ရွာက သာဂိ (အပိုင်း ၂)

ရွာက သာဂိ
ရေးသားသူ – ဗညားပိကျိ

🏵️အပိုင်း (၂)🏵️

တစ်လကျော်လောက် အနားယူပြီးနောက်တွင် သာဂိ ပြန်လည် နာလန်ထလာ၏။ သို့ရာတွင် ကိုကျော်ကြီးက သင်မပေးသေးချေ။ သူက စာမေးပွဲပြီးအောင် ဖြေပါဦးဟု ဆိုသည်။ သာဂိကလည်း အတင်းကြီးတော့ မတောင်းဆို။ အဘယ့်ကြောင့်ဆိုသော် စာကျက်ချိန်နည်းပြီး စာမေးပွဲမအောင်မည် စိုးသောကြောင့် ဖြစ်သည်။ စာမေးပွဲဖြေဖို့ကလည်း နှစ်လလောက်သာ လိုတော့သည်ကိုး။

သို့နှင့် စာမေးပွဲ ဖြေပြီးမှသာ ကိုကျော်ကြီး၏ သင်တန်းကို တက်ခွင့်ရသည်။ ကိုကျော်ကြီးက သင်တန်းသားသစ် သာဂိကို ဒိုက်ထိုးခိုင်း၏။ ဘောကန်နေကြ သာဂိက ပြုံးသည်။ ဒါကို ကိုကျော်ကြီးကတွေ့တော့ ပြူးကျယ်ကို နမူနာပြခိုင်း၏။ ပြူးကျယ်သည် သံမံတလင်းပေါ် လက်သီးထောက်ပြီး ဒိုက် ၂၅ ခါ ထိုးပြသွား၏။ ဒီအရေအတွက်ကတော့ သာဂိကလည်း ပျင်းသည်ပင်။ သူလည်း ပြူးကျယ်လို လက်သီးထောက်ပြီး လိုက်ထိုးကြည့်၏။ မရချေ။ သုံးခါလောက်ထိတောင် မနည်းထိုးရ၏။ လက်ဆစ်တွေ နာသည်။

သာဂိ သဘောပေါက်သွားသည်။ ဒီပညာက ဟို ပညာလို သက်သက်သာသာတော့ ရှိလိမ့်မည် မဟုတ်ဟူ၍… အရင်ဆုံး သာဂိသည် ဘောလုံးကွင်းထောင့်က ကားတာယာတွေ ပတ်ထားသော သရက်ပင်ကြီးကို လက်သီးထိုးကျင့်ရ၏။ ဘယ်လို ထိုးရမလဲဟု ကိုကျော်ကြီးကို မေးတော့ ကိုကျော်ကြီးက လက်သီးဆုပ်နည်းသာ ပြပေးပြီး ထိုးချင်သလိုထိုးဟုဆို၏။

ကိုကျော်ကြီးပြောသည့် လက်သီးဆုပ်ရန်နည်းမှာ လက်ဖဝါးကို ဖြန့်၍ လက်ချောင်းများကို လက်ဖနှောင့်ဘက်မှနေ၍ ဖြေးဖြေးချင်း ကျစ်နေအောင်ဆုပ်ပြီး လက်မကို လက်ချောင်းလေးများ၏ ဒုတိယဆစ် အပြင်ဘက်တွင် ကွေးထားရန်သာ ဖြစ်သည်။ သာဂိသည် သရက်ပင်ကြီးကို ထိုးလိုက်၊ လက်သီးဆုပ်၍ ဒိုက်ထိုးလိုက်ဖြင့် နေ့စဉ်ကျင့်ရ၏။ နောက်တော့ သူလည်း သံမံတလင်းပေါ်တွင် လက်သီးဆုပ်၍ ဒိုက်ထိုးနိုင်သွား၏။ ထို့နောက် မြင်းထိုင်ထိုင်ရပြန်သည်။ ခြေဖဝါးနှစ်ဖက်ကို ပခုံးနှစ်ဖက်နှင့်အညီ ခပ်ကျဲကျဲ ရပ်၍ ဒူးနှင့် ပေါင်တံတစ် လျှောက်ကို မျဉ်းတစ်ဖြောင့်တည်းဖြစ်အောင် ထိုင်ရလေသည်။ ထို့နောက် ဘာမှမရှိသော လေဟာနယ်ထဲသို့ အသက်ကို ပြင်းပြင်းရှူထုတ်ရင်း လက်သီးကို ဖြည်းဖြည်းချင်း ထိုးရသည်။ လက်တစ်ဆုံး ဖြောင့်သွားလျှင် လက်သီးကို ခါးအထက်နားဆီ ပြန်ဆွဲရင်း အသက်ကို တစ်ဝကြီး တစ်ကိုယ်လုံး တုန်ခါသည် အထိရှူရသည်။

တွန်း သို့မဟုတ် ထိုးထုတ်လိုက်သော အချိန်တွင် မိမိကိုယ်တွင်းရှိ မကောင်းသော ဓာတ်များ ရှူထုတ်လိုက်သော လေနှင့်အတူ ပါသွားကြသည်ဟု မှတ်ရမည်။ ဆွဲယူလိုက်ချိန် သို့မဟုတ် လက်သီးကို ပြန်လည် ထားချိန်တွင် လေထဲမှ စွမ်းအားများ မိမိကိုယ်တွင်း ဝင်ရောက်လာသည်ဟု မှတ်ရမည်လို့ ကိုကျော်ကြီးက သင်ပြ၏။ အထူးသဖြင့် မနက်စောပိုင်းဆိုလျှင် ထွက်ပြူစ နေလုံးကြီးကို ကြည့်ပြီး နေစွမ်းအင်များ မိမိကိုယ်ထဲ ဝင်လာသည်ဟု သဘောထားကာ ကျင့်ကြရသည်။

သာဂိ ကိုကျော်ကြီးကို ကြောက်၍သာ လိုက်လုပ်နေရသည်။ သူသင်ချင်သည်က ဒါမျိုးမဟုတ်။ ဝတ္ထုတွေထဲမှာပါသည့် အကွက်တွေ ဖြစ်သည်။ နဂါးနိုင်ဓားတို့၊ ပိုးသိုင်း ၁၈ ကွက်တို့ တီဗွီက လာနေချိန်ဖြစ်၍ ထိုအရာမျိုးကို သင်ချင်သည်။ ပြူးကျယ်က လာမည်ဟုတော့ ဆိုသည်။ ဘယ်တော့လဲတော့ မသိချေ။ နောက်မကြာခင်တင် သာဂိ နောက်တစ်မျိုး ကျင့်ရပြန်၏။ ဘော်လီဘော ဘောလုံးကို မြေကြီးပေါ် လက်ဝါးနှင့် ၅ မိနစ်တိတိ ပုတ်ရသည်။ စပုတ်စက သာဂိ သုံးချက်လားပဲ ပုတ်ရသည်။ ဘောလုံးက ဘယ်ထွက်သွားမှန်းမသိ လိုက်ကောက်ရသည်။ သို့ဖြင့် သာဂိသည် ပုတ်လိုက် ကောက်လိုက်ဖြင့် နာရီဝက်ခန့်ထိ ဘယ်ညာ မနားတမ်း ဆက်တိုက် ပုတ်နိုင်လာသည်။ ဘောလုံး ပုတ်နေချိန်တွင်လည်း ကျန်နှစ်ခုကို ဆက်တိုက်လုပ်ရသည်။

သာဂိသည် ညဘက်တွင် ပရုတ်ဆီလိမ်းပြီးမှ အိပ်ရတော့သည်။ ကိုမောင်ကြီး၏ လေ့ကျင့်ခန်းကိုလည်း မအိပ်ခင်ကျင့်ရသေး၏။ မိဖြူကိုတော့ အိပ်မက်ထဲရောက်မှပင် တွေ့နိုင်သည်။ မိဖြူက သူတို့ အဖိုး၊ အဖွားတွေရှိရာ မကွေးဘက်သို့ သွားလည်နေ၍ ဖြစ်သည်။ တစ်မျိုးတော့လည်း ကောင်းသည်။ သာဂိသည် တစ်နေကုန် ကိုကျော်ကြီးနှင့် အချိန်ကုန်နေရာ မိဖြူကို သတိရဖို့ မေ့နေသည်။ အိပ်ခါနီးကြမှ သတိရပြီး ဂွင်းတိုက်အပြီးတွင် မောမောနှင့် အိပ်ပျော်သွားပြန်ရာ နောက်တစ်နေ့မှ နိုးသည်။

သာဂိ ဘော်လီဘော ဘောလုံးကို နာရီဝက်ထိ ပုတ်နိုင်ပြီးချိန်တွင် ကိုကျော်ကြီးက သူ့ကို ဝါယာလက်ဘက်သို့ ခေါ်သွားသည်။ ပြူးကျယ်လည်းပါ၏။ ကိုကျော်ကြီးက သူ့ဆရာဆီသို့ ခေါ်သွားခြင်းဖြစ်သည်။ ကိုကျော်ကြီး ဆရာသည် အရပ်ခပ်ပြတ်ပြတ်နှင့် မျက်နှာလေးထောင့်ရှိပြီး တိုင်းရင်းသားတစ်ဦး ဖြစ်ပုံရသည်။ ထိုဆရာက သာဂိနှင့် ပြူးကျယ်ကိုသင်တန်းကြေးတောင်း၏။ သာဂိအိပ်ထဲတွင် ဘတ်စ်ကားခသာသာ ၅ ကျပ်လောက်သာ ပါခဲ့၏။ ထို့ကြောင့် သာဂိက နောက်တစ်ခေါက်မှ ယူပါရန် တောင်းပါ၏။

ဆရာက ပိုက်ဆံ မဟုတ် ကတိစကားဟု ဆိုမှသာ သာဂိ သက်ပြင်းချနိုင်၏။ အားကစားရုံဆန်ဆန် ဂိုဒေါင်တစ်ခု၏ ဘုရားစင်ရှေ့တွင် သာဂိတို့ ရွတ်ဆိုခဲ့ရသော သင်တန်းကြေးမှာ အောက်ပါအတိုင်းဖြစ်သည်။

” ဘုရား တပည့်တော်သည် ယနေ့မှစ၍ ဆရာ၏ ပညာရပ်များကို သင်ကြားပါမည်။ ဤပညာဖြင့် အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်ပါမည်။ ဤပညာဖြင့် လူကောင်းများကို အနိုင်မယူပါ။ ဤ ပညာကို မျက်ရည်ပေါက်ကြီးငယ် သုံးခါ မကျမချင်း ထုတ်မသုံးပါဟု ကတိသစ္စာ ပြုပါသည်”

……………………………………………..

မိုးလေး တစ်ပြိုက်နှစ်ပြိုက် ကျလာ၏။ မကြာခင် ကျောင်းပြန်ဖွင့်တော့မည်။ မိဖြူကို သာဂိ မျှော်နေမိသည်။ မိဖြူသည် တစ်နွေလုံး မကွေးဘက် အလည်သွားရာမှ ကျောင်းဖွင့်ဖို့ နှစ်ပတ်ခန့်လိုမှ ပြန်ရောက်လာ၏။ သူ အသားနည်းနည်း မည်းသွားသည်။ သို့ရာတွင် ပိုလှလာသည်။ သူပြန်လာသည့်နေ့က သာဂိသည် ထုံးစံအတိုင်း ကိုကျော်ကြီး၏ သင်တန်းတွင် ရှိနေသည်။ ညနေဘက် အိမ်ပြန်လာချိန် ဗံဒါပင်ခြေရင်း ကွတ်ပျစ်လေးပေါ်တွင် ထိုင်နေသော မိန်းကလေးတစ်ဦးနောက်ကျောကို မြင်တော့ မိဖြူလားဟုတော့ ထင်မိသည်။ သို့ရာတွင် ဆံပင်က ပခုံးကျော်နေ၍ မဟုတ်လောက်ဘူးထင်ပြီး ပြူးကျယ်နှင့် စကားပြောမပျက် စက်ဘီးစီးလာစဉ် သူတို့ဘက်ကို လှည့်ကြည့်လိုက်သော မိဖြူမျက်နှာလေးကို မြင်ရတော့မှ သာဂိ ရုတ်တရက် အသက်ရှု ရပ်မတတ် ဖြစ်သွားမိသည်။

နင်းလက်စ စက်ဘီးပေါ်တွင် ပါးစပ်အဟောင်းသားနှင့် မိဖြူကို ငေးရင်း တိုက်ခန်းကို ကျော်မလို တောင် ဖြစ်သွား၍ မိဖြူက ပါးစပ်ကို လက်ဝါးလေးအုပ်၍ ရယ်သည်။ သာဂိသည် ချွှေးစိုနေသော ခန္ဒာကိုယ်ဖြင့် မိဖြူရှေ့တွင် ရပ်ရင်း ဘာပြောရမှန်းမသိ ဖြစ်နေသည်။ မိဖြူက

“သွား ရေချိုးဦး.. ငါ ဒီမှာစောင့်နေမယ်”

ဟုဆိုမှ သာဂိ ကမန်းကတမ်း အပေါ်ထပ်ပြေးတက် ရေချိုးရသည်။ ထိုနေ့က မိဖြူ သူ့ကို စကားတွေ အများကြီး ပြောသည်။ မကွေးက သူ့အဒေါ်အကြောင်း၊ ညီမဝမ်းကွဲတွေ အကြောင်း၊ မြသလွန် ဘုရားအကြောင်း၊ ဧရာဝတီအကြောင်း.. ဘာအကြောင်း၊ ညာအကြောင်း သာဂိ အားလုံးတော့ မမှတ်မိတော့။ မိဖြူပြောသမျှ စကားတိုင်းသည်လည်း သူ့နားထဲ ဝင်တစ်ချက်၊ မဝင်တစ်ချက်သာ။ သူ မြင်နေ၊ သိနေ၊ ကြားနေရသည်မှာ မိဖြူ၏ လက်ကလေးများ လှုပ်ရှားပုံ။ နှုတ်ခမ်းပါးပါးလေး၏ အဖွင့်အပိတ်၊ ခေါင်းလောင်းသေးသေးလေးတွေ စုပြီး တီးလိုက်သလို ထွက်လာသော အသံစာစာလေး … အဲဒါပဲ ဖြစ်သည်။

သာဂိသည် မိဖြူ၏ လှုပ်ရှားမူမှန်သမျှကို ငြိမ်ငြိမ်လေး ထိုင်ကြည့်ရင်း မိဖြူပြောသမျှ ခေါင်းငြိမ့် ထောက်ခံနေသည်မှာ မိဖြူအမေက ထမင်းစားမယ်ဟေ့ဟု မအော်မချင်း ဖြစ်သည်။ မိဖြူသည် မအေ ခေါ်သံကြားတော့ ငါ သွားတော့မယ်ဟု ဆိုကာ ဂါဝန်လေးမ၍ လှေကားပေါ် အပြေးလေးတက်သည်။ သာဂိ နောက်က ကပ်လိုက်သွားရာ လှေကားတစ်ဝက်လောက် အရောက်တွင် မိဖြူက လှည့်အကြည့် သာဂိက မိဖြူခါးလေးကို ဆတ်ကနဲ ဖက်၍ စကားများလွန်းသော နှုတ်ခမ်းလေးတွေကို နမ်းလိုက်သည်။ မိဖြူသည် မျက်လုံးလေး အကြောင်သားဖြင့် မင်တက်သွားပုံရသည်။

သာဂိမှာ မိဖြူ၏ နှုတ်ခမ်းများကို ငုံသာနမ်းလိုက်ရသော်လည်း သူကိုယ်တိုင်က အတွေ့ကြုံမရှိသေးသည်က တစ်ကြောင်း၊ မိဖြူက သူ့မျက်နှာလေးကို မထားတတ်သည်က တစ်ကြောင်းတို့ကြောင့် မိဖြူသွားလေးနှင့် သူ့သွား ထိခိုက်မိသည်။ မိဖြူ အသိဝင်လာပုံရသည်။ ဆတ်ဆို သူ့ကို တွန်းထုတ်လိုက်ရင်း လှေကားအတိုင်း ပြေးတက်ကာ အခန်းထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ သာဂိတစ်ယောက်ကတော့ လှေကားပေါ်တွင် ပြုတ်မကျအောင် မနည်းထိန်းလိုက်ရရင်းယောက်ယက်ခတ်ကာ ကျန်ခဲ့တော့သည်။ သာဂိ အဲဒီညကလည်း ဘုရား မရှိခိုးဖြစ်။

မကြာမှီ ကျောင်းတွေ ပြန်ဖွင့်သည်။ နတ်ကြီးသည် ဆိုသော ဆယ်တန်းကို သာဂိ တက်နေချေပြီ။ သို့သော် သာဂိ မမှုပါ။ စာကြည့်ရင်း ခေါင်းမကြည်သလို ဖြစ်လာလျှင် မိဖြူမျက်နှာလေးကို လှမ်းငေးလိုက်သည်။ မိဖြူကလည်း သာဂိမြင်သာအောင် အစွန်ဆုံးတွင် နေရာယူထားသည်။ တစ်ကယ်တော့ မိဖြူနှင့် သာဂိကြားတွင် လူသွားလမ်းလေးသာ ခြားသည်။ အဲဒါကိုပင် သာဂိက ရံဖန်ရံခါ တစ်မေ့တစ်မောကြီး ငေးနေတတ်သည်။ သို့သော် ဆရာ စာသင်သွား၍ နားမလည်သည်များ၊ မမှီလိုက်သည်များကို ပြန်မေးရသူမှာ မိဖြူဖြစ်သည်။

ပြူးကျယ်ကတော့ နောက်ဆုံးတန်းတွင် ထိုင်မြဲဖြစ်၏။ သူလည်း ဥမ္မာနှင့် အဆင်ပြေနေပြီဟု ပြောသည်။ ရံဖန်ရံခါ လှော်ကားဥယျာဉ်ဘက်သို့ သွားသွားချိန်းတွေ့တတ်သည်။ သာဂိကိုလည်း အဖော်ခေါ်လေ့ရှိသည်။ သာဂိက မိဖြူကို မခေါ်ဝံ့။ ကိုမောင်ကြီး သိမှာစိုးသည်။ နောက်ပြီး အဒေါ်သိမှာကိုလည်း အားနာသည်။ နောက်တစ်ခုက အခုထိ သာဂိသည် မိဖြူကို ရည်းစားစကားမပြောရသေး။ ပြူးကျယ်မြှောက်ပေးသော်လည်း သာဂိသည် တက္ကသိုလ်ရောက်မှပြောမည်ဆိုသော သူ့ဆုံးဖြတ်ချက်ကို မပြင်တော့ချေ။

သို့နှင့် စာမေးပွဲကြီးနီးလာသောအခါ သာဂိတို့တွေ စာစုကျက်ကြသည်။ ပြူးကျယ်တို့အိမ်တွင် ဖြစ်၏။ ပြူးကျယ်အစ်ကိုများက တက္ကသိုလ် ကျောင်းသားများချည်းဖြစ်၍ မသိတာဆိုလျှင် မေးလို့ရသည်။ သူတို့ ညီအစ်ကိုများကလည်း တစ်ယောက်ကို ဝါသနာတစ်မျိုးစီ ဖြစ်၏။ မည်သို့ပင်ရှိစေ သူတို့အားလုံး သဘောကောင်းသူများဖြစ်၍ သာဂိကတော့ ခင်သည်။ အဲ.. ခင်သည်ဆိုသည်ထက် အစ်ကိုရင်းများကဲ့သို့ အားကိုးမိသည်။ တစ်ကောင်ကြွက်ဆန်ဆန် သာဂိသည် ညီအစ်ကို၊ မောင်နှမ ငတ်နေသူ ဖြစ်သည်။

သူနှင့် ပြူးကျယ် စာကျက်ရာသို့ မိဖြူနှင့် ဥမ္မာလည်း လာသည်။ အပြန်ဆိုလျှင် သာဂိနှင့် ပြူးကျယ်က မိဖြူတို့ကို လိုက်ပို့သည်။ ဥမ္မာက သာဂိတို့တိုက်တန်း၏ နောက်ဖက် တိုက်တန်းတွင် နေသည်။ အမှန်တော့ ဘာမှ ဝေးလှသည်မဟုတ်။ ထို့ပြင် ဒိနားတစ်ဝိုက် သူတို့ကို မည်သူမျှ နှောင့်ယှက်မည် မဟုတ်။ သို့ရာတွင် စိုးရိမ်သည်ကို အကြောင်းပြ၍ သာဂိတို့က လိုက်ပို့သည်။

နွေဦးပေါက်ချိန်ဖြစ်၍ လေသရမ်းတို့ မြူဆော့သော ညချမ်းတွင် သာဂိသည် မိဖြူနှင့် ဘေးချင်းယှဉ်လျှောက်ရင်း ကြည်နှုးနေမိသည်။ ဓာတ်မီးတိုင်တို့၏ တစ်ဝက်တစ်ပျက် အလင်းရောင်အောက်တွင် မိဖြူ၏ မျက်နှာလေးသည် နုနုထွေးထွေး၊ ဝါဝါပြေးလျှက် ရှိ၏။ စာအုပ်လေးတွေပိုက်ပြီး လမ်းလျှောက်နေသော မိဖြူသည် ရုတ်တရက် ကောင်းကင်ကို မော့ကြည့်ရင်း…

”ဒီနေ့ လသာတယ်နော်”

ဟုတစ်ယောက်ထဲ ရေရွတ်သလို သာဂိကို ပြောသလို ပြော၏။ သာဂိလည်း မော့ကြည့်မိရာ ဟုတ်၏။ ငွေသော်တာသည် အာကာလွင်ပြင်တွင် ကြယ်ညီနောင်တို့ကို ခြံရံလျှက် သာဂိကို ဖြူဝါဝါကြီး ပြန်ကြည့်နေ၏။ မိဖြူက …

” လမင်းကြီးက အရမ်းလှတာပဲ၊ တစ်ညလုံး ထိုင်ကြည့်နေရင် ကောင်းမယ်နော်.. သာဂိ”

” လမင်းက နင့်လောက်မလှပါဘူး ၊ မိဖြူရယ် ”

မိဖြူသည် ခြေလှမ်းလေး တုံ့သွား၏။ နောက် ဖြေးဖြေးချင်း သာဂိကို မော့ကြည့်သည်။ သူ့မျက်လုံးလေးတွေသည် ဟိုအရင်တစ်ခါ အရည်လည်သလိုမျိုးလေး လည်လာပြန်သည်။ ပါးပြင်လေးတွေရော နီနေသလား။ သိပ်တော့ မမြင်ရချေ။ သူတို့သည် ဓာတ်တိုင်နှစ်တိုင်ကြား အလင်းမမှီသော နေရာတွင် ရောက်နေကြ၍ ဖြစ်သည်။ သို့ရာတွင် မိဖြူချစ်သော ငွေလရောင်ကတော့ ဖြူလွှလွှလေး ရှိနေသည်။ သာဂိ မိဖြူဘက်သို့ လှည့်၍ ပခုံးလေးနှစ်ဖက်ကို ကိုင်လိုက်သည်။ မိဖြူသည် သာဂိမျက်ဝန်းကို သာကြည့်နေသည်။ သူ့ နှုတ်ခမ်းလေးတွေ တစ်ဆတ်ဆတ် လှုပ်နေသည်။

သာဂိ မိဖြူပါးပြင်လေးကို ဖွဖွလေး နမ်းလိုက်သည်။သနပ်ခါးနံ့ သင်းသင်းလေးရသည်။ သာဂိ စိတ်မထိန်းနိုင်တော့ မိဖြူကိုယ်လုံးလေးကို သိမ်းကြုံးပြီး သိုင်းဖက်ထားလိုက်မိသည်။ မိဖြူ လက်ထဲက စာအုပ်တွေ ပြုတ်ကျသွား၏။ သို့ရာတွင် ပြန်မကောက်တော့ချေ………

စာမေးပွဲ ဖြေပြီးတော့ သင်္ကြန်နားပင် ရောက်လုပြီ ဖြစ်သည်။ နောက်တစ်လလောက်ဆို သင်္ကြန်ကျတော့မည်။ မနှစ်က သာဂိနှင့် ပြူးကျယ်သည် ကိုကျော်ကြီး ဆရာဦးဆောင်မူနှင့် ဘုန်းကြီးကျောင်းလိုက်နေရ၍ သင်္ကြန်လည်ဖို့ အခွင့်အရေး မရခဲ့ကြ။ ဒီနှစ်တော့ လည်ဖြစ်အောင်လည်မည်ဟု တေးထားမိသည်။

မိဖြူလည်း ဒီနှစ် ဘယ်မှမသွားချေ။ သူ့အိမ်မှာ သူ့အမေက ထမင်း၊ဟင်း ချက်ခိုင်း၍ အချက်သင်ရင်း ချက်နေရသည်ဟုဆိုသည်။ လမ်းထိပ် ကားဂိတ်နားက ဈေးတန်းလေးမှာ ဈေးဝယ်နေတာ တွေ့သည်။ သာဂိက အနားနားကပ်၍ ..

“မိဖြူရေ.. ဒီနေ့ ကြက်သားသုပ်ပေးစမ်းဟာ”

“နင်.. တကယ် စားချင်လို့လား၊ ဝယ်လိုက်မယ်လေ၊ ပြီးရင် ငါလာပို့ပေးမယ်”

“ငါ စားချင်လို့ မဟုတ်ဘူးဟ၊ အငယ်ကောင်က စားချင်တယ်ဆိုလို့။ နင်ကလည်း ကလေးတွေကို အသားလေး ဘာလေး ကျွေးပါဦး၊ အဝတ်အစားတွေချည်း ဇွတ်ဝယ်မနေနဲ့လေ”

မိဖြူသည် ရုတ်တရက် ကြောင်သွားသည်။ သူသည် သာဂိပြောတာကို ချက်ချင်း သဘောမပေါက်။ တော်ကြာနေမှ မျက်နှာလေး ရဲပြီး

“သာဂိ!!!”

ဟုဆိုကာ ကျောကုန်းကို

“အုန်း”

ကနဲ ထုလေသည်။ သူ့ဟာသူထုပြီး နာသွား၍ လက်ဝါးလေးတစ်ခါခါ ဖြစ်နေသဖြင့် သာဂိက ဥုံဖွ လုပ်ပေးဖို့ သူ့လက်ကလေးကို ကိုင်တော့…

“သာဂိ၊ လမ်းပေါ်ကြီးမှာ..လွှတ်ဟာ..”

ဟုဆိုကာ ရုန်းထွက်သွားသည်။ သာဂိ စပ်ဖြဲဖြဲနှင့် ကျန်ခဲ့သည်။ ဈေးသည်တွေကတော့ ဒါမျိုးရိုနေပြီ ဆိုရမည်။ သူတို့နှစ်ယောက်သည် ဟိုးလွန်ခဲ့တဲ့ နှစ်တွေကတည်းက ဒီလမ်း၊ ဒီဈေး၊ ဒီကျောင်းနားမှာ ရန်ဖြစ်နေကြ မဟုတ်ပါလား။ သို့ရာတွင် သူတို့မသိသည်မှာ ထိုစဉ်က ရန်ဖြစ် ထုရိုက် ဆဲဆိုခြင်းသည် ဒေါသကြောင့် ဖြစ်ပြီး ယခု ဆဲဆို ထုရိုက်ခြင်းမှာ အကြင်နာကြောင့် ဖြစ်သည်ဆိုသည်ပင်။ သာဂိသည် မိဖြူကို စနောက်ပြီး ကြည်နှုးစွာ အိမ်ပြန်လာရာ အခန်းထဲရောက်တော့ ဒေါ်လေးက ….

“သာဂိရေ.. ပစ္စည်းတွေသိမ်းဖို့ ကူစမ်းပါဦး၊ မင်းဦးလေးကလည်း တော်တော်ကြာတာပဲ။ အခုချိန်ထိကို မရောက်နိုင်သေးဘူး”

သာဂိက အံ့သြစွာဖြင့်..

“ဘာပြုလို့ .. ဘာပြုလို့ သိမ်းတာလဲ၊ ဒေါ်လေး”

ဒေါ်လေးသည် သာဂိကို ကြင်နာစွာ တစ်ချက်ကြည့်လိုက်ပြီး..

“ဒေါ်လေး .. ရာထူးတက်လို့ ပြောင်းရမယ်။ လှိုင်မြို့နယ်ထဲကိုလေ..။ သား ကျောင်းတက်တော့ နီးသွားတာပေါ့။ ဒီကနေ တက်မယ်ဆိုရင် သားအကြာကြီး ကားစီးရမှာ”

သာဂိ တွေတွေကြီး ဖြစ်သွားသည်။ ဒေါ်လေး၏ ပစ္စည်းများကို ကူသိမ်းထုပ်ပိုးနေရင်း သာဂိသည် ငိုချင်သလိုလို ဖြစ်နေသည်။ ဒီတိုက်ခန်း၊ ဒီတိုက်တန်းတွင် သူ့ကိုမွေးတာ မဟုတ်သော်လည်း သူသည် ဒီမှာ ကြီးပြင်းလာသူဖြစ်သည်။ ဒီနေရာကို သူမခွဲချင်။ နောက်ပြီး မိဖြူ၊ မိဖြူကို သူ နေ့တိုင်းတွေ့နိုင်မည် မဟုတ်တော့။ ညီရင်းအစ်ကိုလို ခင်ရသော ပြူးကျယ်တို့နှင့်လည်း ကစားနိုင်မည် မဟုတ်တော့။ ငေးငေးငေါင်ငေါင် ဖြစ်နေသော သာဂိကို ဒေါ်လေးက..

“စိတ်မကောင်း မဖြစ်ပါနဲ့ကွယ်။ ဝန်ထမ်းဘဝဆိုတာ ဒီလိုပဲ သားရဲ့။ ကိုယ့်ဘဝ ကိုယ်ပိုင်တာ မဟုတ်ဘူးလေ။ ဟိုရောက်တော့လည်း သား သူငယ်ချင်း အသစ်တွေနဲ့ ပျော်သွားမှာပါ”

ဟု နှစ်သိမ့်သည်။ ဒါပေမယ့် သာဂိ မရွှင်နိုင်ပါ။ ဒေါ်လေး အထက်တန်းကျောင်းအုပ် ဆရာမကြီး ဖြစ်သွားတာလည်း ဝမ်းမသာနိုင်။ လဒကြီး လည်လိမ်သလို၊ ငေါင်စင်းစင်း ဖြစ်နေတော့သည်။ ည…၁၂ နာရီ ထိုးတော့မည်။ သာဂိ လှေကားပေါ်မှာ ထိုင်နေသည်။ သူ မိဖြူကို ညနေက ချိန်းထားခဲ့သည်။ ၁၂ နာရီတိတိ လှေကားက စောင့်မည်ဟူ၍ .. မိဖြူက ခေါင်းငြိမ့်ပြရုံသာပြပြီး ဘာမှ ပြန်မပြောခဲ့ချေ။ သူလည်း မျက်နှာတော့မကောင်း။ ဒေါ်လေး ပြောင်းရမည့် သတင်းကြားပြီး ဖြစ်ပုံရသည်။

၁၂ နာရီ၊ ၁၀ မိနစ်.. မိဖြူ မလာသေးချေ။ စောင့်ရသည့်အလုပ်သည် တော်တော်မောရကြောင်း သာဂိ အခုမှ သိသည်။ ဟိုတွေး.. ဒီတွေး ဟိုငေး ဒီငေးနဲ့ မှောင်ရိပ်ထဲတွင် ခြင်တွေနဲ့လည်း စစ်ခင်းရသေးသည်။ အတော်ကြာတော့မှ မိဖြူတို့ အခန်းတံခါးလေး အနည်းငယ်ဟသွားပြီး မိဖြူမျက်နှာလေး ထွက်လာသည်။ သာဂိသည် မတ်တပ်ထရပ်လိုက်မိသည်။ မိဖြူက တံခါးကို အသံမမြည်အောင် ဖြေးဖြေးချင်း ပြန်ပိတ်နေသည်။ ထို့နောက် သာဂိ ဘေးက လှေကားထစ်ပေါ် ထိုင်ချလိုက်ပြီး သာဂိကို မော့ကြည့်သည်။ သာဂိလည်း မိဖြူဘေးတွင် ဝင်ထိုင်ရင်း..

“နင်ကလည်းဟာ..စောင့်ရတာ ကြာလိုက်တာ”

“အမေတို့ မအိပ်သေးလို့ဟ..။ ဒါနဲ့ နေပါဦး.. နင်တို့ ဘယ်နေ့သွားမှာလဲ”

“အဒေါ်ကတော့ နောက်တစ်ပတ်လို့ ပြောတာပဲ”

“နင် တကယ်သွားမှာပေါ့နော်..။ မသွားလို့ မရဘူးလားဟင်..။ ဟို.. ပြူးကျယ်တို့ အိမ်မှာနေဟာ..။ မုန့်ဖိုးမရှိရင် ငါပေးမှာပေါ့။ ငါ့မှာ စုထားတာလေ.. ဗူးကြီးနဲ့ အပြည့်ရှိတယ်.. သိလား..။ နင် ဘာမှပူစရာ မလိုဘူး။ ကိုကြီးမောင်တို့ ကိုကျော်ကြီးတို့လည်း သဘောကောင်းတာပဲ။ အဲဒီမှာပဲနေဟာ .. နော်..။ ဟင်းတွေမကောင်းလို့ မစားချင်ရင် ငါတို့အိမ်လာစားလို့လည်း ရတယ်လေ..။ အမေကလည်း နင့်ကို ခင်တာပဲဟာ။ နင်သာ အားနာမနေရင် နေ့တိုင်းစားလို့တောင်ရ….”

မိဖြူသည် စကားတွေကို တိုးတိုး တိုးတိုးနဲ့ အဆက်မပြတ်ပြောရင်း မျက်ရည်လေးတွေ ကျလာသည်။ သာဂိ ဘယ်လိုမှ မခံစားနိုင်တော့။ သူ့ကိုယ်လုံးလေးကို ဆွဲယူပွေ့ဖက်လိုက်ရင်း ခေါင်းလေးကို ပွတ်ပြီး..

“မိဖြူရယ်..”

ဟူ၍သာ ရေရွတ်မိသည်။ မိဖြူသည် ယခု စကားမပြောတော့။ သာဂိ ရင်အုံပေါ် မျက်နှာအပ်ရင်း တိုးတိုးလေး ရှိုက်နေသည်။ သာဂိက သူ့ ခေါင်းလေးကို ဖွဖွလေးကိုင်ပြီး ဆံပင်လေးကို သပ်ရင်း..

“ငါတို့ ကောလိပ်မှာ တွေ့လို့ရတာပဲ။ အရင်လို နေ့တိုင်းမတွေ့နိုင်တာပဲ ရှိတာပါဟာ။ တစ်ပတ် ၅ ရက်တော့ တို့တွေ တွေ့နေကြရမှာပါ၊”

မိဖြူသည် သာဂိရင်အုံပေါ် မှီနွဲ့နေရာမှ ဆတ်ဆို ခေါင်းထောင်လာရင်း..

“ဟင်.. နင်က ငါ့ကို နေ့တိုင်းမတွေ့လည်း ရတယ်ပေါ့လေ၊ ဟုတ်လား သာဂိ။ ငါ့မှာတော့ သူသွားတော့မယ်ဆိုလို့ အမေ မသိအောင် ခိုးငိုလိုက်ရတာ၊ သူကတော့ .. ဟင့်၊ ဟင့်၊ ဟင့်”

သာဂိ ပြာပြာသလဲလဲ ခတ်သွားရင်း..

“ဟာ.. မိဖြူ ငါပြောတာ အဲလိုမဟုတ်ဘူးလေ။ ဟိုဒင်း.. ဟာ မငိုနဲ့လေဟာ..။ ငါက နင့်ကို အချိန်တိုင်း စက္ကန့်တိုင်း တွေ့ချင်နေတာပါ။ အမြဲတမ်း ငါ့ စိတ်ထဲမှာရှိနေတာ နင်ပါဟာ..။ ငါလေ ဖြစ်နိုင်ရင် နင့်ကို သေးသေးလေးလုပ်ပြီး ငါ့အိပ်ကပ်ထဲ ထည့်သွားချင်တာပါ”

သာဂိ မချော့တတ်၊ ချော့တတ်နဲ့ ချော့တော့ မိဖြူ မျက်နှာလေး ပြန်ကြည်လာရင်း .

” နင် တကယ်ပြောတာနော်”

ဟု ဆိုသည်။ သာဂိက ခေါင်းငြိမ့်ပြသောအခါ မျက်ရည်တွေ စိုနေသော မျက်နှာလေးသည် ပြုံးယောင်သမ်းလာသည်။ ထိုအချိန်တွင် ကာလသား အစ်ကိုကြီးများပြောသော မျက်ရည်စိုနေသော မျက်လုံးသည် အလှဆုံး ဆိုတာကို သာဂိ လက်ခံချင်သွားသည်။

မိဖြူ၏ မျက်နှာလေးသည် မိုးရွာသွန်းပြီးစ နေရောင်ခြည်၏ ထိတွေ့ခြင်း ခံရသော ပန်းပွင့်လေးကဲ့သို့.. မျက်နက်ဝန်း လေးသည် နှုးညံ့ခြင်းကို အရည်ဖျော်ထားသော စိန်ပွင့်လေး ကဲ့သို့… ပါးပြင်မို့မို့ လေးပေါ်မှ သနပ်ခါးကွက်လေးသည် ရေစီးကြောင်းလေးတွေ ပေါ်နေသော သဲသောင်ပြင်ကဲ့သို့….. သာဂိ၏ ရင်သည် နှုးညံ့စွာ လှုပ်ခုန်လာသည်။ ပျိုရွယ်ခြင်း၏ သွေးသားကလည်း ဆူပွက်လာ၍ အောက်က ပစ္စည်းကလည်း ထောင်လာသည်။ သာဂိ မိဖြူ၏ကိုယ်လုံးကို သိမ်းဖက်ကာ လှဲချလိုက်ပြီး ထောင်ထားသော ဘယ်ဘက်ပေါင်ပေါ်တွင် သူ့ခေါင်းလေးကို တင်လိုက်သည်။

မိဖြူသည် သာဂိဆန္ဒအတိုင်း ပျော့ပြောင်းစွာပင် လိုက်လျောသည်။ ယခု မိဖြူသည် သာဂိ၏ ပေါင်ပေါ်တွင် ပက်လက်လေးလှန်လျက် သာဂိကို မော့မော့လေး ကြည့်နေသည်။ မိဖြူ၏ ကြည်စင်သော မျက်နှာဝင်းဝင်းလေးသည် သာဂိ ဘာလုပ်လုပ် တားမြစ် ငြင်းဆန်ခြင်း မရှိ။ ပျော့ပြောင်းနှုးညံ့လွန်းနေသော မျက်ဝန်းများကလည်း သာဂိကို ချစ်ခင် ကြင်နာစွာ ကြည့်နေကြသည်။ သို့ရာတွင် မိဖြူ၏ ရင်နှစ်မွှာကမူ ကန်ရေပြင်ထဲ ခဲလုံးလေး ကျသကဲ့သို့ လှိုင်းထ လှုပ်ရှားလျက်ရှိ၏။ သာဂိက ဘယ်လက်ကို မိဖြူ၏ ခေါင်းလေးအောက် ထိုးသွင်းကာ ခုပေးထားပြီး ညာလက်က မိဖြူ၏ မျက်ရည်စ အကြွင်း အကျန်လေးများကို သုတ်ပေးလိုက်သည်။ မိဖြူ မျက်လုံးလေး မှိတ်၍ ခံယူသည်။ ပြီးတော့ သာဂိကို မျက်ဝန်း တောက်တောက်လေးနဲ့ ကြည့်ရင်း လက်ကလေးတစ်ဖက်က သာဂိရင်ဘတ်က အင်္ကျီစကို ကိုင်ကာ

“သာဂိရယ်”

ဟု ဆိုသည်။ သာဂိ သူ့နှုတ်ခမ်းလေးတွေကို ငုံ့နမ်းလိုက်သည်။ ဒီတစ်ခါတော့ သွားချင်းမထိတော့ပေ။ သာဂိ နှုတ်ခမ်းချင်းနမ်းသည့် ပညာကို တတ်သွားပြီ ဖြစ်သည်။ အောက်နှုတ်ခမ်းလေးကို ငုံနမ်းရင်း လက်တစ်ဘက်က… မိဖြူ၏ ခါးလေးကို တင်းတင်းဖက်မိရာ မိဖြူထံမှ

” အွန်း”

ကနဲ အသံလေးနဲ့ အတူ ရုန်းထွက်လိုက်ပြီး …..

“ဖြေးဖြေးဖက်၊ သာဂိရာ၊ အသက်ရှူကြပ်တယ်၊ ငါမနေတတ်တော့ဘူး”

ဆိုသည်။ သို့နဲ့ သာဂိလည်း အားနေသော ညာလက်ကို ဘယ်နားထားရမှန်းမသိပဲ မိဖြူ၏ လက်ကလေးကို ဆုပ်ကိုင်ထားမိသည်။ မိဖြူသည် မောသွားဟန် တူသည်။ မျက်လုံးလေးစင်းရင်း အသက်ကို မြန်မြန်ရှူနေသည်။ သူ့ လက်ဖျံလေးတစ်လျှောက်တွင် ကြက်သီးဖုလေးများ ထလျက်၊ မွှေးညှင်းနုလေးတွေ ထောင်ထလျက် ရှိသည်ကို သာဂိ တအံ့တသြ တွေ့ရသည်။ ထိုမွှေးညှင်းဖုလေးတွေ တစ်လျှောက် လက်ဝါးဖြင့် ဖြေးဖြေးချင်း ပွတ်လိုက်သောအခါ မွှေးညှင်းဖုလေးတွေ ပျောက်မသွားသည့်အပြင် လက်သဲချွှန်ချွှန်လေးတွေ သာဂိပေါင်ထဲ စိုက်တဲ့အထိ သာဂိကို ဖျစ်ညှစ်ဆုပ်ကိုင်လေသည်။

သာဂိ စိတ်မထိန်းနိုင်တော့။ သူ့ခေါင်းလေးကို ဆွဲထူလိုက်ပြီး နှုတ်ခမ်းနုနုလေးတွေကို တရကြမ်း နမ်းတော့သည်။ မိဖြူသည် သာဂိ၏ ရင်ခွင်ထဲတွင် အရုပ်လေး တစ်ရုပ်ကဲ့သို့ ဖြစ်နေသည်။ သူသည် မိန်းမောစွာ ငြိမ်နေရင်း အသိမဲ့နေသကဲ့သို့ ရှိသည်။ သွေးတွေ ပွက်ပွက်ထမတတ် ဆူနေသော သာဂိ ရှေ့တော့ ဆက်မတိုးဝံ့ချေ။ အောက်က လိင်တံကလည်း တင်းပြီး ထောင်မတ်နေကာ မိဖြူခါးလေးကို ဖောက်ထွက်တော့ မတတ်ဖြစ်သည်။ သို့ရာတွင် သာဂိသည် သူ့ကိုယ်သူ ထိန်းဖို့ ကြိုးစားလိုက်သည်။

အတင်း တရစပ်နမ်းနေမိရာမှ ခွာထုတ်လိုက်ရင်း သက်ပြင်းကိုချကာ မိဖြူခေါင်းလေးကို သူ့ပခုံးစွန်းပေါ်တင်ပြီး နောက်ကျောလေးကို သိုင်းဖက်ထားလိုက်သည်။ မိဖြူသည်လည်း ဘာဖြစ်သည် မသိ၊ သက်ပြင်းလေးချသံ ကြားရသည်။ ထိုနေ့ညက သာဂိသည် မနက်လေးနာရီထိုး ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သည်ထိ မိဖြူကို ထွေးပွေ့ထားခဲ့သည်။ မိဖြူကတော့ ကလေးလေးတစ်ဦးနှယ် သာဂိ ပခုံးစွန်းပေါ်တွင် အိပ်ပျော်သွားခဲ့သည်။ သာဂိသည် အပြစ်ကင်းစွာ အိပ်ပျော်နေသော မိဖြူကို မနိုးရက်၍ ဤပုံစံအတိုင်း တစ်လျှောက်လုံး ငြိမ်ငြိမ်လေး နေပေးခဲ့ရသည်။ သူ့ရင်ထဲတွင်လည်း ရိုင်းစိုင်းသော သွေးခုန်နှုန်းတို့ မရှိတော့။

နှုးညံ့သော တစ်စုံတစ်ရာသည် သူ့နှလုံးထဲတွင် စီးဆင်းလှည့်လည်ရင်း နှမလေးတစ်ယောက်ထက် အနည်းငယ်ပိုသော မေတ္တာဖြင့် ဆက်လက်ထွေးပွေ့ရင်း မိဖြူသည် ငါ့ညီမလေးဖြစ်ရင် ကောင်းမှာပဲဟု တွေးမိသွားသည်။ ပြီးတော့ နှမဆို ဒီလို ဖက်နမ်းလို့တော့ ရမှာမဟုတ်ဟု တွေးမိပြန်ကာ ကိုယ့်ဟာကိုယ် ကျိတ်ရယ်မိသည်။ ထိုတော့မှ မိဖြူသည် အင်းကနဲ အသံပြုရင်း နိုးလာသည်။ ပြီးတော့ သာဂိကို ပြူးကြောင်ကြောင်လေး ကြည့်ကာ

“အိမ်မက်ကလည်း တကယ်လိုပဲ”

ဟုဆိုကာ ပြန်အိပ်ရန် ပြင်သည်။ သာဂိ သူ့ကို မနိုးရက်သော်လည်း နိုးရတော့သည်။ မကြာမီ မိုးလင်းတော့မည် မဟုတ်ပါလား။

တစ်ပတ်ကျော်ကြာပြီးနောက် ဟီးနိုးကားကြီးတစ်စီးဖြင့် သာဂိတို့ အိမ်ပြောင်းခဲ့ရသည်။ မိဖြူသည် ကားနောက်ခန်း ပစ္စည်းပုံတွေပေါ် ထိုင်နေသော သာဂိကို သူတို့ ပထမထပ် ပြတင်းပေါက်မှ လက်ကလေးဝှေ့ယမ်း နှုတ်ဆက်ရှာသည်။ သူ့မျက်ဝန်းတွေကို အနီးကပ် မတွေ့ရသော်လည်း မျက်ရည်ဝဲနေလိမ့်မည်ဆိုတာ သာဂိ သေချာပေါက် ခန့်မှန်းနိုင်ပါသည်။ ပြူးကျယ်ကတော့ သာဂိကို ပခုံးပုတ်၍ အားပေးသည်။ ကိုမောင်ကြီးကတော့ မမြင်ချင်ယောင်ဆောင်နေသည်။ ကိုကျော်ကြီးကတော့ သူ့ထုံးစံအတိုင်း ရှုတည်တည် ရုပ်ကြီးဖြင့် ကြည့်နေသည်သာ..။

သူတို့ သုံးယောက်လုံး ကားပေါ်တွင် ပါလာကြသည်။ သာမန်ဝန်ထမ်းမျှသာဖြစ်သော ဒေါ်လေးသည် ပစ္စည်းများများစားစား မရှိရှာသော်လည်း လင်မယားနှစ်ယောက် ဝယ်ထားသည့် စာအုပ်သေတ္တာတွေက ၈ လုံးခန့်ရှိပြီး အိမ်ထောင် ပရိဘောဂ၊ ဘာညာနဲ့ ပေါင်းသောအခါ တူဝရီးနှစ် ယောက်ထဲ ပင်ပန်းမည်စိုး၍ လုပ်အားပေးရန် ထို ညီအစ်ကိုတစ်သိုက် လိုက်လာကြခြင်း ဖြစ်သည်။ ပြန်လျှင်တော့ ပဲခူး၊ မှော်ဘီ ကားတစ်စီးစီးစီး၍ ပြန်ကြမည် ပြောသည်။

သာဂိတို့ နေရာသစ်သည် အင်းစိန်၊ လှည်းတန်း လမ်းမကြီးနဲ့ မနီးမဝေးတွင် တည်ရှိသည်။ အဒေါ်နေရမည့် နေရာသည် လိုင်းခန်း ချမပေးနိုင်သေး၍ ကျောင်းဆောင်ဟောင်း တစ်ခုကို အိမ်လုပ်ပေးထားသော နေရာဖြစ်သည်။ သာဂိတို့ တူဝရီးတစ်သိုက် အတွက်မူ ကျယ်လွန်းနေသည်။ အခန်းကျယ်ကြီးထဲတွင် အိပ်ခန်းများ ကန့်ထားပေးသည်။ သို့သော် သာဂိ မျက်စိထဲတွင်မူ အရာအားလုံး ဟာလာ ဟင်းလင်းချည်းသာ ဖြစ်သည်။

သို့ရာတွင် သာဂိ ကံကောင်းသည် ဆိုရမည်။ အဘယ့်ကြောင့်ဆိုသော် ကလေးချစ်တတ်သော ကျောင်းစောင့်ကြီး ဦးညို ရှိနေ၍ ဖြစ်ပါသည်။ ရောက်စကမူ သာဂိသည် ဦးညိုကို ကြည့်၍မရချေ။ ကွမ်းချိုးတက်၍ မည်းနေသော သွားတို့ဖြင့် အရက်ဆီပြန်နေသော မျက်နှာတွန့်တွန့်ကြီးသည် ဝန်ထမ်းလိုင်းခန်းကလာခဲ့သူ သာဂိအတွက် အနားမကပ်ချင်စရာ ဖြစ်သည်။ သို့ရာတွင် တစ်ရက် သာဂိ မိဖြူကို လွှမ်း၍ ကော်ရစ်တာပေါ်ထိုင်ပြီး ငေးနေစဉ် ဦးညို ရောက်လာပြီး…

“အလွမ်းဆိုတာ သူ့ချည်းသက်သက်တော့ မကောင်းဘူးကွ”

သာဂိ လှည့်ကြည့်ရင်း…

“ဗျာ.. ဘာပြောတာလဲ.. ဦးကြီးညို”

“ဒီလိုလေကွာ.. ငါတို့ အရက်သောက်ရင် အမြည်းလေးပါမှ သောက်ရတာ စည်းစိမ်ရှိသလို လွမ်းတဲ့ အခါမှာလည်း သီချင်းလေးရေး၊ ကဗျာလေးစပ်မှ လွမ်းလို့ကောင်းတာကွ .. သာဂိရ”

“ကျွန်တော်မှ ကဗျာ မရေးတတ်ပဲ”

“အံမယ်ကွာ.. လွယ်လွန်းလို့..။ မင်းက ရေးချင်စိတ် ရှိဖို့ပဲ လိုတာပါ ငါ့ကောင်ရာ..။ မင်းသာတတ်ချင်ရင် ဒီကမ္ဘာပေါ်က ဘယ်ပညာမဆို မင်း တတ်နိုင်ပါတယ်ကွ”

သာဂိ ဦးညိုကို စိတ်ဝင်စားသွားသည်။ ဦိးညိုသည် ကျောင်းဝင်းထဲတွင် သူ့ဇနီး ဒေါ်တင်နွယ်နဲ့အတူ တဲထိုးနေသူ ဖြစ်သည်။ သူတို့ တဲအိမ်လေးထဲသို့တော့ သာဂိ တစ်ခါမှ မရောက်ဖူးသေး။ သို့ရာတွင် ဦးညိုရင်တွင်းကိုတော့ သာဂိ လှမ်းမြင်လိုက်ရသလို ရှိသည်။

“ဒါနဲ့ ဦးညို အချစ်ဆိုတာ ဘာလဲဟင်..။ အဲ့ဒီ အဓိပ္ပါယ်ကို ကျွန်တော် သေချာမသိဘူး။ ဒါပေမယ့် ကျွန်တော် သူ့ကို ချစ်တယ် ဦးကြီးညို”

“ဟားဟားဟား.. မင်းဟာက ကျွန်တော် မသိဘူး၊ တတ်တယ် ဖြစ်နေပြီ။ ဟုတ်လို့လားကွာ..။ လောကမှာ မသိပဲ တတ်တဲ့ ပညာဆိုတာ ရှိလို့လားကွာ..။ မှတ်ထား.. သာဂိရဲ့ ..။ ဟောဒီကမ္ဘာမှာ မင်းတို့ ပြောပြောနေတဲ့ အချစ်ဆိုတာ မရှိဘူးကွ”

သာဂိ နည်းနည်း စိတ်ပျက်သွားသည်။ ဦးညိုကြီး မူးနေသည် ထင်သည်။ အချစ်ဆိုသည့် အကြောင်းကို ဒေါ်လေးနဲ့ ဦးလေး စုဆောင်းပိုင်ဆိုင်ထားသည့် စာအုပ်တွေထဲတွင် နာမည်ကြီး စာရေးဆရာပေါင်းစုံက နည်းလမ်းပေါင်းစုံဖြင့် ထုတ်ဖော်ထားကြသည်။ ဒါကို ကျောင်းစောင့် ဦးညိုကြီးက မရှိပါဘူး လုပ်နေသည်။ အင်း.. သူ ဒီနေ့ နည်းနည်း များသွားလို့ နေမှာပါ။ နောက်နေ့မှ ဆက်မေးရမယ်ဟု သာဂိတွေးမိသည်။ မှန်သည်။ သာဂိ အတွက်တော့ ဦးညိုသည် အရက်သောက်တတ်သော စာအုပ်တစ်အုပ် ဖြစ်သည်။ ဟောင်းနွမ်းနေသော ထိုစာအုပ်ကြီးတွင် သဘောကောင်းသော ပိုင်ရှင်လည်း ရှိသည်။ ထိုသူက သူ့ဇနီး အန်တီတင်နွယ် ဖြစ်သည်။ သာဂိသည် သူတို့နှစ်ယောက်ကို ကြည့်ပြီး တအံ့တသြ ဖြစ်ရသည်။

သူက ဦးကြီးညိုဟုခေါ်သော ဦးညိုသည် ရံဖန်ရံခါ အင်္ဂလိပ်လို ရေးထားသော သတင်း အပိုင်းစများပါသည့် ကွမ်းယာထုပ်သော စက္ကူကိုဖြေရင်း ဘိုလို မွှတ်နေအောင် ဖတ်တတ်သည်။ အန်တီတင်နွယ်ကတော့ သူ့ကိုခေါ်သည့် အန်တီဆိုသည့် စာလုံးကလွဲလျှင် ကျန်တာ ဘာမျှနားမလည်ချေ။ သူတို့နှစ်ယောက်သည် တော်တော်တော့ အသွင်မတူကြချေ။ အန်တီတင်နွယ်သည် ရိုးသားအေးဆေးသူ ဖြစ်ပြီး သူ့ဟာသူ ငြိမ်းချမ်းစွာနေထိုင်ရင်း ဦးကြီးညို ရှိနေလျှင် ပြည့်စုံနေပြီဖြစ်သည်။ ဦးကြီးညိုကတော့ ဒီလို မဟုတ်ချေ။

“ဟကောင်.. သာဂိရဲ့.. ယောကျ်ားတစ်ယောက်ရဲ့ ဘဝအရသာကို ဒင်းပြည့်ကျပ်ပြည့် ခံစားဖို့ အချက်သုံးခုထဲက တစ်ခုခု လုပ်ရမယ်လို့ ဆရာသော်တာဆွေက ပြောတယ်ကွ။ တစ်.. အရက်..၊ နှစ်.. မိန်းမ..၊ သုံး.. လောင်းကစား..။ မင်းရော ဘာဝါသနာပါလဲ။ ငါကတော့ သုံးခုလုံးကွ”

ဟုဆိုသည့် လူကြီး ဖြစ်သည်။ တစ်ခါတစ်ခါ စိတ်လိုလက်ရ ရှိချိန်မျိုးဆိုလျှင်လည်း ဤသို့ ပြောတတ်ပြန်၏။

” အချစ်ဆိုတာ .. more then sex.. တော့ more then sex ပဲ။ ဒါပေမယ့် based on sex ဆိုတာလည်း သေချာတယ်ကွ။ ထိန်းချုပ်နိုင်သူအဖို့ကတော့ love = sex ပဲ။ ခံစားချက်တွေ မထိန်းနိုင်တဲ့ မင်းလို အရူးလေးကတော့ love = crazy ပဲကွ.. ဟားဟား”

ထိုယူဆချက်ကို သာဂိက သဘောမတူနိုင်ချေ။ ရှေးရာဇဝင် အဆက်ဆက်ကစလို့ ယခုအချိန်ထိ ယုံကြည်စွာသုံးစွဲခဲ့သော စကားလေးတစ်ခွန်းကို ဦးညိုကြီး စကားတစ်ခွန်းထဲနဲ့တော့ဖြင့် လွှင့်မပစ်နိုင်ချေ။ ထို့ကြောင့် စောဒက တက်မိသည်။

“အဲဒီလိုချည်းပဲတော့ မဟုတ်လောက်ပါဘူး ဦးကြီးညိုရယ်..။ အချစ်အတွက်နဲ့ အသက်တောင် စွန့်တာတွေ ဘာတွေ ဦးညိုကြီးလည်း သိတာပဲမလား။ ရှင်မွေးလွန်းနဲ့ မင်းနန္ဒာတို့၊ ရိုမီယိုနဲ့ ဂျူးလိယက်တို့.. အဲဒီလိုတွေကြတော့ ဘာပြောမလဲ”

ဦးညိုကြီးက ရယ်သည်။ ပြီးတော့..

“သူတို့က ကြိုက်နေတာကွ.. အချစ်မဟုတ်ဘူး..။ အဲ တကယ်တော့ အချစ်မဟုတ်ဘူးလို့တောင် ပြောစရာ မလိုဘူး။ ဘာလို့လဲဆိုတော့ အချစ်ဆိုတာ ရှိကို မရှိလို့ပဲ။ ထားပါတော့လေ။ ငါဆက်ပြောပြမယ်။ အကြိုက်ဆိုတာ ရမ္မက်ကို အခြေခံတာကွ။ သူ့ လောင်စာ အားကောင်းနေတုန်းဆို မီးညွှန့်က သိပ်ကောင်းပြီး အရှိန်က တစ်ဟဲဟဲနဲ့ပေါ့။ အဲ.. လောင်စာလည်း လျော့သွားရော ခုန မီးတောက်ကြီး ဘယ်ရောက်သွားမှန်းကို မသိတော့ဘူး။ ငါပြောတာ သဘောပေါက်လား။ အေး.. အကြိုက်ဆိုတာလည်း ရမ္မက်တွေ ပြင်းထန်နေတုန်းမှာတော့ အရှိန်က ပြင်းမှပြင်းပေါ့။ ရမ္မက်လည်း သွေးအေးသွားရော အရှိန်လည်း ကျကရောပဲ။ သူတို့က အရှိန်ပြင်းနေတုန်း အဲလိုဖြစ်သွားကြတာကွ။ တကယ်လို့ နောက်တစ်လလောက်နေမှ ပေးတွေ့ကြည့် အဲ့လိုမဖြစ်ဘူး။”

“ဟာဗျာ.. ဦးကြီးညိုကလည်း.. အဲလောက်ကြီး စောင့်လို့ ဘယ်ရမလဲဗျ။ ဟိုက ဘုရင်တွေ ခေတ်လေ၊ ယောကျ်ားပေးစားပစ် ဘယ်လိုလုပ်မလဲ။”

“မင်းကို သူချစ်တယ်လို့ ယုံတယ်ဆိုရင် သူယောကျ်ားပေးစားခံရမှာ မင်းကဘာလို့ ကြောက်နေတာလဲ။ သူက မင်းကို ချစ်တယ်လေ။ မင်းကလွဲပြီး ဘယ်သူ့မှ မချစ်ဘူးလေ။ မင်း အဲဒါကို မယုံဘူးလား”

“ဟို..အင်း..ယုံတယ်လေ။ ဒါပေမယ့်…”

“ဒါပေမယ့်ဆိုတာ သံသယ စကားကွ၊ သံသယဆိုတာ မင်းတို့ပြောတဲ့ ချစ်ခြင်း မဆိုထားနဲ့ မိတ်ဆွေတွေမှာတောင် အဲဒါဝင်လာရင် ပျက်တော့တာပဲ ငါ့ကောင်ရေ… ဟားဟားဟား”

သာဂိ ဦးညိုကြီးကို နိုင်အောင် မပြောနိုင်ချေ။ သို့သော် ဦးညိုကြီးပြောတာကိုတော့ အကုန်လုံး မယုံ။ မူးမူးနဲ့ ရွှီးတာ များသွားသည်ဟုသာ မှတ်ထားလိုက်သည်။ သာဂိသည် လှိုင်ကောလိပ်တွင် စိတ်ပညာမေဂျာကို ရသည်။ မိဖြူကတော့ ဓာတုဗေဒကို ယူသည်။ သာဂိက

“နင် အဲဒီဘွဲ့ကြီးယူပြီး ဘာလုပ်စားမလဲ”

ဟု မိဖြူကိုမေးသောအခါ မိဖြူက

” နင်ကရော.. နင်လည်း အဲဒီဆိုက်ကိုကြီးနဲ့ ဘာလုပ်စားမှာလဲ”

ဟု ပြန်မေးလေသည်။ သာဂိလည်း ပြန်မဖြေတတ်။ ဝါသနာပါလို့သာ ယူထားခြင်းဖြစ်ပြီး ထိုပညာနဲ့ ဘယ်လိုလုပ်ကိုင်စားရမယ်မှန်း ဒုတိယနှစ်လောက်ထိ သာဂိ မသိချေ။ တက်ရောက်သင်ကြားနေရသည့် ပညာရပ်ကိုသာ မသိရှိမည် မိဖြူကို ဘယ်လို ကိုင်တွယ်ရမည်ဆိုတာတော့ သာဂိ ကျွှမ်းနေပြီဖြစ်သည်။

မိဖြူကလည်း သာဂိကို ဘယ်လို အနိုင်ကျင့်ရမည်ဆိုတာ ကောင်းကောင်းသိနေပြီ ဖြစ်သည်။ ပြူးကျယ်နဲ့ ဥမ္မာတို့ကတော့ စိတ်တူသဘောတူ လော (Law) ကို ယူပြီး မခွဲမခွာ ရှိနေကြသည်။ သူတို့သည် လှိုင်နယ်မြေ၏ သစ်ပင်ရိပ်ကြီးများအောက်တွင် အတူတူ ပျော်ခဲ့ကြသည်။ အတူတူ စိတ်ကောက်ခဲ့ကြသည်။ အတူစား၊ အတူသွား၊ အတူလာနဲ့ နှစ်ကိုယ်တစ်စိတ်သဖွယ် ပျော်နေခဲ့ကြသည်။ စင်စစ် ထိုအပျော်သည် မုန်တိုင်းမလာခင် တိုက်သည့် လေညှင်းဖြစ်ကြောင်း သူတို့ မရိပ်မိခဲ့ကြချေ။

သူတို့ ဒုတိယနှစ်အောင်အပြီးတွင် လှိုင်ကောလိပ်ကို ဖျက်သိမ်းကြောင်း မကြော်ငြာပဲ သူတို့ ကျောင်းပြောင်းကြရသည်။ တစ်ချို့က အရှေ့ပိုင်း တက္ကသိုလ်(သန်လျင်) သို့ရောက်ပြီး အချို့က ဒဂုံ တက္ကသိုလ်သို့ ရောက်သွားကြသည်။ ကံဆိုးစွာပင် သာဂိနဲ့ ဥမ္မာသည် အရှေ့ပိုင်းတက္ကသိုလ် စာရင်းထဲပါသွားပြီး ပြူးကျယ်နဲ့ မိဖြူက ဒဂုံတက္ကသိုလ်သို့ ရောက်သွားကြသည်။

ထို စာရင်းထွက်သည့်နေ့က သူတို့လေးယောက် အင်းယားကန်ဘောင်ပေါ်တွင် စကားမပြောဖြစ်ပဲ မှိုင်နေမိကြသည်။ အရင်ဆုံး လှုပ်ရှားသူများက ပြူးကျယ်နဲ့ ဥမ္မာဖြစ်၍ တစ်နေရာ သွားဦးမည်ဆိုကာ ထွက်သွားကြသည်။ မိဖြူသည် ငိုတော့မယောင် မျက်ဝန်းများနဲ့ သာဂိကိုကြည့်ရင်း ..

“ဘယ်လိုလုပ်ကြမလဲ.. သာဂိ.. ဟင်.. ဘယ်လိုလုပ်ကြမလဲ”

ဟူသော စကားကိုသာ ထပ်ကာထပ်ကာ ရေရွတ်နေသည်။ သာဂိလည်း ဘယ်လို ပြန်ဖြေရမှန်း မသိချေ။ မိဖြူလက်လေးကို ခပ်ထွေးထွေးဆုပ်ရင်း အင်းယားရေပြင်ကိုသာ အဓိပ္ပာယ်မဲ့ ကြည့်နေမိသည်။ ထိုနေ့က သာဂိ အိမ်ပြန်နောက်ကျသည်။ အိမ်ရောက်တော့ ရေချိုးပြီး ဝရံတာပေါ် ထိုင်ငေးနေစဉ် ဦးညို ရောက်လာပြီး..

“ဘာဖြစ်လို့လဲ သာဂိရ..။ တစ်နေကုန်တွေ့တာတောင် မင်းဟာက လွမ်းတုန်းပဲလားဟ”

“မဟုတ်ပါဘူး ဦးကြီးညိုရာ..။ သူနဲ့ ကျွန်တော် ကျောင်းကွဲသွားပြီဗျ။ သူက ဒဂုံမှာ.. ကျွန်တော်က သန်လျင်မှာ..။ ရှေ့လျှောက် ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူးဗျာ”

” အလို..မင်းက ဘာလုပ်ချင်လို့တုန်း”

“သူနဲ့ အတူနေချင်တာဗျ”

“ဘယ်လောက်ကြာကြာလဲ”

“တစ်သက်လုံးဗျ၊ တစ်သက်လုံး”

“အံ့ပါရဲ့.. သာဂိရယ်၊ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ်နေနိုင်တဲ့ ဘဝမှာ မနေချင်ပဲကိုး။ မင်း ချစ်တဲ့ထိတော့ ဦးကြီးက ဘာမှမပြောချင်သေးဘူး။ လက်ထပ်ဖို့တော့ မစဉ်းစားနဲ့ သာဂိရေ..။ မင်း အမှားကြီး မှားလိမ့်မယ်”

“ဟာဗျာ.. မှားမှားဗျာ.. ကျွန်တော် သူ့ကိုချစ်တယ်။ သူ့ကိုယူမယ်”

“ဟားဟား.. ချစ်တယ်တဲ့လား..။ အဲ့ဒီ ချစ်တယ်ဆိုတဲ့ စကားကို မင်း ဂွေးတန်းလန်းနဲ့ ပြေးနေတုန်း အရွယ်လောက်ကတည်းက ခံစားတတ်ခဲ့တဲ့ ကောင်ပါကွ။ လူပျိုမဖြစ်ခင်ကတည်းက ကဗျာတွေ ရေးလိုက်၊ ဝတ္ထုတွေရေးလိုက်နဲ့ ကြိုက်ရမယ့် လူရှာပြီး ဖျပ်ဖျပ်ခါနေခဲ့တာ.. ငါ့မိန်းမနွယ့်ကို တစ်ခြားယောကျ်ားတစ်ယောက်က စကားပြောနေတာများ မြင်ရင် အဲဒီည ငါ အိပ်လို့ကို မပျော်တာဟေ့။ သူနဲ့သာဆိုရင် ငါဟာ တဲအိုပျက်တောင်မလိုဘူး။ ထမင်းရေတောင် မလိုဘူး။ သူ့မျက်နှာ ကြည့်နေရရင် သစ်ပင်အောက်မှာ ရေသောက်ပြီး တစ်သက်လုံး နေနိုင်တယ်လို့ ထင်ခဲ့တဲ့ ကောင်ပါ .. သာဂိရ..”

“အင်းလေ.. ဦးကြီးကြတော့ ယူခဲ့ပြီးတော့ ကျွန်တော့်ကြမှ မယူနဲ့ဆိုတော့.. ဦးကြီး တရားသလားလို့ …”

“အေး.. ငါက မင်းကို ငါ့လိုမမှားရအောင် ပြောနေတာကွ သာဂိရ..။ ဒီတွင်းကြီးက အနက်ကြီး ။ အထဲမှာလည်း ရေမရှိဘူးဆိုတာကို တွင်းထဲကျနေတဲ့ ငါက မင်းသိအောင် လှမ်းအော်ပြောနေတာ။ အဲဒါကို မင်းက မနာလိုလို့ ပြောတယ်ထင်လည်း မင်းသဘောပါပဲကွာ”

ဦးကြီးညိုသည် စိတ်ပျက်လက်ပျက် ခေါင်းခါရင်း ထိုင်ရာမှ ထသည်။ ထိုစဉ်မှာ ကျောင်းဝင်းတံခါးရှေ့သို့ လူတစ်ချို့ ရောက်လာ၍

“ဟေ့ ဘယ်သူတွေလဲကွ”

ဟု ဦးညိုက လှမ်းအော်ရာ.. ထိုလူသိုက်ဆီက

“သာဂိရေ.. သာဂိ.. သာဂိနဲ့ တွေ့ချင်လို့ပါ”

ဟူသော အော်သံများ ထွက်လာ၏။ ကိုကြီးမောင်တို့အုပ်စုပင်ဖြစ်သည်။ သာဂိ အပြေးအလွှားသွား တံခါးဖွင့်ပေးတော့ ကိုကြီးမောင်က

“ပြူးကျယ် ဒီမှာလား”

ဟုမေးသည်။ သာဂိ ပြူးကြောင်ကြောင်နဲ့ ခေါင်းခါပြတော့ ကိုကြီးမောင်က သက်ပြင်းချပြီး

“မင်းကောင် ပြူးကျယ်ကတော့ ပြဿနာပဲကွာ..။ ဥမ္မာ့ကို ခိုးပြေးသွားပြီ ထင်တယ်”

“ခင်ဗျာ..”

သာဂိ ခင်ဗျာတစ်လုံးသာ ရွတ်နိုင်ပြီး ပါးစပ်အဟောင်းသားဖြင့် အံ့သြတစ်ကြီး ဖြစ်သွားလေသည်။ ဦးညိုကြီးက ..

“သွားပြီ တစ်ကောင်တော့ တွင်းထဲပြုတ်ကျသွားရှာပြီ”

ဟု ရေရွတ်လိုက်သည်။ ကိုကြီးမောင်က သဘောပေါက်စွာ ရယ်သည်။ ပြီးတော့ သာဂိကို

“မနက်ကြရင် ဒီကောင်သွားတတ်တဲ့ နေရာတွေ ရှာပြီး ပြောပါဦးကွာ..။ ဥမ္မာ့ကို ပြန်အပ်ရဦးမယ်လို့။ သူတို့ကို ဘယ်သူကများ သဘောမတူဘူးပြောလို့ ခိုးပြေးရတာလိမ့်ကွာ။ တော်တော်ဆိုးတဲ့ ကောင်ပဲ”

သာဂိ ခေါင်းငြိမ့်ပြရင်း မနက်ကြ တွေ့အောင်ရှာပြီး ပြောပေးပါ့မည်ဟု အာမခံလိုက်သည်။ အာမလည်း ခံရဲပေသည်။ သူငယ်ချင်းချင်းဖြစ်သော ပြူးကျယ် ဘယ်ဘိမှာ နားခိုနေနိုင်မလဲ .. ဝေးဝေး စဉ်းစားစရာမလိုချေ။ ဒီကောင် လှည်းတန်းက သန်းအေးတို့ အိမ်မှာပင် ဖြစ်ရမည်။ တောသူဋ္ဌေးသားများဖြစ်သော သန်းအေးနဲ့ သူ့သူငယ်ချင်း တစ်ယောက်သည် လှည်းတန်းတွင် အိမ်ခန်းတစ်လုံးငှားပြီး နှစ်ယောက်ထဲ နေခြင်းဖြစ်သည်။ ယခု ဒီကောင်တွေ ရွာပြန်ချိန်အခန်းသော့သည် သူငယ်ချင်းများလက်ဝယ်တွင်သာ ရှိပေလိမ့်မည်။ ဒါကို ပြူးကျယ်က ဂွင်ကြုံနှိုက်ခြင်း ဖြစ်မည်မှာ သေချာသည်။ သာဂိသည် ချက်ခြင်းထသွားရန် စဉ်းစားပြီးမှ အခုလို ချိန်ကြီး ပြူးကျယ် ဘာလုပ်နေမည်ကို စဉ်းစားရင်း ပြုံးစိစိဖြင့် တခွိခွိ ဖြစ်နေလေတော့သည်။

သူ မနက်အိပ်ယာထတော့ မိဖြူ ရောက်နေချေပြီ။ ပုဆိုးစွန်တောင်ဆွဲရင်း အိပ်မှုံစုံမွှား ထွက်လာသော သာဂိသည် ဧည့်ခန်းထဲတွင် ပုံ့ပုံ့လေးထိုင်နေသော မိဖြူကို မြင်သောအခါ ပါးစပ်ကြီး ပြဲသွားပြီး .. ကမန်းကတမ်း ရေချိုးခန်းဘက်သို့ ပြေးလေသည်။ မိဖြူကတော့ မျက်နှာအမ်းအမ်းလေးဖြင့် ပြုံးစိစိလေးဖြစ်ကာ ကျန်ခဲ့သည်။ သာဂိ ရေချိုးပြီး အပြင်ထွက်လာတော့ ဒေါ်လေးက..

“ဟဲ့.. သာဂိ ထမင်းကြမ်း စားသွားဦးလေ..။ သမီး.. မိဖြူရော တစ်ခါထဲ စားလေ.. လာ”

နှစ်ဦးသား တစ်ပြိုင်တည်း..

“မစားတော့ဘူး ..ဒေါ်လေး”

“အံမယ်.. လေသံကိုက…။ ဟေ့.. ဟေ့.. ပြောထားပါရဲ့နော်.. မင်းတို့.. မင်းတို့ကို ငါတို့က သဘောတူပြီးသားနော်..။ ဟိုနှစ်ယောက်လို ပေါက်ကရလုပ်ဖို့ မစဉ်းစားနဲ့ ကြားလား..။ အလုပ်အကိုင်လေး အတည်တကျဖြစ်မှ စဉ်းစားကြ.. ဟုတ်ပြီနော်”

“ဟုတ်”

”ဟုတ်ကဲ့ပါ..ဒေါ်လေး”

သာဂိနဲ့ မိဖြူသည် ဆင်ရေတွင်းမှတ်တိုင်တွင် ကားစောင့်ရင်း တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ရမှာ မျက်နှာပူသလို ဖြစ်နေသည်။ သို့သော် မကြည့်ပဲလည်း မနေနိုင်ချေ။ ကြည့်မိပြန်တော့ မိဖြူက

“ဘာကြည့်တာလဲ”

ဟုဆိုကာ မျက်နှာနီနီလေးနဲ့ မျက်စောင်းထိုးရင်း ပြုံးချင်နေသော နှုတ်ခမ်းလေးကို သွားနဲ့ ကိုက်ထားလေသည်။ သာဂိက ရယ်ကြဲကြဲနဲ့ ခေါင်းကုတ်ရင်း

“နင်ကရော ဘာကြည့်တာလဲ၊ နင်လည်းကြည့်လို့ ငါကြည့်တာ မြင်တာမှတ်လား”

ဘာပြောရမှန်းမသိတော့သော မိဖြူသည် သာဂိ ဗိုက်ခေါက်ကြောကို လိမ်ဆွဲရာ သာဂိ ထိုးထိုးထွန့်ထွန့် ဖြစ်သွားလေသည်။ အမှန်တော့ သူတို့နှစ်ယောက်သည် ပြူးကျယ်နဲ့ ဥမ္မာအစား ရင်ခုန်နေကြခြင်းသာ ဖြစ်သည်။ ညက အိပ်ယာထဲတွင် သာဂိသည် ပြူးကျယ်က ဥမ္မာ့ကို ဘယ်လိုချစ်မှာပါလိမ့်ဟု တွေးရင်း အိပ်ပျော်သွားရာ မမက်စဖူး အိပ်မက်ထဲတွင် သူနဲ့မိဖြူ ချစ်ဗြူဟာကျင်းသည်ဟု မက်မိသည်။ သူက အိပ်မက်ကြောင့် ရင်ခုန်နေခြင်းဖြစ်ပြီး မိဖြူက ဘာကြောင့် ရင်ခုန်နေသည် ဆိုတာတော့ သာဂိလည်း မသိချေ။

သာဂိတို့ သန်းအေး၏ တိုက်ခန်းရှေ့ရောက်ချိန်တွင် တံခါး မဖွင့်သေးချေ။ သာဂိက တံခါးကို တစ်ဝုန်းဝုန်းထုရင်း အသံကိုဖျက်၍…

“လူကြီးမင်းတို့.. လူကြီးမင်းတို့ ခင်ဗျ..။ ဧည့်စာရင်းစစ်ဖို့ လာပါတယ် ခင်ဗျ..။ တံခါးလေး ဖွင့်ပေးပါဦး ခင်ဗျ”

အတွင်းက ဘာသံမျှမကြားရ..။ ထပ်၍ တစ်ဝုန်းဝုန်း ထုလိုက်ပြီး.. အသံသြသြကြီးဖြင့်..

“မောင်သန်းအေး.. တံခါးဖွင့်ဦးကွယ့်..။ အိမ်လခ ကိစ္စလည်း ပြောရဦးမယ်ကွယ့်”

အထဲက ချိုးချိုးချွှတ်ချွှတ် လှုပ်ရှားသံများ ကြားရသည်။ မိဖြူကတော့ ပါးစပ်ကို လက်ဝါးလေးအုပ်ရင်း အူတက်နေချေပြီ။ သာဂိက ဆက်၍..

“ကဲ.. ရပ်ကွက်လူကြီးမင်းတို့ .. တံခါးဖွင့်မပေးရင်လည်း ဖျက်သာဝင်ပါတော့ဗျာ”

ပြောရင်း တံခါးမျောက်လက်ကို တစ်ချွင်ချွင် ကစားလိုက်ရာ

“လာပါပြီရှင်.. လာပါပြီ””

“ဟာ.. ဥမ္မာ.. မဖွင့်နဲ့ဟာ…။ ကောင်းကောင်းမနေရတော့ပါဘူး။ အဲဒါ သာဂိတို့ဟ..။ အဲ့ဒီကောင့်အသံကို ခွေးချီသွားတောင် ငါမှတ်မိတယ်”

သို့ရာတွင် တံခါးက ပွင့်သွားချေပြီ။ ဆံပင် ဖရိုဖရဲလေးနဲ့ ဥမ္မာသည် အပေါက်ဝတွင် ရပ်နေသော သာဂိနဲ့ မိဖြူကို မြင်ရသည်တွင် မျက်လုံးလေးပြူးသွားပြီး ယောင်၍ တံခါးကို ပြန်ပိတ်မည် ပြုသည်။ သာဂိက ..

“အံမယ်.. အံမယ်.. ဥမ္မာ.. နင်က ငါတို့ကိုတောင် လက်မခံချင်တော့ဘူးပေါ့လေ..”

ဥမ္မာသည် အိုးတို့အမ်းတမ်း ဖြစ်သွားလျှက်..

“မဟုတ်ပါဘူးဟာ.. ဟို… ငါက ယောင်သွားလို့ပါ”

ဟု ပြုံးဖြဲဖြဲလေးနဲ့ လေပြေထိုးရင်း ဝင်လေဟု ဆိုသည်။ ဥမ္မာသည် ယောကျ်ားဝတ် ရှပ်အင်္ကျီလက်ရှည်ကြီးကို ဝတ်၍ ပုဆိုးတစ်ထည်ကို ထမီ လုပ်ဝတ်ထားသည်။ သာဂိက..

“ဟ.. ဥမ္မာတို့ဖက်ရှင်က မိုက်လှချည်လားဟ..။ နင့် အသစ်စက်စက် ယောက်ျား ဆင်ပေးထားတာလား ”

သာဂိက ရယ်စရာပြောတာ ဖြစ်သော်လည်း ဥမ္မာက မရယ်ပဲ ရှက်စနိုးဖြင့် ခေါင်းလေးငုံ့သွားလေသည်။ ထိုစဉ် ဧည့်ခန်းထဲက ဖျာပေါ်တွင် မိန့်မိန့်ကြီး လှဲနေသော ပြူးကျယ်က ..

“ဟာ.. ဒီကောင် သာဂိကတော့.. အေးဟုတ်တယ်ဟေ့.. ငါ ဆင်ပေးထားတာ။ အဆင်မတတ်တော့ မိန်းမတစ်ယောက် ရတာပဲကွာ.. ဟားဟား”

သာဂိက ပြူးကျယ်ဘေးတွင် ဝင်ထိုင်လိုက်ရင်း..

“သြော်.. ဇာတ်ကြောင်းတွေ ရှိသေးတယ်ပေါ့ .. လုပ်စမ်းပါဦးဟ”

ဟုဆိုသောအခါ ဥမ္မာက ..

” ပြူးကျယ်နော်.. နင်ပြောရဲ ပြောကြည့်”

ပြောပြောဆိုဆို ပြူးကျယ်ကို တစ်ခုခု လုပ်မည့်ဟန်လေး အပြင်တွင် မိဖြူက ရယ်ရယ်မောမောနဲ့ ဥမ္မာ့ ပခုံးလေးကိုဖက်ပြီး အတွင်းခန်းထဲသို့ ဝင်သွားကြလေသည်။ ထိုအခါမှ ပြူးကျယ်က စပ်ဖြဲဖြဲနဲ့…

“ဒီလိုကွ.. သာဂိရ..။ မနေ့က ငါတို့ ကန်ဘောင်ကနေ ဆင်းပြီး မြို့ထဲသွားမယ် အလုပ်မှာ စဖြစ်တာကွ”

ပြူးကျယ်သည် ဥမ္မာနဲ့ လက်ချင်းတွဲ၍ လမ်းလျှောက်နေရင်း ဓာတ်ပုံသွားရိုက်မည်ဟု တွေးမိသည်။ ဥမ္မာ့ကို ပြောပြတော့ ဥမ္မာကလည်း သဘောတူသည်။ သို့နဲ့ ဘတ်စ်ကားစီး၍ လှည်းတန်းလမ်းဆုံသို့ သွားကြသည်။ လမ်းဆုံတွင် ဆင်းပြီး ဓာတ်ပုံဆိုင်တွေဘက် အသွားတွင် ဥမ္မာက ..

“ဈေးမှာ ပန်းသွားဝယ်ရအောင်ဟာ..။ ငါ ဓာတ်ပုံရိုက်ရင် ပန်းလေးတွေနဲ့ ရိုက်ရတာ သဘောကျတယ်ဟ..။ သွားဝယ်မယ်နော်”

နော်.. လို့ ပြောလို့မှ မဆုံးခင် ပြူးကျယ်က ခေါင်းငြိမ့်ပြီးသားဖြစ်ကာ နှစ်ယောက်သား လှည်းတန်းဈေးတွင် ပတ်ကြပြန်သည်။ ဥမ္မာသည် ဟိုပန်း ဒီပန်း ရွေးရင်း ဈေးဆစ်ရင်း တစ်ဆိုင်ကနေ တစ်ဆိုင်ပြောင်းရင်း ပြူးကျယ်ကို လှည့်လှည့်ကြည့်၍ လှလားဟင်ဟု မေးရင်း အလုပ်တွေ ရှုပ်နေလေသည်။ ပြူးကျယ်ကတော့ ဥမ္မာ ဘာလုပ်လုပ် ပြုံး၍ ကြည့်နေမိရင်း ချစ်စိတ်တွေသာ တိုးနေမိသည်။

တစ်ချက်တွင်… ဥမ္မာသည် ရေမွှေးနှင်းဆီတွေကို ကြည့်နေရင်းမှ ဟိုဘက်ဆိုင်က သစ်ခွကို လှမ်းအမြင်တွင် အမှတ်မဲ့ ခြေလှမ်းလိုက်ရာ အောက်က ဗွက်အိုင်ကိုနင်းမိပြီး ယိုင်ထွက်သွား၏။ ပြူးကျယ်က မြင်၍ လှမ်းအဆွဲတွင် သူပါ ခြေထောက်က ချော်ထွက်သွားပြီး နှစ်ယောက်သား ဗွက်အိုင်ထဲ လဲတော့သည်။ ဥမ္မာသည် ရှက်တာရော၊ နာတာရော ပေါင်း၍ ငိုမဲ့မဲ့လေး ဖြစ်နေသည်။ အောက်ပိုင်းတစ်ခုလုံးကား ဗွက်ရေတွေစိုလျှက်။ မျက်နှာလေးတွင်လည်း ရွှံစက်လေးတစ်ချို့ ကပ်ပေလျှက်။ ပြူးကျယ်လည်း ပုဆိုးတစ်ထည်လုံး ညစ်ပတ်သွား၏။ ဥမ္မာသည် ရှက်ရှက်နဲ့ ဗွက်ထဲတွင် ထိုင်နေရင်း ပြူးကျယ်ကို ထုရင်း

“နင် အသုံးမကျလို့”

ဟုဆို၏။ ပြူးကျယ်လည်း စပ်ဖြဲဖြဲနဲ့

“အေးပါဟာ ဟုတ်ပါတယ်။ အခုတော့ ထဦး။ နင်က ထိုင်နေတော့မှာလား”

ဟုဆိုကာ ဆွဲထူရသည်။ ဥမ္မာသည် ရှက်ရှက်နဲ့ ထရင်း

“ငါ ဘယ်လိုလုပ် ပြန်တော့မလဲ ဒီပုံကြီးနဲ့..”

“ငါ ထမီဝယ်ပေးမယ်လေ.. လာ သွားမယ်”

ဆိုကာ နီးစပ်ရာ မျက်စောင်းထိုးက ဆိုင်တစ်ခုထဲ လှမ်းရန်ပြင်စဉ် ဥမ္မာက

“ငါမလိုက်ချင်ဘူး ဒီကစောင့်နေမယ်ဟာ..။ နင့်ဟာနင် သွားဝယ်လိုက်ပါဟာနော်..။ ငါ လမ်းမပေါ် မထွက်ချင်လို့ပါ ..”

ဆိုတော့ ပြူးကျယ်လည်း ခေါင်းကုပ်ရင်း တွေ့ရာဆိုင်ထဲ ထမီဝင်ဝယ်ရာ ချုပ်ပြီးသား မရှိချေ။ ပုဆိုးတစ်ထည်လုံး ဗွက်တွေပေလျှက် ထမီ လာဝယ်နေသော ပြူးကျယ်ကို အရောင်းစာရေးမလေးတွေက ကြည့်ပြီး တခိခိ ရယ်ကြ၏။ ပြူးကျယ် ရှက်တော့ ရှက်မိသော်လည်း သူ့ထက်ရှက်ရှာမည် ဖြစ်သော ချစ်သူကို ဦးစားပေးရမည် ဖြစ်သည့်အတွက် ရှက်ရှက်နဲ့ပဲ ထမီစကပ်တစ်ထည် ဝယ်လိုက်လေသည်။ဝယ်ပြီး ပြန်လာတော့ ဥမ္မာသည် မျက်ရည်လေးတွေဝဲလျက် သူ့ကို စောင့်နေသည်ကို တွေ့ရသည်။ ပြူးကျယ်သည် ဝယ်လာသော စကပ်ကို ဥမ္မာ့လက်ထဲထိုးထည့်လိုက်ရင်း

“ရော့..ရော့ .. မြန်မြန်လဲလိုက်”

ဟုဆိုမိသည်။ ဥမ္မာက မျက်ရည်လေးဝဲလျက်..

“ကောင်စုတ်.. ဒီမှာလဲလို့ ရမလားဟဲ့.. အိမ်သာဘက် သွားရအောင်ဟာ..”

ဆိုကာ အများသုံးအိမ်သာဘက် သွားရန် ပြင်စဉ် ပြူးကျယ်သည် ချက်ကနဲ အကြံရပြီး…

“လာ.. လာ.. ဥမ္မာ သန်းအေးတို့အိမ်သွားမယ်။ ဟိုမှာ နင် ရေချိုးလို့တောင်ရတယ်”

ဆိုကာ ဥမ္မာ့လက်ကိုဆွဲကာ သန်းအေးတို့ အိမ်ပေါ်သို့ တက်လာခဲ့သည်။ သော့ကား ဘယ်သူငယ်ချင်းမဆို အလွယ်တစ်ကူဝင်နိုင်ရန် ခြေသုတ်ဖုံအောက်တွင် ထိုးထားကြောင်း မနက်က ဘော်ဒါတွေပြောတာ ကြားခဲ့သည်။ အိမ်ရောက်တော့ အဆင့်သင့်ပင် သော့တွေ့၍ ဖွင့်ဝင်ကာ ဥမ္မာ့ကို ရေချိုးခိုင်းရသည်။ ဖြစ်ချင်တော့ သန်းအေးတို့ ဒီတစ်ချီ ရွာပြန်ရာတွင် နည်းနည်းကြာမည်ဆိုကာ ရှိသမျှအဝတ်တွေ သယ်သွားကြ၍ ရေလဲပိုင်းလုပ်ဖို့ အဝတ်မရှိ ဖြစ်နေသည်။ ဥမ္မာက ရတယ်..ပေနေတဲ့ ထမီကို လျှော်ရင်း ဝတ်လိုက်မယ်ဆိုကာ ရေချိုးခန်းထဲ ဝင်သွားသည်။ ရေချိုးခန်းထဲရောက်မှ

“နင့် ပုဆိုးရော ပေးလေ.. တစ်ခါတည်း လျှော်လိုက်မယ်”

ဟုဆိုသော အသံကြားရသည်။ ပြူးကျယ် ပုဆိုးချွှတ်မည် ကြံပြီးမှ

“နေပါစေ.. ရတယ်.. ငါ့ဟာငါ လျှော်လိုက်မယ်..”

ဟု ပြန်အော်လိုက်သည်။ သို့ရာတွင် မရချေ။ အခန်းထဲက ဥမ္မာက

“ပေးစမ်းပါဟာ လျှာမရှည်ပါနဲ့ ..။ ဒီမှာ ငါ တစ်လက်စတည်း လျှော်လိုက်မယ်”

ဆိုတော့ ပြူးကျယ်လည်း ပုဆိုးချွှတ်၍ စောင်တစ်ထည်ပတ်ကာ ပုဆိုးပေးရန် ရေချိုးခန်းတံခါးကို ဖွင့်လိုက်သည်။ ဥမ္မာသည် ရေချိုးခန်း ကြမ်းပြင်ပေါ်တွင် ပုံ့ပုံ့လေး ထိုင်နေသည်။ ရေစက်၊ ရေမှုန်လေးများက ဖြူဝင်းသော လက်မောင်း၊ လက်ဖျံများပေါ်တွင် ခိုသီးလျက်၊ ရင်လျားထားသော ထမီအထက်ဆင်စ အနက်ရောင်လေး၏ အထက်နားတွင် ဝင်းမို့သော ရွှေရင်နှစ်မွှာ၏ အစသည် မောက်မောက်ကလေး ပြူထွက်နေ၏။ ပြူးကျယ် ပုဆိုးကိုကိုင်ရင်း မတ်တပ်ကြီး မေ့နေသကဲ့သို့ ဥမ္မာ၏ ရေစိုစိုအလှတွင် နစ်မြောသွားမိသည်။ ဥမ္မာ့မျက်နှာလေး ရဲတွတ်သွားက ပုဆိုးကို လှမ်းဆောင့်ဆွဲယူလိုက်ရင်း ..

“သွား အပြင်ကို ထွက်”

ဟု ဆောင့်အော်ကာမှ ပြူးကျယ် ယောင်ကန်းကန်းနဲ့ အပြင်ပြန်ထွက်လာသည်။ သို့ရာတွင် သူ့မျက်လုံးထဲ၌ ဥမ္မာ၏ ရင်လျားပုံသည် မထွက်တော့ချေ။ ရေချိုးခန်းထဲကလည်း တခိခိနဲ့ ရယ်သံကြားရသည်။ ပြူးကျယ် အခုမှ ရင်တွေခုန်လာသည်။ သူတို့သည် ခဏခဏ ချိန်းတွေ့ဖူးသော်လည်း အဆုံးစွန်ထိတော့ မချစ်ဖူးသေးချေ။ ပြူးကျယ် သွေးတိုးနှုန်းတွေ မြန်လာသည်။ အောက်က လိင်တံကလည်း တင်းမာ ထောင်ချင်လာသည်။ ရေချိုးခန်းထဲက ရေတစ်ဗွမ်းဗွမ်း လောင်းချိုးသံကြားရသည်။ ပြူးကျယ် မြင်ယောင်လာပြန်သည်။

ထို့နောက် သက်ပြင်းကြီးကို … ဟင်းကနဲ ချကာ မျက်လုံးမှိတ်၍ အိပ်ရန်ကြိုးစားကြည့်သည်။ အပူပင်ကင်းသူ ဖြစ်သည့်အတိုင်း ချက်ချင်းကြီး မှေးကနဲ ဖြစ်သွားစဉ် ဥမ္မာ၏

“ပြူးကျယ်.. ပြူးကျယ်..”

ဟု ခေါ်သံလိုလို ကြားလိုက်ရမှ ဆတ်ကနဲ ထကာ ကြည့်လိုက်တော့ ဥမ္မာက အိပ်ခန်းထဲက ခေါ်နေခြင်းဖြစ်သည်။

“ဘာလဲဟ..ဥမ္မာ..ဘာဖြစ်လို့လဲ..”

“နင် ဝယ်လာတဲ့ စကပ်က မတော်ဘူးဟ…”

“ဟေ..ဟုတ်လား..”

“အေး..စွပ်လို့ မရဘူးဟ၊ နင့်ဟာက ကလေးဆိုက်လေး”

“ဟင်.. ဟုတ်လား.. ငါ သွားပြန်လဲပေးမယ်။ ဟာ နေဦးဟ..။ ငါ့ပုဆိုး နင်လျှော်လိုက်ပြီလား”

“အေး..လျှော်လိုက်ပြီ”

“ရပါတယ်လေ.. ရေစိုနဲ့သွားလည်း ဘာမှမဖြစ်ပါဘူး”

ပြောပြောဆိုဆို ပြူးကျယ်သည် အိပ်ခန်းတံခါးကို ဆွဲဖွင့်လိုက်ရာ.. ဥမ္မာသည် မတော်သော ထမီစကပ်လေးကို သူ့ဖင်လုံးကြီးတွေထဲ ဝင်အောင် ကိုယ်လုံးလေးကို ကိုင်းကိုင်းလေးလုပ်ရင်း ဆွဲသွင်းနေသည်ကို တွေ့ရသည်။ ခန္ဒာကိုယ်အပေါ်ပိုင်းတွင်မူ ဘရာစီယာလေးတစ်ထည်သာ ရှိနေသည်။ ဥမ္မာသည် တံခါးဖွင့်သံကြား၍ လှည့်အကြည့်တွင် တံခါးဝ၌ ပြူးကျယ်ကို တွေ့ရသောအခါ ယောင်ပြီး မတော်သော စကပ်လေးကို အတင်းဆွဲမပြီး ဝတ်သည်။ သို့ရာတွင် မရချေ။ စကပ်ကလေး၏ အကျယ်နိုင်ဆုံးနေရာသည် ဥမ္မာ၏ ပေါင်လည်ခန့်တွင် ဆုံးနေလေသည်။ နောက်မှ မတော်တာကို သတိရကာ ဘေးကတန်းပေါ်တွင် တင်ထားသော ရေစိုထမီကို လှမ်းအဆွဲ ခြေထောက်တုပ်ပြီး လဲတော့သည်။

ပြူးကျယ်လည်း ရပ်ကြည့်နေမိရာမှ ပြေးသွားပြီး ထူလိုက်ရာ ဥမ္မာက ရှက်ရှက်နဲ့ အတင်းတွန်းလွှတ်သည်။ သို့နဲ့ ပြူးကျယ်က လွှတ်အပေး ခြေထောက်များကို စကပ်က တုပ်ထားသလိုဖြစ်နေ၍ အခြေမခိုင်ကာ ယိုင်သွားပြန်သည်။ ပြူးကျယ်က ထိန်းပေးလိုက်ရပြန်သည်။ ယိုင်သွားသော ကိုယ်လုံးလေးကို မိရာလှမ်းအထိန်း ပြူးကျယ်လက်တစ်ဘက်က ဥမ္မာ့နို့အုံကို သိမ်းဖက်လိုက်သလို ဖြစ်သွား၏။

ပြူးကျယ်သည် ဥမ္မာ့ကို အကြိမ်ပေါင်းများစွာ နမ်းဖူးသော်လည်း နို့တွေကိုတော့ တစ်ခါမှ မကိုင်ဘူးသေးချေ။ သူ့ဘယ်လက်သည် နှုးညံ့ အိစက်သောပျော့စိစိ အရာတစ်ခုကို အုပ်မိထားသည်။ နှုးညံ့နွေးထွေးလွန်းသော အာရုံတစ်ခုက သူ့လက်မှတစ်ဆင့် သွေးကြောတွေထဲ စီးဆင်းကာ စိတ်တွေ လှုပ်ရှားလာမိသည်။ ဥမ္မာသည် ပြူးကျယ်လက်ထဲကနေ ယောင်ယောင်လေး ရုန်းရင်း…

“လွှတ်ကွာ..ပြူးကျယ်..”

ဟုဆိုသည်။ ပြူးကျယ်သည် လွှတ်လိုက်သည်။ ကိုင်မိထားသော နို့အုံလေးကို မဟုတ်။ သူဖမ်းထိန်းထားသော လက်မောင်းလေးကို လွှတ်ပြီး ဥမ္မာ့ မေးစေ့လေးကို ဆွဲမလိုက်ကာ အောက်နှုတ်ခမ်းတွေကို စုပ်နမ်းပစ်လိုက်သည်။ ဥမ္မာသည် ခါးလေးကော့ ခြေဖျားလေးထောက်ရင်း ပြူးကျယ်၏ အနမ်းကို ခံယူရှာသည်။ သူ့လက်ကလေးတွေကလည်း ပြူးကျယ်၏ ဇက်ကို သိုင်းဖက်လာကြသည်။ ပြူးကျယ်သည် ဘယ်လက်နဲ့ သူ့ခါးလေးကို ပွေ့ဖက်ထိန်းရင်း ညာလက်က ဘယ်နိ့အုံလေးကို ဖွဖွလေး ပွတ်သပ် ဆုပ်နယ်နေမိသည်။

သူတို့သည် အခုမှ ချစ်ပြီး အခုမှ နမ်းဖူးသူများ မဟုတ်ကြပါ။ စာသင်ခန်းလွတ်များထဲတွင် လည်းကောင်း၊ လှေကားထောင့်ချိုး၊ ကော်ရစ်တာထောင့်ချိုး၊ ပန်းခြံစသည်တို့တွင် မကြာခဏဆိုသလို တွေ့လေ့ရှိပြီး မကြာခဏဆိုသလို နမ်းဖူးသူများ ဖြစ်သည်။ သို့ရာတွင် ယခုတစ်ခါ နမ်းရသည်မှာ တော်တော်လေး ရင်ခုန်စရာကောင်းသည်ဟု ပြူးကျယ် ထင်နေသည်။ ဘာဖြစ်လို့လဲဆိုတာတော့ ပြူးကျယ် မပြောတတ်ပေ။ ဥမ္မာက ထမီမရှိပဲ ဘယာစီယာလေးနဲ့မို့လို့လား.. ဒါမှမဟုတ် သူကလည်း အဝတ်စားမပါပဲ စောင်ပတ်ထားလို့လား သေချာမဝေခွဲနိုင်။ သို့သော် ထိတွေ့နေရသော ဥမ္မာ၏ အဝတ်မရှိသည့် အသားဆိုင်များမှာ ခါတိုင်းထက် နွေးထွေး အိစက် ရင်ခုန်စေသည်ဟု ထင်မိသည်။

ပြူးကျယ်သည် ဥမ္မာ့နို့အုံလေးကို ဘရာစီယာပေါ်မှ အုပ်ကိုင်နေရင်းကနေ ဘရာစီယာလေးကို အပေါ်သို့ တွန်းပင့်လိုက်သည်။ လိမ္မော်သီးလုံးလုံးလေး တင်ထားသကဲ့သို့ မို့မောက်လုံးဝန်းကာ ပန်းသွေးရောင်ထနေသော နို့အုံလေးတစ်လုံးသည် အချူပ်နှောင်မှ လွှတ်ခြင်းခံရ၍ ပျော်မြူးသွားသည့်အလား ဖျတ်ကနဲ တစ်ချက် ခုန်ပြီး နောက် တုန်တုန် တုန်တုန် လေးဖြစ်လျက် ပြူးကျယ်ရှေ့တွင် ပြူထွက်လာလေသည်။ ပြူးကျယ်သည် ထိုနို့အုံလေးကို လက်နဲ့ ဖွဖွလေး ပွတ်ကိုင်ကြည့်ရင်း ထိပ်သီးခေါင်းလေးကို ကုန်းစို့မိသည်။

ဥမ္မာသည် ပြူူးကျယ်ခေါင်းကို အုပ်ကိုင်လိုက်ရင်း ခါးလေးကော့ကာ ဘာမှန်းမသိသော ညည်းသံလေးကို ပြုသည်။ ပြူးကျယ်သည် နောက်နို့သီးလေး တစ်လုံးကိုပါ လှန်လိုက်ပြန်သည်။ ထို့နောက် ဗိုက်ဆာနေသော သားသငယ်ကဲ့သို့ ဘယ်ညာ တစ်လှည့်စီစို့ရင်း လက်က တစ်လုံးစီကိုင်ရင်း ဆက်တိုက် စို့နမ်းနေရာ ဥမ္မာ့ ဗိုက်သားပြင်လေးတွင် ကြက်သီးမွှေးလေးများ ထောင်ထလာသည် အထိဖြစ်၏။ အရပ်ချင်း မတူသည့်ပြင် ခါးကိုင်း၍ နို့စို့နေရသောကြောင့် ဒူးကွေးထားရသော ပြူးကျယ်သည် အနည်းငယ် နေရာရွှေ့လိုက်ရာ ကိုယ်တွင် ပတ်ထားသော စောင် ပြေကျသွား၏။ သို့သော် ပြူးကျယ် ပြန်မကောက်တော့။ သတိထားလိုက်မိသော ဥမ္မာက ..

“တော်ပြီကွာ.. ပြူးကျယ်ရာ.. တော်ပြီနော်.. တော်လောက်ပြီဟာ..”

ပြူးကျယ်က ဘာမှပြန်မပြောချေ။ စို့နေသော နို့အုံလေးများဆီမှ မျက်နှာကို ခွာပြီး ဥမ္မာ့ မျက်နှာကို သေချာကြည့်သည်။ ဥမ္မာ၏ မျက်နှာလေးသည် ပန်းသွေးရောင်ထကာ နီဆွေးဆွေး ဖြစ်လျက် အနည်းငယ် မောနေဟန်ဖြင့် နှုတ်ခမ်းလေးဟလျှက်ရှိ၏။ ပြူးကျယ်သည် ဘာမပြော၊ ညာမပြောနဲ့ ဥမ္မာ့ကို ကောက်ပွေ့ချီလိုက်ကာ ကုတင်ပေါ် တင်လိုက်သည်။ ဥမ္မာသည် ရှေ့ဘာဆက်ဖြစ်တော့မည်ကို ရိပ်မိဟန်ရှိသည်။ မျက်လုံးလေးတွေကို စုံမှိတ်၍ လက်ဝါးလေး နှစ်ဘက်ဖြင့် အုပ်ထားသည်။ ပြူးကျယ်သည် ဥမ္မာ၏ ကိုယ်အောက်ပိုင်းတွင် အခုထိ တစ်နေသေးသော စကပ်ကို ဆွဲချွှတ်ပစ်လိုက်သည်။ ထိုအခါ စကပ်နဲ့တုပ်နေ၍ စေ့ထားသလို ဖြစ်နေသော မိန်းမကိုယ်လေးသည် ဟသွားသော ပေါင်လုံးလေးများကြားတွင် မည်းကနဲ ပေါ်လာတော့သည်။

ပြူးကျယ်သည် ထိုနေရာလေးကို လက်ဝါး နဲ့ အုပ်၍ ကိုင်ကြည့်လိုက်သည်။ ဥမ္မာ တွန့်ကနဲ ဖြစ်သွားပြီး ပေါင်လုံးလေးတွေ လိမ်ပစ်လိုက်ရာ ပြူးကျယ်လက် ညှပ်နေသည်။ ထိုအခါ ပြူးကျယ်က ကျန်သည့်လက်တစ်ဘက်ဖြင့် ယှက်လိမ်ထားသော ပေါင်လုံးကြီးကို ဆွဲခွာသည်။ တော်တော်နဲ့ မရချေ။ ဥမ္မာက တောင့်ထား၍ အလွယ်နဲ့ ခွာမရ ဖြစ်နေပြန်သည်။အတင်းလုပ်ပြန်လျှင်လည်း ဥမ္မာ နာသွားမှာ စိုးသည်။ မလုပ်ပြန်လျှင်လည်း သူဘာမှ ရှေ့ဆက်လို့ ရတော့မည် မဟုတ်ချေ။

ပြူးကျယ်သည် ချော့မော့သည့်အနေဖြင့် ဥမ္မာ့ ပေါင်လုံးလေးတွေကို နမ်းလိုက်သည်။ နှုတ်ခမ်းနဲ့ ထိရုံရှိသေး ၊ ပေါင်တံ အတွင်းသား တစ်လျှောက် ကြက်သီးဖုလေးတွေ တန်းစီထသွားကာ အမွှေးနုလေးတွေ ဖြိုးဖြုးဖျင်းဖျင်း ထောင်ထလာသည်ကို တွေ့လိုက်ရသည်။ ပြူးကျယ်သည် ပေါင်တံတစ်လျှောက် နှုတ်ခမ်းနဲ့ ပွတ်နမ်းရင်း အထက်သို့ တက်သွားရာ ဥမ္မာ့ မျက်နှာလေးဆီ အရောက်၌ အောက်နှုတ်ခမ်းသားလေးကို ငုံခဲလိုက်သည်။ လက်က နိ့သီးခေါင်း ထိပ်သီးလေးတစ်ခုကို ဖွဖွလေး ချေမိရာ ဥမ္မာ နာလို့လား မသိ၊ ခါးလေးကော့ရင်း ပေါင်လုံးလေး နည်းနည်းဟသွားရာ ပြူးကျယ်က သူ့ပေါင်ကြီးကို ထိုးသွင်းလိုက်သည်။ ထိုအခါမှ ဥမ္မာလည်း ပြန်သတိရပြီး သူ့ပေါင်တံလေးတွေကို ပြန်စေ့ရန်ကြိုးစားပါသော်လည်း ကြားထဲတွင် ခံနေသော ပြူးကျယ်ပေါင်တံကြီးကို တွန်းမဖယ်နိုင် ရှာတော့ပေ။

ပြူးကျယ်သည် ဝင်လို့ရနေသော ပေါင်လုံးဘေးတွင် နောက်တစ်ချောင်းကိုပါ ထပ်ထည့်ရင်း ဥမ္မာ့ ပေါင်နှစ်လုံးကြားတွင် တစ်ကိုယ်လုံး နေရာယူလိုက်သည်။ ဥမ္မာ၏ ပေါင်လုံးလေး နှစ်လုံးသည် ကြားထဲတွင် ပြူးကျယ်၏ ခန္ဒာကိုယ်ကြီး ဝင်ရောက်လာ၍ တော်တော်လေး ဟပေးလိုက်ရရာ မိန်းမကိုယ်လေးမှာ ပို၍ပြူးပြူးပြဲပြဲလေး ပေါ်လာတော့သည်။ ပြူးကျယ်သည် သူ၏ ငယ်ပါကို ကိုင်ပြီး ဥမ္မာ၏ မိန်းမကိုယ် အပေါက်ဝတွင် တေ့လိုက်သည်။ ဥမ္မာအောက်နှုတ်ခမ်းလေး ကိုက်ထားသည်။ ပြူးကျယ် နည်းနည်း ဖိသွင်းလိုက်သည်။ မဝင်ချေ။ ဥမ္မာသည် ကြောက်ကြောက်နဲ့ ပေါင်လုံးလေး နှစ်ချောင်းကို တောင့်ထားသောကြောင့် ပြူးကျယ်က ခါးအားနဲ့ လိင်တံကို ဖိအသွင်းတွင် ဥမ္မာ၏ ပေါင်တံလေးတွေကို တွန်းရွှေ့သလို ဖြစ်ပြီး ကိုယ်လုံးလေးက အပေါ်ဘက်သို့ ရွေ့ကနဲတက်သွားသည်။ ဝင်သာ မဝင်သော်လည်း ထိပ်ဖျားက မိန်းမကိုယ် နှုတ်ခမ်းသားတွေကို ပွတ်တိုက်သွား၍ ဥမ္မာ့တစ်ကိုယ်လုံး ကြက်သီး တစ်ဖြန်းဖြန်း ဖြာသွားလေသည်။

တော်ရုံနဲ့ စိတ်မလျှော့တတ်သော ပြူးကျယ်သည် နောက်တစ်ကြိမ် ကြိုးစားပြန်သည်။ မရပြန်ချေ။ ရွေ့သွားပြန်သည်။ ကလိခံနေရသလို ဖြစ်လာ၍ ဥမ္မာ့မိန်းမကိုယ်ထဲမှ အရည်ကြည်များ ရွှဲထွက်လာသည်။ ပြူးကျယ် အားနည်းနည်း တက်သွားသည်။ သူသည် တစ်ခါမှ မလုပ်ဖူးသော်လည်း ကြားဖူးနားဝ အတွေ့အကြုံတော့ ရှိသည်။ ဒီလို အရည်တွေ ထွက်လာလျှင် လုပ်ရကိုင်ရ လွယ်တော့မည်။ ပြူးကျယ် ဘယ်လက်နဲ့ ဥမ္မာ့ ခေါင်းအောက်ကို လျှိုကို ပခုံးတစ်ခုလုံးကို ဖမ်းချူပ်လိုက်သည်။ ညာလက်က ငယ်ပါကို ကိုင်ပြီး မိန်းမကိုယ် အပေါက်ဝတွင် တေ့သည်။ ဒူးခေါင်းနှစ်လုံးကို မွေ့ယာပေါ် ခပ်ကြဲကြဲ ထောက်ပြီး ဥမ္မာ့ပေါင်တံတွေကို ပိုကားစေလိုက်သည်။ နောက် .. တစ်ဖြေးဖြေးချင်း ဖိချလိုက်သည်။အိကနဲ ဆိုသလို ကွမ်းသီးခေါင်း မြုပ်ဝင်သွားသည်။ ဥမ္မာ မေးလေးကော့ထိုး၍ ပြူးကျယ် ပခုံးစွန်းနှစ်ဘက်ကို အတင်းဆုပ်ထားသည်။ ပြူးကျယ် ထပ်ဖိချလိုက်ပြန်သည်။ မဝင်ချေ။ တစ်ခုခု ခံနေသလိုလို.. အတွင်းတွင် တစ်ခုခုက တားထားသလိုလို ဖြစ်နေသည်။

ဥမ္မာသည် ကုတင်ခေါင်းရင်းက တန်းကို လက်နောက်ပြန် လုပ်၍ အတင်းဆုပ်ပြီး တောင့်ခံထားသည်။ ပြူးကျယ် ခါးကို နည်းနည်း ပြန်ကြွပြီး ဖိချလိုက်ပြန်သည်။ ခပ်ကြပ်ကြပ် ဝါရှာကွင်းတွင်းသို့ မတန်တရာ မူလီ ထည့်လိုက်သည့်အလား တစ်ချက် တင်းကနဲ ခံနေပြီး

” ပလွတ်”

ကနဲ အသံကြားလိုက်သလား ထင်ရအောင် တိုးဝင်သွားသည်။ ဥမ္မာသည် ခေါင်းလေးထောင်ထလာရင်း..

“နာတယ်.. ပြူးကျယ်.. နာတယ်ဟာ.. နင်အရမ်းလုပ်တာပဲ.. နာတယ်ဟာ” ဟု တိုးတိုးလေး ရေရွတ်နေသည်။ ပြူးကျယ် ဥမ္မာ့ကို သနားသွားမိသည်။ ဘာဖြစ်ဖြစ် သူမသည် သူ့ချစ်သူဖြစ်သည်။ မနာကျင်စေချင်ပါ။ သို့ရာတွင် ဒီကိစ္စသည် တစ်နေ့ မဟုတ် တစ်နေ့ ကြုံကိုကြုံရမည့် ကိစ္စလည်း ဖြစ်သည်။ ပြူးကျယ် ချစ်သူကို နှစ်သိမ့်သည့် အနေဖြင့် နှုတ်ခမ်းလေးတွေကို ဖိနမ်းလိုက်သည်။ ဥမ္မာသည် မည်သို့မျှ တုန့်ပြန်လှုပ်ရှားခြင်း မရှိပေ။ အတွေ့ကြုံသစ်ကြောင့် မိန်းမောနေသလား.. နာကျင်ခြင်းကြောင့် တွေဝေနေသလား မဆိုနိုင်။ လုံးဝ မလှုပ်မယှက် မျက်လုံးလေး စုံမှိတ်ထားသည်။

ပြူးကျယ် ခါးကို ပြန်ကြွလိုက်သည်။ ကြပ်တည်းသော အသားဆိုင်များက ဝိုင်းညှပ်ထား၍ ထိပ်ဖျားတစ်ခုလုံး ကျိန်းနေအောင် အားစိုက်ပြီး ပြန်ထုတ်ရသည်။ နောက် ဖြေးဖြေးမှန်မှန်လေး ကပ်ပြီး တစ်လက်မခန့်သာ အဝင်အထွက်လုပ်ရင်း ညှောင့်နေမိသည်။ ဥမ္မာ့ ကိုယ်လုံးလေးသည် လှိုင်းကြက်ခွပ်လေးထဲတွင် ရေလွှာစီးသကဲ့သို့ ငြိမ့်ငြိမ့်လေး လှုပ်နေ၏။ အောက်က မိန်းကကိုယ်ကလည်း အရည်တွေ ပိုထွက်လာသဖြင့် ပြူးကျယ်အဖို့ လုပ်ရတာ စီးစီးပိုင်ပိုင် ဖြစ်လာသည်။ ပြူးကျယ် မထိန်းနိုင်တော့။ ပြီးချင်လာပြီ ဖြစ်သည်။ ထိန်းဖို့လည်း သူ မကြိုးစားချင်တော့။ အဘယ့်ကြောင့်ဆိုသော် ဤအကြိမ်သည် သူ့အတွက်လည်း ပထမဆုံးဖြစ်သောကြောင့် ဖြစ်သည်။

ပြူးကျယ် ခပ်မှန်မှန် လုပ်နေရာမှ လေးငါးချက်ခန့် တရကြမ်း ဆောင့်ချမိသည်။ ဥမ္မာ့ တင်ပါးခွက်နဲ့ သူ့ဆီးခုံရိုက်မိ၍ ဖောင်းကနဲ ဖောင်းကနဲ မြည်အောင်ကို ဆောင့်မိခြင်းဖြစ်ရာ ဥမ္မာသည် ပခုံးလေး တစ်ဘက်စောင်းပြီး ကိုယ်လုံးလေးလိမ်လျှက် တစ်အင့်အင့် ဖြစ်နေသည်။ ပြူးကျယ်သည် ထလာသော ရာဂစိတ်၏ ခိုင်းစေမူကို မငြင်းဆန်နိုင်တော့ပဲ နာကျင်မူမှ သက်သာရာ ရလိုရငြား ကိုယ်လုံးလေး စောင်းထားသော ချစ်သူ၏ပခုံးကို အတင်းဆွဲပြီး ဆက်တိုက် ချလိုက်ရင်း လရည်တွေ တစ်ဗြင်းဗြင်းထွက်လျှက် ပြီးသွားတော့သည်။ သူ့ အရေတွေသည် အရှိန်ပြင်းစွာ ဥမ္မာ့ကိုယ်တွင်းသို့ ပန်းဝင်သွားကြပြီးမှ မိန်းမအရေတွေကို အဖော်ခေါ်ပြီး ပြန်ထွက်လာကာ ဥမ္မာ့ ဖင်ကြားတစ်ဝိုက်နဲ့ တပ်ရက်ကြီး အမောဖြေနေသော ပြူးကျယ် ဂွေးဥတွေပါ မကျန် ပေရေဖြတ်သန်းစီးဆင်းလျက် မွေ့ယာအခင်းလေးပေါ်တွင် အကွက်လိုက်ကြီး ပျော်မြူးနေကြတော့သည်။

ပြူးကျယ် နည်းနည်း မောသွားသဖြင့် ဥမ္မာ့ကိုယ်ပေါ်တွင် မှောက်ရက်ကြီး အမောဖြေနေစဉ် တစ်ဟင့်ဟင့်နဲ့ ငိုသံကိုကြားမှ သတိဝင်လာပြီး ချစ်သူကို ကြည့်မိစဉ် သူကား ငိုနေလေပြီ။ မျက်ရည်လေးတွေ တွေတွေကျလျက် တိုးတိုးလေးငိုရှိုက်နေသော ဥမ္မာ့ကို မြင်သောအခါ ပြူးကျယ်သည် ဘေးသို့ လှိမ့်ဆင်းလိုက်ရင်း ပါးပြင်ပေါ်က မျက်ရည်လေးတွေကို သုတ်ပေးမိသည်။ ထိုအခါကြတော့မှ ဥမ္မာသည် ပြူးကျယ် ရင်ခွင်တွင်းသို့ ကလေးငယ်တစ်ဦးလို ခေါင်းထိုးဝင်လာရင်း တစ်သိမ့်သိမ့် ငိုပါလေတော့သည်။

ပြူးကျယ် ကိုယ်ချင်းစာနိုင်ပါသည်။ သူ နှစ်ရှည်လများ အမြတ်တနိုး ထိန်းသိမ်းယုယလာသော ပန်းပွင့်လေး ယနေ့ ခူးယူခံလိုက်ရ၍ ဝမ်းနည်းလိမ့်မည် ဖြစ်ကြောင်း သိပါသည်။ ထို့ကြောင့် ဘာမျှ မပြောတော့ပဲ သူ့ရင်အုံပေါ်တွင် မှီတွယ်ရင်း ငိုရှိုက်နေသော ချစ်သူ ခေါင်းလေးကိုသာ ဖွဖွလေး ပွတ်သပ်ချော့မြူနေမိသည်။ အချိန်အနည်းငယ် ကြာတော့ ဥမ္မာ့ရှိုက်သံလေးတွေ တိုးတိုးလာပြီး သူ့ကို …

“ပြူးကျယ်.. နင် ငါ့ကို လက်ထပ်ရမယ်နော်”

ပြူးကျယ် ခေါင်းငြိမ့်ပြသည်။ သူမက မမြင်။ ထို့ကြောင့် ပြူးကျယ်ကို အလန့်တကြား မော့ကြည့်ရင်း..

“နင် ငါ့ကို လက်မထပ်ချင်ဘူးလား.. ဟင်.. ပြူးကျယ်”

” ဒီမှာ ငါ ခေါင်းငြိမ့်ပြနေတယ်လေဟာ..”

“ဘယ်လိုလုပ် မြင်မှာလဲလို့”

“အေးပါဟာ.. ဆောရီး.. ငါ နည်းနည်း မောသွားလို့ပါ”

“အောင်မယ်.. နင်က မောရုံတင်၊ ငါဘယ်လောက် နာလဲ၊ နင်သိလား၊ နင့်ကို ချစ်လို့သာ၊ နို့မို့ဆို ငါ ထွက်ပြေးတယ်”

ပြူးကျယ်သည် ချစ်သူကို သနားစိတ်ဖြင့် မြတ်နိုးစွာ ထွေးဖက်ထားလိုက်မိသည်။ ဥမ္မာက သူ့ ရင်အုံပေါ်တွင် မှီတွယ်ရင်း..

“နင် ကျေနပ်ပြီ မဟုတ်လားဟင်.. နင်ကျေနပ်ဖို့ဆို ငါ ဘာမဆို လုပ်ပေးချင်ပါတယ် ပြူးကျယ်ရယ်”

———————————-

“ပြူးကျယ်.. မင်း အဲဒီတစ်ခါထဲ လုပ်တာလား”

“အေး”

“အဲဒါနဲ့များ ဘာလို့ အိမ်မပြန်တာလဲ၊ အရမ်းစွဲသွားလို့လား”

“စွဲတာတော့ စွဲတာပေါ့ကွာ၊ ငါတို့လည်း ပြန်ဖို့ပါပဲ၊ ဒါပေမယ့် အိပ်ပျော်သွားကြလို့ကွ၊”

“ဟေ..”

“အေး.. ဟုတ်တယ်၊ မှေးကနဲ ပျော်သွားတာကွ၊ နိုးလာတော့ ၁၂ နာရီလောက် ရှိပြီလေ.. အဟီး”

“ဟ.. မင်းကလည်း.. ဒီလောက်ကြီးတောင် အိပ်ရတယ်လို့….။ ဟေ့ကောင် မင်းမှန်မှန်ပြော.. နောက်တစ်ချီ ဆွဲသေးတယ် မလား..”

“အဟီး.. အေးကွ.. ပထမတစ်ခါချပြီး တော်လေးကြာတော့ စိတ်ပါလာတာနဲ့ နောက်တစ်ခါ လုပ်ဖြစ်သေးတယ်.. ဟီး”

“မင်းကတော့လေ.. ကဲ .. ထားပါတော့.. မင်းကို ကိုကြီးမောင်က မှာလိုက်တယ်၊ ဥမ္မာ့ကို ပြန်အပ်ရဦးမယ်တဲ့၊ ပြန်လာခဲ့ပါတဲ့၊”

“နေဦးကွာ.. ဒီမှာနေဦးမယ်၊ ဒီမှာက လူရှင်းတယ်ကွ၊ ဟီးဟီး”

“ခွေးကောင် ၊ဒါပဲ စဉ်းစားနေ.. ကိုကြီးမောင်ကို ဘာပြောလိုက်ရမလဲ”

” တစ်ပတ်၊ နှစ်ပတ်လောက်နေမှ ပြန်လာမယ် ပြောလိုက်ကွာ၊ အခုချိန် သူ့ကို ပြန်အပ်လိုက်ရင် ပြန်တောင်းရမှာနဲ့ မင်္ဂလာဆောင်ရမှာနဲ့ တစ်လလောက်ခွဲနေရမှာကွ၊ ခွဲချင်သေးဘူးကွာ”

” နှာဘူး..၊တဏှာရူး”

“အောင်မယ်..မင်းရော ဘာထူးလို့လဲ”

“ဟားဟားဟားဟား….”

သူငယ်ချင်းနှစ်ယောက် သဘောကျစွာ ရယ်မိစဉ်မှာပင် အိပ်ခန်းထဲကလည်း ခိုးခိုးခစ်ခစ် ရယ်သံလေးတွေ ကြားရသည်။ ထို့နောက် သာဂိက ပြူးကျယ်ကို အိပ်ထဲက ပိုက်ဆံရှိသမျှကို ကားခသာချန်၍ ထုတ်ပေးသလို မိဖြူကလည်း စလင်းဘတ်အိပ်ထဲတွင် ထည့်လာသော အဝတ်နှစ်စုံကို ဥမ္မာအား ပေးလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက် ပြူးကျယ်တို့ကို နှုတ်ဆက်ပြီး ထွက်လာခဲ့ကြသည်။ နှစ်ယောက်စလုံး၏ အတွေးအာရုံတွင် လန်းဆန်း ပျော်မြူးနေသော ပြူးကျယ်တို့ စုံတွဲကို မြင်ယောင်ကာ တိတ်တိတ်လေး အားကျလျှက်ရှိနေကြသည်။

သာဂိသည် မိဖြူကို သူမ ကားစီးမည့် ပြည်လမ်းမဘက်သို့ လိုက်ပို့သည်။ သူသည် နဖူးကြောရှုံ့အောင် တွေးရင်း လမ်းလျှောက်လာရာ ဘေးက မိဖြူကိုပင် မေ့နေသကဲ့သို့ ရှိသည်။ မိဖြူကလည်း ဘာမျှမပြောချေ။ ကားလမ်းကို ဖြတ်ကူးတော့မှ မိဖြူလက်ကလေးကို ဆုပ်ကိုင်စဉ် မိဖြူသည် သူ့လက်ကို တင်းကနဲနေအောင် တစ်ချက်ဆုပ်ညှစ်လိုက်သည်။

မိဖြူ ဘာပြောချင်သနည်း၊ အားကျနေမိသော သူ့ကို စိတ်မပျက်ဖို့ ပြောတာလား ဒါမှမဟုတ် သူတို့ကို အတုယူလိုက်ဖို့ ပြောတာလား ဘာမှန်းမဝေခွဲနိုင် ဖြစ်နေသည်။ မိဖြူမျက်နှာလေးကို ကြည့်တော့လည်း သူမမျက်နှာလေးသည် ငြိမ်သက်နေသော ကန်ရေပြင်ကဲ့သို့ ပကတိ တည်ငြိမ်လျှက်။ သာဂိ ရင်ထဲက လေပူတွေကို ”ဖူး”ကနဲ မှုတ်ထုတ်လိုက်ရင်း ခေါင်းထဲက အတွေးတွေကို ထုတ်ပစ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ကျေးဇူးရှင် ဒေါ်လေးစကားကိုတော့ နားထောင်ရပေမည်။

နှစ်ပတ်ခန့် အကြာတွင် ပြူးကျယ်တို့ လက်ထပ်သည်။ သူတို့ တိုက်တန်းဘက်ရှိ ဥမ္မာ့ မိဘများ အိမ်တွင်ပင် အကျွေးအမွေးနဲ့ ဧည့်ခံပွဲလုပ်သည်။ ပြူးကျယ်သည် ဥမ္မာတို့အိမ်တွင် လိုက်နေရမည် ဖြစ်သည်။ ဥမ္မာ့မိဘများက တစ်ဦးတည်းသော သမီးကို မခွဲနိုင်သကဲ့သို့ ပြူးကျယ်တို့ အိမ်ကြတော့လည်း ညီအစ်ကိုတစ်စုဖြင့် လူများနေပြန်သည် ဖြစ်ရာ နောက်ဆုံးတွင်တော့ အခြေအနေအကြောင်း ပေါင်းစုံ၍ ပြူးကျယ်သည် ယောက္ခမအိမ်တက် သားမက် ဖြစ်သွားလေသည်။

သာဂိသည် ကျောင်းချိန်အမှီရောက်ဖို့ မနက် ၆ နာရီခန့်ထရလေသည်။ ခါတိုင်းကဲ့သို့ ဇိမ်ယစ်၍ နေဖင်ထိုးသည်အထိ မှိန်းမနေနိုင်။ ကမန်းကတမ်း ရေချိုးထမင်းစားပြီးသည်နဲ့ ညကတည်းက ဒေါ်လေးထည့်ပေးထားသော ထမင်းချိုင့်လေးဆွဲကာ ဖယ်ရီ အမှီပြေးရလေသည်။ သူတို့တက်ရသော ကျောင်းရောက်ဖို့ ကားပေါ်တွင် နှစ်နာရီခန့် အိပ်ငိုက်ပြီး ပါသွား၏။ ဒုန်းဒုန်း ဒိုင်းဒိုင်း ဂလုံးဂလွမ်း သံကြားလျှင် မျက်စိမှိတ်ထားလျှက်က သိ၏။ တံတားပေါ်ရောက်ပြီ။ တစ်ကိုယ်လုံး ယိမ်းထိုးသွားအောင် ကွေ့လိုက် ဂီယာချိန်းသံ တဂီးဂီး သံပေါ်လိုက်ဆိုလျှင် သံလျင် ရောက်ပြီ။ ကျောင်းရောက်၍ ကားပေါ်က ဆင်းတော့ လယ်ကွင်းတွေကြားက ကျောင်းတော်ကြီးသည် ခန့်ငြားထည်ဝါစွာ သူ့ကို ပြုံးဖြီးဖြီးကြီး ငုံကြည့်နေတာတွေ့ရသည်။

သာဂိက ကျောင်းတော်ကြီးကို စိုးရွံလေးစားစွာ ပြန်လည် နှုတ်ဆက်ဖို့ ကြံလိုက်သော်လည်း ဆိုးရွားလှသော အနံ့ဆိုးများကြောင့် နှာခေါင်းပိတ်လိုက်ရသဖြင့် နှုတ်မဆက်ဖြစ်တော့ပေ။ ကျောင်းတော်ကြီးသည် ခန့်ညားသော်လည်း ရေမချိုးသောကြောင့် အနံ့ဆိုးထွက်သည် ထင်သည်။ သာဂိသည် ရုတ်တရက်မို့ အဆင်မပြေဖြစ်သွားသော်လည်း တောကလာတဲ့ ရွာသားပေပဲ။ ခဏချင်းဆိုသလို လယ်တောဘေးက ချူံပုတ်တို့နဲ့ ရင်းနှီးသွားတော့သည်။ အန္တရာယ်သည် လွယ်ထားလို့ရကောင်းသော အရာမဟုတ်ချေ။ မလွယ်နိုင်သော အန္တရာယ်ကို ထုတ်အန်ပြီးသော အခါတွင်လည်း သန့်စင်ခြင်းမလုပ်ပြန်က သာဂိကို ဘယ်ကားသမားကမှ တင်ခေါ်မည် မဟုတ်။ ထို့ကြောင့် ထိုနှစ်က သာဂိ ဗလာစာအုပ် အများအပြားကုန်သည်။

ထိုသို့ သာဂိတစ်ယောက် ဆူးခြုံ၊ခရာ ၊ဗလာစာအုပ်၊ အိပ်ငိုက်ခြင်းတို့နဲ့ လုံးထွေးရင်း ရံဖန်ရံခါ ဖယ်ရီမမှီသော ရက်များဆိုလျှင် ချစ်သူရှိရာ ဒဂုံသာသို့ ကြွလှမ်းတော့သည်။ ဒဂုံကတော့ အဝင်ကတည်းက မဆိုးဟု ဆိုရမည်ဖြစ်သည်။ မူရင်းဌာန လှိုင်နယ်မြေကို မမှီဟုထင်သော်လည်း သူတို့ သန်လျင်ထက်တော့ နေချင်စဖွယ်ရှိ၏ဟု ထင်မိသည်။ သို့သော်လည်း သာဂိ မပျော်မိချေ။ ချစ်သူကို ကော်ရစ်တာ ထောင့်စွန်း ခေါ်ထုတ်ပြီး စကားပြောမည် ကြံသော် ဆရာမ ငယ်ငယ်လေးက တိုက်ချင်းပစ် ဒုံးကျည်ထက် ပြင်းသော မျက်စောင်း ဒုံးကျည်ဖြင့် ဒိုင်းကနဲ ထိုးလွှတ်သည်။ သာဂိ လန့်သွားပြီး သေဖော်ညှိဖို့ ဘေးဘီဝဲယာ ကြည့်တော့ ကော်ရစ်တာ တစ်လျှောက်လုံး သူတစ်ဦးတည်းသာ ရှိ၏။

သာဂိ ကုပ်ကုပ်ကလေး ခေါင်းလေးငုံ့၍ ကင်းတင်းပြေးရတော့သည်။ သာဂိသည် စာထဲတွင် စိတ်မပါတော့ချေ။ အရင်တုန်းကရော စိတ်ပါသလားဆိုတော့ အရင်တုန်းကလည်း သိပ်တော့ပါလှသည် မဟုတ်။ သို့သော် ကိုယ်စိတ်ဝင်စား၍ ယူထားသော ဘာသာဖြစ်၍ နှစ်သက်သော ခေါင်းစဉ်မျိုးဆိုပါက သာဂိ အကျေအလည် သဘောပေါက်သည်အထိ သင်ကြားဆွေးနွေးတတ်သည်။ ယခု ထိုစိတ်မျိုး ပေါ်မလာတော့ချေ။ စာသင်ခန်းထဲ ရောက်တာနဲ့ ဖယ်ရီပေါ်က ပါလာသော အိပ်ချင်စိတ်သည် သာဂိကို ဆက်လက် မင်းမူထားဆဲဖြစ်ကာ လက်ချာချိန်တိုင်းသာဂိသည် ငုပ်တုပ် အိပ်ပျော်နေတတ်သည်။

တစ်နေ့ သာဂိ အတန်းထဲတွင် ထိုင်ငိုက်နေစဉ် ပြူးကျယ် ရောက်လာ၏။ ပြူးကျယ်၏ မျက်နှာသည် တော်တော်လေး တစ်မျိုးဖြစ်နေသည်။ ဘာဖြစ်သည် ဆိုတာတော့ သာဂိ မသိချေ။ ပြူးကျယ်သည် သာဂိကို ကင်းတင်းသွားရအောင် ဆိုသည်။ သာဂိလည်း အလွယ်တကူပင် ထလိုက်လာခဲ့၏။ ကင်းတင်းရောက်တော့ ကျစိမ့် နှစ်ခွက်မှာပြီး ပြူးကျယ်ကို ကြည့်သည်။ ပြူးကျယ်သည် တော်တော် အခက်ခဲ တွေ့နေဟန်ရှိသည်။ တော်လေးကြာမှ…

“သာဂိ ငါ တစ်ခုပြောမယ်”

“နှစ်ခုပြောကွာ”

“မင်း မနောက်နဲ့၊ ငါ အကောင်းပြောမလို့”

“အကောင်း ဒီနေ့ကျောင်းမတက်ဘူး၊ အတယ် နေမကောင်းလို့တဲ့”

“ဟာကွာ…မင်း ကွာ …”

ပြူးကျယ်သည် ခေါင်းကိုကုပ်ရင်း စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ ထိုအခါမှ သာဂိက ရယ်ကြဲကြဲနဲ့ …

“စတာပါ သူငယ်ချင်းရာ.. မင်းကြည့်ရတာ စိတ်ညစ်နေပုံပေါက်လို့ ပျော်သွားအောင်ပါ..။ ကဲ.. ပြော.. ပြော..”

“ငါ့ကိစ္စမဟုတ်ဘူး.. မင်းကိစ္စကွ”

“ဟေ.. ငါ့ကိစ္စ…”

“အေး.. မင်းကို ငါ ပြောသင့်မပြောသင့် အမျိုးမျိုး စဉ်းစားပါသေးတယ်၊ နောက်ဆုံး မင်းသိအောင်တော့ ပြောပြထားသင့်တယ် ထင်လို့ ငါလာပြောရတာ”

“မင်းဥစ္စာက ကြီးကျယ်လှချည်လားဟ.. ဘာကိစ္စတုန်း..။ မင်း မိန်းမဥမ္မာက ငါ့ကို သတိရနေသတဲ့လား..။ အဲ… နေဦး.. မင်းပြောမှာ မိဖြူကိစ္စလား”

“အေး..ဟုတ်တယ်”

“မိဖြူ ..မိဖြူ ဘာဖြစ်လို့လဲ…။ ငါတို့ ပြီးခဲ့တဲ့ တစ်ပတ်ကတောင် တွေ့သေးတယ်”

“အင်း.. မိဖြူ အခုတလော ကျောင်းအသွားအပြန် ဘာနဲ့သွားနေလဲ .. မင်းသိလား”

“အေး.. သိတယ်လေ.. သူ့သူငယ်ချင်း ကားနဲ့တဲ့။ ဘာလဲ သူ့သူငယ်ချင်းက ရှစ်မိုင်နားမှာ နေတယ်ဆိုလား၊ ဘာဖြစ်လဲကွာ.. မိန်းကလေးချင်းပဲ”

“အဲဒီကား ဘယ်သူမောင်းလဲ သိလား”

“ဟင့်အင်း ၊ မသိဘူး”

“သူ့အစ်ကို မောင်းတာကွ၊ သူ့အစ်ကို မောင်းတာ ”

“အေးလေ.. ဘယ်သူမောင်းမောင်း ဘာဖြစ်လို့လဲ”

“မောင်ရုံ မောင်းတာဆို မင်းကို ငါ တကူးတက လာပြောနေဖို့ လိုမလားကွာ။ သူတို့က ရိုရိုပုံ မဟုတ်လို့ပေါ့။ မနက်ဆို ဟိုကောင်က ငါတို့ တိုက်တန်းနားထိ တစ်ယောက်ထဲ ကားမောင်းလာရင်း လာကြိုတာ။ အပြန်ဆို မိဖြူသူငယ်ချင်း သူ့ညီမကို အိမ်မှာထားခဲ့ပြီးမှ ရပ်ကွက်ကို လိုက်ပို့တာ။ မင်း စဉ်းစားကြည့်စမ်း၊ ဒါ ရိုရိုသားသား အပြုအမူလား။ နောက်ပြီး တစ်ရက်ထဲ မဟုတ်ဘူးနော်.. နေ့တိုင်းကွ..။ မိဖြူအမေကတောင် အဲဒီကောင်ကို သား၊ သားနဲ့ ဖြစ်နေပြီ၊ ”

“မိဖြူ..မိဖြူကရော..မိဖြူကရော ဘယ်လိုနေလဲ”

သာဂိ ရင်ထဲတွင် ဘလောင်ဆူချေပြီ။ ရည်းစားလူလု အူနုကျွဲခတ် ၊ အူနုကို ကျွဲအခတ်ခံရပါက ဘယ်လိုနေမည်ဆိုသည်ကို သာဂိ မသိချေ။ သို့ရာတွင် ကိုယ့်ရည်းစား၏ သတင်းကို ဤသို့ ကြားရသောအခါ သာဂိ ရင်ဘတ်တွေ အောင့်လာသည်။ ငါ့ချစ်သူဆိုသော ငါပိုင်ပစ္စည်းလေး လက်လွှတ်ရတော့မည်လောဟု တွေးကာ လောဘစိတ်၏ ကြောင့်ကြခြင်းဖြင့် ဒေါသတွေပါ ထွက်လာတော့သည်။ ဒေါသ၏ စီးမိုးခြင်း ခံရသောအခါ ဘာမျှစဉ်းစားမနေတော့ပဲ ကင်းတင်းဘေးက ဖုန်းဆိုင်သို့ ပြေးသွားလေသည်။ ပြူးကျယ်က လှမ်းအော်၏။

“ဟေ့ကောင် .. သောက်ရူး.. မိဖြူမှာ ဟမ်းဖုန်းရှိလို့လား..။ ဒီအချိန်က ကျောင်းချိန်ကြီးလေကွာ..။ အိမ်ရောက်ချိန်လောက်မှ ဆက်လို့ရမှာပေါ့”

သာဂိ ဒီတော့မှ ခြေလှမ်းတုံ့သွားရင်း…

“သွားမယ်ကွာ..ဒဂုံသွားရအောင်”

ပြောပြောဆိုဆို ကားဂိတ်ဘက် ထွက်ပြန်သည်။ ပြူးကျယ်က လှမ်းဆွဲရင်း..

“ဒီကောင်နဲ့တော့ ခက်ပြီ၊ နာရီလည်း ကြည့်ဦးလေကွာ.. ၂ နာရီတောင်ထိုးနေပြီ၊ အခုမှ ဒဂုံကိုသွားရင် မင်းကျောင်းရောက်တဲ့အချိန် မှောင်နေပြီကွ”

“ပြူးကျယ်..ငါ..ငါ ဘာလုပ်ရမလဲ..။ ငါ သူ့အပေါ် သစ္စာမမဲ့ခဲ့ဘူးလေ..။ သူ ဒီလိုလုပ်ရသလား.. ဟာ..။ မိဖြူရာ.. နင်..”

သာဂိသည် စကားကို ရှေ့မဆက်နိုင်တော့။ ကင်းတင်းထဲတွင် စားပွဲပေါ်မျက်နှာမူပြီး ဇက်ကျိုးလျက် ရှိနေသည်။ သာဂိသည် ကျစိမ့်သောက်ပြီး မူးသွားလေပြီ။ ဥမ္မာလည်း ရောက်လာ၏။ သာဂိ အခြေအနေကို မြင်တော့ စိတ်မကောင်းစွာ…

“သာဂိရာ.. နင်ဒီလောက်ကြီးလည်း ဖြစ်မနေပါနဲ့၊ မိဖြူက ခဏတစ်ဖြုတ် စိတ်ကစားသွားတာ နေမှာပါဟာ..။ နင်သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သူသိတာပဲ။ နောက်ပြီး သူတို့ပုံကလည်း သိပ်အလွန်ကြီး မဟုတ်ပါဘူး၊ မစိုးရိမ်ပါနဲ့ဟာ။ ငါတို့လည်း မိဖြူကို ပြောပေးမှာပေါ့”

ဟု ဆိုသည်။ သို့ရာတွင် သာဂိခေါင်းသည် ပြန်မတ်မလာတော့ချေ။ သူ့စိတ်ထဲတွင် တွေးနေမိသည်။ မိဖြူသည် စိတ်ကစားတာလား၊ ဦးဏှောက်ကစားတာလား…..။ ထိုနေ့က သာဂိ အိမ်ရောက်လို့ ရေချိုးပြီးသော်လည်း လန်းမလာတော့ချေ။ သူ့ ထုံးစံအတိုင်း စိတ်ရှုပ်လျှင် ထိုင်နေကြ ကော်ရစ်တာပေါ် တက်ထိုင်နေမိပြန်သည်။

သာဂိ ကျောင်းက ပြန်ရောက်ကတည်းက သာဂိမျက်နှာကို ကြည့်နေခဲ့သော ဦးညိုလည်း ရောက်လာ၏။ ပြီးတော့ သာဂိဘေးတွင် ဝင်ထိုင်ရင်း..

“ဘာဖြစ်ရပြန်တုန်း သာဂိရဲ့..။ ဒီတစ်ခါရော ကျောင်းပြောင်းပြန်ပြီလား”

“မဟုတ်ပါဘူး.. ဦးကြီးညို..။ ဒါပေမယ့် သူ ကျွန်တော့်ကို သစ္စာဖောက်တော့မယ် ထင်တယ်။ သူ တခြားလူနဲ့ တွဲနေပြီ”

“ဟေ.. ဟားဟား.. မင်းတို့ပြောတဲ့ အချစ်က သစ္စာဖောက်တာရော ပါပြန်သတဲ့လားကွ.. ဟက်ဟက်..။ နေပါဦး.. သာဂိရဲ့..။ သူက မင်းကို ဖြတ်ပြီလို့ ပြောပြီလား”

“မပြောသေးပါဘူး၊ ဒါပေမယ့် ပြောတော့မယ်ထင်တယ်။ သူ အခုတွဲနေတဲ့လူနဲ့ ကျွန်တော်က ဘာမှ ယှဉ်လို့မရဘူးလေ..။ သူက သူဌေးသား၊ ကျွန်တော်က အဒေါ်အိမ်မှာ ကပ်နေရတဲ့ကောင်။ သူ ရွေးတာလည်း မှန်ပါတယ်လေ….။ ဘယ်သူမဆို ဒီလိုပဲ ရွေးမိမှာပါပဲ၊ ဟုတ်တယ်မလား ဦးကြီးညို”

“အကုန်မမှန်ဘူးကွ။ နေပါဦး .. ငါ မေးပါဦးမယ်။ မင်း သူနဲ့ ဆက်ဆံဖူးလား..။ မင်းကလည်း လိင်ဆက်ဆံတာကို ပြောတာကွာ..”

“မဆက်ဆံဖူးဘူး”

“နမ်းရော နမ်းဖူးသလား”

“အင်း..နမ်းဖူးတယ်”

“ဘယ်လောက်ထိ နမ်းလဲ၊ ဘယ်လောက်ကြာကြာ ချိန်းတွေ့ဖူးလဲ မေးတာကွာ”

“ဘာ .. တစ်ညလုံးနီးပါး .. အံ့ပါရဲ့ .. တယ်ထိန်းနိုင်တဲ့ ကောင်ကိုး ..။ ကိုယ်လုံးတွေရော ကိုင်သလား ..”

“နည်းနည်းပါးပါး ကိုင်တယ် ..”

“အင်း.. ဒါဆိုရင်တော့ မင်းလိုကောင်ကို သူဖြတ်တော့မှာ သေချာပါတယ်”

“အင်းလေ.. ကျွန်တော်ပြောသားပဲ.. သူ ဖြတ်တော့မှာပါဆို..။ ဟိုကောင်က သူဌေးသားပဲဟာ ..”

“အေး..အဲ့ကောင်..သူဌေးသားဆိုတာကလည်း တစ်ကြောင်းတော့ တစ်ကြောင်းပေါ့ကွာ။ ဒါပေမယ့် မင်းကောင်မလေး မင်းကို ဖြတ်တော့မယ့် ကိစ္စမှာ ပိုက်ဆံဟာ အဓိက မကျဘူးကွ၊”

“ဗျာ..ဒါဖြင့် ဘာကြောင့်…”

“ခံစားချက်က အဓိကကျတယ်ကွ”

“ဟာ.. ဒီအချက်ကြောင့်တော့ မဖြစ်နိုင်ပါဘူး ကျွန်တော်ပြောရဲတယ်။ ဟိုကောင်ဟာ ကျွန်တော် မိဖြူကို ချစ်သလို လုံးဝမချစ်နိုင်ဘူး၊ သေချာတယ်”

“အဲဒါကြောင့် မင်းကို ဟိုးအစောကြီးထဲက ငါပြောတာပေါ့။ လောကမှာ မသိပဲတတ်တဲ့ ပညာ မရှိပါဘူးလို့။ မင်းက အချစ်ဆိုတာ ဘာမှန်းမသိပဲ ချစ်ချင်နေတာကိုး။ မှတ်ထား.. သာဂိရဲ့။ အချစ်မှာ သံယောဇဉ်တွေ၊ နားလည်မူတွေလို အရာတွေတင် မကဘူး၊ sex ဆိုတဲ့ အထိအတွေ့ကလည်း အရေးကြီးတဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါတယ်ကွ။ အဲဒီ နှစ်မျိုးဟန်ချက်ညီနေတာကို အချစ်လို့ခေါ်တယ်ကွ။ မသေမချင်း မှတ်ထား.. ဟားဟား”

“အေး.. ငါဆက်ပြောပြမယ်.. သာဂိရဲ့။ မင်းက ကောင်မလေးကို မထိတထိ ရိုးတိုးရွတ ဖြစ်အောင် သွားသွားစပေးတာကိုး။ ပြီးတော့ တန်းလန်းကြီး ထားခဲ့ပြန်ရော။ ဟုတ်တယ်မလား..”

“ကျွန်တော်က.. ကျွန်တော်က သူ့ကို မင်္ဂလာဦးညကြမှ.. ဟိုဒင်း….”

“အင်းလေ.. မင်္ဂလာဦးညကြမှဆိုရင် ဘာလို့ ဟိုကိုင် ဒီကိုင်တွေ လျှောက်လုပ်တုန်း။ မင်္ဂလာဦးညကြမှ လုပ်ပါလား။ အခုတော့ သွားစထားတာ၊ သူက သူ့ဟာသူ အဆုံးသတ်ပေးမယ့်လူ ရှာရတော့တာပေါ့.. သာဂိရဲ့။ အဲ့ဒါ ကောင်မလေးအပြစ် မဟုတ်ဘူး၊ မင်းအပြစ်ကွ”

“ဗျာ …. ”

သာဂိသည် ဦးညိုကြီးပြောတာကို လက်ခံသင့်၊ မခံသင့် တစ်ညလုံး စဉ်းစားနေမိသည်။ မနက်မိုးလင်းသည်အထိ သူသည် အဖြေ မရချေ။ ရောင်နီ၏ ပျို့အန်သံနဲ့အတူ တရစ်ရစ်ထလာသော ကျေးငှက်တို့၏ လှောင်ပြောင်သံအောက်တွင် သာဂိသည် အိပ်ယာပေါ်တွင် ဆက်လက် လှဲလျောင်းခြင်းငှာ မတတ်သာတော့ပဲ ကားဂိတ်ဘက်သို့ ထွက်ခဲ့၏။

သူသည် မိဖြူက ထိုသို့ ပြုမူသည် ဆိုခြင်းကို လုံးဝ မယုံနိုင်ဖြစ်နေလေသည်။ ထို့ကြောင့် ပဲခူး.. ပဲခူး.. ဟု အော်နေသော ဟိုင်းလပ်တစ်စီးပေါ် တက်ထိုင်လိုက်မိသည်။ ကားလေးသည် အမြန်ယာဉ်ဖြစ်၍ အမောင်းမြန်သော်လည်း အထတော့နှေးရှာပေသည်။ တစ်ခါရပ်ပြီးလျှင် မြန်မြန်တော့ ပြန်မထွက်နိုင်ရှာပေ။ သို့ရာတွင် သာဂိက ဒေါမထပါ။ သူသည် အရာအားလုံးကို အဆုံးစွန်ထိ ရင်ဆိုင်ဖို့ ပြင်ဆင်ပြီးဖြစ်သည်။

သူ့နှလုံးသားသည် သူ၏ မိုက်မဲမူ ပြစ်ဒဏ်ကို ခံယူဖို့ အသင့်ရှိနေသည်။ အဆုံးစွန်ပြောရလျှင် မိဖြူသည် ထိုကိစ္စကြောင့် အပျိုစင် မဖြစ်တော့သည် ထားဦး.. သူ ကြည်ဖြူနိုင်ပါသည်။ တစ်ကြိမ်တစ်ခါ မှားခြင်း အတွက် အပြစ်တင်ရန် သူ့တွင် စကားလုံးမရှိပါ။ သူ ကြောက်သည်မှာ တစ်ခုသာ ရှိသည်..။ မိဖြူက သူ့ကို စွန့်ပစ်လိုက်မှာ စိုးသည်။

သူ ကျင်လည်ခဲ့ဖူးသော နေရာဟောင်းလေးသို့ အရောက်တွင် သူကားပေါ်က ဆင်းလိုက်သည်။ ရန်ကုန်နေသည် မိုးကုပ်စက်ဝိုင်းအောက်တွင်ပင် ရှိနေသေးသည်။ သို့ရာတွင် သူလာတော့မည် ဖြစ်ကြောင်း ရောင်ခြည်လှိုင်းလေးများ လွှတ်၍ အသံပေးနေသည်။ သာဂိ ကားဂိတ်ထဲတွင် ငုပ်တုပ်ထိုင်နေမိသည်။ မနီးမဝေးက ဈေးတန်းလေးသည် အလင်းဖျဖျအောက်တွင် ခပ်ဝပ်ဝပ်ကလေး ကွေးနေသည်။ ဟိုးသစ်ပင်အောက်က အကြော်တဲလေးသာ မီးခိုးတလူလူဖြင့် သက်ဝင်လှုပ်ရှားနေသည်။ မိဖြူသည်ရော.. ဒီအချိန် ဘာလုပ်နေမည်နည်း..၊ ငယ်ငယ်တုန်းကလို စကပ်လေးခြုံ၍ ကွေးနေမည်လား..။

သာဂိသည် ရုတ်တရက် ရယ်ချင်သွားသည်။ တစ်ယောက်ထဲ တိုးတိုးလေး ရယ်မိသည်။ နောက် ချက်ချင်းဆိုသလိုပင် မိဖြူနဲ့ သူသည် နောက်ဆို သူစိမ်းတွေများ ဖြစ်တော့မှာလားဟု တွေးမိကာ ဘယ်ဘက်ရင်ဘတ်က အောင့်တက်လာသည်။ သာဂိ လက်ဝါးဖြင့် ဖိပြီး သက်သာလို သက်သာငြား ပွတ်နေမိသည်။ ထိုစဉ် ဟိုး တိုက်တန်းဘက်ဆီက ကားမီးရောင်တန်းတစ်ခု ဖျပ်ကနဲ ထိုးထွက်လာသည်။ ထို့နောက် ချက်ချင်း ပြန်ပိတ်သွားသည်။ ကားသမားသည် ညဘက် မောင်းလာစဉ် မီးကြီးများကို ဖွင့်ထားခဲ့ပါလိမ့်မည်။ အခုမနက် ကားစက်နှိုးတော့ ညက မပိတ်ခဲ့သော မီးက လင်းလာ၍ ပိတ်လိုက်ခြင်းဖြစ်မည်။

ဘာပဲဖြစ်ဖြစ် သာဂိ လှည့်ကြည့်မိသည်။ သူ နေခဲ့စဉ်တုန်းက ဤတိုက်တန်းတစ်ဝိုက်တွင် ကားစီးနိုင်သူ မရှိခဲ့ပါ။ ယခု မောင်းလာသူသည် ဘယ်သူများနည်း။ ခပ်ဝေးဝေးက လာနေသော ကားသည် တော်တော်ကောင်းသော ကားဖြစ်သည်။ သိန်းအေးပြောဖူးသည့် သိန်း ၅၀ ကျော်ပေးရသည် ဆိုသော ဆပ်ဖ်(SURF) အမျိုးအစားကားမြင့် တစ်စီးဖြစ်၍ သာဂိ ပိုအံ့သြသွားသည်။ (ထိုခေတ်ကားဈေး)

မောင်းလာသူကို သာဂိ မသိ။ သာဂိ မမြင်ဖူးသော လူဖြစ်သည်။ မောင်းလာသူ၏ ဘေးတွင်ထိုင်နေသူကိုကား သာဂိသိသည်။ သာဂိ မြင်ဖူးသော လူဖြစ်သည့် မိဖြူဖြစ်သည်။ မိဖြူသည် ကားမောင်းသူဘက်လှည့်၍ စကားတွေပြောနေသည်။ သူမ၏ ထုံးစံအတိုင်း ချစ်စဖွယ် လက်ကလေးတွေကို ရှုပ်ယှက်ခတ်နေအောင် လှုပ်ရှားရင်း စကားတွေ အမျှင်မပြတ် ပြောနေသည်။ ဟိုလူက ပြုံးပြုံး ပြုံးပြုံးနဲ့ ခေါင်းငြိမ့်ပြရင်း ကားကိုမောင်းနေသည်။ကားဂိတ်မှတ်တိုင်နား အရောက်တွင်မူ ကွေ့ဖို့ ဘေး ဘယ်ဘက်ကို အကြည့် ကားဂိတ်ထဲမှ သာဂိမျက်ဝန်းတွေနဲ့ဆုံသည်။ ထိုလူ မျက်ခုံးနည်းနည်းတော့ တွန့်သွားသည်။ သို့သော် ဘာမှ မထူးဆန်းသလို မျက်နှာလွှဲလိုက်ပြီး ကားကို ထောက်ကြံ့ ဘက်သို့ မောင်းနှင်သွားတော့သည်။

သာဂိသည် ခဏချင်းအတွင်း အဝေးသို့ရောက်ရှိ ပျောက်ကွယ်သွားသော မမြင်ရတော့သည့် ကားနောက်ပိုင်းကို ငေးရင်း ရင်ဘတ်တွေ အောင့်လာပြန်သည်။ ဒီတစ်ခါတော့ လက်ဝါးနဲ့ ပွတ်လည်း သက်သာမလာတော့ချေ။ အထဲတွင် စို့နဲ့ တစ်ချက်ချင်း ရိုက်နေသကဲ့သို့ တစ်ဆစ်ဆစ်နဲ့ ထိုး၍ အောင့်လာခြင်း ဖြစ်သည်။ သာဂိ ရပ်တည်ခြင်းငှာ မစွမ်းသာတော့ပေ။ ဘတ်စ်ကားမှတ်တိုင်၏ ကြမ်းပြင်ပေါ် ခွေခွေလေး လှဲချရင်း အနာသက်သာသလို နေကြည့်သည်။ ထိုစဉ် ဟင်းရွက်တောင်းကြီး ရွက်လာသော အဒေါ်ကြီးတစ်ဦးက

“ဟဲ့.. ဟိုကောင်လေး.. နေမကောင်းဘူးလား။ သြော်.. ဆရာမကြီးတူလေးပဲ..။ ဆေးခန်းသွားမလား၊ အန်တီ လိုက်ပို့ပေးမယ်လေ”

ဟုဆိုသည်။ သာဂိသည် ခုံပေါ်ပြန်ထိုင်လိုက်ရင်း ရတယ်ဆိုသော သဘောဖြင့် လက်ဝါးလေး ကာပြသည်။ ဈေးတန်းလေးတွင် ဈေးသည်တစ်ချို့ ဆိုင်ခင်းနေကြပြီ ဖြစ်သည်။ သာဂိသည် ရင်ဘတ်ကို ဖိရင်း ထိုင်ရာမှ ထလိုက်သည်။ ထို့နောက် ပုဆိုးကို ခါးတောင်းကြိုက်၍ ဖိနပ်ကို ခါးကြားထိုးလိုက်သည်။ ပြီးတော့ ကတ္တရာလမ်းအတိုင်း မင်္ဂလာဒုံ ဘက်သို့ တစ်ဟုန်ထိုး ပြေးတော့သည်။

သာဂိ၏ ခြေဖဝါးတို့သည် ကတ္တရာနဲ့ ထိဖန်များသောအခါ ပဲ့ရွဲ့၍ သွေးစို့လာကြသည်။ ဖြတ်သွားဖြတ်လာ လူတွေနဲ့ ကားစီးခရီးသည် အချို့က သာဂိကို အထူးဆန်းသဖွယ် ကြည့်သွားကြသည်။ သူတို့သည် ပုဆိုးခါးတောင်းကြိုက်ကာ ခြေဗလာနဲ့ ပြေးနေသော လူကို မြင်ဖူးဟန်မတူချေ။ ထိုလူတွေကဲ့သို့ပင် မြင်ဖူးဟန်မရှိသော ခွေးတစ်အုပ်က သာဂိကို ဝိုင်းဟောင်ကြသည်။ တစ်ချို့ အတင့်ရဲသော ခွေးများက ဝင်ဆွဲမည့်ဟန်၊ ကိုက်မည့်ဟန် ပြုသည်။ သာဂိကတော့ အပြေးမရပ်၊ သူ့မျက်လုံးများသည် ခွေးကိုမမြင်ချေ။ အမှန်အတိုင်းဆိုလျှင် ကားလမ်းကိုတောင်မှ အမှတ်မဲ့စိတ်ဖြင့် မြင်နေပုံရပြီး သူ၏ အာရုံ အလုံးစုံသည် ကားပေါ်က မိဖြူ၏ လက်ကလေးများကြားတွင် ပါသွားပြီး ဖြစ်၏။ တုန့်ပြန်မူ မရှိသော သာဂိကို အကြောက်တရားမရှိသည့် ခွေးတစ်ကောင်က နောက်မှနေ၍ ခြေသလုံးကို ဝင်ဟပ်သည်။ သာဂိ တုံ့ကနဲဖြစ်ပြီး ယိုင်လဲသွားသည်။

ခွေးသည် သာဂိ ခြေသလုံးကို မိမိရရခဲရင်း ဆွဲခါနေသည်။ သာဂိ ထိုခွေး၏ ပါးစပ်ကို အထက်အောက် တစ်ဘက်စီ ကိုင်၍ ဆွဲဖြဲလိုက်သည်။ ခွေးကလည်း ရုန်းသည်။ သူ့ ခြေသည်း လက်သည်းများသည် သာဂိ ရင်ဘတ်နဲ့ ပေါင်တွေကို သွေးစီးကြောင်းရာ ထင်သွားစေသည်။ သာဂိ ခွေးနှုတ်သီးကို စုံကိုင်ရင်း မတ်တပ်ထရပ်လိုက်သည်။ ထိုစဉ် နောက်တစ်ကောင်က သာဂိ ခြေထောက်ကို ဝင် ဆွဲမည့်ဟန် ပြပြန်သည်။ သာဂိ ထိုခွေးဘက်သို့ လှည့်၍ လက်ထဲက မိထားသော ခွေးကို စုံကိုင် မြှောက်ကာ ကတ္တရာနဲ့ ဖွတ်ချလိုက်သည်။ ခွေးထံက တစ်ဂိန်ဂိန် မြည်သံထွက်လာသည်။ ကျန်သောခွေးတွေ နောက်တွန့်သွားကြသည်။

သာဂိ နောက်တစ်ကြိမ် ထပ်၍ ဖွတ်ချလိုက်ပြန်သည်။ ခွေးသည် ဂိန်နဲ့ အိုင်ကို ပေါင်းအော်သည်။ ကျန်ခွေးတွေ နောက်ဆုတ်သွားကြသည်။ ပြီးတော့ သာဂိကို ကြည့်၍ အူကြတော့သည်။ သာဂိ လက်ထဲက ခွေးကို လေပေါ်မြှောက်လိုက်သည်။ ခွေးသည် လေထဲတွင် အဆန့်သား ဝဲတက်သွားသည်။ ထို့နောက် ကားယားကြီး ပြန်အကျ သာဂိ ၏ အသားတွေပဲ့နေသော ဘယ်ခြေထောက် ခြေစောင်းက ခွေးရင်ဝကိုတည့် ထိသည်။ ခွေး မြေကြီးပေါ် ဖုန်းကနဲ နေအောင် လွင့်စင်ကျသွားသည်။ ထို့နောက် တစ်ဂိန်ဂိန်အော်ရင်း ဖင်သီကာ ပြေးတော့သည်။

သာဂိသည် လမ်းမလျှောက်နိုင်တော့ချေ။ ခွေးခဲသွားသော ဒဏ်ရာက အသားတွေပဲ့သွားကာ သွေးတွေ ထွက်နေသည်။ ထို့ပြင် ခြေဖဝါးတွေကလည်း အခုမှကျိန်းစပ်လာကာ အထိမခံနိုင် ဖြစ်လာသည်။ သာဂိ ၏ ရင်ဘတ်ထဲက အနာသည် ထိုခဏတော့ ပျောက်နေချေသည်။ သာဂိသည် လာနေသော ဘတ်စ်ကားတစ်စီးကို တားကာ တက်လိုက်သွားသည်။

ဝါယာလက် အရောက်တွင် ကားပေါ်ကဆင်း၍ အဒေါ့်ဆီ စိတ်မပူဖို့ ဖုန်းဆက်သည်။ ထို့နောက် ဆရာ့ အိမ်ဘက်သို့ ထော့နင်း ထော့နင်းဖြင့် ထွက်လာခဲ့သည်။ သာဂိ ရွာပြန်တော့မည်ဟု ဆုံးဖြတ်မိ၍ ဆရာ့ကို နှုတ်ဆက်ကန်တော့ဖို့ ဖြစ်သည်။ ဆရာသည် သာဂိကို ငြိမ်းချမ်းစွာ ဆီးကြိုသည်။ ကျောင်းဆက်တက်ဖို့ ပြောသည်။ သာဂိက လက်မခံ။ ကျောင်းဆိုသောအရာကို သူနည်းနည်းမှ စိတ်မဝင်စားတော့။ ရွာပြန်ပြီး လယ်လုပ်မယ်ချည်း ပြောနေသည်။ ဆရာသည် သာဂိကို စဉ်းစားပါဦးဟုဆိုကာ စဉ်းစားခိုင်းရင်း သူ့အိမ်မှာနေစေသည်။ နောက် မနက်ဖြန်ဆိုလျှင် သူ့ညီ လာမည်ဟု ပြောသည်။ သူရောက်လာလျှင် မင်းပျော်မှာပါဟုလည်း ဆိုသည်။

သာဂိသည် မိန်းမမရှိသော ဆရာ၏ မီးဖိုချောင်တွင် ဝင်ရောက်ချက်ပြုတ်ပေးရင်း အချိန်ဖြုန်းနေမိသည်။ခွေးခဲထားသော ဒဏ်ရာအတွက်လည်း ကာကွယ်ဆေးထိုးရသည်။ နည်းနည်းတော့ နာသည်။ သို့ရာတွင် ရင်ဘတ်ထဲကလောက်တော့ မဆိုးချေ။

နောက်တစ်နေ့တွင် ဆရာ့ညီ ကိုသန့်ဆိုသူ ရောက်လာသည်။ ထိုလူကြီးတွင် သဘောကောင်းပုံရသော မျက်နှာပေါက်နဲ့ ဆင်ကြည့်ကြည့်တတ်သော မျက်ဝန်းတစ်စုံရှိသည်။ သူသည် ဘယ်ကိစ္စမဆို စကားတစ်ခွန်းပြောဖို့အရေး မျက်ဝန်းကြုံ့ကာ စဉ်းစားပြီးမှ ပြောတတ်သည်။ စီးပွားရေးသမား ပီသစွာ အကျိုးအမြတ် တွက်သလား မဆိုနိုင်။ ရယ်စရာ မောစရာ ကိစ္စများမှ လွဲလျှင် သူ့အစ်ကို ဆရာ့ကိုတောင် ထိုသို့ ဆက်ဆံတတ်သည်။ သူ့ အပြောအရတော့ရင်ဝကို ထိုးမည့် ဓားကို ကာကွယ်ခြင်းဟု ဆိုသည်။ မည်သို့ပင်ဆိုစေ ကိုသန့်သည် သာဂိအတွက် ခင်ဖို့ကောင်းသော လူတစ်ယောက် ဖြစ်သည်။

ကိုသန့် က သာဂိအကြောင်းကြားပြီးသောအခါ ရွာပြန်မယ့်အစား သူနဲ့ အလုပ်လိုက်လုပ်မလားဟုမေးသည်။ သာဂိက လိုက်မည်ဟု ဆိုသောအခါ ကိုသန့်က..

” မင်း.. ငါနဲ့ပေါင်းမယ်ဆိုရင် စကားကို အဲ့လို အလွယ်ပြောတဲ့ အကျင့် ဖျောက်ရမယ်။ ငါက ဘာလုပ်သလဲ မင်း မမေးဘူး။ ပိုက်ဆံ ဘယ်လောက်ရမှာလဲ မစုံစမ်းဘူး။ ဘယ်လောက်ကြာမှာလဲ .. ဒါတွေ မလာဘူး။ အဲ့လိုသာ လုပ်မယ်ဆိုရင်တော့ မင်းသာ မိန်းမဆိုရင် ဟိုအတန်းရောက်တယ်။ ယောကျ်ားဆိုတော့ ဂျေးထဲ ညောင်းဖို့ များတယ် သာဂိရေ …။ အရင်ဆုံး မင်းလုပ်ရမှာက စကားတစ်ခွန်းကြားရရင် စဉ်းစားဖို့နဲ့ စကားတစ်ခွန်းပြောခါနီး စဉ်းစားဖို့ပဲ”

သာဂိသည် ထိုလေ့ကျင့်ခန်းကို တော်တော်ကျင့်ယူရလေသည်။ လွတ်လပ်ပေါ့ပါးစွာ လွှတ်ကနဲ ပြောချင်တိုင်း ပြောခဲ့သော သူသည် စဥ်းစားဖို့ကို မေ့မေ့နေတတ်သည်။ ခြေထောက်က ဒဏ်ရာ အနာဖေး တက်လုလုအချိန်တွင် သာဂိသည် ထိုလေ့ကျင့်ခန်းကို အောင်မြင်နိုင်ခဲ့သည်။ ကိုသန့်သည် သာဂိကို စော်ဘွားကြီးကုန်း အဝေးပြေးကားဂိတ်သို့ ခေါ်သွားသည်။ ထို့နောက် သံလွင်ဆိုသည့် ဘတ်စ်ကားငယ်လေးပေါ် တင်ပေးလိုက်ရင်း …

“ငါပေးတဲ့ လိပ်စာအတိုင်းသွား၊ ထွန်းနိုင်ဆိုတဲ့လူကို ငါ့စာပေးလိုက်၊ ငါ ပိုက်ဆံလွှဲပြီးမှ လိုက်လာခဲ့မယ်၊”

ဟုဆိုကာ ပြန်ထွက်သွားသည်။ သာဂိသည် သံလွင်ဆိုသည့် စာတမ်းပါ အင်မတန် စိတ်မြန်သော ကားဆရာ၏ မောင်းနှင်ခေါ်ဆောင်ရာနောက်သို့ ဟိုကြည့်၊ ဒီကြည့်ဖြင့် လိုက်ပါသွားသည်။ လေးနာရီခန့် ဟိုငေး၊ ဒီငေး ငေးပြီးချိန်တွင် လှပစိမ်းပြာနေသည့် ဧရာဝတီသည် သာဂိ မျက်ဝန်းရှေ့တွင် ကနွဲ့ကလျလေး ပေါ်လာလေသည်။ တိုးတက်ခြင်း၏ လက္ခဏာတစ်ရပ်အဖြစ် မြစ်ကူးတံတားကြီး တစ်စင်းကိုလည်း ကန့်လန့်ကြီး တွေ့ရသည်။

သာဂိ ဟိုငေး၊ ဒီမော လုပ်နေစဉ် စပါယ်ယာလေး၏ လမ်းမတော်မှာ ဆင်းမယ့်လူတွေ ၊ ဘူတာမှာ ဆင်းမယ့်လူတွေ၊ ကျောက်ရုပ်ရောက်ပြီ.. ဆင်းလို့ရပြီ ဆိုသော အသံကိုကြားရသည်။ သာဂိ လွယ်အိပ်ကလေးလွယ်၍ ဆင်းလိုက်သည်။ ကားပေါ်က ဆင်းဆင်းချင်း တွေ့ရသည်မှာ ရှေ့ခြေတစ်ဘက်ကြွထားသော မြင်းပေါ်က ဗိုလ်ချူပ်အောင်ဆန်းဖြစ်သည်။ ကိုသန့်က မှာထားသည်။ လမ်းမတော်မှာဆင်း၊ ဆိုက်ကားငှားပြီးသွား ဟု။ တရုတ်ဆိုင်ကြီးများကြီးစိုးသော လမ်းမကြီးတစ်လျှောက် သာဂိ ငေးမောနေစဉ် ဆိုက်ကားဆရာက ရောက်ပြီဟုဆိုသည်။

ပွဲရုံလား၊ ဘာလား မပြောတတ်သည့် ကုန်လှောင်ရုံလိုလို ၊ ဆိုင်ခန်းလိုလို တိုက်ခန်းတစ်ခုရှေ့တွင် စွပ်ကျယ်ချိုင်းပြတ်နဲ့ လူတစ်ယောက် ရပ်နေသည်။ သာဂိ ထိုလူ့ထံသွားပြီး

“ကျွန်တော် ကိုထွန်းနိုင်နဲ့ တွေ့ချင်လိုပါ”

ဟုဆိုတော့ ထိုလူက

“ဘာကိစ္စလဲ”

ဟု ပြန်မေးသည်။ သာဂိက ကိုသန့်ပေးလိုက်သော စာလေး ထုတ်ပေးသောအခါ ထိုလူက ယူဖတ်၏။ ထွန်းနိုင်ဆိုသောလူသည် ခပ်ဖိုင့်ဖိုင့်နဲ့ ဝသလိုရှိသည်။ သို့ရာတွင် ဗိုက်မရွှဲချေ။ လည်ပင်းတွင် စက်ဘီးချိန်းကြိုးလောက်ရှိသော ရွှေဆွဲကြိုးကြီးကို ဆွဲထားသည်။ စာကိုဖတ်နေသော သူ့မျက်နှာသည် ခပ်တည်တည်၊ ခပ်တင်းတင်းရှိသည်။ သဘောကောင်းပုံ မရချေ။

သာဂိက ထွန်းနိုင်ကို ကြည့်ရင်း ထွန်းနိုင်နောက်က မြင်ကွင်းကို စိတ်ဝင်စားသွားသည်။ ထွန်းနိုင်၏ ပွဲရုံဘေးတွင် အမျိုးသမီး သီးသန့်ဟု ရေးထားသော အလှပြင်ဆိုင် ရှိနေလေသည်။ ထိုဆိုင်ရှေ့တွင် ကောင်မလေးတစ်ယောက်သည် ဒါန်းစီးရင်း စာအုပ်တစ်အုပ် ဖတ်နေသည်။ ထိုကောင်မလေးသည် ဖိုဘီကိတ်နဲ့ ဆင်သလိုလို ရှိသည်။ သူမလေးသည် နေကြာစေ့ကိုက်ရင်း မော့အကြည့် သူ့ကိုငေးနေသော သာဂိမျက်ဝန်းကို တွေ့သောအခါ နှာခေါင်းလေးရှုံ့ပြီး မျက်နှာလေးကို စာအုပ်နဲ့ ကွယ်လိုက်သည်။ သာဂိ ရင်ခုန်လာသည်။ သူသည် သူ့နှလုံးသားကို သေသွားပြီဟု ထင်တာ မှားပြီဖြစ်ကြောင်း အခုမှသိသည်။ သူ့ရင်ဘတ်ကြီးသည် အနှစ်မရှိသော ပင်ပေါင်ဘောလုံးကဲ့သို့ အခွံကြီးသာ ဖြစ်သည်ဟုထင်တာ လွဲပြန်ပြီဖြစ်သည်။

သာဂိသည် ကိုထွန်းနိုင်၏ ပွဲရုံမျက်နှာကျက်ပေါ်တွင် နေရာရသည်။ မျက်နှာကျက်ဟုဆိုသော်လည်း ကိုထွန်းနိုင်သည် အတော်လေးတော့ ပြင်ဆင်ထားသည်။ ထိုအပေါ်တွင် ရေခဲသေတ္တာ၊ အပေါ်စက်၊ အောက်စက်၊ ပန်ကာ၊ ကက်စက် စသည့် လူသုံးကုန် ဇိမ်ခံပစ္စည်းများ အဆင်သင့်ရှိနေသည်။ ထိုနေ့ညက သာဂိသည် နေရာစိမ်းကို ရင်ခုန်ရင်း ညနေက မျက်နှာနုနုလေးကို တစ်ချက်တစ်ချက် မြင်ယောင်နေမိသည်။

နောက်တစ်နေ့မှစ၍ သာဂိသည် ဆိုင်ကယ်စီးသင်ရသည်။ ဆိုင်ကယ်လေးသည် တရုတ်ဆိုင်ကယ် လော်ဂျား 110 အမျိုးအစားဖြစ်ပြီး သာဂိနဲ့ ခဏချင်းပင် ရင်းနှီးသွားခဲ့သည်။ သာဂိသည် အလုပ်လုပ်ဖို့ လာခြင်း ဖြစ်သော်လည်း ဆိုင်ကယ်ချည်း စီးနေရသည်။ သူ မြို့ထဲ လမ်းများပေါ်တွင်သာမက မင်းကြီးတောင်လမ်း၊ တစ်ဘက်ကမ်း ပန်းတောင်းဘက်ရှိ လမ်းများကိုပါ အစီးကျင့်ရသည်။ နောက်ဆုံးခေါက်ကဆိုလျှင် ပေါင်းတလည်၊ ပေါက်ခေါင်းမှ တဆင့် ပဲခူးရိုးမလမ်းတွေပေါ်အထိ တက်စီးခဲ့ရသည်။ နောက် မကြာခင်တင် သာဂိသည် ပုသိမ်၊ မုံရွာ လမ်းမကြီးပေါ်တွင် စတင် အလုပ်လုပ်နေပြီ ဖြစ်သည်။ ပုသိမ်ဘက်က အော်ဒါမှာလာသော ဆိုင်ကယ်များကို ကိုထွန်းနိုင်က ဖုန်းလက်ခံပြီးသည့်နောက် အင်ချပ်တစ်ဦးပါသည့် အဖွဲ့ဖြင့် ဆိုင်ကယ်ကယ်ရီ ရိုက်ပေးရခြင်း ဖြစ်သည်။

သာဂိသည် ပြည်မှ ပုသိမ်ထိ ဆိုင်ကယ်စီးပေးခ ငါးထောင်ရသည်။ ပြည်မှ ဆိုင်ကယ်စီးသွားလျှင် လူညီမူပေါ်မူတည်၍ အချိန် နာရီ ခြောက်နာရီမှ ရှစ်နာရီ အတွင်း ပုသိမ်သို့ ရောက်သည်။ ပုသိမ်သို့ရောက်လျှင် လက်ခံမည့်သူက အထိခိုက်အနာအဆာ စစ်ဆေး၍ ကျေနပ်ပြီဆိုသည်နဲ့ ဘတ်စ်ကားစီးပြီး ပြန်လာကြသည်။ သာဂိတို့က ကားပေါ်တွင် အိပ်ပြီး လိုက်ကြသည်။

ပြည်ရောက်လို့ ကိုထွန်းနိုင်ရှေ့ရောက်လျှင် ပုသိမ်က လက်ခံသူ၏ အထိအခိုက် အပွန်းအပဲ့ သတင်းစကားများ မရှိပါက စရိတ်ငြိမ်း ငါးထောင်ခိုင်ပြီး ဖြစ်လေသည်။ ရံဖန်ရံခါ လမ်းတွင် ဘီယာ အသောက်လွန်ပြီး ဆိုင်ကယ်လဲ၍ ပွန်းရာ ခြစ်ရာ ထင်လာလျှင်မူ အထိခိုက်ပေါ်မူတည်ပြီး တစ်ထောင်မျိုး နှစ်ထောင်မျိုး အလျှော့ခံကြရသည်။ မည်သို့ပင် ဆိုစေကာမူ သာဂိသည် ပိုက်ဆံရှာတတ်ပြီ ဖြစ်သည်။

ကိုသန့်လည်း ရံဖန်ရံခါ ရောက်လာတတ်သည်။ ကိုသန့်က ဆိုင်ကယ် လုပ်ငန်းတွင် ရှယ်ယာသာဝင်ပြီး ကိုယ်တိုင်မပါချေ။ ကိုယ်တိုင်လုပ်သူက ကိုထွန်းနိုင်ဖြစ်သည်။ ကိုသန့်က ဇီးစေ့ကောက်ခြင်း၊ ဘုမ္မာရာဇာ ကောက်ခြင်းနဲ့ ပို့ခြင်းကို အဓိက ထားသည်။ ရံဖန်ရံခါ သူ့ထံတွင် လိပ်နဲ့ သင်းခွေချပ်တွေပါ တွေ့ရတတ်သည်။ သာဂိသည် ကိုသန့်လူ ဖြစ်သော်လည်း ကိုသန့်လုပ်ငန်းကို စိတ်မဝင်စားချေ။ သူသည် လမ်းပေါ်က ဆိုင်ကယ် အလုပ်ကိုသာ အာရုံလာနေသည်။

ယခုဆိုလျှင် သာဂိ၏ ခေါက်ရေသည် ဆယ်ကြောင်းကျော်မှာ ရှိပြီးဖြစ်သည်။ သို့ရာတွင် သာဂိ ပိုက်ဆံမစုနိုင်။ သားမယား မရှိပါပဲ ကုန်စရာ ရှိနေသည်မှာ နွေးနွေးတို့ ညီအစ်မကြောင့်က တစ်ကြောင်း၊ သာဂိ၏ အင်ချပ် ကိုနိုင်းနိုင်းကြောင့် လည်းကောင်း ဖြစ်ရပါသည်။

နွေးနွေးဆိုသော ကောင်မလေးသည် သာဂိ နေထိုင်ရာ ကိုထွန်းနိုင်ပွဲရုံဘေးတွင် ဖွင့်ထားသည့် အမျိုးသမီး အလှပြင်ဆိုင်မှ ဖြစ်သည်။ သူမလေးသည် ပြည်ကောလိပ်တွင် အဝေးသင်တက်ရင်း အစ်မဝမ်းကွဲဖြစ်သူ၏ အလှပြင်ဆိုင်တွင် နေထိုင်သူဖြစ်သည်။ ကိုထွန်းနိုင်တို့နဲ့လည်း ရပ်ဆွေရပ်မျိုး ဖြစ်သည်။ သူမ၏ အစ်မဝမ်းကွဲ ပြည့်ပြည့်သည်လည်း သူမနဲ့ အစ်မရင်းတော်သည် ထင်ရလောက်အောင် ရုပ်ဆင်သူဖြစ်သည်။ သာဂိအပေါ်တွင်လည်း ခင်မင်စွာ ဆက်ဆံတတ်သည်။ သာဂိ တတိယနှစ်နဲ့ ကျောင်းထွက်လာသည်ကို သိသောအခါက သူမသည် သာဂိအတွက် ကျောင်းစရိတ်ခံပေးမည်။ ကျောင်းဆက်တက်ပါ ဟုဆိုခဲ့သည်။ သို့ရာတွင် (ထိုစဉ်က) ပြည်ကောလိပ်မှာ သာဂိတက်ခဲ့သော စိတ်ပညာမေဂျာ မရှိသေးချေ။ အမှန်တော့ သာဂိကလည်း ကျောင်းဆက်တက်ချင်တော့သည် မဟုတ်။ သို့ရာတွင် အစ်မပြည့်ပြည့် ကျေနပ်စေရန် စိတ်ပါသည့်မေဂျာ မရှိ၍ဆိုကာ အကြောင်းပြခဲ့ရသည်။

သာဂိ၏ အားလပ်ချိန်များသည် ထိုဆိုင်လေးအတွက်သာ ဖြစ်သည်။ မိန်းကလေးနှစ်ဦးတည်းရှိသော ဆိုင်လေးသည် သိပ်တော့ နာမည်ကျော်လှသည်တော့ မဟုတ်ချေ။ သို့ရာတွင် အစ်မပြည့်ပြည့်၏ စေတနာပါသော ဝန်ဆောင်မူများက လာရောက်သူများကို နောက်တစ်ခါလာဖို့ ဆွဲဆောင်နိုင်လေသည်။ ထို့ပြင် အခြားဆိုင်တော်တော်များများကဲ့သို့ ယောကျ်ားလေး အဝင်အထွက် ရှုပ်ရှုပ်ယှက်ယှက် မရှိသည်ကလည်း သူတို့ ဆိုင်လေး၏ နာမည်ဂုဏ်သတင်း တစ်ခုဖြစ်သည်။

ယခုတစ်လော ရှုပ်ရှုပ်ယှက်ယှက် ဝင်ထွက်နေသူမှာ သွေးမတော် သားမစပ်သည့် သာဂိသာ ဖြစ်သည်။ ကိုနိုင်းနိုင်းကတော့ သူ့ကို ဘာကြောင့် နိုင်းနိုင်းဟုခေါ်မှန်း သာဂိ လုံးဝမစဉ်းစားတတ်ချေ။ ဘယ်နေရာကနေ ဘယ်လိုကြည့်ကြည့် မျက်နှာ၊ ဟန်ပန်၊ ကိုယ်လုံးကိုယ်ပေါက် စကားပြောပုံ ရုပ်ရှင်မင်းသား နိုင်းနိုင်းနဲ့ တစ်နေမျှ မတူချေ။ သို့ရာတွင် ကိုနိုင်းနိုင်းမှာ ထာဝစဉ် ရွှန်းစိုတောက်စားနေကာ ရီဝေဝေဖြစ်နေသော အရည်လဲ့နေသည့် မျက်ဝန်းတစ်စုံရှိသည်။ စတွေ့ခါစကဆိုလျှင် သူ့ကို ဖီးလ်သမားကြီးဟု သာဂိ ထင်ခဲ့သည်။ မဟုတ်ချေ။ အမှန်ကမူ သူသည် သူကြိုက်သည့် နိုင်းတီးနိုင်း ဝီစကီအား အမြဲလစ်မစ်ဖြည့်နေ၍ အမြဲကောင်းနေသော လူကောင်းကြီးသာ ဖြစ်သည်။

သာဂိတို့ ကယ်ရီရိုက်စ လမ်းကြောင်း မကျွှမ်းသေးခင် ကိုနိုင်းနိုင်းက သင်ပြပေးခဲ့ရသည်။ လမ်းကြောင်းကျွှမ်းသည့် နေရာတွင်တော့ ကိုနိုင်းနိုင်းက ဆရာ တစ်ဆူဖြစ်သည်။ သူ့တွင် ဆရာခေါ်ထိုက်သော နောက်တစ်ချက်လည်း ရှိသေးသည်။ သူသည် ခရီးသည်ရှာရာတွင်လည်း ကျွမ်းကျင်လှသူ ဖြစ်သည်။ ကိုထွန်းနိုင်၏ ကိုသန့်လူကွ .. ကြည့်ရှုသင်ပေးလိုက်ကွာ ဆိုသော စကားအောက်တွင် ကိုနိုင်းနိုင်းသည် သာဂိအပေါ် အနည်းငယ်တော့ အရေးထားပါသည်။

တစ်နေ့ ဥသျှစ်ပင်စားသောက်ဆိုင်မှအထွက် ကိုနိုင်းနိုင်းက လူတစ်ယောက် လမ်းကြုံတင်ခေါ်သွားပါ ဆိုကာ သူ့ဆိုင်ကယ်ပေါ် တစ်ယောက်တင်ပေးသည်။ ကြည်တော်ထိဆိုတော့ သိပ်လည်းမဝေး လမ်းကလည်း ကောင်းသည့်ပြင် လူပုံကြည့်ရတာလည်း ပျော့နွဲ့နွဲ့ဆိုတော့ အန္တရာယ်ပြုနိုင်မည် မဟုတ်ဟု ယူဆကာ လက်ခံလိုက်သည်။ ဒါက ကိုနိုင်းနိုင်း၏ ဖန်တီးပေးချက်ဖြစ်သည်။

တစ်ချို့ ဘတ်စ်ကားစောင့်ရန် စိတ်မရှည်ကြသော ခရီးသည်များနဲ့ အလျင်လိုသော ခရီးသည်များကို လမ်းကြုံတင်ခြင်းအားဖြင့် မြိုးမြိုးမျက်မျက်လေး ရတတ်သည်။ အင်္ဂပူထိလောက်ဆိုလျှင် ငါးထောင်ခန့် ရတတ်သည်။ ယခု ကြည်တော် ဆိုတော့ ထောင့်ငါးရာ၊ နှစ်ထောင်တော့ အေးဆေး၊ ဘီယာဖိုးအတွက် သာဂိ ပူစရာမရှိပြီ။ သို့ရာတွင် ဒီလို တင်ခေါ်ရတာ အန္တရာယ်တော့များသည်။

တစ်လောက သာဂိတို့လို ကယ်ရီတစ်ယောက် ဤကဲ့သို့ ခရီးသည် တင်လာရာ လူပြတ်သောနေရာ အရောက် နောက်ကနေ ဓားနဲ့ထောက်ပြီး ဆိုင်ကယ်လုသွား၍ ဆိုင်ကယ်ဖိုး လျော်လိုက်ရဖူးသည်။ ယခု လူကိုကြည့်ရတာတော့ လူဆိုး၊လူမိုက် လူကြမ်းပုံ မဟုတ်ချေ။ သို့ရာတွင် သာဂိ သတိတော့ ထားရသည်။ လွယ်နေကျ လွယ်အိပ်ကို ခပ်တိုတိုတင်းတင်းလွယ်လိုက်ပြီး စတား စကူ ဒရိုင်ဘာ (ဝက်အူလှည့်) တစ်ချောင်းကို အပြင်အိပ်ဘက်တွင် ဇစ်ဟ၍ ထည့်ထားလိုက်သည်။ ငါးစာ၏ နောက်တွင် ငါးမျှားချိပ် ရှိမရှိ ကိုယ်က မြင်ရသည် မဟုတ်ချေ။ သို့ရာတွင် သာဂိ အထင်လွဲချေပြီ။

သာဂိ၏ ဆိုင်ကယ်နောက်မှ ထိုလူသည် သာဂိကို လိုသည်ထက် တိုးဖက်ထားသည် ထင်မိသည်။ သူ့လက်တွေက သာဂိခါးကို ဖက်ရမည့်အစား ပေါင်ပေါ်ရောက်နေသည်။ သာဂိနည်းနည်းတော့ အနေရခက်သည်။ ဒါပေမယ့် ဘာမှတော့ မပြောမိချေ။ တစ်ချို့က ကြောက်တတ်သည်။ သာဂိတို့က စီးနေကျဖြစ်၍ ကီလို ၈၀၊ ၁၀၀ ခန့်ကို ဘယ်လိုမျှ မနေသော်လည်း မစီးဘူးသူ အဖို့တော့ လေတိုးဒဏ်ကြောင့် လည်းကောင်း၊ ကြောက်စိတ်ကြောင့် လည်းကောင်း မျက်ရည်တွေကျကာ အတင်းဖက်ထားတတ်သည်ကို သာဂိ ကြုံခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် ဒီလူကြောက်ပုံက နည်းနည်းတော့ တစ်မျိုးဖြစ်လာသည်ဟု ထင်မိသည်။

ထိုလူ၏ လက်တွေသည် သာဂိ ဝတ်ထားသော ဂျင်းဘောင်းဘီပေါ်တွင် တစ်ရွရွ လှုပ်နေသည်။ နောက် ဂွဆုံ အရင်းသို့ ရောက်လာသည်။ သာဂိ တွန့်ကနဲ ဖြစ်သွား၍ ဆိုင်ကယ်တောင် ယိုင်သွားသည်။ ထိုလူ ရယ်လိုက်သလား.. သာဂိ သိပ်တော့ မသဲကွဲချေ။ သဲကွဲသည်က အောက်ကကောင် ထောင်လာခြင်း ဖြစ်သည်။ သာဂိ ဆိုင်ကယ် ဆက်စီး၍ မရတော့ လမ်းဘေး ထိုးဆင်းလိုက်ပြီး ရပ်လိုက်သည်။ နောက်ကလူက မဆင်း၊ သာဂိ၏ ဂွကြားက ဘောင်းဘီဇစ်ကို ဖြဲရင်း လက်ထိုးနှိုက်နေသည်။ သာဂိ မရတော့။ စိတ်က အရမ်းပါလာပြီ ဖြစ်သည်။ မတ်တပ်ရပ်ပေးလိုက်သည်။

ထိုလူက သာဂိကို မလှမ်းမကမ်းက ခြုံပုတ်ထဲ ဆွဲခေါ်သွား၏။ သာဂိ ဆိုင်ကယ်သော့ကို ကမန်းကတမ်း ခတ်လိုက်ရရင်း ပါသွားသည်။ ခြုံအကွယ်ရောက်တော့ ထိုလူသည် သာဂိ၏ ဘောင်းဘီကို အောက်လျှောချလိုက်သည်။ ပြီးတော့ အတွင်းခံ ဘောင်းဘီပေါ်ကနေ လက်ချောင်းတွေနဲ့ အမြှောင်းလိုက် ပွတ်ဆွဲရင်း သူ့ခေါင်းကြီးက ပေါင်ကြားအောက်ဝင်ကာ ဂွေးဥတွေကို ခပ်ဖွဖွ သွားနဲ့ခြစ်လိုက် လျှာနဲ့ထိုးလိုက် နှုတ်ခမ်းနဲ့စုပ်လိုက် လုပ်နေသည်။ သာဂိ တစ်ကိုယ်လုံး ကျင်တက်သွားသည်။ ဂွေးဥကြီးတွေ အထဲကို ကြုံ့ဝင်ကာ ဗိုက်ထဲ ပြန်ဝင်တော့မည်တောင် ထင်ရအောင် အောင့်တက်လာသည်။ လိင်တံထိပ်ဖျားသည် သွေးတို့စုစည်းလာပြီး ပေါက်ကွဲထွက်တော့မတတ် တင်းလာသည်။

သာဂိသည် ဒါမျိုး တစ်ခါမျှ မကြုံဖူးသေး။ ဒီလူ့ကို ရွှံသလိုလို ရှိနေပေမယ့် စိတ်ကလည်း ထန်နေချေပြီ။ နောက်တော့ သာဂိသည် အတွင်းခံကို ဆွဲလှန်ကာ ဒစ်ကိုဆွဲထုတ်၍ ထိုလူ့ပါးစပ်ထဲ ထိုးထည့်လိုက်သည်။ ထိုလူသည် ကျွှမ်းကျင်စွာဖြင့် သာဂိ၏ လိင်တံထိပ်ဖျားကို စုပ်ယူလိုက်သည်။ သာဂိ ကျင့်နေကြ ဆီစွပ်လေ့ကျင့်ခန်းပင် မကယ်နိုင်။ ထိုလူ၏ လျှာနဲ့ အာခံတွင်းသည် ပရက်ရှာကောင်းလှသော စုပ်ခွက်ကြီးကဲ့သို့ သာဂိ၏ ဒစ်ခေါင်းတစ်ခုလုံးအား ငုံ၍ စုပ်ယူလိုက်သည် ဆိုလျှင်ပဲ သာဂိ ဘယ်လိုမှ မထိန်းနိုင်တော့ပဲ ဖျင်းကနဲ ပန်းထွက်သွားတော့သည်။ ထိုလူသည် သာဂိ၏ လရည်တွေကို မြိုချရင်း လျှာက ထိပ်ဖျားကို လာလာထိုးနေရာ သာဂိမှာ ဆန့်ငင် ဆန့်ငင်နဲ့ ထိုလူ့ခေါင်းကိုသာ စွတ်ကိုင်ထားရတော့သည်။

ထိုလူသည် သာဂိ အရည်ထွက်နေချိန်သာ ခဏစောင့်ပြီး သူ့ခေါင်းကို ရှေ့တိုးနောက်ဆုပ်လုပ်၍ စုပ်ပြန်သည်။ သူ့လျှာနဲ့ နှုတ်ခမ်းတွေသည် သာဂိ၏ လိင်တံကို လုံးဝ အလွတ်မပေးချေ။ တော်နေကြာ စုပ်ပေးပြီးသောအခါ ထိုလူသည် တစ်ဘက်လှည့် ဖင်ကုန်း၍ သာဂိလိင်တံကို သူ့ထဲ ဆွဲထည့်မည် ပြုသည်။ ဒါတော့ သာဂိ စိတ်မပါချေ။ ငြင်းဆန်ရင်း ခေါင်းခါတော့ ထိုလူက တစ်ခါ ပြန်ထိုင်ကာ စုပ်ပြန်သည်။ ထိုနေ့က ထိုလူသည် သာဂိကို သုံးချီခန့် ဆက်တိုက် ပြီးအောင် စုပ်ရ၍ လရည်တွေ သောက်သွားလေသည်။

သာဂိ ထိုနေ့က ဖီးတွေတက်ပြီး အရသာကောင်းသည့်ပြင် ငွေနှစ်ထောင်ကျော်လည်း ရခဲ့သည်။ ဆိုးတော့ မဆိုးဟု တွေးမိသော်လည်း ဆိုးသည့်ကိစ္စက နောက် ငါးရက်ခန့် အကြာတွင် ဖြစ်လာသည်။ သာဂိ လိင်တံထဲမှ ပြည်လို ဖြူဝါဝါအရည်များ ထွက်လာခြင်းပင်။ သာဂိ အနည်းငယ် လန့်မိသော်လည်းနာခြင်း၊ ကျင်ခြင်း မရှိ၍ ဘယ်သူ့မှမပြော ဘာမှမလုပ်ပဲ နေမိရာ နောက်သုံးရက်ခန့် အကြာတွင် သာဂိ ဆီးသွားရမှာပင် ကြောက်နေမိအောင် တစ်ဆစ်ဆစ်နဲ့ နာနေတော့သည်။ လိင်တံထဲမှ ထွက်နေသော ပြည်စတွေမှာလည်း တစိမ့်စိမ့်နဲ့ မတိတ်တော့ချေ။

သာဂိ လန့်နေမိသည်။ လူကလည်း နေလို့ထိုင်လို့ မကောင်းချေ။ ကိုယ်တွေ ပူလာသည်။ မောသည်။ လိင်တံကို အထိမခံနိုင်။ နာနေသည်။ ပုဆိုးနဲ့ ထိတာတောင် နာသည်။ ဆီးသွားလျှင် ပိုဆိုးသည်။ ဆီး တစ်စက်ထွက်ဖို့ မျက်ရည်ကျမတတ် ညှစ်ရသည်။ ဆီးဆိုသည်မှာ မသွားပဲ နေလို့ရသော အရာမဟုတ်ချေ။ ထို့ကြောင့် ဆီးသွားတိုင်း သာဂိ ဒုက္ခနှင့် လှလှတွေ့ရင်း ထိုင်သာ ငိုနေချင်မိတော့သည်။ သို့ရာတွင် ကံကောင်းသည် ဆိုရမည်။ သာဂိကို အကဲခတ်မိသော ကိုနိုင်းနိုင်းက

“မင်း .. ထိသွားပြီမလား ၊ မင်းတို့က ရှောင်မှမရှောင်တာ၊ ကျိုးမှာပေါ့..”

ဘာညာနဲ့ နည်းနည်းပါးပါး ဆူပူပြီး ဆေးဆိုင်မှာ ဆေးသွားဝယ်ပေး၏။ ပြန်လာတော့ ရဖာဒင်းနှစ်လုံးနဲ့ အန်ပယ်နယ်စီလင် လေးလုံးပါလာသည်။ ပြီးတော့ အဲဒီဆေးတွေကို နှစ်ခါခွဲသောက်၊ ပျောက်ဟုဆိုကာ သာဂိကို ပေး၏။ ဆိုးတော့မဆိုး သူ့ဆေးသောက်ပြီး သာဂိ အနာပျောက်သွားသည်။ သာဂိသည် အခုမှ လန်းဆန်းစွာ ဝမ်းသာနေမိသည်။

သို့ရာတွင် ဟားပိစ် နတ်ဆိုးသည် ခဏပုန်းနေတာသာ ဖြစ်ပြီး သာဂိကိုယ်တွင်းကို ထိုးနှက်ရန် အလစ်ချောင်းနေတာ ဖြစ်ကြောင်း သာဂိ မရိပ်မိခဲ့ချေ။ သာဂိသည် ထိုအရာမျိုးကို ကြောက်သွားမိသည်။ ကိုနိုင်းနိုင်းက ပြောသည်။ မပျောက်လျှင် ဖြတ်ပစ်ရမည် ဆိုသည်။ သူ တကယ်ပြောတာလား နောက်ပြောတာလား၊ ခြောက်ပြောတာလား သာဂိမသိ။ မသိလည်း နောက်ထပ်တော့ မစမ်းဝံ့။ သူပြောတာ မှန်နေက ဖြတ်ရမည်ဆိုလျှင်.. သာဂိ အသဲတွေ ယားသွားသည်။ ရုပ်မြင်သံကြားက လာနေသော ကုန်းကုန်းးတွေကို မြင်ယောင်သည်။ ဈေးထဲ အလှပြင်ဆိုင်က အလှဖန်တီးရှင်များကို မြင်ယောင်သည်။ သာဂိ ဒီတစ်ချီတော့ မှတ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ထိုနေ့မှ စ၍ သာဂိသည် “အဖော်” ဆောင်သည်။

ကယ်ရီ မရှိသည့်နေ့များဆိုလျှင် သာဂိသည် နွေးနွေး၏ ဒရိုင်ဘာဖြစ်သည်။ အစ်မပြည့်၏ အိမ်ဖော်ဖြစ်သည်။ ထိုအတွက် လခ တစ်ပြားမှ မရသည့်အပြင် သာဂိသည် ကိုယ့်အိပ်ထဲက ဝယ်ထားသော ဓာတ်ဆီဖြင့် သွားလိုသမျှ လိုက်ပို့ခဲ့သည်ချည်း၊ ခိုင်းသမျှ သွားဝယ်ပေးသည်ချည်း ဖြစ်သည်။ သို့ရာတွင် သာဂိ ပျော်သည်။ နွေးနွေး၏ ဂျစ်ကန်ကန် အကြည့်လေးအောက်တွင် လည်းကောင်း၊ အစ်မပြည့်၏ ကြင်နာသော အပြုံးအောက်တွင်လည်းကောင်း သာဂိသည် ပျော်ဝင်နေပြီ ဖြစ်သည်။

ကိုနိုင်းနိုင်းကတောင် မေးဖူး၏။ မင်းက ညီမလား.. အစ်မလား .. ဟူ၍.. သာဂိလည်း မဖြေတတ်။ သူ ဘယ်သူ့ကို ချစ်နေမှန်းလဲ မသိချေ။ ဦးကြီးညို စကားအရ ဆိုလျှင်တော့ နှစ်ယောက်လုံးကို ကြိုက်သည်ဟု ဖြေရပေမည်။ မှန်သည်။ သာဂိ နှစ်ယောက်လုံးကို ကြိုက်သည်။ တစ်ယောက်ကို ပြောလိုက်လို့ ကျန်တစ်ယောက်နဲ့ စိမ်းသွားမည်ကို စိုးသည်။ မပြောပြန်လျှင်လည်း အရင်တစ်ခါလို သူများနောက်ပါမှာ ကြောက်သည်။ ပြောရအောင်ကလည်း သူတို့က ရိုးရိုးသားသား ခင်နေတာဆိုလျှင် အားနာစရာ ဖြစ်မည်။ ထို့ကြောင့် သာဂိသည် တွေဝေနေမိပြန်သည်။

တစ်နေ့… ထိုနေ့က မီးပျက်သည်။ အဲ.. မဟုတ်။ မလာသေးတာ ဖြစ်သည်။ ထို့ကြောင့် သာဂိ ပျင်းပျင်းနဲ့ မျက်နှာကျက် ပြူတင်းပေါက်လေးမှ အပြင်ကို ငေးနေမိသည်။ တိုက်တိုက်ဆိုင်ဆိုင် လကလည်း သာနေသည်။ သာဂိသည် သာချင်တိုင်းသာနေသော ဖိုးရွှေလကို ငေးရင်း မိဖြူကို ဖျပ်ကနဲ သတိရမိပြန်သည်။ မိဖြူ၏ နှုတ်ခမ်းပါးလေးတွေကို သတိရမိသည်နဲ့ သူ့ရင်သည် အခုချိန်ထိ လှိုက်ကနဲ ခုန်ချင်တုန်း ရှိသည်။ သို့ရာတွင် သိန်း ၅၀ ကျော်တန် ကားကြီးပေါ်က မိဖြူကို မြင်ယောင်မိသော အခါတွင်မူ သူ့ ရင်ဘတ်က အောင့်လာပြန်သည်။ ထိုဝေဒနာကို သက်သာလို သက်သာငြား ရေခဲသေတ္တာထဲက ကိုထွန်းနိုင်၏ ဘီယာဗူးတွေ ယူပြီး ဖောက်သောက်ပစ်လိုက်သည်။ ဝေဒနာသည် လျှော့မသွားသည့်အပြင် မီးလောင်ရာ လေပင့်သကဲ့သို့ ရှိသည်။ သာဂိ ဘာလုပ်ရမည် မသိတော့။ ထို့ကြောင့် ဘီယာ နောက်တစ်ဗူး ထပ်ဖောက်စဉ် ဟိုဘက် တိုက်ခန်းဘက်က ..ဝူး..ဝူး ..ဝါး..ဝါး.. အော်သံ ကြားရသည်။ သာဂိ ခဏသေချာအောင် နားစွင့်နေပြီးနောက်…

“အစ်မပြည့်.. နွေးနွေး.. ဘာဖြစ်တာလဲ…”

ဟု လှမ်းအော်မေးလိုက်သည်။ နွေးနွေး၏အသံ ချက်ချင်းထွက်လာသည်။

“ကိုသာဂိ.. လာပါဦး.. အမြန်လာပါ.. “

အဲဒီအသံနဲ့အတူ အစ်မပြည့်၏

“မောင်သာဂိရေ.. လာပါဦးကွယ်… ”

ဆိုသော အသံတုန်တုန်လေးကိုလည်း ကြားရသည်။ သာဂိ ရုတ်တရက် စိုးရိမ်သွားသည်။ ဘာဖြစ်သနည်း။ မှောင်မှောင်မဲမဲနဲ့ လူကပ်သလား ထင်ကာ နံရံတွင် ထောင်ထားသော လှံတံကိုကိုင်၍ ပြေးသွားမိသည်။ တံခါးပေါက်သို့ ရောက်သော်လည်း ညီအစ်မနှစ်ယောက်လုံးက တံခါးဖွင့်မပေးသေးချေ။ ထို့ကြောင့် သာဂိက တံခါးကိုထုရင်း

“နွေးနွေး.. အစ်မပြည့်… ကျွန်တော် သာဂိပါ..”

ဆိုတော့.. အပေါ် မျက်နှာကျက် အခန်းက ပြူတင်းပေါက်လေး ပွင့်လာပြီး နွေးနွေးမျက်နှာလေး ပေါ်လာကာ ….

“ကိုသာဂိ.. ရော့.. သော့..။ ကိုယ့်ဟာကိုယ် ဖွင့်ဝင်လိုက်နော်..။ အပေါက်ဝမှာလေ.. တောက်တဲ့ကြီး.. အကြီးကြီးပဲ…။ အဲဒါ နွေးနွေးတို့ကြောက်လို့ ဖယ်ပေးပါနော် … ”

ဟုဆိုသည်။ ထိုအခါမှ သာဂိလည်း ကိုယ့်လက်ထဲက လှံကြီး ဘယ်နေရာထားရမှန်း မသိဖြစ်ကာ ပြုံးစိစိ ဖြစ်ရပြန်သည်။ ကြာကြာပြုံးနေလို့တော့ မရချေ။ အထဲက အစ်မပြည့်၏ မောင်သာဂိ ဆိုသည့် အသံတုန်တုန်လေးက သူ့ကို ခေါ်နေပြန်၍ သော့ဖွင့်ပြီး အထဲဝင်လိုက်ရသည်။

မှန်သည်။ သူတို့ ကြောက်မည်ဆိုလျှင်လည်း ကြောက်စရာ။ တောက်တဲ့က တော်တော်ကြီးသည့် အကောင် ဖြစ်သည်။ သာဂိ လက်နဲ့ မှန်းကြည့်တာတောင် တစ်ထွာခွဲခန့်ရှိသည့် ကောင်ကြီးဖြစ်သည်။ အစ်မပြည့်သည် အုန်းတံမြက်စည်း တစ်ချောင်းကို ကိုင်ရင်း တောက်တဲ့နဲ့ ပေနှစ်ဆယ်လောက် အကွာမှာ သတ္တိပြနေသည်။ သူက အစ်မကြီးမို့ ဦးဆောင်ပြရသည် ထင်သည်။ မဟာသတ္တိရှင် နွေးနွေးကတော့ တောက်တဲ့ရှိသည့် အလှပြင်ခန်းထဲတောင် မနေ။ အပေါ် မျက်နှာကျက်ပေါ် တက်သော လှေကားပေါ်တွင် ဓာတ်မီးကိုင်ရင်း အသင့်အနေအထားနဲ့ ရှိနေသည်။

သာဂိ ရင်ခုန်သွားမိသည်။ တောက်တဲ့ကြောင့် မဟုတ်။ အစ်မပြည့်သည် ညအိပ်ခါနီးမို့ထင်သည်။ စွပ်ကျယ်ချိုင်းပြတ်လေးကို ဘောင်းဘီရှည်ခပ်ပွပွနဲ့ တွဲဝတ်ထားသည်။ သူမ၏ ဖြူဝင်းသော လက်မောင်းသားလေးများသည် ဖယောင်းတိုင် မီးအောက်တွင် ဝင်းဝင်းဝါ လျက်ရှိသည်။ စွပ်ကျယ်က ဖုံးမပေးနိုင်သော အသားစိုင်မှန်သမျှတို့သည် လည်း အလားတူ ရွှေရောင်ထလျက် ရှိကြကုန်၏။ ကြောက်စိတ်ကြောင့်လား မဆိုနိုင်သည့် ခံစားချက်ဖြင့် ခုန်နေသော အစ်မပြည့်၏ ရင်နှစ်မွှာသည်လည်း စွပ်ကျယ်ဖြူလေး၏ ခပ်ပါးပါး လွမ်းခြုံမူအောက်တွင် ခပ်ရိပ်ရိပ်လေး လှိုင်းထနေကြသည်။

လှံကြီးကိုင်၍ ငေးနေမိသော သာဂိကို အစ်မပြည့်က ..

” ဟဲ့..”

ဟု တစ်ချက်အော်လိုက်မှ သာဂိ သတိပြန်ဝင်လာသည်။ ရှက်ရှက်နဲ့ နွေးနွေးကို ကြည့်မိတော့ နွေးနွေးက မေးလေးငေါ့၍ မျက်စောင်းထိုးရင်း တစ်ဘက် လှည့်သွားသည်။ သာဂိ ထိုနေ့က တောက်တဲ့ကို အပြင်ဘက် ခြောက်ထုတ်ပြီး ပြန်လာသည့်တိုင် အစ်မပြည့်ကို မြင်ယောင်နေမိသည်။ ခုနလေးက လွမ်းနေမိသော မိဖြူ.. ဘယ်ချောင်ကို ရောက်သွားပြီနည်း။ သာဂိလည်း မသိတော့ချေ။

🏵️ ရွာက သာဂိ (အပိုင်း ၃) ဆက်ဖတ်ရန် ဒီကိုနှိပ်ပါ 🏵️