ရေခြားမြေခြား သူ့ဘဝ (အပိုင်း ၁)

ရေခြားမြေခြား သူ့ဘဝ (အပိုင်း ၁)
ရေးသားသူ – Nat Thar

(အချစ်တက္ကသိုလ်တွင် ရေးသားသည်)

မင်းမင်း NTU မှ ဘွဲ့လွန်ရပြီးပြီးချင်း ပထမဆုံး လုပ်မိတာက R.E (Resident Engineer) လျှောက်ခြင်းသာလျှင် ဖြစ်ပါသည်။ ဒီနေရာတွင် R.E ဆိုတာ ဘာလဲဆိုတာတော့ သိအောင်ပြောမှ မင်းမင်း ဘာဖြစ်လို့ လျှောက်ရတာလဲဆိုတာ သိပေလိမ့်မည်။ စင်္ကာပူနိုင်ငံ၏ Construction လောကတွင် R.E တွေကို ကျီးကန်းလိုအာတတ်သည့် အီးဗောလောကောင်တွေဆိုပြီး ကန်ထရိုက်တာတွေက နောက်ပြောင်ပြီး နာမည်ပေးထားသည်။ အမှန်ကတော့ R.E ဆိုသည်မှာ Building Construction Authority (BCA) လို့ခေါ်သည့် ဆောက်လုပ်ရေး အာဏာပိုင် အဖွဲ့အစည်း၏ တရားဝန်ခန့်အပ်ထားခြင်း ခံရသည့် ဆိုက်တစ်ခုကို ထိန်းသိမ်းရသော အင်ဂျီနီယာပင် ဖြစ်ပါသည်။ ကန်ထရိုက်တာတွေ ကိုယ်လုပ်ချင်တဲ့အတိုင်း မလုပ်ရအောင်၊ တင်ပြထားသည့် ဒီဇိုင်းအတိုင်း အတိအကျ ဆောက်လုပ်ရအောင် စစ်ဆေးပေးရသည့် တာဝန်မှာ R.E တွေ၏ အဓိက တာဝန် ဖြစ်လေသည်။

ဒီလောက်ဆို မင်းမင်း ဘာဖြစ်လို့ R.E လက်မှတ်ရအောင် လျှောက်ရသလဲဆိုသည့် အကြောင်းရင်းကို အနည်းငယ်တော့ ရိပ်မိမည် ထင်ပါသည်။ သဘောကတော့ Construction Site တစ်ခုတွင် R.E တွေသည် ဘုရင်တစ်ဆူပင် နေလို့ရသည်။ ကန်ထရိုက်တာတွေက ကြောက်ကြသည်။ R.E မသိပဲ ဘာမှမလုပ်ရဲ။ တစ်ချက်မှားလို့ R.E က တစ်ခုခုပြောလိုက်လျင် သူတို့ ခံစားသွားရမည်။ ထို့အတွက်ကြောင့် R.E တွေကို ပသထားရသည်။ ဒီအချက်ကို စလုံးက Civil Engineer တော်တော်များများ သိကြပါသည်။ ထို့ကြောင့်လည်း အနေချောင်ပြီး လစာလည်း ကောင်းသည့် ဒီအလုပ်ကို လုပ်ချင်သူတွေ အတော်များသည်။

မင်းမင်းလည်း ထိုသူများထဲတွင် အပါအဝင် ဖြစ်သည်။ တစ်ခုတော့ ရှိသည်။ R.E လက်မှတ်က ထင်သလောက်တော့ မလွယ်ပါ။ သူ့မှာ သတ်မှတ်ချက်တွေ၊ စည်းကမ်းချက်တွေ ရှိသဖြင့် အင်ဂျီနီယာဖြစ်တိုင်း ရသည်တော့ မဟုတ်။ မင်းမင်းလို ဆောက်လုပ်ရေးအတွေ့အကြုံ မြန်မာပြည်မှာ များခဲ့သူတောင် ရောက်ခါစ ဘယ်လိုမှ လျှောက်လို့မရ။ အဲဒါကြောင့် အခုလုပ်နေသည့် Multi-international Design Company ကြီးတစ်ခုတွင် ဝင်လုပ်ရင်း NTU မှာ ဘွဲ့လွန် တက်ခဲ့ရသည်။ အခုတော့ သူမျှော်လင့် စောင့်စားနေသည့် အချိန်ကို ရောက်လာခဲ့လေပြီ။

Assistant Director အခန်းထဲကို R.E Application form လေးကိုင်ပြီး လက်မှတ်ထိုးခိုင်းဖို့ သွားတော့ ဆရာကြီးက ဒရောရင် (Drawing) တစ်ခုကို စစ်နေရာမှ သူ့မျက်မှန်ကို လှန်ကာကြည့်သည်။ မင်းမင်းလက်ထဲမှ အေဖိုးစာရွက်လေးကို မြင်တော့ ..

“အလုပ်ထွက်မလို့လား”

“နိုး နိုး”

ဆိုပြီး မင်းမင်း လက်ကာပြပြီး အရင်ငြင်းရသည်။ ဒီလိုမျိုးစာရွက်လေးတွေ လာပေးတိုင်း နှုတ်ထွက်ကြတာက များနေပြီမို့ ကိုယ့်ဆရာက လန့်နေသည် ထင်သည်။ မဟုတ်ဘူးဆိုတော့မှ မင်းမင်း လက်ထဲက စာရွက်ကို ယူကာ ကြည့်သည်။

“အိုး … မာစတာဘွဲ့ရပြီပဲ .. ကောင်းတယ် !!!”

တခြား ဝန်ထမ်းတွေနှင့် မတည့်သော်လည်း မင်းမင်းနှင့် အလွမ်းသင့်သည်မို့ ဆရာကြီးက သူ့ကို ထိုင်ရာမှထကာ လက်ဆွဲနှုတ်ဆက်ရင်း ကွန်ကရက်လုပ်သည်။ ပြီးတော့မှ မင်းမင်းလက်ထဲက စာရွက်တွေကို ယူထားလိုက်သည်။ သူလက်မှတ်ထိုးပေးမည်ဆိုတော့ သဘော။ မင်းမင်း ကိစ္စပြီးပြီမို့ ပြန်ဖို့ပြင်သည်။ ဆရာကြီးသည် အင်မတန်မှ အလုပ်များသည်ဆိုတာသိလို့ သိပ်မနှောင့်ယှက်ချင်။ အပေါက်ဝနားရောက်တော့ သူ့နောက်ကနေ “မင်း” ဆိုပြီး ခေါ်သံကြားသည်။ မင်းမင်း လှည့်ကြည့်တော့ ..

“ဒါနဲ့နေပါဦး .. ဒါရပြီးတော့ ဘာလုပ်မှာလဲ .. အလုပ်ထွက်ဖို့တော့ မဟုတ်ပါဘူးနော်?”

ထိုအချိန်က မင်းမင်း “ဟီး” ဆိုပြီးသာ သွားဖြဲပြခဲ့ပါသည်။

*** *** ***

နောက်နှစ်လခန့်ကြာသော် …

Random Image

မင်းမင်း အလုပ်ထွက်မည်ဆိုသည့် သတင်းကြားတော့ ပထမဆုံး မျက်နှာပျက်သူက သူ့အောက်တွင် လက်ထောက်ဒီဇိုင်းအင်ဂျီနီယာအဖြစ် လုပ်နေသူ ဗလချိုက်မလေး ယိုယို ဖြစ်သည်။ မင်းမင်း ရှိရာ စားပွဲသို့ လျှောက်လာပြီး ပထမဆုံး သူ့ကို လွယ်ထားသည့် စလင်းဘတ်အိတ်နဲ့ လာရိုက်သည်။ မင်းမင်း မသိချင်ယောင်ဆောင်ကာ တွက်နေသည့် ဒီဇိုင်းတစ်ခုကို ဆက်ကြည့်နေသည်။ ဒီတော့ ဘေးက သူ့ထိုင်ခုံကို သွားဆွဲလာပြီး သူ့နားလာထိုင်သည်။ ဒီအချိန်ထိလည်း မင်းမင်း ရယ်ချင်စိတ်ကို ထိန်းကာ မသိချင်ယောင်ဆောင်ထားသည်။ သေချာလှည့်မကြည့်သေး။ ဒီတော့ မချောက တမင်တကာပင် ရှေ့က စားပွဲပေါ်ကို မေးတင် လက်ထောက်က သူ့မျက်နှာကို ဘလိုင်းကြီး လာကြည့်သည်။ မင်းမင်း မနေနိုင်တော့လို့ “ဟား ဟား” ဟု ရယ်ကာ စလုံးထုံးစံအတိုင်း ဝှပ်စ်အပ်လို့ နှုတ်ဆက်တော့ မျက်နှာငယ်လေးနှင့် ကြည့်မြဲကြည့်ပြီး ..

“မင်း .. နင်အလုပ်ထွက်မယ်ဆိုတာ တကယ်လား?”

ကောင်မလေး၏ ပုံစံက တကယ့်ခံစားချက်လေးနှင့်မို့ မင်းမင်း သနားသွားသည်။ မနောက်ရက်တော့။ ယိုယိုနှင့် သူသည် ပြောရလျင် ဂျပ်စတင်တင်ဘာလိတ်နှင့် မီလာကွန်နစ်လိုပင်။ သိတယ်မှတ်လား … ဖရန့်ဝတ် ဘနီဖစ် လေ …။ လက်ရှိ ကုမ္ပဏီတွင် မင်းမင်း ရာထူးက ဒီဇိုင်းအင်ဂျီနီယာ ဖြစ်ပြီး သူ့အောက်တွင် လက်ထောက်ဒီဇိုင်းအင်ဂျီနီယာ နှစ်ယောက်နှင့် ဒရပ်ဖ်တာ (Drafter) သုံးယောက်ရှိသည်။ ယိုယိုသည် မင်းမင်း ဒီကုမ္ပဏီရောက်ပြီးမှ ရောက်လာသည့် အင်ဂျင်နီယာမလေးဖြစ်သည်။ နောက်ပြီး သူမ၏ ဒီအလုပ်သည် စင်္ကာပူတွင် ပထမဆုံး စလုပ်ဖူးသည့် အလုပ်ဖြစ်သည်။

ယိုယိုနှင့် သူ ဘာဖြစ်လို့ ငြိကြသလဲဆိုတာကို ရှင်းပြရသော် စလုံး၏ working life styleကို အနည်းငယ်တော့ ထပ်ပြောရပေမည်။ resources ဆိုလို့ natural ရော human resources ရော ဘာဆိုဘာမှ မရှိသည့် စလုံးသည် တကယ်တမ်းတော့ နိုင်ငံခြားကလာသည့် အရည်အချင်းရှိသည့် အလုပ်သမားများကို မှီခိုနေရတာဖြစ်သည်။ ဒါကို စလုံးကောင်တွေက သိသိကြီးနှင့် လက်မခံချင်ကြတာ ဖြစ်သည်။ ပြောရလျင် ဘယ်နေရာမဆို သူတို့က သိသည်၊ တတ်သည်ဆိုတာကို ပြချင်ပြီး အပေါ်စီးက နေရာယူချင်ကြတာ သူတို့အထာ ဖြစ်သည်။ foreign worker ဆို နှိမ်ချင်ကြသည်။ မင်းမင်းတို့လိုမျိုး စလုံးပါးဝနေသူတွေကတော့ ပြသနာမရှိသော်လည်း အခုမှ စလုံးစရောက်ဖူးသူတွေကတော့ အလုပ်စလုပ်လျင် တော်တော် ဒုက္ခတွေ့ရသည်။ အသစ်မှန်းသိလိုက်သည်နှင့် စလုံးကောင်တွေက လာပြီး ပညာပြတာမျိုး၊ ပရပ်ရှာပေးတာမျိုး ကြုံရတတ်သည်။ ယိုယိုလည်း ဒီထဲတွင် ပါသွားသည်။

ယိုယိုသည် ပထမတုန်းက သူ့အောက်မှာ မဟုတ်။ သူနှင့် အဆင့်တူသည် စလုံးမတစ်ယောက်၏ အောက်တွင်ဖြစ်သည်။ အဲဒီဟာမက ဘာမှဟုတ်တိပတ်တိ မတတ်သော်လည်း ဟောက်စားတော့ တတ်သည်။ ဒီတော့ သိပ်ပြီး မကျွမ်းကျင်သေးသူ၊ အလုပ်အကြောင်းကို နားမလည်သူ ယိုယိုခင်မျာ မျက်စိပျက် မျက်နှာပျက် ဖြစ်ရတာ အကြိမ်ကြိမ်။ ဒါကို မင်းမင်းက မြင်နေရ၊ တွေ့နေရသည်။ အဲဒီအချိန်တုန်းက မင်းမင်းက ကုမ္ပဏီတွင် အလုပ်လုပ်နေတာ တစ်နှစ်ကျော်ပြီမို့ ဘယ်သူက ဘာဆိုသည့် အထာတွေက နပ်နေပြီ ဖြစ်သည်။ ဒီအတိုင်းသာဆို ဒီကောင်မလေး probation သုံးလတောင် မခံနိုင်ဆိုတာ မြင်ယောင်နေသည်။ ကောင်မလေးကို သနားမိသော်လည်း စလုံးအထာအတိုင်း “it’s not my business” ဆိုပြီး မသိလိုက်မသိဖာသာ အစတုန်းက နေခဲ့သည်။ သို့ပေမယ့် တစ်ရက်တွင် ပတ်သက်စရာ အကြောင်းက သိသိကြီးနှင့် သူ့ဆီဆိုက်ဆိုက်မြိုက်မြိုက် ရောက်ကာလာသည်။

ဟိုစလုံးတရုတ်မ ကောက်ခါငင်ခါနှင့် အပျင်းဖျားကာ အမ်စီကို နှစ်ပတ်တောင် ယူလိုက်ရသည်။ ဒီတော့ စလုံး ကုမ္ပဏီတွေ၏ ထုံးစံအတိုင်း နီးရာလူကို အလုပ်တွေ ထိုးပေးရာ မင်းမင်းစားပွဲပေါ်သို့ ဖုန်းကနဲ အုန်းသီးကြွေကျသလို ပုံကျလာသည်။ ဟိုကောင်မလေး ယိုယိုနှင့်လည်း သူစတွဲပြီး အလုပ်လုပ်ရသည်။ မင်းမင်းနှင့် ယိုယို ရင်းနှီးသွားသည်။ မင်းမင်းဘက်ကတော်တော်ဟု ဆိုလို့ရပေမယ့် သူမဘက်ကာတော့ တော်တော့တော်တော် ခင်လာ၏။ တစ်ပတ်အတွင်း သူမကို မဆူမပူပဲ စိတ်ရှည်လက်ရှည် အချိန်ပေးပြီး သင်ပေး ရှင်းပြပေးသည့် မင်းမင်းကို မင်းနဲ့အတူ လုပ်ပါရစေဆိုပြီး ဖွင့်ပြောသည့် အထိတောင် ဖြစ်လာသည်။ မင်းမင်းက အားနာနာတတ်မို့ သူ စဉ်းစားပါရစေဦးဆိုပြီး ပြောတာတောင် အတင်းပဲ ဆရာကြီးကိုပြောပေးပါ ကျေးဇူးမမေ့ပါဘူးတွေ ဘာတွေ ဖြစ်ကုန်သည်။ ဟိုစလုံးမနှင့် ဘယ်လိုမှ သူမ ဆက်လုပ်လို့ ရမှာမဟုတ်ပဲ မင်းမင်းအောက်မှာသာ လုပ်ပါရစေဆိုပြီး အထပ်ထပ်အခါခါ ပြောသည်။ ဘာတတ်နိုင်မလဲ။ သူ့အောက်မှာ ဒီလောက်လုပ်ချင်နေသည့် ကောင်မချောလေးတစ်ယောက်ကို ငြင်းဆန်နိုင်ဖို့ ခွန်အား မင်းမင်းမှာ မရှိပါ။ သူ့က တစ်ဖက်သားအပေါ် စာနာသနားတတ်သည် မဟုတ်လား။ ဒီတော့ ဆရာကြီးဆီ ဒီဇိုင်းတွေ သွားပေးရင်း မင်းမင်းပြောလိုက်တော့ ဆရာကြီးက ဘာမှမပြော။ ဟိုစလုံးတရုတ်မ နေမကောင်းတုန်း ကူညီထားတာကို သိပြီး မင်းမင်း ပြောတဲ့အတိုင်း ဖြစ်စေဗျားဆိုပြီး HRကို ပြောလိုက်သည်။ စလုံးတရုတ်မ ပြန်ရောက်တော့ ယိုယိုက စားပွဲပင် ပြောင်း၍ မင်းမင်းအနား ရောက်နေပြီဖြစ်သည်။

ယိုယိုကို စလုံးမက ပညာပေးသည်မှာ နောက်ထပ် တစ်ချက်ကြောင့်လည်း ဖြစ်နိုင်ပါသည်။ ဒီဗလချိုက်မလေး ရောက်မလာခင်ထိ မင်းမင်းတို့ ဆက်ရှင်တွင် ထိုစလုံးမက စတားဖြစ်သည်။ သူမနာမည်က မီရှယ်လ်။ မင်းမင်းတို့ ကုမ္ပဏီက နာမည်ကြီး Consultant မို့ တကယ်ဆို ဝန်ထမ်းတွေ တော်တော်များပါသည်။ ခပ်ဟော့ဟော့ ကောင်မလေးတွေ၊ ဘွားတော်တွေ ရှိသော်လည်း မင်းမင်းတို့ ဆက်ရှင်တွင်တော့ အနှီ မီရှယ်လ်က စတားပင်။ သူမကို ရုံးထဲမှာ လိုက်နေသူတွေ အပုံကြီးမို့ ဒင်းကနဲနဲ မာန်တက်ချင်သည်။ မင်းမင်းတောင်မှ ရလျှင် ကြိတ်ချင်သေးသော်လည်း ဒီလိုမျိုး မြောက်ကြွမြောက်ကြွ စလုံးမတွေကို ကိုယ်ကစပြီး ပိုးရမှာ အောက်သည်ထင်၍ ဖာသိဖာသာ နေခဲ့တာ ဖြစ်သည်။

ဒီနေရာတွင် စလုံးမ စလုံးမနဲ့ ပြောလို့ စလုံးမဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို မသိသူများအတွက် အနည်းငယ် ရှင်းပြချင်ပါသည်။ စလုံးမတွေ လှသလား ချောသလားဆိုတာကိုတော့ သိပ်မပြောချင်ပါ။ တရုတ်အမျိုးအနွယ်က အများစုမို့ တရုတ်မတွေကိုသာ မြင်ယောင်ကြည့်ကြပါ။ မင်းမင်း ပြောချင်တာက ဝတ်ပုံ၊ စားပုံ ဖြစ်သည်။ တော်တော်များများ စလုံးမတွေသည် ဟော့ရှော့ဖြစ်ပြီး အသက်ကြီးကြီး ငယ်ငယ် ဝတ်ထားတာ လန်ပျံထွက်နေသည်။ ထို့ကြောင့်ပင် တိုရဲ၊ ပြတ်ရဲ၊ ဖော်ရဲလျှင် စလုံးတန်းဝင်သည်ဆိုသည့် အဆိုက စလုံး၌ ရေပန်းစားသည်။ တစ်ခုတော့ ရှိသည်။ စလုံးမတွေ ဒီလိုဝတ်တာ ရာသီဥတုကြောင့်လည်း ပါသည်ဟု အနည်းငယ်တော့ ဆိုလို့ရသည်။ စလုံးရာသီဥတုက ပူသည်။ တခြားနေရာများတွင် ရာသီဥတု သုံးမျိုးတို့၊ လေးမျိုးတို့ ရှိသော်လည်း ဒီမှာတော့ နှစ်မျိုးပဲ ရှိသည်ဟု ပြောလို့ရသည်။ နောက်တောက်တောက် ပြောရလျှင် hot and hot ဖြစ်သည်။ မိုးမရွာဘူး မဟုတ်သော်လည်း ရွာလျှင် ခဏသာဖြစ်ပြီး အမြဲတမ်း ပူနေတာကများသည်။ ဒါကြောင့်လည်း လူတွေက ပေါ့ပေါ့ပါးပါး ဝတ်ချင်တာ ဖြစ်ပေမည်။ ဘယ်လိုပဲဖြစ်ဖြစ် မီရှယ်လ်သည် ဟော့ရှော့စလုံးမ အမျိုးအစားတွင် အပါအဝင်ဖြစ်ပြီး တခါမှ ရုံးကို ဘောင်းဘီရှည်ဝတ်၍ မလာဘူးပေ။

ဒါပေမယ့် ယိုယိုရောက်လာတော့ သူမကို စိုက်ကြည့်ကြသည့် မျက်လုံးတွေက ဒါရိုက်ရှင် ပြောင်းသွားသည်။ ငယ်လည်းငယ်၊ ချောလည်းချော၊ ဝတ်တာကလည်း သူမနည်းတူ ခပ်မိုက်မိုက်ဖြစ်သည့် ယိုယိုဆီကို လမ်းကြောင်းပြောင်းကာ ရောက်လာကြသည်။ မင်းမင်း စိတ်ထင် ဒီအချက်ကြောင့်လည်း မီရှယ်လ်က ယိုယို့ကို ဘာမှ မသင်ပေးပဲ လွင့်သွားအောင် ကြံတာဖြစ်ရမည်။ အခုတော့ သူမ ထင်သလို ဖြစ်မလာပါ။ ယိုယိုက လွင့်သွားသော်လည်း တခြားကို မဟုတ်ပဲ မင်းမင်းဆီ ဖြစ်သည်။ သူ့အဖြစ်က 99 မှာ ဘီယာသွားသောက်တော့ မမှာပဲနှင့် ငါးရှည့်ခြောက်စပ်လေး လာချပေးတာနှင့်တောင် တူနေသေးသည်။

အပေါ်က အကြောင်းတွေ ဘာကြောင့် ပြောရသလဲဆိုသော် ယိုယိုကို ဘယ်လိုကောင်မလေးဆိုတာ သိစေချင်လို့ ဖြစ်သည်။ ရင်ဘယ်လောက်၊ ခါးဘယ်လောက်၊ တင်ဘယ်လောက်တွေဆိုတာက ရိုးနေပြီမို့ ယိုယိုနဲ့ မီရှယ်လ်ဇာတ်ကြောင်းကို ရှင်းပြရင်းသာ ယိုယိုဆိုတာ အမိုက်စားလေးဟု သွယ်ဝိုက်သောနည်းနှင့် ဖော်ပြခြင်းပင်။ ဘီစနစ်ရှပ်နဲ့ စကတ်တိုတိုလှလှလေးကို နေ့တိုင်း မထပ်အောင် ဝတ်ထားသည့် ယိုယိုနှင့် စားပွဲချင်းအတူကပ်ပြီး လုပ်ရသည့်အတွက် မင်းမင်း သူများတွေလို အကြံအဖန် အမ်စီ (Medical Certificate) ခွင့်တောင် နောက်ပိုင်း မယူဘူးခဲ့ပေ။ နောက်ပြီး ယိုယိုက မင်းမင်းကို သူမ ပြောခဲ့သလို ကျေးဇူးဆပ်ပါသည်။ သူမပြောသည်က ဒီအလုပ်အဆင်မပြေလို့ ထွက်ပြီး တခြား ကုမ္ပဏီမှာ သူမ အလုပ်လျှောက်နိုင်သော်လည်း မင်းမင်းတို့ ကုမ္ပဏီက အကြီးကြီးမို့ သူမက ဒီမှာ အတွေ့အကြုံ (Experience) ယူချင်သည်။ ဒါကလည်း မှန်ပါသည်။ ဒီလိုမျိုး ကုမ္ပဏီကြီးမှာ နှစ်နှစ်လောက် လုပ်လိုက်လျှင်ပင် တခြားဘယ် ကုမ္ပဏီကိုမဆို အချိန်မရွေး ဂျွိုင်း (Join) လို့ရလောက်အောင် မင်းမင်းတို့ နေရာက မိုက်သည်။ ဒီတော့ စလုံးမဆီက ကယ်သည့်အတွက်ရော သူမကို အစစအရာရာသင်ပေးသည့် အတွက်ရော သူမက ကျေးဇူးတွေလွှတ်တင်ကာ မင်းမင်းကို ကျေးဇူးဆပ်ခဲ့လေသည်။

မင်းမင်း တခါတခါ စဉ်းစားကြည့်သေးသည်။ ယိုယိုသည် ဗလချိုက်ဗားရှင်းဖြစ်သည့် စပွန်ဆာအန်ကယ်လ်ကြီးတွေ ဘာတွေများ ဖတ်ဖူးသလား မသိလို့။ မင်းမင်း အသက်အရွယ်သည် အန်ကယ်လ်ကြီး မဟုတ်ပဲ အန်ကယ်လ်လေးတောင် ခေါ်ဆိုဖို့ ပြောရခက်ခက်ပေမယ့် သူမ၏ ကျေးဇူးဆပ်ပုံက ထိုထဲက အတိုင်းပင်။

ယိုယို မင်းမင်းအောက် တရားဝင်ရောက်လာပြီး နှစ်ပတ်အကြာ တစ်ခုသော သောကြာနေ့တွင်ဖြစ်သည် ….

ထိုနေ့က မင်းမင်း သူ့ဆရာတစ်ယောက်ကိုယ်စား ပရောဂျက်တစ်ခု၏ တက်ကနီကယ်မီတင်ကို နေ့လည်ဘက်သွားရမှာ ဖြစ်သည်။ ထိုဆရာသမားဖြစ်သူက ခွင့်နှင့် မလေးပြန်သွားသဖြင့် မင်းမင်းကို လိုရမယ်ရ သွားလိုက်ပါဆိုပြီး မနက်က ဆရာကြီးက လက်မှတ်ထိုးထားသည့် R.E ဖောင်ကို ပြန်လာပေးရင်း မှာသွားသည်။ မီတင်က ညနေသုံးနာရီဆိုတော့ နေ့လည်စာ ထမင်းစားပြီး ပြန်ရောက်တော့ မင်းမင်းဟိုဟာဒီဟာလေး လုပ်ပြီး ခနနေသည်တွင် လစ်တော့မယ်ဆိုကာ ပစ္စည်းတွေသိမ်းသည်။ မင်းမင်း ကွန်ပျူတာ ပိတ်တာ မြင်တော့ ယိုယိုက ..

“မင်း .. နင်ပြန်တော့မလို့လား? ..”

“ဟုတ်တယ် .. ဘာဖြစ်လို့လဲ ?”

“ငါပါလိုက်လို့ရမလား ? ရုံးမှာနေရတာ ပျင်းလာလို့”

သောကြာနေ့လည်း ဖြစ်၊ လုပ်စရာအလုပ်ကလည်း နဲနဲပါးနေသည့် အချိန်မို့ ယိုယိုပျင်းနေသည်ဆိုတာ ဟုတ်လောက်သည်။ မင်းမင်းတို့ ကုမ္ပဏီက လုပ်စရာရှိရင်သာ သိမ်းကျုံးလုပ်ရပြီး အလုပ်မရှိရင်တော့ အေးဆေးပဲမို့ မင်းမင်း ဘာမှမပြော။ လိုက်ချင်လိုက်ခဲ့လေဆိုပြီး ခွင့်ပေးလိုက်သည်။ ကျန်သည့်သူတွေက သူတို့နှစ်ယောက် ဒီရက်ပိုင်း တအားတွဲနေသည်ဆိုတာကို သိသော်လည်း ဘယ်သူမှ ဘာမှတော့မပြော။ မင်းမင်းတို့ ထွက်လာတော့ ခပ်နောက်နောက် စလုံးကောင်တစ်ကောင်ကပဲ မျက်စိမှိတ်ကာ လက်မထောင်ပြသည်။ မင်းမင်း “မဟုတ်တာကွာ” ဆိုပြီး လက်ပြန်ကာပြရင်း ပြုံး၍သာ ရှေ့က လျှောက်သွားခဲ့သည်။

မင်းမင်းတို့ သွားရသည့် ပရောဂျက်၏ ဆိုက်က Seragoon နားမှာ ဖြစ်သည်။ မီတင်ဆို၍ နောက်မကျချင်သဖြင့် တက်စီနှင့်သာ သွားကြသည်။ ကားနောက်ခန်းတွင် အတူထိုင်တော့ အကျယ်ကြီး ဖြစ်ပါလျှက်နှင့် မင်းမင်းရော ယိုယိုပါ အလယ်လောက်တွင် ကပ်ထိုင်ပြီး ဟိုပြော ဒီပြော လိုက်လာခဲ့သည်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ဟိုအထာ ဒီအထာလေးတွေ ပြလာခဲ့သည်။

မင်းမင်းက တွက်ပြီးထွက်လာလို့ ပရောဂျက်ရောက်တော့ အံကိုက်ပင်။ သူတို့ရောက်ပြီး ငါးမိနစ်လောက် ကြာတော့ မီတင်စဖြစ်သည်။ တက်ကနီမီတင်ဆိုပေမယ့် ပရောဂျက်က ကွန်ဒိုအသေးလေးဆောက်တာ ဖြစ်သဖြင့် ထူးထူးခြားခြား မေးခွန်းတွေ ဘာမှ မရှိပါ။ ပြီးခဲ့တဲ့ မီတင်မိနစ်ထဲက အကြောင်းအရာ နှစ်ခု သုံးခုကို ပြောပြီး ဇာတ်လမ်းက ပြီးသွားသည်။ သုံးနာရီတောင် မခွဲသေး။ ယိုယိုကတော့ အလိုက်တသိနှင့် မင်းမင်းကို ရုံးပြန်ဦးမလားဟု မေးပါသည်။ မင်းမင်း မပြန်တော့ဘူးဆိုပြီး ပြောကာ သူမနှင့်အတူ ဆိုက်ထဲက ထွက်လာသည်။ တကယ်လည်း သူ မပြန်ချင်ပါ။ အခွင့်အရေးပေးလို့ ယိုယိုနှင့် အပြင်ထွက်ရမှတော့ သူလည်းပဲ သူမ သဘောတူလျှင် အေးဆေးတစ်နေရာရာတွင် ထိုင်ချင်သေးသည်သာ။ ထို့ကြောင့် နှစ်ဦးသား မထိခလုတ် ထိခလုတ်နှင့် တို့ထိတို့ထိလုပ်ရင်းနှင့် တက်စီရှာမနေတော့ပဲ သိပ်မဝေးသည့် Seragoon MRT ဘက်သို့ လျှောက်လာခဲ့ကြသည်။

စကားတပြောပြောနှင့် လျှောက်လာရင်း တစ်နေရာရောက်တော့ ယိုယိုက ဆိုင်းမဆင့် ဗုံမဆင့် လမ်းလျှောက်နေရာမှ ရပ်သည်။ မင်းမင်း ဘာဖြစ်လို့လဲဆိုပြီး လှည့်ကြည့်လိုက်တော့ ကောင်မလေးက အီစီကလီ မျက်နှာပေးနှင့် ..

“မင်း .. နင့်ကျေးဇူးကြွေးတွေကို ငါပြန်ဆပ်ရတော့မလား ? …”

ယိုယို မေးငေါ့ပြသည့်နေရာကို ကြည့်တော့ မင်းမင်း မျက်လုံးပြူးသွားသည်။ ဟိုက်!! ငါတောင် ဘာမှ လမ်းခင်းနေစရာ မလိုပါလား။ မြင်းကမလှုပ် ခုံကလှုပ်တို့၊ ယုန်ကမတိုး ပိုက်ကတိုးတို့ ဆိုတာ တယ်မှန်ပါလားဟု တွေးမိသည်။ ကြည့်လေ။ ယိုယို ပြောသည့်နေရာက အင်း တစ်ခု ဖြစ်သည်။ မင်းမင်း သေချာအောင်တော့ မေးရသည်။

“နင်တကယ်ပြောနေတာလား?”

“100% ပေါ့ .. မင်း”

ယိုယိုက လက်ဝါးလေးကို ထောင်ကာ ကျမ်းကျိန်သလို ဆိုတော့ မင်းမင်း နှစ်ခါထပ်မေးမနေတော့ပါ။ ငါးကြော်မနှိုက် ကြောင်မိုက်လို့ ဆိုထားသည် မဟုတ်လား။ ယိုယိုလက်ကို ဆွဲကာ ခြေလှမ်းကျဲကြီးတွေနှင့် လျှောက်လာခဲ့သည်။ အင်းက သိပ်အကောင်းစားကြီးတော့ မဟုတ်။ အလုပ်ဖြစ်သည့် အဆင့်လောက်ပဲ ရှိမည့်နေရာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မင်းမင်းအတွက်တော့ အခြေအနေပေးတုန်း ဆွဲရတာဆိုပြီး သိပ်ချေးမများနေပါ။ နှစ်ယောက်ခန်း တစ်ခန်း၏ ကျသင့်ငွေကို ခရက်ဒစ်ကတ်ပေးပြီး ရှင်းလိုက်သည်။ ရုံးရောက်ကတည်းက ကြိတ်ပြီး ပစ်မှားနေခဲ့သော ကောင်မချောလေးနဲ့ နွှဲရတော့မှာ ဆိုတော့ ရင်တွေဘာတွေတောင် ခုန်ချင်သလို ဖြစ်နေရာ အခန်းသော့ရမှ အရေးကြီးတာကို သတိရသည်။ 7/11 ဆိုင်များ ရှိမလားဟု မေးကြည့်တော့ ကောင်တာမှ ဘဲကြီးက နောက်လမ်းတွင် ရှိသည်ဆိုလို့ မင်းမင်း ယိုယိုကို ခနထားခဲ့ပြီး ပြေးရသေးသည်။ မင်းမင်း ပြန်ရောက်လာတော့ ယိုယိုကလည်း အထာနပ်သည် ထင်သည်။

“ဘယ်နှစ်ထုပ်တောင် ဝယ်လာတာလဲ?”

ဆိုပြီး မချိုမချဉ် မျက်နှာပေးနှင့် နောက်နေသေးသည်။ သိတယ်မှတ်လား .. မင်းမင်းသွားဝယ်တာက မြန်မာလိုပြောလျှင် “အဖော်” .. ဂျပန်လိုပြောတော့ “အိုကာမိုတို”။ ၀၀၇ မဟုတ်သည့် ၀၀၃ သာလျှင် ဖြစ်ပါတော့သည် …။ ရုပ်ရှင်တွေ ဝတ္ထုတွေထဲကလို အိပ်ခန်းဆီ သွားရာလမ်းတလျှောက် တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်ပြီး နမ်းတာတို့၊ အခန်းတံခါး ဖွင့်လိုက်တာနဲ့ ကောင်မလေးက ကောင်လေးကို ကုတင်ပေါ် တွန်းလှဲပစ်တာတို့ ဘာတို့တော့ မဖြစ်ခဲ့ပါ။ အခန်းထဲရောက်ပြီဆိုလျှင်ပဲ ယိုယိုက သူမ စလင်းဘတ်အိတ်ကို တီဗီထားထားတဲ့နားက ခုံပေါ်တင်လိုက်ပြီး

“ငါ ရေချိုးခန်း ဝင်လိုက်ဦးမယ်”

ဆိုပြီး မျက်နှာသုတ်ပုဝါ တစ်ထည်ကောက်ဆွဲပြီး ရေချိုးခန်းထဲ ဝင်သွားသည်။ ဘာပြီးလျှင် ဘာဖြစ်တော့မည်ဆိုတာ သိနေပြီမို့ မင်းမင်း ကိုယ့်အဝတ်အစားတွေကိုချွတ်ပြီး (အတွင်းခံဘောင်းဘီမပါ) မျက်နှာသုတ်ပုဝါတစ်ထည်ခါးမှာ ပတ်ပြီး ကုတင်ပေါ်က အသင့်စောင့်နေလိုက်သည်။ ခေါင်းအုံးကို ကုတင်နောက်မှီမှာ ထောင်ပြီး ခြေဆန့်လက်ဆန့်လှဲကာ အေးအေးဆေးဆေး ရေချိုးခန်းဘက်ကို ဆည်ဝက စောင့်နေတဲ့ ဗျိုင်းလိုပဲ မျှော်နေမိ၏။ သိပ်တော့ အကြာကြီး မစောင့်ရပါ။ ရေချိုးခန်းတံခါး ပွင့်သွားပြီ မင်းမင်းလိုပဲ မျက်နှာသုတ်ပုဝါ အဖြူတစ်ထည် ပတ်ထားသည့် ယိုယို ဝတ်လာခဲ့သော အဝတ်တွေကို ကိုင်ကာ ပြန်ထွက်လာသည်။ ကုတင်ပေါ်တွင် အသင့်စောင့်နေသည့် မင်းမင်းကိုတွေ့တော့ သူမ ပြုံးသည်။ business suits ကို မင်းမင်းအဝတ်တွေ ထားထားသည့် နေရာမှာပဲ ထပ်ပုံလိုက်ပြီး ကုတင်နားကို လျှောက်လာသည်။ ကုတင် ခြေရင်းနောက် ရောက်တော့ အပေါ်ကို တက်မလာသေးပဲ ခြေထောက်ကို မော်ဒယ်မလေးတွေလို ပုံစံထားကာ ရပ်သည်။

“တာ တာ”

ဆိုပြီး မလုံ့တလုံ ပတ်ထားသည့် မျက်နှာသုတ်ပုဝါစကို ရင်ပတ်ကနေ ဖြေကာ ပြသည်။ ဘရာအနက်၊ ပင်တီ အနက်လေး ကျန်နေသည့် ဗလချိုက်မလေး၏ ဆက်ဆီကျလှသည့် ပုံစံကို မင်းမင်း ခဏစိုက်ကြည့်ပြီးမှ ..

“ငါက နင့်ကို အဝတ်အထည်တွေနဲ့မှ လှတယ်ထင်တာ”

“ဟင်???”

“ငါမှားသွားတယ်”

“တကယ်???”

“အဝတ်တွေမပါလည်းပဲ နင်က လှနေတယ်လေ”

ဘာများပြောတော့မလဲဆိုပြီး ခပ်တည်တည်နှင့် နားထောင်နေသည့် ယိုယို .. ဒီစကားကြားတော့ မျက်နှာလေးပြုံးသွားကာ ကုတင်ပေါ်တက်လာသည်။ မျက်နှာသုတ်ပုဝါလေး ပတ်ထားသည့် မင်းမင်းခါးပေါ်ကို တက်လာရင်း သူမကလည်း မခေစွာ ပြန်ပြောသည်။

“မင်း .. ရုံးမှာဆိုရင် ငါက နင့်အောက်မှာ အလုပ်လုပ်ရတာ မှတ်လား?”

“အဲဒီတော့???”

“အခု ငါ နင့်အပေါ်မှာ နေလို့ရလား?”

” အိုကေ .. ရတယ် .. ငါနင့်ကို အင်ဂျတ်ပေးလုပ်တယ်”

မင်းမင်းစကားဆုံးတော့ ယိုယိုက ကျေနပ်စွာပြုံးပြီး မင်းမင်းခါးကို ခွထားရာက ကုန်း၍ နမ်းသည်။ မင်းမင်း နှုတ်ခမ်းလွှာသေးသေးလေးနဲ့ ဒီကောင်မလေးကို အားရပါးရပင် ပြန်နမ်းသည်။ လက်နှစ်ဖက်နှင့်လည်း သူမကျောပြင်တွေကို ပွတ်ပေးလိုက်၊ ဘရာလေးနဲ့ ထုတ်ထားတဲ့ ပေါက်စီအကြီးစားနှယ် ရှိတဲ့ နို့လေးတွေကို ညှစ်လိုက်နှင့် ဆော့ကာနေသည်။ ငါးမိနစ်လောက်ကြာအောင် ဖက်ရမ်းနမ်းရှုပ်ပြီးနောက် မင်းမင်းလက်က ဘရာချိတ်ကို ဆွဲဖြုတ်သည်။ အပေါ်ပိုင်း အကာအကွာမဲ့သွားပြီမို့ ယိုယို၏ နို့အုံမို့မို့လေးတွေက မင်းမင်းရင်ဘတ်နှင့် ပကတိအတိုင်း ပွတ်တိုက်လာသည်။ တစ်ချက်တစ်ချက် နှစ်ဦးသား ရင်ဘတ်က သဘာဝကြယ်သီးနှစ်လုံးကလည်း သွားသွား ထိကြသေးသည်။ မင်းမင်းရော ယိုယိုပါ အသက်ရှူမြန်လာသည်။ ယိုယိုက မင်းမင်း၏ နှုတ်ခမ်းကို နမ်းနေရာက ခွာပြီး သူမနှုတ်ခမ်းပါးလေးတွေနှင့် ဟိုတစ်ချက် ဒီတစ်ချက်နမ်းကာ အောက်ကို လျှောဆင်းသည်။ သူမ လုပ်ပါရစေဆိုပြီး ခွင့်တောင်းထားလို့ မင်းမင်း ဘာမှ ထွေထွေထူးထူး လုပ်မနေပါ။ ကိုယ်ကို ခပ်သာသာလေး လျှောမှီထားရင်း သူ့ ပီရာကာဒင် ဘောင်းဘီအနက်လေးနား ရောက်သွားသည့် ကောင်မလေးကို မပြုံးတပြုံးလေးနှင့် စိုက်ကြည့်နေလိုက်သည်။ ယိုယိုလက်က သူ့ဘောင်းဘီကြိုးကို ရောက်လာတော့ သူ အလိုက်တသိ ဖင်ကို ကြွပေးသည်။ ဘောင်းဘီကျွတ်သွားတော့ ယိုယိုက နိုးနေပြီ ဖြစ်တဲ့ သူ့အကောင်ကို ငုံ့ကြည့်သည်။ ဒါနှင့် မင်းမင်းက ..

“အဆင်ပြေလား?”

“မဆိုးပါဘူး …”

ဆိုပြီး ယိုယိုက မီလာကွန်နစ်လို ခပ်ပြုံးပြုံးလေး ပြန်ပြောသည်။ ပြီးလည်းပြီးရော ယိုယိုရဲ့နှုတ်ခမ်းသေးသေးလေးက ဟသွားပြီး မင်းမင်းရဲ့ လိင်တံထိပ်ဖူးကို လှမ်းငုံလိုက်သည်။ ယိုယို၏ နှုတ်ခမ်းလေးတွေသည် တကယ်တော့ မျက်နှာလှလှလေးနှင့် လိုက်ဖက်သည့် နှုတ်ခမ်းဖူးဖူး သေးသေးလေးတွေ ဖြစ်သည်။ ယိုယို သူ့စားပွဲနား ရောက်လာကတည်းက မင်းမင်းသည် ဒီနှုတ်ခမ်းသေးသေးလေးတွေကို တွေ့တိုင်း ဒါလေးတွေက သူ့လိင်တံကို စုပ်ပေးလျှင် ဇိမ်ကျလိုက်မည့် ဖြစ်ခြင်းဟု စိတ်ကူးအခါခါ ယဉ်ဖူးသည်။ အခုတော့ သူ၏ စိတ်ကူးယဉ်မှုသည် ဆောင်းတွင်းအိပ်မက် ဖြစ်နေယုံ သပ်သပ်မဟုတ်။ တကယ်ပင် ဖြစ်လာခဲ့ချေပြီ။

ယိုယိုက အထာတော့ နပ်သည်။ မင်းမင်းတောင် ဘာမှ ပြောစရာမလိုပဲ လိင်တံကို စံချိန်မီ မာတင်းလာသည်အထိပဲ စုပ်ပေးသည်။ မင်းမင်း လိင်တံက သူမပါးစပ်နဲ့ မဆန့်မပြဲ ဖြစ်လာသောအခါ သူမဖာသာ သူမ ပါးစပ်ထဲက ထုတ်သည်။ မင်းမင်းကို လက်ဝါးဖြန့်ပေးရင်း

“ငါ တစ်ခုခု ငှားလို့ရမလား?”

ဆိုပြီး မင်းမင်း ဝယ်လာသည့် ၀၀၃ ကို တောင်းသည်။ မင်းမင်းလည်း ခုနကတည်းက အဆင်သင့်ဖောက်ထားသည့် အထဲက တစ်ခုကို သူ့ကိုထုတ်ပေးလိုက်သည်။ ယိုယိုက အသာဆွဲဖွင့်ပြီး မင်းမင်းကောင်ထိပ်ကနေ စွပ်သည်။ မင်းမင်း ဒါကို မြင်တော့ သဘောကျစွာ ပြုံးမိသည်။ မင်းမင်း စလုံးကို သဘောကျသည့် အချက်တွေထဲတွင် ဒီအချက်လည်း ပါသည်။ ပင်ကိုယ်က မိန်းမပွေသူ မဟုတ်သော်လည်း မင်းမင်း၏ အကျင့်က သူ့ခြံထဲဝင်လာသည့် ဘယ်အကောင်မဆို လှသည် ချောသည်ဆိုလျှင်တော့ ပြန်မလွှတ်ဘူးပေ။ သူ့သဘောကက spaceship battle ဆိုသည့် ဂိမ်းဆော့သည်ဆိုလျှင် သူများလို သူ့ယာဉ်ကို ဟိုရွှေ့ဒီရွှေ့နှင့် လိုက်ပစ်နေသူ မဟုတ်။ သူ့အမြှောက်ကျည်ဆံရှေ့ တည့်တည့်ဝင်လာသူကိုသာ ကားနေအောင် ပစ်တတ်သူဖြစ်သည်။ ဒီတော့ သူ စလုံးရောက်ကတည်းက သူ့ဂွင်ထဲ ဝင်လာသည့် စော်လေးတွေနှင့်တော့ အင်တာရှေရှယ် ကြုံလျှင် ကြုံသလို လုပ်ဖူးသည်။

မင်းမင်း သဘောကျသည်က သူတို့တွေသည် ပိုမိုပွင့်လင်းလွတ်လပ်ပြီး ကာမစပ်ယှက်ဖို့တွင် လက်တွန့်နေတာတွေ ရှက်ကိုးရှက်ကိုးဖြစ်နေတာတွေ သိပ်မဖြစ်ဘူးပေ။ တက်ညီလက်ညီ ရှိလှသဖြင့် တကယ်တမ်း လုပ်ကြသည့်အခါ နှစ်ဦးစလုံး အရသာ တွေ့ကြတာ များသည်။ အခုလည်း ကြည့်လေ။ ၀၀၃ ကို ယိုယိုက သူမဖာသာ သူမ အဆင်ပြေပြေ စွပ်လိုက်သည်။ ဘာမှ ညွှန်ကြားနေစရာမလို။ တဆက်တည်း မင်းမင်းအကောင်ကို အကာစွပ်ပြီးသည်နှင့် သူမ၏ ပင်တီကို လက်နှစ်ဖက်နှင့် တွန်းကာချွတ်သည်။ ညီညီညာညာညှပ်ထားသည့် အမွှေးလေးတွေကိုတွေ့တော့ မင်းမင်း သဘောကျသွားသည်။ သူ ကံကောင်းသည်လို့ကိုယ့်ဖာသာကိုယ်တွေးသည်။ သန့်သန့်ရှင်းရှင်း နုနုနယ်နယ်နှင့် ချစ်စရာကောင်းသည့် အဖုတ်လေး ဖြစ်နေလို့။ ဒါမျိုးဆိုလျှင်တော့ နောက် အေးအေးဆေးဆေး တစ်ချိန်ကြလျှင် ဂျာပေးဦးမည်ဟု မင်းမင်းတေးကာ မှတ်ထားလိုက်သည်။

ဒါကလည်း သူ့မှာ အကြောင်းရှိသည်။ အသားဖြူဖြူနှင့် ကိုယ်လုံးကိုယ်ပေါက်၊ မျက်နှာပေးက လှသည့် တရုတ်မတွေဆိုပြီး စွတ်အထင်မကြီးနှင့်၊ တချို့ဟာမတွေသည် စောက်မွှေးရိတ်ဖို့ နေနေသာသာ ဂျိုင်းမွေးတောင် ဘုတ်သိုက်ပေါက်နေတာ မင်းမင်း ကြုံဖူးသည်။ အဲဒါမျိုးကတော့ ဂျာဖို့ နေနေသာသာ အဖုတ်ဝတောင် သူက သေချာကြည့်သူမဟုတ်။ ယိုယိုဟာလေးကတော့ ရှင်းလင်းစွာ သန့်နေသည်။

ယိုယိုက ပေါင်တစ်ချောင်းကိုထောင် ပေါင်တစ်ချောင်းကို စင်းထားပြီး ခပ်ကွကွ အနေအထားနှင့် လိင်တံထိပ်ကို သူမအဝနှင့် တေ့သည်။ ချက်ချင်း မသွင်းသေးပဲ ထိပ်ကို ဖိကြည့်လိုက် ပြန်ထုတ်လိုက်နှင့် အဆင်ပြေအောင် လေးငါးခါလောက် လုပ်သည်။ မင်းမင်း ဘာမှ မလုပ်သေးပဲ သူ့ကောင်ထိပ်နှင့် ပွတ်တိုက်နေသည့် သူမ အဖုတ်အ၀ ပန်းရောင်လေးကိုသာ သေချာကြည့်သည်။ ကြွက်နားရွက်လို အဖတ်လေးနှစ်ခုက ကွဲကွဲသွားပြီး ထိပ်က ပြူတစ်ပြူတစ် ဖြစ်နေသည့် မြင်ကွင်းက သူ့စိတ်ကို တက်ကြွစေသည်။ ဒီလိုမျိုး ပစ္စည်းကောင်းလေး မြင်တော့ မင်းမင်း နေရင်းထိုင်ရင်း စိတ်ကူးတစ်ခုတောင် ပေါက်သည်။ အမှတ်တရ ဖုန်းနဲ့ ဓါတ်ပုံရိုက်ထားပြီး အချစ်တက္ကသိုလ်မှာ တင်လျှင်ကောင်းမလားလို့။ နောက်တော့မှ မဖြစ်သေးပါဘူးဆိုပြီး သူ ကုလားထိုင်ပေါ်တင်ထားခဲ့သည့် ဖုန်းကိုလှမ်းယူဖို့ စိတ်ကူးကို ဖျက်လိုက်သည်။ တော်ကြာနေ ဗမာဖြစ်မှန်း သင်္ကေတမပါလို့ ဆိုကာ ကထိက ဇော်ရဲဆိုသည့် ငဖျက်ကြီးနှင့် တွေ့လျှင် သူ့ဟာက စတိုခန်းထဲ ရောက်သွားဦးမည်။ ထားလိုက်ပါတော့ဆိုပြီး နေလိုက်သည်။ မင်းမင်း ငေးကြည့်နေသည့် အခိုက် ယိုယို၏ အဝလေးက သူ့ထိပ်ကို အပ်ကျမတ်ကျ ငုံမိသွားလေပြီ ဖြစ်သည်။

“အင့် … အင့် … ဟင်း … ဟင်း …”

အပေါက်အလမ်း တည့်သွားပြီဆိုတော့ သူမသည် ထောင်ထားသည့် ပေါင်တစ်ဖက်ကို မွေ့ယာပေါ်ပြန်ချကာ ကိုယ်ကိုဘဲလန့် ဖြစ်အောင်လုပ်သည်။ သူမ၏ လက်နှစ်ဖက်က မင်းမင်း ရင်အုပ်ပေါ်ရောက်လာပြီး အားယူကာထောက်သည်။ ပြီးတော့ တဖြေးဖြေးချင်း စွင့်ကားနေသည့် တင်ပါးနှစ်ဖက်ကို အောက်ဖိချသည်။ အကာကြည်လေးနှင့် သူ့လိင်တံက သူမအဖုတ်လေးထဲကို တစတစ တိုးဝင်ကာသွားသည်။ နှစ်ဦးသား အင်္ဂါချင်းထိတွေ့မှုက ပြန့်နှံ့လာသည့် ကာမအရသာသည် တကိုယ်လုံးရှိ အကြောပေါင်းစုံထဲသို့ တဖျင်းဖျင်းနှင့်ပင် စိမ့်ဝင်ကုန်တော့လေသည်။ တင်းတင်းစီးစီးလေးပင် သူ့လိင်တံက ယိုယို၏ အဖုတ်ထဲကို ပွတ်တိုက်ပြီး ရောက်သွားသည်။ သူမဖင်ကြီးနှစ်လုံးက သူ့ပေါင်ရင်းနှင့် အိခနဲထိသည်။ ယိုယိုက ဘာမှ မလုပ်သေး။ စက္ကန့်ပိုင်းလောက် ငြိမ်နေ၏။ ပြီးတော့မှ မင်းမင်းရဲ့ ရင်ပတ်ကို လက်နှင့်ထောက်ရင်း သူမဖင်ကြီးကို ကြွသည်။ လိင်တံတစ်ဝက်လောက် ထွက်လာတော့မှ ပြန်ဖိချသည်။ စွိခနဲ နေပြီး ပြန်ဝင်သည်။ မင်းမင်း ဆံပင်လေးတွေ ခါယမ်းစပြုနေပြီ ဖြစ်သည့် မြင်းစီကျင့်နေသော ကောင်မလေး၏ နို့အုံဖွေးဖွေးလေးတွေကို လှမ်းကိုင်သည်။

“မင်း .. မင်းလက်တွေ လုပ်ပေးတာ ကြိုက်တယ် .. ညှစ်စမ်းပါ … အင်း … အင်း …”

ယိုယိုက ပွင့်ပွင့်လင်းလင်းနှင့် ထုတ်ဖော်ကာပြောသဖြင့် မင်းမင်းလည်း စိတ်ကြိုက်ပင် ဆော့ကစားပေးသည်။ နို့အုံထိပ်ဖျားရှိ စူထွက်နေသည့် နို့သီးခေါင်းလေးကို လက်မလက်ညိုးသုံး၍ ပွတ်ချေ လှိမ့်ဆွပေးသည်။ မို့ဝန်းနေသည့် ရင်သားတွေကိုလည်း ကောင်မလေးခံသာယုံလောက် ညှစ်ကာချေသည်။ သူ့လုပ်ဆောင်ချက်က ထိရောက်လို့လား မသိ။ ယိုယိုတစ်ယောက် ကောင်းဘွိုင်းလုပ်နေသည့် အရှိန်က တဖြေးဖြေးနှင့် မြန်လာသည်။ နှစ်ဦးသား အင်္ဂါတွေ ဝင်ထွက်နေသည့် နေရာကို လှမ်းကြည့်တော့ အကာကြည်လေးနှင့်မို့ ပြန်ထွက်လာတိုင်း ဖြူဖြူအရည်တွေ အထင်းသား ပေါ်နေတာ တွေ့သည်။ ဒါကိုမြင်တော့ မင်းမင်း စချင်လာတာနှင့် တအင်းအင်း တအဲအဲ ဖြစ်နေသည့် ကောင်မလေးကို လှမ်းခေါ်သည်။

“ယိုယို”

“ဘာလဲ?”

“ယိုယိုဆိုတာ ငါ့တို့ဘာသာစကားမှာ ဘာကို ဆိုလိုတာလဲ သိလား?”

“နိုး .. ဘယ်သိမှာလဲ”

“ယိုယိုဆိုတာ အရည်ရွှမ်းတာကို ပြောတာ”

“ဟုတ်လား .. အဲဒီတော့?”

“အဲဒီစကားမှန်တယ်ဆိုတာ အခု သိလိုက်ရပြီ … ဟင်း .. ဟင်း”

ယိုယိုက တအင်းအင်း တအဲအဲ အသံကြားတွင် တခိခိ အသံထွက်အောင်ရယ်သည်။ မင်းမင်းလည်း လိုက်ရယ်ပြီး အရှိန်မြှင့်တင်သည့်အနေနှင့် နို့တွေကို ဆော့ပေးနေရာက သူမတင်ပါးတွေဆီသို့ လက်ကို ရွှေ့သည်။ ယိုယို၏ တင်ပါးနှစ်ဖက်ကို ဆုပ်ကိုင်ကာ ပင့်မသည်။ ကောင်မလေးက အလိုက်တသိနှင့် ကိုယ်ကို သူ့ရင်ဘတ်ပေါ် မှောက်ချသည်။ နို့နှစ်လုံးက သူ့ရင်ဘတ်နှင့် ထိသည်။ ယိုယိုတင်ပါးတွေကို ဆုပ်ကိုင်ပြီး ရှေ့တိုးနောက်ငင်လုပ်တော့ ကောင်မလေး၏ နို့တွေက သူ့ရင်ဘတ်နှင့် ပွတ်တိုက်ပြီး တရှိန်းရှိန်း တဖိန်းဖိန်းဖြစ်လာစေသည်။ ဒီလိုနှင့် မှန်မှန်လေး လုပ်ပြီး တော်တော်လေး ကြာတော့ ယိုယို အရှိန်တက်လာသည်ထင်သည်။ အားမရတော့သည့် အသွင်နှင့် မင်းမင်းကို ဖက်ထားရာက ပြန်ထသည်။ ပေါင်နှစ်ချောင်းကို ရှေ့ကိုထုတ်ပြီး လက်နှစ်ဖက်ကိုမူ မင်းမင်း၏ ပေါင်ပေါ်တွင် တစ်ဖက်စီ နောက်ပြန်ထောက်သည်။ မျက်နှာရှေ့တွင် ရှုပ်ဖွာနေသည့် ဆံပင်တွေကို သိမ်းလိုက်ပြီး မင်းမင်းကို ပြုံးပြသည်။ ယိုယို၏ အပြုံးက ဘယ်လိုဟာမျိုးနှင့် တူသလဲဆိုလျှင် fast and furious ဇာတ်လမ်းထဲက မင်းသားနှင့် ကားချင်းယှဉ်မောင်းတော့ တစ်ဖက်ကားထဲက မင်းသမီးဖြစ်သူက ကျော်မတက်ခင်မှာ လှမ်းပြုံးပြသည့် အပြုံးမျိုး။ သဘောကတော့ သူမ ရှေ့ကသွားမည်ဆိုသည့် အထာ။

မင်းမင်း လက်မနှင့် လက်ညိုးကို ဝိုင်းကာ “အိုကေ” ဆိုပြီး ပြလိုက်သည်။ အချက်ပြလိုက်သည်နှင့် ယိုယို စလှုပ်ရှားသည်။ ဒူးကိုကွေးကာ အနည်းငယ်ထောင်ပေးထားသည့် မင်းမင်း၏ ပေါင်ကို လက်အားပြုရင်း လိင်တံကို စွတ်ခနဲ စွတ်ခနဲ ဖိဖိသွင်းသည်။ ဒီလိုအနေအထားက မိန်းကလေးတွေ အတွက် အတော်ဖီလင်လာစေသည့် ပုံစံဖြစ်သည်။ လုပ်တတ်ကိုင်တတ်သည့် ဆော်ဆိုလျှင် လိင်တံထိပ်ဖူးနှင့် အကွဲလေးထိပ်က အဖုလေးကို ထိုးမိအောင်လုပ်နိုင်သလို ကော့ကာကော့ကာနှင့် ဂျီစပေါ့ကိုလည်း ထိုးမိအောင် လုပ်နိုင်သည်။ ယိုယိုက ဒါကို သိနေသလားတော့ မသိ။ ပိုစရှင်ကျကျနှင့် ဆောင့်သွင်းနေသည်။

မင်းမင်း အတွက်လည်း ဒီအနေအထားက ကာမဖီလင်ကို ရစေပါသည်။ သူ့လိင်တံ အရည်တရွှမ်းရွှမ်းဖြစ်နေသည့် အဖုတ်ဖောင်းဖောင်းလေးထဲကို ဝင်လိုက် ထွက်လိုက် ဖြစ်နေသော မြင်ကွင်းက ဘာနှင့်မှကို မလဲနိုင်ချေ။ ဒါက ဆီးစပ်ကို သူကြည့်နေလို့ ဖြစ်သည်။ အပေါ်ကို ကြည့်ဦးမလား။ မျက်စိလေးမှေးကာ နီရောင်သန်းနေသည့် မျက်နှာလှလှလေးက ကာမဆိပ်တက်ပြီး တအင်းအင်း တဟင်းဟင်း ဖြစ်နေသော မြင်ကွင်း။ အလယ်ကြတော့လည်း ယိုယိုဆောင့်သွင်းလိုက်တိုင်း လှုပ်ခါသွားသည့် ဖြူဖွေးမို့ဝန်းနေသော ရင်နှစ်မွှာ၏ မြင်ကွင်း။ မင်းမင်းသာ ကောင်မလေး၏ ခါးကို လှမ်းကိုင်ပြီး အားရပါးရ ဆောင့်ပစ်လိုက်လျှင် ဒီမြင်ကွင်းတွေကြောင့်ပင် နောက်ထပ်ငါးမိနစ်အတွင်း သူပြီးသွားနိုင်သည်။ အခုတော့ သူက ရတုန်းလေး စိမ်ပြေနပြေ ဆွဲချင်သဖြင့် ယိုယိုကိုသာ စိတ်ကြိုက်လွှတ်ထားပေးလိုက်သည်။ ဒီလောက် အရည်ရွှဲနေတော့မှ ဒီကောင်မလေး သိပ်မကြာခင်ပြီးသွားမည်ဆိုတာ သူကြိုမြင်ထားသည်။

တကယ်လည်း မင်းမင်းတွက်တာ မှန်ပါသည်။ မင်းမင်းလက်လှမ်းကာ ဟပြလေးဖြစ်နေသည့် အဝလေး၏ ထိပ်ကအဖုလေးကို ပွတ်ပေးလိုက်တော့ သိပ်တောင်မှ ကြာကြာမခံ။ ဆယ်မိနစ်လောက်ကြာပြီးသောအခါ ယိုယိုတစ်ယောက် တုန်တုန်ခိုက်ခိုက်အောင် ဖြစ်အောင်ကို ညည်းရင်း တစ်ချက်ဆောင့်ချသည်တွင် မလှုပ်တော့ပဲ ခေါင်းငိုက်ကာ ငြိမ်ကျသွားသည်။ မင်းမင်း ဒီတော့မှ မာနေသည့် လိင်တံကို မကျွတ်အောင် သတိထားရင်း တစောင်းထထိုင်၍ သူမကို လှမ်းဖက်သည်။ ယိုယိုက သူ့ပုခုံးပေါ်ကို မေးတင်ကာ အမောဖြေလေသည်။

“မင်း .. မပြီးသေးဘူးမှတ်လား …”

“အင်း .. မပြီးသေးဘူး …”

“ဒါဆို .. ငါ ဘယ်လိုနေပေးရမလဲ .. နင် လုပ်ချင်သလိုလုပ်လေ .. ငါတော့ မောပြီ ..”

“လေးဘက်ထောက်ပေးလို့ ရလား .. နင့် အိုးလေးတွေကို ကြည့်ပြီး ငါလုပ်ချင်လို့ ..”

“ဟင်း .. ဟင်း .. ရတာပေါ့ …”

တကယ်လည်း ယိုယို လုပ်ပေးရှာပါသည်။ မင်းမင်း အတော်တော့ ကျေနပ်သွားသည်။ ဒီကောင်မလေးကို သင်ပေးရကျိုးနပ်သည်လို့။ အမှန်ဆို သောကြာနေ့မို့ တစ်ပတ်လုံး ရုံးတက်ထားသဖြင့် သူတို့တော်တော်ပြိုင်းနေသည်သာ။ ယိုယိုက ညောင်းလို့ တခြားနည်းနဲ့ဆွဲပါဆိုလည်း မင်းမင်းက လက်ခံမှာပါ။ သို့ပေမယ့် အခုလိုမျိုး လေးဘက်ကုန်းပေးမည်ဆိုတော့ သူသဘောကျသွားသည်။ တကယ်တမ်း ယိုယိုကကုန်းပေးသောအခါတွင်တော့ မင်းမင်လေတောင်မှ “ရွှီ” ခနဲ ချွန်မိသည်။ ကောင်မလေး ကုန်ထားသည့်ပုံစံက မျက်နှာကို မွေ့ယာပေါ်မှာ အပ်ရင်း ရှေ့တစ်ပိုင်းလုံး ညွှတ်ထားသည့် ပုံစံ။ ဖြူဝင်းစွင့်ကားနေသည့် တင်သားတွေက မီးရောင်အောက်တွင် လက်လက်တောင် ထနေသလား အောင့်မေ့ရသည်။ မင်းမင်း အချိန်ဆွဲမနေတော့ပဲ သူ့လိင်တံကို ပြန်သွင်းသည်။

“မင်း .. လုပ်နော် … အားမနာနဲ့ ..”

ယိုယိုက ပြောမည့်သာပြောတာပါ။ မင်းမင်းကလည်း ဒါမျိုးကိစ္စတွင် အားနာတတ်သူမဟုတ်။ အားနာနေသည့်ပုံလည်း မပေါ်။ ခါးသေးသေးလေးကို ဆွဲကာ ဒလကြမ်းကို ဆောင့်သည်။ ယိုယိုခင်မျာ အစောပိုင်း သူမ အပေါ်က ဆောင့်တုန်းကမှ အသံထွက်ကာ ညည်းနိုင်သေးသည်။ ဒီတစ်ခါတော့ အသံကို မထွက်နိုင်တော့။ ဘယ်ထွက်မလဲ။ ဘယ်ဘက်စောင်းကာ အိပ်ထားသည့် သူမပါးစပ်က အိပ်ယာခင်းစကို ဖိကိုက်ကာပင် ထားရသည်လေ။ ဒီတစ်လှည့် အသံထွက်သူက နွားသိုးကြိုးပြတ်ဆောင့်နေသူ မင်းမင်းဖြစ်သွားပြီး နှာမှုတ်သံကြီး တရှူးရှူး တဟင်းဟင်း ဖြစ်လာသည်။ အဲယားကွန်းဖွင့်ထားသည့်တိုင် နဖူးတွင် ချွေးတွေ ပြန်လာသည်အထိ မင်းမင်း တရစပ်ဆောင့်ပစ်လိုက်ပြီး နောက်ဆုံးတွင်မူ လိင်တံတစ်ခုလုံး ဘယ်လိုမှ မထိန်းနိုင်အောင် ယားယံလာသောအခါ လရည်တွေကို စိတ်ဆိုးမာန်ဆိုးနှင့် ပန်းထုတ်ပစ်လိုက်တော့သည် ….။

နှစ်ဦးသား ကာမစပ်ယှက်ပြီးတော့ လူတွေက ဒေါင်းသွားသည်မို့ ဆယ်ငါးမိနစ်လောက် ဒီအတိုင်း ဖက်ကာ နေကြသေးသည်။ နောက်တော့ ဒီအတိုင်းဆို အိပ်ပျော်သွားတော့မည်ဆိုတာ တွက်ပြီး ရေချိုးခန်းထဲ တိုင်ပင်ပြီးတော့ ဝင်ခဲ့သည်။ တစ်ယောက်နဲ့တစ်ယောက် တိုက်ချွတ်ဆေးကြတော့ မင်းမင်းကောင်က ပြန်မာလာလို့ ယိုယိုက ပါးစပ်နဲ့ လျှော့ပေးမယ်ဆိုပြီး ဘီဂျေလေးပေးသည်။ မင်းမင်း အယ်လ်ပီပြန်ပေးမည်ဆိုတော့ ရတယ်၊ ချမ်းနေပြီဆိုလို့ ရေချိုခန်းထဲက ပြန်ထွက်ကာ လစ်လာခဲ့ကြသည်။ တက်စီ စီးဖို့ လမ်းခွဲခါနီးကြတော့ မင်းမင်း ယိုယိုကို သွေးတိုးစမ်းကာမေးသည်။

“Do you want to come along in next fortnightly meeting?”

“May be .. Who knows ??”

ပြောင်စပ်စပ် မျက်နှာပေးနှင့် တက်စီထဲ ဝင်သွားသည့် ယိုယိုကို ကြည့်ပြီး မန်ဒေးကြလျင်တော့ ဒီကောင်မလေးကို မုန့်လိုက်ကျွေးရဦးမည်ဟု မင်းမင်း စဉ်းစားလိုက်ပါတော့သည်။

*** *** ***

မင်းမင်း အလုပ်ထွက်ချင်တာ ယိုယိုကြောင့်လည်း တစ်စိတ်တစ်ပိုင်းတော့ ပါပါသည်။ သူတို့နှစ်ယောက်သည် ကျေးဇူးခံ ကျေးဇူးစား ဇာတ်လမ်းနှင့် ကိုယ်ချင်းထပ်ကာ ရင်းနှီးခဲ့ကြပြီးနောက်ပိုင်း၌ အနည်းငယ်တော့ သံယောဇဉ်ရှိလာတာ အမှန်ပင်။ ဘယ်လောက်ပဲ နှောင်ကြိုးမဲ့ဆက်ဆံရေးနှင့် တွဲနေစေကာမူ အနေနီးတော့လည်း ဟိုလိုဒီလိုတော့ ဖြစ်လာကြသည်သာ။ ဒါက သူတို့နှစ်ယောက်စလုံးတွင် အပြစ်မရှိပါ။ ယိုယို ဘယ်လောက်ပဲ အထပ်ထပ်ဝတ်ထား အဲဒီအဝတ်တွေအောက်တွင် ဘယ်လိုအဖောင်းအမို့တွေရှိနေသည်ဆိုတာကို သိနေတော့ မင်းမင်းလည်း အလုပ်လုပ်ရင်း စိတ်ထရသည်သာ။ ယိုယိုကိုယ်တိုင်ကလည်း ခပ်ကဲကဲလေးမို့ မင်းမင်းအပေါ်တွင် သူ့နည်းတူ ဖြစ်မိမည် ထင်သည်။ ထို့အတွက်ကြောင့် ကြိုကြားကြိုကြား ဆွဲသည့်နှုန်းက တစတစ စိပ်လာလေရာ မင်းမင်း နှောင်ကြိုးမဲ့ဆက်ဆံရေးကနေ သံယောဇဉ်ကြိုးချည်ဆက်ဆံရေးအဖြစ် မပြောင်းခင် ဒီကောင်မလေးနားက ခွာမှ ဖြစ်တော့မည်ဆိုပြီး ကိုယ့်ကိုယ်ကို သတိပေးရသည်။

မင်းမင်းအိမ်ကနေ စလုံးထွက်လာမည်ဆိုတုန်းက အမေနှင့်အဖေသည် တခြားကိစ္စတွေကို ဘာမှ ထွေထွေထူးထူးမမှာသော်လည်း ဒီကိစ္စကိုတော့ တင်းကြပ်စွာ မှာသည်။ ဘယ်လိုပဲ ရှုပ်ရှုပ်၊ ဘာတွေပဲလုပ်လုပ် နိုင်ငံခြားသူကိုတော့ ချွေးမ မတော်နိုင်ဟု တခါထဲ အပြတ်ပြောထားသည်။ မင်္ဂလာပွဲတွင် မြန်မာဆန်ဆန် ရင်ဖုံးနှင့် ချိတ်ထမိန်ဝတ်ထားသူကိုသာ သားနှင့် လက်ချင်းတွဲ၍ လျှောက်သည်ကို မြင်ချင်သည်ဟု အမေက လေဆိပ်လိုက်ပို့တော့ ဆိုသည်။ မင်းမင်းက နောက်တောက်တောက်နှင့် ဒါဆို စလုံးမကို ထမိန်ဝတ်တတ်အောင် သင်ပေးလိုက်မယ် ပြောမိသဖြင့် လူပုံအလယ်မှာတောင် ဗိုက်ခေါက်ကျောလိမ်ဆွဲတာ ခံရသေးသည်။ ဒီတော့ မင်းမင်း၊ ယိုယိုနှင့် အကြောင်းတွေ ရှည်လို့မရပါ။ မျက်နှာငယ်လေးနှင့် အနားလာပြီး တကယ်ထွက်တော့မှာလားလို့ လာမေးတော့ မင်းမင်း နင့်ကြောင့်ထွက်တာဟု ပြောလို့တော့ မဖြစ်ပါ။ R.E လက်မှတ်ရပြီးမှတော့ ဒီဇိုင်းအင်ဂျင်နီယာ မလုပ်ချင်လို့ ဘာညာဆိုပြီး အကြောင်းလျှောက်ပြရသည်။ စလုံးပါး သိပ်မဝသေးတော့လည်း သူမထက် စလုံးကို ကြိုရောက်နေသူ မင်းမင်း၏ စကားတွင် မျှောကာ ယိုယိုက လက်ခံလိုက်သည်။

အဲ ..ပြောဖို့ မေ့နေလို့။ R.E applicationကို ထောက်ခံပေးသည့် သူ့ဆရာကြီးကိုတော့ ဒီလိုပြောလို့မရပါ။ မင်းမင်း အမှန်အတိုင်းပင် နောက်အလုပ်က လစာပိုပေးလို့ ဆိုပြီး ပြောရသည်။ ဆရာကြီးက ဘယ်လောက်တောင် ရသလဲဟု မေးတော့လည်း သူ မကွယ်မဝှက်ပင် ဒေါ်လာ ၂၀၀၀ ပိုရလို့ပါဟု ဖြေလိုက်သည်။ ဆရာကြီးက ဘာမှ ထပ်မေးမနေတော့ပဲ သူ့စားပွဲက ထလာကာ ထုံးစံအတိုင်း သူ့ကိုလက်ဆွဲနှုတ်ဆက်ပြီး “All the best” ဟုဆိုသည်။ နှစ်ထောင်တောင် ပိုပေးသည်ဆိုမှတော့ သူလည်းပဲ ဘာမှမပြောနိုင်တော့တာ သေချာပါသည်။ ဒါက မင်းမင်းကို လိုက်ပေးပြီး ဆွဲထားလို့ရသည့် ပမာဏမဟုတ်ဆိုတာ သူသိနေသည်။ မင်းမင်းလည်း “Thank you for all your supports” လို့ပြောပြီး တခါထဲ နှုတ်ဆက်ကာ ထွက်လာခဲ့သည်။

ထုံးစံအတိုင်း နှုတ်ဆက်ပွဲတွေဘာတွေ လုပ်ပါသည်။ မင်းမင်းက နဂိုကတည်းက သိပ်လည်း မနှမြောတတ်သူ မဟုတ်သဖြင့် နေ့လည်စာတောင် မဟုတ်ပဲ ညစာ လိုက်ကျွေးမည်ဆိုပြီး သူ့ဆက်ရှင်နှင့် လုပ်ဖော်ကိုင်ဖက်တွေကို ဖိတ်သည်။ သူ့နောက်ဆုံးနေ့က သောကြာနေ့မို့ အဲဒီနေ့ညပဲ လုပ်မည်ဆိုပြီး စီစဉ်ကြသည်။ Bugis နားက ဟော့ပေါ့ဆိုင်တစ်ဆိုင်ကို ရွေးကာ ဘွတ်ကင်မှာထားခဲ့သည်။ အားလုံးကလည်း မကန့်ကွက်ကြချေ။

ဒီလိုနှင့် သောကြာနေ့ ရောက်လာခဲ့သည်။ တကယ့်တကယ်တမ်း အလုပ်ထွက်တော့မည်ဆိုတော့လည်း တစ်နှစ်ကျော်ကျော် လုပ်ခဲ့သည့် ကိုယ့်ပတ်ဝန်းကျင်ကို လွမ်းမိသည်သာ။ မနက်ကတည်းက မင်းမင်း ဘာမှမလုပ်ရတော့ပဲ ဟိုရောင်ရောင် ဒီရောင်ရောင်နှင့် ဟို့လူနှုတ်ဆက် ဒီလူနှုတ်ဆက် လုပ်နေသည်။ မှတ်မှတ်ရရ HR Manager ဆီသွားပြီး Clearance လက်မှတ်ထိုးတော့ အဲဒီဘွားတော်က ဂျာမန်မကြီးမို့ သူ့ကို အနောက်တိုင်းဆန်ဆန်ပဲ ရင်ချင်းအပ် ပွေ့ဖက်ပြီး နှုတ်ဆက်သေးသည်။ ဝတ်ထားသည့် ဝတ်စုံက တော်တော်ဟိုက်နေသဖြင့် မင်းမင်း စောစောစီးစီး ဘူးသီးနှစ်လုံးကို ခူးစရာမလိုပဲ နဲနဲ မြည်းလိုက်ရသည်။ ဘွားတော် အခန်းက ပြန်ထွက်လာတော့ စကထရီကောင်မလေးက မင်းမင်းကို တိုးတိုးလေးနဲ့ အလွမ်းသယ်နေတာဟု သူ့ဘော့စ်မကြီးကို မေးငေါ့ပြီး ပြောသည်။ မင်းမင်းက ရယ်ပြီး ခပ်တည်တည်နှင့် လက်နှစ်ဖက်ကို ဟပေးတော့ သူမသည်လည်း အညံ့မခံ လာဖက်ပြီး နှုတ်ဆက်သည်။ အဲ .. အဲဒီဟာလေးကတော့ ယိုယိုလိုမျိုး ပေါက်စီလေးဖြစ်သည်။ စလုံးပေါက်စီ ဆိုကြပါစို့ …။

ညနေ ခြောက်နာရီ ဒေါင်ခနဲထိုးသည်နှင့် အားလုံး လစ်ထွက်လာခဲ့ကြသည်။ မင်းမင်းတို့ ရုံးက အမ်အာတီနှင့် သိပ်မဝေးသဖြင့် Bugis ကို အမ်အာတီနှင့်သာ ဒိုးလာခဲ့သည်။ ဟိုရောက်တော့ မင်းမင်းက ဘွတ်ကင်မှာထားသည်မို့ အေးအေးဆေးဆေး ထိုင်လို့ရမည့် နေရာရသည်။ အားလုံး ဝင်ထိုင်ကြတော့ ယိုယိုက မင်းမင်းဘေးမှာပဲ လာထိုင်သည်။ တချို့သူတွေက သူတို့နှစ်ယောက်အကြောင်းကို သိနေကြလို့ “ဒီနှုတ်ဆက်ပွဲက ဘယ်သူ့အတွက်လဲ .. ဘာလဲ” ဆိုပြီး နောက်နေကြသေးသည်။ မင်းမင်းတို့ ရယ်သာ ရယ်နေလိုက်ကြသည်။ အဲဒီနောက်တော့ ထုံးစံအတိုင်း အငွေ့တထောင်းထောင်း ထနေသည့် ဟင်းချိုအိုကြီးထဲကို အစာတွေပစ်ထည့်၊ ပါးစပ်ဟောင်းလောင်း ဖြစ်နေသည့် မင်းမင်းတို့အထဲကိုတော့ ဘီယာတွေ လောင်းထည့်နှင့် ပွဲကတော်တော်စည်သွားသည်။

၇ နာရီထိုးခါနီးက စသည့် ဟော့ပေါ့အိုးနှစ်အိုးလည်း ၈ နာရီခွဲရောက်တော့ ဘာမှ မရှိတော့။ လူတွေလည်း တော်တော်မှန်ကုန်နေပြီမို့ အားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပြန်ရအောင် ပြင်ကြသည်။ မင်းမင်းရဲ့ အပေါင်းအဖော်တွေက နောက်လည်းပဲကြုံလျှင် ရုံးကိုဝင်ခဲ့ပါဦး၊ အကူအညီလိုလျှင်ပြောပါ ဘာညာဆိုပြီး နှုတ်ဆက်ကြပြီး အသီးသီး လမ်းခွဲကာ ထွက်လာကြသည်။ Bugis လို နေရာမျိုးက လူအရမ်းစည်သည်မို့ တချို့ကလည်း Bugis Junction ရှော့ပင်းစင်တာထဲ ဝင်ကြည့်ကြဦးမည်ဆိုပြီး အဲဒီဘက် လျှောက်သွားသည်။ နောက်ဆုံး ဟိုလိုလို ဒီလိုလိုနှင့် အခုထက်ထိ မင်းမင်းကို နှုတ်မဆက်သေးပဲ အနားကကပ်ပြီး လျှောက်နေသည့် ယိုယိုတစ်ယောက်သာ ကျန်တော့သည်။ မင်းမင်း ဒီလောက်ဆို သဘောပေါက်ပါသည်။ ယိုယိုဆိုတာ သူများနှင့် တန်းတူထားလို့မှ မရတာ မဟုတ်လား။ သူတို့နှစ်ဦး၏ ရင်းနှီးမှုက ဟော့ပေါ့တစ်ပွဲအဆင့်နှင့် ပြီးသင့်တာမဟုတ်။

မင်းမင်း “ယိုယို” ဆိုပြီး ခေါ်လိုက်တော့ ကောင်မလေးက သူ့ကို တွေတွေလေး မော့ကြည့်သည်။ ဒီတော့မှ မင်းမင်း သူမ မျက်ဝန်းကို စိုက်ကြည့်ပြီး ..

“ငါတို့ ပါတီလေးကို နှစ်ယောက်သား ဆက်ကျင်းပရအောင် .. ဘယ်လိုလဲ?”

“အိုကေလေ .. ပလမ်ဆွဲထားတာ ရှိလား?”

“ဟာ .. သိပ်ရှိတာပေါ့ .. ဒီဇိုင်း အင်ဂျင်နီယာပဲဟာကို …”

ဒီတော့မှ ယိုယိုက မျက်စောင်းထိုးကာ “ဟင့်” ဆိုပြီး ရယ်သည်။ မင်းမင်း ဘာမှဆက်ပြောမနေတော့ပဲ ဗစ်တိုးရီးယားလမ်းထိပ်နားရောက်သည်နှင့် အချစ်မှတ်တိုင်ဆိုက်ထူရန် ရည်ရွယ်ပြီး Landmark ဟိုတယ်ထဲသို့သာ လျှောက်လာခဲ့မိသည်။ ယိုယိုက တကယ်လားဆိုပြီး မေးတော့ ဘာမှပြန်မပြောပဲ လက်သာ ကမ်းပေးသည်။ ယိုယိုက မငြင်းပါ။ မင်းမင်း လက်ကို ဆွဲ၍ ရွှင်မြူးသည့် မျက်နှာပေးနှင့် ကောက်ကောက်ပါအောင် လိုက်လာသည်။

ပြောရလျှင် ယိုယိုနှင့် မင်းမင်း အဲဒီနေ့ညက အိမ်ပြန်မရောက်ကြပါ။ ရေကူးကန်ဘက်ကို မျက်နှာမူထားသည့် အခန်းထဲတွင် သူတပြန်ကိုယ်တပြန် နပန်းပွဲကို ရေကုန်ရေခမ်း ကြိုးစားရင်း မင်းမင်း၏ နှုတ်ဆက်ပွဲလေး ဆက်ကျင်းပဖြစ်သည်။ ဘီယာတန်ခိုးနှင့် လူတွေကလည်း မှန်နေရာ လုပ်ချင်တာတွေကို အကုန်လျှောက်လုပ်သည်။ တစ်ပေါင်ကျော်၊ တစ်ပေါင်ခွ၊ တစ်ပေါင်ချိတ်၊ တစ်ပေါင်ထမ်းဆိုပြီး တစ်ပေါင်တွေပဲသုံးပြီးတော့ တစ်ခါ၊ ကျန်တာတွေက နောက်ထပ်အခါတွေ။ မင်းမင်းက အပေါ်ရောက်လိုက် ယိုယိုက အပေါ်ရောက်လိုက်နှင့် တခါဆို ကုတင်ပေါ်က ပြုတ်ကျမလိုတောင် ဖြစ်သေးသည်။ နောက်ဆုံး မင်းမင်း၏ 003 လည်း ကုန်၊ လူတွေလည်း လှုပ်လို့ မရသည်ထိ ဖလက်ပြတော့မှ ရပ်သွားကြသည်။ ည ၉ နာရီကျော်ကနေ သန်းခေါင်အထိတိုင် သောင်းကျန်းခဲ့သည်မို့ အဲဒီကုတင်တစ်ခုလုံးလည်း တွန့်ကြေရှုပ်ပွကာ အိပ်ဖို့တောင် မကောင်းတော့ပေ။ နောက်ထပ် ကုတင်တစ်လုံးမှာ ပြောင်း၍ အိပ်ရသည်။

နောက်တစ်နေ့ မနက်ကြတော့ မင်းမင်းက အရင်စောနိုးသည်။ သူ့ဘက်ကို မှေးကာ အိပ်မောကျနေသည့် ကောင်မလေး၏ ပကတိ မျက်နှာလေးကို မြင်သည်တွင် သူ့စိတ်ထဲ တမျိုးလေးဖြစ်သည်။ သူ့အဖြစ်က အမ်အာတီပေါ်တွင် ပေါင်တိုကောင်မလေး တစ်ယောက်နှင့် နှစ်ယောက်ခုံတွင် ထိုင်မိတုန်း ဘေးနားကို အဖွားကြီး တစ်ယောက် ရောက်လာတာနှင့်တူသည်။ priority seat မို့ မဖယ့်ချင် ဖယ်ချင်နှင့် နေရာထပေးလိုက်ရပေမယ့် ဟိုခုံလေးကို လည်ပြန်တကြည့်ကြည့်နှင့် သံယောဇဉ်တွယ်နေသည့် သဘော။ မဖြစ်သေး။ နောက်ဘူတာရောက်လျှင်တော့ ရထားပေါ်က ဆင်းမှဖြစ်တော့မည်။ ထို့အတွက်ကြောင့် မင်းမင်း အိပ်ယာထဲတွင် ဆက်လှဲမနေတော့ပါ။ နဲနဲလျှောလျှော ဖြစ်နေသည့် စောင်ကို ယိုယို၏ ပခုံးထိရောက်အောင် ခြုံပေးလိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။

အညောင်းပြေ အညာပြေ လှမ်းလျှောက်ပြီး ဟိုတယ် ပြန်ရောက်တော့မှ ယိုယိုက နိုးသည်။ အိပ်ယာထဲ မထသေးပဲ မင်းမင်းကို လက်ဆန့်ပေးသဖြင့် သူ “စလစ်ပီဟတ် – အိပ်ပုတ်” ဆိုပြီး နဖူးကို ဖွဖွလေးထုကာ နမ်းသည်။ သူဆက်လျှင် လင်းဆွဲမဟုတ်ပေမယ့် မောနင်းဆွဲလေး ရနိုင်သေးသော်လည်း ဇာတ်လမ်းမရှည်ချင်တော့လို့ မင်းမင်း မနက်စာစားရအောင်လို့ ဆိုပြီး လောဆော်လိုက်သည်။ ယိုယိုကလည်း ဘာမှ မပြောပါ။ မင်းမင်း ပြောသည့်အတိုင်း အိပ်ယာမှ ထကာ တခါထဲ ဟိုတယ်ကနေ ထွက်ဖို့ပြင်သည်။ မနက်စာကိုတော့ တန်အောင်ဆိုပြီး သူတို့ ဟိုတယ်က ကျွေးတာပဲ စားလိုက်ကြသည်။ ထို့နောက်တော့ ချက်အောက်လုပ်ပြီး ထွက်လာခဲ့ကြသည်။

မင်းမင်း ယိုယိုနေသည့် တိုပါးရိုး (Toa Payoh) ကို အရင်လိုက်ပို့သည်။ တက်စီထဲက ဆင်းတော့ ယိုယိုက “ဖုန်းဆက်လိုက်နော်” ဟုပြောပြီး မင်းမင်းနှုတ်ခမ်းကို ခပ်တည်တည်ပင် ပြွတ်ခနဲ နမ်းကာ တက်စီပေါ်က ဆင်းသွားသည်။ မမြင်ကွယ်ရာတွင် ဘယ်လောက်တောင်ကဲကဲ လူမြင်ကွင်းကြီးမှာမို့ (တက်စီသမားကလည်း ရှိုးနေလေရာ) မင်းမင်း မျက်နှာနီမြန်းကာ ကျန်ခဲ့သေးသည်။ တကယ်ဆို သူသည် မြန်မာစစ်စစ်ကြီးမို့ နဲနဲတော့ ရှက်တတ်ပါလေ၏ ….။

*** *** ***

မင်းမင်းအကြောင်းကို ဆက်ပြောရမည်ဆိုလျှင်တော့ သူ့အလုပ်အသစ်အကြောင်းကို အနည်းအကျဉ်း ထည့်ပြောထားမှ နောက်လာမည့် အကြောင်းအရာများနှင့် အစပ်အဆက်ရှိပေမည်။ မင်းမင်း R.E အဖြစ် စလုပ်ရမည့် အလုပ်က Block ၂ ခုပါသည့် ကွန်ဒိုတစ်ခုကို ကြီးကြပ်ပေးရန် ဖြစ်သည်။ ကွန်ဒိုတည်ရှိသည့် နေရာကို သိလိုက်သည်နှင့် မင်းမင်း ခေါင်းထဲတွင် ပထမဆုံး ဝင်လာသည်က အိမ်ပြောင်းဖို့ ကောင်းမလားဆိုသည့်အချက်။ လက်ရှိနေသည့် နေရာက အဆင်မပြေသည် မဟုတ်သော်လည်း အလုပ်သစ်ကို သွားဖို့ဆိုလျှင် အနည်းဆုံး တစ်နာရီလောက် အချိန်ပေးရပေမည်။ မင်းမင်း ဒါကို သိပ်သဘောမကျ။ ရေရှည်ကို စဉ်းစားပြီးတော့ သူ ပြောင်းဖို့ ဆုံးဖြတ်လိုက်သည်။ အရင်ဆုံး စပြီး ကန့်ကွက်သူက မင်းမင်းက စာဖတ်သူကြီးဟု နောက်ခေါ်သည့် ပုလင်းခွံလောက်
မျက်မှန်ကို တပ်ထားသည့် ကိုစိုးနိုင်ပင်။

“မင်းကလည်းကွာ … ဘာအဆင်မပြေတာ ရှိလို့လဲ .. မင်း ကောင်မလေးတွေ အိမ်ခေါ်လာတာတောင် ငါတို့က ဘာပြောတာမှတ်လို့ ..”

“ဟုတ်ပါတယ် ..ကိုစိုးနိုင်ရယ် .. အခုဟာက ကျနော်လည်း အဆင်မပြေလို့ ပြောင်းတာမှ မဟုတ်တာ .. အလုပ်နဲ့ ဝေးလွန်းလို့သာပါ ..”

“ရှင်ကလည်း.. မင်းမင်း ပြောင်းချင် ပြောင်းပါစေ .. ဒီလောက်တောင် နေလာပေးတာပဲ ဟုတ်စာ … စလုံးမှာက ဒီလိုပဲ ပြောင်းနေကြပဲကို ..”

စလုံးကို သူ့ထက် နောက်မှ ရောက်လာပေမယ့် နေရာတကာ သူမကချည်းပဲ ဆုံးဖြတ်လေ့ရှိသည့် မထားညိုကြောင့် ကိုစိုးနိုင် အသံတိတ်သွားသည်။ မိန်းမကြောက်ရသူပီပီ နောက်ထပ် စကားသံ ထွက်မလာရဲ။ မထားညိုကို ကျောပေးထားရင်းသာ မင်းမင်းကို မျက်နှာမဲ့ရွဲ့၍ ပြသည်။ မင်းမင်း မထားညိုနှင့် မျက်နှာမူထားသည့်နေရာကမို့ ရယ်ချင်စိတ်ကို မနည်းအောင့်အီးကာ ထားရသည်။ တတ်လည်းတတ်နိုင်သည့် လင်မယားလို့တော့ စိတ်ထဲက ပြောဖြစ်သည်။

ကိုစိုးနိုင်နှင့် မင်းမင်းသည် 99 တွင် ငါးရှည့်ခြောက်စပ်ပန်းကန်မှားရင်းနဲ့ စခင်ခဲ့ကြတာဖြစ်သည်။ အဲဒီအချိန်တုန်းက ကိုစိုးနိုင်၏မိန်းမ မထားညိုက စလုံးမှာ မရှိသေး။ ဒီတော့ အေးအေးဆေးဆေး လွတ်လွတ်လပ်လပ်နေရအောင် ဆိုပြီး တိုင်ပင်ကာ အိမ်အတူ ငှားနေကြခြင်း ဖြစ်သည်။ မင်းမင်းကို ညီတစ်ယောက်လို ခင်သူမို့ မာစတာဘတ်ရွန်း (Master Bathroom) ကိုတောင် ပေးထားခဲ့သည်။ မင်း လုပ်ချင်တာလုပ် ငါ မကန့်ကွက်ပါဘူးဆိုသဖြင့် မာစတာဘတ်ရွန်း အားကိုးနှင့် နှစ်ယောက်ထဲ ရှိနေတုန်းက မင်းမင်း တော်တော်သောင်းကျန်းခဲ့သည်။ လေးလလောက် ကြာလို့ ကိုစိုးနိုင် မိန်းမရောက်လာမှ မကောင်းတတ်လို့ဆိုကာ ငြိမ်နေခဲ့ရတာ ဖြစ်သည်။

မင်းမင်း ကဲခဲ့သမျှ လေးလလောက် ထိုင်ကြည့်နေခဲ့ရတာမို့ မထားညိုရောက်လာတော့ အဲ့ဒီ စာဖတ်သူကြီးက ပြန်ကဲသည်။ မထားညိုကလည်း ကဲချင်စရာ လုံးကြီးပေါက်လှ။ အိုးကြီးတွေဆို နည်းတာကြီး မဟုတ်။ ဒါပေမယ့် မထားညိုသည် စလုံးရောက် မြန်မာမလေးများ၏ လမ်းစဉ်ကို သိပ်မကြာခင်ပင် လိုက်လာသည်။ နေရင်းထိုင်ရင်းနှင့်ပင် ဟိုနားက အဆီထွက် ဒီနားကအဆီလိုက်နှင့် နောက်ထပ် ခြောက်လလောက်နေတော့ ဟဲဗီးဝိတ်တောင် ထိုးလို့ရမည့် ခန္ဓာကိုယ်ဖြစ်လာသည်။

မင်းမင်း အိမ်ပြောင်းခါနီး တစ်ည ဘီယာသောက်ဖြစ်တော့ အတည်ပေါက်နှင့် နောက်ခဲ့သေးသည်။ စွပ်ကျယ်ဝတ်ထားသဖြင့် နံရိုးအပြိုင်းပြိုင်း ပေါ်နေသည့် ကိုစိုးနိုင်ကို ကြည့်ကာ ..

“ကိုစိုးနိုင် .. ခင်ဗျားတို့ နှစ်ယောက်လုပ်ကြသေးလား ..”

“ဟေ့ကောင် .. ဘာတွေလာမေးတာလဲဟ .. ငါ့မိန်းမကြားသွားဦးမယ် ..”

“ဟာဗျာ .. ခင်ဗျားကလည်း.. ကျနော်က အကောင်းနဲ့ အကြံပေးမလို့ပါ ..”

“ဘာအကြံလဲ ..”

“ခင်ဗျားတို့ လုပ်လျှင် .. ခင်ဗျား မိန်းမကို မြင်းမစီးခိုင်းနဲ့တော့ … တော်ကြာနေ ညကြီးမင်းကြီး ကျနော် ကျော်သူခေါ်နေရဦးမယ် ..”

“ခွေးကောင် .. ငါ့ကိုများ ..”

“ဟား .. ဟား …”

*** *** ***

မင်းမင်း အိမ်ရှာသည့်ကိစ္စကိုတော့ အေးဂျင့်နှင့်ပင် လွှဲထားလိုက်သည်။ အေးဂျင့်ကလည်း တခြားသူမဟုတ်။ သူ့အရင် ကုမ္ပဏီမှာ ဒရပ်ဖ်တာလုပ်နေသည့် မလေးကောင်လေး ဖြစ်သည်။ တခါထဲတော့ သူနေချင်သည့်နေရာနှင့် ကွန်ဒေရှင်း (conditions) အချို့ကိုတော့ ပြောထားလိုက်သည်။ သူကတစ်ယောက်တည်းသမားမို့ ထမင်းချက်စားသူမဟုတ်၊ အလကားရပေမယ့် ဘာတွေလာမှန်းမသိသည့် တီဗီချန်နယ်တွေကိုလည်း ထိုင်ကြည့်တတ်သူမဟုတ်။ ဒီတော့ ထုံးစံအတိုင်း ညဘက် တခါတခါ လူပိုပါလာလျှင် ဖြစ်လားဆိုတာလေးသာ တောင်းဆိုသည်။ ဒရပ်ဖ်တာကောင်လေးက မင်းမင်းကို ခင်နေသူမို့ သူလုပ်ပေးပါမည် စိတ်ချပါဆိုပြီး ပြောလို့ အေးအေးဆေးဆေး နှပ်နေလိုက်သည်။

အိမ်ရပြီဆိုတော့ မင်းမင်း သွားကြည့်သည်။ တိုပါးရိုး အမ်အာတီနားမှာ ဖြစ်သည်။ စလုံးအိမ် ဖြစ်ပြီး တစ်အိမ်လုံးမှာ မင်းမင်းနဲ့ပါမှ သုံးယောက်ထဲ နေကြမှာ ဖြစ်သည်။ စလုံးကောင်နှင့် သူ့အဖေက တစ်ခန်းစီ ဖြစ်သည်။ ဘေဝင်းဒိုးတွေ (Bay Window) တွေဘာတွေ ပါသည့် အထပ်မြင့်အခန်းမို့ မင်းမင်း သဘောကျသွားသည်။ နောက်ပြီး သူ့အခန်းက ရေချိုးခန်းမပါပေမယ့် အပြင်ထွက်လိုက်လိုက်ချင်း common bathroom ကို ရောက်နိုင်သည်။ ဒီတော့ မင်းမင်း အိမ်သန့်တာရော လူသန့်တာရောနှင့် နေလိုက်သည်။ စလုံးကောင်က လူငယ်ပင် ဖြစ်ပြီး မင်းမင်း တောင်းဆိုထားသည့် တစ်ခုတည်းသော အချက်ကို အပြုံးနှင့် လက်ခံသည်။ မြွေမြွေချင်း ခြေမြင်သည် ဆိုသည့် အပြုံးမျိုး။

ဒီလိုနှင့် … အလုပ်စဝင်သည့်နေ့ဆိုပေမယ့် မင်းမင်း အေးဆေးပင် အိမ်ကထွက်လာခဲ့သည်။ သူ့အိမ်ကနေဆို အမ်အာတီပဲ စီးစီး၊ ဘတ်စကားပဲ စီးစီး ဆိုက်ကိုရောက်နိုင်ပေမယ့် မင်းမင်း အမ်အာတီကို ရွေးလိုက်သည်။ ဘတ်စကားထက်စာလျှင် အမ်အာတီက သူ့မျက်လုံးအတွက် အရောင်အသွေးပိုစုံလို့ ဖြစ်သည်။ စိတ်အေးလက်အေးနှင့်မို့ ဆိုက်ကိုရောက်တော့ ၉ နာရီတောင် ကျော်နေပြီ ဖြစ်သည်။ ဂိတ်တံခါးဝနားအရောက်တွင် အပေါက်စောင့်လိုလို traffic controller လိုလို ကုလားတစ်ကောင်ကို တွေ့လို့ R.E ဆိုပြီး ပြောလိုက်တော့ အထာနပ်နေသည့် ဘင်္ဂလားက ဝေါ့ကီတော်ကီနှင့် အထဲကို လှမ်းခေါ်သည်။ ကွန်တိန်နာ တစ်လုံးထဲမှ ထောင်ထောင်မောင်းမောင်း တရုတ်တစ်ကောင် ထွက်လာပြီး site manager ပါဆိုပြီး မိတ်ဆက်ကာ မင်းမင်းအတွက် ပြင်ထားသည့် အခန်းကို ပြသည်။ စားပွဲတစ်လုံး၊ ကွန်ပျူတာတစ်လုံး၊ ဗီဒိုတစ်လုံးပါသည့် ကွန်တိန်နာ တစ်လုံးသာ ဖြစ်ပေသည်။ ဤသည်ကား ကျော့ကျော့မော့မော့ စတိုင်လ်ကျကျ ဝတ်ရစားရသည့် white collar job လို့ပြောရမည့် ဘဝမှ ကွန်တိန်နာ အစုတ်ထဲသို့ ပြောင်းလာရသည့် မင်းမင်း အလုပ်သစ်၏ ပထမဆုံးနေ့ပင် ဖြစ်တော့လေသည်။

မင်းမင်း အစောပိုင်းက ပြောသလိုပင် R.E ဆိုသည်မှာ construction site ၏ ဘုရင်သာလျှင် ဖြစ်လေ၏။ ကွန်ဒိုက block နှစ်ခုဆိုပေမယ့် တစ်ခုနှင့်တစ်ခုကို mirror လုပ်ကာ ဒီဇိုင်းဆွဲထားခြင်း ဖြစ်သည်။ ဒီတော့ ရှော့ပင်းမောတွေ၊ ဆေးရုံတွေ ဒီဇိုင်းတွက်လာသည့် မင်းမင်းအတွက် သူ့ဒရောရင်တွေက ကလေးကစားစရာလေးတွေသာ။ ငှက်ပျောသီး အခွံနွှာသည် မပြောနှင့် ကောင်မလေးက ဖောက်ပြီး ကမ်းပေးသည့် ကွန်ဒုံးကို အသင့်စွပ်လိုက်ရတာထက်တောင် လွယ်နေသေးသည်။ နှစ်ရက် သုံးရက်အတွင်း သူ့မှာ ဘာမှလုပ်စရာ မရှိတော့ပေ။ ဆိုက်အခြေအနေကလည်း pilling (foundation) ပဲ ရှိသေးလို့ မင်းမင်း ဘာမှ ဖြေရှင်းစရာမရှိ။ R.E ဖြစ်နေလို့ ဘယ်သူကမှလည်း လာမနှောင့်ယှက်သဖြင့် ကြာတော့ နဲနဲတောင် ပျင်းလာရသည်။

အဲ .. တစ်ခုတော့ ရှိသည်။ ဘယ်အလုပ်မဆို အနည်းငယ်တော့ အခက်အခဲ ရှိကြစမြဲပင်။ မင်းမင်း အခက်အခဲက အလုပ်ကြောင့် မဟုတ်ပဲ Project Manager ဆိုသည့် ငတိကြောင့် ဖြစ်သည်။ ဒီငတိက မင်းမင်းကို စလုံးမဟုတ်မှန်းလည်းသိ၊ မြန်မာမှန်းလည်းသိတော့ နဲနဲ မခန့်လေးစား လုပ်ချင်သည်။ မင်းမင်းက လကုန်လို့ သူ့အိုတီလေး လက်မှတ်သွားထိုးခိုင်းတော့ တခါထဲ လက်မှတ်မထိုးပေးပဲနှင့် ဆိုက်မန်နေဂျာနှင့် စစ်လိုက်ဦးမည်ဆိုပြီး ပြောသည်။ မင်းမင်း နဲနဲဘုသွားသည်။ တွေ့ကြသေးတာပေါ့ဆိုပြီး တေးထားလိုက်သည်။ သိပ်တော့ ကြာကြာ မစောင့်ရပါ။ နောက်တစ်ရက် pile လောင်းမည်ဆိုတော့ မင်းမင်း နဲနဲ ပညာပြလိုက်သည်။ ဟိုဟာစစ် ဒီဟာစစ် လုပ်လိုက်သည်မို့ ကွန်ကရစ်လောင်းရမည့် အချိန်ရောက်တော့ တော်တော်မိုးချုပ်နေလေပြီ။ သူ့တို့ဆိုက်နေရာက residential နေရာမို့ ည ၇ နာရီကျော်လို့ မရ။ ည ၇ နာရီကျော်လို့ construction noise တွေ ဆက်ထွက်နေသေးလျှင် NEA (National Enviornment Agency) က fine ရိုက်တာကို ခံရသည်။ ဒီတော့ ဆိုက်မန်နေဂျာကောင် မျက်လုံးပြူးလာသည်။ ဒီကြားထဲ ကွန်ကရစ်ကားရောက်လာတော့ batching plant က ထွက်သည့်အချိန်နှင့် ဆိုက်ရောက်သည့် အချိန်က ၂ နာရီကျော်သွားလို့ ဆိုပြီး reject လုပ်လိုက်သည်။ ကွန်ကရစ် မလောင်းရသေး ည ၇ နာရီ ကျော်နေလေပြီ။ ဆိုက်မန်နေဂျာက မင်းမင်းကို လာညှိသော်လည်း မင်းမင်းက မင်းနဲ့ စကားမပြောနိုင်ဘူးဆိုပြီး အပြတ်ပြောလိုက်လို့ ဟိုကောင် ကွန်တိန်နာထဲက မျက်နှာငယ်လေးနှင့် ပြန်ထွက်သွားရသည်။

သိပ်မကြာလိုက်ပါ။ ပြူးပြူးပြာပြာ မျက်နှာပေးနှင့် ပီအမ်ဆိုသည့် စလုံးကောင် မင်းမင်း၏ အိုတီစာရွက်လေးကိုင်ပြီး ပြန်ရောက်လာသည်။ စကားရော ဖောရော မျက်နှာချိုလာသွားရင်း “for the sake of the project” တွေဘာတွေ လာပြောနေသည်။ တစ်ရက်အားလျှင် ထမင်းအတူသွားစားရအောင်တွေ ဘာတွေ ဖြစ်လာသည်။ မင်းမင်း ငါးခူပြုံးလေးသာ ပြုံး၍ နေလိုက်တော့သည်။

ဤသို့လျှင် ပီအမ်ကောင်အား ဦးကျိုးသွားအောင် ပညာပြပြီးသည့်နောက် မင်းမင်း၏ R.E ဘဝသည် လက်ညိုးညွှန်ရာ ရေမဖြစ်သော်လည်း သူလက်ညိုးညွှန်မှ ကွန်ကရစ်လောင်းနိုင်သည့် အခြေအနေကို ရောက်ခဲ့သည်။ ထို့ကြောင့်ပင် ကွန်တိန်နာတစ်ခုကို အပိုင်စားရထားသော သူ့ဘဝတွင် အောက်ပါ အကျိုးကျေးဇူးများကို ရရှိခဲ့လေသည်။

နံပါတ်တစ် .. မနက်အိပ်ယာနိုးနိုးချင်း ဖုတ်ပူမီးတိုက်ထရေချိုး၊ အမ်အာတီ (သို့) ဘတ်စကားကို တိုးစီးပြီး ၈ နာရီ ရုံးတက်ချိန်ကို မီအောင် time card ထိုးရသည့် ဒုက္ခမှ ကင်းဝေးခဲ့သည်။

နံပါတ်နှစ် .. ရုံးရောက်သည်နှင့် ကွန်ပျူတာဖွင့်၊ အင်တာနက်ဖွင့် သတင်းပလင်းတွေ ကြည့်ပြီးသကာလ၊ ကိုယ်သွားချင်သည့်ဆိုက်သွားသွား၊ ကြည့်ချင်သည့်ဟာကြည့် အနှောင့်အယှက်မရှိ လွတ်လပ်အေးဆေးစွာ ကြည်နိုင်ခဲ့သည်။

နံပတ်သုံး .. ဆိုက်တွင်နေရတာ ပျင်းလာပြီဆိုလျှင် ဆိုက်မန်နေဂျာကောင်ကို ပြောကာ အနီးနားက ရှော့ပင်းစင်တာထဲပဲသွားသွား၊ Orchard ဆိုသည့် မြို့လည်ကောင်ကိုပဲ သွားသွား၊ ဒါမှမဟုတ် (Pennisula Plaza) ဆိုသည့် ဗမာတွေ စုရာနေရာတွင်ပဲ သွားနှပ်နေနေ စိတ်ကြိုက်နေလို့ရသည့် အခွင့်အရေးများ ရရှိခဲ့လေတော့သည် သတည်း …။

*** *** ***

ထိုနေ့က မင်းမင်းသည် အားအားယားယားနှင့်မို့ ပင်နီဆူလာပလာဇာရှိ ရဲရင့်ကဖေးတွင် ထိုင်၍ လက်ဖက်ရည်တစ်ခွက်ကို ဇိမ်ခံကာ သောက်နေမိ၏။ ကြားရက်မို့လို့ ပလာဇာထဲတွင် လူအတော်ရှင်းနေသည်။ စနေ၊ တနင်္ဂနွေရက်များ၌ ခေါင်းနောက်ဖွယ်ကောင်းအောင် ရှုပ်ထွေးပြီး ခြေချင်းလိမ်နေတတ်လေ့ရှိသည့် ကော်ရီတာတွင်ပင် လူတစ်ဦးတစ်ယောက်မှ ရပ်နေသည်မရှိ။ မင်းမင်းအဖို့တော့ ဒါမျိုးကို သဘောကျသည်။ လက်ဖက်ရည်တစ်ခွက်ကို အေးဆေးစွာသောက်၊ ဖွင့်ထားသည့် သီချင်း၏ အရသာကို ခံစားရင်း မွန်းကျပ်မှုတွေမှ ကင်းဝေးစွာဖြင့် အပြင်ကို ငေးရတာလောက် သူ အကြိုက်တွေ့တာ မရှိချေ။ ထိုသို့ ငေးကောင်းကောင်းနှင့် နှစ်ထပ်က တက်လာသည့် စက်လှေကားဘက်ကို ငေးမိနေသဖြင့် မင်းမင်းခင်မျာ သူ့နောက်နားကို လူနှစ်ယောက်ရောက်လာသည်ကို ရုတ်တရက် မသိလိုက်ချေ။

“ဟေး … မင်း… မင်းမင်း !!!..”

သူ့ပခုံးကို လှမ်းပုတ်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်သံကြားမှ မင်းမင်း ခေါင်းကိုစောင်းကာ ငဲ့ကြည့်မိသည်။ အရင်ဆုံးတွေ့သူက ကွမ်းကိုမြုံ့ကာ စားပြီး သူ့ကို ဝမ်းသာအားရ ရပ်ကြည့်နေသည့် လူကြီးတစ်ယောက် ..

“ဟာ … ဆရာမိုး !!! ..”

မင်းမင်း ထိုင်ရာမှ ချက်ချင်းထပြီး လက်တစ်ဖက်က အတာချီကေ့စ်ကို ဆွဲထားသည့် ထိုလူကြီးကို အားရပါးရ လက်ဆွဲနှုတ်ဆက်သည်။ အကျင့်ပါနေသည့် သူ့မျက်လုံးက ဆရာမိုးနောက်နားမှ အတူရပ်ကာနေသည့်တစ်ယောက်ကို ကြည့်မိသောအခါ .. မိန်းမလှလေးတစ်ယောက်ဟု ပြောရမလား၊ မိန်းမချောလေးတစ်ယောက်လို့ပင် ပြောရမလား လှခြင်းနှင့် ချောခြင်းကို average ချကာ မြင်ရသူရင်ကို လှုပ်ရှားစေနိုင်သည့် ကောင်မလေးတစ်ယောက်သည် အပေါ်အောက်တဆက်တည်း အဖြူရောင် dress လေးကို ဆွဲဆောင်မှုရှိစွာဝတ်ဆင်လျှက် သူ့ကို အသာအယာစိုက်ကြည့်နေလေသည်။ တော်ယုံ ချောမောသည့် အမျိုးသမီးများပင် မဝတ်ရဲကြသည့် အဖြူရောင်ဝတ်စုံလေးသည် သူမနှင့်တော့ လိုက်ဖက်ညီစွာ ရှိနေသည်ကို မင်းမင်း မြင်မြင်ချင်း သတိထားမိသည်။ မျက်နှာတစ်ခုလုံးတွင် အထင်ရှားဆုံးဟု ပြောရမည့် နှာတံလွင်လွင်လေးနှင့် အနှီကောင်မလေးသည် တမင်တကာပဲလုပ်ထားသည်လား၊ သဘာဝအတိုင်းပဲ ဖြစ်နေသလား မသိသည့် ရွှေရောင်ဆံပင်ခွေခွေလေးတွေနှင့် အင်မတန်မှ ကြည့်လို့ကောင်းနေသည်။ နှာတံလွင်လွင်လေးကြောင့် ကုလားဆင်လေးလို ထင်ရသည့် ကော်ပတ်ရုပ်မလေးသည် ဘော်လီးဝုဒ်ရုပ်ရှင်ကားတွေထဲမှ မင်းသမီးတွေထက် မသာတောင် မလျော့နိုင်သည်က သေချာလှသည်။ မျက်နှာလေးက နုနုငယ်ငယ်လေးမို့ အခုမှ နှစ်ဆယ်ကျော်လောက် ရှိဦးမည်ဟု မင်းမင်း တစ်ထိုင်ထဲ သုံးသပ်လိုက်သည်။ အကျင့်ပါနေပြီမို့ မင်းမင်း၏ လေသံက ဆရာမိုးကို နှုတ်ဆက်ရင်း ဒါရိုက်ရှင် ပြောင်းသွားသည်။

“ဆရာဗျာ … ကျနော် ရန်ကုန်မှာ ရှိတုန်းက ဒီလောက်လှတဲ့ သမီး ရှိတယ်ဆိုတာ ပေးတောင်မသိဘူး .. ဘယ်နား ဖွက်ထားလဲ မသိဘူး ..”

“ဟေ့ကောင် မင်းမင်း .. မင်း အကြောင်းတွေ ငါသိနေတယ် .. ငါ မိတ်ဆက်ပေးတာတောင် စောင့်မနေတော့ဘူး … အဲဒါ ငါ့သမီး မဟုတ်ဘူးဟ .. ငါ့ တစ်ဝမ်းကွဲ ညီမရဲ့ သမီး .. ငါ့တူမ …ငါ့သမီးရှိလည်း မင်းကို မိတ်ဆက်ပေးမနေဘူး ..”

မင်းမင်းအပြောကို ပြန်လည်ချေပရင်း အရွှန်းဖောက်ကာ မိတ်ဆက်ပေးသည့် ဆရာမိုးစကားကြောင့် ကောင်မလေးသည် လှပစွာ ပြုံးသည်။ ပုလဲသွယ်လေးတွေလို ညီညာနေသည့် သွားဖြူတန်းလေးက သူမ အပြုံးနှင့် လိုက်ဖက်လှပေသည်။ အင်း .. ဒီကောင်မလေး ပြုံးအလှပိုင်ရှင်များလား။ မင်းမင်း တမင်တကာပင် လက်ကို ကမ်းကာ နှုတ်ဆက်သည်။

“အစ်ကို့ နာမည် မင်းမင်းပါ .. ဆရာမိုးနဲ့က ဆရာတပည့်အရင်းတွေပါ .. အကူအညီလိုရင် ပြောလို့ရပါတယ် ..”

“အမယ် .. ခွေးကောင်လေး .. ငါကတောင် ဘာမှ မပြောရသေးဘူး .. သူ့ဟာနဲ့သူ ဟုတ်နေတယ် ..”

“အာ .. ဆရာကလည်း… ဆရာကွမ်းစားနေတယ်မှတ်လား … ကျနော်က ဆရာ ကွမ်းစားရင်းနဲ့ စကားပြောလျှင် ကွမ်းတံတွေးတွေ စင်ကုန်မှာစိုးလို့လေ .. ဒီက ညီမလေးက အဖြူဝတ်လာတာ မှတ်လား .. ဟဲ .. ဟဲ ..”

“အစ်ကိုက နောက်တယ်နော် .. စုနာမည်က .. ဖူးသစ်စုပါရှင့်..”

ကောင်မလေးသည် ရှိုးတိုးရှိုးတန့် ဖြစ်မနေပဲ သူမလက်ကို ဖြန့်ကာ မင်းမင်းလက်ကို လက်ဆွဲနှုတ်ဆက်သည်။ လက်ဖဝါးနုနုဖောင်းလေးတွေကို စက္ကန့်ပိုင်းမျှသာ ထိတွေ့လိုက်ရပေမယ့် အထိအတွေ့က သူ့လက်တွင် စွဲကျန်နေရစ်သည့်နှယ် မင်းမင်း ခံစားရသည်။ မင်းမင်းကိုယ့်ကိုယ်ကို အံ့သြမိသည်။ ငါ ဘယ်လိုဖြစ်နေတာပါလိမ့်။ ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်မိပေမယ့် အဖြေရသည်အထိ မစောင့်ဆိုင်းနိုင်သဖြင့် မင်းမင်း သူ့စိတ်ခံစားချက်ကို ခန ဘေးချိတ်ထားပြီး ဆရာမိုးတို့ကို ထိုင်ပါဆိုပြီး ဖိတ်ခေါ်သည်။ အမှန်က မင်းမင်းကသာ ဆရာမိုးတို့ မထိုင်ပဲ ထွက်သွားမည်ကို အစိုးရိမ်ကြီးနေတာ ဖြစ်သည်။ ဆရာမိုးက သူ မပြောခင်ကတည်းက လွတ်နေသည့်ခုံကို နောက်ကိုဆွဲ၍ ဝင်ထိုင်ဖို့ နေရာ ပြင်ပြီးနေပြီဖြစ်သည်။

မင်းမင်းက ဆရာမိုးဟု ခေါ်သည့် ဦးမိုးဇော်သည် သူနှင့် အင်မတန်မှ အတွဲညီခဲ့သည့် ဆရာတပည့်နှစ်ယောက် ဖြစ်သည်။ ဦးမိုးဇော်သည် ထိပ်တန်းဟု ဆိုလို့မရသော်လည်း နာမည်အတော်ကြီးသည့် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု၏ ပိုင်ရှင်ဖြစ်သည်။ အမ်ဒီအဖြစ် တာဝန်ယူထမ်းဆောင်နေပေမယ့် ဦးမိုးဇော်သည် တခြားလူများလို ကုမ္ပဏီရုံးခန်းထဲ ထိုင်ကာနေသူမဟုတ်။ ကိုယ်တိုင် လုပ်ငန်းခွင်ကြီးတစ်ခုကို Project Manager အဖြစ် ဦးစီးကာ လုပ်နေသူဖြစ်သည်။ ဦးမိုးဇော်သည် ဒေါသကြီးသူ မဟုတ်သော်လည်း စည်းကမ်းတင်းကြပ်ကာ အားမနာတမ်း ပြောတတ်သူ ဖြစ်သည်။ ကိုယ်တိုင်ကလည်း ပိုင်ရှင်၊ ကုမ္ပဏီ၏ အမ်ဒီလည်း အမ်ဒီ၊ ပြီးတော့ ပရောဂျက်မန်နေဂျာဆိုတော့ ဦးမိုးဇော်နှင့်တော်ယုံလူက အလုပ်တွဲမလုပ်ချင်ပေ။ အရှိန်နှင့် လန့်နေကြသည်။ အဲဒီလုပ်ငန်းခွင်သို့ မင်းမင်းက ကျောင်းပြီးခါစ ပရောဂျက်အင်ဂျင်နီယာအဖြစ် ရောက်သွားခြင်း ဖြစ်သည်။ ဆိုက်ထဲတွင် ရှိနေသူများက မင်းမင်း စအလုပ်ဆင်းခါစက ဒီကောင်လေးတော့ မသကာခံလှ တစ်ပတ် နှစ်ပတ်ပါပဲဆိုပြီး တစ်ပေးကြသော်လည်း အဲဒီတစ်ပတ်၊ နှစ်ပတ်သမား မင်းမင်းသည် ဦးမိုးဇော်နှင့် အတွဲမိကာ နှစ်နှစ်နီးပါးမျှ အတူအလုပ်လုပ်ခဲ့သူ ဖြစ်သည်။

“နေစမ်းပါဦး .. မင်းက အလုပ်မလုပ်ဘူးလား … ”

အလုပ်ချိန်ကြီးကို စီတီးဟောမှာ အေးအေးဆေးဆေး လက်ဖက်ရည်ထိုင်သောက်နေသည့် မင်းမင်းကို အခုမှ ဆရာမိုးက သတိထားမိဟန်တူသည်။ ကွမ်းတံတွေးကို ကျွတ်ကျွတ်အိတ်ထဲ ပျစ်ခနဲ ထွေးထုတ်ရင်း မေးသည်။ မင်းမင်း အဲဒီလို ပြုံးလျှင် တော်တော်သောက်မြင်ကပ်ဖို့ကောင်းတယ်ဟု သူ့ကို ပေါ်တင်ပြောဖူးသည့် ဆရာမိုး မကြိုက်သည့် အပြုံးကို တမင်တကာပင် ပြန်လည်ဖန်တီးယူသည်။

“ဆရာမိုးကလည်း .. မင်းမင်းတို့က မပိုင်ရင် ခြင်တောင် မရိုက်ပါဘူး .. . ဟင်း .. ဟင်း ..”

“ငါ့တူမရှေ့မှာ သောက်မြင်ကပ်အောင် လာကြွားမနေနဲ့ .. မင်းတို့ စလုံးမှာ ရိုက်စရာ ခြင်ရှိလို့လား .. အေး .. မင်းအိမ်မှာ ရှိရင်တော့ NEA က လာပြီး ဖိုင်းရိုက်သွားလိမ့်မယ် .. ”

စလုံးအကြောင်းကို သူ့ထက်သိနေသည့် ဆရာမိုး၏ ချေပစကားကြောင့် မင်းမင်း အပြုံးက လေလျော့သွားသည့် မိုးပျံပူဖောင်းလို လမ်းတစ်ဝက်မှာတင် ပြုတ်ကျသည်။ မှတ်ပြီလား ငမင်း။ ဆရာကတော့ ဆရာပါပဲဟု ကိုယ့်ကိုယ်ကို ဆုံးမရင်း မျက်နှာကို ပြန်တည်လိုက်ရသည်။ မင်းမင်းအဖြစ်ကို ကြည့်ပြီး ဖူးသစ်စုဆိုသည့် ကောင်မလေးက ရယ်သည်။

“ဆရာ .. ကျနော် R.E ဖြစ်သွားပြီလေ … အရင် ဒီဇိုင်းအင်ဂျင်နီယာ မဟုတ်တော့ဘူး ..”

“ဘာလဲဟ .. R.E ဆိုတာ ..”

ဒါကိုတော့ ဆရာမိုး မသိထင်သည်။ မင်းမင်းပဲ သူ NTU မှာ ဘွဲ့လွန်ရပြီးနောက် R.E လက်မှတ်လျှောက်ကာ အခုလုပ်နေသည့် construction တွင် R.E အဖြစ် စလုပ်နေကြောင်း ရှင်းပြရသည်။ မင်းမင်းစကားကို ဆရာမိုးရော၊ ဖူးသစ်စုဆိုသည့် ကောင်မလေးပါ စိတ်ဝင်တစား နားထောင်ကြသည်။ မင်းမင်း စကားဆုံးတော့ ဆရာမိုးက ..

“ဒါဆို အတော်ပဲဟ ..မင်း အလုပ်နဲနဲပါးတယ်ဆို .. ငါ့ကို ကူညီပါဦး ..”

“ပြောလေ .. ဆရာကလည်း.. ဘာကူညီရမှာလဲ …”

“ဒီမှာလေ .. ဖူးသစ်က ကျောင်းတက်မှာကွာ … အစောတုန်းကတော့ ငါက သူ့ကိစ္စတွေ သေချာလိုက်လုပ်ပြီးမှ ပြန်မလို့ပဲ … ဒါပေမယ့် အခုကြတော့ အလုပ်က အရေးတကြီး ပေါ်လာလို့ ပြန်ရမှာ .. အဲဒါ ငါ့တူမလေး လိုတာလေးတွေ ရှိရင် လိုက်လုပ်ပေးစမ်းပါကွာ ..”

ဆရာမိုး၏ စကားက မင်းမင်း သောက်နေသည့် လက်ဖက်ရည်ထက်ပင် ပို၍ ချိုမြနေလေသည်။ ဒီလောက် ချစ်စရာကောင်းသည့် ကောင်မလေးနှင့် ထပ်တွေ့ရမည့် အခွင့်အရေးကို ဖန်တီးပေးသည့် ဆရာမိုးကို ဆရာသမားတစ်ယောက် အနေနဲ့ရော၊ (may be) ဖူးစားရေးနတ်အနေနဲ့ရော ထိုင်ရှိခိုးဆိုလျှင်တောင် ရှိခိုးမိဦးမည်။ တစ်ခုတော့ ရှိသည်။ ဖူးစာရေးနတ်ဆိုသည်ကား အသားညိုစိမ်စိမ့် ပိန်ပိန်ပါးပါးနှင့် ကွမ်းကို မပြတ်စားတတ်သည့် ဘယ်လိုမှ ကုမ္ပဏီပိုင်ရှင် ရုပ်မပေါက်သည့် အသက် ၅၀ ကျော် လူကြီးဆိုတာကတော့ တော်တော်ယုံရခက်ပါသည်။

အလ္လာပသလ္လာပ အချိန်နာရီဝက်ခန့် ထိုင်ပြောခဲ့သည့် ရဲရင့် လက်ဖက်ရည်ဆိုင်မှ မင်းမင်းတို့ စကားဝိုင်းကို အကျဉ်းချုပ်ရသော် ရလဒ်အနေနှင့် မင်းမင်းသည် ဆရာမိုးနှင့်တကွ ဖူးသစ်စုကို ညစာစားရအောင်ဆိုပြီး ဖိတ်လိုက်နိုင်ပါသည်။ ဆရာမိုးက ငါတို့ချည်းပဲ မလုပ်နဲ့ ဖူးသစ်စုကို ထားခဲ့ရမယ့် အိမ်က သူ့အသိမိသားစုကိုပါ ခေါ်ကြရအောင်ဆိုပြီး ပြောလိုက်ခြင်းဖြင့် မင်းမင်း၏ ဖိတ်ကြားမှုကို လက်ခံလိုက်သည်။ ဖူးသစ်စုကတော့ အားနာစရာကြီး အစ်ကိုရယ်ဆိုပြီး ပြုံးကာပြောရင်းနှင့် မင်းမင်း နောက်ထက်တစ်ဖန် ဆုံတွေ့ဖို့ ကြိုးစားမှုကို မငြင်းပယ်ပဲ လိုက်လျော့ခဲ့လေသည်။

ထို့နောက် ဆရာမိုးက သူလာလုပ်သည့် လေယာဉ်လက်မှတ်ချိန်းသည့်ကိစ္စက ပြီးစီးခဲ့ပြီမို့ ပြန်ဖို့ပြင်သလို၊ မင်းမင်းကိုယ်တိုင်လည်း ဆိုက်က ထွက်လာတာ အတော်ကြာနေပြီမို့ ပြန်ဖို့ ပြင်ရသည်။ တက်စီနဲ့ပဲ ပြန်မယ်ဆိုလို့ ပင်နီဆူလာပလာဇာက ထွက်တော့ မင်းမင်း taxi stand အထိရောက်အောင် လိုက်ပို့ရင်း နှုတ်ဆက်သည်။ ဆရာမိုးက သူ့ဖာသူ ကားမောင်းသူဘေးက တံခါးကို ဆွဲဖွင့်ကာ ဝင်သွားပေမယ့် ဖူးသစ်စုကိုတော့ မင်းမင်း တံခါးဆွဲဖွင့်ပေးကာ ဦးစားပေးမှုကို ပြလိုက်သည်။ ကိုယ်ကလေးကို ယို့၍ ကားထဲဝင်သွားသည့် ကောင်မလေးသည် လှလှပပလေး ထိုင်နေရင်း မင်းမင်းကို သွားတော့မယ်နော်ဟု နှုတ်ဆက်သည်။ မင်းမင်း ဖူးသစ်စု၏ မျက်ဝန်းတွေကို တစိုက်မတ်မတ် စိုက်ကြည့်ရင်းသာ ခေါင်းကို ညိတ်ပြလိုက်သည်။ ခေါင်းခန်းမှ ဆရာမိုးက သူ့ကို လက်လှမ်းပြနေသည်ကိုတော့ ယောင်လို့တောင်မှ လှည့်မကြည့်ချေ။

မျက်လုံးတွေသည် အသည်းနှလုံးသို့ သွားရာ စိတ်၏ တံခါးပေါက်ဟု ဆိုကြသော် ဖူးသစ်စုသည် ထိုတံခါးပေါက်၌ မေးထောက်ကာ အပြင်ကို မျှော်ငေးနေသူ ဖြစ်နိုင်ပြီး မင်းမင်းသည် အဆိုပါတံခါးပေါက်ကို ကျော်တက်၍ အထဲကို ဝင်နိုင်အောင် ကြိုးစားနေသူသာ ဖြစ်ပေမည်။ အဆိုပါ မျက်ဝန်းတံခါးသည် ခံစားမှုလွင်ပြင်မှ ဘယ်လောက်တောင်မြင့်ပြီး ဘယ်လောက်တောင် ကွာဝေးသည် ဆိုတာကိုတော့ အင်ဂျင်နီယာတစ်ယောက်အနေနှင့် သူတွက်ချက်ရပေဦးတော့မည် ….။

*** *** ***

စနေနေ့ ခါတိုင်း ဒီလိုအချိန်ဆို တီဗီရှေ့ရောက်ကာ ပရီးမီးယားလိဂ်ကြည့်ဖို့ စိုင်းပြင်းနေတတ်သည့် မင်းမင်းသည် ဒီနေ့တော့ ထူးဆန်းစွာ ရေချိုးခန်းထဲရှိ မှန်ရှေ့တွင် သူ့မျက်နှာကို သူပြန်ကြည့်နေမိသည်။ မန်ချက်စတာနှင့် အာဆင်နယ် ကန်သည်ဖြစ်စေ၊ လီဗာပူးလ်နှင့် ချယ်လ်ဆီး ကန်မည်ဖြစ်စေ မင်းမင်းအတွက် လောလောဆယ်၌ ည ၇ နာရီတွင် ချိန်းဆိုထားသည့် ပွဲလောက် ရင်မခုန်မိချေ။ မင်းမင်း သူ့နှလုံးသားကိုသူ ပြန်မေးကြည့်ရသည်။ တစ်ကြိမ်တစ်ခါတည်းသာ ကြုံတွေ့ဖူးသည့် မိန်းကလေးတစ်ယောက်အတွက် စိတ်လှုပ်ရှားမိသည် ဆိုသည့်အချက်သည် North Korea က နယူးကလီးယားနည်းပညာကို စွန့်လွှတ်မယ်ဆိုသည့် သတင်းထက်တောင် အံ့သြဖို့ ကောင်းနေပေဦးမည်။

တကယ်ဆို မင်းမင်း နှလုံးသားသည် အသက်မရှိတော့သည်မှာ အတော်ပင်ကြာမြင့်ခဲ့လေပြီ။ ခန္ဓာဗေဒ သဘောအရ သူ့နှလုံးသားသည် သွေးလည်ပတ်မှုကို မပြတ်အောင် ဆောင်ရွက်မြဲဆောင်ရွက်နေသည် ဖြစ်သော်လည်း ရင်ခုန်နွေးထွေးမှုကိုတော့ မလုပ်ဆောင်ပေးခဲ့နိုင်သည်မှာ မင်းမင်း စလုံးရောက်လာကတည်းက ဖြစ်သည်။ သူ့နှလုံးသားသည် အပြင်ဘက်တွင် နီရဲကာနေပေမယ့် အတွင်းဘက်တွင်တော့ မီးကျွမ်းထားသည့် သစ်သားတုံးတစ်ခုနှယ် မည်းနက်ကာ ရှိနေလေသည်။ ထူးဆန်းသည်က ထိုနေရာသည် မည်းနက်ခြောက်သွေ့ကာ ထိလိုက်လျှင် ကြေမွသွားမည့် သဏ္ဍာန်နှင့်ရှိနေသော်လည်း အမည်နာမတစ်ခုအား ရှင်းလင်းပြတ်သားစွာ မြင်နိုင်သေးသည်။ ဆွေးမြေ့ဖွယ်ကောင်းသည့် သူ့အတိတ်တွေ အခိုးရိုက်လာသည့် မှန်သားပြင်ထက်တွင် ပန်းချီကားချပ်တစ်ခုနှယ် ပြန်ပေါ်မလာခင် မင်းမင်း ကြည့်မှန်ကို လက်ဖြင့် မြန်မြန်သပ်သည်။ ပြန်လည်ကြည်လင်သွားသည့် မှန်သားတွေနှင့်အတူ မင်းမင်း၏ စိတ်က လက်ရှိပစ္စုပ္ပန်ကို ပြန်လည်ရောက်ရှိသည်။ အတော်ကြာအောင် မေ့ပြီးကိုင်ထားသည့် Gillette ကို ရေစင်အောင် ဆေးလိုက်ပြီး ချောမွေ့သွားသည့် သူ့မေးကို အသာပွတ်ကြည့်သည်။ ဘယ်ညာစောင်း၍ စိတ်ကျေနပ်အောင် ကြည့်ပြီးမှ Gillette ကို မှန်စင်ပေါ်က ခွက်လေးထဲ ထောင်ကာ ထည့်လိုက်သည်။ ထိုရောအခါမှ သူဖြစ်နေသည့် ပုံစံကို ပြန်စဉ်းစားမိပြီး မင်းမင်း ကိုယ့်ကိုယ်ကို ရယ်ချင်သွားသည်။ မိန်းကလေးတစ်ယောက်နှင့် တွေ့ဖို့အတွက် သူ ဒီလောက်တောင် ပြင်ဆင်နေမိပြီလား။

သြော် .. ဖူးသစ်စု .. ဖူးသစ်စု …။

🏵️ ရေခြားမြေခြား သူ့ဘဝ (အပိုင်း ၂ ) ဆက်ဖတ်ရန် ဒီကိုနှိပ်ပါ 🏵️