်း သူ့ကောင်က မာန်အပြည့်နှင့်ထွက်လာသည်။ ဖူးသစ်စုကို ကြည့်တော့ သူမ မျက်လုံးတွေ ပြန်မှိတ်ထားသည်ကို တွေ့သည်။ မင်းမင်း ဒါလည်း ကောင်းတာပဲဟု တွေးလိုက်မိသည်။ တော်ကြာနေ အလကားသက်သက် ချော့မော့နေတာနှင့် အချိန်ကုန်နေဦးမည်။
“အမေ့ ..”
သူ့ထိပ်နှင့်တေ့ကာ ထောက်လိုက်စဉ်မှာပင် ဖူးသစ်စုက သူမထုံးစံအတိုင်း ယောင်အော်သည်။ မျက်လုံးကတော့ ပွင့်မလာပါ။ မင်းမင်း ဖူးသစ်စု၏ ပေါင်ရင်းသားနှစ်ဖက်ကို လက်နှင့်ဆုပ်ကိုင်ထိန်းပြီး တစ်ချက်တည်းနှင့် ဝင်အောင် အားနှင့် ဖိထည့်သည်။ ဗြစ်ဆိုသည့် အသံက မတိုးမကျယ်မြည်ပြီး သူ့ထိပ်က ကျွံဝင်သည်။ နုးညံ့အိထွေးမှုနှင့်အတူ စေးပိုင်တင်းကြပ်သည့် အရသာက တွဲ၍ ရရှိသည်။ မှိတ်ထားသည့် ဖူးသစ်စု မျက်လုံးတွေ ပြန်ပွင့်လာသည်။
“ကို ..ကို !!”
ဝိုင်းဝိုင်းလေး ဖြစ်သွားသော ကောင်မလေး၏ မျက်လုံးများက အထိတ်တလန့် ဖြစ်နေသည့်ပုံပေါ်နေသည်။ မင်းမင်း ထိန်းကာကိုင်ထားသည့်လက်ကို ပြန်ထုတ်ပြီး ပါးပြင်မို့မို့လေးကို ဖွဖွလေး ပွတ်ပေးသည်။ ဖူးသစ်စု မျက်နှာလေးက စောင်းလာပြီး သူ့လက်ကို လိုက်နမ်းသည်။ ဖူးသစ်စု၏ နှုတ်ခမ်းပါးလေးတွေက သူ့လက်မကို ထိကာ နမ်းနေချိန်တွင် သူ နောက်ထပ် နည်းနည်းရှေ့တိုးလိုက်သည်။ ဖူးသစ်စု နှုတ်ခမ်းက ဟသွားပြီး မင်းမင်းလက်မကို ကိုက်သည်။
“အား ….”
“နာသွားလား …”
“ခစ် .. ခစ် … ဟီး .. ဟီး ..”
ဒီစကားကို နှစ်ယောက်စလုံး ပြိုင်တူမေးမိကြသည်။ မေးကြမည်ပေါ့ အော်လိုက်သည့် “အား” ဆိုသည့် အသံက နှစ်ယောက်ပူး အသံဖြစ်နေကြတာကိုး။ ပြီးမှ ဖူးသစ်စုရော မင်းမင်းပါ တိုင်ပင်မထားပဲ တူတူ ရယ်မိကြပြန်သည်။ မင်းမင်း စိတ်လွတ်ကိုယ်လွတ် ရယ်မိသဖြင့် ကိုယ်ကိုကော့လိုက်သလို ဖြစ်သွားရာ သူ့အကောင်က တင်းခနဲနေအောင် နောက်ထပ်တိုးဝင်သည်။ ဒီတစ်ခါတော့ တင်းရင်းနေသည့် ညှစ်အားအပြင် ထိပ်တည့်တည့်မှ တောင့်ခံထားသည့် အရာတစ်ခုနှင့်ပါ လာတိုးသည်။
“ကို ..ကို …”
“ရလား … စု …တော်တော်တော့ ဝင်နေပါပြီ …”
“ရတော့ရတယ် .. ဒါပေမယ့် နာလည်းနာတယ် …”
“ဒါက အစမို့လို့ပါကွာ .. နောက်တော့လည်း အဆင်ပြေသွားမှာပေါ့ … ဘယ်အရာမဆို အစမှာ ခက်ခဲတာပဲကို .. ဟီး .. ဟီး ..”
မင်းမင်း ကောင်မလေး စိတ်အာရုံပြောင်းအောင် နောက်သလို ပြောင်သလိုနဲ့ ဟိုပြောဒီပြောတွေ လုပ်ရသည်။ အောက်ဘက်တွင်လည်း ခါးကိုသုံးပြီး မသိမသာလေး ထုတ်ချည် သွင်းချည်နှင့် ဆွပေးသည်။ တင်းကြပ်မှုက ပြေပျောက်မသွားသည့်တိုင် အရည်တွေရွှဲနေပြီမို့ ဝင်နေသည့် အပိုင်းကတော့ အဆင်ပြေပြေနှင့် လှုပ်ရှားလို့ရနေသည်။ ဖူးသစ်စု မျက်နှာက ပုံမှန်အတိုင်း ပြန်ဖြစ်လာသောအခါ မင်းမင်း သူမပုခုံးနှစ်ဖက်ကို မိမိရရဆွဲပြီး နှုတ်ခမ်းပါးလေးကို ဖိကာစုပ်နမ်းသည်။ ဖူးသစ်စုကလည်း သူအနမ်းကို တုံ့ပြန်ပါသည်။ သူတို့နှစ်ဦး၏ အနမ်းက အချိန်ပိုင်းခနအတွင်း အရှိန်မြင့်တက်သည်။ ဖူးသစ်စု အနမ်းတွေ၌ မေ့မောနေလောက်ပြီဆိုသည့် အချိန်မှ မင်းမင်း အသက်ကိုအောင့်ပြီး လှုပ်ရှားလိုက်၏။
“အိ ….”
နှုတ်ခမ်းချင်း မလွတ်အောင် စုပ်နားထားသည့်ကြားက ဖူးသစ်စု၏ ညည်းသံက အပြင်ဘက်ကို လျှံကာကြသည်။ ကောင်မလေးသည် ပေါင်တံတွေတဆတ်ဆတ် တုံသွားယုံမက ရင်တွေပင် ကော့ကာတက်သည်ကို မင်းမင်းက ကိုယ်ချင်းကပ်ထား၍ သိလိုက်သည်။ မင်းမင်း ဒီအချိန်သည် သနားညှာတာနေလို့ အလုပ်မဖြစ်နိုင်ဟု တွက်ဆကာ အတားအဆီးကို ကျော်လွှားလိုက်နိုင်ပြီ ဖြစ်သည့် သူ့ထိပ်ကို အဆုံးစွန်ထိရောက်အောင် ထိုးထည့်လိုက်သည်။
“ကိုကို !!! …”
အောက်ဘက်ကို အာရုံစိုက်ကာ လုပ်လိုက်ရသည့်အပြင် ဒီတစ်ချက်က တော်တော့်ကို ပြင်းထန်သည်မို့ ဖူးသစ်စု ခေါင်းခါလိုက်သည်တွင် မင်းမင်း နှုတ်ခမ်းချင်း တေ့မထားနိုင်တော့ပါ။ ဖူးသစ်စုမျက်ရည်ကြည်လေးတွေ ဝဲနေသည့် မျက်ဝန်းနှင့် သူ့ကို စိုက်ကာကြည့်နေသည်။
“ဆောရီး … စု .. ဒီလိုမလုပ်ရင် …”
“အင်း .. ကျွတ် .. ကျွတ် … အကုန်လုံး ဝင်သွားပြီလား ..”
“ဝင်သွားပြီ .. ထပ်သွင်းစရာလည်း မရှိတော့ဘူး …ဟီး ဟီး …”
ဖူးသစ်စု ထောက်ထားသည့် သူ့လက်မောင်းကို လက်တစ်ဖက်နှင့် ဖြန်းခနဲ မြည်အောင်ပင် ရိုက်သည်။ ဒီလိုအရိုက်တွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားလို့ထင်သည်။ သူမ မျက်နှာလေးက အနည်းငယ် မဲ့တက်သွားပြန်သည်။
“အီး …. ထပ်သွင်းလည်း .. ဗိုက်ထဲက ဖောက်ထွက်ဖို့ပဲ ရှိတော့တယ် …”
“မထွက်ပါဘူး … စုကလည်း … ဒါမျိုးလုပ်လို့ ဗိုက်ပေါက်သွားတယ်ဆိုတာ ကြားဖူးလို့လား ..”
“တော်ပြီ ..တော်ပြီ .. ပေါက်တတ်ကရတွေ မပြောနဲ့တော့ … လုပ်မှာလည်း လုပ်တော့ .. ဒီမှာ ခံထားရတာ မစားသာဘူး …”
“ကဲ .. ဒါဖြင့် စပြီနော် … မရဘူး ဆိုရင်သာ ပြော …”
တကယ်လုပ်တော့လည်း မင်းမင်း ဖူးသစ်စုကို အံ့သြရပြန်သည်။ ကောင်မလေးသည် ပထမဆုံးအကြိမ် ဖြစ်ပေမယ့် “နာသည်”၊ “အောင့်သည်”၊ “မခံနိုင်ဘူး” ဆိုပြီး တစ်ခွန်းမှ မပြော။ မင်းမင်း ပုံမှန်အတိုင်း ဖြေးဖြေးချင်း လုပ်ပေးနေတုန်းက မျက်လုံးလေး မှိန်းကာ ငြိမ်ပြီးတော့ခံသည်။ ရလောက်ပြီ ထင်ပြီး tempo တင်လိုက်တော့လည်း သူ့လည်ပင်းကို သိုင်းဖက်ကာ အသံတိုးတိုးနှင့် ညည်းရင်း တောင့်ခံထားသည်။ သူမကတောင်မှ အားပေးအားမြှောက်သည့် သဘောနှင့် မင်းမင်း ကျောကုန်းကို ပွတ်ပေးသေးသည်။ ဖင်သားတွေကိုလည်း လက်သည်းနှင့် တစ်ချက်တစ်ချက် ကုတ်ခြစ်သည်။ ဒီလိုဆိုတော့ မင်းမင်း ဘယ်လိုမှ ထိန်းမထားနိုင်တော့ပဲ စိတ်လွတ်ထွက်သွားသည်။ ညှာမနေတော့ပဲ ခပ်ပြင်းပြင်း၊ ခပ်ကြမ်းကြမ်း ဆောင့်ချက်တွေကိုသာ ဆက်တိုက် အသုံးပြုသည်။
တင်းကြပ်စီးပိုင်သည့် အရသာက ကောင်းလွန်းအားကြီးနေရာ မင်းမင်း စိတ်တင်းထားသည့်ကြားမှ နာရီဝက်ကျော်ကျော်ကြာချိန်တွင် ဘယ်လိုမှ တားထားလို့မရတော့ပါ။ အသစ်စက်စက် မြောင်းလေးထဲကို သူ့အရည်တွေ အပြည့် flood ဖြစ်သည်နှင့်မခြား ပန်းသွင်းလိုက်ခြင်းဖြင့် အဆုံးသတ်လိုက်သည်။ အစွပ်မပါသည့်အတွက်လည်း အရသာက ပိုရှိနေသည်ဟု သူခံစားရသေးသည်။ မင်းမင်း မိနစ်တော်တော်ကြာသည့်တိုင် အငယ်ကောင်ကို ပြန်မထုတ်ဖြစ်။ ဖူးသစ်စု ပုခုံးနှစ်ဖက်ကို အားရပါးရ ဖက်ထားရင်း ငြိမ်သက်နေမိသည်။ နောက်တော့မှ သူအသိပြန်ဝင်လာပြီး ဖူးသစ်စုကိုယ်ပေါ်မှ ကြွ၍ သူမဘေးမှာ ဝင်လှဲရသည်။ လူချင်းကွာသွားသလို တသားတည်း ဖြစ်နေသည့် အရာတစ်ခုက ပြန်လည်ထွက်ခွာသွားသည်ကို သိလိုက်လို့ ထင်သည်၊ မျက်လုံးလေး မှေးကာ အသက်ကို ပုံမှန်ဖြစ်အောင် ရှူနေရသည့် ဖူးသစ်စု မျက်လွှာလေးတွေ ပွင့်လာသည်။ သူမဘေးနားတွင် ကပ်ကာ ရှိနေသည့် မင်းမင်းကို မြင်တော့ ခေါင်းကို သူ့ဘက်ရောက်အောင် အနည်းငယ် တိုးကပ်သည်။ မင်းမင်း လက်မောင်းတစ်ဖက်ကို ဆန့်ထုတ်ပေးလိုက်သည်တွင် သူမခေါင်းက သူ့လက်မောင်းပေါ် အလိုက်သင့် ရောက်လာသည်။ ပါးချင်းထိကပ်ထားသည့် ချစ်သူနှစ်ဦးသည် ရင်ခုန်သံအသစ်စက်စက်တစ်ခု၏ လမ်းကြောင်းပေါ်တွင် တူယှဉ်တွဲကာ ရှိနေလေတော့သည်။
*** *** ***
တစ်ဦးနှင့်တစ်ဦး မြတ်နိုးယုယကြင်နာစွာ မခွဲမခွာတမ်း ရှိနေတတ်သည့် ချစ်သူစုံတွဲကို lovebirds ဟု အင်္ဂလိပ်စာတွင် တင်စားခေါ်ဆိုကြသော် ထိုအသုံးအနှုန်းသည် မင်းမင်းနှင့် ဖူးသစ်စုအတွက် ရာခိုင်နှုန်းတော်တော်များ မှန်ပါသည်။ သူတို့နှစ်ယောက်သည် ချစ်ခြင်း၏ အဆုံးစွန်သို့ ချဉ်းနှင်းဝင်ရောက်ခဲ့ပြီးနောက် တစ်ဦးနှင့်တစ်ဦး သံယောဇဉ် ပို၍ ခိုင်မြဲလာသလို ပွင့်လင်းစွာလည်း ပြောဆို ဆက်ဆံလာကြသည်။
“ကိုကို … အဲဒီလိုမျိုးလုပ် … အင်း … ဟုတ်ပြီ ….. အဲဒီလိုမျိုး …”
မင်းမင်းက သွယ်လျသည့် သူမပေါင်တံတွေကို ပွေ့ပိုက်ကာ အောက်ကနေပင်တင့်သော နည်းဖြင့် ကော့ကော့ဆောင့်ပေးလျှင် ဖူးသစ်စု နှုတ်မှ အထက်ပါအတိုင်း ဖွင့်ဟ၍ ညည်းတတ်သည်။ တစ်ခါတစ်ခါ ဘေးဘက်ထောက်ကာ ကုန်းထားပေးသည့် သူမ၏ နောက်နားကနေ တဖတ်ဖတ်မြည်အောင် ဆောင့်နေရာမှ ရုတ်ချည်း ရပ်ခိုင်းတတ်သည်။ ပြီးမှ အဆုံးထိထည့်ထားပြီး ကျိတ်ဆောင့်ပေးကွာနော် ဆိုပြီး ခိုင်းချင်လည်း ခိုင်းတတ်သေးသည်။ သူမ အပေါ်က နေရာယူပြီး တက်ဆောင့်သည့်အခါမျိုးတွင်မူ ခံစားမှု ဒီဂရီ မြင့်တက်လာပြီဆိုလျှင် မင်းမင်းလက်တွေ ဟိုလျှောက်ပွတ် ဒီလျှောက်ပွတ် လုပ်နေတာမျိုးကို ဖူးသစ်စု မကြိုက်။ မို့ဝန်းအိထွေးသော သူမ၏ ရင်သားတွေကိုပဲဖြစ်ဖြစ်၊ ဆူဖြိုးတင်းရင်းသော တင်သားများကိုပဲ ဖြစ်ဖြစ် ဆုပ်ကာကိုင်ထားခိုင်းတတ်သည်။
ဖူးသစ်စု၏ ဟန်ဆောင်မှု ကင်းမဲ့ကာ ပကတိ အရှိကိုအရှိအတိုင်း ဖွင့်ပြောတတ်မှုတို့က မင်းမင်းကို တစ်ခါတစ်ခါ ပေါက်ကွဲထွက်သွားစေတတ်သည်။ ဟိုတစ်နေ့က ဖူးသစ်စု သူ့ကိုပထမဦးဆုံး အကြိမ်အဖြစ် ပါးစပ်နှင့် လုပ်ပေးသည်။ မင်းမင်းနှင့် ဖူးသစ်စု ဒီကြားထဲ အချိန်ရလျှင် ရသလို ချစ်ပွဲဝင်ခဲ့ကြသော်လည်း သူမ ပါးစပ်နှင့် ချစ်ပေးသည်ကတော့ ဒီတစ်ကြိမ်က ပထမဦးဆုံးပင် ဖြစ်သည်။ မင်းမင်းကိုယ်တိုင်က ဘာရယ်ကြောင့်မှန်းမသိပဲ ဖူးသစ်စုကို ထိုသို့လုပ်ခိုင်းဖို့ အားနာနေသလို ဖြစ်လို့ ထုတ်မပြောဖြစ်ခဲ့တာကြောင့်လည်း ပါပါသည်။ ယေဘူယျအားဖြင့် သူတို့နှစ်ဦး တွေ့ကြလျှင် မင်းမင်းကသာ လျက်ပေးခဲ့ပြီး စိတ်ထလာသည်နှင့် လုပ်ကြကိုင်ကြ၊ ဆောင့်ကြဆော်ကြ အဆင့်ကို ကူးကြတာပဲများသည်။ ထို့နေ့ကတော့ ဖူးသစ်စုကိုယ်တိုင် ဖွင့်ဟ တောင်းဆိုခြင်း ဖြစ်သည်။
“ကိုကို ..ကိုကို့ဟာကြီးကို စု လျက်ကြည့်ချင်တယ် …”
“ဟေ …”
နှစ်ဦးသား ပွေ့ဖက်နမ်းရှုတ်နေရာမှ မျက်နှာချင်းကွာသွားသည်တွင် ဖူးသစ်စုက သူ့ဟာကြီးကို လှမ်းကိုင်သည်။ အဝတ်အစားကင်းမဲ့နေတာ ကြာခဲ့သည့်အပြင် ဖက်ရမ်းပွတ်သပ်မှုတွေ အရှိန်တက်နေပြီမို့ မင်းမင်းလိင်တံက စံချိန်မီ မာတောင်တက်နေပြီ ဖြစ်သည်။ ခါတိုင်း ဒီလိုအချိန်မျိုးဆို ဖူးသစ်စုကသော်လည်းကောင်း၊ သူကသော်လည်းကောင်း ညီလေးနဲ့ ညီမလေးကို မဆိုင်းမတွ ပေးဆော့စေခဲ့သည်သာ။
“စုက .. တကယ် စမ်းကြည့်ချင်တာလား …”
“အင်းပေါ့ … တွေ့တိုင်း ကိုကိုကပဲ စုဟာလေးကို လျက်ပေးနေတာမလား … အဲဒါနဲ့ စုက ပြန်စမ်းကြည့်ချင်နေတာ …ဘယ်လိုအရသာရှိလဲသိချင်လို့ …”
ဖူးသစ်စု အပြောကြောင့် မင်းမင်း လိင်တံ ဆတ်ခနဲ တုန်ခါသည်။
“အယ် ..ကိုကို ဖြေစရာမလိုတော့ဘူး .. ကိုကို့ညီလေးက သဘောတူတယ်ဆိုပြီး ခေါင်းညိတ်ပြနေပြီ … ဟိ … ဟိ ..”
ဖူးသစ်စု သူ့ဘေးကနေ ထကာ အောက်ကို လျှောဆင်းသွားတော့ မင်းမင်း မတားမြစ်ပါ။ မလုပ်တတ် မကိုင်တတ်နှင့် အဆင်မပြေမှာ စိုးလို့၊ သူမဘက်က ခေါင်းအုံးကို ကောက်ကာ သူ့ခေါင်းနောက်တွင် ထောင်၍ ထိုးလိုက်ပြီး ကိုယ်ကို နဲနဲလျှောကာ မတ်ထားလိုက်သည်။ ပြောစရာရှိလျှင်ပြော၊ သင်စရာရှိလျှင်သင်ရအောင် ဖြစ်သည်။ ဖူးသစ်စု သူ့ပေါင်ကြားတွင် နေရာ ဝင်ယူပြီး ပုဆစ်တုတ်လေးထိုင်ကာ ဆံပင်တွေကို လက်တစ်ဖက်နှင့် အရင်ဘေးတစ်ဖက်သို့ သိမ်းသည်။ ပြီးမှ သူ့ပေါင်ကြားကို မျက်နှာအပ်သည်။ မျက်နှာကျက်ကို ဖောက်ထွင်းမည့်အလား ထောင်နေသည့် မင်းမင်းလိင်တံက သူမမျက်နှာရှေ့တွင် ကာဆီးကာဆီးနှင့် ထောင်ထောင်ကြီး ဖြစ်နေသည်။ ထိုမြင်ကွင်းကြောင့် မင်းမင်း ဘယ်လိုလုပ်ရမည်ဆိုတာကို ပြောဆိုပေးဖို့တောင် မေ့သွားသည်။ သို့ပေမယ့် ဖူးသစ်စု မင်းမင်း အပြောကို စောင့်မနေပါ။ မင်းမင်းကို ကြည့်နေလျက်က သူမပါးစပ်ကို ဟကာ သူ့ကောင်၏ ထိပ်ကို ငုံ့လိုက်သည်။ နေရာချင်း မတူပေမယ့် ဖူးသစ်စု၏ကိုယ်ထဲကို ပထမဦးဆုံးအကြိမ်အဖြစ် ရောက်သွားတုန်းက ခံစားချက်မျိုး မင်းမင်းခံစားရပါသည်။ ဘယ်ယောကျ်ားသား မဆို ပထမဦးဆုံးဆိုသည့် အသိသည် အလိုလို သွေးကြွလာအောင် ဆွဲဆောင်နိုင်သဖြင့် မင်းမင်း ခံစားမှုက ချက်ချင်းဆိုသလို ထကြွလာသည်။
“စု ဖြေးဖြေးနော် .. အရမ်း မလုပ်နဲ့ .. .အသက်ရှူရခက်နေမယ် …”
“အိ … အု … အု …”
ကောင်မလေး ထပ်မံ၍ ခေါင်းကို ငုံ့ချလိုက်သဖြင့် မင်းမင်း အမြန်လှမ်းတားရသည်။ ဖူးသစ်စုက,တစ်ခုခု ပြန်ပြောပေမယ့် ဘာပြောမှန်း မသိပဲ ဗလုံးဗထွေးအသံများသာ ထွက်လာသည်။ ထိုအချိန်၌ သူ့လိင်တံက တစ်ဝက်ကျော်ကျော်လောက် ဝင်နေသည့်အပြင် အာခေါင်ကိုထောက်နေပြီမို့ မင်းမင်း စိုးရိမ်သွားသည်။ သူထင်သည့်အတိုင်းပင်
“အဟွတ် … အဟွတ် ….”
ပါးစပ်ထဲ အစာအပြည့်အသိပ်နှင့် ရှိနေတုန်း အလောတကြီး စကားပြောမိသူတိုင်း ခံစားမှုမျိုးကို ဖူးသစ်စု ခံစားလိုက်ရသည်။ ကမန်းကတမ်း သူ့ဟာကြီးကို ပြန်ချွတ်ပြီး မျက်နှာကို ဘေးကိုလှည့်ကာ ချောင်းဆိုးသည်။ အလျင်စလို ပါးစပ်ထဲက ပြန်ထုတ်လိုက်မှုက မင်းမင်းကိုလည်း ခံရခက်အောင် ပြုလုပ်ခဲ့ပါသည်။ ဒီလိုအချိန်မျိုးဆို အရမ်း ဆန်းစတစ်ဖြစ်နေပြီ ဖြစ်သည့် သူ့ထိပ်ခေါင်းနှင့် ဖူးသစ်စု အပေါ်သွားလေးတွေက မလွတ် ဖြစ်သွားသည်။ မနာပေမယ့်တော်တော်တော့ ကျင်တတ်သွား၏။ ဖီလင်လည်း နည်းနည်း ပျက်သွားရသည်။
“အယ် …ကိုက်မိသွားတာလား ….အဟွတ် ….”
“ရတယ် … ပြသနာမရှိဘူး .. စုဘာသာပဲစု အဆင်ပြေအောင် လုပ်ဦး … ရေသောက်ဦးမလား …”
“ဟီး .. ဟီး … ရတယ် .. စု စကားပြောမိလိုက်လို့နဲ့ တူတယ် …”
“ဟုတ်တယ် … ဒါမျိုးဆိုတာ စကားပြောရတာ မဟုတ်ဘူး .. အလုပ်နဲ့ သက်သေပြရတာ …”
မင်းမင်း ကြံဖန်၍ နောက်လိုက်တော့ ဖူးသစ်စုဆီမှ မျက်စောင်းအပြင် လက်စောင်းပါ ရလိုက်သည်။ ပေါင်ကို လာဆိတ်သည့် ဒဏ်က မနာပေမယ့် ကျေနပ်သွားအောင် ဟန်ဆောင် အားခနဲ အော်ပြရသည်။ ပြီးမှ မလုပ်တတ်၊ လုပ်တတ်နှင့် ဆက်လုပ်နေလျှင် အချိန်ကုန်သွားတာသာ အဖတ်တင်တော့မည်မို့ အဓိကကိုပဲသွားရန် ပြောလိုက်သည်။
“စု ..ကိုကိုတို့ လုပ်ကြရအောင်ကွာ … အဲဒါကြီးက နောက်မှ လုပ်တော့ …”
“ဟာကွာ .. မရဘူးကိုကိုရာ … ဒီမှာ စုက ကိုကိုနဲ့ နောက်တစ်ခေါက်တွေ့လျှင် စမ်းကြည့်မယ်ဆိုပြီး စိတ်ကူးထားတာ …”
ဖူးသစ်စုက ပြောလည်းပြောယုံမက မင်းမင်း နေရာရွှေ့သွားလို့ မရအောင် သူ့လိင်တံကို ဖမ်းဆွဲထားသည်။ ဖူးသစ်စု တစ်ခါတစ်ခါ အဲဒီလိုမျိုး ဇွတ်ရွတ်နိုင်လှသည်။ သူမ လုပ်ချင်တာ ဒါဆိုဒါမှ ဖြစ်သည်။ မင်းမင်း အလျှော့ပေးကာ လက်ကိုထောက်ကာ ကြွမလို ဖြစ်တာကို ရပ်လိုက်ရသည်။
“အေး နော် … အဲ့ဒီလို စမ်းချင်တာ အကြောင်း မဟုတ်ဘူး …တော်ကြာညကိုကိုက မထိန်းနိုင်ပဲ ထွက်သွားမှ ဟုတ်ပဲ့ဖြစ်နေမယ် …”
မင်းမင်းက ခြိမ်းခြောက်လိုက်ပေမယ့် ဖူးသစ်စုက ကြောက်မသွားပါ။ ကြောက်မသွားသည့်အပြင် မျက်နှာက စပ်ဖြဲစပ်ဖြဲနှင့် ပြောသည့် စကားတစ်ခွန်းကြောင့် မင်းမင်း သွေးတောင်မှ နားထင်တက်ဆောင့်သလို ခံစားရသည်။
“ထွက်လည်းရတယ် .. စာအုပ်တွေထဲမှာ ရေးထားတာ အဲဒါက မိန်းကလေးတွေနဲ့ တည့်တယ်တဲ့ .. ဟီး .. ဟီး ..”
“အမ် .. ဒီကောင်မလေးကတော့နော် … မနိုင်ဘူး …”
“မနိုင်ဘူး မလုပ်နဲ့ … စုက ပြီးရင် မြင်းစီးဦးမှာနော် … ဒီနေ့ပဲ သေချာတွေ့ရတာ .. ကြားရက်ဆို နောက်ကျမှာနဲ့ အလုပ်သိပ်ဖြစ်တာ မဟုတ်ဘူး ..”
မင်းမင်း လက်လျှော့လိုက်ရပါသည်။ ဖူးသစ်စု ပြောတာလည်း ဟုတ်သည်။ ဒီရက်ပိုင်းအတွင်း မင်းမင်း အလုပ်က နည်းနည်းများနေသဖြင့် ညနေခင်းတွေဆို သိပ်လစ်ထွက်လို့ မရတော့ပါ။ ကွန်ကရစ်လောင်းသည့် ရက်က စိပ်လာသလို၊ Client’s Rep (Representative) ကလည်း တစ်ခါတစ်ခါ လာကြည့်တတ်သည်မို့ မင်းမင်း ဆိုက်မှာနေရတာ များလာသည်။ အပြင်ကို ထွက်လို့မရတာ မဟုတ်သော်လည်း စိတ်အေးလက်အေး မရှိလှသည်မို့ သူတို့တွေ ဒီလိုမျိုး ချစ်တင်းနှောသည့် အဆင့်သို့တော့ မရောက်ဖြစ်ကြပါ။ အပြင်မှာပဲ တွေ့ဖြစ်တာများပြီး မင်းမင်း အလုပ်က အင်ဂျင်နီယာကောင်လေးက ဖုန်းဆက်ကာ အကြောင်းကြားလျှင် သူရောက်သည့်နေရာက တက်စီငှား၍ ပြန်ပြေးရတတ်သည်။
ဖူးသစ်စုကတော့ မင်းမင်းအပေါ်မှာသာမက၊ အလုပ်ကိစ္စကိုပါ နားလည်တတ်သူမို့ ဘာမှ မပြောရှာပေ။ ပုံမှန် ရုံးဆင်းချိန် ဖြစ်လို့ အားပြီဆိုသည့် အခါမျိုးရောက်လို့ ချစ်ကြမည်ဆိုတော့လည်း ဖူးသစ်စုက သိပ်လက်မခံချင်။ သူမ အကြောင်းပြချက်က အိမ်ပြန်နောက်ကျမည် ဆိုတာ ဖြစ်သည်။ ဆရာမိုးက အပ်သွားသည့် သူ့ညီမဝမ်းကွဲဆိုသည့် အန်တီကြီးက တခြားနေရာတွေတွင် ဘယ်လောက်ခေတ်မှီခေတ်မှီ အိမ်ပြန်နောက်ကျလို့တော့ မရ ဆိုတာ မှာထားသည်။ ဖူးသစ်စုမှ မဟုတ် သူတို့ တစ်အိမ်လုံး ထိုအတိုင်းဖြစ်ပြီး အန်ကယ်တင်မောင်ကိုယ်တိုင်လည်း အလုပ်ပြီးပြီးချင်း အိမ်ကို ပြန်လာသူ ဖြစ်သည်။ ဒီတော့ အားလုံးနဲ့ ရောယောင်ပြီး ဖူးသစ်စုလည်း အိမ်ကို ရှစ်နာရီမထိုးခင် အရောက်ပြန်ရသည်။ စင်္ကာပူလို နိုင်ငံမျိုးမှာ နေတဲ့သူကို ညရှစ်နာရီ မတိုင်ခင် အိမ်ပြန်ရမည်ဆိုတာ ဟာသပျက်လုံးတစ်ခုလို ဖြစ်သော်လည်း သူမကို ကြည့်ရှူစောင့်ရှောက်ထားသည်ဆိုသည့် ခံစားမှုနှင့် ဖူးသစ်စုခင်မျာ အားနာရရှာသည်။ လုပ်ဖြစ်ကြလျင်တောင်မှ သူမဘက်က တက်ကြွမှု သိပ်ဖြစ်မနေ။ မင်းမင်းကလည်း ချစ်သူလေးအပေါ် နားလည်ပေးထားသည်မို့ နောက်ပိုင်း ကြားရက်ဆို ညနေစာစားဖို့ အစီအစဉ် မရှိလျင် သိပ်တောင်မှ မတွေ့ဖြစ်ကြပေ။ အခုလိုမျိုး ရုံးပိတ်ရက်မှ သူတို့ တွေ့ကြတာ ဖြစ်သည်။
“ပြီးရော ပြီးရော .. မြင်းမကလို့ .. လားပဲ စီးစီး .. လုပ်ချင်တာသာ လုပ်တော့ …”
မင်းမင်း ခပ်တည်တည်နဲ့ နောက်လိုက်တော့ ဖူးသစ်စုက သူ့ပေါင်ကြားထဲ ခေါင်းပြန်ငုံ့သည်။ ပြီးတော့မှ သူပြောတာကို စဉ်းစားမိသွားပြီး သူ့ပေါင်တစ်ဖက်ကို လက်ဝါးလေးနှင့် တဖြန်းဖြန်း ရိုက်သည်။
“ကိုကိုနော် .. ယုတ်မာတယ် .. စုကို အဲဒီလို ပြောစရာလား …တော်ပြီ .. ဘာမှ မလုပ်တော့ဘူး ပြန်တော့မယ် …”
မင်းမင်း သူစတာ လွန်သွားမှန်းသိ၍ ထကာချော့ရသည်။ ဖူးသစ်စုသည် သူနှင့် အားရပါးရ စိတ်လိုလက်ရ ချစ်တတ်သော်လည်း ဒီလိုမျိုးခပ်ရင့်ရင့် အသုံးအနှုန်းတွေကို သုံးတာမျိုးကို မကြိုက်။ အမှန်တကယ်ဆို မင်းမင်းကိုယ်တိုင်လည်း အပွဲပွဲနွှဲလာဖူးသည့်တိုင် ဒါမျိုးတွေ သိပ်ပြောခဲ့သူမဟုတ်။ အခုမှသာ စချင်လို့ဆိုပြီး နောက်လိုက်တာဖြစ်သည်။ ပြန်တော့မယ်ဆိုပေမယ့် ထိုင်ရာမှ မထပဲ ကျောပဲပေးထားသည်မို့ မင်းမင်း ချော့ရတာ သိပ်မခက်ပါ။ ဟွန်းဆိုပြီး မျက်စောင်းထိုးကာ
“ကိုက်ဖြတ်လိုက်မှာနော်”
ဟု ကြိမ်းပြီး နဂိုအတိုင်း ပြန်ဖြစ်သွားသည်။
“စု … အဆင်ပြေသလို လုပ်နော် .. အလောမကြီးနဲ့ …”
မင်းမင်း ဘယ်လိုပြောပြော ဖူးသစ်စုကတော့ မလျှော့ပဲ အားကုန်ကို စုပ်တော့သည်။ လျှာလေးနှင့်လည်း ထိပ်ကို ပတ်ကာဆွဲသေးသည်။ ပါးလေးနှစ်ဖက် ပိန်ကာချိုင့်ဝင်သွားသည်အထိ စုပ်သည့်အခါမျိုးတွင်မူ မင်းမင်း ငြိမ်ငြိမ်မနေနိုင်တော့ပဲ ကော့ကော့ထိုးမိသည်။ ဖူးသစ်စုက လက်တစ်ဖက်နှင့် လိင်တံအရင်းကိုကိုင်ထားလို့သာ တော်တော့သည်။ မဟုတ်လျင် ခုနကလို ပြန်ဖြစ်မှာ သေချာသည်။
“စု … အရမ်း မလုပ်နဲ့ ကိုကို ပြီးသွားလိမ့်မယ် ….အီး …”
ကောင်မလေး၏ စုပ်အားက ပြင်းလာသည့်အပြင် လျှာဖျားလေးကပါ သွက်လာလို့ မင်းမင်း မနေနိုင်တော့ပဲ ဖွင့်ဟကာ ပြောရသည်။ တခြားကောင်မလေးတွေနဲ့တုန်းက ပါးစပ်ထဲမှာ ပြီးသွားလည်း ဘာမှ မခံစားရပေမယ့် ဖူးသစ်စုကိုတော့ ချစ်သည့်စိတ်နှင့် အားနာနေသည်။ ပါးစပ်ထဲမှာ ပြီးမည့်အစား ပြီးဆုံးနေကြ နေရာမှာပဲပြီးတာ နှစ်ဦးစလုံးအတွက် ပိုကောင်းမည် ထင်သည်။ သို့ပေမယ့် ဖူးသစ်စုက သူ့ပြောဆိုချက်ကို လက်မခံပါ။ မင်းမင်း သူမခေါင်းကို ဆွဲထုတ်တော့ သူ့လက်ကို ပုတ်ထုတ်သည်။
“နေစမ်းပါဦး ..ကိုကိုကလည်း … စုကြတော့ ကိုကိုက ဘယ်လိုအရသာ ရှိလဲဆိုတာ စမ်းကြည့်ပြီး .. စုပြန်စမ်းမယ်ဆိုတာ့ တွန့်တိုနေတယ် … မိန်းကလေးတွေနဲ့ တည့်တယ်ဆိုတာ ဟုတ်မဟုတ် သိချင်လို့ပါဆို … မြိုကိုချဦးမယ် …”
မင်းမင်း “သေဟဲ့ နန္ဒိယ” လို့ ကိုယ်နဖူးကိုယ် ပြန်မရိုက်မိအောင်ကို ကြိုးစားလိုက်ရသည်။ တကယ့်ဟာမလေး။ ဘယ်သူက မြှောက်ပေးလိုက်လဲ၊ ဘယ်သူ့ဆီက ကြားလာလဲတော့ မသိ၊ ဇွတ်ကို စုပ်မည်လို့ ပြောနေပါလား။ ခက်တော့တာပဲ။ မတတ်နိုင်တော့သည့် အဆုံး ဖူးသစ်စု စိတ်ပျက်သွားအောင် မင်းမင်း စိတ်ကို ဟိုလျှောက် ဒီလျှောက် တွေးနေလိုက်သည်။ ဒါပေမယ့် ဖူးသစ်စုကလည်း သူနှင့် စိတ်ချင်းဆက်နေသလားလို့တောင် ထင်ရသည်။ မင်းမင်း အကြံကို ရိပ်မိသွားသလိုနှင့် ပိုလို့တောင် အားတက်သရော ကြိုးစားသည်။ အရင်းကိုကိုင်ထားသည့်လက်ကို လှုပ်ပေးယုံမက လွတ်နေသည့် လက်တစ်ဖက်က လက်သည်းချွန်တွေနှင့် ဟိုခြစ် ဒီခြစ် လိုက်လုပ်သည်။ ဒါမျိုးဆိုတော့ မင်းမင်း မခံနိုင်ပါ။
“စု .. ထုတ်လိုက်တော့ … ထွက် .. ထွက် ကုန်ပြီ … ”
တော်တော့တော်သေးသည်။ မင်းမင်းက ကြိုပြောသလိုမျိုး ဖြစ်လို့ ဖူးသစ်စု ခေါင်းနဲနဲ နောက်ပြန်ဆုတ်သွားကာ ထိပ်ပိုင်းကိုပဲ ငုံထားမိသား ဖြစ်သွား၏။ ဒါတောင် အပြည့်အ၀ ပိတ်ကာမထားနိုင်ပဲ နှုတ်ခမ်းထောင့်မှ တချို့က လျှံကျသည်။ မင်းမင်း အခုနေ ဆွဲထုတ်လိုက်လျှင် မျက်နှာတွေ ဘာတွေ စင်ကုန်တော့မှာမို့ တုန်ကာတက်နေသည့် သူ့အကောင် ငြိမ်သွားအောင် စောင့်ရသည်။ အတင်းပင် ဖူးသစ်စုခေါင်းကိုဆွဲကာ ဖိချချင်သည့် စိတ်ရိုင်းတွေကိုလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဖြေဖျောက်ရသည်။
“ဝူး .. ဝူး…. ”
“အယ် .. ပေကုန်ပြီ …”
ကုန်စင်သွားသည့် မင်းမင်းလိင်တံကို ပြန်ထုတ်ပြီးပြီးချင်း စကားပြောလိုက်တော့ သူမ ဘယ်လိုမှ မထိန်းနိုင်ပဲ ပါးစပ်ထဲကဟာတွေက အိပ်ယာခင်းပေါ် စီးကျသည်။
“နေတော့ ထားလိုက် … ရော့ … ဒီမှာ တစ်ရှူး …”
ကုတင်ပေါ်မှာ အဆင်သင့်တင်ထားသည့် တစ်ရှူးဗူးကို ပေးလိုက်တော့ တစ်ရှူးရွက်တွေကို ဆွဲထုတ်ပြီး ပါးစပ်ကို သုတ်သည်။ အဖြူရောင် တစ်ရှူးစတွေမှာ အဖြူရောင်အရည်တွေ တော်တော်များများ စိုသွားသည် ဆိုတာကို မင်းမင်း မြင်လိုက်ရသည်။ သူ့စိတ်ထဲ ထောင်းခနဲ ဖြစ်သလို ငြိမ်သွားသည့် အကောင်ကလည်း စိတ်၏ခံစားချက်ကိုလိုက်ကာ ထလှုပ်သည်။ ဒါကို ဖူးသစ်စုက သတိထားဖြစ်အောင် သတိထားမိသွားသေး၏။
“အမယ် .. သူက မကျေနပ်သေးဘူးလား …. နောက်တစ်ခါဆို လုံးဝကို လှုပ်မရအောင် စုပ်ပစ်မယ် … ဟွန်း …”
ကလေးလေးတစ်ယောက်ကို လက်ကလေးနဲ့ တို့ကာ စသလို ပြောသည့် စကားကြောင့် မင်းမင်း ဘာပြောရမှန်း မသိတော့ပါ။ သူပိုင်ပစ္စည်းကြနေတာပဲဟုသာ စိတ်ထဲက တွေးကာနေမိလေတော့သည်။
*** *** *** *** ***
ဘာလိုလိုနှင့် မင်းမင်းနှင့် ဖူးသစ်စု၏ ချစ်သူသက်တမ်းသည် တော်တော်လေးတောင် အရှိန်ရခဲ့ပြီဟု ဆိုရမည်။ ကြာလျင်ရိုးသွားတတ်သည်ဆိုသည့် စကားသည် သူတို့နှစ်ဦးအတွက်တော့ မမှန်ကန်ပဲ ကြာလျင်တိုး၍သာ ချစ်ကြသည်ဟု ပြောင်းကာ ဆိုသင့်ပေသည်။ အထူးသဖြင့် ဖူးသစ်စု၏ မင်းမင်းအပေါ် ချစ်သည့်အချစ်က ထိုအချက်ကို သက်သေပြနေသည်သာ။ မင်းမင်းနှင့်ပတ်သက်၍ အသေးအဖွဲလေး ကိစ္စလေးကအစ သူမ မှတ်မိနေတတ်သည်။
တစ်နေ့တုန်းက Laksa (မလေးခေါက်ဆွဲပြုတ်) စားကြသည်။ အုန်းနို့လို အရည်နဲ့မို့ အမှတ်တမဲ့ ခပ်လိုက်ရာ မင်းမင်း အင်္ကျီအဖြူစင်းလေးမှာ အနည်းငယ်စွန်းသွားသည်။ အိမ်ပြန်ရောက်တော့ မေ့ပြီး ဒီအတိုင်းပဲ အဝတ်ခြင်းထဲ ထည့်ထားမိသည်။ ဟိုလုပ်ဒီလုပ်နှင့် သူက သတိမရပေမမယ့် ဖူးသစ်စုက မမေ့မလျော့ ဒါကို လျှော်ဖို့ ဖုန်းဆက်ကာ သတိပေးခဲ့လေသည်။ နောက်ပြီး မင်းမင်းအစ်မက ကြုံလျှင် scarf တစ်ထည်လောက် လိုချင်သည်ဟု ပြောထားခဲ့တာကို ဟိုဟိုဒီဒီပြောကြရင်းနှင့် သူမသိသွားသည်။ ဖူးသစ်စု ကျောင်းကသူငယ်ချင်းတစ်ယောက် ပြန်သောအခါ သူမက မှတ်မှတ်ရရနှင့် ကိုယ့်ဘာသာကို သွားဝယ်ပြီး လူကြုံ ထည့်ပေးလိုက်သည်။ မင်းမင်းတောင်မှ သူမ ဝယ်လာပြီး ပြမှ အမှတ်တမဲ့ ပြောဖူးခဲ့တာကို ပြန်မှတ်မိသည်။ သူမ ဒီလိုမျိုး မင်းမင်းနှင့် ပတ်သက်၍ အသေးစိတ်မှတ်မိနေတော့လည်း တစ်ခါတစ်ခါတော့ ချောက်ကျရသည်။ တခြား မကြည့်နှင့်၊ ဟိုတစ်နေ့ကအဖြစ်ကိုပဲ ကြည့်။
“ကိုကို .. စုတို့ ချစ်ကြတာ ဘယ်နှစ်ခါ ရှိပြီလဲ …”
“အမ် .. အခုမှ တစ်ချီပဲပြီးသေးတယ်လေ … ဘာလဲ စုက ပြန်ချင်နေပြီလား …”
မင်းမင်းက ဦးဆောင်လှုပ်ရှားသူမို့ အသက်ကိုမှန်မှန် ရှူကာ အမောဖြေရင်း နောက်တစ်ချီဘယ်လိုစရမလဲ ကြံစည်နေသဖြင့် သူမ မေးခွန်းကို သိပ်မစဉ်းစားပဲ ဖြေလိုက်မိ၏။ မချောက စိတ်ကောက်သွားရုံမက ရင်ဘတ်ပေါ်ကို လက်ချောင်းကလေးနှင့် တို့ကစားနေရာမှ မရှိမဲ့ရှိမဲ့ အမွေးလေးကို ဆွဲနှုတ်သည်။
“အား .. နာတယ်ဟ … နေရင်းထိုင်ရင်း ဘာဖြစ်ရပြန်တာလဲ ..”
“အို .. နာအောင် နှုတ်မှာပဲ .. စုမေးတာကို သေချာမှ မဖြေတာ .. စုမေးတာ စုတို့ စချစ်တဲ့အချိန်ကနေစပြီး အခုထက်ထိ ဘယ်နှစ်ကြိမ် တူတူနေပြီးပြီလဲ ဆိုတာကို မေးတာ ..”
“ဪ .. ဒါလား ..”
မချော စိတ်ကောက်တော့မှာမှန်း သိလို့ မင်းမင်း မှန်အောင် ဖြေမှရမည်ဆိုတာ တွက်မိသည်။ မင်းမင်း ခေါင်းကို ကုတ်ကာ စဉ်းစားသည်။ ပြီးတော့ နဖူးကို လက်နှင့်ပွတ်သည်။ အဖြေက ထွက်မလာသေး။ သူက ဒိုင်ယာရီရေးတတ်သူ မဟုတ်သည့်အပြင် ဒါမျိုးကို ပြက္ခဒိန်ပေါ်မှာ ရေးကာ မှတ်ထားသူမဟုတ်။ သူရုံးက ပြက္ခဒိန်တွင် ကွန်ကရစ်လောင်းသည့် အချိန်စာရင်းသာ ရှိသည်။ ဒုက္ခနဲ့ လှလှတော့ တွေ့ပြီ ထင်ပါရဲ့ …။
“အခါနှစ်ဆယ်လောက်တော့ ရှိပြီ မလား …”
“ကိုကိုနော် .. ဘာမှ လူလည်မကျနဲ့ .. မေးတာကိုပဲဖြေ … ”
“စုကလည်း ဖြေနေတာပဲကို .. ချစ်သူအချင်းချင်း ဘာကိစ္စမဆို တိုင်ပင်တဲ့ သဘောပါ ..”
“ဟေ့ .. ညာတာပါတေးနဲ့ စကားကို ဝေ့အောင် မပြောနဲ့ .. တိတိကျကျ ဘယ်နှစ်ကြိမ်လဲသာပြော … စု စိတ်ကောက်လိုက်တော့မှာနော် …”
“အမလေး … စိတ်တော့ မကောက်ပါနဲ့ .. ဖြေမယ် .. နှစ်ဆယ့်တစ်ခါကွာ …”
“သေချာလား …”
“သေချာတယ်ကွာ ..ကိုကိုက 21 သမားပဲ .. စုကသာ ဘူကြီး …ဟီး .. ဟီး …”
“ကိုကိုစုတ် .. ရမ်းသမ်းပြောတာ .. ဘာမှ နှစ်ဆယ့်တစ်ခါ မဟုတ်ဘူး … ဒီနေ့မှ အခါနှစ်ဆယ် ဖြစ်တာ … ကိုကိုက စုကိုဆို ဘယ်တော့မှ အလေးအနက် မရှိဘူး …”
ကောင်မလေး မျက်နှာက တည်တည်လေးဖြစ်သွားယုံမက မင်းမင်းကို မကြည့်တော့ပဲ ငုတ်တုတ်ထထိုင်ကာ မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်ထားသည်။ ဒီလိုဆိုတော့လည်း မင်းမင်း စိတ်ထိခိုက်ရပြန်၏။ ဖူးသစ်စုကို အလေးအနက်မထားဘူး ဆိုတဲ့စကားကို သူ မခံနိုင်ပါ။
“စုရယ် … အဲဒီလိုကြီးတော့ မပြောပါနဲ့ .. စုကို ကိုကို တကယ်ချစ်တာပါ … ဒီမှာ ကြည့်စမ်း .. စု ..”
အတင်းပဲ အုပ်ထားသည့်လက်ကို ဖက်ပြီး မျက်နှာလေးကို ဆွဲမော့တော့ ညိုးနွမ်းသည့် သွင်ပြင်က အထင်းသား တွေ့နေရသည်။ မျက်ရည်ကြည်တွေ ဝဲသလို ဖြစ်နေပေမယ့် မျက်နှာကိုတော့ လွှဲခါမသွားပဲ ထိုမျက်ဝန်းတွေနှင့်ပင် သူ့ကို ငေးကြည့်နေသည်။
“စုကို … ကိုကို ပြောဖူးပါတယ် … ကိုကို့အချစ်ကို သက်သေပြတဲ့အနေနဲ့ စုကို လက်ထပ်မယ် ဆိုတာလေ … စုကို ကိုကို ဘဝတစ်ခုလုံးစာအတွက် ရည်ရွယ်ပြီး ချစ်တာပါ ..”
ဒီလိုဆိုတော့ ကောင်မလေး၏ မျက်နှာက ပြန်ကြည်လာသည်။ မင်းမင်း ရင်ခွင်ထဲကို တိုးဝင်လာရင်း
“ကိုကို တကယ်ပြောတာနော် ..”
“တကယ်ပြောပါတယ်ဆိုမှ … ခက်တော့တာပဲ .. လာ ROM မှာ လက်မှတ်သွားထိုးရအောင် ..”
ROM ဆိုသည်မှာ စင်္ကာပူနိုင်ငံက ဖွင့်ထားသော Registery of Marriage ဖြစ်ပြီး အချို့သော စုံတွဲတွေ မြန်မာနိုင်ငံပြန်ပြီး မင်္ဂလာဆောင်ဖို့ မလွယ်ကူလျင် ဒီမှာပင် လက်မှတ်ထိုးတတ်ကြသောဌာန ဖြစ်သည်။ ပထမဆုံးအကြိမ် ချစ်ကြပြီးကတည်းက မင်းမင်းက ဒီအတိုင်းပြောထားခဲ့သော်လည်း ဖူးသစ်စုက လက်မခံခဲ့ပေ။ အခုလည်း
“ကဲပါ .. စုကို တကယ်ချစ်တယ်ဆိုရင် ပြီးတာပါပဲ … သူ့စိတ်ကောက်မယ်လို့ စဉ်းစားလိုက်ရင် ဒီလက်မှတ်ထိုးဖို့ ကိစ္စကြီးပဲ ပါပါလာတယ် .. စုက ကျောင်းပြီးတဲ့အထိ လွတ်လွတ်လပ်လပ် နေချင်သေးတယ် ရှင့် ..”
“စုကလည်း… ကိုကို ပြောပြီးပါရောလား .. လက်မှတ်ထိုးထားတာ ဘာခက်တာမှတ်လို့လဲ .. မင်္ဂလာကတော့ ဘယ်တော့ ဆောင်ဆောင်ပေါ့ …”
“တော်ပြီ ..ကိုကိုရာ .. အဲ့ဒီလိုကြီးလည်း စု မလုပ်ချင်ဘူး … သူများတွေ မသိတောင် ကိုယ့်ကိုယ်ကို လိမ်သလိုမျိုးကြီး .. စု လိပ်ပြာမသန့်ဘူး …”
မင်းမင်း ဆက်မပြောတော့ပါ။ တစ်ခါတစ်ခါ ဖူးသစ်စု၏ အတွေးအခေါ်တွေက ဆန်းသည်။ လိုက်လို့မမီဟုပဲ ပြောရမည်။ အိမ်ပြန်နောက်ကျဖို့ ကိစ္စလည်း မင်းမင်းက ဖောရှောလုပ်လိုက်ပေါ့၊ ဟိုအကြောင်းပြချက် ဒီအကြောင်းပြချက်ပေးလိုက်လည်း ရတာပဲဟု သင်ဖူးသော်လည်း သူမကို စောင့်ရှောက်ပေးထားသူတွေကို ဒါမျိုး လိမ်ပြီး မဆိုချင်ဟု ဆိုသဖြင့် မင်းမင်း လက်လျော့ထားခဲ့ရသည်သာ။ သူက ဆက်ပြောနေလျှင်ဖြင့် သူပဲ သူများကို မုသာဝါဒ ကျူးလွန်အောင် အတင်းတိုက်တွန်းသူ ဖြစ်ကာ ငရဲကျပေဦးမည်။ မုသားမပါ လင်္ကာမချောလို့ ဆိုပေမယ့် ဖူးသစ်စုကတော့ ဒါကို ဘယ်လိုမှ လက်မခံပါ။ သူ့မေမေက ငယ်ငယ်ကတည်းက မလိမ်ရဘူးဆိုပြီး သင်ထားသဖြင့် မေမေ ဆုံးမထားသည့်အတိုင်း နေရမည်ဆိုပြီး မင်းမင်းကို ပြောသည်။ သူ့ကိုလည်း သူမအပေါ်မှာ မလိမ်မညာရဘူး၊ ဘာပဲဖြစ်ဖြစ် အမှန်အတိုင်း ပြောရမယ်ဆိုပြီး စည်းကမ်းချက် ထုတ်ထားသေးသည်။
“ကိုကိုက စုအတွက် ပြောတာပါ .. ဒီအတိုင်းပဲကြတော့ စုအတွက် ကိုကိုက အားနာ …”
“ဘာ အားနာတာလဲ … မပြောလိုက်ချင်ဘူး … အားပဲနာလို့ပဲ … ”
“ဒါကတော့ ..ကိုယ့်ကောင်မလေးက ရင်ခုန်ချင်စရာ ကောင်းတာကိုး ..”
“သူများတွေလည်း … ချစ်သူရှိတာပဲ .. ဒါပေမယ့် ကိုကိုလောက် မသောင်းကျန်းပါဘူး … ”
“ဟာ .. အဲဒါ သူတို့ချစ်သူတွေက စုလိုမျိုး ပွင့်ပွင့်လင်းလင်း မရှိလို့ပေါ့ ကွ …မှတ်ထား ကိုကိုက စု ပွင့်ပွင့်လင်းလင်းနဲ့ ရှိလို့ကို ချစ်တာ …”
“ကဲပါ … ဒါတွေ ထားလိုက်တော့ .. ညနေကြရင် ပုံ့ပုံ့နဲ့ စာကြည့်ဖို့ ချိန်းထားသေးတယ် … အခု ဘာလုပ်ကြမှာလဲ ..ကိုကိုက ရုပ်ရှင်ကြည့်ချင်သေးတယ် ဆို…”
မင်းမင်း လက်ပတ်နာရီကို ထောင်ကြည့်သည်။
“ရုပ်ရှင်က နှစ်နာရီလောက်ပဲ ကြာမှာပါ ကွာ .. အခု အချိန် ရှိနေသေးတာပဲ ဆိုတော့ … ဟီး ..”
“ကိုကို့ပြောလိုက်ရင် .. ဒါကြီးပဲ …”
“စုကလည်းကွာ .. ကိုကိုတို့က တစ်ပတ်မှာ ဒီတစ်နေ့ပဲ စိတ်အေးလက်အေး တွေ့ရတာမလား …”
“ပြီးရောပြီးရော .. ဒါပေမယ့် ကိုကို့အလှည့်ပြီးသွားပြီးနော် .. ဒီတစ်ခါ စုအလှည့် …”
“အမ် .. ဒါဆို ကိုကိုက ငြိမ်ငြိမ်လေး နေရာမှာလား …”
“နေပေါ့ .. ဒီမှာ တစ်ခု စမ်းကြည့်ချင်လို့ …”
“ဟင် .. ဘယ်သူ မြှောက်ပေးလိုက်တာကို စမ်းဦးမှာလဲ …ပုံ့ပုံ့ပဲလား …”
မင်းမင်း အကြောင်းသိနေလို့ ဖူးသစ်စု သူငယ်ချင်းမ ပုံ့ပုံ့ကို ရည်ရွယ်၍ မေးလိုက်သည်။ ဖူးသစ်စုနှင့် ပုံ့ပုံ့သည် တစ်ယောက်၏ အတွင်းရေးတွေကို တစ်ယောက်က သိနေတဲ့အထိကို ခင်နေကြပြီ ဆိုတာကို သူသိနေသည်။ ဟိုတစ်လောတုန်းကလည်း အဲ့ဒီတစ်ယောက်မြှောက်ပေးလို့ ဖူးသစ်စု သူ့ကောင်ကို လာစမ်းစုပ်ကြည့်တာမှန်း သိထားသည်။
“သိရင်လည်း မေးမနေနဲ့တော့ …”
ဖူးသစ်စုက ပြောပြီးသည်နှင့် သူ့ဘေးနားတွင် ထိုင်နေရာမှ အောက်ကိုဆင်းသွားသည်။ ဘာလုပ်မှာမှန်း သိနေသဖြင့် မင်းမင်း ကိုယ်ကိုလျှောကာ နေပေးလိုက်၏။ ဖူးသစ်စု ခေါင်းက ငုံ့သွားသောအခါ သူက ပြောင်းပြန် ခေါင်းကို ဆတ်ခနဲ မော့မိသည်။ တစ်ခါ စီတီးဟောမှာ ဆုံဖူးခဲ့သည့် ဖူးသစ်စု သူငယ်ချင်းအကြောင်းက ခေါင်းထဲရောက်လာသည်နှင့်
“ပုံ့ပုံ့က စုကိုပဲ မြှောက်ပေးနေတာလား … သူကရော ရည်းစားထားပြီး မစမ်းဘူးလား … သူ့ဆို စိတ်ဝင်စားမယ့်သူတွေ အများကြီးပဲကို ..”
“ဝေ… ဝေ… ဝူး … ဝူး …”
မင်းမင်း အမေးကြောင့် ဖူးသစ်စု ယောင်ပြီး စကားပြောမိပြန်သည်။ ကမန်းကတမ်း ပါးစပ်ထဲ တစ်ဝက်ကျော်ကျော်လောက် ရောက်နေသည့် သူ့အကောင်ကို ပြန်ထုတ်ရသည်။ ပေါင်ကို ဖြန်းခနဲနေအောင် လက်ဝါးတစ်ဖက်နှင့် ရိုက်ပြီး ..
“လူကို ဒုက္ခရောက်အောင် မေးခွန်းထုတ်နေတယ် ..တော်ပြီ .. မလုပ်ပေးတော့ဘူး .. အထဲပဲ ထည့်လိုက်တာ ကောင်းတယ် …”
“ဆောရီး .. စု သဘော … ကိုကိုက… ပုံ့ပုံ့က ယောကျ်ားတွေကို စိတ်နာတယ်လည်း ပြောသေးတယ် … စုကိုလည်း မြှောက်ပေးနေတာကို အံ့သြလို့ပါ …”
“အင်း … စု နောက်မှ ပြောမယ်ကွာ … လောလောဆယ် လျှောက်မေးမနေနဲ့တော့ာကိုကိုရာ … ဒီမှာ ဖီလင်ပျက်တယ် …”
မင်းမင်း ပုံ့ပုံ့အကြောင်း ဆက်မမေးတော့ပဲ ပါးစပ်ပိတ်နေလိုက်ရသည်။ ဖူးသစ်စု သူငယ်ချင်းသည် အရမ်းချောလှသည် မဟုတ်သော်လည်း သူ့ဟာနှင့်သူတော့ ကြည့်ကောင်းသည့် ကောင်မလေးမှန်း တစ်ခါတွေ့ဖူးလို့ သူသိထားသည်။ နဲနဲလေး ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်နေတာ တစ်ခုပဲ ပြောစရာရှိသည်။ ဒါပေမယ့် အရွယ်ငယ်သေးလို့လားတော့ မသိ၊ ဒီလိုမျိုး တင်းတင်းရစ်ရစ် ဖြစ်နေတာကိုက ဖျစ်ညှစ်ချင်စရာကောင်းမှန်း ယောကျ်ားလေးတစ်ယောက်မို့ မင်းမင်းကောင်းကောင်းသိသည်။ နောက်ပိုင်း အသက် ၃၀ ကျော်လာရင်တော့ ဘယ်လိုနေမှန်း မသိ။ အခုနေတော့ ဒါမျိုးလေး ဆူဖြိုးနေတာကပင် ကိုက်စားချင်စရာ ကောင်းနေသည်။ အထူးသဖြင့် အနောက်က မြင်ရသည့်အခါမျိုး။
“အင်း … ရှီး … ရှီး .. ကိုကိုရယ် …”
စွိခနဲ ဝင်သွားသည့် သူ့ထိပ်ဆီမှ အထိအတွေ့က မင်းမင်း၏ အတွေးအမြင်တွေကို ရပ်ဆိုင်းသွားစေ၏။ မဆိုင်သည့်သူကို လျှောက်ပြီး စဉ်းစားမိနေသည့် သူ့အဖြစ်ကို မလုံမလဲဖြစ်ကာ ဖူးသစ်စုကို ကြည့်တော့ ကောင်မလေးက မျက်တောင်လေးတွေမှေးကာ သူ့ကို ပြန်ကြည့်နေတာ တွေ့သည်။ အပြုံးတစ်ခုကို အမြန်ဖန်ဆင်းလိုက်ရယုံမက သူမ၏ တင်ပါးတွေကိုလည်း လက်နှစ်ဖက်နှင့် ပွေ့ကာဆုပ်လိုက်သည်။
“ကဲ .. စပြီနော် … ဘယ်သူအရင်ပြီးလဲ တိုင်မင်မှတ်လိုက်တော့မယ် …”
“တော်တော်ဟုတ်တဲ့ ကိုကို .. ပြိုင်စရာမရှိ လာပြိုင်နေတယ် .. စောင့်ကြည့်လိုက် … ဟွန့် …”
*** *** ***
မင်းမင်းနှင့် ဖူးသစ်စုသည် တွေ့ကြတိုင်း အိပ်ယာပေါ်ရောက်နေသည်လို့တော့ ပြောလို့မရပါ။ အစရှိ နောက်နောင်ဆိုသလို မကြာမကြာ သူတို့တွေ ချစ်ပွဲဝင်မိကြသော်လည်း ဒါက တခြားသွားစရာ မရှိတော့မှသာ ဖြစ်သည်။ ယေဘူယျအားဖြင့် ဟိုဟိုဒီဒီ လျှောက်လည်တာ ဝါသနာပါသည့်သူချင်းမို့ စင်္ကာပူနေရာအနှံ့စုံအောင် သွားဖြစ်ကြတာ များပါသည်။ ဖူးသစ်စုကလည်း ရောက်ခါစ၊ စင်္ကာပူအကြောင်းကို မသိသေးသည့်သူဆိုတော့ သွားလို့ရသမျှ နေရာတိုင်းကို သွားဖြစ်ကြသည်ဟု ဆိုရပေမည်။ ဓါတ်ပုံရိုက်ကြ၊ စားလိုက်သောက်လိုက်ကြနှင့် ရုံးပိတ်ရက်ဆို ပျော်စရာကြီးပင်။ ဒါပေမယ့် စင်္ကာပူဆိုတာလည်း တကယ်တမ်းတော့ ဘယ်လောက်မှ ကျယ်သည့်နေရာမှ မဟုတ်သည့်အတွက် ကြာလာသောအခါ သွားစရာနေရာက မရှိတော့ပေ။ တစ်ခါလာလည်း ဒီနေရာ၊ နောက်တစ်ပတ် ပြန်သွားတော့လည်း ဒီနေရာဆိုတော့ မင်းမင်း မပြောနှင့် အခုမှ စလုံးရောက်သူ ဖူးသစ်စုတောင် ပျင်းလာရသည်။
မင်းမင်း စိတ်ကူးထဲမှာတော့ တစ်ခုကြံထားသည်။ သူ့ဆီမှာ စလုံး driving license ရှိနေပြီ ဖြစ်သည်။ R.E ဖြစ်ပြီး ရတဲ့ ဝင်ငွေလေးနှင့် အရင်က စုထားတာ ပေါင်းလျင် ကားတစ်စီးလောက်တော့ အင်စတောမန့် (အရစ်ကျငွေပေးချေစနစ်) နှင့် သူဝယ်နိုင်နေပြီ။ အခုတလော COE price တွေကလည်း ကျနေတယ်လို့ သူ့လိုပဲ R.E ဖြစ်နေသူ၊ လောလောလတ်လတ် ကားတစ်စီးဝယ်လိုက်သော သူငယ်ချင်းက သူ့ကို ပြောထားသည်။ ဒီတော့ အဆင်ပြေတုန်း ကားလေးတစ်စီးဝယ် ကိုယ့်ကားကိုယ်မောင်းပြီး မလေးဘက်ကို ကူးကာသွားလည်ရင် ကောင်းမလားဟု စဉ်းစားသည်။ ဖူးသစ်စုကိုတော့ ဒီအကြောင်း မပြောရသေးပေ။ စပရိုက် (surprise) ဖြစ်အောင် ဆိုပြီး ကြံထားသည်။
တခြား ထွေထွေထူးထူး သွားစရာ မရှိသောအခါ မင်းမင်းနှင့် ဖူးသစ်စု လုပ်ဖြစ်တာက တိုပါးရိုးဘုန်းကြီးကျောင်းကို သွားမည်။ အဲဒီက ပြန်လျင် စီတီးဟော သွားမည်။ ဒါမှ မဟုတ် East Coast (စင်္ကာပူ အရှေ့ခြမ်းရှိကမ်းခြေ) သွားပြီး လမ်းလျှောက်ကြမည်။ ဒီလောက်ပဲ ဖြစ်သည်။ အဲ့ဒီလိုမှ မဟုတ်လျင်တော့ ဖူးသစ်စုက မင်းမင်း အိမ်လိုက်လာပြီး တူတူနေကြသည်။ သူ့အိမ်လိုက်လာလျှင်တော့ ဂျိမ်းစ်က ဘာမှ မပြောပေမယ့် သူတို့နှစ်ဦးက ဧည့်ခန်းမှာ မနေသည့်အတွက် ဇာတ်လမ်းက အိပ်ယာပေါ်တွင်သာ အဆုံးသတ်သွားတာ များသည်။ အစတုန်းက အိမ်လိုက်လာလို့ ဂျိမ်းစ်နှင့် အန်ကယ်ဝေါင် ရှိနေလျင် ဖူးသစ်စုက တခြားတစ်နေရာကို သွားရအောင်ဆိုပြီး ပြန်ခေါ်ထုတ်သွားသော်လည်း နောက်ပိုင်းတော့ သူမလည်း သိပ်ဂရုစိုက်တော့သည့်ပုံစံ မပြတော့ပါ။ အခန်းတံခါး ပိတ်ထားလျှင် ရတာပဲဆိုသည့် မင်းမင်း စကားကို နားဝင် လက်ခံသွားသည်။
တစ်ရက် သူတို့နှစ်ယောက် ထုံးစံအတိုင်း တိုပါးရိုး ဘုန်းကြီးကျောင်းကနေ အပြန် လမ်းမှာ စကားပြောလာရင်းနှင့် အိမ်ရှင်မကောင်းဆိုသည့် တော့ပစ်ကို ဆွေးနွေးဖြစ်ကြသည်။ ပြောရင်းပြောရင်းနှင့် တော့ပစ်က ဟင်းချက်သည်များဘက် ရောက်သွားသည်။
“ဒါဆို စုက ဟင်းတင်မကဘူး .. မုန့်ဟင်းခါးတို့ ဘာတို့ပါ ချက်တတ်တာပေါ့ …”
“ချက်တတ်တာပေါ့ .. ငယ်ငယ်လေးကတည်းက စုတို့က သားအမိနှစ်ယောက်ပဲ ရှိတာ .. မေမေက အကုန်သင်ပေးထားတာ … ”
“မယုံပါဘူးကွာ .. အိမ်မှာ ဘာမှ ချက်စားတာလည်း မဟုတ်ပဲ အပြင်က ဝယ်စားတဲ့သူကများ .. မသိတာကြနေတာမှတ်လို့ ..”
မင်းမင်း အန်ကယ်တင်မောင်တို့ အိမ်အကြောင်း သိနေပေမယ့် မခံချင်အောင် စလိုက်သည်။ အန်တီသူဇာက တခြားဟာတွေ ဘာမှ သိပ်မပြောသော်လည်း မီးဖိုခန်းဝင်တာတော့ သိပ်မကြိုက်ဆိုတာကို ဖူးသစ်စု ပြန်ပြောထားလို့ သူသိနေသည်။ တစ်ခါတုန်းက ဖူးသစ်စု မီးဖိုခန်းဝင်ပြီး ခေါက်ဆွဲပြုတ်တာတောင် ဟိုဟာလာပြော ဒီဟာလာပြောနှင့်မို့ သူမက နောက်ခေါက်ဆွဲတောင် မပြုတ်တော့ကြောင်း ပြောဖူးထားသည်။
“ကိုကိုကလည်း .. အိမ်အကြောင်း သိရဲ့သားနဲ့ .. အမှန်ဆို စုလည်း အန်ကယ်မိုး မျက်နှာနဲ့မို့ပါ .. တခါတလေကြတော့လည်း ကိုယ့်သာသာကိုယ် လွတ်လွတ်လပ်လပ် တခြားသွားနေချင်တယ် …”
“အေးပါ …ကိုကို သဘောပေါက်ပါတယ် .. ဒါနဲ့ မုန့်ဟင်းခါးက တကယ်ချက်တတ်တာလား ..”
“အင်း .. ချက်တတ်တာပေါ့ …ကိုကို့လို မြောင်းမြဒေါ်ချိုကို ရေနွေးဖျောတာ မဟုတ်ဘူးနော် …”
“အမယ် .. အသားလွတ် လူကို လာခွပ်နေတယ် .. မြောင်းမြဒေါ်ချိုက ရေနွေးဖျောတိုင်းရတယ် အောင့်မေ့နေလား .. အဲဒီလို ရေနွေးဖျောတာကိုက ပညာဗျ .. ဘာသိလို့လဲ …”
“အမလေး .. ရေနွေးဖျောတာက ပညာဟုတ်လား .. ဟား .. ဟား လို့ပဲ ရယ်လိုက်တော့မယ် .. ”
“ဒီမှာ ကောင်မလေး .. မိုးတစ်လုံး လေတစ်လုံး လုပ်မနေနဲ့ … ဒါဆို အခု မုန့်ဟင်းခါး ချက်ပြ .. အရသာရှိတယ်ဆိုရင် လက်ခံလိုက်မယ် ..”
“အိုကေလေ ကိုကို .. ချက်ပြမယ် … လိုအပ်တာတွေသာ ဝယ်ပေး ..ကိုကို့အိမ်ကရော ဖြစ်တယ်မလား ..”
“ဖြစ်ပါတယ် … ဂျိမ်းစ်က ဘာမှ မပြောပါဘူး ..ကိုကိုက မီးဖိုထဲ ဝင်ရမှာ ပျင်းလို့သာ မချက်တာပါ .. သူတို့ရှိနေရင်လည်း သူတို့ကို ကျွေးလိုက်မယ်လေ … မြန်မာအစားအစာ စားဖူးသွားတာပေါ့ .. စီတီးဟောသွားပြီး လိုတာဝယ်ကြမယ်လေ …”
“ဒါဆိုလည်း သွားကြတာပေါ့ .. ငါးကတော့ အပြန်ကြမှ ဝင်ဝယ်မယ်နော် …”
နှစ်ဦးသား သဘောတူဆုံးဖြတ်ချက်နှင့် တိုပါးရိုး အမ်အာတီဘက်လျှောက်လာခဲ့ကြသည်။ အမ်အာတီထဲ ဝင်မယ်လုပ်တော့ ဖူးသစ်စု ရထားစီးကတ်ထဲမှာ ပိုက်ဆံသိပ်မကျန်တော့လို့ ပိုက်ဆံထည့်သည့်စက်ကို သွားပြီး ပိုက်ဆံဖြည့်သည်။ ရှေ့ကတစ်ယောက် ဖြည့်နေသူ ရှိလို့ သူတို့နှစ်ယောက် နောက်က ရပ်ကြည့်ရင်း စောင့်နေမိသည်။ ဘာရယ်မဟုတ်ပဲ ယောကျ်ားလေး မျက်လုံးမို့ မင်းမင်း ရှေ့မှာ ရှိနေသူ ကောင်မလေးကို စိတ်ဝင်စားသွားသည်။ အဖြူမလေးပင် ….။ မင်းမင်းက နောက်ကတည့်တည့် ရပ်နေတာမဟုတ်ပဲ ဘေးကိုထွက်နေရာ တစောင်းအနေအထားနှင့်မို့ ကောင်မလေးသည် ကော့ကေရှန်းလို့ ခေါ်သည့် အဖြူမစစ်စစ်လေးမှန်း လှမ်းမြင်နေရသည်။ စလုံးလို နိုင်ငံမျိုးမှာ အဖြူမတွေကို တွေ့ရတာ မဆန်းပေမယ့် ဒီကောင်မလေးက မြင်လိုက်တာနှင့် မျက်စိမလွှဲနိုင်လောက်အောင် ဆွဲဆောင်မှု ရှိနေသည်။ ခါတိုင်း မင်းမင်း ဖူးသစ်စုနှင့် အပြင်ထွက်လို့ ကောင်မလေးချောချောလေးတွေကို တွေ့လျှင် သူဖြတ်ခနဲ တစ်ချက်နှစ်ချက်လောက်ပဲ ကြည့်ဖြစ်ပေမယ့် ဒီကောင်မလေးကိုတော့ တော်တော်စိုက်ကြည့်မိသည်။
အဖြူမလေးသည် မသာကာ ရှိမှ ဖူးသစ်စု အရွယ်လောက်ပင် ရှိဦးမည် ထင်သည်။ သို့ပေမယ့် အတိုင်းအတာ အရွယ်အစားတွေ အားလုံးကတော့ ဥရောပစံချိန်မီဖြစ်ပြီး စီးထားသော ဒေါက်မြင့်ဖိနပ်ပါ ပေါင်းထည့်လိုက်တော့ မင်းမင်းအရပ်ထပ်တောင် နည်းနည်းလေး မြင့်နေသည်ဟု ခံစားရသည်။ ရုံးဖွင့်ရက်မဟုတ်ပဲ စနေ၊ တနင်္ဂနွေလို နေ့မျိုးမှာ အဖြူကောင်(မ)တွေကိုတွေ့လျှင် ပေါ့ပေါ့ပါးပါး ဝတ်စားထားကြတာများသော်လည်း ဒီတစ်ယောက်ကတော့ ပွဲတက်အဝတ်အစား ကြက်သွေးရောင် dress နှင့် ဖြစ်သည်။ ကျော့ရှင်းပြေပြစ်သော ကျောပြင်တစ်ပိုင်းလောက်နီးနီး ဟင်းလင်းဖော်ပြထားသော dress သည် ရွှေအိုရောင် ဆံပင်ပိုင်ရှင် သူမနှင့် လိုက်ဖက်ညီစွာ ရှိနေသည်။ အရှင်လတ်လတ် ဟောလီးဝုဒ်မင်းသမီး တစ်ယောက်ကို တွေ့လိုက်ရသလိုမျိုး ဖြစ်သည်။
မင်းမင်းက ငေးကာကြည့်နေသဖြင့် ပိုက်ဆံထည့်စက်၏ စခရင်ကို ထောက်ကာ နေသည့် သူမ၏ လက်ဖျံတွင် ရွှေအိုရောင်အမွေးလေးတွေ ခပ်ရေးရေး ရှိနေသည်ကို မြင်ရ၏။ တော်တော်တော့ အမွေးသန်တဲ့ ကောင်မလေးပဲ။ ဒါဆို သူမရဲ့ဟိုနေရာဆိုလျှင် ဘယ်လိုနေမလဲ မသိ ..။ ထိုအခိုက် အဖြူမလေးသည် နောက်ဘက်ကို လှည့်ကြည့်တာ တွေ့လိုက်ရသည်။ သူမက မင်းမင်းတို့ကို မြင်သွားသလို မင်းမင်းတို့က သူမကို စိုက်ကြည့်နေမှန်းလည်း သိသွားသည်။
“Excuse me, ဒါပြီးရင် ပိုက်ဆံကို ထည့်လိုက်ရတယ်။ အဲဒါဟုတ်လား ? ”
မင်းမင်းက အကဲခတ်ကာ ကြည့်နေသူမို့ screen ကို လှမ်းကြည့်လိုက်သည်နှင့် သူမ ဘာမေးတာလဲ ဆိုတာကို ချက်ချင်း ရိပ်မိသည်။ ထို့အတွက်ကြောင့်လည်း သူ့ပါးစပ်က ဖူးသစ်စုထက် အရင်ထွက်သွားသည်။
“ဟုတ်တယ် … အဲဒါပေါ်လာပြီးရင် ပိုက်ဆံထည့်လိုက်လေ .. ခရီးဆုံးသွားရင် ဒီပို့ဇစ်ကို ပြန်အမ်းလိမ့်မယ် ”
မင်းမင်း နှုတ်သွက်လျှာသွက်နှင့် ရှင်းပြလိုက်တော့ thank you လို့ပြောပြီး လက်ထဲကိုင်ထားသည့် ပိုက်ဆံကို စက်ထဲထည့်သည်။ ကြည့်ရတာ ဒီအဆင့်မှာ သူမက မသေချာလို့ အနားမှာရှိတဲ့သူကို လှမ်းမေးတာ ဖြစ်ရမည်။ ဝတ်ကောင်းစားလှ ဝတ်လာပြီးမှ ဘာဖြစ်လို့ အမ်အာတီနှင့် သွားလဲ မသိဟု မင်းမင်း အတွေးခန်းဝင်မိသည်။ တက်စီပဲ မရလို့လား ဘာလားတော့မသိ။
မင်းမင်း ကိုယ့်အတွေးနဲ့ကိုယ် မျှောသွားသဖြင့် ဖူးသစ်စုက သူ့ကို ပုခုံးနှင့်တိုက်မှ သူမကို ပြန်လှည့်ကြည့်ဖြစ်သည်။ ဖူးသစ်စုက ဘာမှ မပြောပဲ သူ့ကို ပြုံးစိစိနှင့် ကြည့်နေသည်။ ပြီးတော့ နှာဘူးကျသည်ဆိုသည့်အထာနှင့် သူမနှာခေါင်းကို လက်ညိုးလေးနှင့်ပွတ်ကာ ပြောင်ပြသည်။ ပြောင်စပ်စပ် မျက်နှာပေးကြောင့် နဖူးကို ထုမယ်ဆိုပြီး လက်ရွယ်လိုက်သောအခါ အဖြူမလေး နေရာရွှေ့သွားပြီ ဖြစ်သည့် စက်ရှေ့ကို ဖြတ်ခနဲ တိုးသွားသည်။ အဖြူမလေးက မင်းမင်းတို့နှစ်ယောက် အပြုအမူကို မြင်ပြီး တစ်ချက်ပြုံးကာ ပြရင်း အနားက ဖြတ်လျှောက်သွားသည်။ ဆွဲဆောင်မှုရှိသည့် အပြုံးကြောင့် မင်းမင်း ဖူးသစ်စုနားကို ချက်ချင်း ကပ်မသွားနိုင်ပဲ သူမကို လိုက်ငေးကြည့်နေမိသေးသည်။
“ကိုကိုကတော့ ဘူးတယ်ကွာ … ကောင်မလေးတွေ တွေ့တိုင်း ငေးနေတော့တာပဲ ..”
“အာ .. စုကလည်း .. ကောင်မလေးတိုင်းတော့ မဟုတ်ပါဘူး .. အဲဒီတစ်ယောက်က တော်တော်မိုက်လို့ပါ ဟ ..”
“ဒါနဲ့ စိတ်ထဲမှာ ဘာလိုလို ညာလိုလို ဖြစ်ချင်သွားတယ်ပေါ့ …”
“အဲဒီလိုမျိုးကြီးတော့ မဟုတ်ပါဘူးကွာ .. စုကလည်း …”
မင်းမင်း စိတ်ထဲမှာ ဘုရားတရင်း ဖူးသစ်စုကို ရှင်းပြရသည်။ ဖူးသစ်စု သူ့ကို ထဲထဲဝင်ဝင် သံယောဇဉ်ရှိမှန်းသိလို့ သူတွေးနေသည့် အတွေးတွေသာ ပြောပြလိုက်လျှင် နေရာမှာတင် ထသတ်မှာ သေချာသည်။ မိန်းကလေးဆိုတာ အူတိုတတ်သည့်အမျိုး မဟုတ်လား။ သို့ပေမယ့် အတူတူ escalator မှ ဆင်းလာသည့်အချိန်တွင် ဖူးသစ်စုက သူထင်မှတ်မထားသည့် စကားတစ်ခွန်းကို ဆိုသည်။
“အင်းနော် .. မိုက်တာတော့ တော်တော်မိုက်တယ် .. စုသာ ယောကျ်ာလေးဆိုလည်း ငမ်းမိမှာပါပဲ …”
ဖူးသစ်စု၏ အမူအယာနှင့် စကားပြောပုံက တမျိုးဖြစ်နေပေမယ့် မင်းမင်း သေချာ မဆန်းစစ်မိပါ။ အမ်အာတီတံခါးက ပိတ်ခါနီး “တီတီ” နှင့် မြည်နေပြီ ဖြစ်လို့ ကမန်းကတမ်း သူမလက်ကို ဆွဲကာ အထဲကို ဝင်လိုက်သည်။ ရထားကလည်း သူတို့ကို စောင့်နေသည့်အလား မင်းမင်းတို့ အထဲရောက်သည်နှင့် တံခါးပိတ်သွားသည်။ သူတို့ဝင်လိုက်သည့် တွဲက နောက်ဘက်ကျသည့် တွဲတစ်ခုဖြစ်လို့ အနည်းငယ်လူရှင်းနေသည်။ သို့သော် ထုံးစံအတိုင်း ထိုင်စရာခုံကတော့ လူအပြည့်နှင့်ပင်။ မင်းမင်း ဖူးသစ်စုလက်ကို ဆွဲ၍ တွဲတစ်ခုနှင့် တစ်ခု ဆက်ထားသည့် ချောင်လေးသို့ လျှောက်လာခဲ့သည်။ မင်းမင်းက ရထားကိုယ်ထည်ကို မှီကာထားချိန်တွင် ဖူးသစ်စုက သူရင်ခွင်ထဲ ရောက်လာသည်။ ဒါက သူတို့နှစ်ဦး အမြဲရထားစီးနေကြ ပုံစံ။ တစ်ခါတစ်ခါ ရှောပင်းမောထဲမှ escalator စီးလျှင် သူတို့နှစ်ဦးက lovebirds လို့ ဆိုထားသည့်အတိုင်း တစ်ဦးမျက်နှာကို တစ်ဦးကြည့်ရင်း လိုက်လာတတ်ကြသည်။ ဘယ်အချိန်တော့ သူတို့နှစ်ဦးအကြောင်းက stomp ထဲပါလာမည် မသိ။ မင်းမင်းတို့နှစ်ယောက်ကတော့ အပြင်ထွက်လျှင် ဒါမျိုးလေးတွေ လုပ်တတ်သည်။
မင်းမင်း ဖူးသစ်စု၏ မျက်ဝန်းစိုစိုလေးတွေကို ငေးကာကြည့်နေစဉ် သူ့မျက်ဝန်းထောင့်တွင် အရိပ်တစ်ခုကို တွေ့လိုက်ရသည်။ မင်းမင်း အကြည့် အပြောင်းအလွဲကြောင့် ဖူးသစ်စုက ခေါင်းကလေးစောင်းကာ လိုက်ကြည့်သည်။ သူတို့ တွေ့လိုက်သည်က အစောက အဖြူမလေးသည် တိုက်တိုက်ဆိုင်ဆိုင် မင်းမင်းတို့စီးလာသည့် ရထားတွဲထဲတွင် ပါလာသည်။ မင်းမင်းနှင့် ဖူးသစ်စုက ရထားတံခါးဘက်ခြမ်းကို ကပ်ကာရပ်နေပြီး သူမက တံခါးဘက်ကို မျက်နှာမူကာ ရှိနေသဖြင့် သူတို့နှစ်ဦး လှမ်းအကြည့်တွင် သူမကလည်း ပြန်ကြည့်နေတာ တွေ့ရသည်။ အဖြူတွေ၏ ထုံးစံအတိုင်း (စတယ်ကြီးနှင့်မဟုတ်ပဲ) မင်းမင်းတို့ကို တွေ့သွားသည်တွင် မှတ်မိသည့် သဘောနှင့် ပြုံးပြသည်။ ဖူးသစ်စုတော့ မသိပေမယ့် မင်းမင်းကတော့ အလိုအလျောက် ပြန်ပြုံးပြဖြစ်သွားသည်။
“ကိုကိုနဲ့များ ရေစက်လား မသိဘူး .. ပြန်တွေ့ပြန်ပြီ …လှမ်းတောင် အထာပေးနေသေးတယ်”
“ဟာ .. စုကလည်း .. ဒါပဲစနေတယ် …ကိုကိုက စုလိုမျိုး ဆံပင်ရွှေရောင်လေးနဲ့မို့ပါကွာ …”
မင်းမင်း စကားကို ဘယ်လိုသဘောပေါက်လဲတော့ မသိ၊ ဖူးသစ်စု သူ့ဘက်ကို လှည့်ထားရာမှ ကိုယ်ကိုကျောခိုင်းကာ အဖြူမလေးဘက်ကို လှည့်သည်။ မင်းမင်းလက်က နဂိုကတည်းက သူမခါးကို ပွေ့ဖက်ထားသည့်မို့ အခုလိုအနေအထားတွင် သူမ ဆီးစပ်အထက်နားကို ရောက်နေသည်။ ဖူးသစ်စုက သူ့ကိုမှီထားသဖြင့် သူမ၏ တင်းအိသည့်တင်လုံးလုံးလေးတွေက သူနှင့်လာထိနေသည်။
“ချောတာတော့ တော်တော်ချောတယ်နော် .. ကိုကို .. အဖြူတွေမှာ တွေ့တဲ့ အစက်အပျောက်တွေတောင် မတွေ့ဘူး ..”
“အင်း …”
ဖူးသစ်စု ဘာသဘောနှင့် ပြောနေမှန်း မသိလို့ မင်းမင်း ဟုတ်မှန်ကြောင်း “အင်း” ပဲ လိုက်သည်။ မျက်စိကတော့ ဖူးသစ်စု နည်းတူ အဖြူမလေးကို စိုက်ကြည့်နေမိသည်။ သူမအကြောင်းကို ပြောနေကြမှန်း သိလို့လားတော့မသိ။ မင်းမင်းတို့အတွဲကို အဖြူမလေးကလည်း ပြန်ကြည့်နေသည်။
“ကိုကို ဒါမျိုးလေးတွေ့တော့ စိတ်မဝင်စားဘူးလား .. ”
“အမ် …”
“စုက အကောင်းပြောတာပါ … ယောက်ျားလေးတွေမှာ ဖန်တစီ ရှိတတ်ကြတာ စု သိနေတာပဲကို …”
မင်းမင်း ဘာပြောရမှန်းမသိဖြစ်သည်။ ဖူးသစ်စု စကားက သူ့ရင်ကို တိုက်ရိုက်ထိသည်။ ချစ်သူချင်းမို့ ဖူးသစ်စုကို သူ့အကြောင်း တော်တော်များများကို ပြောပြဖူးသော်လည်း အတိတ်က တချို့သော အကြောင်းအရာများကို သူမအား မပြောဖြစ်ခဲ့သေးပေ။ မင်မင်း မျက်လုံးတွေက အနည်းငယ် ရီဝေသွားသလို ဖြစ်ပြီး လုပ်မိလုပ်ရာအဖြစ် ဖူးသစ်စုကို တိုးလို့ ပွေ့ထားမိ၏။ ထိုရောအခါ သူမနောက်ပိုင်းနှင့် သူ့ရှေ့ပိုင်းက ထိကပ်မှုက ပိုပြင်းလာသည်။
“ကိုကိုပြောတာ ဟုတ်တယ် … သူ့ဆံပင်ကျနေပုံက စုနဲ့ တစ်ပုံစံထဲပဲ .. စုကို နောက်ကကြည့်လည်း သူနဲ့ ဆင်တင်ယိုးမှား ဖြစ်မှာ …”
မင်းမင်း “ဟိုက်” ခနဲ မအော်မိအောင် သတိထားလိုက်ရ၏။ ဖူးသစ်စု မပြောခင်ကတည်းက သူ့စိတ်ကူးထဲတွင် ဟိုလိုလို ဒီလိုလို ဖြစ်နေရာ အခုကြတော့ ဟိုလိုလို ဒီလိုလိုကနေ ဘာလိုလို ညာလိုလို အဆင့်ထိ ဖြစ်လာ၏။ သူ့အခြေအနေကို ပိုဆိုးရွားစေသည်က သူတို့နှစ်ဦး ရပ်နေကြနေရာက တွဲကြားမို့ သွားနေသည့်အရှိန်နှင့် MRT က လှုပ်နေသလိုမျိုး ဖြစ်နေရာ၊ သူတို့နှစ်ဦး၏ အနေအထားကြောင့် ဖူးသစ်စု၏ နောက်ပိုင်းက သူ့ရှေ့ပိုင်းအား (တမင်တကာပဲလားမသိ) ပွတ်ကာပေးနေသလို ဖြစ်သည်။
“ကိုကို ရထားပေါ်မှာနော် .. စိတ်လည်းထိန်းဦး ..”
ဖူးသစ်စုက စသလို၊ နောက်သလိုနှင့် ခေါင်းကလေးစောင်း၍ လှမ်းပြောသော်လည်း တင်အလှုပ်ကိုတော့ မရပ်ပေ။ မသိမသာလေး ဆက်လှုပ်ပေးနေသေးသည်။ မျက်လုံးနှစ်ဖက် ဖွင့်ကာထားသည့်ကြားမှ မင်းမင်းအတွေးတွေက ဟိုလိုလို ဒီလိုလို ဖြစ်လာသည်။ Somerset MRT ရောက်တော့ အဖြူမလေး ရထားပေါ်မှ ဆင်းသွားသည်။ မဆင်းခင် မင်းမင်းတို့ဘက်ကို တစ်ချက်လှည့်ကြည့်ကာ ပြုံးပြသွားသေးသည်။ ဘာကြောင့် ပြုံးသွားသည်ဆိုတာကို analyze မလုပ်နိုင်သေးပဲ “ရောက်တော့မှာနော်” ဆိုသည့် ဖူးသစ်စု၏ သတိပေးချက်ကြောင့် မာတောင်တက်လာသော သူ့ကောင်ကို ပြန်စိတ်လျှော့ကာ ထိန်းရသည်။ မလျှော့လို့လည်း မဖြစ် ခဏနေလျှင် စီတီးဟောရောက်လို့ သူတို့ဆင်းရတော့မှာ ဖြစ်သည်။ ဖူးသစ်စုကလည်း အဖြူမလေး ဆင်းသွားသည်နှင့် သူ့ကိုကျောပေးထားရာမှ ခွကာ ပြန်မျက်နှာမူလာသည်။
“ဘယ်လိုလဲ ကိုကို .. ဖီးလ်တွေ တော်တော်တက်သွားတာလား … ဟီး .. ဟီး ..”
“မသိဘူးကွာ .. စုက လျှောက်ပြောနေတော့ နဲနဲတော့ ထူပူသွားတာပဲ …”
“သိသား ..ကိုကိုကသာ လိမ်ချင်လိမ်မယ် ..ကိုကို့ညီလေးက လိမ်မှမလိမ်တတ်တာ ..”
“တော်ပြီ တော်ပြီ …တော့ပစ်ပြောင်းတာပဲကောင်းမယ် ထင်တယ် … ဟီး .. ဟီး …”
ဖူးသစ်စု ဘာမှဆက်မပြောပဲ ရယ်နေ၏။ လှတဲ့သူများ ရယ်လျှင် ပို၍ လှသဖြင့် မင်းမင်း ငေးသာကြည့်နေရသည်။ ငါ့မှာ ဒီလောက်လှတဲ့ ချစ်သူလေး ရှိတာတောင် တခြားသူ စိတ်ကူးယဉ်နေမိသေးတယ်ဟုလည်း ဘဝင်မကျ ဖြစ်နေမိတော့သည်။
မင်းမင်းတို့ စီတီးဟောကနေ ပင်နီဆူလာပလာဇာဘက် ကူးတော့ ခါတိုင်းလိုပဲ မြန်မာပီပီ လမ်းမကြီးကို ဖြတ်ကူးလာခဲ့ကြသည်။ အမှန်ဆို မီးပွိုင့်ထိ လမ်းလျှောက်သွားပြီးမှ လူကူးမီးစိမ်းစောင့်ကာ ကူးဖို့ကောင်းသော်လည်း ထိုမီးစိမ်းဖို့ကိုက တော်တော်ကြာကြာ စောင့်ရလို့ နှစ်ယောက်သား လက်ဆွဲကာ ပြေးကြခြင်းဖြစ်သည်။ မသိလျှင်တော့ မင်းသားနှင့် မင်းသမီး လက်ဆွဲပြီး လမ်းမကြီးကို ဖြတ်ပြေးတာလို့တောင် ထင်နေရဦးမည်။ ဒါမျိုးဆိုတာ တကယ်တမ်း ပြောရလျှင် တရားမဝင်ဟု ဆိုရမည် ဖြစ်သော်လည်း ဒီနေရာမှာက လူတိုင်းက ဒီလိုမျိုး ကူးနေကြသဖြင့် အစဉ်အလာလိုတောင် ဖြစ်နေသေး၏။ ပြသနာက လမ်းကူးတုန်းက မတက်ပဲ ဟိုဘက်ခြမ်းရောက်မှ တက်သည်ဟု ဆိုရပေမည်။
နှစ်ယောက်သား အပြင်ဘက်တန်းက လျှောက်လာရင်း ဆိုင်တစ်ဆိုင်ရှေ့ရောက်တော့ ဖူးသစ်စုက သူ့လက်ကို အသာဆွဲသည်။ တိုးတိုးတိုးတိုးနှင့် သူ့နားနားကပ်ကာ
“ကိုကို ဝင်ကြည့်ရအောင် .. ”
မင်းမင်း မျက်လုံးပြူးသွားသည်။ မချောက ဆက်စ်ရှော့ ဆိုသည့် ဆိုင်ထဲ ဝင်ကြည့်ချင်သည်တဲ့။ သူမမျက်နှာကို ပြန်ကြည့်တော့ ရုပ်တည်နှင့် သူ့ကို ပြန်ကြည့်နေသည်။
“စု တကယ်ပြောနေတာလား … ဒီမှာက ဗမာတွေ အများကြီးကို ရှက်စရာကြီး …”
“အို ..ကိုကိုပါတာပဲကို … မသိဘူးကွာ … ကြည့်ချင်တယ် .. လိုက်ပို့ ..”
ဟိုက်.. သောက်ခွ။ မင်းမင်း ဘာလုပ်ရမှန်း မသိ။ ဖူးသစ်စုကလည်း သူ့လက်မောင်းဆွဲကာ တလှုပ်လှုပ်နှင့် ဖြစ်နေသည်။ ကြည့်ရတာ နောက်နေတာမဟုတ်။
“ဒီနေရာမှ မလုပ်နဲ့လေ .. စု .. တခြားမှာ ရှိတာပဲ ..ကိုကို လိုက်ပို့ပေးမယ် .. အခုဟာက မုန့်ဟင်းခါး ချက်ရဦးမယ်လေ …”
“တကယ်နော် .. မညာရဘူး …”
“အေးပါ .. ဘယ်လိုတွေ ဖြစ်နေတာလဲ .. တခါထဲ … အိမ်လိုက်လာမှ တွေ့မယ် …”
“အမယ် .. စုက ကိုကို့လို ဟန်မဆောင်တတ်ဘူး .. စိတ်ထဲရှိတာပြောတာ .. သူသာ ဟိုအဖြူမလေးကို သဘောကျရင် ကျတယ်ဆိုတာ မပြောပဲ စိတ်ကူးယဉ်နေပြီးတော့များ …”
ဗုဒ္ဓေါ …တော့ပစ်က ဒီဘက်ကို ပြန်ရောက်လာသဖြင့် မင်းမင်း ပါးစပ်ပိတ်ပြီး အထဲကို အတင်းဆွဲခေါ်လာရသည်။ ဖူးသစ်စု ပေစောင်းစောင်းနှင့် သူ့ဘေးကနေ ပါလာသည်။ မင်းမင်း သုံးထပ်ထိ ဆွဲခေါ်လာခဲ့ပြီး မုန့်ဟင်းခါး ဝယ်ဖို့ ပစ္စည်းတွေကို ရွေးတော့မှ ဖူးသစ်စု ပုံမှန်အတိုင်း ပြန်ဖြစ်သည်။ လိုအပ်တာတွေ ဝယ်ပြီးနောက် သူတို့တွေ အချိန်ဆိုင်းမနေတော့ပဲ မင်းမင်း အိမ်ကိုပဲ တောက်လျှောက် ပြန်လာခဲ့ကြသည်။ အပြန်လမ်းတွင်တော့ ရထားတွဲထဲတွင် လူများပေမယ့် မင်းမင်း တခြားကို မကြည့်တော့ပါ။ ဖူးသစ်စု၏ သဘောက ဘာမှန်းမသိလို့ သူ နောက်ထပ် အရစ်ခံရတာမျိုး၊ စိတ်ကောက်သွားတာမျိုးလည်း အဖြစ်မခံနိုင်ပေ။ အိမ်လိုက်လာသည့် ဇာတ်လမ်း၏ အဆုံးသတ်၌ မင်းမင်းအတွက် မုန့်ဟင်းခါးအပြင် အခြား စိတ်ဝင်စားစရာလည်း ရှိပါသေးသည်။